This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, February 27, 2008

ခေတ်ပေါ်နားပန်ဆံသီချင်း



ဘဘောကျလို့ ဘလောက်ပေါ်တင်ပေးလိုက်ပါတယ်...


နားထောင်ကြည့်ရင် ကျနော်တို့လိုပဲ သဘောကျသွားပါလိမ့်မယ်လို့ ယူဆမိပါတယ်...

ခွေးပတ်လည်ဝန်းရံလျှက်ရှိသော…မောင်သာရ


သူငယ်ချင်းသတိမထားမိလို့ပါ။ အဲ သည် ခွေးအကောင်လေးဆယ်ကျော် မွေး ထားတယ်ဆိုတဲ့အိမ်က သူငယ်ချင်းတို့ အိမ်နဲ့ ဘာမှဝေးလှတာမဟုတ်ဘူး။ သူငယ်ချင်း တို့အိမ်ကနေ အရှေ့ဘက်ကို ၀ါးနှစ်ရိုက်လောက်လျောက်လိုက်တော့၊ ရေမြောင်းကြီးနဲ့ လမ်းကျယ်ကို ရောက်မယ်မဟုတ်လား။ ဘာမှပြောမနေနဲ့။ လမ်းကျယ်ရောက်ရင် ဘယ်ဘက်ထဲ ချိုးဝင်လိုက်ရုံပဲ။

ကျုပ်အထင်ပြောရရင်တော့၊ ညဘက် လူခြေတိတ်ချိန်မှာသာဆိုရင် အဲသည်အိမ်က ခွေးဟောင်သံ၊ ခွေးအူသံတွေကိုတောင် အတိုင်းသားကြားရလိမ့်မယ်ထင်တယ်။
ပြီးတော့လဲæမနက်ပိုင်း ခွေးစာကျေး တခေါက်ကလွဲလို့၊ ရပ်ထဲရွာထဲကို သိပ်ထွက် လေ့ထွက်ထမရှိတဲ့အဘိုးကြီးကို မမြင်ဖူးဘူး၊ မသိဘူးဆိုတာကတော့ ထားပါတော့။ လမ်း တကာ အရပ်တကာခုံဖိနပ်ကြီးတဂွပ်ဂွပ်နဲ့ စပ်စပ်စပ်စပ်လျောက်သွားနေတတ်တဲ့æ ‘ခွေးပတ်လည်ဝန်းရံလျက်ရှိသော’ အဘွားကြီးဒေါ်ကန့်လန့်ကိုတောင် မမြင်ဖူးဘူး၊ သူ့ အကြောင်းလဲ နည်းနည်းမှ မကြားမိဖူးဘူးဆိုတာကတော့၊ သူငယ်ချင်းလွန်တယ်။ ပတ်ဝန်းကျင်နဲ့ သည်လောက်အထိ ကင်းကွာလွန်းတော့လဲ ဘယ်ကောင်းပါ့မလဲ။
အေးလေ ထားပါတော့။ ထားပါတော့။
မသိလို့ မသိပါဘူးဆိုတာ၊ မကြားဖူးလို့ မကြားဖူးပါဘူးဆိုတာ ဘယ်တတ်နိုင်ပါ့မလဲ။ သည်တော့လဲ ကျုပ်ကလဲ အစကနေအဆုံး၊ ပြန်ပြောပြရအုံးမှာပေါ့။
အဲæအဘိုးကြီးရဲ့နာမည်က ‘ဦးထော်ရိုက်’တဲ့။ ဘာလူမျိုးမို့ ဘယ်လိုနာမည်မျိုး မှည့်ထားတယ်တော့ မပြောတတ်ဘူး။ ခုခေတ်အဆိုတော်တွေရဲ့ နာမည်တွေထက် တောင်မှ ပိုကပ်သီးကပ်သတ်နိုင်သေးတယ်။ ဒါပေမယ့် ရုပ်ကြည့်ရတာကတော့ ကြက်ဥ ပေါ်မှာ မျက်နှာပုံ ကာတွန်းဆွဲထားသလားအောက်မေ့ရတယ်။ အရေခွံက ပြောင်တင်း တင်း၊ မျက်ပေါက်က ကျဉ်းကျဉ်းနဲ့။ တရုတ်ကပြားလိုလို ဘာလိုလိုရယ်။ အဲ-လူပုံက တော့ ထွားသလားမမေးနဲ့။ ခွေးပစ်တဲ့တုတ်က ‘ငါ့ညီ ပြောင်တင်း မောင်သစ်ဆင်း’ ခေါ်လောက်တယ်။
အင်း..သူ့မိန်းမနဲ့သူ ယှဉ်လိုက်ပြန်တော့လဲ ရှေ့သွားနောက်လိုက်ညီပါတယ်။ မရယ်နဲ့။ အဘွားကြီးက သူ့ ထက်ခေါင်းတစ်ခေါင်းလုံးပိုမြင့်တယ်။ ဗလချင်းကျတော့လဲ အနည်းဆုံး နှစ်ဆလောက်တော့ ကွာမှာပေါ့။ အဘိုးကြီးက ပုပုညှက်ညှက်။ အဘွား ကြီးက ထောင်ထောင်မောင်းမောင်း။
ဒါပေမယ့်နော် စီးပွားကတော့ဖြစ်သလားမမေးနဲ့။ အခြေအနေအရအနေသာ မှိန်း ကောင်းမှိန်းပေမယ့် အတွင်းပစ္စည်းကတော့ သူတို့တသက်သုံးလို့မကုန်အောင်ရှိတယ်။
ပြောပြရဦးမယ်။ အဲသည်လမ်းထဲက သူတို့ပိုင် ဒန်အိုးဒန်ခွက်စက်ရုံကို ပြည်သူပိုင် သိမ်းခံရပြီးနောက်၊ ဘာစီးပွားရေးလုပ်ငန်းမှ မလုပ်ကြတော့ပဲ သည့်အတိုင်း ငုတ်တုတ် ထိုင်စားလာခဲ့ကြတာကို ဘယ်နှနှစ်တုန်း။ ၁၉၆၄ ခုနှစ်ကနေ သူတို့သေတဲ့ ၁၉၈၇ ခုနှစ် အထိဆိုတော့ ၂၃ နှစ်။ ဘယ်လောက်အထိချမ်းသာသလဲဆိုရင် အဲသည် ၂၃ နှစ်လုံးလုံး ၀င်ငွေတပြားတချပ်မှမရှိဘဲ ထိုင်စားလာခဲ့ကြပေမယ့်၊ လုံးဝဣနြေ္ဒမပျက်ဘူး။
သားသမီးလဲမရှိ၊ အမွေပေးခဲ့စရာ ဆွေမျိုးရင်းချာလဲမရှိပဲနဲ့ကိုး။ သေသာ သေသွား ကြရော။ ငွေကမလိုတော့၊ ခြံနဲ့မြေတို့ ပိုနေတာတောင် တစ်ကွက်မှဖဲ့မရောင်းခဲ့ဘူး။
အသိသာဆုံးက ပြည်သူပိုင်သိမ်းစဉ်က စက်ရုံနဲ့မပက်သက်ဘဲ နေအိမ်ခြံဝင်းထဲမှာ ရှိလို့ဆိုပြီး မသိမ်းဘဲထားခဲ့တဲ့ ကုန်လှောင်ရုံကြီးဆိုပါတော့။ အကြီးကြီးရယ်။ အုတ်နဲ့ အခိုင်အခန့်ဆောက်ထားတဲ့ကုန်လှောင်ရုံ။ ဘာပဲပြောပြော၊ ဘောလီဘောတကွင်းစာ သာသာ ကျယ်တယ်။ ပြီးတော့ အပိုသက်သက်ရယ်။ ဒါပေမယ့် မရောင်းဘူး။
ဟိုခေတ်ကတည်းကရှိခဲ့တဲ့ ဒက်ဆန်း ၁၆၀၀ ပစ်ကပ်ကားကလေးကိုလဲ နောက်ပိုင်း ကိုယ်တိုင်မမောင်းနိုင်တော့လို့ ထုတ်မစီးတော့တဲ့တိုင်အောင် ရောင်းမပစ်ဘူး။ လိုင်စင်လဲ အသစ်မလဲတော့ဘူး။ ဓါတ်ဆီလဲမထုတ်တော့ဘူး။ တိုက်ဘေးက ကားရုံးထဲ မှာပဲ သည်အတိုင်းရပ်ထားတယ်။
နောက်ဆုံး ကုန်ကုန်ပြောရရင် တယ်လီဖုန်းကအစ၊ သိပ်အသုံးမလိုတော့ပေမယ့် ဖြုတ်မပစ်ဘူး။ ပြန်မအပ်ဘူး။
သည်ထက်ပိုပြီး အံ့သြစရာကောင်းတာကတော့၊ သူတို့တိုက်နဲ့တဆက်တည်း၊ သူ တို့ပိုင် ဆယ့်နှစ်ခန်းတွဲ နှစ်ထပ်တိုက်တန်းလျားရှည်ကြီးမှာ နေနေကြတဲ့ သူတို့စက်ရုံ အလုပ်သမားဟောင်းတွေကæ‘ဆရာသမားရယ်၊ ကျေးဇူးရှင်ရယ်၊ အိမ်ရှင်ရယ်’ဆိုပြီး လစဉ်လာကန်တော့ကြတဲ့ အိမ်ခန်းလခတွေကိုတောင် ထုံးတမ်းစဉ်လာအတိုင်း လုံးဝ လက်မခံဘူး။ မူလကတည်းက သူတို့စက်ရုံအလုပ်သမားတွေအတွက် အလုပ်နဲ့နီးနီးနေ ရအောင် ဆောက်ပေးခဲ့တဲ့တိုက်တန်းလျား။ စ˜နေရာချထားခဲ့တုန်းကလဲ စပေါ်အ ပျောက် မယူခဲ့ဘူး။ အိမ်လခလဲမယူခဲ့ဘူး။ အခု စက်ရုံကို ပြည်သူပိုင်သိမ်းလိုက်လို့ ကိုယ့်အ လုပ်သမားမဟုတ်တော့လဲ အရင်အတိုင်းပဲဆက်ထားတယ်။ အရင်အတိုင်းပဲ ဆက်ဆံတယ်။
ဒါကြောင့်ပေါ့။ တိုက်တန်းလျားတခုလုံးက ဘယ်သူ့ကိုမဆို ခေါ်ချင်တဲ့အချိန်ခေါ်ခိုင်း။ အော်ချင်တဲ့အချိန်အော်ဆဲ။ ရာထူးအဆင့်အရ ဘာကောင်ကြီးပဲဖြစ်နေနေ၊ ဘယ်သူမှ သည်အဘိုးကြီးအဘွားကြီးရဲ့သြဇာကို မလွန်ဆန်ရဲဘူး။ ပြန်မပြောရဲဘူး။
ဒါတင်လားဆိုတော့æမဟုတ်သေးဘူး။
သူငယ်ချင်းသိချင်တယ်ဆိုတဲ့ ခွေးဇာတ်လမ်းက အခုမှစရမှာ။
အဲသည် စောစောကပြောတဲ့၊ လုံးဝပိုနေတယ်ဆိုတဲ့ ကုန်လှောင်ရုံကြီးကို ဘာပြုလို့ ရောင်းမပစ်တာလဲဆိုတာကိုက ဇာတ်လမ်း။
ဘယ့်နှယ်ပြောပါလိမ့်သူငယ်ချင်းရယ်။ သည်လိုနေရာမျိုးမှာ သည်လိုအကျယ်အ၀န်း မျိုးနဲ့ သည်လိုအဆောက်အအုံမျိုး၊ ဘယ်ရှာလို့ရနိုင်ပါ့မလဲ။ စီးပွားရေးသမားတွေက သိပ်မျက်စိကျကြတာပေါ့။ လာလာဝယ်ကြတာပေါ့။ တနေ့ထက်တနေ့လဲ မြေဈေး အိမ် ဈေးတွေက တက်လာတယ်မဟုတ်လား။ ကျုပ်သိသလောက်ပြောရရင်ကိုပဲ တရုတ်ကုန် သည်ကြီးတယောက်က သိန်းခြောက်ဆယ်အထိ ပုံပေးပြီး လာဝယ်ဖူးတယ်။
ဒါပေမယ့်လုံးဝမရောင်းဘူး။ တစ်လနှစ်ထောင်မျိုး၊ သုံးထောင်မျိုး လခယူပြီး ငှားပါဆို တာလဲ မငှားဘူး။ ဘာပြုလို့လဲ သိလား။
အကြောင်းပြချက်က သူတို့မွေးထားတဲ့ခွေးတွေ နေစရာမရှိမှာစိုးလို့æတဲ့။
သူငယ်ချင်းရယ်æ သူတို့မွေးထားတယ်ဆိုတဲ့ ခွေးတွေကလဲ ပြောရအုံးမယ်။ တ ကောင်မှ မျိုးကောင်းမျိုးသန့် အဖိုးတန်ခွေးတွေ မပါပါဘူး။ အားလုံး လမ်းဘေးခွေးလွင့် ခွေးလေတွေချည့်ပဲ။ အိုနာကျိုးကန်း ခွေးဝဲစားတွေချည့်ပဲ။
သူတို့သဘောထားကလဲပြတ်တယ်လေ။ ခွေးသာဖြစ်ပေစေ။ ဘယ်ကရောက်လာ လာ၊ ဘယ်သူကလာပေးပေး။ လက်ခံတယ်။ ခွေးသားအုပ်မကြီး ကားကျိတ်ပြီးသေလို့နို့ စို့ခွေးပေါက်စလေးတွေလာပို့လဲယူတယ်။ အပင်ပန်းခံလို့ နို့ဘူးတိုက်ပြီးမွေးတယ်။ ဒါမှမ ဟုတ် လက်ရှိ ခွေးတွေထဲမှာ ခွေးသားအုပ်မရှိနေရင်လဲ စောင့်နို့တိုက်ခိုင်းပြီး မွေးတယ်။
သေချာတယ်။ သူတို့ခြံထဲ၊ ကုန်လှောင်ရုံထဲသာ ရောက်လာလို့ကတော့ မငတ်စေရ ဘူး။ မသေစေရဘူး။ နူနူဝဲ၀ဲ၊ ရွဲရွဲကန်းကန်း၊ လက်မခံဘူးဆိုတဲ့ခွေးလဲမရှိဘူး။
ဆိုပါတော့၊ သည်လိုနဲ့ပေါင်းလိုက်ရင် နည်းပါတယ်ဆိုတဲ့အချိန်မှာ ခွေးကောင်ရေ လေးဆယ်ကျော်ရှိတယ်။ တခါတလေ အကောင်ခုနှစ်ဆယ်လောက်အထိ ရှိတဲ့အခါ ရှိဖူးတယ်လို့ ပြောတယ်။
သူငယ်ချင်းæ၊ ခွေးတွေများလာလို့များ စိတ်ပျက်လိမ့်မယ်ထင်သလား။
ကျုပ်ပြောပြအုံးမယ်။ မနက်ဘက် ရှစ်နာရီထိုးလို့ ၊ မြန်မာ့အသံက သတင်းရှေ့ပြေး ဆိုင်းဝိုင်းသံမို့ မကြားလိုက်နဲ့။ ကြားလိုက်တာနဲ့ တပြိုင်နက် အရှေ့ဘက်က လမ်းသုံး လမ်း၊ အနောက်ဘက်ကလမ်းသုံးလမ်း၊ သူတို့လမ်းနဲ့ပါပေါင်းလိုက်ရင် လမ်းခုနှစ်လမ်း။ သည် လမ်းခုနှစ်လမ်းထဲမှာရှိတဲ့ ခွေးမှန်သမျ၊ ငယ်ငယ်ကြီးကြီး၊ ထီးထီးမမ၊ သူ့ဆိုင်ရာ ဆိုင်ရာ လမ်းထိပ်တွေကို စုရုံးချီတက်ကုန်ကြပြီ။ လမ်းဘေးခွေး၊ လမ်းကြားခွေးကလဲချီ တက်။ အိမ်မွေးခွေးတွေကလဲချီတက်။ တက်ကြမှာပေါ့။ စားကြောကိုး။
အဘိုးကြီးနဲ့ အဘွားကြီး သူတို့ခြံထဲကထွက်လာကြပြီလေ။ လက်တဘက်က ဆန် ပြုတ်တွေအပြည့်ပါတဲ့ ဒန်ဘာလီပုံးကြီးကိုဆွဲလို့။ ကျန်တဲ့လက်တဘက်က ဆန်ကော ၀ိုင်းလောက်ရှိတဲ့ ဒန်ဇလုံကြီးနှစ်လုံးကို ထပ်ရက်ကိုင်လို့။ ၀ါးခြမ်းပြားကလေးကလဲ ပါလိုက်သေး။
အဘိုးကြီးက အနောက်ဘက်လမ်းတွေကိုသွားရင် အဘွားကြီးက အရှေ့ဘက်လမ်း တွေကိုသွားတယ်။ အဘွားကြီးက မြောက်ဘက်ထိပ်ကကျေးရင် အဘိုးကြီးက တောင် ဘက်ထိပ်ကကျေးတယ်။
အဲæခွေးအချင်းချင်းဘယ်လောက်ပဲမတည့်မတည့်။ သူတို့ကျေးနေတုန်း၊ အစာစားနေတုန်းမှာတော့ တကောင်တကောင် မကိုက်ကြရဘူး။ စားမာန်မခုတ်ကြရ ဘူး။ အသံတောင်မထွက်ကြရဘူး။ အသံထွက်ရင်၊ မာန်စောင်ရင်၊ ကိုက်ရင်၊ ၀ါးခြမ်းပြား စာမိမယ်။ အမြီးကနေ ဆွဲအထုတ်ခံရမယ်။
ခွေးတွေကလဲ တော်တော်တော့ အံ့သြစရာကောင်းတယ်။ အချိန်ကိုပထမသိတယ်။ အနံ့ကိုသာမဟုတ်ဘူး။ ဆိုင်းဝိုင်းသံကိုပါမှတ်မိတယ်။ နောက်စည်းကမ်းကိုသိတယ်။ အစာစားနေတုန်းမှာတော့ ဘာပြဿနာမှမရှိတတ်ဘူး။
ကျုပ်ရပ်ကြည့်ဖူးပါတယ်။ သိတယ်မဟုတ်လား။ ခွေးဆိုတာ ‘နယ်နိမိတ် အစွဲအ လန်း’ လွှတ်ကြီးသတ္တ၀ါပဲ။ ကျီးကန်းကတော့တမျိုး။ ‘အမျိုးအစွဲအလန်း’။ သူတို့ကျီး ကန်းမျိုးကိုမထိနဲ့။ ထိရင်ဝိုင်းအာမယ်။ ၀ိုင်းတိုက်ခိုက်မယ်။ ခွေးကတော့ သူ့နယ်ကိုယ့် နယ်၊ နယ်မကျူးကျော်ရ။ နယ်ကျော်လာရင်ဝိုင်းလိုက်မယ်။ ၀ိုင်းတိုက်ခိုက်မယ်။
ဒါပေမယ့်လမ်းထိပ်မှာပဲကျေးတယ်နော်။ လမ်းထိပ်မှာပဲ ခွေးအားလုံး လာစားကြ တယ်။ နယ်ကျော်တယ်။ ပြဿနာမပေါ်ဘူး။ သည်အချိန်မှာတော့ပြဿနာမပေါ်ဘူး။
ခွေးတွေကချည်းသာ အံ့သြစရာကောင်းတာမဟုတ်ဘူး။ အဘိုးကြီးနဲ့ အဘွားကြီး ကလဲ တအားအံ့သြဖို့ကောင်းတယ်။ အဲသည်အချိန်တုန်းကကိုပဲ အသက်တွေက ခုနှစ် ဆယ်ပတ်ဝန်းကျင်ရောက်နေကြပြီနော်။ ဒါပေမယ့် မှတ်ဉာဏ်က လွှတ်ကောင်းတယ်။
“သုံးလမ်းထိပ်မှာ ခါတိုင်းလာစားနေကျက ဆယ့်တစ်ကောင်မဟုတ်လား အမယ် ကြီး၊ အေးæခုမနက် ဆယ်ကောင်ပဲလာစားတယ်၊ ဟိုပြာကလပ်စိန် အဖြူကောင်မ ပျောက်နေတယ်၊ ကားပဲတက်ကြိတ်သွားပြီလား၊ နေများမကောင်းလို့လား၊ အဲဒါ နေ့ လယ်ဘက် တခေါက်လောက် လျောက်ကြည့်လိုက်ပါအုံးæ”
အဲသည်လိုပြောသံကို ကျုပ်ကိုယ်တိုင်ကြားဖူးတယ်။
ဆိုလိုတာက ဘယ်လမ်းမှာ ခွေးကောင်ရေ ဘယ်လောက်ရှိတယ်၊ အရွယ်တွေရော၊ အရောင်တွေရော၊ အထီးအမရောæ အားလုံးသူတို့မှတ်မိတယ်။
ပြီးတော့ ဘယ်ခွေးက ဘယ်အိမ်ကမွေးထားတဲ့ခွေး။ ဘယ်ခွေးကတော့ ပိုင်ရှင်မဲ့ခွေး။ ဘယ်ခွေးတွေက ဘယ်ခွေးမကပေါက်တာ။ ဘယ်ခွေးနဲ့ဘယ်ခွေးကတမိတည်းပေါက်။ ဘယ်ခွေးက ပထမသား။ ဘယ်ခွေးကနောက်နှစ်မှမွေးတဲ့ဒုတိယသား။ ဘယ်ခွေးရဲ့အ ဖေက ဘယ်လမ်းကဘယ်ခွေးပေါ့။ ဘယ်ခွေးမကတော့ ဘယ်နှစ်သားပေါက်ပြီးပြီ။ ဘယ် ခွေးက ဘယ်နှစ်တုန်းကမွေးတာ။ အသက်ဘယ်လောက်ရှိပြီ။ သူတို့အကုန်မှတ်မိတယ်။
အဲæသူတို့ကျေးမွေးနေတဲ့အထဲက ခွေးဖွားသေစာရင်းလဲ သူတို့မှာရှိတာပဲ။ မွေးမွေး သေသေ၊ ၂၄ နာရီမကြာဘူး။ မနက်ဆန်ပြုတ်ကျေးချိန်မှာသိပြီ။
သေတာကတော့ အမျိုးမျိုးရှိတာပေါ့လေ။ ရောဂါကြောင့်သေတာ။ ကားတိုက်လို့ သေတာ။ အဆိပ်မိလို့သေတာ။ သေတာနဲ့ပက်သက်လို့ကတော့ သူတို့သိပ်အရေး မစိုက်ကြဘူး။ မြန်မြန်ဝဋ်ကျတ်တယ်လို့ပဲ အောက်မေ့တယ်ထင်ပါရဲ့။ အဲæဒါပေမယ့် အဆိပ်မိလို့ အတုံးအရုံးသေကြရပြီဆိုရင်တော့၊ အဲသည်နေ့တနေ့လုံး အဘွားကြီး ကျိန်ဆဲလို့ မဆုံးတော့ဘူးပေါ့။ လမ်းတကာလျောက်ရေတွက်ပြီး၊ ပါးစပ်ကဗျစ်တောက် ဗျစ်တောက်နဲ့ အကြီးအကျယ်မေတ္တာပို့ပြီပေါ့။
တခုတော့ရှိတယ်။ အဲသည်အဆိပ်တုံးပစ်တဲ့လူတွေလဲ ကြားဖူးနားဝရှိတယ် ထင်ပါ ရဲ့။ အဘိုးကြီးအဘွားကြီးရဲ့ ခြံရှေ့နားကိုတော့ ယောင်လို့တောင်မှ မသီရဲကြဘူး။
ခွေးတွေရဲ့အရှိန်ကလဲမသေးဘူးလေ။ တော်ရုံတန်ရုံလူလဲ သူတို့ခြံနားဘယ်ကပ် ရဲပါ့မလဲ။
အဲ-မွေးတာနဲ့ပက်သက်လို့ကတော့ အဘွားကြီးကလွှတ်ဂရုစိုက်တယ်။ ဘယ်ခွေး မဖြစ်ဖြစ်၊ မွေးပြီဟေ့æဆိုတာနဲ့၊ ဆန်ပြုတ်လာမသောက်တော့ဘူးဆိုတာနဲ့ တပြိုင်နက် မွေးတဲ့နေရာအထိ သွားစောင့်ရှောက်တယ်။ ဆန်ပြုတ်တိုက်တယ်။ အနီးအနားကို အ ကူအညီတောင်းပြီး၊ ကျေးမွေးဖို့မှာတယ်။ မိုးမလုံရင်မိုးလုံရာရွှေ့ပေးတယ်။ အဲဒါမှ မလုံ လောက်သေးဘူးဆိုရင်တော့၊ တမြို့လုံးကို သူ့သိုလှောင်ရုံထဲသယ်သွားလေ့ရှိတယ်။
ခွေးသံယောဇဉ်ကတော့ကြီးတယ်။ ကျုပ်တို့သားအဖတတွေ ခွေးချစ်တယ်ဆိုတာ အဲသည်အဘိုးကြီးအဘွားကြီးနဲ့ယှဉ်လိုက်တော့ သူတို့အိပ်နေသလောက်ပဲရှိမယ်။
အဲ-အဲသည်လို ခွေးတွေကိုကျေးဖို့အတွက် မနက်မနက် ခွေးစာကျိုကြတဲ့ အကြောင်းလဲပြောရအုံးမယ်။
သူတို့မှာ အိမ်ဖေါ်မရှိဘူး။ ကူညီလုပ်ကိုင်ပေးဖို့ ဆွေမျိုးသားချင်း တပည့်လက်သား လဲ အိမ်မှာမထားဘူး။ လူမမွေးဘူး။ ခွေးပဲမွေးတယ်။ ဆိုတော့ အဘိုးကြီးအဘွားကြီး နှစ်ယောက်တည်းရယ်။
မနက် ၄ နာရီမှာ အိပ်ရာကထကြတယ်။ ထုံးစံအတိုင်းမျက်နှာသစ်။ ဘုရားရှိခိုး။ ရေနွေးအိုးတည်။ ကော်ဖီဖျော်သောက်။ ဗိုက်ဖြည့်။ ပြီးငါးနာရီဆိုရင် ကုန်လှောင်ရုံထဲ ရောက်ကြပြီ။
ကုန်လှောင်ရုံထဲမှာကတော့ နောက်ဘက်အုတ်နံရံကိုကပ်ပြီး ချထားတဲ့ဆန်ကွဲအိတ် တွေ လေးငါးရှစ်ဆယ်ရှိတယ်။ ပြီးတော့ အဖုံးအပိတ်လုပ်ထားတဲ့ ပေပါကြီးတွေလဲ ဆယ် လုံးလောက်ရှိတယ်။ အဲသည်လေလုံပေပါကြီးတွေထဲမှာကတော့ ပြင်ခရိုင်(မော်တင် စွန်း)ဘက်က တိုက်ရိုက်မှာဝယ်ထားတယ်ဆိုတဲ့ ငါးပျက်ပုဇွန်မှုန့်အခြောက်တွေ ဖိသိပ် ထည့်ထားတယ်။ အဲæပေါက်ခြမ်းထင်းစည်းတွေကတော့ထောင့် တထောင့်မှာ ထောင်ပုံ ရာပုံပဲ။ ပြီးစဥ့်အိုးတလုံးနဲ့ထည့်ထားတဲ့ဆားတွေလဲရှိတယ်။ ခွေးရိက္ခာတွေ။ ဒါပဲ။ တခြား ဘာပစ္စည်းမှ မရှိဘူး။ ခွေးတွေပဲရှိတယ်။
နေအုံး။ သူတို့တိုက်နဲ့ဘေးချင်းယှဉ်နေတဲ့ အုတ်နံရံအတွင်းဘက်မှာ မီးဖိုကြီးတခု ရှိသေးတယ်။ တွင်းတူးထားတယ်။ ဖိုခနောက် အုတ်ခုံအသေလုပ်ထားတယ်။ အဲသည်မီး ဖိုပေါ်မှာမှ ဒန်အိုးကြီးတလုံး။ အိုးကြီးမလှုပ်အောင် ကျကျနန အထိုင်ချပြီး ဘိလပ်မြေနဲ့ အသေကိုင်ထားတယ်။ ဆန်တတင်းခွဲ တအိတ်ချက်နိုင်တယ်လို့ပြောတယ်။ ဧရာမဒန် အိုးကြီး။ စက်ရုံပိုင်ဆိုတော့ အထူးသီးသန့်ထူထူကြီးလုပ်ထားတာတဲ့။ ကျုပ်အမြင်ပြောရ ရင်တော့ သူတို့လင်မယားနှစ်ယောက် ၀င်ခွေအိပ်နေလို့တောင် ရနိုင်တယ်အောက်မေ့ တာပဲ။
ဆိုပါတော့။ အဲသည်အိုးကြီးထဲကို လင်မယားနှစ်ယောက် ဆန်ကွဲဆယ်ပြည် လောက် ခပ်ထည့်ကြတယ်။ ပြီး ငါးပျက်ခြောက် တစ်ပြည်လောက်လဲ ထပ်ထည့်တယ်။ ဆား နှစ်ဆုပ်သုံးဆုပ်လဲ ထည့်လိုက်တယ်။ ပြီးတော့မှ အိုးပေါ်အရောက် သွယ်ထားတဲ့ ရေပိုက်ဘုံဘိုင်ခေါင်းကို ဖွင့်ချလိုက်တယ်။
တယောက်ကရေနဲ့၊ ငါးခြောက်မှုန့်နဲ့၊ ဆန်ကွဲတွေနဲ့ကို သမအောင်မွှေပေးတယ်။ တယောက်ကမီးမွှေးတယ်။ အောက်ကမီးအားလဲကောင်းလာရော၊ ရေလဲအိုးထဲမှာ တ ၀က်ကျော်လာရော။ ရေတိုင်ကိုပိတ်လိုက်တယ်။ နောက်ပိုင်းပွက်ပွက်ဆူလာတော့မှ တယောက်တလှည့် လှော်တက်ယောက်မကြီးနဲ့ ဆန်ပြုတ်အိုးမွှေကြတယ်။
ကျက်ပြီလား။ ကျက်ပြီဆိုရင်မီးတွေငြိမ်း။ ရေနည်းနည်းထပ်ဖွင့်ချ။ အအေးခံ။ ထပ်မွှေ ပေး။ ခုနှစ်နာရီဆိုရင် အဆင်သင့်ဖြစ်ပြီ။ ကုန်လှောင်ရုံထဲက ကိုယ်ပိုင်မွေးထားတဲ့ခွေး တွေကို အရင်စကျေးပြီ။ အချိန်မှန်။
ခွေးစာခွက်ကတော့ အုတ်သံမံတလင်းပေါ်မှာပဲ ၀ါးတရိုက်လောက်ရှည်ပြီး တပေ လောက်ကျယ်တဲ့ အုတ်မြောင်းသုံးမြောင်းလုပ်ထားတယ်။ အဲသည်မြောင်းတွေထဲကို ဆန်ပြုတ်တွေ ခပ်ထည့်ကျေးလိုက်တာပဲ။ မြောင်းအရှည်လိုက် မျက်နှာချင်းဆိုင်စားကြ စမ်း။ မ၀မချင်း ခေါင်းမဖေါ်တမ်း စားကြစမ်း။
အသံတော့ ဘာသံမှမထွက်နဲ့။ အချင်းချင်းလဲရန်မလုပ်နဲ့။ စားမာန်မခုတ်နဲ့။ ဟိုပြေး သည်ပြေးနေရာရွေးမနေနဲ့။ ဟိုæအကောင်နှုတ်သီးနဲ့ထိုးပြီး ငါးခြောက်ဖတ်ချည့် လိုက် စမ်းစားမနေနဲ့။ ၀ါးခြမ်းပြားကိုယ်စီနဲ့ ကြိမ်းရင်းမောင်းရင်းကျေးတာပဲ။ ခွေးတွေကလဲ မဆန့်မပြဲစားတာပဲ။
နောက်ဆုံးတော့ခွေးတွေလဲ လက်လျော့။ မကုန်နိုင်မခန်းနိုင်။ သည်အချိန်မှာ စား ခွက်တွေထဲကိုထပ်ဖြည့်။ တနေကုန်စားကြစမ်း။ ပိုတာကတော့ ရပ်ကွက်ထဲကခွေးတွေ အတွက်။ ပိုလဲပိုပါတယ်။ အိုးတ၀က်လောက် ပိုတယ်။ တမင်ပိုကျိုထားတာပဲ။
အဲæရှစ်နာရီထိုးလို့ မြန်မာ့အသံကဆိုင်းဝိုင်းသံကြားရပြီဆိုတာနဲ့တပြိုင်နက် အဘိုး ကြီး အဘွားကြီး ဆန်ပြုတ်ပုံးကိုယ်စီနဲ့ အပြင်ထွက်ကြပြီ။ ကူသယ်ခေါက်သည် သယ် ကျေးကြပြီ။ ချေးတလုံးလုံးနဲ့ကျန်းမာရေးလေ့ကျင့်ခန်းလဲဖြစ်ကရော။
ပြီးမှ ရေမိုးချိုး။ ဈေးသွား။ ကိုယ်စားဖို့စီစဉ်။ ကျုပ်ပြောတာ ရှင်းပါတယ်နော်။
အဘိုးကြီး အဘွားကြီးနှစ်ယောက်တည်း။ သားထောက်မီးခံမရှိဘူး။ ပိုက်ဆံတွေက ပိုနေတယ်။ ဒါပေမယ့် မသေခင်မှာရှိတဲ့ပစ္စည်းတွေကိုထုခွဲပြီးအလှူဘူး။ ခွေးတွေကိုပဲ ကျေးနေတယ်။ ခွေးတွေအတွက်ကတော့ ၀ီရိယရှိသလားမမေးနဲ့။ ကုန်လှောင်ရုံထဲမှာ အနည်းဆုံး ခြောက်လစာလောက်ကတော့အပြည့်။
ဟုတ်တယ်။ အကြောင်းကတော့ ရှိတာပေါ့သူငယ်ချင်းရယ်။
ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက အိမ်မှာမွေးထားတဲ့ခွေးတကောင်က သူတို့လင်မယား ရဲ့အသက်ကို ကယ်ခဲ့တယ်တဲ့။
တနေ့မြို့ပေါ်ကို ဗုံးလာကြဲတယ်။ သူတို့လဲဗုံးခိုကျင်းထဲမှာ ဆင်းပုန်းနေကြတယ်။ သည်အချိန်မှာ ဗုံးတလုံးက သူတို့ပုန်းနေတဲ့ဗုံးခိုကျင်းနဲ့ တလံလောက်ပဲကွာတဲ့ နေရာ မှာ လာကျပြီး ပေါက်ကွဲသတဲ့။ သည်တော့ သူတို့ဗုံးခိုကျင်းကလေးလဲ ပြိုကျပြီး၊ သူတို့ ကိုယ်ပေါ် မြေတွေပိကုန်သတဲ့။ အဲဒါကို ခွေးကမြေတွေယက်ပြီး သူတို့ကိုဖေါ်တယ်ဆိုပဲ။
အဲသည်ကျေးဇူးတရားနဲ့ အဲသည်သစ္စာရှိမှုကြောင့် သူတို့တသက်မှာ ခွေးတွေကိုပဲ ကျေးဇူးဆပ်ချင်တယ်တဲ့။ ကျေးချင်မွေးချင်တယ်တဲ့။
အခုတော့ အဘိုးကြီးရောအဘွားကြီးရော နှစ်ယောက်စလုံးမရှိကြတော့ပါဘူး။ လွန် ခဲ့တဲ့နှစ်နှစ်လောက်ကလဲ ရှေ့စဉ်နောက်ဆက်ဆိုသလိုဆုံးသွားကြတယ်။ ခွေးတွေလား။ ခွေးတွေလဲ သူငယ်ချင်းသိတဲ့အတိုင်း ဟိုရောက်သည်ရောက်ပေါ့။ သခင်မှမရှိတော့တာပဲ။


စာကြည့်တိုက်မရှိတော့တဲ့…ရန်ကုန်


ရန်ကုန်ရှိအမျိုးသားစာကြည့်တိုက်ကြီးရဲ့အခြေအနေကို ကျနော်မှတ်မိသမျှတင်ပြချင်ပါတယ်။ အများသိကြပြီး ဖြစ်တဲ့အတိုင်း အထက်ဗမာနိုင်ငံကို အင်္ဂလိပ်မသိမ်းမှီ ၁၈၈၃ ခုနှစ်မှာ အောက်ဗမာပြည်ဝန်ရှင် တော်မင်းကြီး ဆာချားလ်စ်ဘားနဒ် (နယ်ချဲ့)တည်ထောင်ခဲ့တဲ့ ဘားနဒ်အခမဲ့ပိဋကတ်စာကြည့်တိုက်ကို ဗမာပြည်လွတ်လပ် ရေးရတဲ့နှစ်မှာ ရန်ကုန်မြူနစ်စပယ်စာကြည့်တိုက်သဘောမျိုး ဆက်ခံထိန်သိမ်းခဲ့ရာ ၁၉၇၂ ကျမှ အစိုးရကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီတော့မှ နိုင်ငံတော်စာကြည့် တိုက်သဘောမျိုးနဲ့ ဂျုဗလီဟောကိုရွှေ့ခဲ့စေပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်မှာ ပန်းဆိုးတန်းတိုက်အ မှတ် ၁၆၆။ ဒုတိယထပ်နဲ့တတိယထပ်ကိုပို့ပြီးပိတ်ထားခဲ့ပါတယ်။
၁၉၆၅ ခုနှစ်ကုန်ခါနီးကျမှ ပြန်ဖွင့်ပါတယ်။ မြူမီစပယ်မြို့တော်ခန်းမမှာဖွင့်တာပါ။ ၁၉၇၄ ကျမှ ကမ်းနားလမ်း ခြောက်ထပ်ရုံးကိုပြောင်းပြီး ပြန်ဖွင့်ဖြစ်ပါတယ်။ အမည်အမျိုးမျိုး၊ နေရာအမျိုးမျိုး ၈ ကြိမ်ပြောင်းပြီးပါပြီ။
ခုလက်ရှိအမျိုးသားစာကြည့်တိုက်ကြီးဟာ ၁၉၉၅ ခုနှစ်ကစပြီး တာမွေသုသာန်ဟောင်းကြီးထဲမှာ စတင် ဆောက်လုပ်ခဲ့ပါတယ်။ ၁၀ ဧကလောက်ကျယ်ပါတယ်။ အထပ် ၈ ထပ်ရှိပါတယ်။ သင်္ချိုင်းထဲမှာ ရှိပေမယ့် ခမ်းနားပါတယ်။ ၂ နှစ်နဲ့အပြီးဆောက်မယ်ဆိုပေမဲ့ ကျနော်ပြည်ပကိုထွက်လာတဲ့ ၂၀၀၂ နိုဝင်ဘာထိ မပြီးသေး ပါဘူး။ ၁၀ နှစ်လောက်ကြာသွားတယ်ထင်ပါတယ်။
မပြီသေးပေမယ့် ၁၉၉၃ ခုနှစ်ကစပြီးရွှေ့ပါတယ်။ ပေပုရပိုက်တွေကို အဖိုးအခယူပြီး ငှားဖို့ဆိုထင်ပါရဲ့။ ဗိုလ် တထောင်ကောလိပ်ကိုရွှေ့လိုက်သေးတယ်လို့ ကြားရပါတယ်။ ဆာလာအိပ်တွေနဲ့ ၈ ခါရွှေ့၊ ၈ ခါကျိုးပဲ့မှာပါပဲ။ ကျနော်ထွက်လာပြီး မြန်မာတိုင်းသတင်းစာမှာ ၂၀၀၃ ခုနှစ်က ဖေါ်ပြတဲ့စာရင်းအရ စာနယ်ဇင်း ၆.၅ သိန်းခန့် စာနက်စာအုပ် ၁.၈ သိန်းကျော်ရှိတယ်လို့ဖေါ်ပြပါတယ်။
အခုအခါ ရွှေ့ပြောင်းပြီးလို့မှအသားမကျခင် ဒီအဆောက်အအုံကြီးကို လေလံပစ်ပြီးရောင်းစားတော့မလို့ ကြေညာလိုက်တော့ အရပ်ရပ်နေပြည်တော်ကြားလို့မတော်ဖြစ်ပြီး သုတေသီပညာတတ်လောကမှာ အတော် တုန်လှုပ်သွားခဲ့ရပါတယ်။ သုတေသီတွေက ၀ိုင်းပြီးမရွှေ့အောင် ပန်းကြားဖို့ကောင်းပါတယ်။
တကယ်ဆိုရင် အမျိုးသားစာကြည့်တိုက်ဆိုတာ အမျိုးသားစာပေကိုသိမ်း ဆည်းထားရာနေရာဖြစ်ပြီး၊ သုတေသီ သုံးစွဲသူတွေနဲ့ နီးကပ်လွယ်ကူတဲ့နေရာမှာရှိရပါမယ်။ အမျိုးသားစာကြည့်တိုက်စာမျိုးအစား ပြည်သူ့စာကြည့် တိုက်တွေဟာ တိုင်းနဲ့ပြည်နယ်တိုင်းမှာရှိပါတယ်။ မန္တလေး၊ မော်လမြိုင်စတဲ့ တိုင်းနဲ့ပြည်နယ် မြို့တော်တွေ မှာရှိပါတယ်။ ဒါကို ရန်ကုန်တိုင်းစာကြည့်တိုက်အဖြစ်နာမည်ပြောင်းပြီး ကြပ်ပြေးမှာ စာကြည့်တိုက်အသစ် တည် ဆောက်ဖွင့်လှစ်ထားရှိပြီး အထူးလိုအပ်တဲ့စာအုပ်တွေကို အသစ်ကူးယူထားရှိသင့်ပါတယ်၊
လွတ်လပ်ရေးရတာ နှစ် ၆၀ ကြာမှ ကိုယ်ပိုင်အဆောက်အအုံနဲ့ထားခွင့်ရတဲ့ စာကြည့်တိုက်ကြီးမှာ ငွေသုံးဘတ်ဂျက်နည်းလို့ နိုင်ငံခြားစာအုပ်သစ်တွေမ၀ယ်နိုင်ပါဘူး။ စာအုပ်ချင်းဖလှယ်တာပဲရှိပါတယ်။ ခဲယမ်းမီးကျောက်၊ စစ်လေယာဉ်၊ စစ်ကားတွေပဲဝယ်နေရတာကိုး..။
၁၉၉၀ ခုနှစ်လုံးမှာ ၅ သောင်းပဲရပြီး တိုးတောင်းလို့ ခုနှစ်သောင်းပဲရခဲ့ပါတယ်။ ၀န်ထမ်းက နေ့စားပေးဆန် ၁၂ ပြည်နဲ့ခန့်ထားသူတွေပါမှ ၂၅ ယောက် လောက်ပဲရှိခဲ့တာပါ။ ၀န်ထမ်းမလောက်လို့ အမျိုးသား စာစုစာရင်း အပြည့်အစုံမလုပ်နိုင်ခဲ့တာဟာလဲ ကမ္ဘအံ့ဖွယ်ပါပဲ။ ဘန်ကောက်က အမျိုးသားစာကြည့်တိုက်မှာ ပင်မစာကြည့် တိုက်အဆောက်အအုံမှာပဲ ၀န်ထမ်း ၁၂၅ ယောက်လောက်ရှိပါတယ်။ စာအုပ်ဆိုင်တွေမှာတောင် ကလေးစာ ဖတ်ခန်းရှိပေမယ့် ဗမာပြည်မှာ ကလေးစာကြည့်ခန်း၊ ကလေးစာကြည့် တိုက်မရှိပါဘူး။ သူများနိုင်ငံရောက်ဗမာလူငယ်တွေက ကလေးစာအုပ်ဟာင်းတွေလှူတော့ ‘သူတောင်းစားနိုင်ငံမဟုတ်ဘူး...‘ ဆိုပြီး ဗိုလ်ခင်ညွှန့်ကငြင်းပယ်ခဲ့ဘူးပါတယ်၊ ဒီမိုကရေစီခေတ်က ရန်ကုန်မှာ ‘ပြည်သူ့စာအုပ်တိုက်‘ခေါ် အများ သုံးစာကြည့်တိုက်ရှစ်တိုက်ရှိခဲ့သတဲ့။ ခုရှိတဲ့ ‘စာပေဗိမာန်စာကြည့်တိုက်‘နဲ့‘ဂန္ဒီစာကြည့်တိုက်‘တို့ဟာ အသက်မ၀င်တော့သလောက်ပါပဲ။ ဒါကြောင့် ပုဂ္ဂလိကစာအုပ်အဌား ဆိုင်လေးတွေ ပေါ်ပေါက်လာရတာကလည်း ကမ္ဘာ့ အံ့ဖွယ်ပါပဲ၊ နိုင်ခြားသားကျောင်းသားတဦးက ထူးဆန်းလို့ အသေအချာကြည့်ပြီး စာတမ်းရေးဖူးပါတယ်။ စာကြည့်တိုက်မရှိလို့ ဒီလိုဖြစ်ရတယ်ဆိုတော့ အံ့သြသွားရလေရဲ့။
နိုင်ငံခြားကလှူတဲ့စာအုပ်ငြင်းပယ်ခံရဖူးပေမယ့်၊ ပြည်တွင်းစာအုပ်ဆိုင်တွေက စာအုပ်ဟောင်းတွေကိုတော့ အလှူခံပြီး ‘ကျေးလက်စာကြည့်တိုက်‘၊ ‘ရပ်ကွက်စာကြည့်တိုက်‘ကလေးတွေမှာ ဖွင့်ခိုင်းနေတယ်လို့ ကြားရပါတယ်။ ဘာပဲဖြစ်ဖြစ်ဝမ်းသာပါတယ်။ ဒါပေမယ့် လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်မရှိပါဘူး။ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်အစိတ်သား(တမတ်သား)ပါဝင်ပြီး၊ နိုင်ငံရေးမပါအောင် ကြီးကြပ်နေတယ်လို့ကြားရတော့ စိတ်မ ကောင်းပါဘူး။
ကျနော်တို့ကျောင်းသားဘ၀က မန္တလေးလမ်းမတလျှောက်မှာ စာဖတ်ခန်းလေးတွေ မှိုလို ပေါက်နေပါတယ်။ အနည်းဆုံးတော့ သတင်းစာမျိုးစုံကြည့်လို့ရပါတယ်၊ နတ်နွယ်တို့၊ မောင်မိုးသူတို့လို စာပေသမားတွေဟာ မန္တလေးဒီဒီဟိုဟိုစာကြည့်တိုက်တွေက မွေးထုတ်လိုက်ခဲ့တာပါတဲ့၊ ကျနော်တို့ဆိုရင် မန္တလေးမီးရထား ရပ်ကွက်စာကြည့်တိုက်နဲ့ကြီးပြင်းလာခဲ့တာပါ။ ကျနော်တို့ရွာ၊ တင်မိုးတို့ရွာတွေမှာလည်း စာကြည့်တိုက် ကလေးတွေ ရှိပါတယ်။
ကျေးလက်စာကြည့်တိုက်ကလေးတွေက ‘အာရှ’လူငယ်ကလေးတွေပေါ် ထွက်လာခဲ့ပါတယ်။ သူတို့ဟာ ဖက်စစ်တော်လှန်းရေးသားကောင်းလေးတွေအဖြစ် ကြီးပြင်းထွန်းကားလာခဲ့ပါတယ်။ ‘စာကြည့်တိုက်တွေဖွင့်လိုက်တာဟာ ထောင်တံခါးတွေ ပိတ်တာနဲ့အတူတူပဲ...‘ လို့ ငယ်ငယ်က မှတ်ခဲ့ရဖူးပါတယ်။ ခုတော့ ထောင်တွေပဲထပ်တိုးလာပြီး စာကြည့်တိုက်တွေကပိတ်ကုန်ပါတယ်။ တိုင်းပြည်ရဲ့အနာဂတ်ကို ဒါတခုနဲ့ပဲ တွက်လို့ရနေပါပြီ။
မြို့လယ်ကဂျုပလီဟောလို သမိုင်းဝင်အဆောက်အအုံ၊ စာကြည့်တိုက်ပြတိုက်ဟောင်းနေရာဖျက်ပြီး စစ်သမိုင်း ပြတိုက်ဆောက်သတဲ့၊ သမိုင်းဝင်အတွင်းဝန်ရုံးကိုလဲ ရောင်းစားတော့မတဲ့...။ဘနဖူးသိုက်တူးရက်လေခြင်း။ နောင်တစ်ခေတ်ရဲ့စစ်သည်တော်တွေဟာ စစ်တန်းလျားတွေရောင်းပစ် ကြပါစို့...
အကျဉ်းထောင်၊ အချုပ်ခန်းတွေ ရောင်းပစ်ကျပါစို့...ပုဂံခေတ်ပိဋကတ်တိုက်အစဉ်အလာကို ပြန်လည်ထူထောင်ကြပါစို့...မောင်စွမ်းရည်(၂၀၀၈၊ ဇန်န၀ါရီ)


Tuesday, February 26, 2008

ဒါဝင်ကိုသနားတယ်…


ပေတိုးကား ကျန်ုပ်နှင့်ဆယ်တန်းတွင် အတူကျောင်းတက်ခဲ့သော ငယ်သူငယ်ချင်း ဖြစ်၏။ သူသည် ငယ်စဉ်က ဘုန်းကြီးကျောင်းတွင် ပညာသင်၏။ ပေတိုးသည် စာမျိုးစုံ ဖတ်၏။ သိပ္ပံနှင့်ပတ်သက်သောစာပေများ၊ ကားလ်မတ်စ်နှင့် အိန်ဂျယ်တို့၏ ကွန်မြူနစ်စာပေ၊ အနုပဋိလောမရုပ်ဝါဒစသည်တို့ကိုလည်းဖတ်၏။ မြတ်စွာဘုရား၏ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာတို့ကိုလည်းဖတ်၏။
ဖတ်ရုံနှင့်မပြီး။ သူငယ်ချင်းအပေါင်းအသင်းတစု လ္ဘက်ရည်ဆိုင်ထိုင်လျင် သူ့အတွေး အခေါ်အယူအဆတို့ကို လေဖောင်ဖောင်နှင့်ဟော၏။ ပြော၏။ မှန်သည်လည်းပါ၏။ မှားသည်လည်းပါ၏။ ကျန်ုပ်တို့က သူ့အား ဗဟုသုတစုံသောသူဟု ယူဆကြ၏။ သူ့ အား ကျန်ုပ်တို့သူငယ်ချင်းတစုတွင် ခေါင်းတလုံးမြင့်သူဟု ယူဆကြ၏။သူသည် ယခုအခါ ဂျပန်နိုင်ငံတွင်ရှိနေသည်။ တနေ့က သူသည် ကျန်ုပ်အိမ်သို့ ရောက်လာသည်။ ရှေးဟောင်းနှောင်းဖြစ်များပြောကြရင်း ပေတိုးက “ဒါဝင်ကိုသနားတယ်ကွာ…”ဟု ပြောလာသည်။

ကျန်ုပ်။ ။ လင်းစမ်းပါဦးကွာ။ မင်းဟာက အရင်းမရှိ၊ အဖျားမရှိနဲ့
ပေတိုး။ ။ ဒါဝင်ဟာ သုတေသနမျိုးစုံလုပ်ပြီး လူဟာမျောက်ကဆင်းသက်လာတယ်
လို့ ပြောခဲ့တယ်ကွာ။ တဖြေးဖြေးနဲ့ တရွေ့ရွေ့ဖြစ်စဉ်ပြောင်းလဲခြင်း
(Evolution)ဖြစ်တာဆိုပြီး ကမ္ဘာကိုတင်ပြခဲ့တယ်ကွာ။ ကမ္ဘာသိပ္ပံပညာ
ရှင်တွေက လက်ခံတယ်ကွာ။ ရေသတ္တ၀ါကနေ၊ တွားသွားသတ္တ၀ါတွေဖြစ်၊
အဲဒီကနေ နို့တိုက်သတ္တ၀ါ၊ မျောက်လူဝံတို့ဖြစ်ပြီး အဲဒီကမှတဆင့် လူဖြစ်
လာတယ်လို့ဆိုတယ်ကွာ။ Fitness of the Survival(တော်သူနေ၊
မတော်သူသေ)၊ ပါတ်ဝန်းကျင်အခြေအနေနှင့် လိုက်လျောညီထွေနေနိုင်
တဲ့သတ္တ၀ါတွေ ကျန်ခဲ့တာကွာ။ အဲဒီသီအိုရီထုတ်ခဲ့တယ်ကွာ…
အဲဒီလိုဘဲ- ကမ္ဘာကြီးရဲ့အပူအအေး၊ ရာသီဥတုအခြေအနေ အပြောင်းအ
လဲမျိုးစုံကို ကြံ့ကြံ့ခံပြီး၊ အခုလက်ရှိ ရှိနေခဲ့ကြတဲ့ ရေနေ၊ ကုန်းနေသတ္တ၀ါ
အားလုံး လူအပါအ၀င်ပေါ့ကွာ နေခဲ့ကြတယ်။ အဲဒါ ကမ္ဘာကြီးရဲ့အခြေအနေ
အရပ်ရပ် ပြောင်းလဲမှုမျိုးစုံကို လိုက်လျောညီထွေဖြစ်အောင်နေရင်းနဲ့ အခု
လက်ရှိ ‘သတ္တလောကကြီး’ဖြစ်လာတယ်လို့ ပြောတယ်ကွာ…
အဲဒီတော့ မင်းကိုငါပြောမယ်။ သတ္တ၀ါမျိုးစုံက ကမ္ဘာကြီးရဲ့ ပြောင်းလဲနေတဲ့
အခြေအနေအားလုံးနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ပြီး၊ မိမိတို့အ
သက်ရှင်ရပ်တည်ရေးနဲ့ မျိုးဆက်ပြန့်ပွားရေးအတွက် ကြိုးပမ်းကြရင်း အ
ရည်အချင်းတိုးတက်လာကြတယ်လို့ ဒါဝင်ကဆိုလိုတယ်။ အဲဒါကို ငါလက်
ခံသလောက် လက်ခံပါတယ်ကွာ။ ဒါပေမဲ့ လိုနေတဲ့ အချက်တွေရှိနေသေး
တယ်ကွာ။ သူတို့အနောက်တိုင်းက မသိသေးတာတွေကို တို့အရှေ့တိုင်း
ကသိခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်ကွာ
ကျန်ုပ်။ ။ မင်းကတော့လုပ်ပြီ၊ ငယ်ငယ်ကအကျင့်တွေမပျောက်သေးဘဲကိုး…
ပေတိုး။ ။ မဟုတ်ဘူးကွ။ အနောက်တိုင်းရဲ့ဒဿန၊ အနောက်တိုင်းရဲ့သိပ္ပံပညာတွေ
မှာ လိုနေတာတွေအများကြီးရှိသေးတယ်။ အဲဒါတွေကို ငါက ဘုန်းကြီး
ကျောင်းသားဖြစ်ဖူးလို့သိတာကွ…
ကျန်ုပ်။ ။ မင်းဟာက ဟုတ်ပါ့မလားကွာ…၊ ကြည့်လုပ်ပါအုံးဆရာရဲ့
ပေတိုး။ ။ ငါပြောမယ် ‘တကျမ်းမြင်ရုံ၊ ကျမ်းမစုံ၊ အာရုံတယ်၍မတင်းနှင့်’တဲ့။ အခု
ကမ္ဘာကြီးမှာ ပြဿနာတွေဖြစ်နေတာ တကျမ်းထဲကို အာဂုံဆောင်ပြီး စွတ်
ရွတ်လုပ်နေ ကြလို့ ပြဿနာပေါင်းသောင်းခြောက်ထောင်ဖြစ်နေတာ။
ဘက်စုံနားလည်၊ ဘက်စုံရှု ဒေါင့်ကကြည့်၊ ဘက်စုံအမြင်နဲ့ဆုံးဖြတ်မှ အမှန်
နဲ့အနီးစပ်ဆုံးဖြစ်မယ်
ကျန်ုပ်။ ။ ဘုန်းကြီးကျောင်းသားကလဲ၊ လေရှည်နေလိုက်တာ။ ပြောစရာရှိ တဲ့တဲ့ ပြောတာမဟုတ်ဘူး၊
ဘေးရောက်ကုန်ပြီ။ မင်းပြောခဲ့တဲ့ ဒါဝင်အကြောင်းဆက်ပါအုံးæ
ပေတိုး။ ။ အဲဒါကိုပြောချင်လို့ အစချီနေတာပေါ့ကွာ။ ဒါဝင်ဟာ သတ္တ၀ါတွေ တရွေ့
ရွေ့နဲ့ တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာလိုက်တာ နောက်ဆုံး လူဆိုတဲ့
အသိဉာဏ် အရှိဆုံးသတ္တ၀ါမွေးဖွားလာတယ်လို့ဆိုတယ်။ ဒါဝင်ကိုသနား
တာက ဒါဝင်ဟာ မြန်မာဘုန်းကြီးကျောင်းနေခွင့်မရ၊ အဘိဓမ္မာသင်ခွင့်မရ၊
ဗုဒ္ဓဘာသာအတွေးအခေါ် တွေးခွင့်မရခဲ့လို့ သူ့အယူအဆဟာ တ၀က်
တပျက်ဘဲမှန်ခဲ့တယ်။ ဒါဝင်ဘုန်းတော်ကြီးနေခွင့်မရတာကို သနားတာ
ကျန်ုပ်။ ။ ဒါဝင်ဘုန်းကြီးကျောင်းနေခွင့်မရတာနဲ့ ဘာဆိုင်လို့သနားရတာတုန်း…
ပေတိုး။ ။ သူမသိဘူး…၊ ကမ္ဘာကြီးမှာ စင်္ကြာဝဠာကြီးမှာ ‘တက်ကပ်‘ရှိသလို ‘ဆုပ်ကပ်‘
ရှိတာ သူမသိဘူး။ သူ တက်ကပ်ကိုဘဲသိတယ်။ ဆုတ်ကပ်ကိုသူမသိဘူး။
မင်းမှတ်ထား- လောကကြီးမှာ အမှောင်ရှိရင် အလင်းရှိတယ်။ အပေါင်းရှိ
ရင်အနှုတ်ရှိတယ်။ အပူရှိရင်အအေးရှိတယ်။ အဖိုရှိရင်အမရှိတယ်။ အဖြူရှိ
ရင် အမဲရှိတယ်။ အဲဒါကြောင့် တက်ကပ်ရှိရင် ဆုတ်ကပ်ရှိတယ်။ ဆန့်ကျင်
ဖက်တရားတွေဟာ အမြဲရှိတယ်။ အဲဒါဟာနိယာမတခုဘဲ…
ကျန်ုပ်။ ။ ငါလက်ခံပါတယ်ကွာ။ အဲဒါနဲ့ မင်းဒါဝင်ကိုသနားတာနဲ့ ဘာဆိုင်လို့လဲ…
ပေတိုး။ ။ ဒါဝင်ဟာ သတ္တ၀ါတို့ရဲ့တိုးတက်မှုဖြစ်စဉ်ကိုသာ အလေးပေးပြီး တဖက်
စွန်းတွေးခေါ်ခဲ့တယ်။ သတ္တ၀ါတို့ရဲ့ဆုတ်ယုတ်မှုအကြောင်းကိုတော့ အ
လေးမပေးခဲ့ဘူး။ အဲဒါကြောင့် ငါသနားတာ။ ငါဆက်ပြောမယ်- ငါကဘုန်း
ကြီးကျောင်းသားဘ၀ကလာခဲ့တဲ့ သိပ္ပံကျောင်းသား။ ဒါဝင်ရဲ့သီအိုရီအရ
လူသည် မျောက်ကဆင်းသက်လာသည်လို့ဆိုတယ်။ ငါက ဗမာပြည်ရဲ့
လောလောဆယ်ဖြစ်နေတဲ့အခြေအနေတွေကိုကြည့်ပြီး မကြာခင် ကမ္ဘာကို
ထုတ်ပြန်ကြေငြာလိုက်တော့မယ်…
ကျန်ုပ်။ ။ မင်းက ကမ္ဘာနဲ့ချီပြီးကိုင်နေပြီလား..
ပေတိုး။ ။ မရတော့ဘူးကွာ။ ဗမာပြည်အကြောင်းကို ကမ္ဘာနဲ့ချီပြီး ကိုင်ရတော့မယ်။
ဒါဝင်ရဲ့သီအိုရီကိုလည်း ပြောင်းပြန်လှန်ပစ်ရတော့မယ်။ ဒီမှာ ငါပြောပြ
မယ်။ သတ္တလောကကိုကြည့်။ ပိုးကောင်မွှားကောင် ကလေးတွေကို ကြက်
ငှက်တွေကစားကြတယ်။ ကြက် ငှက်တွေကို မြေ၊ ၀ံပုလွေ၊ မြေ ခွေးတို့က
စားကြတယ်။ တခြားဥပမာတွေအများကြီး။ အဲဒီတော့ တိရစ္ဆာန်လောက
မှာ Might is Rightဆိုပြီး ‘အင်အားသည်အမှန်တရား‘၊ ‘ခွန်အားသည်အ
မှန်တရား‘။ ‘နိုင်ရင်အမှန်၊ နိုင်ရင်တရားတယ်‘။ ကိုယ့်အသက်ရှင်ရပ်တည်
ရေးအတွက် ကိုယ်နိုင်တဲ့အကောင်တွေကို နင်းနင်းချေချေ၊ သတ်သတ်စား
စား၊ လုပ်ချင်သလိုလုပ်။ တရားတယ်၊ မှန်တယ်၊ နိုင်တဲ့ ကောင်ရဲ့အောက်
မှာ ရှုံးတဲ့ကောင်တွေက ပြားပြားဝပ်၊ မော်မကြည့်နဲ့။ ထွက်ပြေး အမြဲအစား
ခံ။ နိုင်တဲ့ကောင်ရဲ့တရားစီရင်ဆုံးဖြတ်တာကိုခံ။ အဲသလိုကိုးကွ။ ဒါက
တိရစ္ဆာန်လောကလေ…
အဲဒီ Might is Rightဆိုတာ တိရစ္ဆာန်လောကရဲ့ ဥပဒေသကွ။ လူသား
ရဲ့ဥပဒေသမဟုတ်ဘူး။ အဲဒီဥပဒေကို လူ့လောကမှာလာသုံးရင် လူ့လော
ကဟာ တိရစ္ဆာန် လောကနဲ့မခြားတော့ဘူးကွ။ အဲဒါကို ငါပြောချင်တာ…
ကျန်ုပ်။ ။ မင်းဟာက နဲနဲစိတ်ဝင်စားစရာကောင်းလာပြီ။ ဆက်ပြော ဆက်ပြော…
ပေတိုး။ ။ လာမယ်၊ ဒီထက်ကောင်းတာတွေလာမယ်။ ကမ္ဘာ့သမိုင်းမှာ ဖြစ်ပျက်ခဲ့
ဖူးပါပြီကွာ။ နိုင်ရင်တရားတယ်ဆိုတဲ့ တိရစ္ဆာန်စိတ်နဲ့လုပ်ခဲ့တဲ့ ဟစ်တလာ
တို့၊ မူဆိုလိုနီတို့၊ စတာလင်တို့ဆိုတာတွေဟာ Might is Right (မှန်ရင်
တရားတယ်၊ မှန်ကန်ခြင်းဟာခွန်အား)ဆိုတဲ့ ဥပဒေသရဲ့အောက်မှာ ကျ
ဆုံးသွားခဲ့ပါပြီ
ကျန်ုပ်။ ။ ဒါတော့ဟုတ်ပါတယ်။ ဒါနဲ့ ဒါဝင်ကိုသနားတာနဲ့ ဘာဆိုင်လဲ
ပေတိုး။ ။ ငါ့စကားမဆုံးသေးဘူးæ၊ သေသေချာချာနားထောင်ပါကွ။ တို့ဗမာပြည်
မှာ အခု Might is Rightဆိုပြီးအင်အားကြီးတဲ့သူမှန်တယ်၊ နိုင်ရင်တရား
တယ်ဆိုတဲ့ ပုပ်သိုးဆွေးမြေ့နေတဲ့ဝါဒ ကြီးစိုးနေသေးတယ်။ အဲဒီလိုကြီးစိုးခဲ့
တာ ၁၉၆၂ ခုနှစ်က စခဲ့တာပေါ့ကွာ။ နောက်နောင် သာလို့တောင် ဆိုးဝါး
လာတာ မင်းတို့ငါတို့အသိ။ တခုသက်သေပြုရမှာက လောကမှာ သူ့နိ
ယာမနဲ့သူဖြစ်နေတာ။ ဘယ်သူမှဖန်ဆင်းတာမဟုတ်ဘူး။ မနက်မှာနေ
ထွက်၊ ညမှာနေ၀င်။ ကမ္ဘာဟာ ၀င်ရိုးပေါ်မှာ ၂၄ နာရီမှာတပတ်လည်၊
ကမ္ဘာဟာ နေကို ၃၆၅ ရက်မှာ တပါတ်ပတ်မိ။ E=MC2စတာတွေဟာ
သူ့နိယာမနဲ့သူဖြစ်နေတာ။ ဗုဒ္ဓမြတ်စွာကဖန်ဆင်းတာမဟုတ်ဘူး။ လော
ကရဲ့နိယာမတရားတွေကို မြတ်စွာဘုရားသော်မှ မလွန်ဆန်ခဲ့ပါဘူး…
အဲဒီတော့ တိရစ္ဆာန်လောကရဲ့ Might is Rightကို ခံယူကျင့်သုံးခဲ့တဲ့
န.၀.တဖြစ်လဲ န.အ.ဖ(နွားအဖွဲ့)ဟာ တိရစ္ဆာန်လောကကို အလိုလိုကျဆင်းသွား
ပါပြီကွာ။ မယုံမရှိပါနဲ့…
ဘဒ္ဒကမ္ဘာမှာ ရှေးကပွင့်ခဲ့ဘူးတဲ့ သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားလေးဆူရဲ့ ဓါတ်
တော်မွေတော်တွေဌာပနာထားတဲ့ ရွှေတိဂုံစေတီတော်ကြီးရှိရာ ရန်ကုန်မြို့
တော်ကြီးကနေ ပျဉ်းမနားမြို့နဲ့ တော်တော်ကြီးဝေးတဲ့ တောစပ်တနေရာကို
န.အ.ဖဟာ ထွက်ပြေးသွးပါပြီ။ အဲဒီလူတွေဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့အ
စည်းကနေပြီး တိရစ္ဆာန်တွေနေတဲ့ တောနားကို ပြောင်းရွှေ့သွားခြင်းဟာ
မကြာခင်မှာဘဲ သူတို့ရဲ့နောက်မျိုးဆက်များဟာဆုတ်ကပ်အတိုင်း နောက်
ကိုတရွေ့ရွေ့နဲ့ တဖြည်းဖြည်းဆုတ်ပြီး ဆုတ်ကပ်ဖြစ်စဉ်သဘောတရား
အရ လူဝံလိုလို မျောက်လိုလိုဘ၀ကိုရောက်ပြီး Jungle of the apes
(မျောက်တို့ရဲ့တောကြီး)အဖြစ် ပြောင်းသွားလာလိမ့်မယ်
ကျန်ုပ်။ ။ ဟ- မင်းဟာက ဒါဝင်ကိုသနားတာနဲ့က…
ပေတိုး။ ။ လာမယ်လေကွာ- မင်းကလဲ။ သည်းခံပြီးနားထောင်ပါဦး။ နောင်လာမဲ့
အနာဂတ်မှာ ‘မျောက်သည်လူမှဆင်းသက်လာသည်’လို့ ပျဉ်းမနားတော
တွင်းမှ ကျောက်ဖြစ်ရုပ်ကြင်းတွေကို သက်သေပြပြီး ကမ္ဘာမှာ သီအိုရီတ
ရပ်ထွက်လာလိမ့်မယ်။ အားလုံးကလည်းလက်ခံကြလိမ့်မယ်။ အဲဒါကြောင့်
ငါက ဒါဝင်ကိုသနားတာ။ သူဗမာပြည်မှာမနေခဲ့ဖူးဘူး။ ဘုန်းကြီးကျောင်း
စာမသင်ခဲ့ဖူးဘူး။ မ.ဆ.လ၊ န.၀.တ၊ န.အ.ဖ မကြားဖူး၊ မကြုံခဲ့ဖူးဘူး။ ဆိုလိုချင်
တာက ဒါဝင်ဟာ ကျမ်းမစုံခဲ့ဘူး။ ဒါကြောင့် သူ့သီအိုရီဟာ ရာနှုန်းပြည့်
မမှန်ဘူး။ ငါကတော့ ခုကထဲက အကိုးအကားတွေ အထောက်အထား
တွေကို သေသေချာချာရေးပြီး ‘မျောက်သည်လူကဆင်းသက်လာသည်’
လို့ နောင်လာနောင်သားတွေအတွက်ရေးပြီး Time Capsuleထဲထည့်
မြုပ်ထားခဲ့မယ်။ ငါ့နာမည်‘ပေတိုး’နဲ့ ကမ္ဗည်းထိုးခဲ့မယ်။ နောင်အနာဂတ်
မှာ ဒါဝင်ကို ဘယ်သူမှသိတော့မှမဟုတ်ဘဲ ကမ္ဘာမှာ ပေတိုးသာလျင် မ
သိသူမရှိဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ဒါဝင်ကိုငါသနားတာကွ…
ကျန်ုပ်လည်း ပေတိုး၏စကားများကိုနားထောင်ပြီးနောက် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းတ၀ိုက်တွင်ရှိသော ကျန်ုပ်၏အမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများကို ဖြစ်သည့် နည်းနှင့် ရန်ကုန်သို့ပြောင်းရွေ့ရန် အမြန်ဆုံးအကြောင်းကြားလိုက်ပါတော့သည်။
ရေးသားသူ-မောင်သန်းဝင်း
(မိုးသောက်ကြယ်ဂျာနယ် အတွဲ ၃၊ အမှတ် ၂ မှ)
မှတ်ချက်။ 
သရော်စာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သွားသူများကိုသာ တိုက်ရိုက်ရည်ညွန်းပါသည်။

ရုပ်ပြောင်ဓါတ်ပုံကို အင်တာနက်မှတဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်၊

ဘယ်လိုအန္တရာယ်မျိုးဘဲရှိရှိ ပရိတ်သတ်ကိုဖျော်ဖြေဖို့ကိုဘဲ ခေါင်းထဲထည့်ထားတယ်ဆိုတဲ့ ဂျပန်ရောက်သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့သားများ




ပြီးခဲ့တဲ့နှစ်၊ တန်ဆောင်တိုင်မျှော်စင်ကျွန်းဖျော်ဖြေပွဲနဲ့ ပရိတ်သတ်ရဲ့အားပေးမှုကို တဟုန်ထိုးပိုမိုရရှိလာခဲ့တဲ့ သီးလေးသီးအငြိမ့်အဖွဲ့ရဲ့ ပြည်ပဖျော်ဖြေရေးခရီးစဉ် (၅)နိုင်ငံမြောက်ဂျပန်နိုင်ငံကိုရောက်ရှိနေစဉ် ၎င်းတို့အဖွဲ့နဲ့ ပါတ်သက်လို့ ထွက်ပေါ်နေတဲ့ ပြည်ပနိုင်ငံကြီးတစ်ခုခုကိုရောက်တဲ့အခါ Refugeeလျှောက်တော့မယ်ဆိုတဲ့ ကောလဟာလကို ”ပရိတ်သတ်အတွက်ဖျော်ဖြေဖို့ကိုဘဲခေါင်းထဲထည့်ထားတယ်…”တယ်ဆိုတဲ့အဖြေနဲ့ ထပ်မံရှင်းချက်ထုတ်လိုက်ကြောင်းသိရပါတယ်။

ဂျပန်ဖျော်ဖြေပွဲမတိုင်မှီ မီဒီယာများနှင့် ဖေဖေါ်ဝါရီလ ၂၄ ရက်(တနင်္ဂနွေနေ့)ညနေ ၆း၀၀ နာရီပိုင်းလောက် တွင် ဇာတ်တိုက်နေသည့် စတူဒီယိုခန်းမတခုတွင် တွေ့ဆုံရာ၌ မျှော်စင်ကျွန်းကပွဲအပြီး ဖမ်းဆီးခံရနိုင်သော် လည်း န.အ.ဖစစ်အုပ်စုမှ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ဖိအားများမပြတ်ရင်ဆိုင်နေရချိန်ဖြစ်၍ ၎င်းတို့ကိုဖမ်းလိုက်သည့်အခါ ဖြစ်ပေါ်လာမည့်အကျိုးဆက်နှင့်ပြသနာများကို ချိန်ဆနေစဉ်မှာပင် ပြည်ပဖျော် ဖြေရေးအစီအစဉ်ကို စတင်နိုင်ခဲ့ကြောင်း၊ ပြည်ပမှာပိုမိုလွတ်လပ်သောကြောင့် ပိုပျက်မယ်ဆိုတာမျိုးကိုမလုပ် ကြောင်း၊ အဲ့ဒါကို ခုတုန်းလုပ်ပြီးတော့ ပြည်ပမှာခိုလှုံဖို့စိတ်မကူးခဲ့ကြောင်း၊ မိမိတို့ရဲ့ အနုပညာ‘စည်း‘ထား ရှိကြောင်း ရှင်းပြခဲ့ပါတယ်။
”ကျနော်တို့ရဲ့ရည်ရွယ်ချက်က နိုင်ငံအနှံ့အပြားမှာရှိတဲ့ မြန်မာတွေက ဖျော်ဖြေဖို့ဖိတ်ခေါ်တယ်ဆိုရင် ကမ္ဘာကိုပါတ်မယ်။ ပါတ်ပြီးတော့ ကျနော်တို့တတ်စွမ်းတဲ့ အနုပညာနဲ့ ဖျော်ဖြေတင်ဆက်သွားမယ်…။ တိမ်မြုပ်နေတဲ့မျိုးချစ်စိတ်ဓါတ်တွေကိုဖေါ်ထုတ်ပေးသွားမယ်..၊ အိပ်ပျော်နေတဲ့တိုင်းပြည်ချစ်စိတ် တွေကိုလှုပ်နိုးမယ်…။ အဲဒါပြီးရင် မြန်မာပြည်ကို ဘယ်လိုနည်းနဲ့ဘဲဖြစ်ဖြစ် မရောက်ရောက်အောင် ပြန်မှာပါ…” လို့ အဖွဲ့ခေါင်းဆောင် ကိုဂေါ်ဇီလာက သီးလေးသီးခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို ပြောပြပါတယ်။
သီးလေးသီးနဲ့ချီးလေးချီးကွာခြားပုံကိုလည်း ကိုဂေါ်ဇီလာက ”သီးလေးသီးက ပြည်သူချစ်တဲ့သီးလေးသီးဖြစ် ပါတယ်။ ဖြစ်အောင်လည်း ကျနော်တို့ကြိုးစားသွားမှာပါ။ ချီးလေးချီးက ပြည်သူမုန်းတဲ့ချီးလေးချီး ပါ...” လို့ ပြည်တွင်းမှာကျော်ကြားနေသော အဖွဲ့နှစ်ဖွဲ့ရဲ့ကွားခြားပုံကို ရှင်းပြပါတယ်။
ပြည်ပဖျော်ဖြေပွဲများကိုစီစဉ်သူအများစုမှာ ပြည်ပရောက်မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသူများဖြစ်၍ န.အ.ဖဘက်မှလည်း ပြည်တော်ပြန်ရောက်ပါက ၎င်းတို့ပြုလုပ်သောပွဲများတွင် မဖြစ်မနေဖျော်ဖြေပေးရမည်ဟု အတင်းအကျပ် တိုက်တွန်းလာပါက-
”ကျနော်တို့က ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တယ်။ ပြည်သူကိုယ်ဘဲကိုယ်စားပြုတယ်။ လက်တဆုပ် စာအာဏာရူး လူရမ်းကားအုပ်စုအတွက် ကိုယ်စားမပြုပါဘူး။ အဲ့တော့ ကျနော်တို့ကို ဘယ်လိုဘဲ ဖိအားပေးပေး၊ နောက်ဆုံး ‘ငါတို့ခိုင်းတာမင်းတို့မလုပ်ရင် ဖမ်းမယ်…၊ ဆီးမယ်..၊ သတ်ဖြတ်မယ်‘ဆို ကျနော်တို့ကြိုးစင်အထိ လိပ်ပြာသန့်သန့်နဲ့ ရင်ကော့ပြီးတက်သွားပါ့မယ်။ ကျနော်တို့ ဖျော်ဖြေမှာ မဟုတ်ဘူး…”လို့ ၎င်းတို့ရဲ့ခံယူချက်ကို သီးလေးသီးအဖွဲ့သားများကပွင့်ပွင့်လင်းလင်းပြောပြပါတယ်၊
”အခက်အခဲပေါင်းစုံကြားမှ ဂျပန်နိုင်ငံကိုရောက်လာပြီး ဂျပန်နိုင်ငံမှာရှိတဲ့ ရွှေမြန်မာတွေကို တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးရှိစေဖို့၊ ကိုယ်တတ်စွမ်းတဲ့အနုပညာနဲ့တင်ဆက်သွားမယ်။ ပျက်လုံးလေးတွေကို တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူအောင် အသစ်အဆန်းဖြစ်တာတွေ၊ လက်ရှိခေတ်အခြေ အနေကိုထင်ဟပ်မယ့်အရာတွေကို ဖန်တီးထားကြောင်းနှင့် ”ဟိုးတုန်းက ကျနော့်ဆရာတွေကခဲ့တဲ့ ပြဇာတ် တွေလိုဘဲ တခန်းရပ်ပြဇတ်တိုတွေကို ဒီမှာ ဖျော်ဖြေကပြပါမယ်…”လို့လည်း လူရွင်တော်စိန်သီးက ဂျပန်မှာ ဖျော်ဖြေမည့်အစီအစဉ်နဲ့ ပါတ်သတ်လို့ ရှင်းပြပါတယ်။
သီးလေးသီး၏ ပြည်ပအငြိမ့်ခန်းအဖွင့်တိုင်းတွင် တိုင်ပြည်ဖခင်အစစ်အမှန်၊ တပ်မ တော်ဖခင်အစစ်အမှန်ဖြစ် သော ဗိုလ်ချုပ်အောင်ဆန်းပုံပါတီရှပ်များကိုဝတ်ဆင်၍ ‘ဗမာ့သူရဲကောင်း‘ သီချင်းဖြင့် ပွဲထွက်လေ့ရှိသည်၊
”ဗိုလ်ချုပ်အောင်ဆန်းသာလျှင် တိုင်းပြည်ရဲ့ဖခင်အမှန်ဖြစ်လို့ ယခုလိုပွဲထွက်တွင် တင်ဆက်ရခြင်းဖြစ်ကြောင်း” ကိုဂေါ်ဇီလာက ပြောဆိုပါတယ်။
သီးလေးသီးအငြိမ့်မှာ နိုင်ငံကျော်လူရွှင်တော်ကိုဇာဂနာတို့အဖွဲ့မှ မွေးထုတ်ပေးလိုက်ခြင်းဖြစ်ပြီး သီးလေးသီးမဖွဲ့မှီ မြပုဏ္ဍနမာဆိုသောအငြိမ့်အဖွဲ့ကို ရှစ်လေးလုံးအရေးတော်ပုံ မတိုင်မှီတွင် ဖွဲ့စည်းခဲ့ဖူးကာ နောက်ပိုင်းတွင် ‘သီးလေးသီးဆေးရောင်စုံအငြိမ့်‘ဟူသော အမည်ဖြင့် ပိုမိုထင်ရှားလာခဲ့ကြပြီး လူရွှင်တော်များမှာလည်း ရုပ်ရှင်-အနုပညာနယ်ပယ်တွင်ပါ အောင်မြင်လာခဲ့ကြသည်၊ ပေးပို့သူ-သန့်မျိုးထွေး(MTK)


Sunday, February 24, 2008

AUN Press Confrance ကျင်းပပြုလုပ်



ဖဒိုမန်းရှားအောက်မေ့ဖွယ်အခမ်းအနား ဂျပန်နိုင်ငံ၌ပြုလုပ်



မြန်မာဒုက္ခသည်များ အကျိုးဆောင်ရှေ့နေ Shoogo Watanabe မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှ ထိုင်းနယ်စပ်တွင် ဖဒိုမန်းရှာလုပ်ကြံခြင်းမခံရမှီ တွေ့ဆုံခဲ့ရပုံ ၊၀မ်းနည်းကြေကွဲကြောင်းအမှတ်တရ ပြောကြားနေပုံ။

Nhk ဂျပန်သတင်းထောက် ဦးရွှေဘမှ ၀မ်းနည်းကြောင်းပြောကြားနေစဉ်

မိုးသောက်ကြယ်စာကြည့်တိုက်မှ တာဝန်ခံတဦးဖြစ်သူ ကိုမောင်သန့်မှ ၀မ်းနည်းစကားပြောကြားပြီး ဆရာမောင်စွမ်းရည်ရေးစပ်ပေးပို့ထားသော ဖဒိုမန်းရှား သွေးသစ္စာကဗျာဖတ်ကြားနေစဉ်



ဖထိုမန်းရှာ ၀မ်းနည်းခြင်း အခမ်းအနားသို့ ကိုထွန်းအောင်ကျော်၊ ကိုမိုးသီးဇွန်တို့လည်း လာရောက်တက်ရောက်ခဲ့ပါသည်။

ဖဒိုမန်းရှာ၏ ကိုယ်တိုင်ရေးကဗျာနှင့် ကိုယ်ရေးအကျဉ်းချုပ်



မြင်ကွင်းကျယ် ကြည့်ချင်လျှင် ပုံကို Click

သွေးသစ္စာ


ပဒိုမန်းရှာ
သူသေရှာပြီ။

သူသေသည်မှာ
“လူသေ”သေခြင်းဖြစ်ပါ၏။

လူသေခြင်းသည်
“မူ”သေခြင်းလည်းမဟုတ်ပါ။

လူသာသေလည်း
နာမည်သေမည်မဟုတ်ပါ။

လူကိုခွေးသတ်
ဇာတ်ကြောင်းထပ်လည်း
သတ်သူသာသေ၊ သေသူရှင်မည်
အာဇာနည်မျိုး သေရိုးမရှိ
ခေတ်၏ဆောင်ပုဒ်၊ အသစ်ထုတ်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခန်းမှ
မန်းရှာလာဖန်း၊ လုပ်ကြံခန်းထိ
သွေးလမ်းကြီးသည်၊ ခရီးရှည်ခဲ့
မညီသမျှ မဆုံးနိုင်။

ပဒိုမန်းရှာ၊ သွေးသစ္စာဖြင့်
ငါတို့လူထု၊ သစ္စာပြုစို့
ပြည်ထောင်စုဒီမိုကရေစီ
အောင်ရမည်။

သွေးစည်းညီညီ၊ ဆောင်ကြမည်။

(မောင်စွမ်းရည်)

Sunday, February 10, 2008

Twitter Delicious Facebook Digg Stumbleupon Favorites More