This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, April 30, 2008

မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ သို့(မောင်စွမ်းရည်)


(မောင်စွမ်းရည်၊ ဧပြီ ၂၉၊ ၂၀၀၈၊ ညီမူရာ ခန်းမ၊ သာသနမောဠိ ဌာနချုပ်။)


ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒကို အခုလို စာဖွဲ့ပြီး အမှတ်တရ မှတ်သားထားမိပါတယ်။

"စစ်သားတွေက သတ်ရဲကြတယ်၊
သေမှာကို ကြောက်တတ်လှတယ်။
သံဃာတွေက သေရဲကြတယ်၊
မသတ်ရဲ သတ်ပွဲရှောင်ကြတယ်။ ။"

မစိုးရိမ်ဆရာတော်ကြီး ဦကောဝိဒကို ပူဇော်တဲ့ ပါဠိဂါထာ အသွား၊ ၈ လုံးဘွဲ့ ကဗျာက ဒီလိုပါ။

စစ်အာဏာခေတ် ခေတ်ဆိုးခေတ်မှောင်

သံဃာကိုသတ် မိုက်ကြထိပ်ခေါင်

အမှောင်ခေတ်တွင်း အလင်းရောက်အောင်

မေတ္တာပွား တရားအလင်းရောင်။



ဦးကောဝိဒ သာသနာ့ဥသျှောင်

ကမ္ဘာ့ထိပ်က သပိတ်ကံဆောင်

မင်းဆိုးမင်းညစ် ကင်းလွတ်လေအောင်

အသက်ရင်း အလင်းဓာတ်ကိုဆောင်။

(မောင်စွမ်းရည်၊ ဧပြီ ၂၉၊ ၂၀၀၈၊ ညီမူရာ ခန်းမ၊ သာသနမောဠိ ဌာနချုပ်။)

သာသနမောဠိ နာယက မစိုးရိမ်ဆရာတော်ဘုရားကြီး ဘ၀နတ်ထံပျံလွန်တော်မူသွားပြီ

ကိုမင်းကျော်ခိုင်ရေးဆွဲပေးပို့သည့် မစိုးရိမ်ဆရာတော်ဘုရားကြီးsketchesများ


ကိုမျိုး၏လက်ရာ

မစိုးရိမ် ဆရာတော် ဦးကောဝိဒ ပျံလွန်တော်မူပြီ


နအဖစစ်အစိုးရကိုထောက်ခံရင်ကံကြီးထိုက်မယ်။

နိုင်ငံရေးသမားတွေဟန်ဆောင်လေးဖြစ်ဖြစ်ညီညွတ်ကြစမ်းပါလို့

မိန့်မှာစကားဟောကြားခဲ့သော သက်တော် ၈၁ နှစ်ရှိပြီဖြစ်တော် မစိုးရိမ်ဆရာတော်ဦးကောဝိဒဘိဝံသသည် သီတင်းသုံးနေထိုင်ရာ နယူးယောက်မြို့၌ ဧပြီလ ၂၉ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က နှလုံးရောဂါဖြင့် ဘ၀နတ်ထံပျံလွန်တော်မူသွားကြောင်း ၀မ်းနည်းသတင်းကြားသိလိုက်ရပါတယ်။

Tuesday, April 29, 2008

ဂျပန်နအဖစစ်အခွန်ရုံးမှ တာဝန်ရှိသူတဦးနှင့် မြန်မာနိုင်ငံသားမှန်လျှင် မဲပေးခွင့်ရှိကြောင်းပြောပြနေခြင်း


video ။ ။ မောင်မောင်ထိန် (B.D.A groups)

နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် အမှုထမ်းနေကြသော သံရုံးအမှုထမ်းအားလုံးသို့

သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့အနေဖြင့် လေးနက်စွာမေတ္တာရပ်ခံအပ်ပါ သည်။
သင်တို့သည် နိုင်ငံရပ်ခြားတိုင်းတပါးတွင် တာဝန်ထမ်းဆောင်နေသူများပီပီ ကမ္ဘာ့အခြေအနေအရပ်ရပ်ကို နားလည်သဘောပေါက်သည်ဟုယုံကြည်ပါသည်။ မည်သူမှန်သည်၊ မှားသည်ဟု မပြောလိုပါ။ လူတိုင်း၏ မွေးရာပါအခွင့်အရေးအရ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ သို့သော် သင်တို့သည် ပြည်သူတို့၏ ဘဏ္ဍာကို စားသုံးနေကြသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ကြသည်ဆိုတာကို မမေ့သင့်ကြပါ။

နိုင်ငံတစ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ခွင့်ရနေခြင်းသည် မိမိနိုင်ငံသားတို့၏ ကောင်းကျိုးကို ဆောင်ရွက်ဖို့ ဖြစ်ပါသည်။ ပြည်သူကိုဒုက္ခပေးရန်မဟုတ်ပါ။အမှန်မှာ ပြည်သူ့ဝန်ထမ်းသည် ပြည်သူတို့၏“အရှင် သခင်” လုံးဝမဟုတ်ပါ။
ပြည်သူတို့၏ “ကျွန်” ဖြစ်သည်-ဆိုသည်ကို သတိချပ်သင့်ပါသည်။ သင်တို့သည် ပြည်သူ့ကျွန်ဖြစ်ရမည့် အစား လက်တဆုပ်စာ န အ ဖ-စစ်အာဏာရှင်တို့၏ စစ်ကျွန်ဖြစ်နေခြင်းသည် သင်တို့ အတွက်သာမက သင်တို့၏ သားစဉ်မြေးဆက်အတွက်ပါ ရင်နင့်ဖွယ်ဖြစ်နေပါသည်။ သင်တို့သည် ခေတ်ပညာတတ်သံတ မန်များပီပီ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွင် သင်တို့ တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံများနှင့် ကောင်းသောအရာတို့တွင် ရင်ဘောင်တန်းနိုင်ရန် တစ်ထောင့်တစ်နေရာ မှပါဝင်ဆောင်ရွက်နိုင်မည်-ဟု အလေးအနက် ယုံကြည်ပါသည်။ ယခုအခါ အချို့နိုင်ငံများရှိ သံရုံးအမှုထမ်းတို့ သည် ပြည်သူ့မျက်နှာကို
မကြည့်ပဲ အာဏာရှင်အလိုကျ မောက်မာစွာ ပြုမူဆက်ဆံနေသည်ကို ကြားသိရသဖြင့် အလွန်ပင်စိတ် မချမ်းမြေ့ ဖြစ်ရပါသည်။ ထို့ကြောင့် သင်တို့သည် န အ ဖ-စစ်အာဏာရှင်အလိုကျ ပြည်သူများအပေါ် မောက်မာစွာ ဆက်ဆံခြင်း၊ မချေမငံပြုမူပြောဆိုခြင်းများကို ရှောင်ကြဉ်ပြီး ယခုဖြစ်ပေါ်နေသောအခြေ အနေတွင် အမှန်တရားဘက်မှ ပြတ်သားစွာ ရပ်တည်ပေးခြင်းဖြင့် ပြည်သူ့အကျိုး သည်ပိုးပေးပါရန် အလေးအနက်မေတ္တာရပ်ခံအပ်ပါသည်။


သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့

စင်္ကာပူတွင် မဲပေးခွင့်ရက်တိုးမြှင့်ကြောင်း တရားဝင်စာကပ်ဖိတ်ခေါ်ထား


စင်္ကာပူနိုင်ငံရှိနအဖစစ်အခွန်ရုံးကတော့ ဂျပန်နိုင်ငံကနအဖစစ်အခွန်ရုံးလို ခိုးကြောင်ခိုးဝှက်မလုပ်ပဲ မဲမပေးရ သေးသောစင်္ကာပူနိုင်ငံရောက်မြန်မာများအတွက် မဲပေးရက်ကိုထပ်မံတိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း အခွန် ရုံးဝင်းတံခါးဝတွင် တရားဝင်စာကပ်ထားတယ်လို့သိရပါတယ်။
အခွန်ရုံးဝန်ထမ်းများ၏ပြောဆိုချက်အရ အထက်ကညွန်ကြားသည့်အတိုင်း ဧပြီ ၃၀ ရက်၊ မေ ၁ ရက်နေ့ နှင့် မေ ၂ ရက်နေ့အထိ ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဟုရေးသားထားသော ကြေညာစာရွက်ကို စင်္ကာပူရှိ မြန် မာအခွန်ရုံးတံခါးဝမှာ ပုံတွင်မြင်ရသည့်အတိုင်း ချိတ်ဆွဲထားပါတယ်။


ဆန္ဒမဲပေးခြင်းကိစ္စများကိုဆောင်ရွက်နေစဉ် သံရုံးလုပ်ငန်းများခေတ္တရပ်ဆိုင်းထားမည်ဖြစ်သောကြောင့် မြန်မာ နိုင်ငံသို့သွားရောက်လိုသည့် ဗီဇာလျှောက်ခြင်း၊ နိုင်ငံသားများအခွန်ဆောင်ခြင်းနှင့် ပတ်စ်ပို့ သက်တမ်းတိုးခြင်း တို့ကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။
ထို့ကြောင့် စင်ကာပူရှိမျိုးချစ်မြန်မာတိုင်းရင်းသားညီအကိုမောင်နှမများ ရဲရဲဝံ့ဝံ့နှင့် တက်တက်ကြွကြွသွားရောက် ၍ ကန့်ကွက်ဆန္ဒမဲပေးကြပါရန်တိုက်တွန်းလိုက်ရပါသည်ခင်ဗျား။
(ကိုးကား-မျိုးချစ်မြန်မာဘလောက်မှ)

Monday, April 28, 2008

ခိုးကြောင်ခိုးဝှက်နည်းဖြင့် ထောက်ခံဆန္ဒမဲတောင်းယူပွဲ ဂျပန်နအဖစစ်အခွန်ရုံးက ဆက်လက်လုပ်ဆောင်နေ


ဖုန်းဆက်ခေါ်သည့်အတွက် ထောက်ခံမဲပေးဖို့သွားကြရသူများ


တရားဝင်ကြေညာထားသော ဧပြီလ ၂၆ ရက်(စနေနေ့)နှင့် ၂၇ ရက်(တနင်္ဂနွေနေ့)များတွင် လာရောက်ပြီး ထောက်ခံမဲမပေးရသေးသူများကို ယနေ့(ဧပြီ ၂၈ ရက်)မှစ၍ မေလဆန်းပိုင်းအထိ လာရောက်မဲပေးနိုင်ကြောင်း ဂျပန်နိုင်ငံရှိ နအဖစစ်အခွန်ရုံးက ဖုန်းဆက်အကြောင်းကြားကာ တိုးတိုးတိတ်တိတ်ပြုလုပ်နေပါတယ်။

ဖိတ်စာပို့ပြီး လက်ရွေးစင်ဖိတ်ကြားထားသူ ၂၂၇၄ ဦးရှိပြီး၊ အဆိုပါလူများမှာ မြန်မာနိုင်ငံကူးလက်မှတ်စာအုပ် အစိမ်းကိုင်ဆောင်ထားသူ ပညာတော်သင်နှင့်အလုပ်သင်များအားလုံးနှင့် ကျောင်းသား/ကျောင်းသူတချို့အပါ အ၀င် ဂျပန်လူမျိုးနှင့်လက်ထပ်ထားပြီး မြန်မာနိုင်ငံသားခံယူထားသူများ၊ စီးပွားရေးလုပ်ငန်းရှင်သမားများ ဖြစ်ကြပါတယ်။


ထောက်ခံမဲလာပေးဖို့ခေါ်ယူခြင်းခံရသဖြင့် လာရောက်မဲပေးကြရသော စာအုပ်အစိမ်းကိုင်ပညာတော်သင်များ


ဂျပန်နိုင်ငံမှာ ကျောင်းသားဗီဇာနှင့်နေထိုင်သူပေါင်း ၃,၀၀၀ ကျော်ရှိပေမယ့် အားလုံးကိုဆန္ဒမဲပေးဖို့ ဖိတ်ကြား ခြင်းမရှိပါဘူး။ အဲဒီအထဲကမှ ထောက်ခံမဲပေးမယ်လို့ ယုံကြည်စိတ်ချရသည်ဟု ယူဆထားကြသူများကိုသာ ခေါင်းခေါက်ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်သမားများကတော့ ကိုယ်ပိုင်ကားများနှင့်လာရောက်မဲပေးကြပြီး၊ မဲပေးရာတွင်လည်း ကန့် ကွက်မဲပေးလို့မရအောင် ဆန္ဒမဲပေးဖို့အမည်ဖြည့်စွက်သည့်အချိန်မှစ၍ မဲပုံးထဲသို့မဲထည့်သည့်အချိန်အထိ ဗွီဒီယိုကင်မရာများတပ်ဆင်ထားကာ နအဖသံမှူးနှင့်အဖွဲ့က ပေါ်ပေါ်တင်တင်ကြီးကြည့်ရှုတာခံရတယ်လို့လည်း ဖုန်းဆက်ခေါ်လို့ သွားရောက်မဲပေးခဲ့ရသူတဦးနှင့် ဆက်သွယ်မေးမြန်းချက်အရလည်း သိရှိရပါတယ်။



အ၀င်အ၀တံခါးပေါက်တွင် လုံခြုံရေးအတွက်ဟုဆိုကာ ဂျပန်ရဲများကိုစောင့်ထားခိုင်းပြီး၊ ထောက်ခံမဲပေးဖို့ ဖိတ်ခေါ်ထားခြင်းမရှိသည့် မြန်မာနိုင်ငံသားများကိုတော့ ၀င်ခွင့်မပြုဖို့ မှာကြားထားပါသေးတယ်။

မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

စင်ကာပူရောက် မျိုးချစ်မြန်မာ ၅၀၀၀ ခန့် “နိုး” (ကြက်ခြေခတ်) ပေး


ယနေ့ ၂၇၊ ၀၄၊ ၂၀၀၈-တနင်္ဂနွေနေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ စင်္ကာပူရောက် မျိုးချစ်မြန်မာ ၅၀၀၀ ခန့်တို့ဟာ အနာဂတ် အမိမြန်မာနိုင်ငံတော်ကြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားစေရန် စစ်အာဏာရှင်တွေရဲ့ မတရားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ဆန္ဒခံယူပွဲကို လက်မခံနိုင်ကြောင်း ပြသသည့်အနေဖြင့် “နိုး” တံဆိပ်ပါ အင်္ကျီနီနဲ့ ဦးထုပ်နီတို့ကို ၀တ်ဆင်ကာ စင်္ကာပူနိုင်ငံ မြန်မာသံရုံးသို့ စည်းကမ်းတကျ သွားရောက်ခဲ့ကြပါတယ်။

သံဃာတော်အချို့ကလည်း ကိုယ်တိုင်မဲပေးခွင့် မရှိပေမဲ့ တရားမျှတမှုရှိစေရန် ကူညီ စောင့် ရှောက်ပေးတော်မူခဲ့ကြပါတယ်။ မျိုးချစ်မြန်မာတို့ စည်းကမ်းရှိသလောက် သံရုံးဝန်ထမ်းတွေရဲ့ မဖွယ် မရာ ပြုမူဆက်ဆံမှုတွေကြောင့် အားလုံးစိတ်အနှောက်အယှက် ဖြစ်ကြရပါတယ်။ အထူးသဖြင့် ဆန္ဒမဲ လာရောက်ပေးကြတဲ့ ပြည်သူတွေကို အစပိုင်းတွင် ပတ် (စ်) ပို့-ပါရမယ်ပြောသဖြင့် ပတ် (စ်) ပို့ကို ပြကြပါတယ်။ အဲဒီအခါ အခွန်ဆောင်ထားတဲ့ ပြေစာပြရမယ်-လို့ ဆိုလာပြန်ပါတယ်။ ဒီလိုမျိုး တဖက် က လုပ်နေသလို အချို့သံရုံးဝန်ထမ်းများအနေနဲ့ ခိုးကြောင်ခိုးဝှက် မှတ်တမ်း ဗွီဒီယိုများ ရိုက်ကူးခြင်း၊ စင်္ကာပူရဲကို ကြိုအကြောင်းကြားကာ ရိုက်နှက်ဖြိုခွင်းမဲ့ဟန်ပြင် ဆင်ခြင်း-စသည်ဖြင့် လူတွေကို ခြိမ်းချောက် သွေးတိုးစမ်းခဲ့ပါသည်။
သို့သော် မျိုးချစ်မြန်မာများအနေဖြင့် တဖက်က ယုတ်ကန်းသလို ပြန်လည်မတုံ့ပြန်ပဲ စည်းကမ်းတကျ စိတ်ရှည်လက်ရှည်ဖြင့် ညနေ ၅ နာရီလောက်အထိ စောင့်ဆိုင်းခဲ့ကြပါတယ်။ ဒါ့ကြောင့် မည်သည့်ဆူမှုမှ မဖြစ်ခဲ့ပဲ အေးချမ်းစွာ ပြီးဆုံးသွားခဲ့ပါတယ်။ မဲမပေးကြရသေးတဲ့ မျိုးချစ် မြန်မာများအနေနဲ့လဲ နောက်နေ့ (၂၈ တနင်္လာနေ့) မှာ ဆက်လက် လာရောက်ပေးကြမယ်-လို့လဲ သိရှိ ခဲ့ရပါတယ်။ အထူးသဖြင့် ဒီနေ့မှာ မြန်မာလူမျိုးတွေဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့သူတွေဖြစ်ကြောင်း သက်သေထူနိုင်ခဲ့ကြပါတယ်။
မည်သို့ပင်ဆိုစေ အခုလို စည်းကမ်းရှိကြတဲ့ မျိုးချစ်မြန်မာများအတွက် လေးစား ကျေနပ်မိပါ ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်ခင်ဗျား…..
နီသွေး
(ဧပြီလ ၂၇၊ ၂၀၀၈)

Sunday, April 27, 2008

ဂျပန်နအဖစစ်အခွန်ရုံးရှေ့တွင် ဆန္ဒမဲပေးပွဲကျင်းပပြုလုပ်

တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားကြသော ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတိုင်းရင်းသားညီအကို မောင်နှမများနှင့် နအဖစစ်အခွန်ရုံးမှဖိတ်စာပေးပြီး ရွေးချယ်ခေါ်ယူထားသော ကျောင်းသားကျောင်းသူများ၊ အ လုပ်သင်ဗီဇာနှင့်ရောက်ရှိနေသူများကပါ မိမိတို့စိတ်တိုင်းကျ လွတ်လပ်စွာဆန္ဒမဲပေးခြင်းကို ယနေ့(ဧပြီလ ၂၇ ရက်၊ တနင်္ဂနွေနေ့)တွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂း၃၀ အထိကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံအလုပ် သမားအဖွဲ့အစည်းမှတာဝန်ခံများ၊ နိုင်ငံခြားဘာသာတက္ကသိုလ်မှဆရာမတဦးနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့မှ တာဝန်ခံတဦးတို့ကဦးဆောင်ပြီး ပြုလုပ်ပေးခဲ့ပါတယ်။






အခုလိုမပြုလုပ်မီ နအဖအခွန်ရုံးသို့တရားဝင်အကြောင်းကြားကာ ဖိတ်ခေါ်ခဲ့ပြီး၊ တစုံတရာအကြောင်းပြန်ဆိုခြင်း မရှိသဖြင့် ဆန္ဒမဲပေးချင်ကြသော မြန်မာနိုင်ငံသူ/သားများအတွက် အခုလိုကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ ကျင်းပရေးတာဝန်ခံဂျပန်လူမျိုးများက သတင်းထောက်များ၊ လုံခြုံရေးရဲများနှင့် ဂျပန်တီဗွီသတင်းဌာနများ၏ မေးမြန်းမှုများကို စိတ်ရှည်လက်ရှည်ရှင်းလင်းပြောကြားပါတယ်။

ဆန္ဒမဲပေးသူတချို့က မိမိတို့ကို အခွန်ရုံးမှမဲလာထည့်ရန် ဖိတ်ကြားထားသောစာရွက်စာတမ်းများကိုပြသခဲ့ပြီး မိမိတို့စိတ်တိုင်းကျ ဆန္ဒမဲပေးကြပါတယ်။


ရလာဒ်မှာ နအဖဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းထောက်ခံမဲ ၆ မဲ

ကန့်ကွက်မဲ ၂၂၄ မဲနှင့်

ပယ်မဲ ၂ မဲတို့ဖြစ်ပါတယ်။


မနေ့ကဖြစ်ပွားခဲ့သော ဆန္ဒမဲပေးမည့်သူများကို ဂျပန်ရဲများမှအင်အားသုံးဖြေရှင်းခဲ့မှုမှာ နအဖစစ်အခွန်ရုံးမှ ဆန္ဒပြကြမည့်သူများ သံရုံးကိုဝိုင်းထားကြောင်းနှင့်၊ ကားဝင်ကားထွက်လုပ်မရကြောင်း၊ ၀တ္တရားနှောက်ယှက် မှုဖြင့် အရေးယူပေးပါရန်ဖုန်းဆက်ပြောဆိုလာသဖြင့် ဆန္ဒစောပြီးအကြမ်းဖက်ခဲ့သလိုမျိုးဖြစ်ပွားခဲ့သည့်အတွက် တောင်းပန်စကားများပြောဆိုခဲ့ကာ ဆန္ဒမဲပေးပွဲကိုလည်း လွတ်လွတ်လပ်လပ်ပေးနိုင်အောင် လုံခြုံရေးတာဝန် ယူပေးခဲ့ပါတယ်။

နအဖစစ်အခွန်ရုံးကတော့ ထောက်ခံမဲပေးမည့်သူများကိုသာ တရားဝင်လက်ခံ၍ မဲထည့်ခိုင်းပြီး မဲထည့်နေစဉ် အချိန်တွင်လည်း စောင့်ကြည့်ခြင်းခံရကြောင်းလည်း သတင်းထောက်များ၏မေးမြန်းမှုများကို အမည်မဖော်လိုပဲဖြေဆိုသွားကြပါတယ်။

မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)၊ ဦးသန်းဝင်း(ဘီဒီအေ)

သီဟိုဠ်ကျွန်းငယ်ပေါ်က လမ်းပြကြယ်

သီရီလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များဘလောက်မှ


ခရစ်နှစ်သစ် ၂၀၀၈၊ မြန်မာ့နှစ်သစ် ၁၃၇၀-ပြည့်နှစ် စသည်ဖြင့် နှစ်သစ်မင်္ဂလာအသီးသီး ဆင်နွှဲခဲ့ကြတဲ့အတွက် ရဟန်းရှင်လူ ပြည်သူတွေရဲ့ အသက်သွေးတွေနဲ့ စတေးထားရတဲ့ ၁၉၈၈၊ “ဒီမိုကရေစီ အရေးတော်ပုံ” ၂၀၀၇၊ စက်တင်ဘာ “ရွှေဝါရောင် တော်လှန်ရေး” တွေဟာ သွေးများအေးသွားပြီလား.. မေ့များသွားပြီလား-လို့ အတွေး ပွားနေစဉ်…
သီရီလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာ သာသနာ့ ဥသျှောင် အဖွဲ့ကြီးရဲ့ ဦးဆောင်မှုနဲ့အတူ န အ ဖ-ဖက်ဆစ်စစ်အုပ်စုရဲ့ ၂၀၀၈၊ မေလ (၁၀) ရက်နေ့တွင် ပြုလုပ်မဲ့ မတရားတဲ့“ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း”အတည်ပြုနိုင်ရေးဆန္ဒခံယူပွဲကို ပြည်သူများအနေနဲ့ ကန့်ကွက်မဲ(ကြက်ခြေခတ်)ပေးကြဖို့ ရဲရဲရင့်ရင့် သီရိလင်္ကာနိုင်ငံရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြတဲ့ သတင်းနဲ့ ဓာတ်ပုံတွေ ကို “lanka.msma.blogspot.com” ကနေကြည့်လိုက်ရတဲ့အခါ အံ့သြဘနန်း ကြက်သီးမွေး ညှင်းထမိသလို ဒီအရှင်မြတ်တွေရဲ့ အမျိုးဘာသာ သာသနာနဲ့ တိုင်းပြည်အပေါ် ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်ကို မကြည်ညိုပဲ မနေ နိုင်အောင်ဖြစ်ရပါတယ်။

တကယ်တော့ သာမန်အသိဥာဏ်ကင်းမဲ့သူတွေအမြင်နဲ့ ကြည့်ရင်တော့ “ဒါဟာ ဘုန်းကြီးတွေနဲ့ ဘာဆိုင်လဲ” လို့ တာဝန်မဲ့ ပြောကောင်းပြောပါလိမ့်မယ်။ အဲဒီလို ပြောတဲ့သူရှိမယ်ဆိုရင်တော့ အဲဒီလူဟာ အမျိုး ဘာသာ သာသနာနဲ့ တိုင်းပြည်ကိုသာမက မြတ်ဗုဒ္ဓကိုပင်စော်ကားသူ-လို့ ဆိုရပါလိမ့်မယ်။ ဘာဖြစ်လို့ ဒီလို ပြောရသလဲ-ဆိုရင် မြတ်ဗုဒ္ဓကိုယ်တိုင် ရောဟိဏီအရေးကို ဖြေရှင်းပေးတော်မူခဲ့ကြောင်း ပိဋကတ်စာပေမှာ အထင်အရှားရှိနေလို့ပါပဲ။ ထို့အတူ မြန်မာ့သမိုင်း အဆက်ဆက်မှာလဲ အရှင် ဒိသာပါမောက္ခ၊ စကြို-သူမြတ်၊ ဆရာတော်ဦးဥတ္တမ၊ ဆရာတော်ဦးဝိစာရ-စသည့် သာသနာ့ဇာနည် အရှင် မြတ်များမှသည် ဆရာတော် ဦးဇောတိက (မန္တလေး ရဟန်းပျိုဥက္ကဋ္ဌ)၊ ဦးရေ၀တ (သံဃသာမဂ္ဂီ ဥက္ကဋ္ဌ)၊ ဦးဂမ္ဘီရ (သံဃာ့တပ်ပေါင်းစု ဥက္ကဋ္ဌ- ယခု မတရားဖမ်းဆီးခံ) တို့ဟာလဲ ဆက်လက်ပြီး သမိုင်းတင်ခဲ့သည် မဟုတ်လော။

ထို့အတူပဲ ပြည်ပမှာဆိုရင် မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ (လက်ရှိ သာသနာ့ဥသျှောင်အဖွဲ့ကြီး၏ ပဓာနာစေရ)၊ ပီနန်ဆရာတော်ကြီး ဦးပညာဝံသ (လက်ရှိ သာသနာ့ဥသျှောင်အဖွဲ့ ဥက္ကဋ္ဌ)၊ ဆရာတော် ဦးဥတ္တရ (လက်ရှိ သာသနာ့ဥသျှောင်အဖွဲ့အတွင်းရေးမှူး [ပြည်ပ])၊ ဦးခေမာစာရ (ရဟန်းပျိုသမဂ္ဂ ဥက္ကဋ္ဌ)၊ ဦးဝါသေဋ္ဌ (လက်ရှိ သီရိလင်္ကာရောက် မြန်မာ ကျောင်းသား ရဟန်းတော်များအဖွဲ့ ဥက္ကဋ္ဌ) စတဲ့ ဆရာတော်တွေဟာလဲ အခက်အခဲတွေကြားကနေ တိုင်းပြည်အတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လုပ်ဆောင်နေတော်မူကြသလို နောင်အနာဂတ်မျိုးဆက်သစ် သံဃာတော် အရှင်မြတ်တွေအနေနဲ့လဲ ဆက်လက်လက်ဆင့်ကမ်း ထမ်းဆောင် သွားကြမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ-လို့ ယုံကြည်မိပါတယ်။
ဒါ့ကြောင့် နိုင်ငံရေးနဲ့ ဘာသာရေးဆိုတာ ဆက်စပ်နေတယ်လို့ ဆိုရပါမယ်။ တနည်းပြောရရင် တိုင်းပြည်တပြည်ရဲ့ နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေး လူမှုရေး ဘာသာရေး-အစစ အဆင်ချောပါတယ်။ နိုင်ငံရေး မတည်ငြိမ်ပဲ စီးပွားရေး လူမှုရေး ဘာသာရေး-အစစ အဆင်ချောတဲ့နိုင်ငံ ဘယ်ကမ္ဘာမှာမှ မရှိပါဘူး။ နိုင်ငံရေး မတည်ငြိမ်ခြင်းရဲ့ရလဒ်ကတော့ ပြည်သူတွေ မွဲတေမယ်၊ နိုင်ငံတကာအလယ်မှာ မျက်နှာငယ်မယ်-ဆိုတာ မြန်မာနိုင်ငံရဲ့လတ်တလောအခြေအနေက သက်သေခံလျှက်ရှိနေပါတယ်။
ပြည်သူတွေအနေနဲ့ ဖက်ဆစ်စစ်အာဏာရှင်တွေရဲ့ မတရားဖိနှိပ်မှုအောက်မှာ ရောက်နေတဲ့အတွက် အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရသော်လဲ သူတို့နှလုံးသားထဲမှာ ဘာတွေရှိတယ်ဆိုတာ၊ သူတို့ ဘာလုပ်ရ မယ်-ဆိုတာ သိရှိနေကြပါတယ်။ အရေးရယ် အကြောင်းရယ်ဆိုရင် ပြည်သူလူထုဟာ ဘယ်တုန်းကမှ အရွေး မမှားခဲ့သလို အခုလာမဲ့ ၂၀၀၈၊ မေ (၁၀) ရက်မှာ ပြုလုပ်မဲ့ ပြည်သူ့ဆန္ဒခံယူပွဲမှာလဲ ပြည်တွေရဲ့ ဦးနှောက်ထဲက မဲပြားလေးတွေဟာ ကြက်ခြေခတ်လေးတွေ ဖြစ်မယ်ဆိုတာကတော့ ဗေဒင်နဲ့ နတ်မေးရင်တောင် အချိန်နဲ့ငွေ ကုန်နေပါဦးမယ်။
အဲဒီလို အခြေအနေကြားမှာ သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ရဲ့ သီရိလင်္ကာနိုင်ငံရှိ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြပွဲဟာဖြင့် မြန်မာ့အရေးဟာ သွေးအေးမသွားဘူး။ ရဟန်းရှင်လူ ပြည်သူတွေရဲ့ အသက်သွေးတွေနဲ့ စတေးထားရတဲ့ ၁၉၈၈၊ “ဒီမိုကရေစီ အရေးတော်ပုံ” ၂၀၀၇၊ စက်တင်ဘာ “ရွှေဝါရောင် တော်လှန်ရေး” တွေဟာ ပြည်သူတွေရဲ့ နှလုံးသားနဲ့ ဦးနှောက်ထဲမှာ ပျောက်ပျက်မသွားဘူး..၊ အမြဲထာဝရရှိနေတယ်-လို့ အသိပေးနေတာဖြစ်သလို..၊ အနာဂတ်မြန်မာနိုင်ငံတော်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး ထွန်းကားဖို့အတွက် “သီဟိုဠ်ကျွန်းငယ်လေးပေါ်က လမ်းပြကြယ်” လို့ပင် တင်စားဂုဏ်ပြုလိုက်ပါ ကြောင်း….
(ဓမ္မသည် အဓမ္မကို အောင်စမြဲ)
သကျကုလ
(၂၀၀၈၊ ဧပြီလ- ၂၇)
MSMA

ရန်ကုန်သံဃာများ ဆန္ဒပြရန် ကြိုးစားပြီ


ထောက်ခံမဲ ပေးကြရန် ၀ါဒဖြန့်လက်ကမ်းစာရွက်ကို ခြေနှင့် နင်းပြနေသော မြန်မာလူငယ်တဦး


သံဃာတော်များ စွာပါဝင်သော လူတစ်စုက ရွှေတိဂုံဘုရားတွင် ယနေ့ ၁၂း၃၀ခန့်က လူစုဆန္ဒပြရန် ကြိုးစားသော်လည်း ရွှေတိဂုံဘုရားပေါ် မတက်ရသဖြင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်ခဲ့ရသည်။

သံဃာများကို ရွှေတိဂုံဘုရားသို့ ၀င်ရောက်ခွင့်မပြုဘဲ ရန်ကုန်ထဲသို့ အခြားဆင်ခြေဖုံးနှင့် နယ်မြို့များမှ ဘုရားဖူးရန်လာရောက်ကြသော သံဃာတော်များကိုလည်း ဘုရားလှေကားအောက်ဖက် တွင်ရှိနေသောလုံထိန်းရဲများနှင့် ဘုရားလုံခြုံရေးယူနီဖောင်းဝတ်စစ်သားများက ဘုရားပေါ် မတက်ရောက်ရန်ပိတ်ပင်တားမြစ်ခဲ့သည်။ မွန်းလွဲ ၁ နာရီခန့်မှစတင် လူစုရန် ကြိုးစားကြသော်လည်း ရဲနှင့်လုံထိန်းများက ဘုရားဖူး လာရောက်ကြသော သံဃာများနှင့်ပြည်သူများများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သဖြင့် လူမစုမိနိုင်ပဲ လူစုကွဲသွားခြင်း ဖြစ်သည်။

ယနေ့ နံနက်ပိုင်းကတည်းက ရန်ကုန်တွင် သံဃာများ လှုပ်ရှားမှု စနေပြီး မြေနီကုန်းတွင် သံဃာများကို ကားပေါ်မှ ဆွဲချကြောင်း သတင်းရသည်။ ထို့နောက် သံဃာများသည် ရွှေတိဂုံစေတီသို့ သတ်မှတ် အစီအစဉ်အတိုင်း စုရုံးလာသောအခါ ရဲနှင့် စစ်သားများက ၀ိုင်းဝန်း ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။

ဟစ်တိုင်

မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားများကလည်း ‘နိုး‘ပဲတဲ့…



မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း နအဖဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို လုံးဝမထောက်ခံကြောင်း ယခုလိုပြသခဲ့ကြတယ်လို့ မောင်ဖုန်းမြင့်ဘလောက်ပိုင်ရှင်က သတင်းမှတ်တမ်းဓါတ်ပုံပေးပို့ပါတယ်။

Saturday, April 26, 2008

ဂျပန်ရောက် မြန်မာနိုင်ငံသားများရဲ့ ပထမရက်မဲပေးပွဲအခြေအနေ

မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ရဲများ အဓိကရုဏ်းဖြစ်ပွားနေပုံကို ကြည့်ရူနိုင်ပါသည်။


အသည်းကောင်းလို့ မဲတောင်းတဲ့ပွဲကို ဂျပန်နိုင်ငံမှာ ယနေ့(ဧပြီလ ၂၆ ရက်၊ စနေနေ့) စတင်ပြုလုပ်ပါတယ်။ ဆန္ဒမဲပေးမယ့် ဂျပန်ရောက်မြန်မာတိုင်းရင်းသားညီအကိုမောင်နှမများဟာ နံနက် ၈ နာရီမထိုးခင်ကတည်းက နအဖစစ်အခွန်ရုံးရှေ့မှာ စည်းကမ်းတကျတန်းစီစောင့်ဆိုင်းပါတယ်။ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ကြောင်း မြန်မာ နိုင်ငံကူးလက်မှတ်များကိုင်ဆောင်ထားကြပြီး တချို့ကလည်းအမျိုးသားမှတ်ပုံတင်ကဒ်များပါကိုင်ဆောင်ထား ကြပါတယ်။

စောင့်ဆိုင်းနေကြသူများအားလုံးဟာ NO’စာတမ်းပါ တီရှပ်အင်္ကျီများဝတ်ဆင်ထားကြပြီး တချို့ကလည်း ‘NO’ ဆိုတဲ့စာလုံးကို မိမိတို့ရဲ့ရင်ဘတ်များမှာကပ်ထားကြပါတယ်။ နအဖအခွန်ရုံးက ဒီလောက်အထိမဲပေးကြလိမ့် မယ်လို့မတွက်ထားသလို၊ အမှန်တကယ်မဲပေးမယ်လည်းဆိုရော တံခါးပိတ်ထားပါတယ်။

ထိုင်စောင့်ရင်းနဲ့ ‘ပြန်‘ဆိုတဲ့အမိန့်ရလို့ လှည့်ပြန်ကုန်ကြသော စာအုပ်အစိမ်းရောင်ကိုင်ထားသူများ

ဖိတ်စာရလို့ နယ်ကနေတကူးတကလာကြတဲ့ ကျောင်းသားကျောင်းသူများနဲ့၊ နိုင်ငံကူးလက်မှတ်စာအုပ် အစိမ်းကိုင်ဆောင်ထားကြသော ပညာတော်သင်နှင့်အလုပ်သင်များဟာ အခွန်ရုံးအ၀ကနေ ဖုန်းနှင့်ဆက်သွယ် ကြပေမယ့် ဘာမှအဖြေပြန်မလာဘဲ တချို့လူများကိုတော့ ဒီနေ့(စနေနေ့)မလာခိုင်းပဲ မနက်ဖြန်(တနင်္ဂနွေနေ့)မှ လာဖို့ ပြန်လည်ဖြေကြားတယ်လို့လည်း အမည်မပြောလိုသူကျောင်းသူတဦးကရှင်းပြလို့သိရပါတယ်။


ဘယ်နိုင်ငံမှာမှမပြုလုပ်သေးသော ကားပေါ်တွင်ထောက်ခံမဲပေးခိုင်းသည့်စနစ်

နောက်ဆုံးသိရသောသတင်းများအရ နယ်ကနေ ရထားတစ်တန်၊ ကားတစ်တန်လာပြီး ထောက်ခံမဲပေးလို့ ကျိန်းသေပေါက်တွက်ထားတဲ့ စာအုပ်အစိမ်းကိုင် ပညာတော်သင်နှင့်အလုပ်သင်များကို စစ်အခွန်ရုံးမှ တောင်း အေ့စ်ကားနှစ်စင်းထုတ်ပြီး ကားပေါ်တွင်မဲပုံးထောင်၍ မဲပေးခိုင်းကြောင်းသိရှိရပါတယ်။

မနက်ဖြန်ကျရင် ဂျပန်မှာ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်ကဦးစီးကျင်းပမယ့် ၁၇ ကြိမ်မြောက် မြန်မာရိုးရာအတာ သင်္ကြန်ကိုကျင်းပမှာဖြစ်ပါတယ်။ ဂျပန်ရောက်မြန်မာတိုင်းရင်းသားညီအကိုမောင်နှမများကတော့ အဓိကနဲ့ သာမညကိုခွဲခြားဆုံးဖြတ်ပြီး အသည်းကြားကမဲတပြားကို မရရအောင်ပေးကြမယ်လို့ ဆုံးဖြတ်ထားကြ ကြောင်းလည်း သိရှိရပါတယ်။


သတင်းမှတ်တမ်းဓါတ်ပုံများပေးပို့သော မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများအဖွဲ့မှ ဦးသန်းဝင်းနှင့်တကွ အဆုံးအဖြတ်မဲအတွက် ဇွဲသတ္တိရှိရှိစောင့်ဆိုင်းနေကြသော မြန်မာ့နိုင်ငံသားတိုင်းရင်းသားညီအကိုမောင်နှမများ ကို အထူးလေးစားပါကြောင်း။

မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများ

ဂျပန်နိုင်ငံသို့ရောက်ရှိလာသော သွေးစွန်းနေသည့်ပီကင်းအိုလံပစ်မီးရှူးတိုင်၊ စစ်အခွန်ရုံးမဲပေးပွဲနှင့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီရေးလှုံ့ဆော်နေကြသူများ



မြန်မာနအဖမိစ္ဆာစစ်အုပ်စုနှင့်မခြား တိဗက်ဘုန်းတော်ကြီးများကို အကြမ်းဖက်သတ်ဖြတ်နှိမ်နှင်းမှုကြောင့် ရောက်လေရာနိုင်ငံတိုင်းတွင် ဆန္ဒပြကန့်ကွက်ခြင်းခံနေရသည့် သွေးစွန်းနေသည့်အိုလံပစ်မီးရှူးတိုင်ကြီးဟာ ဂျပန်နိုင်ငံသို့ ယနေ့(ဧပြီလ ၂၅ ရက်)ညနေပိုင်းက ရောက်ရှိလာပြီဖြစ်ပါတယ်။

ဂျပန်ရဲများထူထပ်စွာကာရံထားတဲ့ မီးရှူးတိုင်ကို ဟာနေဒါလေဆိပ်မှတဆင့် နာဂါနိုမြို့သို့ တိုက်ရိုက်သယ် ဆောင်သွားပြီး အင်္ကျီအပြာဝတ် တရုတ်လက်ရွေးစင်လုံခြုံရေးသမားများက ငြိမ်သက်စွာလက်ပိုက်ကြည့်နေရပါ တယ်။

နာဂါနိုမြို့မှာတော့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အစည်းနှင့် ဂျပန်နိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများက တိဗက်နိုင်ငံအလံများကိုင်ဆောင်ကာ လှည့်လည်ဆန္ဒပြလျက်ရှိပါတယ်။

သွေးစွန်းနေတဲ့အိုလံပစ်မီးရှူးတိုင်ကို နာဂါနိုမြို့ရှိ ဇန်ကိုဂျီကျောင်းတော်(Zenkoji Temple)မှ စတင်ထွက်ခွာရမှာဖြစ်သော်လည်း ဘုန်းတော်ကြီးများမှ လက်မခံတဲ့အတွက် အနီးအနားရှိပန်းခြံလေးတခုမှ စတင်ထွက်ခွာမှာဖြစ်ပါတယ်။

သနားစရာကောင်းတာကတော့ သွေးစွန်းနေသည့်ပီကင်းအိုလံပစ်မီးရှူးတိုင်ကြီး နာဂါနိုမြို့တွင်းသို့လှည့်လည်စဉ် လုံခြုံရေးအရဟုဆိုကာ ရာနှင့်ချီသောဂျပန်ရဲများက ၀ဲယာနှစ်ဘက်မှ ကာရံထားမှာဖြစ်တဲ့အတွက် မီးရှူးတိုင်ကို ဘယ်သူကိုင်လို့ ဘယ်လိုလှည့်လည်ဆိုတာကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့် မြို့ခံပြည်သူများကလည်း အချိန်ကုန်ခံပြီး အားပေးကြည့်ရှုဖို့အစီအစဉ်မရှိဘူးလို့ ဂျပန်တီဗွီသတင်းဌာနတွေရဲ့မေးမြန်းမှုများကို အခုလိုတုံ့ပြန်ပြောဆိုပါတယ်။

ဘာအခုမှကြောက်ပါပြီလဲ…

အဆိုပါသတင်းနှင့်တဆက်တည်း နအဖရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးဖို့ကို ဧပြီလ ၂၆ ရက် (စနေနေ့) နှင့် ၂၇ ရက်(တနင်္ဂနွေနေ့)များတွင် နံနက် ၀၈း၃၀ နာရီမှ ညနေ ၁၈း၃၀ နာရီအထိ ၂ ရက်ဆက်တိုက် နအဖဆက်ကြေးရုံးမှာပြုလုပ်မှာဖြစ်ပါတယ်။ ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေသူများက နေ့စဉ်ရက်တိုက်ကန့်ကွက်ဆန္ဒပြနေကြတဲ့အတွက် ဆက်ကြေးရုံးမှလူများကြောက်လန့်ပြီး မဲဆန္ဒပေးဖို့ဖိတ်စာပို့ထားတဲ့သူများကို မအားလို့မလာနိုင်ရင်လည်း ကိစ္စမရှိကြောင်းနှင့် ဆန္ဒရှိလျင် တယ်လီဖုန်းထဲကနေ၍ မဲပေးနိုင်ကြောင်း ဖိတ်စာပို့ခြင်းခံထားရသူများပြောဆိုနေတဲ့အသံများလည်းကြားနေရပါတယ်။

Wednesday, April 23, 2008

နအဖရဲ့မဲရုံဆိုတာ(မြန်မာ့အလင်းသတင်းစာမှ)


ဗျို့ မိုးသောက်ကြယ် အယ်ဒီတာမင်း-

ဒီကနေ့ မြန်မာ့အလင်း သတင်းစာမှာပါတဲ့ ဟောဒီကာတွန်းက စဉ်းစားစရာတွေ ပါနေသလိုပဲ။
`အဘ မဲပေးမယ်´ ဆိုတဲ့စကားရယ်၊ မဲရုံက အုတ်တံတိုင်းတွေနဲ့ ဖြစ်နေတာရယ်၊ ကျန်တဲ့နေရာတွေ အားလုံး အနက်ရောင် လုပ်ထားတာရယ်… အတွေးပေါက်စရာပါပဲ။


ကြုံတုန်း အယ်ဒီတာကို ဆရာလုပ်လိုက်ဦးမယ်။ ကာတွန်း `ဗကလေး´ ဆိုတာ နှစ်ယောက်ရှိတယ်။ ဦးရွှေရိုးအကကို တီထွင်ခဲ့တဲ့ `ရွှေတလေး´ ခေါ် `ဘကလေး´ ဆိုတာက ဟိုးရှေးခေတ်က။ `ဗကလေး´ ဆိုတာက နောက်ခေတ်။ နောက်ခေတ်ဆိုပေမယ့် ကျုပ်အဖေ အရွယ်လောက် ရှိပါတယ်။ ကျနော်သိတဲ့ ဗကလေး ဟုတ်မဟုတ်တော့ အတည်မပြုနိုင်ဘူး။ အသက်က ကြီးလှပြီ။ လက်မှတ်နဲ့ ရေးဟန်ကတော့ တူတယ်။

ခြောင်းကြည့်နဲ့ ဖတ်စာ ရေးနေပါတယ်ဗျာ။

ကိုကြီးပေါ်

ဦးဂမ္ဘီရနှင့်မြန်မာသံဃာတော်များ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆုချီးမြှင့်ခံရ

ဧရာဝတီ | ဧပြီ ၂၂၊ ၂၀၀၈



မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရနှင့် မြန်မာ သံဃာတော်များအား အင်္ဂလန်နိုင်ငံအခြေစိုက် Index on Censorship မဂ္ဂဇင်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆုကို ချီးမြှင့်လိုက်ကြောင်းသိရသည်။

ယမန်နှစ်က မြန်မာနိုင်ငံတွင်ပေါ်ပေါက်ခဲ့သော သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေး သည် လူ့အခွင့်အရေးအဖွဲ့များ အာရုံစိုက်စရာဖြစ်စေခဲ့သလို ဆရာတော်ဦးဂမ္ဘီရသည်လည်း ၎င်းလှုပ်ရှားမှုတွင် အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်ခဲ့သည့်ပုဂ္ဂိုလ်ဖြစ်သောကြောင့် ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ယမန်နေ့ညနေက လန်ဒန်တွင်ပြုလုပ်သည့်ဆုပေးပွဲ၌ု Index on Censorship မဂ္ဂဇင်း၏ တာဝန်ခံကပြောဆိုကြောင်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ထုတ်လွှင့်ခဲ့သည်။

အဆိုပါဆုကို လန်ဒန်မြို့ရှိ ဆရာတော် ဦးဥတ္တရနှင့် ဘလော့ဂါ ကိုထိုက်တို့က လက်ခံရယူခဲ့ကြောင်းလည်း သိရသည်။ ဆရာတော် ဦးဂမ္ဘီရသည် ရန်ကုန်တိုင်း ရဟန်းပျိုအဖွဲ့၏ ဦးဆောင်ဆရာတော်တပါးလည်းဖြစ်ပြီး လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

Tuesday, April 22, 2008

ဒလိုင်းလားမားနှင့် ဟူကျားကို ပဲရစ်မြို့၏ဂုဏ်ထူးဆောင်နိုင်ငံသားပေးအပ်မှုအပေါ် တရုတ်အစိုးရအကြီးဒေါ်ပွနေ



သွေးစွန်းနေသော ပီကင်းအိုလံပစ်မီးရှူးတိုင်ကြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့လှည့်လည်စဉ် အရှက်တကွဲဖြစ်ခဲ့ရရုံသာမက ပြင်သစ်သမတ ကိုယ်တိုင်ကလည်း အိုလံပစ်ဖွင့်ပွဲမတက်ရောက်ဘူးဟု တရားဝင်ပြောဆိုခဲ့မှုကြောင့် တရုတ်နိုင်ငံအတွင်း၌ ပြင်သစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ တိုးတက်ဖြစ်ပေါ်နေစဉ်အတွင်း ပြင်သစ်နိုင်ငံ ပါရီမြို့တော်ကောင်စီအဖွဲ့သည် တိဘက်ခေါင်းဆောင်ဘုန်းတော်ကြီး ဒလိုင်းလားမားအား ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ်ချီးမြှင့်ကြောင်း ဧပြီလ ၂၁ ရက်(တနင်္လာနေ့)က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
ဒလိုင်းလားမားနှင့်အတူ တရုတ်နိုင်ငံတွင် ဖမ်းဆီးအကျဉ်းချခံနေရသော ထင်ရှားသည့် လူ့အခွင့်အရေးခေါင်းဆောင် မစ္စတာဟူကျား (Hu Jia)ကိုလည်း ဂုဏ်ထူးဆောင်နိုင်ငံသားဖြစ်ခွင့် ပေးအပ်လိုက်ပါသေးတယ်။


အခုလိုဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ်ပေးအပ်ရခြင်းမှာ လူသားတိုင်း၌ရှိသင့်သော အခြေခံလူ့အခွင့်အရေးလွတ်လပ်ခွင့်နှင့် ရိုးသားစွာအသက်ရှင်နေထိုင်ခွင့်ကိုကာကွယ်သော တိဘက်လူမျိုးများအား ထောက်ခံသည့်အထိမ်းအမှတ်ဖြစ်သည်ဟု ပဲရစ်မြို့တော်ဝန်က ပြောဆိုပါတယ်။


၎င်းကိစ္စနှင့်ပတ်သက်ပြီး တရုတ်အစိုးရက ပြင်သစ်အား အကြီးအကျယ်ဒေါ်သထွက်လျက်ရှိပြီး အခုလိုပြုလုပ်တာဟာ တိဗက်နိုင်ငံတွင်း ဆူပူအကြမ်းဖက်မှုများကိုပိုမိုအားပေးရာရောက်ကြောင်းပြောဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျင်းယူ(Jiang Yu)ကလည်း နှစ်နိုင်ငံဆက်ဆံရေးပျက်ပြားစေမည့်လုပ်ရပ်များကိုမပြုလုပ်သင့်ကြောင်းနှင့် ဒလိုင်းလားမားနှင့် ဟူကျားကိုပေးအပ် ထားသော ပဲရစ်မြို့၏ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို အလျင်အမြန်ပြန်လည်ရုတ်သိမ်းပေးဖို့ statement ထုတ်၍ တောင်းဆိုထား တယ်လို့ အေအက်ပီသတင်းများအရ သိရှိရပါတယ်။

Monday, April 21, 2008

Sunday, April 20, 2008

အသည်းကောင်းလို့ မဲတောင်းတဲ့ပွဲ ဂျပန်နိုင်ငံမှာလည်း ပြုလုပ်တော့မည်



နအဖရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးဖို့ကို ဧပြီလ ၂၆ ရက် (စနေနေ့) နှင့် ၂၇ ရက်(တနင်္ဂနွေနေ့)များတွင် နံနက် ၀၈း၃၀ နာရီမှ ညနေ ၁၈း၃၀ နာရီအထိ ၂ ရက်ဆက် တိုက်ပြုလုပ်မှာဖြစ်ပြီး ဂျပန်ရောက်မြန်မာများ တညီတညွတ်ထဲခေါ်ဝေါ်ပြောဆိုနေကြတဲ့ ‘နအဖဆက်ကြေးရုံး‘ မှာ ကျင်းပမှာဖြစ်ပါတယ်။

ဧပြီ ၂၆ ရက်(စနေနေ့)ဟာ သွေးစွန်းနေတဲ့ပီကင်းအိုလံပစ်မီးရှူးတိုင်ကြီးဟာ တိုကျိုမြို့နှင့်မိုင်ပေါင်းထောင်ချီ ဝေးကွာသော နာဂါနိုမြို့မှာ လှည့်လည်မှာဖြစ်ပါတယ်။

ဧပြီ ၂၇ ရက်(တနင်္ဂနွေနေ့)ဟာ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်က နှစ်စဉ်စီးဦးကျင်းပနေကြ ၁၇ ကြိမ် မြောက် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကိုကျင်းပကြမှာဖြစ်ပါတယ်။

တိုက်ဆိုင်မှုလား… ဒါမှမဟုတ် မတိုက်တိုက်အောင် တမင်တကာပဲအကွက်ချပြုလုပ်တာလား…ဆိုတာကို မသိရပေမဲ့ အသည်းကောင်းလို့ မဲတောင်းပွဲရလာဒ်အဖြေများကိုတော့.....

ငွေရောင်စာမျက်နှာများပေါ်တွင် ဆက်လက်ရှုစားကြပါ

အိုလံပစ်မီးရှူးတိုင်လက်ခံဖို့ငြင်းဆန်ခဲ့တဲ့ဘုရားကျောင်း မှုတ်ဆေးဖြင့်ပျက်ဖြန်းခံရ

Temple sprayed with graffiti after withdrawing from Olympic torch relay(TODAY JAPAN NEWS)

NAGANO —

Graffiti was found on the main building of the Zenkoji Buddhist Temple in the city of Nagano on Sunday morning after the major temple declined Friday to serve as the starting point of the Japan leg of the Beijing Olympic torch relay, police said. Circles and lines were drawn with white spray paint at six points on wooden doors and columns of the main building, a national treasure, according to the investigation. They were sprayed at a height of about 1 meter from the floor.

The graffiti was not present when a monk in charge of security patrolled the area around 11 p.m. Saturday while walking through the temple grounds, which are open to the public 24 hours a day, and a security officer did not notice any suspicious individuals after that, police said. Following its announcement that it was declining to host the torch relay, Zenkoji said it had received about 100 phone calls a day expressing support or opposition to the decision. Zenkoji will increase its security personnel from the current five to about eight, light up the temple at nighttime and carry out a 24-hour patrol, the temple said. For the foreseeable future, Nagano police will also have about 10 officers guarding the temple.

တရုတ်လုံခြုံရေးသမားများကိုလက်မခံနိုင်ကြောင်း နာဂါနိုရဲများပြောဆို(JAPAN TODAY NEWS)


ဧပြီလ ၇ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် အိုလံပစ်မီးရှူးတိုင်ကို အပြာရောင်ဝတ်စုံအင်္ကျီတူညီဝတ်ဆင် ထားသောတရုတ်များက ၀ိုင်းရံထားပုံ(ဓါတ်ပုံ-အေအက်ပီ)


ပီကင်းအိုလံပစ်မီးရှူးတိုင်ကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ တရုတ်အစိုးရမှ လက်ရွေးစင် ရွေးချယ်သတ်မှတ်ပေးထားသော တရုတ်လုံခြုံရေးသမားများကို နာဂါနိုမြို့ရှိ ရဲတပ်ဝင်များက လက်ခံမှာမဟုတ် ကြောင်း ဧပြီလ ၁၉ ရက်(စနေနေ့)က ပြောကြားလိုက်ပါတယ်။


ဒါဇင်နဲ့ချီရှိသော အပြာရောင်ဝတ်စုံအင်္ကျီကိုတူညီဝတ်ဆင်ထားသည့် ပီကင်းအိုလံပစ်မီးရှူးတိုင်ကာကွယ်သူများ မှာ လုပ်ပိုင်ခွင့်ထက်ကျော်၍နိုင်ငံတနိုင်ငံ၏လုံခြုံရေးကို ကျူးလွန်တယ်လို့ယူဆတဲ့အတွက် လာရောက်ကြည့် ရှုကြမယ့် ဂျပန်ပြည်သူများဟာ အားပေးရာမရောက်ဘဲ ဝေဖန်ကဲ့ရဲ့မှာဖြစ်မည်ကိုမလိုလားတဲ့ အခုလိုတားမြစ် လိုက်ရခြင်းဖြစ်ကြောင်းလည်းဆိုပါတယ်။


ဂျပန်အစိုးရရဲ့ နံပါတ်(၂)အဆင့်ရှိသူလည်းဖြစ် ပြောရေးဆိုခွင့်ရှိသူတဦးလည်းဖြစ်သော ၀န်ကြီးများရုံးဝန်ကြီး နောဘုနာကာ မချီမူရ(Chief Cabinet Secretary Nobutaka Machimura)ကလည်း `ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးများဟာ ဥပဒေကိုနားလည်ကြသူများဖြစ်ပြီး၊ အိုလံပစ်ပွဲတော်ကိုလည်း ၂ ကြိမ်တိုင်တိုင်ကျင်းပခဲ့ သောနိုင်ငံတခုဖြစ်ကြောင်း၊ လာမည့် ၂၀၁၆ ခုနှစ်တွင်လည်း အိမ်ရှင်နိုင်ငံအဖြစ် နောက်တကြိမ်ထပ်မံ ကျင်းပမှာဖြစ်ကြောင်း၊ လုံခြုံရေးအကြောင်းပြဖြင့် တခြားနိုင်ငံမှဝင်ရောက်စွက်ဖက်တာကို လက်ခံမှာမဟုတ်ကြောင်း`ကိုလည်း ဧပြီလ ၁၇ ရက်(ကြာသာပတေးနေ့)က ပြောဆိုထားပါသေးတယ်။


ဧပြီလ ၂၆ ရက်နေ့ကျရင် အိုလံပစ်မီးရှူးတိုင်ဂျပန်နိုင်ငံသို့ဖြတ်သန်းမယ့်ကိစ္စအပေါ် နာဂါနိုမြို့ရှိ အထင်ကရ ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးများမှလက်ခံကြိုဆိုဖို့ငြင်းဆိုထားပြီး၊ ဂျပန်ပြည်သူအများစုက ၀မ်းပန်းတသာ ကြိုဆိုတဲ့အသွင်သဏ္ဍန်မပြသေးပဲ တိဗက်ဘုန်းတော်ကြီးများ အကြမ်းဖက်နှိပ်စက်ခံနေရမှု၊ အိုလံပစ်မီးရှူးတိုင် ကို နိုင်ငံတကာမှဆန့်ကျင်ကန့်ကွက်နေမှုများကိုသာ ဂျပန်တီဗွီဌာနများနှင့် သတင်းစာများမှာ နေ့စဉ်လိုလို အသားပေးဖော်ပြနေပါတယ်။

FREE BURMAတီရှပ်ဝတ်ဆင်၍ ဂျပန်အဆိုတော်များ ဖျော်ဖြေပွဲပြုလုပ်


၂၀၀၇ ခုနှစ်၌ မြန်မာပြည်တွင်ဖြစ်ပွားခဲ့သည့် စက်တင်ဘာသံဃာသပိတ်ကို မမေ့ပျောက်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နှင့် ဂျပန်အဆိုတော် Okuda Tamio Sanနှင့် Takaki Sanတို့က ယနေ့(၁၉ ရက်၊ စနေနေ့) ကျင်းပပြုလုပ်သည့် Earth Dayအထိမ်းအမှတ်ပွဲတွင် FREE BURMA တီရှပ်အင်္ကျီဝတ်ဆင်၍ ဖျော်ဖြေခဲ့ကြပါတယ်။ အဆိုပါပွဲကို တိုကျိုမြို့၊ Yoyogiပန်းခြံ၌ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတကာမှ NGOအဖွဲ့အစည်းများ၊ ဂျပန်ရှိ ကမ္ဘာ့ပါတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းရေးနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကမ္ဘာကြီးငြိမ်းချမ်းသာယာရေးဆိုသော ရည်ရွယ်ချက်ဖြင့် အထိမ်းအမှတ်ပြခန်းများနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ တည်ခင်းရောင်းချကြခြင်း ဖြစ်ပြီး တိုးမပေါက်အောင်စည်ကားလှပါတယ်။


Okuda Tamio Sanနှင့် Takaki San၏ဂီတဖျော်ဖြေခြင်းအစီအစဉ်ကို နေ့လယ်(၂)နာရီမှ (၃)နာရီအထိ သီဆိုဖျော်ဖြေသွားခဲ့ပြီး ကျနော်တို့အခုလိုဖျော်ဖြေရတာကတော့ ဗုဒ္ဓသာသနာထွန်းကားတဲ့မြန်မာပြည် ထဲမှာ သံဃာတော်တွေဟာ မြန်မာပြည်ကြီးငြိမ်းချမ်းဖို့ အေးချမ်းစွာမေတ္တာပို့ခဲ့ကြတာကို မယုံကြည် နိုင်လောက်အောင် ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရပါတယ်။ အခု တီဗွီသတင်းမှာ နေ့စဉ်ဖော်ပြနေ တဲ့ တိဗက်သံဃာတော်တွေကို တရုတ်အစိုးရကအကြမ်းဖက်နှိမ်နှင်းသလိုမျိုးပါပဲ။ ကျနော်တို့ဂျပန် နိုင်ငံဟာလည်း ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသူများပါတယ်။ ဒါကြောင့် မြန်မာပြည်က ဗုဒ္ဓ သံဃာတော်တွေရဲ့ ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်ချက်တွေကို လေးစားတဲ့အနေနဲ့ FREE BURMA တီရှပ်ဝတ်ပြီးဖျော်ဖြေမှာပါ။ တီရှပ်အင်္ကျီတွေကိုလည်းဝယ်ယူအားပေးကြပါ။ အမြတ်ငွေတွေကိုလည်း နော်ဝေမှာရှိတဲ့ မြန်မာပြည်ဒီမိုကရေစီရေးအတွက် အသံလွှင့်နေတဲ့ Democratic Voice of Burmaကို လှူ တန်းမှာဖြစ်ပါတယ်လို့ ဖျော်ဖြေပွဲမစတင်မှီ စင်ပေါ်ကနေ ပြောဆိုကြေငြာသွားခဲ့ပါတယ်။



ပီကင်းအိုလံပစ်ပွဲမကျင်းပမှီ လူ့အခွင့်အရေးလေးစားဖို့ဆိုတဲ့ရည်ရွယ်ချက်များနှင့် Amnesty International (Japan)မှ Sign Campaignပြုလုပ်နေစဉ်(၀ဲ) FREE BURMAတီရှပ်ဝတ်ပြီး လာရောက်အားပေးကြည့်ရှုကြသူများ


“ဒီပွဲကိုမြန်မာတွေအများကြီးလာပြီး အားပေးကြည့်ရှုသင့်တယ်…ဟု မြန်မာ့ရေးရာပြည်သူ့အဖွဲ့ (People's Forum of Burma) မှ Miyazawa Sanက မြန်မာ့အရေးကို နိုင်ငံတကာမှစိတ်ဝင်စားသည့်အတိုင်း မြန်မာလူမျိုးများ လည်း စိတ်ပါဝင်စားဖို့လိုကြောင်းကို ယခုပွဲနှင့်ပါတ်သတ်၍ သူမ၏အမြင်ကိုပြောပြပါတယ်။

ယခုပွဲတွင် ဘေဂျင်းအိုလံပစ်ကိုဆန်ကျင်ကန့်ကွက်သည့် Sign Campaignကိုလည်း Amnesty International (Japan)မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး FREE BURMAတီရှပ်များကိုလည်း တစ်ထည်လျင် ယန်း(၃၉၀၀)ဖြင့်ရောင်းချ၍ ယင်းထဲမှ ယန်းတစ်ထောင်ကို ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)သို့ ပေးပို့လှူတါန်းမှာဖြစ်ကြောင်း သိရှိရပါတယ်။

ပေးပို့သူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)

အန်ကယ်စွမ်းရဲ့ အန်ကယ်တင်ရွှေ(မုံရွာတင်ရွှေ)အကြောင်းဆောင်းပါး ဖြည့်စွက်ချက်(ဌေးဇော်-အင်းဝ)


ရှစ်လေးလုံးအရေးတော်ပုံဖြစ်တော့ပါဝင်ခဲ့ပါတယ်။ အန်အယ်လ်ဒီဖွဲ့တော့ အန်တီရဲ့(၁၀)ဦးထဲမှာပါဝင်ခဲ့ပါတယ်။ မန္တလေးတိုင်းမှာ တိုင်းစည်းရုံးရေးမှူးအဖြစ်နဲ့ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ (၁၉၉၀) ရှစ်လေးလုံးနှစ်ပတ် လည်မှာ မန္တလေး(၀င်းလိုက်ရုပ်ရှင်ရုံရှေ့)မှာ ဘုန်းကြီးတွေကိုဆွမ်းလောင်းခဲ့လို့ ပစ်ခတ်ဖမ်းဆီးခဲ့စဉ် ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ နောက်စစ်ကိုင်းချောင်မှာတိမ်းရှောင်ခဲ့ပြီး သတင်းပေါက်ကြားသွားလို့ ကျနော့်အိမ်ကို ရောက်လာပါတယ်။ ဘုန်းကြီးတပါးလိုက်ပို့ပြီးကပ္ပိယလိုလာပါတယ်။ ကျနော်နဲ့တွေ့မှ ခေါင်းမှာပေါင်းထားတဲ့တ ဘက်ဖြေပြလို့မှတ်မိပြီး ချက်ချင်းအိမ်ပေါ်ကိုခေါ်တင်ထားလိုက်ပါတယ်။


နောက်အိမ်မှာ(၁၅)ခန့်နေပြီး တခြားနေရာပြောင်းချင်တယ်ပြောလို့ လက်ခံနိုင်မဲ့ရဲဘော်တွေဆီ ကျနော်စုံစမ်း ပါတယ်။ ကျောက်ဆည်ကလက်မခံရဲပါ။ ဒီနောက် စဥ့်ကိုင်ကအဖွဲ့ချုပ်(ဥက္ကဌ)(ယခုကွယ်လွန်)က လက်ခံမယ် ပြောလို့ နောက်နေ့မနက် အစောဆုံးကားနဲ့(ဝေလီဝေလင်းအချိန်)လိုက်ပို့ပါတယ်။ လက်ခံတဲ့ဥက္ကဌကလဲ သူ့ သမီးနေတဲ့စိုက်ပျိုးရေးလုပ်တဲ့ခြံကြီးထဲမှာ တောကလာတဲ့သူ့အမျိုးပုံစံနဲ့ထားပါတယ်။


တပတ်လောက်ဘဲကြာမယ်တယ်ထင်ပါတယ်။ သူကိုယ်တိုင်မလုံခြုံဘူးလို့ခံစားရလို့လား…။ သို့မဟုတ် လက်ခံတဲ့ သူတွေကိုအားနာလို့လား…။ သို့မဟုတ် အန်ကယ်ရဲ့စဉ်းစားချက်ကြောင့်လားမသိပါ(အန်ကယ်ရဲ့စဉ်းစားချက်က သူ့ကရှေ့နေတယောက်ဖြစ်လို့ သူ့အမှုကအများဆုံးကျခံရမှ ထောင်(၃)နှစ်အများဆုံးလို့တွက်ချက်ပြီး၊ သူ့ကိုယ်တိုင်အဖမ်းခံဖို့ဆုံးဖြတ်လိုက်ပါတယ်) ဒီနောက် စဥ့်ကိုင်ကထွက်ပြီး မန္တလေးအရှေ့တောင်မြို့နယ် (န၀တ)မှာ အဖမ်းခံသွားပါတယ်။ ”ကျနော် မုံရွာတင်ရွှေပါ…။ တွေ့ချင်ပါတယ်…”လို့ စာရေးကိုပြောခိုင်းတော့ (နဝေတိန်တောင်ဥက္ကဌ)က သူ့ထက်အရေးကြီးတဲ့သူတွေရှိလို့ မတွေ့နိုင်သေးဘူးပြောလို့ တနာရီလောက်ထိုင် စောင့်နေရပါတယ်။


တွေ့မဲ့သူမရှိမှတွေ့ရတော့ အကျိုးအကြောင်းပြောလိုက်မှ အန်ကယ်ကို ကျေးဇူးတင်ကြောင်းအကြိမ်ကြိမ်ပြော သတဲ့…။ အန်ကယ်သာပြန်သွားရင် သူလဲအလုပ်ပြုတ်တော့မှာဘဲတဲ့၊ ဒီလို လူတယောက်လုံးအဖမ်းခံတာတောင် ကိုယ့်အတွက်သာသိတဲ့ကောင်တွေဗျ၊ ဒီနောက်အန်ကယ်တင်ရွှေလဲ သူမှန်းတဲ့ထောင်(၃)နှစ်မကဘဲ (ရ)နှစ်ချ ခံခဲ့ရပါတယ်။ ထောင်ထဲမှာဆိုတော့ အသက်အရွယ်ကလဲထောက် ဘယ်ခံနိုင်မလဲ၊ သွေးတိုးနဲ့ ကွယ်လွန်သွား ရတာပါဘဲ။ တိုင်းပြည်အတွက် ကြယ်တွေလဲ တဖြောက်ဖြောက်ကြွေကျကုန်ရတာပါဘဲ။

အန်ကယ်တင်ရွှေ ကောင်းရာသုဂတိလားပါစေလို့ သတိရတိုင်းဆုတောင်းလျက်ပါ။


ကဗျာဆရာ ကိုလေး(အင်းဝ)သားဖြစ်သူမှ ပေးပို့ခြင်းဖြစ်ပါသည်။

Saturday, April 19, 2008

ကြက်ခြေခတ်အမေ(ခန်းဒါအောင်လီ)



အမေ

သား…အိမ်ပြန်လာဖို့

ယတြာမချေနဲ့

ဗေဒင်မမေးနဲ့

န.အ.ဖပြုတ်ကျမှ

ပြန်လာနိုင်မှာဗျ။

စစ်တပ်ရဲ့

ညစ်ပတ်တဲ့ တဖက်သက်ဥပဒေ

‘မေ’မှာအတည်ပြု

လူထုကိုကျွန်လုပ်

တသက်လုံးအုပ်ချုပ်ကြတော့မယ် အမေ။

အမေရေ-

ဆန္ဒခံယူပွဲ

ရဲရဲဝံ့ဝံ့သွား

ပြတ်ပြတ်သားသားဆုံးဖြတ်

အဝေးရောက်သားရဲ့အမှာ

ကြက်ခြေခတ်လိုက်စမ်းပါ အမေ။

သွေးစွန်းနေတဲ့အိုလံပစ်မီးရှူးတိုင် လက်မခံနိုင်ကြောင်း ဂျပန်ဘုရားကျောင်း ပြောဆို

အေအက်ပီ

ဂျပန်နိုင်ငံ နာဂါနိုမြို့ရှိ မဟာယနဗုဒ္ဓဘာသာဘုရားကျောင်းတခုဖြစ်သော ဇန်ကိုဂျီကျောင်းတော်(Zenkoji Temple)သည် တိဗက်ဘုန်းတော်ကြီးများ၏ဆန္ဒပြမှုကို ကရုဏာသက်ထောက်ခံသည့်အနေဖြင့် ပီကင်းအိုလံ ပစ်မီးရှူးတိုင်ကို လက်ဆင့်ကမ်းလက်ခံယူမည့်အစီအစဉ်အားငြင်းဆန်ကြောင်း ဧပြီလ ၁၈ ရက်(သောကြာနေ့) က သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောကြားလိုက်ပါတယ်။


”ပီကင်းအိုလံပစ်မီးရှုးတိုင်ကို ကျောင်းတော်ကနေလက်ခံဖို့ငြင်းဆန်ရတာကတော့ တရုတ်အစိုးရဟာ တိဗက်ဘုန်းတော်ကြီးတွေကို အကြမ်းဖက်နှိမ်နှင်းသတ်ဖြတ်နေတယ်။ ဒါဟာ ဗုဒ္ဓသာသနာတော်ကို စော်ကားတာပါ။ ဒီလိုမျိုး အယူဝါဒမတူပေမဲ့ ဗုဒ္ဓသာသနာကိုစော်ကားနေတဲ့ တရုတ်အစိုးရရဲ့ ပီကင်း အိုလံပစ်မီးရှူးတိုင်ကို လက်ခံမယ်ဆိုရင် အားပေးရာရောက်နေပါတယ်။ ဒါကြောင့် လက်ခံဖို့ငြင်းဆန် ရတာပါ…”ဟု ဇန်ကိုဂျီကျောင်းတော်ရဲ့ ကျောင်းထိုင်ဆရာတော်တပါးဖြစ်သူ Shinsho Wakaomiက သတင်းထောက်များကို ရှင်းပြပါတယ်။



တရုတ်စစ်တပ်၏ ရက်စက်ရမ်းကားမှု တစိပ်တဒေသမှတ်တမ်းများ


ယခုလို ဇန်ကိုဂျီကျောင်းတော်မှ ဧပြီ ၂၆ ရက်နေ့ အိုလံပစ်မီးရှူးတိုင် လွှဲပြောင်းလက်ခံပွဲအတွက် စတင်လက်ခံမည့် နေရာအဖြစ် တာဝန်ယူရမည့် အစီအစဉ်ကို ငြင်းဆန်လိုက်သဖြင့် နာဂါနိုမြို့ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ၊ ကူနီဟီကို ရှီနိုဟာရာ(Kunihiko Shinohara)က ဘုန်းတော်ကြီးများရဲ့ဆန္ဒကို လေးစားလိုက်နာသည့်အနေဖြင့် အစီအစဉ်ပြောင်းလဲမှာဖြစ်ကြောင်း ပြောဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ် ယဆုအို ဖူကုဒါ(Yasuo Fukuda)ကလည်း ”ဘုန်းတော်ကြီးတွေကိုယ်တိုင်က လက်ခံဖို့ငြင်းဆန်နေမှတော့ အတင်းအကျပ်တိုက်တွန်းလို့မရပါဘူး။ ဒါကြောင့်မို့လို့ လက်ခံနိုင်မယ့်နေရာကို အမြန်ဆုံးရှာဖွေ ဆုံးဖြတ်ဖို့ဘဲရှိပါတယ်…”ဟုဆိုပါတယ်။


အိုလံပစ်မီးရှူးတိုင်ကို ဇန်ကိုဂျီ ကျောင်းတော်မှစတင်ပြီး နာဂါနိုမြို့ကို ဖြတ်၍ ၁၈ ဒသမ ၅ ကီလိုမီတာခရီး လက်ကမ်းသယ်ဆောင်သွားရန် မူလ စီစဉ်ထားသော်လည်း ကန့်ကွက်ဆန္ဒပြမှုများကြောင့် မြို့လုံခြုံရေးနှင့် ဘုန်းတော်ကြီးများ၏ ညိုငြင်မှုဖြစ်မှာကို အထူးစိုးရိမ်ကြောင်းလည်း ပြောဆိုပါတယ်။


ဇန်ကိုဂျီကျောင်းတော်ဟာ ၁၉၉၈ ခုနှစ်၊ နာဂါနိုအိုလံပစ်ပွဲတော်(1998 Nagano Games)နှင့် ၁၉၆၄ ခုနှစ်၊ တိုကျို နွေရာသီအိုလံပစ်ပွဲတော်(1964 Tokyo Summer Olympics)ကျင်းပနိုင်ဖို့အတွက် အိုလံပစ်မီးရှူးတိုင်ကို လက်ခံထွန်းငြိကျင်းပခဲ့တဲ့ ကျောင်းတော်ဖြစ်ပါတယ်။ အဆိုပါကျောင်းတော်ကို ၇ ရာစုကတည်းက တည်ဆောက်ထားခဲ့တာဖြစ်ပြီး နှစ်စဉ် လူ ၆ သိန်းကျော် လာရောက်ဝတ်ပြုဆုတောင်းနေတဲ့ အထင်ကရဘုရားကျောင်းတော်တခုဖြစ်ပါတယ်။


ဥရောပနှင့် အမေရိကတို့တွင် အရှက်တကွဲနှင့်မျက်နှာငယ်ခဲ့ရသော ပီကင်းအိုလံပစ်မီးရှူးတိုင်ဟာ အာရှနိုင်ငံသို့လှည့်လည်နေပြီဖြစ်ပြီး ယခုအခါမှာတော့ ထိုင်းနိုင်ငံသို့ရောက်ရှိနေပြီဖြစ်ပါတယ်။

Friday, April 18, 2008

ဒို့သူငယ်ချင်း၊ ဒို့ခေါင်းဆောင်၊ မုံရွာတင်ရွှေ(မောင်စွမ်းရည်)


မုံရွာတင်ရွှေဆိုတာ အများပေးတဲ့ကလောင်နာမည်ပါ။ ကျနော်တို့က အမည်ရင်းအတိုင်း ‘ကိုတင်ရွှေ‘လို့ဘဲခေါ်ပါတယ်။ သူကလဲကျနော့်ကို နာမည်ရင်းအတိုင်း ‘ကိုဝင်းဖေ‘လို့ပဲ ခေါ်ပါတယ်။ သူကမုံရွာကဆိုပေမယ့် ကျနော်မန်းတက္ကသိုလ်ကိုရောက်တဲ့နှစ်မှာ ရန်ကုန်တက္ကသိုလ်က ပြောင်းလာတာပါ။ ကျနော်က မြင်းခြံက ဆယ်တန်းအောင်လာခဲ့တာပါ။ သူဘယ်ဘာသာ ယူလို့ ဘယ်အတန်းတွေတက်နေမှန်း ခုစာရေးမယ်လို့စဉ်းစားတော့မှ တယောက်နဲ့တယောက် ကျောင်းစာကိစ္စတွေဘာမှမပြောခဲ့ဖူးတာကိုပြန်ပြီးစဉ်းစားမိပါတယ်။

ကျောင်းသားကကျောင်းစာမပြောရင် ဘာပြောကြသလဲဆိုတော့ ကျောင်းသားဘ၀နဲ့ ပညာရေးဘ၀နိမ့်ကျနေပုံ၊ နယ်တွေမှာမိဘတွေက ပြည်တွင်းစစ်ဒဏ်ကြောင့် ဒုက္ခရောက်နေကြပုံတွေကိုပဲဆွေးနွေးမိကြပါတယ်။ စစ်တပ်မှာ တပ်ရင်းတခုရဲ့စားရိတ်က မကွေးကောလိပ်လို ကောလိပ်ကျောင်းတကျောင်းရဲ့ စားရိတ်ထက် ကုန်ကျနေပါတယ်။ ပညာရေးစရိတ်ထက် စစ်ရေးစရိတ်ကကြီးလေးနေပါတယ်။ ပြည်တွင်းစစ်ဒဏ်တွေကြောင့် ဖြစ်ရတာတွေပါ။

မုံရွာသားတယောက်ကိုတွေ့ရင် အခြားတယောက်ဟာ မြင်းခြံသားဖြစ်ဖို့များပါတယ်။ မြင်းခြံသားတွေနဲ့ မုံရွာသားတွေအတွဲများပါတယ်။ စရိုက်တွေလည်းတူကြပါတယ်။ ရန်ကုန်တက္ကသိုလ်ရောက်သွားရင် မုံရွာ-မြင်းခြံသားတွေဟာ ရန်ကုန်ကကျောင်းသားတွေနဲ့ နေထိုင်ဆက်ဆံပုံခြားနားကြတာတွေ ပိုပေါ်လွင်ပါတယ်။ ကိုတင်ရွှေက ရုပ်ရောစရိုက်ပါ အညာသားပုံစံပါ။ အောက်သားတွေက ကျနော်တို့ကို အလက်စန္ဒြားဒူးမားရဲ့ ‘သူရဲကောင်းသုံးယောက်‘၀တ္ထုထဲကေ‘ဂ်ါစတွန်နယ်သားတွေ‘လို့ခေါ်လေ့ရှိပါတယ်။ အင်္ဂလိပ်လိုပြောတော့ခံသာတာပေါ့။ အမှန်ကတော့ တောကတက်လာတဲ့လူလည်တွေလို့ပြောတာပါပဲ။ ကိုတင်ရွှေက အသားညိုညို၊ အရပ်ခပ်ပျပ်ပျပ်၊ မျက်မှန်နဲ့ပါ။ ဗိုလ်အောင်ကျော်ရုပ်မျိုးပါ။ မျက်နှာမှာပြုံးယောင်ယောင်ရှိပေမဲ့ ဟက်ဟက်ပက်ပက်ရယ်ခဲပါတယ်။ ကျနော်တို့ အတူသွားလာနေပေမဲ့ ကိုသာနိုး၊ ကိုဘဂျမ်း (တင်မိုး)၊ ကိုမိုးသူတို့နဲ့ ကျနော်တို့ နေသလို ဖက်လှဲတကင်း နေလေ့မရှိပါဘူး။

မုံရွာသားတော်တော်များများက အဆို အက အတီးအမှုတ်၊ အဟောအပြော ၀ါသနာထက်သန်ကြပါတယ်။ ကိုတင်ရွှေတယောက်ကတော့ အဲဒါတွေဘာမှမလုပ်ပါဘူး။ ဒါပေမယ့် စိတ်ထိခိုက်လွယ်ပြီး ခံစားမှုပြင်းပါတယ်။ မန်းတက္ကသိုလ်အကြိုပွဲတော်မှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူစုံတက်စုံပါစေချင်လို့တဲ့…။ ပွဲဆပ်ကော်မတီတွေမှာ ဆိုရှယ်လစ်ကျောင်းသားဒီအက်စ်အိုတွေကို သူကဖိတ်ခေါ်ထည့်သွင်းထားပါတယ်။ သဘောတရားအရကောင်းပါရဲ့။ ဒါပေမဲ့ အလွန်အရေးကြီးတဲ့အချိန်မျိုးတွေမှာ အကျပ်ကိုင်ပြီး ပွဲပျက်အောင်လုပ်တာမျိုးခံရတော့ သူမျက်ရည်ကျပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗိုလ်အောင်ကြီးခလောက်ဆန်ပြီး ဒေါ်စုကိုဝန်းရံနေတဲ့ကွန်မြူနစ်တွေကိုထုတ်ပေးရမယ်လို့ ညီညွှတ်ရေးပျက်မတတ်လုပ်ကြံခံရတဲ့အခါမှာလဲ သူခံပြင်းပြီး မျက်ရည်ကျခဲ့ရှာတယ်လို့ကြားသိရပါတယ်။ ခုဒါတွေပြန်တွေးမိတော့ လူထုအပယ်ခံတွေကို ကိုယ်ကသဘောထားကြီးကြီးနဲ့ မြောင်းပုပ်ထဲကဆယ်တင်ခဲ့ပေမဲ့ အဆယ်မတော်ရင်လဲ ဒုက္ခပေးတတ်ပါကလားလို့ သင်ခန်းစာယူမိပါတယ်။

ကျနော်တို့ဗိုလ်အောင်ဆန်းဟာ ဗမာ့သမိုင်းမှာ ဘေးရောက်သွားတဲ့ပုဂ္ဂိုလ်ကျော်တွေကို ဗမာ့လွတ်လပ်ရေးအတွက် သဘောထားကြီးကြီးနဲ့ ပြန်လည်သိမ်းသွင်းခဲ့ဖူးတယ်။ ဒေါက်တာဘမော်ဆိုရင် သခင်အောင်ဆန်းအတွင်းရေးမှူးလုပ်တဲ့ တို့ဗမာအစည်းအရုံးကြီးက ၁၃၀၀ပြည့်အရေးတော်ပုံကြီးမှာ “ဒေါက်တာဘမော် အို့-အို့၊ မီးဒုတ် မီးဒုတ် ရှို့-ရှို့”လို့အော်ပြီး ဖြုတ်ချခဲ့တာပါ။ ဘကြီးဘဖေဆိုရင် ဆရာကြီးမှိုင်းက “တောင်ကျရေ နွားနှစ်ကောင်မ၀သလိုပ၊ မောင်ဘဖေငါးထောင်ရသောကြောင့်”လို့ကော်တုပ်ခံခဲ့ရပြီး ၀ံသာနုအရေးတော်ပုံကြီးရဲ့ဘေးကို ရောက်သွားသူပါ။ ဦးဘဖေဟာ အခွင့်အရေးတွေ အလွဲသုံးစားလုပ်တာ လက်ပူးလက်ကြပ်လုပ်တာအမိခံခဲ့ရလို့ ဗိုလ်ချုပ်အောင်ဆန်းကပဲ ထုတ်ပယ်ပစ်ခဲ့ရပါတယ်။ ဒေါက်တာဘမော်ကတော့မဆိုးပါဘူး။ ဖက်ဆစ်တော်လှန်ရေးလုပ်ကြတာကို သိပေမယ့် လုံးဝသစ္စာမဖေါာက်ခဲ့ရှာပါဘူး။ သဘောထားကြီးတဲ့အလုပ်တွေဟာ ကောင်းပေမယ့် သတိကြီးကြီးထားရမှာပါ။ ဒုက္ခပေးရင် ဗိုလ်အောင်ကြီးလိုလူတွေက အလွန်ဆိုးပါတယ်။ ကိုတင်ရွှေမျက်ရည်ကျခဲ့ရလောက်အောင် ဆိုးခဲ့တာ ခုတော့ သမိုင်းက ရက်တိုတိုလေးအတွင်းမှာပဲ ဘယ်သူ ဘီလူးမ၊ ဘယ်သူမိခင်ရင်းဆိုတာ ခွဲခြားပြသွားခဲ့ပါပြီ။

ကိုတင်ရွှေမှာ တခုထူးခြားတာက ကျနော်တို့နဲ့တွဲနေတုန်းက တွေ့မြင်ရသလောက်ဆိုရင် လုံးဝအသောက်အစား အပျော်အပါးမရှိ၊ လူကြီးဆန်ဆန်နေတတ်တဲ့စရိုက်ပါပဲ။ သူနဲ့ ကိုသာနိုးနဲ့ဆိုရင် ရွယ်တူတွေပါ။ တခါတလေ ကိုသာနိုးက သူ့ကို ‘ဘော်ရွှေ‘လို့ အမှတ်မထင် ခေါ်လိုက်တတ်ပါတယ်။ ”ဘာလဲဗျဘော်ရွှေဆိုတာ…”လို့ ကျနော်တို့မေးတော့ နှစ်ယောက်လုံး စပ်ဖြဲဖြဲပဲ လုပ်နေကြပါတယ်။ ဘေးလူတယောက်က ”ဘော်ရှီဗစ်တင်ရွှေ…”ပေါ့ဗျာ လို့ ၀င်ဖြေပါတယ်။ ဟုတ်လေသလားမသိပါ။ ရွယ်တူသူငယ်ချင်းတွေ ဖြစ်ပေမယ့် ကိုသာနိုးနဲ့ကျနော်တို့တကသရဲဘော်တပ်ဦးရဲဘော်တွေကို ကိုတင်ရွှေက ဆူပြူုကိမ်းမောင်းတတ်တာတွေရှိပါတယ်။

တခါက တန်ဆောင်မုန်းလပြည့်ညပွဲတော်တခုမှာ ကျနော်တို့တတွေ စစ်ကိုင်းတောင်ရိုးမှာ ခပ်ထွေထွေနဲ့သီဆိုကခုန်နေကြပါတယ်။ ကိုတင်ရွှေနဲ့ကိုဘဂျမ်း(တင်မိုး)တို့က မသောက်မစားတဲ့ လူမင်းသားတွေပ။ ကျနော်တို့ကို ဆူပူကြိမ်းမောင်းပြီး ထမင်းဆိုင်မှာတောင် ကျနော်တို့နဲ့ အတူမစားပဲ တခြားစားပွဲမှာ ခွဲစားပါတယ်။
တက္ကသိုလ်တွေမှာ အဲဒီတုန်းက ကျောင်းသားညီညွှတ်ရေးတပ်ဦး (Student United Front-အတိုကောက် SUF)ဆိုတာရှိပါတယ်။ ကိုတင်ရွှေက တခါတလေ ရန်ကုန်မူနဲ့ ဆပ်ဖ်လို့ ပြောရင် ဘာပြောမှန်းမသိလိုက်ပါဘူး။ ကျနော်တို့ကကျောင်းသားသစ်တွေကိုး။ တဖက်ကခေါ်တာက မြေပေါ်ကွန်မြူနစ် ပမညတအဖွဲ့ကမွေးထားတဲ့ကျောင်းသားတွေတဲ့။ ကျနော့်ကိုတော့ ဘယ်အဖွဲ့ကမှ မွေးမမွေးမသိခဲ့ရိုးအမှန်ပါ။ ကိုယ်မသိဘဲနဲ့ အမွေးခံနေရသလားတော့မသိပါ။ ဒါပေမယ့် စစ်စုံထောက်မှတ်တမ်းတွေမှာတော့ အမှန်အတိုင်းပါနိုင်ပါတယ်။ တခြားတဖက်မှာ ရွေးကောက်ပွဲ အမြဲရှုံးနေတဲ့ အတိုက်အခံအဖွဲ့အစည်းကတော့ (Democratic Student Organization အတိုကောက်DSO )ပါတဲ့။ ဖဆပလအစိုးရအဖွဲ့ထဲက ဆိုရှယ်လစ်တွေမွေးထားလို့ အဆိုရှိပါတယ်။ ဒါတွေအားလုံးအကြောင်းကို မောင်သာရရဲ့ ကျန်တုပ်ခံဝံ့၊ မခံဝံ့ ၀တ္ထုမှာ ဖတ်ကြည့်ပါလေတော့။

ကျနော်တက္ကသိုလ်ရောက်စက ကျောင်းသားသမဂ္ဂရုံးခန်း၊ ၀ါးကပ်တဲလေးကို နေ့စဉ်လောက်သွားပြီး စာနယ်ဇင်းတွေဖတ်ပါတယ်။ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုအောင်ကျော်တို့သမိုင်းနဲ့ ကျနော်တို့က ကြီးပြင်းလာခဲ့ရတာမဟုတ်လား။ တကသမှာ ရုပ်ပုံဆိုလို့ သခင်ဗဟိန်းရဲ့ပုံလေးတပုံပဲရှိပါတယ်။ ဒါပေမယ့် ကျနော်က ကျေးတောသားတယောက် နတ်ကွန်းနတ်စင်သွားသလို သွားနေခဲ့တာပါ။ တကသရုံးခန်းမှာ တံမျက်စီးလှည်းတယ်။ သောက်ရေအိုးလှယ်တယ်။ စားပွဲကြီးပေါ်မှာ ဆေးတွေ၊ စုတ်တွေ ညစ်ပေနေတာတွေ့ရင် ဆေးကြောသန့်ရှင်းတယ်။ စုတ်တွေညစ်ပတ်အောင် အမြဲလုပ်သူက ခုအခါ ပန်းချီဆရာအမည်ခံနေတဲ့ ဒါရိုက်တာမောင်မိုးသူပါ။ တကသထဲက လူတွေနဲ့လဲ ကျနော်ဘယ်သူနဲ့မှ မသိပါဘူး။ ထောက်လှမ်းရေးလုပ်နေသလားလို့ အထင်ခံရနိုင်တာလဲ ကျနော်သတိမထားခဲ့ပါဘူး။ ဒါပေမယ့် ကိုတင်ရွှေတကသအတွင်းရေးမှူး အရွေးခံရတဲ့နှစ်မှာပဲ ကျနော်လဲမယောင်မလယ်နဲ့ တကသစာကြည့်တိုက်မှူးရာထူးကြီးကို ရလိုက်ပါတော့တယ်။

၁၉၅၈ ရောက်တော့ မောင်သာနိုး၊ မောင်မိုးသူတို့နဲ့ တခါအမှုဆောင်ထပ်ဖြစ်ပြန်ပါတယ်။ အဲဒီနှစ်က စစ်အစိုးရစပြီးတက်တဲ့ အိမ်စောင့်အစိုးရခေတ်ဆိုတော့ ပွဲကြမ်းတဲ့နှစ်ပါပဲ။ ကိုတင်ရွှေနဲ့ အမှုဆောင်အဖွဲ့မှာ ပါဝင်နေစဉ်မှာပဲ ပွဲတော်တွေတော်တော်များများ ဖြစ်ပါတယ်။ အမှုဆောင်တွေ ဘယ်သူတွေဆိုတာ ကိုးကားစရာ နှစ်လည်မဂ္ဂဇင်းမရှိတော့ သိပ်မမှတ်မိတော့ဘူး။ မန္တလေးသီးခြားတက္ကသိုလ်အကြိုပွဲ၊ မန္တလေးကောလိပ် ငွေရတုပွဲ၊ မန်းရာပြည့်ပွဲ (၁၉၅၉-မောင်ပေါက်စည်၊ ဥက္ကဌ၊ မောင်စွမ်းရည်က ရွေးကောက်ပွဲ အရာရှိ)။ ဒီပွဲတွေမှာ ရန်ကုန်က တေးရေးအဆိုတော် မြတ်လေး၊ စန္ဒရားချစ်ဆွေ၊ အဆိုတော်မင်းနောင်၊ ပန်းချီမောင်ငွေထွန်း၊ ဘောလုံးသမား ကောလိပ်ဂျင်နေ၀င်း စတဲ့ ရဲဘော်များကို ကျနော်တို့က ဆက်တိုက်ဧည့်ခံကျွေးမွေးရလို့ သူတို့နဲ့ သိကျွမ်းရင်းနှီးသွားခွင့်ကြုံခဲ့ပါတယ်။ သူတို့ဆီကိုလဲ တခေါက်တပြန်ရောက်ခွင့်ကြုံပါတယ်။ ကျနော်တို့ အမှုဆောင်အဖွဲ့ဝင်တဦးအဖြစ် မှတ်မိနေတာကတော့ မန္တလေးအမျိုးသားကျောင်းဆရာဟောင်း၊ ဦးချစ်ရဲ့သမီးဆိုတဲ့ မမြဆွေပါပဲ။ ရန်ကုန်တက္ကသိုလ် ပညာရေးနှီးနှောဖလှယ်ပွဲသွားကြတော့လည်း အတူတူပဲ။ သူက ဘီအီးဒီတက်ဖို့ ရန်ကုန်ပြောင်းသွားတော့ မမြသူလို့နာမည်ပြောင်းသွားတယ်။ ကိုတင်ရွှေ မမြသူနဲ့ ဖူးစာဖက်သွားတော့ ကိုတင်ရွှေက ဆွေ၊ မဆွေ စသဖြင့် မူလနာမည်နဲ့ပဲ ခေါ်တာ သတိထားလိုက်ခဲ့မိပါတယ်။ ဒါကြောင့် သူတို့ဇနီးမောင်နှံဟာ နှစ်ယောက်လုံး ကျနော့်သူငယ်ချင်းတွေပါပဲ။

နောက်တော့ ကိုတင်ရွှေတယောက် ရန်ကုန်ကို ပြန်ပြောင်းသွားပြန်တယ်။ ဥပဒေဘွဲ့ ဘီအယ်လ်တက်ဖို့ ဖြစ်မယ်။ ဟိုခေတ်က ကျောင်းသားကြီးတွေဟာ ကိုနု၊ ကိုအောင်ဆန်းတို့ အစဉ်အလာအတိုင်း နိုင်ငံရေးဆက်လုပ်ဖို့ ဥပဒေဘွဲ့ယူလေ့ရှိကြပါတယ်။ ဦးချမ်းအေး(မောင်စူးစမ်း)၊ ဦးဘကောင်း၊ ဦးကိုယု၊ ဆရာမြသန်းတင့်၊ ဒေါ်မြင့်မြင့်ခင် စတဲ့ကျောင်းသားတွေဟာ ဥပဒေတက်ခဲ့ကြသူတွေပါ။ နောင်မှသိရတာက ကိုတင်ရွှေဟာ ရန်ကုန်တက္ကသိုလ်မှာ ပထမတကြိမ်တက်စဉ်ကပဲ နောင်ပီသုံးလုံးခေါင်းဆောင် ဦးခင်မောင်မြင့်၊ အိမ်မဲအမတ်ဖြစ်လာတဲ့အဖွဲ့ချုပ်ဦးတင်ထွတ်(ခုသြစတြေးလျ)တို့ဟာ ပင်းယဆောင်မှာ အတူနေခဲ့ကြပြီှးရ္မ ခေါ် သဟာယနဲ့စာဖတ်သင်းမှာ အမှုဆောင်တွေအတူလုပ်ခဲ့ဖူးသတဲ့။ ကိုတင်ရွှေက အတွင်းရေးမှူးတဲ့။ သူတို့တဖွဲ့လုံး ရှစ်လေးလုံးမှာ ပြန်ဆုံကြလေရဲ့တဲ့။
ကိုတင်ရွှေ ‘ရိုး,အ’ ရာမှာတော့ ရန်ကုန်မန္တလေးတက္ကသိုလ်နှစ်ခုစလုံးမှာ ကျော်ကြားခဲ့ပါတယ်။ အညာသားအတတဆိုတဲ့ ပုံတိုပတ်စမှန်သမျ မုံရွာသားပုံပြင်လို့နာမည်တပ်ပြီး ကိုတင်ရွှေကို ချစ်စနိုးနောက်ကြတာဖြစ်ပါတယ်။ အထူးသဖြင့် သူနဲ့ အနီးကပ်နေတဲ့ မင်းလှညွှန့်ကြားက ဒီလိုပုံပြင်တွေကို တီထွင်ရာမှာ အာဝဇ္ဇန်းအရွှင်ဆုံးမို့ တကသခေါင်းဆောင်တွေက သိပ်မနောက်ပါနဲ့လို့ မေတ္တာရပ်ခံရဖူးပါသတဲ့။ ကိုတင်ရွှေဖို့ မုံရွာသားပုံပြင်တပုဒ်ကို ကျနော်ကြားဖူးတာ နမူနာပြောပြ ချင်ပါသေးတယ်။ ကိုတင်ရွှေ တကသခေါင်းဆောင်အဖြစ်နဲ့ တရုတ်ပြည်ကဖိတ်ကြားလို့သွားရဖူးတယ်။ နိုင်ငံခြားခရီးသွားသူတွေရဲ့ထုံးစံအတိုင်း ဘောင်းဘီရှည်တထည်နဲ့ လည်စည်းတခုအဖတ်တင်ကျန်တယ်။ တနေ့တော့ အဲဒီဘောင်းဘီရှည်ဝတ်ပြီး နေ၀င်ဆည်းဆာချိန်မှာ အင်းလျားကန်ဘောင်အတိုင်း လမ်းလျှောက်ထွက်လာသတဲ့။ ရင်းနှီးတဲ့ကျောင်းသူတစုနဲ့ မျက်နှာချင်းဆိုင်မှာတွေ့ကြတော့ ”ဒို့ရဲဘော်ကြီး ကိုတင်ရွှေတယောက် ချောလို့လှလို့ပါလား…”လို့ နှုတ်ဆက်သတဲ့။ ဒီတော့ ကိုတင်ရွှေက ”ချောမှာ လှမှာပေါ့ဗျာ၊ ဆီးစပ်အောက်မှာကိုး…”လို့ ပြန်ပြောလိုက်သတဲ့။ ဒီပုံပြင်လေးက ဟာသမြောက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ မန်းတက္ကသိုလ်ကျောင်းသားတွေရှေ့မှာ ပြောကြတော့ ကျနော်က ဖြည့်စွက်လိုက်ပါတယ်။ ဒီအညာသား ကိုတင်ရွှေဟာ ဆည်းဆာနဲ့ ဆီးစပ်တော့ မမှားနိုင်ဘူး။ အောက်သားတွေသာ စကားပီသအောင်မပြောတတ်လို့ မှားနိုင်တာလို့။

နောက်တခု ခေတ်စားခဲ့တဲ့ပုံပြင်တပုဒ်ကတော့ ကိုတင်ရွှေကိုယ်တိုင်လိုလို၊ သူ့ဘကြီးတယောက်လိုလို ဓားပြအတိုက်ခံရတဲ့ အကြောင်းပါပဲ။ ဇာတ်ကောင်က တရွာတပုဒ်ဆန်းဖြစ်နေပါတယ်။ တခါတုန်းက တောလမ်းတခုလူပြတ်တဲ့နေရာမှာ မုံရွာသား ဦးကြီးတယောက် ဓားပြတိုက်ခံရသတဲ့။ ဓားပြက သူ့ကိုယ်ပေါ်ကိုအနှံ့ စမ်းသပ်နှိုက်ချွတ်ပြီး ပိုက်ဆံရှာပေမယ့် မတွေ့တော့ စိတ်ပျက်တာနဲ့ ”ဒီမုံရွာသားကမွဲလိုက်တာကွာ၊ ဘယာကြော်တကွင်းဖိုးတောင်မပါဘူးဟ…”လို့ ထုတ်ဟပြောဆိုလိုက်သတဲ့။ ဒီမှာတင် ဓားပြတိုက်ခံရတဲ့ မုံရွာသားက မခံနိုင်ဖြစ်လာပြီး ”အောင်မယ်၊ ကိုယ့်လူက ဓားပြလုပ်ပြီးတယ်ညံ့တာကိုး။ ဖိနပ်ကြားထဲမှမရှာဘဲ၊ ဘယ်တွေ့မလဲကွ…”လို့ ပြန်အော်သတဲ့။ မုံရွာသားရဲ့မာနပေါ့လေ။ ငွေပါချင်ပါသွားပစေ။ သိက္ခာကျတော့မခံဘူးတဲ့။ ဒါနဲ့သူ့ငွေလည်း ဓားပြလက်ထဲပါသွားရောတဲ့။ ဒီလို မုံရွာသားပုံပြင်တွေအများကြီးပါ။ ကိုတင်ရွှေရိုးတာလဲ အမှန်ပါပဲ။

ကိုတင်ရွှေ ရန်ကုန်ရောက်သွားပြီးနောက် ကိုသာနိုး၊ ကိုတင်မိုးနဲ့ မေမြို့မိုးကြည်တို့လဲ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရန်ကုန်ကိုပြောင်းသွားကြတယ်။ သူတို့အားလုံး လူထုသတင်းစာနဲ့ရော အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းနဲ့ရော အဆက်မပြတ်ကြဘူး။ ကိုတင်ရွှေက ၁၉၆၀-၁၉၆၃ အတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးအဖွဲ့မှာ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်လာတယ်။ သူတို့က ဆရာကြီးကို ကမ္ဘာ့သတင်း ဗမာ့သတင်းတွေ ဖတ်ပြကြတယ်။ ဆရာကြီးရဲ့မှတ်ချက် ဝေဖန်ချက်တွေကိုလဲ နာယူမှတ်သားကြတယ်။ ဆရာကြီးဆီက ရှေးဟောင်းနှောင်းဖြစ်တွေနဲ့ နိုင်ငံရေးအမြင်၊ စာပေအမြင်တွေလဲ မှတ်သားနာယူကြတယ်။ ဒါကြောင့် ကိုတင်ရွှေဟာ မှိုင်းဝေဒပညာရှင်တဦးလို့ အသိအမှတ်ပြုခံရလောက်အောင် ဆရာကြီးအကြောင်းတွေကို သိကျွမ်းလာပြီး ဆောင်းပါးတွေ ရေးပါတယ်။ စာဆိုတော်နေ့မှာမန္တလေး အနောက်ကျုံးထိပ်က၊ ဓမ္မဗိမာန်မှာ ကျင်းပတဲ့ စာတမ်းဖတ်ပွဲမှာလဲ ဆရာကြီး သခင်ကိုယ်တော်မှိုင်းခေတ်၊ သခင်ကိုယ်တော်မှိုင်းစာ ဆိုတဲ့ စာတမ်းတစောင်ကို ၁၉၆၇မှာ လာဖတ်တယ်။ သူများတွေရေးဖူးတာနဲ့ မတူပါဘူး။ ဆရာကြီးရဲ့နိုင်ငံရေးအမြင်နဲ့ စာပေအမြင်တွေကို စေ့ငုတင်ပြထားတယ်။ အဲဒီစာတမ်းဟာ ၁၉၆၈မှာ သီးခြားစာအုပ်လေး ထွက်လာပါတယ်။ လူထုသတင်းစာကိုလဲ မှိုင်းစာပေဆောင်းပါးတွေပို့ပါတယ်။ ဒါလဲ ကိုတင်မိုးက စာအုပ်ကလေးဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ ကျနော်ရဲ့ ‘အနီနဲ့အပြာ‘ကဗျာစာအုပ်ထုတ်တဲ့ မန္တလေး သပြေစာအုပ်တိုက်က ထုတ်ပေးတာပါ။

ကျနော်ရန်ကုန်ရောက်တဲ့ ၁၉၇၀ ခုနောက်ပိုင်းမှာ ကိုတင်ရွှေဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးပေါင်းချုပ်တအုပ်ထုတ်ဖို့ ပြင်ဆင်ပြီးပါပြီ။ မှိုင်းရာပြည့်အထိမ်းအမှတ်အဖြစ် လေးချိုး ၁၀၀ ရွေးချယ်ရာမှာ ဆရာကြီးရဲ့ပြဇာတ်ခေတ်ကစပြီး ရွေးချယ်ပါတယ်။ ဆရာကြီးမင်းသုဝဏ်က အနီးကပ်ညွှန်ကြားပြီး အမှာစာရော၊ ရာပြည့်အထိမ်းအမှတ်ကဗျာရော စာအုပ်ရှေ့ဆုံးကထည့်ခွင့်ရလို့ အထူးဂုဏ်ယူရမယ့်စာအုပ်ပါ။ ဆရာဒဂုန်တာရာနဲ့ စာပေဗိမာန် ဦးထင်ကြီးတို့ကလဲ ကူညီပါတယ်။ သူ့ရဲဘော်မောင်သာနိုး၊ တင်မိုးနဲ့ မုံရွာမောင်ရှင်တို့ကလဲ ကူညီအားပေးပါတယ်။ တပုဒ်ချင်းရဲ့ရှေ့မှာ ဒီကဗျာကို ဘယ်တုန်းက၊ ဘယ်မှာ၊ ဘယ်လို ရေးခဲ့ပြီး ဘာအဓိပ္ပါယ်ရှိတယ်ဆိုတဲ့ မှတ်စုတိုလေးတွေ တခုစီထဲ့ပေးထားလို့ စီစဉ်ပြုစုရာမှာ အကောင်းဆုံးလေးချိုးပေါင်းချုပ် စာအုပ်တအုပ်ဖြစ်လာခဲ့ပါတယ်။ လေးချိုးပေါင်းချုပ်နှစ်အုပ်ထွက်ပြီးသားပါ။ ပထမတအုပ်က ဆရာကြီးကိုယ်တိုင်စုပြီး မောင်လှ မအမာတို့ ထုတ်ပေတော့လို့ ပေးအပ်ခဲ့တာပါ။ ရွှေကိုင်းသား ဦးသောဘိတက တည်းဖြတ်အမှာရေးတာပါ။ ဒါပေမယ့် နှောင်းလူတွေ လေ့လာနားလည်ဖို့ တပုဒ်စီအတွက် မိတ်ဆက်စာကတော့ ကိုတင်ရွှေရဲ့စာအုပ်ကျမှပါနိုင်တာပါ။ ဒုတိယစာအုပ်မှာလဲ ပထမစာအုပ်မှာထက်စုံလားပေမဲ့ စီစဉ်ပုံမှာတော့ ကိုတင်ရွှေရဲ့စာအုပ်ကို မမီပါဘူး။

ကိုတင်ရွှေဟာ ရန်ကုန်မှာနေရင်း သူ့ခေတ်ကထုံးစံအတိုင်း စစ်ရေးအရ ဆိုဗီယက်ပြန်ကြားရေးဌာနမှာ ၀င်ရောက်လုပ်ကိုင်ပါတယ်။ အဲဒီကာလမှာ ဖဆပလအစိုးရရဲ့ အဓိကအတိုက်အခံအဖွဲ့က ပမညတပါ။ မြေပေါ်ကွန်မြူနစ်တွေလို့ခေါ်လေ့ရှိပါတယ်။ သူတို့အဖွဲ့နဲ့နီးစပ်သူတွေက အဲသလိုပဲ ရုရှား၊ တရုတ်စတဲ့ ကွန်မြူနစ်ပြန်ကြားရေးရုံးတွေမှာဝင်ပြီး လုပ်လေ့ရှိပါတယ်။ လင်းယုန်ဘ၀င်း၊ မောင်လင်းယုန်(ရှမ်းပြည်)၊ ဦးဌေးမြိုင်(ဒဂုန်တာရာမဟုတ်) စတဲ့ လက်ဝဲဂိုဏ်းစာရေးဆရာတွေလည်း ဒီလိုပဲဝင်လုပ်ကြပါတယ်။ ရုရှားနဲ့ တရုတ်ကွန်မြူနစ်တွေ နှစ်ဂိုဏ်းကွဲတော့ ဗမာပြည်မှာလဲ ဂယက်ရိုက်ပါတယ်။ ကျနော်တို့ ကိုတင်ရွှေက ဆိုဗီယက် ပြန်ကြားရေးဌာနမှာ အလုပ်လုပ်ရင်း တရုတ်ကွန်မြူနစ်ခေါင်းဆောင်ချုအင်လိုင်းရဲ့အတ္ထုပ္ပတ္တိစာအုပ်ကို ဘာသာပြန်ထုတ်ဝေတော့ အလုပ်ပြုတ်ပါတယ်။ ဒါပေမယ့် လျော်ကြေးရလိုက်တယ်လို့တော့ ကြားလိုက်ပါတယ်။ ချူအင်လိုင်းစာအုပ်ကရတဲ့ စာမူခနဲ့လား၊ လျော်ကြေးနဲ့လားမသိ၊ ခု အင်းစိန် နံ့သာကုန်းလမ်းမှာရှိတဲ့ အိမ်တဆောင်တော့ အဖတ်တင်လိုက်ပါတယ်။
ချူအင်လိုင်းစာအုပ်ကကျေးဇူးပြုတဲ့အိမ်မှာပဲ ကိုတင်ရွှေကွယ်လွန်ခြင်း နှစ်လည် ဆွမ်းကပ်တဲ့ပွဲများကို လုပ်လေ့ရှိပါတယ်။ အဲဒီအိမ်မှာပဲ အဘသခင်အုန်းမြင့်ဆုံပေးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ကဗျာဆရာများ ကဗျာကိစ္စ ကဗျာအကြောင်း ဆွေးနွေးကြတာတွေကို သတိရမိပါတယ်။ ဗိုလ်ချုပ်တင်ဦးပါ စိတ်အားထက်သန်စွာ ပါဝင်ဆွေးနွေးလို့ အံ့အားသင့်ရပါတယ်။ သူများထင်သလို နိုင်ငံရေး မဆွေးနွေးကြဖူးပါဘူး။

ရန်ကုန်မှာ ကျနော်မကျန်းမာဘူးကြားရင် အရင်ဆုံးပေါက်လာတတ်တာက ကိုတင်ရွှေပါ။ သင့်တော်ရာ ဆေးပုလင်းလေးတွေလည်း ပါလာတတ်ပါတယ်။ ရှစ်လေးလုံးကာလမှာတော့ ကျောင်းသားသမဂ္ဂအမှုဆောင်ဟောင်းတွေ အဖွဲ့ဖွဲ့စည်းပြီးပါဝင်လှုပ်ရှားကြလို့ အဲဒီကိစ္စအတွက် သူကျနော့်ဆီလာပါသေးတယ်။ မန္တလေး တကသခေါင်းဆောင်ဟောင်း၊ မြင်းခြံကိုအောင်သူ ရန်ကုန်ဆင်းလာပြီး ဦးခင်မောင်မြင့်တို့ ကိုညိုဝင်းတို့နဲ့ ပီကျူဖွဲ့မယ်လုပ်တော့ ကျနော်နဲ့တင်မိုးကငြင်းလိုက်ကြောင်း၊ အုပ်စုဖွဲ့ပြီး အဖမ်းခံသလို ဖြစ်မှာစိုးကြောင်း ပြောပြလိုက်ပါတယ်။

နောက်တခါလာတော့ သူနဲ့အတူ ကျနော်တို့ပါဝင်တဲ့ တကသအမှုဆောင်အဖွဲ့ ဓာတ်ပုံတခုပေးသွားပါတယ်။ သူပါတဲ့ အမှုဆောင်ဟောင်းများရဲ့လှုပ်ရှားမှုတခုကို ကျနော် မသွားနိုင်ခဲ့ပါဘူး။ ကျနော်တို့ဝဂ္ဂီရပ်ကွက်နဲ့ ကြံတောနာနတ်တောရပ်ကွက် တုတ်တပြတ် ဓားတပြတ် ရန်ဖြစ်ကြပြီး ရက်ကွက်မီးတင်ရှို့မယ်ကြားလို့ ဘယ်မှ မထွက်နိုင်တော့ပါဘူး။ နောက်တော့ အဖွဲ့ချုပ်ရုံးကို မကြာမကြာ ရောက်ပါတယ်။ ကျနော် အစိုးရအလုပ်မထွက်သေးလို့ အပြင်တာဝန်တွေပဲ ခိုင်းစရာရှိတာခိုင်းပါတယ်။

ကိုဝင်းတင်၊ ကိုဝင်းခက်၊ ကိုတင်ရွှေ၊ ကိုမိုးသူ၊ ကိုဝံသ၊ ဦးချမ်းအေး၊ ကိုထွေးမြင့်၊ ဗိုလ်သော်က စတဲ့ အဖွဲ့ချုပ်ဝင်တွေရှိရာကို ကျနော်ရုံးမတက်သေးဘဲသွားနေပါတယ်။ လိုအပ်တဲ့ စာအုပ်စာတမ်းတချို့ရှာပေးရပါတယ်။ ကိုတင်ရွှေနဲ့ကိုကြီးကောင်း(တကသ ဘကောင်း)၊ ကိုသိန်းတင်စတဲ့ ရဲဘော်တော်တော်များများကို တော်ဘုရားလေးအိမ်မှာ အစုလိုက်ဆုံကြရဖူးတာကိုလဲ အမှတ်တရ ဖြစ်နေပါသေးတယ်။ ဒေါ်စုမိခင် ဒေါ်ခင်ကြည်ဈာပနပို့ဆောင်ရင်း ဆုံမိကြတာပါ။ ဒေါ်ခင်ကြည်ရုပ်ကလာပ်ကို သီပေါမဟေသီ စုဖုရားလတ်ရဲ့ဂူသင်္ချိုင်းရှိရာ နယ်မြေအတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဦးသန့်တို့နဲ့ မြေတကွက်ထဲမှာ ဂူသွင်းသင်္ဂြိုဟ်ဖို့ကိစ္စနဲ့ ရောက်ရှိနေကြတာပါ။ ကိုတင်ရွှေက ရောက်ရာအရပ်မှာ ဒေါ်စုထူးချွန်ထက်မြက်ကြောင်းကို ပြောပြလေ့ရှိပါတယ်။

မင်းသားကြီးတော်ဘုရားလေးက မင်းသားနီလို့ သူ့အသိုင်းအ၀ိုင်းက နာမည်ပေးလောက်အောင် စိတ်အားထက်သန်တဲ့ မာက်စ်ဝါဒပီပီ ခုလိုမေးပါတယ် “ဒေါ်အောင်ဆန်းစုကြည်က လူတန်းစားအမြင်ဘယ်လိုရှိသလဲ…” တဲ့။ ကျနော်က “မင်းသားကြီးရယ် ခုဟာက လူတန်းစားတိုက်ပွဲမဟုတ်ပါဘူး။ ဒီမိုကရေစီတိုက်ပွဲမဟုတ်လား”လို့။ ကိုတင်ရွှေက ကျနော့်ကို ”ဒေါ်စုက သူ့ဖခင်အကြောင်းရေးထားတဲ့ စာအုပ်တအုပ်ရှိတယ်ပြောတယ်၊ ဖတ်ဖူးကြသလား…”တဲ့။ ကျနော် မနှစ်က(၁၉၈၇)ဖတ်လိုက်ရပါတယ်။ ကျနော်နဲ့ ကိုသာနိုး ဒီအကြောင်းတွေ ရေးပြီးပါပြီ။ ကိုသာနိုးက ”သမီးရေးတဲ့ အဖေအကြောင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုဝံသရဲ့အတွေးအမြင်စာစောင်မှာရေးတယ်။ ကျနော်က ”အမေဒေါ်ခင်ကြည်ကိုတွေ့ဆုံပြီး သင့်ဘ၀မှာရေးတယ်လေ…”ဆိုတော့ ကိုတင်ရွှေက စိတ်ဝင်တစားနဲ့ ”သူ့အဖေ ကွန်မြူနစ်ကလာပ်စည်း ဖွဲ့တဲ့အကြောင်း ဘယ်လိုရေးသလဲ…”တဲ့။ ”အထူးမပါ,ပါဘူး ကွန်မြူနစ်ဝါဒပဲ ဖြစ်ဖြစ်၊ ဘာဝါဒပဲ ဖြစ်ဖြစ် အစွန်းရောက်တာ၊ တင်းကြပ်တာတွေ မကောင်းကြောင်း၊ မကြိုက်ကြောင်းပဲ ရေးတာပါ…”လို့ပြောရင်း စာအုပ်ရနိုင်တဲ့ နေရာကို ပြောပြလိုက်ပါတယ်၊ ကျနော့်ဆီမှာ ရှိတာက မူပွားထားတဲ့ စာအုပ်ကလေးပါ။ ဒေါ်ခင်ကြည်၊ ဒေါ်စုနဲ့ကျနော်တို့ စကားပြောနေတဲ့ ဓာတ်ပုံတွေရော၊ စာအုပ်ရော၊ ခွပ်ဒေါင်းအလံရော၊ ကျနော့်ဇနီးက တခြားပို့လိုက်လို့ အိမ်မှာ မရှိတော့ပါဘူး။ (ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင်စတင်တည်ထောင်ပေးခဲ့တဲ့ တော်လှန်ရေးခေတ်ဦးကာလ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ကဏ္ဍကို သုတေသနပြုပြီး စာတမ်းတစောင်ရေးထားတာ ကျိုတိုတက္ကသိုလ်မှာရှိပါတယ်။ ပုံနှိပ်ဖြန့်ချီဖို့ ကောင်းပါတယ်။)

ကိုတင်ရွှေဟာ ခံယူချက်စွဲမြဲခိုင်မာသူ၊ ဆင်ဆင်ခြင်ခြင်နဲ့ ခေါင်းအေးအေးလုပ်တတ်သူပါ။ အညာသားလူရိုးကြီးပုံစံ အပြည့်ရှိပါတယ်။ ကျနော်ကို တချို့ရဲဘော်ဟောင်းတွေက အလုပ်ထွက်ပြီး နိုင်ငံရေးလုပ်ဖို့ ပြောကြပေမယ့် ကိုဝင်းတင်နဲ့ ကိုတင်ရွှေတို့က မပြောကြပါဘူး။ စာအုပ်စာတမ်းတွေ (အထူးသဖြင့် ပညာရေးနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ) ရှာဖွေစုဆောင်းထားဖို့ပဲ ပြောပါတယ်။ ကိုထွေးမြင့်ကလဲ စာအုပ်ပဲ ရှာခိုင်းခဲ့ပါတယ်။ သူတို့တတွေဟာ တသက်လုံးရိုးရိုးသားသား ယုံယုံကြည်ကြည်နဲ့ အဖိနှိပ်ခံပြည်သူတွေဘက်က အမြဲရပ်ကြပါတယ်။ လက်ညီတက်ညီလဲရှိကြပါတယ်။ ကိုတင်ရွှေနဲ့ကိုဝင်းတင်ကို မန္တလေးနိုင်ငံရေးအဖွဲ့အစည်းတွေကလဲ သူတို့မန္တလေးသားအဖြစ်နဲ့ လက်ခံအားကိုးကြလို့ သူတို့အဖွဲ့တွေမှာ နာယကအဖြစ်နဲ့လဲ တင်မြှောက်ထားကြပါတယ်။ ခု-မန္တလေးတိုင်းမှာ ကိုတင်ရွှေကို ဆက်ခံဆောင်ရွက်နေတဲ့ ကျောက်ပန်းတောင်းကရဲဘော် ဘိုဇံဆိုတာလဲ မန်းတကသခေါင်းဆောင်ဟောင်းတယောက်ပါပဲ။ ကျောင်းသားဘ၀ကတည်းက လက်တွဲခဲ့ကြသူတွေပါ။ တကယ်တမ်းပြန်ကြည့်လိုက်တော့ တပြည်လုံးမှာ အဖွဲ့ချုပ်အစရှိတဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင်အဖွဲ့အစည်းတွေမှာ အနည်းနဲ့အများ ပါဝင်လှုပ်ရှားနေကြသူတွေဟာ ကျနော်တို့ခေတ်ကတည်းက ဗကသ၊ တကသခေါင်းဆောင်တွေချည်းဖြစ်နေကြလို့ သမိုင်းပေးတာဝန်ကျေပွန်ပြီး အရေးကြီးရင် သွေးစည်းကြတဲ့ သူတို့တတွေအတွက် ၀မ်းမြောက်ဂုဏ်ယူမဆုံးပါဘူး။ တချို့အသက်ပေးသွားကြရှာပါပြီ။

အဖွဲ့ချုပ်ခေါင်ဆောင်တွေကို ဗိုလ်အောင်ကြီးအချက်ပြလိုက်ပြီးကတည်းက ဖမ်းကြတာအကုန်ပါပဲ။ ကိုတင်ရွှေလဲ အစကရှောင်နေသေးပေမဲ့ သိပ်မကြာလိုက်ဘဲ အဖမ်းခံပါတယ်။ စစ်တပ်အကျဉ်းထောင်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ကိုတင်ရွှေ၊ ဗိုလ်သော်က၊ ကိုသိန်းတင်၊ ကိုတင်မောင်ဝင်း၊ ကိုညိုဝင်း၊ ကိုခင်မောင်မြင့်၊ မြို့မတင်အေးစတဲ့ ရဲဘော်များဟာ ထောင်ထဲနဲ့ ထောင်ဘူးဝအထွက်မှာပဲ ထမ်းပိုးမချွတ်ဘဲ ကျဆုံးသွားခဲ့ရှာပါပြီ။

မန်းတက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင် ရဲဘော်ဟောင်းကြီး အဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကျနော်တို့ခေါင်းဆောင်၊ ကျနော်တို့အကို၊ မှိုင်းဗေဒပညာရှင် စာရေးဆရာ ရဲဘော်တင်ရွှေကို ဒီဆောင်းပါးနဲ့ အမှတ်တရ အလေးပြုလိုက်ပါတယ်။

ရဲဘော်တင်ရွှေ ရောက်ရာဘ၀မှာ သူအသက်ပေးပြီး တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဘ၀ကို အပြည့်အ၀ရရှိပါစေသတည်း။

မောင်စွမ်းရည်
ဧပြီ ၂၊ ၂၀၀၈၊ နယူယောက်။

Wednesday, April 16, 2008

စစ်အစိုးရရဲ့ ညစ်မျိုးတစ်ရာ့တပါး(တင်မိုး)


သမိုင်းပါရဂူ ဒေါက်တာသန်းထွန်း
လေလှိုင်းကမေးခွန်းတခုကြောင့်
အစွန်းရောက်စစ်ဝါဒီတွေက
မသတီစရာ
စာရေးခွင့်ပိတ်လိုက်ပါသတဲ့…။


ဆင်ဖြူတော်ရှစ်ခိုးခြင်း…တဲ့
တိရိစ္ဆာန်လောက်မှ အသိဥာဏ်မမြင့်ဘူး
အနက်ဖွင့်ရမှာပေါ့။

ဆရာသန်းထွန်း
မှန်လွန်းတဲ့စကားကြောင့်
ဗိုလ်ချုပ်များအရှက်ရ
အမြက်ရှတော်မူတယ်ဆိုပဲ။

ဗာလာနံတွေအနားက
ပြာရာပြာရာနဲ့
မှန်ပါ့ဘုရားတွေကတော့
ကျန်သမျစားကြွင်းစား
ဖားရင်းဖားနေကြပေမဲ့
တရားကိုမြတ်နိုး
အမှန်ကိုရှစ်ခိုးသူတွေကတော့
ကလောင်ရိုက်ချိုးခံကြရမှာပဲ။

ခေတ်သူခါးဓါးပြ
စစ်အစိုးရခေတ်မှာ
ညစ်မျိုး တရာ့တပါးနဲ့
ကြုံရမှာချည်းပါဘဲဗျာ။

တင်မိုး
၂၆ ၃ ၂၀၀၃

ဘီလူးနှင့်သူ၏နိုင်ငံတော်(သန်းထူးဝင်း)


အရင်းအနှီးတော့ များလာပြီ။

ဘီလူးကို ကျောသပ်၊ ချော့သူချော့ဆဲ
တချို့… အဲဒီဘီလူးနဲ့ အရက်ဝိုင်းဖွဲ့
တချို့… အဲဒီဘီလူးကို တကိုယ်လုံးပုံအပ်
တချို့… အဲဒီဘီလူးကို သိဒ္ဓိတင်
တချို့…အဲဒီဘီလူးနဲ့ စည်းဝါးရိုက်
တချို့… အဲဒီဘီလူးဖျားယောင်းမှုအောက် ဦးစောက်ကျမ်းသဒ္ဓါလန်
တချို့… အဲဒီဘီလူးစာ ဖြစ်သွားကြတော့တယ်။


တချို့… မသိချင်ယောင်ဆောင် ငြိမ်သက်
တချို့… နံနက်ခင်းအတုနဲ့ လင်းလို့ပျော်လို့
တချို့… အိမ်မက်တခုရမလား ထပ်ထပ်တိုးအိပ်
တချို့… မျက်စိပိတ်လည်းမှောင် ဖွင့်လည်းမှောင်
ဒါတောင် တမိုးသောက်ပြီလို့ ထ ထ ကုန်းအော်။

လမ်းကို သက်တောင့်သက်သာ သွားရသူလည်းရှိရဲ့
တချို့… လမ်းကိုဆန်တက် ကြမ်းတမ်းကျော်ဖြတ်
ခုချိန်ထိလည်း ယုံကြည်ချက်ကို သေကောင်ပေါင်းလဲ ဖက်တွဲထားဆဲ
လူထုအကျိုးဆိုတာ ကြားလေသွေး ဝေးတဲ့အမျိုးအစားမှမဟုတ်တာပဲ။

တချို့… အသေအလဲပေါင်းစပ်
အတ္တ ပရ
ရေ နဲ့ မီး
ဖက်ဆစ်နဲ့ ငြိမ်းချမ်းရေး
ပေါင်းစပ် ပေါင်းစပ်
သိက္ခာအပွန်းခံ အပဲ့ခံပေါင်းစပ်
အဲဒီမှာ အညံ့ခံတဲ့ စိတ်ဓါတ်တခုပဲရမယ်။

တချို့… စိတ်ရှည်သည်းခံဖို့နားချ
တချို့… စိတ်ရှည်ရှည်ထားရင်း
ဘ၀တိုတိုသွားရ။

အက္ကောဓ၊ အ၀ိဟေသ၀ါဒကိုဆုပ်ကိုင်ပြီး
‘သစ္စာဂြဟ’ကြတဲ့
ဟုတ်ကဲ့-
တခေတ်တခါက ငြိမ်ချမ်းရေးပုဂ္ဂိုလ်ကြီးတွေတော့ အားနာပါရဲ့
သူ့ခေတ်နဲ့သူ့ရန်သူ ဟုတ်ချင်ဟုတ်လိမ့်မယ်
ဒီနေ့ ဟိရိသြတ္တပသုညမှာပြနေတဲ့ စစ်ဘီလူးအောက်ကလူထုလား
နှလုံးရည်ဆိုတာ လက်ဖက်ရည်လောက်
အလုပ်မဖြစ်မှန်း သိ သိလာကြတယ်။

စိုးရိမ်တတ်ရင်ပြောပါတယ်…
လူထု‘တောက်’ခေါက်သံ
ပိုပြီးကျယ်လာတယ်။


စိုးရိမ်တတ်ရင်ပြောပါတယ်…
သေသူတို့က နားစွင့်နေမယ်ဆိုတာ
လူထုသိထားတယ်။


စိုးရိမ်တတ်ရင်ပြောပါတယ်…
စစ်ကိုချစ်တဲ့ပြည်သူ မရှိပါဘူး။
သို့ပေမယ့်လည်း မြန်မြန်ထက်ထက်
အာဏာရှင်အောက်က လွတ်မြောက်ဖို့အတွက်ဆို
ဘက်ပေါင်းစုံက ကြိုးပမ်းသမျှ
သူတို့ကြိုဆိုကြလိမ့်မယ်။


သူတို့သွေးနဲ့အားဖြည့်သွန်းလောင်း
သုတ်သင်ပေးလိမ့်မယ်။

စိုးရိမ်တတ်ရင်ပြောပါတယ်။


Twitter Delicious Facebook Digg Stumbleupon Favorites More