This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, March 30, 2008

နယူယောက်မြို့ လူ့အခွင့်အရေးနေ့မှာ မစိုးရိမ်ဆရာတော်ကြီးရဲ့သြ၀ါဒ (မှတ်တမ်းတင်ရေးသားပေးပို့သူ-မောင်စွမ်းရည်)

၁။ စစ်အစိုးရကိုထောက်ခံရင် ကံကြီးထိုက်မယ်။
၂။ နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွှတ်ကြစမ်းပါ။


ဗမာနိုင်ငံ ရှစ်လေးလုံး နိုင်ငံရေးအုံကြွမှုကာလအတွင်းက ကျောင်းသားဖုန်းမော် ကျဆုံးခဲ့တဲ့နေ့ကို ဗမာ့နိုင်ငံရေးအဖွဲ့အစည်းများနဲ့ ကျောင်းသားအဖွဲ့အစည်းအားလုံးက ဗမာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ နယူးယောက်မြို့မှာ မတ်၁၅ရက်နေ့၊ စနေနေ့က ကုလသမဂ္ဂပလာဇာ ဒုတိယထပ်မှာ ဗမာနိုင်ငံလူအခွင့်ရေးအထိမ်းအမှတ်နေ့ကို ကျင်းပပါတယ်။ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲကို နှစ်ပိုင်းခွဲပြီးကျင်းပရာ ပထမပိုင်းမှာ နယူးယောက် ဗမာလူငယ်များဦးစီးပြီး ဒုတိယပိုင်းကို သာသနာမောဠိအဖွဲ့က ဦးစီးကျင်းပခဲ့ပါတယ်။ ပထမပိုင်းမှာ မန္တလေးတက္ကသိုလ်၊ သမိုင်းဆရာဟောင်း ဦးအောင်ခန့်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ဒုတိယပိုင်းမှာ ဦးစန္ဒာဘာသ(ဘက်ဖဲလို)က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပါတယ်။

ပထမပိုင်းအခမ်းအနားမှာ ကဗျာဆရာဦးစွမ်းရည်က ဖုန်းမော်ကဗျာရွတ်ဆိုဖွင့်လှစ်ပြီးနောက် အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဥက္ကဋ္ဌဦးအောင်စောဦးက “ဗမာ့စစ်တပ်ရဲ့ လူသတ်မှုသမိုင်းကြောင်း”ကို သုတေသနပြုလုပ်ထုတ်ဖော်ဟောကြားပါတယ်။ ဆက်လက်ပြီး ရှစ်လးလုံးကာလ၊ လူ့ဘောင်သစ်အဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန်နဲ့ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်ဟောင်းများဖြစ်ကြတဲ့ ကိုရင်အေး၊ ကိုအောင်ကျော်မြင့်၊ ကိုဇော်ဝင်းစသူတို့က ဖုန်းမော်ကျဆုံးစဉ်က အတွေ့အကြုံများကို ပြန်လည်တင်ပြကြပါတယ်။
ဒုတိယပိုင်းမှာ သာသနာမောဠိအဖွဲ့၊ ပဓာန နယကဆရာတော်ကြီးဖြစ်တဲ့ မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒနဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝိလာသတို့က သြ၀ါဒစကားများပြောကြားသွားကြပါတယ်။
ဆရာတော်ကြီးဦးကောဝိဒက မိမိအနေနဲ့ ရှစ်လေးလုံးကာလတုန်းက ပြည်သူလူထုနဲ့တကွ သံဃာတော်တွေကို မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတဲ့ စစ်အစိုးရကို ကြည့်နေလို့ မဖြစ်တော့လို့ သံဃာတော်များမှာရှိတဲ့ တခုတည်းသာပိုင်ဆိုင်တဲ့ သပိတ်ကိုအသုံးပြုပြီး ပတ္တနိက္ကုဇ္ဇနခေါ်သပိတ်မှောက်ကံဆောင်မှုကို ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။ ဦးသုမင်္ဂလစတဲ့ တိပိဋိက ဓမ္မဓရ ဆရာတော်ကြီးများလဲ ပါဝင်ခဲ့ပါတယ်။ မိမိမှာ မန္တလေး မစိုးရိမ်တိုက်ဟောင်း၊ တိုက်သစ်နှစ်ကျောင်းနဲ့ ရန်ကုန်မှာပါစာချခဲ့ရာမှာ ဗမာပြည်အနှံ့အပြားမှာ တပည့်သံဃာပေါင်း ၆၀၀၀ကျော်ရှိခဲ့လို့ သူတို့လဲပါဝင်ဦးဆောင်ပြီး သပိတ်မှောက်ကြပါတယ်။ ဒါကြောင့် မိမိနဲ့တကွ သံဃာတော်များစွာ ဖမ်းဆီးနှိပ်စက်ခံကြရပြီး တချို့ပျံလွန်ခဲ့ရပါတယ်။ မိမိမှာ ခုနှစ်နှစ်မျှအကျဉ်းချခံရပြီး လွတ်တဲ့အခါ အမေရိကန်ပြည်ထောင်စုကို ထွက်ခဲ့ပါတယ်။ နောက်အခါ ပြည်တွင်းမှ သံဃာတော်များချည်း စုပေါင်း ချီတက်ရင်း မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြကြတာကို သေနတ်နဲ့ ပစ်ပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ပြန်ပါတယ်။ ဒါ့ကြောင့် မနေသာလို့ ပြည်ပကနေ သာသနာ့မောဠိအဖွဲ့ကြီးကို ဦးဆောင်ဖွဲ့စည်းပြီး စစ်အစိုးရမပြုတ်မချင်း သံဃာများက တတ်နိုင်တဲ့နည်းနဲ့ လုပ်ဆောင်သွားဖို့ ဆောင်ရွက်နေပါတယ်။

သံဃာတော်များ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရပုံတွေကို သမိုင်းပြုစုထားဖို့လိုပါတယ်။ ရှေးခေတ်ကဗမာရေးမှာ မင်းဆိုးမင်းညစ် ရှမ်းသိုးဟန်ဘွားက သတ်ဖြတ်ခဲ့လို့ ဂငယ်သုံးခု ဥသျစ် ဆိုပြီး သမိုင်းတွင်ခဲ့ပါတယ်။ ၈၈၈(ရှစ်ရာရှစ်ဆယ့်ရှစ်)ခုနှစ်မှာ ဖြစ်ပွားခဲ့တယ်လို့ အဓိပ္ပာယ်ရပါတယ်။ (ရှမ်းသိုဟန်ဘွားကို ဘုရင့်နောင်က မင်းဆိုးမင်းညစ်အဖြစ်တော်လှန်ခဲ့ပါတယ်။ ရှမ်းဗမာလူမျိုးရေးကိစ္စမဟုတ်ပါ။ ဘုရင့်နောင်ကပဲ ရှမ်းလူမျိုးကုန်းဘောင်စော်ဘွားကို ပြန်လည် နန်းတင်ခဲ့တာကို သတိပြုမှတ်သားရပါမယ်။)

ဆရာတော်ကြီးက မိမိကိုယ်တိုင် ငွေကုန်ကြေးကျခံပြီး သံဃာ့အရေးတော်ပုံဓာတ်ပုံများ၊ အမျိုးမျိုးပါရှိတဲ့ ရုပ်ပုံကတ်ပြား ၄-၅ မျိုးရိုက်နှိပ်ဖြန့်ဝေစေချင်ကြောင်း၊ ပြည်တွင်းမှာလဲ မသိလိုက်ကြသူများ အနှံ့အပြားသိကြရအောင် ပေးပို့ဖြန့်ဝေချင်လို့ ကူညီကြဖို့အကြောင်းကိုလဲ မိန့်ကြားသွားပါတယ်။ ၁၃၀၀ပြည့်အရေးတော်ပုံကာလ ဘုန်းကြီး သတ္တမတန်းကျောင်းသားဘ၀မှာ မန္တလေး ၂၆ ဘီလမ်းပေါ်မှာ အင်္ဂလိပ်အစိုးရက သေနတ်နဲ့ ပစ်ခတ်နှိမ်နှင်းလို့ သံဃာတော် ၇ ပါးပျံလွန်တော်မူခဲ့ပါတယ်။ အဲဒါလဲသမိုင်းရှိပြိး မန္တလေး-စစ်ကိုင်းသွားကားလမ်း၊ အမရပူရမြို့မရောက်ခင် နေရာမှာ ရဟန်းအာဇာနည်အုတ်ဂူများ တည်ဆောက်ထားရှိပါတယ်။
ကျောင်းသားသမဂ္ဂအဆောက်အဦးကို စစ်တပ်အာဏာပိုင်များက ဗုံးခွဲဖြိုဖျက်ခဲ့တဲ့ ၇-ရက်ဇူလိုင်သမိုင်း၊ အလုပ်သမားလှုပ်ရှားမှုသမိုင်း၊ ရှစ်လေးလုံးသမိုင်းစတဲ့ သမိုင်းဝင်အရေးတော်ပုံတွေကို မော်ကွန်းထိုးထားကြသလို သံဃာအရေးတော်ပုံကြီးကိုလဲ မော်ကွန်းထိုးကြရပါမယ်။ စသည်ဖြင့်လဲ ဟောကြားသွားပါတယ်။
ဆရာတော်ကြီးအနေနဲ့ ပြည်သူလူထုတရပ်လုံးကို ဦးတည်ပြီး သြ၀ါဒပေးသွားတဲ့အဓိက အချက်နှစ်ချက်ရှိပါတယ်။ ပထမအချက်က နိုင်ငံရေးသမားများ ညီညွှတ်ရေးပဲ ဖြစ်ပါတယ်။ ဘုန်းကြီးအနေနဲ့ နိုင်ငံရေးကို မသိဘူး၊ ဒါပေမဲ့ ရှစ်လေးလုံးကာလကတည်းက မတရားတာတွေမြင်လို့ ထပြီး ဦးဆောင်ခဲ့တယ်။ သပိတ်မှောက်ခဲ့တယ်။ ခုပြည်ပရောက်လာတော့လဲ နိုင်ငံရေးနဲ့ ကင်းကင်းပဲ နေခဲ့တယ်။ ခုအခါ နိုင်ငံရေးသမားတွေနဲ့မလွှဲမရှောင်သာ တွေ့ဆုံရတော့ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့၊ ပုတ်ခတ်တိုက်ခိုက်နေတာနဲ့ အချိန်ကုန်နေကြလို့ သိပ်စိတ်ပျက်မိတယ်။ စစ်အာဏာရှင်ကို မတိုက်နိုင်ဘဲ ကိုယ့်အချင်းချင်းတိုက်နေကြတယ်။ ဒါကြောင့် ခုအခါ ညီညွှတ်ကြစမ်းပါလို့ ပြောချင်တယ်။ ဟန်ဆောင်ဖြစ်ဖြစ်ညီညွှတ်ကြစမ်းပါလို့ သြ၀ါဒပေးသွားပါတယ်။
ဒုတိယအချက်ကတော့ ခုအခါ ပြည်ပရောက်ဗမာများကို မဲပေးဖို့ စစ်အစိုးရက စာတွေပို့နေတယ်။ တချို့ဒကာ-ဒကာမတွေကလဲ ဗမာပြည်ကို မပြန်ရမှာစိုးလို့ မဲပေးဖို့ နန့်နန့်တက်နေကြတယ်။ ဘုန်းကြီးလဲ ပြန်ချင်ပါတယ်။ ဒါပေမယ့် အောင့်ထားတယ်။ စစ်အစိုးရကို မဲပေးထောက်ခံသူတွေဟာ စစ်အစိုးရနဲ့ကြံရာပါတွေ ဖြစ်သွားပါလိမ့်မယ်။ သံဃာတွေက စစ်အစိုးရကို သပိတ်မှောက်ထားတာ ခုထက်ထိ မလှန်သေးဘူး။ သပိတ်မှောက်တယ်လို့ တင်စားပြောတာ။ ဟိုဘက်အိမ်က ဆူနေတယ်လို့ ပြောတာဟာ အိမ်ကြီးကဆူတာ မဟုတ်ဘူး။ အဲဒီအိမ်ထဲကလူတွေ ဆူနေတာကို ဥပမာနည်းနဲ့ တင်စားပြောတာ။ ဘုန်းကြီးများသပိတ်မှောက်တယ်ဆိုတာ စစ်အစိုးရကို သာရေးနာရေးကအစလုံးဝမဆက်ဆံဘူးလို့ ကြေငြာတာ။

သံဃာသပိတ်မှောက်ခံရသူများဟာ ကံကြီးထိုက်တတ်တယ်။ သူတို့လဲ အလွန်ဆုံးနှစ်လအတွင်းမှာပဲ ကံကြီးထိုက်လိမ့်မယ်။ သူတို့ကို မဲမပေးကြနဲ့လို့ ဘုန်းကြီးတို့က မပြောကောင်းဘူး။ ၀ိနည်းနဲ့ ထောက်နိုင်တယ်။ ပေးချင်ပေးကြ။ ပေးသူတွေဟာ သူတို့ကို ထောက်ခံ အားပေးရာကျလို့ သူတို့နဲ့အတူကံကြီးထိုက်လိမ့်မယ်လို့ သတိပေးလိုက်တယ်။ ဗမာပြည်ကိုလဲ လှမ်းပြီးအော်ပြောလိုက်မယ်။ စစ်အစိုးရကို အားပေးထောက်ခံသူတွေကံကြီးထိုက်မယ်။ သတိထားလို့။ ဒါကြောင့် ပြည်ပက ဒကာဒကာမတွေလဲ နန့်နန့်တက်မနေကြနဲ့။ ဘုန်းကြီးတို့လဲ တောင့်ထားမယ်။ ဒကာ ဒကာမတွေလဲ ခဏအောင့်ထားလိုက်ကြ။ ကံကြီးထိုက် မခံကြရစေနဲ့လို့ သတိပေးလိုက်ပါတယ်။ စသဖြင့် သြ၀ါဒပေးသွားပါတယ်။

ဆရာတော်ကြီး သြ၀ါဒပေးပြီးတဲ့နောက် ဒုတိယဥက္ကဌ ဦးဝိလာသနဲ့ ရဟန်းပျိုသမဂ္ဂဦးအဂ္ဂဓမ္မတို့က သြ၀ါဒများနဲ့ အတွေ့အကြုံများကို မိန့်ကြားတင်ပြပြီးနောက် ဦးဇင်း ဦးခေမိဿရဦးဆောင်ပြီး သံဃာများနဲ့ သံဃသြ၀ါဒလာရောက်ခံယူကြသူ ဒကာ ဒကာမများက သံဃာအရေးတော်ပုံ ပိုစတာများကို ကိုင်၍ဆင်းပြီး နယူးယောက်မြို့လယ်မှာ လမ်းလျောက်ဆန္ဒပြရင်း အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်။
၁။ စစ်အစိုးရကို ထောက်ခံသူတွေ ကံကြီးထိုက်မယ်။
၂။ နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွှတ်ကြပါ။

ဦးကောဝါဒ (မစိုးရိမ်ဆရာတော်ကြီး)
သာသနာ့မောဠိအဖွဲ့၊ ပဓာန နယကဆရာတော်

ဆရာတော်ကြီးရဲ့မိန့်ခွန်း မှတ်တမ်းတင်သူ
မောင်စွမ်းရည်
၁၆ မတ် ၂၀၀၈
နယူးယောက်

တိုင်းပြည်ရဲ့ကံကြမ္မာကိုအဆုံးအဖြတ်ပေးတဲ့ကာလရောက်တော့မယ် (ရဲဘော်ဖိုးသံချောင်း)


တိုင်းပြည်တပြည်မှာနိုင်ငံရေးအကြပ်အတည်း၊ ဒါမှမဟုတ်ရှေ့ မတိုးသာနောက်မဆုတ်သာအခြေအနေမျိုးကြုံလာရရင် ဆေးမြီး တိုက အစတဘောင်ပေး၊ နတ်လမ်းညွှန်ပေးတာတွေ၊ ရွှေငုံးမင်းအမြီးမျော်သလို မျော်ခိုင်းတာစတာတွေ ဟိုကဒီကပေါ်လာတတ်ပါတယ်။ ပုံမှန်အခြေအနေမှာ နိုင်ငံရေးစကားပြောနေသူ မဟုတ်သူတွေတောင် ဒီလိုအခါမှာ ခုန်ထွက်လာတတ်ပါတယ်။ ဒါမဆန်းပါဘူး။ တကမ္ဘာလုံးမှာ ဖြစ်တတ်တာပါပဲ။

ဒါပေမဲ့ အဲဒီလိုသဘောတရားတွေထုတ်လာသူတွေဟာ ဘယ်လိုသဘောထားနဲ့ပေးတယ်ဆိုတာကိုတော့ သေချာစိစစ်ဖို့လိုပါတယ်။ တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်မှာ စေတနာရှိသူတွေပါတတ်သလို တချို့ကတော့ ဒီတကွေ့မှာဖြင့်ငါ့အကွက်ပေါ်ပြီလို့ယူဆပြီး ထွက်လာတာပါ။
ငါ့အကွက်ဆိုတာမှာ အတိုက်အခံနိုင်ငံရေးလောကမှာဆိုရင် ခေါင်းဆောင်ဖြစ်ဖို့၊ ထင်ပေါ်ကျော်စောဖို့၊ အလိုတော်ရိလောကမှာ ဆိုရင် ငါမျက်နှာရအောင်လုပ်ဖို့၊ ရာထူးနေရာရဖို့၊ စတာမျိုးတွေပါတတ်ပါတယ်။ စစ်အစိုးရကိုဆန့်ကျင်ရတဲ့ ဒီမိုကရေစီတိုက်ပွဲသက်တမ်း ရှည်ကြာလာတာနဲ့အမျှဒီလိုထူးထူးဆန်းဆန်း အယူအဆတွေတွေ့လာရပါတယ်။ တချို့ဆိုရင်အနောက်တိုင်းက စာအုပ်တွေထဲမှာပါတာ တွေကို ကိုယ့်နိုင်ငံအခြေအနေနဲ့သင့်တော်သည်၊ မသင့်တော်သည်မစဉ်းစားပဲ အတင်းဆွဲယူပြီး သဘောတရားဖန်တီးကြတာတွေ့ရ ပါတယ်။ ဖိနပ်မတော်ရင် ဖနောင့်ဖြတ်မယ့်သဘောပါ။

ဗမာပြည်ရဲ့လက်ရှိအနေအထားမျိုးမှာ အာဏာရလူတန်းစားဟာ “ခွင်လုံးကျွတ်နိုင်ချင်နေသမျှ”၊ ဒါမှမဟုတ် “ခွင်လုံးကျွတ် အနိုင်ယူဖို့ပဲတွေးခေါ်လုပ်ဆောင်နေသမျ” ဘယ်တော့မှ နှစ်ဖက်အနိုင်ရရှိတဲ့ “Win - Winဖြေရှင်းနည်း” ဖြစ်ပေါ်မလာနိုင်ပါဘူး။ “Win - Winဖြေရှင်းနည်း”ဆိုတာဟာ နှစ်ဖက်စလုံးကသဘောရိုးနဲ့၊ အဖြေကောင်းရလိုတဲ့ဆန္ဒအစပြုချက်နဲ့ ဆွေးနွေးကြမှရတာပါ။ အာဏာရလူတန်းစားက “သူ့ဘက်က အနိုင်ရနေတယ်”လို့ထင်နေသမျှ “ဂိမ်းသီဝရီ” ဆိုတာအလုပ်မဖြစ်နိုင်ပါဘူး။

ဒီနေ့ဗမာပြည် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ရန်သူဟာ ဘယ်လိုလူလဲဆိုတာကို အကဲဖြတ်တာမှာကိုပဲ ပြဿနာရှိနေပါတယ်။ စစ်ဗိုလ်ချုပ်တွေကို ပန်းပန်၊ သနပ်ခါးလိမ်းပေးနေပြီး ဒီချုပ်ကိုအိုးမည်းသုပ်ဖို့ကြိုးစားနေတာတွေလည်းတွေ့ရပါတယ်။ ကိုယ့်ဖက်ကသူ့ကိုကြည့်ရင်တမျိုး၊ သူ့ဖက်က ကိုယ့်ကိုကြည့်ရင် တမျိုးဆိုတာမဆန်းပါဘူး။ ဒါပေမဲ့ဘယ်ဖက်မှာရပ်တယ်ဆိုတဲ့ကိစ္စကိုတော့ ပြောရပါမယ်။
ဒီနေ့ဗမာပြည်ကြုံတွေ့နေရတဲ့ အကြပ်အတည်းဟာ လက်နက်ကိုင်ထားတဲ့ အာဏာရလူတန်းစားက အာဏာကိုပြည်သူကရွေးကောက်တင်မြှောက်သူတွေလက်ထဲ လွှဲပြောင်းဖို့မပြောနဲ့ တဖဲ့တစတောင် ခွဲမပေးချင်လို့ဖြစ်ပါတယ်။

တချို့သော ကိုယ့်ကိုယ်ကို နိုင်ငံရေးပရောဟိတ်လို့ သတ်မှတ်ယူဆနေသူတွေပြောသလို အတိုက်အခံတွေဖက်က၊ အထူးသဖြင့် အမျိုးသားဒီမိုကရေစီဖက်က အလျော့မပေးလို့၊ တင်းခံနေလို့လုံးဝမဟုတ်ပါဘူး။ ဒါကြားထဲကပဲ“ကိုယ်ကလျော့ပေးရင် သူကလည်းလျော့ပေးလာမယ်”ဆိုတဲ့ အံ့သြစရာစဉ်းစားတွေးခေါ်နည်းတွေ တောင် ကြားရ ဖတ်ရပါတယ်။ သူတို့ဟာ နအဖကိုဖားချင်လွန်းတာလား၊ နုံအလွန်းတာလား စဉ်းစားစရာဖြစ်နေပါတယ်။ ဒီထက်ဒီသာဆက်ပြီး အလျော့ ပေးရမယ်ဆိုရင်တော့ခါးပါ,ပါယုံမက “ကျားရှေ့ခံတွင်းရှေ့မှာ ကိုယ်ကိုစင်းပေး” တာပဲဖြစ်မှာတော့မှာပါ။

ဒီအတွေးအခေါ်တွေနဲ့ တဆက်ထဲတချို့က ဗမာပြည်ရဲ့ “ပြည်တွင်းစစ်သမိုင်းကိုလည်း သူတို့ဖြစ်စေချင်သလိုဆွဲတွေး၊ ဆွဲရေးနေတာတွေပေါ်လာနေပါတယ်။ နအဖပေးထားတဲ့ဒီမိုကရေစီဟာ သူတို့ရဲ့အဲဒီလိုရေးသားမှုတွေအတွက်တော့ တကယ့်ကိုအံကိုက်ပါ။ ပြန် စဉ်းစားကြည့်ပါ။

စေ့စပ်ဆွေးနွေးပြီး ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ထောင်ဖို့ ဗကပက ၁၉၅၅ခုနှစ်မှာ ကမ်းလှမ်းတုန်းက ‘စစ်အုပ်စု’ဟာ တပ်မတော်ရဲ့တစိတ်တပိုင်းမှာပဲ ဘန်ကာတူး၊ အခြေစိုက်နေရတုန်းပဲဖြစ်ပါတယ်။ ‘မဆလ ဆိုရှယ် လစ်အတွေးအခေါ်’”ဆိုတာကို စတင်ပြီးတော့ ကြံဆနေရတုန်းဖြစ်မှာပါ။ စစ်အုပ်စုအပိုင်စီးထားတဲ့ ‘စိတ်ဓာတ်စစ်ဆင်ရေးဌာန’ကို အသုံးပြုပီး‘ခေတ်ရေး’ စာစောင်ကလေးတွေထုတ်နေပြီး တပ်ကိုတလက်ကိုင်ဖြစ်အောင် ကြိုးစားစည်းရုံးနေတုန်းဖြစ်ပါတယ်။ (အဲဒီ ‘ခေတ်ရေး’ စာစောင်ကလေးတွေကို ပြန်လည်လေ့လာကြည့်ရင် ရှင်းပါလိမ့်မယ်။ သောင်းနဲ့ချီရိုက်ပြီးအလကားဝေခဲ့တာမို့ အခုရှာရင် ရနိုင်ပါသေးတယ်။) ဒါကြောင့်အဲဒီတုန်းကတည်းက ‘ဖဆပလ အစိုးရ’ရဲ့တရားဝင်ပေါ်လစီ’နဲ့‘စိတ်ဓာတ်စစ်ဆင်ရေး’ရဲ့ ပေါ်လစီဟာ အတိအလင်းကွဲပြားနေတာကိုလည်း တွေ့ကြရမှာပါ။ စစ်တပ်ဟာဦးနုကို မျက်လုံးထဲတောင်မထားပါဘူး။

ဗကပထဲမှာလည်း အဲဒီတုန်းကတည်းက ကိုယ့်ဘက်ကလျော့ပေးလိုက်ရင် သူ့ဘက်ကလည်းလျော့ပေးလိမ့်မယ်ဆိုတဲ့ အတွေး အခေါ်ကို စစ်တမ်းတွေပလူပျံအောင်ရေးပြီး ဖြန့်နေကြတာပါ။ အလွယ်ဆုံးဥပမာပြရရင်“ချမ်းအေးစစ်တမ်း”ပါ။ ဒါကတခုပဲဖြစ်ပါတယ်။ တခြားစစ်တမ်းတွေလည်းရှိပါသေးတယ်။
ဒါပေမဲ့ အဲဒါတွေအားလုံးမှာ အခြေခံအတွေးအခေါ်ကတော့ တခုတည်းပါ။ အဲဒါက “ကိုယ့်ဘက်ကလျော့ပေးမှ သူ့ဘက်ကလျော့လာမယ်”ဆိုတဲ့အတွေးအခေါ်ဖြစ်ပါတယ်။ အဲဒီအယူအဆရှင်တချို့က“ဆုတ်မယ့်ဆုတ် ကတုတ် ထိအောင်ဆုတ်ရမယ်” လို့ပြောပြီးလက်နက်ချအညံ့ခံဖို့ပြောကြပါတယ်။ သူတို့ မစဉ်းစားမိတာက “ခွင်လုံးကျွတ် အနိုင်ယူချင်သူဟာ လျော့ပေးရင် ကမ်းတက်တတ်တယ်” ဆိုတာပါပဲ။

“ဒီမိုကရေစီကို လက်နက်နဲ့လဲ”လို့ မရခဲ့တာကိုတော့ “ပြည်သူ့ရဲဘော်”တွေ “အလံနီ”တွေရဲ့ ဖြစ်ရပ်ကသက်သေပြခဲ့ပါပြီ။ “ဒီမိုကရေစီကို ‘မဲပြား’နဲ့ရအောင်လုပ်ရင်ရမယ်။ ‘အကြမ်းမဖက်ရေး’နဲ့ လုပ်ရင်ရမယ်ထင်တဲ့ ‘ထင်ယောင်မှားမှု’ကိုတော့ ပထစ နဲ့ ဒီချုပ်အတွေ့အကြုံတွေက ပြသွားခဲ့ပြီမဟုတ်ပါလား။ အခုတော့ ‘စိတ်ဓာတ်စစ်ဆင်ရေး’မှာ အောက်သက်ကျေခဲ့တဲ့ ဗိုလ်သန်းရွှေက “တရားခံအဖြစ်ခံပြီး”အခြေခံဥပဒေ ရေးဆွဲလိုက်ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နောက်ဆုံးလက်သီးချက်သွင်းတဲ့ coup de graceအဆင့်ကို ရောက်နေပြီ။

စစ်အုပ်စုဟာ ‘စစ်တပ်နဲ့အာဏာသိမ်း’ coup de graceနဲ့ စခဲ့ပြီး coup de graceနဲ့ စစ်အုပ်စုမင်းဆက်ကို ထူထောင်ချင်ကြောင်းဖော်ပြနေတာဖြစ်ပါတယ်။ဒိထက်ထပ်လျော့ရင်ဘာဖြစ်မလဲ။ ပြားပြားဝပ်တဲ့ဘ၀ပဲရောက်မှာပါ ။အညွန့်တုံးတဲ့ဘ၀ပဲရောက်မှာပါ။ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်၊ ဒီ ၂ နှစ်အတွင်းမှာ အဖြစ်အပျက်တွေဟာ ဗမာပြည်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပါလိမ့်မယ်။ ဘာဖြစ်မလဲ။ အကောင်းလား၊ အဆိုးလားတွေ့ရတော့မှာပါ။ ကြာကြာစောင့်ရမယ် မထင်ပါဘူး။ တွေဝေနေရင် တသက်တာလုံး ခံရပါလိမ့်မယ်။
ဖဆပလ - ပထစ - မဆလ တို့ရဲ့ဇာတ်သိမ်းမျိုးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မသိမ်းရလေအောင် ကျနော်တို့တတွေအားလုံး ကြိုးစားကြရပါမယ်။ ဒါဟာ နောက်မြီးဆွဲလုပ်တာမဟုတ်ပါဘူး။ သမိုင်းတခေတ်မှာရင်ဆိုင်ရတဲ့ အခြေအနေမှာ ကိုယ့်ကျတဲ့အခန်းကနေ ၀င်ပါတာဖြစ်ပါတယ်။

တကယ်တော့ဗမာပြည်ရဲ့အဖြစ်ဟာ ဖွတ်မိကျောင်းဖြစ်လာလို့ ဖွတ်ကျောပြာစုဘ၀ရောက်ရတာပါ။ ၁၉၅၅ခုနှစ် လောက်တုန်းက စစ်အုပ်စုဟာအိမ်မြှောင်အဖြစ်ကနေ ပြည်တွင်းစစ်ကြောင့် ကြီးထွားလာတဲ့‘ဖွတ်ဘ၀’ပဲရှိပါသေးတယ်။ ဒီလိုနဲ့ ၁၉၅၈ ခုနှစ်မှာ ဖဆပလကွဲတော့ တဆင့်တက်လာပါတယ်။ စစ်အုပ်စုဟာ ‘နိုင်ငံတော်အာဏာပိုင်’အဖြစ် ယာယီဖြစ်လာပါတယ်။ အာဏာရဲ့အရသာကို လျာနဲ့လျက်ခွင့်ရလိုက်ပါတယ်။ နေသေးသပခြုံထဲက၊ ချိုသွေးသပတမြမြလုပ်နေပါတယ်။

ဗိုလ်နေ၀င်းနဲ့သူ့တပ်မှူးတွေဟာ ၁၉၅၈ခုနှစ်မှာ သူတို့ကို“အာဏာလွှဲပေးခဲ့တဲ့” ဦးနုရဲ့ပထစအစိုးရကို ခဏစောင့်ကြည့်ပြီး ၁၉၆၂ ခုနှစ်မှာကျတော့ သူတို့အာဏာသိမ်းရင် ပထစတွေလွန်ဆန်နိုင်မှာမဟုတ်ဘူးလို့တွက်မိပြီး တဆင့်တက်လိုက်တာပါပဲ။ အာဏာကို အပြီးအပိုင်သိမ်းလိုက်တာပါ။ ကမ္ဘာတည်သရွေ့အာဏာကို ဆုပ်ကိုင်ထားနိုင်ဖို့အတွက် ‘မဆလအလံ’ကိုလည်း အတိအလင်းထူပြလိုက်ပါတယ်။

၁၉၈၈ မှာ စစ်အုပ်စုဟာမျိုးဆက်သစ်ကို အာဏာအမွေလွှဲပေးပါတယ်။ ရှစ်လေးလုံးတိုက်ပွဲကြီးကြောင့် ဗိုလ်နေ၀င်း ပန်းပေးသွားတာပါ။ ၁၉၈၈ ခုနှစ်ကနေ အခု၂၀၀၈ ခုနှစ်အထိမှာတော့ အာဏာကိုလဲလွှဲမပေး၊ စစ်တန်းလျားကိုလည်းမပြန်တော့ပါဘူး။ နေပြည်တော်အသစ်ထူထောင်ပြီး အာဏာကိုရာသက်ပန် သိမ်းထားမယ်ဖြစ်နေပါပြီ။ အခုဗမာပြည်သူတွေရင်ဆိုင်နေရတာဟာအာဏာကို တရားဝင်ရာသက်ပိုင်ဆုပ်ကိုင်ထားဖို့အတွက် ဥပဒေပြုနေတာနဲ့ စစ်အင်အားတည်ဆောက်နေတဲ့ အနေအထားဖြစ်ပါတယ်။

၂၀၀၀ ခုနှစ် ၀င်လာကတည်းက နိုင်ငံတကာ့အခြေအနေကလည်း တစတစပြောင်းလာလိုက်တာ အခုတော့ ဗမာပြည်ဟာ အင်အားကြီးတွေရဲ့ကြားမှာ ကစားစရာဖြစ်နေပါပြီ။ ကုလသမဂ္ဂကိုပြေးတိုင်လိုက်၊ ကုလသမဂ္ဂကိုရန်ထောင်လိုက်နဲ့ လူရီစရာတွေ ဖြစ်လာပါလိမ့်မယ်။ ပြည်ပမှာသူများတွေက အမှိုက်လှည်းကြီးလို့ ထင်စရာဖြစ်လာနေချိန်မှာ ပြည်တွင်းမှာကျတော့ ဖွတ်ကမိကျောင်း ဖြစ်တာ ကြာပြီဖြစ်တဲ့အတွက် မြစ်ပြင်တခုလုံး မချမ်းသာရုံမက မြစ်ပြင်တခုလုံး မီးဟုန်းဟုန်းတောက်မယ့် အခြေအနေဆိုက်နေပါပြီ။

နိုင်ငံရေးဘ၀မှာ ဇာတ်ဆရာ မရှိပါဘူး။ ကိုယ်တိုင်ပါဝင် ကကြရတာပါ။ လူတိုင်း၊ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်နဲ့ နိုင်ငံရေး သမားတိုင်းဟာ
ပွဲကြည့်တွေမဟုတ်ပါဘူး။ ကိုယ်တိုင်ကပြနေကြတာပါ။ ဘာမှမလုပ်ပဲထိုင်နေရင် အဲဒါလည်းသရုပ်ဆောင်နေတာပဲ ဖြစ်တယ်ဆိုတာကို မမေ့ဖို့ပါပဲ။

ကြီးမှဝက်သက်ပေါက်တဲ့ သခင်တင်မြ


‘ဘုံဝဘမှာဖြင့်‘ရေးသားခဲ့သူ အလံနီသမားဟောင်း သခင်တင်မြ(၈၄ နှစ်)ဟာ မိမိမြေးထက်တောင် အသက်ငယ်သောသော မုဆိုးမလေးတဦးနဲ့ မတ်လ ၂၄ ရက်နေ့က ရုံးတက်လက်မှတ်ရေးထိုးလိုက်တယ်လို့ လျှပ်တပြက် ဂျာနယ်ထဲမှာဖော်ပြထားပါတယ်။ (လက်ထပ်လိုက်တဲ့မုဆိုးမလေးဆိုသူဟာ သခင်တင်မြရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ရှမ်းပြည်လှဝင်းရဲ့ တရားဝင်ဇနီးမယားဖြစ်ပါတယ်။)


သခင်တင်မြဟာ နအဖလုပ်သမျှကို ထောက်ခံကြောင်းပြောကြားနေသော ဖောက်ပြန်ရေး သမားကြီး တဦးဖြစ်ပြီး စမူဆာအောင်ကြီးတို့နဲ့အလွမ်းသင့်ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အောက်လမ်းနည်းများနဲ့ တိုက်ခိုက်ထိုးနှက်နေသူတဦးလည်းဖြစ်ပါတယ်။


အပြည့်အစုံဖတ်ရှုလိုပါက ဓါတ်ပုံဖိုင်ကို ကလစ်နှိပ်လိုက်ပါ...

Saturday, March 29, 2008

Commentများ

thank you very much for your question that should be asked. In the Buddha teaching, there are five kinds of Kamma,1. killing the mother, 2. killing the father, 3.killing the spiritual monks or enlightent monks, 4.torturing the Buddha until blooding, 5.discrimating the sangha groups. Among them , nowadays problems are concerning with 3 and 5 that is very dangerous kamma or offences. according to the bad actions they will effect as they have done by going to hell and other sorrowful, lematations, physcial ill-ness, mental ill-ness wherever they will be in this very life and future. Who is firt or second. That is depending on their actions when they doing the bad action. if they do more killing, will be more effect. if someone of them die early, they will be early there suffering ,touring ,killing by other Messagers of Dead of Deva. Ok, thank you for your insteresting questions,
WITH METTA, U ZIN, to contact directly uzin.lay@googlemail.com

သန်းစိန်: အတူတူသွားကြမှာပါ-ဒါပေမဲ့ သန်းရွှေက ခြေတလှမ်းဦးလိမ့်မယ်။

YangonThar2008: နအဖ စစ်တပ်က ငရဲ အရင်ပိုရောက် ပိုအောက်ဆုံးရမှာပါ။ ဘာလို့လဲ ဆိုတော့ တရုတ်စစ်တပ်က ဘာသာရေးလဲ နားမလည်ဘူး ကံ ကံ၏ အကျိုးကိုလဲ နားမလည်ဘဲ လုပ်တာ။ နအဖ လူကြီးတွေ က ဘုရားရှစ်ခိုး ဘုန်းကြီး ကိုးကွယ် နေတဲ့သူတွေ၊ နားလည်ပြီး လုပ်တဲ့သူ က ပိုအပြစ်ကြီးပါတယ်။ သိသိနဲ့ ဂရုမစိုက်ဘူးကွာ ငရဲကျလဲ နောက်မှ ခံမယ် အခုလက်ရှိ အာဏာ လက်မလွှတ် ရဖို့ ကအရေးကြီး တယ်ဆို ပြီး ဘုန်းကြီးတွေ ကို သတ်တာ ကိုကသူတို့ရဲ့တဏှာကြီးမားလွန်းတာပြနေတာ

Wednesday, March 26, 2008

နအဖစစ်တပ်နှင့် တရုတ်စစ်တပ် ဘယ်သူအရင်ငရဲရောက်မယ်ထင်သလဲ...


နအဖစစ်တပ်၏ ရက်စက်ရမ်းကားမှု တစိပ်တဒေသမှတ်တမ်းများ


တရုတ်စစ်တပ်၏ ရက်စက်ရမ်းကားမှု တစိပ်တဒေသမှတ်တမ်းများ

မိုးသောက်ကြယ်စာဖိတ်ပရိသတ်များခင်ဗျား...
၂၀၀၇ စက်တင်ဘာလတုန်းက မြန်မာပြည်သူပြည်သားများကြုံတွေ့ခံစားနေရတဲ့ ၀ဋ်ဒုက္ခဆင်းရဲအ ကျပ်အတည်းမှ လွတ်မြောက်အောင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မေတ္တာသုတ်ရွတ်ဆိုပြီး လမ်းလျှောက်ခဲ့ကြတဲ့ ဘုရားသားတော် ရဟန်းသံဃာတော်တွေကို နအဖစစ်တပ်မှ အကြမ်းဖက်ပစ်ခတ်ခဲ့လို့ သံဃာအပါး ၂၀၀ ကျော်ပျံလွန်တော်မူခဲ့ပြီး အပါး ၅၀၀၀ ကျော်ကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်ဆိုတာ ကမြာတ၀ှမ်းမှ သိရှိကြ မှာပါ...။ အာဏာနဲ့ပတ်သက်လာရင် ဗုဒ္ဓဆင်းတုတော်တောင် ဦးခေါင်းတော်မြေခတဲ့အထိ ရက်စက် ရိုက်နှက်ရမ်းကားခဲ့ပါတယ်...

အခုအခါမှာတော့ နအဖရဲ့ဆရာ(ဒါမှမဟုတ်)သံဃာသတ်ရဲတဲ့နအဖနည်းယူပြီး တိဘက်သံဃာတော်များ ကို တရုတ်စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်တာ အပါး ၁၃၀ ကျော် ပျံလွန်တော်မူသွားပြီလို့ သိရပါတယ်။

‘သံဃာသတ်တဲ့မိစ္ဆာတွေ အပယ်ငရဲလားမှာမလွဲမသွေ‘ ဆိုသလို ဘယ်သူကအရင်အပယ်လားမယ်... အပယ်ဘုံရောက်ရင် ဘယ်သူက ဘယ်အဆင့်ရောက်မယ်... ဘယ်လိုပြစ်ဒဏ်မျိုးခံစားရမယ်ဆိုတာကို စာဖတ်သူများရဲ့အမြင်များကို မှတ်ချက်(Comments)ရေးသားပေးစေလိုပါတယ်...

ငရဲကြီး ၈ ထပ်မှာ-

၁။ သိဉ္စိုဝ်း ငရဲ

၂။ ကာလသုတ် ငရဲ

၃။ သံဃာတ ငရဲ

၎။ ရောရုဝ ငရဲ

၅။ မဟာရောရုဝ ငရဲ

၆။ တာပန ငရဲ

၇။ မဟာတာပန ငရဲ

၈။ အ၀ိစီ ငရဲ တို့ဖြစ်ပါတယ်။

၎င်းတို့သည် ကမ္ဘာမြေပြင်အောက်၌ ယူဇနာ ၁၅၀၀ စီကွာသောအရပ်မှစ၍ တစ်ဘုံနှင့်တစ်ဘုံ ယူဇနာ ၁၅၀၀ စီကာဝေးလျက်တည်ရှိကြ၏။

စိတ်ကောင်းမရှိ သာသနာဖျက်သူများ ကံကုန်လို့ကွယ်လွန်ကြတဲ့အခါ ”ပဋိဟတစိတ္တာ-ကောက်ကျစ်ထိပါး ဆိုးဝါးသောစိတ်ထားရှိကြကုန်သော၊ ဇနာ-နိယုတ္တက- အတွင်းဝန်၏ဆွေမျိုး သာသနာဖျက်သူလူဆိုးများတို့ သည်၊ နိရယေ ဥပ္ပဇ္ဇိံသု- ငရဲ၌ဖြစ်ကြလေကုန်၏”။ သာသနာဖျက်သူ လူဆိုးများဟာ ကိုးဆယ့်နှစ်ကမ္ဘာ ငရဲကြီး ၈ ထပ်မှာ ပြောင်းကာရွေ့ကာ ဆင်းရဲ-ဒုက္ခကို ခံစားကြရရှာတယ်။



စိတ်ကောင်းရှိကြသူ သာသနဝေယျာသစ္စကုသိုလ်ယူကြသူ နိယုတ္တက- အတွင်းဝန်နှင့်အပေါင်းပါတို့မှာတော့ ကိုးဆယ့်နှစ်ကမ္ဘာ နတ်ပြည်ခြောက်ထပ်မှာ ပြောင်းကာရွေ့ကာ ချမ်းသာ-သုခကို စံစားကြရတယ်။

သာသနာဖျက် အကုသိုလ်ကိုမြတ်နိုးမိသူတွေဟာ ကိုးဆယ့်နှစ်ကမ္ဘာ ငရဲခံပြီး အခု ဘဒ္ဒကမ္ဘာမှာ ကဿပ မြတ်စွာဘုရားပွင့်တော်မူသောအခါ ငရဲမှလွတ်မြောက်ပြီး ပြိတ္တာဘ၀ကို ရောက်ကြပြန်တယ်။ ပြိတ္တာဘ၀ မှာလည်း မစားရ မသောက်ရဘူး၊ အ၀တ်အထည် မ၀တ်မရုံရဘူး၊ မိုးလုံလေလုံအဆောက်အဦမှာမနေရဘူး၊ မကောင်းမှုပြုခဲ့တဲ့ အကုသိုလ်များကြောင့် ဆင်းရဲဒုက္ခရောက်ရတာ။

အပယ် ၄ ပါးမှာ-

ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် တို့ဖြစ်ပါတယ်။

စာဖတ်သူများခင်ဗျား… နအဖစစ်တပ်နဲ့ တရုတ်စစ်တပ် ဘယ်သူအရင် ငရဲရောက်မယ်ဆိုတာကို ရေးသားပေးစေလိုပါတယ်…


Tuesday, March 25, 2008

‘ထကြ‘(တင်မောင်သန်း)


မြန်မာနိုင်ငံတနိုင်ငံလုံးဟာ တကယ့်ဖြစ်ရပ်မှန်ကို ဒုတ်ဒုတ်ထိထိရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ အချိန် အခါကိုရောက်ရှိလို့လာခဲ့ပြီ။ အဲဒီအဖြစ်မှန်ကို ရင်ဆိုင်ရမယ့်သူတွေဟာ အစိုးရလက်နက်ကိုင်တပ်ဖွဲ့ တွေတင်မကဘူး။ ပြည်သူလူထုကလည်း အဖြစ်အမှန်ကို ရင်ဆိုင်ရတော့မှာဖြစ်တယ်။ ပြည်သူလူထုလို့ ဆိုရာမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ၀န်ထမ်း၊ ပညာတတ်၊ စီးပွားရေးသမား အားလုံးပါတယ်။

အရင်တုန်းကတော့ မြန်မာပြည်သူလူထုအပေါင်းရဲ့ ဒီမိုကရေစီရရှိရေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကလုပ်ကြလိမ့်မယ်လို့ လူတွေက လက်တွေ့အားဖြင့် သဘောထားပြုမှုနေထိုင်ခဲ့ကြပေတော့ပေါ့။
ယခင် ကျောင်းသားလှုပ်ရှားမှု၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ကြသူတွေ၊ နိုင်ငံရေးအစဉ်အ လာကြီးမားခဲ့တဲ့ပုဂ္ဂိုလ်တွေ၊ ရွေးကောက်ပွဲဝင်ခဲ့ပေမဲ့ အရွေးမခံခဲ့ရတဲ့ နိုင်ငံရေးသမားတွေပြောလေ့ရှိတဲ့ စကားတခွန်း ရှိပါတယ်။“လူထုကတော့ တာဝန်ကျေခဲ့ပြီ…”ဆိုတဲ့ စကားပါပဲ။

“ဟုတ်ကြရဲ့လား…”လို့ ကျနော်တို့ ကိုယ့်ကိုကိုယ်မေးရမယ့်အခြေအနေနဲ့ အချိန်အခါကို ရောက်ရှိလာခဲ့ ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ရွေးကောက်တင်မြှောက်ခံကြ ရတဲ့အမတ်တွေနဲ့၊ NLDပါတီအဆင့်အသီးသီးက ပါတီဝင်တွေဟာ သူတို့ယုံကြည်ယူဆသလို၊ သူတို့ကျွမ်းကျင်လိမ္မာ သလို အတတ်နိုင်ဆုံး ဒီမိုကရေစီရေးအတွက် ဆောင်ရွက်ခဲ့ကြပါတယ်။

တချို့လုပ်ပုံကိုင်ပုံ၊ ချည်းကပ်ပုံတွေကို ကျနော်တို့သဘောတူချင်မှတူကြပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ကိုယ်စ ကိုယ်စီရဲ့မိသားစုဘ၀တွေအထိပါ။ အဆုံးရှုံးခံပြီး၊ တချို့အပျက်အစီးခံပြီး ဒီမိုကရေ စီရေးအတွက် ဆောင်ရွက် ခဲ့ကြတဲ့ကျေးဇူးကို ကျနော်တို့မေ့လို့မဖြစ်ဘူး။
သူတို့တာဝန်ကို သူတို့အသေအကြေထမ်းရွက်ခဲ့ကြတာကို ကျနော်တို့ ဂုဏ်ပြုအသိအမှတ်ပြုကြရပါ လိမ့်မယ်။ ဒါပေမဲ့ ဒီမိုကရေစီရေးအောင်မြင်ဖို့ဆိုရင် ဒီလောက်အသိအမှတ်ပြုရုံနဲ့ မလုံလောက်သေးဘူး။
ဒီမိုကရေစီရေးဟာ မဲတပြားထည့်ခဲ့ရုံနဲ့ မပြီးသေးဘူးဆိုတဲ့ တကယ့်အဖြစ်မှန်ဟာ မြန်မာပြည်သူ အားလုံးရဲ့ရှေ့မှာ ထင်းထင်းကြီးပေါ်လာခဲ့ပါပြီ။

ဒီမိုကရေစီရရှိရေးဆိုတာ ဇာတ်ပွဲကြည့်တာမဟုတ်ပါဘူး။ ကသူက,က၊ ကြည့်သူကကြည့်ပြီး၊ လက်ခုပ်တီးရုံမျတီးတာနဲ့ ဒီမိုကရေစီဆိုတာဟာ စင်ပေါ်တက်မလာပါဘူး။

ဒီမိုကရေစီရရှိရေးဆိုတာ ရော့ပတ္တမြား၊ ရော့နဂါး၊ အရောင်းအ၀ယ်လုပ်သလို ချက်ချင်းလက်ငင်း အရာထင်ပေါ်လာတတ်တာမျိုးလည်း မဟုတ်ပါဘူး။

ဒီမိုကရေစီရရှိရေးဆိုတာ တန်ဖိုးအကြီးမားဆုံး၊ နှစ်ကာလအရှည်ဆုံး ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်တယ်။
ဒီမိုကရေစီရရှိရေးဆိုတာ အကြောက်တရားနဲ့လျောက်ရမယ့်ခရီးမဟုတ်သလို အမုန်းဒေါသနဲ့ အားယူ သွားရတဲ့ခရီးမျိုးလည်း မဟုတ်ပြန်ဘူး။
ကျနော်တို့လူထုရဲ့အချိန်ဟာ ကျရောက်လာခဲ့ပြီ။
ကျနော်တို့ တယောက်ကိုတယောက် အားပေးကြရမယ်။
ကျနော်တို့ တယောက်ကိုတယောက် ခေါ်သံပြုကြရမယ်။
ကျနော်တို့ တယောက်ကိုတယောက် ဖေးမကြရမယ်။
စိတ်ဓါတ်ကျနေသူသူ မြှင့်တင်ပေးရမယ်။
ပြင်းကြွနေသူကို ထိန်းသိမ်းတည့်မတ်ပေးရမယ်။
ချင့်ချိန်တွက်ချက်တတ်သလို စွန့်စားရဲရမယ်။

အခွင့်အလမ်းကိုမြင်၊ အမိအရဆုပ်ကိုင်တတ်သလို ရေရှည်အမျှော်အမြင်လည်းရှိရမယ်။ ဘယ်အခြေ အနေကိုပဲရောက်ရောက် လက်တွေကိုတော့ ဘယ်တော့မှ ကျနော်တို့ဖြုတ်ထားလို့မဖြစ်ဘူး။
တမျိုးသားလုံး ထကြ။ သခင်မျိုးတွေ ထကြ။ အမျိုးကောင်းသားတွေ ထကြ။ ကိုယ့်ကိုကိုယ် ဦးဆောင်ကြ။

သမိုင်းကို ကျနော်တို့မေ့လို့မဖြစ်ဘူး။ ၁၉၂၀ ပြည့်နှစ် ကောလိပ်ကျောင်းသားတွေ သပိတ်မှောက်ကြတဲ့ အခါ၊ တပြည်လုံးက အထက်တန်းကျောင်းသားတွေလည်း သပိတ်ထဲပါလာကြတယ်။ မန္တလေးမှာ သပိတ် မှောက်ကျောင်းသားတွေ မြို့ထဲလှည့်ကြတော့ ရာဇ၀တ်ဝန်မက်ဒေါ်နယ်နဲ့ ထိပ်တိုက် တည်မိကြတယ်။
“ခေါင်းဆောင်ဘယ်သူလဲ…”လို့ ရာဇ၀တ်ဝန်ကမေးတယ်။
သခင်ဘသောင်းဖြစ်လာမယ့် မောင်ဘသောင်းက ဒီလိုပြန်ဖြေလိုက်တယ်။

“လူတိုင်း ကိုယ့်ကိုကိုယ်ခေါင်းဆောင်နေကြတာပဲ…”
Everybody is the leader of himself.

ကျနော်တို့ ကိုယ့်ကိုကိုယ်ခေါင်းဆောင်ကြရမယ့်အချိန်ဟာ ကျရောက်နေပါပြီ။ လူတိုင်း ကိုယ့်ကိုကိုယ် ခေါင်း ဆောင်ကြရတာဟာ ဒီမိုကရေစီရေးရဲ့ တကယ့်အဖြစ်မှန်ပါပဲ။ ဒီအမှန်တရားဟာ ကျနော်တို့လူတိုင်း လူတိုင်းရဲ့ရှေ့မှောက် ဒုတ်ဒုတ်ထိ ဆိုက်ရောက်လာနေပါပြီ။
လွတ်လပ်ရေးတိုက်ပွဲဝင် ဆရာကြီးသခင်ဘသောင်းရဲ့ တိုက်ပွဲခေါ်ခဲ့တဲ့အသံဟာ ကနေ့ထက်တိုင် အသက်ဝင်နေဆဲပါပဲ။ ဆရာကြီးရဲ့စာသားတွေ ကျနော့်ကိုဖတ်ကြားခွင်ြ့ပုပါ။
“သခင်မျိုးများပီပီ ကျွန်စိတ်တွေကို အမြစ်ကပါတူးပစ်(ကျွန်မွှေးများရှိရင်လည်း ဗျစ်ဗျစ်ပါအောင် ဆွဲနုတ်ကြပြီး) အစစအရာရာတွင် တည်ငြိမ်ခန့်ညားသော သခင်ဣနြေ္ဒဖြင့် ရန်သူကပင် ရိုသေလေးစား လာလောက်အောင် ရဲရဲရင့်ရင့်ရှိကြ…”

ဒီမိုကရေစီရှိ၊ တရားမျှတပြီး လွတ်လပ်ခွင့်တွေရှိ၊ လူ့အခွင့်အရေးတွေအပြည့်အ၀ရှိတဲ့ နိုင်ငံဆိုတာ “ငါသာလျင် ငါကံ၏အရှင်သခင်”ဆိုတဲ့ သခင်စိတ်ဓါတ်မျိုးနဲ့ ကိုယ့်ကို ကိုယ်ဦးဆောင်နိုင်တဲ့လူတွေများ လာမှသာ ပေါ်ပေါက်တည်မြဲတတ်ပါတယ်။

ကျနော်တို့ကိုယ်ကျနော်တို့ ဦးဆောင်ဖို့လိုအပ်လာနေပါပြီ။
အခြေအနေနဲ့အချိန်အခါကလည်း ကျရောက်လာနေပါပြီ။
တမျိုးသားလုံး ထကြ။
သခင်မျိုးတွေ ထကြ။
အမျိုးကောင်းသားတွေ ထကြ။
ကိုယ့်ကိုကိုယ်ဦးဆောင်ကြ။
(၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလထုတ် အာဟာရစာစောင် အမှတ်စဉ် ၃၄ တွင်ရေးသားခဲ့သော ဆရာတင်မောင်သန်း၏စာမူကို ဖော်ပြခြင်းဖြစ်ပါတယ်)

တပ်လှန့်သံ(တင်မိုး)


တခေတ်မှာ တဘုရင်
စစ်အာဏာရှင် ဗိုလ်နေ၀င်းတဲ့
တို့တတွေရဲ့ သေမင်းပါပဲ၊
အလောင်းတွေခင်း ခေါင်းတွေနင်းပြီးတော့
သေမင်းက အဘခေါ်ရအောင်
ရက်စက်ပြခဲ့တယ်။


တိုင်းရင်းသားတွေအပေါ်မှာလည်း
အရိုင်းမင်းတပါးလို ကျင့်ကြံ
တာတေလန် ဖက်ဆစ်
ဆိုးညစ်ပေ့ ကမ်းကုန်
လမ်းမျိုးစုံ သောင်းကျန်း
ပေါ်တာထမ်း မလျော်ရာစခန်း
ဘော်ဒါလမ်းက တရွေ့ရွေ့
မရွေ့ရင် မီးရှို့
သင်တို့တတွေ ထင်ရာစိုင်း
ရိုင်းသမျ ခံရတယ်။

အများအကျိုးအတွက်
တအားကိုးရမယ်မှတ်ပါ့
အစိုးရဆိုတာ သူခိုးဓါးပြထက်
ဆိုးလှပါတကားလို့
တို့များအမြင်မှောက်
အထင်ရောက်ခဲ့ရပါတယ်။

ပြည်ထောင်စုသမိုင်းမှာ
ဒီကောင်လောက်ရိုင်းတာ ရှိမယ်မထင်ဘူး။

ပြည်ထောင်စုသား မျိုးမစစ်တဲ့
သူခိုးညစ် စစ်ဘုရင်
ဗိုလ်နေ၀င်းရဲ့ တပည့်တပန်းတွေကို
အမြစ်အရင်းမကျန် တွန်းလှန်မှ
တို့တိုင်းပြည် အမှန်လှမှာမို့
မြန်မာတိုင်းရင်းသားအပေါင်း
လွတ်ကြောင်းအမှန်
ခွပ်ဒေါင်းအလံ လွှင့်ကြစို့။

ပြည်သူတွေ တခဲနက်
ညီညွတ်မှု လက်နက်နဲ့
ရက်မဆွဲပဲ လက်တွဲတိုက်ပွဲဝင်ကြစို့။

သင်းတို့တရက် အသက်ရှည်ရင်
ငါတို့အတွက် အသက်သေပြီး
ရတက်ပွေ အခက်ဝေလိမ့်မယ်။

ရက်မရှည်ကြစေဖို့
လက်တွေဆန့် တပ်လှန့်မောင်းထုတ်ကြပါစို့။


တင်မိုး
၂၈-၁၁-၂၀၀၁
(အိမ်မက်တိုင်းပြည်ကဗျာစာအုပ်မှ)

ထမ်းပိုးလည်း မဟုတ်, လှည်းတုတ်လည်း မဟုတ်, သစ္စာသည်သာ ခံကတုတ်(၀င်းပေါ်မောင်)


ဒီမိုကရေစီ လိုလားသည့် မြန်မာနိုင်ငံသားတို့အဖို့ ယခုကြုံတွေ့နေရသည့် အခြေအနေတွင် အကောင်းဆုံး ဆောင်ရွက်နိုင်မည့် နည်းလမ်းမှာ မိမိယုံကြည်ချက်ပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နေခြင်းသာ ဖြစ်ပါသည်။

အမြင်များ
မေလတွင် နအဖ စစ်အစိုးရက ပြုလုပ်မည့် အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ၌ မြန်မာလူထုက `သပိတ်မှောက်သင့်သလား´ `ကန့်ကွက်မဲထည့်သင့်သလား´ ဆွေးနွေးချက်များကို ကျယ်ကျယ်လောင်လောင် ကြားနေရပါသည်။ နအဖ၏ လမ်းပြမြေပုံအတိုင်း တဖက်သတ်ဆောင်ရွက်ချက်ကို လက်မခံသည့်အနေဖြင့် ဆန္ဒခံယူပွဲကို သပိတ်မှောက်သင့်သည်ဟု ပြောဆိုနေသူများ ရှိကြသလို၊ မိမိ၏ဆန္ဒကို တရားဝင် ထုတ်ဖော်သည့်အနေဖြင့် ကန့်ကွက်မဲထည့်သင့်သည်ဟု ပြောဆိုသူများလည်း ရှိနေကြပါသည်။ စစ်တပ်အုပ်ချုပ်ရေးကို မလိုလားသူ, ဒီမိုကရေစီ စစ်စစ်ကိုသာ လိုလားသူများအဖို့ မှောက်မလား မဲမလား ပြောဆိုနေကြသော်လည်း အခြေခံသဘောမှာ နအဖလမ်းစဉ်ကို ဆန့်ကျင်တိုက်ဖျက်ရေးပင် ဖြစ်ပါသည်။ အားလုံးကတော့ ကိုယ့်အကြောင်းပြချက်နှင့်ကိုယ် မှန်နေကြသည်ချည်း ဖြစ်သည်။

နအဖနှင့် ၄င်းတို့၏ လက်ကိုင်တုတ်များက ထောက်ခံရန် စည်းရုံးနေကြသည်ကိုတော့ ထူးဆန်းသည်ဟု မဆိုနိုင်ပါ။ တချိန်တည်းမှာပင် နအဖလမ်းစဉ်နောက် အမြီးဆွဲလိုက်ပါနေသူတို့က ထောက်ခံ သင့်ကြောင်း ပြောဆိုနေကြပါသည်။ ရွှေပြည်အေးဝါဒီအချို့က `ထောက်ခံမှ ကိုယ်သက်သာမယ်´ ဆိုသည့်သဘော ပြောလာကြသည်ကိုလည်း ကြားသိနေရပါသည်။ အဆိုပါ ပြောဆိုချက်များမှာ အပြောင်းအလဲတခုခုတော့ ဖြစ်တန်ကောင်းသည်ဆိုသည့် ယူဆချက်ပေါ်တွင် အခြေခံ ပြောဆိုနေကြခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။

သို့ရာတွင် ဘယ်လိုအပြောင်းအလဲပဲ ဖြစ်လာလာ သက်သာစရာမရှိဘူးဟု တွေးဆသူများလည်း ရှိကြပါသေးသည်။ ၄င်းတို့က `ဆန္ဒခံယူပွဲပျက်ခဲ့သော်´ဆိုသည့် အခြေခံမှ စတင်စဉ်းစားထားခြင်း ဖြစ်သည်။ ဆန္ဒခံယူပွဲကို သပိတ်မှောက်၍ပဲ ပျက်ပျက်၊ ကန့်ကွက်မဲထည့်၍ပဲ ပျက်ပျက် နအဖက အခြေခံဥပဒေကို အတည်မပြုနိုင်ဘူး ဆိုလျှင် လက်ရှိ အုပ်ချုပ်ရေးကို ဆက်လက် ဆွဲဆန့်ထားလိမ့်မည်။ နောက်ထပ် အခြေခံဥပဒေ သို့မဟုတ် လမ်းစဉ်တခုခုကို ထုတ်ဖော်လာလိမ့်မည်။ စစ်ကျွန်ဘ၀ ရှည်ဦးမည်ဟု ဆိုလိုသည်။

အကယ်၍ ဆန္ဒခံယူပွဲ အောင်မြင်ပြီး အခြေခံဥပဒေ အတည်ပြုနိုင်ခဲ့လျှင်လည်း စစ်တပ် အုပ်ချုပ်ရေးကို တရားဝင်ခွင့်ပြုလိုက်ရမည်။ ပြန်လည်ပြုပြင်ဖို့ အလွန်ခက်သွားမည်။ ထို့ကြောင့် မြန်မာလူထုမှာ ရှေ့တိုးလည်း ထမ်းပိုး, နောက်ဆုတ်လည်း လှည်းတုတ် ဖြစ်နေရသည်ဟု ဆိုကြပါသည်။

ဤအခြေအနေတွင် ဆန္ဒခံယူပွဲ၌ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှုကို လက်မခံဟု နအဖက ငြင်းပယ်လိုက်ပြီး၊ အာဏာပိုင်နှင့် လက်ကိုင်တုတ်များက လူထုကို ခြိမ်းခြောက် အကြပ်ကိုင်မှုများ ရှိလာသဖြင့် လူထုအနေဖြင့် ဆန္ဒအမှန်ကို တကယ်ဖော်ထုတ်နိုင်ပါ့မလားဟု စိုးရိမ်မှုများလည်း တိုးပွားလာပါသည်။

မသေချာမှု ပြဿနာ
ပေါ်ပေါက်နေသော ဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် အမြင်အမျိုးမျိုး၏ အဓိကအကြောင်းရင်းခံမှာ `မသေချာမှု´ ဖြစ်သည်ဟု ဆိုချင်ပါသည်။ လက်ရှိအခြေအနေအရ-
- နအဖက ဆန္ဒခံယူပွဲကို အမှန်တကယ် ကျင်းပပေးမှာလား။ မသေချာပါ။
- နအဖက ဆန္ဒခံယူပွဲကို ပျက်အောင် အကွက်ဆင်နေတာလား။ မသေချာပါ။
- ဆန္ဒခံယူပွဲဖြစ်လျှင် ထောက်ခံမဲတွေ တကယ် ရသွားနိုင်သလား။ မသေချာပါ။
- အခြေခံဥပဒေ အတည်ဖြစ်သွားရင်ကော ၂၀၁၀ မှာ ရွေးကောက်ပွဲ တကယ်ဖြစ်မှာလား။ မသေချာပါ။
- ရွေးကောက်ပွဲ ဖြစ်ခဲ့ရင်ကော နိုင်ငံရေးပါတီတွေအားလုံး ပါဝင်ခွင့်ရမှာလား။ မသေချာပါ။
- ရွေးကောက်ပွဲပြီးရင်ကော လွှတ်တော်ခေါ်ပြီး အစိုးရအသစ်ဖွဲ့ အာဏာလွှဲမှာလား။ မသေချာပါ။
- သပိတ်မှောက်ခြင်းဖြင့် ဆန္ဒခံယူပွဲ တကယ်ပျက်သွားမှာလား။ မသေချာပါ။
- ကန့်ကွက်မဲထည့်ခြင်းဖြင့် ဆန္ဒခံယူပွဲ ပျက်ရင် နအဖက ဘာလုပ်မလဲ။ မသေချာပါ။
- ကန့်ကွက်မဲထည့်ခြင်းဖြင့် ဆန္ဒခံယူပွဲ ပျက်ရင် ဒီမိုသမားတွေဘက်က ဘာဆက်လုပ်မလဲ။ မသေချာပါ။
- ဆန္ဒခံယူပွဲက ပျက်လည်းမပျက် အောင်လည်းမအောင်မြင် ဆိုရင်ကော ဘာဆက်လုပ်ကြမလဲ။ မသေချာပါ။


နအဖဘက်က ကတိမတည် ပျက်ကွက်ခဲ့တာတွေ များလေတော့ လူထုက လုံးဝ မယုံကြည်။ နအဖ ဘာပြောပြော လက်တွေ့ဖြစ်မလာသေးသမျှ လူထုက မယုံကြည်။ နအဖက မိမိစကားကို လူထု ယုံကြည်အောင် ကြားလူမှတဆင့် သက်သေထူဖို့လည်း မကြိုးစား။ ကုလသမဂ္ဂကကမ်းလာ သည့်လက်ကိုလည်း ပုတ်ချပစ်ပြန်သည်။ အရင်က သက်သေလိုက်ပေးသည့် အာဆီယံ ကလည်း ဒီတခါ အင်တင်တင်လုပ်နေသည်။ နအဖ၏ ဂေါ့ဖားသား လုပ်နေသည့် တရုတ်ကလည်း ဖိအားတွေကြားမှာ ဗျာများနေသည်။ ထို့ကြောင့် နအဖ ကိုယ်တိုင်ပင် သူ့အတွက် သူ့ဖက်က ထောက်ခံပေးမည့်သူက သိပ်မသေချာ။ သူလိုချင်သည့် အဖြေအတိုင်း တကယ်ရပါ့မလား ဆိုတာလည်း နအဖအဖို့ သိပ်မသေချာ။

ထို့အတူပင် မြန်မာလူထုမှာလည်း တရားမျှတသည့် မဲပေးပိုင်ခွင့်ကို အမှန်တကယ် ရမရ သိပ်မသေချာ။ လတ်တလော ကြုံနေရသည်များက ဖိအားပေးမှုနှင့် လာဘ်ထိုးဆွဲဆောင်မှုများ ဖြစ်နေသည်။ အန္တရာယ်နှင့် လွတ်လပ်ခွင့်အကြား ကြိုးတန်းလမ်းလျှောက်နေရသည့် အနေအထား ဖြစ်သည်။ ထိုအခြေအနေက လူထုဆန္ဒအမှန် ပေါ်လာဖို့ သိပ်မသေချာဟု ဖော်ပြနေသည့်သဘော ဖြစ်နေပြန်သည်။ ဒီမိုသမားတွေ အနေနှင့်လည်း ဘာကိုမှ တပ်အပ်သေချာ မပြောနိုင်သည့် အကျဉ်းအကျပ်ထဲ ရောက်နေပါသည်။ မိမိတို့လိုလားသည့် အတိုင်း ဆန္ဒခံယူပွဲ ပျက်ခဲ့လျှင်တောင် နအဖဖက်က အပေးအယူလုပ်လာမှာလား သိပ်မသေချာသည့် အခြေအနေ ဖြစ်နေသည်။
ဤသို့ မသေချာမှုတွေ ကရွတ်ကင်းလျှောက်ဖြစ်နေသည်ကို ဘယ်ပုံဘယ်နည်း ဖြေရှင်းကြမလဲ။

နအဖကတော့ သူ၏ မူလလက်ဟောင်းဆေးနည်းအတိုင်း ကော်မရှင် အစည်းအဝေးများ လုပ်ပြပြီး ထုံးသုတ်နေပါသည်။ `ဒီပွဲ ဖြစ်ကိုဖြစ်ရမယ်´ ဆိုသည့် တထစ်ချ ဆုံးဖြတ်ချက်ဖြင့် လုပ်နေပုံရပါသည်။ နအဖအနေနှင့် မသေချာမှုများထဲမှ သူ့အတွက် အသေချာဆုံး ကိစ္စများကို ရွေးပြီး အရမ်းကာရော လုပ်နေသည်ကိုလည်း တစတစ တွေ့မြင်နေရပါသည်။ ဖိတန်ဖိ, ချော့တန်ချော့, ပေးတန်ပေး, ခြောက်တန်ခြောက်၍ တဖုံ၊ ဟန့်လုံး လှန့်လုံး မက်လုံး လိမ်လုံး အစုံအလင်ဖြင့် တနည်း၊ ဗျူဟာစုံခင်း၍ တက်ကုန်လက်ကုန် အားထုတ်နေပုံရပါသည်။

ဒီမိုသမားတွေဖက်ကကော ဘာကို သေချာအောင် လုပ်မလဲ။ လူထုကကော ဘာကို အသေအချာ ရွေးမလဲ။ မသေချာမှု ပြဿနာထဲမှာ တ၀ဲလည်လည် ဝှေ့နေဖို့ အချိန်က သိပ်မကျန်တော့ပါ။ ကိုယ့်ဖက်က အသေချာဆုံးအရာကို ရွေးချယ်၍ အပိုင်အနိုင် လုပ်နိုင်အောင် ပြင်ဆင်ဖို့သာ အရေးအကြီးဆုံး ဖြစ်ပါလိမ့်မည်။

သစ္စာ
မသေချာမှုတွေ သိပ်များနေသည့်အခါတွင် အသေချာဆုံးအရာမှာ `မိမိရင်ထဲမှ ဆန္ဒ´ သာလျှင် ဖြစ်ပါသည်။ ကိုယ့်ရင်ထဲက ဆန္ဒလောက် သေချာသည့် အရာ မရှိပါ။ မိမိ ဘာကို လိုလားသလဲ။ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ကိုယ့်ဘ၀ ဘယ်လိုရပ်တည်နေရသလဲ။ ခဏလေး မေ့လိုက်ပါ။ ကိုယ်ဘယ်လို ဖြတ်သန်းလာရသလဲ။ ခဏလေး မေ့လိုက်ပါ။ ကိုယ့်မိသားစုက ဘယ်လိုလဲ။ ခဏလေး မေ့လိုက်ပါ။ ကိုယ့်စီးပွားရေးက ဘယ်လိုလဲ။ ခဏလေး မေ့လိုက်ပါ။ ဥပဒေဆိုတာက ဘာတွေလဲ။ ခဏ ထားလိုက်ပါဦး။ အန္တရာယ်တွေလား။ မစဉ်းစားပါနဲ့ဦး။ ဘာဖြစ်လာမှာလဲ။ မစဉ်းစားပါနဲ့ဦး။ ပစ္စုပ္ပန်တည့်တည့်မှာ စိတ်ကို အတည်ငြိမ်ဆုံးထားပြီး မေးခွန်းတခုကို လေးလေးနက်နက် မေးကြည့်ပါ။ ပြီးတော့ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း အရိုးသားဆုံး ဖြေလိုက်ပါ။ မေးရမှာက-

``နအဖ လုပ်နေတာတွေကို မင်း ကြိုက်သလား´´

မေးခွန်းက ရိုးရိုးလေးပါ။ ထို့အတူ အဖြေကလည်း ရိုးရိုးလေးပါ။ ကြိုက်သလား, မကြိုက်ဘူးလား နှစ်ခုထဲက တခုကို ရွေးရုံပဲ ဖြစ်ပါသည်။
ကြိုက်တယ်ဆိုရင် ဆန္ဒခံယူပွဲမှာ ထောက်ခံမဲ သွားထည့်ပါ။
မကြိုက်ဘူးဆိုရင် ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲ သွားထည့်ပါ။

မိမိစိတ်ထဲမှာ ရှိတဲ့အတိုင်း ရပ်တည်နေလိုက်ခြင်းသည်သာ မိမိအတွက် အသေချာဆုံး ဖြစ်ပါသည်။ အနာဂတ်မှာ ဘာဖြစ်လာမလဲ။ ဘာမှ မသေချာတဲ့အချိန်မှာ မိမိရင်ထဲက ဆန္ဒအမှန်အတိုင်း ရပ်တည်နေလိုက်ခြင်းသည် သစ္စာတရားမှာ ရပ်တည်ခြင်း ဖြစ်ပါသည်။ လူတယောက်အဖို့ မိမိသစ္စာတရားပေါ်တွင် ခြေစုံရပ်နေရခြင်းထက် ပိုမိုလုံခြုံသည့်နေရာ မရှိပါ။ မိမိစိတ်ထဲမှာရှိသည့် ဆန္ဒအတိုင်း ဖော်ထုတ်လိုက်ရပြီးချိန်တွင် ရရှိသည့် ပီတိက မိမိ၏ လူသားဖြစ်မှုကို အဓိပ္ပာယ်ပြည့်ဝစေပါလိမ့်မည်။ နောင် ဖြစ်ပေါ်လာမည့် ရလဒ်များက မည်သို့ပင် ဖြစ်နေပါစေ၊ မိမိ၏ လုပ်ဆောင်မှုက မိမိစိတ်ကို လိပ်ပြာသန့်နေစေဖို့ အရေးကြီးပါသည်။ ကြောက်လို့, ရလို့, မတတ်သာလို့, မလားလို့ စသည့် `လို့´ တွေကြောင့် ကိုယ်စိတ်ကိုယ် ပြန်ရှက်နေရမည့် အဖြစ်မှာ လူဖြစ်ရှုံးရခြင်းပင် ဖြစ်ပါသည်။

ဆန္ဒခံယူပွဲ ပျက်လျှင် ဘာတွေဖြစ်နိုင်သည်ကို နိုင်ငံရေး ပုရောဟိတ်များက နိမိတ်ဖတ်ကြပါလိမ့်မည်။ အောင်မြင်လျှင် ဘာတွေဖြစ်နိုင်သည်ကို နိုင်ငံရေး အခါတော်ပေးများက စာတမ်းရေးပါလိမ့်မည်။ ဒီလိုဟိုလို အခြေအနေတွေမှာ ဤသို့ဤပုံ လုပ်သင့်ကြောင်းကို နိုင်ငံရေး ပညာရှိများက လမ်းညွှန်ကြပါလိမ့်မည်။ သို့သော် နိုင်ငံတခု၏ အရေးပါသော အဖြစ်အပျက် အချိုးအကွေ့များသည် အနှီသော နိုင်ငံရေး ပုရောဟိတ်, အခါတော်ပေး, ပညာရှိများ၏ အလိုကျအတိုင်း မလွဲမသွေ ဖြစ်ပျက်ကြသည် မဟုတ်ပါ။ နိုင်ငံအတွင်း နေထိုင်ကြသော ပြည်သူလူထုအများစုကြီး၏ `လူထုအင်အား´ နှင့် လက်နက်ကိုင် `စစ်တပ်အင်အား´ တို့၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်၍ ဖြစ်ပျက်နေရခြင်း ဖြစ်ပါသည်။

နအဖသည် ၁၉၉၀ ခုနှစ်က လူထုကို ဆုံးဖြတ်ခွင့် တကြိမ်ပေးခဲ့သည်။ လူထုကလည်း စစ်တပ်ကို မလိုလားကြောင်း ရှင်းရှင်းလင်းလင်းပင် ဆုံးဖြတ်ပေးခဲ့သည်။ နအဖသည် အာဏာကို လက်ဆုပ်လက်ကိုင် ပြုထားနိုင်သည် မှန်သော်ငြား တရားဝင်အစိုးရဖြစ်ဖို့ အခွင့်အရေး လုံးဝဆိတ်သုဉ်းခဲ့ပြီး ဖြစ်သည်။ ၁၈ နှစ်အကြာ၌ စစ်တပ်၏ တရားဝင်အစိုးရ ဖြစ်ဖို့အခွင့်အရေး အတွက် လူထုဆုံးဖြတ်ချက်ကို နောက်တကြိမ် ထပ်မံတောင်းဆိုနေသည့် ယခုအခါတွင် လူထုအနေဖြင့် ယခင်ကလိုပင် ရှင်းရှင်းလင်းလင်း အဖြေပေးသင့်ပါသည်။ အကောင်ကြီးသည့် ဂဏန်းလို နှစ်ခါဖြတ်ရသည့် အဖြစ်နှင့် ကြုံရသည်ကိုတော့ အောင့်အီးသည်းခံရတော့မည် ဖြစ်ပါသည်။

မသေချာသည့် အနာဂတ်အတွက် စိတ်ပျက်စွန့်ခွာ မသွားဘဲ သေချာသည့် မိမိဆန္ဒပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ခြင်းဖြင့် သစ္စာပန္နက်ကို ဆက်လက်စိုက်ထူထားသင့်ပါသည်။
မြန်မာလူမျိုးများနှင့် ရင်းနှီးကျွမ်းဝင်သည့် ဇာတက နိပါတ်တော်များတွင် အခက်အခဲများနှင့် ကြုံတွေ့ရပြီး ဆက်လက်ကြိုးပမ်းရန် မတတ်သာတော့သည့် လမ်းဆုံးသို့ရောက်စဉ်အခါမျိုး၌ `သစ္စာတိုင်တည်´ ကြခြင်းဖြင့် ဖြေရှင်းလေ့ ရှိသည်ကို တွေ့ရတတ်ပါသည်။

ဥပမာ သုဝဏ္ဏသာမဇာတ်တော်တွင် မြားဆိပ်ဖြင့် မေ့မျောကာ သေဆုံးရတော့မည့် သား သုဝဏ္ဏသျှံအတွက် မျက်မမြင် အမိအဘတို့မှာ ဘာမျှ လုပ်ဆောင်ရန် မတတ်သာတော့သည့်အခါ သစ္စာမှတပါး အားကိုးရာမရှိပြီဟု ဆိုပြီး သစ္စာဆိုကြပါသည်။ ထိုသစ္စာတန်ခိုးကြောင့် မြားဆိပ်ပြယ်၍ အသက်ရှင်ခဲ့လေသည်။

ထိုသို့ ဇာတ်တော်သာဓကများမှ ထုတ်ယူ ဆင်ခြင်နိုင်သည်သာမက၊ ရှေးက မြန်မာကြီးများသည် အရေးကိစ္စ တခုခုလုပ်တော့မည်ဆိုတိုင်း သစ္စာပြုလေ့ရှိကြသည်ကိုလည်း သတိပြုသင့်ပါသည်။ ကိုယ်လုပ်မည့်ကိစ္စအတွက် အောင်မြင်ပြီးမြောက်သည်အထိ ကြိုးပမ်းရန် စိတ်ဓာတ်ကို ခိုင်မာအောင် တည်ဆောက်ခြင်း ဖြစ်ပါသည်။မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ အမြုတေသည် စိတ်ဓာတ်ရေးရာ အားပြိုင်ပွဲဖြစ်သည်ကိုလည်း မမေ့လျော့သင့်ပါ။

ဘယ်ဖိနပ် ညာဖိနပ်
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်သူ သခင်ဘသောင်း၏ ဟောပြောချက်တခုသည် ယခုကာလနှင့် အံဝင်ခွင်ကျ ဖြစ်နေပါသည်။
၁၉၃၂ ခုနှစ်က ဗြိတိသျှအစိုးရက စက္ကူဖြူအုပ်ချုပ်ရေးနှင့် ဆက်နွှယ်၍ မြန်မာပြည်ကို အိန္ဒိယနှင့် တွဲထားမလား ခွဲထားမလား၊ မြန်မာတွေ ဆွေးနွေး၍ အဖြေပေးပါဟု ပြောလာပါသည်။ ထိုအချိန်က မြန်မာနိုင်ငံရေးလောကတွင် ရှေ့တန်းရောက်သူများဖြစ်သည့် ဒိုင်အာခီကို လက်ခံ၍ အစိုးရရာထူးလက်ခံသည့် နှစ်ဆယ့်တစ်ဦးအဖွဲ့က ခွဲရေးကို လိုလားကြသည်။

ဒိုင်အာခီကို ငြင်းပယ်၍ အစိုးရာထူးကိုလက်မခံ (နောင်ကျမှ တိတ်တိတ်လေးလက်ခံ) သည့် ၀ံသာနုအဖွဲ့က တွဲရေးကို လိုလားကြသည်။ အခြားနိုင်ငံရေးအဖွဲ့တွေ ပုဂ္ဂိုလ်တွေလည်း တွဲကြ ခွဲကြ ဖြစ်ကုန်ကြသည်။
တွဲရေး-ခွဲရေး ရွေးကောက်ပွဲအတွက် နှစ်ဖက်ခေါင်းဆောင်များ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် ဟောပြောပွဲတခုကို ကျင်းပကြသည်။ တွဲရေးဖက်မှ ဒေါက်တာဗမော်, ၀တ်လုံ ဦးကျော်မြင့်, ရမ်းဗြဲ ဦးမောင်မောင် တို့က ဟောပြောပြီး၊ ခွဲရေးဖက်မှ ဦးဘဘေ, ဦးထွန်းဝင်း, ဦးစိုးညွန့် တို့က ဟောပြောကြသည်။ နိုင်ငံရေးသမား လူကြီးများ ဟောပြောပြီးသောအခါ ဘာသာပြန်အယ်ဒီတာ လုပ်နေသူ သခင်ဘသောင်းက မိမိအား ဟောပြောခွင့်ပေးပါရန် သဘာပတိကို ခွင့်ပန်ပြီး တက်ပြောသည်။ သခင်ဘသောင်းက-
``ခွဲရေးဖြစ်စေ တွဲရေးဖြစ်စေ အင်္ဂလိပ် နယ်ချဲ့သမား လက်အောက်ခံချည်း ဖြစ်တယ်။ ကျွန် နဲ့ ဒါသ စကားလုံး ခြားနားသော်လည်း တမျိုးတည်း ဖြစ်သလို ကျွန်ဟာ ကျွန်ပဲ ဖြစ်တယ်။ ဒီ ခွဲရေး တွဲရေး ပြဿနာရဲ့ အဓိပ္ပာယ်ကတော့ အင်္ဂလိပ် နယ်ချဲ့ အစိုးရက သူ့ရဲ့ ဘယ်ဖက် ဖိနပ်အောက်မှာ နေမလား၊ ညာဖက် ဖိနပ်အောက်မှာ နေမလားလို့ မေးတဲ့ သဘောပဲ။ ဒါကြောင့် ကျုပ်တို့ သခင်တွေသဘောကို ပြောရရင် ခွဲရေးလည်း မကြိုက်, တွဲရေးလည်း မကြိုက် အင်္ဂလိပ်နယ်ချဲ့သမား လက်အောက်က လုံးဝ လွတ်လပ်ရေးသာ ကြိုက်ပါတယ်။´´
ဟူ၍ ဟောပြောပါသည်။ ကျောင်းသားများက တဝေါဝေါနှင့် သြဘာပေးကြချိန်ဝယ် တွဲရေး-ခွဲရေး လူကြီးများကတော့ မျက်နှာပျက် ဒေါပွနေကြတော့သည်။

ယခု ရှေ့တိုးလည်း ထမ်းပိုး, နောက်ဆုတ်လည်း လှည်းတုတ် ဟု ရှုမြင် ပြောဆိုချက်သည် သခင်ဘသောင်း၏ ဘယ်ဖိနပ် ညာဖိနပ်နှင့် အတူတူပင် ဖြစ်ပါသည်။ ယခု ပြောနေသူတို့က ဘာလိုလားသည်ဆိုသည့် အပိုင်းကို ထည့်မပြောပါ။ သခင်ဘသောင်းက ဘာလိုလားသည်ကို တိတိကျကျ ပြောခဲ့သည်။ မည်သည့် အခြေအနေတွင် ဖြစ်နေပါစေ မိမိ လိုလားချက်မှာ လုံးဝလွတ်လပ်ရေး ဖြစ်သည်ကို ရပ်တည် ထုတ်ဖော်နိုင်ရပါလိမ့်မည်။

ထမ်းပိုးနှင့် လှည်းတုတ်ကြားမှာပဲ ရောက်ရောက်၊ ဘယ်ဖိနပ်နှင့် ညာဖိနပ်ကြားမှာပဲ ရောက်ရောက်၊ ထိုသို့သော အခြေအနေတွင် အကောင်းဆုံး တုံ့ပြန်နိုင်သည့် နည်းလမ်းမှာ မိမိယုံကြည်ချက်ပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နေခြင်းသာ ဖြစ်ပါသည်။ ပေးအပ်လာသည့် အခြေအနေ နှစ်ရပ်အနက် မိမိက ဘယ်အရာကိုမှ မရွေးချယ်လိုဘူးဟု ဆိုလျှင် မိမိလိုလားချက်ကိုပင် အသေအချာ ဆုတ်ကိုင်ထားခြင်းဖြင့် အကျပ်အတည်းမှ လွတ်မြောက်အောင် ကြိုးစားရမည် ဖြစ်ပါသည်။
ယခုအချိန်သည် မြန်မာနိုင်ငံသားတိုင်း မိမိ၏ သစ္စာခံကတုတ်တွင် ကြံ့ကြံ့ခံ ရပ်တည်နေခြင်းဖြင့် အဓမ္မကို ဓမ္မဖြင့် အနိုင်ယူရမည့် အချိန်ဖြစ်ပါသည်။ လုပ်ဆောင်စရာကတော့ ရိုးရိုးရှင်းရှင်းလေး ဖြစ်ပါသည်။
ခင်ဗျား ``နအဖ လုပ်နေတာတွေကို ကြိုက်သလား´´
ကိုက်တယ်ဆိုရင် ဆန္ဒခံယူပွဲမှာ ထောက်ခံမဲ သွားထည့်ပါ။
မကြိုက်ဘူးဆိုရင် ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲ သွားထည့်ပါ။


Monday, March 24, 2008

ဝေငှခြင်း

နာဂိုယာရဲဘော်များ sign campaign ပြုလုပ်


ယနေ့ ၂၀၀၈ ခုနှစ် မတ်လ၂၃ ၇က်နေ့က ဂျပန်နိုင်ငံ နဂိုယာမြို့တွင် မြန်မာ့ဒီမိုကရေစီအရေးလိုလားသူမြန်မာများ မှဦးဆောင်ကာ sign campaign တရပ်ကို ကျင်းပပါသည်။ ဂျပန်နိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲသော အခြေခံဥပဒေကို ကန့်ကွက်ရန် တောင်းဆို ခြင်းဖြစ်သည်။ ဂျပန်ပြည်သူများထံမှ လက်မှတ်ကိုစုဆောင်းကာ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဌာန သို့ပေးပို့ရန် ဖြစ်သည်။

ကုလရုံးရှေ့တကိုယ်တော်ဆန္ဒပြခဲ့တဲ့ ဒု-ဗိုလ်မှူးကြီးအေးမြင့်(မောင်စွမ်းရည်)

သြစတြေးလျားမှာနေတဲ့ ဒုတိယ ဗိုလ်မှူးကြီးအေးမြင့် အမေရိကန် ပြည်ထောင်စုကိုရောက်နေပြီဆိုတာ ကို သတင်းသုံးပတ်လောက် ကတည်းက ကြိုတင်သိရပါတယ်။ ချီကာဂိုကရဲဘော်တွေက ကြိုတင် ပြီးဖုန်းသတင်းပို့ထားလို့ပါ။ ချီကာ ဂိုကမှ အင်ဒီယားနား၊ အဲဒီကမှ နယူးယောက်ကိုလာမယ်။ ကုလသမဂ္ဂရုံးရှေ့မှာ တကိုယ် တော်ဆန္ဒပြပွဲလုပ်မယ်။ သူက ကျနော်ရဲ့ လွတ်လပ် တဲ့အာရှအသံ၊ ရွှေဒေါင်းတောင်အစီအစဉ်ရဲ့ သောတရှင်ပရိသတ်ပါတဲ့…။

ကျနော်က သူကိုမတွေ့သေးပါဘူး။ ဒါပေမဲ့ ကျနော်က သူ့ပရိသတ်ဖြစ်နေတာ ကြာလှပါပြီ။ ကျနော် အသံလွှင့်တာက မနှစ်တနှစ်ကမှစတာပါ။ သူ့အသံ ကျနော်တို့ကြားရတာ ၁၄-၅ နှစ်ကြာပါပြီ။
သူဟာ စစ်တပ်ကို ပြတ်ပြတ်သားသားဝေဖန်နေတဲ့ စစ်တပ်အရာရှိဟောင်းတယောက်၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှာ စစ်တပ်က ရဟန်းရှင်လူ၊ ပြည်သူကျောင်းသားတွေကို သေနတ်တွေ နဲ့ သွေးချောင်းစီးအောင်ပစ်သတ်ခဲ့တာ ရှက်စရာ၊ ရင်နာစရာလို့သိမြင်ပြီး တောခိုလာခဲ့တဲ့ တဦးတည်းသော စစ်တပ်အရာရှိအငြိမ်းစားတဦးပါ။

အိန္ဒိယကလာတဲ့ကျောင်းသားတဦးက “ဗိုလ်မှူးကြီးဟာ ပထမဦးဆုံးရောက်လာ တာက အိန္ဒိယကိုပါ။ အဲဒီမှာ အော်အင်ဒီးယားရေဒီယိုက ဦးမောသီရိနဲ့တွေ့ဆုံပြီး အသံလွှင့်ပြောကြားခဲ့တာတွေဟာ သိပ် ကောင်းတာပဲ။ နောက်မှ နယ်စပ်ကိုသွား ပြီး ကျောင်းသားတပ်မတော်ကို စစ်ပညာ သင်ပေးခဲ့တာ။ ကျနော်က အသက်ငယ် နေလို့ သင်တန်းတက်ခွင့်မရခဲ့ဘူး။ သိပ် တက်ချင်တာ…”လို့ ပြန်ပြောကြပါတယ်။

ကျနော်ကတော့ ဂျပန်ပြည်က ဗမာလူ ငယ်တွေထုတ်ဝေတဲ့ Voice of Burmaစာစောင်မှာ သူ့ဆောင်းပါးတွေ ကြိုကြားကြိုကြားဖတ်ခဲ့ရဖူးပါတယ်။ ဗိုလ်မှူးကြီးက အမြဲရေးတာပါ။ ကျနော်က ကိုယ့်အခက် အခဲနဲ့ကိုယ် မှန်မှန်မဖတ်နိုင်ခဲ့တာပါ။ သူ့ ဆောင်းပါးတွေမှာ အမြဲလိုလိုပါလေ့ရှိတဲ့ စာကြောင်းတချို့ကို ၂၀၀၅ ခုနှစ်၊ မတ်လ ၆ ရက်ကထုတ်တဲ့ Voice of Burmaစာ စောင်မှာ နမူနာထုတ်ပြချင်ပါတယ်။

‘တပ်မတော်အစ ဘီအိုင်အေကလို့ဆို ရင် မမှားနိုင်သလို မူလပထမဖခင်အစစ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင် တို့ရဲ့ကျေးဇူးကြောင့် ဒီနေ့ သေချင်းဆိုး အာဏာရူးပိုးဝင်နေတဲ့ ဗိုလ်ယုတ်ကယ်ပါ တို့ ခံစားနေရတာပါ။ ဒုတိယဖခင်လို့ သူ့ ကိုယ်သူမင်္ဂလာယူခဲ့တဲ့ ကျင့်ကြံဖောက် ပြားလော်လည်ခဲ့လို့ တပ်မတော်ကြီး သောက်ကျိုးနည်းခဲ့ရတာ’စသဖြင့် ရေးလေ့ရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ မူလချမှတ်ခဲ့ တဲ့ တပ်မတော်အတွက် အခြေခံမူကြီး ၄ ရပ်ကိုလည်း အလျဉ်းသင့်တိုင်း ဖော်ပြလေ့ရှိပါတယ်။

၁။ နိုင်ငံတော်ကိုကာကွယ်တဲ့တပ်မတော်၊
၂။ ပြည့်သူဆန္ဒနဲ့အညီ နေထိုင်ကျင့်ကြံတဲ့ တပ်မတော်၊
၃။ နိုင်ငံရေးမှာဝင်မစွက်တဲ့တပ်မတော်၊
၎။ တိုင်းပြည်နဲ့ပြည်သူအကျိုးကိုလိုလား တဲ့တပ်မတော်-
တဲ့။

အဲဒီမူ ၄ ချက်ကနေ သွေဖယ်ခဲ့လို့ စစ် တပ်အာဏာရှင်စနစ်ပေါ်ပေါက်ခဲ့တာပါတဲ့။
စစ်ဗိုလ်စစ်သားတွေဟာ ဒီလိုစကားတွေကိုပြောဖို့ရေးဖို့ဝေးရော။ သူများ ပြောတာရေးတာတွေကို ကြားရဖတ်ရရင် တောင် သူတို့ကို ချက်ချင်းလက်ငင်း မြေ မျိုမလောက်‘ကြောက်ကျင့်’ပါနေကြတာပါ။
စစ်ဗိုလ်စစ်သားအများစုဟာ နိုင်ငံရေး အမြင်မရှိ၊ စစ်ကျေးကျွန်စိတ်၊ စစ်ကြေးစားစိတ်တွေမှီစွဲကပ်နေကြလို့ တပ်မတော်ကြီးပါမက နိုင်ငံတော်ကြီးပျက်စီးခဲ့ရပုံတွေကို ဗိုလ်မှူးကြီးကထောက်ပြခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့က ဖက်ဆစ်ဂျပန်ကို တော်လှန်တော့မယ်ဆိုတော့ တော်လှန်ရေးတပ်မတော်ကို ပြန်လည်ဖွဲ့စည်းပါတယ်။ ဖက်ဆစ်ကျေးကျွန်၊ စစ်တပ်ပုံစံ၊ ပြည့်သူ့တပ်မတော်ပုံစံကို ပြောင်းပါတယ်။ စစ်တိုင်းတွေဖွဲ့စည်းပြီး တပ်တိုင်းမှာ စစ်ရေးတာဝန်ခံနဲ့နိုင်ငံရေးတာဝန်ခံ (နိုင်ငံရေးမှူး)တို့တွဲဖက်ပြီး စစ်တပ်မဖွဲ့ခင်ကပဲ နိုင်ငံရေးသဘောတရားသင်တန်းတွေကို ပေးခဲ့ကြပါတယ်။
‘ငါတို့လူမျိုးတွေအပေါ်မှာ ဗိုလ်ကျ အုပ်ချုပ်နေတဲ့ တိုင်းတပါးသားတွေကို ပြန် ချကြမယ်’ဆိုတဲ့ သာမာန်မျိုးချစ်စိတ်ဓါတ် မျိုးအဖြစ် ကိုလိုနီနယ်ချဲ›စနစ်နဲ့ ဖက်ဆစ်ဝါ ဒတို့ရဲ့ဇစ်မြစ်ကိုပါ သိစေပါတယ်။

‘ရဲဘော်မသေ၊ သေသော်ငရဲမလား’ ဆိုတဲ့ သွေးတိုးဆောင်ပုဒ်တွေကို သင်မ ပေးဘူး။ ‘ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်’ဆို တဲ့ မင်းဖြစ်ရေးတရားကိုသင်မပေးဘူး။ ‘ရဲဘော်သာတိုင်းပြည်အတွက်၊ တိုင်း ပြည်ဟာရဲဘော်အတွက်မဖြစ်စေရ’လို့သင် ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမရှိတော့တဲ့အခါ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ ဂိုဏ်းကဖျက်စီးဖယ်ရှားပြီး နိုင်ငံရေးသဘောတရား မပါတဲ့ စစ်ရေးသမိုင်း၊ စစ်ပွဲသမိုင်း၊ စစ် လက်နက်သမိုင်းတို့ကိုသာ သင်ကြားပေး ခဲ့ကြပါတယ်။ ဒါတွေကို ဗိုလ်မှူးကြီးအေး မြင့်နဲ့ ရိုးသားတဲ့မျိုးချစ်စစ်သားတွေက စိတ်နာခဲ့ကြတာမဟုတ်လား။ ဒါကြောင့် ကြေးစားစစ်တပ်မှာ စစ်ရေးနဲ့မိန်းမပိုးရေးတို့လိုဟာမျိုး တွေမှာ ထူးချွန်သူတွေရှိကောင်းရှိပေမယ့် ပြည့်သူ့တပ်မတော်သားကောင်း စိတ်ဓါတ်ပြည့်ဝသူက တော့ အလွန့်အလွန်ကို ရှားပါးခဲ့ပါတယ်။ စစ်တပ်အရာရှိကြီးငယ်တွေ စည်းလုံးပြီး တော်လှန်ပြောင်းလဲပစ်ကြပါတဲ့…။

ဗိုလ်မှူးကြီးက ဇူလိုင် ၁၃ မှာ နယူး ယောက်ကိုရောက်လာပြီး ဒေါက်တာ သောင်းထွန်းအိမ်မှာ တည်းခိုတယ်လို့ သ တင်းရပေမယ့် ဇူလိုင် ၁၂ ရက်နေ့မှာ ကျ နော့်မျက်စိကို တိမ်ခွဲထုတ်ထားတာဆို တော့ လာတွေ့ချင်ပေမယ့် တွေ့နိုင်တော့ မယ်မထင်တော့ဘူးလို့ အကြောင်းကြား လိုက်ပါတယ်။ ဒါပေမဲ့ ၁၄ ရက်နေ့ကျ တော့ ဒု-ဗိုလ်မှူးကြီးအေးမြင့် ကုလသမဂ္ဂ ရှေ›မှာ တကိုယ်တော်ဆန္ဒပြတယ်။ သက် သက်လွတ်စား၊ သီလယူ၊ ပုတီးစိပ်ပြီး ငြိမ်း ချမ်းငြိမ်သက်တဲ့ ဆန္ဒပြနည်းတဲ့ပြတယ်။ အဲဒါကို နယူးယောက်မြို့ ဘားမားပွိုင့်က စီစဉ်ကူညီတယ်လို့ကြားလို့ သူတို့ကကားတစီးနဲ့ ကျနော့်ကို အကြို့အပို့လုပ်ပေးမယ်လို့ အကြောင်းကြားပါတယ်။

“ဗိုလ်မှူးကြီးက သြစတြေးလျားက တောင်လာရတာ။ ငါက အိမ်ရှင်ဘဲ။ အား ပေးရမှာပေါ့…”လို့ တွေးမိပြီး သူဆန္ဒပြ မယ့် အချိန်မီအရောက်များခဲ့ကြပါတယ်။ ဘားမားပွိုင့်ဦးဝင်းရှိန်(နယူးယောက်မြို့ စာ ပေလုပ်သားဥက္ကဋ္ဌလို့ခေါ်လေ့ရှိတဲ့) ဦးကျော်ဝင်းခေါ်ကလောင်ရှင်ရွှေပြည်စိုးကိုလဲ ၀င်ခေါ်ခဲ့ပြီး ကားနဲ့လိုက်ပို့ပေးပါတယ်။

ကုလသမဂ္ဂရုံးကြီးရှေ›ရောက်တော့ မြန်မာဝတ်စုံနဲ့ ကတုံးဦးပြည်းနဲ့ အသားညိုညိုရဲဘော်ကြီးကို မြင်ရပါတယ်။ သူ့ရှေ့စားပွဲပေါ်မှာ ဗုဒ္ဓဆင်းတုငယ်တဆူနဲ့ နှင်း ဆီနီပန်းအိုးကြီးတလုံးချထားတာကိုလဲ တွေ့ရပါတယ်။ ဒေါက်တာသောင်းထွန်းနဲ့ဇနီးက လိုလေသေးမရှိအောင် ဘေးကစောင့်ကြပ် ပြင်ဆင်ပေးထားတာပါ။ ဗိုလ်မှူးကြီးရဲ့ဘေးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရန်တော်ဟောင်း‘ကိုအောင်’နဲ့ ကျောင်းသားတပ်မတော်တပ်သားဟောင်း ‘ကိုဝင်းနိုင်’တို့က ကြေညာစာတန်းရေး ထိုးထားတဲ့ ပိတ်စအရှည်ကြီးကို တ ယောက်တဖက်စီကိုင်ထားကြပါတယ်။ အလယ်ပိုင်းမှာနိမ့်နေတာကို ဘားမားပွိုင့် ‘ကိုမိုးချမ်း’က ၀င်ကိုင်ပေးထားပါတယ်။
စာတန်းက အင်္ဂလိပ်ဘာသာနဲ့ ရေး ထားတာပါ။ အဓိပ္ပာယ်က ‘ဗမာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကိစ္စကို ကုလသ မဂ္ဂလုံခြုံရေးကောင်စီတင်ရာမှာ အားပေး ကြပါစို့’နဲ့ ‘ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန် နိုင်ငံကြီးတွေက မဟန့်တားကြဖို့’ ရေး ထားတာပါ။ ကြေညာချက်တစောင်လဲ ထုတ်ပြန်ထားတာကို ဝေငှနေပါတယ်။

“ကျနော်မောင်စွမ်းရည်ပါ…”လို့ပြောလိုက်တော့ ဗိုလ်မှူးကြီးက၀မ်းသာအယ် လဲကြိုဆိုပါတယ်။ “ဆရာမျက်စိခွဲထားပြီး ခါစ ဘာလို့လာသလဲ၊ အားနာစရာပဲ…” လို့ ပြောပါတယ်။

ပုတီးခဏချထားပြီး စကားလက်ဆုံ ကျသွားပါတယ်။ နေ့လယ်စာစားချိန်ဆို တော့ ကုလသမဂ္ဂရုံးသူရုံးသားတွေ ရုံးပြင် ထွက်ပြီး လမ်းသလားချိန်နှင့် လူစည်ကား နေပါတယ်။ လူဖြူ၊ လူမဲတွေက စိတ်ဝင်တ စားရပ်ကြည့်ပြီး သတင်းမေးကြပါတယ်။ ‘ကိုမိုးချမ်း’က ကြားဝင်ပြီးရှင်းပြပါတယ်။ ဗိုလ်မှူးကြီးကတော့ ခုလို စစ်တပ်က သ မိုင်းအစဉ်အလာကောင်းတွေကို ဖေါက် ဖျက်ပြီး အာဏာသိမ်းထားတာ။ ပြည်သူ တွေကို ညှင်းပန်းနှိပ်စက်နေတာတွေကို ရှက်လွန်းလို့ သေရပါလိမ့်မယ်လို့ သူ့ခံ စားမှုကို ဖော်ထုတ်ပါတယ်။

“ကျနော်က ဖျာပုံဇာတိပါ။ ၁၉၃၆ ခု နှစ်၊ သြဂုတ်မှာဖွားပါတယ်။ သူ့အသက် ၇၀ ပါ။ အသက် ၁၉ နှစ်အရွယ်၊ ၁၉၅၅ ခု နှစ်မှာ စစ်ထဲဝင်ခဲ့ပြီး နောက်ဆုံးလားရှိုး အခြေစိုက် အရှေ့မြောက်တိုင်းမှာ တာဝန်ယူခဲ့ပါတယ်။ အဲဒီတုန်းကတည်းက တခြားစစ်တပ်အရာရှိတွေကို ကျနော်ကြည့်မရတော့ဘူး။ မကြာခဏပြဿနာကြုံရတယ်။ တချို့က အငြိမ်းစားယူပြီးတော့ ရှစ်လေးလုံးအရေးတော်ပုံမှာ‘မျိုးချစ်တပ်မှူးဟောင်း’ တွေအနေနဲ့ အဖွဲ့ဖွဲ့ပြီး ပါဝင်ခဲ့ကြတယ်။
အဲဒီမှာလည်း သူ့တို့ပထွေးနေ၀င်းကို ပွင့်ပွင့်လင်းလင်း မတိုက်ခိုက်ရဲကြပါဘူး။ တချို့က ရွေးကောက်ပွဲဝင်ပြီး အရွေးခံချင် ကြသေးတယ်။ ကျနော်တို့က ဘာအခွင့် အရေးမှမလိုချင်ဘူး။ ဒီမိုကရေစီရရင်ပြီး ရော…”

“ကျနော်ရှင်းရှင်းဝန်ခံမယ်။ ပညာတတ်ကြီးလဲမဟုတ်ဘူး၊ နိုင်ငံရေးလဲနားမလည်ဘူး၊ နိုင်ငံရေးစကားကိုလဲမပြောဘူး၊ စစ်တပ်က မတရားအာဏာသိမ်းပြီး ပြည်သူလူထုကို နှိပ်စက်နေတာကိုပဲရှက်တယ်၊ ရင်နာတယ်။ စစ်တပ်က စစ်တန်းလျားကို ပြန်သွားရင် ကျနော့်တာဝန်ပြီးပြီ။ ကျနော် သေသည်အထိ စစ်အာဏာရှင်တွေကို ဆန့်ကျင်တိုက်ပွဲဝင်သွားမယ်။ ခုဆိုရင် ကျ နော့်ဇနီးလဲ မကြာခင်ကပဲ ဆုံးသွားပြီ။ ကျန်ရစ်တဲ့သမီးနှစ်ယောက်နဲ့လဲ အဆက် အသွယ်ပြတ်နေရတယ်။ ခုတော့ ရေမျော ကမ်းတင်ဘ၀နဲ့ ကျန်းနိုင်ငံကြီးမှာရောက် နေရတယ်။ ထိုင်း-ဗမာနယ်စပ်က ကျောင်းသားတွေက ကျနော့်ဘ၀ကိုကြင် နာကြလို့ စီစဉ်ပေးလိုက်ကြတာပါ…”။

“ကျနော်-အဲဒီကလေးတွေကို သနား တယ်လေ။ သူတို့မှာ လက်နက်၊ လူသူမရှိ ဘူး။ ပဲနဲ့ငပိကိုတောင် နပ်မှန်အောင်မစား ကြရဘဲ အင်မတန်အင်အားကြီးတဲ့ ရန်သူ စပ်တပ်ကြီးကို ခုခံတိုက်ခိုက်နေကြရှာတာ ပါ။ သူတို့မှာစိတ်ဓါတ်ပဲရှိတာ။ လက်နက် လဲမရှိ။ စစ်ပညာလဲမရှိကြဘူး။ သူတို့အ လကားသေကုန်ကြတယ်။ ဒါကြောင့် ကျ နော်တတ်တဲ့စစ်ပညာနဲ့ပဲ သူတို့ကိုကူညီ နေရတာပါ။ မာနယ်ပလောကျဆုံးရတာ က ဗမာ့တပ်မတော်တော်လို့မဟုတ်ဘူး။ ကရင်ကဖောက်သွားတဲ့အဖွဲ့ရှိလို့ပါ။ ကရင်ချင်းမညီညွတ်လို့ပါ…”စသဖြင့် ပြော ကြပါတယ်။

ဗွီအိုအေ၊ ဘီဘီစီ၊ အ်ာရ်အက်အေ၊ ဒီဗွီ ဘီတို့နဲ့ ခေတ်ပြိုင်ဂျာနယ်ကလဲ တယ်လီ ဖုန်းတွေလာကြလို့ ခဏခဏပုတီးချထားပြီး အထက်ပါစကားတွေကိုပဲ ထပ်ကာ ထပ်ကာ ပြောပြနေရပါတယ်။ ကျနော်က သတင်းဆောင်းပါးတွေကို မိုးမခ၊ မိုးသောက်ကြယ်၊ အာဟာရစတဲ့ စာစောင်တွေကို ပို့မယ်လို့လဲပြောပြလိုက် ပါတယ်။ ဆန္ဒပြတာကို ညနေ ၄ နာရီမှာ သိမ်းလိုက်ပါတယ်။ကျနော်ကတော့ ဦးအေးမြင့်ကို ဒေါက် တာဆလိုင်းထွန်းသန်း၊ ဦးအုန်းသန့်၊ ကို ထွန်းလင်းကျော်၊ ကိုသက်နောင်စိုး၊ တပ်ကြပ်ကြီးကျော်ကျော်၊ ဆရာလေးတေဇ၀ တီ၊ ဒေါ်မာလာရီတို့စသဖြင့် အခုလို တ ကိုယ်ချင်းဆန္ဒပြကြတာတွေဟာ အထူး ၀မ်းသာအားရဖြစ်မိပါတယ်။
နိုင်ငံရေးပါ တီတွေ၊ ရဟန်းသံဃာတွေ၊ သီလရှင်တွေ၊ ကျောင်းသားတွေသာမက ခုလို နိုင်ငံရေး အဖွဲ့အစည်းနောက်ခံလုံးဝမပါတဲ့ ပညာ ရှင်တွေ၊ တပ်မတော်အရာရှိတွေကလဲ ကိုယ်ကျိုးစီးပွား၊ ရာထူးအာဏာ၊ ငွေကြေး တို့ကို လုံးဝမမျော်မှန်းဘဲ အသက်အိုးအိမ် စည်းစိမ်တို့ကို လုံးဝစွန့်လွှတ်ဆန္ဒပြပြီး ဗမာ့စစ်တပ်ကိုသာမက၊ ဗမာပြည်သူကို သာမက၊ ကမ္ဘာ့ပြည်သူတွေနဲ့ ကုလသမဂ္ဂ ကိုပါ ဗမာပြည်ရဲ့ဒီမိုကရေစီဆန္ဒကို တင်ပြ ကြေညာကြတာကိုက ဂုဏ်ယူဝမ်းမြောက်စရာပါ။
ဒါကြောင့် တကိုယ်တော်ဆန္ဒပြတဲ့ ဒု-ဗိုလ်မှူးကြီးအေးမြင့်နဲ့တကွ တခြားလူ့ အလွှာအမျိုးမျိုးက အနစ်နာခံဆန္ဒပြကြသူ တွေကိုပါ ဒီဆောင်းပါးနဲ့ဂုဏ်ပြုလိုက်ရပါ တယ်။
စစ်အာဏာရှင်တွေကျဆုံးပါစေ…
ဒီမိုကရေစီအမြန်ရရှိပါစေ…

မောင်စွမ်းရည်
(၂၀၀၆ ခုနှစ်၊ စက်တင်ဘာလထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၃၊ အမှတ် ၉ တွင် ဖော်ပြခဲ့သော ဆရာစွမ်း၏ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်)

ဒု-ဗိုလ်မှူးကြီးအေးမြင့်(ငြိမ်း)၏ ဖက်စစ်တော်လှန်ရေးနေ့အထိမ်းအမှတ် ဆွေးနွေးပွဲပြုလုပ်

တိုကျို။ မတ်(၂၃)

မတ်(၂၇)ရက်နေ့တွင်ကျရောက်မည့် ဖက်စစ်တော်လှန်ရေးနေ့အထိမ်းအ မှတ်အဖြစ် ဒု-ဗိုလ်မှူးကြီးအေးမြင့်(ငြိမ်း)မှ ”ဖက်စစ်တော်လှန်ရေးနှင့် ယနေ့တပ်မတော်အကြောင်းတစေ့တစောင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တရပ်ကို တိုကျိုမြို့၊ အိခဲဘုခုရိုးရှိ၊ အီကိုတိုရှိးမား စင်တာ(၈)ထပ်တွင် ပြုလုပ်ခဲ့ကြ ကြောင်းသိရသည်။ ညနေ ၆း၀၀ နာရီတွင် စတင်ပြု လုပ်ခဲ့သော ယင်းဆွေးနွေးပွဲတွင် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေသူ မမိုးမိုးမှ ဒု-ဗိုလ်မှူးကြီး အေးမြင့် (ငြိမ်း)၏အတ္ထုပ္ပတ္တိကိုဖတ် ကြားတင်ပြပြီး ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေသူများမှ

ဖက်စစ်တော်လှန်ရေးနှင့် ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို အနည်းငယ် ဆွေးနွေးသွားခဲ့သည်။
မြန်မာ့လွတ်လပ်ရေးအတွက် ဖက်စစ်ကိုတော်လှန်ရန်အတွက် တပ်မတော်ဖွဲ့စည်းရာတွင် တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်သောတပ်မတော်ဖြစ်ရမည်၊ ပြည်သူ့ရဲ့ ဆန္ဒနှင့်အညီ နေထိုင်ကျင့်ကြံသောတပ်မတော်ဖြစ်ရမည်၊ နိုင်ငံရေးမှာ ၀င်မစွက်သော တပ်မတော်ဖြစ်ရမည်၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကိုလိုလားသော တပ်မတော်ဖြစ်ရမည်ဆိုသော အချက်ကြီး (၄)ချက်ကို အခြေခံသော တပ်မတော်အဖြစ် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ဖက်စစ်ဂျပန်တို့သည် မော်လမြိုင်ကို သိမ်းပြီးသည်နှင့် မြန်မာ့တပ်မတော်ကို အာဏာအပ်မည်ဟုပြောခဲ့သော်လည်း တစ်တိုင်း တစ်ပြည်လုံးသိမ်းပြီးသည်အထိ ကတိမတည်ခဲ့ကြောင်း။ ထိုဖက်စစ်ဂျပန်ကို တော်လှန်ရာမှ ဖက်စစ်တော်လှန်ရေးနေ့ဆိုတာ ပေါ်ပေါက်လာခဲ့သည်ဟု ဒု-ဗိုလ်မှူးကြီးအေးမြင့်(ငြိမ်း)မှ ရှင်းပြသည်၊

ယနေ့ နအဖစစ်အုပ်စုသည်လည်း ဖက်စစ်သကဲ့သို့ပင် (၁/၉၀)ကို ထုတ်ပြန်ကြေငြာခဲ့ပြီး ရွေးကောက် ပွဲတွင်အနိုင်ရပါတီကို အာဏာလွဲအပ် မည်ဟုပြောဆိုခဲ့သော်လည်း ယနေ့အချိန်ထိ ပြည်သူထံအာဏာာလွဲပြောင်းပေးအပ်ခြင်းမရှိသည့်အပြင် နအဖစစ်အုပ်စုမှ ဖက်စစ်စစ်အာဏာ ရှင်စနစ်ကို သက်တမ်းရှည်စေရန် Roap Map(၇)ချက်ကိုရေးဆွဲကာ ပြည်သူကို စစ်ကျွန်ဘ၀ထဲသို့ အစဉ်အမြဲသွတ်သွင်းရန် လုပ်ဆောင်နေသည်ကို တွေ့နေရသည်ဟု ပြောပြသည်၊
ပြည်သူကိုသေနပ်ပြောင်းဝကနေ အာဏာစီးဆင်းတဲ့စနစ်ချုပ်ငြိမ်းပြီး ပြည်သူ့ဆီကနေ အာဏာစီးဆင်တဲ့စနစ်မျိုးကိုလိုချင်ကြောင်း၊ တိုင်းပြည်၏အနာဂါတ်နှင့် ပါတ်သတ်၍ ၄င်း၏ဆန္ဒကို ပြောပြသွားပြီး တက်ရောက်လာကြသူများမှ သိလိုသည်များကို ပြန်လည်ဖြေကြား ပေးသွားခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက် နယ်မြေ-ဂျပန်ဌာနခွဲ)နှင့် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်တို့မှ သြစ တြေးလျနိုင်ငံတွင်နေထိုင်နေသူ ဒု-ဗိုလ်မှူးကြီးအေးမြင့်(ငြိမ်း)ကို ဖိတ်ကြား ကာကျင်းပခြင်းဖြစ်ပြီး၊ ဒု-ဗိုလ်မှူးကြီးအေးမြင့်(ငြိမ်း)မှာ တပ်မ တော်မှအငြိမ်းစားယူပြီးသည့်နောက် (၈၈)အရေးတော်ပုံဖြစ်ပွားပြီး နောက်ပိုင်းတွင် ABSDFကျောင်းသားတပ် မတော်ကို စစ်သင်တန်းများ ပေးခဲ့သူတစ်ဦးဖြစ်သည်။
သတင်း-သန့်မျိုးထွေး(MTK)၊ မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)

Sunday, March 23, 2008

ဆရာကြီး၏ဂူဗိမာန်(ပိသုကာကျော်မင်း)







အင်္ဂလိပ်အစိုးရ၏ ရန်သူနံပါတ် ၁(အောင်ဗလ)

ပထမသခင်လှုပ်ရှားမှုနှင့်အဖမ်းခံရပြီး ထောင်မှလွတ်လာသော သခင်လူငယ်တစုတို့သည် မိမိတို့၏လှုပ်ရှားမှုများကို ပြန်လည်သုံးသပ် ကြသောအခါ ပြီးခဲ့သောတိုက်ပွဲတွင် ငွေရေးကြေးရေးအခက်အခဲကို ရင်ဆိုင်ခဲ့သဖြင့် လှုပ်ရှားမှုများ လိုအပ်သမျခရီးမပေါက်ခဲ့သည်ကို ဆန်းစစ် တွေ့ ရှိကြရသည်။ ထို့ကြောင့် နိုင်ငံရေးတိုက်ပွဲမစမှီ ရန်ပုံငွေရှာ ရန် သခင်ဗသောင်းကအဆိုပြုသည်။ သခင်သိန်းမောင်ကမူ သခင် လူငယ်များ ဆက်လက်ကိုယ် ကျိုးစွန့်၍လှုပ်ရှားပါက လူထုက ကူညီလေမည်ဟုယူဆသည်။ ဤတွင် သခင်အသင်းကွဲသွား ပြန်တော့သည်။ သခင်ဗသောင်းက တို့ဗမာ အစည်းအရုံးမှနှုတ်ထွက်ကာ ဆင်းရဲသားမင်း၊ ဆင်းရဲသားပါတီကို တည်ထောင်သေးသည်။ ကာလအနည်းငယ်ကြာသောအခါ နိုင်ငံရေး နယ်ကိုကျောခိုင်းကာ စာပေလောကသို့ပြောင်းရွေ့သွားခဲ့သည်။


ရလဒ်မှာ စာပေလောကတွင် ဂန္တ၀င်စာပေများပေါ်ထွန်းလာခဲ့သည်။ သခင်ဗသောင်းမျိုးစေ့ချပေးခဲ့သော သခင်အဖွဲ့ကြီးသည်လည်း လမ်းစဉ်မှန်ပေါ်ရပ်တည်မိပြီဖြစ်သောကြောင့် အရှိန်အဟုန်ပြင်းစွာချီတက် နိုင်ခဲ့သည်။ သခင်ဗသောင်းစွန့်ခွာသွားပြီးနောက် တို့ဗမာအစည်းအရုံး စည်းရုံးရေးမှာ နှေးကွေးဆဲရှိသောကြောင့် အားမရနိုင်သဖြင့် ဆရာကြီးသခင်ဗသောင်းနေရာတွင် အခြားစာပေပညာရှင်နှင့်အစားထိုးရန် မဟာမိတ်ရှာပြီးစစ်ကူတောင်းတော့သည်။ ကဗျာဆရာကြီးသခင်ကိုယ်တော်မှိုင်းအားချည်းကပ်ကာ မိမိတို့သခင်များသည် နိုင်ငံ၏အရေးကိုသက်စွန့်ကျိုးပမ်းအားထုတ်နေပါသည်။ ဆရာကြီးက ကူညီတော်မူပါဟု ပန်ကြားကြလေသည်။ ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာကြီးသည် မိမိ၏အမျိုးနှင့်တိုင်းပြည်ကို ချစ်သူများစာရင်းတွင် ထိပ်ဆုံးမှရှိနေသူဖြစ်သည်။
“ဝေးခရီးပေမဲ့
အရေးကြီးလျင်ဖြင့် သွေးနီးရာပါစမြဲပေမို့
ဆရာလည်းကွာ ပဌမအရင် ကနဦးဆီက
မြန်မာတခွင်မှာ သမတရှင်ဘုရင်မလူးခင်ပါ့
တဆင့်ထူးကို တမြည်မြည်သင်ခဲ့သမို့
ထီမထင် ကျောင်းတော်သားတွေတို့
အမည်အစဉ်မှာ ခေါင်းအပေါ်ဖျားတွင်မှ
မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့“

၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြီးမှောက်ကာ အမျိုးသားပညာရေးစနစ်တည်ထောင်စဉ်က လိုအပ်ပါက မိမိကိုအသုံးပြုနိုင်ကြောင်း စာရင်းပေးကာ အမျိုသားရေးအတွက် လုပ်အားပေးခဲ့သူဖြစ်သည်။

ကျောင်းသားများက အမျိုးသားကောလိပ်တည်ထောင်ကြသောအခါတွင် သူရိယသတင်းစာအယ်ဒီတာအဖြစ်မှနှုတ်ထွက်ပြီး ရာဇ၀င်ပါမောက္ခအဖြစ်ဆောင်ရွက်ခဲ့သည်။ အခြေအနေအရ ထိုကောလိပ်ကြီးပျက်သွားပြီးနောက် စာနယ်ဇင်းလောကတွင်းသို့ ပြန်လည်ကျက်စားနေစဉ် ဆရာကြီးအား သခင်လူငယ်များကစစ်ကူတောင်းကြသည်။ ထိုအချိန်က ဂျီစီဘီအေအဖွဲ့ကြီးကွဲပျက်သွားပြီးနောက် အုပ်ချုပ်ရေးစနစ်သစ်အလာတွင် မြန်မာနိုင်ငံရေးခေါင်းဆောင်များ ရာထူးလုကြကာ အကွဲအပြဲဖြစ်နေသဖြင့် ဆရာကြီးက စိတ်မချမ်းမသာဖြစ်နေချိန်ဖြစ်သည်။

“သြော် နှစ်ဂိုဏ်းမသင့်ပြန်တော့
စစ်ကိုင်းလွှင့်ချင်ပေါ့
မှိုင်းဖြင့်ဖြေကာ မကြည်သနှင့်
ပြေဌာနီ အခက်ကြုံဘို့လို့
နှစ်ဘက်စုံတွဲသွေးကြတော့
ဝေသာလီပျက်ပုံလည်း တွေးမိတဲ့ပြင်”

ဆရာကြီးသည် ရန်ကုန်မြို့တော်တွင်မနေလိုတော့ဘဲ စစ်ကိုင်းချောင်ကျောင်းသင်္ခမ်းသို့ပြေးရန်စိတ်ကူးမိခဲ့သည်။

”ဒေါင်းရောင်နေမှေးသကို အခိုက်တွင်မှ
ခေါင်းဆောင်တွေ ရှေးနဂိုမလိုက်ပြန်တော့
အရေးထိုထို၌ အခိုက်အခွင့်မဟန်
ခွေးလိုကိုက်ချင်တဲ့ စရိုက်အကျင့်တန်”

အင်္ဂလိပ်၏သွေးခွဲစနစ်နှင့် အင်္ဂလိပ်အစိုးရရာထူးအတွက် ခွေးသို့ကိုက်နေကြသောနိုင်ငံရေးခေါင်းဆောင်များကို အားမလို၊ အားမရဖြစ်ကာ နိုင်ငံရေးကဗျာကြီးများ နိုင်ငံရေးစာအုပ်များနှင့်ပြင်းထန်စွာဆဲရေးဝေဖန်နေစဉ်တွင် သွေးသစ်သားသစ်လူငယ်များက လူငယ်ပီပီသစ္စာရှိရှိဆောင်ရွက်နေကြသည်ကိုမြင်ရသဖြင့် ဆရာကြီးကအားတက်သွားသည်။ အရေးကြီးသဖြင့် သွေးနီးရာသို့ပါလာခဲ့သည်။ ၁၉၄၃ မတ်လထဲတွင် ရေနံချောင်း၌ကျင်းပသော တို့ဗမာအစည်းအရုံး၏ပထမအကြိမ်မြောက်ညီလာခံသို့တက်ရောက်ကာ အစည်းအရုံးကြီး၏သဘာပတိအဖြစ်တာဝန်ယူခဲ့သည်။

”တို့ဗမာတခွင် သခင်ထိုအကျော်အမော်ဂိုဏ်းတွင်ဖြင့်
မျို့ရတနာသဘင် အကြင်ဗြဟ္မစိုရ်ဗဟိုသော တနှိုင်းပေပ
ဇဗ္ဗူသမိုင်း ပျော်စရာ့အခြေ(အိုကွယ်) သခင်ကိုယ်တော်မှိုင်းရယ်လို့ ခေါ်ကြစေ”

ဆရာကြီး၏မူလကလောင်အမည်မှာ သူ၏နာမည်အရင်းအတိုင်း ဆရာလွန်းဟုရေးသားခဲ့သည်။ နောက်ပိုင်းသူရိယသတင်းစာတွင် ကြာဋီကာအမည်နှင့်ဆောင်းပါးခန်းဖွင့်ကာ နိုင်ငံရေးသရော်စာများရေးသောအခါ မစ္စတာမောင်မှိုင်းဟုအမည်ပြောင်းခဲ့သည်။
၁၉၀၄ ခုနှစ်က မြန်မာစာပေလောကတွင် ထူးခြားသောဝတ္ထုတပုဒ်ထွက်ခဲ့သည်။ ၀န်စာရေးကြီးကရေးသားသော ချည်ပေါင်ရွက်သည်မောင်မှိုင်းဝတ္ထုကို လူကြိုက်များခဲ့သည်။ ဇာတ်ကောင်ချည်ပေါင်ရွက်သည်မောင်မှိုင်းသည် အမြို့မြို့အရွာရွာသို့လှည့်လည်ကာ မိမ္မသိုက်တူးနေသော လူရှုပ်လူပွေဖြစ်သည်။ ထိုခေတ်က လူဂုဏ်တန်မြန်မာလူကြီးလူကောင်းများသည် အင်္ဂလိပ်အမည်များကိုတုပကာ မိမိတို့အမည်များရှေ့မှ မစ္စတာများကိုသရော်လိုသဖြင့် ၀တ္ထုဇာတ်ကောင်လူရှုပ်၏အမည်နှင့်တွဲကာ မစ္စတာမောင်မှိုင်းဟု ကလောင်အမည်တွင်ခဲ့သည်။

မစ္စတာမောင်မှိုင်းအမည်ကို စာဖတ်ပရိတ်သတ်ကလက်ခံထားကြသဖြင့် ထိုအမည်နှင့်ပင် ဆရာကြီးက သခင်ဘွဲ့ကိုခံယူခဲ့လေသည်။ သခင်ကိုယ်တော်မှိုင်းခေါင်းဆောင်ချိန်မှစတင်ကာ တို့ဗမာအစည်းအရုံးကြီးသည် ပီပြင်သောနိုင်ငံရေးလမ်းစဉ်များကိုချမှတ်ကာ နယ်ချဲ့အင်္ဂလိပ်တို့အား ထိုးနှက်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဆွေစသောကျောင်းသားခေါင်းဆောင်များလည်း တို့ဗမာအစည်းအရုံးသို့ပါဝင်လာကြကာ သခင်ဘွဲ့များခံယူကာ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ကိုင်ကြတော့သည်။ ထိုအခါတွင် စာရေးဆရာ ကဗျာဆရာကြီးဆရာမှိုင်းသည် အင်္ဂလိပ်အစိုးရက ဒေါက်ထောက်ကာကြည့်ရှုသော ရန်သူတော်ကြီးဖြစ်လာတော့သည်။ အင်္ဂလိပ်အစိုးရက ၀န်ကြီးများ၊ အတွင်းဝန်များ၊ ပုလိပ်အရာရှိကြီးများသိရှိရန် ထိပ်တန်းလျို့ဝှက်စာတန်းဖြစ်သော ဘားမားလစ်(Burma List)တွင် ဆရာကြီး၏အမည်ကို အမှတ် ၁ အဖြစ် ၁၉၄၀ ဇန်န၀ါရီလစာရင်းတွင် သတ်မှတ်ခဲ့ပါသည်။

စာမျက်နှာ ၈ မျက်နှာရှိသည့်ထိုစာတန်းတွင် ဆရာကြီးသည် အရပ် ၅ ပေ ၇ လက္မရှိကြောင်း၊ မျက်ခုံးမွှေးထူထူတွင် ညာဘက်မျက်လုံးကကွေးနေပြီး ဘယ်ဘက်ကအောက်ဖက်သို့လျောကျနေကြောင်းမှစတင်ကာ နိုင်ငံရေးလုပ်ဆောင်ချက်အားလုံးတို့ကို မှတ်သားဖော်ပြထားလေသည်။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကြီးတွင် တို့ဗမာအစည်းအရုံးသည် အင်္ဂလိပ်တို့အား ထိရောက်စွာတိုက်နိုင်ဆုံးသောအဖွဲ့ဖြစ်လာကာ ဆရာကြီးအဖို့ သူတို့၏ရန်သူတော်နံပါတ် ၁ ဖြစ်လာခဲ့သည်။

စကားစပ်မိသဖြင့်ဆိုရလျင် အင်္ဂလိပ်အစိုးရပြုစုသောရန်သူ့စာရင်း ဘားမားလစ်(Burma List)တွင် သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့သည် ထိပ်ဆုံးမှပါဝင်ခဲ့သည်ဟု သိရှိရပါသည်။ အင်္ဂလိပ်အစိုးရက သူတို့၏ရန်သူတော်ဟုသတ်မှတ်ခံသူများစာရင်းတွင် တပ်မတော်ခေါင်းဆောင်များက တဦးတယောက်မှမပါခဲ့ပါ။ ထိုစဉ်က သခင်ရှုမောင်(နေ၀င်း)တယောက်လည်း မပါရှိခဲ့ပါ။ သူ၏အဆင့်မှာ သခင်ဗစိန်၏ အိမ်စောင့်အဆင့်သာရှိခဲ့ပါသည်။ သူ၏လက်ချက်နှင့် သခင်ဗစိန်အဖမ်းခံခဲ့ရသဖြင့် အင်္ဂလိပ်သူလျိုဟု မသင်္ကာကြ၌ရသူဖြစ်ပါသည်။ ထိုကြောင့် အင်္ဂလိပ်လက်အောက်မှလွတ်မြောက်ရေးတိုက်ပွဲတွင် လက်ရှိတပ်မတော်မှအရာရှိဆိုသူများ မပါခဲ့သည်မှာထင်ရှားပါသည်။

ဆရာမှိုင်း ‘မာန်‘နဲ့‘လှိုင်း‘(ရိုး-ခေတ္တရာ)



ဆရာမှိုင်းရဲ့
ကဗျာလှိုင်းမှာ
ရင်ပါးခဲ့တဲ့ ...၊
မထင်မရှား
ကဗျာသမားကလေး ... ကျနော်။



ဆရာမှိုင်းရဲ့ သက်တော်
၁၃၂ နှစ်မြောက် မွေးနေ့မှာ
ဆွေးမြေ့စွာ လွမ်းမော တသောသောနဲ့ ...။

တောင်းဆုပန်ခြွေ
ဒို့များ မြန်ပြေ(မြန်မာပြည်)
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ ...၊

မှိုင်း မာန်တစနဲ့ လှိုင်းတဖန် ထလို့
စစ်ကျွန်ဘ၀ ရုန်းထ လွတ်မြောက်ပါစေသော် ...။

(ဆရာကြီး သခင်ကိုယ်တော်မှိုင်း သက်တော် ၁၃၂ နှစ်မြောက် မွေးနေ့သို့ ...)

အဘမှိုင်းသို့ မှာတော်ပုံလေး(ကြိုင်လှမောင်မောင်)


အဘမှိုင်းရေ
တ,တိုင်းလဲ ရင်မမောလိုက်ပါနဲ့။ ။
အဘချစ်တဲ့ နိုင်ငံတော်မှာ
အဘကြံမြော်ခဲ့တဲ့ ၀ါဒ
အဘအခါခါပြခဲ့တဲ့လမ်းစဉ်
အဘမြင်ချစ်တဲ့ စံနစ်
အဘဖြစ်စေချင်တဲ့ စခန်း
အဘတမ်းတခဲ့တဲ့ ငြိမ်းချမ်းသာယာမှု
အဘတွေးရှုခဲ့တဲ့ အနာဂတ်နိုင်ငံဆီ
အခါမလပ် ပြိုင်စံမှီအောင်
ရည်ဆောင် နိုးကြားချက်တွေနဲ့
ကြိုးစားလျက်ပါ အဘရဲ့။


အဘခင်ဗျား…
ကြိုးစားကြံစည် အခွင့်မလပ်တွေးလို့
အမျိုးသားပြန်လည်သင့်မြတ်ရေးကို
စေ့စပ်ဆွေးနွေး အကောင်အထည်ဖော်ရန်
အောင်သွယ်တော်မလို တိုက်ရိုက်ရင်ဆိုင်
အမြင်လှိုင်လှိုင် ဖလှယ်ရေးလမ်းအတွက်
တကယ်တွေး ကမ်းလှမ်းချက်လဲ
ပေါ်ထွက် ဖော်ဆောင်ရည်လို့
တော်သင့်လျက် အောင်မည်
မြော်လင့်ချက်ရောင်ခြည် ပျို့ပျို့လဲလင်းနေပါပြီ
ရို့ရို့ရဲရဲ ထင်းနေပါပြီ။ ။

အမှန်တရားကို
ကြံအားပိုလျက်
စံထားလို ဒီမိုကရေစီအတွက်
အဘက်ဘက်က အာဃတ တွေ ဖြေ
သင်ပုန်းတွေချေလို့
အရင်တုန်းက အခြေအနေကို
သင်ခန်းစာယူကာ
ရွှင်လန်းစွာ ပျူငှာစိတ်ဓါတ်တွေနဲ့
မြင့်မြတ်ပေတဲ့ နာယကဂုဏ်အင်တွေ
စုံလင်တွေတဲ့ စံပြမျိုးချစ်ကြီးတွေက
ကဏ္ဍသမိုင်းသစ်ကို
ဝိုင်းဖွင့်ကြပါတော့မည်။ ။

အဘမှိုင်းရေ
တ တိုင်းလဲ
လှိုင်းထ ရင်ထက်
ရတက်မဖြာ စေချင်ပါ။ ။

ဒီမိုရွှေမန်းမှာ
ငြိမ်းချမ်းပန်းနဲ့
စိမ်းလန်းစိုပြေတင့်လို့
လူ့အခွင့်အရေး အပြည့်အ၀တွေ
အစေ့အငှ ဝေမျခံစားရတဲ့
စံစားရမဲ့ နိုင်ငံတော်သစ် တည်ဆောက်မှာမို့
ထောက်ကာမပြတ်ပ ပဏပြုသော်
ရောက်ရာအရပ်က သာဓုခေါ်ပါ
အဘ မှိုင်း ဆရာ။ ။

‘မှိုင်း‘နဲ့‘ဆန်း‘(မောင်စွမ်းရည်)



အဘိုးသခင်ကိုယ်တော်မှိုင်းနဲ့ အဖသခင်အောင်ဆန်းတို့ကို ကျနော်တို့သိမိလိုက်ကြတဲ့ မျိုးဆက်သာမက ကျနော်တို့ တူ သားမျိုးဆက်သစ်လူငယ်များက လေးစားကြည်ညိုမဆုံးကြ။ လူငယ်ကျောင်းသားလေးတွေ ဒုက္ခရောက်ကြရှာတော့ သူ တို့လေးစားကြတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ သခင်အောင်ဆန်းတို့ကို တိုင်တည်သီချင်းလုပ်ပြီး သံဗုံးကြီးတွေနဲ့ ရန်ကုန်တမြို့လုံးကို ရိုက်ခတ်လှုပ်ခပ်လိုက်တဲ့အခါ ကျနော်တို့မှာ ဘေးကရပ်မနေနိုင်တော့ဘဲ သူတို့နဲ့အတူ လမ်းပေါ်ထွက် ပြီး တမ်းတဟစ်ကြွေးခဲ့ကြတာကို ကျနော်တို့တသက်မေ့နိုင် တော့မှာမဟုတ်ပါ။ ပြည်သူလူထုရဲ့ရင်ထဲမှာ ‘မှိုင်းနဲ့ဆန်း’ ရုပ် ပုံလွှာက အမြဲထင်ရှားခိုအောင်းလျက်ရှိတာ သေချာပါတယ်။



ဥရောပနဲ့အမေရိကန်နိုင်ငံတွေကိုရောက်တော့ အထိမ်းအမှတ်ပြတိုက်၊ အိမ်ခန်း၊ ရုပ်တု၊ စာကြည့်တိုက်ဆိုတာတွေက မျက်စိနဲ့မှတ်အားလို့တောင်မတတ်နိုင်တော့။ အမ်စတာ ဒမ်မှာ မြို့တွင်းကို လှေနဲ့လှည့်ကြည့်ကြတော့ တိုးရစ်ဂိုက်အဖြစ် မမောနိုင်မပန်းနိုင် လိုက်လံရှင်းလင်းပြောပြသူကတော့ ဒေါက်တာမိုးမိုးနှင်းပါ။ လမ်းညွန်အမျိုးသမီးပြောပြတာတွေ ကျနော်နားမလည်လိုက်ရင် တူမမိုးမိုးနှင်းက မြန်မာလိုဖြည့်စွက်ပြောဆိုပေးပါတယ်။ ဒါက‘သူလျိုမကြီးမတာဟာရီရဲ့အခန်း‘၊ ဒါက‘ပန်းချီးဆရာကြီးဗင်ဂိုးပြတိုက‘်၊ ဘယ်ဂျီယံရောက်တော့လည်း ဒါက‘ရူဘင်ပြတိုက်‘၊ ဒါကဘယ်သူဘယ်ဝါရဲ့ကြေးရုပ်၊ ပြင သစ်ကိုလိုက်ပို့တော့လည်း အလေးဂရုပြုစရာတွေက ကုန်ပဲမကုန်နိုင်။ ကျနော်တို့မှာဘာရှိသလဲ။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်၊ အောင်ဆန်းပြတိုက်၊ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၊ ဦးသန့်အုတ်ဂူ၊ ဒေါ်ခင်ကြည်အုတ်ဂူ၊ မိဘုရားကြီးအုတ်ဂူ၊ ဦးဝိစာရကျောက်တိုင်၊ မဆိုးဘူး လို့ အောက်မေ့ရပါတယ်။ နတ်မောက်က ဦးဖာ+ဒေါ်စုတို့ရဲ့အိမ်က မီးလောင်သွားခဲ့ပြီ ဆိုတာကိုတွေ့ရတော့ စိတ်မချမ်းသာ။

မီးလောင်နိုင်တယ်ဆိုတာ အရင်ကကြိုမသိဘူးလား။ ကြိုတင်ကာကွယ်ထားပါတော့လား။ ခုမှတော့ပြောနေလို့မထူးတော့။ နောက်ထပ် ဘာတွေထိန်းသိမ်းစောင့်ရှောက်ရဦးမလဲ။ ခုကထဲက ကြည့်ထားကြရမယ်။ ဂုဏ်ယူစရာတွေ ကို နောင်လာနောင်သားတွေ ဂုဏ်ယူကြရမယ်။ ဒါမှလည်း ‘မှိုင်း’စိတ်ဓာတ်၊ ‘ဆန်း’စိတ်ဓာတ်မျိုးတွေ ဆက်ခံကြွယ်ဝလာပေလိမ့်မယ်။

ဟောဒါ‘သူရိယသတင်းစာတိုက်၊ ဒါက ‘မင်းသုဝဏ်အိမ်’၊ ဒါက‘ဖိုးစိန်ကြီးအိမ်’၊ ဒါက‘မြို့မငြိမ်းအိမ်၊ ဒါက‘ဖေမောင်တင်အိမ်စသဖြင့် ထိန်းသိမ်းစောင့်ရှောက်စရာရှိ တာတွေကို ခုကတည်းက ထိန်းသိမ်းစောင့်ရှောက်ထားရမှာကို အမျိုးသားရေးတာဝန်တရပ်ရယ်လို့ နားလည်ထားကြရပေလိမ့်မယ်။ အစိုးရတွေကတော့ အစမရိုးကြလေဘူး၊ နောက်လည်းရိုးမှာမဟုတ်ဘူး။ သူတို့အပူနဲ့သူတို့ ထားလိုက်ပါတော့၊ အများလူငယ် တွေက တာဝန်ယူကြရပေမယ်။

ဒီလ(ဇန်န၀ါရီ ၂၀၀၃)မှာလည်း တိုကျိုနဲ့ မကြာခဏ ဖုန်းအဆက်အသွယ်တွေရရှိပါတယ်။ တိုကျိုက ဂျပန်မိတ်ဆွေတဦးက သခင်အောင်ဆန်း ဂျပန်မှာရှိနေတုန်းက နေထိုင်သွား တဲ့ ဟမ္မားဆုက အိမ်ကလေးအကြောင်းကို ပြောပြတယ်။ သူပြောတာနားထောင်ရင်း ရင်ထဲမှာ ရှက်လာမိပါတယ်။ အဲဒီအိမ်ဟာ သာမာန်ဆင်းရဲသား ဂျပန်အမျိုးသမီးကြီးတ ယောက်ပိုင်တဲ့အိမ်ပါ။ ဒါဟာ မြန်မာ့လွတ်လပ်ရေးသူရဲကောင်းအောင်ဆန်းနေသွားတဲ့အိမ်ဆိုပြီး ကိုယ်ပိုင်အသိတရားနဲ့ ထိန်းသိမ်းစောင့်ရှောက်ထားသတဲ့။ လူတွေလည်း လာကြည့်ကြသတဲ့။ သူတို့အိမ်ဘေးမှာ ဟော်တည်ကြီးတခု ခမ်းခမ်းနားနားဆောက်လုပ်ဖွင့်လှစ်လာတော့ သူ့အိမ်ကလေးက မျက်စိနောက်စရာဖြစ်ပေ မယ့် သူကမဖယ်ဘူးလေ။ ဟိုတယ်ပိုင်ရှင်က ကျုပ်တို့မြန်မာနိုင်ငံမှာလို မြုနီစပယ်စည်ပင်ဆိုတာနဲ့ စစ်ဗိုလ်တွေကိုကပ်ရပ်ပြီး သိမ်းမယ်မကြံနဲ့ မရဘူးလေ။ ဒါပေမယ့် သူသေတော့ သူ့သားသမီးတွေကို မရောင်းနဲ့လို့ မှာကြားမိခဲ့ဟန်မတူဘူး။ သူ့သားသမီးတွေက ရောင်းစားပစ်သတဲ့ ဖြစ်ရလေ။ အဲဒါဂျပန်မှာပါ၊ ဟမ္မားဆုမှာပါ။

ကျိုတိုတက္ကသိုလ်ကိုတော့ မြန်မာတော်တော်များများရောက်ဘူးကြသတဲ့၊ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် သုတေသနလုပ်ဖို့ ပေးထားတဲ့ အခန်းတခန်းရှိသတဲ့၊ ဒေါ်အောင် ဆန်းစုကြည် နိုဘယ်ဆုရတော့ ဒီအခန်းကို ဘယ်သူကိုမှ အသုံးမချစေတော့ဘဲ “ဒါ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်း”လို့ ကမည်းထိုးလိုက်သတဲ့။ အဲဒီ အခန်းကို လာရောက်ကြည့်ရှုသူတွေ အမှတ်တရလက်မှတ်ထိုးဖို့ စာအုပ်တအုပ်လည်း ချထားသတဲ့။ ဂျပန်တွေက လေးလေးစားစားလာကြပေမယ့် တချို့မြန်မာတွေက အဲဒါရှိ မှန်းတောင်မသိဘူးဆိုတော့ ကျနော်စိတ်မချမ်းသာဖြစ်ရတယ်။ ဂျပန်ရောက် မြန်မာတိုင်းက မကြာခဏ သွားရောက်ဂါဝရပြုကြရပေမယ်။ လက်မှတ်ထိုးကြရပေမယ်။

သူတို့က လူမျိုးကြီးပီပီ ဂုဏ်ယူတတ်လို့ လုပ်ထားတဲ့အထိမ်းအမှတ်အခန်းကို အဲဒီ မှာရှိကြတဲ့ မြန်မာတွေသိတောင်မသိကြဘူးဆိုရင် အလိုလေး ဘယ်လောက်ရှက်စရာ ကောင်းသလဲ(တင်မိုးလာတုန်းက လိုက်မပို့ကြဘူးလား)။ ဒါတွေကို တယ်လီဖုန်းဆက်ပြောကြရင်းက ဂျပန်ရှိ ကျနော့်မိတ်ဆွေကို ကျနော့်ရင်ထဲ ထိတ်ခနဲဖြစ်သွားတဲ့ကိစ္စကို ပြောပြလိုက်မိပါတယ်။ ဒီလိုပါ၊ ရန်ကုန် စမ်းချောင်းမြို့နယ်၊ ချမ်းသာလမ်း၊ အိမ်အမှတ် ၅ ကို မိတ်ဆွေတို့ ရောက်ဖူးပါသလား…´၊ အဲဒါဘယ်သူ့အိမ်လဲသိလား…´၊

“ချမ်းသာလမ်းဆိုတာ ပဲပြုတ်သည်တွေချည်းနေတဲ့လမ်းပါကွာ…”လို့ ဆရာကြီး မှိုင်းပြောခဲ့တဲ့လမ်းပေါ့။ အဲဒီအိမ်မှာ အဘိုးသခင်ကိုယ်တော်မှိုင်းရဲ့သမီးအရင်းနဲ့ ဆရာဇေယျ တို့ ဖူးစာဆုံပြီး မွေးဖွားထားတဲ့ သားသမီးသုံးယောက်နေပြန်ပါတယ်။ ကျနော့်ရဲဘော်ကြီး ကဗျာဆရာ‘တင်အောင်မှိုင်း’ဆိုတာ ဆရာဇေယျရဲ့သားအကြီးပေါ့။
အိမ်က အမွေဆိုင် အိမ်လေး။ ပျဉ်ထောင်အိမ်လေး။ ဒါကြောင့် တပည့်သခင်ကြီးတွေကပါ အခါ အားလျော်စွာ ငွေကြေးစိုက်ထုတ်ပြီး ပြင်ဆင်ထားကြရတယ်။ အမွေဆိုင်ဆိုတော့ မှိုင်း မြေးတယောက်က စီးပွားရေးကြပ်တည်းသမို့ ရောင်းချင်သတဲ့၊ ဒါနဲ့ မှိုင်းတပည့်သားမြေးတွေ ပြာယာခတ်သွားရှာတယ်။ ဆရာကြီးရဲ့ မြေးမလေးတယောက်က ကျနော့်တပည့်ပါ။ သူ့ခမျာလည်း စာရေးဆရာတယောက်နဲ့ ဖူးစာဖက်ထားလေတော့ ငွေကြေးမတတ်နိုင်ဘူး။ ဒီအိမ်ကို သူတို့ငွေစုပေါင်းပြီးတော့တောင် မအမ်းနိုင်ဘူး။ အဲဒါ သူတို့အ ကြပ်အတည်းပဲ။ ဒါကိုသတိရပြီး ဂျပန်ရောက်မျိုးချစ်ပုဂ္ဂိုလ်လေးကို ကျနော်ကသတင်းပေးလိုက်တော့ သူ့ခမျာလည်း ကျနော့်သောကတွေကူးပြီး စိတ်သောကတွေ ဖြစ်သွားရရှာတယ်။

“ဆရာရေ- ကျနော်တို့ ဂျပန်ရောက် အိုက်တိုးပဂေးစံ မျိုးချစ်ပုဂ္ဂိုလ်လေးတွေက သူတို့ကိုယ်တိုင် အိမ်ကောင်းကောင်း မရှိကြပေမယ့် အဘိုးမှိုင်းရဲ့အိမ်ကိုတော့ အသက် နဲ့လဲရမလားဆိုတဲ့ လူစားတွေပါ…”လို့ ကျနော်အားတက်အောင် ပြောပြရှာပါတယ်။ “ဆရာမပူနဲ့…၊ ကျနော်တို့ကြိုးစားမယ်…”လို့လဲ ကတိပြုရှာပါတယ်။



ကျနော်ကလည်း အမေရိကန်ရောက်စဆိုတော့ ဘယ်လိုလုပ်ပြီးအလှူခံရမှန်းမသိဘူး။ တယောက်တဆယ်ဆိုရင်ပဲ လူတရာလောက်အလှူခံမိရင် အတော်အားရှိမှာပဲ။ ကျနော့်ကိုလှမ်း ပြီးအားပေးရှာ တဲ့ ဂျပန်က ကေတီဆန်တို့နဲ့တကွ သူ့မြန်မာမိတ်ဆွေတွေ၊ ဂျပန်မိတ်ဆွေတွေ ကျနော့်စာကိုဖတ်မိပြီး ၀ိုင်းဝန်းကူညီနိုင်ကြအောင် ဒီဆောင်းပါးကို ချက်ချင်းထပြီး ပို့လိုက်ရပါတယ်။

မြန်မာမိတ်ဆွေများခင်ဗျား-
ဂျပန်ရှိ တိုယိုတာဖောင်ဒေးရှင်းက ဒေါ်အိဝါ(ခေါ်) အမကြီးအိဝါးမိုတို၊ အိုဆားကား တက္ကသိုလ်က နှမငယ်မီနန်မီဒါ(ခေါ်)မပန်းခက်၊ အိုနုတိုးရု၊ ယညဘူးရှိရို၊ မစန္ဒာ၊ မဆားမိ(ခေါ်)ဟာဒါတာစတဲ့ ဂျပန်မိတ်ဆွေများကိုလည်း မြန်မာပြည်ကို ဒီနှစ်အတွင်း အလည်သွားရင် မောင်စွမ်းရည်နဲ့တွေ့ရမှာမဟုတ်သေးဘူး။ အမေရိကန်ပြည်ထောင်စုကိုလာရင်တော့ ပန်တျာကျောင်းအုပ်ကြီးဟောင်း၊ စာရေး ဆရာ၊ ပန်းချီဆရာ၊ အဆိုတော်ဦး ၀င်းဖေကို မေးမြန်းစုံစမ်းပါလို့ ကျိုတိုတက္ကသိုလ်၊ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းအတွက်ကိုလည်း ဂျပန်မိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်းပြောပြကြပါခင်ဗျား။

ဆရာမှိုင်းတမ်းချင်းကဗျာလေးချိုး(မောင်စင်ကြယ်)



(၁)
အောင်ပန်းတွေတကယ်မညှိုးပါဘု
အောင်ဆန်းတို့အဘိုးဟာ‘ဗိုလ်မင်းရောင်’ပါကွယ့်
မြို့လုလင်သာတဲ့အရပ်မှာပေါ့
အောင်တပ်ကိုသူချီတော့
ကိုယ့်ရပ် ကိုယ့်တပ်ကိုယ်ပြန်နင်းကြတဲ့
ဖျင်းလှတဲ့ကမြင်းမတပ်ဗိုလ်အချို့ကြောင့်
လေးတိုင်စင်အရပ်မှာ
ကြိုးကွင်းတပ်ကာဗိုလ်မင်းရောင်ကို
အသေသတ်ကြတယ်ကွယ့်
ဆရာမှိုင်း ကဗျာမှိုင်းက
လေးချိုးကဗျာစပ်ကာ
ရင်နာနာဖြင့်
‘မြို့လုလင်သာတဲ့ကွန်းဆီသို့
ဒို့သခင် စာဖွဲ့လို့ညွှန်းလိုက်မယ်ကွယ့်
ဒါနဲ့သာလွမ်းကြပေတော့ကွာ’ဆိုပြီး
နှစ်သိမ့်ခဲ့တာ။ ။


(၂)
သြော်- ကုန်းဘောင်အပျက်မှာလ
ဘုန်းရောင်စက်တွေက ၀င်လက်လို့မလာ
မြန်မာ့ဇာထာတော်ညှိုးပြီလား…
မြတ်သောပြည် ဓါတ်ကောလီပြန်ကာကြည့်တော့မှ
ဒေါင်းမြန်မာတဆင့်လှမ်းစေဖို့
အောင်ဆန်းနဲ့အောင်ပန်းကိုရယူရန်
ဇာတိမာန်ကဗျာရေးပါတဲ့
မဟာလေးချိုးကြီးကအသံသာ
ကဗျာမှိုင်း ဆရာမှိုင်းကတော့
အောင်ဆန်းတို့ရဲ့က၀ိဆရာ။ ။

(၃)
သြော်-‘အောင်ဆန်း‘ ‘အောင်ဆန်း‘နဲ့
လွတ်လပ်ရေးရောင်ခြည်တွေသန်းချိန်မှာ
သူ့ခေါင်းမှာလည်းအောင်ဆန်း
ကိုယ့်ခေါင်းမှာလည်းအောင်ဆန်း
တပြည်လုံးအောင်ပန်းမညှိုးခင်မှာ
မိမြန်မာအမှောင်သန်းပြီပေါ့
ပန်းကောင်းကိုအညွှန့်ချိုးတဲ့ပမာ
မျိုးသစ္စာဖောက်ယုတ်တမာ
အမိုက်အမှောင်ဖုံးပါလို့
အသက်ပါဆုံးရရှာတဲ့
မှိုင်းအချစ်ဆုံးအောင်ဆန်းအတွက်
သောကမျက်ရည်စက်တွေနဲ့
အာဇာနည်အုတ်ဂူမှာလေ
ဒေါင်းပုဝါ ခါခါအုပ်ပါလို့
ဆရာမှိုင်း ကဗျာမှိုင်းမျက်ရည်သုတ်ကာ
အလေးပြုရင်း နှုတ်ဆက်ရှာ။ ။

(၄)
အခေါင်အမြန်းတွေပါနဲ့နော…
အောင်ဆန်း အောင်ပန်းညှိုးလျချိန်မှာ
သူခိုး ဓါးပြလူလိမ်တွေက
အစိုးရ အစိုးရ
အစိုးရတွေကလည်း သူခိုး ဓါးပြ
တန်ခိုးတွေပြနေကြတော့
ဘုရား၊ တရား၊ သံဃာ‘တ’နေရတဲ့အချိန်မှာ
အာဏာ၊ ပါဝါ၊ ခွာနာတွေပြပြပြီး
စစ်ဓါးပြသူခိုးတွေ အခါခါအာဏာသိမ်းလေတော့
ထိန်းမရ သိမ်းမရ ကိန်းမလှဖြစ်ကာ
အမိဘ၀ ဒေါင်းအလှမှာလေ…
ခေါင်းကိုလည်းမကြွနိုင်
ဒေါင်းကိုလည်း မကနိုင်
စစ်ခေါင်းဓါးပြတွေမကောင်းသမျ
အကြောင်းမလှဖြစ်ကာ
မှိုင်းကတော့ ခေါင်းငုံ့လို့သာမှိုင်။ ။

(၅)
သြော်- အမိမြေသတိဝေပါစေတော့
ပျက်နေရင်အစဉ် ပြင်လိုက်ရင်တခဏပါဘဲ
အကောင်းမြင်ဒဿနတွေကဲပြီးတော့
ဒေါင်းအိုးဝေ ကောင်းမျိုးအထွေထွေ
ကောင်းကျိုးစေ သာစေကြောင်းရယ်နဲ့
မေ့သားငယ်မောင့်ရွှေသွေးတွေက
‘ပေး‘ ‘ပေး‘ ‘ဒီမိုကရေစီပေး‘
အရေးလို တေးဆိုကာတောင်းခဲ့ကြတယ်။်

သြော်- အပြစ်မြင်စစ်ဘုရင်
ယဇ်ပုလ္လင်လှုပ်ပြီလို့
ဇာတိရုပ်သူ့မှာထင်
အကောင်းမြင်သူ့မှာဝေးပြီမို့
ကျောင်းသားလူငယ်မောင့်ရွှေသွေးတွေရဲ့
‘သွေး‘ ‘သွေး‘ ‘သွေး‘တွေနဲ့ခြေကိုဆေး။ ။

(၆)
ခုအခါ မိမြန်မာ
လမသာ၊ နေမထွက်တဲ့
အခြေပျက်ကိန်းပုံအောင်
သန်းခေါင်ထက်တောင် ပိုလို့မှောင်မဲ
စစ်ဓါးပြသရဲတွေက ကြောက်စိတ်တွေကဲပြီး
‘ပြည်သူ့အသဲပန်း ရတနာစုတည်ရာ
ဒေါ်အောင်ဆန်းစုကြည်’ကိုသော်မှ
ငါးနှစ်ကျော် ခြောက်နှစ်မြောက်
အကြောက်ပြင်ပြင်
ထောင်ချောက်ဆင်ကာ အကျဉ်းအကျယ်
အချုပ်တွေနဲ့ဖမ်း…
အေး ထိုးမဲ့ဆင်ကတော့
နောက်ကိုဆုတ်ရမယ်ကွဲ့တလှမ်း
သားတပည့်လေးတွေကိုကွယ်
သနားဂရုဏာရှိရှိနဲ့
ဆရာမှိုင်းသာရှိရင်ဖြင့်
‘သတိ‘ ‘သတိ‘ နဲ့ က၀ိဆရာက
မင်းတို့လေးတွေကိုလေ သတိပေးမှာသိလား…။

အေး…ခုအခါမှာ
ကုစရာဆေးဝါးကလည်းနတ္ထိဝေးပါရဲ့
(သီဟမင်းတို့ရေ…)
မင်းတို့ဆရာဦးလေးကတော့
သက်ပြင်း သက်မတွေအခါခါချကာ
စာကဗျာတွေရေးရေးပြီး
တော်လှန်ရေး နိုင်ငံရေးအတွက်
သောကဖက်ကာ မဟာသံဝေဂတွေပွား
သြော်-မင်းတို့လေးတွေ အတွက်ကတော့ကွာ
ရှာဖွေလို့သာကြည့်ကြပါကွယ့်
နိုင်ငံရေးရဲ့အမှန်တရား။ ။

စာကြည့်တိုက်ထဲက ဆရာမှိုင်း(မောင်သစ်ဆင်း)



လောကရဲ့ပြတင်းတံခါးတစ်ချပ်
စာကြည့်တိုက်မှာ တပ်ထားတယ်။

အတိတ် ပစ္စုပ္ပန် အနာဂတ်
ထင်ဟပ်တဲ့ လက္ခဏာရေးသုံးပါး
စာကြည့်တိုက်များမှာ ၀ိပဿနာတင်ရှုနိုင်တယ်။


ဘားနပ် ပိဋကတ်တိုက်ရဲ့ကျေးဇူး
ဆရာမှိုင်းတို့ရခဲ့ဖူး။
ဘ၀ရဲ့အကောင်းဆုံးအချိန်များ
ပိဋကတ်တိုက်မှာ သုံးခဲ့ဖူး။

ကွမ်းတမြုံ့မြုံ့နဲ့
တငုံငုံလေ့လာ
ပြည်မြန်မာရှေ့ရေး
အတွေးတွေရ၊ အသစ်တွေရ။

လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး
စာကြည့်တိုက်မှာတွေး
စာကြည့်တိုက်မှာရေး။

စာကြည့်တိုက်ဆိုတာ
တသက်တာသင်ယူလေ့လာဖို့
မရှိမဖြစ်တဲ့နေရာ
ဆရာမှိုင်းအသေအချာသိခဲ့။

ပေးသလောက်ရဲတဲ့ ပညာရေးမလိုချင်
ယူသလောက်ရတဲ့ ပညာရေးပဲလိုချင်။
စာကြည့်တိုက်ကောင်းမှ
တက္ကသိုလ်ကောင်းမည်ပေကြောင်း။

ဒီအမြင်နဲ့
ဆရာမှိုင်းက
တိုင်းပြည်ရှေ့ရေးသည် ပညာရေးပါလို့
အထပ်ထပ်ဆိုခဲ့ရှာ
“သြော် အောင်မျို့အလှည့်
နောင်ဘို့တပည့်တွေနဲ့
အို ဖေမောင်တင်ရဲ့
မောင်တို့ရဲ့တက္ကသိုလ် သခင်ကျောင်း”

ဆရာကြီးမှိုင်းရဲ့ စာပေအရိပ်သြဇာ(တင်မိုး)


(၁)
“မှိုင်းဟဲ့နော်…
တိုင်းနဲ့ပြည်ကျော်ဖို့
ဖြေမနော် အဖက်ဖက်က စမ်းကြပါတော့
မပြေသော် တသက်နှစ်တမ်းပါပဲ…”
တဲ့။
ဆရာမှိုင်းရဲ့စိန်ခေါ်သံ၊ ဗိုလ်တောင်းသံပါ။ အလွန်အားရဖွယ်ကောင်းလှတဲ့အသံ။ ကာရန်ကလဲကိုယ်တွင်းပြည့်၊ ဒီလို လက်မထောင်ပြီး ရင်ကော့လိုက်တဲ့အတွက် ဆရာကြီးမှိုင်းရဲ့စာပေဣနြေ္ဒ ပျက်မသွားတဲ့အပြင် အားရပါးရလက်ခုပ်တီးပြီး အားပေးချင်စိတ်တောင်ပေါက်မိပါ ရဲ့။ တဖက်သားနလန်မထူနိုင်အောင် အလံတလူလူ လွှင့်လိုက်တဲ့ ဇာတိမာန်လို့ပဲဆိုချင်ပါတယ်။



“မင်းတို့ဥာဏ်အမြင် တမိုက်တထွာမျှရယ်နဲ့ ငြင်းဖို့သန်လျင် မိုက်ရာကျပေလိမ့်” တဲ့။ စကားလုံးတိုင်း အဓိပ္ပာယ်ပါပြီး ပြောင်မြောက်တဲ့အပြင် ဆရာကြီးရဲ့ ကာရန်နဘေသံ ကလဲ စိန်ဗေဒါ့လက်သံ စိန်စိန်လန်နေအောင် ကောင်းလွန်းလှလို့ အရသာရှိလို့မဆုံး၊ ကြားရသူတိုင်းတပြုံးပြုံး။ ဆရာကြီးရဲ့ ကြီးမားလှတဲ့ကဗျာဥာဏ်က ကာရန်ရေတံခွန်များ တသွင်သွင်စီးကျလာပုံများမှာ သောက်သုံးခပ်ယူလို့မ၀နိုင်အောင်ကြွယ်လှချည့်။

(၂)
အခြားခြားသော စာဆိုကြီးတွေရဲ့ မဟာလေးချိုးကြီးတချို့ကို ဖတ်ဖူး၊ကြာနာဖူးပါရဲ့၊ ကာရန်မနိုင်တဲ့အတွက် မထိရောက်လှ။ ဒါကြောင့် ဆရာကြီးရဲ့ မန်ကြီးရွက်သပ် နဘေ ထပ်များလို လျောကနဲလျောကနဲမရ။ ဝေါကနဲဝေါကနဲမကျတဲ့အတွက် ပွဲမကျ။

ဆရာ ကြီးက သူ့ပင်ကိုယ်ဥာဏ်ကကြီးမားလှတဲ့အတွက် တမင်အားထုတ်မူမပြုရ၊ သူ့အလိုလို စီးဆင်းလာတဲ့ ကာရန်များမှာ အံ့သြဖွယ်ပင်ကောင်းလှပါပေ့၊ သူမတူတမူထူးတဲ့ ကဗျာ ၀ိဇ္ဇာာဓိုရ်တပါးပါတကား။

(၃)
ဆရာကြီးရဲ့လေးချိုးကြီးတွေဖတ်ပြီး ပီတိစိတ်ယိုဖိတ်ကာ ဆရာကြီးရဲ့နဘေထပ်များ ကို နောက်နှောင်းစာဆိုတို့က တုပရေးသားစီကုံးခဲ့ကြဖူးပါတယ်။ ဆရာကြီးကိုယှဉ်ပြိုင် ခြင်းမဟုတ်၊၊ အားကျခြင်း၊ ဆရာကြီးရဲ့စံကို အတုခိုးလိုခြင်း၊ ကြည်ညိုခြင်းစိတ်ဖြင့် စမ်း သပ်ကြည့်ကြခြင်းမျှသာ ဖြစ်ပါတယ်။

ကျနော်တို့တခေတ်မှာ လူငယ်ကဗျာဆရာများက ဆရာကြီးရဲ့လက်ရာမျိုးကို လက် ဖျားနဲ့မျှမတို့ရဲပေမဲ့ လူငယ်ဂီတစာဆိုတဦးကတော့ ဆရာကြီးရဲ့ နဘေထပ်အသွားတွေ ကို ကြိုးစားပမ်းစား အတုယူရေးဖွဲ့ဖူးတာကို သတိရမိပါတယ်။ သူကတော့ သူ့မူနဲ့သူ ကျော်ကြားထင်ရှားခဲ့တဲ့ ဂီတစာဆို၊ ရုပ်ရှင်မင်းသား ‘အကယ်ဒမီမြတ်လေး’ ဖြစ်ပါတယ်။

မြတ်လေးက ဆရာကြီးကိုလည်း လေးစားမြတ်နိုး၊ ဆရာကြီးရဲ့ စာပေအမွေအနှစ်ကိုလဲ အမွေခံယူချင်၊ ဆရာကြီးရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း နှစ်နှစ်ကာကာ ထောက်ခံခဲ့သူဖြစ်လေတော့ သူ့တေးကဗျာတွေအပေါ်မှာ ဆရာကြီးရဲ့ စာပေအရိပ်တွေ လွမ်းမိုးနေတာ ဆန်းတယ်လို့မဆိုတာပါဘူး။

(၄)
ကိုမြတ်လေးရဲ့ တေးသီချင်းတွေက အတွေးအခေါ်လဲဆန်းသစ်၊ အရေးအသားကလဲ တစခန်းလှစ်ပြီး လမ်းသစ်ထွင်ခဲ့ပုံကလေးတွေ တစေ့တစောင်းကြည့်ရအောင်…။

‘မခင်နှင်းဆီ’သီချင်းမှာ-
“သခါင်္ရကို အစဉ်ထာဝရမှတ်တော့ သင်အနာတရဖြစ်မည်…” တဲ့။
“အက္ခရာသင်္ချာနည်းနဲ့ တွက်ချက်ကြည့်တော့လည်း မက်စရာမမြင်ပါသည်…
အဲ ဒါပဲ အဖြေကွဲ့နှင်းဆီ…၊ ဘ၀နိယာမထဲသို့ ဘ၀င်နာနဲ့ဆင်းပြီ…”
တဲ့။

‘ပင်လုံထိပ်ဦး’မှာ-
“လူ့လောက ဟန်ပန်အရေးနဲ့ ပျမ်းမျကြေးအဖြေ… ဥရောပဆန်ဆန်တွေးတဲ့ ရှမ်းမလေးရေ” တဲ့။

‘ကပြားမလေး ဂိုယာရမ်’မှာ -
“အလှဖုရားမလေး လိုရာဖက်လိုရာဖန်… ကပြားမလေး ညိုပြာညက်ဂိုယာရမ်” တဲ့

‘မင်္ဂလာဒုံက လက်ခုပ်သံများ’ သီချင်းမှာ-
“ဘ၀င်မှာတုန်စရာ့ စက်လှုပ်ပျံကစား မင်္ဂလာဒုံက လက်ခုပ်သံများ…ညီ” တဲ့။

‘တ-က-သ ငွေရတုသဘင်’ သီချင်းမှာ-
“ငွေခရုလွင်လွင်... ပြည်ခြိမ်းမဲ့ ထက်ဗဟို သောင်းခရီးတွင်… ငွေရတုသဘင် မြည် ဟိန်းလျက် တက္ကသိုလ်ကျောင်းကြီးတွင်” တဲ့။

‘မောင်းမကန် ကေသီဦး’ သီချင်းမှာ-
“ထိန်ဝှက်စကားတွင် အသက်ပါနေသမို့ စိတ်မှာစိတ်မှာ သူ့အကြောင်းရွယ်… အိပ်မက်များပင် မက်ပါစေလို့ ကြိတ်ကာ မှိတ်ကာ ဆုတောင်းတယ်…၊ အကြောင်းကံပြေမည် အထူးရွယ် စောင်းသံချွေသီခူးတယ်… မောင်းမကန်ကေ သီဦးရယ်…” တဲ့။
ကိုမြတ်လေးရဲ့ နဘေအရသာကလေးများကိုလဲ တမျိုးတဖုံ ခံစားကြည့်စေ ချင်ပါတယ်။ ကျနော့်နှလုံးသားထဲက နဘေထပ်ကတော့-
“ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်စေမြစေစော
ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော” ပါခင်ဗျား။
တင်မိုး
(၁၁၊ ဖေဖေါ်ဝါရီ၊ ၂၀၀၆)

လန်ဒန်တိုင်းသတင်းစာ၌ ဖော်ပြခဲ့သော ဆရာကြီးသခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ

မောင်ထင် ဘာသာပြန်သည်

မြန်မာ့နိုင်ငံရေးနိုးကြားသော ခေတ်ဦး၌လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေးသို့ ရှေ့ရှုသော ခေတ်၌လည်းကောင်း၊ အလွန်သြဇာတိက္ကမ ကြီးမားသော သခင်ကိုယ်တော်မှိုင်းသည် လွန်ခဲ့သော ကြာသာပတေးနေ့က ရန်ကုန်မြို့တွင် ကွယ်လွန်အနိစ္စရောက်သည်။ ကွယ်လွန်သောအခါ အသက် (၈၉) နှစ်ရှိလေပြီ။သခင်ကိုယ်တော်မှိုင်းသည် လှည်းသမားတဦး၏ သားဖြစ်သည်။ ပြည်မြို့အနီး ရွာတရွာတွင် မွေးဖွားသည်။ ထိုရွာမှာ မြန်မာမင်းဆက်တို့၏ လွတ်လပ်သော နိုင်ငံတော်နှင့် ဗြိတိသျှတို့ သိမ်းပိုက်လိုက်သော ပဲခူးနယ်စပ်ကြားတွင် တည်ရှိသည်။ ရိုးရာဓလေ့အတိုင်း ငယ်စဉ်က မိမိဖွားရာဇာတိရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ယူခဲ့ပြီးနောက် မန္တလေး ရွှေမြို့တော်၌ ဆက်လက်ပညာသင်ယူခဲ့၏။



ထိုအခါ သခင်ကိုယ်တော်မှိုင်းသည် ဗြိတိသျှတို့က နောက်ဆုံးမင်းဆက် မြန်မာဘုရင်ကို
နန်းချသည့် အရေးအခင်း၌ ကိုယ်တွေ့မျက်မြင်ကြုံခဲ့ရသည်။ ၁၈၉၄ ခုနှစ် တွင် စာပုံနှိပ်စက်တခု၌
ဝင်ရောက် အလုပ်လုပ်ရန် ရန်ကုန်မြို့သို့လာခဲ့သည်။ ထိုအချိန်၌ ဆရာလွန်းဟု တွင်သည်။ ထိုအမည်မှာ မူလအမည်ကို အနည်းငယ်လွှဲပြောင်းထားသော အမည်ဖြစ်သည်။ (အင်္ဂလိပ်တို့၌ အမည်ရှေ့တွင် မောင်၊ ကို၊ ဦး၊ ဆရာစသော ဂုဏ၀ုဒ္ဓိကို ဖော်ပြသည့်အလေ့အထမရှိ။ ထို့ကြောင့် ငယ်စဉ်ကမောင်လွန်း၊ လူပျိုအရွယ်၌ ကိုလွန်း၊ အသက်ကြီးလာသောအခါ ဦးလွန်း၊ ဆရာသမား ဖြစ်လာသောအခါ ဆရာလွန်းဟူ၍ အမည်အမျိုးမျိုး ပြောင်းလဲလာပုံကို အင်္ဂလိပ်သတင်းစာဖတ် ပရိသတ်တို့ ရုတ်တရက်နားလည်ရန်ခက်သည်။ ထို့ကြောင့် ဆရာလွန်း အကြောင်းကိုရေးသား
ရာ၌ ထိုအမည်သည် အနည်းငယ်ပြောင်းလဲလာသောအမည်ဟု သိလွယ်အောင်ရေးခြင်းဖြစ်သည်။ ဘာသာပြန်သူ) ထို့နောက် ဆရာလွန်းသည် ပြဇာတ်များကိုရေးသည် သူရေးသော ပြဇာတ်များမှာ ပုဒ်ရေ (၈၀) ခန့်ရှိသည်။

ဆရာလွန်းသည် နဘေထပ်ကာရန်များနှင့် ကဗျာသီကုံးရေးသားရာ၌ အလွန်သွက်သွက်လက်လက် ရေးတတ်သည် ဖြစ်ရကား၊ ယင်းအရည်အချင်းသည် သူ သတင်းစာလောကထဲသို့ ၀င်ရောက်ရာ၌ များစွာအထောက်အပံ့ ဖြစ်လေသည်။ သတင်းစာလောကထဲသို့ ၀င်လာခါစ၌ မော်လမြိုင်တွင်
ထုတ်ဝေသော သတင်းစာတွင် ပထမဆောင်ရွက်သည်။ သို့သော် မကြာမီ ၁၉၁၁ ခုနှစ်တွင် ရန်ကုန် မြို့၌ ထုတ်ဝေသော သူရိယသတင်းစာတွင် ၀င်ရောက်လုပ်ကိုင်ရာ နိုင်ငံရေးကို စိတ်ပါဝင်စား လာလေသည်။

သခင်ကိုယ်တော်မှိုင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကြီးပြင်းခဲ့သူ ဖြစ်သည့်အလျောက် အင်္ဂလိပ်စာကို သင်ယူခြင်းမပြုခဲ့ချေ။ တသက်ပန်လုံး မြန်မာ့အဂ္ဂိရတ်ပညာတွင် ထထကြွကြွ လိုက်စားခဲ့သည်။ သူရိယသတင်းစာသည် မြန်မာသတင်းစာတို့တွင် နိုင်ငံရေးဆိုင်ရာ အရေး အသားတို့ကို ပထမဦးဆုံးရေးသားထားသော သတင်းစာဖြစ်သည်။ သခင်ကိုယ်တော်မှိုင်းနှင့် ရေးဘော်ရေးဘက်တို့သည် ထိုစဉ်က ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေး အကြောင်းကို သတင်းစာထဲ၌ဆွေးနွေးလေ့ရှိရာ ယင်းသို့ဆွေးနွေးသည်ကို သဘောတူ၍ ကြိုဆိုသည်။ အင်္ဂလိပ်တို့၏ အပြုအမူကို ခုံမင်၍ မြန်မာအမည်ရှေ့တွင် မစ္စတာဟု ခေါင်းတပ်သော သူတို့ကို သရော်သောအားဖြင့် ထိုခေတ်က ကျော်ကြားသော မြန်မာဝတ္ထုတပုဒ်၌ ပါသောအမည် တခုကိုယူ၍ မိမိကိုယ်ကိုမိမိ မစ္စတာမောင်မှိုင်းဟု ကလောင်အမည်ကိုပေးသည်။

သူရိယသတင်းစာတွင်လုပ်ကိုင်နေသော ဆယ်နှစ်တာအတွင်းဝယ် မြန်မာတို့သည် အတိတ်၌ ဇာတိဂုဏ်ရောင် ထွန်းပြောင်ခဲ့သည်ကို ပြန်လည်သတိရစေခြင်းငှာ “ဋီကာ” အဖွဲ့များကို ရေးသား သည်။ ထို့ပြင် မြန်မာစာပေများကိုလည်း ပြုစုသည်။ ထိုအရေးအသားများကို နိုင်ငံအစိုးရက အရေးယူခြင်းမပြုသော်ငြားလည်း ထိုအရေးအသားတို့သည် အခြားတပါးသောသူတို့က တိုက်ရိုက်ရေးသားသော အရေးအသားများထက်ပို၍ မြန်မာနိုင်ငံရေး အတွေးအခေါ်တို့ကို
ဖြန့်ချီရာ၌ အဆင့်အတန်းမြင့်မြင့်နှင့် ထိရောက်သည်။ သခင်ကိုယ်တော်မှိုင်းသည် ထိုခေတ်က နိုင်ငံရေးသမားများ ကိုယ်ကျိုးရှာ၍ အရည်အချင်းမပြည့်မ၀နှင့် ပျော့ညံ့ညံ့ အလုပ်လုပ်သည်
ကိုလည်း ရှုတ်ချဝေဖန်လေ့ရှိသည်။

သခင်ကိုယ်တော်မှိုင်းသည် ၁၉၃၄ ခုနှစ်တွင် ပါတီသစ်တပါတီအနေဖြင့် ထင်ရှားလာသော တို့ဗမာ အစည်းအရုံးကို သူ၏ သြဇာတိက္ကမနှင့် ၀င်ရောက်အားပေးကူညီရာ၊ ၁၉၃၆ ခုနှစ်တွင် နာယက ဖြစ်လာလေသည်။ ထိုအခါ တို့ဗမာအစည်းအရုံးဝင်တို့၏ ဓလေ့ကိုလိုက်၍ မိမိကိုယ်တိုင် သခင် နာမည်ကို ခံယူသည်။ ဤသည်တွင် ကွယ်လွန်သည်အထိ သခင်ကိုယ်တော်မှိုင်းအမည်ဖြင့် ထင်ရှား သည်။

တို့ဗမာအစည်းအရုံး၌ ဆောင်ရွက်သောအခါ နောင်အခါတွင် ခေါင်းဆောင်ဖြစ်လာကြမည့် ခေတ် လူငယ်များကို အကြံအဥာဏ်တို့ဖြင့် အားပေး အားမြှောက်ပြုရာ ထိုလူငယ်များတသိုက်တွင် မြန်မာ့လွတ်လပ်ရေးကို ဗြိတိသျှတို့နှင့်စေ့စပ်၍ ရအောင် ယူခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာနိုင်ငံဝန်ကြီးချုပ်အဖြစ်ဖြင့် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သော ဦးနုတို့ အပါအ၀င်ဖြစ်သည်။ မြန်မာနိုင်ငံကို ဂျပန်တို့သိမ်းပိုက်စဉ်က သခင်ကိုယ်တော်မှိုင်းသည် ၀န်ကြီးအဆင့်အတန်းရှိသော ရာထူးဌာနန္တရတခု၌ ခေတ္တ၀င်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် စစ်ကြီးပြီးသောအခါ ထိုရာထူးမှထွက်၍ အငြိမ်းစားနေထိုင်ခဲ့သည်။



မြန်မာစာပေကို အကြောင်းပြု၍ သခင်ကိုယ်တော်မှိုင်းအား အင်္လကာကျော်စွာဘွဲ့ကို အပ်နှင်းသည်။ သခင်ကိုယ်တော်မှိုင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ဝင်တဦး ဖြစ်သည့်အားလျော်စွာ ၁၉၅၄ ခုနှစ်တွင် စတာလင် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခြင်းခံရသည်။ မိမိ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အချုပ်အချယ် ပြုမည့် ရာထူးဌာနန္တရတို့ကို ငြင်းပယ်၍ တသက်ပတ်လုံး မြန်မာ့လွတ်လပ်ရေး အကျိုးငှာသာလျှင် ဆောင်ရွက်ခဲ့လေသည်။

ဘာသာပြန်သူ၏မှတ်ချက် - လန်ဒန်တိုင်းသတင်းစာသည် ပါတီဂိုဏ်းဂဏ သြဇာခံသတင်းစာ
မဟုတ်၊ လွတ်လပ်စွာရေးသားသည့် ပေါ်လစီကို လက်ကိုင်ပြုသည့် သတင်းစာဖြစ်သည်။
ထို့ကြောင့် ထိုသတင်းစာ၏ အာဘော်ကို အခြားတပါးသော နိုင်ငံတို့က ကြိုက်သည်လည်း
ရှိလိမ့်မည်။ မကြိုက်သည်လည်းရှိလိမ့်မည်။

မြန်မာနိုင်ငံကို ဂျင်နရယ်ပရင်ဒါဂတ် ၀င်ရောက်သိမ်းပိုက်စဉ်က လန်ဒန်တိုင်းသည် အင်္ဂလိပ် စစ်တပ်တို့၏ အပြုအမူကို ပြစ်တင်ရှုတ်ချသော သတင်းများရေးသားသည်။ သို့ရာတွင် မြန်မာ နိုင်ငံသည် ဗြိတိသျှနိုင်ငံဖြစ်လာသော အခါမူကား ဗြိတိသျှတို့၏ အကျိုးစီးပွားကိုငဲ့၍သာ ရေးသားသည်။ မြန်မာနိုင်ငံ အုပ်ချုပ်ရေး အပြောင်းအလဲစီမံကိန်းများ ပေါ်ပေါက်သော ၁၉၂၀
တ၀ိုက်ခေတ်၌မူကား လန်ဒန်တိုင်းသည် မြန်မာကိုယ်စားလှယ် ဦးဘဘေ၊ ဦးသိန်းမောင်စသော ပုဂ္ဂိုလ်တို့ကို ကူညီ၍ မြန်မာ့အာဘော်ကို တင်ပြပေးသည်။ ဤသဘာဝကား ကမ္ဘာ့အရေးအခင်း
တို့၌ လွတ်လပ်စွာ စဉ်းစားဆင်ခြင်၍ လွတ်လပ်စွာ အဆုံးအဖြတ်ပေးသော သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် ထိုသတင်းစာအာဘော်ကို ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ အများက လေးစားကြ
ပေသည်။

ထင်ရှားသော ပုဂ္ဂိုလ်တို့ ကွယ်လွန်သောအခါ လန်ဒန်တိုင်းသည် နာရေးသတင်းကဏ္ဍ၌ ကွယ် လွန်သူ ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိကို ဖော်ပြလေ့ရှိသည်။ ဤသို့ဖော်ပြရာ၌လည်း တော်ရုံတန်ရုံ ပုဂ္ဂိုလ်တို့ကို ဖော်ပြလေ့မရှိချေ။ ၀ိဇ္ဇာပညာရေးရာ၊ သိပ္ပံပညာရေးရာ၊ စာပေရေးရာ၊ အနုပညာ
ရေးရာ၊ ကမ္ဘာ့ရေးရာတို့တွင် ကမ္ဘာ့ဂန္တ၀င်ထဲ ၀င်ထိုက်သည်ဟု ယူဆမှသာလျှင် ဖော်ပြလေ့ရှိသည်။ ယင်းသို့ဖော်ပြရာ၌လည်း ကမ္ဘာနှင့်စပ်ဆိုင်သော ပုဂ္ဂိုလ်ဖြစ်လျှင် ရန်သူမိတ်ဆွေဟူ၍ သဘော မထားဘဲ တတ်နိုင်သမျှ တိတိကျကျ လေ့လာစုံစမ်း၍ ဖော်ပြလေ့ရှိသည်။

စစ်စစ် ဗြိတိသျှအင်ပါယာဝါဒ မျက်စိနှင့်ကြည့်လျှင် သခင်ကိုယ်တော်မှိုင်းသည် အင်ပိုင်ယာ နယ်ချဲ့ သမားတို့၏ အဓိကရန်သူ ဖြစ်ပေသည်။ သို့ပါလျက်နှင့် လန်ဒန်တိုင်းသည် သခင်ကိုယ်တော်မှိုင်းကို ရန်သူကဲ့သို့မကြည့်၊ မျိုးချစ်စာပေပညာရှင်တဦးကဲ့သို့သာမြင်သည်။ ဤအမြင်ဖြင့် ရေးသားခြင်း
သည် အရေးခံရသူကို ဂုဏ်ပြုသည်နှင့်အမျှ ရေးသူကိုလည်း ဂုဏ်တက်စေသည်။ ကျနော်လေ့လာ ကြည့်၍ရသမျှနှင့် ပြောရမည်ဆိုပါက မြန်မာခေါင်းဆောင်တို့တွင် ဤကဲ့သို့ ရေးသားဂုဏ်ပြုခံရ
သူမှာ သခင်ကိုယ်တော်မှိုင်းသာလျှင် အာဒိ (ရှေးဦး) ပုဂ္ဂိုလ်ဖြစ်သည်။

လန်ဒန်တိုင်းသတင်းစာတွင် ဖော်ပြခဲ့သော ရက်စွဲမှာ ၁၉၆၄ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့ဖြစ်သည်။

သခင်ကိုယ်တော်မှိုင်း (သို့) ငြိမ်းချမ်းရေးကလောင်(၁၈၇၆-၁၉၆၄)

ဆရာကြီးမှိုင်းကို အဖဦးစံဒွန်း နှင့် အမိဒေါ်အုန်း တို့မှ ၁၈၇၆၊ မတ်လ (၂၃) ရက်နေ့မှာ ဖွားမြင်ခဲ့ပါတယ်။ မြန်မာ(ကောဇာ)သက္ကရာဇ် အားဖြင့် ၁၂၃၇၊ တပေါင်းလပြည့်ကျော် (၁၄) ရက်၊ ကြာသပတေးနေ့ပါ။ ငယ်ငယ်က မောင်လွမ်းမောင် ရယ်လို့ ခေါ်ဆိုကြပြီး၊ ကျီးသဲလေးထပ် ဆရာတော်ကြီးရဲ့ တပည့်ရင်းလို့ ဆိုနိုင်ပါတယ်။ ကုန်းဘောင်ခေတ်နှောင်းရဲ့ အဘိုးမဖြတ်နိုင်တဲ့ ပညာမွေတွေကိုတော့ နာမည်ကျော် မန္တလေးမြို့မြတောင်ကျောင်းတိုက်မှာ ဆည်းပူးခဲ့တာပါ။ အရွယ်က ၇နှစ်၊ ဘွဲ့တော်က ပဏ္ဍိတ။ ဘွဲ့တော်နှင့်လိုက်အောင်လည်း နောင်တချိန် “ပဏ္ဍိတ” ဖြစ်လာခဲ့သူပါ။ဘ၀ရဲ့အချိုးအဆစ် တခုအဖြစ် ၁၈၈၅ခု၊ နိုဝင်ဘာလ ၂၉ ရက်နေ့ မှာ သီပေါဘုရင်နှင့် အလယ်စုဖုရား ပါတော်မူတာကို စာတော်ဝန်ဦးခဲ ကျောင်းပေါ်မှ တွေ့ခဲ့ရတယ်လို့ အဆိုလေးလည်းရှိပါတယ်။



အစိုးရက စစ်တဲ့ ၇တန်းစာမေးပွဲကိုအသက် ၂၂ နှစ်မှာအောင်မြင်ခဲ့ပြီး မော်လမြိုင်မြို့ မြန်မာတိုင်း သတင်းစာမှာ ပဏ္ဍိတလေး ဆိုတဲ့ကလောင်အမည်နှင့် စာပေဘ၀ စတင်ခဲ့ပါတယ်။

ရန်ကုန်ကို ရောက်ပြီး စာပြင်ဆရာလေးအဖြစ် ဘ၀ဖြတ်သန်းတော့အသက် ၂၄နှစ် ရှိပါပြီ။ ၁၉၀၃ခုနှစ်မှာ ပွဲစားကြီး ဦးနုရဲ့သမီး မရှင်နှင့်အကြောင်းပါပြီး အိမ်ထောင်စတင် တည်ထောင်ခဲ့ပါတယ်။

နောက်တော့ ရန်ကုန်သတင်းစာမှာ ဇာတ်စာတွေရေးရာက နာမည်ရလာကာ မော်လမြိုင် မြန်မာတိုင်း သတင်းစာမှာ အယ်ဒီတာ ဖြစ်လာပါပြီး မောင်သမာဓိ ဆိုတဲ့ ကလောင်သစ်နှင့် လက်စွမ်းပြခဲ့ပါတယ်။

၁၉၀၅ခုနှစ်မှာ မောင်လွမ်းမောင် ရဲ့စာပေစာမျက်နှာသစ် ပွင့်လာခဲ့ပါတယ်။ အဲဒါကတော့ မော်လမြိုင်ရာဇ၀င် ကို ရွှေတောင်မောင်လွမ်း အနေနှင့်ထုတ်ဝေနိုင်ခဲ့လို့ပါ။ ကဗျာသာရမဉ္ဇူ နှင့် ပရမတ္တသံခိပ်အဖြေ(ဒုတွဲ) ဆိုသည့် ကျမ်းကြီးနှစ်ဆောင် ကို ပြုစုရေးသားခဲ့တာလည်း ဒီကလောင်နှင့် ပါပဲ။ ထူးဆန်းတာကတော့ မော်လမြိုင်နတ်လမ်းညွှန် ကို မစောညွှန့် ဆိုတဲ့ ကလောင်အမည်နှင့် ရေးသား ဖြစ်ခဲ့တာပါ။

အဲ့ဒီနောက် ကဗျာသာရတ္တသဂြိုလ်၊ မြန်မာရာဇ၀င်ချုပ်၊ ရွှေနတ်တောင်ဘုရားသမိုင်း စတဲ့ စာအုပ်တွေကို ရွှေတောင်ဆရာလွန်း ဆိုတဲ့အမည် နှင့် ဆက်လက်ရေးသားခဲ့ပြီး သူရိယသတင်းစာ စထွက်တော့ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပြန်ပါတယ်။ သူရိယသတင်းစာရဲ့ နာမည်ကျော် ကြာဋ္ဋီကာ ဆောင်ပါးတွေကိုရေသားခဲ့တဲ့ မစ္စတာမောင်မှိုင်းဆိုတာလည်း ရွှေတောင်ဆရာလွန်းပါပဲ။ လက်မှုပညာဋ္ဋီကာနှင့် နိုင်ငံခြားသာသနာပြု လေးချိုးကိုရေးသားတော့လည်း မစ္စတာမောင်မှိုင်း ဆိုတဲ့အမည် ကို ဆက်လက်အသုံးပြု ခဲ့ပါတယ်။

ဗိုလ်ဋ္ဋီကာ ဆောင်းပါးတွေကို ရေးပြီး၊ ဆောင်းပါး ပေါင်းချုပ်ကြီး ထုတ်ဝေနေစဉ်မှာ ချစ်ဇနီး ဒေါ်ရှင် အနိစ္စရောက်ခဲ့ပါတယ်။၁၉၁၆ခုနှစ်မှာ နောင်တချိန် လျှမ်းလျှမ်းတောက် ကျော်ကြားလာမည့် မှာတော်ပုံ ၀ထ္ထုကြီးကို စတင်ရေးသားခဲ့ပြီး၊ မဏိဟတ် နန်းတွင်းဇာတ်တော်ကြီးကို တည်းဖြတ်ထုတ်ဝေ ခဲ့ပါတယ်။ အီနောင် နန်းတွင်းဇာတ်တော်ကြီး၊ ကေလာသီရိ နန်းတွင်းဇာတ်တော်ကြီး နှင့် ဓမ္မစေတီမင်း ၀ထ္ထုတို့ကိုတော့ ဆရာလွန်း အနေနှင့် ပြန်လည်ရေးသားပါတယ်။

၁၉၁၉ခုနှစ်မှာ ပဲခူးရာဇ၀င် နှင့် မှာတော်ပုံ(ဒုတွဲ) တို့ကို ရေးသားနေစဉ် ဦးဘဖေ၊ ဦးပု နှင့် ဦးထွန်းရှိန်တို့ ဘိလပ်သွား အရေးဆိုတော့ သြဒိဿပတ္တနာ လေးချိုးကြီး ဖြင့်ကောင်းချီးပေးခဲ့ပြန်ပါတယ်။

၁၉၂၀မှာ ဒေါင်းဋ္ဋီကာ ရေးဖွဲ့ခဲ့ပြီး၊ တိုက်တိုက်ဆိုင်ဆိုင် ဦးထွန်းရှိန် ကွယ်လွန်တော့ ဒေါင်းအမေ ဆွေတမိမှာဖြင့် လေးချိုးနှင့် ဂုဏ်ပြုခဲ့ပါတယ်။ အဲ့ဒီနှစ် မှာပဲ မှာတော်ပုံ(တတွဲ) ကိုရေးသားပြီး၊ တက္ကသိုလ်များ သပိတ်ကာလမှာ အမျိုးသားကောလိပ် အတွက် မြန်မာစာနှင့် ရာဇ၀င် ပါမောက္ခ အဖြစ်တာဝန်ယူခဲ့သောကြောင့် နောင်တက္ကသိုလ်သမိုင်းတလျှောက် စံတင် ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်ပါတယ်။

ဗြိတိသျှအင်ပါယာရဲ့နန်းမွေခံ ဝေလမင်းသား မြန်မာနိုင်ငံကို တိုင်းခန်းလှည့်လည်စဉ်က၊ အထူးဧည့်ခံ ရန် ဂုဏ်ပြုရတု စပ်ဖို့ ဦးမေအောင်မှ ပန်ကြားသောအခါ၊ “တို့နိုင်ငံကို ကျွန်ပြုတဲ့ ဘုရင်မမြေးကို ချီးမကျူး” ဟု ကြီးစွာသောမျိုးချစ်စိတ်ဖြင့် ငြင်းပယ်ခဲ့ပါတယ်။ စုံနံသာမြိုင် နှင့် မျောက်ဋ္ဋီကာကိုတော့ ၁၉၂၂ခု မှာရေးဖွဲ့ခဲ့ပြီး၊ ကျော်ကြားတဲ့ မှန်နန်းရာဇ၀င်တော်သစ် ကို လည်းတည်းဖြတ် ထုတ်ဝေခဲ့ပါတယ်။ မျောက်ဂဏ္ဌိ၊ မစ္စတာမောင်မှိုင်း ဆောင်းပါးပေါင်းချုပ် (ပတွဲ)၊ ရွှေကလေးဘွဲ့၊ မြင်းဋ္ဋီကာ၊ ဆွာရက်ဋ္ဋီကာ၊ ခွေးဋ္ဋီကာ၊ ရာဇ၀င်နီတိ၊ တဆူဋ္ဋီကာ၊ ဆယ်ကဋ္ဋေကျော်ဋ္ဋီကာ၊ အစရှိတဲ့ နာမည်ကျော်စာပေများကို ဒဂုန်မဂ္ဂဇင်း အယ်ဒီတာ ဘ၀ဖြင့် ဆက်တိုက် ရေးသားခဲ့ပြီး၊ အရမ်းကာရ၀ိသောဓနိဆောင်းပါး၊ ဘိုင်းကောက်ဋ္ဋီကာ၊ တရုပ်ဒီပနီ၊ စံဖဲ နှင့် ပုံတောင်နိုင်ဆောင်းပါး တို့ကို ဗြိတိသျှဘားမားမဂ္ဂဇင်း အုပ်ချုပ်ရေးမှုး အဖြစ်တာဝန်ထမ်းဆောင်ရင်း ရေးသားခဲ့ကာ ကိုလိုနီခေတ် အမျိုးသားစာပေကို ဦးဆောင်လာပါတော့တယ်။

၁၉၂၈ခု နှင့် ၁၉၂၉ခု များမှာ ဗြိတိသျှအစိုးရက တောပုန်းကြီးဗိုလ်စံဖဲကို ကြိုးမိန့်ချသောအခါ ဆရာကြီးမှိုင်း မှ ကမကထပြု၍ အယူခံဝင်ပေးခဲ့ပါတယ်။ တိုင်းတပါးသားများက မြန်မာများကို စီမံပိုင်ခွင့်မရှိ ဟုယူစပုံလည်း ရပါတယ်။ ၁၉၃၀ခုနှစ်မှာ သာယာဝတီ ဂဠုန်ဆရာစံ ဗိသိတ်ခံ တော့ ဂဠုန်ပျံဒီပနီဋ္ဋီကာ ဆောင်းပါးများနှင့် ဂုဏ်ပြုခဲ့ပါတယ်။ ဒေါင်းဂဏ္ဌိ၊ ညီညွတ်ရေးရာဇ၀င်၊ ရာဇ၀င်နီတိ အစရှိတဲ့ အမျိုးသားငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး စာပေများ ဆက်တိုက်ရေးသားခဲ့ပြီး၊ ၁၉၃၄ခုနှစ် နိုဝင်ဘာ ၃၀ရက် မှာ ကျင်းပတဲ့ တက္ကသိုလ်အမျိုးသားနေ့ အခမ်းအနားရဲ့ သဘာပတိအဖြစ် တာဝန်ယူခဲ့ကာ မျိုးဆက်သစ်လူငယ်များကို ဦးဆောင်မှု ပြုခဲ့ပြန်ပါတယ်။တကယ်တော့ ၁၉၃၄ခုနှစ်ဟာ ဆရာကြီးမှိုင်းရဲ့ တော်လှန်ရေးကဏ္ဍသစ်ကို စတင်ပေးခဲ့တဲ့နှစ်ပါ။



ရေနံချောင်းမြို့မှာကျင်းပခဲ့တဲ့ ပထမအကြိမ် သခင်များညီလာခံမှာ ကြည်ညိုလေးစားသူများ၏ တင်မြှောက်မှုကြောင့် နာယကကြီးဖြစ်လာကာ လွတ်လပ်ရေးကျိုးပမ်းမှု ရဲ့ ဦးဆောင်မှုများမှာ ပါဝင် လာခဲ့ပါတော့တယ်။ အဲဒီနောက်၊ စွယ်တော်စစ်တမ်း၊ အမျိုးနှင့်စာပေ၊ မြန်မာလူမျိုး၊ အစရှိတဲ့ စာတမ်းကြီးများရေးဖွဲ့၍ ကလောင်စွမ်းဖြင့် တိုက်ပွဲဝင်ခဲ့ပါတယ်။၁၉၃၆ခု၊ ဇွန်လ၊ မြင်းခြံမြို့ မှာကျင်းပတဲ့ တို့ဗမာအစည်းအရုံး ရဲ့ ဒုတိယအကြိမ်ညီလာခံကို တက်ရောက်ခဲ့ပြီး ဗြိတိသျှတို့ရဲ့(၉၁)ဋ္ဌာနအုပ်ချုပ်ရေးကို ခွေးဂဏ္ဌိ နှင့်သရော်ခဲ့ပါတယ်။

၁၉၃၇-၃၈ ကာလများမှာတော့ သုတေသနဒီပနီ၊ ခေတ်ကာလပြုပြင်ပြောင်းလဲရေး၊ ၀သုန်ဤမြေ၊ စွယ်တော်ဂဏ္ဌိ၊ သခင်ဋ္ဋီကာ တို့ကိုရေးဖွဲ့ခဲ့ပါတယ်။ ၁၉၃၈ခု၊ ဧပြီလ ၂၂ရက်နေ့မှာတော့၊ “လွတ်လပ်ရေးကို လက်ဝါးနှင့် တောင်းယူ၍မရ၊ သူပုန်ထရမည်။” လို့ ပုသိမ်မြို့တရားပွဲမှာ လျှမ်းလျှမ်းတောက်တောက် ဟောပြောခဲ့ပြန်ပါတယ်။၁၉၃၉ခုနှစ်၊ ဇန်န၀ါရီလ ၁၄ရက် ရန်ကုန်မြို့လူထုအစည်းအဝေးကြီးမှာ အရင်းရှင်စနစ်ကိုရှုတ်ချခဲ့ပြီး၊ ဇွန်လ ပုသိမ်မြို့မှ “တို့ငတ်နေတာ ဗြိတိသျှတွေကြောင့်” လို့ ဟောပြောပြန်တဲ့အတွက် ချောင်းရိုက်တာ ခံခဲ့ရတဲ့အပြင် နှစ်လတရားဟောခွင့်လည်း ပိတ်ခံရပါတယ်။

အဲဒီနှစ် ဒီဇင်ဘာလမှာပဲ ကြည့်မြင်တိုင် လူထုအစည်းအဝေးကြီးမှာ ဆိုရှယ်လစ်ဝါဒကို ဗုဒ္ဓတရားတော်နှင့် ချိန်ထိုးပြသခဲ့လို့ နောင်အနာဂါတ် မြန်မာ့နိုင်ငံရေးလောကမှာ ကွန်မြူနစ်ကြီး ဆိုပြီး လူတချို့ရဲ့ အထင်ခံခဲ့ရပါတယ်။ ဗမာ့ထွက်ရပ်ဂိုဏ်းကြီး ကို အောက်တိုဘာလမှာ ဖွဲ့စည်းတော့လည်း ဆရာကြီးရဲ့ ဦးဆောင်မှု တွေနှင့်ပါ။၁၉၄၀၊ ဇန်န၀ါရီလဆန်းမှာကျင်းပသည့် တောင်သူလယ်သမား အစည်အရုံး နှစ်လည်ညီလာခံမှာ ဗြိတိသျှနယ်ချဲ့စနစ်ကို တွန်းလှန်၍ ဆိုရှယ်လစ်စနစ်ဖြင့် နိုင်ငံပြုပြင်ရန် အတည့်အလင်းတိုက်တွန်းခဲ့ လို့ ဗြိတိသျှအစိုးရက ရန်သူတော်အဖြစ်သတ်မှတ်ခဲ့ပါတော့တယ်။

အဲဒီနှစ်မှာသားတပည့်တွေဖြစ်တဲ့ သခင်အောင်ဆန်းတို့ မြေအောက်တော်လှန်ရေးစတင်တော့ ဆရာကြီးလည်းမြေလျှိုးခဲ့ရတာ ၁၉၄၂ခု လောက်အထိပါ။ဂျပန်ခေတ် ဖက်ဆစ်စနစ်ရဲ့ အနိထ္ထရုံတွေကို ကြုံရတော့ မိမိရဲ့ သားတပည့် ဗိုလ်ချုပ်အောင်ဆန်းကို “အောင်ဆန်းရယ်၊ နင်တို့ပင့်လာတဲ့ ဘုရားများကလဲ သောင်းကျန်းလိုက်တာကွယ်” လို့ ကရုဏာဒေါသော နှင့် သတိပေးခဲ့ ဖူးပါတယ်။ ဂျပန်တွေ ဆရာကြီး လက်ဝဲယိမ်း မှန်းရိပ်မိလာတဲ့အခါ မြေထပ်လျှိုးခဲ့ရပြန်ပါတယ်။

၁၉၄၅ခုမှာ ဒုတိယကမ္ဘာစစ်ကြီး ပြီးတော့ ဆရာကြီး တို့ဗမာအစည်းအရုံး ရဲ့ ဥက္ကဋ္ဌ ပြန်ဖြစ်လာခဲ့ပါတယ်။ ၁၉၄၇ခု၊ ဇူလိုင်လ မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် လုပ်ဖေါ်ကိုင်ဖက်တွေ ကျဆုံးတော့ အာဇာနည်ဗိမာန်ဋ္ဋီကာ နှင့် ငိုချင်းချခဲ့ ပါ တယ်။

လွပ်လပ်ရေးခေတ်၊ ၁၉၅၀ခု၊ ဇန်န၀ါရီလ မှာတော့ ဆရာကြီးကို နိုင်ငံတော်က အင်္လကာကျော်စွာ ဘွဲ့ဖြင့် ကျေးဇူးဆပ်ခဲ့ပါတယ်။ ၁၉၅၂ခု မှ ၁၉၅၇ခု များအတွင်းမှာ မြန်မာ-နိုင်ငံတကာ ငြိမ်းချမ်ရေးအတွက် ခရီးများစတင်ခဲ့ပါတယ်။ ထိုစဉ်က ကျော်ကြား ခဲ့သည့် ခရူးရှော့ (Nikita Khrushchov)၊ မော်စီတုန် (Mao Tse-tung)၊ ဟိုချီမင်း (Ho Chi Minh) တို့ကပါ အရေးတယူ ဂါရ၀ ပြုခဲ့ကြပါတယ်။





၁၉၅၅ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုမှ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့ပါတယ်။ ၁၉၆၀ခုနှစ်၊ အရှေ့ဂျာမနီနိုင်ငံ၌ ဆေးကုသရန်သွားစဉ်က Hamburg University မှလည်း ဂုဏ်ထူးဆောင် ပညာရေးပါရဂူဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။မြန်မာ့ငြိမ်းချမ်ရေး၊ ကမ္ဘာငြိမ်းချမ်ရေး တို့ကို ကျိုးပမ်းရင်း ၁၉၆၄ခုနှစ်၊ ဇူလိုင်လ ၂၃ရက်နေ့မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း သူချစ်သည့် မြန်မာပြည်ကို မျက်ကွယ်ပြုသွားခဲ့ပါတယ်။



ဆရာကြီးရုပ်ကလပ်ကို ကန်တော်မင်ပန်းခြံ ဂူဗိမာန်သို့ ပို့ဆောင်ဂူသွင်းခဲ့ကြပါတယ်။ ဘ၀တလျှောက်လုံး အမျိုးသားရေး အတွက်နှစ်မြုပ်ခဲ့ပြီး၊ တိုင်းပြည်လွတ်လပ်သည့်အခါမှာလည်း မည်သည့်ရာထူးမျှ မခံစားပဲ အိမ်အိုလေးထဲမှာပဲ ခေါင်းချသွားခဲ့သည့်၊ ပြည်သူတို့ချစ်သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း အနိစ္စရောက်သွားခဲ့သော်လည်း ဆရာကြီးရဲ့ တော်လှန်ရေးနှင့် စာပေ၀ိဉာဉ် ကတော့ မြန်မာတို့ရင်ထဲမှာ ထာဝစဉ်ရှင်သန်နေစဲဖြစ်ကြောင်း ဂုဏ်ပြုဖော်ပြအပ်ပါတယ်။
အဘိုးမှိုင်း ကောင်းရာသုဂတိလားပါစေ။
(မှတ်တမ်းဓါတ်ပုံများမှာ ၁၉၉၆ ခုနှစ်၊ မတ်လထုတ် စာပေဂျာနယ်၊ အတွဲ ၃၊ အမှတ် ၇ မှ သုံးစွဲဖော်ပြခြင်းဖြစ်ပါသည်)

Twitter Delicious Facebook Digg Stumbleupon Favorites More