This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 28, 2008

- ၈၈ အနှစ် ၂၀ - ၈၈ နှင့် စာရေးဆရာများ

Saturday, June 21, 2008

NLD ဗဟိုဌာနချုပ်တွင် ကျင်းပသော ဒေါ်စုမွေးနေ့ ဗီဒီယိုမှတ်တမ်းတို

ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ရှေ့မှာ ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စာကလေး ၆၃ ကောင်ကို လွှတ်ပြီး ဆုတောင်းနေစဉ် စွမ်းအားရှင်လို့ ယူဆရသူများဟာ ကား ၁၀ စီးခန့်နဲ့ ရောက်ရှိလာပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် များကို ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးသွားကြကြောင်း သိရ ပါတယ်။ မြန်မာပြည်ဆိုင်ရာသတင်းများမှာ ဖမ်းဆီးသွားသူ စုစုပေါင်း ၁၃ ဦး ရှိကြောင်း ဖော်ပြထားပါတယ်။
အခုလို စွမ်းအားရှင်လို့ ယူဆရသူများက တရားမဲ့ ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အမျိုးသား ညွန့်ပေါင်း အစိုးရ ၀န်ကြီးချုပ် ဦးစိန်ဝင်းရဲ့ သဘောထားကို မေးမြန်း ကြည့်ရာ “စွမ်းအားရှင် ဆိုတာ မရှိသင့်ဘူး ဗျ။ စွမ်းအားရှင် ဆိုတာ ဘာလဲ၊ နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းလား၊ ဒါမှမဟုတ် စစ်တပ်၊ ရဲ အဖွဲ့အစည်းလား၊ ဘာတွေလဲ။ လူမိုက်တွေကို မြှောက်ပင့်ပေးပြီး ပြည်သူလူထုဆိုတဲ့ အမည်တပ်ပြီးတော့ နအဖ ခိုင်းသမျှ လုပ်တဲ့ လူတွေ ဖြစ်နေတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ လုံးဝ လက်မခံဘူး။ ဒါဟာ တရားဥပဒေနဲ့ မညီဘူး။ (လူငယ်စကားနဲ့ ပြောရင်) လူမိုက် ဆန်တယ် ပေါ့ဗျာ။” လို့ မှတ်ချက်ပေးပါတယ်။

၂၀၀၇ စက်တင်ဘာ အရေးအခင်းမတိုင်မီက ဓါတ်ဆီဈေး ကြီးမြင့်တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို မြန်မာစစ်အစိုးရက အကြမ်းဖက် ရိုက်နှက် ထိုးကြိတ်ခဲ့ရာ စစ်အစိုးရရဲ့ လူမှုရေးအဖွဲ့ အမည်ခံ ကြံ့ဖွံ့အဖွဲ့ဝင်များပါ ပါဝင်ပတ်သက်ကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ သာမာန်ကြံ့ဖွံ့အဖွဲ့ဝင်များက အဲဒီလို ဝေဖန်မှုတွေကို ဒီ လုပ်ရပ်တွေဟာ သူတို့နဲ့ မပတ်သက်ကြောင်း၊ အခုလုပ်ရပ်ဟာ စစ်အစိုးရ တာဝန်ရှိသူ များ သီးသန့် ဖွဲ့စည်းထားတဲ့ စွမ်းအားရှင်ဆိုသူများက လုပ်ကိုင်တာဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့ပါတယ်။
ဘားမားတူဒေးမှ ကောက်နုတ်ဖော်ပြသည်။



Tuesday, June 17, 2008

ကြည့်ကြစမ်းပါ နအဖလက်အောက်မှာ မမြင်ရက်စရာ


ကိုမိုးသီးဘလောက်မှ

Scrambling for classrooms in Myanmar

June 11: Teachers in cyclone stricken Myanmar search for books and classrooms. Msnbc.com's Dara Brown reports.

Sunday, June 15, 2008

မြန်မာသင်ပုန်းကြီး ဖတ်စာအသစ်


တစ်၊နှစ် ကိုနာဂစ်
သုံးလေး လွတ်အောင်ပြေး
ငါး၊ခြောက် ရေထဲရောက်
ခုနှစ်၊ရှစ် မသာဖြစ်
ကိုး၊ တစ်ဆယ် ၀ဋ်ကျွတ်တယ်။
................................................

ဘယ်ကလာသလည်း။
ဘယ်နယ်ကလည်း။
အလယ်ကလူ
အသားဖြူဧ။်။
ခင်ဗျားအလှူ
တစ်ပြားမရှုရ။
................................................

အစားအစာ၊၀ါးစားပါ
အသားပါသလား။
ငါးပါသလား။
ဘီစကစ်ပါသလား။
ဘာပဲပါပါထားခဲ့ပါ။
................................................

ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
ဒီဘက်ကပ်းက ဗိုက်ပိန်ပိန်၊
အမိုးအကာမဲ့နေတဲ့
မနှင်းတို့ အိမ်။
................................................

ဖိုးရွှေကြီး ဖိုးရွှေကြီး
အလွန်ယုတ်တဲ့ ဖိုးရွှေကြီး
ဖိုးရွှေကြီးက မိုက်တိုင်ထူ
ခွေးအကြီးနဲ.တူ
တူပါသကွဲ.မယုံငြား
ဒီမှာကြည့်ပါလား။

တနင်္ဂနွေ၊ တနင်းလာ
ဗိုက်မှောက်မျှော်နေတာ
အင်္ဂါ၊ ဗုဒ္ဓဟူး
ရောက်လုတစ်ဦးဦး
ကြာသပတေး၊ သောကြာ
တစ်ယောက်မှ ပေါ်မလာ
စနေမှာသေချာသွား ဘယ်သူမှမလာအား။
................................................

မုန်တိုင်းကို စက္ကူကပ်
အကြံပက်စက် တို.အပေါ်တင်
ပလ္လင်ပေါ်က မျောက်မူး
ဆင်းမလာတော့ဘူး
အာဏာရူး၊
အာဏာရူးကိုခွေးတွေယက်
မှောင်မိုက်မှာအူ၊
အူသူတွေ အစာလုကြ
ငါတို့ ကိုဆွဲ တွဲလဲ
တွဲလဲရယ် ငိုတိုင်း
မိုးတောင်ကမှိုင်း
မုန်တိုင်း။
................................................

အလောင်းလေးများဖွေးလို.စီ
မြစ်ညုာရိုးတလျှောက်ဆီ၊
ရေပေါ်မှာ ဗိုက်ကြီးဖောင်း
ငါတို့ ပူစီဖေါင်း။
................................................

ဘဘ၀၀ ထလို.က
ဘဘနှိင်ပြီဗျ
ကပါကပါ ဘဘရာ
ဘဘခေတ်လေဗျာ
မဲလိမ်တွေကို အမှန်ပြ
ဘဘအကြံပိုင်သဗျ။
သူများတွေ မသာဖြစ်တာ
ဘဘနဲ. မဆိုင်ပါ၊
မုန်တိုင်းတွေ ဘယ်လောက်သည်းသည်း
ဘဘနှိင်ဖို.ဘဲ။
................................................

ဘဘ၀၀ စိတ်ဓါတ်ကျ
အနောက်က pressure ရ
သူများအကူ မယူခဲ့တာ
ဘဘစေတနာ
မလုပ်ပေးတာ တစ်ခုကလွဲ
ဘဘသတ္တိခဲ။
နိင်ငံခြားငွေမြင်သောခါ
ဘဘစိတ်ပြောင်းလာ
အားရပါးရလာလှူကွဲ.
ဘဘအိတ်ထဲထည့်။
................................................

ဘဘ၀၀ ထပ်လို.က
ဘဘခိုင်ပြီဗျ
လုပါယက်ပါ ဘဘရာ
ဘဘခေတ်လေဗျာ
မြစ်ပြင်မှာတော့ အညှီတွေထ
ပုပ်ပုပ်ပွပွ အနံ.အသက်ရ
................................................

ဘဘကတော့ ဆက်လို.က
ဘဘဘယ်တော့မှ ကလို.မ၀။


Monday, June 2, 2008

ကရင်ခေါင်းဆောင် ဖဒိုစောဘသင်စိန် အောက်မေ့ဖွယ်အခမ်းအနား ဂျပန်နိုင်ငံတွင်ပြုလုပ်


တိုကျို-ဇွန်(၁)
ပြီးခဲ့သည့် မေလ(၂၂)ရက်နေ့ မဲဆောက်မြို့နေအိမ်၌ ဆီးချိုရောဂါဖြင့် ကွယ်လွန်သွားသော အသက်(၈၂)နှစ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဥက္ကဌဖြစ်သူ ဖဒိုစောဘသင်စိန်အတွက် အမှတ်တရ အောက်မေ့ဖွယ်အခမ်းအနားကို ဂျပန်နိုင်ငံ ရောက် ကရင်အမျိုးသားများမှဦးဆောင်၍ ဇွန်လ(၁)ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

တိုကျို အိခဲဘုကိုရိုရှိ တိုရှိးမားကုစင်တာ(၅)ထပ်တွင် သဘောပတိအဖြစ် စောမျိုးခိုင်ရှင်းမှ ဆောင်ရွက်၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး တက်ရောက်လာကြသည့် ဂျပန်ရောက်တိုင်းရင်းသားများနှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေသည့်အဖွဲ့အစည်းအသီးသီးမှ လွမ်းသူပန်းခွေများပေးအပ်ခဲ့ကြသည်။ ဝမ်းနည်းခြင်းအထမ်းအမှတ်အဖြစ် ကရင်အမျိုးသား အလံတော်တစ်ဝက်လွှင့်ထူခဲ့ကြပြီး မေလ(၁၅)ရက်နေ့က ဖဒိုစောဘသင်စိန်ပြောကြားခဲ့သော အမှတ်တရဗီဒီယိုခွေကိုပြသခဲ့သည်။
''ဖဒိုစောဘသင်းစိန်ကျဆုံးခြင်းဟာ KNUခေါင်းဆောင်တစ်ယောက် ကျဆုံးခြင်းတင်မကဘူး…။ ကျနော်တို့ ဒီမိုကရေစီ တော်လှန်ရေးရဲ့ ခေါင်းဆောင်တစ်ယောက်ကျဆုံးခြင်းလည်းဖြစ်တယ်''ဟု (NLD-LA Japan))၏ဒု-ဥက္ကဌဦးလင်အောင်မှ ဖဒိုစောဘသင်စိန်ကျဆုံးခြင်းသည် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း တက်ရောက်ပြောကြားခဲ့သည်။
ကရင်အမျိုးသားကိုစောသောမတ်စ်မှ ''ဖဒိုစောဘသင်စိန်ကျဆုံးခြင်းဟာ ကရင်အတွက်ဘဲကျဆုံးတာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ဖဒိုဟာတပ်ပေါင်းစုမှာလည်းပါတယ်၊ DABတို့မှာလည်းပါတယ်၊ အဲ့တော့ မြန်မာ့ဒီမိုကရေစီအရေးတွက် ခေါင်းဆောင်တစ်ယောက်ကျဆုံးခြင်းဘဲ ဖြစ်တယ်လို့ပြောချင်တယ်''ဟု ရှင်းပြသည်။
ထင်ရှားလှသော KNUခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးစောဗိုလ်မြဟာ ယမန်နှစ်ဇန်န၀ါရီလအတွင်းကကွယ်လွန်သွားခဲ့ပြီး၊ အထွေထွေအတွင်းရေးမှူးဖဒိုမန်းရှာလဖန်းနှင့် ဖဒိုစောဘသင်စိန်တို့ဟာလည်း ယခုနှစ်များအတွင်း ဆက်တိုက်ကွယ်လွန်သွားခဲ့သော် လည်း ကရင်အမျိုးသားတော်လှန်ရေးနှင့် မြန်မာ့ဒီမိုကရေစီအရေးတို့မှာ နှောင့်နှေးတုံ့ဆိုင်းရပ်တန့်သွားမည်မဟုတ်ဘဲ ယင်း ခေါင်းဆောင်ကြီးများမှာ များပြားလှသောအတွေ့အကြုံရှိသူများဖြစ်ပြီး မူဝါဒများချမှတ်၍ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင် နေသူများဖြစ်သည့်အတွက် ထိုမူဝါဒများအတိုင်း ဆက်လက်ကျင့်သုံးသွားမည်ဆိုပါက ဒီမိုကရေစီတော်လှန်ရေးမှာ မလွှဲမသွေ အောင်မြင်မှာဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။
''ဖဒိုဟာ KNUခေါင်းဆောင်ကြီးဖြစ်ပေမဲ့ ချွတ်ခြုံချွေတာတဲ့အနေနဲ့ ဆံပင်ညှပ်တာတောင် ပိုက်ဆံကုန်မှာစိုးရိမ်လို့ ရဲဘော် လေးတစ်ယောက်ကိုခေါ်ပြီး ဖြစ်သလိုညှပ်တယ်၊ ရဲဘော်လေးတွေကိုလည်း ကိုယ်ကခေါင်းဆောင်ကြီးဖြစ်ပေမဲ့ ညီရင်းအကိုလိုဆက်ဆံ တယ်၊ တန်းတူရည်တူသဘောထားတယ်၊ ခွဲခြားပြီးဆက်ဆံတာမျိုးမရှိဘူး…''ဟု ဖဒိုစောဘသင်စိန်၏ ခေါင်းဆောင်ကောင်းပီသမှု၊ စိတ်ဓါတ်အရည်အချင်းတို့နှင့်ပါတ်သတ်၍ ဧပြီလနောက်ဆုံးအပါတ်တွင် ဖဒိုစောဘသင်စိန်မကျဆုံးမှီ မဲဆောက်မြို့နေအိမ်သို့ ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့သူ ကိုသောမတ်စ်မှပင် ဆက်လက်ရှင်းပြသည်။
ဖဒိုစောဘသင်စိန်သည် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF)၏ဥက္ကဌ၊ တိုင်းရင်းသာူလူမျိုးများကောင်စီ(ENC)ဥက္ကဌနှင့် ၂ဝဝဝ ပြည့်နှစ် (၁၂)ကြိမ်မြောက် KNUကွန်ဂရက်တွင် ဥက္ကဌအဖြစ်စတင်ရွေးချယ်ခံရ၍ ကွယ်လွန်ချိန်အထိ KNUဥက္ကဌတာဝန်ကို ထမ်း ဆောင်ခဲ့ပြီး တိုင်းရင်းသားလူမျိုးများအရေးနှင့် ဒီမိုကရေစီအရေးတို့ကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူဖြစ်ကြောင်း သိရသည်။
Reported By : Thant Myo Htway (Moe Thauk Kye)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

Twitter Delicious Facebook Digg Stumbleupon Favorites More