This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, July 28, 2008

နာဂစ်မုန်တိုင်းရံပုံငွေအတွက် နာမည်ကျော်အဆိုကျော်များမှ ဂျပန်တွင်လာရောက်ဖျော်ဖြေ

တိုကျို၊ ဇူလှိုင်(၂၇)



မြန်မာပြည်တွင်ဆိုးရွားစွာတိုက်ခတ်ခဲ့သည့် နာဂစ်ဆိုက်ကလုန်းမုန်တိုင်းဘေးသင့် မြန်မာပြည်သူများအတွက် ဂျပန်ရောက် မြန်မာများမှစုစည်းပူးပေါင်း၍ ပြည်တွင်းမှ နံမည်ကျော်အဆိုတော်များကိုဖိတ်ကြားကာ Live Showဖျော်ဖြေပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

ယင်းပွဲကို မြန်မာပြည်တွင်းမှ နံမည်ကျော်အဆိုတော်များဖြစ်ကြသော ခင်မောင်တိုး၊ Rဇာနည်၊ မေခလာ၊ ရတနာ၊ ယခင်(NG(II)K)အဖွဲ့ဝင်ဟောင်း အမျိုးသမီးအဆိုတော်သစ် မေစံပါယ်ညိုအပါအဝင် တေးဂီတမှူးအဖြစ် စန္ဒရားလှထွဋ်၏သား ဂီတမှူးမြတ်မင်းတို့ လာရောက်ဖျော်ဖြေခဲ့ကြသည်။

မြန်မာပြည်တွင်း၌ မုန်တိုင်းရံပုံငွေပွဲအဖြစ်ကျင်းပခဲ့ကြသော်လည်း ပြည်ပဖျော်ဖြေပွဲ အဖြစ် ယခုဖျော်ဖြေပွဲကို ပြည်တွင်းမှနံမည်ကျော်အဆိုတော်များနှင့် ပထမဆုံးပြည်ပတွင် ပြုလုပ်ကျင်းပ နိုင်ခြင်းဖြစ်ပြီး ယခုပွဲနှင့်ပါတ်သတ်၍ အဆိုတော် ခင်မောင်တိုးမှ `ကျနော်တို့က လုပ်နိုင်တဲ့တပိုင်တနိုင်နဲ့ပေါ့၊ ဥပမာ-ကျနော်တို့အနုပညာသည်တွေဆိုတော့ Live Show နဲ့လုပ်မလား၊ စီရီးနဲ့လုပ်မလားပေါ့၊ စီရီးနဲ့ကတော့စီစဉ်နေဆဲဘဲရှိပြီး Live Showကတော့ ဒီမှာ လုပ်ဖြစ်သွားတာပေါ့၊ ကျနော်တို့ရည်ရွယ်ချက်က ပရိတ်သတ်တွေဆီကနေ နာဂစ်နဲ့ပါတ်သတ် တာတွေကို ပိုမိုစိတ်ဝင်စားလာအောင်၊ ပိုမိုကူညီဆောင်ရွက်နိုင်အောင်ပေါ့ မျှော်လင့်ပါ တယ်…`ဟု ဂျပန်တွင်လာရောက်သီဆိုဖြစ်သွားသည့်အကြောင်းရင်းကိုပြောပြသည်။

ရတနာနှင့်မေစပယ်ညိုတို့သီဆိုဖျော်ဖြေကြစဉ်

၎င်းမှပင် `ကျနော်က ဂျပန်ကိုဒါဒုတိယအခေါက်ပါ၊ ပထမတစ်ခေါက်နဲ့တော့ မတူဘူးပေါ့၊ မုန်တိုင်းဖြစ်တဲ့နေရာကို ငါးကြိမ်လောက် Individual ပေါ့၊ သွားခဲ့တယ်ဆိုတော့ အဲ့ဒီခံစားချက်လေးနဲ့ လာခဲ့တာ…`ဟု ကိုခင်မောင်တိုးမှ ပြောပြသည်။

ယခုပွဲကို ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် ဂျပန်လူမျိုးမျာ့းပါ စိတ်ဝင်တစား လာရောက် အားပေးကြည့်ရူခဲ့ကြပြီး ဖျော်ဖြေပွဲအတွင်း အဆိုတော်များမှ နာဂစ်ရံပုံငွေအတွက် အားလပ်ချိန်အတွင်း အလှူငွေများကောက်ခံခဲ့ရာ ဂျပန်ယန်း(၃)သိန်းခွဲခန့်ကို သီးခြားအနေဖြင့် ကောက်ခံရရှိခဲ့ပြီး ပရိတ်သတ်နှင့် တသားတည်းကျ အားပါးတရဖျော်ဖြေခဲ့သူ အဆိုတော် Rဇာနည်မှ `ပျော်ပါတယ်၊ နာဂစ်ရံပုံငွေအတွက်ဖျော်ဖြေရတာဆိုတော့ ဝမ်းလည်းသာတယ်၊ ဂျပန်မှာဆိုရတာအားလုံးအဆင်ပြေပါတယ်…`ဟု ပြောပြသွားသည်။

အဆိုတော်မေခလာမှလည်း `အဝေးရောက်နေတဲ့ ကိုယ့်မြန်မာလူမျိုးတွေကို ပြန်တွေ့ရတော့ပျော်တောပေါ့၊ ကိုယ့်မောင်နှမသားချင်းတွေနဲ့ပြန်တွေ့ရသလိုပါဘဲ၊ ရှိုးပွဲလည်း အစစအရာရာအားလုံး အဆင်ပြေပြေနဲ့ပြီးဆုံးသွာတယ်၊ အလှူငွေတွေကိုလည်း အမရယ်၊ ကိုခင်မောင်တိုးရယ်၊ Rဇာနည်ရယ်(၃)ယောက်တိုင်ပင်ပြီးတော့ အဆင်မပြေတဲ့သူ(ဒုက္ခသည်) တွေ ဆီ ကို သွားရောက်လှူဒါန်းသွားမှာပါ}} ဟုပြေပြသည်။

ဖျော်ဖြေပွဲအပြီး နောက်ဆုံးအစီအစဉ်အဖြစ် ဂျပန်ရောက်မြန်မာနိုင်ငံသားတစ်ဦးမှ အဆိုတော် မေခလာသို့ အလှူငွေများနှင့် ရှိုးပွဲကျင်းပ၍ရရှိသည့်အမြတ်ငွေအားလုံးကို ပေးအပ်လှူဒါန်းခဲ့ပြီး ပြည်တွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အားလုံးကိုယ်စား အဆိုတော်မေခလာမှ ကိုယ်စားသွား ရောက်လှူဒါန်ပေးမှာ ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါပွဲကို တိုကျိုမြို့ အီကဲဘူကုရိုးအရပ်ရှိ ခိုကိုင်းဒိုးခန်းမတွင် ယနေ့ညနေ(၇)နာရီတွင်စတင်ကျင်းပခဲ့ကြပြီး အားပေးကြည့်ရှုသူပရိတ်သတ်(၄ဝဝ)ခန့် အားပေးခဲ့ကြကာ အဆိုတော်မေခလာမှ သူမ၏အအောင်မြင်ဆုံးတေးသီချင်းများထဲမှ ဂိုးသွင်းကောင်းတဲ့ကိုကို၊ လမ်းဆက်လျှေက်မယ်စသည့်သီချင်များ အပြင် တစိမ့်စိမ့်ကြည့် စသည့်မြန်မာသံစဉ်သီချင်းများကိုပါသီဆိုသွားခဲ့ပြီး၊ အဆိုတော်ကို ခင်မောင်တိုးမှ နဒီမင်္ဂလာ၊ ကြိုးကြာသံ၊ ဝိုင်းရဲ့ဆည်းဆာ၊ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေနှင့် ဆယ်လမွန်ငါးတို့အပြန် စသည့်သီချင်းများကို ဖျော်ဖြေခဲ့ကာ ခေတ်အလိုက် ခေတ်အကြိုက်လူငယ်အဆိုကျော် Rဇာနည်မှလည်း ပရိတ်သတ်နှင့်ထပ်တူထပ်မျှခံစားကာ အောင်မြင်ကျော်ကြားနေသော သီချင်းများကို သီဆိုဖျော်ဖြေသွားခဲ့သလို ဖျော်ဖြေပွဲကိုလည်း အောင်အောင်မြင်မြင်ဖြင့် ကျင်းပနိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

Reported by: Thant Myo Htway

မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း၊ ဦးသန်းဝင်း




Sunday, July 27, 2008

ဂျပန်ရဲ့ ဒုက္ခသည်ဆိုင်ရာအစီအစဉ်

Saturday, July 26, 2008

ခြောင်းကြည့်သူရဲ့ အမှား(၆)

ရေးသားသူ-ကိုကြီးပေါ်



``ရွှေပြည်ကြီး ကွာဝေးသကို၊ ကွာဝေးသကို၊ ကျနော်တို့ ရွှေပြည်ကြီး ကွာဝေးသကို၊ ကွာဝေးသကို…´´ လို့ နန်းတော်ရှေ့ဆရာတင်ရဲ့ တေးစာသားလေးနဲ့ တညည်းညည်း လုပ်နေရတဲ့ ကိုကြီးပေါ်ကို ဟိုမှဒီမှ ရင်းနှီးသူများက `ခြောင်းကြည့်လို့ မ၀သေးဘူးလားဗျ´ လို့ ထောမနာ ပြုကြပါတယ်။ မခြောင်းဘဲနဲ့လည်း သိတာပါပဲကွာလို့ ဆိုချင်ကြပုံ ရပါတယ်။ အဲသည်ထဲ မိုးသောက်ကြယ် အယ်ဒီတာမင်းက `ခြောင်းကြည့်လို့ မပြီးသေးဘူးလား´ လို့ ပြောလိုက်ရင်တော့၊ အဲဒါ အဓိပ္ပာယ်က တမျိုးပြောင်းသွားရော ခင်ဗျ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ၊ ခြောင်းလို့ပဲ သိသိ၊ မခြောင်းဘဲနဲ့ပဲ သိသိ၊ ကိုကြီးပေါ်မှာတော့ ခြောင်းကျင့်ပါနေပြီမို့ ခြောင်းမိနေတော့ တာပါပဲ။ အယ်ဒီတာမင်းရေ၊ ဒီတခါ ခြောင်းလိုက်တာ ဟိုး အင်းဝရာဇ၀င်အထိ ရောက်သွားပါရောဗျို့…။


ရွှေတိုက်စိုးများ

မြန်မာရွှေပြည်ကြီးက တကိုယ်တည်း သီးသီးသန့်သန့် နေတယ် ဆိုပေမယ်လို့၊ ဂလိုဘယ် ခေတ်ကြီးထဲကိုလည်း တယ် ၀င်ချင်တာကိုးဗျ။ နိုင်ငံတကာက လုပ်ကြတဲ့ စံချိန်စံညွှန်းတွေနဲ့လည်း သိပ် ကိုက်ညီချင်တာပေါ့။ အဲသတော့ ဟိုမှာဒီမှာ ကော်မတီတွေ ဘာတွေ ဖွဲ့တယ်ဆိုရင် ကိုကြီးပေါ်တို့ ရွှေပြည်က ဗိုလ်ချုပ်မင်းများကလည်း လိုက်လုပ်ကြတော့ တာပါပဲ။

ဒီကနေ့ခေတ်က `လူ့အခွင့်အရေးခေတ်´ လို့ ပြောရပေမယ်။ လူ့အခွင့်အရေး ဆိုတဲ့ ကိစ္စက သိပ်ကို ကြီးမား ကျယ်ပြန့်ပေတာကိုး။ ကုလသမဂ္ဂကြီးမှာတောင် လူ့အခွင့်အရေး ကော်မရှင် ကနေ ကောင်စီ ဆိုပြီး ပြောင်းသွားပါရောလား။ နိုင်ငံတိုင်းမှာလည်း လူ့အခွင့်အရေးကော်မရှင် ဆိုတာတွေ၊ အန်ဂျီအိုတွေဆိုတာ မရှိရင် ခေတ်မမီတော့ဘူးလေ။ ဒီတော့ နအဖ ဗိုလ်ချုပ်မင်းများကလည်း လူ့အခွင့်အရေး ကော်မရှင်ဆိုတာကို ဖွဲ့တော့တာပဲ ခင်ဗျ။ ကျနော်တို့လည်း လူ့အခွင့်အရေးကို အလေးထား ပါတယ်ပေါ့။

အဲ ဖြစ်ပုံက လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဥက္ကဋ္ဌက `ပြည်ထဲရေးဝန်ကြီး´ ဆိုတဲ့ စစ်ဗိုလ်ချုပ်တဲ့။ အဖွဲ့ဝင်တွေက ရဲတို့၊ ထောက်လှမ်းရေးတို့၊ ပြည်ထဲရေးတို့က အရာရှိကြီးတွေတဲ့။

လူ့အခွင့်အရေး ပြဿနာဆိုတာက တကယ်တော့ အာဏာပိုင်အဖွဲ့နဲ့ ယင်းရဲ့ လက်အောက်ခံတွေ၊ လက်နက်ကိုင် တပ်ဖွဲ့တွေကနေ သာမန် အရပ်သားတွေ အပေါ် ကျူးလွန်တာတွေကို ဆိုလိုတာပါ။ အရပ်သား အချင်းချင်း ကျူးလွန်ရင် ကာကွယ်တားဆီးဖို့ ရာဇသတ်ဥပဒေ ဆိုတာ ရှိတယ်။ ကာကွယ်ပေးရမယ့် ရဲတို့ တရားရုံးတို့ ရှိတယ်။ အာဏာပိုင်တွေနဲ့ သူ့လူတွေက ကျူးလွန်တာကျတော့ အခွင့်အာဏာအရ လုပ်တာလိုလို ဘာလိုလိုနဲ့ ရောကြိတ်လို့ ရနေတယ်လေ။ လက်နက်ကိုင်တွေဆိုလည်း ဒီလိုပဲပေါ့။ ဒါကြောင့် အာဏာပိုင်တွေဖက်က လူတွေရဲ့ အခြေခံ အခွင့်အရေးကို မကျူးလွန်ရအောင် လူ့အခွင့်အရေး ဆိုတာနဲ့ ကာကွယ်ထားရတာပါ။

ခပ်လွယ်လွယ် ပြောရရင် အစိုးရက လူထုအပေါ် ဖိနှိပ် ညှဉ်းပန်းမှုတွေ မလုပ်ရအောင် ကာကွယ်ပေးထားတာပါ။ ဒါကြောင့်လည်း အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေကို နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေမှာ ထည့်သွင်း ထားကြ ရတာပေါ့။ နိုင်ငံတွေမှာ လူ့အခွင့်အရေး အတွက် ကြီးကြပ်ဆောင်ရွက်ဖို့ အဖွဲ့အစည်းတွေ ဖွဲ့ကြတာက၊ အစိုးရနဲ့ လူထုအကြား သမာသမတ် ရပ်တည်ပေးဖို့နဲ့၊ နိုင်ငံအတွင်း လူ့အခွင့်အရေး အသိအမြင် ဖွံ့ဖြိုးလာစေဖို့ပါ။ တနည်းပြောရင် လူ့အခွင့်အရေး ကော်မရှင်ဆိုတာ တရားရေး မဏ္ဍိုင်ရဲ့ အကိုင်းအခက် တခုပါပဲ။

နအဖတို့ လုပ်ချလိုက်ပုံကတော့၊ လူ့အခွင့်အရေး အတွက် အကြီးဆုံးလူက ပြည်ထဲရေး ၀န်ကြီးတဲ့ဗျာ။ ပြည်ထဲရေး ၀န်ကြီးဆိုတာ ရဲတပ်၊ လုံထိန်းတပ်၊ ထောင်၊ ထောက်လှမ်းရေး စတာတွေရဲ့ အကြီးအချုပ်ပါပဲ။ ပြီးတော့ အုပ်ချုပ်ရေး အဆင့်ဆင့်ကို ကွပ်ကဲရသူ။ အဲဒီလူတွေက လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ကို ဦးဆောင်ကြတယ် ဆိုတော့၊ ဒါ သူခိုးကို ရွှေတိုက်စိုး ခန့်တာပဲ ဖြစ်မှာပါ။

မြန်မာ ရာဇ၀င်မှာ ကြားဖူးကြမှာပါ။ အင်းဝဘုရင် သတိုးမင်းဖျားလက်ထက်မှာ သူခိုး ငတက်ပြား ဆိုတာ အတော် သောင်းကျန်းတော့၊ ဘုရင်က စီမံကိန်းချပြီးကို ဖမ်းဆီးရေး လုပ်ရတယ်။ ဖမ်းမိတော့ သေဒဏ်စီရင်ခါနီးမှာ ဘုရင်က `မင်း မသေခင် ဘာလိုချင်လဲ´ မေးတယ်တဲ့။ ငတက်ပြားက `အရှင့် မိဖုရား စောဥမ္မာကို လိုချင်တယ်´ ပြန်ပြောသတဲ့။ ဘုရင်က ဒီကောင် သတ္တိ မခေဘူး၊ ငါ့အတွက် အသုံးကျလောက်တယ် ဆိုပြီး၊ မသတ်တော့ဘဲ ရွှေတိုက်စိုး ခန့်ထားလိုက်သတဲ့။

ရာဇ၀င်မှာတော့ သူခိုး ငတက်ပြား ကနေ ရွှေတိုက်စိုး ဖြစ်ပြီးနောက်ပိုင်း ဘာတွေ ဆက်ဖြစ်တယ်ရယ်လို့ သိပ် မသိရပါဘူး။ ဘုရင့် အမှုတော်ကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်လေသည် လောက်သာ ပါပါတယ်။ မှန်ပါတယ်။ ရွှေတိုက်စိုး ငတက်ပြားဟာ ဘုရင့်အတွက်တော့ အတော် အသုံးတည့်မှာပါ။ ဒါက ဘုရင်ခေတ်ပေကိုး။

အခုတော့ အရပ်သားတွေ အပေါ် လူ့အခွင့်အရေး တိုက်ရိုက် ကျူးလွန်နေတဲ့ ဌာနက ၀န်ကြီးက လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဆိုပြီး လုပ်တော့၊ သေချာတာပေါ့။ သူ့အစိုးရ အတွက်တော့ အတော့်ကို အသုံးတည့်ပေမှာပဲ။ အောက်ခြေကနေ လူ့အခွင့်အရေး ကျူးလွန်မှုတွေ ဘယ်လောက်ပဲ တိုင်တိုင် ကော်မရှင်ရောက်ရင် အကုန်ပျောက်ပေါ့။

အဲသလို သူခိုးကြီးက ရွှေတိုက်စိုး ရာထူးပါ ရယူထားရုံ မကဘူးခင်ဗျ။ အာဆီယံ နိုင်ငံတွေကရဲ့ လူ့အခွင့်အရေး ဆိုင်ရာ သဘောတူညီချက် ဆိုတာကြီးကိုပါ နအဖက လက်မှတ်ရေးထိုးတော် မူလိုက်ပါတယ်။ လက်မှတ်ထိုးဖို့ အတွက် အဲသည် အာဆီယံချာတာ ဆိုတာကြီးကို အဲသည် ကော်မရှင်ဆိုတာကြီးက လေ့လာတော် မူသေးသတဲ့။ အင်း… တယ်လဲဟုတ်ပ။ သူခိုးကြီးများ ခေါင်းညိတ်တာကို သူခိုးကိုယ်စားလှယ် မောင်ဉာဏ်ဝင်းက စင်္ကာပူမှာ လက်မှတ်သွားထိုးပေးတယ်။ အဲဒါကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ကောင်းခြီးပေးတယ် ခင်ဗျ။ အာဆီယံက သိသိကြီးနဲ့ သူခိုးကို လက်ကမ်းတယ် ဆိုတော့ သူတို့လည်းပဲ သတိုးမင်းဖျားလို တွေးနေကြတယ် ထင်ပါရဲ့။

ပြောမယ့်သာ ပြောရတယ်။ ရွှေပြည်ကြီးမှာတော့ ဒါမျိုးတွေက သိပ်ဆန်းလှတာတော့ မဟုတ်ပါဘူး။ ဖြစ်ရိုးဖြစ်စဉ် လို့တောင် ပြောလို့ ရနိုင်ပါတယ်။ နိုင်ငံတခုရဲ့ ဥပဒေ ရေးဆွဲရေးမှာ ဥက္ကဋ္ဌလုပ်သူက တရားသူကြီးချုပ်တဲ့။ ပြီးတော့ သူကပဲ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ လုပ်လိုက်သေးတယ်။ အဓမ္မလုပ်အား ခိုင်းစေမှု ပပျောက်ရေး ဗဟိုအဖွဲ့ဆိုတာ ဖွဲ့တယ်၊ ဥက္ကဋ္ဌက အလုပ်သမားဝန်ကြီးတဲ့။ အဲသည် အဖွဲ့လည်း ဖွဲ့ပြီးရော မီဒီယာပေါ်မှာ `စေတနာ လုပ်အား´ ဆိုတဲ့ အသုံးအနှုန်း ပေါ်လာတော့တာပါပဲ။ ဟုတ်ကဲ့၊ အင်မတန် တော်ချက်ပါ။ အဓမ္မလုပ်အား ဆိုတာ ပပျောက်သွားအောင် စေတနာလုပ်အား ဆိုတာနဲ့ အစားထိုးလိုက်တာ၊ လုံးဝ ပျောက်သွားရော မဟုတ်လား။

အဲသလိုပေါ့လေ၊ သူခိုးကို ရွှေတိုက်စိုး ခန့်တဲ့ အလေ့က ရွှေပြည်ကြီးမှာ အလွန်ခေတ်စားသကိုး။ ခက်တာက ငတက်ပြား က ရွှေတိုက်စိုး ဖြစ်တော့ သူခိုးအလုပ်ကို ဆက်မလုပ်တော့ဘူး ခင်ဗျ။ နအဖခေတ်က ရွှေတိုက်စိုးများကတော့ … သူခိုးအလုပ်ကို ဆက်လုပ်သလား မလုပ်သလား…၊ အဲ အဲ ဒါတော့ ကိုကြီးပေါ် ဆက်လက် ခြောင်းကြည့် သွားရဦးမည် ဖြစ်ပါကြောင်း…။



နာဂစ်ရံပုံငွေ ဂီတဖျော်ဖြေပွဲ ကျင်းပမည်


ကျင်းပမည့်နေ့။ ။ ၂၇-၇-၂ဝဝ၈
ကျင်းမည့်အချိန်။ ။ ညနေ ၆းဝဝ နာရီမှ ၉း၃ဝ နာရီအထိ
ကျင်းပမည့်နေရာ။ ။ Ikebukuro, Kokaido Hall
သီဆိုဖျော်ဖြေမည့်သူများ- ခင်မောင်တိုး၊ Rဇာနည်၊ မေခလာ၊ ရတနာ၊
မေစပယ်ညိုနှင့် ဂီတမှူးမြတ်မင်း

Saturday, July 19, 2008

အာဇာနည်ဗိမာန်

Sunday, July 13, 2008

Wednesday, July 9, 2008

လေဘေးရံပုံငွေအတွက် ဂျပန်ရောက် မြန်မာလူငယ်များမှ ဂီတဖျော်ဖြေပွဲပြုလုပ်





နာဂစ်မုန်တိုင်းဒဏ်သင့်မြန်မာပြည်သူများအတွက် ဂျပန်ရောက်မျိုးချစ်မြန်မာလူငယ် ဂီတဝါသနာရှင်များစုဖွဲ့ထားသည့် ဂီတဝိုင်း(Band)-၄-ဝိုင်းမှစုပေါင်း၍ ရံပုံငွေဖျော်ဖြေပွဲတစ်ခုကို ဇူလိုင်လ(၆)ရက်နေ့ ညနေ (၅)နာရီမှစတင်၍ တိုကျိုမြို့လယ်ရှိ လူအစည်ကားဆုံးရပ်ကွက်တစ်ခုဖြစ်သည့် ရှင်ဂျုကု(Music Inn) စတူဒီယိုခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

ဖျော်ဖြေပွဲကို PRMG (Political & Refugee Music Group), Power 88, Azzda နှင့် Zone စသည့် ဂီတအဖွဲ့လေးဖွဲ့တို့ ပူးပေါင်းပါဝင်ဖျော်ဖြေခဲ့ကြပြီး စတင်စီစဉ်သူ (Zone) အဖွဲ့ခေါင်းဆောင်ကိုဖြိုးမှ ''အမှန်အတိုင်းပြောရရင် ပထမက ကျနော်တို့အဖွဲ့ချည်းဘဲ လုပ်မလို့ဘဲ၊ နာဂစ်မုန်တိုင်းတိုက်ပြီးတဲ့အခါကျတော့ ကျနော်တို့လုပ်တတ်တာဘာရှိသလဲ၊ ကူညီနိုင်တာပေါ့၊ လုပ်တတ်တဲ့အပိုင်းကနေ အားလုံးစုပေါင်းပြီးလုပ်ကြမယ်ပေါ့၊ ဒီအခါ ကျနော်တို့လုပ်တတ်တာက 'ဂီတ'ဘဲရှိတဲ့အခါ ဒါနဲ့ဘဲ အားလုံးဝိုင်းပြီး ဖျော်ဖြေပွဲတစ်ခု လုပ်ကြမယ်လို့ဆုံးဖြတ်လိုက်တာ'' ဟု ဂီတဖျော်ဖြေပွဲ ဖြစ်မြောက်အောင် စီစဉ်လိုက်ရသည့် အကြောင်းရင်းကို ရှင်းပြသည်။

ဆက်လက်၍ ၄င်းမှပင် ''အခက်အခဲအနေနဲကတော့ အများနဲ့လုပ်တဲ့အခါ အနည်းနဲ့အများတော့ ရှိတာပေါ့၊ လူငယ်တွေချည်းဘဲလုပ်ရတဲ့အခါကျတော့ နည်းနည်းတော့ သတိထားရတာပေါ၊့ အခုလုပ်တဲ့အခါမှာလည်း ကျနော်တို့ကိုယ်ပိုင်ငွေနဲ့စိုက်ထုတ်ပြီးလုပ်တယ်၊ ရရှိလာတဲ့ လက်မှတ်ရောင်းရငွေ အားလုံးကိုတော့ လှူဒါန်းသွားမှာပါ'' ဟု ကြိုးပမ်းခဲ့ရပုံကို ပြောပြသည်။

အဆိုပါပွဲတော်တွင် ဧည့်အဆိုတော်များအဖြစ် ဂျပန်သူနာပြု အမျိုးသမီးငယ်များ စုဖွဲ့ထားသည့် Japan Heart အဆိုတော်အဖွဲ့မှလည်း ပူးပေါင်းဖျော်ဖြေသွားခဲ့သည်။

''အရောင်မဲ့ည''၊ ''ဘက်တော်သား''၊ ''ငါတို့ရဲ့နိုင်ငံတော်''၊ ''တိုက်ပွဲ''၊ ''ကျန်ုပ်တို့ချစ်တဲ့မြန်မာပြည်'' စသည့် မြန်မာ့ဒီမိုကရေစီအရေးအတွက် ရေးစပ်ထားသည့် တေးသီချင်းများကိုသာ အဓိကထား ဖျော်ဖြေ သွားခဲ့ပြီး၊ ယင်းသီးချင်းများကို ရေးဖွဲ့သီကုံးသူ PRMG ခေါင်းဆောင်ကိုသော်နိုင်မြင့်မှ ''နာဂစ်တိုက်တဲ့ အချိန်မှာ ကျနော်တို့ဟာ တိုင်းပြည်မှာ မရှိဘဲနဲ့ ပြည်ပကိုရောက်နေတယ်။ ပြည်တွင်းကိုမပြန်နိုင်ဘဲနဲ့ ကျနော်တို့ဘယ်လိုကူညီရမလဲ စဉ်းစားတဲ့အခါ ငွေအားနဲ့ကူညီနိုင်တဲ့သူက ငွေနဲ့ကူညီတယ်။ ကျနော်တို့က တတ်နိုင်တဲ့(ဂီတ)နဲ့ ကျနော်တို့သမိုင်းထဲမှာဖြစ်သွားတဲ့အရာကို ကျနော်တို့မှတ်တိုင်လေးတစ်ခု ထားခဲ့ချင်တယ်။ ဂျပန်မှာရှိတဲ့ ဂီတဝါသနာရှင် မြန်မာလူငယ်တွေက အားလုံးတိုင်ပင်ကြတယ်၊ ဇုန်အဖွဲ့က ညီငယ်တွေက လာတိုင်ပင်တယ်၊ ဒါနဲ့ဖျော်ဖြေဖြစ်သွားတာ'' ဟု ပူးပေါင်းဖျော်ဖြေဖြစ်ခဲ့ပုံကို ပြောပြသည်။

ယခုပွဲကို ဂျပန်နှင့်မြန်မာပရိတ်သတ်(၂၅ဝ)ခန့်မှလည်း အားပါးတရ စည်းကမ်းရှိစွာ ပျော်ပျော်ပါးပါးအားပေးခဲ့ကြပြီး ရရှိသည့်ဝင်ငွေအားလုံကို မြန်မာပြည်သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကူညီနေသည့် ဂျပန်သူနာပြုအမျိုးသမီးငယ်များစုဖွဲ့ထားသည့် Japan Heart အဖွဲ့မှတဆင့် မြန်မာပြည်တွင်းရှိ မုန်တိုင်းဘေးဒဏ်ခံရသည့် ပြည်သူများဆီသို့ ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။

Reported By ; Thant Myo Htway (Moe Thauk Kye)



Sunday, July 6, 2008

black 7 july

အသစ်တဖန်ပြန်လည်မွေးဖွားခြင်း
ဓါးကိုဓါးချင်း လှံကိုလှံချင်း
တုန့်နှင်းရမယ်´ ..ဒင်းပြောခဲ့တဲ့စကား
နားဝမှာကြားဆဲ..။
7 July သွေးအိုင်ထွန်းခဲ့ရတဲ့နေ့ မမေ့နိုင်ပါဘူး။
ဒင်းလက်ချက်နဲ့
အသက်ထွက်ခဲ့ရတဲ့ကျောင်းသား
ရာပေါင်းများစွာတွေ
သေအံမူးခိုက်ကြိမ်စာတိုက်ခဲ့…။
ငမိုက်ကောင်ဒင်းတို့ကို
လက်စားချေရတဲ့ကိုယ် ငါတို့ဖြစ်လို၏..။
ဒင်းတို့ဖြိုချ ပြိုကျခဲ့ရတဲ့ သမဂ္ဂကျောင်းဆောင်
ပြန်လည်တည်ထောင်ရတဲ့ဘဝ
ငါတို့ရကြပါစေ…။
ကမ္ဘာမကြေဘူးဟေ့..။
လွန်ခဲ့တဲ့အဖြစ်
(၂၆) နှစ် ခေတ်တခေတ်ကြာတဲ့အခါ
သူတို့တွေလူပြန်ဖြစ် မျိုးဆက်အသစ်နဲ့
သည်ခေတ်က ကျုပ်တို့ပဲဟေ့…။

ရင်သွေး(၁၉၈၈)


Aung San Suu Kyi (The Fighting Peacock) အောင်ဆန်းစုကြည် (ခွပ်ဒေါင်း) - ဂျပန်ရုပ်ပြကာတွန်း(tatakau kujaku)

ဖတ်ရှူနည်းအညွန်း - ယခုရုပ်ပြကာတွန်းအား အင်္ဂလိပ်ဘာသာသို့  ပြန်ဆိုထားခြင်းဖြစ်သော်လည်း မူလ ဂျပန်ဘာသာဖတ်ရှူရသည့်နည်းကဲ့သို့  ဇာတ်လမ်းစာသားများအား ညာဘက်မှ ဘယ်ဘက်သို့  ဖတ်ရှူရမည်ဖြစ်ပါသည်။
မင်ကွင်းကျယ်ကြည့်လိုလျှင် ဒီနေရာ ကိုနှိပ်ပါ။

နစ်နေမန်းဘလော့မှ ရယူပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More