This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, February 20, 2009

ဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့မှ ၂ဝ၁ဝ ရွေးကောက်ပွဲအား ထောက်ခံပြောဆိုခြင်းအပေါ် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကကန့်ကွက်ဆန္ဒပြ




ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hirofumi Nakasone တို့က နအဖစစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲအားထောက်ခံပြောဆိုခြင်းအပေါ် ဂျပန်ရောက်ဒီမိုကရေစီအရေးလှုပ်ရှားသူများက ဂျပန်လွတ်တော်ရှေ့၌ ယနေ့မွန်လွဲ(၃)နာရီတွင် ကန့်ကွက်ဆန္ဒပြကြကြောင်းသိရသည်။
အဆိုပါဆန္ဒပြပွဲတွင် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ(၁၅ဝ)ခန့်တက်ရောက်ဆန္ဒပြခဲ့ကြပြီး ဂျပန်နိုင်ငံ သို့ရောက်ရှိနေသည့် (ABSDF)ကျောင်းသားတပ်မတော်၏ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးထွန်းအောင်ကျော်မှလည်း တက်ရောက် မိန်ခွန်းပြောကြားခဲ့သည်။
၎င်းမှ ၂ဝ၁ဝ ရွေးကောက်ပွဲအား ကုလအထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့မှ ထောက်ခံပြောဆိုမှုနှင့် ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်တွင်းမှနိုင်ငံရေးသမားအချို့အား ၂ဝ၁ဝ ရွေးကောက်ပွဲသည်မည်သည့်အခြေခံဥပဒေကို အခြေခံ၍ ကျင်းပမည်ဆိုခြင်းကို ပြန်လည်စဉ်းစားသုံးသပ်ကြရန်တိုက်တွန်းပြောဆိုလိုက်သည်။
''၂ဝ၁ဝ ရွေးကောက်ပွဲဟာ ၂ဝဝ၈ ခုနှစ်နအဖ၏စိတ်ကြိုက်ရေးဆွဲထားသည့် တဖက်သတ်အခြေခံဥပဒေဖြစ်တယ်၊ ဒီအခြေခံဥပဒေဟာ ဘာကိုဖေါ်ညွန်းထားသလဲဆိုတော့ စစ်အာဏာရှင်တွေရဲ့အာဏာတည်မြဲရေးကိုဖေါ်ပြထားတယ်၊ ပိုကြောက်ဖို့ကောင်းတာက တရားဝင်အာဏာသိမ်းခွင့်ပေးထားတယ်၊ စစ်တပ်ရဲ့စစ်ဦစီးချုပ်ဟာ တိုင်းပြည်ရဲ့လုံခြုံရေးထိခိုက် တယ်လို့ယူဆလို့ရှိလျှင် တိုင်းပြည်အာဏာကိုသိမ်းခွင့်ရှိတယ်လို့ ထည့်သွင်းရေးဆွဲထားတဲ့အတွက် ပြည်တွင်းမှ နိုင်ငံရေးသမားအချို့က ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ကူးယဉ်နေကြတဲ့လူတွေရှိတယ်''ဟု ဦးထွန်းအောင်ကျော်မှပြောဆိုသည်။
ယင်အပြင်ဂျပန်နိုင်ငံနှင့်အခြားဒီမိုကရေစီနိုင်ငံများကို နအဖ၏ဒီမိုကရေစီကျင့်စဉ်နှင့်သွေးဖယ်သည့်လုပ်ရပ်များ အတွက် နိုင်ငံတကာမှဖိအားပေးခြင်း၊ ခြောက်လှန့်သတိပေးခြင်းများကို နအဖမှဂရုပြုလိုက်နာဆောင်ရွက်ခြင်း လုံးဝမရှိသည့်အတွက် နအဖ၏ ၂ဝ၁ဝ ရွေးကောက်ပွဲအား အဆိုပါနိုင်ငံများမှဝင်ရောက်ယှဉ်ပြိုင်ဖို့ ထောက်ခံပြောဆိုလိုက်ပါက အခြားကမ္ဘာ့နိုင်ငံများမှလည်း လိုက်လံ၍ထောက်ခံပြောဆိုမိပါက အမှာကြီးတရပ်ကိုအားလုံးကျူးလွန်မိသွားသလိုဖြစ်နိုင်၍ သတိပေးဖို့လိုကြောင်းဆက်လက်ပြောကြားသည်။

Reported by; Thant Myo Htway (Moethaukkye)
မှတ်တမ်းဓါတ်ပုံ- ဦးသန်းဝင်း

Wednesday, February 18, 2009

Clinton says US reviewing policy toward Myanmar

TOKYO - President Barack Obama's administration is reviewing its policy toward Myanmar to see if it can more effectively promote reform in the military-ruled Southeast Asian nation, Secretary of State Hillary Rodham Clinton said Tuesday.

Clinton, on her first trip abroad as the top U.S. diplomat, said Washington "is looking at what steps we might take that might influence the current Burmese government and we're also looking for ways that we could more effectively help the Burmese people."

The U.S. Government refers to Myanmar as Burma, the country's name before it was changed in 1989 by the ruling junta.

Washington applies political and economic sanctions against Myanmar because of its poor human rights record and failure to hand over power to a democratically elected government. It also seeks the freedom of pro-democracy leader Aung San Suu Kyi _ who has been detained for 13 of the last 19 years _ and an estimated 2,100 other political prisoners.

"We want to see a time when citizens of Burma and the Nobel prize winner Aung San Suu Kyi can live freely in their own country," Clinton said at a town hall meeting at Tokyo University in response to a question from a woman who said she was from Myanmar.

The issue of Myanmar democracy was taken up by former first lady Laura Bush, and had bipartisan backing in Congress. But the junta in Myanmar has shown little inclination to make political reforms, and instead cracked down violently on mass pro-democracy protests in September 2007 and sentenced many dissidents to long jail terms.

Myanmar has been under military rule since 1962. The current junta came to power in 1988 after crushing pro-democracy demonstrations and killing as many as 3,000 people. It called elections in 1990 but refused to honor the results when Suu Kyi's political party won overwhelmingly.

Sunday, February 15, 2009

၆၂ နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ဂျပန်နိုင်ငံတွင်ကျင်းပ

နအဖစစ်အုပ်စုနှင့် နောက်လိုက်လက်ကိုင်တုတ်များ၏ မဟာလူမျိုးကြီးဝါဒကို မုန်းတီးမိကြောင်း လွတ်မြောက်နယ်မြေရှိ မွန်ခေါင်းဆောင်မှ (၆၂)နှစ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားတွင်ပြောကြား
တိုကျို၊ ဖေဖေါ်ဝါရီ(၁၅)


ဂျပန်၊ တိုကျိုမြို့ရှိ မဲဂျိရိုးတက္ကသိုလ်တွင်ကျင်းပသည့် (၆၂)နှစ်မြောက်မွန်အမျိုးသားနေ့ အခမ်းအနားတွင် ဂျပန်ရှိ''ပုညကာရီ''မွန်အမျိုးသားအသင်း၏ ဥက္ကဋ္ဌဖြစ်သူဦးမင်းမျိုးချစ်က တိုင်းရင်းသား များ၏ ယဉ်ကျေးမှုနှင့်စာပေများကို ဖျောက်ဖျက်ပစ်ပြီး နအဖစစ်ဗိုလ်ချုပ်များနှင့်၎င်းတို့၏ နောက်လိုက် လက်ကိုင်တုတ်များသာကြီးစိုးသည့် မဟာ လူမျိုးကြီးဝါဒကို မုန်တီးမိကြောင်းနှင့် အားလုံးတိုက်ဖျက် ပစ်ကြဖို့လိုအပ်ကြောင်း ပြောကြားသွားသည်။
မျက်မှောက်ခေတ်အခြေအနေတွင် နအဖစစ်အစိုးရသည် မွန်အပါအဝင်တိုင်းရင်းသားများ၏ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် စာပေသင်ကြားခွင့်များကို လိုက်လံပိတ်ပင်တားဆီးနေပြီး မဟာလူမျိုးကြီး စိတ်ဓါတ်စွဲကာ တိုင်းရင်းသားများကို ပိုမိုနှိပ်ကွပ်လာနေကြောင်း၊ မဟာလူမျိုးကြီးဝါဒဆိုသည်မှာလည်း မြန်မာတမျိုးသားလုံးကိုရည်ရွယ်ခြင်းမဟုတ်ဘဲ နအဖစစ်အုပ်စုဝင် စစ်ဗိုလ်ချုပ်တစုနှင့် ၄င်းတို့၏ နောက်လိုက်ကြံ့ဖွတ်နှင့်စွမ်းအားရှင်စသည်တို့ကိုဆိုလိုကြောင်း မြန်မာလူမျိုးများတွင်လည်း တိုင်းရင်း သားများနည်းတူ ဖိနှိပ်ခံပြည်သူအများအပြားရှိနေကြောင်းပြောပြသည်။
''ကျနော်တို့ တိုင်းရင်းသားတွေကို အဓိကထားပြီးတော့ လူမျိုးပျောက်အောင်ကြိုးစားနေတဲ့ ဗမာထဲကလူမျိုးတစုကိုကျတော့ မဟာဝါဒလူမျိုးကြီးတစုလို့ဘဲသတ်မှတ်တယ်၊ နအဖလိုမျိုးပေါ့ ကျနော်တို့တိုင်းရင်းသားတွေကို လူမျိုးဖျောက်မယ်၊ စာပေယဉ်ကျေးမှုကို ပိတ်ပင်ရင်၊ စာပေယဉ်ကျေးမှု မရှိရင် လူမျိုးပျောက်မယ်၊ ဘာသာစကားပျောက်သွားရင် ကျနော်မွန်လူမျိုးတဦးဖြစ်ပေမဲ့ ကျနော်ဂျပန်လို ဝတ်သွားရင် ဂျပန်ဖြစ်သွားမယ်၊ ဗမာလိုဝတ်ရင်ဗမာဖြစ်သွားမယ်၊ ဒါ့ကြောင့်မို့လို့ကျနော့်မှာ ကိုယ်ပိုင် ယဉ်ကျေးမှုရှိတယ်၊ ဘာသာစကားရှိတယ်၊ စာပေရှိတယ်၊ ဒါတွေကိုကျနော်တို့မထိမ်းသိမ်းနိုင်ရင် နောင်တခေတ်ကျနော်တို့ လူမျိုးပါပျောက်မယ်''ဟု လူမျိုးမပျောက်ရန် အမျိုသားနေ့အပါအဝင်၊ စာပေနှင့်ယဉ်ကျေးမှုများကို ကြိုးပမ်းထိမ်းသိမ်းနေရကြောင်း ရှင်းပြသည်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအချိန်ကာလတွင် မွန်တိုင်းရင်းသားများကလည်း နိုင်ငံရေး လောကတွင်ပါဝင်ပြီး အမျိုးသားရေးအတွက်ဝိုင်ဝန်းကြိုးပမ်းကြရန် မွန်အမျိုးသားညီလာခံကို မွန်ခေါင်းဆောင်'နိုင်ဖိုးချို'တို့မှ ဦးဆောင်၍ ထိုအချိန်ကကျင်းပကြပြီး မွန်ရာဇဝင်သမိုင်းတွင်ထင်ရှားခဲ့သည့် သံမလနှင့်ဝိမလညီနောင်တို့မှ ဟံသာဝတီနိုင်ငံတော်ကို တည်ထောင်ခဲ့သည့်နေ့ကိုအစွဲပြု၍ မြန်မာ သက္ကရာဇ်တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါမွန်အမျိုးသားနေ့အခမ်းအနားကို ဂျပန်နိုင်ငံတွင်ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့တက်ရောက်ရန်ရောက်ရှိနေသည့် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌနိုင်ထော်မွန်၊ NCGUB ဝန်ကြီး တဦးဖြစ်သည့်ဦးထွန်းဝင်းနှင့် ဂျပန်ရောက်မွန်အမျိုးသားများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူဂျပန်လူမျိုးများအပါအဝင် ပရိတ်သတ်(၂ဝဝ)ကျော်ခန့် တက်ရောက်ကြပြီး၊ မွန်အမျိုးသား နေ့အကြောင်း၊ မွန်ယဉ်ကျေးမှုများအကြောင်းနှင့် မွန်ရိုးရာအကများ၊ အငြိမ်ဖျော်ဖြေခန်းများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြပြီး (၁၇)ကြိမ်မြောက်အဖြစ် ဂျပန်နိုင်ငံတွင်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
Reported by ; Thant Myo Htway (Moethaukkye)

''(၉၄)နှစ်ပြည့်ဒို့ဖခင်ဗိုလ်ချုပ်မွေးနေ့''ခေါင်းစဉ်ဖြင့် ကဗျာနှင့်ဟောပြောပွဲကျင်းပ

တိုကျို၊ ဖေဖော်ဝါရီ ၁၅ ရက်




လွတ်လပ်ရေးဖခင်နှင့်မြန်မာတို့၏ မြင့်မြတ်သောခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ဖေဖေါ်ဝါရီ(၁၃)ရက် နေ့တွင် ကျရောက်သည့်(၉၄)နှစ်ပြည့်ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ကဗျာနှင့်ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဟောပြောပွဲကို တိုကျိုမြို့၊ တာကာဒါနိုဘာဘာရှိ ''ရီဆိုက်ကယ်စင်တာ''လေးထပ်ခန်းမတွင် ပြုလုပ်ကြကြောင်းသိရသည်။
လူငယ်အများအပြားတက်ရောက်ခဲ့သော အဆိုပါအခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းဓါတ်ပုံများနှင့် မိန့်ခွန်းများကို ထုတ်လွင့်ပြသခြင်းအပါအဝင် ''အောင်ဆန်းပေးတဲ့ မြန်မာပြည်''ခေါင်းစဉ်ဖြင့် ကိုစိုးသီဟမှလည်းကောင်း၊ ''သူ(သို့)အောင်ဆန်း''ခေါင်းစဉ်ဖြင့် ကိုမျိုးစောမှ လည်းကောင်း၊ ''အောင်ဆန်းနဲ့လွတ်လပ်ရေး''ခေါင်းစဉ်ဖြင့် ကိုထွန်းငြိမ်းမှလည်းကောင်း၊ ''ဗိုလ်ချုပ်နှင့် သူ၏မြန်မာနိုင်ငံ''ခေါင်းစဉ်ဖြင့် ကိုဝင်းအောင်-၂ မှလည်းကောင်း၊ အသီးသီးပြောဆိုသွားခဲ့ကြသည်။ နံမည်ကျော်ကဗျာဆရာရဲရင့်သက်ဇွဲမှ ''မြန်မာပြည်မြေပုံဟာသူဖြစ်တယ်''ကဗျာများရွတ်ဆိုသွားခဲ့ကြသည်။
မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂဥက္ကဋ္ဌဦးတင်ဝင်းမှ ဗိုလ်ချုပ်အောင်ဆန်းကို နအဖစစ်အစိုးရမှ မြန်မာ့သမိုင်းနှင့် ရာဇဝင်တွင်လည်းကောင်း၊ မျက်မှောက်ခေတ်တွင်လည်ကောင်း ဖျောက်ဖျက်ပစ်ရန်ကြိုးစားနေပြီး၊ တဖက်မှလည်း မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကဗိုလ်ချုပ်အောင်ဆန်းသာလျှင် တိုင်းပြည်ရဲ့ဖခင်အမှန်ဖြစ်ကြောင်း ဖေါ်ထုတ်နေကြတယ်လို့ ပြောကြားသွားသည်။
''ကျနော်ခံစားလိုက်ရတာတခုက ၈၈အရေးတော်ပုံတုန်းက လူထုကဗိုလ်ချုပ်ပုံလေးတွေနဲ့ ဆန္ဒပြကြတယ်၊ အဲ့ဒိအထိ စစ်အာဏာရှင်တွေက ဂရုမပြုကြသေးဘူး၊ သြဂုတ်(၂၆)ရက်နေ့ ရွှေတိဂုံဘုရားမှာဒေါ်စုက 'ဖေဖေ'ကလို့ ပြောလိုက်တော့မှ ဗိုလ်ချုပ်ကို ဂရုပြုလာပြီး ဗိုလ်ချုပ်ရဲ့ Legacy (အမွေအနှစ်)ကိုဖျောက်ဖို့ ကြိုးစားလာကြတာ၊ အခုအချိန်အထိဘဲ''ဟု ဗိုလ်ချုပ်ကို မျက်မှောက်ခေတ်တွင်ဖျောက်ဖျက်ပစ်ရန် နအဖစစ်အစိုးရမှ စတင်စိတ်ဝင်စားခဲ့ရသည့်အကြောင်းကို ဟောပြော ဆွေးနွေးသွားသည်။
ယင်းအခမ်းအနားကို မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအဖွဲ့(BDA)မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ပရိတ်သတ်(၁၅၀)ခန့် တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

Reported by; Thant Myo Htway (Moethaukkye)

နယူးဒေလီမှ တောင်းဆိုမှု

၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်

ပြည်တွင်း မိခင် အဖွဲ့ချုပ်၏ အထူးကြေညာချက်နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများရဲ့ နှင်းဆီလှုပ်ရှားမှု ကို ထောက်ခံသည့် အနေဖြင့် အနောက်ပိုင်းတိုင်းမှ လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ


ပေးပို့သူ-ကိုမြင့်မောင်(နယူးဒေလီ)

Monday, February 9, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများမှ ပူးတွဲထုတ်ပြန်သည့် အထူးကြေငြာချက်အား ထောက်ခံချီတက်ပွဲ ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်

၂ဝဝ၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)




မြန်မာပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီ ၇ ဖွဲ့တို့၏ ၂ဝဝ၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အထူးထုတ်ပြန်ကြေငြာချက်ကို ဂျပန်ရောက်မြန်မာများမှ ထောက်ခံကြောင်းပြသသည့်အနေဖြင့် ချီတက်ပွဲအခမ်းအနားတရပ်ကို တိုကျိုမြို့တွင် ဖေဖော်ဝါရီလ(၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါထောက်ခံချီတက်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှ ဦးဆောင်ကျင်းပခဲ့ပြီး မြန်မာတိုင်းရင်းသားလူမျိုးများသာမက ဂျပန်လူမျိုးများပါ ပူးပေါင်းပါဝင်ခဲ့ကြသည်။
ဤသို့ချီတက်ခဲ့ကြရာတွင် အလွန်အေးချမ်းလှသည့် ဂျပန်နိုင်ငံ၏ဆောင်းရာသီဥတုဒဏ်ကိုမမှုပဲ ညပိုင်း ၇း၃ဝ နာရီ၌ အိုးစုခပန်းခြံအတွင်းမှ စတင်စုရုံးထွက်ခွာခဲ့ကြပြီး အကွာအဝေးအားဖြင့် ၂.၅ ကီလိုမီတာခန့်ရှိမည်ဟုခန့်မှန်းရသော အိခဲဘုခုရိုပန်းခြံအထိ လှမ်းလျှောက်ခဲ့ကြသည်။
စုစုပေါင်း လူအင်အား ၄၈ဝ ကျော်ပူးပေါင်းပါဝင်ခဲ့ပြီး ချီတက်ရာလမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းလွှတ်၊ နှစ်ရှည်လများ ဦးခွန်ထွန်းဦးနှင့် ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားခေါင်းဆောင်များအားလုံး ချက်ချင်းလွှတ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို ချက်ချင်းလွှတ်၊ ၁၉၉ဝ ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖော်၊ အတုအယောင် အခြေခံဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို အလိုမရှိ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ပြစ်၊ ဂျပန်အစိုးရဟာ မြန်မာစစ်အာဏာရှင်အား နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဖိအားပေးပါ၊ ဂျပန်အစိုးရဟာ မြန်မာစစ်အာဏာရှင်အား ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှုဖြစ်လာစေရန် ဖိအားပေးပါ တို့ကို ဂျပန်ဘာသာဖြင့်ြေ<ွကးကြော်တောင်းဆိုခဲ့ကြသည်။ ထောက်ခံချီတက်ပွဲကြီးသည် ည ၉းဝဝ နာရီအချိန်တွင် အောင်မြင်စွာဖြင့်ကျင်းပနိုင်ခဲ့ပါသည်။
သတင်းရေးသားပေးပို့သူ-ဂေါ်ဘာချော့
မှတ်တမ်းဓါတ်ပုံ- ဦးသန်းဝင်း၊ မင်းညိုဝမ်း

ဂျပန်ရောက်တိုင်းရင်းသားများစုပေါင်း၍ (၆၂)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပွဲကျင်းပဆင်နွှဲ


အခမ်းအနားမှူးများ(၀ဲ)နှင့် သဘာပတိအဖွဲ့ဝင်များ(ယာ)


ဖေဖေါ်ဝါရီ(၈)၊ တိုကျို
ညီညွတ်သောတိုင်းရင်းသားများအစည်းအရုံး(AUN)ဂျပန်မှ ဦးစီး၍ (၆၂)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကို တိုကျိုမြို့ရှိ အိုးစုခအရပ်ရှိ မိနာမိအိုးစုခခန်းမ၌ ဖေဖေါ်ဝါရီ(၈)ရက်(တနင်္ဂနွေနေ့)တွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ဂျပန်ရောက်ဒီမိုကရေစီအရေးလှုပ်ရှားနေကြသူများအပါအဝင် ပြည်ထောင်စုတိုင်းရင်းသားများ အစုံအလင်တက်ရောက်ကြပြီး ပြည်ပရောက်တိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသည့် ဦးတင်ဝင်း(ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ နိုင်ထော်မွန်(မွန်ပြည်သစ်ပါတီ)နှင့် (UNLD-LA)မှကချင်တိုင်းရင်းသားခေါင်းဆောင် Mahkaw Htun Saတို့မှအထူးဧည့်သည်တော်များအဖြစ်တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို(၂)ပိုင်းခွဲ၍ ပြုလုပ်ခဲ့ကြသည်။
ပထမပိုင်းအခမ်းအနားကို နေ့လယ် ၁၂း၃၀ နာရီမှ ၃း၃၀ နာရီအထိပြုလုပ်ခဲ့ပြီး ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကျင်းပရခြင်းရည်ရွယ်ချက်နှင့် လက်ရှိမြန်မာပြည်နိုင်ငံရေးအပေါ် သုံးသပ်ချက်များကိုပြောဆိုဆွေးနွေးခဲ့ကြသည်။

နအဖ၏ ၂ဝ၁ဝရွှေးကောက်ပွဲနှင့်ပါတ်သတ်၍ အထူးဧည့်သည်တော်အဖြစ်တက်ရောက်သူ (ဦး)နိုင်ထော်မွန်မှ ''ကျနော်တို့လည်း ကြေငြာချက်ထုတ်ထားတဲ့အတိုင်းဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဒီအတိုင်းဘဲမညှိမနှိုင်းဘဲ လက်မခံနိုင်ဘူး၊ ရွှေးကောက်ပွဲအပေါ်ဘယ်လိုလဲဆိုတာကိုတော့ ကျနော်တို့မပြောသေးဘူး၊ ဒီအတိုင်းမဟုတ်ဘဲ ပြုပြင်ပြောင်းလဲမယ်၊ လက်ခံနိုင်တဲ့အတိုင်းအတာအထိဖြစ်လာမယ်ဆိုရင်တော့ စဉ်းစားမယ်''ဟု မွန်ပြည်သစ်ပါတီ၏ သဘောထားနှင့်ပါတ်သတ်၍ ပြောပြသွားသည်။
ဂျပန်နိုင်ငံတွင် ကျင်းပသည့်ပြည်ထောင်စုနေ့အခမ်းအနားသို့ တတိယအကြိမ်မြောက်အဖြစ်တက်ရောက်သူ ကချင်တိုင်းရင်းသာခေါင်းဆောင်(ဦး)Mahkaw Htun Saမှ အဓိကအားဖြင့် ၂ဝဝ၈ခုနှစ် နအဖ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသည် ဒီမိုကရေစီနှင့်မကိုက်ညီကြောင်း၊ နိုင်ငံသားတွေရဲ့အခွင့်ရေးနဲ့ပါတ်သတ်၍ အာမခံမှုမရှိကြောင်းနှင့်၊ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေးနှင့် ပါတ်သတ်၍ ကိုယ်ပိုင်ပြဌာန်းချက်တွေမရှိသည့်အပြင်၊ တိုင်းရင်းသားများ၏ အမျိုးသားရေးလက္ခဏာများကို တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားအောင်ရေးဆွဲထားသည့်အတွက် နအဖအခြေခံဥပဒေကို လက်မခံကြဖို့နှင့် နအဖကိုသုံးပွင့်ဆိုင်ဆွေးနွေးပွဲဆီသို့ ပါဝင်လာရေးကို ထည့်သွင်းဆွေးနွေးသွားခဲ့သည်။
နအဖ၏ ၂ဝ၁ဝ ရွှေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်တွင်းမှတိုင်းရင်းသားများနှင့်ပါတ်သတ်၍ ''သူတို့ကဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ဝင်ရောက်ယှဉ်ပြိုင်မယ်၊ သူတို့ရဲ့အတွင်းသဘောမှာ ဘယ်လိုရှိမယ်ဆိုတာမသိတဲ့အတွက် ကျနော်တို့က ဝေဖန်လို့မသင့်တော်ဘူး၊ သူတို့ဘာ့ကြောင့်၊ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာ သိရင်တော့ မှားတယ်၊ မှန်တယ်ဆိုတာကို ဝေဖန်လို့ရမယ်ထင်တယ်''ဟု ယင်းကချင်တိုင်းရင်းသားခေါင်းဆောင်မှ နအဖနှင့်အပြစ်အခတ်ရပ်ဆဲထားပြီး ရွှေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်ပြည်တွင်းမှတိုင်းရင်းသားအဖွဲ့များနှင့် ပါတ်သတ်၍မဝေဖန်လိုကြောင်းကို ပြောပြသွားသည်။
ညနေ ၃း၅၀ နာရီမှ ပြန်လည်စတင်ခဲ့သော အခမ်းအနား ဒုတိယပိုင်းတွင် ဂျပန်နိုင်ငံရှိ တိုင်းရင်းသားအဖွဲ့အစည်းများက ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုအကနှင့် ပြည်ထောင်စုနေ့တေးသရုပ်ဖော်များကို ဝေေ၀ဆာဆာနှင့် ဖျော်ဖြေတင်ခဲ့ကြရာ တက်ရောက်လာကြသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများသာမက ဂျပန်လူမျိုးများပါ ကျေနပ်နှစ်သက်ကြသည်ကို တွေ့မြင်ခဲ့ရသည်။

ယခုကျင်းပသည့်အခမ်းနားသို့ ဂျပန်လူမျိုးများနှင့် မြန်မာလူမျိုးပရိတ်သတ်(၆ဝဝ)ကျော်ခန့်တို့တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုတိုင်းရင်းသားများ၏ အခွင့်အရေးနှင့်လွတ်လပ်ခွင့်တို့ကို ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်လာပြီး ပြည်ထောင်စုနေ့သည်လဲ (၆၂)နှစ်တိုင်သွားပြီဖြစ်သော်လည်း ယနေ့တိုင်တိုက်ယူနေရဆဲဘဲဖြစ်ကြောင်း သုံးသပ်ပြောဆိုသွားကြသည်။
Reported by ; Thant Myo Htway
Photo by: Min Nyo Wan

Thursday, February 5, 2009

Twitter Delicious Facebook Digg Stumbleupon Favorites More