This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, January 23, 2009

ဧည့်သည်ကြီး







Monday, January 19, 2009

၂ဝဝ၈ ခုနှစ်တွင် ဂျပန်သို့ဝင်လာသည့် နိုင်ငံခြားသားစာရင်းထုတ်ပြန်


ဂျပန်တရားရေးဝန်ကြီးဌာနမှ ၂ဝဝ၈ ခုနှစ်အတွင်း နိုင်ငံခြား သားများ ဂျပန်နိုင်ငံသို့ ဘယ်နှစ်ဦးဝင်ရောက်လာသည်ဆို အချက်အလက်ကို သတင်းသမားများသိစေရန်အတွက် ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန်လိုက်သည်။
အဆိုပါစာရင်းအရ ၂ဝဝ၈ ခုနှစ်တွင် ဂျပန်နိုင်ငံအတွင်းသို့ နေရာဒေသအသီးသီးမှဝင်ရောက်လာသည့် နိုင်ငံခြားသားပေါင်း ၉၁၅ သောင်းရှိပြီး၊ ၂ဝဝ၇ ခုနှစ်ထက်စာလျင် ၅,၈ဝဝ အောက် လျော့နည်းသွားကြောင်း ဆိုသည်။
နိုင်ငံခြားသားများ ဂျပန်နိုင်ငံသို့ဝင်လာသည့် ၉၁၅ သောင်းတွင် ဂျပန်မှထွက်သွားပြီး ပြန်ဝင်လာသူ ၁၄၄ သောင်းရှိပြီး ကျောင်းဗီဇာ၊ အလုပ်ဗီဇာနှင့် တရားဝင်နေထိုင်ခွင့်ရရှိထားသူများ ပါဝင်ကြောင်းလည်းဖော်ပြထားသည်။
ဂျပန်နိုင်ငံသို့တကြိမ်တခါမှ မရောက်ဖူးပဲ အသစ်ဝင်လာသူ ၇၇၁ သောင်းရှိပြီး၊ အဆိုပါစာရင်းမှာ ၂ဝဝ၇ ခုနှစ်ဝင်လာသည့်စာရင်းဖြင့် နှိုင်းယှဉ်မည်ဆိုပါက ၉,ဝဝဝ ဦးရေလျော့နည်းသွားခဲ့သည်။
ဂျပန်နိုင်ငံအတွင်းသို့ နိုင်ငံခြားသားအသစ်ဝင်ရောက်နေမှုမှာ နှစ်စဉ်တိုးတက်ခဲ့သော်လည်း၊ ၂ဝဝ၃ ခုနှစ်က တကြိမ်လျော့ကျသွားခဲ့ဘူးပြီး၊ ၂ဝဝ၈ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် လျော့ကျသွားခဲ့ခြင်းဖြစ်သည်။
ယခုလိုလျော့ကျခဲ့ခြင်းပေါ် ပညာရှင်များက တကမ္ဘာလုံးနဲ့ဆိုင်သည့် စီးပွားရေးထိုးကျမှုကြောင့် လျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း အသစ်ဝင်လာသည့်ဦးရေ တိုးတက်နေရာမှ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း၌ သိသိသာသာကျဆင်းသွားကြောင်း သုံးသပ်ခဲ့ကြသည်။
၂ဝဝ၈ ခုနှစ်တွင် ဂျပန်လူမျိုးများ နိုင်ငံခြားထွက်သူ ၁၅၉၉ သောင်းဦးရေရှိပြီး ၂ဝဝ၇ ခုနှစ်ထက်စာလျင် ၁၃၁ သောင်း ဦးရေလျော့နည်းသွားသည်။
ဂျပန်လူမျိုးများ နိုင်ငံခြားထွက်သည့်နှုန်းလျော့နည်းမှုမှာလည်း ဂျပန်နိုင်ငံ၏ စီးပွာရေးကျဆင်းမှုကြောင့်နှင့် ၂ဝဝ၇ ခုနှစ်မှစ၍ ဆီဈေးတက်၍ လေယာဉ်လက်မှတ်ခဈေးကြီးလာခြင်းတို့ကြောင့် ပြည်ပအလည်ထွက်သူကျဆင်းရကြောင်းလည်း ပညာရှင်များက သုံးသပ်သည်။
ယခုဖော်ပြပါအချက်အလက်များသည် အကြမ်းဖျင်းထုတ်ပြန်ကြေငြာချက်ဖြစ်ပြီး၊ အသေးစိပ်စာရင်းကို ယခုနှစ် မတ်လတွင်ထုတ်ပြန်မည်ဟုဆိုသည်။
ကိုးကား-
http://www.moj.go.jp/PRESS/090108-1.html

Sunday, January 18, 2009

ရွှေဝါရောင်တော်လှန်ရေး မှတ်တမ်းရုပ်ရှင် ကမ္ဘာကိုဖြန့်ဖို့စီစဉ်


မြန်မာနိုင်ငံက သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ ၂၀ဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြပွဲတွေအကြောင်း ပြည်တွင်းမှာရှိတဲ့ DVB သတင်းထောက်တွေ ရိုက်ကူးထားတဲ့ Burma VJ အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို နိုင်ငံတကာမှာ ကျော်ကြားတဲ့ ၂၄ နာရီ ရုပ်ရှင် ရုပ်မြင်သံကြားလိုင်းတခုဖြစ်တဲ့ HBO က၀ယ်ယူပြသတော့မှာ ဖြစ်ပါတယ်။

VJ မှတ်တမ်းရုပ်ရှင်ဟာ မကြာသေးခင်က ပြီးသွားတဲ့ နယ်သာလန် နိုင်ငံ၊ အမ်စတာဒမ်မြို့ အပြည်ပြည်ဆိုင်ရာ မှတ်တမ်း ရုပ်ရှင်ပွဲတော်နဲ့ CPH ရုပ်ရှင်ပွဲတော်တို့မှာ ထိပ်တန်းဆုတွေ ရရှိထားတာကို RFAက ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။

အဲဒီ မှတ်တမ်းရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု ၊ ယူတားပြည်နယ်မှာ ပြုလုပ်နေတဲ့ ဆန်းဒန့်စ် ရုပ်ရှင်ပွဲတော်မှာ ပြသပြီးသွားတဲ့အခါ၊ ရုပ်သံလှိုင်းကနေ တကမ္ဘာလုံးကို ဖြန့်ချိ ပြသဖို့ HBO ကုမ္မဏီက စီစဉ်နေပါတယ်။(rfa)

ဂျပန်နိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမား ၅ သိန်းနည်းပါး အလုပ်လုပ်ကိုင် နေလျှက်ရှိ


တိုကျိုတွင် အလုပ်လုပ်နေသူ ၁၁၈၄၈၈ ယောက်အပါအဝင် ဂျပန်နိုင်ငံ၌ နိုင်ငံခြားသားအလုပ် သမားပေါင်း ၄၈၆၃၉၈ ယောက်ရှိကြောင်း ပြီးခဲ့သည့် ၂ဝဝ၈ အောက်တိုဘာလကုန်ထိ ကောက်ယူခဲ့သည့် စစ်တမ်းများအရ သိရတယ်လို့ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဇန်နဝါရီလ ၁၆ ရက် သောကြာနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
၂ဝဝ၆ ခုနှစ်က စေတနာ့ဝန်ထမ်းများ၏ စစ်တမ်းကောက်ယူချက်အရ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသား အလုပ်သမားပေါင်း ၂၂၃ဝဝဝ ရှိခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ် အောက်တိုဘာလက ပြုပြင်ပြဌာန်းခဲ့သော အလုပ်သမားအဆင့်တိုးခြင်းဥပဒေအရ အလုပ်ရှင်များက မိမိထံတွင် လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများကို သက်ဆိုင်ရာသို့ စာရင်းပေးခဲ့ကြပါတယ်။ သည်စာရင်းအရ အခုလက်ရှိနိုင်ငံခြားသားအလုပ်သမားဦးရေမှာ ၂ဝဝ၆ ခုနှစ်ကထက် ၂ ဒဿမ ၂ ဆ ပိုများပြားလျှက်ရှိကြောင်းတွေ့ရပါတယ်။
နိုင်ငံခြားသားအလုပ်သမားအများစုဟာ တိုကျိုမြို့မှာလုပ်ကိုင်လျှက်ရှိပြီး၊ ဒုတိယအများဆုံး Aichi အုပ်ချုပ်မှုနယ်မြေတွင် ၆ဝ၃၂၆ ယောက်၊ တတိယအများဆုံး Shizuoka အုပ်ချုပ်မှုနယ်မြေတွင် ၃၁၄၅၃ ယောက်၊ ‚နောက် စတုတ္ထအများဆုံး Kanagawa အုပ်ချုပ်မှုနယ်မြေတွင် ၂၇၄၇၃ ယောက် အသီးသီးနေထိုင်လုပ်ကိုင်လျှက် ရှိပါတယ်။
နိုင်ငံခြားသား အလုပ်သမားများ၏ ၄၃ ဒဿမ ၃ ရာခိုင်နှုန်းဟာ တရုတ်လူမျိုးများဖြစ်ပြီး၊ ဒုတိယအနေဖြင့် ဘရာဇီးလ်လူမျိုးများက ၂ဝ ဒဿမ ၄ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်လူမျိုးများက ၈ ဒဿမ ၃ ရာခိုင်နှုန်းဖြင့် တတိယအများဆုံးဖြစ်ပါတယ်။
ကုန်ထုတ်လုပ်သည့်စက်ရုံများတွင် ၃၉ ဒဿမ ၆ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် ၁၉ ဒဿမ ၇ ရာခိုင်နှုန်း၊ စားသောက်ဆိုင်နှင့် ဟိုတယ်အပိုင်းမှာ ၁ဝ ဒဿမ ၄ ရာခိုင်နှုန်းဖြင့် ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားများ အသီးသီး လုပ်ကိုင်လျှက်ရှိပါတယ်။

Saturday, January 17, 2009

အိုဘားမားကို ဂျပန်ပြည်သူများသာမက နိုင်ငံရေးသမားများကပါ အားကိုးနှစ်သက်လျက်ရှိ ပုံတူမျက်နှာဖုံးများလည်း အရောင်းသွက်နေ

နေမျိုးအောင်(မိုးသောက်ကြယ်)

အမေရိကန်နိုင်ငံရဲ့ ၄၄ ဦး မြောက် သမတဖြစ်လာတော့မဲ့ ဘားရက်အိုဘားမား၏ ပုံတူမျက်နှာဖုံးများဟာ ယနေခေတ်ဂျပန်လူ မျိုးများအကြား လူကြိုက်များ ရေ ပန်းစားလျှက်ရှိပါတယ်။
ဂျပန်နိုင်ငံ၏ ထိပ်တန်းမျက်နှာဖုံးထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ဆိုင်းတမအခြေစိုက် Ogawa Rubber Incမျက်နှာဖုံးထုတ် လုပ်သည့်ကုမ္ပဏီတခု၏ မျက်နှာ ဖုံးဖန်တီးသူ Takahiro Yagiharaက ဒီဇင်ဘာလအတွင်းမှာ အိုဘားမား၏ ပုံတူမျက်နှာဖုံး အခု ၂,၅ဝဝ ကျော်ရောင်းခဲ့ရပြီး ဒါဟာ ကြီးမားတဲ့အောင်မြင်မှု တခုပါပဲလို့ ပြောဆိုပါတယ်။
ဒါ့အပြင် မစ္စတာအိုဘားမား ကျမ်းသစ္စာကျိန်ဆို၍ သမတ ရာထူးလက်ခံရယူမည့် ဇန်နဝါရီ လ(၂ဝ)ရက်နေ့မှာ နောက်ထပ် မျက်နှာဖုံး ၃ဝဝ ကျော်ထပ်ထုတ် လုပ်ဖို့ အရှိန်မြှင့်ကြိုးစားခဲ့ရပါ တယ်။
''အမေရိကန်နိုင်ငံကလုပ်တဲ့ မစ္စတာအိုဘားမားရဲ့ ပုံတူမျက်နှာ ဖုံးနှစ်ခုကိုလည်း ကျနော်ကြည့် ဖူးပါတယ်။ ဒါပေမယ့် ကျနော် တို့ကုမ္ပဏီကထုတ်တဲ့ ပစ္စည်းက အကောင်းဆုံး''လို့ သူကပြောခဲ့ပါ တယ်။
Yagihara၏ကုမ္ပဏီဟာ ထင်ရှားတဲ့ နိုင်ငံရေးခေါင်း ဆောင်များသာမက ကျော်ကြား တဲ့ ကာတွန်းဇာတ်ကောင်များ၏ မျက်နှာဖုံးများကိုလည်း ထုတ် လုပ်ခဲ့ပါတယ်။
သည့်အပြင် ဂျပန်ဆူမိုနပန်း သမားများ၏ မျက်နှာဖုံးများနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ ကြေးညို ရောင်ပုံတူမျက်နှာဖုံးများကို လည်း ထုတ်လုပ်ခဲ့ပါသေးတယ်။
ယခုရွေးကောက်ခံအမေရိကန် သမတသစ်ဟာ ဂျပန်လူထုအ ကြားသာ လူကြိုက်များရုံမကဘဲ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်များကပါ အားကိုး နှစ်သက်တဲ့အရိပ်အယောင်တွေ ပြောဆိုနေတာကိုလည်းတွေ့ရပါ တယ်။
ဂျပန်နိုင်ငံရဲ့ အတိုက်အခံပါတီ ကြီးတခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါ တီကလည်း ဘားရက်အိုဘားမား ကို အကြီးအကျယ်ထောက်ခံကြို ဆိုခဲ့ပြီး ပါတီခေါင်းဆောင်ဖြစ်တဲ့ Ichiro Ozawaကလည်း အိုး ဘားမားရဲ့စကားလုံးအတိုင်း ဂျ ပန်နိုင်ငံရေးလောကကို ပြောင်း လဲနိုင်ဖို့အတွက် လာမဲ့ရွေး ကောက်ပွဲမှာ ပြည်သူလူထုအနေနဲ့ ပြတ်ပြတ်သားသားဆုံးဖြတ်မဲပေးကြဖို့ တိုက်တွန်းနေပါတယ်။
တိုကျိုမြို့တော်ဝန် အီရှိဟာရ ကိုယ်တိုင်ကပင် ဟိုးအရင် မြောက်ကိုရီယားတွေက ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ဂျပန်လူမျိုး များကို အမိနိုင်ငံသို့ အန္တရာယ် ကင်းစွာ ပြန်လာနိုင်အောင် ကူ ညီလုပ်ဆောင်ပေးဖို့ သမတအိုဘားမားအား ဇန် နဝါရီ လ (၁၃)ရက် အင်္ဂါနေ့က အားကိုးတကြီးနဲ့ တောင်းဆိုထားပါသေးတယ်။
(ကိုးကား-http://www.japantoday.com/category/politics/view/obama-masks-a-big-hit-in-japan)

Thursday, January 15, 2009

ဗကသအဖွဲ့ဝင်လူငယ်တဦးကို ထောင်ဒဏ် ၁၀၄ နှစ် မတရားချမှတ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) (အထက်ဗမာပြည်) အဖွဲ့ဝင်တဦး ထောင်ဒဏ် ၁၀၄ နှစ် ချမှတ် ခံခဲ့ရသည်ဟု အတိုက်အခံ သတင်း ရပ်ကွက်က ဆို သည်။

ဗိုလ်မင်းယုကို (ခေါ်) ဖြိုးကြီးသည် အသက် ၂၀ ကျော် လူငယ်တဦး ဖြစ်ပြီး မန္တလေး ထောင်အတွင်း အကျဉ်းရုံး တရားစီရင် ခံခဲ့ရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ဆိုသည်။

ဗိုလ်မင်းယုကိုအား တရားစီရင်ရာတွင် ရှေ့နေနှင့် မိသားစုဝင်များ သွားရောက်ခွင့် မရခဲ့ကြောင်း AAPP အသင်း တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ဧရာဝတီသို့ ပြောပြသည်။

“စစ်အစိုးရက မူးယစ်ဆေး ကုန်ကူးတဲ့ သူတွေကိုဆိုရင် သက်သက် ညှာညှာ ထောင်ချတယ်။ နိုင်ငံရေး လုပ်တဲ့ သူတွေကို ဆိုရင်တော့ ထောင်ဒဏ် နှစ်ရှည်တွေ ချတယ်” ဟု ကိုဘိုကြည်က ဆိုသည်။

ဗကသ (အထက်ဗမာပြည်)မှ အဖွဲ့ဝင် ၃ ဦးသည်လည်း ပြီးခဲ့သည့်လက ကြီးလေးသည့် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရကြောင်း ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သူ ကိုထွန်းထွန်းက ပြောပြသည်။

“ကိုညီက ထောင်အနှစ် ၅၀ ချခံရတယ်၊ ကိုဝေမျိုးထူး နဲ့ မကေသီအောင်က ထောင် ၂၆ နှစ်စီ ချခံရတယ်” ဟု ကိုထွန်းထွန်းကဆိုသည်။

အသက် ၂၃ နှစ်အရွယ်ရှိ မကေသီအောင်သည် ကိုထွန်းထွန်း၏ ဇနီးသည်ဖြစ်ပြီး ကိုယ်ဝန် ၆ လ ရှိသည်ဟု သိရသည်။

AAPP အသင်း၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၃ လအတွင်း နိုင်ငံရေးသမား အနည်းဆုံး ၂၈၀ ထောင်ဒဏ်ချမှတ်ခံရကြောင်း၊ ၎င်းတို့အထဲတွင် ဗိုလ်မင်းယုကိုသည် ထောင်ဒဏ် အများဆုံး ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။(ဧရာဝတီမှ)

မြန်မာဘာသာဖြင့် ဘောလုံးသတင်းဝက်ဘ်ဆိုက်လွှင့်တင်


ပြည်တွင်း/ပြည်ပမှ မြန်မာဘောလုံးဝါသနာရှင်များ အကြိုက်တွေ့စေမည့် ဘောလုံးအားကစား ၀က်ဘ်ဆိုက်တစ်ခုကို Ideal Technologyမှ လွှင့်တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ SoccerMyanmarဟု အမည်ပေးထားသည့် အဆိုပါဝက်ဘ်ဆိုက်အား ဇန်န၀ါရီလ(၁၂)ရက်နေ့တွင် စ၍လွှင့်တင်ခဲ့ပြီး လောလောဆယ်တွင် Beta Versionအဆင့် ဖြစ်သည်။ အချိန်နှင့်တပြေးညီ ကမ္ဘာ့ဘောလုံးသတင်းများကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်အောင် ဆောင်ရွက်ပေးထားသလို မြန်မာနိုင်ငံမှ ထိပ်တန်းအားကစား ကလောင်ရှင်ကြီးများ၏ ဆောင်းပါးများ၊ မြန်မာပြည်တွင်းမှ Celebrityများ၏ ဘောလုံးအမြင်များကိုလည်း ဝေေ၀ဆာဆာ ထည့်သွင်းထားသောကြောင့် ပရိသတ်များ အကြိုက်တွေ့မည့် ကဏ္ဍစုံ ဘောလုံးအားကစား ၀က်ဘ်ဆိုက်တစ်ခုဟု ဆိုနိုင်သည်။ Planetမှ Ideal Technologyသို့ ဆက်သွယ်ပြီး အဆိုပါ ၀က်ဘ်ဆိုက်လေး၏ ရည်ရွယ်ချက်ကို မေးမြန်းခဲ့ရာ မြန်မာ့ဘောလုံး ၀ါသနာရှင်များအတွက် ဘောလုံးနှင့် ပတ်သက်သည့် သတင်းများကို ပြည့်ပြည့်စုံစုံ ဖတ်ရှုစေလိုသည့် ဆန္ဒဖြင့် လွှင့်တင်ပေးထားခြင်းဖြစ်ကြောင်း၊ ၀က်ဘ်ဆိုက်အနေဖြင့် ၀င်ရောက်ကြည့်ရှုသူများထံမှ အခကြေးငွေ ကောက်ခံရန် လုံးဝအစီအစဉ် မရှိကြောင်းနှင့် ၀က်ဘ်ဆိုက် ပုံမှန်လည်ပတ်နိုင်ရေးအတွက် ကြော်ငြာလုပ်ငန်းရှင်များနှင့် စပွန်ဆာများကို ဖိတ်ခေါ်သွားရန် အစီအစဉ်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ဘောလုံးသတင်းများကို အင်တာနက်တွင် မြန်မာဘာသာဖြင့် အခမဲ့ ဖတ်ရှုလိုပါက http://soccermyanmar.comတွင် ၀င်ရောက်ကြည့်ရှုနိုင်ပြီ ဖြစ်သည်။(ကိုးကား-ပုလဲနက်သတင်းမှ)

Tuesday, January 13, 2009

Monday, January 12, 2009

ဒေါက်တာစောမြအောင်ကွယ်လွန်သည့် ၀မ်းနည်းခြင်းအထိမ်းအမှတ် ဂျပန်နိုင်ငံတွင်လည်းကျင်းပ




ယခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့က လူကြီးရောဂါဖြင့် ဘ၀တပါးသို့ကူးပြောင်းသွားခဲ့သော အသက် ၉၁ နှစ်အရွယ်ရှိ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနှင့် ပြည့်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဒေါက်တာစောမြအောင်အတွက်ရည်စူး၍ ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားတခုကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)မှဦးစီး၍ ဇန်န၀ါရီလ ၁၁ ရက်နေ့၊ နေ့လယ် ၁း၃၀ နာရီမှ ညနေ ၄း၃၀ အထိ တိုကျိုမြို့၊ မိနာမိအိုးစုခခန်းမတွင် ကျင်းပခဲ့ရာ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအင်အားစုများတက်ရောက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါအခမ်းအနားတွင် တက်ရောက်လာကြသူများမှ ၀မ်းနည်းစကားပြောကြားခြင်း၊ အမှတ်တရပန်းစည်းများချခြင်းနှင့် ဦးညွတ်အလေးပြုခြင်းများပြုလုပ်ခဲ့ကြကြောင်းလည်းသိရှိရသည်။

Tuesday, January 6, 2009

မလေးရှားနိုင်ငံမှာကျင်းပတဲ့ (၆၁)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်



( ၆၁ ) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခမ်းအနားကို ၂၀၀၉ ခုနှစ် ၊ဇန်နဝါရီလ ၊ (၄) ရက်နေ့ နံနက် (၁၀) နာရီ တွင် မလေးရှားနိုင်ငံ ပီနန်မြို့၊ ဓမ္မိကာရာမကျောင်းတိုက်တွင် ပီနန်ဆရာတော်ဦးပညာဝံသ အားအမှူးထား၍ အပြည်ပြည်ဆိုင်ရာ သာသန ဥသျှောင်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးဣိဿရိယ(အမေရိက) နှင့် ဓမ္မိကာရာမကျောင်းတိုက်ဆရာတော် ဦးဝိစိတ္တ တို့အား နာယက ထား၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ် (လွတ်မြောက်နယ်မြေ) ပီနန် မလေးရှား ဌာန မှ ဦးစီးကျင်းပခဲ့ပါ သည်။
၎င်းနေ့တွင် ဓမ္မိကာရာမကျောင်းတိုက်မှ ဘုရားရှင်အမှုးပြုသောဆရာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်းဆက်ကက် လှူဒါန်းပြီး လွတ်လပ်ရေးနေ့တရားနားကြားခဲ့ပါ သည်။ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ သာသနဥသျှောင်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးဣိဿရိယ ပထမ ဦးစွာ အနေဖြင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သြဝါဒ စကားချီးမြှင့်ခဲ့ ပါ သည်။ ထို့နောက်ဆရာတော်ဦးဝိစိတ္တမှ ကြွရောက်လာကြသောမြန်မာ နိုင်ငံသူနိုင်ငံသားများအား ညီညွတ်ကြရန်နှင့် လွတ်လပ်ရေး၏အနှစ်သာရတန်ဖိုးကို အကျယ်တဝန်းသြဝါဒစကားချီးမြင့်ခဲ့ပြီးနောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် (လွတ်မြောက်နယ်မြေ)မှ တာဝန်ရှိသူများ နှင့် ကြွရောက်လာကြသော မြန်မာနိုင်ငံသူနိုင်ငံသားတို့မှ လည်း (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့ တွင် မြန်မာ့ လွတ်လပ်ရေး အကြောင်း ၊ လက်ရှိမြန်မာပြည်အကြောင်းနှင့် မလေးရှားရှိ မြန်မာလူမျိုးတို့၏အခက်အခဲ အမျိုးမျိုး အကြောင်းကို အပြန်အလှန် ဆွေးနွေးတိုင်ပင်ခဲ့ကြ ပြီး၊ မလွတ်လပ်သေးသော ကျွန်ုပ်တို့မြန်မာ နိုင်ငံအတွက် ဒုတိယ မြောက်လွတ်လပ်ရေး တိုက်ပွဲတွင် အစွမ်းကုန် ပူပေါင်းပါ ဝင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်းပြောကြားကြ ပြီုး ညနေ ၃ နာရီ ၃၀ မီနစ် တွင် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ်ရွက်ဆို ၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြပါသည်။
......................................................................................................................................

လေးစားစွာဖြင့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် (လွတ်မြောက်နယ်မြေ) မလေးရှား

ကျော်သူရ
သတင်းနှင့် ပြန်ကြား

Sunday, January 4, 2009

ဖိနပ်ပစ် ဂိမ်း ယန်း ၇ သိန်းဖြင့် လေလံပစ် ရောင်းရ

အီရတ် သတင်းထောက်မှ သမ္မတ ဘုရှ်ကို ဖိနပ်ဖြစ် ပစ်ပေါက် ခြင်းကို အခြေခံထားတဲ့ ဂိမ်းတစ်မျိုးက အွန်လိုင်းမှာ ခေတ်စာနေပြီး အဲဒီထဲက တစ်ခုက ၁၅ရက်နေ့မှ ၄ရက်ကြာ အီးဘေး တွင် လေလံပစ်ပွဲ ကျင်းပရာ ပေါင် ၅၂၁၅ (ယန်း ၇သိန်းခန့်) ဖြစ် အရောင်းအဝယ်ဖြစ်သွားပါတယ်။ ဂိမ်းရေးခဲ့တဲ့သူကို ၁၉ရက်နေ့မှာ ရွိုက်တာ သတင်းဌာနကို ပြော ကြားခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံသား အဲလက်စ် ချူး က ရေးခဲ့တဲ့ အွန်လိုင်ဂိမ်း sockandawe.com ဟာ သထင်းထောက်တွေ့ဆုံပွဲမှာ လာတဲ့ သမ္မတ ဘုရှ်ကို ဖိနပ်ဖြင့် ပစ်ပြီး စက္ကန့်သုံးဆယ်အတွင်း ဘယ်နှစ်ခု ထိလဲ ကို ပြိုင်ရတာဖြစ်ပါတယ်။ သန်းနဲ့ချီသော လူအများလာ ကြတဲ့ ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်သွားကြောင်းလဲ ပြောကြားခဲ့ပါတယ်။

ဂိမ်းအတွက် ဆာဗာကို ၃ရက်ကြာသာတင်ခဲ့ရတယ်လို့ဆိုပါတယ်၊ တနင်္လာနေ့မှာ အကြံထုတ်၊ အင်္ဂါနေ့မှာ ဆိုဒ်ပေါ်တင်၊ ဗုဒ္ဓဟူးနေ့မှာ နာမည်ကြီး၊ နောက်နေ့မှာ ရောင်းစားခဲ့ပုံပေါ်ပါတယ်။

ဂိမ်းရေးသူအဆိုအရ ဝယ်ခဲ့သူဟာ အင်္ဂလန်မှ အင်တာနက် မီဒီယာ ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း၊ ဂိမ်းမှ ရငွေကို အလုပ်တွင်သုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
http://jp.reuters.com/article/oddlyEnoughNews/idJPJAPAN-35562020081221

ဒေါင်းမာန်ဟုန်

Saturday, January 3, 2009

No. of deaths rises to record 1.14 mil in 2008: gov't estimate

The number of Japanese people who died in the country in 2008 is estimated to have increased to 1,143,000, the highest number since comparable data became available in 1947, according to health ministry estimates released Wednesday. The number of Japanese babies born in the country in the year came to an estimated 1,092,000, nearly the same as the year before, bringing the natural population decrease to an estimated 51,000, up from the previous year’s 18,516, the Ministry of Health, Labor and Welfare said in the survey.

On the decrease in the size of the population in Japan, the ministry said, ‘‘The margin of decrease is expected to widen due to the falling birthrate and the aging population.’’ The estimates are based on preliminary figures for the number of births and deaths registered at municipal offices in Japan between January and October. Of the total deaths in 2008, 343,000 were attributed to cancer, 184,000 to heart disease and 126,000 to strokes, the survey showed.

The number of births in 2008 was up about 2,000, or 0.02 percent, from the previous year and Japan’s overall fertility rate—the average number of children born to a woman aged between 15 and 49—is expected to increase slightly from 1.34 for 2007, the ministry said. The number of marriages in 2008 increased about 11,000 from the year before to an estimated 731,000, while that of divorces fell about 4,000 to an estimated 251,000.

Thursday, January 1, 2009

နွားနှစ်တွင် နွားလိုရုန်းကန်ရဦးမည်ဟုနမိတ်ဖတ်ကြ


၂ဝဝ၉ ခုနှစ်သည် နွားနှစ်ဖြစ် သောကြောင့် နွားများလို ပင်ပင်ပန်းပန်းနှင့် ရုန်းကန်လှုပ်ရှားနေရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် ရိုက်တာသတင်းတွင်ရေးသားဖော်ပြထားပါတယ်။ တိရိစ္ဆာန်တို့၏ ခုနှစ်များဖြင့်သတ်မှတ်ထားသောအယူအဆသည် တရုတ်နိုင်ငံမှဆင်းသက်လာခြင်းလည်းဖြစ်ပါတယ်။
၂ဝဝ၈ ခုနှစ်ဟာ ကြွက်နှစ်ဖြစ် လို့ အလုပ်ကို ဟိုတိုး ဒီတိုး လုပ်ခဲ့ကြပေမယ့် ၂ဝဝ၉ ခုနှစ်ဟာ နွားနှစ်ဖြစ်တဲ့အတွက် အလုပ်မြဲ အောင် ကြိုးကြိုးစားစားနှင့် စွဲစွဲ မြဲမြဲလုပ်ဆောင်နေရတော့မှာဖြစ် ကြောင်းလည်းဆိုကြပါတယ်။

Happy Moo Year as Japan prepares to usher in 2009


With Christmas over, Japan on Friday began preparing for its biggest celebration of the holiday season, the start of the New Year, with moos and squeaks as well as paws and hooves.

While most of Asia remains faithful to the Chinese lunar calendar to mark the Chinese New Year, Japan ushers it in according to the Western calendar, making New Year's Day the start of both 2009 and the Chinese New Year.

On December 31, Japan will bid farewell to the current Chinese Year of the Rat and welcome the Year of the Ox, or the Cow, as locals call it. Other Asian nations are due to mark the lunar new year toward the end of January.

In an annual event, animals representing the incoming and outgoing years took part in a handover ceremony at a local animal park while human guests took stock of the past year and expressed hopes for the next.

"I usually change the New Year decorations to match the animal but this is the first time I see it in the flesh," said 65-year-old Yorio Hitomi, a Tokyo resident.

The event at the Sunshine International Aquarium saw a calf filling in for the cow and a hamster -- the park's only rodent resident -- taking the place of the rat.

Using paws and hoofs, the animals signed over responsibility for the outgoing and incoming years.

"At the end of 2008, Japan and the world lost its luster. I hope that with the new year and the new animal representing it, both Japan and the world will regain some of its prosperity," Tsunekiyo Miyajima, assistant manager for the Sunshine City corporation which owns the park, told Reuters.

According to the Chinese calendar, the Ox, or Cow, is an animal that brings prosperity through hard work. The outgoing Rat symbolizes wealth. (Reuters, Dec 27)

Twitter Delicious Facebook Digg Stumbleupon Favorites More