This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, May 31, 2009

၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဂျပန်ရောက်မြန်မာများပြုလုပ်မည့် အစီအစဉ်များ

၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်
ဂျပန်ရှိမြန်မာများ သွေးလှူခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်းနှင့်
ထိုင်းနိုင်ငံေ
ရာက် မြန်မာများကို အလှူအတန်းများ ပြုလုပ်မည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၊ ပြည်သူအပေါင်းယုံကြည်လေးစားသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ လာမည့်ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက် မည့်(၆၄)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုချစ်မြတ်နိုးကြသောဂျပန်နိုင်ငံရောက် မြန်မာများမှ ကောင်းမှုကုသိုလ်ပြုပွဲများပြုလုပ်ပေးခြင်း၊ အလှူအတန်းပြုလုပ်ကြခြင်းများ ဆောက်ရွက်ကြမည်ဟုသိရသည်။
ယခုနှစ်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများကို ဆန်၊ ဆီ၊ ဆား အစရှိသဖြင့် အစားအသောက်များပေးဝေလှူဒါန်း မှုများပြုလုပ်မည်ဖြစ်သလို ဂျပန် နိုင်ငံတွင်လည်း ယခင်နှစ်များအ တိုင်း သွေးလှူခြင်း၊ ဇီဝိတဒါနငါး လွှတ်ခြင်းများပြုလုပ်ကြမည်ဖြစ်သည်။


အဆိုပါလှူဒါန်းမှုအတွက် ဂျပန်နိုင်ငံတာဝန်ခံတဦးဖြစ်သည့် မိုးသောက်ကြယ်စာကြည့်တိုက်မှ ဒေါ်တင်တင်ဝင်းမှ ``ကျမတို့ချစ်မြတ် နိုးတဲ့ဒေါ်အောင်ဆန်းစုကြည်ကျန်း မာစေဖို့နှင့် မတရားသဖြင့်နေအိမ် အကျဉ်းချချုပ်နှောင်ခံနေရခြင်းမှ အမြန်ဆုံးလွှတ်မြောက်ဖို့ရည် ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်း`` လှူဒါန်းပြုလုပ်ရခြင်း၏အကြောင်း ရင်းကိုပြောပြသည်။
]ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ လပ်စစ်မြို့တော်ဟု တင်စားခေါ်ဝေါ်နေသော (AKIHABARA)ရက် ကွက်ရှိ၊ ရေစီးရေလာကောင်းသော Kandaချောင်းတွင် ဇီဝိတဒါနငါး လွှတ်ခြင်းနှင့် အဆိုပါရက်ကွက်ရှိ ဆေးခန်းတွင် သွေးလှူဒါန်းခြင်း များကို နှစ်စဉ်ပြုလုပ်ခဲ့ကြသည်မှာ ဟု ယခုနှစ်နှင့်ဆိုလျင် ၈ နှစ်ရှိ သွားပြီဖြစ်ကြောင်း ဒေါ်တင်တင် ဝင်းမှဆက်လက်ရှင်းပြသည်။



ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မြန်မာလူမျိုးများအတွက် လူတစ်ဦးလျှင် ဘတ်(၁၀ဝ) တန်ဖိုးဖြင့် ဆန်(၄)ကီလို၊ ကုလား ပဲကီလိုဝက်နှင့် ငါးသေတ္တာတဗူး နှုန်းစီရရှိနိုင်မှာဖြစ်ပြီး ဘတ် (၁၀ဝ)လျှင် ဂျပန်ယန်း(၃၀ဝ)နှင့် ညီမျှပါသည်။
ထို့အတွက်ကြောင့် ကုသိုလ်ဒါ နပြုလုပ်သူ ဂျပန်နိုင်ငံရောက်မြန် မာများအနေဖြင့် လူတဦးစာ ယန်း ၃၀ဝ ဖြစ်စေ၊ သို့မဟုတ်ဆယ်ဦး စာဖြစ်စေ၊ မိမိမွေးနေ့သက်စေ့အ လိုက်ဖြစ်စေ၊ စိတ်ကြိုက်လှူဒါန်း နိုင်ပါကြောင်းဖိတ်ခေါ်ထားသည်။
ယခုပြုလုပ်လှူဒါန်းမှုမှာ ဂျပန် နိုင်ငံရှိအဖွဲ့အစည်းအသီးသီးမှမြန် မာများ ဒုတိယအကြိမ်မြောက်စု ပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ပထမ အကြိမ်တွင် ဒေါ်အောင်ဆန်းစု ကြည်၏(၆၃)နှစ်ပြည့်မွေးနေ့ သက်စေ့၊ ဒုလ္လဘရဟန်းဝတ်လိုသူ ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများ ကို ပဉ္ဇင်းဝတ်ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။


ယမာန်နှစ်က ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်ပြည့်မွေးနေ့ ဒုလ္လဘရဟန်း ၆၄ ပါး ဝတ်ကြပုံ


ထို့အတွက်ကြောင့် မိမိတို့လေး စားချစ်ခင်မြတ်နိုးသည့်ဒေါ်အောင် ဆန်းဆုကြည်မွေးနေ့အတွက် ကောင်းမှုကုသိုလ်ပြုလိုသူ၊ သို့မ ဟုတ်ကုသိုလ်ယူလိုသူဂျပန်ရောက် မြန်မာများအနေဖြင့် ဂျပန်နိုင်ငံ တာဝန်ခံများဖြစ်ကြသည့် ဦးညီ ညီပေါက်(HRDP-Japan)ဝ၉၀ ၁၆၅၁ ၇၆၄၀၊ ဒေါ်တင်တင်ဝင်း (မိုးသောက်ကြယ်စာကြည့်တိုက်) ဝ၉၀ ၈၇၂၀ ၉၀၁၇၊ ဦးဘုန်းလှိုင် (FWUBC)ဝ၉၀ ၅၃၁၈ ၅၀၅၄၊ ဦး ဝင်းဇော်(NLD LA-JB)ဝ၉၀ ၂၄၈၆ ၂၈၉၇၊ ဦးညိုဝင်းသိန်း(ဖန် မီးအိမ်ဖောင်ဒေးရှင်း-ဂျပန်)ဝ၉၀ ၈၅၀ဝ ၁၆၄၂၊ ဒေါ်အိဖြူထွေး(မြန် မာနိုင်ငံသားဒုက္ခသည်များကူညီစောင့် ရှောက်ရေးအသင်း-ဂျပန်)ဝ၈၀ ၅၆၈၉ ၆၁၄၈၊ ဦးထင်ပေါ်(HRWUB)ဝ၉၀ ၁၇၃၉ ၆၄၈၉ နှင့် ဦး မောင်သန့်(BDA Group) ဝ၈၀ ၁၂၉၉ ၅၈၁၂ သို့ဆက်သွယ်လှု တန်းနိုင်သည့်အပြင် အတူလက် တွဲ၍တာဝန်ယူလုပ်ဆောင်ပေးမည် သူများကိုလည်း ကြိုဆိုဖိတ်ခေါ် ထားကြောင်းသိရှိရပါသည်။



ကောက်ခံရရှိသည့် ငွေစာရင်းများကိုလည်း နေ့စဉ်ပုံမှန်ဖော်ပြပေးသွားပါမည်။
ထိုင်းနိုင်ငံဘက်အခြမ်းတွင် တာဝန်ယူလုပ်ဆောင်ပေးမည့်သူများ၏အမည်များကိုလည်း မကြာမှီထုတ်ပြန်ပါမည်။
တခြားအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကိုလည်း အသေးစိပ်စုံစမ်း၍ ဖော်ပြပါမည်။
စာရေးဆရာများ၏ စာမူများ(အသစ်၊ အဟောင်း)ကိုလည်း ရှာဖွေ၍ပုံမှန်တင်ဆက်ပေးသွားပါမည်။

သတင်းရေးသားသူ-
စိုးဝင်းရှိန်(မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံ)

စွမ်းအားရှင်တွေ ၊ ကြံ့ဖွံ့တွေ သေသေချာချာဖတ်ပါ...

စွမ်းအားရှင်တွေ ၊ ကြံ့ဖွံ့တွေ သေသေချာချာဖတ်စေချင်ပါတယ်။ ကိုယ်ကလက်ရဲဇက်ရဲ ရာဇ၀တ်မှုတွေကျူးလွန်ရင် ဗိုလ်ချုပ်သန်းရွှေရဲ့ စစ်အုပ်စုက သူကောင်းပြုသဘောကျနေတယ်ဆိုပြီး အူမြူးမနေစေချင်ပါ။ ဒီရာဇ၀တ်မှုကိုတချိန်မှာ စစ်ဗိုလ်ချုပ်တွေက ပြန်ကိုင်တွယ်ပြီး သူတို့နဲ့ဘာမှမဆိုင်သလို အပြစ်တွေကိုထိုးချကြလိမ့်မယ်။ ကျူးလွန်ခဲ့သူတွေရဲ့ ဘ၀ကိုအဆုံးသတ်မြုတ်နှံပစ်လိုက်ပါလိမ့်မယ်။ ရှပ်ညိုမုန်တိုင်းတပ်တွေရဲ့ ဇာတ်သိမ်းခန်းကို သင်ခန်းစာယူစေချင်ပါတယ်


ဂျပန်နိုင်ငံရှိ နအဖအခွန်ရုံးရှေ့တွင် မေ ၃၀ ဒီပဲယင်းလုပ်ကြံမှု ကြီး (၆)နှစ်ပြည့် အခမ်းအနားပြုလုပ်

မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

Thursday, May 28, 2009

ရွေးကောက်ပွဲအနိုင်ရ(၁၉)နှစ်မြောက်အထိမ်းအမှတ်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဂျပန်-မြန်မာပူးပေါင်းချီတက်ဆန္ဒပြ


မေလ ၂၇ ရက်နေ့တွင်ကျရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၉၀ ပြည်နှစ် ရွေးကောက်ပွဲအနိုင်ရအထိမ်းအမှတ်နှင့် မတရားအမှုဆင်ပြီး ဖမ်းဆီးထိန်းသိမ်းခံနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွှတ်မြောက်ရေးအတွက် တောင်းဆိုချီတက်ဆန္ဒပြပွဲတရပ်ကို ယနေ့(မေ ၂၇ ရက် ဗုဒ္ဓဟူးနေ့)တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်သားများသာမက ဂျပန်လူမျိုးများပါ အတူကတကွ ပူးပေါင်းအားပေးလုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။


(RENGO-JTUC)မှ အထွေထွေအတွင်းရေးမှူး Mr. Koga San နှင့် အထက်လွှတ်တော်အမတ် Mr. Suematsu San

အဆိုပါချီတက်ဆန္ဒပြပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ဂျပန်နိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(RENGO-JTUC)၊ မြန်မာ့ရေးရာပြည့်သူအဖွဲ့(People Forum of Burma)၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့-ဂျပန်(A.I Japan)၊ နိုင်ငံတကာဗုဒ္ဓဘာသာဘုန်းတော်ကြီးများကွန်ယက်(AYU International Buddhist Network)၊ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့(Human Right Now)၊ မြန်မာ့အရေးဆောင်ရွက်နေသည့် ဂျပန်အမတ်များသမဂ္ဂ(GIREN)နှင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးလုပ်ဆောင်နေကြသည့် မြန်မာနိုင်ငံသူ/သားများပါ တက်ရောက်ခဲ့ကြရာ အင်အား ၆၀၀ နီးပါးရှိခဲ့သည်။ အခမ်းအနားကို အလေးပြုခြင်း(၃)ရပ်နှင့် စတင်ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များမှ အမှာစကားများပြောကြားခဲ့ကြသည်။


ဂျပန်နိုင်ငံတွင် အလုပ်သမားအဖွဲ့ဝင်အင်အား ၆ သိန်းကျော်ရှိသော (RENGO-JTUC)မှ အထွေထွေအတွင်းရေးမှူး Mr. Koga San က ``ယနေ့မြန်မာ့ပြည်တွင် ဖြစ်ပျက်နေတဲ့ အထွေထွေအကျပ်အတည်းအားလုံးဟာ နအဖစစ်အုပ်စုကြောင့်ဖြစ်ကြောင်း၊ ပြည်သူတရပ်လုံးက ရွေးချယ်မဲပေးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲကို မသိကျိုးကျွပြုကာ နိုလ်ဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများကို မတရားဖမ်းဆီးနေမှုများအား ရှုံ့ချကြောင်း၊ မြန်မာပြည်ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးမလုပ်ပဲ စစ်အာဏာသက်ဆိုးရှည်ရေးအတွက်သာ နည်းမျိုးစုံနှင့်ပြုလုပ်နေခဲ့တာတွေကို လုံးဝခွင့်မလွှတ်နိုင်ကြောင်း၊ RENGO အနေဖြင့် မြန်မာပြည်အရေးအတွက် လက်ရှိ ဂျပန်အစိုးရကို ဖိအားပေးတောင်းဆိုပေးသွားမည်ဖြစ်ကြောင်းနှင့် ODA အပါအ၀င် အခြားသောအကူအညီအထောက်အပံ့ပေးနေမှုများအတွက် ပြန်လည်ဆန်းစစ်ရန် အတွက်ပါ အောင်မြင်သည့်အထိ တောင်းဆိုသွားမည်ဖြစ်ကြောင်း`` အားပေးစကားပြောကြားသွားခဲ့သည်။


မြန်မာ့အရေးဆောင်ရွက်နေသည့် ဂျပန်အမတ်များသမဂ္ဂ(GIREN)မှ ပြောရေးဆိုခွင့်ရှိသူ အထက်လွှတ်တော်အမတ် Mr. Suematsu San ကလည်း `` မြန်မာပြည်ဒီမိုကရေစီရရှိစေရေးအတွက် ဆောင်ရွက်ပေးနေသည့် ဂျပန်နိုင်ငံရေးပါတီမှ လွှတ်တော်အမတ်များကလည်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြည့်အ၀ထောက်ခံကြောင်းနှင့် မြန်မာနအဖစစ်အုပ်စုနှင့်ဆက်ဆံနေသော လက်ရှိဂျပန်အစိုးရ၏ မူဝါဒများကို ပျော့ပြောင်းသည့်နည်းလမ်းမသုံးပဲ ထိရောက်ပြင်းထန်သည့်နည်းလမ်းများချမှတ်ကျင့်သုံးဖို့ ဆောင်ရွက်သွားနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူ/သားများသာမက တကမ္ဘာလုံးကချစ်ခင်လေးစားသည့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးပဲ ညစ်နည်းမျိုးစုံဖြင့် မတရားအမှုဆင်တရားစွဲဆိုနေမှုများကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း၊ မြန်မာနအဖ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများရပ်တန့်စေရန် ဂျပန်လွှတ်တော်အမတ်များ အရေးပေါ်စုံညီအစည်းအဝေးခေါ်ယူပြီး အရေးယူဆောင်ရွက်နိုင်အောင် ကြိုးစားသွားမည်ဟုလည်း ပြောဆိုသွားခဲ့သည်။


တောင်းဆိုချီတက်ဆန္ဒပြပွဲတရပ်ကို တိုကျိုမြို့ ရွက်ပုန်းကိအရပ်ရှိ Migawadai ပန်းခြံမှ ဂျပန်နိုင်ငံခြားရေးရုံးအထိပြုလုပ်သွားခဲ့ပါသည်။ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှ ဥက္ကဌဖြစ်သူ ဦးသန့်ဇင်ဦးနှင့်မေးမြန်းခဲ့ရှာ `` ဒီနေ့ ကျနော်တို့ ရည်ရွယ်ချက် ၂ ခုကို အဓိကထားပြီး ဆောင်ရွက်ခဲ့တာပါ။ ပထမအချက်က ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ရလာဒ်ဟာ ဘယ်လိုမှမေ့ပျောက်လို့(ဖျောက်ဖျက်လို့)မရဘူး။ နအဖစစ်အုပ်စုက သမိုင်းပျောက်အောင်လုပ်နေတာကို လက်မခံနိုင်ဘူး။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလာဒ်မှ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီတွေကို အာဏာလွှဲပြောင်းဖို့ တောင်းဆိုပါတယ်။ ဒါကို ဂျပန်ပြည်သူများနဲ့တကွ ဂျပန်အစိုးရသိအောင် ဆောင်ရွက်တာဖြစ်တယ်။ နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ အဓိကအားဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားတဲ့နည်းလမ်းတွေသုံးပြီး အကျဉ်းချဖို့ကြိုးစားနေတာကို ပယ်ဖျက်ပေးဖို့ ဒါတွေကို ကျနော်တို့ဒီနေ့တောင်းဆိုနေကြတယ်ဆိုတာကို ဂျပန်အစိုးရကိုသိစေချင်လို့ အခုလိုပြုလုပ်တာဖြစ်ပါတယ်… ``ဟု ဖြေကြားပေးခဲ့သည်။ ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီ(လွှတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)အနေဖြင့် ရွှေဂုံတိုင်ကြေညာစာတမ်းကို အသက်ဝင်အောင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ရှေ့လုပ်ငန်းစဉ်တချို့နှင့်ပတ်သက်ပြီး ရှင်းလင်းဖြေကြားပေးခဲ့သည်။


လမ်းလျှောက်ချီတက်ဆန္ဒပြပွဲကို ပူးပေါင်းပါဝင်ခဲ့သူ ညီညွတ်သောတိုင်းရင်းသားအများအဖွဲ့မှ ပလောင်တိုင်းရင်းသားခေါင်းဆောင် ကိုမိုင်ကျော်ဦးမှလည်း ဂျပန်နိုင်ငံရှိ တိုင်းရင်းသားများအားလုံးရဲ့ကိုယ်စား`` ဒီနေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၉၀ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ၁၉ နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်သလို ကျနော်တို့တိုင်းရင်းသားတွေလည်း ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ၁၉ နှစ်မြောက်နေ့ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် ဒုတိယအများဆုံးက ရှမ်းတိုင်းရင်းသားပါတီတွေ၊ ရခိုင်တိုင်းရင်းသားပါတီတွေရှိတယ်။ အဲဒီတော့ ဂျပန်မှာရှိတဲ့ ကျနော်တို့တိုင်းရင်းသားတွေဟာ ၉၀ ရွေးကောက်ပွဲအနိုင်ရတာကို ထောက်ခံတယ်။ မြေပေါ်ပါတီအဖြစ် မားမားမတ်မတ်ရည်တည်ပြီး ပါတီအလံ၊ ဒီမိုကရေစီအလံကိုလွှင့်ထူထားတဲ့ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်ကိုလည်း လေးစားတယ်။ ပြည်ပမှာရှိတဲ့ ကျနော်တို့တတွေကလည်း တတ်နိုင်တဲ့ဘက်က ကြိုးစားကြဖို့လိုတယ်။ ကျနော်တို့လက်ထက်မှာ ဒီအာဏာရှင်စနစ်ကို မဖြုတ်ချနိုင်ဘူး။ ဒီမိုကရေစီစနစ်ပေါ်ထွန်းအောင်မလုပ်နိုင်ဘူးဆိုရင် ကျနော်တို့တာ သမိုင်းတာဝန်မကျေပြွန်တဲ့လူတွေဖြစ်မယ်။ နောင်မျိုးဆက်သစ်တွေ အပြစ်တင်စရာဖြစ်မယ်။ ဒါကြောင့် ကျနော်တို့တတွေဟာ ကိုယ်တတ်နိုင်တဲ့ဘက်က ကြိုးစားကြရလိမ့်မယ်။ ဂျပန်မှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသူ/သားတွေအားလုံးဟာ ကိုယ့်နိုင်ငံအရေးကို ပေါ့ပေါ့တန်တန်သဘောမထားပဲ ညီညီညွတ်ညွတ်နဲ့ ကြိုးစားကြစေလိုပါတယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ဟာလည်း ဒီချီတက်ဆန္ဒပြပွဲကို ပါဝင်ရခြင်းဖြစ်ပါတယ်…``ဟု ဖြေကြားသွားခဲ့သည်။


သတင်းရေးသားပေးပို့သူ-နန်းအိမွန်ချစ်(မိုးသောက်ကြယ်)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

Wednesday, May 27, 2009

Possibilities Free Burma Project 2009 အပိုင်း(၅)

Tuesday, May 26, 2009

Why is Burma's junta afraid of Aung San Suu Kyi?

By Jonathan Head
BBC News, Bangkok
ဘာသာပြန်သူ-၀မ်းအိုဝမ်း

မြန်မာစစ်အစိုးရမှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ဖမ်းဆီးထိန်းသိမ်းနိုင်ရန် ကြိုပမ်းလျှက်ရှိပြီး လွန်ခဲ့သောအပတ်က မြန်မာနိုင်ငံ၌ နာမည်ဆိုးဖြင့်အလွန်ကျော်ကြားသော အင်းစိန်ထောင်သို့ ပြောင်းရွှေ့ဖမ်းဆီးချုပ်နှောင်ထားခဲ့ ပါသည်။ စစ်အစိုးရ၏ လုပ်ရပ်ကြောင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချစ်ခင်လေးစားကြသော မြန်မာ ပြည်သူ အပေါင်းတို့သည်လည်း စိတ်မသက်သာဝမ်းနည်းပူဆွေးကြရပါသည်။ ထို့နည်းတူ နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့ အစည်းများသည်လည်း ဤလုပ်ရပ်အပေါ်ပြစ်တင်ရှုပ်ချပြီး ဒေါ်အောင်ဆတ်းစုကြည်အား အမြန်ဆုံးပြန်လည် လွတ်ပေးရန် ဖိအား ပေးတောင်းဆိုခဲ့ကြပါသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အလွန်ကြောက်မက်ဖွယ်ရာကောင်းသော အင်းစိန်ထောင်သို့ စစ်အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပြည်သူတွေသည် အင်းစိန်အကျဉ်းထောင်သို့ လိုက်၍ ထောင်၏အရှေ့၌ အခြေအနေကို လိုက်လံစောင့်ကြည်နေခဲ့ကြပါသည်။ သို့သော်လည်း ထောင့်အရှေ့၌ စစ်တပ်မှလုံခြုံရေးများထူထပ်စွာချထားပြီး လမ်းများ၌လည်း သံဆူးကြိုး အတားအဆီးအကာအရံများလည်း ချထားပြီး မည်သူမျှအနားပင်ကပ်၍မရအောင် ပိတ်ဆို့မှုများ ပြုလုပ်ထားပါသည်။ ထို့ပြင် နိုင်ငံခြားသံတမန်တွေလည်း သတင်းကြားကြားချင်း အင်းစိန်ထောင်သို့လိုက်သွားပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံရန်ကြိုးပမ်းခဲ့သော်လည်း စစ်အာဏာပိုင်များမှ တွေ့ဆုံခွင့် မပေးခဲ့ပေ။
ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် ပြည်သူတွေသည် အတားအဆီးအကာအရံတွေကြားမှဘဲ တိတ်ဆိတ်စွာဖြင့် စစ်အာဏာ ပိုင်တွေ၏ တရားရုံးမှ ထွက်ပေါ်လာမည့်အသံကို မျော်လင့်တကြီးစောင့်ဆိုင်းနေခဲ့ကြပါသည်။ဒီအတောအတွင်းမှာဘဲ တရားရုံးမှ မည်သည့်သက်သေထွက်ဆိုချက်တွေကိုမျှ နောက်ထပ်မတင်သွင်းဖို့ မပြောဖို့ ညွှန်ကြားခဲ့ပါသည်။ ဤသဘောထားကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အလွန်ပင် အန္တရာယ်ကြီးနေပြီလို့ ပြသနေသည့်သဘောပင်ဖြစ်ပါသည်။
သို့သော်လည်း အသက် (၆၃) နှင့်ရှိပြီဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သူမအေနဖြင့် သူမအားကူညီစောင့်ရှောက်နေသည့် အမျိုးသမီးနှစ်ဦးမှလွဲ၍ မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံခြားမျှကိုမှ ဖိတ်ခေါ်ဧည့်ခံ လက်ခံခဲ့ခြင်းမရှိကြောင်း ဤအမေရိကန်လူမျိုးတဦးက အင်းယားကန်ကိုရေကူးပြီး သူမအိမ်သို့ရောက်စဉ် သူ့ကျမ်းမာရေးအခြေအနေက အလွန်မောဟိုက်နေသည့်အတွက် သက်သာသွားစေရန် ပြန်လည်ပြုစုပေးခဲ့သည်မှတပါး အခြားဘာမှမရှိပါဟု သူမရှေ့နေများမှ ပြန်လည်ချေပနိုင်ခဲ့ကြပါသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့သော (၆) နှစ်ခန့်ကတည်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒုဥက္က ဦးတင်ဦးနှင့်အတူ နေအိမ်အကျယ်ချုပ်ဖြင့် မတရားဖမ်းဆီးထားခဲ့ခငြ်းဖြစ်ပြီး သူမချစ်တဲ့ပြည်သူတွေရော ကမ္ဘာအသိုင်းအ၀န်းတခုလုံးနှင့်ပါ အဆက်အသွယ်ဖြတ်တောက်ခံခဲ့ရပြီး အထီးကျန်စေအောင် စစ်အာဏာပိုင်တွေက ပြုလုပ်ခဲ့သည်။
သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း စစ်တပ်မှ အမျိုးမျိုးသောဖိအားပေးမှုတွေအကြားမှာ အားနည်းစွာဖြင့် ရုမ်းကန်ရပ်တည်နေရပါသည်။ ထို့ပြင်စစ်အစိုးက နိုင်ငံအသုံးစရိတ်စုစုပေါင်း၏ (၄၀) ရာခိုင်နှုံးခန့်ကိုအသုံးပြု၍ သူမ၏ပါတီအားပျက်ဆီးသွားအောင် ဒေသအသီးသီး၌ ၎င်းတို့၏ သြဇာခံအဖွဲ့အစည်းဖြစ်သော ကြံ/ဖွံ့ အဖွဲ့များကိုဖွဲ့စည်းစေပြီး ဆောင်ရွက်စေပါသည်။

အလွန်အင်အားကြီးသော ခေါင်းဆောင်
သူမအနေဖြင့်လည်း စစ်တပ်မှ သူမအပေါ်ပြုမှုဆောင်ရွက်တွေအပေါ် အမုန်းတရားဖြင့် မည်သို့မျှ ပြန်လည်တုန့်ပြန်မှုများ ပြုလုပ်ခဲ့ခြင်း မရှိသလို ၊ သဘောထားကြီးစွာဖြင့် ပြည်သူတွေ၏ ဆာလောင်မွတ်သိပ်မှုတွေကိုပြေပျောက်စေရန်နှင့် ပြုပြင်ပြောင်းလဲ ရေးနှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်စေရေးအတွက်သာ သူမရဲ့ဘ၀တခုလုံးကို ပေးဆပ်ထားခဲ့ပါသည်။
ထို့ပြင် သူမ၏ ပါတီအတွင်း၌ သူမ၏သူမတုသော စွန့်လွှတ်အနစ်နာခံဆောင်ရွက်မှုနှင့်ခေါင်းဆောင်မှုအား ပျက်သွား အောင်နှင့် သူမလွတ်မြောက်လာပါက နုတ်ထွက်သွားအောင် နောက်ကွယ်မှ တိတ်တဆိတ် မြှောက်ထိုးပင့်ကော်မှုများကို လည်း စစ်တပ်မှ ဆောင်ရွက်နေပါသည်။
သူမ၏ သူမတူတဲ့ စွန့်လွှတ်အနစ်နာခံမှု၊ သူမတူတဲ့ လူထုခေါင်းဆောင်တယောက်အဖြစ် စစ်တပ်အာဏာပိုင်များ၏ အမျိုးမျိုးသော အနိုင်ကျင့် ဖမ်းဆီးချုပ်နှောင်မှုတွေအကြားမှ ကမ္ဘာကျော် လူထုခေါင်းဆောင်တယာက်အဖြစ် ရပ်တည်နေဆဲဖြစ် ပါသည်။
ဤအတောအတွင်း အမေရိကန်လူမျိုး John Yettaw ၏မှားယွင်းတဲ့ လုပ်ရပ်ကြောင့် သူမ၌ ဒုက္ခအခက်အခဲဖြစ်စေပြီး စစ်တပ်အာဏာပိုင်တွေက နဂိုကတည်းက လွှတ်ပေးချင်တဲ့ ဆန္ဒမရှိသည့်အကြားမှာ ဆက်လက်ဖမ်းဆီးနိုင်ရေးအတွက် အကွက် ကောင်းတခုအဖြစ် အသုံးချ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်ပါသည်။ ထို့ပြင် စစ်အစိုးရမှ လာမည့် ၂၀၁၀ ခုနှစ်၌ ပြုလုပ်မည့် ရွေးကောင်ပွဲ အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာ လည်းဖြစ်ပါသည်။
မြန်မာစစ်အစိုးရဟာ ကမ္ဘာပေါ်မှာ အလွန်ရှက်စရာကောင်းတဲ့ အဖွဲ့အစည်းပါဘဲ။ ဗိုလ်သန်းရွှေဟာ သူဆက်လက်နေ ထိုင်ရာ မည့် ကျန်၇ှိသေးသော ဘ၀တိုတိုကာလအတွင်း သူ့နှင့်သူ့စစ်တပ်ကိုနိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းအတွင်းမှာ ခိုင်ခိုင်မာမာ အာမခံချက် အပြည့်ဖြင့် ရပ်တည်လိုပြီး နိုင်ငံတော်အာဏာ အရပ်ရပ်ကိုလည်း ချုပ်ကိုင်ထားလိုပါသည်။ သို့မှသာ သမိုင်းမှာတင်နေတဲ့ သူတို့ရဲ့ အပြစ်တွေကို ရှောင်တိမ်းနိုင်မယ် လူတို့ပိုင်ဆိုင်တဲ့ အရာတွေအပေါ်၌လည်း လုံခြုံမှုရှိမယ်လို့ ယုံကြည်ထားပုံပါဘဲ။
ဒါတွေကိုတော့လက်ခံလို့မဖြစ်ပါဘူး၊ သူတို့လုပ်တာတွေကိုလက်ခံလိုက်ရင် တရားမ၀င်တာတွေက တရားဝင်ပြီး တရားဝင်တာ တွေက တရားမ၀င်တွေဖြစ်ကုန်မှာပေါ့ မတရားတွေကို လက်ခံရင် တရားတာတွေ ပျောက်ကုန်တော့မှာဖြစ်ပါသည်။
အချို့စစ်အစိုးရ၀န်ကြီးတွေရဲ့ အချို့ပြောဆိုတဲ့စကားကတော့ သူတို့ရဲ့ အဓိက ဦးတည်ရည်ရွယ်ချက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရထားတဲ့ သူမရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုကို ဖျက်သိမ်းချင် နေတာပါဘဲ၊ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ဖြစ်တာနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာလည်း အလိုလိုဖျက်သိမ်းပြီးဖြစ်သွားမယ်လို့ သူတို့ကယုံကြည်နေပုံရပါသည်။
ဒါတွေကိုကြည့်ရင် စစ်အစိုးရလုပ်ရပ်တွေဟာ အလွန်စိတ်ဆိုးစရာတွေပါဘဲ။ သူတို့ဟာ ရိုသားမှုမရှိကြောင်းပြသနေတာ ဘဲဖြစ်ပါသည်။ ဒါ့ကြောင့်သူတို့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ကိုဦးဆောင်သွားမှာ အလွန် ကြောက်နေကြရတာဖြစ်ပါတယ်။
တနည်းအားဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရအနေနဲ့ သူတို့အနာဂတ်ရဲ့ အခွင့်အရေးလို့ မြင်ရမှာပါ၊ သူတို့ရဲ့မိတ်ဆွေလို့မြင်ရမှာပါ ။ သူမသည်သာလျှင် သူတို့ကိုလုံခြုံမှုပေးနိုင်မှာပါ။ သည်လိုမှမဟုတ်ပဲ အတ္တအတွက် ကြောက်ရွံ့နေမယ်ဆိုရင်တော့….

Monday, May 25, 2009

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တိုကျိုတွင်စုပေါင်းဆန္ဒပြ

တိုကျို၊ မေ(၂၄)

နအဖစစ်အုပ်စုမှ မတရားသောနည်းလမ်းများဖြင့် ထောင်ချရန်ကြံစည်ခံနေရသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင်ယနေ့ညနေပိုင်းက မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့်ဂျပန်လူမျိုးများစုပေါင်း၍ လမ်းလျှောက်ဆန္ဒပြတောင်းဆိုကြကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းအတွင်းသို့အမေရိကန်နိုင်ငံသား ဝီလီယံယက်တောဝင်ရောက်ခဲ့ခြင်းကို လုံခြံရေးတာဝန်ယူထားသူများက သိရှိကြသော်လည်း မသိဟန်ဆောင်ထားပြီး ပြန်အထွက်တွင်မှဟန်ပြဖမ်းဆီးပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်အတူ ယက်တောနှင့်အစောင့်စစ်သားများအောင်ပွဲခံသည့် ပုံသဏ္ဍန်ဖြင့် သရုပ်ဖော်ချီတက်ခဲ့ကြသည်။

ဆန္ဒပြပွဲ၏တာဝန်ခံတဦးဖြစ်သူကိုမိုင်ကျော်ဦးမှ''ကျနော်တို့ခေါင်းဆောင်ကို စနစ်တကျအကွက်ဆင်ပြီးဖမ်းဆီးတဲ့ အပေါ်မှာ နိုင်ငံတကာရောဂျပန်ပြည်သူတွေရောသိအောင် ဆန္ဒပြတာရယ်၊ တောင်းဆိုတာရယ်၊ ဏနမ်သမာညေခနပါတွဲပြီးလုပ်ကြ ခြင်းဖြစ်တယ်၊ ဒါဟာစစ်အုပ်စုကနေပြီး စနစ်တကျလုပ်တယ်ဆိုတာကို ကမ္တာကသိဖို့လိုတယ်၊ ဒါမှလည်းကျနော်တို့ဟာ ကျနော်တို့ခေါင်းဆောင်လွတ်မြောက်ရေးအတွက် ကျနော်တို့နဲ့အတူဂျပန်အစိုးရရော ကမ္တာ့နိုင်ငံအသီးသီးကရော ဝိုင်းဝန်းတောင်းဆိုပေးဖို့ကို လုပ်ကြခြင်းဖြစ်တယ်''ဟုပြောပြသွားသည်။
စစ်ဗိုလ်ချုပ်တဦးကဲ့သို့ဝတ်စားထားပြီး ရှင်ဘုရင်မကိုဋ်ဆောင်းထားသည့် ဗိုလ်ချုပ်မှူးကြီးအဖြစ်သရုပ်ဆောင်သည့် ကိုသောင်းလှိုင်မှ''အမှန်တကယ်ပြောရရင် ကျနော်ဒီလူ(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ)ကို အင်မတန်မှကိုရွံမုန်းပါတယ်၊ သို့သော်သူဘယ်လိုလူလဲဆိုတာရယ်၊ သူဘယ်လိုမဟုတ်တာတွေလုပ်နေတာလဲဆိုတာကို အများသိအောင်ပြချင်တာနဲ့ဒီနေရာက နေဝင်ပြီးသရုပ်ဆောင်တာပါ''ဟု၎င်း၏အမြင်ကိုပြောပြသည်။

အချုပ်ခန်းသဏ္ဍန်ပြုလုပ်၍ ယင်းအထဲအတွင် ပင်နီအင်္ကျီဝတ်ဆင်ပြီးခံမောက်ဆောင်းထားသော အမျိုးသမီးငယ်တဦးမှ ဒေါ်အောင်ဆန်းစုကြည်အဖြစ်ဝင်ရောက်သရုပ်ဆောင်ခဲ့ပြီး ၄င်းလှောင်ချိင့်အားစစ်ယူနီဖောင်းဝတ်စစ်သားလေးဦးမှဝိုင်းဝန်းစောင့် ကြပ်ပါရှိလာသည်။
''ဒီအချိန်မှာဆိုရင်ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရင်ထဲမှာဘာတွေဖြစ်မလဲ၊ မနက်ဖြန်ဘာဖြစ်မလဲ၊ ဒီနေ့ဘာဖြစ်မလဲ ဆိုတာကိုတွေးနေလိမ့်မယ်လို့ခံစားမိပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ပါစေလို့ဆိုတဲ့စိတ်ကူးနဲ့လဲ ဒီလှုပ်ရှားမှုမှာပါဝင်ခဲ့တာပါ၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ဘယ်နည်းနဲ့ လွတ်မြောက်နိုင်မလဲ ဆိုတာကိုတွေးရင်း၊ တတ်နိုင်သမျှကိုယ်တိုင်ကိုယ်ကျခံစားပြီးပါဝင်လှုပ်ရှားခဲ့တာပါ''ဟု ဒေါ်အောင်ဆန်းစုကြည် နေရာတွင်ပါဝင်သရုပ်ဆောင်သည့် မပွင့်ဖြူမြင့်ကသူမ၏ခံစားချက်ကိုပြောပြသည်။

တိုကျိုမက်ထရိုရဲတပ်ဖွဲ့၏စာရင်းအရ ဆန္ဒပြလှုပ်ရှားသူစုစုပေါင်း(၈ဝဝ)ခန့်မှ အဲဘိစုရပ်ကွက်ပန်းခြံမှနေ၍ တိုကျိုမြို့၏လူအစည်ကားဆုံးနေရာများထဲမှတခုဖြစ်သော ရှီဘူယရပ်ကွက်မှတဆင့် ကုလသမဂ္ဂအဆောက်အဦးကိုဖြတ်သန်းပြီး အကွာအဝေးခရီးမိုင်(၃)မိုင်ခွဲခန့်ကို ကြွေးကြော်သံများဟစ်အော်၍ ညီညီညာညာလမ်းလျှောက်ချီတက်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
Reported by: Thant Myo Htway(Moe Thauk Kye)
Photo by: Min Nyo One(Moe Thauk Kye)

Saturday, May 23, 2009

ခြောင်းကြည့်သူရဲ့ အမှား(ကိုကြီးပေါ်)

မိုးသောက်ကြယ်အယ်ဒီတာမင်းတို့ရေ…
အယ်ဒီတာမင်းများ နားပူနားဆာလုပ်လွန်းလို့ ယက်တောအကြောင်း အမြန်ခြောင်းကြည့်လိုက်ပါပြီခင်ဗျား
အဆင်ပြေပါစေ

ခြောင်းကြည့်သူရဲ့ အမှား အမှတ်စဉ်(၁၆)

ဒီတပတ်တော့ ရွှေပြည်တော်ကြီးကို ဟိုချောင်ဒီချောင်ကနေ ခြောင်းကြည့်နေသူ ကိုကြီးပေါ်ရဲ့ အင်တာနက် မှန်ပြောင်းက `ပဉ္စလက်မှန်ပြောင်း´ဘ၀ကို ချက်ချင်း ပြောင်းသွားပုံ ရတယ် ခင်ဗျ။ အကြောင်းကတော့ မြင် တွေ့ ကြား သိ ရသမျှတွေက ဖြစ်ရိုးဖြစ်စဉ်တွေ မဟုတ်ဘဲ အလွန်ကို အဆန်းတကြယ် နိုင်လွန်းလို့ ဖြစ်ပါတယ်။ ရွှေပြည်တော်ကြီးမှာ ဆန်းဆန်းပြားပြားတွေ ဖြစ်တတ်တာ, ဖြစ်သမျှကိုလည်း ယုံကြည်တတ်တာ ဆိုတာမျိုးကတော့ သိပ်ထူးတဲ့ ကိစ္စ မဟုတ်ပါဘူး။ သို့သော်လည်း အစရှာတော့လည်း ဆန်းပြား၊ အဆုံးရှာတော့လည်း ရှုပ်ထွေး ဆိုတဲ့ ဒီဇာတ်လမ်းကတော့ … ပုဂံရာဇ၀င် တုတ်ထမ်းပြောရတဲ့ ကိန်းထက် ပိုသာနေပါတော့တယ်။

ယက်တောလုပ်ကြံမှု


အဟမ်း…။ မြန်မာအစကို တကောင်းက စရရင် ကောင်းမလား၊ ကျောက်ဆည်က စရရင် ကောင်းမလား၊ ကမ္ဘာဦးတည်စ မဟာသမ္မတမင်းက စရရင် ကောင်းမလား။ အဲသလိုပါပဲ ဒီဇာတ်လမ်းကိုလည်း ဘယ်က စရပါ့မလဲ။ မြန်မာအစက ရှာလို့ တွေ့နိုင်သေးရဲ့။ ယက်တော အစကတော့ ဘုရားသခင်တောင် မျက်စိလည်လောက်ပေရဲ့။
ကြည့်လေ။ ယက်တော ပေါ်လာပုံက ကောင်းကင်က ကျလာတဲ့ တမန်တော်လိုလို၊ ဟိမ၀န္တာက ကြွလာတဲ့ ၀ိဇ္ဇာဓိုရ်လိုလို ဘွားခနဲ ဥုံဖွဆို မဟုတ်လား။ မှန်တာ မမှန်တာ ခဏထား။ ဇာတ်လမ်းပေါ်ရုံ ကောက်ကြောင်းဆွဲ ကြည့်တော့ ဒီလို ရပါတယ်။
ဂျွန် ၀ီလျံ ယက်တော ဆိုသူ အမေရိကန် နိုင်ငံသားတဦး ရွှေပြည်တော်ကြီးကို ရောက်လာတယ်။ သူက မေလ ၃ ရက်နေ့ညမှာ အင်းလျားကန်ကို ဖြတ်ကူးပြီး ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲကို ခိုးဝင်တယ်။ သူ့ကို ဒေါ်စုတို့က တွေ့တော့ ပြန်ထွက်သွားဖို့ ပြောတယ်။ သူက မောနေလို့ ခဏနားပါရစေ ခွင့်တောင်းတယ်။ ဒေါ်စုက သူ့ကို နားခွင့်ပေးလိုက်တယ်။ ၄ ရက်နေ့ညမှာ သူ ပြန်မထွက်ဖြစ်ဘဲ ၅ ရက်နေ့ညမှာ ပြန်ထွက်သွားတယ်။ အဲဒီည ၆ ရက်နေ့ဖက် ရောက်ပြီး လင်းအားကြီးမှာ ရေကူးနေတဲ့ သူ့ကို နအဖက ဖမ်းမိတယ်။
ဖြစ်စဉ်က ဒါပါပဲ။ ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး နအဖက ဒေါ်စုအပေါ် တရားစွဲတယ်။ စွဲပုံက ဒေါ်စုအပေါ် အရေးယူ ကန့်သတ်ထားတဲ့ ဥပဒေကို ဒေါ်စုက ချိုးဖောက်တယ်တဲ့။ `၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂´ အရ ဆိုပဲ။ ဒေါ်စုကို ကူညီစောင့်ရှောက်နေထိုင်တဲ့ ဒေါ်ခင်ခင်ဝင်း နဲ့ သမီး မ၀င်းမမ တို့ကိုလည်း အားပေးမှုနဲ့ တရားစွဲတယ်။ ယက်တောကိုလည်း တရားစွဲတယ်။
ဒီကိစ္စ ဘွားခနဲ ဖြစ်လာတော့ ပြည်တွင်းပြည်ပ တကမ္ဘာလုံး အုံးခနဲ ဖြစ်ကြတော့တာပဲ။ ဒါ နအဖက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဖို့ အကောက်ကြံတာလို့ အားလုံးက သတ်မှတ်လိုက်ကြပါတယ်။ ဖိအားဆိုတဲ့ စကားလုံးမုန်တိုင်းတွေလည်း နာဂစ်လောက်ကြီးကို တိုက်တော့တာပါပဲ။
ကိုကြီးပေါ်က ရှုပ်ရှုပ်ထွေးထွေး လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ် စဉ်းစားတတ်သူ မဟုတ်တော့ ကလေးများ မုန့်ဝေသလို ပြဿနာကို သုံးပုံ ခွဲဝေကြည့်မိပါတယ်။ တစ်က - ယက်တောရဲ့ ဇနကပုံပြင်။ နှစ်က - တရားရုံး ပြဇာတ်။ သုံးက - နိုင်ငံရေး စီးချင်းထိုးပွဲ။
ကိုကြီးပေါ် အထင်ပြောရရင် ယက်တောက မြန်မာ့အကြောင်း စိတ်ဝင်တစား လေ့လာရာက မဟာဇနကဇာတ်ကို ဖတ်မိလိုက်ပုံ ရပါတယ်။ ပင်လယ်ပြင်မှာ လက်ပစ်ကူးတဲ့ ဇနကမင်းသားကို မဏိမေခလာ နတ်သမီးက ကယ်လိုက်တယ် မဟုတ်လား။ ခုလည်း အင်းလျားကန်ကို လက်ပစ်ကူးတဲ့ ဒီငနဲကို ဒေါ်စု ကယ်လိုက်ရပုံပါပဲ။ ဒေါ်စုက ပြောတယ်လေ။ သူ့ကြောင့် လူတယောက် ထောင်ကျတာ မမြင်ချင်ဘူးတဲ့။ အဲ မေခလာ မဟုတ်တဲ့ ဒေါ်စု ခမျာမှာတော့ ထောင်မကျစေချင်လို့ ကယ်မိကာမှ သူပါ တရားရင်ဆိုင်ရမယ့်ကိန်း ဆိုက်သွားပါတော့တယ်။
`အင်းလျားကန် အတွင်း၌ မသင်္ကာဖွယ် နိုင်ငံခြားသားတဦးသည် ငါးလီတာဝင် ရေသန့်ဗူး အကူအညီဖြင့် ရေကူးခပ်နေကြောင်း…´ ဆိုတဲ့ နအဖ သတင်းစာပါ အရေးအသားကို တွေ့တော့ ကိုကြီးပေါ်ဖြင့် `အလောင်းစည်သူမင်းကြီးသည် ဇမ္ဗူဒိတ်ကျွန်းအား ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည်တော် မူသောအခါ…´ ဆိုတဲ့ ရာဇ၀င်ထဲက အရေးအသားကို ပြေးမြင်မိပါရဲ့။

(ရဲရဲသာဝင်သွား... ဘယ်သူမှမသိဘူး-(ဦး)ဟန်လေးလက်ရာ)

ယက်တော တယောက် ရေကူးတယ်ပဲ ဆိုဆို၊ ရေပေါ်က လမ်းလျှောက်လာတယ်ပဲ ပြောပြော၊ လှေနဲ့လာလာ၊ ခြေလျင်လာလာ၊ မြေလျှိုးလာလာ အဲဒီလုပ်ရပ်ဟာ ဘယ်တော့မှ အမှန်ပေါ်လာမယ်လို့ ကိုကြီးပေါ်တော့ မထင်မိပါဘူး။ တကယ် ရေကူးလာတာပါ ဆိုရင်လည်း ကိုကြီးပေါ်ကတော့ `ကူးပြပါ´လို့ပဲ တောင်းဆိုချင်ပါတယ်။ အမှုအခင်းတွေမှာ တရာခံက သူ ဘယ်လိုလုပ်ခဲ့ကြောင်း နမူနာ ပြန်လုပ်ပြရတာ ရှိတယ် မဟုတ်လား။ ခုလည်း ပြန်လုပ်ပြခိုင်းပေါ့။ အဲ တခုတော့ ရှိတယ်။ ခဏတော့ စောင့်ဦး။ တော်ကြာ ရေကူးရင်း သေသွားလို့ သက်သေ ပျောက်သွားမှ အခက်။

ဖြစ်စဉ်က ဆန်းဆန်း၊ ဇာတ်ကွက်ကလည်း မစုံသေးတော့ ယက်တောပုံပြင်ကို ဖတ်ရတာ ကုလားကား ကြားဖြတ် ကြည့်ရသလိုပါပဲ။ ထွက်ပေါ်လာတဲ့ ယက်တော အကြောင်းတွေကလည်း ၀ိုးတို့ဝါးတား။ ဇနီး နှစ်ယောက်ရဲ့ အပြောမှာကိုပဲ တယောက်တမျိုး။ ဇနီးဟောင်းက စိမ်းကားတတ်သူလို့ ဆိုတယ်။ လက်ရှိ ဇနီးက နူးညံ့သူလို့ ဆိုတယ်။ ဆီးချို ရှိတယ်လည်း ပြောတယ်။ ကျန်းမာရေး မဆိုးပါဘူးလို့လည်း ပြောတယ်။ မအေလုပ်သူကတော့ ဒီကောင် စိတ်သိပ်မမှန်ဘူးလို့ ပြောလိုက်သလားပဲ။
တရားခွင်မှာ ယက်တော ကိုယ်တိုင်ပြောတဲ့ စကားအရကတော့ … သူ့အာရုံထဲမှာ ဒေါ်အောင်ဆန်းစုကြည် အန္တရာယ် ကျရောက်မှာ မြင်လို့ လာသတိပေးတာ … ဆိုပဲ။ ဒီစကားသေချာရင် ယက်တောတော့ ပွတာပဲ။ ရွှေပြည်တော်ကြီးမှာ ဒီလို အာရုံရသူတွေကို ရှိခိုး ကိုးကွယ်ချင်သူတွေ မနည်းမနောရယ်။ ဒီစကားကို ဗိုလ်ချုပ်မင်းကြီးများ ကြားသိလို့ကတော့ ခုချက်ချင်း မင်းဆရာ ဘိုးတော်ဖြစ်ပြီသာ မှတ်။ တခုတော့ သတိထား။ သူတို့ အကြောင်းကိုတော့ အာရုံရတဲ့အတိုင်း မပြောလေနဲ့။
ချုပ်လိုက်ရင်တော့ ယက်တောရဲ့ ဇနကပုံပြင်က မောင်ပေါက်ကျိုင်းပုံပြင်ထက် စိတ်ဝင်စားဖွယ် ကောင်းမှာပါ။ တယောက်တပေါက် ဆိုသလို ဇာတ်ကွက်ဇာတ်လမ်း ဖြည့်လိုက ဖြည့်နိုင်သေးတယ်။ စိတ်ကြိုက်သာ ဖြည့်။ ဘယ်သူမှန်သလဲ အဖြေ မတိုက်နဲ့။ ဘယ်သူမှ မမှန်သလို ဘယ်တော့မှလည်း အမှန်ပေါ်မှာ မဟုတ်။ ရွှေပြည်တော်မှာ နိုင်ငံရေး လုပ်ကြံမှုတွေ ဖြစ်တိုင်း ဇာတ်လမ်းအမှန် ဘယ်တော့မှ မပေါ်တာလည်း သာဓကတွေ အပြည့်။
နောက်တခုကတော့ `တရားရုံးပြဇာတ်´ပါ။ ရွှေပြည်တော်မှာ ဥပဒေတို့ တရားရုံးတို့ ဆိုတာက ဆမူဆာနဲ့ ဘယာကြော်လိုပါပဲ။ အထဲမှာ ဘာအဆာထည့်ထည့် သုံးထောင့်ချွန်းရင် ဆမူဆာ။ ပဲကို ပြားကြော်ကြော် လုံးကြော်ကြော် ကျက်သွားရင် ဘယာကြော်ပဲ။ ဒေါ်စုကို အကျယ်ချုပ်ချထားတာကိုက ဥပဒေနဲ့ ညီတာ မဟုတ်။ ပြီးတော့ ဒီဥပဒေက တရားရုံး ကျင့်သုံးပိုင်ခွင့်ရှိတဲ့ ဥပဒေ ဟုတ်မဟုတ်လည်း မသေချာ။
ပြီးတော့ ယက်တောက ၂၀၀၈ နိုဝင်ဘာ ၃၀ မှာ ဒီလိုပဲ ခြံထဲဝင်ခဲ့တယ် ဆိုပဲ။ ဒီကိစ္စကို ဒေါ်စုက ဒေါက်တာ တင်မျိုးဝင်းကို ပြော၊ သူကတခါ နအဖကို ပြော၊ နအဖက သတင်းကို လက်စဖျောက်ပြီး သိမ်း။ အခုကျမှ အဲဒီတုန်းက ကိစ္စကိုပါ အမှုတွဲမှာ ပြန်ဖော်ပြ။ ဆိုတော့ အရင်တခါတုန်းက ဇာတ်ကွက်မှားသွားလို့ ခုတခါ ပြန်ကတာလို့ပဲ မှတ်ရတော့မှာပါပဲ။
ဒီကိစ္စမှာ ဒေါ်စုကို တရားစွဲမယ်ဆိုရင်၊ အရင် ဦးစွာ လုံခြုံရေး တာဝန်ရှိသူတွေကို အရေးယူသင့်တာပေါ့။ ပြည်ထဲရေးဝန်ကြီး ကစပြီး လုံခြုံရေးဝန်ထမ်း အားလုံးကို ထောင်ထဲ အရင်ပို့သင့်တာပေါ့။ စည်းကို လုံအောင် မစောင့်သူတွေ မဟုတ်လား။ အရေးယူရမှာပေါ့။
အကယ်၍ ယက်တောက ဒေါ်စု ခြံထဲ မရောက်ဘဲ ဟိုတဖက်က ဒေါ်စန္ဒာဝင်းခြံထဲ ရောက်သွားရင် ဘယ့်နှယ်လုပ်ကြမလဲ။ ဗိုလ်ချုပ်မင်းကြီး ခြံထဲ ရောက်သွားခဲ့ရင်ကော။ အကယ်၍ ယက်တောက လုပ်ကြံသတ်ဖြတ်လိုက်လို့ ဒေါ်စု သေသွားခဲ့ပြီ ဆိုပါစို့။ ဘယ်သူ့ကို တရားစွဲမလဲ။ ကလေးတယောက်တောင် အလွယ်တကူ သိမြင်နိုင်တဲ့ ကိစ္စကတော့ စည်းပေါက်တဲ့ တာဝန်ဟာ နအဖမှာပဲ ရှိတယ် ဆိုတာပါ။
ခုတော့ဖြင့် နိုင်ငံတော်ကို ကာကွယ်နေတဲ့ တပ်မတော်ကြီးက ရေကန်ကလေး တခု ခြံစည်းရိုးလေး တခုကိုတောင် လုံအောင် မကာကွယ်နိုင်ဘူး ဆိုတော့…။


(ဘေးကို ဘေးကို ဒီမှာရေကူးမလို့-(ဦး)ဟန်လေးလက်ရာ)

ဒေါ်စုက ဥပဒေ ချိုးဖောက်တယ် ဆိုရင် အရေးယူရမှာ အတော်ကြာခဲ့ပါပြီ။ ဒေါ်စုကို အရေးယူထားပြီး မတွေ့ရဘူးလို့ ကန့်သတ်ထားတဲ့ နိုင်ငံရေးသမားတွေ, သံတမန်တွေနဲ့ အကြိမ်ကြိမ် တွေ့စဉ်ကတည်းက အရေးယူသင့်တာပေါ့။ ခြံပြင်ထွက်တာလည်း အကြိမ်ကြိမ်ပဲ။ အဲသည့်ကတည်းက အရေးယူပေါ့။ အဲဒါတွေကျတော့ ဥပဒေ ချိုးဖောက်တာ မဟုတ်ဘူးတဲ့လား။
တရားရုံးပြဇာတ်ကတော့ ကြပ်ပြေးကလာတဲ့ ဇာတ်ညွှန်းအတိုင်း ဆက်လက် ကပြမှာပါ။ ငွေရောင် ပိတ်ကားပေါ်မှာ ဆက်လက် ရှုစားတော်မူကြပါ။ တစွန်းတစ ပေါ်လာတဲ့ ယက်တောရဲ့ စကားတွေအရ သူဟာ ရူးကြောင်မူးကြောင် တကောင် ဖြစ်ကြောင်း ပြသနေပါတယ်။ စာအုပ်တွေရော ၀တ်ရုံတွေရော အာရုံတွေရော အစုံပါပဲ။ ဒီတော့ ၀င်လာသူအတွက် လွတ်လမ်းဖော်ပြီးသား ဆိုတာ ထင်ရှားပါတယ်။
လောလောဆယ်မှာတော့ နအဖနဲ့ နိုင်ငံတကာနဲ့ နိုင်ငံရေး စီးချင်းထိုးပွဲ စတင်နေပါပြီ။ တကမ္ဘာလုံးနဲ့ တယောက် အပြိုင်ကြဲကြတဲ့ ပွဲကြီးပွဲကောင်းပါပဲ။ နိုင်ငံတကာက သံတမန်လေသံနဲ့ ပြောရာမှာ ဖြစ်စဉ်နဲ့ တရားရုံးကို အယုံအကြည် မရှိကြောင်း ပြသထားပါတယ်။
ဒီမိုသမားတွေက ဒီကိစ္စဟာ ယက်တောနဲ့ နအဖ ပူးပေါင်း ကြံစည်တာလို့ စွပ်စွဲကြပါတယ်။ နအဖက ကျတော့ ဒါဟာ ပြည်ပအတိုက်အခံတွေက ယက်တောကို ခိုင်းလိုက်တာလို့ ပြန်စွပ်စွဲပါတယ်။ ကဲ ဘယ်သူ မှန်သလဲ။
လွန်ခဲ့တဲ့ ခြောက်နှစ်၊ ဒီပဲယင်းလုပ်ကြံမှုမှာ ဒေါ်စုကို နအဖက ထိန်းသိမ်းလိုက်တယ်။ နိုင်ငံတကာက ထုံးစံအတိုင်း ၀ိုင်းအော်ကြပေမယ့် ဖြစ်စဉ်ဖြစ်ရပ်ကို အတိအကျ ရုပ်လုံးပေါ်ဖို့ အချိန်ယူနေကြရတယ်။ တိုက်ခိုက်ခံရသူတွေဟာ ဒေါ်စုအပါအ၀င် လူအများ ဖြစ်နေတယ်။ တိုက်ခိုက်သူတွေကလည်း သောကောရောကော ဖြစ်နေတယ်။ အဖွဲ့ချုပ် တခုလုံးနဲ့လည်း ဆိုင်နေလေတော့ လူထုအတွက် ဇဝေဇ၀ါ ဖြစ်နေခဲ့ရတယ်။
ယက်တောလုပ်ကြံမှုမှာတော့ ဒီပဲယင်းနဲ့ အားလုံး ပြောင်းပြန်ပါပဲ။ ဒေါ်စု တဦးတည်းကို ဦးတည်တိုက်ခိုက်တာ ဖြစ်တယ်။ ဖြစ်စဉ်ကို အချိန်ကိုက် သိနေရတယ်။ အကျယ်ချုပ်ချထားသူကို တရားရုံးပေါ် ခေါ်တင်လာရတယ်။ ဒီပဲယင်းတုန်းက လူထုနဲ့ ဝေးရာကို ခေါ်သွားတာ။ အခုတော့ လူထုထဲကို ပြန်ခေါ်လာရတာ။ ဒေါ်စု မသေတာ ကံကောင်းခဲ့သလို လူထုရှေ့ရောက်လာတာလည်း ကံကောင်းတာပါပဲ။ အင်း… ဒီလိုဆိုပြန်တော့ ယက်တောကို ရွှေချထားရ မလိုလို။


အချို့က ပြောတယ်။ နအဖကြီးက ဒေါ်စုကို လူတွေ အာရုံစိုက်လာအောင် လုပ်ပေးတာ ကျေးဇူးတင်သင့်တယ် တဲ့။ တချို့ကတော့ ဒီကိစ္စ မဖြစ်လည်း ဒေါ်စုကို လုံးဝ ပြန်လွှတ်မှာ မဟုတ်ဘူးတဲ့။ ခြောက်နှစ်ပြည့်လည်း မလွှတ်ပါဘူးတဲ့။ ၂၀၁၀ ကို မဖြစ်ဖြစ်အောင် လုပ်မှာမို့ ဒေါ်စုကို ဖမ်းထားမှာပဲတဲ့။ ဒေါ်စုဟာ သူတို့အတွက် မြွေပွေးတဲ့။ ဗြဟ္မာဦးခေါင်းတဲ့။ အဲသလို နအဖထက်တောင် တာပေါ်ရေကျော်သူတွေကလည်း ရှိသေးသဗျ။
ကိုကြီးပေါ်ကတော့ နအဖကိုလည်း မင်းတို့လုပ်တာလို့ မစွပ်စွဲချင်ပါဘူး။ ဒေါ်စု အရေး တကမ္ဘာလုံး လှုပ်ခတ်လာလို့လည်း ကျေးဇူး မတင်ချင်ပါဘူး။
နအဖဟာ အခုဆိုရင် အတော် ဗျာများနေတာပါ။ လုံခြုံရေးလုပ်ရ, စည်းရုံးရေးလုပ်ရ, သတင်းထုတ်ပြန်ရ, ဉာဏ်နီဉာဏ်နက်ထုတ်ရ, ယတြာချေရနဲ့ အတော် ရှုပ်နေတာပါ။ ဖြစ်စဉ်ဖြစ်ရပ်တွေ အားလုံးက နောက်ဆုံး နိုင်ငံရေးမှာ နိဂုံးချုပ်မယ်ဆိုတာ နအဖလည်း သိထားပြီးသားပါ။ နိုင်ငံတကာက ဘယ်လောက် ဖိအားပေးပေး နအဖက ပြားသွားမှာ မဟုတ်ပါဘူး။ အကြောက်ဆုံးကတော့ လူထုအုံကြွလာမှာကိုပါ။ လူထုက ဘယ်လောက် အထိ ထကြွမယ်ဆိုတာလည်း ဘယ်သူမှ ခန့်မှန်းနိုင်တာ မဟုတ်ပါဘူး။ ရွှေပြည်တော်ကြီးက ဖြစ်လိုက်ရင် ၀ရုန်းသုန်းကားချည်းပါ။ ဘာပဲဖြစ်ဖြစ် စီးချင်းထိုးပွဲကတော့ စနေပါပြီ။
ယက်တော စကား ခဏငှားပြောရရင် … ကိုကြီးပေါ် အာရုံမှာတော့ ဒီပွဲမှာ အရူးနှစ်ကောင်ကို ရန်တိုက်ပေးလိုက် ချင်တာပါပဲ။ ယက်တောဆိုတဲ့ အရူးကို အသုံးချဖို့ ကြိုးစားတဲ့ နအဖအရူးကို ယက်တောနဲ့ပဲ ပြန်ရန်တိုက်ပေးမှ ဒီအရူးဇာတ်လည်း မြန်မြန်လက်စသတ်မယ် ထင်ပါကြောင်း။
ကိုကြီးပေါ်


Friday, May 22, 2009

Possibilities Free Burma Project 2009-2010 (စတ္ထုတပိုင်း)

Thursday, May 21, 2009

Possibilities Free Burma Project 2009-2010 (တတိယပိုင်း)

Wednesday, May 20, 2009

Possibilities Free Burma Project 2009-2010 (ဒုတိယပိုင်း)

Human Resource Development Program မှ ကိုစည်သူ ရေးသားတည်းဖြတ်ပြုစုထားတဲ့ Free Burma Project 2009 (ဒုတိယပိုင်း)ကို ဆက်လက်တင်ဆက်လိုက်ပါတယ်။မကြာမှီ တတိယပိုင်းဆက်လက်ဖော်ပြပါမည်။

Clooney, McCain, Bono, Tutu Call for Suu Kyi Release


Burmese freedom fighter and Nobel Peace Prize Laureate Aung San Suu Kyi has been under government-sponsored house arrest for 13 of the past 19 years. As Suu Kyi awaits an upcoming trial on May 18th on charges meant to extend her imprisonment, Not On Our Watch has organized an international statement calling for her release. Luminaries from across the cultural, political, and social spheres, including Not On Our Watch founders George Clooney, Brad Pitt, and Matt Damon, as well as Bono, Madonna, Steven Spielberg, Nobel Laureates Professor Elie Wiesel and Archbishop Desmond Tutu, Former Secretary of State Madeleine Albright, and Senator John McCain, among others, have united to demand that the Burmese military regime free Aung San Suu Kyi now.

The statement and full list of signatories follow below.

FREE AUNG SAN SUU KYI

Nineteen years ago, the Burmese people chose Aung San Suu Kyi to be their next leader. And for most of those 19 years she has been kept under house arrest by the military junta that now runs the country. She is the world’s only incarcerated Nobel Peace Prize Laureate.

Yesterday Suu Kyi was taken to Burma’s Insein prison to face criminal charges as part of a concerted plan to deny her freedom.

We must not stand by as she is silenced once again. Now is the time for the United Nations and the entire international community to speak clearly, and with one voice: Free Aung San Suu Kyi.

In support,

George Clooney
Sec. Madeleine Albright
Wes Anderson
Drew Barrymore
David Beckham
Bono
Matthew Broderick
Sandra Bullock
James Carville
Michael Chabon
Daniel Craig
John Cusack
Matt Damon
Robert De Niro
Dave Eggers
Peter Gabriel
Jake Gyllenhaal
Václav Havel
Helen Hunt
Anjelica Huston
Scarlett Johansson
Nicole Kidman
Ashton Kutcher
Norman Lear
Madonna
Mary Matalin
Sen. John & Cindy McCain
Rose McGowan
Orhan Pamuk
Sarah Jessica Parke
Paulo Sérgio Pinheiro
Brad Pitt
Julia Roberts
Robert Rodriguez
Salman Rushdie
Meg Ryan
Liev Schreiber
George Soros
Steven Spielberg
Meryl Streep
Archbishop Desmond Tutu
Naomi Watts
Prof. Elise Wiesel
Owen Wilson

view more videos and slide shows

Tuesday, May 19, 2009

ဒေါ်အောင်ဆန်းစုကြည်အတွက် ဂျပန်လူမျိုးများပါဆန္ဒပြ

၁၈-၅-၂၀၀၉


မတရားအမှုဆင်ပြီး အင်းစိန်ထောင်ထဲတွင်ဖမ်းဆီးထားသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွှတ်မြောက်ရေးအတွက် ယနေ့နံနက်ပိုင်းမှစ၍ တိုကျိုမြို့ရှိ နအဖအခွန်ရုံးရှေ့တွင် ဆန္ဒပြပွဲပြုလုပ်ခဲ့ရာ မြန်မာလူမျိုးများသာမက ဂျပန်ဘုန်းတော်ကြီးများ၊ ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့များ၊ ဂျပန်အန်ဂျီအိုများ၊ ဂျပန်နိုင်ငံအခြေစိုက် Human Rightနိုင်ငံတကာလွှတ်ငြိမ်းချမ်းသားရေးအဖွဲ့၊ People Forum of Burmaနှင့် မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံကူညီအားပေးနေကြသည့်ဂျပန်လူမျိုးများပါ အတူတကွပူးပေါင်းပါဝင်ဆန္ဒပြခဲ့ကြသည်။
နံနက် ၁ဝ နာရီမှစတင်ခဲ့သောဆန္ဒပြပွဲတွင် လူအင်အား ၅ဝဝ ကျော်ရှိပြီး ဂျပန်ဘုန်းတော်ကြီးများမှ မြန်မာပြည်သူ/သားများ ဘေးအန္တရာယ်ကင်းဝေးစေဖို့နှင့် မတရားဖမ်းဆီးထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းများလွှတ်မြောက်ရန်အတွက် ဆုတောင်းမေတ္တာပို့ပေးခဲ့ကြသည်။ ထို့နောက် ဥပဒေမဲ့စွာ ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေသည့် နအဖစစ်အုပ်စု၏လုပ်ရပ်ကို ရပ်တန်းကရပ်ဖို့ Don't Kill. No More Warဆိုသည့်စာတမ်းကိုကိုင်ဆောင်ပြီး နအဖအခွန်ရုံးသို့တောင်းဆိုသွားခဲ့ကြသည်။

ဂျပန်ဘုန်းတော်ကြီးများမှ ဆုတောင်းမေတ္တာပို့သနေစဉ်

ဂျပန်နိုင်ငံရှိ အင်အားအကြီးမားဆုံးဖြစ်သော အလုပ်သမားသမဂ္ဂအဖွဲ့(RENGO)မှ ဥက္ကဌဖြစ်သူ Mr. Kobayashiကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့်စီရင်ချက်ချမည်ဆိုသည့်ကိစ္စကို ကန့်ကွက်ကြောင်းနှင့်၊ ဂျပန်အစိုးရကိုလည်း နအဖစစ်အုပ်စုအပေါ် ပြင်းပြင်းထန်ထန်ဖိအားပေးပြီး ကူညီထောက်ပံ့နေမှုများကိုလုံးဝရပ်တန့်သွားဖို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
နိုင်ငံတကာစားသောက်ကုန်အလုပ်သမားသမဂ္ဂအဖွဲ့(IUF)မှဥက္ကဌဖြစ်သူ Mr. Misatoကလည်း မြန်မာ့ဒီမိုကရေစီအရေးကို အပြည့်အဝထောက်ခံအာပေးကြောင်းနှင့် နအဖစစ်အုပ်စု၏ အလုပ်သမားအခွင့်အရေးချိုးဖောက်နေမှုများနှင့် လူ့အခွင့်အရေးလေးစားလိုက်နာမှုမရှိသည့်လုပ်ရပ်များကို ILO သို့တင်ပြကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။


RENGOနှင့် IUF အလုပ်သမားသမဂ္ဂဥက္ကဌများမှ ပြောကြားနေစဉ်

ယနေ့ဆန္ဒပြပွဲကိုဦးဆောင်သူတဦးဖြစ်သူ ကိုသန်းဆွေမှလည်း ''နအဖစစ်အုပ်စုရဲ့ အရှက်မရှိတဲ့လုပ်ရပ်ကို ဂျပန်လူမျိုးတွေတောင် နားလည်သဘောပေါက်နေကြပြီ။ ယခုလည်း ကျနော်တို့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်ပေးချင်လို့ အောက်တန်းကျတဲ့လုပ်ရပ်တွေနဲ့ မတရားအမှုဆင်ရင်ဖို့ကြိုးစားနေတယ်။ ဒါကို ဂျပန်အစိုးရအနေနဲ့ မသိကျိုးကျွံပြုပြီး ဆက်လက်ကူညီထောက်ပံ့နေဦးမယ်ဆိုရင်တော့ အဆိပ်ပင်ရေလောင်းသလိုဖြစ်နေမှာဖြစ်တယ်။ ဒါကြောင့် အရှက်မရှိတဲ့ နအဖကို ဂျပန်အစိုးရအနေနဲ့ ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်ဖို့တောင်းဆိုပါတယ်။ ဆက်လက်ပြီး ကျနော်တို့ခေါင်းဆောင် မလွှတ်မချင်း ဒီအခွန်ရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြသွားမယ်..။ ဒီနေ့ရောက်လာကြတဲ့သူတွေကလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ခေါင်းဆောင်လွှတ်မြောက်ဖို့အတွက် မလျော့သောဇွဲ၊ လုံ့လတွေမွေးပြီး ညီညီညွတ်ညွတ်နဲ့ ဆက်လက်ကြိုးစားသွားချင်ပါတယ်...''ဟု တိုက်တွန်းပြောဆိုသည်။
ဆန္ဒပြကြသူများက နအဖအခွန်ရုံးအဝင်အဝတံခါးရှေ့တွင် ''ယနေ့ အဓမ္မ မတရားစီရင်မှုရှိပါသဖြင့် အခွန်ရုံးပိတ်သည်''ဆိုသည့် စာတမ်းကိုချိတ်ဆွဲခဲ့ကြပြီး 'လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ခြင်းလွှတ်'၊ Free Free Daw Aung San Suu Kyiကြွေးကြော်သံများကို ဂျပန်-မြန်မာ-အင်္ဂလိပ်သုံးဘာသာဖြင့် ကြွေးကြော်ခဲ့ကြသည်။

A.Iနှင့် Human Watch တာဝန်ခံများမှ အမှာစကားပြောကြားနေပုံ

မြန်မာ့ဒီမိုကရေစီအရေးထောက်ပံ့ကူညီအားပေးနေသည့် ဂျပန်လွှတ်တော်အမတ်များကလည်း ဒေါ်အောင်ဆန်းကြည်ကို ချက်ခြင်းလွှတ်ဖို့နှင့်၊ နအဖကျင်းပမည်ဆိုသည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာမှ အသိပြုလက်ခံစေဖိုရ အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးရန်တောင်းဆိုချက်ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း NCUB၏ဂျပန်ဌာနေကိုယ်စားလှယ်ဖြစ်သော ဒေါက်တာမင်းညို၏ပြောပြချက်အရသိရှိရသည်။


သတင်းနှင့် မှတ်တမ်းဓါတ်ပုံပေးပို့သူ-နန်းအိမွန်ချစ်(မိုးသောက်ကြယ်)

Twitter Delicious Facebook Digg Stumbleupon Favorites More