This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, June 29, 2009

ဂျပန်မှာအလံနီတွေတစ်ခေတ်ထလားပြီလား....


ဘာသာပြန်သူ-၀မ်းအိုဝမ်း

၁။အလံနီလွှင့်ထူခြင်း(သို့)ကွန်မြူနစ်ဝါဒီတို့တစ်စခန်းထ

တိုကျိုမြို့၊ ဇိမ်ခံပစ္စည်းအများဆုံးအရောင်းအဝယ်ပြုလုပ်ရာ နယ်မြေ ဖြစ်သောဂင်ဇါမှ မလှမ်းမကမ်းနေရာတွင် စီးပွားရေးအချက်အချာ မိုး မျှော်တိုက်ကြီးများ၏အရိပ်အောက်ရှိ ပန်းခြံတစ်ခုတွင်း၌ ဆန္ဒပြသူများ စုဝေးခဲ့ကြသည်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်တွင် အလုပ်မှပြုတ်ခဲ့သူများ နှင့် မိမိတို့အလုပ်ပြုတ်ရန် အလှည့်ရောက်ရှိလာမည်ကိုစိုးရိမ်နေသူများ ရာနှင့်ချီ၍ပါဝင်ခဲ့ကြသည်။ ဆန္ဒပြသူများသည် အနီရောင်အလံများကိုင် ဆောင်ကာ ဂျပန်ပါလီမာန်အဆောက်အဦဆီသို့ရှေ့ရှုချီတက်ခဲ့ကြ သည်။
''အလုပ်သမားရေးကို ရှေ့တန်းတင်ဦးစားပေးတဲ့ကွန်မြူနစ်ပါတီကို ကျနော်ထောက်ခံပါတယ်...''ဟု ဆန္ဒပြသူတစ်ဦးကပြောသည်။ ''ယာ ယီလုပ်သားတွေအတွက် ပိုမိုကောင်းမွန်တဲ့အခွင့်အရေးတွေရရှိဖို့ ကျနော် တို့ဆန္ဒပြနေတာပါ...''ဟုလည်း အခြားတစ်ဦးကပြောသည်။ ''ဒီလိုပြ ဿနာ(အလုပ်သမားပြဿနာ)တွေနဲ့ပတ်သက်လာရင် အလေးအနက် ထားပြီး ဖြေရှင်းပေးတာကွန်မြူနစ်ပါတီတခုပဲရှိပါတယ်...''


၂။လက်သီးလက်မောင်းတန်းခြင်း

ပါလီမာန်အဆောက်အဦအနီးရှိ လှေကားထစ်များပေါ်တွင် ပိတ်စနီ များစည်း၍ ပြုံးပြုံးကြီးတန်းစီရပ်နေသူများကတော့ ဂျပန်ကွန်မြူနစ်ပါ တီမှ တာဝန်ရှိသူများဖြစ်ကြသည်။ ဆန္ဒပြသူများနှင့်အတူ ကြွေးကြော် သံများဟစ်၍ လေထဲသို့လက်သီးလက်မောင်းတန်းလျှက်ရှိကြသည်။
ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်သော ဂျပန်တွင် ကွန်မြူနစ်ပါတီသည် အံ့ဖွယ်ပင်နေရာကဏ္ဍာကြီးမားစွာရရှိနေလျက်ရှိ သည်။ သို့သော်တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်လုနီးတွင် စီးပွားရေး ပျက်ကပ်ကြောင့် ယခုတစ်ဖန်ပြန်လည်ဦးမော့လာခဲ့သည်။

ပါတီဝင်ဦးရေ(၄ဝဝ,ဝဝဝ)ကျော်ရှိပြီး တစ်လလျှင် ဦးရေ ၁,ဝဝဝ နှုန်းဖြင့် တိုးပွားလျက်ရှိ၏။ လက်ရှိအာဏာရညွှန့်ပေါင်းပါတီဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(Liberal Democratic Party-LDP)နှင့် နှိုင်းယှဉ်လျှင် နှစ်ဆများလျက်ရှိပြီး (LDP)မှာမူ ပါတီဝင်အရေအတွက် ဆက် လက်ကျဆင်း လျက်ရှိသည်။
''ဂျပန်အရင်းရှင်စနစ် OKရဲ့လားဆိုတာ လူအတော်များများက စဉ်း စားလာကြပါပြီ...''ဟု ပါလီမန်အောက်လွှတ်တော်ကိုယ်စားလှယ် ကွန် မြူနစ်ပါတီဝင် ကီရာကာဆိုင်းကပြောကြားသည်။''လူနေမှုအဆင့် အတန်းကျဆင်းလာနေပြီး ဆင်းရဲချမ်းသာကွာဟမှုကြီးမားလာနေပါ တယ်...''ဟုလည်း ၄င်းကဆိုသည်။

၃။ပျောက်ဆုံးမျိုးဆက်
ကွန်မြူနစ်အတွေးအခေါ်များသည် ဂျပန်နိုင်ငံတွင် တစ်နည်းတစ်ဖုံ ထူးခြားစွာပျံ့နှံ့လျက်ရှိသည်။ ကန်နီကိုဆင်(The Crab Factory Ship) ဟူသောစာအုပ်မှာ အရောင်းရဆုံးစာရင်းဝင် စာအုပ်တစ်အုပ်အဖြစ် ပြန် လည်ရပ်တည်လာခဲ့သည်။ ပစ္စည်းမဲ့လူတန်းစားတံငါသည်တို့ စုစည်း ညီညွှတ်၍ အရင်းရှင်သဌေးကို တော်လှန်ဆန့်ကျင်သော ဂန္ဓဝင်ဝတ္ထု ဇတ်လမ်းဖြစ်၏။

စာရေးဆရာKobayashi Takiji ရေးသားခဲ့သော The Crab Factory Shipစာအုပ်
၁၉၂၉ ခုနှစ်တွင် ထုတ်ဝေပြီးချိန်မှစ၍ မေ့ပျောက်လုနီးပါး အပယ်ခံ ထားရသောစာအုပ်ဖြစ်၏။ ထုတ်ဝေသူများက Das Kapital 'အရင်းရှင် ဝါဒ'ဟုအမည်ရသော ကားလ်မာ့စ်၏ သဘောတရားရေးရာစာအုပ်ကို လည်းထုတ်ဝေပြီးဖြစ်၏။ ဤစာအုပ်တွင် အရင်းရှင်ဝါဒသည် ဝိရောဓိ များအချင်းချင်းခိုက်မိ၍ မည်သို့မည်ပုံပြိုကွဲကျဆင်းသွားသည့်အ ကြောင်း ဝေဖန်တင်ပြထားသည်။
စားသောက်ဆိုင်တစ်ခုတွင်အလုပ်လုပ်နေသော ကွန်မြူနစ်ပါတီဝင် အသစ်တစ်ဦးသည် MarXism (မတ့်စ်ဝါဒ)အကြောင်းကို အင်တာနက် ထဲမှရှာဖွေလေ့လာခဲ့သည်။ သူမက ''ကားလ်မာ့ခ်စ်(Karl Marx)ကို လွန် ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး စိတ်ဝင်စားခဲ့ပါတယ်။ အခု ကျမတို့အရင်း ရှင်စနစ်ကြီးထဲမှ အရင်းရှင်တွေရဲ့ထိန်းချုပ်မှုကိုခံနေရတယ်မဟုတ် လား။ ဒါပေမဲ့ ကွန်မြူနစ်ဝါဒအရဆိုရင် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအ တွက် ကျမတို့စဉ်းစားလို့ရတယ်။ ပြီးတော့ စီးပွားရေးလုပ်ဆောင်ချက် တွေကိုလည်း ဒီမိုကရေစီနည်းကျဆုံးဖြတ်နိုင်တယ်...''ဟူ၍ ပြောဆိုခဲ့ သည်။ ကွန်မြူနစ်ဝါဒကို အလိုမရှိတဲ့ သူမရဲ့အလုပ်ရှင်တွေသိသွား မည်ကိုစိုးရိမ်သည့်အတွက် အသက်(၃၄)နှစ်ရှိ အဆိုပါအမျိုးသမီးသည် သူမ၏ကိုယ်ရေးအချက်အလက်များကို ထုတ်ဖေါ်ပြောဆိုခြင်းမရှိခဲ့ပေ။ သို့သော် မိသားစုကိုမူ ထုတ်ဖေါ်ပြေဆိုပြီးဖြစ်၏။
''ကွန်မြူနစ်ပါတီဝင်လိုက်တဲ့အတွက် ကျမရဲ့မိဘတွေကတော့ အ တော်အံ့သြသွားကြတယ်။ သူတို့တွေက ကွန်မြူနစ်ပါတီထောက်ခံသူ တွေမဟုတ်ဘူး။ သူတို့သေချာသဘောမပေါက်သေးဘူးလို့ ကျွန်မထင် တယ်လေ...''ဟုဆက်လက်ပြောဆိုသည်။ သူမသည် 'ပျောက်ဆုံးမျိုး ဆက်'၏ အဖွဲ့ဝင်ဖြစ်ကြောင်းလည်းပြောဆိုခဲ့သည်။
'ပျောက်ဆုံးမျိုးဆက်'ဆိုသည်မှာ ၁၉၉ဝ ခုနှစ်များအတွင်း ဂျပန်၏ တိုးတက်မှုထိုင်းမှိုင်းနေသောကာလရှည်၊ အလုပ်အကိုင်ရှာဖွေရန်ခက်ခဲ သောကာလတွင် လုပ်ငန်းခွင်အတွင်း ဝင်ရောက်လာသောသူများကိုဆို လိုသည်။ ယခု ရာစုနှစ်အစပိုင်း စီးပွားရေးဦးမော့လာသောအချိန်ရောက် သောအခါမှ နှစ်ရှည်လများအလုပ်မရှိဖြစ်နေသော ပညာတက်ဘွဲ့ရများ ကို အလုပ်ရှင်များကခေါ်ယူခဲ့သည်။

ဘွဲ့ရသော်လည်း အလုပ်လက်မဲ့ဖြစ်နေသော ပညာ တတ်လူငယ်များက အလုပ်အကိုင်များဆောင်ရွက်ပေးရန် အစိုးရကို တောင်းဆိုနေကြစဉ်

၎။အလုပ်မခိုင်မာမှု

ကား၊ လျှပ်စစ်ပစ္စည်းနှင့် စက်ကရိယာများ ပြည်ပသို့တင်ပို့ရောင်းချ မှုအပေါ်မှီခိုနေရသော ဂျပန်စီးပွားရေးသည် ယခုအခါ တဖန်ရုန်းကန်နေ ရပြီဖြစ်၏။ ယမန်နှစ်ကနှင့်နှိုင်းယှဉ်လျှင် ပို့ကုန်နှုန်းထက်ဝက်နီးပါးကျ ဆင်းသွားပြီး စက်မှုထုတ်ကုန်များလည်း ထိုးကျသွားခဲ့သည်။
ထုတ်လုပ်သူများက ယာယီလုပ်သားများခန့်ထားနိုင်သော ၂ဝဝ၄ ခုနှစ် လုပ်သားဈေးကွက်ပြုပြင်ပြောင်းလဲမှုအရ ဂျပန်တို့၏ သမာရိုးကျ အလုပ်အကိုင် စိတ်ကူးစိတ်သန်းများအပေါ် ပြန်လည်သုံးသပ်လျက်ရှိ သည်။ လုပ်သားအင်အားသုံးပုံတစ်ပုံခန့်က ကာလတိုစာချုပ်အလုပ် သမားဖြစ်ပြီး ရေရှည်တည်မြဲရန် စိတ်ချရမှုမရှိပေ။
ပါလီမန်ကွန်မြူနစ်အဖွဲ့ဝင်များသည် ကုမ္မဏီမန်နေဂျာများနှင့် ဆွေး နွေးညှိနှိုင်းမှုများပြုလုပ်၍ အလုပ်သမားများအတွက် ပိုမိုကောင်းမွန် သော အဖြေတစ်ခုထွက်ပေါ်လာရေးအတွက် အစွမ်းကုန်ကြိုးစားလျက်ရှိ ၏။ သမဂ္ဂများကလည်း မလျှော်ကန်သောအလုပ်ထုတ်ပစ်မှုများအ တွက် အလုပ်ရှင်များကိုတရားစွဲရန်စီစဉ်လျက်ရှိသည်။
ကွန်မြူနစ်တို့သည် မကြာမီတွင် အာဏာရရှိလာမည်ဟု မျှော်လင့်ရုံ သာမက စီးပွားရေးကျဆင်းမှုမတိုင်မီကပင် နောက်ဆုံးကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အောက်လွှတ်တော်၌ မဲအရေအတွက် ငါးသန်းနီးပါး ရရှိခဲ့သည်။ ယခုနှစ်နှောင်းပိုင်းတွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ တို့ထက်ပို၍ အောင်မြင်မှုရရှိရန် မျှော်လင့်လျက်ရှိ၏။

Mizuho Fukushima, 2nd from left, leader of Social Democratic Party, and Kazuo Shii, leader of Japan Communist Party, 2nd from right, join some 10,000 demonstrators as they march in Tokyo's Ginza. The banner reads: "Marking the 60th anniversary."

''နောက်ဆုံးပန်းတိုင်ကတော့ ဂျပန်မှာ ဆိုရှယ်လစ်၊ ကွန်မြူနစ်လူ့အ ဖွဲ့အစည်းက အရင်းရှင်ဝါဒကိုကျော်တက်ပြီးရပ်တည်ဖို့ပါပဲ။ ဒါပေမယ့် အဆင်သင့် ချဉ်ကပ်မှုတွေ မတိုင်မီ ပထမဦးဆုံးလုပ်ရ မှာ ကတော့ အလုပ်သမား ပြသနာ ဖြေရှင်းရေးနဲ့ လူထုရဲ့တောင်းဆိုချက်နဲ့အညီ လူနေမှု အဆင့်အတန်းရရှိဖို့ဖြစ်ပါတယ်။” ဟူ၍ အာကီရာ ကာဆိုင်း က ပြောကြားသည်။

ဘီဘီစီသတင်းဌာနမှ Roland Buerk ရေးသားခဲ့သည့် Red flag rising(Communism is resurgent in crisis-hit Japan)သတင်းကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

Saturday, June 27, 2009

အိုဘားမားပုံတူရေးဆွဲခဲ့သည့်ပန်းချီဆရာဒေါ်အောင်ဆန်းစုကြည်ပုံတူရေးဆွဲဂုဏ်ပြု

လက်ရှိအမေရိကန်သမ္မတ ဘာ ရက်အိုဘားမား၏စံပြုဖွယ်ပုံတူကို ရေးဆွဲခဲ့သည့် ကမ္ဘာကျော်အမေရိ ကန်ပန်းချီဆရာ ရှီးပါတ် ဖိုင်ရီ (Shepard Fairey)သည် ယခုအ ခါ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ရုပ်ပုံအား ရေးဆွဲဂုဏ်ပြုလိုက်ပြီဖြစ်သည်။
ဘာရက်အိုဘားမား၏ပုံတူပန်းချီ ကားတွင် 'Hope'စကားလုံးကို သ ရုပ်ဖေါ်ရေးဆွဲခဲ့ပြီး၊ ယခုဒေါ် အောင်ဆန်းစုကြည်၏ပုံတူပန်းချီ ကားတွင် အနီရောင်အလင်းတန်း များ၏ထိပ်တွင် "Freedom to Lead"စာသားကိုထည့်သွင်းထား ကာ အသည်းနှလုံးအထက်၌ ဂျိုး ငှက်တစ်ကောင်ဖြင့် သရုပ်ဖေါ် ထားသည်။
ပန်းချီဆရာဖိုင်ရီက ''အောင် ဆန်းစုကြည်ရဲ့ အကြမ်းမဖက်တဲ့ နည်းနဲ့ မြန်မာစစ်အာဏာရှင် စနစ်ချုပ်ငြိမ်းအောင် ဆန့်ကျင် တော်လှန်နေမှုကို လေးစားဂုဏ်ပြု သည့်အထိမ်းအမှတ်ဖြင့် ရေးဆွဲခဲ့ ခြင်းဖြစ်ကြောင်းနှင့် မတရားဖြင့် နေအိမ်အကျယ်ချုပ် အကျဉ်းခံနေ ရမှုကို ကမ္ဘာတစ်ဝှမ်းမှအမှတ်ရစေ ဖို့နဲ့ မြန်မာစစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖိနှိပ်ချုပ်ချယ်ထားမှုတွေကို ပေါ် လွင်စေဖို့ ဒီပန်းချီကားကိုဖန်တီး ခဲ့တာပါ..''ဟုပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် (၁၉)ကျော်ကာလအတွင်း (၁၃) နှစ်ကြာ နေအိမ်အကျယ်ချုပ်ချ ထားခြင်းခံခဲ့ရပြီး ယခုတဖန် အမေရိကန်နိုင်ငံသားတစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ အင်ယားကန်မှတဆင့် ရေကူးဝင် ရောက်ခဲ့ခြင်းကိုအကြောင်းပြု၍ ယုတ္တိမရှိသောစွဲချက်များဖြင့် တရားစွဲထားပြီး အင်းစိန်ထောင်အ တွင်းသို့ ပို့ဆောင်ထားခြင်းခံနေ ရသည်။
ယခုလိုကမ္ဘာကျော်ပန်းချီဆရာ ဖိုင်ရီအား ဒေါ်အောင်ဆန်းစုကြည် ပုံတူရေးဆွဲဖို့ကို လူ့အခွင့်ရေးလှုပ် ရှားမှုဌာန၏ဥက္ကဌဖြစ်သူ ဂျက်ဟီ လီ(Jack Healey)က အကြံပေး တိုက်တွန်းခဲ့ခြင်းလည်းဖြစ်သည်။
ဟီ လီက- ''အိုဘားမားရဲ့ ဒံသစနဒ စကားလုံးနဲ့ သရုပ်ဖေါ်ပုံ တူရေးဆွဲခဲ့ပေးမှုကြောင့် ပြည် တွင်းမဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု တွေမှာကူညီနိုင်ခဲ့သလို ဒေါ် အောင်ဆန်းစု ကြည်အတွက် လည်း နိုင်ငံတကာအတိုင်းအတာ အနေနဲ့လှုံ့ဆော်ဖို့ စံပြုဖွယ်ပုံတူ ပန်းချီကားတစ်ချပ် သူဖန်တီးပေး နိုင်မယ်လို့ ကျနော်ယုံကြည် တယ်လေ။ အဲဒါကြောင့် ရေးဆွဲ ပေးဖို့ ဖိုင်ရီကိုအကူအညီတောင်း လိုက်တာပါ...''ဟုဆိုသည်။

ဆက်လက်၍ ''ဒေါ်အောင် ဆန်းစုကြည်ဟာ ကျနော့်စိတ် ထဲမှာ စကြာင်္ဝဠာလုံးဆိုင်ရာ လူ့ အခွင့်ရေးကြေငြာချက်ရဲ့ သင်္ကေ တတစ်ခုအဖြစ်တည်ရှိနေပါတယ်။ သူမသာ မြန်မာပြည်ကိုဦးဆောင် ခွင့်ရခဲ့မယ်ဆိုရင် ညှင်းပန်းနှိပ်စက် မှုတွေ၊ ကလေးစစ်သားတွေ၊ မူး ယစ်ဆေးထုတ်လုပ်နေမှုတွေ ပ ပျောက်သွားမှာဖြစ်ပါတယ်...''ဟု ဟီလီကပြောဆိုသည်။
ပန်းချီဆရာဖိုင်ရီသည် အိုဘား မားပိုစတာကို နီညိုရောင် ၊ အဖြူ အပြာတို့ဖြင့် ထက်ကောင်းကင်သို့ မော့လျက် 'Hope'ဆိုသောစကား လုံးကိုမျှော်ကြည့်နေဟန်သရုပ်ဖော် ခဲ့သည်။
သို့သော်AP( Associated Press)သတင်းဌာနမှ ¤င်းတို့မူပိုင် ဓါတ်ပုံကိုအခြေခံ၍ ရေးဆွဲခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ဖိုင်ရီကို တရားစွဲဆိုထားသည်။

မူရင်းသတင်း-

Iconic Obama artist unveils Suu Kyi image(AFP)


ဘာသာပြန်သူ-
ဝမ်းအိုဝမ်း

မလေးရှားအတိုက်အခံပါတီ( PKR )မှကျင်းပသော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲဖမ်းဆီးမှုမှ မြန်မာ ( ၅ )ဦးသာ လွတ်မြောက်

အဖမ်းခံထားရဆဲ(၉)ဦးအနက် လွင်ဦးခေါ် ထက်အောင်ရှိုင်း၏ ကိုယ်တိုင်ခံစား သီဆိုရေးခတ်သောဒေါ်စုအတွက်အမေသီချင်းအားပြန်လည်တင်ဆက်လိုက်ပါသည်။
19.06.09 ည (၈) နာရီခွဲအချိန်၌ PETALING JAYA မြို့နယ်တွင် မလေးရှားနိုင်ငံ အတိုက်အခံပါတီ (PKR) မှ ဒေါ်အောင်ဆန်းစုကြည်၏ (၆၄) နှစ်မြောက် မွေနေ့ပွဲ အခမ်းအနားပြုလုပ်စဉ် ရဲအဖွဲ့မှ ရှောင်တခင်ဝင်ရောက်စစ် ဆေး ဖမ်းဆီးသဖြင့် မြန်မာ(၁၅)ဦး ဖမ်းဆီးခံခဲ့ရပါသည်။၎င်းတို့အထဲမှ ကိုမင်းသိန်း - တာဝန်ခံ (လူ့ဘောင် သစ် ဒီမိုကရက်တစ်ပါတီ) မလေးရှား မှ တဦးသာ တရားဝင် ပတ်စ်ပို့ကိုင်ဆောင်ထားသူ ဖြစ်သည့်အတွက် ပြန်လည်လွတ်မြောက်ခဲ့ပြီး ကျန်(၁၄) ဦးမှာ အဖမ်းအဆီးခံခဲ့ရပါသည်။ ၎င်း တို့မှာ….

(၁) ကိုထင်ကျော်၊(၂) ကိုသန်းဦး၊ (၃) ကိုကိုဝင်း၊ (၄) အောင်ကျော်၊ (၅) ဆန်းဝင်း၊ (၆) ဇော်မျိုးနိုင်၊(ရ) တော်မီမြတ်ဦး(ခ) မိုးကောင်း၊ (၈) လွင်ဦး၊ (၉) အောင်ကျော်သူ၊ (၁၀) အောင်သူရ၊ (၁၁) ကျော်ကိုကိုကျော်၊ (၁၂) ပြည့်ဖြိုးနိုင်၊ (၁၃) ကျော်ကျော်၊ (၁၄) ငြိမ်းချမ်း တို့ဖြစ်ပြီး 26.06.09 နေ့ ညနေ(၆)နာရီခွဲ အချိန်တွင် (၅)ယောက်ပြန်လည်လွတ်မြောက်ခဲ့ပါသည်။ ယခု လွတ်မြောက်လာသည့် (၅) ယောက်မှာ UNHCR အထောက်အထားရှိသူများဖြစ်ပြီး (၁) အောင်ကျော်၊ (၂) ဆန်းဝင်း၊(၃) တော်မီမြတ်ဦး(ခ)မိုးကောင်း၊ (၄) ကျော်ကျော်၊ (၅) ဇော်မျိုးနိုင် တို့ဖြစ်သည်။ ၎င်းတို့မှာ (၈) ရက်တိတိ အချုပ်နှောင်ခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မလေးရှား မှ ဥက္ကဌ ကိုကျော်ကျော် နှင့် နယ်မြေတာဝန်ခံ ကိုသိန်းအောင်တို့မှ PRTALING JAYA ရဲစခန်းသို့ ညနေ(၄)နာရီတွင် သွားရောက်ကာ ၎င်းတို့လွတ်မြောက် ရေးအတွက် သက်ဆိုင်ရာ မလေးရှားအစိုးရအာဏာပိုင်များနှင့်ဆွေးနွေးညှိနှိုင်းပြီး ကူညီဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။


လွတ်မြောက်လာသူ(၅) ဦး

ကျန်ရှိနေသေးသည့် (၉) ဦးမှာ ဇူလိုင်လ(၂) ရက်နေ့တွင် တရားစွဲခံရမည်ဖြစ်ပြီး တရားမ၀င်နေထိုင်မှု ဥပဒေနှင့် အမိန့်ချမှတ်ပါက ထောင်ဒဏ်(၆) လနှင့် ကြိမ်ဒဏ် (၁) ချက်အထိ ခံရဖွယ်ရှိသည်။ ပြစ်ဒဏ်ကာလ လွန်မြောက်၍ မြန်မာပြည် ပြန်ပို့လျင်လည်း စစ်အစိုးရ၏ အရေးယူမှုဖြင့် ထောင်ဒဏ်နှစ်များစွာ ကျခံနိုင်ရသူများ ဖြစ်သည်။ ၎င်းတို့မှာ ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းစွာ ဂုဏ်ပြုပြီး မြန်မာပြည်ပြောင်းလဲရေး လုပ်ဆောင်နေသူများဖြစ်သဖြင့် ၎င်းတို့ လွတ်မြောက်ရန် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) မလေးရှားမှ အစွမ်းကုန်ဆက်လက်ကြိုးစားသွားမည်ဖြစ်သည်။၎င်းတို့ကို တရားရုံးတင်ပါက တရားရင် ဆိုင်နိုင်ရန် ရှေ့နေ (၂) ဦးကိုလည်း BAR COUNCIL ,UNHCR တို့နှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်နေဆဲဖြစ်သည်။

ပးပို့သူ-
သတင်းနှင့်ပြန်ကြားရေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

(လွတ်မြောက်နယ်မြေ)

မလေးရှား

Thursday, June 25, 2009

ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့တွင်ပြုလုပ်သော ဂျပန်ရောက်မြန်မာများ၏အလှူမှတ်တမ်းဓာတ်ပုံများ(ထိုင်း။ မဲဆောက်မြို့)


ကျန်ရှိနေသေးသောဓာတ်ပုံများကိုလည်း ယခုနေရာတွင်ဆက်လက်တင်ရှိသွားမည်ဖြစ်ပါသည်။
ဒေါင်းမာန်ဟုန်

Monday, June 22, 2009

Democracy & Peace Award ကို ကိုယ်စားလက်ခံရယူခဲ့သူတဦးနှင့်တွေ့ဆုံခြင်း

ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်ခံသည့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့ဒီမိုကရေစီအရေးကို ကူညီအားပေးတဲ့အနေနဲ့ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂမှ ပေးအပ်ချီးမြင့်သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဆုကို ဂျပန်လွှတ်တော်အဆောက်အဦတွင် ကိုယ်စားသွားရောက်ယူခဲ့ကြသည့် သူများထဲမှ တဦးအပါအ၀င်ဖြစ်သည့် NLD(LA-Japan)၏ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးနှင့် မိုးသောက်ကြယ်မှ သွားရောက်တွေ့ဆုံခဲ့ပါသည်။

NLD(LA-JB)၏တာဝန်ခံများ(၀ဲမှယာ) ဦးသန့်ဇင်ဦး၊ ဦးလင်းအောင်၊ ဦးသောင်းမြင့်ဦး၊ ဦးသာဇော်မောင်မောင်၊ ဦးဇော်မင်းထွန်း၊ ဦးလှဟန်

မေး-ဒီဆုကို ဘယ်လိုရည်ရွယ်ချက်နဲ့ပေးတယ်လို့ထင်ပါသလဲ?

ဖြေ-ဒီဆုကိုပေးတဲ့ရည်ရွယ်ချက်က တစ်အချက်အနေနဲ့ ဂျပန်မှာရှိနေတဲ့ ဂျပန်နိုင်ငံရေးကို ဦးဆောင်နေတဲ့ လွတ်တော်အမတ်များကနေ ပြီးတော့ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီအားပေးတဲ့အနေနဲ့ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂကနေပြီးတော့ သူတို့အနေနဲ့
ရှိသမျှအင်အားတွေနဲ့ လောလောဆယ်အနေနဲ့ပံ့ပိုးမှုပေးနိုင်ဆုံအနေနဲ့ရော၊ နောက်ပြီး ကျနော်တို့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာပြည်မှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထွန်းကားဖို့ အနှစ်(၂၀)လုံးလုံး မဆုတ်မနစ်သော ဇွဲ၊ လုံလတွေနဲ့ ကြိုးစားဆောင်ရွက်နေတာ၊ နအဖစစ်အုပ်စုရဲ့ မတရားတဲ့နည်းတွေနဲ့ ညှင်းဆဲတာ၊ ချုပ်ချယ်တာ၊ ကန့်သတ်တာစတဲ့ အဲ့ဒီနည်းမျိုးစုံကြားထဲက အကြမ်းမဖက်တဲ့နည်းနဲ့ ကြိုးစားစွမ်းဆောင်နေတဲ့အတွက် သူတို့ကိုယ်တိုင်ကိုယ်က လေးစားလွန်းလို့ ဒီဆုကိုပေးတာပါ။

မေး-ဆုကိုဘယ်သူတွေနဲ့များသွားရောက်ယူခဲ့လဲ?

ဖြေ- ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ကျနော်တို့ဂျပန်NLD(LA)ရဲ့ ဥက္ကဋ္ဌကိုသန့်ဇင်ဦးက ကိုယ်စားလက်ခံရယူခဲ့ပါတယ်၊ ဥက္ကဋ္ဌနဲ့အတူ ကျနော်တို့ NLD(LA-JB)ရဲ့ တာဝန်ရှိသူတွေရယ်၊ Burma Officeကဒေါက်တာမင်းညို၊ အလုပ်သမားသမဂ္ဂကဒေါ်ခင်ဆွေအေး၊ နောက်တိုင်းရင်းသားအားလုံးရဲ့ကိုယ်စား NDFဂျပန် ကိုယ်စားလှယ်ကိုမိုင်ကျော်ဦး၊ နောက်Activistအနေနဲ့ လူ့ဘောင်သစ်ကကိုမြတ်သူ၊ LDBက ကိုကျော်ကျော်စိုး၊ ကိုမြင့်မောင်၊ စာပေအင်အားစုတွေအနေနဲ့က ကိုသက်လင်းနဲ့ PFBအနေနဲ့က ဆရာဦးရွှေဘတို့လဲလိုက်ပါသွားခဲ့ပါတယ်။


မေး-အဲဒီ့ဆုကိုဘယ်မှာပေးတာလဲ?


ဖြေ- ဂျပန်လွှတ်တော်အဆောက်အဦထဲမှာရှိတဲ့ လက်ရှိအာဏာရပါတီ၏ ပါလီမန်ရေးရာကော်မတီဥက္ကဋ္ဌရဲ့ရုံးခန်းထဲမှာပေးတာပါ။ ပေးတဲ့သူကလည်း လက်ရှိဂျပန်ပါလီမန်မှာရှိတဲ့ အနိုင်ရတဲ့ပါတီရဲ့ ပါလီမန်ရေးရာကော်မတီရဲ့ဥက္ကဋ္ဌလည်းဖြစ်သူ၊ နောက်မြန်မာ့အရေးပါလီမန်အမတ်များသမဂ္ဂရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့Mr. Tadamori Oshimaက သူကိုယ်တိုင်ပေးခဲ့တာပါ။

မေး-ပြီးတော့ဒီဆုကိုပေးတဲ့အခါမှာလက်ရှိအာဏာရပါတီတခုတည်းအနေနဲ့ပေးအပ်တာလား?

ဖြေ-ကျနော်အရင်ကပြောတဲ့အထဲမှာပါသွားပြီ။ ကျနော်တို့မြန်မာ့ဒီကိုကရေစီအရေးကို ထောက်ခံအားပေးနေတဲ့သမဂ္ဂထဲမှာ အတိုက်အခံတွေလဲပါတယ်၊ အာဏာရပါတီဝင်တွေ လဲပါတယ်၊ နောက်တသီးပုဂ္ဂလအမတ်တွေလည်းပါတယ်၊ အဲဒီ့အမတ်တွေကနေ တညီတညွတ်တည်းနဲ့ပေးတာ။ ဆိုတော့ဘယ်သူ့ကို ကိုယ်စားပြုတယ်လို့ပြောလို့မရဘူး၊ အဲဒီ့အထဲမှာအစိုးရအဖွဲ့ထဲကအမတ်တွေလဲပါတယ်၊ အများစုကတော့ အတိုက်အခံပါတီဖြစ်တဲ့ Mr. Hatoyamaတို့ရဲ့ Democratic Party of Japanမှ အမတ်တွေအများဆုံးပါတယ်၊

မေး- ဒေါ်အောင်ဆန်းစုကြည်ကိုဆုချီးမြှင့်တာ ဂျပန်နိုင်ငံနဲ့ပတ်သက်ပြီး ဘယ်နှစ်ကြိမ်ရှိသွားပြီလဲ..

ဖြေ- ပထမအကြိမ်နေနဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်ဖြစ်ခဲ့သူ Mrs. Doi ကဦးဆောင်ပြီး ဂျပန်NGO အဖွဲ့အနေနဲ့ တကြိမ်ပေးဖူးပါတယ်။ နောက်ပြီး မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံကူညီအားပေးနေတဲ့ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂအနေနဲ့ အခုတကြိမ်ဆုချီးမြှင့်ခြင်းဖြစ်ပါတယ်။ ဒီလိုဆုချီးမြှင့်တာ ဂျပန်လွှတ်တော်အသမဂ္ဂများအဖွဲ့ရဲ့ သမိုင်းတလျှောက် မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။

မေး-ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆုပေးအပ်ချီးမြင့်လိုက်တဲ့အတွက် ဂျပန်နိုင်ငံအနေနဲ့ မြန်မာစစ်အစိုးရအပေါ်သဘောထားပြောင်းသွားပြီလို့ထင်လား?

ဖြေ-ဒီဆုပေးလိုက်လို့သဘောထားပြောင်းသွားပြီလို့တော့ မထင်ဘူး။ တခုတော့ရှိတယ်၊ ခင်ဗျားတို့ကျနော်တို့နားလည်ထားဖို့က၊ ဒီဆုကိုအာဏာရပါတီ၊ အတိုက်အခံအားလုံးပါတဲ့ သမဂ္ဂကပေးလိုက်တယ်ဆိုတော့ ဂျပန်အစိုးရရဲ့ရပ်တည်ချက်က မြန်မာ့ဒီမိုကရေစီအရေး ဘက်မှာ ရပ်တည်တယ်လို့ပြောလို့ရတယ်၊ နောက်ဒေါ်အောင်ဆန်းစုကြည်ဘက်မှာရှိတယ် ဆိုတဲ့သဘောလို့နားလည်လို့ရတယ်၊

မေး-အခုလိုမျိုး ကျနော်တို့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်လွှတ်တော်အမတ်များကနေပြီး ဂုဏ်ပြုဆုချီးမြှင့်လိုက်ခြင်းဟာ ဂျပန်မှာရှိတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့မြန်မာတွေရဲ့ ကြိုးစားအားထုတ်မှုတစိတ်တဒေသအနေနဲ့ ရောပါတ်သက်နေတယ်လို့ ထင်ပါသလား?

ဖြေ-ခုနကပြောသလိုဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလဲ လေးစားသင့်လေးစားထိုက်သလို ဂျပန်မှာရှိတဲ့မြန်မာ့ဒိမိုကရေစီအရေးကိုလှုပ်ရှားနေတဲ့သူတွေရဲ့ ဒီမိုကရေစီနဲ့လှု့အခွင့်အရေးကို တစိုက်မတ်မတ်နဲ့အားကြိုးမာန်တက်လုပ်ဆောင်နေတဲ့အတွက် ဒီဆုကိုပေးဖို့ပံပိုးမှုသဘောမျိုးပါတယ်လို့လဲထင်တယ်။

မေး-နောက်ဆုံးအနေနဲ့ဒီဆုကိုကိုယ်စားသွားရောက်လက်ခံရယူခဲ့သူများထဲက တဦးဖြစ်တဲ့ ဦးသောင်းမြင့်ဦးအနေနဲ့ဘယ်လိုများခံစားမိသလဲ?

ဖြေ-ဒီဆုကိုချီးမြင့်တဲ့အတွက် ကိုယ့်ခေါင်းဆောင်အနေနဲ့များစွာဝမ်းသာမိတယ်၊ ပီတိဖြစ်မိတယ်၊ အဲဒီ့နေရာမှာဂျပန်နိုင်ငံရဲ့နိုင်ငံရေးကိုဦးဆောင်နေတဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်က အဲ့လိုလေးစားဂုဏ်ပြုရတယ်ဆိုရင် ကျနော်တို့နိုင်ငံသားတွေဟာ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်ကိုစံနမူနာထားပြီးတော့ ဒေါ်အောင်ဆန်း စုကြည်လိုမျိုး ကျနော်တို့နိုင်ငံသားတွေက သူတပါးလေးစားလောက်တဲ့သူတွေဖြစ်တယ်၊ ကိုယ့်ကိုကိုယ်လဲလေးစားတဲ့သူတွေဖြစ်တယ်ဆိုတာမျိုးကြိုးစားမယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ဒီမိုကရေစီကိုအနှေးနဲ့အမြန်ရမယ်၊ ကျနော်တို့ဖွဲ့ဖြိုးတိုးတက်ချင်တယ် ဆိုတာတွေ့ရမယ်၊ ဆိုလိုတာကလူတယောက်ဟာ ကိုယ်ကိုကိုယ်လေးစားတယ်ဆိုရင် ကိုယ်လုပ်တဲ့ဟာမှန်ကန်ရတယ်၊ ကိုယ်ကိုယ်တိုင် ကိုယ်လုပ်တဲ့အလုပ်ကိုတန်ဖိုးထားရတယ်၊ အဲ့လိုမျိုး ကိုယ့်ခေါင်းဆောင်ကို သူများတွေကတောင်လေးစားတယ်ဆိုရင် ဘယ်အတိုင်းအတာထိရှိမလဲဒါတွက်လို့ရတယ်၊ ဒါဥပမာနော်-ဒေါ်အောင်ဆန်းစုကြည်လိုမျိုး (၆၄)ယောက်ရှိမယ်ဆိုရင် ကျနော်တို့နိုင်ငံမှာ နအဖစစ်အာဏာရှင်ဆိုတာ ရှိမှာတောင်မဟုတ်တော့ဘူး၊ အဲတော့ ကျနော်တို့ကလည်း ကိုယ့်ခေါင်းဆောင်ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်တွေကို စံနမူနာထားပြီး ဒေါ်အောင်ဆန်းစုကြည်အမြဲမှာနေတဲ့အတိုင်း စည်းကမ်းရှိရှိနဲ့ တဦးနဲ့တဦးလေးစားတဲ့ အပြောအဆို အပြုအမှုလုပ်ရပ်တွေနဲ့ တဦးချင်း တယောက်ခြင်းစီက ကိုယ့်နိုင်ငံအတွက် ကြိုးစားကြမယ်ဆိုရင် ကျနော်တို့တိုင်းပြည်ရဲ့ မဝေးတော့တဲ့ အနာဂတ်ဒီမိုကရေစီပန်းတိုင်ကို အရယူနိုင်မှာဖြစ်တယ်လို့ ပြောချင်ပါတယ်

ဓါတ်ပုံများကို http://phyowai-mmp.blogspot.com/ မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Friday, June 19, 2009

ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့မင်္ဂလာအထိမ်းအမှတ်ပွဲများ



ယနေ့(ဇွန်လ ၁၉ ရက်)တွင်ကျရောက်သည့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၊ မြန်မာ့ဒီမိုကရေစီရဲ့အလင်းရောင်တဦးလည်းဖြစ်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့်မြောက် မွေးနေ့မင်္ဂလာ နေ့ထူးနေ့မြတ်အထိမ်းအမှတ်အခမ်းအနားများကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

ငါးလွှတ်ခြင်းနှင့်သွေးလှူဒါန်းခြင်း

ဦးစွာပထမ ယနေ့နံနက်ပိုင်း ၁၁းဝဝ နာရီတွင် မိုးသောက်ကြယ်စာကြည့်တိုက်မှဦးဆောင်၍ ဇီဝိတဒါနအဖြစ် ငါးလွှတ်ခြင်းနှင့် ကောင်းမှုကုသိုလ်ပြု သွေးလှူဒါန်းများကို ပြုလုပ်ခဲ့ကြပါတယ်။ ငါးလွှတ်ခြင်းကို ခါဝါဂုချိ(Kawaguchi)ခရိုင်တွင်တည်ရှိသော အာရခါဝ(Arakawa)မြစ်တွင် ပြုလုပ်ခဲ့ကြပြီး 'ယခုလိုပြုလုပ်ခဲ့ရတဲ့ ကောင်းမှုများကြောင့် ကျမတို့ချစ်ခင်လေးစားရတဲ့ လူထုခေါင်းဆောင် အင်္ဂါသမီးဒေါ်အောင်ဆန်းစုကြည် မတရားဖမ်းဆီးခံနေရတဲ့ဘဝမှ အမြန်ဆုံးပါစေ။ မြန်မာ့ဒီမိုကရေစီရရှိရေးကြိုးစားဆောင်ရွက်မှုတွေမှာ ဘေးရန်ကင်းစွာဖြင့် ပိုမိုလုပ်ဆောင်နိုင်ပါစေ။ မြန်မာပြည်သူ/သားများလည်း ယုတ်မာရက်စက်တဲ့ စစ်အာဏာရှင်စနစ်အောက်မှ အမြန်ဆုံးလွှတ်မြောက်ပါစေ' ဆုတောင်းခဲ့ကြကြောင်း သိရှိရပါတယ်။

သွေးလှူတန်းခြင်းကို နေ့လယ် ၁၂း၃ဝ နာရီတွင် အာကီဟဘာရ(Akihabara)ရှိ သွေးလှူဘဏ်တွင် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ သွေးလှူတန်းခြင်း ကောင်းမှုကုသိုလ်ကို ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။


ဆုပေးအပ်ခြင်းအခမ်းအနား

နေ့လယ် ၁၂းဝဝ နာရီဝန်းကျင်တွင် မြန်မာ့ဒီမိုကရေစီအရေးကို အားပေးကူညီနေကြသော ဂျပန်လွှတ်တော်များသမဂ္ဂမှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေဖြင့် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး(Democracy and Peace)ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိပါတယ်။ အဆိုပါဆုကို လက်ခံရယူခဲ့သူများထဲတွင် ပါဝင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှ တာဝန်ခံတဦးဖြစ်သူ ကိုလင်းအောင်မှ-'အခုပေးအပ်တဲ့ဆုဟာ ဂျပန်အစိုးရပ်အနေနဲ့ ပထမဦးဆုံးအပ်ခဲ့တဲ့ဆုဖြစ်ပါတယ်။ ဆုချီးမြှင့်တဲ့သူကတော့ လက်ရှိအာဏာရပါတီဖြစ်တဲ့ (Liberal Democratic Party)ရဲ့ ပါလီမာန်ရေးရာကော်မတီဥက္ကဌတာဝန်ထမ်းဆောင်နေသူတဦးလည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးနေသော ဂျပန်လွှတ်တော်များသမဂ္ဂရဲ့ဥက္ကဌတဦးလည်း ဖြစ်သူ Mr. Tadamori Oshima က ပေးအပ်ပါတယ်။ ကျနော်တို့ရဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)ဥက္ကဌဖြစ်သူ ကိုသန့်ဇင်ဦးက လက်ခံရယူပါတယ်။ သူက(Mr. Tadamori Oshima) အခုလိုပေးအပ်ချိးမြှင့်ရခြင်းအကြောင်းက အနှစ်(၂ဝ)လုံးလုံး မြန်မာ့ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ်တဲ့ ဇွဲ၊ လုံလနဲ့ အရာရာကိုပေးဆပ်စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေတဲ့ အာရှတိုက်ရဲ့ ဒီမိုကရေစီသူရဲကောင်းလည်းဖြစ်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တဦးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့အတွက် ချီးမြှင့်ဂုဏ်ပြုရခြင်းဖြစ်ပါတယ်လို့လည်း ကျနော်တို့ကိုရှင်းပြပါတယ်...'ဟု ဖြေကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည့်ကို ဂုဏ်ပြုချီးမြင့်တဲ့ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး(Democracy and Peace)ဆုကို ဂျပန်နိုင်ငံ၏ အင်အားကြီးနိုင်ငံရေးပါတီ(၄)ခုဖြစ်သော Liberal Democratic Party, Democratic Party of Japan, New Komeido Paty, Shaminto Party တို့မှ တညီတညွတ်တည်း ပေးအပ်ခဲ့ကြကြောင်း လည်း ကိုလင်းအောင်မှဆက်လက်ရှင်းပြပါတယ်။

ဆန္ဒပြပွဲပြုလုပ်ခြင်း

တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်တွင်တည်ရှိသော နအဖစစ်အခွန်ရုံးရှေ့တွင် မတရားဖမ်းဆီးထိန်းသိမ်းခံနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွှတ်မြောက်ရေးအတွက်ြေ<ွကးကြော်ဆန္ဒပြခြင်းတရပ်ကို နေ့လယ် ၁းဝဝ နာရီမှ ၄းဝဝ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွှတ်မြောက်ဖို့ြေ<ွကးကြော်ခဲ့ကြသလို၊ မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်အတွက် အမှတ်တရကဗျာများရွတ်ဆိုခြင်းများလည်း ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါဆန္ဒပြပွဲတွင် ကိုသောင်းမြင့်ဦးမှ 'ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတာ ချီးကျူးထိုက်သူကို ချီးကျူးတာဟာ အင်မတန်မြင့်မြတ်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ မနာလို မရှုစိမ့်တဲ့ စစ်အာဏာရှင်တွေသာ မွန်မြတ်သူကို ထောင်သွင်းအကျဉ်းချထားတာဖြစ်တယ်။ ကျနော်တို့အားလုံးကတော့ ကိုယ့်ခေါင်းဆောင်ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်တွေကို စံနမူနာထားပြီး ဒေါ်အောင်ဆန်းစုကြည်အမြဲမှာနေတဲ့အတိုင်း စည်းကမ်းရှိရှိနဲ့ တဦးနဲ့တဦးလေးစားတဲ့ အပြောအဆို အပြုအမှုလုပ်ရပ်တွေနဲ့ တဦးချင်း တယောက်ခြင်းစီက ကိုယ့်နိုင်ငံအတွက် ကြိုးစားကြမယ်ဆိုရင် ကျနော်တို့တိုင်းပြည်ရဲ့ မဝေးတော့တဲ့ အနာဂတ်ဒီမိုကရေစီပန်းတိုင်ကို အရယူနိုင်မှာဖြစ်တယ်...'ဟု ပြောဆိုသွားခဲ့ပါတယ်။
ဆုတောင်းခြင်းနှင့် ငှက်လွှတ်ခြင်း


ညနေ ၅ နာရီအချိန်မှာတော့ ရှီဘုယရပ်ကွက်ရှိ ကုသမဂ္ဂအဆောက်အဦရှေ့တွင် ၆၄ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ဘာသာပေါင်းစုံမှဆုတောင်းခြင်း၊ အန္တရာယ်ကင်းရှင်းအောင် မေတ္တာပို့သခြင်းတို့ပြုလုပ်ခဲ့ကြပြီး သက်စေ့ဆီးမီးထွနးညှိခြင်းများလည်း ပြုလုပ်ခဲ့ကြပါတယ်။
မတရားအကျဉ်းကျခံနေတဲ့ဘဝမှ အမြန်ဆုံးလွှတ်မြောက်အောင် ငှက်လွှတ်ခြင်းများကို JACမှဦးဆောင်၍ ပြုလုပ်ခဲ့ကြပါတယ်။
နောက်ဆုံးပိတ်အနေဖြင့် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ FREEDOMဖြင့် မွေးနေ့ဆုမွန်ကောင်းတောင်းရင်း သီဆိုဂုဏ်ပြုခဲ့ကြပါတယ်။

မှတ်တမ်းဓါတ်ပုံနှင့်သတင်းရေးသားသူ
မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများ
စိုးဝင်းရှိန်၊ သန်ံမျိုးထွေး၊ နန်းအိမွန်ချစ်၊ မင်းညိုဝမ်း

Wednesday, June 17, 2009

ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်မွေးနေ့အတွက်ရည်စူး၍ ဂျပန်ရောက်မြန်မာများဆန်နှင့်အစားအသောက်များလှူတန်း

ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့်မွေးနေ့မင်္ဂလာအထိမ်းအမှတ်ကို ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသူ/သားများမှ ကောင်းမှုကုသိုလ်ပြုလုပ်သည့်အနေဖြင့် ထိုင်းနိုင်ငံ၊ တပ်ခရိုင် မဲဆောက်မြို့ဧရိယာအတွင်း၌ မှီတင်းနေထိုင်နေကြသော မြန်မာနိုင်ငံသူ/သားများကို အလှူအတန်းများပြုလုပ်နေလျက်ရှိသည်။

ဇွန်လ ၁၃ ရက်နေ့တွင် မဲဆောက်မြို့ သောင်ရင်းရပ်ကွပ်ရှိ ရပ်ကွပ်ဏ္ဍပ်၌ လူဦးရေ(၃၀၀)စာအတွက် အစားအသောက်များဖြစ်သည့် ဆန်(၄)ကီလို၊ ငါးသေတ္တာတစ်ဗူး၊ ခေါက်ဆွဲခြောက်(၂)ဆီပေးဝေလှူတန်းကုသိုလ်ပြုခဲ့သည်။

ဇွန်လ ၁၄ ရက်နေ့တွင် မဲဆောက်ရှိ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၊ ပန်းကံ့ကော်အလုပ်သမားအဖွဲ့၊ မြန်မာနိုင်ငံရေး အကျဉ်းသားသမဂ္ဂ (BPPU) ၊ ချစ်ထွန်းအထည်ချုပ် အလုပ်သမားများ၊ ပန်းရံ အလုပ်သမားများကိုပေးဝေလှူတန်းကုသိုလ်ပြုခဲ့သည်။

လူတစ်ဦးလျှင် ဂျပန်ယန်း(၃ဝဝ) ထိုင်းဘတ်ငွေ(၁ဝဝ)နှင့်ညီမျှသော အစားအသောက်များဖြစ်သည့် ဆန်(၄)ကီလို၊ ငါးသေတ္တာတစ်ဗူး၊ ခေါက်ဆွဲခြောက်(၂)ဆီပေးဝေခဲ့ပြီး ယနေ့အချိန်(ဇွန်လ ၁၇ ရက်)အထိ လူ(၇ဝဝ)ကျော်အထိ ပေးဝေလှူတန်းခဲ့ပြီးဖြစ်သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက်ရည်စူး၍ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသူ/သားများ၏ ကောင်းမှုကုသိုလ်အလှူဒါနကို ထိုင်းနိုင်ငံအခြေစိုက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(Human Resource Development Program)တာဝန်ခံများမှ တာဝန်ယူ၍ ပြုလုပ်ပေးနေလျှက်ရှိပြီး မဲဆောက်မြို့ဧရိယာအတွင်းရှိ မြန်မာနိုင်ငံသူ/သား အလုပ်သမားများပါအပါအဝင် လူသုံးထောင်(၃,ဝဝဝ)ကျော်အတွက် ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသူ/သားများမှ အလှူဒါနပြုလုပ်သွားမည်ဖြစ်ပြီး ယခုအချိန်အထိ ဂျပန်ယန်း သောင်းတစ်ရာ(မြန်မာငွေ သိန်းတစ်ရာကျော်)ပေးပို့လှူတန်းထားကြောင်းလည်း သိရှိရသည်။


Monday, June 15, 2009

ဒေါ်အောင်ဆန်းစုကြည်(၆၄)နှစ်ပြည့်မွေးနေ့အခမ်းအနားတွင် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သူ/သားများ၏ ဂုဏ်ပြုသီဆိုသော Freedom သီချင်း

ဗီဒီယိုမှတ်တမ်းတင်ရိုက်ကူးပေးသော ကိုမောင်တူးအားအထူးကျေးဇူးတင်ရှိပါသည်။
ဒေါင်းမာန်ဟုန်

Sunday, June 14, 2009

Saturday, June 13, 2009

Freedom Song မိုးသောက်ကြယ်အဖွဲ့သူအဖွဲ့သားများအတွက်..

(၆၄) နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ်နေ့တွင် သီဆိုဖျော်ဖြေမည့် မိုးသောက်ကြယ်အဖွဲ့သူအဖွဲ့သားများအတွက်.. မူရင်းအဆိုတော်Paul McCartney ၏ FREE DOM သီချင်းအစပိုင်းတွင် intro timing ခေါ်၍ စည်းဝါးကိုက်လက်ခုတ်တီးပုံကို သိရှိနည်းလည်စေနိုင်ရန်အတွက်ရည်ရွယ်ပြီး မေတ္တာဖြင့်ဖော်ပြလိုက်ပါသည်။
ဒေါင်းမာန်ဟုန်

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်ဆန်နှင့်အစားအစာလှူဒါန်းပွဲ အစောပိုင်းပြင်ဆင်ထားရှိမှု အစီရင်ခံစာ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိန်းအမှတ် ဆန်နှင့်အစားအစာ လှူဒါန်းပွဲတွင် အသုံးပြုမည့် ပိုစတာ


အစောပိုင်းပြင်ဆင်ဆောင်ရွက်ထားရှိမှု

(၆၄) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိန်းအမှတ်အဖြစ် ထိုင်းနိုင်ငံ တပ်ခ်ခရိုင် မဲဆောက်မြို့ဧရိယာအတွင်း၌ အလုပ် အကိုင်ရှားပါးမှု၊ ရာသီဥတုဖေါက်ပြန်မှုတို့ကြောင့် အနေဆင်းရဲ၍ အကျပ်အတည်းရောက်နေသော တိုင်းရင်းသားညီအကို မောင်နှမများ အတွက် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသူ/နိုင်ငံသားများမှ လူသားချင်းစာနာသောအားဖြင့် မိမိတို့တတ်နိုင်သ မျှဝိုင်းဝန်း ကူညီပံပိုး လှူဒါန်းသော ဆန်နှင့်အစားအစာများအား ဝေငှပေးသောအစီအစဉ်အား အောက်ပါအတိုင်း စီစဉ်ဆောင်ရွက်ထားရှိ ပါသည်။

၁. ပထမအစောပိုင်း စီစဉ်မှုများ
ဤနှစ်ဆန်းမှစ၍ဒေသအတွင်း၌ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းရိုက်ခတ်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ ရာသီဥတုဖေါက်ပြန်မှု တို့ကြောင့် အနေဆင်းရဲ၍ အကျပ်အတည်း ရောက်နေသော တိုင်းရင်းသားပြည်သူတွေ လူသားချင်းစာနာမှုအကူအညီအား အစီအစဉ်တရပ်အား ဂျပန်နိုင်ငံရောက် မြန်မာ့ရေးရာအဖွဲ့အစည်းများဖြစ်ကြသော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်ရေးအစီအစဉ် (HRDP-Japan) ၊ ဦးမောင်မောင်အေး (ဖန်မီးအိမ်ဖေါင်ဒေးရှင်း)၊ ဦးဘုန်းလှိုင် (FWUBC) ၊ မိုးသောက်ကြယ် စာကြည့်တိုက်ဝိုင်း တော်သားများထံသို့ ရေးဆွဲတင်ပြခဲ့ပြီးဖြစ်ပါသည်။
ထိုသို့သို့တင်ပြခဲ့ပြီးနောက် အလှူဖြစ်မြောက်ရေးအတွက် ဖြစ်နိုင်ချေများကို နယ်ပယ်အသီးသီးမှ စေတနာရှင်များ၊ အကြံပေး ပုဂ္ဂိုလ်များ၊ မဲဆောက်ဒေသဆိုင်ရာရပ်ကွပ်လူကြီးများ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတတ်ရေးအစီအစဉ်မှ အဖွဲ့ဝင်များအားလုံးတို့သည် လေ့လာဆွေးနွေး၍ ထိုင်းဘတ်ငွေ (300,000) ပမာဏရှိသော ဆန်နှင့်အစားအစာလှူဒါန်းမည့်အစီအစဉ်အား လွန်ခဲ့သော (မေလ ၁ ရက်နေ့) မှစတင်၍ အကောင်းအထည်ဖေါ်ဆောင်ရွက်ခဲ့ပါသည်။
အလှူဖြစ်မြောက်ရေးအစီအစဉ်အရ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားအနေဖြင့် မိမိတို့၏ ရင်ဆိုင်နေရသော အခက်အခဲများ၌ ၀န်မပိမိစေရန် လူတဦးလျှင် ယန်း(၃၀၀) ဖြင့် အလှူဖြစ်မြောက်အောင် အစီအစဉ်ရေးဆွဲ၍ မေလ ၁ ရက်နေ့မှစတင်ကာ အလှူရှင် (၂၅၀၀) ဦးအတွက် အလှူခံဖြတ်ပိုင်းစာအုပ်များရိုက်နှိပ်ထုတ်ဝေခဲ့ပြီး တာဝန်ခံအသီးသီးတို့ထံ အလှူခံဖြတ်ပိုင်းစာအုပ်များအား ခွဲဝေကောက်ခံခဲ့ပါသည်။
မူလအစီအစဉ်အရ လူဦးရေ (၂၅၀၀ - ၃၀၀၀) အတွက် ရည်ရွယ်၍ စုစုပေါင်းကုန်ကျစရိတ်အား (300,000) သတ်မှတ်ခဲ့သည့် အလျှောက် ဤနေ့နောက်ဆုံးရရှိသည့် အလှူငွေစုစုပေါင်းမှာ (317,599.12) ဘတ်အား ကောက်ခံရရှိခဲ့သည်။ ထို့ကြောင့် မူလ ရည်မှန်းချက်အားကျော်လွန်သွားခဲ့ပြီ ဖြစ်သောကြာင့် ရာခိုင်နှုံးပြည်မှီကျော်လွန်စွာဖြင့် တာဝန်ခံပုဂ္ဂိုလ်အသီးသီးတို့မှ ဆောင်ရွက် နိုင်ခဲ့ကြပါသည်။
ထို့ကြောင့် မဲဆောက်အခြေစိုက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတတ်ရေးအစီအစဉ်မှ အလှူဖြစ်မြောက်ရေးအတွက် ၀ိုင်းဆောင် ရွက်ခဲ့ကြသော ဂျပန်နိုင်ငံအခြေစိုက် အဖွဲ့အစည်းအသီးသီးတို့အား၎င်း၊ တာဝန်ခံပုဂ္ဂိုလ်အသီးသီးတို့အား၎င်း၊ စေတနာရှင် ပုဂ္ဂိုလ်အသီး သီးတို့အား အထူးကျေးဇူးတင်ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။



၂. မဲဆောက်ဒေသ အလှူအစီအစဉ်၏ ရှေးဦးပြင်ဆင်မှုများ

မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်သော မဲဆောက်မြို့၌ မြန်မာနိုင်ငံ၌ဖြစ်ပေးနေသော မတရားသည့်နိုင်ငံရေးစနစ်ဆိုးအောက်၌ နေထိုင်လှုပ်ရှားနေရသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူလူထုတို့၏ မျက်မှောက်ရင်ဆိုင်နေရသော အလုပ်အကိုင်ရှားပါးမှု၊ ရာသီဥတုဖေါက်ပြန်မှုတို့ကြောင့် အခက်အခဲအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသော အခြေအနေမှာ တနေ့တခြားဆိုးရွား လျှက် ရှိပါသည်။
ထို့ကြောင့် အထက်၌တင်ပြခဲ့သည့်အတိုင်း ဒေသအတွင်း၌ နိုင်ငံရေးအရသော်၎င်း၊ လူမှုရေးအရသော်၎င်း ကိုက်ညီမည့် လှုပ်ရှားဆောင်ရွက်မှုအစီအစဉ်တရပ်အား ရှာဖွေလေ့လာ၍ ဒေသခံများနှင့် ဖြစ်နိုင်ချေများအား ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရ၌ …
၁. အလှူ၏ ရည်ရွယ်ချက်
၂. အလှူပြုလုပ်မည့် နေရာ
၃. လိုအပ်သော အထောက်အပံ့နှင့် လုံခြုံရေးအစီအစဉ်
၎. ဝေငှပေးလှူမည့် ပစ္စည်း
စသော အစီအစဉ်များအား လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတတ်ရေးအစီအစဉ် (HRDP) မှ ပြုလုပ်နိုင်ရန် မဲဆောက် မြို့ မြို့နယ်ရုံးသို့ ယခုလအစောပိုင်း၌ တင်ပြ၍ ခွင့်ပြုချက်တောင်းခံခဲ့ပါသည်။ သို့သော် မြို့နယ်ရုံးမှ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတတ်ရေးအစီအစဉ် (HRDP) ရုံးသည် မြို့နယ်ရုံးမှ မဲဆောက်မြို့တော်ဝင်အိမ်နှင့် အလွန်နီးကပ်လျှက်ရှိခြင်း၊ လမ်းကြော ကျဉ်းခြင်းတို့ကြောင့် အခြားတနေရာတခုအား ထပ်မံစဉ်းစားပေးပါရန် ပြန်လည်တောင်းဆိုခဲ့ပါသည်။
ထို့ကြောင့် ကျနော်တို့အနေဖြင့် အခြားနေရာတခုအား ဆက်လက်ရှာဖွေရန်နှင့် နောက်တနေရာ၌ ကျင်းပခွင့်ပေးရမည့် ဟူသော သဘောတူညီချက်ဖြင့် မဲဆောက်မြို့ ကျောင်းကြီးကျောင်း ဘုန်းတော်ကြီးကျောင်းအတွင်း ကျင်းပခွင့်ရန် (HRDP) မှ အင်္ဂလိပ် စာနည်းပြဆရာကြီး ဦးကျော်ဝင်းအား တာဝန်ပေး ညှိနှိုင်းစေခဲ့ပါသည်။ ကျောင်းကြီးကျောင်းဆရာတောမှ ခွင့်ပြုသောကြောင့် အလှူ ကျင်းပခွင့် ရရန် ဆက်လက် ဆောင်ရွက်ရမည့် မြို့နယ်ခွင့်ပြုချက်ရရှိအောင် ဆက်လက်ညှိနှိုင်းပြင်ဆင်မှု များဆောင်ရွက် နေစဉ်အတော အတွင်း ကျောင်းကြီးကျောင်းဆရာတော်ကြီးမှ အကြံပြုချက်တခုအား မိန့်ကြားခဲ့ပါသည်။
ဆရာတော်ဘုရားမှ မိန့်ကြားသည်မှာ ဤတနေရာတည်း၌ ပြုလုပ်လျှင် အမှန်တကယ်လိုအပ်နေသောသူများထံ မရောက်နိုင်ကြောင်း၊ လူဦးရေ အလွန်များပြားနိုင်ကြောင်း၊ လုံခြုံရေးနှင့်အလှူမပျက်အောင် ထိန်းသိမ်းရခက်မည်ဖြစ်ကြောင်း၊ ဆင်းရဲသားများထံတိုက်ရိုက်ရောက်ရှိမည့် နည်းလမ်းများစဉ်းစားရှာဖွေရန် မိန့်ကြားချက်ကြောင့် အလှူပြုလုပ်မည့်နေရာအား ပြန်လည်သုံးသပ်ရန်ဖြစ်လာခဲ့ပါသည်။
ထို့ကြောင့် ဆင်းရဲသားများထံတိုက်ရိုက်ရောက်ရှိမည့်နည်းလမ်းအား ဆက်လက်ရှာဖွေသည့် အလုပ်သည် ခက်ခဲသည့် အလုပ်မဟုတ်သည်အလျောက် ကျင်းပရန်လည်း လွယ်ကူသည့်အလုပ်တခုမဟုတ်ပါ။ အကြောင်းမှာ…
၁. များပြားလှသောဆင်းရဲသူ/သားများနှင့် ကျနော်တို့မှ ပေးလှူနိုင်သော ပမာဏ ကွာခြားလွန်ခြင်း။
၂. နေရာများခွဲဝေလှူရာ၌လည်း တနေရာလျှင် အလွန်ဆုံး (၅၀၀) ဦးအတွက်သာ ပေးနိုင်မည်ခြင်း။
၃. လမ်းပန်းကုန်ကျစရိတ်နှင့် အခြားသော ၀န်ဆောင်မှုကုန်ကျစရိတ်များ မလိုအပ်ဘဲ ပိုမိုကျယ်ပြန့်လာခြင်း။
၎. တနေ့တည်းတပြိုင်နက်မပြုလုပ်နိုင်ခြင်း။
၅. ရည်မှန်းချက်သို့မရောက်ဘဲ မလိုလားအပ်သော ပြဿနာများ ဖြစ်ပေးလာနိုင်ခြင်း တို့ကြောင့် ပြုလုပ်မည့်နေရာအား အောက်ပါအချက်များအပေါ် အခြေခံ၍ ပြန်လည်လေ့လာဆွေးနွေးခဲ့ပါသည်။

၁. နယ်မြေလုံခြုံရေးဆောင်ရွက်ပေးနိုင်သောနေရာ
၂. အမှန်တကယ်လိုအပ်နေသောနေရာ

၃. လူဦးရေနှင့် ပေးလှူနိုင်သော စွမ်းအား ညီမျှသောနေရာ
၎. ပိုစတာဆိုက်ထူခွင့်ရရှိမည့်နေရာ
၅. ဒေသခံများနှင့် မိမိတို့ပူးပေါင်းဆောင်ရွက်နိုင်သောနေရာ
၆. ကုန်ကျစရိတ်သက်သာသော မနီးလွန်း/ မဝေးလွန်းသောနေရာ
စသည့်အချက်များအပေါ် အခြေခံ၍ မဲ့ကဆာမြိုနယ် နေရာအား စတင်လေ့လာ၍ ဒေသခံ ပုဂ္ဂိုလ်များနှင့် နေးမြန်းဆွေးနွေး၍ ဖြစ်နိုင်ချေများအား ရှာဖွေခဲ့ပါသည်။ မဲံကဆာမြို့နယ် ဒေသခံ မြန်မာလူကြီးများ၏ မေတ္တာရပ်ခံချက်၊ ၎င်းပုဂ္ဂိုလ်တို့မှ ဆက်လက်၍ ကျေးရွာဘုန်းကြီးကျောင်း ဆရာတော်များ၊ ရွာသူကြီးများနှင့် ဆိုင်ရာ တာဝန်ခံများထံ ကျနော့်၏တောင်းဆိုချက်များအပေါ် ဆက်လက် တင်ပြ၍ ခွင့်ပြုတောင်းခံပါသည်။
ထို့နေ၌ပင် ၎င်းတို့ဘက်မှ အထက်၌ဖေါ်ပြခဲ့သော အချက်များအား တာဝန်ယူနိုင်ပါကြောင်း ခွင့်ပြုချက်လည်း ရရှိပါကြောင်း ပြန်လည်အကြောင်းကြားခဲ့ပြီး ကျနော့်၏ဆန္ဒသဘောထား အဆုံးအဖြတ်အားတောင်းခံခဲ့ပါသည်။ ထို့ကြောင့် ကျနော့်အနေဖြင့် ယေဘူယျအားဖြင့် မဲ့ကဆာနေရာဒေသအား ရွေးချယ်ပါကြောင်း သို့သော် ဇွန်လ (၁၃) ရက်နေ့ စနေနေ့၌ ကျနော်ကိုယ်တိုင်လာရောက်၍ ဒေသအခြေအနေနှင့် လူကြီးမင်းတို့မှ တာဝန်ယူပေးရမည့်အပိုင်းတို့အား အသေးစိတ်ဆွေးနွေး လိုပါသေးကြောင်း ဤအလှူသည် ဒေါ်အောင်ဆန်းစုကြည်အားဂုဏ်ပြုသေားအားဖြင့် သူမချစ်သော ပြည်သူတွေအတွက် ကျနော်တို့မှ သူမအစား ဆောင်ရွက်ခြင်းဖြစ်သောကြောင့်တကြောင်း၊ ဂျပန်ရောက် မြန်မာနိုင်ငံသူ/နိုင်ငံသားများမှ လူသားချင်းစာနာစိတ်စိတ်အပေါ် အခြေခံ၍ လှူဒါန်းကြသည်ဖြစ်ခြင်းကြောင့် အရေးကြီးပါကြောင်း ထို့ကြောင့် ကြိုတင်ပြင်ဆင်မှုများအား စနစ်တကျဆောင်ရွက်နိုင်ပါမှ ကျနော်တို့အနေဖြင့် တော်ရာကျမည်ဖြစ်ကြောင်း၊ နောင်၌လည်း ထိုထက်မကလှူဒါန်းနိုင်အောင် လှူဒါန်းလိုစိတ်များဖြစ်အောင်လည်း ကျနော်တို့အားလုံးအနေဖြင့် အလှူရှင်များ စိတ်ချမ်းသာမှုရှိစေရန် အထူးသတိပြုဆောင်ရွက်ရန်လိုကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။
ထို့ကြောင့် ၁၃ ရက်နေ့ စနေနေ့၌ ကျနော်သည် မဲ့ကဆာသို့သွားရောက်၍ အလှူအစီအစဉ်အား စနစ်တကျထပ်မံ ပြင်ဆင်သွားမည်ဖြစ်ပါသည်။

ဒုတိယရွေးချယ်ထားသောနေရာ

အကယ်၍ တစုံတရာ အခက်အခဲကြောင့်သော်၎င်း ပထမရွေးချယ်ထားသောနေရာ၌ ပြုလုပ်မည့် အစီအစဉ်သည် ပြောင်းလဲရန် လိုအပ်ပါက အရန်သတ်မှတ်ထားသော နေရာတခုအားလည်းရွေးချယ်ထားရှိပြီးဖြစ်ပါသည်။ မဲ့သောင်ဟုခေါ်သော ကျေးရွာကြီးတခုဖြစ်ပြီး ဒေသခံလူကြီးမှလည်း အလွန်လိုလားမှုကြောင့် မူလနေရာသတ်မှတ်ပြီးဖြစ်သော်လည်း အရန်အနေဖြင့် အလွန်အခြေအနေဆိုးသော လူဦးရေ (၃၀၀) ဦးအတွက် ပဏာမအလှူငယ်တခုအား ပြုလုပ်ပေးမည်ဖြစ်ပါသည်။
ထို့နေရာသည်လည်း ကျနော်တို့တောင်းဆိုသည့် အချက်များအတွက် တာဝန်ယူနိုင်သောသူများဖြစ်သောကြောင့် အလှူ အကြီးအား မလုပ်ပေးနိုင်သေးသော်လည်း အလှူငယ်အတွက်ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်၍ (၁၃) ရက်နေ့ စနေနေ့ နံနက် (၁၀) နာရီ၌ ၎င်း မဲ့သောင် ကျေးရွာကြီး၌ လူဦးရေ (၃၀၀) စာအတွက် အစားအစာများအား ဝေငှပေးသွားမည်ဖြစ်ပါသည်။
ထိုသို့ပေးဝေရာ၌ ဒေသခံလူကြီးမင်းများနှင့် ထိုင်းဆရာတော်များကပါ ပါဝင်ပူးပေါင်းဆောင်မည်ဖြစ်ပြီး HRDP မှ တာဝန်ရှိသူများနှင့် ကျောင်းသူ/ကျောင်းသားများကပါ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လတ်တလောအရေးပေါ်လိုအပ်နေသောနေရာ

မဲ့ဆောက်မြို့အတွင်း၌ အလုပ်သမားရေးရာ အခြေစိုက်အဖွဲ့အစည်း (၂) ဖွဲ့မှ စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရသော အလုပ်သမားဦးရေ စုစုပေါင်း (၃၀၀)နှင့် စားဝတ်နေရေးဒုက္ခအခက်အခဲနှင့် ရင်ဆိုင်နေရသော နိုင်ငံရေးသမားမိသားစုဝင် (၅၀) ဦးစာ အတွက် အရေးပေါ်လိုအပ်ချက်တရပ်အား HRDP အင်္ဂလိပ်စာနည်ပြ ဆရာကြီး ဦးကျော်ဝင်းမှ တင်ပြလာသောကြောင့် အလုပ်သမား အဖွဲ့အစည်း (၂) ခုနှင့် ဖေါ်ပြပါ စားဝတ်နေရေးအခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော နိုင်ငံရေးသမားနှင့်၎င်းတို့၏ မိသားစုဝင် (၅၀) ဦးစာအတွက် စုစုပေါင်း လူဦးရေစုစုပေါင်း (၃၅၀) စာအတွက် ဆန်နှင့်အစားအစာ များပေးဝေလှူဒါန်းသွားမည်ဖြစ်ပါသည်။ ဤလှူဒါန်းမှုကိုလည်း HRDP မှ ကျောင်းသူ/သားလေးများမှ ဦးဆောင်၍ပေးဝေလှူဒါန်းသွားစေမည်ဖြစ်ပါသည်။


ပစ္စည်းများဝယ်ယူထားရှိမှုအခြေအနေ


ဤအစီရင်ခံစာရေးနေသည့် နောက်ဆုံးအေခြအနေထိ အလှူငွေလက်ခံရရှိမှုအနေအထားမှာ စုစုပေါင်း ထိုင်းဘတ်ငွေ (317,599.12) အား ဘဏ်စာရင်းအရသိရှိရပြီး ၀ယ်ယူထားရှိမှု အခြေအနေများအား ပူးတွဲပါ (Project Expenditure Control) အသုံးစရိတ်အစီရင်ခံစာဖြင့် တင်ပြထားပါသည်။

ပစ္စည်းများဝယ်ယူထားရှိမှုနှင့် ပြင်ဆင်ထားရှိသော အခြေအနေများ

လူတဦးစီ ဤကဲ့သို့မျှဝေလှူဒါန်းမည့်ပုံ






ပထမအကြိမ်အဖြစ် ဆန်အိတ် (၂၀၀) အား () ကီလိုဂရမ် အလေးချိန်ရှိသော အိတ်ငယ်များအဖြစ် ချိန်တွယ် ပြင်ဆင်ဆောင်နေပုံ

Maximum amount for 200 x 12 = 2500

ဆန် ၁ အိတ် = ၄၈ ကီလို

200 = ဆန်အိတ်ပေါင်း

၁၂ = ဆန်တအိတ်မှ ရရှိသော ဆန်အိတ်ငယ်အရေအတွက်

ဆန်အိတ်ငယ်() အိတ် = ၄ ကီလိုဂရမ်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ်၎င်း၊ ဂုဏ်ပြုသောအားဖြင့်၎င်း တိုင်းနိုင်ငံ တခုလုံး၏ အကျိုးစီးပွါးအား ကျနော်တို့ မဆောင်ရွက်နိုင်သေးခင် ကြားကာလအချိန်တခု၌ မိမိတို့တတ်နိုင်သလောက် မိမိတို့စွမ်းနိုင်သလောက် ခွန်အားတွေဖြင့် လူ့အဖွဲ့ အစည်းအတွင်း၌ ဖြစ်ပေါ်လိုအပ်ချက်တွေကို ၀ိုင်းဝန်းကူညီဆောင်ရွက်နေရင်းပင် နိုင်ငံရေးဟုခေါ်သော နိုင်ငံ့အရေးကိစ္စ (သို့) တိုင်းနိုင်ငံ တခုအတွင်းမှီတင်းနေထိုင်ကြသော ညီအကိုမောင်နှမအချင်းချင်းအကြား “ သူရှိမှ ကိုယ်ရှိမည်၊ ကိုယ်ရှိမှ သူရှိမည်” ဟူသည့် လူလူချင်း တန်ဖိုးထားသောစိတ်တွေဖြင့် ရပ်ကျိုးရွာကျိုးမှသည် တိုင်းကျိုးပြည်ကျိုးထိ ထို့မှတဆင့် ကမ္ဘာ့လူ့အဖွဲ့အစည်းအကျိုးတိုကို ဆောင်ရွက်ရင်း ကျနော်တို့အသက်ခန္ဓာသေဆုံးသွားသည့်တိုင် လောက၌ လူဖြစ်ရကျိုးနပ်ပါကြောင်း တင်ပြလိုပါသည်။

မည်သို့ပင်ဆိုစေ ဤအလှူသည် ကျနော် ဘယ်လောက်အကြံပေးပေး ဂျပန်နိုင်ငံရောက် ကျနော့်၏ အကိုကြီး/ အမကြီးများလည်းဖြစ်ကြသော ပုဂ္ဂိုလ်အသီးသီးတို့သည်၎င်း၊ ညီ /ညီမလေးများလိုတဖုံ၊ နိုင်ငံ့အရေး လုပ်ဖေါ်ကိုင်ဖက်သူငယ်ချင်းများ အားလုံးတို့၏ အပင်ပန်းခံ၍ ဦးဆောင်ပူးပေါင်းဆောင်ရွက်မှုကြောင့်သာ ဤအစီအစဉ်သည် အကောင်အထည်ပေါ်လာရခြင်းဖြစ် ပါကြောင်း ကျနော်ဝန်ခံအပ်ပါသည်ခင်ဗျာ။

ထို့ကြောင့် ဤအစီအစဉ်၏ အဓိကပုဂ္ဂိုလ်များဖြစ်ကြသော ဦးညီညီပေါက်၊ ဦးမောင်မောင်အေး၊ မတင်တင်ဝင်း၊ ဦးဘုန်းလှိုင်၊ ဦးဝင်းထိန် အစရှိသော ပုဂ္ဂိုလ်များအား၎င်း၊ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကွန်ပြူတာ သတင်းပညာရပ်များဖြင့် ၀ိုင်းဝန်းအားဖြည့် ဆောင်ရွက်ပေးနေသော ကိုစိုးဝင်းရှိန်၊ ကိုသန်းထွဋ်(ဒေါင်းမာန်ဟုန်ဘလောက်)တို့အား၎င်း၊ အစီအစဉ်ဖြစ်မြောက်အောင်ဝိုင်းဝန်းကူညီ၍ အလှူငွေများကောင်ခံ ပေးကြသော ကျနော့်၏ အကို/ အမများဖြစ်ကြသော ပုဂ္ဂိုလ်အသီးသီးတို့အား၎င်း၊ အဖွဲ့အစည်းအသီးသီးမှ ၀ိုင်းဝန်းကူညီဆောင်ရွက် ပေးကြသော ပုဂ္ဂိုလ် အသီးသီးတို့အား၎င်း၊ အလှူရှင်စေတနာရှင်ပုဂ္ဂိုလ်အသီးသီးတို့အား လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်ရေး အစီအစဉ် ကိုယ်စား ၀မ်းမြောက်စွာဖြင့် အထူးကျေးဇူးတင်ဂုဏ်ယူမိပါကြောင်း တင်ပြအစီရင်ခံရင်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိန်းအမှတ် ဆန်နှင့်အစားအစာလှူဒါန်းပွဲ အစီအစဉ်၏ အစောပိုင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုအစီရင်ခံစာအား ဤနေရာ၌ နိဂုံးချုပ်အပ်ပါသည်ခင်ဗျား။
အားလုံးသော ပုဂ္ဂိုလ်အသီးသီးတို့သည် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည်စုံကြပါစေ။

လေးစားစွာဖြင့်
မောင်စည်သူ
လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတတ်ရေးအစီအစဉ်
မဲဆောက်
၁၂.၆.၂၀၀၉

ဂျပန်ရောက်မြန်မာများပြုလုပ်ကြမည့် (၆၄)နှစ်ပြည့်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ကောင်းမှုကုသိုလ်ပြုပွဲနှင့်အထိမ်းအမှတ်အခမ်းအနားသတင်းများ

ဇွန်လ ၁၉ ရက်(သောကြာနေ့)တွင်ကျရောက်မည့် မြန်မာ့ဒီမိုက ရေစီ ခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုလ်ဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၏ (၆၄)နှစ်မြောက် မွေးနေ့မင်္ဂလာနေ့ထူးနေ့မြတ်ကို ကြိုဆိုဂုဏ် ပြုသည့် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုချစ်မြတ်နိုးကြသည့် ဂျပန် နိုင်ငံရှိ မြန်မာ့ဒီမိုသမားများနှင့်မြန်မာပြည်သူ ပြည်သားများမှ ကောင်းမှု ပြုသိုလ်ပြုပွဲနှင့် အထိမ်းအမှတ်အခမ်းအနားများကို အောက်ပါအစီ အစဉ်အတိုင်းကျင်းပမည်ဟုသိရှိရပြီး၊ အတူတကွကုသိုလ်ပြုလိုသူ သို့မဟုတ် ပူးပေါင်းပါဝင်ဆင်နွှဲလိုသူများကိုလည်း ဖိတ်ခေါ်ကြိုဆို ထားကြောင်းသိရသည်။

အထိမ်းအမှတ်အခမ်းအနား

ဇွန်လ ၁၄ ရက်(တနင်္ဂနွေနေ့)တွင် (NLD-LA Japan)မှဦးစီး၍ တို ကျိုမြို့ အိုးစုခအရပ်ရှိ မိနာမိအိုးစုခခန်းမတွင် ညနေ ၆းဝဝ နာရီမှ ၉း၃ဝ နာရီအထိ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၆၄) နှစ်ပြည့်မွေ့နေ့အထိမ်းအမှတ်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကြမည်ဟုသိရပြီး တက်ရောက်ကြပါရန်ဖတ်ခေါ်ထားသည်။



ကောင်းမှုကုသိုလ်ပြုပွဲများ
(ငါးလွှတ်ခြင်း၊သွေးလှူခြင်းအစီအစဉ်များ)
ဇွန်လ ၁၉ ရက်(သောကြာနေ့)နံနက်ပိုင်းတွင် မိုးသောက်ကြယ်စာ ကြည့်တိုက်မှဦးစီး၍ မတရားဖမ်းဆီးထိန်းသိမ်းခံနေရသည့် ဒေါ်အောင် ဆန်းစုကြည် အမြန်ဆုံးလွှတ်မြောက်ဖို့နှင့် အသက်ရာကျော်ရှည်စေဖို့ အတွက် ဇီဝိတဒါနငါးလွှတ်ခြင်းနှင့်၊ သွေးလှူတန်းခြင်းအစီအစဉ်များ ကို အောက်ပါအတိုင်းကျင်းပမည်ဟုသိရပြီး အတူတကွပူးပေါင်း ကု သိုလ်ပြုလုပ်လိုသူများကိုလည်းဖိတ်ခေါ်ထားသည်။
ငါးလွှတ်ခြင်းကိုနံနက် ၁၁းဝဝ နာရီအချိန်တွင်ုတေေါကခ့ငရှိ ဗမေုတေမြေစ်တွင်ပြုလုပ်မှာဖြစ်ပြီး၊ သွေးလှူတန်းခြင်းကိုတော့ နေ့လည် ၁၂း၃ဝ နာရီတွင် ဗုင့ဘေမေရှေိသွေးလှူဘဏ်တွင် လှူတန်း ကြမည်ဖြစ်သည်။ အတူတကွပူးပေါင်းကုသိုလ်ပြုလုပ်လိုသူများ ဝ၉ဝ ၈၇၂ဝ ၉ဝ၁၇၊ ဝ၉ဝ ၂၄၈၆ ၂၈၉၇၊ ဝ၉ဝ ၉ဝ၁၇ ၂၁၆၆၊ ဝ၉ဝ ၆၁၅၂ ၂ဝ၂၉၊ ဝ၈ဝ ၁၂၁၉ ၈၅၃ဝသို့ ဆက်သွယ်နိုင်ပါသည်။

( ငှက်လွှတ်ခြင်း၊ ဆီးမီးသက်စေထွန်းညှိခြင်း)
အဆိုနေ့ညနေပိုင်းတွင် ငှက်လွှတ်ခြင်းအစီအစဉ်ကို ဂျပန်နိုင်ငံရှိ ဒီမို ကရေစီအဖွဲ့အစည်းများပူးပေါင်းထားသေဲာဗဃမှဦးစီး၍ ကျင်းပပြု လုပ်မှာဖြစ်ပြီး နေရာကိုယာယီအားဖြင့် ရှီဘူယရက်ကွက်ရှိ ကုလသမဂ္ဂ အဆောက်အဦရှေ့တွင်ပြုလုပ်ကြမည်ဟုသိရှိရသည်။


( ဆန်လှူတန်းခြင်း)
ဆန်နှင့်အစားအသောက်လှူတန်းခြင်းအစီအစဉ်ကိုတော့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှဦးစီး၍ ထိုင်းနိုင်ငံမဲဆောက် ဈေးတွင် ဇွန်လ ၁၉ ရက်နေ့၌ လှူတန်းပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါလှူတန်းခြင်းအစီအစဉ်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်နေ ထိုင်နေကြသည့် မြန်မာနိုင်ငံသားများကို ထိုင်းဘတ်ငွေ ၁ဝဝ နှင့်ညီ မျှသော ဆန်(၄)ကီလို၊ ကုလားပဲကီလိုဝက်နှင့် ငါးသေတ္တာတစ်ဗူးနှုန်းစီ လှူတန်းပေးဝေသွားမှာဖြစ်သည်။(ထိုင်းဘတ်ငွေ ၁ဝဝ လျင် ဂျပန်ယန်း ၃ဝဝ နှင့်ညီမျှသည်)
ဇွန်လ ၅ ရက်နေ့အထိ ကောက်ခံရရှိငွေများမှာ ဂျပန်ယန်း သောင်း တစ်ရာနီးပါးရရှိနေပြီဟုသိရှိရပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အတွက်ရည်စူး၍ မိမိနိုင်ငံ သားများကို ကုသိုလ်ပြုလှူတန်းသည့်အစီအစဉ်ဖြစ်သဖြင့် စေတနာ သဒ္ဒါတရားထက်သန်စွာဖြင့် လှူတန်းနေကြကြောင်းလည်း စုံစမ်းသိရှိရ သည်။

Thursday, June 11, 2009

ဒေါ်အောင်ဆန်းစုကြည်အသက်(၆၄)နှစ် ပြည့်မွေးနေ့ အထိမ်းအမှတ် ဆန်နှင့်အစားအစာလှူဒါန်းပွဲ အုပ်စု(၃)ငွေစာရင်းရှင်းတန်း

၀၉-၀၆-၂၀၀၉
မဲဆောက်မြို့ တွင် ၁၉-၀၆-၂၀၀၉ နေ့ ရက် ၌ ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်အသက်(၆၄)နှစ်
ပြည့်မွေးနေ့ အထိန်းအမှတ် ဆန်နှင့်အစားအစာလှူဒါန်းပွဲ အုပ်စု(၃)ငွေစာရင်းရှင်းတန်း
ကိုဘုန်းလှိုင်(FWUBC) နှင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမှကောက်ခံရရှိငွေ-(ယန်း၂၅၃၇၀၀)
(NLD(LA-JAPAN),HRWUB,LDB,BRSA , FWUBCအဖွဲ့ ဝင်များနှင့် ဂျပန်နိုင်ငံရောက်
မြန်မာနိုင်ငံသားများဝိုင်းဝန်းကောက်ခံ ထည့်ဝင်သည်)
ငွေစာရင်းရှင်းတန်းအသေးစိပ်

မဲဆောက်မြို့အလှူအတွက်ဂျပန်နိုင်ငံတွင်အုပ်စု(၃)စုခွဲ၍ တာဝန်ယူအလှူငွေကောက်ခံပြီး
အောက်ပါပုဂ္ဂိုလ်များမှတာဝန်ယူခဲ့ပါသည်။
အုပ်စု(၁)တာဝန်ခံ-ဦးညီညီပေါက်(HRDP)
အုပ်စု(၂)တာဝန်ခံ-ဒေါ်တင်တင်ဝင်း(မိုးသောက်ကြယ်)
အုပ်စု(၃)တာဝန်ခံ-ဦးဘုန်းလှိုင်(FWUBC)
အထက်ပါပုဂ္ဂိုလ်(၃)ဦးမှ မိမိတို့ နှင့်နီးစပ်သောအဖွဲ့ အစည်းအသီးသီးမှနိုင်ငံရေးလုပ်ဖော်ကိုင်ဖက်
များအားဆက်သွယ်ရှင်းလင်းတင်ပြပြီးအဖွဲ့ ပေါင်းစုံမှပုဂ္ဂိုလ်များက ဝိုင်းဝန်းကောက်ခံထည့်ဝင်ကြခြင်းဖြစ်ပါ
သည်။အကယ်၍ နောင်နှစ်တွင်ဒီမိုကရေစီစနစ်မြန်မာနိုင်ငံ၌ ပြန်လည်မထူထောင်နိုင်သေးပါကအလားတူ
အလှူဒါနပြုလုပ်ပြီးမြန်မာပြည်သူများအားပြည်ပရောက်နိုင်ငံရေးလုပ်ကိုင်သူများမှတနိုင်တပိုင်စည်းရုံးကူညီ
ခြင်းလုပ်ငန်းကို ပိုမိုကျယ်ကျယ်ပြန့် ပြန့် လုပ်ကိုင်ဆောင်ရွက်သွားရန်ရည်ရွယ်ပါသည်။အကယ်၍သာ HRDP အဖွဲ့ အနေဖြင့်ထိုင်းနိုင်ငံမဲဆောက်မြို့ တွင်ကျောင်းဖွင့်၍ ပညာသင်ကြားပို့ ချမှုများလုပ်ကိုင်နေခြင်းမရှိပါက ဤအလှူလည်းဖြစ်မြောက်လာနိုင်စရာမရှိသောကြောင့် HRDPအဖွဲ့ နှင့်အဖွဲ့ ဝင်များအထူးသဖြင့်ဤ
လူထုစည်းရုံးရေးအလှူကို စတင်အကြံရတင်ပြသူ ဦးစည်သူ(HRDP-မဲဆောက်မြို့ ) ၊ကျွန်တော်နှင့်အတူ
ဦးစည်သူ၏ အဆိုပြုချက်ကို ဝိုင်းဝန်းဆွေးနွေးအကောင်အထည်ဖော်ကြသောဖန်မီးအိမ်ဖောင်ဒေးရှင်
အထွေထွေအတွင်းရေးမှူးဦးမောင်မောင်အေး ၊ဦးညီညီပေါက်(HRDP-JAPAN)၊ ဦးဝင်းထိန်(HRDP-JAPAN)
မိုးသောက်ကြယ်စာကြည့်တိုက်တာဝန်ခံ ဒေါ်တင်တင်ဝင်းတို့ အား အထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်း
တင်ဖော်ပြပါသည်။အောက်ပါအလှူငွေစာရင်းရှင်းတန်းမှာ ကျွန်တော် ဘုန်းလှိုင်(FWUBC) တာဝန်ယုထား
သောအုပ်စု(၃)နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမှကောက်ခံရရှိသောငွေစာရင်းရှင်းတန်းဖြစ်ပါသည်။
ဦးညီညီပေါက်၊ဒေါ်တင်တင်ဝင်းတို့ တာဝန်ယူကောက်ခံထားသောအလှူငွေစာရင်းရှင်းတန်းကို
အဆိုပါပုဂ္ဂိုလ်များမှသီးခြားစီထုတ်ပြန်ကြေငြာမည်ဖြစ်ပါသည်။
ကျွန်တော်တို့အုပ်စု(၃)မှစုစုပေါင်းအလှူခံရရှိငွေမှာဂျပန်ယန်းငွေနှစ်သိန်းငါးသောင်းသုံးထောင့်ခုနှစ်ရာ
(၂၅၃၇၀၀ယန်း)တိတိ ဖြစ်ပါသည်။


အလှူခံစာရင်းရှင်းတန်းအသေးစိပ်
ဒေါ်ရတနာ(FWUBC)မှကောက်ခံရရှိငွေစာရင်း

အမှတ်စဉ် အလှူရှင်အမည် လှူဒါန်းငွေ(ယန်း)
မိုးမိုး ၃၀၀
အေးအေးခိုင် ၃၀၀
မင်းမင်း ၃၀၀
MIZUNO SAN ၅၀၀
ကိုကျော်ဇေယျ ၃၀၀
ယဉ်မေသန်း ၃၀၀
ကိုသန့် ထွန်း ၃၀၀
ဒေါက်တာချမ်းအေး ၅၀၀
စောအေးတင် ၃၀၀
၁၀ မိသက်သက်စံ ၁၀၀၀
၁၁ ရှောက်ဟွေ ၃၀၀
၁၂ စီစီချို ၃၀၀
၁၃ တင်မောင်ညို ၅၀၀
၁၄ ထွန်းဝင်းသိန်း ၃၀၀
၁၅ ဦးဇော်ထွန်း ၃၀၀
၁၆ ဦးတင်ဝင်း ၃၀၀
၁၇ ကိုထွန်းထွန်း ၅၀၀
၁၈ ဝါခက်ခက်ခိုင် ၃၀၀
၁၉ မြန်မာနိုင်ငံသားဇနီးမောင်နှံ ၆၀၀
၂၀ ဘိုဘိုသီဟ ၃၀၀
၂၁ လဲ့လဲ့ခင် ၃၀၀
၂၂ ကိုဥာဏ်လင်း ၃၀၀
၂၃ ငယ်ငယ်ခင် ၃၀၀
၂၄ NOMURA SAN ၃၀၀
၂၅ ညီညီအောင် ၃၀၀
၂၆ ဦးဇော်မင်းခိုင် ၃၀၀
၂၇ ဦးရွှေဘ ၁၀၀၀
၂၈ ကိုသောင်းမြင့်ဦး ၅၀၀
၂၉ ဦးလှအေးမောင် ၃၀၀
၃၀ လေးလေး ၁၀၀၀
၃၁ ကိုကျော်စိုး ၃၀၀
၃၂ သိန်းထူးမော် ၃၀၀
၃၃ ကိုသက်ဝင်းလှိုင် ၃၀၀
၃၄ ဇွဲသီရိ ၃၀၀
၃၅ ဦးကျော်ဦး ၂၀၀၀
၃၆ အုအဲ(ဂျပန်ဘာသာဖြင့်) ၃၀၀
၃၇ ကောင်းဇော်ထက် ၃၀၀
၃၈ ချမ်းမြေ့  ၃၀၀
၃၉ ဒေါ်အေးမွန်သွယ် ၃၀၀


၄၀ ကိုဝင့်ဇော်ထွဋ် ၃၀၀
၄၁ ကိုထွန်းဦးလှိုင် ၃၀၀
၄၂ စောအောင်မိုင် ၅၀၀
၄၃ မသီတာမြင့် ၃၀၀
၄၄ မအေးမူ ၃၀၀
၄၅ KNUJ ၃၀၀
၄၆ မြန်မာနိုင်ငံသားတစ်ဦး ၃၀၀
၄၇ ဆရာမဒေါ်မြတ်မြတ်ကျော် ၃၀၀
၄၈ HARA SAN ၃၀၀
၄၉ သျှိုင်းစည်သူ ၃၀၀
၅၀ ကိုဝေဖြိုး ၃၀၀
၅၁ မြန်မာနိုင်ငံသူတစ်ဦး ၃၀၀
၅၂ မြန်မာနိုင်ငံသူတစ်ဦး ၃၀၀
၅၃ ဦးထိန်လင်း ၃၀၀
၅၄ ဦးဇော်မင်းထွေး ၅၀၀
၅၅ ကိုမျိုးဦး ၃၀၀
၅၆ မြန်မာနိုင်ငံသူတစ်ဦး ၃၀၀
၅၇ ဦးကျော်ကျော်စိုး ၃၀၀
၅၈ ဦးကျော်ငြိမ်းဇော် ၃၀၀
၅၉ ကိုအောင်မြင့်သူ ၃၀၀
၆၀ ချမ်းမြေ့  ၃၀၀
၆၁ NWAY YEE OO ၃၀၀
၆၂ ဆုမွန်ဦး ၃၀၀
၆၃ မြန်မာနိုင်ငံသူတစ်ဦး ၃၀၀
၆၄ မြန်မာနိုင်ငံသူတစ်ဦး ၃၀၀


ဒေါ်မာလာ(FWUBC)မှကောက်ခံရရှိငွေစာရင်း

အမှတ်စဉ် အလှူရှင်အမည် လှူဒါန်းငွေ(ယန်း)
တင်ထက် ၃၀၀
အောင်အောင် ၃၀၀
ရန်နိုင်လင်း ၉၀၀
တင်ကိုကို ၃၀၀
ဇာဏီစိုးဝေ ၆၀၀
ကြည်ကြည်မာ ၆၀၀
ကိုခင်မောင်လွင် ၅၀၀
မောင်မြင့်ဘို ၃၀၀
အမိန် ၁၀၀၀
၁၀ ကိုမျိုးဇော်-NLD ၃၀၀
၁၁ မခိုင်ခိုင်စိုး ၆၀၀
၁၂ မျိုးနေဇာ ၉၀၀
၁၃ ကိုဟန်သာ ၃၀၀
၁၄ မောင်ဖန်အေး ၉၀၀
၁၅ KNCDအဖွဲ့  ၅၀၀
၁၆ သူဇာမြင့် ၆၀၀
၁၇ ခင်လေးရီ ၆၀၀
၁၈ မြပိုပို ၁၅၀၀
၁၉ မေရီဆွေ ၉၀၀
၂၀ ဒေါ်မာလာ ၃၀၀
၂၁ ခင်ဝင်းမာ ၉၀၀
၂၂ ဒေသင်ငြိမ်းမြတ် ၃၀၀
၂၃ ထွန်းထွန်းဝင်း ၃၀၀






ကိုကျော်မင်းသိန်း(FWUBC)ျမှ ကောက်ခံရရှိငွေ

အမှတ်စဉ် အလှူရှင်အမည် လှူဒါန်းငွေ(ယန်း)
ဦးမျိုးသန့်  ၁၀၀၀၀
မခိုင် ၂၁၀၀
နိုင်နိုင် ၃၀၀၀
ကျော်မင်းသိန်း ၅၀၀၀


မညိုညိုစန်း(FWUBC)မှကောက်ခံရရှိငွေ

အမှတ်စဉ် အလှူရှင်အမည် လှူဒါန်းငွေ(ယန်း)
မသီတာ ၁၀၀၀
မစုမွန် ၁၀၀၀
ညိုညိုစန်း ၃၀၀၀
KE TSU YAMA ၁၂၀၀
CHO SAN ၆၀၀
မတင့်တင့် ၁၂၀၀
မကေဇင်ဦး ၁၅၀၀
မနေနွယ်ဦး ၆၀၀
ကိုမြင့်ဌေး ၁၀၀၀


ကိုထင်ပေါ်(HRWUB)မှကောက်ခံရရှိငွေ

အမှတ်စဉ် အလှူရှင်အမည် လှူဒါန်းငွေ(ယန်း)
ကိုကျော်ကျော်နိုင် ၁၀၀၀
ကိုထင်ပေါ် ၁၀၀၀၀
ကိုခင်မောင်လွင် ၁၀၀၀
ကိုခင်အောင်လွင် ၁၀၀၀
ကိုတိုး ၁၀၀၀
မြန်မာနိုင်ငံသားတစ်ဦး ၁၀၀၀
ညီညီဝင်း ၁၀၀၀
ဒေါ်ယုဝေ ၁၀၀၀
ကိုဟန်မော် ၁၀၀၀
၁၀ ကိုပဆိုင်း ၁၀၀၀
၁၁ ကိုတာ ၁၀၀၀
၁၂ ကိုသုလျံ ၁၀၀၀


ဦးသန်းဝင်း(FWUBC)မှကောက်ခံရရှိငွေ

အမှတ်စဉ် အလှူရှင်အမည် လှူဒါန်းငွေ(ယန်း)
အောင်အောင်မိုး ၃၀၀
မမာလာဦး ၃၀၀
မိမိခိုင် ၃၀၀
ရီရီမြင့် ၃၀၀၀
မီမီပိုင်စိုး ၁၀၀၀
ခင်ခင်ဦး ၁၅၀၀
ဦးမြသိန်း ၂၀၀၀
သဇင် ၁၅၀၀
သန်းထွန်း-FWUBC ၅၀၀၀
၁၀ ယွန်းနဒီထွန်း ၃၀၀၀
၁၁ ကျော်ကျော်ဟန် ၅၀၀၀
၁၂ မောင်ဥာဏ်ဝင်း ၅၀၀၀
၁၃ ဦးသန်းဝင်း ၃၀၀၀


မမြင့်မြင့်လှိုင်(FWUBC)မှကောက်ခံရရှိငွေ

အမှတ်စဉ် အလှူရှင်အမည် လှူဒါန်းငွေ(ယန်း)
မင်းမင်းစံ ၁၀၀၀
မြင့်မြင့်လှိုင် ၃၀၀၀
ဦးယုန်နိုင် ၁၀၀၀
ခေါန်နန် ၁၀၀၀
ကျော်မင်းဦး ၁၀၀၀
ကိုလှိုင်မြင့် ၁၀၀၀
နန်ရော် ၁၀၀၀
နေအုပ် ၁၀၀၀
သောင်းညွန့် မိုး ၁၀၀၀


မမြတ်မြတ်ကျော်(HRWUB)မှကောက်ခံရရှိငွေ

အမှတ်စဉ် အလှူရှင်အမည် လှူဒါန်းငွေ(ယန်း)
မြန်မာနိုင်ငံသားတစ်ဦး ၁၀၀၀
မြန်မာနိုင်ငံသားတစ်ဦး ၁၀၀၀
မြန်မာနိုင်ငံသားတစ်ဦး ၁၀၀၀
မြန်မာနိုင်ငံသူတစ်ဦး ၅၀၀
မြန်မာနိုင်ငံသားတစ်ဦး ၃၀၀၀
မြန်မာနိုင်ငံသူတစ်ဦး ၁၀၀၀
မြန်မာနိုင်ငံသားတစ်ဦး ၁၀၀၀
မြန်မာနိုင်ငံသားတစ်ဦး ၁၀၀၀
မြန်မာနိုင်ငံသူတစ်ဦး ၂၀၀၀
၁၀ မြန်မာနိုင်ငံသူတစ်ဦး ၁၀၀၀
၁၁ြ မြန်မာနိုင်ငံသူတစ်ဦး ၁၀၀၀
၁၂ မြန်မာနိုင်ငံသားတစ်ဦး ၁၀၀၀
၁၃ မြန်မာနိုင်ငံသားတစ်ဦး ၁၀၀၀
၁၄ မြန်မာနိုင်ငံသားတစ်ဦး ၁၀၀၀
၁၅ မြန်မာနိုင်ငံသားတစ်ဦး ၁၀၀၀
၁၆ မြန်မာနိုင်ငံသားတစ်ဦး +၁ ၂၀၀၀
၁၇ မြန်မာနိုင်ငံသားတစ်ဦး ၁၀၀၀
၁၈ မြတ်မြတ်ကျော် ၁၀၀၀


ကိုသီဟအောင်(ဒုက္ခသယ်များကူညီစောင့်ရှောက်ရေးအဖွဲ့ )-BRSA-မှကောက်ခံရရှိငွေ

အမှတ်စဉ် အလှူရှင်အမည် လှူဒါန်းငွေ(ယန်း)
ကျော်ကျော်ဦး ၃၀၀၀
ကိုသီဟအောင် ၁၀၀၀၀



ဦးအေးသိုက်-(NLD-LA-JAPAN) မှကောက်ခံရရှိငွေ

အမှတ်စဉ် အလှူရှင်စာရင်း လှူဒါန်းသောငွေ(ယန်း)

စုစုပေါင်း ၇၀၀၀
မှတ်ချက်။ ။ ဦးအေးသိုက်ထံမှစုစုပေါင်းငွေပမာဏသာသိရှိရသေးပြီးဖြတ်ပိုင်းစာအုပ်ပြန်မရသေး၍
တစ်ဦးချင်းအလှူရှင်စာရင်းအသေးစိတ်ကို ဖြတ်ပိုင်းလက်ဝယ်ရရှိပြီးနောက်တွင်
ထပ်မံတင်ပြပါမည်။
ဦးဘုန်းလှိုင်(FWUBC)မှကောက်ခံရရှိငွေ

အမှတ်စဉ် အလှူရှင်အမည် လှူဒါန်းငွေ(ယန်း)
ကိုမျိုးထက်ကိုကို ၉၀၀
ကိုစိုးနိုင်(NLD-LA-JAPAN) ၂၀၀၀၀
ကျော်မင်းထွန်း ၃၀၀၀
ကိုအောင်နိုင်ဦး(LDB) ၆၀၀၀
မြန်မာနိုင်ငံသားတစ်ဦး ၅၀၀၀
မစံပါယ်လှိုင်၊ မယုဇနလှိုင် ၃၀၀၀
ကိုဇော်မျိုးအောင်မိသားစု ၁၅၀၀
ကိုအောင်နိုင်ဦးမိသားစု ၃၀၀
ဦးဘုန်းလှိုင်(FWUBC) ၃၀၀၀၀

အထက်ဖော်ပြပါငွေစာရင်းနှင့်ပြေစာများအားလုံးကျွန်တော် ဘုန်းလှိုင်လက်ဝယ်တွင်ရှိပြီး
သက်ဆိုင်သော အလှူငွေကောက်ခံပေးသူများနှင့်ပူးတွဲစာရင်းစစ်ပြီး နောက်ဆုံးစာရင်းစစ်ခြင်းကို
ဦးဝင်းထိန်(HRDP-JAPAN) နှင့်ကျွန်တော်တို့ ပူးတွဲထပ်ဆင့်စစ်ဆေးပြီး အလှူငွေအားလုံးကို
ဦးဝင်းထိန်(HRDP-JAPAN)မှတဆင့် မဲဆောက်မြို့ ရှိ ဦးစည်သူ(ဒါရိုက်တာ)-HRDP သို့ ပေးပို့ 
ပြီးဖြစ်ပါကြောင်း အလှူရှင်အားလုံး နှင့်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံး ကောင်းမှု -
အနုမောဓနာခေါ်ဆိုပါမည့်အကြောင်းအစီရင်ခံတင်ပြအပ်ပါသည်ခင်ဗျား။
မှတ်ချက်။ ။ အလှူခံဖြတ်ပိုင်းစာအုပ်များကို ၁၉-၀၆-၂၀၀၉ နေ့ မှ စ၍(၃) လ ပြည့်သည့်နေ့ တွင်
HRDP အဖွဲ့ သို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ပါ၍ မရှင်းလင်းသည်များရှိပါက (၃)လ
အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။(ဆက်သွယ်ရန်-၀၉၀-၅၃၁၈-၅၀၅၄)
လေးစားစွာဖြင့်-
(ဘုန်း လှိုင်)
F W U B C


Twitter Delicious Facebook Digg Stumbleupon Favorites More