This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, September 28, 2009

အာဃာတကြောင့်မဟုတ်၊ မေတ္တာဖြင့်သာ ကံဆောင်ခြင်းဖြစ်ကြောင်း ရွှေဝါရောင်တော်လှန်ရေး(၂)နှစ်ပြည့် ဆန္ဒပြပွဲတွင် သံဃာ့တပ်ပေါင်းစုဆရာတော် အရှင်ဓမ္မဇောတမိန့်ဆို



တိုကျို၊ စက်တင်ဘာ(၂၇)
နန်းအိမွန်ချစ်
ယနေ့စက်တင်ဘာ(၂၇)ရက်နေ့တွင် ကျရောက်သည့် ရွှေဝါရောင်တော်လှန်ရေး(၂)နှစ်ပြည့်အခမ်းအနားကို Shibuyaရပ်ကွက်ရှိ ကုလသမဂ္ဂအဆောက်အဦးအရှေ့တွင် ဂျပန်-မြန်မာပူးပေါင်းဆောင်ရွက်ရေးကော်မတီ(JAC)ကဦးဆောင်၍ ညနေ(၄)နာရီတွင်ပြုလုပ်ခဲ့ပြီး ဂျပန်ရှိဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် စိတ်ဝင်စားသူဂျပန်လူမျိုးများနှင့် သံဃာ့တပ်ပေါင်းစုမှဆရာတော်၊ သံဃာတော်များကြွရောက်ချီးမြင့်ခဲ့ကြသည်။
ဂျပန်တွင်ရောက်ရှိနေသည့် သံဃာတပ်ပေါင်းစုမှစည်းရုံးရေးမှူးဆရာတော်အရှင်ဓမ္မဇောတက စစ်အစိုးရအပေါ်သံဃာ့များပတ္တနိက္ကူဇ္နကံဆောင်ခြင်းသည် ၄င်းတို့အပြစ်ရမည်စိုး၍ သံဃာအပေါ်ပြုမှုစော်ကားထားမှုကို ပြန်လန်တောင်းပန်ရန် မေတ္တာဖြင့်ကံဆောင်ခြင်းသာဖြစ်ပြီး အာဃာတကြောင့်မဟုတ်ကြောင်း မိန့်ဆိုလိုက်သည်။
“ပခုက္ကူသံဃာတော်များမှ စတင်ခဲ့တဲ့ ဒုတိယအကြိမ်ရွှေဝါရောင်တော်လှန်ရေးကနေစပြီး ရွှေဝါရောင်တော်လှန်ရေး အစပြုခဲ့တယ်။ ပထမအကြိမ်ကတော့ ၁၉၉၀ မန္တလေးမှာဖြစ်ပွားခဲ့တဲ့ သံဃာ့အရေးအခင်း၊ သံဃာတွေကိုဝန်ချမတောင်းပန်သရွေ့ ရွှေဝါရောင်တော်လှန်ရေးဆက်ဖြစ်နေဦးမှာဘဲ၊ သံဃာတော်တွေကို ၀န်ချတောင်ပန်မယ်၊ တောင်းဆိုတာတွေကို လိုက်လျောမယ်ဆိုရင် ဒီမိုကရေစီလမ်းကြောင်းတောင်ပွင့်သွားနိုင်တယ်”ဟု ဆရာတော်ကမိန့်ဆိုသည်။
ဆန္ဒပြပွဲတွင် လွန်ခဲ့သည့်(၂)နှစ်က ရန်ကုန်မြို့လယ်တွင် နအဖစစ်သား၏ ရက်ရက်စက်စက် အနီးကပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကွယ်လွန်သွားခဲ့သည့် ဂျပန်သတင်းထောက် ခန်းဂျိနာဂါအိအသတ်ခံရသည့်မြင်ကွင်းပုံသဏ္ဍန် သရုပ်ဖော်ပြကွက်တခုကိုပါဖန်တီးပြသသွားခဲ့ပြီး ၄င်းကွယ်လွန်ခြင်းနှင့်ရွှေဝါရောင်တော်လှန်ရေးတွင်ကျဆုံးခဲ့သူများကို ဆရာတော်၊ သံဃာတော်များနှင့် တက်ရောက်လာသူများက ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။
မြန်မာ့အရေးစိတ်ဝင်စားသူ မစ္စတာနိုမူရာ တာမိရိုက“ဒီရွှေဝါရောင်တော်လှန်ရေးအပါအ၀င်မြန်မာ့ဒီမိုကရေစီအရေးကို ဂျပန်အစိုးရအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်စေလိုပါတယ်”ဟုလည်ကောင်း၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသားရေးအဖွဲ့(ဂျပန်)မှ မစ္စတာကုမာဇာဝါကလည်း “မြန်မာ့နိုင်ငံအရေးမှာဆောင်ရွက်နေကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးဟာ နိုင်ငံရေးအရ နိုင်ငံအတွင်းမှာ အရမ်းကိုကြပ်တည်းတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလဲ နအဖကလွှတ်ပေးရဲတဲ့သတ္တိမျိုးမရှိပါဘူး၊ လွတ်ပေးလိုက်ရင်နိုင်ငံရေးလုပ်မှာစိုးလို့၊ နအဖကလဲ၂၀၁၀ရွေးကောက်ပွဲကို အများပါဝင်နိုင်တဲ့ရွေးကောက်ပွဲမဟုတ်တဲ့အတွက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အနေနှင့်လည်း လက်မခံနိုင်ကြောင်း”ပြောဆိုသွားခဲ့သည်။
ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်ချိန်တွင် ပြည်တွင်းပြည်ပရှိ သံဃာတော်များကို စစ်အစိုးရအား ဆက်လက်၍ သပိတ်မှောက် ကံဆောင်ရန် နှိုးဆော်ထားပြီး စစ်အစိုးရမှ သံဃာထုအား ၀န်ချတောင်းပန်ခြင်းမပြုပါက အောက်တိုဘာ ၃ ရက်နေ့မှ စ၍ တတိယအကြိမ် သံဃာ့လှုပ်ရှားမှု ပြုလုပ်မည်ဟု ကြေညာထားသည်။
ဆက်လက်၍ ဆရာတော်က“သံဃာတွေကို ပြစ်မှားတဲ့ကံဆိုတာ အပြစ်ကြီးမားပါတယ်၊ ကြီးမားလွန်းတဲ့အတွက် သက်ဆိုင်ရာကျူးလွန်တဲ့ပုဂ္ဂိုလ်တွေက ၀န်ချတောင်းပန်လိုက်မယ်ဆိုရင် ပြေပျောက်သွားမှာဖြစ်တယ်၊ ဒီလိုကြီးမားတဲ့အပြစ်တွေကို ပြေပျောက်စေလိုတဲ့မေတ္တာတခုတည်းနဲ့သာလုပ်တာဖြစ်တယ်၊ ဘာအာဃာတနဲ့မှလုပ်တာမဟုတ်ဘူး”ဟုမိန့်ဆိုသွားခဲ့သည်။
နိုင်ငံတကာတွင် ရွှေဝါရောင်တော်လှန်ရေးနှစ်ပါတ်လည်အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲများကိုကျင်းပကြပြီး ယခုကျင်းပသောပွဲသို့ ဂျပန်ရောက်ဒီမိုကရေစီလှုပ်ရှားသူများနှင့် စိတ်ပါဝင်စားသူ(၃၀၀)ခန့်တက်ရောက်ခဲ့ကြသည်။

Wednesday, September 23, 2009

WORLD DANCE FESTA IN SHINJUKU 2009 တွင် မြန်မာ့သင်္ကြန်ယိမ်းနှင့် သျှမ်းတိုင်းရင်းသားများ၏ ရိုးရာအကများဖျော်ဖြေတင်ဆက်


ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှင်းဂျူးကုမြို့နယ်ရှိ Shinjuku City Lifelong learning foundation ၏စီစဉ်မှုဖြင့် Shinjuku Bunka Center တွင် စက်တင်ဘာလ ၂၁ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၆နာရီအထိ(WORLD DANCE FESTA IN SHINJUKU 2009)ခေါင်းစဉ်ဖြင့် ဂီတဖျော်ဖြေပွဲတစ်ခုကျင်းပခဲ့ကြရာ ဂျပန်ရိုးရာအကများ၊ ကမ္ဘာအရပ်ရပ်မှ ရိုးရာအကများကို ဖျော်ဖြေခဲ့ကြပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် မြန်မာ့သင်္ကြန်ယိမ်းအကနှင့် သျှမ်းရိုးရာကိန္နရီ၊ ကိန္နရာအက၊ သိုးနယားအကများဖြင့် ဝေေ၀ဆာဆာတင်ဆက်ကပြခဲ့ပါသည်။

နိုင်ငံတကာရိုးရာအကတွင် အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ တူရကီ၊ ဂိရိရှား၊ စပိန်၊ ဘရာဇီးလ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားစသည့်နိုင်ငံများမှအကများလည်း ပါဝင်ပြီး နာမည်ကြီးဂျပန်ရိုးရာများဖြစ်သော နန်းတွင်းဖျော်ဖြေရေးအကများလည်း တင်ဆက်ခဲ့ကြသည်။
မြန်မာ့သင်္ကြန်ယိမ်းအား မြန်မာသမီးပျိုလေးနှစ်ဦးမှတင်ဆက်ကပြပြီး သျှမ်းရိုးရာအကအလှများကို ဂျပန်ရောက်သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့SND-JAPAN မှ အဖွဲ့သားများက အင်နှင့်အားနှင့် သိုက်သိုက်ဝန်းဝန်း ဖျော်ဖြေခဲ့ကြပါသည်။ အဆိုပါမြန်မာအကနှင့် သျှမ်းတိုင်းရင်းသားရိုးရာအကကိုဖော်ထုတ်ဖျော်ဖြေခွင့်ရဖို့အတွက် ဂျပန်နိုင်ငံအခြေစိုက် မြန်မာ(NPO)အဖွဲ့အစည်းတစ်ခုဖြစ်သည့် “မေတ္တာဖောင်ဒေးရှင်း“မှ စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသိရှိရပြီး ဖျော်ဖြေတင်ဆက်ရသည့် ရိုးရာအကများ၏ သရုပ်သဏ္ဍာန်နှင့် ကကြိုးကကွက်များအကြောင်းကိုလည်း လာရောက်ကြည့်ရှုသူများ နားလည်သဘောပေါက်အောင် ဂျပန်ဘာသာဖြင့် ရှင်းလင်းပြောကြားပေးခဲ့သည်။
ယခုကျင်းပခဲ့သည့် နိုင်ငံတကာရိုးရာအကဖျော်ဖြေတင်ဆက်မှုမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး အားပေးကြည့်ရှုကြသူများ နှစ်သက်သဘောကျခဲ့သည့်အတွက် နောင်နှစ်များတွင်လည်း နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သွားမည်ဟု ရှင်းဂျူးကုမြို့နယ် Lifelong learning foundation အဖွဲ့မှ တာဝန်ခံတစ်ဦးကရှင်းပြပြောဆိုသည်။
အဆိုပါပွဲကို လာရောက်အားပေးကြည့်ရှုကြသော ဂျပန်လူမျိုးများနှင့် တခြားနိုင်ငံခြားသားများက အရသာရှိပြီး ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သော သျှမ်းရိုးရာ အစားအစာများကို အားပါးတရ၀ယ်ယူသုံးဆောင်ခဲ့ကြသည်။
လာမည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင်လည်း မေတ္တာဖောင်ဒေးရှင်း၏အကူအညီတောင်းခံမှုကြောင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့SND-JAPAN မှ OYAMAမြို့တွင် သျှမ်းရိုးရာအကများတင်ဆက်ဖျော်ဖြေဦးမည်ဟု သိရှိရပါသည်။

ရေးသားပေးပို့သူ-
နန်းအိမွန်ချစ်၊ စိုင်းလောင်ခမ်း


အိုရီဂါမီစက္ကူခေါက်လေယာဉ်ပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် စိုင်းမောင်သောင်းဒီကို ဂျပန်ရောက်သျှမ်းတိုင်းရင်းသားများသွားရောက်အားပေး



ျပန်နိုင်ငံချီးဘားခရိုင် makuhari masee မှာ ဒီလ ၁၉ရက် နှင့် ၂၀ရက်မှာ ကျင်းပခဲ့သည့် ဂျပန်နိုင်ငံလုံးဆိုင်ရာ အိုရီဂါမီ စက္ကူဖြင့် ပြုလုပ်သော လေယာဉ် ပြိုင်ပွဲမှာ နိုင်ငံမဲ့ဖြစ်နေသော သျှမ်းပြည်နယ်ဖွား စိုင်းမောင်သောင်ဒီသည် ထိုင်နိုင်ငံကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

၁၉ရက်စနေနေ့ပြိုင်ပွဲမှာ အုပ်စုလိုက်ပထမရပြီး၂၀ရက်နေ့ တနင်္ဂနွေနေ့တစ်ဦးချင်း ပြိုင်ပွဲမှာတော့ လေထဲတွင် ၁၀.၅၃စက္ကန့်ပျံဝဲနိုင်ပြီး တတိယဆုရရှိခဲ့ ပါသည်။ သူနဲ့အတူ ပါလာသည့် အုပ်ချုပ်သူကလည်း ဒီလိုတတိယဆုရခဲ့သည်ကို ၀မ်းသာပီတိဖြစ်ခဲ့ရကြောင်း ထိုင်းနိုင်ငံရဲ့ကိုယ်စား နိုင်ငံ့ဂုဏ်ဆောင်လုပ်ခဲ့တဲ့သူ့တပည့်လေး အတွက် ဂုဏ်ယူမိပါကြောင်းပြောကြားသွားပါသည်။

စိုင်းမောင်သောင်ဒီသည် ထိုင်းနိုင်ငံတွင်မွေးဖွားပေမဲ့ ထိုင်းနိုင်ငံသားအဖြစ်အကျုံးမ၀င်သကဲ့သို့ မြန်မာနိုင်ငံသား အဖြစ်လည်း အကျုံးမ၀င်သည့်အတွက် နိုင်ငံမဲ့ အခြေအနေအဖြစ် ရောက်ရှိခဲ့ရပါသည်။

နိုင်ငံမဲ့တစ်ဦးဖြစ်နေသာ စိုင်းမောင်သောင်ဒီကို ဒီပြိုင်ပွဲမှာ သတင်းသမားများက စိတ်ဝင်စားဖွယ်သတင်းယူနေကြတာကို တွေ့ရှိခဲ့ရပါသည်။ သတင်းသမား များရဲ့အမေးအဖြေကို ထိုင်းဘာသာ၊ သျှမ်းဘာသာမှတဆင့် ဖြေကြားပေးနေတာကို တွေ့ခဲ့ရတဲ့အတွက် ဂုဏ်ယူလေးစားမိပါသည်။ ဂျပန်နိုင်ငံရောက် သျှမ်းတိုင်းရင်းသားများ၊ သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ SND-JAPAN နှင့် ဒီမိုကရေစီ အင်အားစုများက သွားရောက်အားပေးခဲ့ကြပါသည်။ သူ့အတွက် သျှမ်းတိုင်းရင်းသားများက စုပေါင်းပြီး ဆုတော်ငွေကိုလည်းချခဲ့ကြပါသည်။

“ဒီပြိုင်ပွဲကို ကျနော်တို့ သျှမ်းမျိုးနွယ်တစ်ယောက်က ကမ္ဘာ့အလယ် ဂျပန်များအလယ်မှာ ၀င်ရောက်ယှဉ်ပြိုင်တာကို တွေ့ရလို့ဂုဏ်ယူမိပါတယ်။ မျက်ရည်လည်းကျမိ ပါတယ်။ သူ့ဘ၀ရှေ့ရေးအတွက် တိုးတက်ကောင်းမွန်ပါစေလို့ ဂျပန်ရောက်သျှမ်းတိုင်းရင်းသားများကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်။ သူနဲ့ကျနော်တို့ သျှမ်းလို စကားပြောကြည့်တော့ အပြန်အလှန်ပြောလို့ရတာတွေ့ရတော့ကျနော်တို့ အရမ်းဝမ်းသာသွားမိပါတယ်။ ကျက်သိမ်းတောင်ထမိသွားပါတယ်။”လို့ ဂျပန်ရောက် သျှမ်းတိုင်းရင်းသားတစ်ဦးက ရင်ဖွင့်စကားပြောကြားသွားပါသည်။


Tuesday, September 22, 2009

ဂျပန် စက္ကူ လေယာဉ် ပြိုင်ပွဲတွင် မောင်သောင်ဒီ တတိယဆုရရှိ

(ဧရာဝတီ)

ဂျပန်နိုင်ငံတွင် ကျင်းပသည့် အိုရီဂါမီ စက္ကူခေါက် လေယာဉ်ပျံ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့သည့် ထိုင်းနိုင်ငံဖွား စက္ကူလေယာဉ် ချန်ပီယံ မြန်မာကလေးငယ် မောင်သောင်ဒီသည် တဦးချင်း ပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူး ရရှိခဲ့သည်။

အသက် ၁၂နှစ် ကလေးများ ပါဝင်ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲတွင် မောင်သောင်ဒီ၏ စက္ကူလေယာဉ်သည် ၁၀.၅၃ စက္ကန့်ကြာ လေပေါ်တွင် ပျံဝဲနိုင်ခဲ့ပြီး တတိယဆု ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် ပထမဆုကို ဂျပန်ကလေးငယ် တဦးက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မောင်သောင်ဒီနှင့် တခြားအဖွဲ့ဝင် ၂ ဦးတို့ ပါဝင်သည့် အဖွဲ့လိုက် ယှဉ်ပြိုင်ရသော ပြိုင်ပွဲတွင် မောင်သောင်ဒီ၏ လေယာဉ်က ၁၁ စက္ကန့်ကြာ လေတွင်ဝဲပျံနိုင်ခဲ့ပြီး ပထမဆု ရရှိခဲ့သည်။

မောင်သောင်ဒီ ဖခင်ဖြစ်သူ စိုင်းညွှန်က“ ထိုင်းနိုင်ငံ ကိုယ်စားပြုပြီးတော့ တတိယဆုယူပေးလိုက်လို့ ကျနော် အရမ်းပျော်တယ်၊ ဂုဏ်လဲယူတယ်၊ သူဟာ တခြားကလေးတွေ အတွက် အတုယူစရာ ကလေး တယောက် ဖြစ်သွား ပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ယခုအချိန်တွင် ထိုင်းသတင်းဌာနတခုက မိသားစုအားလုံးကို ဘန်ကောက်သို့ ပို့ဆောင်ပေးမည်ဟု ဆိုသဖြင့် သွားရောက်ရန် ကားစောင့်ဆိုင်းနေကြောင်း၊ ဘန်ကောက်တွင် မောင်သောင်ဒီအား ဂုဏ်ပြုပွဲများ ပြုလုပ်ပေးမည် ဟုလည်း ကြားသိရကြောင်း၊ မောင်သောင်ဒီသည် ယနေ့တွင် ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

မောင်သောင်ဒီသည် ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ဌာနက စက်တင်ဘာလ ၄ရက်နေ့တွင် ထုတ်ပေးခဲ့သည့် အ၀ါရောင် ယာယီ နိုင်ငံကူးလတ်မှတ်ဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ဂျပန်သို့ မထွက်ခွာမီ လွှတ်တော်အဆောက်အဦးတွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက မောင်သောင်ဒီ ကို တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။

စက္ကူခေါက် လေယာဉ်ပျံ ပြုလုပ်ရာတွင် ကျွမ်းကျင်သည့် မောင်သောင်ဒီသည် ယမန်နှစ်က ဘန်ကောက်တွင် ပြုလုပ်သည့် ပြိုင်ပွဲတခုသို့ သွားရောက်ယှဉ်ပြိုင်ရာ သူ၏ စက္ကူခေါက် လေယာဉ်က ၁၂ . ၅၀ စက္ကန့်ကြာ လေတွင် ပျံဝဲနိုင်ခဲ့သည်အထိ စွမ်းရည်ပြသခဲ့သည်။

Thursday, September 17, 2009

Lineup of new cabinet

The cabinet line-up announced Wednesday by newly elected Prime Minister Yukio Hatoyama:

National Strategy Minister and Deputy Prime Minister: Naoto Kan, 62

Chief Cabinet Secretary: Hirofumi Hirano, 60

Foreign Minister: Katsuya Okada, 56

Defense Minister: Toshimi Kitazawa, 71

Finance Minister: Hirohisa Fujii, 77

Economy, Trade and Industry Minister: Masayuki Naoshima, 63

Agriculture, Forestry and Fisheries Minister: Hirotaka Akamatsu, 61

Justice Minister: Keiko Chiba, 61

Education, Culture, Sports, Science and Technology Minister: Tatsuo Kawabata, 64

Health, Labor and Welfare Minister: Akira Nagatsuma, 49

Land, Infrastructure and Transport Minister, also in charge of Okinawa and Northern Territories: Seiji Maehara, 47

Postal and Financial Minister: Shizuka Kamei (People’s New Party), 72

Internal Affairs and Communications Minister: Kazuhiro Haraguchi, 50

Environment Minister: Sakihito Ozawa, 55

National Public Safety Commission Chairman: Hiroshi Nakai, 67

Administrative Reform Minister: Yoshito Sengoku, 63

Population, Consumer Affairs, Gender Equality and Food Safety Minister: Mizuho Fukushima (Social Democratic Party), 53

Sunday, September 13, 2009

UNHCR's Refugee Film Festival in Tokyo to be held in Oct

Saturday 12th September, 12:49 AM JST

TOKYO —

A U.N. refugee organization will hold its fourth Refugee Film Festival in Tokyo from Oct 1 to 8, the UNHCR Representation in Japan said Friday. Among the 20 films to be screened at the festival is ‘‘Burma VJ: Reporting From a Closed Country,’’ which features secret footage of human rights violations in the military-ruled country provided by Myanmar video journalists, according to the Japanese branch of the office of the U.N. High Commissioner for Refugees.

The documentary includes footage of a soldier fatally shooting Japanese video journalist Kenji Nagai, who was covering a 2007 anti-government demonstration. ‘‘Film is a great medium to tell and share the story’’ of the lives and circumstances of refugees, especially with people who do not encounter refugees in their daily lives, Johan Cels, representative of the UNHCR branch said.
(Japantoday)

အမှိုက်ပုံထဲက မြန်မာများရဲ့ဘ၀တွေ


အရှင်သောပါကသည် ထိုင်းနိုင်ငံနယ်စပ်တွင်ရောက်ရှိနေသာ မြန်မာများရဲ့အမှိုက်ပုံထဲကဘ၀တွေကို စာနာသနားကာ သွားရောက်ကူညီအားပေးနေကြောင်းသိရသည်။ အမှိုက်ပုံတွေထဲတွင် ယင်ကောင်တွေ၊ ရောဂါပိုးပေါင်းစုံရှိသည့်ကြားမှ ကိုယ့်မိသားစုဝမ်းရေးအတွက် recycle ပစ္စည်းများကို စုဆောင်းကာ ပြန်လည်ရောင်းချခြင်းဖြင့် အသက်မွေဝမ်းကြောင်းပြုနေရပါသည်။ အဲဒီကြားထဲကမှ မကြာခဏဆိုသလို ရဲအဖွဲ့က ဝင်ရောက်ဖမ်းဆီးတက်သေးကြောင်း ထိုနယ်စပ်တွင်နေထိုင်နေသူ တစ်ဦးမှပြောပါသည်။ အထူးသဖြင့် ကလေးငယ်များ၏ ကျန်းမာရေး၊ ပညာရေး နှင့် ၄င်းတို့ရဲ့အနာဂတ်သည် အထူးစိုးရိမ်စရာကောင်းလှပါသည်။ စာဖတ်ပရိတ်သတ်များ ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့ပါက ထိုမြန်မာလူမျိုးများအား သွားရောက်ကူညီပေးလိမ့်မည်ဟု စာရေးသူယုံကြည်မိသည်။

Saturday, September 12, 2009

၆၆ နှစ်ပြည့် ဦးခွန်ထွန်းဦးမွေးပွဲပြုလုပ်



ကချင်ပြည်နယ် ပူတာအိုအကျဉ်းစခန်းတွင် မတရားနှစ်ရှည် ထောင်ဒဏ်(၉၃)နှစ် ချခံထားနေရဆဲဖြစ်သည့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်း၏ စက်တင်ဘာ ၁၁ ရက်နေ့တွင်ကျရောက်သော (၆၆)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ကို ဂျပန်နိုင်ငံရှိ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)(SND-Japan)နှင့် သျှမ်းပြည်နယ်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)(SSND-Japan)တို့မှ ဦးဆောင် တို့မှပူးပေါင်းဦးဆောင်၍ ရှီဘုယရပ်ကွက်ရှိ ကုလအဆောက်အဦးရုံးရှေ့တွင်ကျင်းပခဲ့ကြသည်။

နေ့လယ် ၃ နာရီမှ ၄း၃၀ နာရီအထိ ပြုလုပ်ခဲ့သော ဦးခွန်ထွန်းဦး၏မွေးနေ့ပွဲကို
ဂျပန်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများ စုစည်းထားသော ညီညွတ်သောတိုင်းရင်းသားများအဖွဲ့(AUN-Japan)မှ ကူညီပံ့ပိုးပေးခဲ့ပြီး အာရှနိုင်ငံသားများချစ်ကြည်ရေးအဖွဲ့(Asian People’s Friendship Society-APFS)မှ တာဝန်ရှိသူ မစ္စတာ ယာမဂူချီကလည်း မွေးနေ့ဆုတောင်းစကားပြောဆိုသွားခဲ့ပါသည်။

သတင်းနှင့်မှတ်တမ်းဓါတ်ပုံ-
နန်းအိမွန်ချစ်(MTK)

Thursday, September 10, 2009

Saturday, September 5, 2009

ဒေါ်အောင်ဆန်းစုကြည်ကိုအပြည့်အဝထောက်ခံသည့် ယူကီအို ဟာတိုယာမ ဝန်ကြီးချုပ်သက်တမ်း(၄)နှစ်သာထမ်းဆောင်မည်ဟုဆို

ရေးသားသူ-မောင်ရှင်(ဘားမားမီဒီယာသတင်းထောက်)

သြဂုတ်လ(၃ဝ)ရက်နေ့က ကျင်းပပြီးစီးခဲ့သော ဂျပန်အောက် လွှတ်တော်အထွေထွေရွေးကောက်ပွဲတွင် ယူကီအို ဟာတိုယာမ(Yukio Hatoyama)ဦးဆောင်သည့် ဒိမိုကရက်တစ်ပါတီ Democratic Party of Japan(DPJ)သည် ဂျပန် နိုင်ငံရေးလောကကို နှစ်ပေါင်း ၅ဝ ကျော်ကြာအောင် လွှမ်းမိုးချုပ်ကိုင် လာခဲ့သော လစ်ဘရယ်ဒီမိုကရက် တစ်ပါတီ Liberal Democratic Party(LDP)အား မဲအပြတ်အ သတ်နှင့်အနိုင်ရရှိသွားခဲ့သည်။
သက်တမ်းအားဖြင့် ၁၁ နှစ်သာ ရှိသေးသော ဟာတိုယာမ၏ DPJ ပါတီသည် အောက်လွှတ်တော်အ မတ် ၄၈ဝ နေရာတွင် ၃ဝ၈ နေရာ အထိအနိုင်ရရှိခဲ့သဖြင့် အစိုးရအ သစ်တရပ်ကို ဖွဲ့စည်းနိုင်ခွင့်နှင့် တိုင်းပြည်အုပ်ချုပ်ခွင့်အာဏာကိုပါ ရရှိခဲ့ခြင်းလည်းဖြစ်သည်။
အထက်လွှတ်တော်တွင်လည်း ဟာတိုယာမ၏ DPJပါတီသည် နေရာအတော်များများတွင် အနိုင်ရရှိထားသေးသည်။
စကားပြောညင်သာပြီး ပြုပြင် ပြောင်းလဲမှုလိုလားသူ အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်သည့် ယူကီအို ဟာတိုယာမသည် ဂျပန်နိုင်ငံ၏ ထင်ရှားကျော်ကြားသည့် နိုင်ငံ ရေးအသိုင်းအဝိုင်းမျိုးနွယ်မှ ဆင်းသက်လာသူတစ်ဦးဖြစ်သည်။
အဘိုးဖြစ်သူ အီချီယို ယာတိုယာမ(Ichiro Hatoyama)သည် ထင်ရှားခဲ့သည့် ဂျပန်ဝန်ကြီးချုပ် ဟောင်းတစ်ဦးဖြစ်သလို ဂျပန်နိုင်ငံ၏နိုင်ငံရေးလောကကို နှစ် ၅ဝ ကျော် လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP)ကိုပထမဦးဆုံးစတင်တည် ထောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

Ichirō Hatoyama and his two grandsons, Yukio and Kunio

အဖေဖြစ်သူမှာလည်း ဂျပန်နိုင် ငံခြားရေးဝန်ကြီးတစ်ဦးလည်းဖြစ် ခဲ့ဖူးသည်။ ဘိုးစဉ်ဘောင်ဆက် များမှာလည်း မဲဂျီခေတ်ကတည်း က ဂျပန်နိုင်ငံရေးသမားများဖြစ် ကြသဖြင့် ဟာတိုယာမ၏မိသားစု အသိုင်းအဝိုင်းကို 'ဂျပန်ကနေဒီမျိုး နွယ်'ဟုတင်စားခေါ်ဝေါ်ခဲ့ကြသည်။
အမေဖြစ်သူ၏အသိုင်းအဝိုင်းမှာ လည်း စီးပွားရေးအင်အားကြီးမျိုး နွယ်မှဖြစ်သည်။ မိခင်၏အဘိုး (Shojiro Ishibashi)မှာ Bridgestone တာယာကုမ္ပဏီကို စတင် တည်ထောင်ခဲ့သူဖြစ်သည်။
ယူကီအို ယာတိုယာမသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အ ပြည့်အဝထောက်ခံသူတစ်ဦးလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နိုလ် ဘယ်လ်ငြိမ်းချမ်းရေးဆုရရှိခဲ့သည့် ၁၉၉၁ ခုနှစ်တုန်းက ဟီဘီယပန်း ခြံထဲတွင် ဆိုရှယ်ဒီမိုကရက်တစ် ပါတီမှ မစ္စ'ဒိုးအိ'ဦးဆောင်၍ ဂုဏ်ပြုပွဲကျင်းပခဲ့စဉ်ကတည်းက တက်ရောက်အားပေးခဲ့သူတစ်ဦးဖြစ် သည်။
ဒုတိယအကြိမ်နေအိမ်အကျယ် ချုပ်ချခြင်းခံရသည့် ၁၉၉၈ ခုနှစ် တုန်းက ဒေါ်အောင်ဆန်းစုကြည် ပညာသင်ကြားခဲ့သည့် ကျိုတိုမြို့၊ ယာမမတ်ဆု(Hamamatsu) အရပ်ရှိ ကျိုတိုတက္ကသိုလ်တွင် ဟာတိုယာမကိုယ်တိုင်ဦး ဆောင် ၍ 'တောင့်ထားစုကြည်' ခေါင်းစဉ် ဖြင့် အားပေးစကားပြောကြားခြင်း အစီအစဉ်ပြုလုပ်ခဲ့သည်။

Iichirō Hatoyama (center) flanked by his two sons, Yukio (left) and Kunio (right)

၂ဝဝ၁ ခုနှစ် ဒီဇင်ဘာလ၌ တို ကျိုမြို့၊ ယုရပ်ခုချော(Yuyakucho)အရပ်ရှိ Intermational Forum Hallတွင် ဒေါ်အောင်ဆန်းစုကြည် နိုလ်ဘယ်ငြိမ်းချမ်းရေးဆုရ ၁ဝ နှစ်ပြည့် ဂုဏ်ပြုပွဲကျင်းပခဲ့စဉ်ကလည်း တက်ရောက်ခဲ့ပြီး မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် အပြည့်အဝထောက်ခံကြောင်း ပြောဆိုခဲ့သေးသည်။
ယခုနှစ် ဇွန်လ(၁၉)ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ '၆၄ နှစ်ပြည့် မွေးနေ့မင်္ဂလာနေ့ထူးနေ့ မြတ်'တွင်လည်း မတရားထိန်း သိမ်းခံနေရမှုမှ အမြန်ဆုံးလွှတ် မြောက်စေလိုကြောင်းနှင့် ကျန်းမာ ရေးကောင်းမွန်အောင် ဆုတောင်း လိုက်ပါကြောင်း မွေးနေ့ဆု တောင်းသဝဏ်လွှာကို ရေးသား ပေးပို့ခဲ့သေးသည်။

(၂ဝဝ၉ ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်ခဲ့သည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ '၆၄ နှစ်မြောက်မွေးနေ့မင်္ဂလာ နေ့ထူးနေ့မြတ်' အတွက် 'ယူကီအို ယာတိုယာမ'မှ ရေးသားပေးပို့ခဲ့သော မွေးနေ့ဆုတောင်းသဝဏ်လွှာ)

စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်၍ ဂျပန်နိုင်ငံ၏ ၉၃ ဦး မြောက် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ရတော့မည့် ယုကီအို ဟာတိုယာမသည် ကျဆင်းနေ သည့် ဂျပန်စီးပွားရေး၊ သက်ကြီး ပင်စင်နှင့် ကျန်းမာရေးအာမခံ ချက်ကိစ္စ၊ အလုပ်အကိုင်ရှားပါး လာနေ့သည့်ပြဿနာ၊ လူမှုဖူလုံ ရေးနှင့် အခွန်လျော့ချရေးအစီအ စဉ်၊ စာတိုက်ဘဏ်အရှုပ်အရှင်း နှင့် နိုင်ငံခြားရေးရာမူဝါဒရပ်များ ကို အဆင်ပြေအောင်ကိုင်တွယ်ဖြေ ရှင်းရဦးမည်ဖြစ်သည်။
အိမ်နီးချင်းအာရှနိုင်ငံများဖြစ်ကြ သည့် တရုတ်၊ တောင်ကိုရီးယား နှင့် ရုရှားတို့က ဟာတိုယာမဝန် ကြီးချုပ်ဖြစ်လာမှုအပေါ် ကြိုဆို ကြောင်း သဝဏ်လွှာများပေးပို့ ခဲ့ကြသည်။
ယူကီအို ဟာတိုယာမကလည်း မိမိဝန်ကြီးချုပ်ဖြစ်လာပါက ရှေး ရိုးစွဲဆန်နေသည့် ဂျပန်ပေါ့ပ်ယဉ် ကျေးမှုနိုင်ငံရေးပြတိုက်ကြီးတည် ဆောက်ထားမှုကို ဆန့်ကျင်သွား မည်ဟုပြောဆိုထားပြီး ယခင်ဝန် ကြီးချုပ်များအတိုင်း ယာဆုခုနီ စစ်သင်္ချိုင်းသို့ သွားရောက်ဂါရဝ ပြုသည့်လုပ်ရပ်များကို ပြုလုပ် မည်မဟုတ်ဟု ထုတ်ပြန် ပြောဆိုထားသည်။
ထို့အပြင် ဝန်ကြီးချုပ်သက် တမ်းကိုလည်း ၄ နှစ်အထိသာထမ်းဆောင်မည်ဟု ပြောဆိုထားပြီး ဂျပန်နိုင်ငံ၏စီးပွားရေးကဏ္ဍာကို အမေရိကန်လို အလွန်အကျွံအရင်းရှင် ဆန်မှု ကနေ ဖယ်ခွာအောင်ဆောင်ရွက်သွားမည်ဟု ကြွေးကြော်ထားသည်။

ကိုးကား-
http://www.newsonjapan.com/
http://en.wikipedia.org/wiki/Yukio_Hatoyama
http://www.64forsuu.org/word.php?wid=8419

Twitter Delicious Facebook Digg Stumbleupon Favorites More