This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, October 31, 2009

ဂျပန်နိုင်ငံသို့လာရောက်မည့် သိန်းစိန် အပေါ် ထုတ်ဖော်ဆန္ဒပြမှုများ ပြုလုပ်နိုင်ရန် ကြိုပမ်းနေ

နအဖဝန်ကြီးချုပ် သိန်းစိန်သည် မဲခေါင် အစည်းအဝေး အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ နိုဝင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် လာရောက်မည်ဟုသိရသည်။ အဆိုပါအစည်းအဝေးအပြင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနှင့်လည်း တွေ့ဆုံဖွယ်ရှိကြောင်း သတင်းရရှိသည်။ နအဖ လူသတ်တရားခံ နအဖဝန်ကြီးချုပ် သိန်းစိန် အပေါ် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ဆန္ဒသဘောထားအမှန်ကို ထင်ဟပ်စေမည့် ထုတ်ဖော်ဆန္ဒပြမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

ကျန်ခဲ့သော စတင်ဘာလ၊ ၂၅ ရက်နေ့က အမေရိကန်သို့ သွားရောက်ခဲ့စဉ် အမေရိကန်ရောက် ဒီမိုကရေစီအင်အားစုများမှ ဖိနပ်နှင့်ပေါက်ကာ လူသတ်တရားခံ နအဖဝန်ကြီးချုပ် သိန်းစိန်အား အသိပေး ထုတ်ဖော်ဆန္ဒပြခဲ့ ကြသေးသည်။ ယခုဂျပန်နိုင်ငံခရီးစဉ်တွင် ထိရောက်သော ထုတ်ဖော်ဆန္ဒပြမှုများ ပြုလိုပ်နိုင်ရန် ဂျေအေစီမှ (Joint Action Committee of Burmese Community in Japan) ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

ပေါက်လို့ကောင်းနိုင်သည့် ဖိနပ်များ ရောင်းအားတက်လာဖွယ်ရှိ


Mr.Creator ၏ဖန်တီးမှု




Friday, October 30, 2009

Monday, October 26, 2009

Friday, October 23, 2009

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ အမျိုးသားလွတ်မြောက်ရေး ဆောင်ရွက်မှု အနေဖြင့် ရန်ကုန် ၊ မန္တလေး ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ လားရှိုးစသော မြို့များတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပို့စကဒ် များအား ကျောင်းများ ၊ ကားဂိတ်များတွင် လိုက်လံကပ်သည့် လှုပ်ရှားမှုအား ပြုလုပ်ခဲ့ပါသည်။

ထိုသို့ လှုပ်ရှားမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒေါ်ဆောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ၊ နိုင်ငံတ၀ှမ်း သမဂ္ဂများပေါ်ပေါက်ရေး ၊ ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်ရေး နှင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်မြင်ရေးတို့ ဖြစ်ပါသည်။

ထိုရည်ရွယ်ချက်များအတိုင်း ကျွန်တော်တို့ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ အောင်မြင်သည် အထိ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများ နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကိုသန်းနိုင် ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၊ UBST.BURMA@GMAIL.COM သို့ ဆက်သွယ်နိုင်ပါသည်။

“ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအောင်ရမည် ”
နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ

Wednesday, October 21, 2009

ရှင်းဂျုးကုမြို့နယ်ရုံးမှကြီးမှူးကျင်းပသော အနှစ်(၃၀)မြောက် ယဉ်ကျေးမှုမိတ်သဟာယပွဲ


ရှင်းဂျူးကုမြို့နယ်အတွင်း၌ အခြေချနေထိုင်ကြသည့် မြန်မာနိုင်ငံသားများအပါအ၀င် တခြားနိုင်ငံခြားသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ဂျပန်လူမျိုးများပိုမိုသိရှိလာစေရန်နှင့် တခြားလူမျိုးများလည်း အချင်းချင်းပိုမိုရင်းနှီးချစ်ခင်လာစေရန်ရည်ရွယ်၍ ရှင်းဂျူးကုမြို့နယ်ရုံးမှကြီးမှူးပြီး အောက်တိုဘာ ၁၈ ရက်နေ့က တာကာဒါနိုဘာဘာရှိ တိုးယာမပန်းခြံတွင် အကြိမ်(၃၀)မြောက် ယဉ်ကျေးမှုမိတ်သဟာယပွဲတော်တစ်ခုကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။
နံနက် ၁၀း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့သော ယဉ်ကျေးမှုမိတ်သဟာယပွဲတော်တွင် အာရှနိုင်ငံသားများဖြစ်သည့် ကိုရီးယား၊ တရုတ်၊ ထိုင်း၊ ဖိလစ်ပင်းနှင့် မြန်မာလူမျိုးတို့မှ မိမိတို့၏အစားအစာနှင့် ရိုးရာယဉ်ကျေးမှုဓလေ့များ၊ အကများကို အသီးသီးတင်ဆက်ကပြခဲ့ကြပါသည်။
အိမ်ရှင်နိုင်ငံဖြစ်သည့် ဂျပန်လူမျိုးတို့၏ရိုးရာဓလေ့တရပ်ဖြစ်သော လက်ဖက်ရည်ကြမ်းဖျော်စပ်နည်းကိုလည်း တင်ဆက်ပြသခဲ့ကြသည်။
အကြိမ်(၃၀)မြောက်ယဉ်ကျေးမှုမိတ်သဟာယပွဲတွင် မြန်မာတိုင်းရင်းသားများဖြစ်ကြသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့မှ ရှမ်းရိုးရာယဉ်ကျေးမှုအကများ တင်ဆက်၍ ရှမ်းအစားအစာများကိုလည်း ရောင်းချပေးခဲ့သည်။ ယခုလို ရှမ်းတိုင်းရင်းသားများကို ပွဲတော်တွင် အတူတကွပါဝင်ဆင်နွဲနိုင်အောင် မေတ္တာဖောင်ဒေးရှင်းမှ ကူညီပေးခဲ့ခြင်းလည်း ဖြစ်ပါသည်။
အဆိုပါမေတ္တာဖောင်ဒေးရှင်းမှ တာဝန်ခံတစ်ဦးဖြစ်သူ မဇင်မာကလည်း နိုင်ငံခြားသားပေါင်းစုံ အများစုအခြေချနေထိုင်လျက်ရှိသည့် ရှင်းဂျူးကုမြို့နယ်တွင် ယဉ်ကျေးမှုဖလှယ်သည့်ပွဲများ မကြာခဏကျင်းပလေ့ရှိကြောင်း ရှင်းလင်းပြောကြားပြီး မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုနှင့် တိုင်းရင်းသားများ၏ ဓလေ့များကို ထုတ်ဖော်ပြသလို၍ ယခုလိုရှမ်းတိုင်းရင်းသားများကို အကူအညီတောင်းခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။
ရှမ်းတိုင်းရင်းသားအကနှင့်အတူ မြန်မာရိုးရာယဉ်ကျေးမှုကို တွဲဖက်တင်ဆက်သည့်အနေဖြင့် သင်္ကြန်အကနှင့် မြန်မာရုပ်သေးအကတို့နှင့်လည်း ဖျော်ဖြေခဲ့ကြရာ ဂျပန်လူမျိုးများသာမက တခြားနိုင်ငံသားများကပါ တအံတသြကြည့်ရှုခဲ့ကြပါသည်။ မြန်မာလူငယ်များကလည်း ရိုးရာအားကစားတစ်ခုဖြစ်သော ခြင်းလုံးခတ်ကစားနည်းဖြင့် ဖျော်ဖြေခဲ့ရာ အတူတကွဝင်ရောက်၍ ပျော်ပျော်ပါးပါးကစားခဲ့ကြတာကိုလည်း မြင်တွေ့ခဲ့ရပါသည်။
ရှင်းဂျူးကုမြို့နယ်တွင် နေထိုင်နေကြသည့်နိုင်ငံခြားသားအရေအတွက်အများဆုံးမှာ ကိုရီးယားလူမျိုးဖြစ်ပြီး၊ တရုတ်ကဒုတိယလိုက်ကာ မြန်မာလူမျိုးကတတိယဖြစ်သည်ဟု ပွဲတော်တာဝန်ရှိသူများ၏ရှင်းလင်းပြောပြချက်အရသိရှိရပါသည်။
လာမည့် အောက်တိုဘာ ၂၄ ရက်(စနေနေ့)တွင်လည်း ထပ်မံကျင်းပပြုလုပ်ဦးမည်ဟုသိရှိရပြီး မည်သူမဆို(၀င်ကြေးပေးစရာမလိုပါ)ပျော်ပျော်ပါးပါးဆင်နွဲနိုင်ကြောင်း သတင်းကောင်းပါအပ်ပါသည်။

နန်းအိမွန်ချစ်(MTK)

Monday, October 19, 2009

ဂျပန်ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့သည့်ကိစ္စနှင့် ပါတ်သတ်၍ မြန်မာ့ဒီမိုအင်အားစုများအား ဦးမောင်မောင်မှ ပြန်လည်ရှင်းလင်းဆွေးနွေး


တိုကျို၊ အောက်တိုဘာ(၁၈)
သန့်မျိုးထွေး
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB)နှင့် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-ပြည်ထောင်စု မြန်မာနိုင်ငံ(FTUB)တို့. အထွေထွေအတွင်းရေးမှုးဦးမောင်မောင်သည် နျူကလီးယား အဆိပ်အတောက်များ လုံးဝကင်းစင်သော ငြိမ်ချမ်းသာယာသည့် ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စုသစ်ထူထောင်ရေးနှင့် စစ်အာဏာရှင်စနစ်ကိုကျားကန်ပေးမည့် (၂ဝဝ၈)ဖွဲ့စည်းပုံကို အခြေခံသည့် (၂ဝ၁ဝ)အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးတို့ကို ဆော်သြော်ရန် ၂ဝဝ၉ခုနှစ်၊အောက်တိုဘာလ(၆)ရက်နေ့က ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့ပါသည်။
ဂျပန်သို့ရောက်ရှိနေစဉ်အတွင်း ဂျပန်ဒု-နိုင်ငံခြားရေးဝန်ကြီး(Tetsuyo Fukuyama)နှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည့် NCUBနှင့် FTUB ၏အထွေထွေအတွင်းရေးမှူးဦးမောင်မောင်က မြန်မာ့ဒီမိုကရေစီအရေးနှင့်ပါတ်သတ်၍ ဂျပန်အစိုးရသစ်၏သဘောထားနှင့် နအဖစစ်အစိုးရအပေါ်ဖိအားပေးနိုင်မှုအနေအထားတို့ကို ဂျပန်ရှိဒီမိုကရေစီအင်အား စုများနှင့်တွေ့ဆုံ၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံနှင့်တန်းတူ ဂျပန်အစိုးရအနေနှင့် နအဖနှင့်စီးပွားကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်သည့်အတွက် စီးပွားရေးပိတ်ဆို့မှုကို သဘောသိပ်မတူနိုင်ကြောင်းနှင့် မြန်မာ့ဒီမိုအင်အားစုများဘက်မှစီးပွားရေးပိတ်ဆို့မှုကို တောင်းဆိုရာတွင်လည်း လေယာဉ်အစိတ်အပိုင်းရောင်းချမှုမျိုးအစရှိသည့် နအဖအရှိုက်ထိစေမည့် စီးပွားရေးပိတ်ဆို့မှုမျိုးကိုတော့မဖြစ်မနေပြုလုပ်မှသာ ၄င်းတို့အဆိုပြုထားသော (National Reconsolidation)စကားဝိုင်းဆီသို့ စစ်အုပ်စုဘက်ကရောက်ရှိလာမှာဖြစ်ကြောင်း ဂျပန်အစိုးရကိုတိုက်တွန်းခဲ့ကြောင်း ဦးမောင်မောင်ကပြောကြားသည်။

ထို့အပြင် နအဖတစ်ဖက်သက်ရေးဆွဲထားသည့် အတုအယောင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံသည် Freedom of Association လွပ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်၊ Freedom of Expression လွပ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်စသည့် အခွင့်အရေးများမရှိသလို ၂ဝဝ၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီကျသောဖွဲ့စည်းပုံဖြစ်လာစေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာထားသော ရွှေဂုံတိုင်ကြေညာချက်ပါ တောင်းဆိုချက်များကို စစ်အုပ်စုက လိုက်လျောခြင်း မရှိသေးသဖြစ် ၂ဝ၁ဝ ရွေးကောက်ပွဲပြုလုပ်မည်ဟု နအဖပြောဆိုမှုအပေါ် သတိထားသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်ဟုသိရှိရသည်။
ဂျပန်အစိုးရအနေနှင့် ပြီးခဲ့သည့်လအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်နအဖဝန်ကြီးဦးဥာဏ်ဝင်းတို့တွေ့ဆုံရာတွင် ပွင့်ပွင့်လင်းလင်းနှင့်အများပါဝင်ဖို့လိုကြောင်းနှင့် ၂ဝ၁ဝ ရွှေးကောက်ပွဲမတိုင်မှီ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်း သားများအားလုံးပြန်လည်လွှတ်ပေးသင့်ကြောင်းနှင့် ဂျပန်နိုင်ငံတွင် အတိုက်အခံပါတီမှအာဏာရရှိလာခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သော်လည်း ဂျပန်နိုင်ငံ၏မှုဝါဒပေါ်လစီအနေနှင့်အပြောင်းအလဲမရှိကြောင်း ပြန်လည်ရှင်းပြခဲ့ပြီး ၄င်း၏တင်ပြမှုကိုလက်ခံပါကြောင်းနှင့် ဂျပန်နိုင်ငံအနေနှင့်မြန်မာ့အရေးကို အမြဲပင်စိတ်ဝင်စားလျှက်ရှိသည်ဟု ဦးမောင်မောင်ကပြန်လည်ရှင်းပြသည်။
ဂျပန်ရှိဒီမိုကရေစီအရေးလှုပ်ရှားသူများအနေနှင့်လည်း နအဖ၏ နျူကလိယားအစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့် ကမ်းပိန်းတခုကို ဂျပန်တွင်ပြုလုပ်သင့်ကြောင်းတိုက်တွန်းပြောကြားသွားပြီး နအဖအနေနှင့်၂ဝ၁ဝ ရွှေးကောက်ပွဲကို မည်သို့ပင်ဝေဖန်မှုများရှိနေသော်ငြား မဖြစ်မနေလုပ်ဆောင်လိမ့်မည်ဖြစ်၍ တိုင်းရင်းသားများအတွက်လည်းရှင်းလင်းသော အခွင့်အရေးပြဌာန်းမှုများမပါရှိသည့်သလို ခိုင်မာသောဒီမိုကရေစီအခွင့်အရေးများမရှိသည့်အတွက် ရွှေးကောက်ပွဲဖြစ်မြောက် သွားစေကာမှု မိမိတို့၏ခိုင်မာသောဆုံးဖြတ်ချက်ကို လက်ဆုပ်လက်ကိုင်ပြုထားဖို့လိုကြောင်း ဦးမောင်မောင်ကတိုက်တွန်း ပြောဆိုသွားသည်။
စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်တစ်ခုမှာ ယခုအချိန်တွင် ဒီမိုကရက်တစ်အင်အားစုဂြိုလ်စီးနေသည့်ကာလဟု ပြောရလောက်အောင် အမေရိကန်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့တွင် ဒီမိုကရက်တစ်ပါတီများမှ အာဏာရနေချိန်ကာလတွင် ကိုယ့်နိုင်ငံ ဒီမိုကရေစီအရေးအတွက် ဟန်ချက်ညီညီအသုံးပြုသွားကြဖို့အရေးကြီးကြောင်းနှင့် အခွင့်အရေးဟာ နှစ်ခါမလာဆိုသည့်ဆိုစကားအတိုင်း အားလုံး၏ညီညွတ်မှုနှင့် ကြိုးစားလုပ်ဆောင်လျင် အပြောင်းအလဲဖြစ်နိုင်ကြောင်းလည်း ရှင်းလင်းပြောဆိုသွားခဲ့သည်။
အိုးချနော့မိဇုအရပ်ရှိ Burma Office ရုံးတွင်ပြုလုပ်သည့်ဆွေးနွေးပွဲ ညနေ(၃)နာရီခွဲမှစတင်ပြုလုပ်ခဲ့ပြီး ဂျပန်ရှိဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်း သားအဖွဲ့များမှအစုံအလင်တက်ရောက်ခဲ့သည်။

“မေ့လို့မဖြစ်တဲ့မင်းကိုနိုင်” ခေါင်းစဉ်ဖြင့် ၄၇ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ကျင်းပပြုလုပ်



ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် အသက် ၄၇ နှစ်ပြည့်ပြီဖြစ်တဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်၏ မွေးနေ့မင်္ဂလာအထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ အိခဲဘုခုရို(Ikebukuro)အရပ်ရှိ Kumin Center ၄ထပ် တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်၏ ၄၇ နှစ်ပြည့် မွေးနေ့မင်္ဂလာအထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို “မေ့လို့မဖြစ်တဲ့မင်းကိုနိုင်“ခေါင်းစဉ်ဖြစ် ကျင်းပပြုလုပ်ခဲ့ကြပြီး ကိုမင်းကိုနိုင်၏ အတ္ထုပ္ပတ္တိကိုဖတ်ကြားခြင်း၊ ကိုမင်းကိုနိုင်၏ မြန်မာ့ဒီမိုကရေစီအရေးအတွက် ကြိုးစားခဲ့မှုများနှင့် အမျိုးသားသင့်မြတ်ရေးအတွက်လုပ်ဆောင်မှုများအကြောင်းကို ရှင်းလင်းပြောကြားခြင်းများပြုလုပ်ခဲ့ကြပါသည်။
ထို့အပြင် တက်ရောက်လာသူတစ်ချို့ကလည်း ကိုမင်းကိုနိုင်အတွက် ဂုဏ်ပြုရေးစပ်ထားတဲ့ ကဗျာများရွတ်ဆိုခဲ့ကြကြောင်းလည်း သိရှိရပါသည်။

ရေးသားပေးပို့သူ-နန်းအိမွန်ချစ်(MTK)

Monday, October 12, 2009

Sunday, October 11, 2009

ဂျပန်တွင် လစဉ် ၉ ရက်နေ့တိုင်းကျင်းပသည့် ဦးခွန်ထွန်းဦးလွတ်မြောက်ရေးလှုပ်ရှားမှု



လစဉ်ကျင်းပတောင်းဆိုနေသည့် သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များလွတ်မြောက်ရေး လူထုဆန္ဒပြပွဲကြီးကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ အခြေစိုက်ရုံးရှေ့တွင် အောက်တိုဘာလ ၉ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ၃နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်)မှ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး အဖွဲ့အစည်းအသီးသီးမှ ဒီမိုကရေစီလှုပ်ရှားသူများ တက်ရောက်ဆန္ဒပြခဲ့ကြပါသည်။ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများမှ အမှာစကားပြောကြားပြီး ကြွေးကြော်သံများတိုင်တည်ကာ အခမ်းအနားကို မွန်လွဲ ၄နာရီတွင် ရုတ်သိမ်းလိုက်ကြပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်-စိုင်းလောင်ခမ်း

Saturday, October 3, 2009

တတိယအကြိမ် အဆုံးသတ်တိုက်ပွဲကို ဆင်နွဲမည်

ဖြိုးဝေ-mmp | ယနေ့ သီတင်းကျွတ်လပြည့် (၁၅) ရက် (၃.၁၀.၂၀၀၉) စနေနေ့ သံဃာပ၀ါရဏာပွဲနေ့တွင် မြန်မာတစ်နိုင်ငံလုံး သံဃာတော်များနှင့်တကွ ပြည်ပနိုင်ငံ အသီးသီးရှိ သံဃာတော်များအားလုံး ပူးပေါင်း၍ စစ်အာဏာရှင်များအပေါ် သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ လုပ်ဆောင်သွားမည် ဖြစ်သည်။

သံဃာတော်အဖွဲ့အစည်းများ၏ သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်များအရ မတရားဖမ်းဆီးထားသော သံဃာတော်များအား ချက်ချင်းလွတ်ပေးရန်နှင့် သံဃာတော်များအပေါ် နှိပ်စက်သတ်ဖြတ် စော်ကားမှုများကို အမြန်ဆုံးပြန် လည်တောင်းပန်ရန် ဖြစ်သည်။ ၄င်း ၂ ချက်အား သီတင်းကျွတ်လဆန်း ၁၄ရက် (၂.၁၀.၂၀၀၉) သောကြာနေ့ နေ့လည် ၁၂ နာရီအချိန်အထိ စစ်အာဏာရှင်များအနေနဲ့ ၀န်ချတောင်းပန်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ကြေငြာချက်ပါအတိုင်း ပြည်တွင်း/ပြည်ပ အသီးသီးမှ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ သံဃာလှုပ်ရှားမှုအတွက် ပြည်တွင်းသို့ ၀င်ရောက်လာမည့်သူများကို အထူးသတိထားရန်နှင့် လှုပ်ရှားသူအတုများက ၄င်းတို့နှင့် ဆက်သွယ်ရန် ထောင်ခြောက်ဆင်ကာ သံဃာ ၁၅၀ ခန့်ကို စုဆောင်းထားပြီး စောင့်နေကြကြောင်း အရှင်ဦးထာဝရမှ သတိပေးမိန့်တော်မူသည်။

တတိယအကြိမ် အဆုံးသတ်တိုက်ပွဲကို အချိန်အခါကြည့်၍ လမ်းပေါ်ထွက်ကာ သပိတ်မှောက်ဆန္ဒပြ သွားမည်ဖြစ်သည်။ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ဖို့ တတိယအကြိမ် အဆုံးသတ်တိုက်ပွဲတွင် မိဘပြည်သူများဘက်မှ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ သံဃာတော်များနှင့်အတူ ပူးပေါင်းပါဝင် အားပေးကူညီမှုများ လိုအပ်ပါကြောင်း ဆရာတော်မှ တိုက်တွန်းမိန့်ကြားသွားသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် အပြစ်မဲ့သော သံဃာတော်များနှင့် မိဘပြည်သူများ အသက်ဆုံးရှုံးခဲ့ခြင်း၊ အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံနေရခြင်းများအပေါ် မဟာန ဆရာတော်ဘုရားကြီးများမှ တာဝန်ယူဖြေရှင်းပေးမှုများ မပြုလုပ်ခဲ့သဖြင့် အောင်မြင်မှုများ လက်လွတ်ဆုံးရှုံးခဲ့ရကြောင်း၊ ယခု တတိယအကြိမ် အဆုံးသတ်တိုက်ပွဲတွင် မဟာန ဆရာတော် ဘုရားကြီးများမှ ဝင်ရောက်ကူညီဆောင်ရွက်ပေးပါရန် ရိုသေစွာဖြင့် လျှောက်ထားအပ်ကြောင်း သိရသည်။

နိုင်ငံရေး အဖွဲ့အစည်းများမှလည်း သံဃာတော်များနှင့်အတူ တစ်သားတည်း ပူပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေငြာချက်များအရ သိရပါသည်။ သံဃာတော်များ၊ မိဘပြည်သူများ နှင့် နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှ တညီအညွှတ်တည်းပေါင်းစည်းကာ စစ်အာဏာရှင်များအပေါ် တတိယအကြိမ် အဆုံးသတ်တိုက်ပွဲကို ဆင်နွဲပါက အောင်မြင်မှုရရှိမည်မှာ သေချာပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More