This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, December 12, 2010

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအေးကြည် ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအေးကြည် ကွယ်လွန်

Photobucketကုန်ဈေးနုန်းကျဆင်းရေးအဖွဲ့ဝင်

Saturday, December 11, 2010

ဂျပန်ရောက်မြန်မာများ သီဆိုခဲ့သော We Are The World သီချင်း


ဗီဒီယို - TibetKanagawa
ဂျပန်နိုင်ငံတိုကျိုမြို့ရှိ ကုလသမ္မက အဆောက်အဦးရှေ့တွင် လူအင်အား ၂၀၀ ကျော်ဖြင့် ကမ္ဘာ့လူအခွင့်အရေးနေ့ အခမ်းအနားပွဲပြုလုပ်ခဲ့တာဖြစ်ပါသည်။ အဆိုပါ အခမ်းအနားကို ဂျပန်ရှိ လူ့အခွင့်အရေးလိုလားသော အဖွဲ့အစည်းများနှင့် ဂျပန်ရောက် နိုင်ငံခြားသားများပါ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။
View all

(၆၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဂျပန်ရောက်မြန်မာများဆင်နွဲ

နိုင်ငံတကာ လူ့အခွင့်အရေး ကြေငြာစာတမ်းကြီး၏  သက်တမ်းသည် ယနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် နှစ်ပေါင်း (၆၂)နှစ်ပြည့်ခဲ့ပါပြီ။ သို့သော် မြန်မာနိုင်ငံတွင် ၁၉၆၂နှစ်မှ ယနေ့ မျက်မှောက်ခေတ် တိုင်အောင် နအဖ စစ်အာဏာရှင်တို့သည် မြန်မာနိုင်ငံ ပြည်သြူပည်သားများကို လူ့အခွင့်အရေးချိုးဖောက်မှု နှင့် အကြမ်းဖက်မှုများကို ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသောအဖွဲ့အစည်းများ၊မြန်မာ့ဒီမိုအရေးကိုအစဉ်တစ်စိုက် အားပေးကူညီနေသော ဂျပန် (NGO/NPO)အဖွဲ့များနှင့်အတူ လူ့အခွင့်အရေးဆုံးရှုံးမှုကို ခံစားနေကြရသော  တရုတ်၊တိဘက်၊သီရီလင်္ကာ၊ အီသီယိုပီးယား စသောနိုင်ငံများမှ တက်ရောက်ကာ ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိဘူယရပ်ကွက် တွင်ရှိသော ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် မိမိတို့နိုင်ငံအလိုက် လူ့အခွင့်အရေးဆုံးရှုံးမှုများကို တင်ပြတောင်းဆိုမှုနှင့်အတူ မိမိတို့ကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုဆုတောင်းပွဲကို ညနေပိုင်း (၃) နာရီ မှ (၄) နာရီ ခွဲ  အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။


မြန်မာနိုင်ငံသည် ဗြိတိသျှတို့လက်အောက် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရလျှင်ရပြီးချင်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည့် အချိန်မှစ တင်ကာ လူ့အခွင့်အရေးကြေငြာစာတမ်းကို အစောဆုံး ထောက်ခံခဲ့သည့် နိုင်ငံဖြစ်သည်။နအဖ စစ်အစိုးရသည် နိုင်ငံတကာလူ့အခွင့်အရေးကြေငြာစာတမ်းကို လျစ်လျူရှူကာ မြန်မာပြည်သူများ၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များ ၊ အခြေခံလူ့အခွင့်အရေး ပိတ်ပင်ထားခဲ့သည်မှာ ၁၉၆၂ မှ ယနေ့ထိတိုင်ပင်ဖြစ်ပါသည်။
၂၀၁၀ နိုဝင်ဘာလ (၇) ရက်တွင်ကျင်းပခဲ့သော အတုအယောင် ရွေးကောက်ပွဲသည် မြန်မာပြည်သူတို့အား ထာဝရ စစ်ကျွန်ဖြစ်စေသည့်အပြင် ယခုစစ်ဘေးဒဏ်ကြောင့် ခိုလှုံရာမဲ့ ရွှေ့ပြောင်းနေရသော ဒုက©သည်များ များပြားလျက်ရှိသည့်အပြင် အဓမ္မခိုင်းစေခံရခြင်းများ ၊ ကလေးစစ်သားပြုခံရခြင်းများတွေ့ကြုံနေရသောကြောင့် နအဖ စစ်အာဏာရှင်တို့သည် မြန်မာနိုင်ငံပြည်သူတစ်ရပ်လုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အတိုင်းအဆမရှိများပြားနေပါသည်။

အခမ်းအနားမှုးအဖြစ် Amnesty International မှ KUMAZAWA  SAN မှ ဆောင်ရွက်ခဲ့ပြီး LDB မှ ဦးကျော်ကျော်စိုးက (၆၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း (Universal Declaration Of Humn Rights)ကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ကြားတင်သွင်းခဲ့ပါသည်။
တက်ရောက်လာသော နိုင်ငံများမှ  မိမိတို့နိုင်ငံအလိုက် ဆုံးရှုံးနေသည့် လူ့အခွင့်အရေးများကို ရှင်းလင်းပြောဆိုခဲ့ကြပါသည်။ တရုတ်နိုင်ငံ မှ ၁၉၈၉ခုနှစ် ကျောင်းသားခေါင်းဆောင် တက်ရောက်ခဲ့ပါသည်။ ယနေ့ ဒီဇင်ဘာလ(၁၀) ရက် နော်ဝေးနိုင်ငံ အော်စလိုမြို့တွင် ကျင်းပမည့်  နိုဘယ်လ်ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခွင့် မရရှိသော  လက်ရှိအကျဉ်းကျခံနေရဆဲ တရုတ်ဒီမိုကရေစီအရေးလှုပ်ရှားသူ လျူရှောင်ဘို  လွတ်မြောက်ရန် အတွက် တရုတ်နိုင်ငံမှ တက်ရောက်လာသူများကတောင်းဆိုခဲ့ကြပါသည်။
PNS မှ ဦးမိုင်ကျော်ဦးက ” ကျွန်တော်တို့ရဲ့ နိုင်ငံမှာ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့ပြီးဖြစ်သော်လည်း မိမိတို့ရဲ့ယုံကြည်ချက်တွေနဲ့ ယခုအချိန်ထိ အကျဉ်းချခံနေရဆဲ အကျဉ်းသား (၂၀၀၀) ထောင်ကျော်ရှိနေသေးကြောင်းနှင့် ထိုအကျဉ်းသားများလွတ်မြောက်ရန်လိုသေးကြောင်း၊ ထိုအကျဉ်းသား(၂၀၀၀)ကျော်အပြင် နအဖမှ တစ်တိုင်းပြည်လုံးကို မျက်စီပိတ် ၊နားပိတ် ၊ပါးစပ်ပိတ် ထားသော လူ့အခွင့်အရေးဆုံးရှုံးနေသောမြန်မာနိုင်ငံအတွက် ဆက်လက်တိုက်ပွဲဝင် သွားရန်နှင့် တိုင်းရင်းသားဒေသများတွင်လည်း လူ့အခွင့်အရေးများ ဆုံးရှုံးလျက် ရှိကြောင်း” ပြောကြားသွားခဲ့ပါသည်။ အခမ်းအနားကို သက်ဆိုင်ရာဘာသာအလိုက် ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ပြီး “WE ARE THE WORLD “ သီချင်းဖြင့် အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
နန်းအိမွန်ချစ်
မှတ်တမ်းဓါတ်ပုံ-ဦးသန်းဝင်း

Friday, December 10, 2010

အနိုင်ယူလိုသူကို အရှုံးပေးလို့ တကယ် နှလုံးအေးရဲ့လား

ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရဟု အမည်ခံထားသည့် အာဏာသိမ်း စစ်အာဏာရှင် အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ဆောက်နိုင်ရန် မူဝါဒလမ်းစဉ်(၇)ရပ်ကို ချမှတ် ဖော်ဆောင်ရွက်မည်ဟု ကြွေးကြော်ထားသော်လည်း လက်တွေ့တွင်မူ အပြောတမျိုး အလုပ်တမျိုးလုပ်ဆောင်လျှက် ရှိနေသည်ကို အားလုံးသိပြီး ဖြစ်ပါသည် ။ သူတို့ဖော်ဆောင်နေသည့် မူဝါဒ (၁)ရပ်ပြီး တိုင်းပြီးတိုင်း ပြည်သူများ စီးပွားရေးကား ကြပ်သထက် ကြပ်လာသည် ။ ငတ်သထက်ငတ်လာသည် ။ ထိုသို့ဖြစ်ပွားနေသည်ကို သူတို့မသိ၍ မဟုတ် ၊ သိသိကြီးနဲ့ တမင်ကြံစည်ကား တိုင်းပြည်ကို စနစ်တကျ ဖျက်စီးနေကြခြင်းဟု ပထမဦးစွာ ယုံကြည်ထားစေချင်ပါသည် ။ စစ်အာဏာရှင်တို့သည် တိုင်းသူပြည်သားများကို အသာထား သူတို့၏ အာဏာရှင် စနစ် ယန္တရားကြီးကို အဓိက မောင်းနှင်ပေးထားသည့် တပ်မတော်များနှင့် ၀န်ထမ်းများကိုပင် သူတို့၏ အိမ်မွေးတိရစ္ဆာန်လောက်ပင် မေတ္တာမရှိကြသည်ကို သူတို့၏ လက်တွေ့လုပ်ဆောင် ချက်များတွင် ထင်ရှားစွာ တွေ့မြင်နိုင်လေသည် ။

တိုင်းပြည်တပြည်ကို အာဏာရှင်စနစ်ဖြင့် ကြာရှည်စွာ အုပ်ချုပ်လိုလျှင် ထိုတိုင်းသူပြည်သူသားတို့၏ အတွေးအခေါ် အမြော်အမြင် အားကောင်းစေမည့် ပညာရေးစနစ်ကိုဖျက်စီးရသည့် ဆိုသည့် မူဝါဒ ကိုသာ လက်တွေ့ အကောင်အထည် ဖော်နေကြသည် ။ အခြေခံ ပညာရေး စနစ်မှ စကာ တက္ကသိုလ် ပညာရေး စနစ် အဆုံး နေရာတိုင်းတွင် သမိုင်းမှန်တို့ကို ဖျောက်နိုင်သမျှ ဖျောက်ထားလာကြသည် ။ အတွေးအခေါ် အားကောင်းစေမည့် စာပေများ အစား အစီအစဉ် တကျ မရှိသည့် စာပေများကို ယောင်ဝါးဝါး အတွေများ ဖြင့်ရွေးချယ်ကာထုတ်နူတ် သင်ကြားလာကြသည် ။ တတ်ကျွမ်း နားလည်သော ပညာရှင်များ၏ လမ်းညွှန်ပြသချက်ကို အသိညဏ်နည်းပါးသည့် လူမိုက်များက လက်မခံ ။ သူတို့ရည်ရွယ်ချက် အတိုင်း မြန်မာနိုင်ငံ ပညာရေး စနစ်ကို စတင်ဖျက်စီး လာကြခြင်း၏ အကျိုးဆက်ကို ယနေ့ခတ်လူငယ်များ ခါးသီးဖွယ်ရာခံစား နေကြရသည်ကို မြန်မာနိုင်ငံ ပကတိ အနေအထားကို ကြည့်၍ မည်သူမျှ ငြင်းချက်ထုတ်၍ မရ ။

အခြေခံသင်ရိုးညွှန်းတမ်းများ ခိုင်မာမှု မရှိခြင်း ၊ သင်ကြားပြသပေးသည့် ဆရာဆရာများ၏ အားနည်းချက် ၊ ဆင်းရဲနွမ်းပါး ချို့တဲ့သော ကျောင်းသားများနှင် စဉ်ဆက် မပြတ် ပညာသင်ယူရေး စနစ်ဟု အမည်ခံကာ မအောင်မရှိ ပညာရေး စနစ်တို့ ပေါင်းစုံသောအခါ ကျောင်းသားများ၏ အတွေးအခေါ် ညဏ် အမြော်အမြင် များကို ထိရောက်အောင် မပံ့ပိုးပေး နိုင်ကြတော့ ။ ဥယာဉ်ပိုင်ရှင်၏ မ၀ရေစာ လစာပေးထားမှုတို့ကြောင့် ပန်းပျိုးလက်တို့သည် ပန်းပင်များကို ချစ်ခင်မြတ်နိုးတန်ဖိုးထားသော စိတ်ထားတို့ဖြင့် မပြုစုချင်ကြတော့ ။ သင်တင့်မျှတသော မြေသြဇာ ၊ ရေ နှင့် နေရောင် ခြည် ၊ မြေလောင်းပေါင်းသင် အစရှိသည့် လိုအပ်မှု တို့ မရကြသောအခါ ထိုပန်းပင်တို့မှ ပန်းပွင့်တို့သည် လှပစွာ မပွင့်ဖူးနိုင်ကြတော့ ။ ၀မ်း နည်းစရာ ကောင်းသည်က အချို့သောပန်းပင်များကား ပွင့်ဖူးခွင့်ကို မရကြတော့ချေ ။ ထိုသို့ မလှမပ ပွင့်နေကြသော ပန်းပင်တို့ကို ဈေးကွက်တင်သော အခါ ပန်းဟူသည့် ပုံသဏ္ဍန်သာ ရှိပြီး ပန်းပွင့်တပွင့်၏ ဂုဏ်အင်္ဂါဖြင့် မပြည့်စုံသောကြောင့် ဈေးကောင်းမရ ။ ထိုသို့ လှပစွာ မဖူးပွင့်နိုင်သော ပန်းပင်များနှင့် ပွင့်ဖူးခြင်းမရသည် ပန်းပင်တို့ စုဝေးရာ ဥယာဉ်ကြီးသည် လှပမှုတို့ ပျောက်ဆုံးကာ ရုပ်ဆိုး အကျည်းတန်နေ သကဲ့သို့ အနာဂတ်မျိုးဆက်လူငယ်များ၏ ညဏ်ရည်ညဏ်သွေး ထက်မြက်မှုတို့ကို ပိုမို အထောက်အကူ ဖြစ်စေမည့် ပညာရေးစနစ်ကြီး ပျက်စီးလာသော အခါ ထိုသို့သော မျိုးဆက်သစ်များကို ပိုင်ဆိုင်ထားသည့် တိုင်းပြည်ကြီးသည်လည်း ပြိုကျပျက်စီးလာသလို လူငယ်များ၏ အနာဂတ်သည်လည်း ရည်ရွယ်ချက်မဲ့ကာ ဦးတည်ချက်တို့ ပျောက်ဆုံးလာကြသည် ။

တက္ကသိုလ် ၊ ကောလိပ် ၊ သိပ္ပံ အသီးသီးမှ သက်ဆိုင်ရာ ဘာသာရပ်များ တွင် သင်ယူ တတ်မြောက်ပြီးဖြစ်ကာ ထိုပညာရပ်တို့တွင် ကျွမ်းကျင်မှု ရှိပါသည်ဟု အသိအမှတ်ပြုကာ ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သော်လည်း ထိုသို့သော ဘွဲ့ရလူငယ်များ၏ လက်တွေ့ကမ္ဘာတွင် ၀င် ရောက် အလုပ်အကိုင် ရှာဖွေပါက သင့်တင့်မျှတသည့် အလုပ်များကို ဖန်တီးပေးနိုင်မှု မရှိပါ ။ ထိုအခါ ဘွဲ့ရလျှင် ဘာလုပ်မည် ၊ မိဘကို ဘယ်လို ထောက်ပံ့ပေးမည် ၊ မိမိတို့၏ အနာဂတ်ကို ဘယ်လို တည်ဆောက်ကြမည်ဟု မျှော်လင့်ကာ နှစ်ပေါင်းများစွာ ပညာသင်ယူခြင်း၏ အကျိုးအမြတ်ကို ခံစားရတော့မည်ဟု ယုံကြည်ထားကြသည့် လူငယ်များ၏ ရည်မှန်းချက်တို့ ဗုန်းဗုန်းလဲကြခဲ့ရသည် ။ လုပ်စရာ အလုပ်မရှိသည့်အခါ လူငယ်များ၏ ခြေလှမ်းတို့သည် ငွေရလွယ်သည့် မကောင်းသည့်လုပ်ငန်းများ ၊ လောင်းကစား လုပ်ငန်းများ ဘက် ကို ဦးတည်လာကြသည် ။ နိုင်ငံတနိုင်ငံတွင် ပညာရေး စနစ် ပြိုကျ ပျက်စီးခြင်းကြောင့် လူငယ်များ၏ အနာဂတ် ဦးတည်ချက် ပျောက်ဆုံးလာသည်နှင့် တပြိုက်နက်ထဲ ထိုလူငယ်များ၏ စာရိတ္တမဏ္ဍိုင်ကို ရိုက်ချိုးလိုက်သလို ဖြစ်သွားသည် ။ ထိုသို့စာရိတ္တမဏ္ဍိုင် ပျက်စီးနေကြခြင်းကို ဗုဒ္ဓဘာသာဝင် တို့ အများဆုံးနေထိုင်ရာ နိုင်ငံမှ လူငယ်များဟု ကြိမ်ပြောလျှင်ပင် ယုံရခက်သည့် ညစ်နွမ်းသည့် လုပ်ရပ်များက သက်သေခံနေကြပါသည် ။

အထူးသဖြင့် ကျောင်းသားထု ညီညွတ်ရေးကို ပျက်ပြားအောင် နေရာ အနှံ့အပြားတွင် တက္ကသိုလ် ၊ ကောလိပ် ၊ သိပ္ပံ အစရှိသည့်ကျောင်းများ ဖွင့်လှစ်လာကြသည် ။ သာမန်အားဖြင့် ကြည်လျှင် တိုးတက်လာသယောင် ထင်မှတ်မှားလောက်စေပါသည် ။ တကယ့်လက်တွေ့တွင်မူ တက္ကသိုလ် အဆင့်ကျောင်း တစ်ခု ဖွင့်လှစ် တည်ထောင်ထားသော်လည်း ဘယ်ကျောင်းမှ ဆရာဆရာမ မလုံလောက် ၊ သင်ထောက်ကူ ပစ္စည်းက မပြည့်စုံ ၊ သင်ရိုးညွှန်းတမ်းက စနစ်တကျ မရှိ နဲ့ မြန်မာ့ပညာရေးကို တစတစ တိုးတက်ဖျက်စီးနေကြခြင်းသည် ဖြစ်သည် ။ ကျောင်းပြီး၍ ဘွဲ့ရလူငယ်များကို မေးကြည့်သည် ။ သူတို့ကိုယ်တိုင်က ၀န်ခံသည် ၊ သူတို့ဘာမှ မတတ် ၊ ထိုသို့ ဘာမှ မတတ်၍ သူတို့ကိုယ်တိုင်လည်း ယုံကြည်ချက်မရှိ ၊ ရည်မှန်းချက်တို့ ပျောက်ဆုံးကုန်ကြသည် ။ ကိုယ့်ဘ၀ ရည်မှန်းချက်တောင် ပျောက်ဆုံးနေသော လူငယ်များ၏ တိုင်းပြည် အပေါ်ထားသော ရည်မှန်းချက်ကား ဘယ်လိုလုပ် ခိုင်မာမှု ရှိမည်နည်း ။ ဤသည်ကို မိဘနှင့် ဆရာတို့က မသိမဟုတ် သိသိကြီးနဲ့ လက်ခံထားကြခြင်းက သားသမီးများကို ကိုယ်တိုင် ဖျက်စီး လိုက်သလို ဖြစ်နေသည် ။ အချိန်တန်၍ လုပ်ငန်းခွင် ၀င်ကြရမည့် အချိန် ထိုက်တန်သော အလုပ်မရလျှင် လူသဘာဝ ညည်းညူကြသည် ၊ ယနေ့ခတ် လူငယ်များသည် ညံ့ဖျင်းကြသည်ဟု ဝေဖန်ကြသည် ။ ထိုသို့ ဝေဖန်ခြင်းသည် တရားမျှတမှု မရှိ ။ ပင်ကိုယ်က ညံ့ဖျင်းခြင်း မဟုတ် ၊ ညစ်ထေးယုတ်မာသော စိတ်များဖြင့် လူငယ်များကို စနစ်တကျ ဖျက်စီးနေသော စနစ်ဆိုးကြောင့်သာ ဖြစ်သည် ။ ထိုစနစ်ဆိုးကို ဆက်လက် လက်ခံနေကြလျှင် နောင်လာမည့် မျိုးဆက်သည် ယခုထက် ပိုမိုညံ့ဖျင်းမည်မှာ အသေအချာပင်ဖြစ်သည် ။

တမျိုးသားလုံး အကျင့်စာရိတ္တနှင့် ပညာရေ မြင့်မားရေး ဆိုသည့်ဆောင်ပုဒ်ကို လက်ကိုင်ထားသည့် စစ်အာဏာရှင်များ သည် တကယ့်လက်တွေ့တွင် အဖော်အချွတ် အသားပေး အနုပညာရှင်များနှင့် လူငယ်များ၏ အသိညဏ်ကို အဆိပ်ခတ်သော ညစ်နွမ်းသော စာပေများကို အားပေးနေသလောက် စစ်မှန်သော ပြည်သူလူထု အကျိုးပြု အနုပညာရှင်များကို အမျိုးမျိုး အဖုံဖုံ ဒုက္ခပေးလျှက် ရှိနေသည့်ကို လက်တလောတွင် ဖြစ်ပွားခဲ့သည့် အနုပညာရှင် ၁၂ ဦး ၏ အနုပညာလုပ်ပိုင်ခွင့်ကို ပိတ်ပင်လိုက်ခြင်းက သက်သေပြလျှက် ရှိသည် ။ ပြည်သူလူထု ကို အကျိုးပြုတဲ့ အနုပညာရှင်တွေကို အာဏာရှင်တွေက အနုပညာလုပ်ခွင့် ပိတ်ပင်လိုက်သလို ပြည်သူလူထုကလည်း အာဏာရှင် စနစ် တည်မြဲရေး အတွက် ကူညီပံ့ပိုးပေးနေတဲ့ အနုပညာရှင် အမည်ခံ လူတစ်စု ကို ပြန်လည် ဒဏ်ခတ်တဲ့ အနေနဲ့ အဲဒီလူတွေ ပါဝင် သရုပ်ဆောင်တဲ့ ဇတ်ကားတွေ ၊ သီချင်းတွေ ၊ စာတွေကို အားမပေးဘဲ နေလို့ရပါတယ် ။ အဲဒီလိုသာ ပြည်သူလူထုက ညီညာစွာ တုန့်ပြန်နိုင်ရင် ပြည်သူလူထု အကျိုးပြု အနုပညာရှင် တွေ ဘက်က ရပ်တည်နေတယ် ဆိုတာကို သက်သေပြနိုင်သလို ၊ အာဏာရှင် လက်ကိုင်ဒုတ် လုပ်စားတဲ့လူတွေကို ပြည်သူလူထုက လက်မခံပါဘူး ဆိုတာ သက်သေပြနိုင်တဲ့ တခုတည်းသော အလွယ်ကူဆုံး လုပ်ဆောင် နိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့ ကျနော် ထင်မြင် ယူဆမိပါတယ်။


၁၉၂၀-ခုနှစ်ကာလတွင် အမျိုးသားပညာရေးလှုပ်ရှားမှု၏ ခေါင်းဆောင် ဆရာကြီးသခင်ကိုတော်မှိုင်းက ဂန္ထလောကမဂ္ဂဇင်းတွင် “ခေတ်ဆိုးလျှင် ခေတ်ကို အပြစ်မဆိုသာ။ ထိုခေတ်တွင်ရှိသော သူတို့ကိုသာ အပြစ်ဆိုစရာ ဖြစ်သောကြောင့် ငါတို့ခေတ်အတွက် ငါတို့တာဝန်ကြီးပေတကားဟု များများကြီး နှလုံးသွင်းအပ်ပေသည်” ဟုရေးသား တိုက်တွန်းခဲ့၏။ ယနေ့ချိန်ခါတွင်လည်း မြန်မာနိုင်ငံ၏ ပညာရေး အဆင့်အတန်း နိမ့်ကျနေသည်ကို လက်ခံထားသည့် ကျနော်တို့ကိုသာ အပြစ်ဆိုစရာ ရှိသည် ။ အာဏာရှင်တို့က စနစ်တကျ ဖျက်စီးသည် ။ သူတို့ အပေါင်းအပါများက အားတက်သရော ကူညီထောက်ပံ့ပေးကြသည် ။ ကျနော်တို့ နိုင်ငံသူ နိုင်ငံသားများကမူ တွန်းလှန်ရန် စိတ်ကူးမရှိကြ ၊ အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်အောင် ဦးဆောင် ကျိုးစားပေးနေသူများကို မကူညီချင်ကြ ၊ ကြားနေ၀ါဒဟု ကြွေးကြော်ကာ မျောလိုက် နေကြခြင်းကြောင့်သာ ဖြစ်ပေသည် ။ ထို့ကြောင့် အာဏာရှင် စနစ်ဆိုးကြီးကြောင့် ခံစားနေရတဲ့ ဒုက္ခတွေကို ညည်းညူနေကြမယ့် အစား ကိုယ်လုပ်နိုင်သလောက် လုပ်ပြီး တုန့်ပြန်တာ ပိုမို ထိရောက်မှာ အမှန်ပါဘဲ ဆိုတာ ယုံကြည်စေချင်ပါတယ် ။

တိုင်းပြည် တပြည် အာဏာရှင် စနစ်အောက်မှ ရုန်းထွက်၍ ဒီမိုကရေစီ နိုင်ငံ တည်ဆောက်မည် ဆိုလျှင် နိုင်ငံရေး အဖွဲ့အစည်းများ အင်အား ကောင်းမွန်ဖို့ လိုအပ်သလို နိုင်ငံရေး မဟုတ်သည့် ပြည်သူလူထု ကိုယ်စားပြု အခြားသော အဖွဲ့အစည်းများ လည်း အထူးလိုအပ်ပါသည် ။ ကျောင်းသားထုကို ကိုယ်စားပြုသည့် ကျောင်းသားသမဂ္ဂ ၊ အလုပ်သမားများကို ကိုယ်စားပြုသည့် အလုပ်သမား သမဂ္ဂ ၊ လူငယ်များကို ကိုယ်စားပြုသည့် လူငယ် သမဂ္ဂများ အစရှိသည့် အဖွဲ့အစည်းများ အင်အားကောင်းမွန်စေဖို့ အထူးလိုအပ်ပါသည်။ ထိုသို့သော အဖွဲ့အစည်းများ အမြဲအင်အားတောင့်တင်းနေမှသာ ဒီမိုကေ၇စီ စနစ်ကို ကြာရှည်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်မည် ဖြစ်သည် ။ ထိုသို့သော အဖွဲ့အစည်းများ အင်အားကောင်းမွန်လာသည် နှင့် တပြိုင်နက်ထဲ သူတို့ ထိုင်ခုံ စတင်ယိုင်နဲ့လာနိုင်သည်ကို သိသော စစ်အာဏာရှင်များသည် ပြည်သူလူထု ကိုယ်စားပြု နိုင်ငံရေးပါတီ ၊ ကျောင်းသားသမဂ္ဂ ၊ အလုပ်သမား သမဂ္ဂနှင့် နှင့် လူငယ်သမဂ္ဂ အစရှိသည့် အဖွဲ့အစည်းများ တရားဝင် ဖွဲ့စည်းခွင့်ကို ပိတ်ပင်ထားလိုက်ကြသည် ။ တရားဝင် ရှိပြီးသာ နိုင်ငံရေး ပါတီများကို မတရား အသင်းကြေငြာ တတ်ကြသည် ကို ယနေ့တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီ NLD ကို တရားမ၀င် နိုင်ငံရေး ပါတီ အဖြစ် တရားမ၀င်ကြောင်း ကြေငြာလိုက်သလို သမဂ္ဂများ ဖွဲ့စည်းခြင်းကို ပိတ်ပင်ထားလိုက်သည်က မျက်မြင် ထင်ရှားတွေ့မြင်ရပါသည် ။

သူတို့ လုပ်သမျှ ခေါင်းငုံ့ခံနေကြလျှင် နောင်လာမည့် အနာဂတ်တွင် ပြည်သူလူထု စီးပွားရေး ယခုထက် ပိုမိုကြပ်တည်းလာမည် ၊ ပညာမသင်နိုင်သော လူအရေ အတွက် နှင့် ဘွဲ့ရပညာမတတ်များ ပိုမို များပြားလာမည် ၊ တိုင်းပြည် ဆင်းရဲသည့် အတွက် အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် ရာဇ၀တ်မှု များ ပိုမို ဖြစ်ပွားလာမည် ။ မိဘတို့ စီးပွားရေး ကြပ်တည်းမှုသည် သားသမီးတို့၏ အကျင့်စာရိတ္တကို ဖျက်စီးထားသလို ဖြစ်သည့် အတွက် တိုင်းပြည်၏ အနာဂတ် သမီးပျိုများသည် ခန္တာကိုယ် ကို အရင်းပြုကာ စီးပွားရှာသည့် အလုပ်များ ပိုမို များပြားလာပေမည် ၊ ထို့သို့ အဘက်ဘက်က ချို့ယွင်းချက်တို့ ရှိနေသည့် အခါကာလတွင် အမျိုးသားရေး စိတ်ဓါတ်တို့ ပျောက်ဆုံးကာ လူမျိုးပါ ပျောက်ကွယ်သွားစေနိုင်သည် ။

ဆင်ခြင်ကြည့်ပါ ပြည်သူလူထု အပေါင်းတို့ ၊ ကိုယ်ရှာမှ ကိုယ်စားရတယ် ဆိုတဲ့ စကားက မှန်တယ်လို့ ယူဆနေကြတာ မှားတယ်လို့ ယူဆလို့ မရပေမယ့် အတိအကျ မှန်ပါတယ်လို့လည်း ပြောလို့လည်း မရပါဘူး ။ နှစ်ပေါင်းများစွာ ပညာသင်ယူထားကာ နိုင်ငံတော်က အသိပညာရှင် အတတ်ပညာရှင် တစ်ယောက် အနေနဲ့ အသိအမှတ်ပြုခံထားရတဲ့ လူတစ်ယောက်က လမ်းဘေး ဈေးသည် ၊ ဆိုက်ကားသမားလောက်တောင် ၀င်ငွေ မရရှိတာဟာ ကိုယ်လုပ် သလောက်ကိုယ့် အခွင့်အရေး ခံစားရလို့လား ၊ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ထိုက်တန်တဲ့ အခွင့်အရေး ရနေကြလို့လား ၊ ကိုယ်သင်ထားတဲ့ ပညာနဲ့ လိုက်လျော ညီထွေတဲ့ အသက်မွေးဝမ်းကြောင်းမှု ပြုနိုင် ကြလို့လား ။ သမ္မာ အာဇီဝ ကျကျ အလုပ်လုပ်နိုင်ကြတဲ့ အစိုးရ ၀န်ထမ်း ရှိသေးလို့လား ။ အချို့က လိမ်တယ် ၊ အချို့က ခိုးတယ် ၊ အချို့က တောင်းစားတယ် ၊ အချို့က ဒါးမြ တိုက်တယ် ၊ ဘယ်မှာလည်း ဖြူစင်တဲ့ အသက်မွေးဝမ်းကြောင်းမှု ။ သူခိုးတွေ စုနေတဲ့ နေရာမှ ခိုးတဲ့ အလုပ်က မထူးဆန်းပေမယ့် ဖြူစင်စွာ အသက်မွေးဝမ်းကြောင်းမှု ပြုနေတဲ့ လူတွေဘက်က ကြည့်လိုက်ရင် အင်မတန် ရွှံမုန်းစရာ ကောင်းတဲ့ အကုသိုလ် အလုပ်ကို ပျော်ပျော်ကြီး လုပ်ကိုင် နေသလို ခံစားရတယ် ။
ထမင်း နပ်မှန်ဖို့ အတွက် အကုသိုလ် အလုပ်တွေ နေ့စဉ်လုပ်ကိုင် ရှာဖွေ စားသောက်နေရတဲ့ ဘ၀တွေမှာ ပျော်ဝင်ပြီး ကိုယ်ရှာမှ ကိုယ်စားရတာ ဆိုတဲ့ လူတွေရဲ့ စကားက မှန်နေသေးရဲ့လား အဖြောင့် အတိုင်းဘဲ စဉ်းစားကြည့်ပါ ။

အေးချမ်းသာယာကာ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံမှာ လူ့အခွင့်အရေး ဆိုတာ အပြည့်အ၀ ရှိသလို ။ ကိုယ်ရှာ နိုင်သလောက် ကိုယ် ခံစားခွင့် ရှိပါတယ် ၊ နိုင်ငံသားတိုင်း အိမ်ယာ ပိုင်ဆိုင်နိုင်ရမယ် ၊ ဒါပေမယ့် ကိုယ့်ဝင်ငွေ ပေါ်မှာ မူတည်ပြီး အိမ်အဆင့် အတန်းတော့ ကွာသွားမှာပါ ။ နိုင်ငံသားတိုင်း ဖုန်းကိုင် နိုင်ကြတယ် ၊ ကိုယ်ရှာ နိုင်သလောက် ပေါ်မူတည် ပြီး ဖုန်း အမျိုးအစားတော့ ကွာမှာပေါ့ ။ ကိုယ်ရှာ နိုင်သလောက် ရှာပိုင်ခွင့် ရှိသလို ၊ ကိုယ်ကြိုးစားရင် ကြိုးစားတဲ့ အခွင့်အရေးကိုလည်း ရရှိနေကြပါတယ် ။ နိုင်ငံတကာက စစ်သားတွေဟာ မြန်မာနိုင်ငံက စစ်သားတွေလို ပြည်သူကို သတ်မှ ထမင်းဝ တာ မဟုတ်ပါဘူး ။ စစ်အာဏာရှင် စနစ်ရဲ့ အုပ်ချုပ်မှု ယန္တာရား ကို ကျားကန်ပေးထားတဲ့ အခြေခံ တပ်မတော်သားတွေ ၊ ပြည့်သူဝန်ထမ်းတွေ လည်း ပြည်သူလူထုနဲ့ အတူတူ ဆင်းရဲဒုက္ခရောက်နေကြပါလျှက် နှင့် ဒီစနစ်ကြီးကို ထောက်ခံပေးပြီး ကိုယ့်ဘ၀ ကို နစ်မွန်းသထက် နစ်မွန်းအောင် လုပ်နေကြမယ့် အစား ရုန်းထွက်စေချင်ပါတယ် ။

" နိုင်လိုသူ ကို အရှုံးပေး နှလုံးအေးတဲ့ ဆေး " ဟူသည့် မြန်မာ စကားပုံ တခု ရှိပါသည် ။ ထိုစကားသည် ခန္တီပါရမီကို အဆုံးစွန်ထိကျင့်ကြံပွားများကာ တဖက်သား ကို အရှုံးပေးလိုက်ရ၍ ကျေနပ် ၀မ်းမြောက်သူ များ အတွက် တကယ်ကောင်းပါသည် ။ သို့သော် ကိုယ်တိုင်က အရှုံးပေးလို စိတ်မရှိပါဘဲနှင့်မတတ်သာ၍ အရှုံးပေးလိုက် ရသူများ အတွက် နှလုံးမအေးတဲ့ အပြင် ပိုမို ဆိုးဝါးလာသည်ကို တွေ့ရှိနိုင်သည် ။ ကိုယ်ကို အမြဲတမ်း အနိုင်ယူလိုသူကို မကျေနပ်ဘဲ အရှုံးပေး နေရသည့် အခါ အစ ပထမတွင် သိပ်မသိသာသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် နာကြည်းမုန်းတီးလာသည် ၊ ရွှံရှာလာသည် ၊ တုန့်ပြန် ချင်စိတ်တွေ ပေါက်လာ သည် ။ ထို့သို့ လုပ်ချင်စိတ်တွေ ပေါက်ဖွားနေသော်လည်း စိတ်ထဲတွင် အကြောက်တရားက လွှမ်းမိုးနေသည့် အခါ ကိုယ့်ကိုကိုယ် ပြန်ပြီး ဒေါသထွက်လာ သည် ၊ ကိုယ့်နှင့် စိတ် တထပ်တည်း မကျတော့ ၊ ထိုအခါ စိတ်မကြည် ၊ စိတ်မကြည်လင်သည့် အတွက် ညဏ် မရွှင်တော့ ၊ ညဏ်မရွှင်သော အခါ အတွေးအခေါ်တို့ ညစ်ညမ်းလာသည် ၊ လူ့သဘာဝ အရ စိတ်ညစ်လျှင် တရားထိုင်သူထက် ၊ မဟုတ်တာ လုပ်ကာ စိတ်ထွက်ပေါက် ရှာသူ က များသည် ။ အတွေးအခေါ်တို့ ညစ်ညမ်းလာသည့် အခါ ကမ္ဘာစောင့် တရားဟု လူသိများသည့် အရှက် အကြောက် တရားတို့ကို အမြင်လွဲမှားလာကြသည် ။ မကောင်းတာ လုပ်ရမည်ကို မရှက်ကြဘဲ ကောင်းတာလုပ်တာကို ရှက်လာတတ်ကြသည် ။ အကုသိုလ် အလုပ် လုပ်ရမည်ကို မကြောက်ကြဘဲ ကုသိုလ် အလုပ် လုပ်ရမည်ကို ကြောက်လာကြသည် ။

အတွေးအခေါ် ညစ်ညမ်းလာသည့်အခါ ကိုယ့်ကို ကိုယ်တောင် မယုံကြည်ကြတဲ့ လူတွေဟာ အခါ သူတပါးကို ယုံကြည်ဖို့ ဆိုတာ ပိုမိုခက်ခဲလာတယ် လူတိုင်းကို သံသယနဲ့လိုက်ပြီး ကြည့်လာတတ်ကြတယ် ၊ ကိုယ့်စိတ်နဲ့နှိုင်းပြီး လူတကာကို တိုင်းတာလာကြတယ် ။ အဲဒီလို အဘက်ဘက်က အားနည်းချက်တွေ ကြောင့် မြန်မာ ဒီမိုကရေစီ အရေး လုပ်ရှားနေသူတွေကို လုပ်စားနေပါတယ်ဆိုပြီး ၀ါးလုံးရှည်နဲ့ ပတ်သိမ်းပြီး ရမ်းသမ်းပြောလာကြတယ် ။ ဒီလို အကျိုးဆက်တွေကြောင့် လုပ်ရှားနေသူတွေကို ကူညီပံ့ပိုးချင်ကြတဲ့ လူတွေရဲ့ အတွေးအခေါ်တွေပါ
ေ၀၀ါးကုန်တယ် ။ ငါတို့ကူညီလည်း အလကားပါဘဲ ၊ တကယ်လုပ်ရှားတဲ့ လူတွေ လက်ထဲမရောက်ဘဲ လုပ်စားတဲ့လူတွေလက်ထဲ ရောက်သွားနိုင်တဲ့ ဆိုတဲ့ အတွေးအခေါ်တွေကို လက်ကိုင်ထားလာကြတယ် ။ နောက်ဆုံးရလဒ်က ပြည်သူလူထု ကောင်းစားရေး ဦးတည်ချက်ကို ဘ၀တွေ ပေးဆပ်ပြီး လုပ်ကိုင်နေကြတဲ့ လူတွေက လုပ်ရှားဖို့ ခွန်အားတွေ နည်းပါးကုန်တယ် ။ တိုင်းပြည် အတွက် တကယ်လုပ်ပေးနေတဲ့လူတွေမှာ သူတို့ကိုယ်ကျိုးစီးပွားရှာဖို့ အချိန်မရှိကြပါဘူး ။ပြည်သူလူထု အတွက် အလုပ် လုပ်ပေးနေတဲ့ လူတွေကို ပြည်သူလူထုက ပြန်လည်ကူညီပေးမှသာ မြန်မာ့နိုင်ငံ ဒီမိုကရေစီ ဆိုတဲ့ ပန်းတိုင်ကို ဆွဲကိုင် နိုင်မှာပါ ။

တိုင်းပြည်တပြည်ကို ဖျက်စီးဖို့က အလွယ်လေးပါ ၊ ပြန်လည် ထူထောင်ဖို့ အတွက် အင်မတန် ခက်ခဲပါတယ် ။ လွတ်လပ်ရေး ဆိုတဲ့ ပန်းတိုင်ကို ဆွဲကိုင်ဖို့ ကျနော်တို့ တိုင်းပြည်ရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် သူရဲကောင်းတို့ အသွေးအသာတွေကို တော်လှန်ရေး ယဇ်ပလ္လင်မှာ ရဲရဲကြီး ပူဇော်ခဲ့ကြလို့ လွတ်လပ်တဲ့ နိုင်ငံ အဖြစ်ရပ်တည်နေနိုင်တာပါ ။
ယနေ့အခါမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တရုတ်လက်အောက်ကို ကျရောက်နေပါပြီ ။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး အချုပ်အချာ အာဏာကိုပါ စတင်ထိပါးလာပါပြီ ဆိုတာ ယနေ့မျက်မှောက် မြန်မာနိုင်ငံရေးမှာ တရုတ်က ၀င်ရောက် စွက်ဖက်နေတာကို တွေ့မြင်နေရပါပြီ ။

နိုင်လိုလျှင် အရှုံးပေး နှလုံးအေးတဲ့ ဆေး" ကြီးကို ကိုယ်ရင်ထဲက သီးခံခြင်း တရား မပြည့်စုံဘဲ သောက်သုံးနေကြတဲ့ အခါ ကြုံတွေရတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ၊ ဆိုးကျိုးတွေကို ဆက်လက် မခံစားချင်ကြဘူးဆိုရင်တော့ အနိုင်ယူနေသူတွေကို အရှုံးမပေးကြပါနဲ့ ။ မိမိတို့ တတ်နိုင်တဲ့ဘက်က တုန့်ပြန် တွန်းလှန်ကြပါ ၊ ကိုယ်တိုင် ပါဝင် မဆောင်ရွက်နိုင်တဲ့ ပြည်ပရောက် မြန်မာတွေက ငွေအားနဲ့ ကူညီပေးကြပါ ၊ တကယ်လုပ်ရှား နေသူများကို ၀န်း ရံပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ လိုက်ပါသည် ။ မိမိတို့ကျရာ အခန်းဂဏ္ဍကနေ ကိုယ်တတ်နိုင်တဲ့ တာဝန်ကို ထမ်းဆောင်ပေးကြကာ မကြာမှီအချိန်အတွင်းမှာ လွတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီသို့ ညီညာစွာ စတင် ချီတက်ကြပါစို့..................။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

http://www.facebook.com/note.php?created&&note_id=176245805726408#!/note.php?note_id=176245805726408

ဦးခွန်ထွန်းဦး၊ ရှမ်းပြည်နိုင်ငံရေးခေါင်းဆောင်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ

လွန်ခဲ့သော (၅) နှစ် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ( ၈ ) ရက် နှင့် ( ၉ ) ရက်နေ့များတွင်  တိုင်းပြည်၏ နိုင်ငံရေးအရ ပြု ပြင်ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာစည်းရုံးလှုံ့ဆော်နေသော ရှမ်းတိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့် ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင်၊ စိုင်းနွတ်(ခေါ်)စိုင်းညွှန့်လွင်နှင့် ရှမ်းပြည်နယ် မှ နိုင်ငံရေးခေါင်းဆောင်များ၊ မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်များအသီးသီးတို့တွင် ဆက်လက်အကျဉ်းကျဆဲခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြပွဲ ကို ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ ( AUN-JAPAN) ၏ ဦးဆောင်မှုဖြင့် ယနေ့ ဒီဇင်ဘာလ ( ၉ ) ရက် နေ့ တွင် တိုကျိုမြို့ ရှီဘူယ ရပ်ကွက်တွင်ရှိသော ကုလသမဂ္ဂအဆောက်အဦးရှေ့တွင် ပြုလုပ်ခဲ့ကြပါသည်။
 
ဦးခွန်ထွန်းဦးသည် နအဖ၏ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မှတ်ပုံတင်ထားသော ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ဥက္ကဌတစ်ဦးလည်းဖြစ်သည်။ ထိုနည်းတူ ဗိုလ်ချုပ်ဆေထင်မှာလည်း ရှမ်းပြည်ငြိမ်းချမ်းရေး ကော်မတီ၏ဥက္ကဌဖြစ်ပြီး  တစ်ချိန်ကနအဖစစ်အုပ်စုအား တိုက်ခိုက်ခဲ့သူတစ်ဦးဖြစ်သော်လည်း ၊ပြသနာများကို ငြိမ်းချမ်းသောနည်းဖြင့် အပေးအယူပြုလုပ်ပြီး ၊ပြုပြင်ပြောင်းလဲလိုသူတစ်ဦးဖြစ်သည့်အလျောက် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသူ တစ်ဦးလည်းဖြစ် ပေသည်။ သူတို့ကို စစ်အစိုးရက ထိန်းသိမ်းလိုက်သည့် အချိန်အထိ သူတို့သည်မြန်မာနိုင်ငံအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တခြားသော ညီအစ်ကိုတိုင်းရင်းသားများနှင့် လက်တွဲကာပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်နေသူများ ဖြစ်ပေသည်။ ငြိမ်းချမ်းသော ကြိုးစားအားထုတ်မှုနှင့် ကိုယ်ကျိုးစွန့်မှုများကို စစ်အစိုးရက နိုင်ငံရေးပြိုင်ဘက်များအပေါ် နှစ်ရှည်ထောင်ဒဏ်များဖြင့် တုံ့ပြန်ချီးမြှင့်လိုက်ခြင်းပင်ဖြစ်ပေသည်။
 
နအဖစစ်အုပ်စုသည် ဦးခွန်ထွန်းဦးအား ထောင်ဒဏ် (၉၃)နှစ်ဖြင့် မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ် ၊ ပူတာအို အကျဉ်းထောင် သို့လည်းကောင်း ၊ ဗိုလ်ချုပ်ဆေထင်အား ထောင်ဒဏ် (၁၀၆)နှစ် ဖြင့်  မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းရှိ ခန္တီးအကျဉ်းထောင် သို့လည်းကောင်း ၊ စိုင်းနွတ် ခေါ် စိုင်းညွန့်လွင်အား ထောင်ဒဏ် (၈၅) နှစ်ဖြင့် စစ်ကိုင်းတိုင်းရှိ ကလေးမြို့ အကျဉ်းထောင်သို့လည်းကောင်း၊ ၂၀၀၆ခုနှစ် မေလ က သံတွဲထောင် တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသော သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် (တောင်ကြီး)  ဆရာဦးမြင့်သန်းနှင့် အဖွဲ့ ဝင်များကို ထောင်ဒဏ် (၇၅)နှစ်နှင့် အခြားခေါင်းဆောင်များအား မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ  အကျဉ်းထောင်အသီးသီးသို့ ပြောင်းရွှေ့ချုပ်နှောင်ခြင်းများခံခဲ့ကြရသည်။ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဇူလိုင်လ (၃၁) ရက် နေ့တွင် ဗိုလ်ချုပ်ဆေထင် အား မျက်စီခွဲစိတ်ကုသပေး မည်ဟူသော အကြောင်းပြချက်ဖြင့် ခန္တီးထောင် မှ မန္တလေး အိုးဘိုထောင်သို့  ပြောင်းရွှေ့ခဲ့ပါသည်။ ထို့ပြင်ဗိုလ်ချုပ်ဆေထင်သည် သွေးတိုး ၊ ဆီးချို နှင့် နှလုံးရောဂါများ ခံစားနေရကြောင်း သိရှိရပါသည်။ထို့နည်းတူ ဦးခွန်ထွန်းဦး သည်လည်း ဆီးအိမ်ပြသ နာ များ ၊ ဆီးချို နှင့် သွေးတိုးရောဂါ များကိုပါ ခံစားနေရပါသည်။ ခံစားနေရသည့် ရောဂါဝေဒ နာများကို  ဆရာဝန်များနှင့် ပြသခွင့် မရရှိခဲ့ခြင်း ၊ ဝေးလံသော ထောင် များသို့ တစ်ဦးစီ ပြောင်းရွှေ့နေရာချထား ခြင်းများက မိသားစုများနှင့်ပါ အဆက်ဖြတ်ထားခြင်းဖြစ်ပြီး ၊ အကျဉ်းသားများ၏ လူ့အခွင့်အရေးများကို လျစ်လျူရှူခြင်းများက စစ်အစိုးရ အနေနှင့် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ အချက်အလက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းပင်ဖြစ်သည်။
စစ်အုပ်စုအနေဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည် လိုသည်ကလွဲရ်ျ ပြသနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုသော ဆန္ဒအလျဉ်းမရှိပေ။ ဦးခွန်ထွန်းဦး ၊ဗိုလ်ချုပ်ဆေထင် နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများသည် မိမိတို့၏ ကံကြမာ®ကို ကြိုတင်သိမြင်သည့်ကြားက ယခုလို မိမိတို့၏ ဘဝကို အမိနိုင်ငံ အတွက် မြှုပ်နှံစတေးပြီး ပေးဆပ်ကာ စစ်မှန်သော ဒီမိုကရေစီ ရရှိရေး တို့အတွက် ယခုအချိန်အထိ ဆက်လက်တိုက်ပွဲ ဝင်လျက်ရှိ ပါသည်။
 
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်ကြေငြာချက် အရ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား (၂၁၇၁)ယောက်  ရှိကြောင်းနှင့် ထိုနိုင်ငံရေးအကျဉ်းသားများထဲတွင် တိုင်းရင်းသားအကျဉ်းသား (၂၀၇)ယောက် ရှိကြောင်း သိရှိရပါသည်။
 
ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများ၊ ဦးခွန်ထွန်းဦး၊ တိုင်းရင်းသားအကျဉ်းသားများ၊၁၉၈၂ ခုနှစ်ကတည်းက စတင်အကျဉ်းချခံနေရသော ထောင်သက် (၂၈) နှစ်ရှိပြီဖြစ်သည့် ကရင်ရဲဘော်လေး တူးကီ တို့ လွတ်မြောက်လာ စေရန်အတွက် ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှုားသူများက လစဉ်လတိုင်း (၉) ရက်နေ့တွင် တောင်းဆိုမှုများကိုပြုလုပ်သွားမည်ဖြစ်ပါသည်။
 
နန်းအိမွန်ချစ်

Friday, December 3, 2010

ဦးကျော်သူ အား ကူညီအားပေးသူ အနုပညာရှင်များ အပိတ်ခံရ

HRM News | မကြာသေးမီက ကပြဖျော်ဖြေခဲ့သော ထာဝရ နှင်းဆီ အငြိမ့်မှ ဒါရိုက်တာအပါအဝင် နိုဝင်ဘာလ ၂၂ရက်နေ့က တောင်ဒဂုံရှိမဖြူဖြူသင်း ထူထောင်ဖွင့်လှစ်ထားသော HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာသို့ သွားရောက်အားပေး ခဲ့သူ အနုပညာရှင်များ စုစုပေါင်း တစ်ဒါဇင်ခန့် ၏ ဖျော်ဖြေတင်ဆက်မှုကို ပြန်ကြားရေးဝန်ကြီးဌာနမှ ပိတ်ပင်လိုက်ကြောင်းသိရသည်။

ဖျော်ဖြေတင်ဆက်မှုကို ပိတ်ပင်ခံရသူ အနုပညာရှင်များတွင် ကိုရဲလွင်၊ အနဂ္ဂ၊ ကျားပေါက်၊ သံသာဝင်းနှင့် အခြားအနုပညာရှင်များ ပါဝင်သည်။ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုကို ပြန်ကြားရေး ဝန်ကြီးဌာနမှပိတ်ပင် ခြင်းအပေါ် "ဒါကတော့ ကျွန်တော်တို့ အနုပညာရှင်တွေက နိုင်ငံရေးလှုပ်ရှားတာလည်းမဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံအရေး၊ပြည့်သူ့အရေးပေါ့လေ။ လူသားတယောက်အနေနဲ့ လူသားပီပီ လုပ်ဆောင်သင့်တဲ့ လူမှုရေး ကိစ္စကို ကျွန်တော်တို့ လုပ်တာပါ။ အဲလို ပိတ်တာတော့မကောင်းဘူးလို့ မြင်ပါတယ်။ " ဟု ဦးကျော်သူမှ Facebook စာမျက်နှာတွင် မှတ်ချက်ပေးထားသည်။

စစ်အုပ်စုမှ နာရေးကူညီမှုအသင်း (ရန်ကုန်) အား ကူညီမှုများ မပေးသည့် အပြင် အနှောက်အယှက် အမျိုးမျိုးပေးနေသည်ကို တွေ့ရသည်။ ၂၀၁၀ ခုနှစ်၊ မတ်စ်လဆန်းပိုင်းတွင် ဖွင့်လစ်ခဲ့သော အခမဲ့ သရုပ်ဆောင်သင်တန်း အား ကူညီခဲ့သူ မသန်းသန်းစိုး၊ မဂွမ်းပုံကြီး၊ ဦးချစ်ပြုံး၊ ဦးညီဂျော်နှင့် ဆုရွှန်းလဲ့ တိုအား သွားရောက် လုပ်အားပေး သင်တန်းပေးခြင်းများ မပြုလုပ်ကြရန် ပိတ်ပင်ခဲ့သေးသည်။

Monday, November 29, 2010

၉၀ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မျိုးချစ်စိတ်ဓါတ်ရှင်သန်စေသော ဂီတသံများဖြင့် ကျင်းပ

တိုကျို၊ နိုဝင်ဘာ(၂၈)
သတင်းရေးသားသူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)
            
လာမည့် ဒီဇင်ဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် ၉၀ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအနေဖြင့် ဂျပန်နိုင်ငံရောက် မျိုးချစ်မြန်မာများက စုစည်း၍ အမျိုးသားရေးစိတ်ဓါတ်ကို ရှင်သန်စေသော ကိုလိုနီခေတ် မြန်မာသံစဉ်တေးဂီတသံများဖြင့် တိုကျိုမြို့တွင် ယနေ့ညနေပိုင်းက ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကို မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်)က အဓိကဦးစီးခဲ့ပြီး အမျိုးသမီးသမဂ္ဂ၊ အန်အယ်လ်ဒီ(အယ်အေ-ဂျပန်)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂတို့မှ ကိုယ်စားလှယ်များက အမှာစကားပြောကြား၍ ကိုလိုနီခေတ် အမျိုးသားရေးလှုပ်ရှားမှုနှင့် မျက်မှောက်ခေတ်ယနေ့မြန်မာပြည်အခြေအနေများကို လူငယ်တချို့မှ ၄င်းတို့၏အမြင်နှင့် တွဲဖက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

“အမျိုးသားနေ့က နှစ်ကိုးဆယ်တိုင်ခဲ့ပြီဖြစ်လို့ တချိန်ကအမျိုးသားရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရှေးကလူကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ရော မမေ့သင့်မမေ့အပ်တဲ့ တိုင်းပြည်ရဲ့နေ့ထူးနေ့မြတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ နောက်တကြောင်းက အခုအချိန်ဟာ မြန်မာပြည်အတွက် နိုင်ငံရေးအရ အင်မတန်မှအရေးကြီးနေတဲ့အချိန်ဖြစ်နေတဲ့အခါမှာ  မြန်မာပြည်သူပြည်သားတွေအားလုံးကိုရော တိုင်းပြည်ကို စစ်ကျွန်ဘ၀ကနေ လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေကြတဲ့ ကျောင်းသားတွေအတွက်ရော ဆထက်တပိုးတိုးပြီး အားတက်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့လုပ်ရခြင်းဖြစ်ပါတယ်”ဟု မြန်မာအမျိုးသမဂ္ဂဥက္ကဋ္ဌ ဒေါ်ချိုချိုအေးက ပြောပြသည်။

အခမ်းအနားအစီအစဉ်၏သုံးပုံနှစ်ပုံခန့်ကို `တို့ဗမာ´သီချင်းအပါအ၀င် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးသားရေးယဉ်ကျေးမှုတေးဂီတဖျော်ဖြေတင်ဆက်မှုနှင့် အမျိုးသားနေ့အစ တက္ကသိုလ်ကျောင်းသားသပိတ်က ဟု အဆိုရှိသည့်အတိုင်း တက္ကသိုလ်အောင့်မေ့ဖွယ် တေးဂီတသံစဉ်များဖြင့် တက်ရောက်လာသူများအား သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

မြန်မာ့ရိုးရာပွဲခံမင်းသမီးအကကို မ၀င်းဝင်းမြင့်မှကပြ၍ မစံပယ်၏စောင်းလက်သံဖြင့် ဒေါ်ချိုချိုအေးမှ `ဇေယျတုသဗ္ဗမင်္ဂလံ´သီချင်းကြီးကိုလည်ကောင်း၊ ၈၈ မျိုးဆက်ကျောင်းသားများကို ဂုဏ်ပြုထားသောသီချင်းနှင့် ဂီတဗိမာန်တေးသီချင်းကို မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကျော်စိုးကလည်ကောင်း၊ မဖြူဖြူမြင့်မှ `မြနန္ဒာ´သီချင်းဖြင့်လည်ကောင်း၊ `ဇွဲ´သီချင်းကို ကိုကျော်သူရတို့မှအမျိုးသားမာန်အပြင့်ဖြင့် အားတက်ဖွယ်သီဆိုဖျော်ဖြေခဲ့ကြသည်။

“ဂီတဆိုတာက အစွမ်းပကားကြီးမားပါတယ်၊ `တို့ဗမာ´သီချင်းမျိုးဆိုရင် အင်မတန်မှအမျိုးသားရေးစိတ်ဓါတ်ကို တက်ကြွစေပါတယ်၊ ဒီသီချင်းကြောင့် နယ်ချဲ့တိုက်ပွဲထဲမှာ  လူတွေအများကြီး ပါဝင်လာတဲ့အထိစွမ်းခဲ့တယ်။ အဲ့ဒိသီချင်းပေါ်တုန်းကဆိုရင် ချက်ခြင်းပဲ သခင်နှစ်ယောက်ပေါ်လာပြီး သခင်မျိုးဟေ့ တို့ဗမာဆိုပြီးထကြွေးကြော်ရာကနေ နောက်အားလုံးပါဝင်လာခဲ့တယ်။ ဒါ့တော့အင်မတန်မှ အရေးကြီးတဲ့အတွက်ကြောင့် နောင်လာနောက်သားတွေကို သိစေချင်တယ်၊ ကြားစေချင်တယ်၊ ပိုပြီးတော့လည်း မျိုးချစ်စိတ်တွေ တက်ကြွစေချင်တယ်”ဟု ဂီတဖြင့်ကျင်းပရခြင်းအကြောင်းကို ပြောပြခဲ့သည်။

မိနားမိအိုးစုခ ခန်းမတွင် ပြုလုပ်သော ၉၀ နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းစာဆရာကြီးဦးဝင်းတင်မှတယ်လီဖုံးဖြင့် အမှာစကားပြောကြားပေးခဲ့ပြီး လူဦးရေ တရာကျော်ခန့် တက်ရောက်လာခဲ့ကြောင်း ခန့်မှန်းသိရှိရသည်။

           
             

Wednesday, November 24, 2010

ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ရောက်ဒီမိုသမားများက ထောက်ခံပွဲပြုလုပ်

တိုကျို၊ နိုဝင်ဘာ(၂၃)
 ၇ နှစ်နှင့် ၆ လာကြာ နေအိမ်အကျယ်ချုပ်မှပြန်လည်လွတ်မြောက်လာခဲ့ပြီးဖြစ်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားဆောင်ရွက်နေသူများက ကြိုဆိုပွဲတရပ်ကျင်းပ၍ ပြည်သူလူထု၏ခေါင်းဆောင်အဖြစ် ထပ်မံအတည်ပြု ထောက်ခံလိုက်ကြသည်။
    တိုကျိုမြို့ ရှီဘူယရပ်ကွက်၌ရှိသော ကုလသမဂ္ဂအဆောက်အဦးအရှေ့တွင် ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်သော ထောက်ခံကြိုဆိုပွဲသို့ ဂျပန်ရောက်မြန်မာနိုင်ငံသား တစ်ရာ့ရှစ်ဆယ်ကျော် တက်ရောက်အတည်ပြု ထောက်ခံကြိုဆိုခဲ့ကြပြီး မကြာသေးမှီက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်အပြီးတွင် လူအများက သူမကိုသာ မေးမြန်းနေကြ၍ သူမကသာပြောဆိုနေရပြီး လူအများ၏စကားကိုလည်း ပြန်လည်ကြားလိုကြောင်း ပြောဆိုထားခဲ့သောကြောင့် ကြိုဆိုလှုပ်ရှားသူများက မှတ်စုစာအုပ်ငယ်များတွင် ပြည်သူလူထုမှ လူထုခေါင်းဆောင်သို့ဟု အဓိပ္ပါယ်ရသည့် လူအများမှဒေါ်အောင်ဆန်းစုကြည်သို့ ပြောကြားလိုသော ရင်တွင်းဆန္ဒစကားများ ကောက်ယူစုစည်းမှုတရပ်ကို လှုပ်ရှားခဲ့ကြောင်းတွေ့ရသည်။
ထောက်ခံလှုပ်ရှားမှုနှင့်ပါတ်သတ်၍ ``ဘာကြောင့်ထောက်ခံရသလဲဆိုသော  ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အနစ်နာခံပြီးတော့ ကြိုးပမ်းဆောင်ရွက်မယ်ဆိုတဲ့ အနေအထားဟာ ထိမ်းသိမ်းခြင်းခံရပြီးတဲ့နောက်မှာဆို ပိုပြီးတော့ကိုတွေ့လာရပါတယ်၊ အဲ့ဒိအခါ ပိုပြီးအားတက်ရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်မှသာလျှင် မြန်မာ့ဒီမိုကရေစီအရေးဟာ ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်မှာဖြစ်ပါတယ်၊ စနစ်ကျမှာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့က ကြိုဆိုထောက်ခံရခြင်းဖြစ်ပါတယ်´´ဟု စီစဉ်ဆောင်ရွက်ခဲ့သည့် ၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ၏ အဖွဲ့ဝင်တဦးဖြစ်သည့် ဦးလွင်အောင်စိုးကရှင်းပြသည်။


၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ(2010 Election Boycott Committee-japan)မှာ နအဖစစ်အစိုးရက ယခုလဆန်းပိုင်းတွင်ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကို လက်မခံအယုံအကြည်မရှိဟုဆိုကာ ဆန့်ကျင် ကန့်ကွက်လှုပ်ရှားရေးအတွက် ဂျပန်ရှိဒီမိုကရေစီအဖွဲ့အစည်းများမှ အဖွဲ့ဝင်များညီညွတ်စွာ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့တခုဖြစ်ပြီး ရွေးကောက်ပွဲပြီးသည့်တိုင် အဖွဲ့ကိုမဖျက်ဘဲဆက်လက်ဖွဲ့စည်း၍ ဒီမိုကရေစီအရေးအတွက် တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသော အဖွဲ့တခုဖြစ်သည်။
ကြိုဆိုထောက်ခံသော ဆန္ဒစကားများကောက်ခံရယူမှုတွင် ဂျပန်လူမျိုး(၄၅)ဦးက ၄င်းတို့ယုံကြည်လေးစားသော နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ၀မ်းမြောက်ဝမ်းသာကြိုဆိုထောက်ခံကြောင်း၊ မြန်မာ့နိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီစနစ်အမြန်ဆုံးပေါ်ပေါက်ပြီး လူအခွင့်အရေးအပြည့်အ၀ရှိသော ငြိမ်းချမ်းသော တိုင်ပြည်တခုကို တည်ဆောက်နိုင်ပါစေကြာင်း၊ ဂျပန်ရောက်မြန်မာ့လူမျိုးများနှင့်ဆန္ဒတထပ်တည်းဖြစ်ကြောင်း အားပါးတရပါဝင် ရေးသားခဲ့ကြပြီး ယနေ့စုစည်းရရှိခဲ့သော ဂျပန်နှင့်မြန်မာ ဆန္ဒစကားများကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ဝယ်အရောက်ပေးပို့သွားမည်ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ မလေးလေး(တိုကျို)မှပြောပြသည်။
 ဂျပန်သတင်းဋ္ဌာန ANN Newsနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမေးမြန်းမှုတွင် ဂျပန်ရောက်မြန်မာနိုင်ငံသားများအား ဒေါ်အောင်ဆန်းစုကြည်က ဘာ့ကြောင့်ကိုယ့်တိုင်းပြည်ကိုစွန့်ခွာခဲ့ရကြောင်းနှင့် ကိုယ့်တိုင်းပြည်ကိုမမေ့ရန် မီဒီယာမှတဆင့် အမှာစကားပြောကြားခဲ့သည်။ အဆိုပါစကားအပေါ် ဦးလွင်အောင်စိုးက``အင်းမတန်ကောင်းတဲ့မှာကြားချက်ပါ၊ ကျနော်တို့ကို ဘ၀မမေ့သွားအောင် ကျနော်တို့ကို ထိန်းကြောင်းပေးတဲ့ စကားဖြစ်ပါတယ်၊ ဒီအတိုင်းပဲ ကျနော်တို့ဂျပန်ရောက်နေလျှက်မှာပဲ မြန်မာ့ဒီမိုကရေစီအရေးအတွက် ကြိုးစားဆောင်ရွက်ရင်း မြန်မာဆိုတဲ့ဂုဏ်ကို ကြိုးစားထိန်းသိမ်းနေပါတယ်´´ဟု လူထုခေါင်းဆောင်၏ စကားကို လိုက်နာလျှက်ရှိကြောင်းပြောပြသည်။
ဒီအပြင် ဂျပန်ရှိ (၄၀)ကျော်သော အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ကြေငြာချက်များ၊ အမှာစကားများကို ပြောဆိုဖတ်ကြားခဲ့ကြပြီး အဆုံးပိတ်အဖြစ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ၂၀၀၃ ဒီပဲယင်းအရေးအခင်းအပြီးတွင် ထုတ်ဝေခဲ့သည့် လှောင်ချိုင့်ထဲကအမည်ရှိ တေးစီးရီးမှ ``ဒေါ်အောင်ဆန်းစုကြည်´´သီချင်းကို PRMG တေးဂီတအဖွဲ့မှဦးဆောင်၍  တက်ရောက်လာသူများတညီတညွတ်တည်းသီဆိုခဲ့ကြသည်။
သတင်းရေးသား-သန့်မျိုးထွေး(မိုးသောက်ကြယ်)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

ဂျပန်ရောက် ရှမ်းအမျိုးသားတို့၏ နှစ်သစ်ကူးပွဲတော် ပျော်ရွင်စွာကျင်းပ

တိုကျို၊ နိုဝင်ဘာ(၂၁)
 ဂျပန်တွင်ရောက်ရှိနေထိုင်နေသည့် ရှမ်းတိုင်းရင်းသားတို့၏ နှစ်စဉ်ကျင်းပနေကျ ထုံစံအတိုင်း ရိုးရာနှစ်သစ်ကူးပွဲတော်ကို
တိုကျိုမြို့ အီကဲဘုကုရိုးအရပ်ရှိ ကန်းကိုးပလာဇာတွင် မနေ့ကညနေပိုင်းတွင် စည်းစည်းကားကား ကျင်းပပြုလုပ်ခဲ့ကြသည်။
    ဂျပန်၌ ရှမ်းတိုင်းရင်းသားတို့မှ ၄င်းတို့၏ရိုးရာပွဲတော်နှစ်ခုဖြစ်သည့် ရှမ်းအမျိုးသားနေ့နှင့်ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရိုးရာအစားအစာများဖြင့် ထူးခြားစွာနှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုအကြိမ်တွင်လည်း ယမန်နှစ်ကနှစ်မတူ တမူထူးခြားသော ရှမ်းအစားအစာများကို ပွဲတော်လာ ပရိတ်သတ်များကို တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်းတွေ့ရသည်။
    ရှမ်းတိုင်းရင်းသားတဦးဖြစ်သည့် စိုင်းဝင်းဖေမှ``ကျနော်တို့ရှမ်းတိုင်းရင်းသားတွေက ကိုယ့်ရိုးရာကိုအရမ်းချစ်တယ်။ ဒါ့ကြောင့် ရှမ်းရမ်းရာအစဉ်အလာကို ဘယ်နေရာ ရောက်ရောက်၊ ဘယ်ဒေသရောက်ရောက် မဖြစ်မနေကျင်းပကြတယ်၊ ပြီးတော့ နိုင်ငံရေးဆိုတာ၊ အမျိုးသားရေးဆိုတာ လက်တီး လက်မောင်းတန်းပြီး အော်ပြောနေမှမဟုတ်ဘူး၊ ကိုယ့်အမျိုးသားကိုချစ်ရင် ကိုယ့်အမျိုးသားရိုးရာအစဉ်အလာတွေကို ထိမ်းသိမ်းတာဟာ ကိုယ့်နိုင်ငံရေးကို ကိုယ်လုပ်တာပါပဲ၊ အခုလည်းကြည့်ပါ၊ ရှမ်းအစားအစာတွေထဲကမှ တချို့ကိုအခုဒီမှာတွေ့ရတာပဲ။ နောက်အများကြီးရှိပါသေးတယ်။ တကြိမ်းနဲ့တကြိမ်မတူအောင် ကျနော်တို့လုပ်ပြသွားပါတယ်။ ရှမ်းအစားအစာဟာ ရှမ်းတို့ရဲ့အမျိုးသားဂုဏ်သိက္ခာတခုပါပဲ´´ဟု အခန်းအနားတွင် ရှင်းပြပြောဆိုသွားသည်။


 အဝေးရောက်ရှမ်းအမျိုးသားတို့၏ တဦးနှင့်တဦးချစ်ခင်ရင်းနှီးလိုခြင်း၊ ရှမ်းတိုင်းရင်းသားအခြင်းခြင်း ပြန်လည်တွေ့ဆုံစေလိုခြင်း၊ ပျော်ရွင်သောနှစ်သစ်တခုဖြစ်စေရန် ရိုးရာအစားအသောက်များဖြင့် ပျော်ပါးစွာစားသောက်ရင်း နှစ်သစ်ကိုကြိုဆိုလိုကြခြင်းစသည့် ကောင်မွန်သောရည်ရွယ်ချက်များဖြင့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ကျင်းပကြခြင်းဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားတဦးကပြောပြသည်။
    အဆိုပါပွဲတော်သို့ ရှမ်းရိုးရာကို စိတ်ပါဝင်စားသူ ဂျပန်အဖွဲ့အစည်းများမှပုဂ္ဂိုလ်အချို့နှင့် ကရင်၊ ကချင်၊ ရခိုင်၊ ပလောင်စသော အခြားမြန်မာတိုင်းရင်းသားကို ကိုယ်စားပြုသူအချို့လည်း တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပြီး  ပွဲတော်သို့လာရောက်သူ တစ်ရာကျော်မှ ရှမ်းအစားအသောက်များကို စားသောက်ရင်း ရှမ်းတေးသီးချင်များနှင့် အကများကို ပျော်ရွင်စွာ ကခုန်၍ အားပေးချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
သတင်းရေးသားသူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

Sunday, November 21, 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ ကျင်းပပြုလုပ်မည်

ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ပန်းတိုင်သို့ လူထုတရပ်လုံးနှင့်အတူ မှန်ကန်သော နည်းလမ်းဖြင့် ချီတက်ပါတော့မည်။ ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူတို့အတွက်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူများ မပါဝင်ပဲ မည်သည့်ကိစ္စမျှ ပြီးနိုင်မည် မဟုတ်သောကြာင့် ဒီမိုကရေစီအရေးတွင် ပြည်သူတို့က ဝိုင်းဝန်းကြိုးပမ်းသည့် နည်းလမ်းကသာ မှန်ကန်သည်၊ ဤသို့သောစိတ်ဓါတ်ဖြင့် ကြိုးပမ်းသွားကြရမည်ဟု ၁၄-၁၁-၂ဝ၁ဝ နေ့ လူထုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ထည့်သွင်းပြောကြားသွားသည်။

ဤမျှတန်ဖိုးရှိလှသော လမ်းညွှန်ချက်ကို ပြောဆိုသွားသည့် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့ဒီမိုကရေစီအရေး အတွက် နှစ်ပေါင်းများစွာ အကျဉ်းကျခံရသည့်တိုင်၊ မိသားစုနှင့် ရှင်ကွဲသေကွဲ ကွဲရသည့်တိုင် စိတ်ဓါတ်မကျပဲ လူထုနှင့်အတူ ပန်းတိုင်ရောက်အောင် ကြိုးစားနေသော ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက တခဲနက် ကြိုဆိုထောက်ခံမည့် လှုပ်ရှားမှုကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပါမည်။

နေ့ရက်
၂၃-၁၁-၂ဝ၁ဝ (အင်္ဂါနေ့) (ဂျပန်နိုင်ငံ၏ တရားဝင်ရုံးပိတ်ရက်)
အချိန်
ညနေ ၂ နာရီမှ ၅ နာရီထိ
နေရာ
UN အဆောက်အဦရှေ့၊ Shibuya, Tokyo, Japan

ဒေါ်အောင်ဆန်းစုကြည်မှာ ထိန်းသိမ်းခံနေရစဉ်အတွင်း လူထုသဘောထားကို သိရန် နေ့စဉ်နေ့တိုင်း ပြည်ပ အသံလွှင့်ဌာနများမှ ထုတ်လွှင့်သည်များကို ငါးနာရီ ခြောက်နာရီကြာအောင် နားထောင်နေခဲ့သည်။ ယခု ပြန်လည် လွတ်မြောက်လာသည့်တိုင် လူထုသဘောထားများကို ထပ်မံသိချင်သေးသည်ဟု ပွင့်လင်းစွာပင် ထုတ်ဖော်သွားသည်။ တနေ့နေ့တွင် ပြည်သူ့ဟစ်တိုင် လုပ်ရမည်ဟုလည်း အကြံပြုသွားသည်။
ဂျပန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှ မည်သူမဆို ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံခြင်းနှင့်အတူ အမှာစကားပါးနိုင်ရန်လည်း စီစဉ်ထားပါသည်။

အစီအစဉ်များ
1.        ဒေါ်အောင်ဆန်းစုကြည်အား အပြည့်အဝ ထောက်ခံကြောင်း ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ချက်များ ဖတ်ကြား၍ လက်မှတ်ရေးထိုးကြပါမည်။
2.        ဒေါ်အောင်ဆန်းစုကြည်ထံ အရောက်ပို့မည့် အော်တို (Auto) စာအုပ်တွင် မည်သူမဆို မိမိတို့တဦးချင်းအနေဖြင့် ပြောဆိုမှာကြား အကြံပေးလိုသည် များကို ရေးသားကြပါမည်။
3.        ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာပြည်သူများအားလုံးအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ကြည့်ရှုနိုင်မည့် ဗီဒီယိုနှင့် ဓါတ်ပုံများကို မှတ်တမ်းတင် ရိုက်ကူးပါမည်။
4.        ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံပွဲတွင် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားများမှ မြန်မာ အာဏာပိုင်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများနှင့်တကွ မြန်မာပြည်သူတရပ်လုံးသို့ ပန်ကြားလွှာ တစောင် စုစည်း ထုတ်ပြန်ပါမည်။ 

မြန်မာ့ဒီမိုကရေစီ အင်အားစုများ (ဂျပန်)

Sunday, November 14, 2010

နိုဘယ်လ်ဆုရှင်များတွေ့ဆုံပွဲသို့ မြန်မာ့ဒီမိုသမားတဦးတက်ရောက်


 ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တွင် ကျင်းပပြုလုပ်သည့် ၁၁ ကြိမ်မြောက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များ တွေ့ဆုံဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(ဂျပန်)၏ တာဝန်ခံတဦးဖြစ်သူ ကိုကျော်ကျော်စိုးတက်ရောက်ကြောင်းသိရှိရပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ၃ ရက်ကြာပြုလုပ်တဲ့အစည်းအဝေးမှာ နျူလက်နက်မပြန့်ပွားရေး၊ ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးကိစ္စများဆွေးနွေးခဲ့ကြတဲ့အပြင် မြန်မာပြည်အရေးနှင့်ပတ်သက်သည့်ကိစ္စများ ကို အဆိုပါဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် `ကိုကျော်ကျော်စိုး`ကိုလည်း သတင်းမီဒီသမားများက ၀ိုင်းဝန်းမေးမြန်းခဲ့ကြကြောင်းနှင့် အဆိုပါအချက်အလက်များကို ဟီရိုရှီးမားမြို့မှ ရေးသားပေးပို့လိုက်သော `ကိုကျော်ကျော်စိုး`၏ အီးမေးလ်မှ ပြန်လည်ဖော်ပြလိုက်ပါတယ်။

မှတ်တမ်းဓါတ်ပုံများကို framework.latimes.com, ctpost.com, nuclear-news.net, robertobaggio.com, daylife.com, dailymail.co.ukတို့မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

 Wu'er Kaixi, a former pro-democracy leader at the Tiananmen incident in 1989, left, holds shoulders of Kyaw Kyaw Soe, chirman of League for Democracy in Burma, during Nobel Peace Prize laureates and guests' boat tour at the 11th World Summit of Nobel Peace laureates inHiroshima, Japan, Saturday, Nov. 13, 2010. The release of one of the world's most prominent political prisoners came a week after an election that was swept by the military's proxy political party and decried by Western nations as a sham designed to perpetuate authoritarian control.

 လုပ်ဖော်ကိုင်ဘက်ရောင်းရင်းများခင်ဗျား
 

မြန်မာ့အရေးကိုစိတ်ဝင်စားသောသူတိုင်းက ယနေ့ဆွေးနွေးပွဲတွင် ကျနော့်အား “နောက်ဆုံး သတင်းဘာတွေကြားသိရသလဲ..?”ဟု မေးကြပါသည်။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်မိန့်ထွက်သွားပြီဖြစ်ကြောင်းနှင့် သူမသည် နေအိမ်မှ ပြင်ပသို့မည်သည့်အချိန်တွင် ထွက်လာမည်နည်းဆိုသည်ကို အတိအကျ ပြောရန်ခက်ခဲလှပါ သည်ဟု ပြန်ဖြေခဲ့ပါသည်။
ယနေ့မနက်တွင် TV Tokyo   နှင့် အမေးအဖြေခန်းတခုကို ပြုလုပ်ခဲ့ရပါသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ညူကလီယားမပြန့်ပွားရေးကိစ္စနှင့်ပတ်သက်သော သဘောထား မည်သို့ရှိသည်ဟု ထင်ပါသနည်း။
သူမလွတ်မြောက်ပြီဆိုတော့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးနဲ့ နိုင်ငံရေးအခြေအနေမည်သို့ဖြစ်လာမည် ဟုထင်ပါသနည်း။
ဟီရိုရှီးမားအနုမြူဗုံးဒဏ်ခံရသူတွေနဲ့ပတ်သက်တာ၊ ပြီးတော့ ဟီရိုရှီးမားကပြည်သူတွေနဲ့ ဂျပန်အစိုးရရဲ့ ညူကလီယားအရေးနဲ့ပတ်သက်ပြီးလုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုမြင်သလဲ။
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးဂျပန်ပြည်သူတွေအနေနဲ့ ဘယ်လိုမျိုး ကူညီပံ့ပိုးပေးသင့်သလဲ ဆိုတာ တွေကို မေးပါသည်။
ဒေါ်စုသည် ၁၉၉၅ ခုနှစ်ကတည်းက အရှေ့တောင်အာရှဒေသမှာ ညူကလီယားမပြန့်ပွားရေးဆိုတဲ့ကိစ္စကို စဉ်းစားတွေးတောထားခဲ့တာကို The Voice of Hope စာအုပ်ထဲမှာ Alan Clement က မေးထားတဲ့အပေါ် ပြန်ဖြေတဲ့အချက်ကို ကျနော် ကိုးကားပြီးဖြေခဲ့ပါသည်။

ဒေါ်စုလွတ်မြောက်လာပြီးတဲ့နောက်ပိုင်းမှာ စစ်အစိုးရနဲ့ စစ်မှန်တဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ခြေလှမ်းစတင်နိုင်တော့မည်ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်လုပ်ဆောင် ရာတွင် အပြန်အလှန်နားလည်မှုပေးပြီးလုပ်ဆောင်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံသားအားလုံး လက်တွဲလုပ်ဆောင်ပါက အကျပ်အတည်းတွေကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်းပြောဆိုခဲ့သည်။

အနုမြူဗုံးဒဏ်ခံရသူ ဟီဘာကုရှာ့ တွေနဲ့ပတ်သက်ပြီး ညူကလီယားအရေးနှင့်ပတ်သက်ပြီး လှုပ်ရှားမှုနယ် ပယ်ကျဉ်းမြောင်းသည် ထိုထက်ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်ရန်လိုအပ်သည်ဟု ထင်မြင်ပါကြောင်း ဟီရိုရှီးမားတမြို့တည်းတင်မက ဂျပန်တနိုင်ငံလုံးအထိ ကျယ်ပြန့်သောလှုပ်ရှားမှုပြုနိုင်ရန်လိုအပ်ကြောင်း ထိုမှတဆင့် ဂျပန်အစိုးရကိုယ်တိုင်က ကမ္ဘာနိုင်ငံများသို့ ညူကလီယားကိစ္စကို တိုးချဲ့လုပ်ကိုင်သင့် ကြောင်း ပြောဆိုခဲ့သည်။
ဂျပန်ပြည်သူများအနေဖြင့် မြန်မာ့အရေးကို ကိုယ်တိုင်ကိုယ်ကျပါဝင်နိုင်သည့်နည်းလမ်းတခုရှိကြောင်း၊ မိမိ တို့ဒေသ၏လွှတ်တော်အမတ်များကို မြန်မာ့ဒီမိုကရေစီအရေးနှင့်ပတ်သက်ပြီး ဂျပန်အစိုးရက ထိရောက် သောရလဒ်တခုပေါ်ထွက်လာရေးအတွက် တွန်းအားပေး၊ ဖိအားပေးရန်လိုအပ်ကြောင်း၊ ထိုသို့လုပ်ဆောင် နိုင်ရန် ဂျပန်ပြည်သူများအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေနှင့်ပတ်သက်သောသတင်းအချက်အလက်များ ကို သိရှိရန်များစွာလိုအပ်ကြောင်း၊ ထိုသို့သောသတင်းအချက်အလက်များကို အဲန်ဂျီအိုများ၊ ပြည်သူ့ရေးရာအဖွဲ့များမှ ဦးဆောင်ကာ ဂျပန်ပြည်သူများသိရှိစေရန်လုပ်ဆောင်နိုင်ကြောင်း ပြောဆိုခဲ့ သည်။ သို့မှသာ ဂျပန်အစိုးရသည် မြန်မာ့အရေးတွင် ထိရောက်စွာကူညီပံ့ပိုးပေးနိုင်မည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။



မနက်ပိုင်းဆွေးနွေးပွဲ အစတွင် တောင်အာဖရိကသမတဟောင်း ဒီကလပ်က ဒေါ်အောင်ဆန်းစုကြည် ကို စစ်အစိုးရက လွှတ်မိန့်ထုတ်ပြန်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

ဆွေးနွေးပွဲများတွင် သမတ ဒီကလပ်က အင်အားသုံးအကြမ်းဖက်မှုများ၊ တောင်အာဖရိကနိုင်ငံတွင်း ညူကလီယားထုတ်လုပ်နိုင်သည့်စွမ်းအားအဆောက်အအုံများ၊ အစီအစဉ်အားလုံးကို လုံးဝဖျက်သိမ်းနိုင်ခဲ့ သည့်အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် အသားရောင်ခွဲခြားမှုစနစ်ကျင့်သုံးမှု ကာလအတွင်း အကြမ်းဖက်အင်အားသုံးမှုများကြောင့်ဖြစ်ခဲ့ရသည့် နောက်ဆက်တွဲအကျိုးသက်ရောက်မှု များကို အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းသည် အရေးကြီး သောအချက်ဖြစ်ခဲ့သည်ဟု ဆိုသည်။
ဘုန်းတော်ကြီးဒလိုင်လားမားက အကြမ်းမဖက်လှုပ်ရှားမှုဆိုသည်မှာ အချိန်ကာလကြာရှည်ပေးလုပ်ဆောင် ရကြောင်းဆိုသလို မာရီယာမက်ဂွိုင်ယား က အနုမြူဆိုင်ရာ ညူကလီယားဆိုင်ရာပညာရှင်များက လူအများ သေကြေပျက်စီးစေမည့်လက်နက်မျိုးကို မထုတ်လိုကြောင်း ငြင်းဆန်နိုင်သည့်အခွင့်အရေးရှိ ကြောင်း ပြောဆိုသည်။ ညူကလီယားအရေးလှုပ်ရှားသည့်အဖွဲ့တဖွဲ့၏ကိုယ်စားလှယ်ကလည်း သိပ္ပံပညာ ရှင်များအနေဖြင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဦးဆောင်မှုပေးနိုင်သည့်နေရာတွင်ရှိကြောင်း ထောက်ပြခဲ့သည်။

ဂျိုဒီဝီလီယမ်စ် က လူတွေသည် အခြားလူများကို သတ်ဖြတ်ရန် လက်နက်များကိုတီထွင်အသုံးပြုနေကြ ကြောင်းဆိုသည်။
အတိတ်ကအဖြစ်အပျက်များကို မေ့ပျောက်ရန်မသင့်၊ သို့သော် ခွင့်လွှတ်သင့်ကြောင်း၊ လက်ရှိကာလနှင့် အနာဂတ်အရေးကို တွေးတောလုပ်ဆောင်ရန်လိုအပ်ကြောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များ၏သဘော ထားကို ဆွေးနွေးမှုများတွင် သိမြင်ခဲ့ရသည်။

ဂျိုဒီဝီလီယမ်စ်က အင်အားသုံးအကြမ်းဖက်မှုများ၊ ညူကလီယားလက်နက်တီထွင်လုပ်ဆောင်နေမှုများ အပေါ် နှုတ်ဆိတ်နေလျှင် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ရာရောက်ကြောင်းသူမ၏ အမြင်ကို ထုတ်ဖော် ပြခဲ့သည်။
သမတဒီကလပ်က နိုင်ငံများတွင် ကမ္ဘာပေါ်တွင် လမ်းပေါ်စီးကရက်မလွှင့်ပစ်ရ၊ အမှိုက်မပစ်ရဆိုသည့် စည်းကမ်းများမှ အစ အမိန့်၊ ဥပဒေများကို လူ့အသိုင်းအ၀ိုင်းက လိုက်နာရန် ထုတ်ပြန်ထားသော်လည်း ညူကလီယားလက်နက်နှင့်ပတ်သက်ပြီး အစိုးရများအနေဖြင့် လိုက်နာရမည့်ဥပဒေများမရှိကြောင်း ထောက်ပြသည်။
အီရန်လူမျိုး ရှေ့နေအမျိုးသမီး ရှီရင်အယ်ဘာဒီက မြောက်ကိုရီးယား၊ ပါကစ္စတန်၊ အိန္ဒိယ ကဲ့သို့သော နိုင်ငံများတွင် ညူကလီယားလက်နက်အတွက်ဒေါ်လာသန်းပေါင်း များစွာအကုန်အကျခံသုံးစွဲနေသော် လည်း ၄င်းတို့နိုင်ငံများတွင် ပြည်သူများအတွက် စားနပ်ရိက္ခာများလုံလောက်စေရန် မထောက်ပံ့ပေးနိုင် ခြင်း၊ သဘာဝဘေးအန္တရာယ်များကျရောက်သည့်အခါ အခြားနိုင်ငံများမှတောင်းခံခြင်း၊ ဆင်းရဲချမ်းသာ အလွန်ကွာဟနေခြင်းများရှိနေသည်ဟု ဆိုကာ အဆိုပါနိုင်ငံများကို ဝေဖန်ပြောဆိုသွားခဲ့သည်။
ဒလိုင်လားမား၏ ပြောဆိုချက်များထဲတွင် မှတ်သားစရာကောင်းသောစကားတခွန်းအား မျှဝေပေးလိုပါ သည်။ ထိုစကားသည် နအဖစစ်အာဏာရှင်များအား ဦးတည်ပြောဆိုသည့်အလား ကျနော်အနေဖြင့် ခံစား မိပါသည်။

“ကိုယ့်ရဲ့လုပ်ကိုင်နိုင်စွမ်းအားကို တခြားသူများအားဖျက်ဆီးပစ်ရန်အသုံးမချပါနှင့်၊ ကိုယ်ကိုယ်တိုင် တိုးတက်မှုများရရှိရန် သုံးစွဲပါ…”

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီဆိုသောသတင်းထွက်ပေါ်လာသည်နှင့် ကျနော်သည် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များထိပ်သီးအစည်းအဝေးတာဝန်ခံ ရောမမြို့ဝန်ဟောင်း ဝေါ်လ်တာ ဗီထရိုနီအား ပြောပြခဲ့သလို၊ ဘောလုံးသမား ရောဘတ်တို ဘက်ဂျီယိုအားလည်း ၀မ်းသာစရာ သတင်းကို ပြောပြခဲ့သည်။ ဒေါ်စုလွတ်လာပြီဆိုသည့်သတင်းကြောင့် ကျနော့်အား ၀မ်းသာအားရဖြင့် လာရောက်နှုတ်ဆက်ကြသည်။ ဒေါ်စု၏အရှိန်အ၀ါမည်မျှကြီးမားသည်ဆိုသည်ကို လာရောက်နှုတ်ဆက် သည့်အနေအထားက ကောင်းကောင်းဖော်ပြနေပါသည်။
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များထိပ်သီးအစည်းအဝေးကို သတင်းလာယူကြသည့် သတင်းမီဒီယာအားလုံး ကျနော့်ကို ပတ်လည်ဝိုင်းနေခဲ့ပြီး ဒေါ်စုလွတ်မြောက်သည့်သတင်းကြားရသည်နှင့် မည်သို့ခံစားရသနည်း ဟု အရင်ဆုံးမေးပါသည်။ နှစ်ကျော်စောင့်မျှော်ခဲ့ရသည့်သတင်းဖြစ်သည့်အတွက် အလွန်ပင်ဝမ်းမြောက် မိကြောင်း ဖြေကြားခဲ့ပါသည်။ ဒေါ်စုလွတ်မြောက်လာသည့်သတင်းကို မြန်မာပြည်သူပြည်သားအားလုံးသာ မက တကမ္ဘာလုံးကပါ ၀မ်းမြောက်ကြိုဆိုကြမည်ဟု ယုံကြည်ကြောင်းဆိုခဲ့ပါသည်။

တချိန်တည်းမှာပင် ကျနော်၏စိတ်အတွင်း ဒေါ်စု၏လှုပ်ရှားမှုများကို စစ်အာဏာရှင်များက ကန့်သတ် ချုပ်ချယ်မှုများထပ်မံလုပ်ဦးမည်လောဆိုသည့် စိုးရိမ်စိတ်များလည်း တချိန်တည်းတွင်ဖြစ်ပေါ်မိခဲ့ကြောင်း သို့သော်လည်း အားလုံးက ၀မ်းမြောက်ဝမ်းသာစွာဖြင့်ကြိုဆိုနေသောအချိန်ကာလတွင် မြန်မာနိုင်ငံ အနာဂတ်အတွက် ဒေါ်စုအပါအ၀င်နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစုများ၊ စစ်အာဏာပိုင်များ အနေဖြင့် အနာဂတ်မြန်မာနိုင်ငံအရေးကို မျှော်တွေးကာ စစ်မှန်သည့်တွေ့ဆုံဆွေးနွေးမှုလုပ်ရန်လိုအပ် ကြောင်း ကျနော်၏သဘောထားအမြင်ကိုထုတ်ဖော်ပြောဆိုခဲ့သည်။
အားလုံးတွင် စိုးရိမ်စိတ်၊ မလုံခြုံစိတ်များရှိမည်မှာသေချာသော်လည်း ထိုစိတ်များလျော့နည်းပပျောက်စေ ရေးအတွက် အရေးကြီးသောလုပ်ဆောင်ချက်မှာ အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများဖြင့် အပေးအယူပြုလုပ်နိုင်ရေးပင်ဖြစ်သည်ဟု ဆိုခဲ့ပါသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အနာဂတ်မြန်မာ့နိုင်ငံရေးအတွက်မျှော်မှန်းကာ အဆိုပြုချက် တခုခုကို ပြုလုပ်လိမ့်မည်ဟု ကျနော့်အနေဖြင့် မျှော်မှန်းတွက်ဆမိကြောင်းကိုလည်း ပြောဆိုခဲ့ပါသေးသည်၊
မည်သို့ပင်ဖြစ်စေကာမူ အခုလိုအခိုက်အခန့်အခါသမယတွင် နိုင်ငံရေးတွင် အရေးကြီးသောနေရာတွင် ရောက်ရှိနေသည့်အင်အားစုအားလုံး(စစ်အာဏာရှင်များအပါအ၀င်) အခွင့်ကောင်းကိုအမိအရဆုပ်ကိုင်ပြီး အနာဂတ်မြန်မာနိုင်ငံအတွက် စုပေါင်းလက်တွဲလုပ်ကိုင်ရန်လိုအပ်ကြောင်းကိုပါ ပြောဆိုခဲ့သည်။

ထို့အပြင် ၂၀၁၀ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် လျိုရှောင်ဘိုအတွက်လည်း ကျနော့်အနေဖြင့် မှတ်ချက် ပေးပြောဆိုခဲ့ပါသေးသည်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များထဲတွင် အကျဉ်းချခံနေရသူ ဦးသာရှိသည့် အနက်တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီဖြစ်ရာ နောက်ထပ်တဦးသာကျန်တော့ သည်၊ ထို့ကြောင့် လျိုရှောင်ဘိုလွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် တရုတ် အစိုးရအား အားကောင်းသောတိုက်တွန်းမှုများပြုလုပ်ကြရန်လိုအပ်သည်ဆိုသည့်အချက်ဖြစ်ပါသည်။

ယခု ဟီရိုရှီးမားအစည်းအဝေးတွင် တိဘက်အရေးလှုပ်ရှားသူများနှင့် တိန်အန်မင်မျိုးဆက်(ကျနော်တို့ရဲ့ ရှစ်လေးလုံးမျိုးဆက်ကဲ့သို့ပင်)များနှင့် ရင်းနှီးသည့်အဆက်အသွယ်ရခဲ့ပါသည်။ လျိုရှောင်ဘို၏ကိုယ်စား လှယ်အဖြစ် တိန်အန်မင်မျိုးဆက်တဦးဖြစ်သည့် Wuer Kaixi ၀ါခိုင်ရှီ အပါအ၀င်အခြားသူများနှင့်တွေ့ဆုံခဲ့ ပါသည်။ ၀ါခိုင်ရှီသည် ထိုင်ဝမ်တွင် နေထိုင်လျက်ရှိပြီး လွန်ခဲ့သောနှစ်က တရုတ်ပြည်သို့ ဟောင်ကောင် မှတဆင့်ဝင်ရောက်ရန်ကြိုးပမ်းခဲ့စဉ်က တရုတ်အာဏာပိုင်များက လက်မခံပဲ နှင်ထုတ်ခံခဲ့ရသူတဦးဖြစ် ပါသည်။ 


ဒေါ်စုလွတ်မြောက်လာပြီးနောက် ကျနော်အား သတင်းထောက်များက ၀ိုင်းဝန်းမေးမြန်းခဲ့ပြီး နောက် ကျနော်က ၀ါခိုင်ရှီကို ဖိတ်ကြားခဲ့ရာ ၀ါခိုင်ရှီက ဒီမိုကရေစီနှင့်လူ့အခွင့်အရေးလှုပ်ရှားသူများ အကြား မည်မျှပင်ဝေးကွာနေစေကာမူ ယုံကြည်ချက်ခံယူချက်များမှာ တသားတည်းဖြစ်ကြောင်းသူက ပြောဆို ပါသည်။ ကျနော်က လူ့အခွင့်အရေးနှင့်ပတ်သက်လျှင် နိုင်ငံ၊ လူမျိုးခွဲခြားမရသလို နယ်နိမိတ် လည်းမရှိ ကြောင်း လူ့အခွင့်အရေးသည် ပြည်တွင်းရေးမဟုတ် လူတိုင်းဝင်ရောက်စွက်ဖက်လုပ်ကိုင်ရမည် အဘယ် ကြောင့်ဆိုသော် လူ့အခွင့်အရေးဆိုသည်မှာ လူသားအပေါ်အခြေခံသည့်အတွက် လူ့အခွင့်အရေးနှင့် ပတ်သက်လျှင် လူတိုင်းပါဝင်စွက်ဖက်ပြောဆိုလှုပ်ရှားပိုင်ခွင့်ရှိသည်ဟု ဖြည့်စွက်ပြောဆိုခဲ့ပါသည်။

လေးစားစွာဖြင့်

ကျော်ကျော်စိုး
နိုဝင်ဘာ ၁၃. ၂၀၁၀ ခုနှစ်  

လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်များ


ဓါတ်ပုံများကို AP, AFP, daylife,BBC, gitty image, jiji press နှင့် အီးမေးလ်မှရရှိသောလင့်များမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Saturday, November 13, 2010

ဆုံမှတ်

အမေ...
နေကောင်းပါရဲ့လား အမေ...
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ...

ရှိပါတယ်အမေ...
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်...
သူတို့လည်း နေကောင်းကြပါရဲ့

တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ
ဇာတိမြေကို အလည်အပတ်ပြန်တိုင်း
“အရင်အတိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး

တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။

အမေ့ပါတီလည်း ရှိပါသေးတယ် အမေ...
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ...

ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ...
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ

အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။

အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ

အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ

ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။


(ကမ္ဘာစိုးမင်း)

Twitter Delicious Facebook Digg Stumbleupon Favorites More