This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, January 31, 2010

၆၃ နှစ်မြောက်မွန်အမျိုးသားနေ့(နယ်သာလန်)ဓာတ်ပုံသတင်း



ပေးပို့သူ-ဆွေနိုင်(နယ်သာလန်)

လူငယ့်ကြေးမုံ-၅(တင်မိုး)

မိုးသောက်ကြယ်ဂျာနယ်အယ်ဒီတာအာဘော်အဖြစ်
ဆရာတင်မိုးရေးသားပေးခဲ့သော `လူငယ့်ကြေးမုံများ`
(၂၀၀၅ ခုနှစ်၊ မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၃)
လူငယ့်ကြေးမုံ-၅

‘ငါသည် ငါ၏ကိုယ်ကျိုးအတွက် သက်သက်ငှာ အသက်ရှင်အောင်မမွေး…။ ငါ့တိုင်းပြည်၊ ငါ့စာပေ၊ ငါ့သာသနာအတွက် ရသမျှအချိန်ကလေးကိုယူ၍ ဆောင်ရွက်ရင်း အသက်ရှင်အောင်ငါမွေးအံ့…။’

ဒါဟာအဓိဌာန်တခု၊ ဒါဟာ‘သစ္စာ’ဆိုတဲ့ပွဲတခု၊ ဒါဟာဆုံးဖြတ်ပြဌာန်းချက်တခု။
ဒီလိုနဲ့ လူငယ်တွေဟာ မိမိသီလကိုဆောက်တည်မယ်ဆိုရင် ကိုယ်ကျိုးတဖက်မြင်သမားမဖြစ်နိုင်။ အမြင်ကျဉ်းမြောင်းသူမဖြစ်နိုင်။

ငါ့ဟာမှငါ့ဟာ။ ငါ့သာသနာမှ ငါ့သာသနာဟု ငါစွဲတန်းလန်းနှင့် မျက်ကန်းသမားမဖြစ်နိုင်။ လူငယ်တွေဟာ အကြောင်းကြောင်းကြောင့် အမိမြေစွန့်ခွာပြီး နိုင်ငံတကာရောက်ခဲ့ကြ ရတယ်။ ကြုံရာကျပန်း သက်မွေးဝမ်းကျောင်းပြုကြရတယ်။ ငါတို့နိုင်ငံသားတွေ အလွန်သနားဖွယ်ကောင်းတယ်။
ဒါပေမယ့် တို့လူငယ်တွေရဲ့စိတ်ဓါတ်က မွန်မြတ်တယ်၊ သန့်ရှင်းတယ်၊ အများအကျိုးအတွက် တလက်ခုပ် တလက်ချ ရရာတာဝန်ထမ်းဆောင်ချင်တဲ့ စေတနာအပြည့်ရှိတယ်၊ ပင်ကိုယ်စိတ်ကောင်းရှိသူများပါ။

ကျွေးချင် မွေးချင် ပေးကမ်းချင်တဲ့စေတနာ၊ ကူညီစောင့်ရှောက်ချင်တဲ့ သဒ္ဓါတရားအားကြီးတဲ့တို့လူမျိုး။ တို့နိုင်ငံသားစရိုက်ကို ဘယ်တော့မှမစွန့်လွှတ်။ ပင်ကိုယ်သန္ဓေကောင်းပြီးသား လူမျိုးဖြစ်တယ်။

အဖြူအမည်းမရွေး၊ အနူအဝဲမရွေး၊ သွေးကွဲခြင်းမရှိ၊ အခန့်အညား အဟန့်အတားတွေမလုပ်တတ်။ မြင့်မြတ်တဲ့စိတ်ဓါတ်ပိုင်ရှင် သခင်နိုင်ငံသားတွေဖြစ်တယ်။ ဒီစိတ်ဓါတ်၊ ဒီစေတနာ၊ ဒီအစဉ်အလာကို ငါချစ်တယ်။
ဒီသွေးကို ငါလေးစားတယ်..။ မိမိတို့ရဲ့ ဇာတိသွေး အမြဲပူနွေးနေစေဖို့ သတိပေးရခြင်းဖြစ်တယ်။ အားလုံးသိတဲ့အတိုင်း အခုအခါမှာ တို့နိုင်ငံအမှောင်ကျလို့ ဒုက္ခတွေပင်လယ်ဝေနေတဲ့အချိန်မဟုတ်လား။

ဒီတော့- အမှောင်ကိုတန်ဆောင်လင်းပြီး အမှောင်ခွင်းဖို့အရေး ကြိုးစားပေးကြရမှာပဲ၊ ဒါလည်း တို့တာဝန် တရပ်ပေပေါ့။

တို့ငယ်ငယ်တုန်းက သွေးသောက်မဂ္ဂဇင်းရဲ့ဆောင်ပုဒ်ကလေးကို သဘောကျမိတယ်။ အဲဒါက တော့-‘သွေးသောက်ပီပီ တာဝန်သိသိ သစ္စာရှိရှိ…’တဲ့။

အဲဒီဆောင်ပုဒ်ကလေးလိုပါပဲ။ တို့တတွေဟာ ‘တာဝန်သိသိ၊ သစ္စာရှိရှိ’ဆိုတဲ့စိတ်ဓါတ်ကို အညွန့်တလူလူဖြစ်အောင်ပျိုးထောင်ရင်း အကျင့်ဆိုး စရိုက်ဆိုးတွေ မစိုက်ပျိုးမိအောင် ကာကွယ်ထိန်းသိမ်းရမယ်။

လူငယ်အလှဟာ နိုင်ငံရဲ့ အသရေတပါးမဟုတ်ပါလား။
လူငယ်တွေထွန်းတောက်မှ တို့နိုင်ငံ တမိုးသောက်မှာ မဟုတ်ပါလား…။

တင်မိုး
၅-၃-၂ဝဝ၃

Saturday, January 30, 2010

ထွက်ခွာခွင့်တားမြစ်ခံခဲ့ရသော ကိုမေတ္တာတို့အဖွဲ့ ဂျပန်လာခွင့်ရသွားပြီ

တိုကျို၊ ဇန္န၀ါရီ(၃၁)
ရေးသားသူ-သန့်မျိုးထွေး
ဂျပန်ဖျော်ဖြေပွဲအတွက် ရန်ကုန်လေဆိပ်တွင် ထွက်ခွာခွင့်ပိတ်ပင်တားဆီးခြင်းခံခဲ့ရသော လူရွင်တော်ကိုမေတ္တာဦးဆောင်သည့် တိုကျိုဆာကူရာအငြိမ့်အဖွဲ့ကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အကြောင်းပြချက်အနေနှင့် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနမှမသိရှိလိုက်သည့်အတွက် တားမြစ်ခဲ့ရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာမှသိမ်းယူထားလိုက်သော အနုပညာရှင်များ၏ နိုင်ငံကူးလက်မှတ်များနှင့် ထွက်ခွာခွင့်ကို လွန်ခဲ့သော(၄)ရက်ခန့်က ကိုမေတ္တာအပါအ၀င် မိုးဒီ၊ မောစ့်၊ ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်စသည့် အငြိမ့်အဖွဲ့သားအားလုံးကို ခေါ်ယူပြန်လည်ပေးအပ်ပြီး ထွက်ခွာခွင့်ပြုလိုက်သည်ဟုအဆိုပါအဖွဲ့မှအနုပညာရှင်တဦးမှပြောပြသည်။

"ကျနော်တို့ကို မသွားသင့်ဘူးဆိုရင် ပါတ်စ်ပို့တွေ၊ ဒီဖောင်းတွေဘာတွေဖြည့်ကတည်းက ကျနော်တို့ပြန်ကြမယ်၊ အခုတော့သွားခါနီး လာခါနီးလေယာဉ်ပေါ်တက်ခါနီးတော့မှ ခဏလေးလာပါဦးလို့ဆိုပြီးတော့ အဲ့ဒါမျိုးက ကျနော်တို့အနုပညာသမားတွေအတွက် အရှက်တကွဲအကျိုးနည်းဖြစ်တာပေါ့နော်"ဟု အဖွဲ့ခေါင်းဆောင်ကိုမေတ္တာမှ လေဆိပ်တွင်တာဆီးခံရအပြီး မိုးသောက်ကြယ်သို့ပြောကြားခဲ့သည်။

ဆက်လက်၍ကိုမေတ္တာမှ- "အဲ့တော့ကျနော်တို့က ကျနော်တို့အစည်းအရုံးကိုတင်ပြမယ်၊ အစည်းအရုံးကခွင့်ပြုတယ်၊ သူတို့ကိုလည်း အထက်ကနေခွင့်ပြုပြီးသားကိစ္စဖြစ်တယ်။ ပြီးတော့ဂျပန်နိုင်ငံရောက် မြန်မာသံအမတ်ရဲ့ခေါ်ယူခွင့်ပြုချက်ကိုလည်း ရပါပြီလို့ဆိုတော့မှသွားတာကို လေဆိပ်ရောက်တော့မှ အတားခံရတယ်ဆိုတော့ ဘာ့ကြောင့်ဖြစ်တယ်ဆိုတာကို မေးမယ်။ ရှင်းပြမယ်။ ကျနော်တို့မှာ မိဘသကဲ့သို့သဘောထားတဲ့ဝန်ကြီးရှိတယ်။ ၀န်ကြီးကိုယ်တိုင်ကလဲ ဒီကိစ္စကိုသိထားပြီးသားဖြစ်နေတယ်လို့ ယူဆတဲ့အတွက် ဘယ်လိုအဖြေထွက်လာမလဲဆိုတာကိုတော့ မသိသေးဘူး"ဟု လေဆိပ်တွင်တားဆီးခံရအပြီး ရုပ်ရှင်အစည်းအရုံးသို့သွားရောက်မဖြေရှင်းမီ ယခုလို ဆက်လက်ပြောပြခဲ့သည်။

ကိုမေတ္တာတို့အဖွဲ့ ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် တားဆီးခံရမှုနှင့်ပတ်သက်ပြီး ဂျပန်ရှိ မြန်မာအနုပညာရှင်တဦးက "သူတို့ထွက်ခွင့်မရတာက ပြည်ပရောက်ရင် အနုပညာရှင်တွေ နိုင်ငံရေးလုပ်မှာတို့၊ အစိုးရဆန့်ကျင်ရေးတွေ လုပ်မှာတို့ကို နအဖက စိုးရိမ်မယ်လို့မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းနဲ့ပြည်ပက နေရာအနေအထားခြင်း လူထုအပေါ်သက်ရောက်မှုခြင်း ကွာတယ်လေ။ သူတို့စိုးရိမ်တာက သူတို့ဆီမှာ အတွင်းကျကျအမှုထမ်း၊ ၀န်ထမ်းတွေအဖြစ် အလုပ်လုပ်ပြီးမှ စိတ်ပြောင်းပြီး ဘက်ပြောင်းသွားမှာကိုဘဲစိုးတာဗျ။ ဥပမာဗျာ သံအမှုထမ်းတို့၊ စစ်ဘက်၊ ရဲဘက်ဆိုင်ရာကလူတွေ။ လတ်တလောဗျာ ရန်ကုန်တိုင်းရဲမှူးကြီးဝင်းနိုင်တို့လိုပေါ့။ ဒီလိုလူတွေကျတော့ နယ်စပ်ကနေထွက်သွားပြီး ပြည်ပမှာနိုင်ငံရေးခိုလှုံခွင့်တွေလျှောက်ပြီး အတွင်းရေးတွေဖေါ်မှာစိုးလို့ ဖမ်းဆီးမိန့်ကိုတောင့်လျော့ပေါ့ထားတာကိုဘဲ ကြည့်ပေါ့..."ဟု ၎င်း၏ထင်မြင်ချက်ကိုပြောပြသည်။

ထွက်ခွာခွင့်တားဆီးခံခဲ့ရသည့်အတွက် ဇန္န၀ါရီ(၂၄)ရက်နေ့တွင် တိုကျိုမြို့၌ ဖျော်ဖြေမည့်ပွဲမှာ ဖျက်သိမ်းလိုက်ရပြီး နောက်ရက်အနည်းငယ်တွင် ပြန်လည်ဖျော်ဖြေတင်ဆက်နိုင် အောင်ကြိုးစားပါမည်ဟု ပွဲစီစဉ်သူဂျပန်လူမျိုး မစ္စတာခိမိဟိကိုနှင့်ပူးတွဲစီစဉ်သူ မြန်မာလူမျိုးတဦးတို့က ဂျပန်မြန်မာနှစ်ဘာသာဖြင့် ကြေငြာချက်ထုတ်ပြန်၍ ပရိတ်သတ်ကိုတောင်းပန်ခဲ့ပြီး ယခုထပ်မံတင်ဆက်မည့်ဖျော်ဖြေမှုအတွက် ပရိတ်သတ်ကိုနှစ်သိမ့်သည့်သဘောဖြင့် တိုကျိုမြို့တွင် နှစ်ချီနှစ်မောင်း နှစ်ပွဲတိတိ ကျင်းပဖျော်ဖြေမည်ဟုဆိုသည်။
"ကိုမေတ္တာတို့က လာမဲ့ဖေဖေါ်ဝါရီ ၄ ရက် ရန်ကုန်ကနေထွက်ပြီး၊ ၅ ရက်နေ့ရောက်မယ်။ ပထမပွဲကိုလူငယ်တွေအကြိုက် ညလုံးပေါက်ပေါ့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိကို တိုကျိုမြို့လယ်ခေါင်က ရှင်ဂျုကု၊ ခါဘုကိချောထဲက Pink Big Pig ဇတ်ရုံမှာ ဖေဖေါ်ဝါရီ ၆ ရက်စနေနေ့ညကနေစပြီး တနင်္ဂနွေနေ့ မနက်မှာပြီးမယ်။ ဒုတိယပွဲကို နာဂါနိုဘူတာနားက Zero Hall ခန်းမမှာ ဖေဖေါ်ဝါရီ(၁၁)ရက်၊ ဂျပန်ရုံးပိတ်ရက်(အနီရက်) ည ၇ နာရီကနေ ၁၀ နာရီအထိကကြမယ်။ ဒါကတော့လူကြီးတွေရော လူငယ်ပါအဆင်ပြေအောင်ပေါ့"ဟု မိုးသောက်ကြယ်သို့ ရှင်းပြသည်။

ယခင်က အငြိမ့်ဖျော်ဖြေပွဲနှင့်အတူ လူရွင်တော်လေးဦးနှင့် ဂျပန်အနုပညာရှင်များပါဝင်သော ဂျပန်မြန်မာချစ်ကြည်ရေး ဒီဗီဒီဇတ်ကားတခုကို ရိုက်ကူးရန် စီစဉ်ထားသော်လည်း ရိုက်ကူးဖြစ်၊ မဖြစ်အခြေအနေကိုမှု ထုတ်ပြန်ပြောဆိုခြင်းမရှိကြောင်း သတင်းရရှိသည်။

ဂျပန်သတင်းဌာန(NHK)မှ မှတ်တမ်းရုပ်ရှင်(Documentary) ထုတ်လွှင့်သွားသော“မိုးသောက်ကြယ်စာကြည့်တိုက်” အကြောင်း


ဗီဒီယိုဖိုင
ဂျပန်အစိုးရသတင်းဌာနတခုဖြစ်သော NHKမှ မိုးသောက်ကြယ်စာကြည့်တိုက်အကြောင်းကို သတင်းမှတ်တမ်းသဘောမျိုး ဇန်န၀ါရီလ ၂၂ ရက်(သောကြာနေ့)ညနေ ၅း၁၇ မှ ထုတ်လွှင့်သွားခဲ့သည့် အစီအစဉ်ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
ပို့ပေးသော ကိုထွန်းထွန်း(moethaukkye)အားကျေးဇူးတင်ရှိပါသည်။
video edit ။ ။ ဒေါင်းမာန်ဟုန်

၂၀၁၀ ရွေး......ကောက်ပွဲနဲ့ သူတို့ (ရွှေမြိုင်အောင်)


၂၀၁၀ မှာရွေး...ကောက်ပွဲလုပ်တော့မယ်…။
ဇန္န၀ါရီလ ၂၈ ရက်နေ့မှာ အဲဒီကိစ္စအတွက် ရှင်းလင်းပွဲကိုလဲလုပ်မယ်လို့သိရတယ်... မယုံမရှိနဲ့မိတ်ဆွေ- ရွေး...ကောက်ပွဲကိုတကယ်လုပ်မှာဗျ၊ ဒါပေမဲ့ န.အ.ဖ တော့မဟုတ်ဘူးခင်ဗျ။ ဂျပန်ကရွေးမှာလေ...ဂျပန် နော် ဂျပန်။
UNHCRရဲ့ကူညီမှုနဲ့ ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းက ကရင်လူမျိုးဒုက္ခသည်တွေကို ဂျပန်နိုင်ငံကိုခေါ်ယူဘို့ `ရွေး`ပြီး`ကောက်`မှာလို့ဆိုပါတယ်။ ၀မ်းသာစရာသတင်း ဖြစ်တဲ့အတွက် ”ရွှေမြိုင်အောင်”တို့မွေးဖွားရာဒေသနဲ့ အနီးအနားပြည်နယ်က သွေးသား ဖထီးကြီးတို့ အမိုးကြီးတို့တတွေ နယ်စပ်ဒုက္ခသည်စခန်းကနေ ဂျပန်ကိုလာရောက်ဘို့ အခွင့်အရေးတွေပေါ်လာပြီဖြစ်တဲ့အတွက် ..လက်လှမ်းမှီသလောက် နယ်စပ်က ဒုက္ခသည်စခန်းတွေဆီကို ဖုန်းဆက်ပြီးမေးမြန်းကြည့်မိပါတယ်။ မေးကြည့်တော့လဲ သိရတာပေါ့နော်....

တလောက ဂျပန်TBSတီဗွီလိုင်းတခုက “တတိယနိုင်ငံတွင် အခြေချနေထိုင်ရေးစံနစ်”လို့ အမည်ပေးထားတဲ့အစီအစဉ်နဲ့ ထိုင်းနိုင်ငံအနောက်ဖက်ဒုက္ခသည်စခန်းရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် ကရင်လူမျိုးဒုက္ခသည်အနည်းငယ်ကို စီစစ်ပြီး လက်ခံဘို့ ဆောင်ရွက်နေတယ်လို့ ထုတ်လွှင့်ပြသခဲ့ပြီး၊ အိန္ဒိယအခြေစိုက်မီဒီယာတခုရဲ့အင်တာ နက်သတင်းမှာလည်း၊ ဂျပန်ရှိမြန်မာလုပ်သားများအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတခုက ဥက္ကဋ္ဌဆိုသူပြောပြခဲ့တာကို ဖေါ်ပြပေးခဲ့လို့ ဖတ်ခဲ့ရ..မှတ်သားခဲ့ရတယ်ခင်ဗျာ။

တီဗွီသတင်းက Naganoခရိုင်ရှိ၊ Matsumotoအရပ်ဟာ.. .ကရင်တွေရဲ့ဇာတိနဲ့ တူတယ်လို့ပြောပါတယ်။ ဘာကြောင့်လည်းဆိုတော့ တောတောင်ထူထပ်တဲ့ နေရာဒေသဖြစ်လို့ပါတဲ့။ အဲဒါကြောင့် ကရင်တွေကို ဒေသအလွမ်းပြေအောင် ခေါ်ထားပေးမလို့တဲ့..ဖါးရိုက် ငါးနှိုက်လုပ်လို့ရမယ်လို့တော့မပါ,ပါဘူး။
အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး၊ စိုက်ပျိုးရေးနဲ့ အထည်ချုပ်လို လက်မှုပညာလုပ်ငန်းအလုပ်ခွင်တွေမှာ အလုပ်ရမယ်လို့ဆိုပါတယ်။ ဘာပဲပြောပြော သွားခေါ်ပြီး နေရာချထားပေးမှာဆိုတော့ ၀မ်းသာရမှာပေါ့ ....

သတင်း(၂)ခုစလုံးမှာတူညီတဲ့အချက်က တနှစ်ကို လူအယောက်သုံးဆယ်တိတိ ခေါ်ယူသွားမယ်ဆိုတာပါပဲခင်ဗျာ။
အိန္ဒိယအခြေစိုက် အင်တာနက်သတင်းရဲ့စာမျက်နှာမှာတော့ ခေါ်ယူမဲ့ကန့်သတ်ချက်တွေနဲ့ပတ်သက်ပြီး ရေးထားပါတယ်။ ကန့်သတ်ချက်တွေအရ အသက် ၂၀ နဲ့ ၄၀ ကြားရှိသူဖြစ်ရမည်ဆိုတော့ ..စိတ်မကောင်းဖြစ်မိတယ်။ အသက် ၄၀ ကျော်သွားတဲ့ ဖထီးကြီးတို့တတွေ ဂျပန်ကိုလိုက်လို့မရတော့ဘူးပေါ့နော်။ ဒါဆိုရင် ဖိုးခွားတို့တတွေပဲ လာခွင့်ရမှာလား…?ဆိုတော့လဲ မဟုတ်ပြန်ဘူးတဲ့။ မိသားစုရှိရမယ် လူပျိုလူလွတ် မဟုတ်ရဘူးလို့ဆိုပြန်တယ်။ ဖိုးခွားတို့လိုလူငယ်တွေချည်းလာရတာလဲမဟုတ်ဘူး။ ဖထီးကြီးတို့ဦးဆောင်ပြီးချီတက်လာရမှာလဲမဟုတ်တော့၊ ဖထီးသားလေးတွေဦးစီးပြီး လာရမှာဖြစ်တယ်လို့သဘောပေါက်လိုက်ရပါတယ်။

အဲဒီလိုမျိုး ဖထီးသားလေးတွေကို ရွေးပြီးကောက်မဲ့ပွဲအတွက် လျှောက်ထားမှုအကြောင်း “ မယ်လ”စခန်းထဲက နီးစပ်ရာကိုမေးကြည့်တဲ့အခါမှာ ..အမေရိကန်တို့ သြေဇီ တို့ကခေါ်တာ မဟုတ်တဲ့အတွက် အစပိုင်းမှာ သိပ်ပြီးစိတ်ဝင်စားမှု မရှိကြဘူးလို့ဆိုပါတယ်။ “ဒုက္ခသည်စခန်းမှာ ဒုက္ခရောက်တယ်ဆိုရင် ကိုယ့်မိသားစု ဆွေမျိုးတွေနဲ့ အတူရှိနေတော့ လိုအပ်ရင်အကူအညီတောင်းလို့ရသေးတယ်”တဲ့။ “ အမေရိကန်တို့ သြေဇီတို့မှာဆိုရင်” ဆွေမျိုးသူငယ်ချင်းတွေကရှိနေပြီးပြီဆိုတော့ သိပ်စိတ်ပူစရာမလိုဘူး”တဲ့။ “ဂျပန်မှာ အဆင်မပြေဘူးဆိုရင် ဒုက္ခထပ်ရောက်မှာစိုးရိမ်တယ်” လို့ပြောကြတယ်။

`ရွှေမြိုင်အောင်`က အဲဒီလောက်အထိစိတ်ပူစရာမလိုတဲ့အကြောင်း၊ ဂျပန်အစိုးရအကူအညီနဲ့ ခေါ်တာဖြစ်တဲ့အတွက် နေထိုင်စားသောက်ရေးအဆင်ပြေအောင် ကူညီပေးမယ်လို့ထင်ကြောင်း၊ အရွေးခံဘို့ စာရင်းအရင်သွင်းပါလို့ အားပေးခဲ့ပါတယ်။

ရွှေမြိုင်အောင် အားပေးတာတစ်ခုထဲကြောင့်မဟုတ်ပဲ၊ သူတို့လျှောက်ဖြစ်ခဲ့ရတဲ့နောက်ထပ် အကြောင်းအရင်းတစ်ခုရှိသေးတယ်ဆိုပဲ။ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ ရှိတဲ့သူတွေကို ဂျပန်နိုင်ငံသို့ခေါ်မည်ဆိုတဲ့အသံကိုလဲကြားရော ဒုက္ခသည်ကရင်တွေရော၊ အခြားသောဒုက္ခသည်တိုင်းရင်းသားတွေနဲ့ရောပြီး `ရန်ကုန်မြို့သားရိုဟင်ဂျာ`တွေ `မော်လမြိုင်မြို့သားရိုဟင်ဂျာတွေ`၊ `ကျိုက္မရောမြို့သားရိုဟင်ဂျာတွေပါ ' စခန်းထဲဝင် စာရင်းပေး၊ စာရင်းဟောင်းပြန်ဖေါ်နဲ့..တန်းဝင်စီကြရောလို့ဆိုတယ်ဗျ။ အောက်ပြည်အောက် ရွာကရိုဟင်ဂျာအမည်ခံတွေ တန်းဝင်စီတာဟာ တခုခုကြောင့်ဖြစ်မယ်လို့ ဖထီးကြီး တွေကသုံးသပ်မိပြီးတဲ့နောက် ဖထီးကြီးတွေ၊ ဖထီးလေးတွေ စာရင်းထပ်ပေးခဲ့ကြတယ်လို့ဆိုပါတယ်။

အခုခေါ်မှာ အယောက်(၃၀)လို့ သတင်းတွေမှာဖတ်ရကြောင်းပြောပြတော့ “အယောက်(၃၀)မဟုတ်ဘူး။ အိမ်အလုံး (၃၀)ယူသွားမှာ ”လို့ပြန်ပြောပါတယ်။ ရွှေမြိုင်အောင် မျက်လုံးပြူးသွားတယ်။ “အိမ်တွေဖျက်ပြီး ဂျပန်ကိုယူသွားစရာမလိုပါဘူး..ဂျပန်မှာအိမ်တွေ အများကြီးပဲ အဲဒီမှာနေရမှာပေါ့”ဆိုတော့ “အိမ်အလုံး ၃၀ ဆိုတာ..အဲဒီအိမ်မှာနေတဲ့မိသားစု တစု..တစု..ကိုပြောတာ..ဒါတောင်မသိဘူးလား ..ဟောက်ခံထိတော့မယ်ဒီကောင် ”ဆိုပြိး ပြန်ဟောက်တာကိုတောင် ခံလိုက်ရပါတယ်။
သူတို့သိထားတာကမိသားစု ၃၀ ကိုခေါ်မှာ လူဦးရေ ၃၀ မဟုတ်ဘူးတဲ့ ...ရွှေမြိုင်အောင် ပြောမှသူတို့စိတ်ပူလို့သွားကြပြန်ပါတယ်။ အိမ်တလုံးမှာ(မိသားစုတစုမှာ) လူ ၄ယောက် ၅ယောက် ၆ယောက်လောက်ရှိကြတာ။ လူ(၃၀)ဆိုရင် အိမ်အလုံး (၅)လုံး (၆)လုံးလောက်ပဲရှိမှာ။ ကြောက်စရာကြီးတဲ့ဗျာ....

တကယ်ကိုရိုးသားတဲ့တိုင်းရင်းသားတွေပါ။ နအဖစစ်တပ်ရဲ့ လူမျိုးပြုန်းစစ်ပွဲတွေကြောင့်၊ DKBAနဲ့နအဖတို့ပူးပေါင်းတိုက်ခိုက်မှုကြောင့်၊ ရှောင်တိမ်းထွက်ပြေးခဲ့ရသူတွေပါ။ အစစအရာရာချို့တဲ့ကာ အကြောက်တရားများသာ ရင်မှာစိုးမိုးနေရာယူထားကြသူတွေ။ ချိုးခြံချွေတာပြီး လူ့ဘ၀အသက်ဆက်နေရသူတွေဖြစ်ပါတယ်။ “ဂျပန်မှာ အလုပ်ရမယ်ဆိုရင် နေဘို့အတွက် မြေကွက်သာစီစဉ်ပေး၊ ခွင့်ပြုရင် ကိုယ့်တဲကိုယ်ထိုးနေမယ်။ နှောက်ယှက်သူမရှိလို့ကတော့ ခြေလက်တွေအကောင်းကြီးရှိသေးတာပဲ လုပ်ကိုင်စားမှာပေါ့ ” လို့ပြောလာတဲ့စကားမှာ အဓိပ္ပါယ်အများကြီးပါပါတယ်။

သူတို့ရင်ထဲမှာစိုးရိမ်နေတဲ့အရာနောက်တခုရှိသေးတယ်။ ပြီးခဲ့တဲ့ ၂၀၀၉ မှာ ထိုင်း နယ်စပ်ထဲက `မုန်း`လူမျိုး ဒုက္ခသည်တွေကို ထိုင်းအစိုးရက လာအိုနိုင်ငံပြန်ပို့သလိုမျိုး ၂၀၁၂ လောက်မှာ သူတို့ကိုလဲ မြန်မာပြည်ပြန်ပို့မှာကို စိုးရိမ်နေကြတာပါ။
“မြန်မာပြည်မှာနေစရဲာ့ အလုပ်လုပ်ဘို့စီစဉ်ပေးမယ်ဆိုရင်ပြန်မှာလား…?” လို့မေးကြည့်တော-့
“မပြန်ဘူးဝေ့။ သူတို့စစ်တပ်က ဘုန်းကြီးခေါင်းကိုတောင် တုတ်နဲ့ရိုက်သတ်သေးတာ။ငါတို့ဆို မပြောနဲ့တော့..”တဲ့။ ယခုလိုဖြေပါတယ်။ ”(ဒေါ်)အောင်ဆန်းစုကြည်အုပ်ချုပ်ရင်တော့ ပြန်ချင်တယ်” လို့ပြောပါတယ်....

မနှစ်က နိုဝင်ဘာ (၁၄)ရက်နေ့မှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ `အကြိမ် (၃၀)မြောက် ဒုက္ခသည်များယဉ်ကျေးမှုပွဲတော်`မှာ “နောက်ထပ် ဒုက္ခသည်ဖြစ်လာမဲ့သူတွေရော၊ ဒုက္ခသည်အဖြစ်နဲ့ ကာလကြာရှည်စွာနေထိုင်ကြသူတွေအပါအ၀င် မည်သူမဆို ဂျပန်ကိုရောက်လာခဲ့တာကောင်းလိုက်တာ…လို့ခံစားလာရအောင် အေးချမ်းစွာနဲ့ ကိုယ့်ဘ၀ ကိုယ်ရပ်တည်နိုင်အောင် က်ျနော်တို့ကထောက်ပံ့မှုတွေကိုဆက်ပြီးလုပ်ပေးသွားမှာပါ”လို့ အာရှ လူမှုဖူလုံရေးနှင့် ပညာရေးဖေါင်ဒေးရှင်း၏ ဥက္ကဋ္ဌ Tamisuke Watanuki ပြောဆိုခဲ့တဲ့ အကြောင်းကို မိုးသောက်ကြယ်ဂျာနယ်သတင်းထောက် `ကိုသန့်မျိုးထွေး`ရေးထားတဲ့ သတင်းကို ဖတ်လိုက်ရသလို၊ အကြောက်တရားနဲ့ ထာဝရအတူ ဘ၀မှာအသက်ရှင်နေကြတဲ့ ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းက ဖထီးသားလေးတို့မိသားစုတွေ ဒီနှစ် စက်တင်ဘာလထဲမှာ ဂျပန်ကိုရောက်ရှိလာပြီး ကောင်းမွန်စွာအခြေကျ နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်.....



ရွှေမြိုင်အောင်

Wednesday, January 27, 2010

ဆရာမိုးအတွက် လွမ်းသ၀ဏ်(ကြိုင်လှမောင်မောင်)

ပြည်သူ့ကဗျာဆရာ

အဖိနှိပ်ခံပြည်သူအတွက်

ကလောင်လက်နက်

ထက်မြက်စွာသွေး

သွက်လက်ကာမနှေး

အချက်အလက်ဖြာ ကဗျာစီရေး

ဇာမဏီသွေးနဲ့ တိုက်ပွဲဝင်ခဲ့

ပြည်သူတွေလွတ်ကြောင်းထောက်လို့

ပြည်သူတွေအထွဋ်ကောင်းရောက်ဖို့

ခွပ်ဒေါင်းစိတ်ဓါတ်နဲ့ ကဗျာစပ်ဖွဲ့

စာပေသဒ္ဓါဖြိုးတဲ့

ဆရာမိုးရဲ့ စာနုရင်ပြင်

ကဗျာဥယာဉ်နန်းမှာ

ကဗျာပန်းတကာတွေဟာ

လန်းဖြာဝေဆာ

ပြည်ရွာအနှံ့

ရနံ့လှိုင်နေဆဲ

ဆရာမိုးရဲ့လက်ရာ

အခက်ဖြာ ကဗျာပန်းတွေကလှသမို့

လွမ်းနေရပ ထာဝစဉ်အမြဲ

ကြိုင်လှမောင်မောင်
၂၀၁၀-၀၁-၂၂

၆၃ နှစ်မြောက် မွန်အမျိုးသားနေ့ကျင်းပမည်

ဂျပန်နိုင်ငံရောက် မွန်အမျိုးသားများဖွဲ့စည်းထားသည့် ပုညကာရီ မွန်အမျီုးသားအဖွဲ့(ဂျပန်)မှ ၆၃ နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ဇန်န၀ါရီလ ၃၁ ရက်(တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မွန်အမျိုးသားနေ့အခမ်းအနားကို ဂျပန်ရောက် မွန်လူမျိုးများနှင့်အတူ ပြည်ထောင်စုဘွား မြန်မာနိုင်ငံသားများအားလုံး မပျက်မကွက် တက်ရောက်ကြပါရန်ဖိတ်ခေါ်ထားပြီး မွန်ရိုးရာစားသောက်ဖွယ်ရာများ၊ မွန်ယဉ်ကျေးမှုဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ တည့်ခင်းဧည့်ခံမည်ဟုလည်း သိရှိပါသည်။


ကျင်းပမည့်နေရာမှာ- Tokyo, Itabashi-Ku, Oyama Higashi Cho, 51-1< Oyama Green Hall ဖြစ်ပြီး အိခဲဘုခုရို(Ikebukuro)ရှိ Tobu Tojo Line စီး၍ Oyama ဘူတာ မြောက်ဖက်ပေါက်မှ ထွက်ရမည်ဖြစ်ပါသည်။ ကျင်းပမည့်အချိန်မှာ ညနေ ၆ နာရီမှ ၁၀ နာရီအထိဖြစ်သည်။ ဘူတာတွင် ဧည့်လမ်းညွန်များ ပြုလုပ်ပေးမည်ဟု သိရှိရပြီး အသေးစိပ်သိရှိလိုပါက ၀၉၀ ၂၂၅၁ ၁၉၈၈၊ ၀၈၀ ၅၁၇၇ ၈၅၉၆၊ ၀၉၀ ၆၀၉၂ ၃၃၈၅၊ ၀၉၀ ၆၅၆၇ ၂၂၆၃၊ ၀၉၀ ၇၄၂၂ ၆၇၁၂၊ ၀၈၀ ၃၄၉၆ ၃၈၈၁၊ ၀၉၀ ၂၃၀၁ ၉၇၂၄၊ ၀၈၀ ၃၁၅၆ ၂၈၇၈ သို့ ဆက်သွယ်မေးမြန်မးနိုင်ပါကြောင်း။

No. of foreign tourists visiting Japan plunges 18.7% in 2009

The number of foreign tourists who visited Japan in 2009 plunged 18.7 percent from the previous year to 6.79 million, the first fall in six years, due to the global recession and the spread of the H1N1 strain of influenza in Asia, the Japan National Tourism Organization said Monday.

It was the first double-digit decline since 1986 when the yen spiked against the dollar after five major industrial nations agreed in 1985 to let the U.S. currency depreciate in the so-called Plaza Accord to reduce U.S. trade deficits.

The government earlier set a goal of attracting 10 million foreign visitors this year but the latest statistics suggest the target will be hard to meet.

In 2009, the largest number of foreign tourists came from South Korea at 1,587,000, followed by Taiwan at 1,024,000 and China at 1,006,000. The top three rankings remained unchanged from a year earlier.

While the number of tourists from most countries declined, those from China rose 0.6 percent to hit a record high because Japan eased regulations and began issuing tourist visas to some Chinese individuals in July.

Sunday, January 24, 2010

ဂျပန်ဝန်ကြီးချုပ်လည်း ဘလောက်အသုံးပြုပြီ

လူထုထောက်ခံမှုနှုန်းကျဆင်းနေတဲ့ ဂျပန်ဝန်ကြီးချုပ် ယုကိအို ဟာတိုယာမက ''Hato Cafe"လို့အမည်ရတဲ့၊ သူ့ကိုယ်ပိုင်အင်တာနက်ဘလောက် စာမျက်နှာအသစ်ကို နှစ်သစ်ကူးနေ့မှာစတင်မိတ်ဆက်လိုက်ပြီး တဦးနဲ့ တဦးအယူအဆဖလှယ်နိုင်တဲ့ ''Twitter''ခေါ် စပ်မိစပ်ရာလူမှုရေး အင်တာနက်စ ကားဝိုင်းစာမျက်နှာကိုလည်း စတင်အသုံးလိုက်ပြီလို့ဆိုပါတယ်။

ဝန်ကြီးချုပ်ရဲ့ရည်ရွယ်ချက်ကတော့ ပြည်သူလူထုနဲ့တိုက်ရိုက်ထိတွေ့ ဆက် ဆံနိုင်ရန်အတွက်လို့ဆိုပါတယ်။ ဒါ့အပြင် အင်တာနက်စာမျက်နှာများပေါ်က ပြည်သူများရဲ့ထင်မြင်ယူဆချက်တွေကို အခွင့်အခါကြုံသည့်အခါတိုင်း ဖတ်ရှုပါ့ မယ်လို့လဲ ထည့်သွင်းပြောကြား သွားပါတယ်။
ဘလောက်ထဲမှာ''နှစ်သစ်မင်္ဂလာ သမယပါ''လို့ မိတ်ဆက်စကား ဖြင့်ဖွင့်လှစ်ခဲ့ပြီး၊ ပြည်သူနှင့်နိုင်ငံ ရေးကင်းကွာနေမှုများကို အဆုံးသတ်စေဖို့နှင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုး တက်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကိုအလေးထားပြီး လုပ်ဆောင်သွားဖို့အထိပါ ကြိုး စားမယ်လို့ဆိုပါတယ်။

ငွေကြေးအရှုပ်တော်ပုံကိစ္စအတွက်တောင်းပန်ထားပြီး ''ပြည်သူများ ရဲ့အသံများကို ကရု တစိုက်နားထောင်ပြီး ဝန်ကြီးချုပ်တာဝန်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစား ဆောင်ရွက် သွားပါမယ်''လို့ ကတိပေးစကားရေးသားထားပါတယ်။ ''Twitter''စာမျက်နှာ တွင်လည်းအကြောင်းအရာတခုချင်းစီကို အခါအားလျော်စွာတင်ဆက်သွားမယ် လို့လည်းဆိုပါတယ်။

ဝန်ကြီးချုပ်ရဲ့ဘလောက်ကို လည်ပတ်ချင်သူတွေအတွက် http://hatocafe.kantei.go.jp/ ဖြစ်ပြီး Twitterကဏ္ဍအတွက် http://twitter.com/hatoyamayukioသို့ ဂျပန်ဘာ သာဖြင့်ဝင်ရောက်လည်ပတ်နိုင်ပါ တယ်။
အောင်ဌေး
မူရင်းသတင်း-
Japan PM starts tweeting, launches blog

ဂျပန်စီးပွားရေး တရုတ်၏ကျော်တက်ခြင်းခံရနိုင်

တရုတ်နိုင်ငံသည် ပထမဦးဆုံးနိုင်ငံအဖြစ် စီးပွားရေးယုတ်လျော့မှု ကပ်ဘေးမှကျော်လွှား နိုင်ခဲ့ပြီဖြစ်သည် ။ ကမ္ဘာ့ဘဏ်၏ နှစ်ပတ်လည်အစီ ရင်ခံစာဖြစ်သော “၂၀၁၀ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအလား အလာ”၌ ၊တရုတ်၏စီးပွားရေး သည် ပြီးခဲ့သည့်နှစ်က ၈.၇% တိုးတက်လာခဲ့ပြီး ၂၀၀၉ ခုနှစ်နောက်ဆုံးသုံးလတွင် အံ့အားသင့်ဖွယ် ၁၀.၉% မြင့်တက်ခဲ့သည်။ ၎င်းကဲ့သို့တိုးတက်မှုမှာ တရုတ်အစိုးရနှင့် စီးပွားရေးကျွမ်းကျင်သူများ တွက်ဆထားသည်ထက် ပိုမိုခဲ့ခြင်းဖြစ်သည် ။

ပီကင်းအစိုးရအနေနှင့် ထိုကဲ့သို့အရှိန်ကြီးထွားလာခြင်းကို စိုးရိမ်မကင်းဖြစ်လျှက်ရှိပြီး ၊၎င်းမှာငွေကြေးဖေါင်းပွမှုနှုန်းမြင့်တက်လာသည့်လက္ခဏာဟုဆိုသည် ။

အမေရိကန်ပြီးနောက် ဒုတိယစီးပွားရေးအင်ပါယာအကြီးဆုံးဖြစ်သော ဂျပန်၏နေရာကိုကျော်ဖြတ်သွားမည့် အနေအထား သို့ရောက်နေပြီဖြစ်ကြောင်း စီးပွားရေးပညာရှင်များကသုံးသပ်ကြသည် ။

မောင်အောင်ဌေး
မူရင်းသတင်း-

Chinese economy may overtake Japan

http://www.rnw.nl/english/article/chinese-economy-may-overtake-japan


ဆရာတင်မိုးကွယ်လွန်ခြင်း(၃)နှစ်ပြည့်အမှတ်တရ(ပို့စကဒ်)


ဖန်တီးသူ-Ko Myoe

ဆရာတင်မိုး အမှတ်တရပုံရိပ်များ(သက္ကရာဇ် ၂၀၀၂)



သက္ကရာဇ် ၂၀၀၂ နိုဝင်ဘာတုန်းက ဆောင်းဦးအတွေး စာဟောပြောပွဲခေါင်းစဉ်နဲ့ ဂျပန်မှာ ဒုတိယအကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဆရာတင်မိုးရယ်၊ ဆရာဦးဝင်းဖေရယ်၊ ဦးဝင်းခက်တို့က လာရောက်ဟောပြောပါတယ်။
ဒီတခေါက်တော့ ဆရာက ကျနော်တို့အိမ်မှာ ၂ လနီးပါးနေသွားတော့ ဆရာ့ပုံစုံစုံလင်လင်လေး အလွမ်းပြေကြည့်လို့ရအောင် ဘလောက်ပေါ်တင်လိုက်တာပါ။
တခြားသူတွေဆီမှာလည်း ဆရာ့ပုံတွေရှိခဲ့မယ်ဆိုရင် ကျနော်တို့ဆီကို အီးမေးလ်ပို့ပေးပါလားခင်ဗျား….

စိုးဝင်းရှိန်(၀၉၀ ၄၁၂၈ ၄၇၂၅)
moethaukkye@gmail.com

ဆရာတင်မိုး အမှတ်တရပုံရိပ်များ(သက္ကရာဇ် ၂၀၀၁)


သက္ကရာဇ် ၂၀၀၁ ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာ ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲလုပ်ပါတယ်။
ဆရာတင်မိုးနဲ့ ဆရာမောင်စင်ကြယ်တို့ လာရောက်ဟောပြောပါတယ်။ အလွမ်းပြေကြည့်ရှုနိုင်အောင် ရသလောက်ပုံလေးတွေစုပြီး ဘလောက်ပေါ်တင်ပေးလိုက်တာပါ။
တခြားသူတွေဆီမှာရှိခဲ့မယ်ဆိုရင် ကျနော်တို့ဆီကို အီးမေးလ်ပို့ပေးပါလားခင်ဗျား….

စိုးဝင်းရှိန်(၀၉၀ ၄၁၂၈ ၄၇၂၅)
moethaukkye@gmail.com

Saturday, January 23, 2010

ဂျပန်လာမည့် ကိုမေတ္တာတို့အဖွဲ့ ရန်ကုန်လေဆိပ်တွင်တားဆီးခံရ


ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် လာရောက်ဖျော်ဖြေတင်ဆက်မည့် လူရွင်တော်မေတ္တာဦးဆောင်သော အနုပညာသမားများ ရန်ကုန်လေဆိပ်တွင် တားဆီးခံရကြောင်း စုံစမ်းသိရှိရသည်။
ကိုမေတ္တာနှင့်အတူ မိုးဒီ၊ မော့်စ်၊ ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်တို့ပါ တားဆီးခံရခြင်းလည်းဖြစ်သည်။
ဇန်န၀ါရီလ ၂၂ ရက်(သောကြာ)နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကိုမေတ္တာနှင့်အတူ မိုးဒီ၊ မော့်စ်၊ ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်တို့ပါ ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် တားဆီးခံရခြင်းလည်းဖြစ်သည်။
လေဆိပ်တွင် Dဖောင်ထုတ်ပေးပြီးခါမှ ပြည်ထဲရေးကခွင့်မပြုချက်မရလို့ဟုဆိုကာ ဂျပန်သို့လာမည့် အနုပညာသည်များ၏ ပစ်စပို့စာအုပ်တွေ အသိမ်းခံလိုက်ရကြောင်း၊ ပြည်တွင်းရှိ သတင်းသမားများလည်း လေဆိပ်သို့သွားရောက်၍ အင်တာဗျူးမှုတွေလုပ်နေကြောင်းလည်း သိရှိရသည်။
ကိုမေတ္တာတို့အဖွဲ့ကို ဂျပန်သို့သွားရောက်ဖျော်ဖြေမည်ဆိုကတည်းက ရုပ်ရှင်နှင့် သဘင်ကောင်စီတို့မှ ခေါ်ယူမေးမြန်းမှုတွေပြုလုပ်ခံရကြောင်း၊ ဂျပန်ဗီဇာကို ထုတ်ပေးပြီးကာမှ ဆိုင်းငံ့အဖြစ် ပြန်လည်ရွေ့ပြောင်းမှုတွေပြုလုပ်ခံရကြောင်း၊ အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့်အနုပညာရှင်များ၏ ဂျပန်ပြည်ဝင်ခွင့်ဗီဇာနှောင့်နှေးကြန့်ကြာ နေသောကြောင့် ပျက်ပြားဖွယ်ရှိကြောင်း အစဦးကတည်းက ကြားသိနေရသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ကိုမေတ္တာကို ဖုန်းဆက်မေးမြန်းကြည့်ရာ "ကျနော်တို့ကို ရုပ်ရှင်အစည်းအရုံးကခေါ်ပြီး မသွားသင့်ဘူးလို့ ယူဆပြီးတား ထားတယ်ခင်ဗျ။ ဘာ့ကြောင့်လဲတော့ မသိဘူးခင်ဗျ။ ရုပ်ရှင်အစည်းအရုံးကို ကျနော်တို့က စာတင်ရတယ်လေ။ ရုပ်ရှင်အစည်းအရုံးမှာ ပြဇတ်တို့၊ ရုပ်ရှင်တို့ဖျော်ဖြေရိုက်ကူးဖို့အတွက် ပြည်ပကိုသွားရတဲ့အခါ စာတင်ရတယ်လေ။ ခဏစောင့်ပါဦး၊ နေပါဦးလို့ပြောထားတယ်ခင်ဗျ"ဟု ရှင်းပြသည်။
ဆက်လက်၍ ကိုမေတ္တာမှ"ကျနော်တို့ကတော့ ဘာမှမသိဘူးခင်ဗျ၊ ကျနော်တို့ကို ဂျပန်မှာလာဖျော်ဖြေပေးပါလို့ အဲဒီ့မှာရှိတဲ့လူတွေက ဖိတ်လာတဲ့အတွက် ကျနော်တို့အနုပညာကိုဖျော်ဖြေတင်ဆက်ဖို့အတွက်သွားမှာပါ။ ဒါဘဲရှိတာပါ"ဟု ဆက်လက်ပြောဆိုသည်။
ယင်းကိစ္စအတွက် တာဝန်ခံခေါ်ယူပေးသူ ဂျပန်လူမျိုး မစ္စတာခိမိဟိကို ဟိဂုရရှီ(kimihiko higurashi) ပွဲမဖြစ်မြောက်သည့်အတွက် တောင်းပန်ကြောင်းနှင့် ဂျပန်တွင် လာရောက်ဖျော်ဖြေခွင့်ရသည့်အထိ ဆက်လက်ကြိုးစားမည်ဟုလည်း စာထုတ်ပြန်ထားသည်။

ကိုမေတ္တာဦးဆောင်သည့် အငြိမ့်ပွဲကို ”Tokyo Sakuya ပျော်စရာအငြိမ့်”ဟု ခေါင်းစဉ်ပေးထားပြီး၊ ဇန်န၀ါရီလ ၂၄ ရက် (တနင်္ဂနွေနေ့)တွင် တိုကျိုမြို့၊ Ikebukuro အရပ်ရှိ မြန်မာအနုပညာဖျော်ဖြေပွဲများ ကျင်းပလေ့ရှိသည့် ခိုကိုင်းခိုးခန်းမတွင် ညနေ (၄)နာရီမှစတင်၍ ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားပြီးကာမှ ပျက်ပြယ်သွားရခြင်းဖြစ်သည်။
ယခင်က ဂျပန်နိုင်ငံသို့ ဇော်ဝင်းထွဋ်၊ လေးဖြူနှင့် အိုင်စီအဖွဲ့အပြင် နာမည်ကြီး အဆိုတော်များ၊ အနုပညာရှင်များ မကြာခဏလာရောက်ဖျော်ဖြေခဲ့ဖူးပြီး ယခုလိုဗီဇာ အခက်ခဲနှင့် အာဏာပိုင်တို့၏ ခေါ်ယူတားမြစ်ဖူးခြင်းမရှိခဲ့ကြောင်းသိရသည်။
သန့်မျိုးထွေး

日本国・東京都・さくらコンサートに、
前もってチケットを買って楽しみにお待ち下さっている日本人、ミャンマー人の友人、ファンの皆様へ、

2010年1月24日(日曜日)池袋公会堂ホールにて行うよう、前から予定しました。
ミャンマーから来る芸能人たちは、日本の入国ビザを手に入れましたが、いろいろな事情で、ミャンマーから出国することが困難なため、コンサートを延期させていただきます。お世話になっている日本人、ミャンマー人のファンの皆様にご迷惑かけてしまい、お詫び申し上げます。何卒、ご理解をいただけますようにお願い申し上げます。再開する予定日は改めてご報告させていただきます。

尊敬とともに
コンサートに協力するグループと芸能人たち

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ဆာကူရာပျော်စရာအငြိမ့်ပွဲကို ကြိုတင်လက်မှတ်ဝယ်ယူပြီး ပျော်ရွှင်စွာစောင့်စားနေကြသော ဂျပန်၊ မြန်မာ မိတ်ဆွေ ပရိတ်သတ်များခင်ဗျား.....

၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ (တနင်္ဂနွေနေ့) IKEBUKURO, KOKAIDO HALL တွင်ကျင်းပရန်မူလက စီစဉ်ထား ပါသည်။ မြန်မာနိုင်ငံမှ အနုပညာရှင်များသည် ဂျပန်နိုင်ငံဝင်ခွင့်ဗီဇာကို လက်ဝယ်ရရှိထားပါသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် မြန်မာပြည်မှ ထွက်ခွာရန် အခက်အခဲ အချို့ရှိနေပါသဖြင့် အငြိမ့်ပွဲအစီအစဉ်အား ရက်အနည်းငယ် ရွေ့ဆိုင်းရမည် ဖြစ်ပါသည်။ ထို့အတွက် လေးစားရသောဂျပန်၊မြန်မာ ပရိတ်သတ်များအားလုံး နားလည်ခွင့်လွတ်ပေးပါရန် တောင်းပန်အပ် ပါသည်။ ပြန်လည်တင်ဆက်မည့်ရက်ကို ထပ်မံအသိပေးကြေငြာပေးပါမည်။

အထူးကျေးဇူးတင်ရှိလျက်

ပွဲစီစဉ်သူများနှင့် အနုပညာရှင်များ




ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် လာရောက်ဖျော်ဖြေတင်ဆက်မည့် လူရွင်တော်မေတ္တာဦးဆောင်သော အနုပညာသမားများ ရန်ကုန်လေဆိပ်တွင် တားဆီးခံရခြင်းနှင့် ပတ်သတ်ပြီး ဂျပန်သို့လာရောက်ရန်စီစဉ်နေပုံနဲ့ ဂျပန်ပြည်ဝင်ခွင့်ဗီဇာရရှိပြီးအားလုံးပြီးစီစဉ်ပြီးကာမှ အာဏာပိုင်တွေရဲ့တားဆီးမှုကြောင့်ဖြစ်ခဲ့ရတယ်ဆိုတဲ့ မိုးသောက်ကြယ်စာကြည့်တိုက်ဝိုင်းတော်သား ကိုသန့်မျိုးထွေးနဲ့ မောင်မေတ္တာတို့ အင်တာဗျူးအသံဖိုင်ကိုနားထောင်နိုင်ပါတယ်။

ဆရာမကွယ်လွန်သေးဘူး(တင်မောင်သန်း)

(ကဗျာဆရာတင်မိုးဈာပနတွင် ပြောကြားခဲ့သော စကားကောက်နှုတ်ချက်)
မိုးမခ၀်က်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်

ကဗျာဆရာကြီးတင်မိုးကို လာရောက်ဂါရဝပြုကြတဲ့၊ စာပေချစ်သူများ၊ အမှန်တရား၊ တရားမျှတမှု ငြိမ်းချမ်းရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်ကို ချစ်မြတ်နိုးကြသူများ . . . . ။

ကဗျာဆရာတိုင်း၊ စာရေးဆရာတိုင်းဟာ လူတိုင်းရဲ့နှလုံးသားကို ဆွဲကိုင်လှုပ်ခတ်နိုင်ကြတာမဟုတ်ပါဘူး။ အဲသလို လူထုနှလုံးသားကို ဆွဲကိုင်လှုပ်ခပ်နိုင်တဲ့ ဆရာဆိုတာက မြန်မာစာပေလောကမှာ လက်ချိုးရေတွက်လို့ ရပါတယ်။

အဲသလို ဆရာအနည်းစုထဲမှာ ကဗျာဆရာကြီးတင်မိုးတယောက်ပါဝင်တယ်ဆိုတာ ကျွန်တော် အထူးအထွေ ပြောဖို့မလိုပါဘူး။ ဒါပေမယ့် ဆရာနဲ့ပတ်သက်လာတဲ့အခါ ထူးထူးခြားခြား ပြောထိုက်တယ်ဆိုတဲ့အချက်ကတော့ သူ့ကိုဖမ်းဆီးချုပ်နှောင်ထားသူတချို့ မိသားစုတွေရဲ့ နှလုံးသားကပါ လှုပ်ခတ်သွားတယ်ဆိုတဲ့ အချက်ပါပဲ။

ဆရာ့ကိုဖမ်းဆီးတဲ့အခါ ပထမဆုံးအချုပ်မှာထားပါတယ်။ အဲသလိုအချုပ်ကျနေတုံး ထူးဆန်းလှတဲ့ ငါးဆင့်ချိုင့်ကြီးတချိုင့်ဟာ စားစရာသောက်စရာအစုံအလင်နဲ့ အချုပ်ခန်းထဲက ဆရာ့ဆီကို နေ့တိုင်း ရောက်လာတတ်ပါတယ်။

ရက်အနည်းငယ်ကြာတဲ့အခါ အမျိုသမီးတယောက်က အချုပ်ခန်းမှာ ဆရာ့ကိုလာဂါရဝပြုပါရော။ ဒီအမျိုးသမီးကတော့ ဆရာ့ကို ချုပ်နှောင်ထားသူတွေထဲက အရာရှိတယောက်ရဲ့ဇနီးပါပဲ။ ဆရာစားသောက်ဖို့ ငါးဆင့်ချိုင့်ပို့နေသူကလည်းသူပါပဲ။ သူတင်လား၊ မဟုတ်ပါဘူး။ သူ့သမီး တက္ကသိုလ်ကျောင်းသူကလေးကလည်း ဆရာ့ကိုလာတွေ့ပြီး သူ့မုန့်ဖိုးစုငွေထဲက ကန်တော့သွားပါသေးတယ်။ သူ့အမေ တက္ကသိုလ် ကျောင်းသူလေးရဲ့အဖွားကလည်း ဆရာ့ကိုလာတွေ့ပြီး ကျန်းမာချမ်းသာစေကြောင်း မေတ္တာပို့ ဆုတောင်းပါသတဲ့။

ဒီလိုနဲ့ အချုပ်ခန်းကနေ ထောင်ကို ဆရာရောက်သွားပါတယ်။ ထောင်ရောက်တဲ့အခါ ဆက်ဆံပုံက လုံးဝပြောင်းလဲသွားပါတော့တယ်။ ဆရာပုံစံထိုင်ရတယ်။ ပုံစံထိုင်နေတုန်း “ကဗျာဆရာဆိုတာ ဘယ်သူလဲကွ” လို့ မိုက်မိုက်ရိုင်းရိုင်း မေးသံခံရပါတယ်။ “အသက်ကြီးမှ တောင်ရေးမြောက်ရေး ရေးတာ ခင်ဗျားလား” လို့လည်း အကြိမ်းခံရပါတယ်။ တန်းဖြုတ်တော့ “ကဗျာဆရာနေခဲ့”လို့လည်း အမိန့်ပေးခံရပြန်ပါသတဲ့။ ဆရာ့စိတ်ထဲမှာတော့ မိုက်ရိုင်းလှချေရဲ့လို့ ဒေါသတွေ တဟုန်းဟုန်းထနေခဲ့ပါတယ်။ တခြားသူတွေ ရှင်းသွားတဲ့အခါ အဲဒီ မိုက်မိုက်ရိုင်းရိုင်း ပြောသူက ဆရာ့အနားကပ်လာပြီး ဆရာ့လက်ထဲကို ကြွပ်ကြွပ်အိတ်တလုံး ထည့်လိုက်ပါတယ်။
ပြီးတော့ ဆရာ့ကို နှစ်ကိုယ်ကြား တိုးတိုးလေးပြောလိုက်ပါသတဲ့။ “ဆရာ . . . ဟောဒီမှာ ဆရာ့အတွက် ဆေးလိပ် ၂စည်း၊ ထောင်ထဲမှာ ဒါကပိုက်ဆံပဲဆရာ” လို့ ဆိုလိုက်ပါသတဲ့။

ကဗျာဆရာရဲ့စာဟာ သံတိုင်တွေကိုဖြတ်ပြီး အချုပ်ခန်းဟိုဘက်က မိသားစုတစုဆီ ရောက်သွားတယ်။ နှလုံးသားတွေကိုကိုင်လှုပ်လိုက်တာ မျိုးဆက်တဆက်တည်းမဟုတ်ဘူး။ ကြည့်စမ်း. . . . မျိုးဆက် ၃ဆက်၊ မြေးတက္ကသိုလ်ကျောင်းသူ၊ အမေ အရာရှိဇနီး၊ ပြီးတော့. . . အဘွား။

ကဗျာဆရာရဲ့ စာဟာ အုတ်နံရံကို ဖြတ်ပြီး၊ အကျဉ်းထောင်ထဲက သူ့ကို ဖမ်းဆီးရသူရဲ့ နှလုံးသားထဲ ရောက်သွားတယ်။ အကျဉ်း အကျပ်ထဲမှာ ကဗျာဖတ်သူက ဆေးလိပ် ၂စည်းနဲ့ ကဗျာဆရာကို သူ ပူဇော်တယ်။

ဘယ်လောက်မင်္ဂလာရှိလိုက်လေသလဲ။ မြန်မာ့လူ့အဖွဲ့အစည်းအတွက် မင်္ဂလာအချိန်အခါကို ကဗျာအောင်စည်တီး ဆင့်ခေါ်နေတဲ့ ကဗျာဆရာအပေါ် မင်္ဂလာဂါရဝနဲ့ ညွတ်နူးတုံ့ပြန်ကြတာ မြန်မာ့ မင်္ဂလာတရား တရပ်ပေပဲပေါ့။

ကဗျာဆရာကြီး တင်မိုးဟာ မင်္ဂလာတရားကို အချုပ်ခန်းနဲ့ အကျဉ်းထောင်အထိ သယ်ဆောင်သွားသူတယောက်ဖြစ်တယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွက် မင်္ဂလာအချိန်အခါကို ကဗျာအောင်စည်တီးဆင့်ခေါ်နေတဲ့ ကဗျာဆရာအပေါ် မင်္ဂလာဂါရဝနဲ့ ညွတ်နူးတုံ့ပြန်ကြတာ….

ထောင်ကထွက်ပြီး လအနည်းငယ်လေးမှာပဲ ကဗျာဆရာကြီး တင်မိုးနဲ့ မန္တလေးတက္ကသိုလ် မြန်မာစာဌာနကို ကျွန်တော် လိုက်သွားဖူးပါတယ်။ ဆရာက ကျောင်းထိုင်ဘုန်းကြီး၊ ကျွန်တော်က ဘုန်းကြီးကျောင်းသားလေးလို။ ခန်းမကြီးတဖက်မှာ ဆရာမကြီးတွေက အလုပ်လုပ်ကြတယ်။ ခန်းမငယ်မှာ ဆရာငယ်တွေက စားပွဲရှည်ကြီးမှာ အလုပ်လုပ်နေကြတယ်။ ဆရာမကြီးတယောက်က ကျွန်တော်တို့ကို ခန်းမကြီးတဖက်ကို ခေါ်သွားပါတယ်။ ဆရာမကြီးနောက်က ဆရာ၊ ဆရာ့နောက်က ကျွန်တော်၊ ဆရာငယ်တွေရဲ့ စားပွဲထိပ်နားအရောက်မှာ ဆရာမကြီးတယောက်က ဟောသလိုကြေညာလိုက်တယ်။

“ဒါ . . . . ကဗျာဆရာကြီး တင်မိုး”

ငုံ့နေတဲ့ ဆရာငယ်တွေရဲ့ခေါင်းတွေ ဆတ်ကနဲမော့လာတယ်။ ပိတ်နေတဲ့ပါးစပ်တွေ ပွင့်သွားတယ်။ “ သြော်. . .ဆိုတဲ့ အံ့သြတဲ့၊ လေးစားတဲ့၊ အနှစ်နှစ် အလလက ရင်းနှီးပြီး တွေ့ဖူးချင်တဲ့ပုဂ္ဂိုလ်ကို ရုတ်ခြည်းတွေ့လိုက်ရတဲ့အခါ အံ့အားသင့်သွားတဲ့ အသံတိုးညှင်းညှင်းတွေ ကျနော် ကြားလိုက်ရပါတယ်။ ပြီးတော့ ဘယ်သူကမှ မခိုင်းစေ မမှာကြားရပါဘဲ အလိုအလျောက်ပါပဲ ဆရာငယ်တွေဟာ ထိုင်နေရာက မတ်တပ်ရပ်လိုက်ကြတယ်။ ကဗျာဆရာကြီး တင်မိုး သူတို့ရှေ့မှာ ဖြတ်လျောက်နေပြီကိုး။

ဆရာက ခေါင်းတညိတ်ညိတ်၊ အပြုံးနဲ့ ပြန်နှုတ်ဆက်လို့။ ကျနော်ကတော့ ဆရာငယ်တွေရဲ့ ကြိုဆိုပုံကို အံ့အားသင့်၊ ဝမ်းသာ၊ ကြည်နူး . . .ဒါ . . ကဗျာဆရာ၊ လူထုကဗျာဆရာ၊ ရင်ထဲမှာ ကျနော်ကျူးရင့်လိုက်မိတယ်။ ခေါင်းတွေ ဆတ်ကနဲမော့၊ ပါးစပ်တွေပွင့်၊ ထိုင်ရာက ထကြ၊ လူထုကဗျာဆရာဆိုတာ ဒါပဲဖြစ်တယ်။ ခေါင်းတွေ ဆတ်ကနဲမော့၊ ပါးစပ်တွေပွင့်၊ ထိုင်ရာက ထကြ။

ဆရာမကြီးတွေနဲ့ ကဗျာဆရာကြီးတင်မိုး ရှေးဟောင်းနှောင်းဖြစ်ပြောပြီးတဲ့အခါ လာလမ်းအတိုင်း ကျနော်တို့ ပြန်ကြပါတယ်။ ဒီအခါမှာတော့ ဆရာမကြီးက ဒါ ကဗျာဆရာကြီး တင်မိုးလို့ မကြေညာတော့ပါဘူး။ ဆရာငယ်တွေလည်း တပြိုင်တည်း မရပ်ကြတော့ဘူး။ ဒါပေမဲ့ သူတို့ရပ်တယ်၊ ထိပ်ဆုံးမှာ ရှိတဲ့ ဆရာငယ်က သူ့ရှေ့ကို ကဗျာဆရာကြီး ဖြတ်တဲ့အခါ၊ မတ်တပ်ရပ်လိုက်တယ်။ ကျော်သွားပြီးတော့ သူပြန်ထိုင်တယ်၊ သူထိုင်ချိန်မှာ သူနဲ့ကပ်လျက် ဆရာငယ်က မတ်တပ်ရပ်နေပြီ။

ဒီလိုနဲ့ ကဗျာဆရာကြီးတင်မိုး ဖြတ်လျောက်နေတဲ့အချိန်တွေမှာ ဆရာ၊ ဆရာမငယ်တွေက ထလိုက် ထိုင်လိုက်နဲ့။ လှိုင်းလုံးကြီးတလုံးဟာ နိမ့်လိုက် မြင့်လိုက် ဖြတ်သွားနေသလိုပါပဲ။

အဲဒီ မန္တလေးတက္ကသိုလ်ထဲက လှိုင်းလုံးကြီးဟာမြန်မာပြည်အနှံ့။ ဟော . . .အခု နိုင်ငံတကာအနှံ့။ ဒါ လူထုကဗျာဖြစ်တယ်။ ခေါင်းတွေ ဆတ်ကနဲမော့၊ ပါးစပ်တွေ ပွင့်၊ ထိုင်ရာက ထကြ၊ လှိုင်းလုံးကြီးတွေ လိမ့်တက်။ ဒါ လူထုကဗျာဆရာ ဖြစ်တယ်။

ဒါ . . ကဗျာဆရာ၊ လူထုကဗျာဆရာ၊
ရင်ထဲမှာ ကျွန်တော် ကျူးရင့်လိုက်မိတယ်။
ခေါင်းတွေ ဆတ်ကနဲမော့၊ ပါးစပ်တွေပွင့်၊ ထိုင်ရာက ထကြ၊
လူထုကဗျာဆရာဆိုတာ ဒါပဲဖြစ်တယ်။

ဘယ်က ဆရာ အားတွေရသလဲ ကျွန်တော် စဉ်းစားကြည့်တယ်။

ကဗျာဆရာရဲ့နှလုံးသားဆိုတာ တိမ်တွေနဲ့တူတယ်။ နူးညံ့တယ်။ ဖြူဖွေးတယ်။ လွင့်မျောတယ်။ ကောင်းကင်မှာနေတယ်။ အဲဒီ နှလုံးသားတိမ်တွေက လူတွေရဲ့ စိတ်ကူးနဲ့ အဇ္ဈတ္တကို နှိုးဆွ၊ နိုးထ စေတယ်။

ဒါပေမယ့် တိမ်တွေက တခုနဲ့တခု တူတာမဟုတ်ဘူး။ တချို့က တစ . . .နှစ်စ၊ တချို့က တဆုပ် . . .နှစ်ဆုပ်၊ တချို့က တအုပ် နှစ်အုပ်၊ တချို့က ဖြူတလှည့် ညိုတလှည့်။

အဲသလို အမျိုးမျိုးရှိကြတဲ့ တိမ်တွေကြားမှာ ဆရာ့ရဲ့ နှလုံးသားကတော့ တိမ်တိုက်ကြီး ဖြစ်တယ်။ အမျိုးသားရနံ့နဲ့ လွင့်မျောနေတယ်။ မိခင်ရဲ့ နှလုံးသားလို နူးညံ့တယ်။ ကလေးရဲ့အပြုံးလို ဖြူစင်တယ်။ ကောင်းကင်မှာ ဖန်မီးအိမ်တလုံးနဲ့ လမင်းကို ဂီတဆက်ကပ်တယ်။

ကောင်းကင်မှာနေတဲ့အခါ လောကကို အပူဒဏ်ကလွတ်အောင် အဲဒီနှလုံးသားတိမ်တိုက်ကြီးက ပြည်သူကို ကာကွယ်ပေးတယ်။ အမှောင်ချဉ်းလာတဲ့အခါ ပြည်သူအပေါ် အလင်းကို ဖွင့်ပေးတယ်၊ ခပ်မဆိတ် ငြိမ်သက်နေတဲ့အခါ ထစ်ချုန်းခေါ်သံ ဆင့်တယ်။ လူသားနဲ့ လောကကို စော်ကားလာကြတဲ့အခါ အဲဒီတိမ်တိုက်ကြီးက မုန်တိုင်းဖြစ်သွားတတ်တယ်။

ဒါတင်မကဘူး။ အဲဒီ တိမ်တိုက်ကြီးက မိုးအဖြစ်လည်း မြေကို ဆင်းတတ်ပေသေးရဲ့။

ဖိနှိပ်ရက်စက်မှုတွေ ကြမ်းရမ်းလာတဲ့အခါ အဲဒီ မိုးက ဒေါသမျက်ရည်ဖြစ်တယ်။

မြေပက်ကြားအက်၊ ခေါင်ချက် ရက်ဆက်လာတဲ့အခါ၊ အဲဒီ မိုးက ပင်ပျိုရွက်နု သစ်စေတယ်။

ဆာလောင်မွတ်သိပ်မှုနဲ့ ကလေးတွေ ငိုညည်းနေတဲ့အခါ၊ အဲဒီ မိုးက ကာရန် ပုလဲပုတီးစေ့တွေ သီတယ်။

စာသင်ကျောင်းတွေမှာ မြန်မာကျောင်းသားတွေ ရှင်သန်နေတဲ့အခါ အဲဒီ မိုးက ဝမ်းသာမျက်ရည်တွေ ဖြစ်သွားပြန်တယ်။
မြန်မာကဗျာဆရာကြီးတင်မိုး ကွယ်လွန်သွားခဲ့ပါတယ်။ ရုပ်ကမ္ဘာ ရုပ်လောကမှာ ဘာဝဓမ္မနဲ့ လျောညီစွာ သူ့သက်တမ်းက အကန့်အသတ် ရှိခဲ့ရတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ စိတ်ကမ္ဘာ၊ စိတ်လောကမှာတော့ ကဗျာဆရာကြီးတင်မိုးရဲ့သက်တမ်းက အကန့်အသတ်မဲ့၊ အန္တိမဖြစ်တယ်။ ရုပ်ကမ္ဘာ၊ ရုပ်လောကမှာ ကဗျာဆရာကို ဝေဒနာရောဂါက ရုတ်ခြည်းတိုက်ခိုက် သတ်ပစ်နိုင်တယ်။

ဒါပေမဲ့ မြန်မာပြည်သူတွေရဲ့ နှလုံးသားကမ္ဘာ၊ နှလုံးသားလောကမှာတော့ အမှန်တရား၊ တရားမျှတမှု၊ လွတ်လပ်ခွင့်၊ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားကို ဘယ်မိစ္ဆာမှ သတ်လို့ မရသလိုပဲ၊ ကဗျာဆရာကြီး တင်မိုးက ရှင်သန်နေဆဲ ဖြစ်တယ်။

ဒါကြောင့် . . . .

ကဗျာဆရာ တင်မိုး မကွယ်လွန်သေးဘူး။
ကဗျာဆရာ တင်မိုး မကွယ်လွန်သေးဘူး။
ကဗျာဆရာ တင်မိုး မကွယ်လွန်သေးဘူး။

(မိုးမခစာဖတ်ခန်း ဝ၂၊ ၂၂၊ ၂ဝဝ၇- အမှတ်တရမှတ်တိုင်များ)

သာမန်အဖိုးကြီး(မိုးချိုသင်း)


(မမိုးချိုသင်းဘလောက်မှ)
ကြာသာပတေးနေ့၊ ဇန်နဝါရီလ ၂၁၊ ၂၀၁၀
အလုပ်များနေတာရော၊ ဒီလို လ မျိုးမှာ အလုပ်များနေ အလုပ်ရှုပ်နေအောင် ကြိုးစားပြီး နေနေမိတာရောကြောင့် ဘလော့လေးကို လှည့်မကြည့်ဖြစ်တာ ကြာပါပြီ။ ဒီလိုလတွေဆို ရာသီဥတုက အေးအေး၊ လူ့ခံစားချက်က ခပ်ဆွေးဆွေးမို့ အသံတိတ်လို့သာ ကြိတ်မှိတ်နေချင်မိတာပါလေ..။

ဒါပေမဲ့ ဒီနေ့တော့ အဖေ့ ကဗျာလေး တပုဒ် တင်ချင်မိတယ်။ ကဗျာ နံမည်က အဖိုးကြီး စစ်တမ်း တဲ့။ ဖတ်ကြည့်ပါအုံး..။

အဖိုးကြီး စစ်တမ်း

အသက်ကလေးထောက်ခါမှ
အရက်ခွက်ကလေး တမြှောက်မြှောက်
ချက် အောက် စကားတွေ တပြောပြောနဲ့
တသောသောနေ
အမောဖြေတတ်တဲ့ အဖိုးကြီး။

သေရိပ်နီးခါမှ
စိပ်ပုတီး နာနာကိုင်
မဟာမြိုင် တောရမှီးပေမဲ့
ဒေါသကလဲ ကြီးတတ်သေးရဲ့
လောဘမီးကလဲ အရှိန်ဟပ်
အိမ်မကပ်နိုင်တဲ့ အဖိုးကြီး။

ရွာလယ်မှာ စွာကျယ် စွာကျယ်နဲ့
ငါဟယ် မင်းဟယ်
ငြင်းမယ် လို့ မကြံနဲ့
မင်းတို့က မမှန်
ငါသာလျှင် အမှန် လို့၊ ငါ မာန်တွေ တက်
ငါ အရိုးမျက်နေတဲ့၊ လက်တို အခက်ပို အမျက်သို နေတဲ့ အဖိုးကြီး။

ဒီလို အဖိုးကြီးမျိုးတော့ ဆောရီး..ဆောရီး
မဖြစ်ချင်ပေါင်။

ကြွေခါနီးတဲ့ သစ်သီးလို
အသက်ကြီးတော့လဲ အဖိုးကြီး ဖြစ်မှာပေါ့လေ..
ဒါပေမဲ့ ရိုးရိုးကုပ်ကုပ်
ပုဆိုးစုတ်ကလေးနဲ့ပဲဖြစ်ဖြစ်
ကိုယ့်အလုပ် ကိုယ်ဆင်း၊ ကိုယ့်ယာခင်း ကိုယ်စိုက်
လျှာအလိုမလိုက်၊ ဘာကိုမှ မကြိုက်
ပျော်ပိုက်ရာ တော်ထိုက်ရာနေ
စာပေလဲ မပြတ်၊ ကဗျာတွေလဲ ဖတ်
ရပ်သူ ရွာသားတွေနဲ့
ထပ်တူမခြား နေတတ်တဲ့
ဇရပ်ငုံးတို တာတမံ ခရိုး အနီးက
မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးပဲ ဖြစ်ချင်တယ်။

တင်မိုး
၁၄၊၉၊၂၀၀၃


ဒီနေ့တနေ့လုံး ဟင်းတွေ ချက်ပြီး မနက်ဖန်မှာ ဆွမ်းကပ်ဖို့ ချက်ပြုတ် ပြင်ဆင်နေပါတယ်။
အရင်က ကိုယ်ဟင်းချက်ရင် နံဘေးက စားပွဲလေးမှာ စာရေးရင်း စကားပြော အဖော်လုပ်ပေးတတ်တဲ့၊ သမီးဘာချက်ချက် ကောင်းတာပဲ ပြောတတ်တဲ့၊ မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးကို လွမ်းဆွတ်မိပါရဲ့..။

အလွမ်းခရီး ၃နှစ် ပြည့်ခဲ့ပြီလေ..။
ပြုသမျှ ကုသိုလ်အစုစု ကို ရောက်ရာဘ၀က သာဓု ခေါ်ပါ အဖေ..။

မိုးချိုသင်း

နျူကလီးယားအာဏာရူး နအဖ စစ်အုပ်စုအားဆန့် ကျင် ဆန္ဒပြပွဲ


မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း

Friday, January 22, 2010

ဘုံဝတိံသာမှ ဆရာဂျမ်းကို ဂုဏ်ပြုကြိုဆိုခြင်း

(မိုးသောက်ကြယ်ဂျာနယ် အတွဲ ၄ အမှတ် ၃ မှ)

ပြိုးပြက်ဝင်းလက်ပြီး တောက်ပနေတာမျိုးတော့ မဟုတ်...။
ဂုဏ်ဒြပ်တွေ၊ ထယ်ဝါမှုတွေကို ဆရာဂျမ်း သိပ်မနှစ်သက်တတ်မှန်းသိ၍ တတ်နိုင် သမျှ ရိုးရိုးလေးဖြစ်အောင် ပြင်ဆင်ထားပုံရသည်။ သို့သော် ခမ်းနားကျက်သရေရှိနေ သည်ကတော့ အမှန်ပင်…။

မြင်ကွင်းမှာ အထင်ရှားဆုံးကတော့ ဆရာဂျမ်း၏ ပုံတူပန်းချီကားဖြစ်သည်။ နှစ်လို ဖွယ်ကောင်းလှသော ဆရာ့အပြုံးကို အမိအရဖန်တီးရေးဆွဲထားသည့် လက်ရာရှင်ကို ဆရာကိုယ်တိုင် မချီးကျူးပဲမနေနိုင်။ “ကောင်းလိုက်တဲ့ပန်းချီဗျာ…၊ ကိုပေါ်ဦးသက်လက်ရာအတိုင်းပဲ”ဟု ဘေးမှ ‘ဆရာမြ’ကို လှမ်းပြောလိုက်သည်။

မျက်မှန်ဝင်းလက်လက်နှင့် ဆရာမြသန်းတင့်က ပြုံးလိုက်ပြီး “ကိုတင်မိုးကလဲ၊ ဒါ ‘ကိုပေါ်ဦးသက်’ကိုယ်တိုင်ရေးထားတာဗျ”ဟုပြော၏။ “အေးဗျာ၊ သူ့လက်ရာကတော့ နတ်ပန်းချီပါပဲ၊ ကိုပေါ်ဦးသက်ကြီးကို ကျေးဇူးတင်လိုက်တာဗျာ…”ဟု ဆရာဂျမ်းက ရယ်ရင်းပြောလိုက်သောအခါ၊ ကဗျာဆရာ ‘မောင်ခိုင်မာ’ကပြုံးရင်း “ဆရာကတော့ လုပ်ချလိုက်ပြန်ပြီ၊ နတ်ဖြစ်ပြီးမှရေးထားတဲ့ ပန်းချီဆိုမှတော့ နတ်ပန်းချီပေါ့ဗျ”ဟု ဆိုလိုက်သည်။

ဒီတော့မှ ဆရာဂျမ်းလည်း ဘေးဘီကိုကြည့်မိပြီး သူရောက်နေသော ပတ်ဝန်းကျင်ကို ဇဝေဇဝါဖြစ်သွားသည်။ ”ဟာ-ကျုပ်တို့ဘယ်ရောက်နေတာလဲဗျ…”ဟုမေးလိုက်သောအခါ နဘေဆရာ မောင်ခိုင်မာက “ဘုံဝတိံသာက စုံအင်္ဂါအခမ်းအနားတွေနဲ့ ဇဂျမ်းအညာက ဂျမ်း ဆရာကိုကြိုဆိုနေတာလေ…”ဟုဖြေ၏။

သည်တော့မှ ဆိုင်းဘုတ်တွေကို‘ဆရာဂျမ်း’ကြည့်မိသည်။
“ကောင်းကင်ဘုံရောက် စာပေပညာရှင်များသက်ကြီးပူဇော်ပွဲနှင့် ကဗျာဆရာတင်မိုးကြိုဆိုပွဲ”

စုလစ်မွန်းချွန်တွေ၊ ပြဿဒ်တွေကို ရေကန်ကလေးတွေ၊ ထနောင်းပင်၊ မန်ကျည်းပင်၊ ထန်းပင်စသည့် အညာကျေးလက်မြင်ကွင်းတွေနှင့် ပေါင်းစပ်ဖန်တီးထားပုံမှာ အနုပညာဆန်လှသည်။ တနေရာတွင် ဆရာတင်မိုးထုတ်ဝေခဲ့သမျှ စာ/ကဗျာများကို ပြသထားသည့် စာအုပ်ပြပွဲကို မြင်တွေ့သောအခါ ဆရာတင်မိုးကိုယ်တိုင် အံ့သြကျေနပ်သွားလေသည်၊

”ဒါတွေကို ဘယ်တုန်းထဲက ကြိုစီစဉ်ထားတာလဲဗျ”ဟု ဆရာဂျမ်းကမေးတော့ “ခင်ဗျား လူ့ဘဝက အနိစ္စရောက်တယ်ဆိုတာ သိသိချင်း အပြင်အဆင်ကို ‘ပေါ်ဦးသက်’နဲ့ ‘ထူးအိမ်သင်’တို့ကဖန်တီးထားတာလေ၊ အခမ်းအနားအစီအစဉ်တွေကိုတော့ ခင်ဗျားရဲ့မိတ်ဆွေ ‘ခင်ကြီးပေါက်’က စီစဉ်နေတာဗျ။ ကဲ-လာဗျာ ခန်းမထဲ သွားရအောင်။ ခင်ဗျားကို အားလုံးက စောင့်ကြိုနေကြတယ်…”ဟု ဆရာ‘မြသန်းတင့်’ က ဖြေရင်းပြောသည်။

သူတို့ ခန်းမထဲဝင်လိုက်သည်နှင့် အခမ်းအနားမှူးဖြစ်သူ ခရစ်ယာန်သာသနာပိုင်ချုပ် ကဗျာဆရာ‘မောင်ပေါက်စည်’(ခင်ကြီးပေါက်)၏အသံပြဲပြဲနှင့် “ပြည်သူချစ်တဲ့ ကျနော်တို့အားလုံးချစ်တဲ့ ကဗျာ့သူရဲကောင်းကြီးတင်မိုးရောက်ရှိလာပါပြီခင်ဗျား…”ဟု ဆိုလိုက်သည်နှင့် လက်ခုပ်သြဘာသံတွေညံစီသွားသည်။

ခန်းမထဲမှာ စာရေးဆရာတွေ ကဗျာဆရာ၊ ပန်းချီဆရာ၊ အဆိုတော်စသည့် ထင်ရှားသည့် အနုပညာသည်အများအပြားမြင်တွေ့ရသည်။ ဓါတ်ပုံကင်မရာများ ဗွီဒီယိုကင်မရာများ၏ မီးရောင်က ဆရာဂျမ်းတကိုယ်လုံးကို လင်းလက်သွားစေသည်။ စာရေးဆရာ -ဒါရိုက်တာ‘သာဓု’က သတင်းမှတ်တမ်းကို ကိုယ်တိုင်ရိုက်ကူး၍ မှတ်တမ်းတင်နေသည်ကိုမြင်တွေ့ရ၏။

“ဆရာတင်မိုးနေရာယူပြီးတဲ့နောက် အထူးဝမ်းမြောက်ကြည်နူးစေမယ့်အစီအစဉ်တရပ် ကတော့ ဆရာတင်မိုး အင်မတန်မှမြင်တွေ့ချင်တဲ့ နတ်သမီးတပါးနဲ့ တွေ့ဆုံမယ့် အစီအစဉ်ဖြစ်ပါတယ်…”ဟုကြေညာလိုက်သောအခါ ခန်းမတခုလုံး “ဟေး”ကနဲ ဖြစ်သွားသည်။ အားလုံးစိတ်ဝင်တစားနှင့် စောင့်ကြည့်နေစဉ် ဆလိုက်မီးရောင်ထဲက ထွက်ပေါ်လာသူမှာ ‘ဆရာကတော်’ ဖြစ်နေလေသည်။ ဆရာကတော်မှာ ရှက်ပြုံးလေးဖြင့် ဆရာ့အနားယှဉ်ရပ်လိုက်သောအခါ ဆရာဂျမ်းတို့ဇနီးမောင်နှံ၏ ကြည်နူးအပြုံးဝေဝေဆာဆာက ပရိသတ်ထံသို့ပင်ကူးစက်သွားသည်။ ထို့နောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို စတင်သည်။ သက်ကြီးဆရာကြီးများ နေရာယူလိုက်သောအခါ ဆရာဂျမ်းအလွန်လေးစားသော ပုဂ္ဂိုလ်တွေချည်းဖြစ်နေသဖြင့် လက်အုပ်ကလေးချီပြီး ဦးအကြိမ်ကြိမ်ချနေမိသည်။ စီစဉ်ပေးသူတွေကိုလည်း ကျေးဇူးတင်မဆုံးတော့…။

အခမ်းအနားကို တက်ရောက်လာသည့် စာဆိုရှင်ကြီးများမှာ ‘ဆရာကြီးသခင် ကိုယ်တော်မှိုင်း’၊ ‘ဆရာကြီးရွှေဥဒေါင်း’၊ ‘ဆရာဇော်ဂျီ’၊ ‘ဆရာမင်းသုဝဏ်’၊ ‘လူထုဦးလှ’၊ ‘ဒေါက်တာသန်းထွန်း’၊ ‘တော်ဘုရားလေး’တို့ဖြစ်သည်။

အားလုံးကိုယ်စား ‘ဆရာကြီးသခင်ကိုယ်တော်မှိုင်း’က သြဝါဒစကားပြောသည်။ လူထုအကျိုး သယ်ပိုးသည့် စိတ်ကောင်းနှလုံးကောင်းရှိသည့် အနုပညာသည်တိုင်း ကောင်းကင်ဘုံမှာ စံစားရပုံနှင့် လူထုသစ္စာဖေါက်သည့် အနုပညာသည်ဆိုသူများသည် မကောင်းသည့်စိတ်နှလုံးကြောင့် ငရဲဘုံမှာခံစားရပုံတွေကို ဆရာကြီး၏ထုံးစံအတိုင်း ပုံတိုပတ်စလေးများဖြင့် ရယ်ရွှင်ပတ်ရွှန်းဟောပြောသွားသည်။ ထို့နောက် ဆရာဒေါက်တာသန်းထွန်းက ပြည်တွင်းတွင် အပိတ်ခံထားရသည့် တင်မိုးအထိမ်းအမှတ် ဂုဏ်ပြုပွဲကို ယခုအခါ ရဲရဲရင့်ရင့်လုပ်ဆောင်နေသူများပင်ရှိကြောင်း၊ ဆရာတင်မိုးလေးစားသည့် ကျောင်းသားခေါင်းဆောင်များပင် လာရောက်ဂါရဝပြုသည်ကို မြင်တွေ့ရကြောင်း၊ ပြည်တွင်းတွင် မလုပ်နိုင်သည်ကို ပြည်ပမီဒီယာများက လုပ်ရန်လိုနေကြောင်း၊ တင်မိုးကွယ်လွန်ခြင်းအခမ်းအနားများ၊ အမှတ်တရစာများ၊ ဝမ်းနည်းခြင်း သဝဏ်လွှာများ အများအပြားထွက်ပေါ်နေခြင်းကို လေးစားကျေးဇူးတင်ပါသော်လည်း ‘တင်မိုးစာပေါင်းချုပ်၊ ကဗျာပေါင်းချုပ်’များ မထုတ်ဝေနိုင်သည့်တိုင် ‘တင်မိုး စာစုစာရင်း’လောက်တော့ လုပ်ပေးဖို့ကောင်းကြောင်း ပြောကြားသွားသည်။

ထို့နောက် ဆရာကြီးများ ပြန်လည်ထွက်ခွာသွားသောအခါ ‘တင်မိုးစာ-ကဗျာ ရွတ်ပွဲ’ကို ဆက်လက်ကျင်းပရာ အထောက်တော်လှအောင်က ‘မြက်ရိုင်းထဲကကြေးရုပ်’၊ မောင်ပေါက်စည်က ‘ဒေါက်တာဂျော်နီ’၊ မြသန်းတင့်က ‘ဗုဒ္ဓနှင့်တွေ့ဆုံခြင်း’၊ မောင်ခိုင်မာက ‘ကန္တာရနှစ်များ’စသည်ဖြင့် အသီးသီးရွတ်ဆိုသွားသလို ထူးအိမ်သင်က သူငယ်ငယ်က ကျောင်းသုံးစာအုပ်မှာ သင်ကြားခဲ့ရပြီး တစွဲလန်းလန်းဖြစ်ခဲ့သော ဆရာကြီး၏ ‘သင်္ချိုင်းကုန်းမှာ’ဆိုသော ခေတ်ဆန်းအက်ဆေးကို သူ၏အသံချိုချိုလေး ဖြင့် ရွတ်ဖတ်သွားရာ ပရိသတ်သာမက ဆရာဂျမ်းကိုယ်တိုင် မျက်ရည်လည်ရင်း လက် ခုပ်တီးအားပေးနေသဖြင့် ဆရာကတော်က လက်ကိုင်ပုဝါလေးထုတ်ကာ သုတ်ပေး နေရှာလေသည်။

ထို့နောက် ဖျော်ဖြေရေးအစီအစဉ်အဖြစ် တေးသီချင်းသီဆိုရန် စာရေးဆရာ/အဆို တော်‘ကိုဝင်းဦး’ကို ဖိတ်ခေါ်လေသည်။ ကိုဝင်းဦးက ဆရာဂျမ်းအကြိုက် ‘တောင်တော် ရွှေပုပ္ပါး’သီချင်းကို သီဆိုလိုက်ရာ နတ်သူဇာလေးအချို့က ပန်းကုံးတက်စွပ်လေသည်။

ကိုဝင်းဦးက “ကျနော်တယောက်တည်းသီချင်းဆိုတာ မကောင်းသေးဘူးဗျ၊ ကျနော့်ညီလေး ထူးအိမ်သင်ကို သီဆိုဖို့ဖိတ်ခေါ်ပါတယ်…”ဟု ဆိုလိုက်ရာ ပရိသတ်ပွဲတောင်းသဖြင့် ထူးအိမ်သင်လည်း မငြင်းသာတော့ပဲ ကိုဝင်းဦး၏ ’မောင်တို့ချယ်ရီမြေ’သီချင်းကို သီဆိုလေသည်။

ထိုအခါ ကိုဝင်းဦးကလည်း အားကျမခံ ထူးအိမ်သင်၏‘အမေ့ရဲ့ဒုက္ခအိုးလေး’သီချင်းကို သီဆိုလိုက်ပြန်သည်။ ထို့နောက် ဘယ်သူက ချွန်တွန်းလုပ်လိုက်သည်မသိ၊ ဆရာဂျမ်းကိုယ်တိုင်သီချင်းဆိုပေးပါရန် တောင်းဆိုကြလေသည်။ တောင်းဆိုသံကြားကြားချင်း ဆရာဂျမ်းက ဘယ်အချိန်ကဆိုချင်နေသည်မသိ၊ သီချင်းဆိုရန်ထလိုက်သဖြင့် ဆရာကတော်ပင်တားချိန်မရလိုက်။

“ကျနော်တို့နယ်မှာတော့ ကျနော့်အဖေပြီးရင် ကျနော်သီချင်းဆိုအကောင်းဆုံးဗျ..”ဟု ဆရာဂျမ်းက အသောလေး ဖေါက်ရင်း‘ရွှေမင်းဂံ’ သီချင်းကိုသီဆိုလေရာ နတ်အနုပညာသည် ပရိသတ်များ အထူးသဘောကျလေတော့သည်။ တေးရေးဆရာကြီး‘မြို့မငြိမ်း’ကိုယ်တိုင် တယောတလက်ဆုချလေသည်။

သို့နှင့် နောက်တနေ့ထုတ် အထောက်တော်လှအောင်၏ ‘တာဝတိံသာ သတင်းဂျာနယ်’တွင် ဆရာဂျမ်းအား ‘နတ်ဘုံနတ်နန်းမှ ဂုဏ်ပြုကြိုဆိုခြင်း’ သတင်း ကို မျက်နှာဖုံး ကျောဖုံးအပြည့် ဖေါ်ပြထားသည်ကို တွေ့မြင်ကြရလေသတည်း။

ရေးသားသူ-ခင်မောင်ထိုက်

မိုးသောက်ကြယ်စာကြည့်တိုက် ဥယျာဉ်မှူးကြီးအတွက်…..



ဆရာရေ…
ဆရာကွယ်လွန်သွားခဲ့တာ ဒီနေ့ဆိုရင် ၃ နှစ်ပြည့်သွားခဲ့ပြီနော်….
ဆရာ့အတွက်ရည်စူးပြီး ကျနော်တို့ ထိုင်းနိုင်ငံ၊ နောင်ဘွားကျေးရွာမှာရှိတဲ့ ”သွေးသစ်”စာသင်ကျောင်းလေးမှာရှိတဲ့ ကလေးအယောက် ၂၅၀ အတွက် မနက်စာထမင်း အတွက် ကောင်းမှူကုသိုလ်ပြုလုပ်လိုက်ပါတယ်။ ဆရာက ကလေးချစ်တယ်မဟုတ်လား။ အထူးသဖြင့် ကလေးဆိုးကြီး(ကျနော်အပါအ၀င်ပေါ့)တွေကိုပေါ့...
ဒီကျောင်းလေးကို ကျနော်တို့တာဝန်ယူပြီး လုပ်လာတာ အခုဆို ၅ နှစ်ဝန်းကျင်တောင်ရှိတော့မယ်ဆရာ။

နောက်ပြီး မဲဆောက်မှာ မြန်မာတွေအတွက် တရားပွဲတခုကို HRDB အဖွဲ့ကလုပ်မယ်တဲ့။ ဆရာ့အတွက်ရည်စူးပြီး ဆရာ့နာမည်နဲ့ တရားလေး စည်စည်ကားကားဖြစ်မြောက်သွားအောင် ငွေပဒေသာပင်စိုက်လိုက်ပါတယ်။
ရေးချင်တာတွေတော့ အများကြီးပဲဆရာ။ ဆောင်းပါးလည်းရေးချင်သေးတယ်။ မိုးသောက်ကြယ်ဂျာနယ်အတွက် ဆရာရေးပေးခဲ့တဲ့ ”လူငယ့်ကြေးမုံ”ဆောင်းပါးတွေကိုလည်း အမြန်ဆုံးထုတ်ချင်ပါသေးတယ်။ ဆရာ ကျနော်တို့ဆီမှာ နေသွားတုန်းက ရေးစပ်ထားခဲ့တဲ့ ဆရာ့ရဲ့လက်ရေးမူကဗျာတွေကိုလည်း စာအုပ်ထုတ်ချင်ပါသေးတယ်။ ဆရာဖြစ်စေချင်တဲ့ ဆန္ဒနှစ်ခု(ဆေးလိပ်ဖြတ်ဖို့ကဗျာနှင့် ဖန်မီးအိမ်ဖောင်ဒေးရှင်းကိစ္စ)ကို ဖြစ်မြောက်အောင် လုပ်ဆောင်နေဆဲပါဆရာ။
ဆရာကိုယ်တိုင်နာမည်ပေးပြီး မွေးထားခဲ့တဲ့ ”မိုးသောက်ကြယ်စာကြည့်တိုက်”ကတော့ ထွန်းလင်းတောက်ပြောင်နေဆဲပါ…

လွမ်းတယ်ဆရာ…
လွမ်းလို့ ဆရာဂျပန်ကို ရောက်ခဲ့စဉ်ကပုံတွေနဲ့ ရောက်တိုင်း ကျနော်တို့အိမ်မှာနေခဲ့စဉ်တုန်းက အမှတ်တရရိုက်ယူထားခဲ့တဲ့ပုံတွေကို တင်လိုက်ပါတယ်….
ကောင်းကင်ဘုံက ဆရာတစ်ယောက် ကဗျာတွေစပ်ရင်း ကြည်နှူးနိုင်ပါစေ…

ဆရာတင်မိုး ကွယ်လွန်ခြင်း ၃ နှစ်ပြည့်အမှတ်တရ

tnmvrf;u q&m*srf;

wefcl;av wrm&eH@eJ@

oif;ysH@aewJh tnmajr

wrmawGeJ@ a0aew,f?

zkHvkH;}uD;awG wazG;azG;

vSnf;av;ay:rSm aw;qdk

aendKndK naecsrf;

vGrf;p&mh tnmvrf;?

vuf,ufwGif;rSm a&cyf

tnm&yf&J@ jrefrmh"avh

woufrarhwJh tvSw&m;

aus;vufyef;csDum;?

ta0;rSm yJhwifxyf

qefzGyfwJh armif;eif;oH

pnf;0g;rSefrSef qdkwD;u

r+iD;EdkifwJh aw;*Dw?

xef;&Guftdrf xef;yifawm

vGrf;armzG,f onf+rdKifOD;u

&omxl;wJh yifus&nf

b}uD;+zdK;&J@ t}udKufay?

vif;=uufi,f wGefusL;

&GmOD;u ukvm;wuf

qGrf;cHxGufzdk@ tcsufay;

qGrf;awmfAsdK@ qGrf;awmfAsdK@av;?

omat;wdk@ uav;wodkuf

qGrf;cHvdkuf&if; acsmfvJ

oydwfwdkuGJ 'l;vJ+yJ

vGifhpifoGm;wJh qGrf;awmfyGJ?

OD;a&$&kd;eJ@'dk;ywf0dkif;

vlwdkif;u ESpf+cdKuf

ckefvdkufuvdkuf trlydkc|J

0gu|wf uxdefyGJ?

tnmvrf;u wrmwef;

q&m*srf; trSwfw&rsm;pGm

v&moDawG ajymif;vdk@a&$@

q&m*srf;udk wdk@rarh

wrmwef;eJ@ tnm"avh ³ ³ ³ ?

udkouf

Thursday, January 21, 2010

JALလေကြောင်းလိုင်း ဒေ၀ါလီခံယူ

ဂျပန်နိုင်ငံ၏ အကြီးမားဆုံးလေကြောင်း ကော်ပိုရေး ရှင်းအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် ဂျပန်လေကြောင်း (Japan Airline-JAL)သည် စီးပွားရေးချွတ်ချုံကျမှုများနှင့် အကြွေး ၂၆ ဘီလီယံတင်ရှိနေမှုများကြောင့် ဇန်န၀ါရီလ(၁၉)ရက်နေ့ က ဒေ၀ါလီ(လူမွဲစာရင်း)ခံ လိုက်ပြီဖြစ်သည်။

နှစ်စဉ်ခရီးသည် သန်း(၅၀)၀န်းကျင် သယ်ယူပို့ဆောင်ပေးလျက်ရှိသည့် JALလေကြောင်းလိုင်းသည် ဒေ၀ါလီခံလိုက်သဖြင့် ၀န်ထမ်းဦးရေ ၃၀% (15,700 ဦးရေ)လျော့ချမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

JAL လေကြောင်းလိုင်း ဒေ၀ါလီခံယူကြောင်းကြေညာခဲ့သဖြင့် တိုကျိုစတော့ရှယ်ယာများ ကျဆင်းသွားခဲ့ပြီး JAL၏ စတော့များအား ဖေဖော်ဝါလ ၂၀ ရက်နေ့ပတ်ဝန်းကျင်တွင် တိုကျိုစတာ့အိတ်ချိန်းဈေးကွက်မှ ဖယ်ရှားခံရမည်ဟုသိရသည်။

အကြွေး ၂၆ ဘီလီယံနီးပါးဖြင့် လူမွဲစာရင်းခံယူခဲ့သော JALသည် ဂျပန်နိုင်ငံ၏စီးပွားရေးမပြေ မလည်ဖြစ်စေခြင်း၏ အဓိကတရားခံတစ်ဦးဖြစ်လာခဲ့လေသည်။

ခုလိုအာရှ၏အကြီးဆုံးလေကြောင်းလိုင်းတခုဖြစ်သည့် JAL ရုတ်တရက်ဒေ၀ါလီခံကြောင်း ထုတ်ပြန်ကြေညာခဲ့ရမှုအတွက် ခရီးသည်များနှင့် ၀န်ထမ်းများအား လေကြောင်းလိုင်း ကုမ္ပဏီဥက္ကဋ္ဌ Mr. Junji Kurokawaမှ ဦးညွတ်တောင်းပန်ခဲ့ပြီး ဒေ၀ါလီခံယူလိုက်သည်ဖြစ်လင့်ကစား လက်ကျန်ခရီးစဉ်များပြီးဆုံးသည့်အထိ ပုံမှန်ပြေးဆွဲနေဦးမှာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အကြွေး ၂၆ ဘီလီယံနီးပါးဖြင့် လူမွဲစာရင်းခံယူခဲ့သော JALသည် ဂျပန်နိုင်ငံ၏စီးပွားရေးမပြေ မလည်ဖြစ်စေခြင်း၏ အဓိကတရားခံတစ်ဦးဖြစ်လာခဲ့လေသည်။ JAL၏ပြိုင်ဖက် ANA(All Nippon Airline)မှာလည်း ရေရှည်တည်တံ့နိုင်ရန်အတွက် ၀န်ထမ်းဦးရေလျော့ချခြင်းနှင့် ပြည်တွင်း၌ပြေးဆွဲနေသော ခရီးစဉ်တချို့ကို ဖျက်သိမ်းခြင်းများပြုလုပ်လျက်ရှိသည်။

မတ်လဘဏ္ဍာရေးနှစ်အတွင်း JALလေကြောင်းလိုင်း၏ အသားတင်အရှုံးသည် ၂.၉ ဘီလီယံရှိမည်ဟု ခန့်မှန်းရပြီး အစိုးရထံမှ ထောက်ပံ့စရိတ် ဒေါ်လာ ၁၀ ဘီလီယံနှင့် သုံးနှစ်တာကာလအတွင်း အရေးပေါ်ချေးငွေများအား ရယူခံစားခွင့် ရှိမည်ဖြစ်သည်။

ကြာသာပတေးနှင့် သောကြာတွင်ပြုလုပ်မည့်ဆန္ဒပြပွဲအစီအစဉ်များ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲ
ပေးပို့လာသူ-ミャットウ・ Myat Thu ( Nakata)

နျူကလီးယားအာဏာရူး နအဖ စစ်အုပ်စုအားဆန့် ကျင် ဆန္ဒပြပွဲ
ပေးပို့လာသူ-phone hlaing (JAC)

Tuesday, January 19, 2010

Ozawa ရာထူးမှဆင်းပေးရန် ၇၀%ကဆန္ဒပြု

The Yomiuri Shimbun

အာဏာရ DPJ(Democratic Party of Japan)ပါတီ၏ဆူပါအကြီးအကဲ Ichiro Ozawa အနေနှင့်၊ ပါတီရန်ပုံငွေထဲမှ သံသယြ ဖစ်ဖွယ်မြေ၀ယ်ယူခဲ့မှုကြောင့် သူ၏ကိုယ်ရေး အရာရှိ ၂ ဦးအဖမ်းခံရပြီး၊ ထို့နောက်တွင် ပြုလုပ်သော Yomiuri သတင်းဌာန၏ သဘောထားစစ်တမ်းများအရ၊ လက်ရှိရာထူးဖြစ်သော ပါတီအထွေထွေအတွင်းရေးမှူးရာထူးနှင့် ဥပဒေပြု Diet လွှတ်တော်နေရာတို့မှ နှုတ်ထွက်ပေးရန် ၇၀%ကဆန္ဒပေးခဲ့ကြသည်။

တဆက်တည်းပြုလုပ်ခဲ့သောစစ်တမ်းများအရ ၊၀န်ကြီးချုပ် Yukio Hitoyama ကို ကြိုက်နှစ်သက်မှုမှာ ၄၅% သာရှိခဲ့ပြီး၊ အဆိုပါနှုန်းမှာ ပြီးခဲ့သည့်အပတ်ကပြုလုပ်ခဲ့သည့် စစ်တမ်းထက် ၁၁%ကျဆင်းခဲခြင်းဖြစ့်သည်။ ထို့အတူအစိုးရအဖွဲကို မနှစ်သက်မှုမှာ ၃၄%ရှိနေခဲ့ရာမှ ယခုအခါ ၄၂%သို့တိုးမြင့်လာခဲ့သည်။

၉၁%သောဆန္ဒပြုသူများက Ozawa အနေနှင့် ငွေကြေးအရှုပ်တော်ပုံနှင့်ပတ်သက်ပြီး တာဝန်သိသိဖြေရှင်းခဲ့ခြင်းမရှိခဲ့ဘူးလို့ဆိုကြသည် ။

ယခုတစ်ကြိမ်ပြုလုပ်သောစစ်တမ်းမှာ DPJ ပါတီကို ထောက်ခံသူအများစုကို မေးမြန်းဆန္ဒပြုစေခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့အထဲမှထက်ဝက်ကျော်က Ozawa ရာထူးမှဆင်းပေးရန်နှင့်ငွေကြေးအရှုပ်တော်ပုံကိစ္စကို ပြည်သူလူထုအားရှင်းပြရန် ဆန္ဒပြုခဲ့ကြသည် ။

ဝန်ကြီးချုပ် Hatoyama မှ Ozawa အား အတွင်းရေးမှူးရာထူး၌ ဆက်ရှိသင့်-မရှိသင့် ကိစ္စကိုဆုံးဖြတ်သင့်သလား…?ဆိုသည့်မေးခွန်းအတွက် ၃၇%က ဆုံးဖြတ်သင့်ကြောင်းအဆိုပြုခဲ့ပြီး ၊ ၅၁% ကတိကျသောအဖြေမပေးခဲ့ပေ။

DPJ ပါတီကိုနှစ်သက်သူကျဆင်းချိန်တွင်၊ အတိုက်အခံ LDP(Liberal Democratic Party)ပါတီကိုနှစ်သက်မှုမှာ ၁၆% သာရှိခဲ့ရာမှ ယခုအခါ ၂၀% အထိသို့တိုးလာသော်လည်း ထိုပါတီ ၂ ခုစလုံးကိုမကြိုက်နှစ်သက်မှုမှာ ၃၃% အထိတိုးမြင့်လာခဲ့သည်။
ဘာသာပြန်သူ-မောင်အောင်းဌေး
မူရင်းသတင်း-
Poll: 70% say Ozawa should quit his post(The Yomiuri Shimbun)

၂၀၁၀ ရွေးကောက်ပွဲပြီးလျင် ပြန်ပို့ခံရမည်ဆိုသည့်အသံများကြောင့် ဂျပန်ရောက်မြန်မာများ တတိယနိုင်ငံသို့ထွက်ခွာဖို့ကြိုစားသူများပြားနေ

မြန်မာပြည်တွင်း၌ ၂၀၁၀ ရွေးကောက်ပွဲသာ ကျင်းပပြုလုပ်ပြီးစီးခဲ့ပါက ဂျပန်ရှိ ဒုက္ခသည်ခိုလှုံခွင့်လျှောက်ထားသူများနှင့် ၎င်းဗီဇာဖြင့်နေထိုင်သူများအားလုံးကို ဂျပန်အစိုးရမှပြန်ပို့လိမ့်မည်ဆိုသည့်အသံများကြောင့် တတိယနိုင်ငံသို့ထွက်ခွာ၍ အခြေချနေထိုင်ဖို့ကြိုးစားပြင်ဆင်နေကြသူများ တဖြည်းဖြည်းနှင့်များပြားနေလျက်ရှိ ကြောင်းစုံစမ်းသိရှိရသည်။

ထွက်ခွာဖို့ကြိုးစားသူအများစုမှာ ဂျပန်အစိုးရမှ ဒုက္ခသည်အဖြစ်(ဂျပန်ရောက် မြန်မာများအခေါ်`R`ဗီဇာ) အသိအမှတ်ပြုဖို့ ငြင်းပယ်ခံထားရပြီး တိုင်းပြည်အခြေအနေမတည်ငြိမ်သေးသဖြင့် တစ်နှစ်သက်တမ်းဗီဇာသဘောမျိုးထုတ်ပေး ထားသော Designated Activities Visa(ဂျပန်အခေါ် တော့ခုတေးခဆုဒိုးခဗီဇာ)ရရှိထားသူ များဖြစ်ကြသည်။

”အခုကြားနေရတဲ့အသံတွေက ဟုတ်မဟုတ်တော့မသိဘူး။ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် ဂျပန်အစိုးရက ကျနော်တို့လို တော့တေးဗီဇာသမားတွေကိုရော လျှောက်ထားဆဲတွေကိုပါ ပြန်ပို့လိမ့်မယ်ဆိုတဲ့အသံတွေက တော်တော့်ကိုပြန့်နေတယ်။ တော်ကြာ မတော်လို့ပြန်ပို့ခံရတယ်ဆိုရင် ဒုက္ခရောက်မှာလေ။ ဒါကြောင့် တတိယနိုင်ငံကို ကူးပြောင်းအခြေချဖို့ကြိုးစားနေတာပါ….“ဟု တော့ခုတေးဗီဇာရရှိသူတဦးမှ မိုးသောက်ကြယ်သို့ရှင်းပြသည်။

တော့ခုတေးဗီဇာသမားများသည် ပြည်ပသို့ထွက်လည်ခွင့်ရှိသော်လည်း၊ မိသားစုခေါ်ယူခွင့်၊ ကျန်းမာရေးအကျိုးခံစားခွင့်၊ အလုပ်မလုပ်နိုင်သည့်အတွက် လူမှုဖုံလုံရေးအကျိုးခံစားခွင့်များမရရှိနိုင်ပေ။ ထို့အတွက်ကြောင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က တော့ခုတေးဗီဇာရရှိထားသူ မြန်မာနိုင်ငံကူးစာအုပ်ကိုင်ဆောင်ထားသူ ၃၇ ဦးသည် တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်ရှိ ဂျပန်လှုဝင်မှုကြီးကြပ်ရေးရုံးသို့သွားရောက်၍ ဂျပန်နိုင်ငံတွင် ‘R’ဗီဇာသမားများကဲ့သို့ ရေရှည်အခြေချနေထိုင်ခွင့်ဗီဇာ(Long Term Resident Visa)ပေးရန် ပြောင်းလဲလျှောက်ခဲ့ကြသေးသည်။

“ကျနော်တို့က အခုမှ တခြားနိုင်ငံမှာအခြေချဖို့ကြိုးစားနေတာပါ။ ကျနော်တို့ထက် စီနီယာကျပြီး ‘R’ဗီဇာရရှိထားတဲ့ ဆရာ့ဆရာကြီးတော်တော်များများတောင် အမေရိကားတို့၊ ကနေဒါတို့၊ သြစတြေးလျတို့မှာ အခြေချနေထိုင်နေတာ ဆယ်စုနှစ်တစုတောင် ကျော်နေပြီ။ အဲဒီမှာ ဂရင်းကဒ်တို့၊ နိုင်ငံသားတို့တောင်ရလို့ ဂျပန်ကို သွားလိုက်ပြန်လိုက်လုပ်နေကြတာပဲဥစ္စာ။ တချို့ဆို ဂျပန်ကပေးထားတဲ့ ‘R’ဗီဇာ အဆုံးမခံနှိုင်လို့ သက်တမ်းကုန်ခါနီးကျရင် ဒီမှာသက်တမ်းလာတိုးပြီး ဟိုနိုင်ငံကထုတ်ပေးထားတဲ့ နိုင်ငံကူးစာအုပ်ရော ဒီကစာအုပ်ရော စာအုပ်နှစ်ကိုင်ထားတဲ့သူတွေတောင် အများကြီးပဲလေ…”ဟု အဆိုပါလူများ၏လုပ်ရပ်ကို အားကျနေသည့် တော့ခုတေးဗီဇာသမားတဦးက ယခုလိုဆိုသည်။

ဂျပန်နိုင်ငံတွင် မြန်မာလူမျိုးများ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်ထားခဲ့မှုမှာ ၁၉၉၀ ၀န်းကျင်မှစတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်းလုပ်ကြံမှုကြီး ပေါ်ပေါက်ပြီးသည့်နောက်ပိုင်းတွင် ဒုက္ခသည်ခိုလှုံခွင့်လျှောက်ထားသူဦးရေ များပြားလာခဲ့ပြီး ၎င်းကိစ္စကြောင့် ဂျပန်အစိုးရမှ ဒုက္ခသည်လျှောက်ထားသူ မြန်မာလူမျိုးများကိုလွယ်လွယ်ကူကူ အသိအမှတ်ပြုပေးလာခဲ့ သည်။

လျှောက်ထားသူအများစုမှာ ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီရေးရရှိအောင် စွမ်းစံတမန် လုပ်ပြနေခြင်းကြောင့် မြန်မာပြည်ပြန်ရောက်ပါက မိမိ၏အသက်အန္တရာယ်လုံခြုံမှုမရှိသဖြင့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးပါရန် တောင်းခံခဲ့ကြခြင်းဖြစ်သည်။
‘R’ဗီဇာ သို့မဟုတ် အထူးနေထိုင်ခွင့်ဗီဇာ၊ တော့ခုတေးဗီဇာရရှိသွားပါက အများစုမှာ မြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်မှုများနှင့်ကင်းကွာသွားကြပြီး၊ စီးပွားရှာသည့်ဖက်နှင့် မိမိဆွေမျိုးမိသားစုများ ဂျပန်နိုင်ငံသို့ခေါ်ယူရေးဖက်ကိုသာ ရေရှည်စီမံကိန်းချ၍ ဦးနှစ်လုပ်ဆောင်နေကြသည်။

တတိယနိုင်ငံသို့ရွေ့ပြောင်းအခြေချဖို့ ခေတ်စားအောင် ဦးဆောင်လမ်းပြခဲ့သူများမှာလည်း တစ်ခေတ်တချိန်က ဂျပန်ရှိ မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းအသီးသီးတွင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီလူကြီး အစရှိသောနေရာများတွင် ရာထူးကြီးကြီးယူခဲ့ကြ၍ တက်ကြွစွာလုပ်ပြခဲ့ပြီး ယခုအခါ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျအစရှိသည့်နိုင်ငံများတွင် ဘ၀ဇာတ်မြှုပ်သွားကြသူများသည်။

လက်ရှိအဖွဲ့အစည်းတချို့မှ ကြီးကြီးမာစတာများမှာလည်း ယခုနှစ်အတွင်း တတိယနိုင်ငံသို့ အမြန်ဆုံးကူးပြောင်းနိုင်အောင် တိတ်တိတ်ပုန်းကြိုးစားနေလျက်ကြောင်း သိရှိရပြီး တချို့မှာ ၂၀၁၀ ရွေးကောက်ပွဲပြီးစီးသဖြင့် ပြန်ပို့ခံရပါက ဂျပန်နိုင်ငံတွင် တက်ကြွစွာနိုင်ငံရေးလုပ်ဆောင်ခဲ့မှုကြောင့် အရေးယူခံမည်ကိုစိုးရိမ်သဖြင့် `ထင်သာ မြင်သာ`နိုင်ငံရေးနှင့်၊ `လေလှိုင်းနိုင်ငံရေး`သဘောမျိုးသာ လုပ်ဆောင်ကြတော့သည်။

ဂျပန်အစိုးရသည် နအဖစစ်ခေါင်းဆောင်များနှင့်တွေ့ဆုံတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းများလွတ်ပေးဖို့နှင့် ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာဖြင့် အမြန်ဆုံးကျင်းပပြုလုပ်ဖို့ကိုသာ ဖိအားပေးတောင်းဆိုနေလျက်ရှိသည်။
၂၀၁၀ ရွေးကောက်ပွဲသာ ကျင်းပပြီးစီးခဲ့ပါက ဂျပန်အစိုးရအနေဖြင့် ODA အပါအ၀င် အခြားသောထောက်ပံ့မှုများ ပြန်လည်ပေးအပ်မှာဖြစ်ကြောင်း ကတိပေးပြောကြားထားသည်ဟု သိရှိရသည်။

ရေးသားသူ-စိုးဝင်းရှိန်


Monday, January 18, 2010

အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်း(ဂျပန်) လှုပ်ရှားမှု သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်း (International Sangha Office, Tokyo branch)၏ အလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်းခြင်းကို ယနေ့ မြန်မာသက္ကရာဇ်၁၃၇၁ ခုနှစ်၊ တပို့တွဲ လဆန်း ၃ ရက် ခရစ်သက္ကရာဇ် ၂၀၁၀ခုနှစ်၊ ဇန်နဝါရီလ၊ ၁၇ရက်(တနင်္ဂနွေနေ့)တွင် အဆိုပါအပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းတည်ရှိရာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ၊ တိုရှိမ မြို့နယ်တွင်ပြုလုပ်ခဲ့ကြောင်းသိပါသည်။

အလုပ်အမှုဆောင်ကော်မတီအဖွဲ့ကို အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်း(ဂျပန်)၏ နာယက ဆရာတော် အရှင်ဓမ္မဇောတိအား ဦးစီးဦးဆောင်ထား၍ သံဃာ့ရုံးခန်း(ဂျပန်) ဖြစ်မြောက်ရေး အဖွဲ့ဝင်များနှင့် ဖွဲ့စည်းလိုက်ကြောင်းသိရပါသည်။

အလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်းပြီး တဆက်တည်းမှာပင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာကိုယ်စားလှယ်များအဖွဲ့ All Burma Monks Representative Committee ၏အထွေထွေ အတွင်းရေးမှူး အရှင်ထာဝရအား ဂျပန်နိုင်ငံသို့ ပင့်ဖိတ်ရန် ဆွေးနွေး တိုင်ပင်ခဲ့ကြကြောင်းလည်းသိရပါသည်။
အရှင်ဓမ္မဇောတိကအား ဆက်သွယ်လိုပါက....080 3250 6712
စာတိုက်နံပါတ်....170-0002
Tokyo, Toshimaku, sugamo
Dear Plazar 3-24-5 (501)


ဓါတ်ပုံ။ ။KO AUNG HTOO THEIN သတင်း - မနန္ဒာ http://www.nandar.jp.pn/

Sunday, January 17, 2010

မိမိ၏ရပိုင်ခွင့်အခွင့်အရေးအတွက် သတ္တိရှိစွာတိုက်ယူဖို့လိုအပ်ကြောင်း APFSအဖွဲ့၏ နှစ်သစ်မိတ်ဆုံစားပွဲတွင် အမှုဆောင်ဒါရိုက်တာ Yamaguchiမှတိုက်တွန်းပြောကြား


ဂျပန်နိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများအနေဖြင့် မိမိ၏ရပိုင်ခွင့်ဆိုင်ရာ အလုပ်သမားအခွင့်အရေးများအတွက် သတ္တိရှိစွာနှင့် တိုက်ယူဖို့လိုအပ်ကြောင်း အာရှနိုင်ငံသားများချစ်ကြည်ရေးအဖွဲ့(Asian People Friendship Society-APFS)၏ ယနေ့ပြုလုပ်ကျင်းပခဲ့သော နှစ်သစ်ကိုကြိုဆိုသည့် မိတ်ဆုံစားပွဲတွင် တာဝန်ခံတစ်ဦးဖြစ်သူ တိုမိုယူခိ ယာမာဂုချီစီ(Mr. Tomoyuki Yamaguchi)မှ တိုက်တွန်းပြောကြားသည်။
”ဂျပန်မှာ လာရောက်အလုပ်လုပ်နေကြတဲ့ ခင်ဗျားတို့တတွေဟာ နိုင်ငံခြားသားတွေဖြစ်လို့ ဂျပန်လူမျိုးတွေလိုမျိုး အလုပ်သမားအခွင့်အရေးမရနိုင်ဘူးဆိုတဲ့ဥပဒေမရှိပါဘူး။ ဂျပန်ပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲဖြစ်ဖြစ် အားလုံးဟာ အလုပ်သမားအခွင့်အရေးအကျိုးခံစားခွင့်ကို ပေးအပ်ရမယ်လို့ ဥပဒေမှာပြဌာန်းထားပါတယ်။ အလုပ်ထဲမှာ ခင်ဗျားတို့ကို ခွဲခြားဆက်ဆံခြင်းရလျင်ဖြစ်စေ၊ အနိုင်ကျင့်ခံရလျင်ဖြစ်စေ၊ သို့တည်းမဟုတ် အပြစ်တစုံတရာမရှိပဲ ခေါင်းဖြတ်(ရုတ်တရက်အလုပ်ဖြုတ်ခံရခြင်း)ခံလျင်ဖြစ်စေ ကျနော်တို့နဲ့ အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။ ဘယ်လူမျိုးကိုမဆိုကူညီသွားမှာပါ။ ကျနော်တို့ကကူညီသလို ခင်ဗျားတို့ကလည်း သတ္တိရှိရှိနဲ့တိုက်ယူကြဖို့လည်း လိုအပ်ပါတယ်…”ဟု ယာမာဂုချီစံမှ ၂၀၁၀ နှစ်သစ်ကြိုဆိုသည့် အဖွင့်အမှာစကားတွင် ယခုလိုပြောဆိုသည်။

သတင်းအပြည်အစုံကို ၂၀၁၀ ဖေဖော်ဝါရီလထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၇၊ အမှတ် ၂ တွင် ဖော်ပြသွားပါမည်။

ညီညွတ်သော ၂၀၁၀ ဖြစ်ရပါလို၏....


လူထုဦးလှအောက်မေ့ဖွယ်ရာပြည့်ပွဲ တိုကျိုတွင်ပြုလုပ်

သန့်မျိုးထွေး
တိုကျို၊ ဇန်န၀ါရီလ(၁၇)
မြန်မာစာပေနှင့်သတင်းစာဆရာကြီး လူထုဦးလှ၏ ၂၀၁၀ခုနှစ်တွင်ပြည့်မြောက်သည့် နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် "လူထုဦးလှရာပြည့်"အမည်ဖြင့် တိုကျိုမြို့ရှိ (MCWA)မြန်မာဘုန်းတော်ကြီးကျောင်းတွင် အလင်းအိမ်၊ အာဟာရစာပေ အင်အားစုများနှင့်ဂျပန်ရောက်စာပေအင်အားစုများကယနေ့တွင်ပြုလုပ်ခဲ့ကြသည်။

လူထုဦးလှရာပြည့်ပွဲသို့ ဆရာကြီးကိုလေးစားကြည်ညိုသူ ၄၀ ဦးခန့်တက်ရောက်ခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာသံဃာရုံးခန်း(ဂျပန်)မှ ဆရာတော်ဦးဓမ္မဇောတိအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပြီး အခမ်းအနားကို ဆရာကြီး၏ အထုပ္ပုတ္တိကို ဦးသိန်းငွေမှဖတ်ပြ၍ စတင်ခဲ့ကြသည်။




ရာပြည့်အထိမ်းအမှတ်နှင့်ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည်ကောင်းမြတ်သော မင်္ဂလာမည်ကြောင်း "အပ္ပမာဒ" မမေ့မလျော့ခြင်းသည် ပစ္စပ္ပုန်အပြင် သံသရာအကျိုးနိဗ္ဗာန်တိုင်အောင် အကျိုးပေးသောကြောင့် မိမိတို့၏စာပေ၊ ယဉ်ကျေးမှုနှင့်ပါတ်သက်ပြီး ကျေးဇူးတရားရှိသော လူထုဦးလှ၏ အောင့်မေ့ဖွယ်အထိမ်းအမှတ်ပြုလုပ်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်ကြောင်း ဆရာတော်မှမိန့်ဆိုသည်။

"မိမိတို့ရဲ့ကျေးဇူးရှင်ပုဂ္ဂိုလ်တွေကို ဂုဏ်တင်နေတယ်၊ ဖော်ထုတ်နေတယ်ဆိုတာ မိမိတို့ရဲ့အမျိုးသားရေးလက္ခဏာဖြစ်တဲ့ စာပေနဲ့ယဉ်ကျေးမှုကို ဖော်ထုတ်အသက် သွင်းနေတာဘဲဖြစ်တယ်၊ စာပေမြင့်မှ လူမျိုးတင့်မယ်ဆိုတဲ့စကားရှိပါတယ်၊ စာပေမမြင့်ဘူး၊ နိမ့်ကျနေမယ်ဆိုရင် လူမျိုးပါလိုက်ပြီး နိမ့်ကျဖို့ရာအကြောင်းဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် အပ္ပမာဒေါ အပ္ပမာဒံပတံဆိုတဲ့အခါမှာ မိမိတို့ယဉ်ကျေးမှုကို ထိမ်းသိမ်းတဲ့နေရာမှာရော စာပေရဲ့ခေါင်းဆောင် လူထုဦးလှလိုမျိုးပုဂ္ဂိုလ် လူပညာရှိတွေ၊ ရဟန်းပညာရှိတွေရဲ့ အကြောင်းကို မမေ့တာဟာ စာပေနဲ့ယဉ်ကျေးမှုကို ဖော်ထုတ်တာပါဘဲ၊ မမေ့ကြောင်းကို ပြတာပါဘဲ"ဟု ဆရာတော်ဦးဓမ္မဇောတိမှဟောပြောမိန့်ဆိုသည်။

လူထုဦးလှရာပြည့်ပွဲကို ပြည်တွင်းပြည်ပတွင်ပြလုပ်ကြပြီး ရွှေဂုံတိုင်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ယခုလ ၁၄ ရက်နေ့က အမှတ်တရစာဖတ်ဝိုင်းအဖြစ်ပြုလုပ်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် သတင်းစာဆရာကြီးဦးဝင်းတင်မှ ဂျပန်တွင်ပြုလုပ်သည့်ရာပြည့်ပွဲသို့ အမှတ်တရစကားပေးပို့ခဲ့သည်။

ယင်းနောက်တွင် အဟာရစာစောင်အယ်ဒီတာကိုမြင့်နိုင်မှ လူထုဦးလှ၏သားတပည့် အမေရိကန်ရောက်ကဗျာဆရာမောင်စွမ်းရည်ပေးပို့သောသ၀ဏ်လွှာကိုဖတ်ကြားပေးပြီး လူထုဦးလှ၏သား ရဲဘော်ဖိုးသံချောင်း၏အမှတ်တရစကားကို ကိုထွန်းငြိမ်းမှ အသီးသီးဖတ်ပြသွားခဲ့သည်။

လူထုဦးလှရာပြည့်အထိမ်းအမှတ်ကို ဆရာကြီးခေါင်းချကွယ်လွန်ရာအထက်မြန်မာပြည် မန္တလေးမြို့တွင်ကျင်းပရန် သားဖြစ်သူစာရေးဆရာကိုညီပုလေးမှကြိုးပမ်းရာ သက်ဆိုင်ရာ၏ ခွင့်ပြုမိန့်မရရှိသည့်အတွက် မကျင်းပနိုင်ကြောင်း ကိုယ်တိုင်ဆက်သွယ်မေးမြန်းခဲ့သူ မလေးလေး(တိုကျို)မှပြောဆိုသွားသည်။

လူထုဦးလှကို ပဲခူးတိုင်း ညောင်လေးပင် မြို့နယ် ပုစွန်မြောင်း ရွာတွင် အဖ ကုန်သည် ဦးပု၊ အမိ ဒေါ်ခိုင် တို့မှ ၁၉၁ဝ ခု ဇန်နဝါရီ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင်မွေးဖွားခဲ့ပြီး ၁၉၂၆ တွင် ညောင်လေးပင်မြို့ အာစီအမ် (ရိုမန်ကက်သလစ် သာသနာပြု) ကျောင်းမှ ခုနစ်တန်း အောင်ခဲ့ပြီး ၁၉၃ဝ ပြည့်နှစ်တွင် ရန်ကုန်အစိုးရအထက်တန်းကျောင်းမှ ၁ဝ တန်း အောင်ခဲ့သည်။

လွတ်လပ်ရေးအကြိုခေတ် ၁၉၄၆ခုနှစ်တွင် "လူထုသတင်းစာ"ကိုစတင်ထုတ်ဝေချိန်မှစ၍ လူထုဦးလှဟုထင်ရှားလူသိများလာခဲ့သည့် လွတ်လပ်ရေးကြိုခေတ်တွင် စာပေနှင့်ပြည်သူ့အကျိုးပြုသတင်းများကို တစိုက်မတ်မတ်ရေးသားခဲ့ပြီး ဂျပန်ခေတ် အာရှလူငယ်အသင်းခရိုင် ဥက္ကဋ္ဌလုပ်ခဲ့သောကြောင့် ၁၉၄၅ တွင် ဗြိတိသျှ နယ်ချဲ့၏ အဖမ်းဆီးခံရခြင်းအပါအဝင်၊ ဖဆပလခေတ်၊ မဆလခေတ်တို့၌ ၅ ကြိမ်တိတိဖမ်းဆီးခံခဲ့ရသည်။

သတင်းစာနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖြစ် ဆိုဗီယက်၊ တရုတ်၊ ချက်၊ အရှေ့ဂျာမနီ၊သီရိလင်္ကာအင်္ဂလန်၊ ပြင်သစ်နှင့် အနောက် ဂျာမနီ၊ ဂျပန်၊ အင်ဒိုနီးရှား နိုင်ငံ များသို့ သွားရောက် ခဲ့ပြီး သတင်းစာဆရာ၊ စာရေးဆရာဖြစ်သည်နှင့် လျော်ညီစွာပင်စာမျိုးစုံ ရေးသားခဲ့ပြီး 'ထောင်နှင့် လူသား' ဖြင့် ၁၉၅၇ ခုနှစ် စာပေဗိမာန် စာပဒေသာဆု၊ 'လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ' ဖြင့် ၁၉၅၈ ခုနှစ် ယူနက်စကို စီးပွားရေး လူမှုရေး ဆိုင်ရာဆု၊ 'ရခိုင် ကျေးလက် ပုံပြင်များ' ဖြင့် ၁၉၆၃ ခုနှစ် စာပေဗိမာန် အနုပညာ စာပေဆုတွင် ကလေးသူငယ်ဆိုင်ရာစာပေဒုတိယဆုများ ရရှိပြီးထင်ရှားကျော်ကြားခဲ့သည်။

မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း

ပလ္လင်များ၏ နောက်ကွယ်


voice journal Vol6/NO.11မှ

နိုင်ငံခြားသားများ မဲပေးခွင့်ရရှိရန် အစိုးရမှ လွှတ်တော်သို့ ဥပဒေတင်ပြမည်

Gov't to submit bill to Diet to give foreigners local suffrage


ဝန်ကြီးချုပ် ယူကိအို ဟာတိုယာမ၏ ဝန်ကြီးအဖွဲ့က ဂျပန်တွင်အမြဲနေထိုင်ခွင့်ရ နိုင်ငံခြားသားများ မဲပေးခွင့်ရရှိရေးအတွက် ဥပဒေ တစ်ရပ်ကို လာမည့်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် တင်ပြသွားမည်ဟု အစိုးရ၏ ဥပဒေပြုအဖွဲ့က အင်္ဂါနေ့က ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အစိုးရအတွင်း အပြင်းအ ထန်ကန့်ကွက်မှုများ ရှိနေသော်လည်း ဟာတိုယာမနှင့် DPJ ခေါင်းဆောင်များက ထောက်ခံကြ သည်။ “ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး အစိုးရအတွင်း နားလည်မှုရယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အစိုးရအတွင်းမှာလည်း စဉ်းစားနေကြပါတယ်။ ဒီနှစ်ဟာ ဂျပန်က ကိုးရီးယားကို ကျူးကျော်ခဲ့တဲ့ နှစ်တစ်ရာပြည့် နှစ်ဖြစ်နေသောကြောင့် စဉ်းစားစရာတွေ အများအပြားရှိနေပါတယ်။” ဟု၍ ဝန်ကြီးချုပ်က သတင်းအထောက်များသို့ ပြောကြားခဲ့သည်။
ဝန်ကြီးရုံးအတွင်းရေးမှုးချုပ် ဟီရိုဖူဖီ ဟီရာနိုကလည်း တနင်္လာနေ့တွင် စတင်မည့် ရက်1500 စည်းဝေးပွဲအတွင်း တင်ပြမည့် ဥပဒေများထဲတွင် ဤဥပဒေလည်းအပါအဝင်ဖြစ်သင့်ကြောင်း ပြာကြားသ ည်။ မည်သည့်နိုင်ငံခြားသားသာ မဲပေးခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း မေးမြန်းရာ အစိုးရထိပ်တန်းပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်တစ်ဦးက သတင်းစာရှင်းလင်းပွဲတစ်ရပ် တွင် “ ဒါအန်မတန် အရေးတကြီးထားရှိရမယ့် အချက်ပါပဲ။ အဲဒီလိုအချက်အလက်တွေ ပါဝင်တဲ့ ဥပဒေ တစ်ရပ်ဖြစ်ဖို့ ကျွန်တော်တို့ စဉ်းစားနေကြပါတယ်။” ဟူ၍ ပြောဆိုခဲ့သည်။ ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရပ်တည်မှုနှင့်အညီ နိုင်ငံခြားသားများကို ဆန္ဒမဲပေးပိုင်ခွင့် အပ်နှင်းရာတွင် ထွက်ပေါ်လာမည့်အသေးစိတ် အချက်အလက်များကိုလည်း အစိုးရအနေနှင့် အသေအ ချာ ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အခြေခံဥပဒေ အပိုဒ် ၁၅ တွင် “ လူထု ခေါင်းဆောင်များကို ရွေးချယ် ထုတ်ပယ်နိုင်သော၊ လွှဲပြောင်းမရနိုင်သော အခွင့်အရေး လူထုတွင် ရှိရမည်။” ဟူ၍ပြဋ္ဌာန်းထားသည်။

ဂျပန်နှင့်သံတမန် ဆက်ဆံရေးမရှိသော မြောက်ကိုရီးယား နိုင်ငံသား ခံယူသားသူများကို ဂျပန်၌ အမြဲနေထိုင်ခွင့်ပေးထားသော်လည်း ဆန္ဒမဲပေးပိုင်ခွင့် မပေးသင့်ကြောင်း အချို့ကဆိုကြသည်။ DPJ၏ ညွန်ပေါင်းပါတီ နှစ်ခုအနက် တစ်ခုဖြစ်သော ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ကမူ ဤဥပဒေ ပြဋ္ဌာန်းရေးအတွက် အားတက်သရော ထောက်ခံပြီး လူထုပါတီသစ် (People‘s New Party) ၏ခေါင်းဆောင် ဘဏ္ဍာရေး ဝန်ဆောင်မှုဝန်ကြီး ရှီဆူကာ ခါမဲအီ ကလည်း ထောက်ခံသည်။ ဥပဒေတွင် ဂျပန်ရှိအမြဲနေနိုင်ငံခြားသားများ ဝင်ရောက်ရွေးကောက်နိုင်ခွင့် ပါရှိမည်မဟုတ်ပေ။ ဥပဒေရေးဆွဲမှုအတွက် စဉ်းစားရန် ဟီရာနို က ပြည်ထဲရေးဝန်ကြီး ခါဇူဟီရို ဟာရာဂူချီ ကိုညွှန်ကြားထားကြောင်း အစိုးရ ဥပဒေပြု အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ဝန်ကြီးများရုံးတွင် တ နင်္လာနေ့က ကျင်းပခဲ့သော ဝန်ကြီးချုပ် ဟာတိုယာမနှင့် အစည်းအဝေးတွင် DPJ ၏အထွေထွေ အတွင်းရေးမှူး အီချီရို အိုဇဝါက တောင်ကိုးရီးယားနှင့် ဆက်ဆံရေး အရေးကြီးမှု ရှုထောင့် မှ ကြည့်ရူ၍ ဥပဒေပြု အဖွဲ့မှ တင်သွင်းသည်ထက် အစိုးရမှ ဥပဒေကိုတင်သွင်းရန် တိုက်တွန်းခဲ့သည်။ DPJ ၏လွှ့တ်တော်ရေးရာ ဦးဆောင်တာဝန်ခံ ခန်းဂျီယာမာအိုကာ ကလည်း လာမည့်အစည်းအဝေးတွင် အတည်ပြုနိုင်ရန် မျှော်လင့်ချက်ရှိသည်။
အိုဇာဝါ၏ ပါတီအတွင်း သြဇာသက်ရောက်မှုကြောင့် DPJ အတွင်း အချို့သော ကန့်ကွက်မှုများမှာလည်း အာပျော့သွား ဖွယ်ရှိသည်။ ထိုအချိန်တွင် အဓိကအတိုက်အခံပါတီ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ၏ အထွေထွေအတွင်းရေးမှူး တာဒါမိုရီ အိုရှီမာက သတိထားေ စာင့်ကြည့်လျှက်ရှိသည်။
“ဒေသအလိုက် စည်းဝေးပွဲတွေကနေ ကန့်ကွတ်တဲ့ အဆိုတွေထွက်ပေါ်လာပြီး အဆိုပြုချက်တိုင်းကို အလေးထားပြီး ကျွန်တော်တို့ ဆွေးနွေး အဖြေရှာကြရပါမယ်” ဟူ၍ ၎င်းကသတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောဆိုသည်။ LDP ဥက္ကဌ ဆာဒါခါကူ တနီဂါကီ က ဥပဒေနှင့် ပတ်သက်၍ မူဝါဒချမှတ်နိုင်ရန် ပါတီ၏ သဘောထားများ ကောက်ခံရန် မူဝါဒရေးရာ ဦးဆောင် ရှီဂဲရူ အီရှီသား ကို တာဝန်ပေးခဲ့သည်။ ကိုရီးယား အနွယ်ဝင်စသည့် အမြဲနေနိုင်ငံခြားသားများကို ဆန္ဒမဲပေးခွင့် မပေးထားချေ။ ယင်းနိုင်ငံခြားသားများသည် နိုင်ငံသာများကဲ့သို့ပင် အခွန်ပေးဆောင်ရသောကြောင့် ၎င်းတို့၏ အခြေခံရပိုင် ခွင့်များကို တောင်းဆိုလျှက်ရှိသည်။ လွန်ခဲ့သော လက တောင်ကိုရီးယား၌ ဆွေးနွေးပွဲတစ်ရပ်တွင် ပြောကြားခဲ့ရာမှာ အိုဇာဂါက ပုံမှန်အစည်းအဝေးပွဲ အပြီးတွင် ဥပဒေအတည်ပြု ပြီးစီးမှုကို ၎င်းက မြင်တွေ့လိုကြောင်း ဂျပန်အနေဖြင့် ၎င်းကိစ္စကို ရှေ့သို့မြှော်မြင်၍ လုပ်ဆောင်ရမည် ဖြစ်ကြောင်းဆို၏။
ဂျပန်နိုင်ငံတွင် အမြဲနေနိုင်ငံခြားသားများတွင် ကိုးရီးယားအနွယ်ဝင် များမှာ အများစုဖြစ်၏။ ဂျပန်က ကိုလိုနီ ပြုထားသော အချိန်မှစ၍ ဂျပန်တွင်နေထိုင်လာခဲ့သော ကိုရီးယား ကျွန်းဆွယ်နှင့် ထိုင်ဝမ်မှ လူများ ကို ဂျပန်အစိုးရက အထူးနေထိုင်ခွင့်ပေးထားသည်။ 1910 တွင် ကိုရီးယား ကျွန်းဆွှယ်ကို ဂျပန် သိမ်းပိုက်ခဲ့သဖြင့် ယခုနှစ်သည် နှစ်တစ်ရာပြည့် ဖြစ်၏ ဤကျူးကျော်မှုသည် 1945 ဒုတိယကမ္ဘာစစ် ပြီးဆုံးအချိန်တွင် အဆုံးသတ်ခဲ့သည်။(၀မ်းအိုဝမ်း)

Saturday, January 16, 2010

ဘိုဥာဏ်ဝင်းဆန္ဒပြပွဲဖျက်သိမ်းခဲ့မှုနှင့်ပတ်သက်၍

ယနေ့နံနက် ၈း၃၀ ခွဲမှစတင်၍ ယိုဆုယ(Yotsuya)ဘူတာအနီးရှိ New Otani Hotel တွင်ကျင်းပပြုလုပ်နေသော ၄ ကြိမ်မြောက် အရှေ့အာရှနှင့် လက်တင်အမေရိကားနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ့ဆုံဆွေးနွေးပွဲ(The 4th Forum for East Asia-Latin America Cooperation (FEALAC) Foreign Ministers’ Meeting)ကို နအဖနိုင်ငံခြားရေးဝန်ကြီးဆိုသူ ဘိုဥာဏ်ဝင်းတက်ရောက်၍ ၂၀၁၀ ရွေးကောက်ပွဲအပြင် မြန်မာပြည်ဆိုင်ရာနိုင်ငံရေးမူဝါဒများပြောကြားမည့်အပေါ် ကန့်ကွက်ဆန္ဒြုပမည့်အစီအစဉ် ဖျက်သိမ်းလိုက်ကြောင်းသိရသည်။
ဖျက်သိမ်းရခြင်းအကြောင်းအရင်းမှာ တရုတ်ကိုမုန်းတီးသည့် ဂျပန်လက်ယာအစွန်းရောက်( japan right wing)အဖွဲ့များမှ ကားကြီး ကားငယ်များနှင့်လှည့်လည်ကာ လာရောက်ဆန္ဒပြမည့်အတွက် လုံခြုံရေးအပြည့်ချထားမည်ဖြစ်ကြောင်း၊ ဂျပန်ရဲများမှ အသိပေးပြောဆိုလာသည့်အတွက် ဘိုဥာဏ်ဝင်းကို ကန့်ကွက်ဆန္ဒပြမှုအစီအစဉ်ကိုပါ Permit (ခွင့်ပြုချက်)မရသဖြင့် ဖျက်သိမ်းလိုက်ရကြောင်း မိုးသောက်ကြယ်သို့အီးမေးလ်ပေးပို့လာသည်။
အဆိုပါကိစ္စဟုတ်-မဟုတ်သိရှိလိုသည့်အတွက် မိုးသောက်ကြယ်အဖွဲ့မှ သတင်းဓါတ်ပုံတာဝန်ခံတစ်ဦးဖြစ်သူ ကိုမင်းညိုဝမ်းမှ ယနေ့နံနက် ၉း၃၀ မှ နေ့လယ် ၁၁း၀၀ နာရီအထိ ယိုဆုယဘူတာအနီးရှိ New Otani Hotel ရှေ့တွင် သွားရောက်စောင့်ကြည့်ခဲ့ရာ ဂျပန်ရဲများပြောဆိုခဲ့သည့် တရုတ်ကိုမုန်းတီးသည့် ဂျပန်လက်ယာအစွန်းရောက်( japan right wing)အဖွဲ့များ ကားကြီးကားငယ်များနှင့်လှည့်လည်ကာ ဆန္ဒြုပခြင်းမျိုးမရှိပေ။ ဘူတာရှေ့တွင် ပတ္တရောင်လည့်ကားတစ်စီးနှင့် ရဲနှစ်ဦးသာရှိပြီး ဟော်တယ်ရှေ့တွင် အစည်းအဝေးအတွက် လုံခြုံရေးချထားသည့် ဂျပန်ကား ၃ စီးသာရှိသည်။
(ဂျပန်နိုင်ငံတွင် တရုတ်လူမျိုး သန်း ၂၀ ကျော်ရှိသည်။ ယိုကိုဟားမားတွင် China Town တည်ထားသည်။ မကြာမှီ တိုကျိုမြို့၊ အိခဲဘုခုရို(Ikebukuro)ရပ်ကွက် အနောက်ဖက်အခြမ်းတွင် Tokyo China Town တည်ထောင်တော့မည်ဖြစ်သည်။ တည်ထောင်ဖို့အတွက်လည်း ခွင့်ပြုချက်ရရှိထားပြီဖြစ်သည်။ တရုတ်ကိုမုန်းတီးသည်ဆိုသည့် ဂျပန်လက်ယာအစွန်းရောက်ဆိုသူများ ကန့်ကွက်ဆန္ဒပြမှုပြုလုပ်သည့်ဆိုသည့် သတင်း သဲ့သဲ့မျှပင်မကြားမိ၊ မတွေ့ရှိသေးပေ။ ဂျပန်လက်ယာအစွန်းရောက်အဖွဲ့ဆိုသည်မှာ ဒုတိယကမ္ဘာစစ်တွင်စစ်ရှုံး၍ လက်နက်ချမှုကိုမကျေနပ်သည့်အဖွဲ့တခုဖြစ်ပြီး စစ်ဝါဒထူထောင်မှုကို တောင်းဆိုလိုလားသည့်သူများဖြစ်သည်။ ၎င်းတို့သုံးစွဲသည့်အလံမှာ စစ်အတွင်းအသုံးပြုခဲ့သည့် အဖြူရောင်ပိတ်စ နေ၀န်းနီအပေါ်တွင် အနီစင်းများချယ်ထားသည့်အလံသာဖြစ်သည်။)

ဂျပန်လက်ယာအစွန်းရောက်( japan right wing)အဖွဲ့များ(နမူနာပုံ-အင်တာနက်မှ)
ဘိုဥာဏ်ဝင်းကို ကန့်ကွက်ဆန္ဒပြဖို့အတွက် နှိုးဆော်ခဲ့သည့် JACအဖွဲ့မှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုသန်းဆွေမှ “ဂျပန်မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်ပါမယ်ဆိုပြီး ဖွဲ့ထားတဲ့ အဖွဲ့အစည်းပေါင်း ၃၀ ကျော်ရှိတယ်ဗျာ။ ကျနော်တို့JAC ဆိုတာအခုဆိုရင် ၁၇ ဖွဲ့ပဲရှိတော့တယ်။ စတင်ဖွဲ့စည်းစဉ်တုန်းက ဂျပန်မှာရှိသမျှအဖွဲ့အစည်းအားလုံးပါဝင်ခဲ့ကြတယ်။ နောက်တော့ မင်းသားကြီးမလုပ်ရရင် ပတ်မကြီးထိုးဖောက်ချင်တဲ့သူက ခပ်များများဆိုတော့ ငါမချယ်လှယ်ရလို့၊ ငါတို့အဖွဲ့ဦးဆောင်တာမဟုတ်လို့ ငါတို့လုပ်သမျှ သတင်းမီဒီယာတွေမှာ မထင်ပေါ်လို့ဆိုပြီး ခွဲထွက်ကုန်ကြတယ်။ JACမလုပ်ဖြစ်ပေမယ့် ကျန်တဲ့အဖွဲ့အစည်းတွေက လုပ်မလားဆိုတော့ တယောက်မှမလုပ်ကြဘူးဗျ။ အားလုံးက `လူနပ်ချမ်းသာ`လမ်းစဉ်နဲ့ `ထင်သာ မြင်သာ`လှုပ်ရှားမှုပဲကျင့်သုံးနေကြတယ်လေ။ အခုလိုပွဲမျိုးမှာ သွားပြီးဆန္ဒပြကြမယ်ဆိုရင် ဂျပန်ရဲနဲ့ ထိပ်တိုက်တွေ့ကြမယ်။ ပြသနာတက်နိုင်ချေရှိတယ်။ အဲဒီလိုမျိုးဖြစ်လာပြီဆိုရင် `လူနပ်ချမ်းသာ`အဖွဲ့တွေက ကျနော်တို့ကို အပြစ်တင်တဲ့လေသံနဲ့ပြောပြီ။ အဲ-အဆင်ပြေသွားလို့ ဆန္ဒပြခွင့်ရပြီဆိုရင်တော့ အဲဒီ့လူတွေပဲ အရှက်မရှိတဲ့မျက်နှာနဲ့ တိုင်းပြည်အတွက်၊ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဘာညာ ဘာညာဆိုပြီး ရှေ့ထွက်`အာ`ကြပြီ။ အဲဒီ့ကျရင် သူတို့ကထိပ်ဆုံးကပဲ။ ဂျပန်ရဲနဲ့ထိပ်တိုက်တွေ့မယ်ဆိုရင်တော့ ရှောင်ကြတယ်။ နောက်ဆုံးကျနော်မြင်တာကတော့ ဒီမှာရှိတဲ့လူတွေဟာ ဂျပန်ရဲနဲ့အဆင်ပြေချင်တဲ့လူတွေကများနေတယ်။ ဂျပန်ရဲငြိုညင်မှာကို ကြောက်ကြတယ်။ ဘာကြောင့်လည်းဆိုတော့ `ထင်သာ မြင်သာ`လှုပ်ရှားမှုလမ်းစဉ်(လမ်းလျှောက်ဆန္ဒခြင်း၊ အထိမ်းအမှတ်နေ့တိုင်း နအဖအခွန်ရုံးရှေ့ကြွေးကြော်ကန့်ကွက်ခြင်း၊ မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်ကိုကြည့်ပြီး အခါအားလျော်စွာ statement ထုတ်ခြင်း၊ လှုပ်ရှားမှုပြုလုပ်ခြင်းအစရှိသဖြင့်)တွေလုပ်ရင် ပါမစ် မရမှာစိုးရိမ်ကြတယ်လေ…”ဟု ယခုလိုရှင်းပြသည်။ ဆက်လက်၍ ”အခုဆိုရင် ဂျပန်မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအဖွဲ့အစည်း ၄၀ ရဲ့ရပ်တည်ချက်တွေနဲ့အတူ။ သူတို့ရဲ့သဘောထားတွေ၊ မူဝါဒလမ်းစဉ်တွေကို သိလောက်ပြီလို့ထင်ပါတယ်…”ဟု ပြောဆိုသည်။

JACတွင်ပါဝင်သည့် ပလောင်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်ကိုမိုင်ကျော်ဦးကတော့ ”ဒီပွဲဟာ ကျနော်တို့ကို ဂျပန်ရဲက ဆန္ဒပြပွဲမဖြစ်အောင်လှည့်စားလိုက်တဲ့လုပ်ရပ်ပါ။ နောက်ပြီး ဂျပန်အစိုးရသစ်ရဲ့ ပြောင်းလဲလာတဲ့နိုင်ငံခြားရေးရာမူဝါဒလို့ပြောရမလိုပေါ့ဗျာ။ ၂၀၁၀ ရဲ့အစမှာတောင် ဒီလိုခြေလှမ်းမျိုးလှမ်းလာနေပြီဆိုရင် ရှေ့လျှောက် ကျနော်တို့ရဲ့ဆန္ဒပြမှုတွေ၊ တောင်းဆိုမှုတွေကို လိုက်လျောမှာမဟုတ်တော့ဘူး။ တင်းကျပ်လာဖို့ပဲရှိတယ်။ နောက်ပြီး အရေးကြီးတဲ့ ၂၀၁၀ မှာတောင် ကျနော်တို့အချင်းချင်းမညီညွတ်ဘူး၊ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ညှိနှိုင်းလုပ်ဆောင်လို့မရဘူးဆိုရင် ဘာလုပ်လုပ်အောင်မြင်မှာမဟုတ်ဘူး။ ခင်ဗျားတို့သိတဲ့အတိုင်း ဂျပန်အစိုးရကလည်း ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံပြုပြင်ဖို့ထက်စာရင် ၂၀၁၀ ရွေးကောက်ပွဲကိုပဲ အမြန်ဆုံးပြီးပြတ်စေချင်တဲ့ဆန္ဒရှိတယ်..”ဟု ပြောဆိုသည်။
ယနေ့ကျင်းပသည့် ၄ ကြိမ်မြောက် အရှေ့အာရှနှင့် လက်တင်အမေရိကားနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ့ဆုံဆွေးနွေးပွဲသို့ ဘိုဥာဏ်ဝင်းနှင့်အတူ ဂျပန်ရှိ နအဖသံအမတ် ဘိုလှမြင့်လည်း တက်ရောက်ခဲ့သည်။ ညနေ ၄း၃၀ တွင် ရှင်နာဂါဝါရှိ မြန်မာအခွန်ရုံးသို့ ဘိုဥာဏ်ဝင်းနှင့်အဖွဲ့ အခွန်ရုံးမိသားစုများ၏ ဂါရ၀ပြုပွဲ(လက်ဆောင်ပစ္စည်းဆက်သပွဲ)သို့ တက်ရောက်ခဲ့ကြောင်းစုံစမ်းသိရှိရပြီး၊ ကန့်ကွက်ဆန္ဒပြမည့်သူ တစ်ဦးတလေမှမရှိကြပေ။

Friday, January 15, 2010

လူထုဦးလှ သို့မဟုတ် တစိမ့်စိမ့်အပြုံးပိုင်ရှင်


Written by ဇော်ခိုင်ဦး
Wednesday, 23 December 2009 08:50
၂၀၁၀ ဇန်န၀ါရီလထုတ် ရွှေအမြူတေမဂ္ဂဇင်းမှ
၁။
ခါတိုင်းလိုပါပဲ။ သံတံခါးနီကြီးရှေ့ ရပ်ပြီး တံခါးကို အသာအယာ ဆွဲဖွင့်ပြီး ပြန်စေ့၊ ထို့နောက် မြက်ခင်းစိမ်း နုလေးပေါ် ဖြစ်လျှောက်၍ စာကြည့်တိုက် တံခါးဝ အရောက်တွင် လက်နှိပ်စက်သံ တဖြောက်ဖြောက်ကို ကြားလိုက်ရသည်။
တိတ်ဆိတ်ခြင်းတို့ မင်းမူနေသော စာကြည့်တိုက်ထဲတွင် စာကြည့်တိုက်မှူး၊
လက်ထောက် စာကြည့်တိုက်မှူးတို့ကလည်း သူတို့ရဲ့ နေ့စဉ် အလုပ်နှင့် သူတို့ မအားလပ်ကြ။ မိမိကလည်း ထုံးစံအတိုင်း ထိုင်နေကျ ခုံလေးတွင် ၀င်ထိုင်ပြီး ဖတ်လက်စ စာအုပ် တချို့ကို သွေးနွေးသွားအောင် မိတ်ဆက်ရပြန်သည်။

သိပ်မကြာခင်မှာပဲ မိမိလည်း စာကြည့်တိုက်ကြီးထဲမှ အစိတ်အပိုင်း တစ်ရပ် ဖြစ်သွားခဲ့ပြီ။ တိတ်ဆိတ်ခြင်း အင်ဂျင်ဖြင့် ခုတ်မောင်း နေသော စာကြည့်တိုက်ကြီးထဲမှာ မိမိလည်း စီးမျော သွားခဲ့ရပြီဖြစ်သည်။ စာကြည့်တိုက်နှင့် ဝေးနေခဲ့ရသော ရက်စွဲများတွင် “စာဖတ်ခြင်း”ဆိုသော အလုပ်က လုပ်စရာ မလိုဘူးဟူ၍တောင် စိတ်ဝယ် ထင်နေခဲ့မိသည်။နေ့စဉ် မြို့ပြရဲ့ ကတ္တရာ လမ်းမပေါ် သူသူကိုယ်ကိုယ် ပြေးပြေးလွှားလွှား ကိုယ့်စားကျက်ကိုယ် ရှာနေရ စဉ်မတော့ စာကြည့်တိုက်ဆိုတာ သူတစိမ်းပမာ ဖြစ်ခဲ့ရဖူးသည်။ တသီးတသန့် အချိန်ရအောင် ယူပြီး စာကြည့်တိုက်ထဲ သွားထိုင်ဖြစ်လျှင်တော့ ဖတ်စရာ၊ မှတ်စု ထုတ်စရာ၊ ရေးချင်စရာတွေ မနည်းမနော ထုထည်ကြီးနှင့်ပါလား။

မြေညီထပ်တွင် မဂ္ဂဇင်း မျိုးစုံက သံစင်ကြီးများနှင့် အပြည့်အမောက်၊ တချို့မဂ္ဂဇင်းများဆို သူ့နေရာလေး တစ်နေရာရဖို့ မျက်နှာငယ်လေးဖြင့် တောင်းဆို နေရတာ မြင်နေရပြန်သည်။ အုတ်သား လှေကားထစ် အတိုင်း ပထမထပ် တက်သွားလိုက်ပြန်လျှင် စာအုပ် ပင်လယ်ကြီးက လှိုင်းတံပိုးထလျက် မိမိကို လက်ယက် ခေါ်နေပြန်သည်။

အနား တိုးကပ်ကြည့်လိုက်လျှင် စစ်ကိုင်း ဦးဘိုးသင်း၊ မြမျိုးလွင်၊ ရွှေဥဒေါင်း၊ မင်းကျော်၊ မောင်ထင်၊ စောဦး၊ ဒဂုန်တာရာ၊ မြသန်းတင့်၊ အောင်လင်း၊ ဒေါက်တာသန်းထွန်း၊ မောင်နေ၀င်း၊ သခင်ကိုယ်တော်မှိုင်း၊ မောင်မဲ၊ ဇ၀န၊ သိန်းဖေမြင့်၊ ဂျာနယ်ကျော်မမလေး၊ ခင်နှင်းယု၊ မိုးမိုး(အင်းလျား)၊ ဒဂုန်နတ် ရှင်၊ ဆန်းထွန်း(မန်းတက္ကသိုလ်)၊ တိုက် စိုး၊ သုခ၊ ဇော်ဂျီ၊ မင်းသုဝဏ် စာအုပ် စင်ကြီးတွေကို ရှေ့ကကြည့်လိုက် နောက်ကျောဘက်က ကြည့်လိုက်ဖြင့် မောလှပါပြီ။ ဖတ်စရာတွေ၊ ဖတ်စရာတွေ တောင်ပုံရာပုံ။ ဒုတိယထပ်မှ တတိယ ထပ်သို့ ခပ်ဖွဖွ တက်ဖြစ်ခဲ့ပြန်ပြီ။

သားရေနက်ဖုံးကြီးများဖြင့် အခန့်ချုပ် ထားသော လက်တစ်တောင်မက ရှည်လျားပြီး လစဉ်အလိုက် သေသပ် ကျနစွာ စည်းနှောင် ချုပ်လုပ်ထားသော သတင်းစာကြီးများ ပေါင်းချုပ်။အဟောင်းအမြင်း ရနံ့က ကြိုင်လွင့် ပျံ့သင်းနေသည်။ သမိုင်း စာမျက်နှာများကို ပြောပြနေသည့် ထိုသတင်းစာကြီး များကို အသာအယာပင် လှန်လှောပြီး တစ်ရွက်ချင်း၊ တစ်ရွက်ချင်း ခပ်ဖွဖွ။ စာရွက်ခတ်သံ၊ လွန့်သံတို့ကိုပင် ကျယ်ကျယ်လောင်လောင် ကြားနေခဲ့ရသည်။ နီနီရဲရဲ စာလုံးလေးက ထင်းခနဲ ပေါ်လာသည်။ လူထု...လူထုဂျာနယ်၊ လူထု သတင်းစာ...နှစ်ပရိစ္ဆေဒ ကြာမြင့်မှု၊ မှုန်ဝါးမှု အတိတ်ကားချပ်များအောက်မှ ရုန်း ထလာသည်၊ လာနေသည်ဟု စိတ်ဝယ် ထင်မြင်နေရသည်။

၂။
၁၉၉၀ နှင့် ၁၉၉၅ ကြားကာလ၊ မန္တလေး တက္ကသိုလ် ကျောင်းသား ဘ၀က မိမိဆရာ ဦးစိန်သီးဦးနှင့် ညစဉ်လိုလို တက္ကသိုလ် ထိပ်နားက ကာချိုဆိုင်လေး မှာ ထိုင်ဖြစ်ကြသည်။ စကားဦးတည့် ရာပြောရင်း စနေစာပေ၀ိုင်း အကြောင်းသို့ စကားဆိုက်သည်။ ဆရာက စီးကရက်တစ်ဖွာ မျှဉ်းရှိုက်ပြီး လူထု ဦးလှ (သို့မဟုတ်)
ဦးလေးလှ အကြောင်း ပြောပြတတ်သည်။ “ကိုယ် ရတနာပုံ သတင်းစာ ဂဏန်း ၁၊ အတွဲ ၁ ကိုတွေ့တော့ ဟံသာဝတီ သတင်းစာတိုက်၊
စနေစာပေ၀ိုင်းမှာ MA ကျောင်းသားဆိုတာ ဒီလိုမှပေါ့လို့ ဦးလေးလှက ကိုယ့်ပခုံးကို ကိုင်ပြီး ပြောခဲ့တဲ့ စကားသံ အခုထိ ကြားယောင်နေတုန်းပဲကွာ”
ဆက်ပြီး ဆရာက ပြောပြန်သေးသည်။

“တစ်နေ့ ဘယ်သူက ပါမောက္ခကို ချွန်တွန်းသွား လုပ်လည်း မသိပါဘူးကွာ။ ကိုယ့် သတိပေး ခံခဲ့ရတယ်။ မင်း ဒေါက်တာ သန်းထွန်းရဲ့ ကျောက်စာသင်တန်း သွားတက်တယ်။ လူထုဦးလှ ဒေါ်အမာတို့အိမ် ရေထွက် မတတ်သွားနေတယ်။ စာရေးတာတောင် စကားပြောသလို လိုက်ရေး နေတယ်နဲ့ ပြောကြတယ်။

လူထု ဦးလှတို့က လူကောင်း၊ လူတော်တွေကွ။ စိတ်ကောင်း နှလုံးကောင်းလည်း ရှိကြတယ်။ သူတို့ ဘေးက လူတချို့ကိုတော့ မင်းကြည့်ပေါင်း နိုင်ငံရေးတွေ၊ ဘာတွေ သွားမရှုပ်နဲ့ ကြားလား” ဆရာ့ရဲ့ပါမောက္ခက ပုဂ္ဂိုလ်စွဲသာ ရှိခဲ့ရင်၊ အမြင် မကြည်လင်ခဲ့ရင်၊ အသိအမှတ်ပြု မထားခဲ့ရင်၊ လူထုဦးလှတို့ရဲ့ သဘောထားတွေကို မထောက်ခံခဲ့ရင် ဆရာတို့ MA ဘွဲ့ရခဲ့ကြမှာ မဟုတ်ဘူးဆိုတာပါ ဆရာက ဖြည့်စွက် ပြောသွားခဲ့သည်။ တက္ကသိုလ် ၀င်းထဲရှိ တမာ တောအုပ်မှ တမာရနံ့ သင်းပျံ့သော လေပြည်ညင်းက အချိန်အခါမဲ့ တိုက်ခတ်သွားသည်။ ဆရာနှင့် ဆုံတိုင်း လူထု ဦးလှ၊ လူထု ဒေါ်အမာတို့ အကြောင်း စဉ်ဆက်မပြတ် ကြားနေခဲ့ရသည်။ ခက်သည်က မိမိ ဘ၀မှာ လေ့လာခဲ့သော စာပေ အများစုမှာ လုံးချင်း ၀တ္ထုများ၊ ရသကဲ လွှမ်းသော ဆောင်းပါးများ အဖတ်များ ဖြစ်ခဲ့တော့ အမှန်အတိုင်း ၀န်ခံရလျှင် လူထု ဒေါ်အမာ၏ ပြည်သူ ချစ်သောနှင့်သာ ရင်းနှီးဖူး ပြီး ဦးလေးလှ၏ စာများကို တရှိုက်မက်မက် မဖတ်ဖြစ်ခဲ့ခြင်းကိုတော့ ၀န်ခံလိုပေသည်။

ကောင်းပြီ၊ ဒါဆို လူထုဦးလှနှင့် ပတ်သက်ပြီး ဘယ်မှာ သွားငြိသနည်း ဆိုတော့ လူထု ချစ်သမျှ လူထု ဦးလှထဲက မိမိ အလွန် အင်မတန်မှ အားကျ ကြည်ညိုရသော ဆရာ မြသန်းတင့်၏ ဦးလှလျှောက်ခဲ့သော လမ်းပင် ဖြစ်သည်။ ဆရာ မြသန်းတင့်က လူထုဦးလှ၏ SKETCH ကို “ဦးလှရုပ်ပုံလွှာသည် ပန်းစကြာ မှန်ပြောင်းကို ကြည့်ရသလို အရောင်အသွေးအစုံ၊ အနေအထားစုံသည့် ရုပ်ပုံလွှာ ဖြစ်ရာ ဦးလှ အကြောင်းကို ထောင့်စုံအောင် မရေးနိုင်ပါ။
ဦးလှသည် ကြီးပွားရေး မဂ္ဂဇင်းကို ထုတ်ဝေသူ၊ တည်းဖြတ်သူအနေဖြင့် နယ်ချဲ့ဆန့်ကျင်ရေးနှင့် ခေတ်ပြောင်းတော်လှန်ရေးကို မျိုးစေ့ ချခဲ့သူတစ်ဦး။ ထိုမျှမက ခေတ်စမ်း စာပေလောကနှင့် အပြင် စာပေလောကတို့ကို လည်း ပေါင်းစည်း ပေးနိုင်ခဲ့သူ တစ်ဦး ဖြစ်သည်။

နောက်ကားချပ်မှာ ဂျာနယ် ဆရာ၊ သတင်းစာဆရာ ဦးလှ။ ဦးလှက လူထု ဂျာနယ် ထုတ်သည်။ ထိုမှစ၍ ကြီးပွားရေး ဦးလှဟူသော အမည် ပျောက်ကာ လူထု ဦးလှဟူသော အမည်ကို ရလာသည်။ ထို့နောက် လူထု သတင်းစာ ထုတ်ဝေသည်။ စင်စစ် ဦးလှသည် ပျားတစ်ကောင်ကဲ့သို့ အလွန် အလုပ်များသူ ဖြစ်သည်။ သတင်းစာ ထုတ်တုန်းကလည်း သတင်းစာသမား တို့ထုံးစံ ခေါင်းကြီးရေးရ၊ ကြေးနန်း သတင်းတည်းဖြတ်ရ၊ နယ်သတင်းတွေ လည်း တည်းဖြတ်ရနှင့် အားရသည်ဟူ၍ မရှိ။ သတင်းစာ ရပ်လိုက်သည့် အခါတွင်လည်း လူမှုရေး ကိစ္စတွေ တစ်ပုံ တစ်ပင်၊ လူအိုရုံ ကိစ္စ၊ ဆေးရုံ ကိစ္စ၊ မြို့ကိစ္စ၊ ရပ်ရွာ ကိစ္စတွေနှင့် အမြဲ အလုပ်များ နေတတ်သည်။ ထိုသို့ အလုပ်များနေ သည့်ကြားမှ လာသမျှ ဧည့်သည်ကိုလည်း ဧည့်ဝတ် ကျေအောင် လုပ်နိုင်သေးသည်။ ဦးလှ အကြောင်း ရေးလျှင် လူမှု ကောင်းစားရေးကို ရှေ့ရှု ဆောင်ရွက်သည့် ပရဟိတ ၀ါဒီတစ်ဦး အနေဖြင့် ရေးလျှင် ရေးစရာတွေ အများကြီး။

ကျွန်တော်သည် လူတစ်ယောက်ကို ကြည့်မြင်ရာတွင် ၇၀^ ၃၀ စံချိန်ဖြင့် ကြည့်ပါသည်။ လူတစ်ယောက် ၇၀ ရာခိုင်နှုန်း ကောင်းပြီး ၃၀ ရာခိုင်နှုန်းဆိုး လျှင် ထိုလူသည် လူကောင်း။ လောကတွင် ပြည့်စုံသည် ဟူ၍ မရှိပါ။ ဦးလှ တွင် ချွတ်ယွင်းချက်၊ အားနည်းချက်များ ရှိကောင်း ရှိပါလိမ့်မည်။ သို့ရာတွင် ထိုအားနည်းချက်၊ ချွတ်ယွင်းချက်များ သည် ၃၀ ရာခိုင်နှုန်းပင် မရှိပါ။ ဦးလှ၏ အားကောင်းချက်သည် ၇၀ ရာခိုင်နှုန်း ထက် အများကြီး ပိုပါသည်” ဟူ၍
တို့ထိထားခဲ့သည်။

လူထုဦးလှ ဆိုသူမှာ ဤသို့ပါတကားဟု စတင် စိတ်ဝင်စား လာခဲ့ရသည်။ တစ်ရက် မြို့ထဲရှိ လမ်းဘေး တက္ကသိုလ်မှ စာအုပ်တစ်အုပ် ရသည်။ လူထုဦးလှ၏ လေနှင့်အတူ ဆိုသည့် စာအုပ်။ ဦးလှသည် ပုဒ်မ ၅ ဖြင့် အဖမ်းခံနေရစဉ် ထောင်တွင်း၌ လူငယ် တစ်ဦးနှင့်သိကျွမ်း၍ အနာဂတ် လူငယ်များ အကျိုးအတွက် ထိုလူငယ်၏ ဘ၀ ဇာတ်ကြောင်းကို ပြောခိုင်းသည်။ ထိုအခါ လူငယ်က သူ၏ အိမ်ပြေးဘ၀၊ အလစ်သုတ်သမား ဘ၀၊ ဖောက်ထွင်း ခါးပိုက်နှိုက် ဘ၀၊ ဖဲရိုက်၊ ဆေးခြောက် ရှူပြီး ထောင်အကြိမ်ကြိမ် ကျသော အဖြစ်များ၊ သမာအာဇီဝ အလုပ် အနည်းငယ်သာ လုပ်ပြီး ဒုစရိုက် ကျူးလွန်မှုများဖြင့် လွင့်မျောနေသောဘ၀ကို ရေးဖွဲ့ထားသော ၀တ္ထု ဖြစ်နေသည်။ မိမိမှာ ထိုဝတ္ထု ဖတ်ပြီး ပတ်ဝန်းကျင်ကို အလန့်တကြား ကြည့်မိခဲ့သည်။ ဘ၀ဆိုတာ ဒါမျိုးတွေ လည်း ရှိနေတာပါလားဟု အသိရလိုက် သည်။ ထိုစာအုပ်လေး သွားလေရာ တကိုင်ကိုင်ဖြစ်နေစဉ် ဦးလေးသန်းညွန့် က လူထုဦးလှ ထောင်ထွက်လာတော့
ထောင်စာအုပ် ၉ အုပ်ပါလာခဲ့တယ်ကွ ဟု ဆိုရာ မိမိမှာ ကျန်သည့် ထောင် စာအုပ်များကို လိုက်စုဆောင်းရပြန် သည်။

ဤသို့ဖြင့် မန္တလေးမြို့ လမ်းဘေး တက္ကသိုလ်များမှ ထောင်နှင့် လူသား ထပ်ရပြန်သည်။ ထိုစာအုပ် တွင် ထောင်ကျ ၁၂ ယောက်တို့၏ ဘ၀ကို မိဘမျိုးရိုးမှ စ၍ လူ့ဘ၀ ရောက်လာပုံ၊ ပညာသင်ယူပုံ၊ လူ့လောကတွင် ကြီးပြင်း လာခဲ့ရပုံ စသည်တို့ကို မေးမြန်း မှတ်သားခဲ့ပြီး မူရင်းအတိုင်း အသေး စိတ်တင်ပြထားသည်။ ထိုထောင်ကျ များထဲမှ “ကိုသုခ” ကို ယနေ့တိုင် အမှတ်ရ နေမိသည်။ ဗိုလ်ချုပ်အောင် ဆန်းတို့ကို ဦးစော လုပ်ကြံရာတွင် ပါဝင်ခဲ့သူ အကြောင်း ဖြစ်နေသည်။

ထို့ နောက် “အမြ”၊ အမြကတော့ အချစ် ဆန်းကြောင့် သေဆုတောင်းခဲ့သူ ဖြစ်နေ ပြန်သည်။ သို့ဖြင့် လူထုဦးလှ၏ ထောင် စာအုပ် ၂ အုပ် ဖတ်ခွင့်ရလိုက်ပြီ။ လှောင်ချိုင့်တွင်းမှ ငှက်ငယ်များကိုတော့ မျက်နှာဖုံးပင် မပါတော့ဘဲ အနှောင့်များ ပြုတ်ထွက်လျက် ညဈေးတန်းမှ ရလိုက်ပြန်သည်။ ဇနီးနှင့် သားသမီး များသို့ ထောင်တွင်းမှ ပေးစာများကို ကျုံးဘေး စာကြည့်တိုက်မှ ငှားရမ်း ဖတ်ရှုခဲ့ရသည်။ ဦးလှ ရန်ကုန်ထောင်ကြီး၌ ၁၉၅၃ အောက်တိုဘာ ၇ ရက်မှ ၁၉၅၇
ဇန်န၀ါရီ ၁၄ ရက်ထိ ၃ နှစ်ကျော် အဖမ်းခံ နေရစဉ်အတွင်း မန္တလေးရှိ ဇနီးနှင့် သားသမီးများထံသို့ ပေးပို့သော စာ စုစုပေါင်း ၅၁ စောင်ကို စုပေါင်းပုံနှိပ် ထားခြင်းဖြစ်သည်။ ဖတ်ခဲ့ရသော စာအုပ်များထဲမှ တစ်မူ ဆန်းသစ်သော စာအုပ်လေးဟု မှတ်မှတ်သားသား ဖြစ်နေခဲ့ရပြန်သည်။ အားလုံး ကောင်းကြရဲ့လား၊ ရဲဘော်နှင့် မောင်ကြီးနှမ၊ စစ် အချစ်နှင့်ထောင် သုံးအုပ်ကို တစု တစည်းတည်း လမ်း ၃၀၊ ဒေါင်းအိုးဝေ စာပေမှ ရလိုက်သည်။ ထောင်စာအုပ် များက
ဖတ်လက်စ ဖြစ်နေ၍ ထိုသုံး အုပ်ကို ဆက်တိုက် ဖတ်ဖြစ်ခဲ့သည်။ ရဲဘော်နှင့် မောင်ကြီးနှမတွင် ဗမာ့ လွတ်လပ်ရေး တပ်မတော်သို့ ၀င်ရောက်ပြီး တိုင်းပြည် လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်ခဲ့သော မြိတ်မြို့နယ်က လူငယ် ရဲဘော်တစ်ဦးနှင့် မန္တလေး မြို့ဈေးချိုဆိုင် တစ်ဆိုင်က မိန်းမပျို တစ်ဦးတို့၏ အချစ် ဇာတ်လမ်းလေး ဖြစ်နေသည်။

ထူးခြားချက်က ထိုဝတ္ထု ထဲတွင် ရှေးဟောင်းမြန်မာ့ စစ်တိုက် နည်းများနှင့် မင်းတုန်းမင်း၊ သီပေါမင်း ခေတ် နန်းတွင်း အရေးတော်ပုံများ အကြောင်း ပါဝင် နေပြန်သည်ကို မှတ်သားခွင့် ရလိုက်ပြန်သည်။ စစ်အချစ်နှင့် ထောင်မှာ ဗြိတိသျှ အစိုးရခေတ် ၁၉၃၀ တစ်ဝိုက် ဆိုးဝါးသော စီးပွားရေး စနစ်အောက်တွင် တောင်သူ လယ်သမားများ ဘေးဒုက္ခ ရောက်ကြရပုံများ၊ စစ်ဘေးဒဏ်ခံကြရပုံများ၊ စစ်ပြေး ဒုက္ခသည်များနှင့် အိန္ဒိယသို့ ထွက်ပြေးကြပုံ များနှင့်
လမ်းခရီးတွင် ဒုက္ခ ရောက်ကြ ရပုံများ၊ ဒုက္ခများ ကြားထဲမှ တွေ့ကြုံဆုံ ကွဲရသော လူငယ် တစ်ဦး၏ အချစ်ရေး၊ ထိုလူငယ် ဓားပြမှု ကြီးဖြစ်ပွားကာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ် ပေးခံရ၍ ရန်ကုန်ထောင်ကြီး အတွင်း၌ တွေ့ကြုံ ခံစားရပုံများ အပြင် “ထောင် ဝေါဟာရ”အချို့ကို ပုံနှင့်တကွ ရှင်းပြ ထားတာပါမြင်ရ၊ ဖတ်ခဲ့ရသည်။ စစ်ပြီး စက ထောင်တံခါး နှင့် မနီးတဲ့ ဘ၀ခရီး နှစ်အုပ်ကိုတော့ နောင်ကာလများစွာ လွန်မြောက်ပြီးမှ ဘုန်းကြီး တစ်ပါးက စွန့်ကြဲ၍ ရခဲ့လိုက်သည်။

ဤသို့ဖြင့် လူထု ဦးလှ ရေးသား ပြုစုခဲ့သော ထောင်စာအုပ် ၉ အုပ်ဖတ်ခွင့်၊ ပိုင်ခွင့် ရခဲ့ပြန်သည်။ လူထုဦးလှ ဆိုသည့် စာရေး ဆရာကြီးမှာ ရောက်ရာ အရပ်တွင် စာရေးသား မှတ်တမ်း တင်နိုင်သော ပုဂ္ဂိုလ်ကြီး ဟူ၍ တစ်ဆင့်တိုးပြီး စိတ်ဝင်စားမှု မြင့်လာခဲ့ရသည်။

၃။
မိမိ မျက်စိ ရှေ့မှောက်မှ အဖြူ အမည်း ဓာတ်ပုံများက တချို့ဆိုလျှင် ကြေးဝါရောင်ပင် သန်းစပြုနေပြီ။ ဓာတ်ပုံများကို စနစ်တကျ သူ့အစီအစဉ် အတိုင်း တစ်မျက်နှာတိုင်းတွင် ကပ်ထားသည်ကို တွေ့ရသည်။ ဓာတ်ပုံ စာအုပ် ဟုဆိုလျှင် မှန်မည်။ ဓာတ်ပုံအယ်လ် ဘမ်ဟူ၍ ခေါ်ရမည် မထင်။ မိသားစု ပိုင်စာအုပ်ဆိုတော့ ကိုယ့်စိတ်တိုင်းကျ ချုပ်ထားသော အနံတို၊ အလျားရှည်သော ဓာတ်ပုံ စာအုပ်။ လူထုဦးလှ ဖြတ်သန်းခဲ့သော ပုံရိပ်များကို ဟန်အနေ အထား
အမျိုးမျိုးဖြင့် တွေ့ရသည်။

ဆရာကြီး သခင် ကိုယ်တော်မှိုင်းပုံ နောက်ခံ ကားချပ်ရှေ့မှ ဟောပြောနေသော လူထုဦးလှ။စာဆိုတော်နေ့ အခမ်းအနား တစ်ခုမှ ပါမောက္ခချုပ် ဦးကျော်ရင်နှင့် တွဲထိုင် နေသော လူထုဦးလှ။ လေယာဉ် ကွင်းထဲမှ ပန်းကုံး တဝေေ၀နှင့် ပြုံးနေသော လူထုဦးလှ။ ဆရာတော် ရွှေတိုင်းသားက ပေ၊ ပုရပိုက် ကြည့်နေစဉ် နံဘေးမှ မှတ်စု လိုက်နေသော လူထုဦးလှ။

ရှုမ၀ဦးကျော်နှင့် ဦးသုခတို့ အလယ်မှ ရယ်မောနေသော လူထုဦးလှ။ ဆရာဇော်ဂျီနှင့် အတူ ကြမ်းပြင်ပေါ် တူညီစွာ ထိုင်ပြီး နှစ်လိုသော အပြုံးနှင့် လူထုဦးလှ။
မင်းကွန်း ခေါင်းလောင်းကြီး၊ ပုထိုးတော်ကြီး၊ မြသိန်းတန် စေတီတို့ ရှေ့မှ လူထု ဦးလှ။ သိန်းဖေမြင့်၊ ဇ၀နတို့နှင့် အတူ စားသောက် ပြီးခါစ လူထုဦးလှ။
မြမျိုးလွင်၊ ဒီဆူဇာဦးခင်ဇော်၊ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်တို့နှင့် လူထုဦးလှ။ စစ်ကိုင်း တံတားပေါ်မှာ မိတ်ဆွေများနှင့် အတူ လမ်းလျှောက် လာနေသော လူထု ဦးလှ။ စစ်ကိုင်းကောင်းမှုတော် မုခ်ဝရှေ့ မှ ဒဂုန်နတ်ရှင်၊ ဇ၀န၊ သုခတို့နှင့် လူထုဦးလှ။ ပေါ်ဦးသက်၏ သခင်ကိုယ်တော်မှိုင်း ပန်ချီကားရှေ့မှ မောင်သစ်လွင်(လူထု)၊ ပန်းချီပေါ်ဦးသက်၊ မြဇင်၊ လူထုဒေါ်အမာတို့နှင့် လူထုဦးလှ။

မင်းရှင်၊ သန်းဆွေ၊ မြမျိုးလွင်တို့နှင့် လူထု ဦးလှ။ ပုဂံသရပါတံခါးဝက လူထု ဦးလှ။ မောင်သာနိုး၊ တင်မိုးတို့နှင့် လူထု ဦးလှ။ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ၏ ကျောင်းလေးပေါ်မှ လူထု ဦးလှ။ ဦးဆန်းထွန်း (မန်းတက္ကသိုလ်)၊ မင်းကျော်၊ မောင်ဆုရှင်၊ တက်တိုးတို့နှင့် လူထုဦးလှ။
သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက သဘောတကျ လှမ်းကြည့်နေစဉ် စိတ်ပါလက်ပါ ဟောပြောနေသော လူထု ဦးလှ။
အမှတ်တရ လက်မှတ်ရေးထိုးပေးနေသော လူထု ဦးလှ။ ဓာတ်ပုံစာအုပ် စာမျက်နှာများကို လှန်လှော မိနေစဉ် မိမိမှာ လူထုဦးလှတို့ နံဘေး ရောက်နေသလို
စိတ်ဝယ်အောက် မေ့နေမိသည်။ ပန်းစကြာ မှန်ပြောင်း ကြည့်နေရသလို အရောင်အသွေး စုံလှသည့် လူထုဦးလှကို မြင်တွေ့နေရ သည်။

၎။
လူပြောသူပြောများဖြင့် လူထုဦးလှ အကြောင်း ဟိုတစ်စ၊ ဒီတစ်စကြား ခဲ့ရစဉ်က လူထု ဦးလှသည် ကိန်းကြီးခန်းကြီး နိုင်သည် ဟူသော စကားပင် ဖြစ်သည်။ လမ်းဘေး လက်ဖက်ရည်ဆိုင် မထိုင်၊ လမ်းဘေး လက်ဖက်ရည် မသောက်၊ မိသားစုနှင့် အတူ စမတ်ကျကျ စားတတ်၊ သောက်တတ်ပြီး ဆေးလိပ်၊ ကွမ်း၊ အရက် ရှောင်ကြဉ်ခဲ့သော သူဟု သိရပြန်သည်။ မိမိတို့က စာရေးဆရာဆိုတာ မျိုးစုံရမည် ဟူသော အထင်မှား မျိုးကို တစ်ချိန်က လက်ခံခဲ့ဖူးသည်။

သို့သော် သူ အင်မတန် ခင်မင်သော စာရေး ဆရာ၊ ဒါရိုက်တာ သုခကမူ ကွမ်းတမြုံ့မြုံ့ အမြဲနေတတ်သည်။ ဦးသုခ ကွမ်းစားတာ မြင်လျှင် ဦးလှက မနှစ်မြို့ အမြဲ ဝေဖန်တတ်သည်။ ကွမ်းယာကုန်လို့ ဦးလှရှေ့များ တစ်ယောက်ယောက် ၀ယ်ခိုင်းရင် “ဟင် ခင်ဗျားဥစ္စာကလည်း”ဆိုပြီး မတင်မကျ စကားမျိုးဖြင့် အပြစ်တင်တတ်သူ ဖြစ်သည်။ ထိုသို့ အပြစ်တင် စကားဆိုခဲ့သူ ဦးလှက တစ်ခါ အမရပူရ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ပျံလွန်တော်မူတော့
“ဈာပန သတင်းကား” ရိုက်ဖို့ ရန်ကုန်ရှိ ဦးသုခကို ဖလင်ပေ ၄၀၀၀ ယူပြီး အမြန်လာခဲ့ဖို့ လှမ်းခေါ်သည်။ ဦးသုခက ဆရာတော်၊ သံဃာတော်ပေါင်း များစွာနှင့် လူပရိသတ် များကို ရိုက်ချက် တစ်ကွက်ပြီး တစ်ကွက် ဖျိုးဖျိုးဖျပ်ဖျပ် စေ့စေ့စပ်စပ် အပြေးအလွှား ရိုက်နေတော့ ဦးလှက သဘောကျပြီး နံဘေးမှ ကြည့်နေခဲ့သည်။ ပြီးတော့ ဦးသုခ ပင်ပန်းတာကိုလည်း သတိပြုမိလာရသည်။ ထိုအခါ ဦးသုခ အနားကို သုတ်သုတ်လေး ပြေးကပ်လာတဲ့ပြီး...
“ကိုသုခရေ ခင်ဗျားဖို့ ကျွန်တော် ကွမ်းယာလေး ပြေးဝယ်လိုက်ဦးမယ်” ဟု ပြောသည့် အခါ ဦးသုခမှာ တအံ့ တသြနှင့်။ ကွမ်းစားတာကို အမြဲဝေဖန် တိုက်ဖျက်နေသော ဦးလှသည် ဦးသုခ ၏ အစွဲအလမ်း ရသ တဏှာကို အလို လိုက်ခွင့်ပြုရုံ သာမက ကလေးသူငယ် များလို သူကိုယ်တိုင်ပင် ပြေးဝယ်ပေး လိုက်ဦးမည်ဟု ဆိုခဲ့ဖူးသည်။

လူထု ဦးလှအပေါ် မိမိ ထင်မြင် ထားခဲ့သော အထင်မှား ကိစ္စ ထိုအကြောင်းဖြင့် ကြေပျက်ခဲ့ရပြီ။ ထို့နောက် လူထုဦးလှ “အားနာပုံကြီး လိုက်ပုံများ”ကို ဆရာတော် ရွှေကိုင်းသား၏ မေ့မရတဲ့ ကိုလှ ဆောင်းပါးထဲတွင် အံ့အားတသင့် တွေ့လိုက်ရသည်။ မြန်မာတွေ အားနာတတ်လိုက် ပုံကတော့ ကိုလှကိုသာ ကြည့်ပေတော့ လို့ ဆရာတော်က ဆိုပြီး သူ့ရင်ထဲမှာ သေရတော့မယ့် ဝေဒနာကြီး ခံစားနေချိန်မှာပင် သူ့ဆီကို ဟိုအဝေးကြီးကနေ လာရသောသူ
(ဂျပန်ဧည့်သည်)ဆိုပြီး အားနာ၍ ကြိုးစားပြီး ဧည့်ခံ နေခဲ့သည်။ မတတ်သာသည့် အဆုံးမှ ပါးစပ်ထဲက သွေးများ အန်ကျပြီး ဧည့်ဝတ်မကျေ သလိုဖြစ်ရသည်။ ထိုကိစ္စ သူ့ကိုပြန်ပြော ခွင့်ရရင် သူ့ဧည့်သည်ကို သူကကောင်း မွန်စွာ ဧည့်မခံရတဲ့ အတွက် “အားနာ လိုက်တာ ခင်ဗျာ”လို့ပြောပြီး တောင်းပန် ဦးမှာ သေချာသည်ဟု ဆိုထားသည်။

ထိုနေ့က ယပ်ဝင်းထဲမှ လူထုမောင်နှံတို့ တရားနာပြီး ပြန်လာစဉ် တိုက်၌ ရပ်ဝေး ဧည့်ရောက်နေသည်ကို တွေ့ရ၏။ ဓမ္မာရုံမှ ပြန်လာစဉ်ကတည်းက ခေါင်းမူးသည်ဟု လူထု ဒေါ်အမာအား ပြောနေသည် ဟုဆိုသည်။ သို့သော် လူထုတိုက်ထဲ ရောက်တော့ ဧည့်သည်မြင်ပြီး သူ့ ဝေဒနာကို ချုပ်တည်း၍ ဧည့်ခံစကား ပြောရင်း ယင်းသို့ ဖြစ်ခဲ့ရရှာသည်။ အလွန်ပင် တစ်ဖက်သား အပေါ်ဝန်တာ ကျေပွန် လွန်းရှာသော လူထု ဦးလှ ပုံရိပ်ကို ရင်နာစွာဖြင့် မြင်လိုက်ရပြန်သည်။

ဖဆပလခေတ် ၀န်ကြီးချုပ် ဦးနုသည် တစ်ချိန်က ဦးလှ အတော် ဒုက္ခရောက် သွားခဲ့ရခြင်း (၁၉၅၃-၅၇ ရန်ကုန် ဗဟို စံပြထောင်မှာ ၃ နှစ် ၃ လနဲ့ ၇ ရက် နေခဲ့ရမှုအပေါ် ဆိုလိုသည်)၏ နံပါတ် ၂ တရားခံသည် သူပါပဲဟု ပြည်ထောင်စု လမ်းသွယ်က ဆောင်းပါး ထဲတွင် ၀န်ခံထားပြန်သည်။ ဦးလှသည် လူကောင်းပါ၊ ဒီလို မလုပ်ကြပါနဲ့ကွာဟု သူတားမယ်ဆိုရင် တားနိုင်ခဲ့သော်လည်း ထိုစဉ် အခါက သူတုံဏှိဘာဝေ လုပ်မိ နေခဲ့သည်။ နောင် ထိုဒုက္ခတွေ ကြားမှ
ဦးလှ လွတ်မြောက်သွားပြီး မကြာခင်ပင် ဦးနု တစ်ယောက် မန္တလေး ခဏ ရောက်သွားခဲ့သည်။ ရောက်ရောက်ချင်းပင် ဦးနုနှင့် ခဏလောက် တွေ့ပါရ စေဆိုသည့် ဦးလှ၏ စာတစ်စောင် ရောက်လာသည်။ အမှန် ဆိုရလျှင် ဦးလှကို တွေ့ရန် ဦးနုမှာမျက်နှာ အင်မတန် ပူနေခဲ့သည်။ သူရောက်လာပြီး “ကိုကြီး နု၊ ကျွန်တော့်ကို ဒုက္ခ ရောက်အောင် လုပ်တာ ကျွန်တော် ၀မ်းနည်းပါတယ်” ဆိုသည့် စကားမျိုး ပြောမည်ဟု တွက်ထားရာ ဦးလှသည် ရောက်လာပြီး ပြန်သာ သွားရော ထိုအကြောင်းနှင့် ပတ်သက်ပြီး တစ်ခွန်း တစ်ပါဒမျှ ပြောမသွားခဲ့ပေ။ ဦးလှ ပြန်သွားမှ ဦးနုသည် တစ်ယောက်တည်း ထိုင်ရင်း “ကိုလှကို ငါ သွားလုပ်မိတာ အင်မတန် မှားတယ်၊ “ကာလ၀ိပါက် နောက်ပိုးတက်တယ်”
ဆိုတာလို ဒီကိစ္စဟာ ဒီလိုနဲ့ ပြီးမှာ မဟုတ်ဘူး။ တစ်နည်းနည်းနဲ့ ငါပြန်ခံ ရလိမ့်မယ်” တွေးရင်း ဦးနုသည် ၀ဋ် ဆင်းရဲတွေရဲ့ဘေးကို မြင်လာပြီး အကြောက်ကြီး သိပ်ကြောက် နေခဲ့မိသည်။

နောက်တစ်ကြိမ် ဦးလှနှင့် ဆုံရင် ဒီအကြွေးကို ငါအတင်း ဆပ်မယ်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ ဤသို့ဖြင့် နောက်တစ်ခါ မန္တလေး ရောက်သွားပြန်
တော့ ပြန်မည့်နေ့မှာ လိုက်ပို့ကြသည့် မိတ်ဆွေများကို နှုတ်ဆက်ရင်း ဘူတာရုံ၏ ထောင့်တစ်ထောင့် ခပ်လှမ်းလှမ်းမှာ ဦးလှ ရပ်နေသည်ကို ဖျတ်ခနဲ တွေ့လိုက် ရသည်။ တွေ့သည်နှင့် တစ်ပြိုက်နက် ဦးလှကို “ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကိုလှ ဒုက္ခရောက်အောင် ကျွန်တော် လုပ်ခဲ့တဲ့ အပြစ်ဟာ မသေးပါဘူး။ အင်မတန် ကြီးမားပါတယ်။ တောင်းပန်ပါတယ်”အစရှိသည့် စကားများကို ပြောရုံမျှနဲ့ အားမရဘဲ နောက်ဆုတ်သွားသည့် ဦးလှထံပါး တဖြည်းဖြည်း တိုးကပ်ပြီး
အတင်း လိုက်ပြောခဲ့သည်။ အစတော့ ဦးလှလည်း အံ့အားသင့်ပြီး ဦးနုကို ကြည့်နေခဲ့မိသည်။ နောက်မှ သတိရ ပြီး...
“ကျွန်တော် သင်ပုန်းချေပြီးပါပြီ၊ ကိုကြီးနု”ဟု ပြန်ဖြေသောအခါမှ ဦးနုသည် ဦးလှ၏ လက်ကို အားပါးတရ ဆုပ်ကိုင် နှုတ်ဆက်ပြီး ထွက်စ ပြုနေသည့် မီးရထားပေါ် ပြေးတက်လိုက်ပါသွားခဲ့ ရသည်။ မိမိသည် ထိုဆောင်းပါးမှ ထို အခန်းလေး ဖတ်မိပြီး တစိမ့်စိမ့် ပြုံးနေမည် ဖြစ်သော လူထုဦးလှ၏ မျက်နှာကို မှန်းဆပြီး မြင်ယောင်လိုက်မိသည်။

၅။
စာကြည့်တိုက်ထဲရှိ ထိုင်နေကျ ခုံလေးမှ အသာအယာ ထပြီး အပေါက်ဝ ဘက်သို့ မျက်နှာ မူလိုက်သည်။ မြက်ခင်းစိမ်း နုလေးပေါ် ဖြတ်လျှောက်ရင်း အကြည့်က ကြာပန်းတွေ ဝေနေသည့် ကြာကန်လေးဘက် အကြည့်တစ်ချက် ရောက်သည်။ သံတံခါးနီကြီး ဆွဲဖွင့်၊ ပြန်စေ့ပြီး ၀င်းကြားထဲရှိ လမ်းသွယ်လေး ထဲမှ ၃၂ လမ်းပေါ်သို့ လှမ်းတက်တိုက် လိုက်သည်။ ခါတိုင်းလိုပါပဲ။
ဇော်ခိုင်ဦး
ရည်ညွှန်းပြု
၁။ လူထုဦးလှစာစုစာရင်း
(မောင်ဖုန်း မြင့်) ၁၉၇၈
၂။ လူထုချစ်သမျှ လူထုဦးလှ
(ပထမတွဲ)
၃။ လူထုချစ်သမျှ လူထုဦးလှ
(ဒုတိယတွဲ)
၎။ လူထုဦးလှ ဓာတ်ပုံများ

Twitter Delicious Facebook Digg Stumbleupon Favorites More