This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, February 28, 2010

10cm tsunami wave laps Japan



A TINY tsunami has hit a small island far south of Tokyo after authorities warned that waves of more than 3 metres could batter Japan's Pacific coast following a huge earthquake in Chile.

Officials have ordered some 245,000 households along Japan's Pacific coast to evacuate after one of the world's most powerful earthquakes in a century battered Chile on Saturday, killing more than 300 people.

A 10 cm tsunami lapped the small island of Minamitori 1950 km south of Tokyo, NHK public TV reported.

Sirens wailed in coastal towns on Japan's main islands and tens of thousands of people were urged to evacuate to higher ground after the Japan Meteorological agency issued the tsunami warning for a wide swathe of Japan's Pacific coast.

It was the first warning for a major tsunami in 17 years and only the fourth since 1952, the Japan Meteorological Agency said.

Start of sidebar. Skip to end of sidebar.

End of sidebar. Return to start of sidebar.

"Carelessness could be the biggest enemy. In the past, even if the waves were not so big, there has been great
damage with 2-metre high tsunami," Prime Minister Yukio Hatoyama told reporters.

Train services were halted in many areas along the Pacific coast and some highways were closed.

Police cars and fire trucks patrolled coastal roads and fishing boats, seeking to avoid any tsunami, headed out to sea under gray skies, with snow flurries in some areas.

The area that could be hit hardest, where around 140 people died in a previous tsunami 50 years ago, has many small harbours that could concentrate the force of a tsunami.

"The waves could climb up the land, so for real safety you should evacuate to a place several times higher than the predicted height of the waves," JMA official Yasuo Sekita told a news conference.

The agency said the first wave might not be the biggest and that the warning could remain in effect for a long time.

ဓါတ်ပန္နက်ရိုက်ပြီ (သာဓု ခေါ်ဆိုစေနိုင်ဖို့)

ဓါတ်ပုံများပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။

Saturday, February 27, 2010

ဒုက္ခသည်တင်သူစာရင်း၊ အသိအမှတ်ပြုခံရသူစာရင်း၊ ငြင်းပယ်ခံရသူ စာရင်းနှင့် အထူးနေထိုင်ခွင့်ရရှိသူစာရင်းများကို ဂျပန်တရားရေးဌာနမှထုတ်ပြန်

ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်အတွင်း ဂျပန်နိုင်ငံတွင် ဒုက္ခသည်တင်သူများ၏ လူဦးရေစာရင်းအပါအဝင် အသိအမှတ်ပြုခံရသူစာရင်း၊ ငြင်းပယ်ခံရသူစာရင်း၊ လျှောက်လွှာ ပြန်ရုပ်သိမ်းသွားသူများစာရင်းနှင့် အထူးနေထိုင်ခွင့်ရရှိသူများစာရင်း တို့ကို ဂျပန်တရားရေးဌာနက ထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီလ ၂၆ ရက်(သောကြာနေ့)ကထုတ်ပြန်လိုက်သောစာရင်း များအရ ၂ဝဝ၉ ခုနှစ်အတွင်း ဒုက္ခသည်တင်သူစုစု ပေါင်း ၁,၃၈၈ ဦးရှိပြီး ယခင်နှစ် ထက်နှိုင်းယှဉ်ပါက ၂၁၁ ဦး နည်းပါးသွားခဲ့သည်။
မြန်မာက နံပါတ် ၁
ဒုက္ခသည်လျှောက်ထားသူ ၁,၃၈၈ ဦးမှာ နိုင်ငံပေါင်း ၄၃ နိုင်ငံမှ လျောက်ထားကြခြင်းဖြစ်ပြီး နိုင်ငံနှင့် လူမျိုးအလိုက် ဒုက္ခသည်အများ ဆုံးလျှောက်ထားသူစာရင်းကို ဖော်ပြထားသည်။
၎င်းစာရင်းများအရ ယခုနှစ်တွင်လည်း မြန်မာလူမျိုး က ၅၆၈ ဦးရှိပြီး အများဆုံးဖြစ်သည်။ သီရိလင်္ကာလူမျိုးက ၂၃၄ ဦးရှိကာ ဒုတိယအများဆုံးဖြစ်ပြီး တူရကီလူမျိုးက ၉၄ ဦး၊ ပါကစ္စတန်လူမျိုးက ၉၂နှင့် အိန္ဒိယလူမျိုးက ၅၉ ဦးဖြစ်သည်။ (အီရန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖရိကနိုင်ငံသားများ၏ ဒုက္ခသည်လျှောက်ထားသည့် စာရင်းကို မဖော်ပြထားပေ)

စစ်ဆေးပြီးသည့်အမှုပေါင်းနှင့် အသိအမှတ်ပြုခံရသူပေါင်း၊

နောက်တကြိမ်ပြန်တင်သူစာရင်း၊ စစ်ဆေးပြီးခဲ့သည့်ဦးရေနှင့် အသိအမှတ်ပြုခံရသူများ၊


ယာယီနေထိုင်ခွင့် ထုတ်ပေးထားသူစာရင်းနှင့်ငြင်းပယ်ခံရသူစာရင်း၊

ပြည်နှင်ဒဏ်ခံထားရသူဦးရေနှင့် အသစ်ပြန်လျှောက်သူများစာရင်း

အစရှိသည်တို့ကို ၂ဝ၁ဝ မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၇၊ အမှတ် ၃ တွင် အပြည့်အစုံထည့်သွင်းဖော်ပြမည်ဖြစ်ပါသည်။

မှတ်ချက်-
ရေးသားဖော်ပြခဲ့သည့် သတင်းအချက်အလက်များနှင့် ဇယားကွက်များကို ဂျပန်တရားရေးဌာနဟုမ်းပေ့မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။


Friday, February 26, 2010

ဂျပန်တွင် မြန်မာနိုင်ငံသား ၇,၇၈၉ ဦးရှိကြောင်း တရားရေးဌာနမှစာရင်းထုတ်ပြန်


မိမိတို့ရရှိထားသည့် နေထိုင်ခွင့် ဗီဇာအမျိုးအစားအလိုက် နိုင် ငံခြားမှတ်ပုံတင်ပြီး ဂျပန်နိုင်ငံနေရာအနှံ့တွင် နေထိုင်နေကြသည့် မြန်မာနိုင်ငံသား ၇,၇၈၉ ဦး ရှိကြောင်း ဂျပန်တရားရေးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားချက်အရသိရသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်စာရင်းများအရ ဂျပန်နိုင်ငံတွင် နိုင်ငံခြားသား ၂,၂၁၇,၄၂၆ ရှိပြီး၊ အဆိုပါအရေအတွက်မှာ ယမန်နှစ်စာရင်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၆၆,၄၅၃ ဦး များပြားလာခဲ့ကြောင်း သိရှိရသည်။(မြန်မာလူမျိုးမှာလည်း ယမန်နှစ်ထက် ၁,ဝ၅၄ ဦး တိုးပွားလာခဲ့သည်။
အာရှနိုင်ငံသားမှာ ၁,၆၇ဝ,၁၅ဝ ဦးရှိ ၍ ဥရောပနိုင်ငံများမှ ၆၁,၈၇၅ ဦး၊ အာဖရိကနိုင်ငံများမှ ၁၂,ဝ၃၉ ဦး၊ မြောက်အမေရိကားတိုက် နိုင်ငံများမှ ၆၇,၇၂၉ ဦး၊ တောင် အမေရိကားတိုက်နိုင်ငံများမှ ၃၈၉,၃၉၉ ဦး၊ သြစတြေးလျ တိုက်နိုင်ငံများမှ ၁၄,၇ဝ၉ ဦးနှင့် နိုင်ငံမဲ့အဖြစ် ဂျပန်နိုင်ငံတွင်နေ ထိုင်နေသူ ၁,၅၂၅ ဦးတို့ဖြစ် သည်။
မြန်မာလူမျိုး ၇,၇၈၉ ဦးထဲတွင် အမျိုးသား ၄,၄၄၁ ဦး၊ နှင့် အမျိုးသမီး ၃,၃၄၈ ဦးဖြစ်သည်။ မွေးကင်းစမှ အသက် ၈ဝ ကျော်အရွယ်အထိ ယောကျာင်္း-မိန်းမ ဦးရေကို အသက်အရွယ် အလိုက်ဖော်ပြထားပြီး နေထိုင်ခွင့်ဗီဇာအမျိုးအစားအလိုက် နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြုလုပ်ပြီး ရောက်ရှိနေထိုင်သူစာရင်းအလိုက် ခွဲခြားသတ်မှတ်ဖော်ပြထားသေးသည်။
ထူးခြားချက်မှာ ဒုက္ခသည်လျှောက်ထားသူ မြန်မာလူမျိုးများကို တိုင်းပြည်အခြေအနေတည်ငြိမ်မှုမရှိသဖြင့် အထူးနေထိုင်ခွင့်(Designated Activities Visa)ဂျပန်ရောက် မြန်မာများအခေါ် `တော့ခုတေးခဆုဒိုးဗီဇာ`ရရှိထားသူ ၁၃၀၇ ဦးရှိကြောင်း သိရပြီး အဆိုပါအရေအတွက်မှာ ယမန်နှစ်ထက် ထက်ဝက်ကျော်များလာခြင်းပင်ဖြစ်သည်။
အသေးစိပ်ကို ထပ်မံဖော်ပြပါမည်။

Wednesday, February 24, 2010

ဂျပန်ရောက်မည့်မြန်မာဒုက္ခသည်များကို ဂျပန်ဓလေ့ထုံးစံများသင်ပေးတော့မည်

TOKYO —

An independent organization supporting migrants will provide language and cultural orientation for refugees from Myanmar scheduled to arrive in Japan later this year on a resettlement program, officials of the International Organization for Migration said Monday.

The IOM made the announcement on the orientation program to be held in a Thailand refugee camp as Japan is set to accept 30 Myanmar refugees a year from the camp over the next three years as a pilot resettlement program. Earlier this month, Japanese government officials finished interviewing refugee candidates for the program in the camp on the Thailand-Myanmar border.

Pindie Stephen, a senior migrant training officer at IOM, said the organization will hold three to five days of cultural orientation and three weeks of language training. She expressed hope that this would serve as a stepping stone for the post-arrival training they will receive in Japan necessary for their independent living.

ဂျပန်ရောက်မည့်မြန်မာဒုက္ခသည်များကို ဂျပန်ဓလေ့ထုံးစံများသင်ပေးတော့မည်
ယခုနှစ် နှစ်ကုန်ပိုင်းတွင် ဂျပန်နိုင်ငံသို့ အခြေချနေထိုင်ရေးအစီစဉ်အရရောက်ရှိလာမည့် ထိုင်းနယ်စပ်မှ မြန်မာဒုက္ခသည်များကို၊ ရွှေ့ပြောင်းလုပ်သားများကူညီစောင့်ရှောက်ရေး သီးခြားအဖွဲ့အစည်းက ဂျပန်ဘာသာစကားနှင့် ရိုးရာဓလေ့ထုံးစံများကို သင်ကြားပေးလိမ့်မည်ဟု၊ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်း (International Organization for Migration) က ၂၂.၂.၂၀၁၀ နေ့ကသတင်းထုတ်ပြန်ခဲ့သည်။
I.O.M ၏ကြေငြာချက်တွင် ထိုင်းမြန်မာနယ်စပ်ရှိဒုက္ခသည်စခန်းတွင် နေထိုင်လျှက်ရှိသောဒုက္ခသည်များထဲမှ၊ တနှစ်လျှင်အယောက် ၃၀ နှုန်းဖြင့် လာမည့် ၃ နှစ်အတွင်း ဂျပန်သို့လာရောက်နိုင်ခြေရှိသူများကိုဖေဖေါ်ဝါရီလ လဆန်းပိုင်းတွင် ဂျပန်အစိုးရ အရာရှိများမှ အဆိုပါဒုက္ခသည်စခန်း၌ လူတွေ့စစ်ဆေးမှုများကိုပြုလုပ်ခဲ့ပြီးဖြစ်သည်။
I.O.Mမှ အကြီးတန်းလေ့ကျင့်ရေးအရာရှိ ပင်ဒီ စတီဖန်(Pindie Stephen)က ပြောကြားခဲ့ရာတွင်၊ ထိုအဖွဲ့အနေနှင့် ဂျပန်ရိုးရာယဉ်ကျေးမှုများကို ၃ ရက်မှ ၅ ရက်အချိန်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး ဂျပန်စကားပြောကိုအချိန် ၃ ပတ် သင်ကြားပေးမည်ဟုဆိုသည်။
ဤကဲ့သို့ ကြိုတင်လေ့ကျင့်ပေးမှုကြောင့် ဂျပန်တွင် အမှီခိုကင်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သော အခြေခံအုတ်မြစ်တည်ခြင်းဖြစ်သည်ဟု သူမ၏မျှော်လင့်ချက်ကိုလှစ်ဟပြောဆိုခဲ့သည်။

မောင်အော်ငဌေး

College to offer free dental service to refugee status seekers

YOKOHAMA —

A Yokohama-based college launched a free dental service for refugee applicants in Japan on Tuesday in collaboration with the U.N. High Commissioner for Refugees’ Japan office and nongovernmental organizations.

The first such service offered by a Japanese college will address people leaving toothaches and other dental problems unattended amid a lack of support from the Japanese government, according to Tsurumi University and the UNHCR Representation in Japan. NGOs tackling the issue of refugees will refer potential patients to the college for treatment at its affiliated Tsurumi University Dental Hospital at the school’s expense, they said.

အသစ်ထွက်မည့် Microsoft systems တွေမှာ မြန်မာဘာသာ ထည့်သွင်းပေးရေး စာပို့တောင်းဆိုသွားမည်

နောက်ပိုင်းအသစ်ထွက်မည့် Microsoft Windows operating systems တွေမှာ Myanmar language တစ်ခုအနေနဲ့ ထည့်သွင်းပေးရန် Microsoft ကော်ပိုရေးရှင်းသို့ စာဖြင့်စုပေါင်းပေးပို့ တောင်းဆိုမည့် အစီအစဉ် တစ်ခုအား Myanmar's NET မှ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

လူဦးရေ ၅ သိန်းကျော်ရှိသည့် ဘာသာစကားကို Microsoft Windows တွင် ထည့်သွင်းပေးရမည် ဆိုသော official policy ရှိသဖြင့် ထိုအချက်ပေါ်မူတည်ပြီး Mr Bill Gates နှင့် Mr Steve Ballmer တို့ထံသို့ စာပို့တောင်းဆိုသွားမည် ဖြစ်သည်။ Microsoft ဌာနချုပ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာလူမျိုးများမှလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Microsoft Windows ကွန်ပြူတာအသုံးပြုသူ လူဦးရေ ၅ သိန်းကျော်မက ရှိသော်လည်း အမေရိကန်မှ မြန်မာနိုင်ငံကို စီးပွါးရေးပိတ်ဆို့ထားမှုကြောင့် မြန်မာနိုင်ငံကို software မရောင်းရသဖြင့် မြန်မာဘာသာ ထည့်သွင်းရန် မလိုဟု Microsoft မှ ခံယူထားကြောင်း Myanmar's NET စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

မြန်မာတွေကွန်ပျုတာနည်းပညာမှာ အမြန်ဆုံးတိုးတတ်ပြီး နိုင်ငံတကာကို ယှဉ်နိုင်ဖို့အတွက် Microsoft ရဲ့ Windows Operating systems ထဲမှာတခါထဲပါဝင်ထည့်သွင်းလာပေးဖို့အတွက် လက်မှတ်ဝိုင်းဝန်းရေးထိုး ကူညီပေးနိုင်ရန် အောက်ပါလင့်သို့ သွားရောက်နိုင်ကြောင်း ဖော်ပြလိုက်ပါသည်။

Link

ပြိုင်ပွဲ(ကျော်သူ)


အမှည့် . . . ကြွေ
. . . ခြွေခြင်း။
အချိန်တန်လို့ ကြွေ
အချိန် မတန်ဘဲ ခြွေ . . . စသည်ဖြင့် နိဒါန်းပျိုးလိုက်၍ “ပြိုင်ပွဲ” ဟူသောခေါင်းစည်းနှင့် လားလားမှ မဆိုင်ဟု ဆိုပါလိမ့်မည်။

အမှည့်ကြွေ ။ ။ လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းကုန် ဆီလည်းခမ်း ဖြစ်ခြင်းပျက်ခြင်း တို့သည် သဘာဝတရားပင်ဖြစ်တော့သည်။

အမှည့်ခြွေ ။ ။ လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းမကုန်၊ ဆီလည်း မခမ်းဘဲနှင့် ဖြစ်ခြင်း၊ ဖျက်ခြင်း တို့သည် သဘာဝတရားကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။

ကြွေချိန်မတန်ဘဲနှင့် ကြွေ
အမှည့်မလွန်ဘဲနှင့် အခြွေခံရခြင်းပင် ဖြစ်တော့သည်။
မှည့်၍ကြွေသော “အမှည့်ကြွေ” ကို မပြောလိုပါ။
ယင်းသည် တရားသဘောတရားနှင့်အညီ ဖြစ်ခြင်းပျက်ခြင်းပင် ဖြစ်တော့သည်။
မမှည့်ဘဲနှင့် အခြွေခံရသော . . . အမှည့်မလွန်သေးဘဲနှင့် အခြွေခံရသော “အမှည့်ခြွေ” ကိစ္စကိုသာ တွေးတောမိတော့သည်။

အခြွေခံချင်၍ ခြွေခြင်းခံရသည်လား . . . . . ?
အခြွေမခံချင်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?
ခြွေသင့်ခြွေထိုက်၍ ခြွေခြင်းကို ခံရသည်လား . . . . . ?
မခြွေသင့်မခြွေထိုက်ဘဲနှင့်
ခြွေခြင်းကို ခံရသည်လား . . . . . ?

ဤတွင် . . . . . မခြွေသင့် မခြွေထိုက်ဘဲနှင့် အခြွေခံရသူတို့ ကိုယ်စား ကျွန်တော် ပြောပါတော့မည်။ ကမ္ဘာမြေပြင်ကို ရောက်ရှိပြီး ဘဝဘဝတွေ လှော်ခတ်ကြရာဝယ် . . . . .
မိမိအတ္တအတွက် လှုပ်ရှားကြသော . . . . . အတ္တဟိတ။
အများအတွက် လှုပ်ရှားကြသော . . . ပရဟိတ စသည်ဖြင့် (နှစ်) မျိုးခွဲထုတ်နိုင်တော့သည်။

အတ္တဟိတ . . . အများအတွက် တစ်ချက်ကလေးမှ လှည့်မကြည့်သော အတ္တလူသား
မိမိကောင်းကျိုးတစ်ခုတည်းကိုသာ ရည်ရွယ်လှုပ်ရှား ရုန်းကန်နေသော လောဘလူသား
မိမိသည်သာ မိမိ၏ ကိုးကွယ်ရာဖြစ်သည်ဟူသော ဗုဒ္ဓ၏ဆုံးမသြဝါဒကို တလွဲဆံပင်ကောင်း၍ မိမိအတွက်မှ လွဲ၍ ကျန်လူများကို ရန်လုပ်၊ ဂုံးချော၊ မြှောက်ထိုးပင့်ကော်လုပ်သော ဒေါသလူသား
မိမိအကျိုးရှိမည့် အလုပ်၊ မိမိစီးပွားဖြစ်မည့် လုပ်ရပ်များကိုသာ မည်သူ့ကိုမျှ မငဲ့ဘဲ အရိုးကြေကြေ၊ အရည်ခမ်းခမ်း လှုပ်ရှားနေသော မောဟလူသား

ထို . . . ထိုသော အတ္တသမား၊ အတ္တလူသားများသည် မှည့်ရုံတင်မက ပုတ်ချင်ပုတ်ပါလေ့စေတော့ . . . ဥပက္ခာပြုသင့်သည် မဟုတ်ပါလား။

ယင်းတို့သည် . . . ဆန်ကုန်မြေလေး ပင်ဖြစ်တော့သည်။
ထိုသူ . . . ထိုလူသားတို့ ကြွေလွင့်သွားခြင်း၊ အခြွေခံရခြင်းအတွက် ပူဆွေးဝမ်းနည်းစရာ မလိုပေ။
မိမိတို့၏ မျက်ရည်များကိုပင် အားနာစရာဖြစ်တော့သည်။

ပရဟိတ ။ ။ အများအတွက် . . . ဘဝဘဝတွေကို လှော်ခတ်ရုန်းကန်နေသော ပရဟိတလူသား
ပြည်သူအတွက် . . . ဘဝဘဝတွေကို နှစ်မြုပ်ရုန်းကန်နေသော ပရဟိတလူသား
တိုင်းပြည်အတွက် . . . ဘဝဘဝတွေကို အဆုံးခံ၍ ကြံ့ကြံ့ခိုင်နေသော ပရဟိတလူသား
ကမ္ဘာကြီးအတွက် . . . ဘဝဘဝတွေကို ပေးဆက်၍ ရဲရင့်ပြတ်သားစွာ ရင်စည်းခံ၍ စွန့်လွှတ်အနစ်နာခံနေသော ပရဟိတလူသား . . . စသည်ဖြင့် နည်းလမ်းပေါင်းစုံနှင့် အများအတွက် အဖက်ဖက်မှ ပေးဆပ်နေသော ပရဟိတလူသားများ . . . များစွာရှိနေဆဲ . . . ရှိနေဦးမည် ဖြစ်သည်။

ထို . . . ထိုသော . . . ပရဟိတစစ်စစ်လူသားများသည် စွန့်လွှတ်ခြင်းများစွာ၊ ပေးဆပ်ခြင်းများစွာတို့ဖြင့် လုပ်ဆောင်ပေးနေသော လူသားများ (အဖြူထည်လူသားများ) ဖြစ်သည့်အတွက် “မကူညီချင်နေပါ၊ မနှောက်ယှက်ပါနှင့်” ဟူသော စကားနှင့်အညီ အဖြူထည်ကို အရောင်မဆိုးမိရန် အညစ်အထေးမပေရန်၊ အပွန်းအပဲ့ အထိအခိုက်မဖြစ်ရန် အထူးအရေးကြီးလှသည်။

မမှည့်ခင် . . . မကြွေစေလိုပါ။
မမှည့်ခင် . . . အခြွေမခံလိုပါ။
မှည့်သော်ငြားလည်း . . . အခြွမခံလိုပါ။
သဘာဝအရ . . . မှည့်ပြီးမှကြွေ
ကြွေလျှင်မှည့်လို့သာ ဖြစ်သင့်သည်။

မနာလို ဝန်တိုစိတ်မွေးခြင်း၊ မစ္ဆိယစိတ်ပွားများခြင်း၊ အပျက်သဘောဆောင်ခြင်း၊ ဂုံးချောခြင်း၊ သပ်ရှိုခြင်း၊ သိမ်းသွင်းခြင်း၊ မှိုင်းတိုက်ခြင်း၊ ခုတုံးလုပ်ခြင်း၊ အငြိုးအတေးကြီးခြင်း စသည့်ဓမ္မလမ်းကြောင်းကို ဖီဆန်၍ ဘုရားမကြိုက်သော လူမဖြစ်ရန် သတိရှိဖို့ သတိထားဖို့၊ အထူးလိုအပ်နေပြီ ဖြစ်သည်။ ဆုတ်ကပ်အချိန်ကာလကြီးသို့ ရောက်ရှိနေသောကြောင့် အဓမ္မဝါဒီကို ရှောင်ကြရန် ထပ်ခါ ထပ်ခါ သတိပေးခြင်းသာဖြစ်သည်။

မိမိကိုယ်ကိုလည်း ထပ်ခါထပ်ခါ ဆင်ခြင်ပွားများနေရဆဲပင် ဖြစ်သည်။
ကိုယ်ပြုသောကံ . . . ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဖြစ်သည်။
ပရဟိတလူသားများ အနေနှင့်လည်း အတ္တဟိတလူသားများ၏ ထောင်ချောက်ထဲ၊ သတ်ကွင်းထဲ မဝင်မိဖို့ အထူးသတိထားရမည်။
အတ္တဟိတ သမားများအနေနှင့်လည်း မိမိ၏အတ္တကိစ္စရပ်ကိုသာ စိတ်ထက်သန်ပါက ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်ရုံပင် ဖြစ်သည်။


သို့သော် . . . ပရဟိတသမားများ၏ ပေးဆပ်မှုလမ်းကြောင်းများကို ဖျက်ဆီးခြင်း၊ ဟန့်တားခြင်း၊ နှောက်ယှက်ခြင်း စသည့် အဓမ္မဝါဒီလမ်းစဉ်ကို မလုပ်သင့်ပေ။

မိမိတို့၏ သမိုင်းကြောင်းလှပအောင် မိမိတို့၏ လုပ်ရပ်များကသာ ဖော်ကျူးပေးမည်ဖြစ်သည်။
ငှက်တစ်သောင်း . . . တစ်သိန်း . . . တစ်သန်း စသည်ဖြင့် နားနေနိုင်သော ပရဟိသစ်ပင်ကြီးမှ အကိုင်း၊ အခက်၊ အသီးတို့ကို ဘာကြောင့်များ ခုတ်ထွင်၊ ရှင်းလင်း၊ ဆွတ်ခူးချင်ပါသနည်း . . . ?


မိမိတို့ကိုယ်တိုင် ဖြူစင်သန့်ရှင်းသော သီလနှင့်နေထိုင်သွားမည်ဆိုပါက မိမိတို့တွင်လည်း ငှက်တစ်သိန်း၊ တစ်သန်းမက ငှက်ပေါင်းကုဋေ နားနေနိုင်မည့်၊ လူ့လောကကြီးကို အလှဆင်နိုင်မည့် လူသားအားလုံး အားကိုးရာ မြတ်နိုးရာ . . . အထွဋ်အထိပ်နေရာ တစ်နေရာသို့ ရောက်ရှိမည် ဖြစ်တော့သည်။

ဒါကြောင့် . . . ပြိုင်ကြပါ
ကိုယ်ကျင့်တရား . . . ပြိုင်ကြပါ
သီလလုံခြုံရေး . . . ပြိုင်ကြပါ
အကြင်နာရှိရေး . . . ပြိုင်ကြပါ
မေတ္တာထားရေး . . . ပြိုင်ကြပါ
ကရုဏာထားရေး . . . ပြိုင်ကြပါ
မုဒိတာထားရေး . . . ပြိုင်ကြပါ
သစ္စာတရား . . . ပြိုင်ကြပါ
ဒီပြိုင်ပွဲဟာ . . . ဓမ္မပြိုင်ပွဲ . . . အရှုံးမရှိ။ ပြိုင်ပြီဆိုကတည်းက နိုင်နေပြီဖြစ်သည်။


သို့တည်းမဟုတ် . . .

တရားမဲ့ရေး . . . ပြိုင်မလား။
အာဃာတထားရေး . . . ပြိုင်မလား။
မစ္ဆိယစိတ်ထားရေး . . . ပြိုင်မလား။
ယုတ်မာရက်စက်ရေး . . . ပြိုင်မလား။
ထိုပြိုင်ပွဲသည်ကား . . . အဓမ္မဝါဒီပြိုင်ပွဲပင် ဖြစ်တော့သည်။ ပြိုင်ပြီဆိုကတည်းက ရှုံးနေပြီဖြစ်သည်။


ဒါတွေကြောင့် . . . ဓမ္မဝါဒီ ပရဟိတလူသားများ အချိန်မတန်ဘဲနှင့် ကြွေလွင့်သွားမှုသည် လူသားတိုင်းအတွက် အကြီးကျယ်ဆုံးသော ဆုံးရှုံးမှု၊ နစ်နာမှုပင် ဖြစ်သည်။
အဓမ္မဝါဒီ အတ္တလူသားများ အချိန်အတန်၍ဖြစ်စေ၊ အချိန်မတန်ဘဲနှင့် ဖြစ်စေ လွင့်စင်သွားမှုသည်ကား ဖြစ်ပျက်သဘောသာ ဆောင်တော့သည်ဟု မှတ်ယူလိုက်တော့သည်။

သူတို့အတွက် . . . ကမ္ဘာမြေကြီးကတောင် ကျေးဇူးတင်မည် ဖြစ်သည်။
“အဓိပ္ပာယ်မဲ့သော လူတစ်ယောက်ကို ထမ်းပိုးထားရသည့် ဝဋ်ကြွေးမှ လွတ်ပြီ”
ဟုပင် သတ်မှတ်ပေလိမ့်မည်။
ထို ထိုသော အကြောင်းအချက်များကို သုံးသပ်လိုက်သော် . . .
မိမိရေးခဲ့သော (ဟိတ်!) ကို ပြန်မြင်ယောင်မိတော့သည်။


ဟိတ်!
ကိုယ့်လမ်း . . . ကိုယ်သွား
ကိုယ့်အလုပ် . . . ကိုယ်လုပ်
ကိုယ့်တာဝန် . . . ကိုယ်ကြေ
ကိုယ့်သီလ . . . ကိုယ်လုံ
ကိုယ့်သမိုင်း . . . ကိုယ်ရေး
ဒါပဲ . . . ကျော်သူ

မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ သောကကင်းဝေး ငြိမ်းချမ်းသာယာရေးကို ရှေ့ရှုလျက် . . . ဓမ္မပြိုင်ပွဲ ဆင်နွှဲကြရန် . . . ဦးတည်လျှက် . . .

အချိန်မတန်ဘဲ အခြွေခံခဲ့ရသော သက်ရှိထင်ရှား ပရဟိတ သူရဲကောင်း လူစွမ်းကောင်း အာဇာနည်ပုဂ္ဂိုလ်များအား အစဉ်လေးစားဦးညွတ်လျက် . . . ။

ကျော်သူ

၈၈၈၈ ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျှုဉ်းသားများလွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ

View all
Get your own


ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် ဂျပန်ရောက်မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသောသူများမှ ဦးဆောင်ကာ ရှီနာဂါဝရပ်ကွက်ရှိမြန်မာ့အကောက်ခွန်ရုံးရှေ့တွင် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင် နှင့် ၈၈၈၈ ကျောင်းသားခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် တောင်းဆို မှုကို မွှန်းလွှဲပိုင်း (၃) နာရီ မှ (၄) နာရီ အထိ ကျင်းပခဲ့ရာ ဂျပန်ရောက်မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲအစည်းအသီးသီးမှ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား တွင်` အဖွဲအစည်းအသီးသီးမှ တာဝန်ရှိသူများက “ပြည်ထောင်စုစိတ်ဓါတ်နှင့် ၈၈၈၈ ကျောင်းသားခေါင်းဆောင်များဧ။်ဆက်နွှဲမှု“ကိုပြောကြား သွား ခဲ့ပါသည်။ အခမ်းအနား ကို မွှန်းလွှဲပိုင်း (၄) နာရီ တွင် ကြွေးကြော်သံ များဖြင့်အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

နန်းအိမွန်ချစ်၊ မင်းညိုဝမ်း


Tuesday, February 23, 2010

ဂျပန်တွင်လူကုန်ကူးသည့်အမှုအရေအတွက်ကျဆင်း



၂၀၀၉ ခုနှစ်တွင်ဂျပန်နိုင်ငံ၌လူကုန်ကူးသည့်အမှုအရေအတွက်မှာ ပြီးခဲ့သည့်နှစ်ကထက် (၈)မှုလျော့နည်းကာ စံချိန်တင်အဖြစ် (၂၈)မှုရှိခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့ သတင်းအရသိရသည်။ အမျိုးသမီးကာကွယ်စောင့်ရှောက်မှုဌာန၌ထိန်းသိမ်းထားသူအရေအတွက်သည်(၁၇) ဦးရှိပြီး ယခင်ကထက် (၁၉)ဦးလျှော့နည်းလာခဲ့သည်မှာ ၂၀၀၁ခုနှစ်မှစတင်စုဆောင်းခဲ့သည့် အချက်အလက်များအရ အနည်းဆုံးအရေအတွက်ဖြစ်ခဲ့သည်။

လူကုန်ကူးမှုနှင့်ပတ်သက်သူ (၂၄)ဦးကိုဖမ်းဆီးခြင်း၊စစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများပြုလုပ်ခဲ့ရာ၊၎င်းတို့ထဲမှ (၁၈)ဦးမှာ အရက်ဆိုင်ပိုင်ရှင်များ ဖြစ်ပြီး၊(၆)ဦးမှာ ပွဲစားများဖြစ်သည်ဟု ရဲတပ်ဖွဲ့သတင်းအရသိရသည်။

အမျိုးသမီးကာကွယ်သောင့်ရှောက်မှုဌာနတွင်ထိန်းသိမ်းထားသူ (၁၀)ဦးမှာ အကြွေးဆပ်ရန်ငွေကြေးအတွက် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူအဖြစ်သို့ ရောက်ရှိခဲ့သူများဖြစ်သည် ၊ အဆိုပါထိန်းသိမ်းထားသူ(၁၇)ဦးတွင် ထိုင်းလူမျိုး(၈)ဦး၊ ဖိလစ်ပိုင်လူမျိုး (၄)ဦး၊ ဟောင်ကောင်လူမျိုး(၂)ဦးနှင့် ထိုင်ဝမ်လူမျိုး(၁)ဦးပါရှိပြီးကျန်(၂)ဦးမှာဂျပန်လူမျိုးဖြစ်သည်။

မောင်အောင်ဌေး

နာရီတာလေဆိပ် အဆင့် ၃ ၌ရပ်တည်

အပြည်ပြည်ဆိုင်ရာလေဆိပ်ကောင်စီ၏ ၂၀၀၉ ခုနှစ်လေဆိပ်အရည်အသွေးအဆင့်သတ်မှတ်ချက်အတွက် ခရီးသည် ၂၅သန်းမှ ၄၀သန်းဝင်ထွက်ခဲ့သောလေဆိပ်များကဏ္ဍ၌ တောင်ကိုးရီးယား၏ အင်ချွန်းလေဆိပ် ၊စင်ကာပူ၏ ချန်ဂီလေဆိပ်တို့၏နောက်တတိယနေရာတွင် ဂျပန်၏နာရီတာလေဆိပ်ကရပ်တည်ခဲ့သည်။

ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ကထုတ်ပြန်ခဲ့သောဤအဆင့်သတ်မှတ်ချက်၌ ပါရှိသည်မှာ၊ ၀တ္တရားပြုစုဆောင်ရွက်ပေးခြင်း ရှုဒေါင့်မှကြည့်မည်ဆိုပါက နာရီတာလေဆိပ်သည် အပြည်ပြည်ဆိုင်ရာအတွက်အရေးပါသည့်အနေအထားသို့ ရောက်ရှိနေပြီဟုထင်မှတ်ရသော်လည်း၊ အာရှ၏ပြီးပြည့်စုံသောအဓိကလေဆိပ်များအဆင့်သို့ရောက်ရှိအောင် ရှေ့ဆက်လုပ်ဆောင်စရာများရှိနေသေးကြောင်းပါရှိသည်။

ကမ္ဘာပေါ်ရှိလေဆိပ်ပေါင်း ၁၄၀ ကို ခရီးသည်များသက်တောင့်သက်သာဖြစ်စေခြင်းနှင့် ၀တ္တရားကျေပွန်မှုအရည်အချင်းတို့အပေါ်မူတည်ကာ ၊လေဆိပ်
အဆင့်သတ်မှတ်လေ့ရှိရာ၊ နာရီတာလေဆိပ်မှာ ၂၀၀၈ အောက်တိုဘာလတွင်မှ ပထမဦးဆုံးစာရင်းဝင်ခဲ့ခြင်းဖြစ်သည်။ အဆင့်သတ်မှတ်ချက်အားလုံး၌ အင်ချွန်းလေဆိပ်က ပထမ၊ချန်ဂီလေဆိပ်က ဒုတိယ နှင့် တိုင်ပေလေဆိပ်က တတိယနေရာသတ်မှတ်ခြင်းခံရသည်။

မောင်အောင်ဌေး

Monday, February 22, 2010

ဂျပန်ရောက်ချင်းတိုင်းရင်းသားများ (၆၂)နှစ်မြောက်ချင်းအမျိုးသားနေ့ကျင်းပ


ဂျပန်ရောက် ချင်းလူမျိုးများ (၆၂)နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပ
ယနေ့ဖေဖေါ်ဝါရီလ(၂၁)ရက်နေ့တွင် ဂျပန်နိုင်ငံရောက်ချင်းတိုင်းရင်းသားများအားလုံးစုပေါင်းပြီး(၆၂) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို Ikebukuro၊ Toshima-kuရှိ Kohkaido ခန်းမတွင် ညနေ (၆း၀၀) နာရီ မှ (၉း၃၀) နာရီအထိ ကျင်းပခဲ့ကြရာ ဧည့်ပရိတ်သတ်ပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို ချင်းအမျိုးသားနေ့အခမ်းအနားနှင့် ရိုးရာယဉ်ကျေးမှုဖျော်ဖြေမှုအပိုင်းဟူ၍ ၂ ပိုင်းခွဲပြီး ကျင်းပခဲ့ပြီး အခမ်းအနားမှူးများအဖြစ် CNC မှ Lia Cing Hau Lan , Mai Sui Nuam Par နှင့် Mai Khin Htwe Su တို့ မှ ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့ဝင်တစ်ဦးဖြစ်သူ Pu(Rev.)Ronald Lawm Bik မှ ဆုတောင်းပေးပြီးသည့်နောက် CNC မှ Chairperson Pu Thang Nang Lian Thang က (၆၂ ) နှစ်မြောက် ချင်းအမျိုးသားနေ့ မိန့်ခွန်းပြောကြားခဲ့ပြီး ဂျပန်နိုင်ငံတွင် (၁၂) နှစ်တိုင်တိုင် မိမိတို့ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ခွင့်ရသောချင်းအမျိုးသားနေ့ကို ကျင်းပခွင့်ရခဲ့ပြီး မိမိတို့လူမျိုးကို အသိအမှတ်ပြုကာ အဖက်ဖက် မှ ဝိုင်းဝန်းကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ (Chin Women Organization – Japan) အထွေထွေအတွင်းရေးမှုး Daw Ngun than မှချင်းအမျိုးသားနေ့အကြောင်း နှင့် ကျင်းပရခြင်းအနှစ်သာရရည်ရွယ်ချက်များကိုရှင်းပြခဲ့ပါသည်။
ကျင်းပရခြင်းအနှစ်သာရရည်ရွယ်ချက်မှာ-
၁။ ချင်းလူမျိုးများသည် ကမ္ဘာပေါ်တွင်ရှိသောလွတ်လပ်သည့် လူမျိုးတစ်မျိုးဖြစ်ကြောင်း၊ အစဉ်အမြဲ အသိအမှတ်ပြုရပ်တည်နိုင်ရန် ၊
၂။ချင်းလူမျိုးများသည် မူလကပင် လွတ်လပ်သောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော လူမျိုးများဖြစ်ကြသည့်အလျောက် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း တန်းတူအခွင့်အရေးရရန်အတွက် ဖယ်ဒရယ်ပြည်ထောင်စုကြီးကို ထူထောင်ရာတွင်ပါဝင်သောလူမျိုးနှင့် ပါဝင်ပူးပေါင်းသော နယ်မြေပိုင်ဆိုင်သူများဖြစ်ကြောင်း သမိုင်းအမှန်ကိုအစဉ်အမြဲတည်ရှိစေရန်၊
၃။ နိုင်ငံတကာတွင်ရောက်ရှိနေကြသော ချင်းလူမျိုးတိုင်းသည် မိမိတို့ ကိုယ်ပိုင်စာပေယဉ်ကျေးမှုနှင့် လူမျိုးကို ထိန်းသိမ်းနိုင်ရန်၊ ရောက်ရာအရပ်တိုင်း ဒေသခံပြည်သူများနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ပြီး၊ ကမ္ဘာ့လူမှု့အဖွဲ့အစည်းတွက် အကျိုးပြုသောလူမျိုးများအဖြစ် အစဉ်အမြဲပါဝင်နိုင်ရန်တို့ ဖြစ်ပါသည်။
ဆက်လက်၍ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များကို ချင်းပြည်နယ်အကြောင်းကို ပါဝါပွိုင့်ဖြင့်ပြသခဲ့ပြီး ချင်းပြည်နယ်အတွင်း `ကြွက်`များသောင်းကျန်းမှုကြောင့် သီးနှံများ ဖျက်ဆီးခံရပြီး အငတ်ဘေးကြုံတွေ့ နေရပုံကို ရှင်းလင်းသွားပါသည်။

ဒုတိယပိုင်းအစီအစဉ်ဖြစ်သည့် ရိုးရာယဉ်ကျေးမှုဖျော်ဖြေရေးအစီအစဉ်တွင် ချင်းရိုးရာ တေးသီချင်းများ၊ မျိုးဆက်သစ်ချင်းမောင်မယ်များ၏ Fashion Show များ၊ တေးသရုပ်ဖော်များ၊ ချင်းရိုးရာ ၀ါးညှပ်အကတို့ဖြင့် တင်ဆက်ခဲ့ပြီး ဂျပန်သို့ရောက်ရှိနေသည့် အထူးဧည့်သည်တော် နာမည်ကျော်ချင်းအမျိုးသမီးအဆိုတော် “ ဆုန်သင်းပါရ် ”နှင့် ကိုအောင်ပဏ်းတို့မှ ခေတ်ပေါ်တေးသီချင်းများ၊ ချင်းအမျိုးသားသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက် သွားခဲ့ကြပါသည်။
ယနေ့ကျင်းပခဲ့သော ၆၂ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အနားနှင့်သက်ပတ်၍ အခမ်းအနားမှူးတာဝန်ယူခဲ့သူ Lia Cing Hau Lanက ”မြန်မာပြည်မှာ လွတ်လွတ်လပ်လပ်နဲ့ သီးသန့်ဖော်ထုတ်ခွင့်မရတဲ့ ချင်းလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကို ဖော်ထုတ်ခွင့်ရတဲ့အတွက်ဝမ်းသာကြောင်းနှင့် ချင်းတိုင်းရင်းသူတဦးအနေဖြင့် ဘယ်နေရာရောက်ရောက်၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ကတော့ ချင်းလူမျိုးတွေရဲ့ အမျိုးသားနေ့ဖြစ်ကြောင်းကို အထိမ်းအမှတ်ပြုလုပ်ရတဲ့အတွက် ဂုဏ်ယူမိကြောင်း”မိုးသောက်ကြယ်သို့ပြောခဲ့ပါသည်။
ဆုန်သင်းပါရ်ကလည်း ”ဂျပန်မှာကျင်းပတဲ့ ၆၂ နှစ်မြောက် ချင်းအမျိုးသားနေ့မှာ ဂုဏ်ပြုသီဆိုခွင့်ရရှိတဲ့အတွက်ဝမ်းမြောက်မိကြောင်းနှင့်၊ ချင်းအမျိုးသားနေ့နှင့်ပတ်သက်ပြီး မိမိအနေဖြင့် မြန်မာပြည်ထဲတွင်တကြိမ်၊ ယခုဂျပန်နိုင်ငံတွင်တကြိမ် စုစုပေါင်း(၂)ကြိမ်သာ ပါဝင်ခဲ့ဘူးကြောင်း၊ လာရောက်အားပေးကြသည့် ပရိတ်များကိုလေး အများကြီးကျေးဇူးတင်ကြောင်း ”မိုးသောက်ကြယ်သို့ယခုလိုရှင်းပြခဲ့သည်။ အခမ်းအနားအစီအစဉ်နိဂုံးချုပ်အနေဖြင့် ချင်းတောင်တန်းသို့  အလည်တခေါက် လာခဲ့ပါ တေးသီချင်းဖြစ် စုပေါင်းသီဆိုကြပြီး အောင်မြင်စွာနှင့် ရုပ်သိမ်းခဲ့ပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်
မှတ်တမ်းဓါတ်ပုံ- ဦးသန်းဝင်း၊ မင်းညိုဝမ်း

Sunday, February 21, 2010

14 prefectures oppose allowing foreigners to vote in local elections

နိုင်ငံခြားသားများဒေသအတွင်း ရွေးကောက်ပွဲမဲပေးခွင့် နယ်မြေ၁၄ခုမှကန့်ကွက်

ဂျပန်ရှိစီ
ရင်စုနယ်မြေ ၄၇ခုရှိသည့်အနက် ၁၄ခုမှ အမြဲနေထိုင်ခွင့်ရ နိုင်ငံခြားသားများအား ဒေသအတွင်းမဲပေးခွင့်ကို ကန့်ကွက်သည့် ကြေငြာစာတမ်းများထုတ်ပြန်ခဲ့ကြသည်။ ယမန်နှစ်ဒီမိုကရက်တစ်ပါတီမှ အာဏာရရှိပြီး ကတည်းက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း ကျိုဒိုသတင်းစာစစ်တမ်းကဖေါ်ပြသည်။
ယင်းကြေငြာစာတမ်းများ မထုတ်ပြန်မှီလွန်ခဲ့သော စက်တင်ဘာလကတည်းက ဝန်ကြီးချုပ်ဟာတိုယာမအစိုးရက
ဒေသအတွင်း အမြဲနေနိုင်ငံခြားသားများမဲပေးခွင့်ကို စီရင်စု(၃၁)ခုမှ ထောက်ခံပြီး (၆)ခုက ကန့်ကွက်ခဲ့သည်။
အစိုးရ၏ မူဝါဒများ အပေါ်ကန့်ကွက်မှုများကြီးထွားလာပြီး အဓိကအတိုက်အခံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော်ကိုယ်စာလှယ်များက ကန့်ကွက်ကြေငြာစာတမ်းကို ထုတ်ပြန်ခဲ့ကြသည်။
ဂျပန်အစိုးရက အမြဲနေနိုင်ငံခြားသားများကို မဲပေးခွင့်ဥပဒေပြဌာန်းနိုင်ရန်စဉ်းစားလျှက်ရှိသည်။ DPJ အထွေထွေအတွင်းရေးမှူး အီချီရိုအိုဇာဝါက အဆိုပါဥပဒေကို လက်ရှိပြုလုပ်လျှက်ရှိသော ဒိုင်ယက်လွှတ်တော်ပုံမှန် စည်းဝေးပွဲတွင် တင်ပြနိုင်ရန်မျှော်လင့်ကြောင်းထုတ်ဖေါ်ပြောဆိုခဲ့သည်။
သို့သော် DPJ ဥ
ီးဆောင်ညွှန့်ပေါင်း အစိုးရက အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ လေ့လာသုံးသပ်လျှက်ရှိသည်။ ညွှန့်ပေါင်းအဖွဲ့ဝင် လူထုပါတီသစ် (People’s New Party) ဥက္ကဌ ရှီကူကာခါမဲအိက လွန်ခဲ့သော အပါတ်ကကန့်ကွက်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ချီသာစီရင်စုလွှတ်တော်၏ ကန့်ကွက်ရခြင်းအကြောင်းကို LDP ချီဘားရုံးခွဲ အထွေထွေအတွင်းရေးမှူး နာအိုဘိုရှီက ရှင်းလင်းရာတွင် အစိုးရ၏ အပြောင်းအလှဲလုပ်မှုသည် ဒေသအတွင်းမဲပေးမှုကို ဥပဒေတစ်ရပ်အဖြစ်အသက်သွင်းရန် ယခင်ကပင်ပြုလုပ်ခဲ့ပုံရှိကြောင်းဆို၏။
“နိုင်ငံရေးအခြေနေတွေက ပြောင်းလှဲနေပါပြီ။ ဟာတိုယာမ အစိုးရအတွက် အန္တရာယ်ရှိတဲ့အရိပ်အယောင်တွေ ကျွန်တော်တို့ အခုမြင်နေရပါပြီ” ဟု ဆိုခဲ့သည်။ ၁၉၉၉ခုနှစ် LDP နှင့် ကိုမိအိတိုပါတီသစ် ညွှန့်ပေါင်းအစိုးရဖြစ်စဉ်က ထိုဥပဒေကို ထောက်ခံကြောင်းချီဘားလွှတ်တော်မှ ကြေငြာစာတမ်းထုတ်ခဲ့သည်။
LD
P၏ အဖွဲ့ဝင်ဖြစ်သော အီရှိကာဝါ စီရင်ခုလွှတ်တော်ကလည်း အလားတူပင်ဖြစ်ခဲ့သည်။ အမြဲနေထိုင်ခွင့်ရနိုင်ငံခြားသားများကို မဲပေးခွင့် ပေးခြင်းသည် “စစ်မှန်မှု” တစ်ခုမဟုတ်သောကြောင့် လွှတ်တော်ကိုထောက်ခံရမည်ဟု ဆိုခဲ့သည်။
အာကီတာစိရ
င်စုလွှတ်တော်ကလည်း အစိုးရ၏အပြောင်းအလှဲနှင့်ပတ်သက်၍ ကန့်ကွက်စာထုတ်ခဲ့သည်။ “နိုင်ငံလုံး အများသဘောဆန္ဒကို မဆောင်ပါ”ဟူ၍ဆို၏။
ကာဂါဝါစိရင်စုကလည်း အမြဲနေနိုင်ငံခြားသားများ မဲပေးခွင့်ရရှိရန် နိုင်ငံသားဖြစ်ခွင့်ဟာ ပထမဦးစွာပေးရမည်ဟုဆို၏။ ဂျပန်တွင်အမြဲနေထိုင်သော နိုင်ငံခြားသားများအတွက် ဒေသတွင်းမဲပေးခွင့်ပိတ်ပင်ခြင်းမရှိကြောင်းဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါဝင်ကြောင်း ဗဟိုတရားရုံးကပြောကြားခဲ့ပြီး နောက်ပိုင်း ၁၉၉၅ တွင်ဤကိစ္စကို အာရုံစိုက်လာခဲ့ကြသည်။ ၁၉၉၅ ခုနှစ်မှစ၍ DPJ တိုမီအိတိုပါတီသစ်နှင့် ဂျပန်ကွန်မြူနစ်ပါတီတို့က ၎င်းကိစ္စကို ဥပဒေပြုရန်တင်ပြခဲ့ဖူးသည်။ သို့သော် ထိုစဉ်က အာဏာရပါတီ LDP က လက်မခံခဲ့ပေ။
ကိုရီးယားနွယ်ဖွားစသည့် အမြဲနေနိုင်ငံခြားသားများကို ဒေသအတွင်းမဲပေးခွင့် ပတ်ပင်ထားပြီး အမျိုးသားရွေးကောက်ပွဲအတွင်းသာ မဲပေးခွင့်ပြုထားသည်။ သို့သော် ၎င်းတို့သည်လား နိုင်ငံသားများနည်းတူ အခွန်ထမ်းများ ဖြစ်သောကြောင့် မဲပေးခွင့်ရသင့်ကြောင်း တောင်းဆိုမှုများရှိ၏။
ဂျပန်ရှိ အမြဲနေ နိုင်ငံခြားသား အများစုမှာ ကိုရီးယားနွယ်ဖွားများ ဖြစ်ကြ၏။ ဂျပန်က ကိုရီးယား ကျွန်းဆွယ်နှင့် ထိုင်ဝမ်ကို ကိုလိုနီပြုထားစဏ် အချိန်ကတည်းက ယင်းဒေသမှ လူများကို ဂျပန်၌ အခြေချ နေထိုင်ခွင့် ပြုထားခဲ့သည်။


Saturday, February 20, 2010

ဂျပန်မှာကျင်းပမည့် (၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ဆုန်သင်းပါရ် သီဆိုဖျော်ဖြေမည်

ဂျပန်ရောက် ချင်းတိုင်းရင်းသားများကြီးမှူးကျင်းပမည့် ` ၆၂ နှစ်မြောက် ချင်းအမျိုးသားနေ့`အထိမ်းအမှတ်အခမ်းအနားတွင် နာမည်ကြီး ချင်းအမျိုးသမီးအဆိုတော် ဆုန်သင်းပါရ်မှ သီချင်းသီဆိုမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများ၏ အကြောင်းကြားချက်အရ သိရသည်။
“အမေရိကားကနေအပြန် ဂျပန်ကိုရောက်နေတဲ့ မဆုန်သင်းပါရ်ကို ကျမတို့ကအကူအညီတောင်းလိုက်တာပါ။ ချင်းအမျိုးသားနေ့ကျရင် သီချင်းဆိုပေးပါလို့ ပြောလိုက်တော့ မဆုန်သင်းပါရ်ကလည်း လိုလိုလားလားပါပဲ။ ဆိုပေးမယ်တဲ့။ အဲဒီလိုပြောပါတယ်…”ဟု ၆၂ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားစီစဉ်သူတာဝန်ခံတစ်ဦးဖြစ်သူ Cing Hau Lun မှ မိုးသောက်ကြယ်သို့ရှင်းပြသည်။
တာဝန်ခံနောက်တစ်ဦးဖြစ်သည့် ဒေါ်ယဉ်ယဉ်ကလည်း ”ကျမတို့ချင်းပြည်နယ်မှာ `ကြွက်`တွေ တော်တော်ကိုသောင်းကျန်းနေပါတယ်။ သီးနှံစိုက်ပျိုးပင်တွေကို ၀င်ရောက်မွှေနှောက်လို့ အငတ်ဘေးနဲ့ကြုံနေကြရသလို၊ ရောဂါဘယတွေလည်း အတော်ကြီးကိုထူပြောနေပါတယ်။ အဲဒီ့အတွက် ဂျပန်ကိုအလည်ရောက်နေတဲ့ ဆုန်သင်းပါရ်ကို လူမှုရေးလုပ်ငန်းသဘောမျိုးနဲ့ ချင်းအမျိုးသားနေ့မှာ သီချင်းဆိုပေးပါ။ ရရှိတဲ့ရံပုံငွေအားလုံးကို အတိဒုက္ခရောက်နေတဲ့ ချင်းတိုင်းရင်းသားညီအကိုမောင်နှမတွေအတွက် လှူတန်းချင်ပါတယ်လို့ ကျမတို့က ကမ်းလှမ်းလိုက်တာပါ။ နောက်ပြီး ဆုန်သင်းပါရ်ကိုယ်တိုင်ကလည်း ဒါမျိုး လူမှုရေးလုပ်ငန်းဆို ၀ါသနာလည်းပါတယ်။ အားတက်သရောလည်းလုပ်ကိုင်နေတဲ့သူတယောက်ဆိုတော့ ကျမတို့ကမ်းလှမ်းချက်ကို ချက်ချင်းလက်ခံကြောင်းပြောလို့ သီချင်းသီဆိုဖို့စီစဉ်ဖြစ်သွားတာပါ”ဟု ထပ်မံရှင်းပြသည်။

သီချင်းဆိုဖို့လက်ခံခဲ့သည့် အဆိုတော်ဆုန်သင်းပါရ်ကတော့ “စုစုပေါင်း ၁၁ ပုဒ်ဆိုမှာပါ။ ချင်းသီချင်း ၂ ပုဒ်နဲ့ ပရိတ်သတ်ကြားထဲရောက်နေတဲ့မြန်မာသီချင်း ၉ ပုဒ်ပါ။ ဒန် ဒီ ဒီ တို့၊ ခဏခဏတို့၊ ရူးရူးမိုက်မိုက်အချစ်တို့ပေါ့လေ။ ဆိုဖြစ်သွားရတဲ့အကြောင်းကလည်း ဒီမှာရှိတဲ့ ဘုရားကျောင်းအဖွဲ့ကဖိတ်လို့ ချင်းအမျိုးသားနေ့မှာ ရံပုံငွေရှာပေးတဲ့အနေနဲ့ ဆုန်သင်းကဆိုဖြစ်သွားတာပါ။ ဒီမလာခင် အမေရိကားမှာလည်း အခုလိုမျိုး ရံပုံငွေရှာတဲ့အနေနဲ့ ဆိုခဲ့ပါသေးတယ်။ နောက်ပြီး ဆုန်သင်းကိုယ်တိုင်ကလည်း လူမှုရေးလုပ်ငန်းကို စိတ်ပါတယ်လေ။ နာဂစ်တုန်းကဆိုရင်လည်း ဒါမျိုးလုပ်ခဲ့ကြတာ…“ဟု မိုးသောက်ကြယ်သို့ ယခုလိုရှင်းပြသည်။
သူမ၏ဆက်လက်ပြောပြချက်အရ ဂျပန်တွင်ဖျော်ဖြေမှုသည် ယခုအခါနှင့်ဆိုလျင် ၂ ကြိမ်မြောက်ရှိသွားပြီဟု သိရှိရပြီး၊ ယခုတစ်ခေါက်တွင် ဂျပန်ရှိ ချင်းတိုင်းရင်းသားများမှ တီးခတ်မည်ဖြစ်သည်။ ဆုန်သင်းပါရ်နှင့်အတူ ဂျပန်သို့ရောက်ရှိနေသည့် အဆိုတော်အောင်ပဏ်းကလည်း အားဖြည့်သီဆိုမည်ဟုလည်း သိရသည်။
၆၂ နှစ်မြောက် ချင်းအမျိုးသားနေ့သည် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ကျရောက်ခဲ့ပေမယ့် ဂျပန်ရှိ ချင်းတိုင်းရင်းသားများမှ အများပြည်သူအားလပ်ရက်ဖြစ်သည့် ဖေဖော်ဝါရီလ ၂၁ ရက်(တနင်္ဂနွေ)နေ့တွင် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပခြင်းဖြစ်ကြောင်း သိရှိရပြီး၊ အိခဲဘုခုရိုရပ်ကွက်ရှိ၊ Kohkaido ခန်းမဆောင်၌ ညနေ ၆ နာရီမှ ၉ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စုဖွား မြန်မာနိုင်ငံသား အားလုံးတက်ရောက်ကြပါရန်လည်း ဖိတ်ခေါ်ထားပါသည်။
အသေးစိပ်သိရှိလိုပါက တာဝန်ခံများဖြစ်ကြသည့်-
Cing Hau Lun 080 5404 6600
Daw Yin Yin 090 1884 4964
Daw Ngun Than 080 5006 1352
Cin Lam Lun 090 7260 6974
Mang Cing Khai 090 7902 769
Daw Za Lun 090 4661 4862
Helen Thlar Bor 090 4724 6059
သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Thursday, February 18, 2010

ထွက်ပေါက်(ကျော်သူ)


အဘရဲ့အမွေ၊ အဖရဲ့အမွေ။

အဘ (ဘဘဦးသုခ) . . . ။

(၇) ရက်သားသမီး ဆင်းရဲချမ်းသာ လူမျိုးမရွေး၊ ဘာသာမရွေး၊ ပြည်သူလူထုတို့ရဲ့ နာရေးကိစ္စအဝဝကို အဆင်ပြောချောမွတ်စွာနှင့် သင်္ဂြိုလ်ပေးနိုင်အောင် နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ . . . “အဘ”။

အဖ (ဗိုလ်ချုပ်အောင်ဆန်း) . . . ။

အဖ တိုက်ပွဲဝင်ခဲ့တဲ့ . . . အမွေ။
အဖ ဦးဆောင်ခဲ့တဲ့ . . . အမွေ။
မြန်မာပြည်သူလူထုကို ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်လူမျိုးအတွက် လွတ်လပ်ရေးရရှိအောင် တိုက်ပွဲဝင်ခဲ့တဲ့ . . . “အဖေ”။

“အဘ”ရဲ့ အမွေကို အထိခိုက်အပွန်းပဲ့မခဲ့ဘဲ ဆက်လက်တိုးပွားအောင် နာရေးကူညီမှုအသင်း (ရန်ကုန်) လူမှုရေးလုပ်ငန်းစဉ်မှ တစ်ဆင့်တက်၍ “သုခကုသိုလ်ဖြစ်ဆေးခန်း” ဟူ၍ အခမဲ့ကုသိုလ်ဖြစ်ဆေးကုသပေးခြင်းလုပ်ငန်းကို ကျွန်တော်တို့ရှိသမျှ အင်အား၊ အလှူရှင်တို့ရဲ့သဒ္ဓါတရားနှင့် ရဲရဲရင့်ရင့်ဖွင့်လှစ်ပြီးဖြစ်သလို ယခု “သုခအလင်း” ဟူလေသော စာကြည့်တိုက်ကိုပါ ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။

“သုခအလင်း” . . . ဟုဆိုရာ၌ လူမှုရေးလုပ်ငန်းများလုပ်စဉ် လူမှုရေးသမားများ၏စိတ်ဓာတ်၊ ခံယူချက်၊ ရည်မှန်းချက်များထိမိအောင် ပြည်သူလူထုအတွက် အကျိုးတိုးပွားအောင်၊ အနာဂတ်ရဲ့ အားကိုးအားထားရာ၊ အနာဂါတ်ရဲ့ သူရဲကောင်းများဖြစ်ရန်၊ အနာဂါတ်မြန်မာပြည်ကြီးရဲ့ ဦးဆောင်မှုပေးနိုင်သော လူငယ်မျိုးဆက်သစ်များ ပေါက်ဖွားစေရန် ရည်သန်လျက် ဤ “သုခအလင်း” စာကြည့်တိုက်ကို ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ငြိမ်းချမ်းသောအလင်းတန်းကို ဖွင့်လှစ်ပေးမည့်၊ ပျိုးထောင်ပေးမည့် လမ်းပြကြည်ဟု ဆိုချင်ပါသည်။

ဒီလို “အဘ (ဘဘဦးသုခ) ရဲ့အမွေ” ကို တိုးပွားအောင် ထမ်းဆောင်ထိန်းသိမ်းရာ၌ အနှောက်အယှက်၊ အတိုက်အခိုက်၊ အဖျက်အဆီးများ . . . များစွာကြုံတွေ့ခဲ့ရသည်။ ဤတွင် “အဖ (ဗိုလ်ချုပ်အောင်ဆန်း) ရဲ့အမွေ” “အဖဗိုလ်ချုပ်အောင်ဆန်း) ရဲ့သြဝါဒ” “အဖ (ဗိုလ်ချုပ်အောင်ဆန်း) ရဲ့ဆိုဆုံးမမှု” တို့ကို မိမိတို့လက်ကိုင်တုတ်အဖြစ် အသုံးပြုရတော့မည်။

ဤတွင် ကျွန်တော်၏စိတ်ထဲတွင် “ဖျက်ကနဲ” ပေါ်လာသည်။ ကျွန်တော်၏ ဆရာတစ်ဦးဖြစ်သော ကမ္ဘာမြေပြင်ပေါ်မှ ထွက်ခွာသွားပြီဖြစ်သော ဘဘဆရာကြီးမင်းသိင်္ခပင်ဖြစ်သည်။ ဆရာကြီး မင်းသိင်္ခ၏ ပုဏ္ဏားဘကွန်းကို သူ၏ဆရာဖြစ်သော ဖိုးသူတော်ကြီးက လူ့ဘဝကိုရင်ဆိုင်ဖို့၊ သူဌေးဖြစ်ဖို့ ပေးလိုက်သည့် ပစ္စည်းများပင် ဖြစ်တော့သည်။

နံပါတ် (၁) မီးအိမ်
နံပါတ် (၂) လွယ်အိတ်
နံပါတ် (၃) ဝါးရင်းတုတ် . . . တို့ဖြစ်သည်။



နံပါတ် (၁) မီးအိမ် ။ ။ မီးအိမ်သည်ကား ဘဝခရီးလမ်းကို လျှောက်ရာ၌ အမှောင်ထုကို ဖြိုခွင်းသွားဖို့၊ ငြိမ်းချမ်းသောပန်းတိုင်ကို
ရောက်ဖို့အလင်းတန်းများပေးမည့် . . . မိမိတို့ရိုးမြေကျသည်အထိ လက်ကိုင်ထားရမည့်အရာ ဖြစ်သည်။

နံပါတ် (၂) လွယ်အိတ်။ ။ လွယ်အိတ်သည်ကား မိမိလျှောက်ရာဘဝလမ်းခရီး၌ မိမိအတွက် အကျိုးရှိမည့် ဆောင်ပုဒ်များ၊ ခံယူချက်များ၊ ဒဿနများ၊ ကုသိုလ်အထုပ်များ စုဆောင်းသိမ်းဆည်းရမည့် အရာဖြစ်သည်။

နံပါတ် (၃) ဝါးရင်းတုတ်။ ။ ဝါးရင်းတုတ်သည်ကား မိမိလျှောက်ရာလမ်းခရီး၌ နှောက်ယှက်သူ၊ ဖျက်ဆီးသူ၊ ဟန့်တားမှုများ၊ တားမြစ်ပိတ်ပင်မှုများကို ရှင်းလင်းသုတ်သင်ရာတွင် သုံးရမည့်အရာ ဖြစ်သည်။

ထို့ကြောင့် ကျွန်တော်တို့၏ခံယူချက် (အများပြည်သူလူထုအတွက်)နှင့် လျှောက်လှမ်းနေသော ကုသိုလ်ရေး၊ ငြိမ်းချမ်းရေးလမ်းခရီး၌ မိမိတို့ရရှိသမျှ ကုသိုလ်ရေးအထုပ်ပစ္စည်းများကို လွယ်အိတ်ထဲထည့်၊ ဘဝရဲ့အလင်း၊ ဘာသာရေးရဲ့အလင်း၊ ငြိမ်းချမ်းမှုအလင်း၊ လူမှုရေးအလင်း ဖန်မီးအိမ်ကိုကိုင်ခါ လမ်းခရီး၌ တားမြစ်ပိတ်ပင် အယူသည်းမှုများကို မိမိတို့၏ လက်ကိုင်ဝါးရင်းတုတ်နှင့် ဖယ်ရှားသွားရမည်ဖြစ်တော့သည်

ထို့ကြောင့် “ပုဏ္ဏားဘကွန်းလမ်းစဉ်”ကို ကျင့်သုံးရမည်ဖြစ်တော့သည်။

ဤသို့ ကျွန်တော်တို့ရဲ့လူမှုရေးလမ်းတစ်လျှောက် ငြိမ်းချမ်းရေးပန်းတိုင်သို့ သွားရာလမ်းခရီးတွင် အမှောင်ရှိလျှင် အလင်းပြ၊ ကုသိုလ်အထုပ်များကို သိမ်းဆည်းသကဲ့သို့ အယူသည်းမှု၊ နှောက်ယှက်မှုများကို ရှင်းလင်း၍ သွားသော်လည်း မိစ္ဆာဒိဋ္ဌိရန်စွယ်ကား မသေးလှချေ။ ဆုတ်ကပ်ခေတ်ကြီးရောက်နေပြီ မဟုတ်ပါလား။

ရှင်းလင်း၍ မကုန်နိုင်။
သုတ်သင်၍ မကုန်နိုင်။
ဖယ်ရှား၍ မကုန်နိုင်။

ရန်သူအင်အားသည် များလာပြီ၊ အယူသည်းမှုများ တိုးပွားလာပြီ၊ ပိတ်ပင်တားဆီးမှုများ များလာပြီဖြစ်ပါက . . . ။

ကျွန်တော်၏ ခံယူချက် . . . အဓိဋ္ဌာန်ကိုတော့ မည်သို့မျှ မဖျက်။
အများမိုးခါးရေသောက်ပေမဲ့ ကျွန်တော်မသောက်နိုင်။
ကျွန်တော် . . . ကြံ့ကြံ့ခံမည်။
ခံယူချက်၊ ကျင့်ကြံမှု၊ ရည်မှန်းချက်များ လုံးဝအပွန်းအပဲ့မခံ။
အဆုံးစွန်ဆုံး ကျွန်တော်ပြောတော့မည်။
တစ်ယောက်နဲ့အများ
တစ်ယောက်အားနဲ့ အများအား . . . ။
အင်အားခြင်းမမျှဖြစ်လာခဲ့သော် . . . ။

တိုက်ပွဲတစ်ပွဲတွင် ရန်သူအင်အားအလုံးအရင်းနှင့် မိမိဖက်မှ အင်အားနည်းသွားပါခြင်း၊ သစ္စာအဖောက်ခံရခြင်း . . . စသည်တို့ကြောင့် မိမိတစ်ဦးတည်း ကျန်ရစ်ခဲ့သော် သင်တို့ကောမည်သို့ လုပ်မည်နည်း၊ မည်သို့ဆုံးဖြတ်မည်နည်း၊ ကျွန်တော်ကတော့ အသေခံ၍ တိုက်မည်။
ရန်သူ၏အဖမ်းကို မခံနိုင်။
ရန်သူ၏စည်းရုံးမှုကို မခံနိုင်။
ရန်သူ၏ သိမ်းသွင်းမှုကို မခံနိုင်။
နောက်ဆုံး . . . မိမိတွင် ကျန်ရစ်သော ကျည်တစ်ထောင့်၊ ဗုံးတစ်လုံး . . . ဓားတစ်ချောင်းဖြင့် . . ။

ဟုတ်ပါသည်။

ပုဏ္ဏားဘကွန်းကို သူ၏ဆရာ ဖိုးသူတော်ကြီးပေးလိုက်သည့် ပစ္စည်များတွင် နောက်ဆုံးနံပါတ် (၄) ပစ္စည်းတစ်ခုရှိပါသေးသည်။

ယင်းပစ္စည်းသည် . . . “မင်းလိုချင်တဲ့ ပန်းတိုင်ကို . . . ရက် . . . လ . . . နှစ် - နောက်ဆုံးထားပြီးသွား”။
“အေး . . . အဲဒီ့နေ့ရက်ရောက်လို့မှ မင်းလိုချင်တဲ့ပန်းတိုင်၊ မင်းသွားချင်တဲ့ နေရာ၊ မင်းရောက်ချင်တဲ့ ဌာနကိုမှ မရောက်ခဲ့ရင် မင်းအဲဒီ့အဆိပ်ပုလင်းကိုသာ သောက်ချလိုက်တော့”
ဟုဆိုကာ ဘကွန်း၏ လည်ပင်းတွင် ကြိုးနှင့်အဆိပ်ပုလင်းကို ချိတ်၍ ဆွဲပေးခဲ့သည်။

ဟုတ်သည် . . . ကျွန်တော့်တွင် နောက်ဆုံးလက်နက်ရှိသည်။
ကျွန်တော့်ရဲ့ အဓိဌာန်
ကျွန်တော့်ရဲ့ ရည်မှန်းချက်
ကျွန်တော့်ရဲ့ ခံယူချက်
ကျွန်တော့်ရဲ့ သစ္စာတရားတို့ကိုတော့ လုံးဝအထိအခိုက် အပွန်းအပဲ့မခံနိုင်တော့။ ကျွန်တော့် ကိုယ်လွတ်ရုန်းခြင်းမဟုတ်။ အဖန်ငါးရာ ငါးကမ္ဘာကိုလည်း မကြောက်တော့။ အဓိဌာန်ကိုတော့ မဖျက်နိုင်တော့ချေ။

သတ်ကွင်းရှိလျှင် ထွက်ပေါက်ရှိရမည်။
ဒါကြောင့် . . ရန်သူ၏သတ်ကွင်းထဲသို့ ရောက်ခဲ့လျှင် ထွက်ပေါက်ကို ရှာရမည် မဟုတ်ပါလား . .။
ယင်းထွက်ပေါက်သည် . . . ?

ကျော်သူ

_______________________________________________
အမေလက်ဆင့်ကန်းပြောထားတာ . . .
“စိတ်မပျက်နဲ့၊ စိတ်ဓာတ်မကျနဲ့” တဲ့။
“ကျွန်တော် စိတ်မပျက်ပါဘူး၊ စိတ်ဓာတ်မကျပါဘူး အမေ
စိတ်နာနာနဲ့ ဖိလုပ်နေတာပါ”။
ဒါကြောင့် . . . စိတ်နာနာနဲ့ ချရေးမိတာပါ ခင်ဗျာ။
_______________________________________________

သား (ကျော်သူ)

တပ်မတော်သည်ကြေးစားမဟုတ်


စစ်ကိုင်းဟန်တင် ရေးသားပြုစုခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ရှားပါးမိန့်ခွန်းများစာအုပ်မှ-
ရဲဘော်တို့…
ကနေ့ ရဲဘော်တို့ အခုဟာ ဒီကျောင်းကဆင်းပြီး ဗမာ့တပ်မတော်မှာ အကြပ်များအဖြစ် အမှုထမ်းကြရတော့မယ်၊ ဒီကျောင်းမှာနေတုန်းက ရဲဘော်တို့ဟာ ကျောင်းသားပဲ၊ အခု ဒီကျောင်းက ထွက်သွားတော့ ဗမာ့တပ်မတော်မှာ မိမိအစွမ်းအလျောက် ခေါင်းဆောင်ရဲ့ တာဝန်ဝတ္တရား ထမ်းဆောင်ရတော့မယ်။ ကျောင်းသားဘ၀တုန်းက တာဝန်ဆိုတာ မရှိခဲ့သော်လဲ အခုကျောင်းကထွက်တာနှင့် တပြိုင်နက် ရဲဘော်တို့မှာ တာဝန်နှင့်ဖြစ်သွားပြီ၊ ဒီတာဝန်ဟာဘာလဲ၊ ဗမာ့နိုင်ငံနဲ့ ဗမာလူမျိုးကိုကာကွယ်ဖို့ပဲ၊ ဗမာလူမျိုးဆိုတာဟာလဲ ဗမာလိုသာသိတဲ့ ဗမာတွေသာမဟုတ်ဘူး၊ ဗမာတနိုင်ငံလုံးမှာရှိတဲ့ ရှမ်း၊ ကရင်၊ ကချင်၊ ချင်း အစရှိတဲ့တိုင်းရင်သားအားလုံးကိုဆိုလိုတယ်။ ဒါကြောင့် ဗမာ့တပ်မတော်ရဲ့တာဝန်ဟာ အရင်တုန်းက အင်္ဂလိပ်လက်ထက်ကတပ်များလို ကြေးစားမဟုတ်ပဲ နိုင်ငံနှင့်အမျိုးကို တကယ်ကာကွယ်ဖို့ပဲ။ ဒီသဘောကို ရဲဘော်တို့ဟာ မိမိရရနားလည်ပြီး ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင်လုပ်ကြရမယ်။ ဒီတပ်မတော်ဟာ ဒီနိုင်ငံ ဒီလူမျိုးတွေရဲ့ `ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာ`ဆိုတဲ့ အနေမျိုးဖြစ်ရမယ်၊ ဒီလိုမဟုတ်ပဲ ဒီတပ်မတော်ဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့စိတ်ထဲမှာ အော့နှလုံးနာစရာ ဖြစ်မယ်ဆိုရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားပဲဖြစ်မယ်၊ ရဲဘော်တို့ ဒီမှာလာပြီး ဆင်းရဲရတာတွေ၊ နောက် တပ်ထဲမှာ ဆင်းရဲရတာတွေ၊ စစ်မြေပြင်မှာစွန့်ရမှာတွေဟာ အားလုံး အချည်းအနှီးဖြစ်မယ်၊ ဒါကြောင့် ဒီတပ်မတော်ဟာ `ပြည့်သူ့တပ်မတော်`လို့ တနိုင်ငံလုံးက ယုံကြည်အားကိုးချင်လာအောင် ရဲဘော်တို့ဟာ မိမိတာဝန်များကို ထမ်းရမယ်။

နိုင်ငံသူနိုင်ငံသားများနှင့် ဆက်ဆံရေး

နိုင်ငံသူ နိုင်ငံသားများနှင့် ဆက်ဆံတဲ့အခါ ယဉ်ယဉ်ကျေးကျေးဆက်ဆံပါ၊ မှန်မှန်ကန်ကန်ဆက်ဆံပါ၊ ရဲဘော်တို့ကို အားကိုးချင်အောင် အလုပ်လုပ်ပါ၊ ငါတို့က တပ်ထဲမှာတော့ ငါတို့အချင်းချင်း ပြောနည်းဆိုနည်း၊ လုပ်နည်းကိုင်နည်း၊ အမူအရာတို့ဟာ စစ်စကားပြော၊ စစ်သံပေး၊ စစ်အမူအရာထား၊ စစ်မာန်သွင်းတဲ့ အလေ့အထရှိကြပေမယ့် အပြင်ဘက်ကလူတွေအဖို့မှာ ဒါမျိုးတွေဟာ အထူးအဆန်းဖြစ်နေတယ်။ ဒါကြောင့် သူတို့နဲ့ကြရင် စစ်သားအနေအထားမျိုးမဟုတ်ပဲ ရိုးရိုးဗမာတဦးအနေနဲ့ ဆက်ဆံကြရမယ်။ အဲဒါကိုသတိထားကြရမယ်။ လူတွေရဲ့စိတ်ထဲမှာ ငါတို့ဟာ `ဓား`ရှိလို့၊ `လက်နက်`ရှိလို့ မတရားလွမ်းမိုးချုပ်ချယ်၊ အနိုင်ကျင့်တယ်ဆိုတဲ့သဘောမျိုးမရောက်ပါစေနဲ့။ လူတွေရဲ့စိတ်ထဲမှာ ဒီတပ်မှတို့တပ်၊ ဒီလူတွေမှတို့လူ၊ တို့အားကိုးရမယ်ဆိုတဲ့ သဘောမျိုးရောက်ပါစေ။ ဒီစကားကိုငါတို့ပြောနေတာဟာ လူကြီးမို့လို့ ကြားကောင်းအောင်ပြောနေတာမဟုတ်ဘူး။ ငါတို့ စိတ်ထဲကတကယ့်စေတနာအတိုင်း ပြောနေတာပဲ။ ဒီအတိုင်းနားလည်ထားရမယ်၊ အဲဒါဟာ ပထမဆုံးအချက် မှာကြားလိုတာပဲ။

အထင်မကြီးနဲ့

ဒုတိယအချက် ရဲဘော်တို့ကိုမှာကြားလိုတာက အထင်မကြီးဖို့ပဲ၊ အခုတတ်မြောက်ထားတဲ့ သင်တို့ရဲ့စစ်ပညာဟာ အခြေခံပဲရှိသေးတယ်။ ရှေ့ကို အများကြီးချဲ့ထွင်ရဦးမယ်။ အခုခေတ်မယ် စစ်ပညာဟာ ကြာလေကြာလေ ရှုပ်ထွေးများပြားတိုးတက်လာလေ ဖြစ်တဲ့အတွက် ကိုယ်တတ်ထားတာလေးနဲ့ ကျေနပ်မနေပဲ၊ အထင်ကြီးမနေပဲ ရှေ့ဆက်တိုးတက်အောင်လုပ်ကြရမယ်။ လူမျိုးဖြစ်စေ၊ လူဖြစ်စေ၊ တိုးတက်ခြင်းရဲ့အကြောင်းတရားဟာ မိမိလက်ရှိအခြေအနေနဲ့အားရမနေပဲ ရှေ့ကိုအမြဲဆက်လက်ကြိုးစားကြ၊ ဆက်တိုးတက်ရအောင် လုပ်ကြ။

ဥာဏ်ကစားနိုင်ခြင်း
သုံးအချက် ခုသင်ကြားခဲ့တာတွေကို လှေနံဓားထစ်မယူကြနဲ့၊ အရင်းခံသဘောဘာလဲဆိုတာ နားလည်အောင်လုပ်ရမယ်၊ အမှန်ဟာဖြင့် စစ်တိုက်တာဟာ သေနတ်ပစ်တတ်ပြီးတော့ ကိုယ်ပိုင်ဥာဏ်နဲ့ တိုက်ယင်ဖြစ်တာပဲ။ ဒါပေမယ့်ကိုယ်ပိုင်ဥာဏ်ဟာ လူတိုင်းမှာ မရှိကြဘူး။ ရှိရင်လဲ မလုံလောက်ဘူး၊ မခိုင်ခံ့ဘူး၊ မစူးရောက်ဘူး။ ဒါကြောင့် ဒီလိုဥာဏ်ကစားတတ်အောင် ရဲဘော်တို့လာသင်ကြရတာပဲ၊ ဒီမှာသင်ရတဲ့ ဘယ်လှည့် ညာလှည့် အစရှိတာတွေကို သဘောနားလည်ပြီး အလုပ်လုပ်ရမယ်။ လှေနံဓားထစ်မထားပဲ အခြေအနေအမျိုးမျိုး၊ အချိန်အခါ အမျိုးမျိုးကြည့်ပြီး အလုပ်လုပ်တတ်ရမယ်၊ အချိန်နဲ့နေရာ ကိုယ့်ပညာ ကိုယ့်အတတ်ကို အသုံးချတတ်မယ်၊ အဲဒါက သုံးအချက် မှာကြားလိုက်တာပဲ။

လုပ်ငန်းမပြီးသေး
နောက်ဆုံးမှာကြားလိုတာက ငါတို့ရဲ့လုပ်ငန်းဟာ မပြီးသေးဘူး။ ဗမာနိုင်ငံဟာ ခုလိုအခြေအနေမျိုးမှာ လွတ်လပ်တယ်လို့မဆိုနိုင်သေးဘူး။ ဒါကြောင့်ငါတို့တတွေဟာ အဆုံးတိုင်အလုပ်လုပ်ကြရမယ်။ ဗာမာနိုင်ငံဟာ တည်တည်တံ့တံ့ လွတ်လွတ်လပ်လပ်ဖြစ်အောင် ငါတို့ အသက်ပေးကာကွယ်ကြဖို့ အလုပ်လုပ်ကြရမယ်။ ဒါကြောင့် ဗမာ့တပ်မတော်တောင့်တင်းခိုင်မာဖို့ အရေးကြီးတယ်။ ဗမာ့တပ်မတော် တောင့်တင်းဖို့ဆိုတာလဲ ရဲဘော်တို့ခေါင်းဆောင်တဲ့လူတွေအပေါ်မှာတည်တယ်။ ခေါင်းဆောင်တွေရဲ့ အရည်အချင်း ညံ့ရင် ဒီတပ်လဲညံ့မှာပဲ။ ဒီတပ်ညံ့ရင် ဒီတိုင်းပြည် ဒီနိုင်ငံ ညံ့မှာပဲ။ ဒီနိုင်ငံညံ့ရင် ဒီလွတ်လပ်ရေးလဲအလကားပဲ။ ဒါကြောင့် ငါတို့ အလုပ်ပြီးအောင် လုပ်ကြရမယ်။ ရဲဘော်တို့ဟာ ခေါင်းဆောင်ဖြစ်ပါစေ၊ ဒီတပ်မတော်ဟာ ပြည်သူ့တပ်မတော်ဖြစ်ပါစေ၊ ဒီတိုင်းပြည်ဟာ တကယ့် လွတ်လပ်ခိုင်မာတဲ့ တိုင်းပြည်ဖြစ်ပါစေ၊ အဲဒါနောက်ဆုံး မှာကြားချက်ပဲ။

၁၃၀၅ တပို့တွဲလဆန်း(၁၀)ရက်၊ ကြာသာပတေးနေ့(၃-၂-၄၄) ဗမာ့ခေတ်သတင်းစာ

အကျဉ်းသားများ အခွင့်အရေး တောင်းဆိုချက်

အကျဉ်းသားများအနေဖြင့် အောက်ပါအခွင့်အရေးများကို
သက်ဆိုင်ရာထောင်အာဏာပိုင်များထံသို့ ၁ရ.၂.၂၀၁၀
နေ့မှစ၍ တောင်းဆိုလိုက်သည်။
၁။ သတင်းစာအပါအဝင် စာပေဖတ်ရှုခွင့် ပြည့်ပြည့်ဝဝရရှိရေး
၂။ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ပြည့်ဝဝရရှိရေး
၃။ အကျဉ်းသားအားလုံး ပိုမိုကောင်းမွန်သော အစားအသောက်ရရှိရေး
၎။ နိုင်ငံရေးအကျဉ်းသားများ အဆောင်ပရဝုဏ်အတွင်း ထောင်ပိတ်ချိန်မှအပ
အချိန်ပြည့်သွားလာနိုင်ရေး
၅။ စာပေ ရေးသားလေ့ကျင့်ခွင့် ရရှိရေး။

တောင်းဆိုရသည့်အကြောင်းအရင်းများ

အချက် ၁။ ။ သွင်းပို့သော စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ် စသည်များကို တပါတ်၊
ဆယ်ရက်ကြာမျှကြံ့ကြာခြင်း၊ စာအုပ်များတွင် ဆုတ်ဖြဲပယ်ဖျက်ခြင်း၊
ဖြတ်တောက်ခြင်း၊ သတင်းစာပုံမှန်မရရှိခြင်း၊ တခါတရံ လုံးဝမရခြင်း၊
၂ရက်၃ရက်ကြာမှ ရရှိခြင်း။
အချက် ၂။ ။ သောက်ဆေး၊ ထိုးဆေး လုံလောက်စွာမရခြင်း၊ ဆရာဝန်နှင့်တွေ့ရန်
ခက်ခဲကြံ့ကြာခြင်း။ တိုက်ပိတ် အကျဉ်းသားများအတွက်
မိလ္လာခွက်များအဖုံးမပါရှိခြင်း။
အချက် ၃။ ။ နီရဲကြမ်းတမ်းပြီး စပါးလုံး၊ ခဲများရောနေသော ဆန်ထမင်းကိုသာ
စားရခြင်း၊ တပါတ်လျှင် နှစ်နပ်အသားစား ရသော်လည်း ကျန်ရက်များတွင်
ပိုးကောင်များပါသောပဲဟင်း၊ ညစ်ပါတ်သော ချဉ်ပေါင်ရွက်၊ ကန်သွန်းရွက်၊
ဟင်းရွက်ပြုတ်ကိုသာ စားရခြင်း၊ ဆားမရရှိခြင်း၊ ရရှိသောဟင်းများမှာ
နံစော်၍ ထမင်းစားရန်မဖြစ်နိုင်ခြင်း။
အချက် ၄ ။ ။ နိုင်ငံရေးအကျဉ်းသားများသည် တိုက်ခန်းအကျဉ်းမှာ မနက်(၁)နာရီ၊
နေ့ခင်း(၁)နာရီသာ အပြင်ထွက်ခွင့်ရခြင်း၊ ကျန်အချိန်များတွင် တိုက်ထဲတွင်
အပိတ်ခံထားရခြင်း။
အချက် ၅ ။ ။ မည်သည့် အကျဉ်းသားမျှ စာပေလေ့ကျင့်ရန် ဘောပင်၊
စာရွက်ကိုင်ဆောင်ခွင့်မရခြင်း၊ တွေ့ရှိပါက စစ်ခွေးတိုက် သို့
ပို့ဆောင်အရေးယူခြင်း၊ မိသားစုထံသို့ အကြောင်းကြားစာရေးသားခွင့်မရခြင်း
စသည့်အချက်တို့ကြောင့် တောင်းဆိုခြင်းဖြစ်သည်။

အကျဉ်းသားများကိုယ်စား
အင်းစိန်(ဗဟို)အကျဉ်းထောင်
ရန်ကုန်
မျှဝေပေးသူ U AUNG MYO THEIN အားကျေးဇူးတင်ရှိပါသည်။

Tuesday, February 16, 2010

နအဖလက်ထွက် စစ်ဗိုလ်ကိုမှ အထင်ကြီးလှပါတယ်ဆိုတဲ့ မိန်းကလေးများဖတ်ရန်

အချိန်ကား (၁၉၉၄) ခုနှစ်။
နေရာကား သန်လျင်တဘက်ကမ်း။
အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေး ကျော်စွာမင်း ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်သည်မို့အခမ်းအနားလေးတခု ကျင်းပနေခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကို မုန့်ဟင်းခါးပွဲလေးနှင့် ဧည့်ခံနေရင်း ဒေါ်အေးစိန်ရင်ထဲတွင် ၀မ်းနည်းဝမ်းသာခံစားနေရသည်။ ၀မ်းနည်းသည်က ခင်ပွန်းသည်အတွက်၊ ၀မ်းသာရသည်က ချစ်လှစွာသော သားလေးအတွက်။ ခင်ပွန်းသည်ဆုံးပါး သွားပြီနောက်မှာ ဘ၀ကို ပင်ပင်ပန်းပန်း ရုန်းကန်ရင်း သားလေးကို လူလားမြောက်အောင် တာဝန်ယူခဲ့ရသည်။ ခြောက်နှစ်ဆိုသောကာလမှာ ပင်ပန်းပါဘိခြင်း။ အခုတော့ ပင်ပန်းရကျိုးနပ်ပါသည်။ သားလေးဆယ်တန်းအောင်သွားပြီ။ အကြော်သည် မုဆိုးမသားလေး ဘွဲ့ရပညာတတ်ဖြစ်အောင် ဆက်ကြိုးပမ်းရဦးမည်။ ဘာပဲဖြစ်ဖြစ် အမေရဲ့သားလေး ဘယ်တော့မှ မျက်နှာမငယ်စေရ။

"အမေပျော်လိုက်တာသားရယ်၊ ငါ့သားလေးအတွက် အမေဂုဏ်ယူတယ်သိလား။ တက္ကသိုလ် ဆက်တက်နော်သား။ အမေထားပေးမယ်"
"အမေလဲ ပင်ပန်းနေပါပြီအမေရယ်။ အမေပိုက်ဆံ မကုန်အောင်လေ သားစစ်တက္ကသိုလ်ပဲ သွားတော့မယ်"
"ဘာ----"

သားလေးရဲ့ စကားသံအဆုံးမှာ သူမတကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။ "အမယ်လေး၊ ကိုသောင်းမင်းရယ်"လို့သာ တမ်းတဟစ်အော်ပြီး ငိုလိုက်ချင်စိတ်ပေါက်သွားသည်။
"သားရယ်။ စစ်တက္ကသိုလ်တော့မသွားပါနဲ့။ မင်းအဖေသေရတာ စစ်တပ်က ပစ်တဲ့ သေနတ်ကျည်ဆံကြောင့်ဆိုတာ သားလဲသိသားနဲ့"
လွန်ခဲ့သော ခြောက်နှစ်က အတိတ်ဆိုးများကို ပြန်သတိရလာသည်။ ကိုသောင်းမင်းက ကုန်းလမ်းပို့ဆောင်ရေး (ကပရ)က ၀န်ထမ်း။ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ဆန္ဒပြခဲ့ရင်း စစ်တပ်မှပစ်သော သေနတ်ကျည်သင့်ပြီး သေဆုံးခဲ့ရတာဖြစ်သည်။

"သားသိပါတယ်အမေရယ်။ ဒါပေမယ့် သားတို့မှာ ရွေးစရာလမ်းမှ မရှိတော့တာပဲ။ သားတက္ကသိုလ်တက်ပြီး ဘွဲ့ရတော့ကော အလုပ်ရမှာမှ မဟုတ်တာပဲ အမေရယ်။ အခုရန်ကုန်မြို့ကြီးမှာ ဘွဲ့ရတက္ကစီမောင်းသမားတွေမှ အများကြီးရယ်။ စဘော်တင်စရာလေးရှိရင်တော့ တက္ကစီလေး မောင်းလို့ရမယ်။ ဒါပေမယ့် သားတို့မှာ စဘော်တင်စရာငွေတောင် ရှိတာမှမဟုတ်တာပဲ။ ပြီးတော့ အမေပင်ပင်ပန်းပန်း ရှာထားတဲ့ ငွေတွေနဲ့ ကျောင်းမတက်ပါရစေနဲ့ အမေရယ်။ အခုအချိန်မှာ စစ်တက္ကသိုလ်တခုတည်းပဲ ထွက်ပေါက်ရှိနေတာ"

"ကျော်စွာမင်း၊ သားလေးရယ်။ သားအတွက် အမေကြိုးစားလာခဲ့သမျှဟာ လူသတ်သမားဖြစ်ဖို့ မဟုတ်ဘူးနော်။ မလုပ်ပါနဲ့"
"သားဆုံးဖြတ်ပြီးပြီအမေ။ သားဘ၀တက်လမ်းအတွက် ဒီအက်စ်အေကိုပဲသွားချင်တယ်"

(၂)

အချိန်ကား (၂၀၀၅) ခုနှစ်။
နေရာကား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်။

"သမီး၊ ဆုံးဖြတ်ပြီးပြီလား"
မေမေ့ရဲ့ အေးစက်စက်အသံကြောင့် လင်းလင်းနွယ် မျက်နှာလေးငယ်သွားရသည်။ ချစ်သူက လက်ထပ်ချင်သည်ဆို၍ မေမေ့အား ပြောပြ အသိပေးရခြင်းဖြစ်သည်။ စစ်တပ်မှ အရာရှိငယ်လေးမို့ မေမေမငြင်းလောက်ပါဘူး ထင်ထားမိသည်။

"မေမေကသဘောမတူလို့လားဟင်"
"မတူရုံတင်မကဖူးသမီး။ အဲလိုလူစားမျိုးတွေနဲ့ မပတ်သက်ချင်ဘူး"
"ဘာဖြစ်လို့လဲမေမေ"
"မေမေဟာ ချမ်းသာကြွယ်ဝတဲ့မျိုးရိုးက ဆင်းသက်လာပေမယ့် လူတန်းစားလုံးဝ မခွဲတတ်တာ သမီးသိတယ်နော်"
"သိပါတယ်မေမေ"
"မေမေလူတိုင်းကို မေတ္တာထားနိုင်တယ်။ ဒါပေမယ့် အဲဒီအထဲမှာ ဒီလိုလူတွေမပါဘူး။ လူသတ်သမားတွေ မပါဘူး"

မေမေ့ မျက်ဝန်းထဲက နာကြည်းမှု အရိပ်တွေကို မြင်တွေ့နေရတာမို့ သူမမှာ အသံပင်မထွက်ရဲ။

"လူနာတွေကို မေမေသိပ်ချစ်တယ်သမီး။ မေမေတို့ဆရာဝန်၊ ဆရာမတွေ အလုပ်ဆိုတာက လူနာတွေကို ကယ်ဖို့။ ဆေးရုံဆိုတာ လူ့အသက်တွေကို တတ်နိုင်သမျှ ကြိုးစားကယ်တင်နေတဲ့နေရာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စစ်တပ်ဟာ လူ့အသက်တွေကို ကယ်တင်နေတဲ့ ဆေးရုံဝင်းထဲကို သေနတ်တွေနဲ့ ပစ်ခဲ့ကြတယ်။ လူသတ်ပွဲတွေကို ရပ်ပါတော့လို့ တောင်းဆိုခဲ့တဲ့ ဆရာဝန်၊ ဆရာမလေးတွေကို သွေးအေးအေးနဲ့ သတ်ပစ်ခဲ့ကြတယ်။ ဒီမြင်ကွင်းတွေကို မျက်ဝါးထင်ထင် တွေ့ထားရတဲ့ မေမေဟာ ဒီလိုလူမျိုးတယောက်ကို ကိုယ့်မိသားစုထဲ အ၀င်မခံနိုင်ဘူးနော်သမီး"

"မေမေရယ်။ အဲဒီတုန်းက ကိုကိုတို့ပါခဲ့တာမှမဟုတ်တာ။ အခုတပ်မတော်ကြီးကလဲ ပြောင်းလဲနေပါပြီ မေမေရဲ့။ အရင်လိုမဟုတ်တော့ပါဘူး"
"တော်စမ်းလင်းလင်းနွယ်။ မင်းသားခေါင်းဆိုတာ ဘယ်လောက်ကြာကြာ စွပ်ထားနိုင်မှာတဲ့လဲ။ မေမေတခွန်းပဲ ပြောမယ်နော်သမီး။ လုံးဝသဘောမတူနိုင်ဘူး။ ယောက်ျားမရှားပါဘူးသမီးရယ်။ သမီးကြိုက်တယ်ဆိုရင် လမ်းဘေးက ဆိုက်ကားသမားကို ရွေးလာလဲ မေမေသဘောတူမယ်။ ဒါနောက်ဆုံးပြောတာ"

အင်မတန်ပြတ်သားထက်မြက်လှသော မေမေ့ကို သူမ ဘာမှပြန်မပြောရဲတော့ပါ။ သို့ပေမယ့် ကိုကို့ကိုလဲ မခွဲနိုင်။ အချစ်အတွက် စွန့်စားဖို့ သူမဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဘာပဲပြောပြော တဦးတည်းသော သမီးလေးကို မေမေ မစွန့်ပစ်ရက်နိုင်ပါဘူးလေ။

(၃)

၂၀၀၇ ခုနှစ်၊ မတ်လ။
တပ်ရင်း ( ) အရာရှိအိမ်ယာ။

"မင်းကို ၀တ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာ ဂရုစိုက်ပါလို့ ငါဘယ်နှစ်ခါ ပြောရမလဲ"
"အဲလိုပြောရအောင် ကျွန်မက ဘာတွေ လုပ်နေလို့လဲကိုကို"
"ဒီနေ့အခမ်းအနားမှာ မင်းဝတ်လာတဲ့ စိန်နားကပ်ကြီးကို ပြောနေတာ"
"ဒါဘာထူးဆန်းလို့လဲကိုကို။ စိန်အပါးဝိုင်းနားကပ်။ ကျွန်မတို့ မျိုးရိုးစဉ်ဆက် ဒီလိုပဲ ၀တ်ခဲ့ကြတာပဲ။ အခမ်းအနားပဲကိုကို။ ၀တ်မှာပေါ့"
"မင်းဝတ်ထားတာတွေကြည့်ပြီး၊ တပ်ရင်းမှူးကတော် ဘယ်လောက်မျက်နှာပျက်နေတယ်ဆိုတာ မင်းမမြင်ဘူးလား"

"ဘယ်တတ်နိုင်မှာလဲကိုကို။ ကိုယ့်ရှိလို့ကိုယ်ဝတ်တာပဲ။ ပြီးတော့ ဒါက သူတို့လို မတရားသဖြင့် စီးပွားရှာလာဘ်စားပြီး၊ ရထားတဲ့ ရတနာတွေမှမဟုတ်တာ။ မိဘအမွေပဲလေ။ သန့်သန့်ရှင်းရှင်းတွေ"
"မင်းစကားတွေ ဘယ်ရောက်နေလဲဆိုတာ မင်းသိသင့်တယ်နော်။ မင်းအခုနေနေတာ စစ်တပ်ကွ။ မင်းယူထားတဲ့ ယောက်ျားက စစ်သား"
"ဘာလဲကိုကို။ စစ်တပ်ဆိုတာ ဒီလိုကြီးနိုင်ငယ်ညှဉ်း လုပ်နေတဲ့နေရာမျိုးလား။ ယောက်ျားရဲ့ အထက်အရာရှိ မိန်းမတွေရှေ့မှာ ကိုယ့်မိဘ အမွေရတနာလေးကိုတောင် ထုတ်မ၀တ်ရတဲ့ နေရာမျိုးလား"
"စစ်တပ်ဆိုတာ အထက်လူကြီးတွေကို ရိုသေလေးစားရတဲ့ နေရာမျိုးကွ။ လူကြီးတွေရဲ့ မျက်နှာအရိပ်အကဲကို သိရတယ်။ သူတို့မျက်နှာကို ကြည့်နေရမယ်။ လူကြီးကတော်က စိန်ဝင်ရင် ကိုယ်က ရွှေပဲဝတ်ရမယ်။ သူတို့ကို တုပြိုင်သလိုမျိုး ဘယ်တော့မှမဖြစ်ရဘူး"

"တော်စမ်းပါကိုကိုရာ။ အဲဒီသြ၀ါဒတွေကို ဘယ်နှစ်ခါ ခြွေနေဦးမှာလဲ။ မပြောချင်လို့ ကြည့်နေတာနော်ကိုကို။ ကျွန်မပညာတတ်မိန်းမ။ ပညာ၊ ဥစ္စာရှိပေမယ့် ကျွန်မမမောက်မာဘူး။ ဘယ်တုန်းကမှ လူတဘက်သားကို နှိမ့်ချမဆက်ဆံဘူး။ ကိုကို့ကို ချစ်လွန်းလို့သာ ကိုကို့ လူကြီးမိန်းမတွေရဲ့ မောက်မာမှုတွေကို သည်းခံနေတာနော်။ လူကြီးကတော်ဆိုတာတွေကို ခြေသလုံးဖက် ဒူးတုပ်ခယနေရတဲ့ဘ၀ကို သိပ်ပြီး ကျေနပ်လွန်းတယ်မထင်နဲ့"

"မကျေနပ်တော့ မင်းကဘာလုပ်ချင်လဲ။ မင်းဟာ ငါ့မိန်းမ။ ဗိုလ်ကြီးကျော်စွာမင်းရဲ့ မိန်းမ။ ဒီတော့ ငါ့အထက်က အရာရှိကတော်တွေအားလုံးဟာ မင်းရဲ့ အထက်လူကြီးတွေပဲ။ ရိုသေလေးစားရမယ်။ ခိုင်းတာလုပ်ရမယ်။ ဒါပဲ"
"ဟုတ်ပါတယ်။ ဘာလုပ်လို့ရမှာလဲ။ ကျွန်မကိုက ကျွန်ယောက်ျားကို ယူခဲ့မိတာကိုး။ ကျွန်မိန်းမပဲဖြစ်ရတော့မှာပေါ့"

သူမရဲ့ ပေါက်ကွဲအော်ဟစ်သံအဆုံးမှာ ဗိုလ်ကျော်စွာမင်းရဲ့ လက်က လေထဲသို့မြောက်တက်သွားသည်။

"မင်းလက်ကို ချလိုက်စမ်း၊ ကျော်စွာမင်း"

သူမမျက်စိပိတ်လိုက်မိစဉ်မှာ ကယ်တယ်ရှင် မေမေ့အသံက ထွက်ပေါ်လာခဲ့သည်။ သမီးကို စိတ်မချသူ မေမေက ဆေးခန်းအပြန်ဆို တခါတလေ ၀င်လာနေကျ။

"မင်းကိုဒို့က ယောက်ျားကောင်းတယောက်လို့ ထင်ထားတာ။ လက်စသတ်တော့ တကယ့် လူဖျင်းလူညံ့ပါလား"

"လင်မယားကြားမှာ ၀င်မပါချင်ပါနဲ့ အန်တီ"
"ပါရမယ်ကျော်စွာမင်း။ ဘာလို့လဲဆိုတော့ လင်းလင်းနွယ်ဟာ ဒို့သမီးဖြစ်နေလို့ပဲ။ သမီးတယောက်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အမေတယောက်မှာ တာဝန်ရှိတယ်"
"အန်တီ့သမီးမှာ ဘာအန္တရာယ်မှ ကျရောက်နေတာမဟုတ်ဘူး။ မလိမ္မာလို့၊ လူအရိပ်အကဲနားမလည်လို့ ကျွန်တော်က ဆုံးမနေတာ"
"ဒို့သမီးကို လူရာဝင်အောင် အမေတယောက်အနေနဲ့ ဆုံးမလမ်းညွှန်ခဲ့ပြီးသား။ လူအရိပ်အကဲ ဆိုတာကိုလဲ သူနားလည်တယ်။ သူ့အခွင့်အရေးကိုလဲ သူနားလည်တယ်။ ဧည့်ခံပွဲဆိုတာကို ဘယ်လိုဝတ်စားသွားရမယ်၊ အသုဘဆိုတာကို ဘယ်လို ၀တ်စားသွားသင့်တယ်ဆိုတာလဲ သူသိတယ်။ အေး- တခုတော့ရှိတယ်။ ကျွန်ခံနည်းကိုတော့ ဒို့မသင်ပေးခဲ့ဖူးဘူး"
"အန်တီက ကျွန်တော့်ကို စော်ကားနေတာလား"
"မင်းအကြောင်းမင်းသိမှာပေါ့။ ကိုယ့်မိန်းမတယောက်ကို သူတပါးရှေ့မှာ ဒူးတုပ်ခစားဖို့ ကျွန်ဇာတ်သွင်းနေတဲ့ ယောက်ျားမျိုး ဒို့တသက်မှာ ဒီတခါပဲ တွေ့ဖူးသေးတယ်။ ကိုယ့်မိန်းမကိုယ် မကာကွယ်ပေးနိုင်ပဲ အိမ်တွင်းအကြမ်းဖက်မှုလုပ်နေတဲ့ ယောကျာ်းတယောက်လက်ထဲမှာ ဒို့သမီးကို ဘယ်လိုစိတ်ချရမလဲ"

မေမေနဲ့ သူ စကားပြောနေစဉ်မှာ သူမခေါင်းထဲတွင် အတွေးများ ရှုပ်ယှက်ခတ်နေသည်။ သူ့ကိုချစ်တာမှန်ပေမယ့် ဒီလိုဒဏ်တွေကို သူမမခံနိုင်။ မဆီမဆိုင် သူတပါးအောက်ကျို့နေရသည့် ဘ၀ကိုလဲ သူမစိတ်ကုန်လှပါပြီ။ ကြီးနိုင်ငယ်ညှဉ်းဖြစ်ရပ်များစွာကိုလဲ သူမတွေ့နေခဲ့ရပြီ။ အထက်လူကြီးကတော် ခြေသလုံးကို နှိပ်ပေးရတဲ့အကြိမ်များလဲ မနည်းတော့။ ယောက်ျားများ အလုပ်သွားနေစဉ်၊ အရာရှိငယ်မိန်းမများကို အိမ်ခေါ်ပြီး ညစ်ညမ်းခွေများပြနေသည့် လူကြီးကတော်ကလဲ ရှိသေးသည်။ စကော့ဈေးခေါ်သွားပြီး သူတို့ စမောလေးများနှင့် ချိန်းတွေ့သည်ကို မဆီမဆိုင် အဖော်လိုက်ပေးရသည်ကလဲ ရှိသေးသည်။ အထက်ကိုဖားပြီး အောက်ကိုဖိရသည်ကိုလဲ ရွံ့မုန်းလှပြီ။ သူမတသက်လုံး အိမ်ဖော်တွေရဲ့ ကြီးလှခဲ့တာဆိုပေမယ့် ပိုက်ဆံပေးပြီး အကူအညီ ခေါ်ထားခဲ့ခြင်းသာဖြစ်သည်။ အခုကျတော့ သူတို့ယောက်ျား စစ်သားဖြစ်တာနဲ့ပဲ တပ်ကြပ်ကြီးအိမ်က ခေါ်ခိုင်းလိုက်၊ အရာခံဗိုလ်အိမ်ကခေါ်ခိုင်းလိုက်၊ အရာရှိအိမ်က ခေါ်ခိုင်းလိုက်လုပ်တာကို ခံနေကြရရှာသည်။ လက်အောက်က စစ်သားမိန်းမများ ဘ၀ကိုလဲ သနားလှသည်။

"ကျွန်မတခုပြောမယ်ကိုကို။ ထမင်းတလုတ်ရှာစားဖို့ဆိုတာ မခက်ခဲပါဘူး။ ကိုကိုတပ်ကနေ ထွက်လိုက်ပါ။ ကျွန်ခံပြီး စားရတဲ့ ထမင်းကို မက်မနေစမ်းပါနဲ့"
"မင်းပါးစပ်ပိတ်ထားလို့ ငါပြောနေတယ်နော်။ ကဲ-အန်တီ။ မြန်မြန်ပြန်ပါတော့ဗျာ။ ကျွန်တော်တို့ လင်မယားချင်းကိစ္စ အချင်းချင်းရှင်းပါရစေ"

"ဆောရီးပဲ။ မောင်ကျော်စွာမင်း။ မင်းလိုလူတယောက် လက်ထဲမှာ ဒို့သမီးကို ထားခဲ့ဖို့ ဒို့စိတ်မချဘူး။ သမီး -လာ။ မေမေနဲ့လိုက်ခဲ့"

မေမေ့ခေါ်သံအဆုံးမှာ သူမအခန်းထဲဝင်ပြီး ပစ္စည်းသိမ်းမိခဲ့တော့သည်။ လွတ်လပ်သော မိသားစုဘ၀လေးကိုသာ သူမလိုချင်ခဲ့ခြင်းဖြစ်ပါသည်။ အိမ်ထောင်လေးတခါပြုမိကာမှ အိမ်ထောင်သည် ယောက်ျားကိုသာမက ရှိသမျှ လူအားလုံးရဲ့ ကျွန်သဘောက်ဖြစ်နေခဲ့ရသည်ကို သူမဘ၀င်မကျပါ။ မရီမပြုံးချင်ပဲ ဟန်ဆောင်ပြုံးပြနေရသည့် ဘ၀တွေကိုလဲ သူမငြီးငွေ့လှပြီ။

(၄)
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။
သန်လျင်တဘက်ကမ်း။

ဒေါ်အေးစိန်တယောက် ဘုရားရှိခိုးပြီး မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်နေမိသည်။ တာဝန်ထမ်းဆောင်နေသော သားလေးဘေးအန္တရာယ်ကင်းဝေးဖို့ကိုလည်း ဆုတောင်းနေမိသည်။ သားလေးတပ်က ရန်ကုန်မှာဆိုပေမယ့်၊ မိသားစုအိမ်လေးကို မခွာရက်တာကြောင့် သားလေးနှင့် သွားမနေဖြစ်ပါ။ တလတခါ ရောက်ရောက်လာတဲ့ သားလေးနဲ့ ချွေးမကိုပဲ အိမ်ကနေ စောင့်စားတွေ့ရတော့သည်။ အခုတလောတော့ ဘာဖြစ်တယ်မသိ။ လူတွေပေါ်မလာပဲ ငွေပဲ ရောက်ရောက်လာတတ်သည်။ နေထိုင်ပဲ မကောင်းလို့လား။

"ဒေါ်ကြီးစိန်ရေ။"

ရပ်ကွက်ထဲက မောင်အေးအိမ်ပေါ်တက်လာတာကြောင့် ဧည့်ဝတ်ပြုရသည်။ ဒီသူငယ်လေးက ရပ်ကွက်ထဲက လူမှုရေးကိစ္စမှန်သမျှ တက်တက်ကြွကြွပါဝင်တတ်သည်။ သူမကိုလဲ အသက်ကြီးအမယ်အိုဆိုပြီး စောင့်ရှောက်ပေးသည်။ အင်တာနက်ဆိုလား၊ ဘာဆိုလားတော့မသိ။ ကော်ဖီဆိုင်လို့တော့ ကြားဖူးသည်။ အဲဒီဆိုင်ကြီးကိုလဲ ဖွင့်ထားသေးသည်။

"ဒေါ်ကြီးရယ်။ ဒေါ်ကြီးသား၊ ကိုကျော်လုပ်ရက်တယ်ဗျာ"
"ဟေ"
သားအသံကြားတော့ သူမသေချာနားစွင့်မိသည်။ မောင်အေးမျက်လုံးမှာ မျက်ရည်စတွေကို တွေ့လိုက်ရတာကြောင့် စိတ်ထဲမကောင်းဖြစ်သွားသည်။ ဘာများဖြစ်လို့ပါလိမ့်။

"ဘာဖြစ်လို့လဲကွယ်။ ဒေါ်ကြီးကို သေချာပြောပြမှပေါ့"
"အခုတလော ရန်ကုန်မှာ ဘုန်းကြီးတွေ မေတ္တာပို့ ဆုတောင်းပွဲတွေ လုပ်ကြတယ်ဒေါ်ကြီး။ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဖို့အတွက် လမ်းလျှောက်ပြီး မေတ္တာပို့ကြတာ။ အဲဒါဗျာ။ ဟိုနေ့က ရွှေတိဂုံဘုရားပေါ်မှာ မေတ္တာပို့ဝတ်ပြုနေတဲ့ ဘုန်းကြီးတွေကို ခေါင်းရိုက်ခွဲပြီး သတ်ကြတယ်။ သံဃာတော်အများကြီးကိုလဲ စစ်ကားကြီးတွေနဲ့ ဖမ်းခေါ်ကြတယ်။ လမ်းပေါ်မှာလဲ လူတွေနဲ့ သံဃာတွေနဲ့ကို သေနတ်တွေနဲ့ပစ်၊ ဒုတ်တွေနဲ့ရိုက်ကြတယ်"

" အို-ဘုရား။ ဘုရား။ မကြားရက်စရာတွေ။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒီလိုတွေဖြစ်နေတယ်ဟုတ်လား။ ရွှေတိဂုံဘုရားပေါ်မှာ ၀တ်ပြုနေတဲ့ သံဃာကို ခေါင်းရိုက်ခွဲသတ်တယ်၊ ဟုတ်လား။ တိရစ္ဆာန်တွေ၊ လူစင်စစ်က ပြိတ္တာဖြစ်မယ့်ဟာတွေ"
"ဟုတ်တယ်ဒေါ်ကြီးရယ်။ ကြားရတဲ့လူတိုင်းလဲ ငိုယိုမျက်ရည်ကျနေကြရတယ်။ လူမဆန်ဘူးဗျာ။ လူတွေမဟုတ်ဘူး။ ပိုပြီးဆိုးတာက။ ဒီမှာကြည့်ပါဦးဒေါ်ကြီးရာ။ အင်တာနက်မှာ ပါလာတဲ့ဓာတ်ပုံ။ အဲဒါတွေကို စီစဉ်ကွပ်ကဲနေတဲ့ စစ်ဗိုလ်က ကိုကျော်မှကိုကျော်အစစ်ဗျ။ ဒေါ်ကြီးသားကိုကျော်ဗျ"

မယုံနိုင်စရာ ပုံရိပ်ကိုကြည့်ရင်း သူမကြက်သေသေသွားသည်။ ဒါဟာ သူမမွေးထုတ်ခဲ့တဲ့ သားတဲ့။ ဒါဟာ သူမအကြော်ဆီပူအိုးဘေးမှာ နှစ်ပေါင်းများစွာ အပူခံပြီး ပညာသင်ပေးခဲ့တဲ့ သားတဲ့။ ဒါဟာ ဘုရားသားတော်တွေကို စော်ကားသတ်ဖြတ်နေတဲ့သားတဲ့။ ဘုရား။ ဘုရား။

ဘုရားစင်ရှေ့သို့ သူမပြေးသွားလိုက်သည်။
"အရှင်ဘုရား။ ဒီလိုသားဆိုးသားမိုက်ကို လူလားမြောက်စေခဲ့တဲ့ တပည့်တော်မကို ခွင့်လွှတ်ပါဘုရား"

(၅)

(၂၀၀၇) အောက်တိုဘာလ။
စင်ကာပူနိုင်ငံ။
မွေးဖွားပြီး ဆေးရုံမှဆင်းလာကာစမို့ သူမတကိုယ်လုံးနွမ်းနယ်နေသည်။ ကိုကိုနဲ့ လမ်းခွဲခဲ့စဉ်ကတည်းက သူမဆီမှာက ကိုကို့ကိုယ်ဝန်ပါလာခဲ့သည်။ သမီးကို အင်မတန်ချစ်တာမို့ မေမေက စင်ကာပူအထိ တကူးတက ခေါ်လာပြီး မွေးဖွားပေးခဲ့သည်။ သားလေးကိုတွေ့တော့ ကိုကို့ကို သတိရသွားသည်။ ဘာပဲဖြစ်ဖြစ် ဓာတ်ပုံလေးတော့ ပို့ပေးဦးမှ။ သားလေးကိုမြင်ရင် ကိုကို့စိတ်တွေပြောင်းလာမှာပါ။ တပ်ထဲက ထွက်လာပြီး၊ သူမတို့မိသားစုနဲ့ နေချင်လာမှာပါ လို့ တွေးလိုက်မိသည်။

"သမီးအွန်လိုင်းတက်လိုက်ဦးမယ်နော်မေမေ"
သူမကပြောတော့ မေမေက အလိုက်တသိပဲ သားငယ်လေးကို လာချီပေးသည်။ ကံအကြောင်းမလှသော သမီးလေးကို မေမေက အစွမ်းကုန်အလိုလိုက်လေသည်။

သူမအီးမေးလ်ထဲသို့ မ၀င်စဖူး အီးမေးလ်တွေ အများကြီးရောက်နေတာကြောင့် အံ့သြသွားမိသည်။ ဘာတွေများ ဖြစ်နေသလဲ။ သိပ်မကြာလိုက်ပါ။ အခြေအနေတွေကို သူမသတိပြုမိသွားတော့သည်။ မြန်မာတွေ ဘာလို့ ဒီလောက် အီးမေးလ်တွေ forward လိုက်လုပ်နေကြသလဲဆိုတာလဲ ရိပ်မိသွားသည်။ ယုတ်မာလိုက်ကြတာ။ မိုက်ရိုင်းလိုက်ကြတာ။ သူမရင်ထဲက မခံချင်စိတ်များသည် နောက်ထပ်အီးမေးလ်တစောင်ကို ဖွင့်ကြည့်မိသည့် အချိန်မှာတော့ အဆုံးစွန်သို့ ရောက်သွားတော့သည်။

"တိရစ္ဆာန်ကောင်။ တိရစ္ဆာန်။ အဲလိုလူမျိုးဟာ ငါ့ယောက်ျားတဲ့လား။ ငါ့သားရဲ့ အဖေတဲ့လား"
သူမအသံ ဘယ်လောက်ကြာသွားသည်မသိ။ မေမေက ပျာပျာယာယာနဲ့ သူမအနီးသို့ရောက်လာသည်။

"မေမေရယ်။ သူ-"
ဘာမှဆက်မပြောနိုင်တော့ပဲ လည်ချောင်းထဲတွင် တစ်စို့စို့ဖြစ်နေသည်။ မျက်ရည်များက အလိုလို လိမ့်ဆင်းကျလာသည်။

မေမေက သူမခေါင်းအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

"မေမေသိပြီးပါပြီသမီးလေးရယ်။ မေမေအားလုံးကို မြင်တွေ့ခဲ့ပြီးပါပြီ။ ဆေးရုံမှာတုန်းက သမီးလေးကို တမင်ပြောမပြခဲ့တာပါ"
"မေမေရယ်။ သားလေးက သူ့ရဲ့ရင်သွေးတဲ့။ သမီးဘယ်လို----"
သူမရဲ့ နှုတ်ခမ်းကို မေမေက လက်ချောင်းလေးများဖြင့် အုပ်ကာလိုက်သည်။

"အဲလိုမပြောပါနဲ့ သမီး။ ကလေးလေးမှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်တော့ သားသမီးတွေဟာ သူတို့မိဘကို ရွေးချယ်ပိုင်ခွင့် အခွင့်အရေးတွေ မရှိကြရှာပါဘူး။ သိပ်သနားဖို့ကောင်းတဲ့ ကလေးလေးတွေပါ။ လူဖြစ်မယ်မကြံသေးဘူး။ မိဘရဲ့ ဆိုးမွေ၊ ကောင်းမွေကို ခံကြရရှာတာပါ။ လောကမှာ ယုတ်မာမိုက်ရိုင်းတဲ့ ဖခင်က မွေးလာတဲ့ ကလေးလေးတွေအားလုံး ဖအေတူဖြစ်လာမယ်ဆိုတဲ့ နိယာမမရှိပါဘူး သမီးရယ်။ မောင်ကျော်စွာမင်းရဲ့ ဖခင်ဟာ လူကောင်းလား၊ လူဆိုးလား မေမေတို့ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့် သူ့ကိုဒီလိုဖြစ်အောင် လုပ်ခဲ့တာဟာ သူ့မိဘမဟုတ်ဘူးသမီး။ စနစ်လေ။ သူဟာ စနစ်ရဲ့ သားကောင်ဘ၀၊ စစ်ကျွန်ဘ၀ကို သွတ်သွင်းခံလိုက်ရတာပါ။ သူ့မိဘနဲ့ မဆိုင်ပါဘူး။ ဒီလိုပဲ အခုသမီးရဲ့သားလေး၊ မေမေ့ရဲ့ မြေးလေးဟာလဲ သူ့အဖေလိုပဲ ဖြစ်လာမယ်လို့ ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲကွယ်။ ဒါမျိုးတွေ မတွေးပါနဲ့ သမီးရယ်။ မြေးလေးကို သူ့အဖေရဲ့ အရိပ်မည်းတွေ မရှိတဲ့နေရာမှာ ပြုစုပျိုးထောင်ပေးကြရမယ်။ မေမေ့မြေးလေး တသက်လုံး စစ်ကျွန်မဖြစ်စေရဘူး။ သမီးနားလည်တယ်နော်"

မေမေ့စကားသံအဆုံးမှာပဲ အခန်းထဲက သားလေးငိုသံကြားတော့ သူမအပြေးအလွှား သွားရောက်ပွေ့ချီမိလေသည်။ သားလေးကို ချီထားရင်း သူမပြောမိတဲ့စကားက
"မေမေ့သားလေးဘယ်တော့မှ စစ်ကျွန်မဖြစ်စေရဘူး" ဟူသတည်း။
အီးမေးလ်မှတဆင့် ရရှိလာသောစာမူဖြစ်ပါသည်

ဂျပန်လေဆိပ်များ၌တကိုယ်လုံးဖောက်ထွင်းမြင်နိုင်မည့်စက်များတပ်တော့မည်


၂၀၀၉ဒီဇင်ဘာလတွင် အမေရိကန်သို့ပျံသန်းမည့်လေယာဉ်ကို အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရမည့်ဘေးမှလွတ်မြောက်ပြီးသည့်နောက် အခြားနိုင်ငံများကဲ့သို့ပင် ဂျပန်အစိုးရကလည်း လေဆိပ်များ၌ ခန္ဒာကိုယ်တခုလုံးကို သေချာစွာစစ်ဆေးနိုင်သည့် Full-body scanner စက်များကို တပ်ဆင်ဖွယ်ရှိသည်ဟု အစိုးရသတင်းများအရသိရှိရသည် ။

စက်အတွင်းသို့ဖြတ်သန်းလိုက်ပါက လူ၏ခန္ဒာကိုယ်ကိုအဖြူရောင်သာမြင်ရပြီး၊ အခြားအရာဝတ္ထုများကို အနက်ရောင်ဖြင့်မြင်ရမည်ဖြစ်သည်၊ Full-body scannerစက်သည် လက်ရှိအသုံးပြုနေသော သံသတ္ထုရှာသည့်စက်ထက်ပိုအသုံးဝင်စွာဖြင့် အ၀တ်အစားအတွင်းဝှက်ကာသယ်ယူလာမည့် ပစ္စည်းများကို ရှာဖွေနိုင်မည်ဖြစ်သော်လည်း၊ တချို့ကလူတဦးချင်းစီ၏ဆိတ်ကွယ်ရာကိစ္စများကို ၀င်ရောက်ထိပါးခြင်းဖြစ်သည်ဟုဝေဖန်ကြသည်။

၎င်းစကင်နာများတပ်ဆင်ရန်သင့်မသင့်ကို အမေရိကန်အစိုးရနှင့်လေကြောင်းလိုင်းတို့၏ဆန္ဒများကို အရင်ဆုံးစောင့်ကြည့်ရန်စီစဉ်ထားသည်။ ခရစ်စမတ်ကာလတွင်(Detroit) ဒက်ထွိုက်မြို့သို့ပျံသန်းမည့်လေယာဉ်အား အကြမ်းဖက်တိုက်ခိုက်ရန်ကြိုးပမ်းမှုဖြစ်ပေါ်ပြီးသည့်အချိန်မှစတင်ကာ ဂျပန်အစိုးရသည် လေဆိပ်လုံခြုံရေးကိစ္စများကို ပြန်လည်သုံးသပ်စစ်ဆေးလာခဲ့ကြောင်း၊ယ္ခုနှစ် ဇန္န၀ါရီလမှစတင်ပြီး အမျိုးသားရဲတပ်ဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဌာနတို့က အစိုးရ၏အတွင်းဝန်များအစည်းအဝေး၌ ၂ကြိမ်တိုင်တိုင် အခြေတင်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ခရစ်စမတ်ကာလအကြမ်းဖက်မှု၏နောက်တွင်၊အမေရိကန်အစိုးရက ဥရောပနိုင်ငံများနှင့် အခြားနိုင်ငံတို့အား စကင်နာများတပ်ဆင်ရန်တိုက်တွန်းခဲ့ရာ နယ်သာလန်၊ဗြိတိန်၊ကနေဒါ၊အီတလီ၊ပြင်သစ်နှင့် တောင်ကိုးရီးယားနိုင်ငံတို့မှ တပ်ဆင်ရန်ဆန္ဒရှိကြောင်းနှင့် အချို့တပ်ဆင်ပြီးကြောင်း သတင်းပြန်ခဲ့သည်ဟုသိရသည်။ သို့သော်လည်းဝါရှင်တန်အစိုးရက ဂျပန်အစိုးရကိုတပ်ဆင်ရန်မတောင်းဆိုသည့်တိုင် ၊ဂျပန်၌တပ်ဆင်ရန်ရည်ရွယ်ထားပြီး အမေရိကန်အစိုးရ၏ တောင်းဆိုချက်ကိုလည်းစောင့်မျှော်နေကြောင်းသိရသည်။
မောင်အောင်ဌေး

Monday, February 15, 2010

နအဖရဲ့ ဒီမိုကရေစီ သရုပ်ဖော်ပုံ

Sunday, February 14, 2010

(၆၃)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ဂျပန်ရောက်တိုင်းရင်းသားများပျော်ရွင်စွာဆင်နွှဲ

တိုကျို၊ ဖေဖေါ်ဝါရီ(၁၄)

သန့်မျိုးထွေး
ဂျပန်ရောက်တိုင်ရင်းသားများ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(AUN-Japan)မှဦးဆောင်၍ ပြည်ထောင်စုစိတ်ဓါတ်နှင့်အနှစ်သာရပါသော ပြည်ထောင်စုနေ့အခမ်းအနားကို တိုကျိုမြို့၊ အိုးစုခရပ်ကွက်တွင် ယနေ့နေ့လည်ပိုင်းမှ စတင်၍ကျင်းပခဲ့ရာ ဂျပန်ရောက်တိုင်းရင်းသားများနှင့်အဖွဲ့အစည်းပေါင်းစုံမှကိုယ်စားလှယ်များအပါအ၀င် လူဦးရေ ၄၀၀ ကျော်ခန့်တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။

အခမ်းအနားပထမပိုင်းတွင် တိုင်းရင်းသားများမှပြည်ထောင်စုအလံတော်သယ်ယူခြင်း၊ ကျဆုံးလေပြီးသော အာဏာနည်ခေါင်ဆောင်ကြီးများနှင့်တကွ ဒီမိုကရေစီတိုက်ပွဲတွင်ကျဆုံးသွားသော ရဟန်းရှင်လူပြည်သူများအား ဦးညွတ်အလေးပြုခြင်း၊ ကိုးကွယ်ရာဘာသာအလိုက် ခေတ္တငြိမ်သက်ဆုတောင်းခြင်းများကိုပြုလုပ်ခဲ့ကြသည်။



လွတ်လပ်ရေးရရှိပြီးသော်လည်း တိုင်းရင်းသားများ၏ ကိုယ်ပိုင်အခွင့်အရေးများအတွက် ယနေ့တိုင်တိုက်ပွဲဝင်နေရသည့်အတွက် ယခုပြုလုပ်သောအခမ်းအနားတွင် ပြည်ထောင်စုဆွေးနွေးပွဲကိုပါ ထည့်သွင်းပြုလုပ်သွားခဲ့ပြီး အန်အယ်လ်ဒီ(အယ်လ်အေ-ဂျပန်)ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးမှဦးဆောင်၍ဆွေးနွေးသွားခဲ့ပြီး ဂျပန်တွင်ရောက်ရှိနေသည့် FTUBမှအတွင်းရေးမှူးဦးမောင်မောင်နှင့် မြန်မာ့အရေးဂျပန်လွှတ်တော်အမတ်များအသင်းမှဥက္ကဋ္ဌ မစ္စတာဆုအဲမစုတို့ပါဝင်ဆွေးနွေးသွားခဲ့ကြသည်။


ဒုတိယပိုင်းကို ဖျော်ဖြေရေးအစီအဖြစ်ဆက်လက်ကျင်းပခဲ့ပြီး တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးမှ ရိုးရာအကတေးသီချင်းများဖြင့်ဖျော်ဖြေတင်ဆက်ကြသလို အန်အယ်လ်ဒီ(အယ်အေ-ဂျပန်)မှ ဗိုလ်ချုပ်အောင်ဆန်းသီချင်းကိုသီဆိုဂုဏ်ပြုခဲ့ပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် "တို့ပြည်ထောင်စု"သီချင်းကို အန်အယ်လ်ဒီဂျပန်အဖွဲ့ဝင် ကိုနှင်းအောင်အောင်နှင့် မချိုချိုထွန်းတို့မှ ဦးဆောင်၍ တိုင်းရင်းသားပေါင်းစုံပူးပေါင်းပါဝင်ကာ ပျော်ရွင်စွာဟစ်ကြွေးသီဆိုခဲ့ကြသည်။

ကရင်နီတိုင်းရင်းသားခေါင်းဆောင်တဦးမှ သံလွင်မြစ်ပေါ်တွင်ရေကာတာတည်ဆောက်နေမှုကို အလိုမရှိကြောင်း၊ တိုင်းရင်းသားပြည်နယ်များစွာ ဖြတ်သန်းစီးဆင်းနေသည့် သံလွင်မြစ်ပေါ်တွင် ရေကာတာတည်ဆောက်ခြင်းကြောင့်ဖြစ်ပေါ်လာမည့်ဆိုးကျိုးများကို ပရိုဂျက်တာဖြင့် ထင်ထင်လင်းလင်းဖွင့်ဆိုရှင်းပြ၍ ကန့်ကွက်သွားခဲ့ပြီး ယခုနှစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ပလောင်တိုင်းရင်းသားခေါင်းဆောင်ကိုမိုင်ကျော်ဦးမှ ပလောင်ဒေသအကြောင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်းပြသွားခဲ့သည်။

"အရင်က ကျနော်တို့စော်ဘွားတွေဟာ လွတ်လပ်ရေးရပြီးတဲ့အထိ ကိုယ်ပိုင်ထီးနန်းနဲ့နေထိုင်လာခဲ့ကြတယ်၊ အခုအခါမှာ နအဖလက်ထက်မှာ ကျနော်တို့ခေါင်းဆောင်တွေ နေသွားခဲ့တဲ့နေရာကို သမိုင်းဝင်အဆောက်အဦးအဖြစ် ပြုပြင်ထိမ်းသိမ်းပြီး ပြသထားရမဲ့အစား ပလောင်လူမျိုးတွေရဲ့ ယဉ်ကျေးမှုအမွေအနစ်ကို ဖျောက်ဖျက်လိုတဲ့သဘောနဲ့ ဆေးရုံလုပ်ပစ်လိုက်တယ်။ လွတ်လပ်ရေးရပြီးပေမယ့်လည်း ကိုယ်ပိုင်ကံကြမ္မာဖန်တီးရေး၊ တန်းတန်ညီမျှရရှိရေးအတွက် ပင်လုံသဘောတူညီချက်တွေ သွေဖယ်သွားတဲ့အတွက် တန်းတူမှုတွေပြန်ရဖိုအတွက် လက်နက်ကိုင်တော်လှန်ရေးကိုပြန်စခဲ့တယ်၊ ၂၀၀၅မှာ အပြစ်ရပ်ဆဲရေးအဖွဲ့တွေကို ပြည်သူ့စစ်အဖြစ်ပြောင်လဲခဲ့တယ်၊ သို့ပေမဲ့ ပလောင်အမျိုးသားတွေ စစ်မှန်တဲ့လွတ်မြောက်ဖို့အတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးကိုဖွဲ့စည်းပြီး ယနေ့တိုင်တိုက်ပွဲဝင်နေခဲ့တယ်" ဟုရှင်းလင်းပြောဆိုသည်။

ပြည်နယ်၊ ပြည်မပူးပေါင်းရေးနှင့်တိုင်းရင်းသားများ၏ ကိုယ်ပိုင်အခွင့်အရေးများကိုပြဋ္ဌာန်းထားသည့် ပင်လုံစာချုပ်ကို အမျိုးသားခေါင်းဆောင်ကြီှးဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များ ညီညွတ်စွာလက်မှတ်ရေးထိုးခဲ့သည့် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့ဟုသတ်မှတ်ခေါ်ဝေါ်ခဲ့သော်လည်း ယနေ့တိုင်တိုင်းရင်းသားများ၏ ကိုယ်ပိုင်အခွင့်အရေးတို့ကို တိုက်ယူနေရဆဲဖြစ်သည်။
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း

နှင်းဆီပင်သစ်ပျိုးမယ့်လူ(သို့မဟုတ်)ဗိုလ်ချုပ်တင်ဦး(မောင်စွမ်းရည်)


၂၀၀၅ ခုနှစ်၊ မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၃ မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။



ငါငယ်စဉ်က
ဗိုလ်တေဇ၊ ဗိုလ်ဇေယျ
ဗိုလ်လက်ျာ၊ ဗိုလ်စကြာ
အာဇာနည်သူရဲကောင်း၊
စစ်ဗိုလ်တွေအကြောင်းကို
ကြားရပေါင်းများပေမယ့်
နားညောင်းတယ်မရှိ
ငါ့မိ ငါ့ဖ၊ ငါ့ဦးလေး
ငါ့အဒေါ်၊ ငါ့အဖေါ်၊ ငါ့အမတွေက
တဖွဖွနဲ့ ပြောကြဆိုကြ
ငါကြားရတော့၊ အားကျဂုဏ်ယူ
စစ်စိတ်တွေကတလူလူနဲ့ 
ဇာတိမာန်ထူခဲ့တယ်၊
ဇာတိသွေးဆူခဲ့တယ်။

ဗိုလ်တေဇ၊ ဗိုလ်ဇေယျတပ်မှာ
တပ်သားတွေဟာလည်း
ငါတို့ ဦးလေး၊ ငါတို့ အစ်ကို၊ လူညိုလူထွား
တောóကအုံကြားက၊ ထန်းသမားသား
လယ်သမားသား၊ အလုပ်သမားတွေ
ပြည်သူ့ ကြားက၊ ပြည်သူ့သား ပြည်သူ့ သွေး
ပြည်သူကမွေးတဲ့ ပြည်သူ့ တပ်မတော်
“ရဲဘော်သည် ပြည်သူအတွက်၊
ပြည်သူသည် ရဲဘော်အတွက်မဟုတ်”လို့ 
ထုတ်ပြန်ကြွေးကြော်၊၊
ဆန်းရဲ့ရဲဘော် ဆန်းနဲ့ တိုက်ဖေါ်
မော်ကွန်းဝင်တွေ။

ငါလည်း နောင်တခေတ်
သူတို့ လိုဖြစ်ရမယ်လို့ ၊ တထစ်ချဆုံးဖြတ်
စစ်တပ်ဆိုတာ၊ ဒို့ အားထားရာ
စစ်သားဆိုတာ၊ ဒို့မှီခိုရာ
ဒို့ကြည်ညိုတဲ့၊ ဒို့သမိုင်းမှာ
“ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်”တဲ့
နိုင်ငံတလွှား၊ အသဲကြားက
အများပြည်သူ၊ ဂုဏ်ယူအားထား
“ယောက်ျားတံခွန်၊ လူရည်ချွန်တွေပါတကား”လို့ ။

ဒါပေမဲ့ ဒီသမိုင်းဟာ
မှိုင်းခဲ့ကြာပြီ၊ ရိုင်းခဲ့ပါပြီ
ပြည်သူကိုကျောခိုင်း၊ စစ်တပ်ရဲ့သမိုင်းမှာ
တိုင်းပြည်ရဲ့သယံဇာတ၊ ရှိသမျှရောင်းစား
ကျောင်းသားကိုသတ်၊ အလုပ်သမားကိုသတ်
လယ်သမားကိုကွပ်ညှပ်၊ သတ်စရာမကျန်တော့
သံဃာကိုလည်းသတ်၊ သီလရှင်ကိုလည်းသတ်
ချွေးတပ်တွေဆွဲ
တောထဲတောင်ထဲမှာလည်း၊ ကျွန်းပင်တွေခုတ်လှဲသလို
ရှမ်း၊ ချင်း၊ ကရင်၊ မွန်မပျိုလေးတွေလည်းဆွဲ
ဝက်ဆွဲ ကြက်ဆွဲ၊ သဘက်သရဲတွေဖြစ်
စစ်ဗိုလ် စစ်သား၊ စစ်ထွက်များဆို
အနားတောင်မသီဝံ့၊ ရွံ့ကြောက်စက်ဆုပ်
အသက်ဖက်နဲ့ထုပ်၊ ပြည်သူတွေချောင်ကုပ်
ကလိယုဂ် အမှောင်ခေတ်ဟာ၊ နှစ်ငါးဆယ်ကျော်ခဲ့ပါပြီ။

၁၉၈၈-
စစ်ဗိုလ် စစ်သား၊ စစ်အာဏာရှင်များ
မတရားအုပ်ချုပ်၊ မင်းလုပ်တာကိုမုန်းလို့ 
ရှစ်လေးလုံး အရေးတော်ပုံ
ရဟန်းရှင်လူ ပြည်သူပေါင်းစုံ
ပေါင်းဆုံညီညွတ်
“စစ်အာဏာရှင်စနစ်၊ တိုက်ဖျက်ပစ်”လို့ 
ဟစ်ကြွေးလိုက်တဲ့အခါ…
သူ
ထွက်လာခဲ့ပါပြီ။

ဘီလူးနဲ့ လူသား၊ စည်းခြားတဲ့ပွဲမှာ
စစ်သားကြီးလူထွက်၊ ပြည်သူ့ ဘက်ပြောင်းခဲ့ပြီ
သေနတ်ပြောင်းတွေ ချိန်ထား
သေနတ်လှံစွပ်တွေ တလျားလျား
ယမ်းငွေ့ တွေကြားက၊ ဘွားကနဲပေါ်ထွက်
ခုလိုခေတ်ပျက်မှာ၊ ဗိုလ်ဖြစ်ခဲ့တာ သူရှက်လို့ 
ပြည်သူဘက်ဦးတည်၊ ပြည်သူတို့ တပ်ဦးဆီမှာ
ဦးလည်မသုန်၊ ရင်မခုန်ဘဲ
ရဲရင့်သူ၊ ရင့်ကျက်သူ
တက်ကြွသူ၊ တည်ငြိမ်သူ
ဣနြေ္ဒရရနဲ့  နှိမ်ချသူ
မျှတသူ သည်းခံသူ၊ ဖြောင့်မှန်တည်ကြည်
စိတ်ရှည်တဲ့သူ…။

ပြည်သူအပေါင်းက သောင်းသောင်းဖျဖျ
ကြိုဆိုလိုက်ကြတယ်။
သူဟာ `သူရတင်ဦး`ပါ
တခြား တင်ဦးတွေလို
ဘုရင်ရူးမဟုတ်၊ ပလ္လင်ရူးမဟုတ်
(သဘင်ရူး၊ ဆင်ရူးလည်းမဟုတ်)
ဦးရာကိုယူ၊ ဦးရာလူကိုသတ်
ဒီတပ်ထဲက ဒီပဲမျိုးလည်းမဟုတ်
ပြည်သူရဲ့ဗိုလ်ချုပ်ပါ။

သူရတင်ဦးဟာ
တခါက
ဗမာကို ကျူးကျော်သူ
တရုတ်ဖြူကိုလည်း တိုက်ခဲ့ပြီ။
ဖက်ဆစ်ဂျပန် တော်လှန်တဲ့ပွဲမှာလည်း
နွဲခဲ့ဖူးပြီ ရဲခဲ့ဖူးပြီ။

သေနတ်ကိုင်စွဲတဲ့
လက်ရုံးရည်တိုက်ပွဲမှာ
သတ်ရဲသူ၊ သေရဲသူ တဦးဟာ
သေနတ်မပါ၊ ဓားမပါ လှံမဆွဲ
နှလုံးရည်တိုက်ပွဲမှာလည်း
တိုက်ရဲသူ၊ ခိုက်ရဲသူ၊ အောင်ပွဲယူရဲသူအဖြစ်
ပြည်သူချစ်တဲ့ ဗိုလ်ချုပ်တဲ့။

လူတကာစက်ဆုပ်၊ အပုတ်နံ့တထောင်းထောင်း
ကြေးစားတပ် အဟောင်းကို၊ ပြောင်းလဲသန့်စင်
“နှင်းဆီပင်အဟောင်းနုတ်၊ နှင်းဆီပင်အသစ်ပျိုး”
ခေတ်ဆိုးတော်လှန်၊ ခေတ်သစ်ပြောင်းမှာမို့ 
ဒို့ခေါင်းဆောင် ဒို့တပ်မှူးကို
ဦးညွတ်ကာ “အိုးဝေတေး”နဲ့ 
မွေးနေ့တွေ တရာတိုင်တိုင်၊
ခန့် ကျန်းခိုင် ရွှင်ရွှင်လန်းရအောင်
သပြေညို ရွှေဘိုပန်းတွေနဲ့ 
ရေချိုချို ရေညိုချမ်းတွေနဲ့ 
ညွှန်းတဖွဖွ၊ လွမ်းတသသ
သွန်းရပါကြောင်း။ ။

နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသူ ဦးတင်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်အတိုင်း ဒီမိုကရေစီရေး ဆက်လက်ဆောင်ရွက် သွားမည်ဟုပြော

http://saffrontoward.blogspot.com/2010/02/blog-post_13.html မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Photobucket
ရန်ကုန် ၊ ဖေဖေါ်ဝါရီ ၁၃။
မြန်မာ့တပ်မတော်၏ ဗိုလ်ချုပ်ကြီးဟောင်းနှင့် NLD ၏ ဒုဥက္ကဌ ဖြစ်သူ ဦးတင်ဦးသည် ယနေ့ ညနေပိုင်းက နေအိမ် အကျယ်ချုပ် ကျခံနေရရာမှ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် သတင်းထောက်များ၏ မေးမြန်း ချက်များကို ဖြေကြားရာတွင် ဒီမိုကရေစီအရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။
နေအိမ်အကျယ်ချုပ်နှင့် အကျဉ်းထောင်တို့တွင် ခုနှစ်နီးပါးခန့် နေခဲ့ရသူ ယခု အသက် ၈၃နှစ် ရှိပြီ ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်းနှင့် NLD ၏ ဒုဥက္ကဌ ဖြစ်သူ သူရ ဦးတင်ဦးသည် ယနေ့ည ၈နာရီ ၃၀ က နေအိမ် အကျယ် ချုပ်မှ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါသည်။

၁၉၆၄ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဘူးသူ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက လွတ်မြောက်လာပြီးသည့်နောက် NLD ၏ ဒုဥက္ကဌ တာဝန်ကို ဆက်လက် ထမ်းဆောင်သွားမည်ဟု ပြောဆိုခဲ့သလို လက်ရှိနေအိမ် အကျယ်ချုပ် ကျခံနေရဆဲဖြစ်သော မြန်မာ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဟု ထုတ်ဖေါ်ပြောကြားခဲ့ပါသည်။

၂၀၁၀ ခုနှစ်အတွင်း ကျင်းပမည်ဟု နအဖက ကြေငြာထားခဲ့သော ရွေးကောက်ပွဲနှင့် ပါတ်သက်သော သဘော ထားကို သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ရာတွင် ဦးတင်ဦးက NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ ၏ အဆုံးအဖြတ်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောကြား သွား ခဲ့ပါသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ၃၀ရက်နေ့က က စစ်ကိုင်းတိုင်း ဒီပဲယင်းတွင် ဖြစ်ပွားခဲ့သော လုပ်ကြံခံရမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် ကလေးထောင်တွင် ဖမ်းဆီး ချုပ်နှောင်ခြင်း ခံခဲ့ ရပါသည်။

၂၀၀၄ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ဦးတင်ဦးအား စစ်အုပ်ချုပ်သူများက ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်ပို့ ခဲ့ပြီး နိုင်ငံတော်ကို အန္တရယ်ပြုမည့် သူများဘေးရန်မှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေဖြင့် နေအိမ် အကျယ် ချုပ်ကျခံခြင်း ခံခဲ့ရသည်မှာ လွတ်မြောက်လာသော ယနေ့ အထိ ဖြစ်ပါသည်။

ဦးတင်ဦးသည် ကလေးထောင်တွင် ၈နှစ်နှင့် ၁၆ရက် နေခဲ့ရသည်သည့် အပြင် အထက်ပါ ဥပဒေအရ နေအိမ် အကျယ်ချုပ် ဖြင့် ၆နှစ်နီးပါးခန့် နေထိုင်ခဲ့ရပါသည်။
ဦးတင်ဦးက သတင်းထောက်များကို ဆက်လက် ပြောဆိုရာတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောပြသွားခဲ့ပါ သည်။
ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

ချစ်သူများနေ့တဲ့လား




ဒီနေ့ ..
ဖေဖေါ်ဝါရီ ၁၄ရက်
''ချစ်သူများနေ့'' တဲ့လား
ညီမလေးရေ ...
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊
... တွေ၊ .... တွေ
ဟိုက သည်က
အများကြီး အများကြီး ..
မင်းရနေသလား ...
လူငယ်တွေလဲ ... အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ... ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊

အော် ...
တကယ်တော့ ...
ဒီနေ့ဟာ ...
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ ...
'ကလောဒီယပ်စ်' ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentiuns ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ....
သူတို့ဟာသူတို့
ဂုဏ်ပြုရင်ပြုပါစေ ...
တို့တွေနဲ့ အဝေးကြီးပါကွယ် ...

ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က ...
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး ...
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ....
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ....
'ထိန်လင်း' ဆိုတဲ့
ကလေးငယ်ကလေး ...
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်

သူက ...
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး ...
တို့တိုင်းပြည်ကို ချစ်သတဲ့

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ....

နောက်ဆုံး ...
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ ....

ချစ်သူကောင်းတစ်ယောက်
ယောက်ျားးကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ ...
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်

'ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား ...'

ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး ...
အခုတော့ ဘယ်မှာလဲ

ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့' ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် ...
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ....

၉၅ နှစ်ပြည့်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အမှတ်တရ(အတ္ထုပ္ပတ္တိအကျဉ်း)

၁၉၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် - ၁၉၄၇ခုနှစ် ဇူလိုင်‌ ၁၉ ရက်သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့် နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင် ဖြစ်ပြီး ၁၈၈၆-ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။


ဇာတာတွင် ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါ ကမျှ ထိန်လင်းဟုမခေါ်ဟု အစ်ကိုဦးအောင်သန်းက ပြောဆိုခဲ့ဖူးသည်။ နောင်အခါ၌ အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် မောင်အောင်ဆန်းဟု ခေါ်တွင်လေသည်။ ဒို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေး ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည် ဖြင့်ထင်ရှားသည်။

ဗိုလ်ချုပ်၏ မွေးချင်းများမှာ-

1. မခင်ညွန့် (လယ်ဝန်ကတော်) ကွယ်လွန်၊
2. မ၀က် (အိမ်ထောင်မပြု) ကွယ်လွန်၊
3. မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်တို့နှင့်အတူ လုပ်ကြံခံရ)၊
4. မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)၊
5. မောင်နေအောင် (အမိန့်တော်ရရှေ့နေ ကွယ်လွန်)၊
6. ခုနစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်းကွယ်လွန်)၊
7. ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ် ကွယ်လွန်)၊
8. ဗိုလ်ချုပ်အောင်ဆန်းတို့ ဖြစ်ကြသည်။


ငယ်ဘဝ

ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က အနာအဖျား ထူသည်။ အသားစား ကြူးသည်။ အမဲ သားငါး အလွန်ကြိုက်သည်။ အတီးအမှုတ် ၊ အကအခုန် အလွန် ဝါသနာ ပါသည်။ အထူးသဖြင့် ဆိုင်းတီး ဝါသနာ ပါသည်။ စားပွဲ ဖြစ်စေ ၊ ခေါက်စရာတွေ့လျှင် ဖြစ်စေ အမြဲ ခေါက်နေလေ့ ရှိသည်။ ချောင်တစ်ချောင်တွင် ကပ်၍ မှိုင်တွေကာ စဉ်းစား၍လည်း နေတတ်သည်။ အများအားဖြင့် က္ကုနြေ္ဒကြီးသည်။ ကစားခုန်စားကို များစွာ မလေ့ကျင့်သော်လည်း ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းကိုမှ နှစ်သက်သည်။ မျက်နှာလို မျက်နှာရဖြင့် အထက်လူကြီးအား တိုင်တောခြင်းကို ငယ်စဉ်ကတည်းက အထူးစက်ဆုပ်သည်။


လူငယ်‌ဘဝ

သူ၏ ပညာရေးကို နတ်မောက်နှင့် ရေနံချောင်း တို့တွင် သင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေဘွဲ့ကို အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ရယူခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂတွင် အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသောအိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ငရဲ‌ခွေးကြီး လွတ်နေသည် ဟူသည့် တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးကို ရည်ညွှန်းထားသည့် ဆောင်းပါး၏ ဆောင်းပါးရှင်အား မဖော်ပြမှုဖြင့် ကိုနု(နောင် သခင်နု) နှင့် အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရသည်။ ထို့ကြောင့်သမိုင်းတွင် ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။ ၁၉၃၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ကျောင်းသားသပိတ် မန္တလေးသို့ ကူးစက်ပြီး နောက်ဖွဲ့စည်းသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံး၌ ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရသည်။ ထိုနှစ်မှာပင် အစိုးရသည် သူ့အား ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် အဖြစ် ရွေးချယ်ခဲ့သည်။

၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းခဲ့သည်။ ဤအချိန်မှစ၍ သူသည် ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့သည်။ သူသည် ဒို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်လာသောအခါတွင် သခင် (အရှင်သခင်/ဆရာ-မြန်မာလူမျိုးများသည် ဗမာပြည်၏ အရှင်သခင်/ဆရာစစ်များ ဖြစ်သည်။ ကိုလိုနီနယ်ချဲ့များက သူတို့သာလျှင် အသုံးပြုရန် မတရား သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။) တစ်ဦးပါဖြစ်လာသည်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့သည်။ ဤတာဝန်ကို ထမ်းဆောင်စဉ် ၁၃၀၀ ပြည့် အရေးတော်ပုံဟု လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့သည်။ ထိုစဉ်ကပင် ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအား ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းးအဖွဲ့ကြီးမှာ ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်း ဖြစ်ပြီး သူသည် ယင်းမဟာမိတ်အဖွဲ့၏ အတွင်းရေးမှုး ဖြစ်လာခဲ့သည်။

သူ၏ သမိုင်းတွင် လူအများကောင်းစွာ မရှင်းလင်းသောအချက်မှာ ၁၉၃၉-ခုနှစ် ဩဂုတ်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီ ကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးနှင့် ပထမဆုံး အထွေထွေအတွင်းရေးမှုး ဖြစ်ခဲ့ကြောင်းပင် ဖြစ်သည်။ များမကြာမီတွင် သူသည် ပြည်သူ့ တော်လှန်ရေးပါတီကို ထူထောင်ရာတွင် ပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့သည်။ သို့သော် အစိုးရသည် ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် အောင်ဆန်းအား ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ရာ သူသည် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ပြီးနောက်ဆုံးတွင် နိုင်ငံရပ်ခြားသို့ ပြေးခဲ့ရသည်။ ပထမတွင် သူသည် တရုတ်ပြည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန် တိုက်တွန်းခဲ့လေသည်။


ဒုတိယကမ္ဘာစစ်‌ကာလ

၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဖူမီမာရိုကိုနိုး အစိုးရထံမှ လက်နက်နှင့် ငွေကြေးထောက်ပံ့မှု ကတိကဝတ်များရလာသည်။ ထိုနောက် ရဲဘော်သုံးကျပ်အဖွဲ့ဝင်များနှင့် အတူ စစ်သင်တန်းတက်ရောက်ရန် ဂျပန်ပြည်သို့ ခေတ္တပြန်လည် ထွက်ခွာသွားခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ မီနာမီကီးကန်း၏ အကူအညီဖြင့် မြန်မာလမ်းမကြီး(စစ်အတွင်း တရုတ်နိုင်ငံအား ကုန်းကြောင်းမှ စစ်လက်နက်ပစ္စည်းများထောက်ပံ့ရန် မြန်မာနိုင်ငံကို ဖြတ်သန်း၍ဖောက်ထားသောလမ်း၊ယနေ့ ရှမ်းပြည်နယ် နှင့် တရုတ်နိုင်ငံအားဆက်သွယ်ထားသည့်လမ်းမကြီး)အား ပိတ်ဆို့ရန်နှင့် ပြည်တွင်းရှိ အမျိုးသားပုန်ကန်ထကြွမှုအား ထောက်ပံကူညီရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှုးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့(ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်သည် ဂျပန်တို့လက်အောက်သို့ ၁၉၄၂ ခုနှစ် မတ်လတွင် ကျရောက်သွားပြီး (ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသ အဖြစ်) ဂျပန်စစ်ဘက် အုပ်ချုပ်ရေးအဖွဲ့က တိုင်းပြည်ကို သိမ်းပိုက်လိုက်သည်။ ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့၏ဖိအားပေးမှုအရ ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ)အား ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သော်လည်း ဤအကြိမ်တွင် ဗိုလ်မှုးကြီးအောင်ဆန်း အဖြစ်သာနေခဲ့သည်။ ၁၉၄၄ ခုနှစ် မတ်လတွင် သူ့အား ဗိုလ်ချုပ်ရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့သည်။ များမကြာမီတွင် ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းခံရပြီး ဂျပန်ဧကရာဇ်မှ တက်နေဝန်းဂုဏ်ထူးဆောင် ဘွဲ့ကို ချီးမြှင့်ခဲ့သည်။

၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေး ကိုကြေညာပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ၄င်း၏ တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ သူ၏ ဂျပန်တို့နှင့် ပူးပေါင်းမှုမှာကြာကြာမခံပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များပြောသည့် လွတ်လပ်ရေးဆိုသည်ကို သံသယဝင်လာသည်။ ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေးကိုလည်း မနှစ်မြို့ပေ။ ဂျပန်တပ်များမဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်း နှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် သူသည် ဘီအင်အေတပ်ကို ဦးဆောင်၍ ဂျပန်ကျူးကျော်သူများအား မဟာမိတ်တို့နှင့် ပူးပေါင်းကာ တိုက်ထုတ်ခဲ့လေသည်။ ထို့ကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောင်တွင် အာဏာသိမ်းစစ်အုပ်စုမှ တပ်မတော်နေ့ဟု ပြောင်းလဲခေါ်တွင်ခဲ့လေသည်။


ဒုတိယကမ္ဘာစစ်ပြီးခေတ်

‌ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာ၍ စစ်အုပ်ချုပ်ရေးတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နောက် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ညီညွတ်သောတပ်ပေါင်းစုအဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့ရာတွင် ဘီအင်အေ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်များ ပါဝင်ကြပြီး ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ‘ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’ (ဖဆပလ) အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဗမာ့အမျိုးသားတပ်မတော်ကိုလည်း မျိုးချစ်ဗမာ့တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၍ ဂျပန်များကို တိုက်ထုတ်ပြီးနောက် တဖြည်းဖြည်းဖျက်သိမ်းခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလက သီရိလင်္ကာတွင် ပြုလုပ်ခဲ့သော ကန္ဒီအစည်းအဝေးမှ သဘောတူညီချက်များအရ မျိုးချစ်ဗမာ့တပ်မတော်သားများအား ဗြိတိသျှတပ်မတော်အောက်ရှိ ဗမာ့တပ်မတော်အောက်သို့ သွတ်သွင်းယူခဲ့သည်။ စစ်ပြန်ရဲဘော်အချို့ကို ပြည်သူ့ရဲဘော်တပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏အုပ်ချုပ်မှုအောက်တွင် အရန်အင်အားဖြင့် ဖွဲ့ထားပြီး လူမြင်ကွင်းတွင် ဗြောင်ကျကျ စစ်ရေးလေ့ကျင့်ခဲ့ကြရာ ဗြိတိသျှအာဏာပိုင်များ၏ အစပိုင်းက မလိုက်လျောလိုမှုများကို ပြယ်စေခဲ့ဟန်တူ၏။ ဗိုလ်ချုပ်အောင်ဆန်းအား ဗမာ့တပ်မတော်၏ ဒုတိယစစ်ဆေးရေးမှုးရာထူးကို ကမ်းလှမ်းခဲ့သော်လည်း အရပ်သားနိုင်ငံရေးသမား ဘဝကို သာ ရွှေးချယ်ခဲ့သည်။

၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ အဖွဲ့၏ ဥက္ကဌ အဖြစ် လွန်ခဲ့သော အောက်တိုဘာက မြန်မာပြည် အရပ်ဘက် အုပ်ချုပ်ရေးပြန်လည် ထူထောင်ပြီးနောက် ခန့်အပ်ခြင်းခံရသည်။ စက်တင်ဘာလတွင် မြန်မာနိုင်ငံ အမှုဆောင်ကောင်စီ၏ ဒုတိယ ဥက္ကဌ အဖြစ် ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်မှ ခန့်ထားခြင်းခံရပြီးနောက် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ရန့် နှင့် မောင်ဘတ်တန်တို့သည် ယခင်ဘုရင်ခံချုပ်ဟောင်း ဆာဒေါ်မန်စမစ်နှင့် ဝင်စတန်ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းအား ‘သစ္စာဖောက် သူပုန်ခေါင်းဆောင်’ ဟု သမုတ်ခဲ့သည်ကို လက်မခံခဲ့ပေ။ ဖဆပလ အဖွဲ့တွင်လည်း ကွန်မြူနစ်များနှင့် အမျိုးသားရေးနှင့် ဆိုရှယ်လစ်ကို ဦးဆောင်သည့် ဗိုလ်ချုပ်အောင်ဆန်းတို့ အကြားကွဲကြရာမှ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာယူသည်ကို အကြောင်းပြုပြီး ဖဆပလ အဖွဲ့မှ သခင်သန်းထွန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ကို ထုတ်ပစ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ် လုံးလုံးလျားလျားဖြစ်နေပြီ ဖြစ်သော်လည်း ငြင်းပယ်နိုင်သည့် ဗီတိုအာဏာမှာ ဗြိတိသျှ၏လက်တွင်ရှိနေသေးသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီ တို့သည် လန်ဒန်မြို့တွင် တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြင့် သူသည် မြန်မာ့လွတ်လပ်ရေးကို တာဝန်ခံ ရယူပေးခဲ့သူ ဖြစ်လာတော့သည်။ နယူးဒေလီမြို့၌ တစ်ထောက်ရပ်နားစဉ် သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာတို့သည် အကြွင်းမဲ့လွတ်လပ်ရေးကို လိုလားကြောင်း ဓနသဟာယ အဆင့်ကို မလိုလားကြောင်း ဤအခြေအနေကို ရရှိရန် အကြမ်းဖက်သည့်နည်း သို့မဟုတ် မဖက်သည့်နည်း သို့မဟုတ် နှစ်နည်းစလုံးကို အသုံးပြုရန်တွန့်ဆုတ်နေမည် မဟုတ်ကြောင်းနှင့် အဆုံးသတ်တွင် သူသည် အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ထားသော်လည်း အဆိုးဆုံးကိုလည်း ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

အချို့က သူ့အား ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင်သစ္စာရှိမှု၊ ဂျပန်နှင့် ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြု နှိပ်ကွပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ တာဝန်ရှိသည်ဟု ယူဆကြသည်။ ဒေါ်မန်စမစ်သည် ဖဆပလ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ လာရောက်ရန် ကိစ္စကို ငြင်းပယ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား စစ်အတွင်းက သူကြီးတစ်ဦးကိုကွက်မျက်မှုနှင့် အရေးယူရန် ကြိုးစားအားထုတ်ခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံတွင် စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့်သက်သေအဖြစ် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဧပြီတွင် ဖဆပလသည် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ အနိုင်ယူခဲ့သည်။ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်ရှိ `ဆိုရန်တာဗီလာ´တွင် ကျင်းပခဲ့သည်။

လွတ်လပ်ရေး မရမီ လအနည်းငယ်အလို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူ၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရသည်။ လုပ်ကြံမှုမှာ သူ၏ ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစော ၏ လက်ချက်ဟု ယူဆရသော်လည်း ဦးစော၏ တရားခွင်စစ်ဆေးချက်များမှာ သံသယ ဖြစ်စရာများ တွေ့ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသော်လည်း ထိုစဉ်က လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးနုက တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းမှုများကို အရှိန်မပျက်ဆက်လက်ထမ်းဆောင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရ ရှိခဲ့သည်။


မိသားစု

၁၉၄၂ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ်တွင် ဒေါ်ခင်ကြည်နှင့် ထိမ်းမြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒေါ်ခင်ကြည်၏ ညီမဖြစ်သူမှာ သခင်သန်းထွန်း ကွန်မြူနစ် ခေါင်းဆောင်နှင့် အကြောင်းပါခဲ့လေသည်။ အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊အောင်ဆန်းစုကြည်စသည့် သား(၂)ယောက်၊ သမီး(၁)ယောက် ထွန်းကားခဲ့သည်။သူ၏ ဒုတိယမြောက် သားဖြစ်သူ အောင်ဆန်းလင်းမှာ ၈ နှစ်သား အရွယ်တွင် နေအိမ်ခြံဝန်း အတွင်းရှိ ရေကန်၌ ရေနစ်သေဆုံးခဲ့သည်။ သားအကြီးဆုံး ဖြစ်သူ ဦးအောင်ဆန်းဦးအောင်ဆန်းဦးမှာ အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗုဒ္ဓဘာသာ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူသော ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေးသားခဲ့လေသည်။ အသက် (၂၀)အရွယ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။ ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်၊ ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (၀ိဘဇ္စ၀ါဒ)ကိုသာ လက်ခံရမည် ဆိုသည့်အချက် ဖြစ်သည်၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ၀ိဘဇ္စ၀ါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန် ဖြစ်သည်’ ဟူ၍ ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ် ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီ ချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။ ‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ် စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ် တွေးတောနေမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာ

ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ် ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇ၀င်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေရမည်။ ရာဇ၀င်သိရုံသာ မဟုတ်၊ ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင် စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင်ကျယ်စွာ ရှင်းပြခဲ့လေသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်အောင်ဆန်းသည် သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ကလောင်နာမည်နှင့် စာရေးသားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ ဦးစားပေး လိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ စာရေးဆရာဘ၀ ဖြစ်သည်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။ ဗိုလ်ချုပ်၏ ထိုပြောစကားသည် ၀မ်းသာစရာ ကောင်းသလို ၀မ်းနည်းဖွယ်လည်း ကောင်းလှသည်။ ၀မ်းသာစရာကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ၀မ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊ တိုင်းပြည် ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်သည် မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့် ပတ်သက်သည့် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။ ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေ အရေးအသားနှင့် ဦးတည်ချက်ရောက်အောင် ထိထိမိမိ ကွင်းကွင်းကွက်ကွက် ရေးသားတတ်ပုံကို အားကျအတုယူဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို အထင်အရှား တွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟု ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး

တိုင်းပြည်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တွေးတတ်ခေါ်တတ် စဉ်းစားတတ်သည့် နိုင်ငံရေးသမားတွေ မရှိမှ သူတို့ အာဏာတည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု စစ်အာဏာရှင်တွေ တွေးပုံပေါ်သည်။ ထို့အတွက်ကြောင့် အာဏာရှင် ဗိုလ်နေ၀င်း လက်ထက်မှ ယနေ့အာဏာရှင် ဗိုလ်သန်းရွှေ လက်ထက်အထိ မြန်မာပြည်တွင် နိုင်ငံရေးသမား မျိုးဆက်ပြတ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အာဏာရှင်တို့က နိုင်ငံရေးသမား ဆိုသည်ကို ခွေးလှေးကြမ်းပိုးဟု လူပြိန်းတွေက မြင်လာအောင်၊ နိုင်ငံရေး လုပ်ဆောင်ခြင်းကို လူညစ်ပတ်တွေ အလုပ်ဟု ထင်မြင်အောင် ၀ါဒဖြန့်ချိသည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ တိုင်းပြည် တိုးတက်ထွန်းကားရေးအတွက် နိုင်ငံရေးသမားကောင်းတွေ များများရှိဖို့ လိုအပ်ပုံ၊ နိုင်ငံရေး လုပ်ဆောင်ခြင်း၏ မွန်မြတ်ပုံတို့ကို ၁၉၄၀ခုနှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသည့် ဆောင်းပါးတွင် အရိပ်အမြွက် ထည့်သွင်း ရေးသားခဲ့သည်။ ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က ‘အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရားမစောင့်နိုင်၍ ဖြစ်၏။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရ ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင် ရှိ၏။ လူတွေတရား မစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရား ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော ဒေါသ၊ ထိုလောဘ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက်မဲမှုဖြစ်လာ၏။’

‘ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လား ဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်းမောင်ကြီးကတော့ ၀န်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။ ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင်ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှလည်း လောကီ တည်နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။

လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ်နိုင်ငံရေးမှာ ထိုပြုပြင် တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထို၌ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း’ ဟု ပြတ်ပြတ်သားသား ရေးသားခဲ့သည်။

ထိုဆောင်းပါးထဲတွင် နိုင်ငံရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏’ ဟု ဗိုလ်ချုပ် က သတိပေး ရေးသားခဲ့သေး၏။

ထို့အပြင် နိုင်ငံရေး လုပ်ဆောင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်စေတနာ သန့်စင်ပုံကို ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ ရင်တွင်းလာ စကားကို ထောက်ရှုပြီး သိမြင်နိုင်သည်။ ထိုညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ရင်ထဲတွင်ရှိသည့်အတိုင်း အရိုးသားဆုံး ပြောကြားခဲ့လေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် လူဘ၀တွင် နေထိုင်သွားသည့် အခိုက်အတန့်လေး အတွင်း၌ မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သည်ကို တွေ့ရပေသည်။ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ယုံကြည်သည့်အတိုင်း ပြောဆိုလုပ်ဆောင်မှု၊ ကိုယ်ကျင့်သီလ ကောင်းမွန်မှု၊ ရပ်တည်ချက် ခိုင်မာမှု၊ ဆုံးဖြတ်ချရာတွင် ပြတ်သားမှု၊ မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊ ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာ ကြီးမားမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ် အပြည့်ရှိမှု၊ နိုင်ငံရေးကို နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကို ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု … စသည့် အရည်အချင်းပေါင်း မြောက်မြားစွာနှင့် လူဘ၀ကို ဖြတ်သန်းသွားခဲ့သည်။ ။
ဘ၀နိဂုံး

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး များ ရဲဘော်ကိုထွေး (အာဇာနည် ကိုးဦး)တို့နှင့်အတူ လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။

ဗိုလ်ချုပ်၏ စကားများ

* ဗမာက တစ်မျိုး ၊ ကရင်က တစ်ဖုံ ၊ ရှမ်း ၊ ကချင် ၊ ချင်းတို့က တစ်ခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး ။ စုပေါင်း လုပ်မှသာ အကျိုး ရှိနိုင်မယ်။

(၁၉၄၇ ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊ ပင်လုံမိန့်ခွန်း)

* လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။

(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)

* ဟေ့ ... သေလဲ ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ .. ရန်သူကို မိမိလက်အားနေရင် လက်နှင့်ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ ..။ နောက်ဆုံး ပါးစပ်အားနေလျှင် ပါးစပ်နှင့် ကိုက်ပြီးမှ ရဲရဲသေပြလိုက်ကြတာပေါ့ ...။

(ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ် ဂျပန်တို့က ၄င်းတို့အား အားလုံးဖျောက်ဖျက်မည့် အခြေအနေမျိုးကို ကြုံတွေ့နေကြရစဉ်)

* ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။

* စစ်ထွက်ကြတာပေါ့၊ ရှေးရှေးတုန်းက ဗမာ့တပ်တွေ စစ်ထွက်ကြတာ တနသာင်္ရီကို လှေကြီးတွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေကြောင်းမှားပြီး ရခိုင်ပြည်ဘက် ရောက်လိုရောက်ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး ဖြစ်သလို လုပ်ကြတာပေါ့ ... ။

(ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ်များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက်ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက်ရန် တာဝန်ကျသူ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းအား ကန်တော့သောအခါ)

* ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆရာစံထတုန်းကလဲ ထထကြွကြွရှိတဲ့ ရွာတရွာလို့ အသိအမှတ်ပြုခဲ့တယ်၊ မှင်နီ အ၀ိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ်အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ် ...။

(ပဲခူးခရိုင် ဝေါအပိုင် အညာစုရွာ ဗိုလ်ချုပ်အောင်ဆန်း ရောက်၍၊ ရဲဘော် ၃၇ ယောက်စုရန်ပြောရာ ရပ်ရွာထဲက တုတ်တုတ်မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းက)

Twitter Delicious Facebook Digg Stumbleupon Favorites More