This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, February 20, 2011

နာဂိုယာမြို့တွင် ကျင်းပသည့် ၆၄ နှစ်မြောက် မွန်အမျိုးသားနေ့အောင်ပွဲ


နာဂိုယာ၊ ဖေဖေါ်ဝါရီ (၂၀)

မွန်တိုင်းရင်းသားတို့၏ ၆၄နှစ်မြောက်နှင့် ဂျပန်နိုင်ငံတွင် ၁၉ ကြိမ်မြောက်အဖြစ် ကျင်းပသည့် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့တွင် နာဂိုယာမြို့၌ ပုညကာရီမွန်အမျိုးသားအသင်း(ဂျပန်)က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရွေးကောက်ပွဲပြီးနောက်ပိုင်း တိုင်းရင်းသားတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ယဉ်ကျေးမှု တို့ကို ပိုမိုထိမ်းချုပ်ခံလာရချိန်တွင် လွတ်မြောက်နယ်မြေ ဂျပန်နိုင်ငံ၌ မိမိတို့ယဉ်ကျေးမှု၊ ဓလေ့စရိုက် များနှင့် မကျေနပ်ချက်များကို အမျိုးသားနေ့အခမ်းအနား၌ ထုတ်ဖော်ပြောဆို နိုင်ခြင်းအတွက် အတိုင်းမသိဝမ်းသာမိကြောင်းး ပုညကာရီမွန်အမျိုးသားအသင်း၏ ဥက္ကဋ္ဌဦးမင်းမျိုးချစ်က ပြောပြသည်။

“ဒီလောက်တောင် ဖိနှိပ်နေတဲ့ မြန်မာပြည်တွင်းက စစ်ခေါင်းဆောင်အာဏာရှင်တွေရဲ့လက် အောက်မှာ မပြောနိုင်တဲ့ အရာတွေကို ဒီနေရာမှာ လွတ်လာစွာဖွင့်ပြောနိုင်ခဲ့တယ်၊ အာဏာရှင်အဆက် ဆက် ကျနော်တို့တိုင်းရင်းသားတွေအပေါ်မှာ ဖိနှိပ်ခဲ့မှုတွေကို ထုတ်ဖော်နိုင်ခဲ့တယ်။ မွန်အမျိုးသားတွေအ ပါအ၀င် အခြားသောတိုင်းရင်းသားတွေကို ဖိနှိပ်နေမှုတဲ့ မကျေနပ်ချက်တွေကို ဖွင့်ပြောနိုင်ခဲ့တဲ့အတွက် ကျေနပ်မိတယ်”ဟု ယင်းဥက္ကဋ္ဌက ပြောပြသည်။

အခမ်းအနား ပထမပိုင်းအစီအစဉ်တွင် မွန်အမျိုးသားအလံတော်ကိုအလေပြုခြင်းအပါအ၀င် သဘာပတိများ စကားပြောခြင်းနှင့် ပြည်တွင်းအခြေစိုကှ်မွန်ပြည်သစ်ပါတီမှပေးပို့သော ၆၄ နှစ်မြောက်မွန်အမျိုးသားနေ့သ၀ဏ်လွှာ အပါအ၀င် ပလောင်ဝ်၊ ကရင်နှင့်အခြားသောတိုင်းရင်းသား ကိုယ်စားပြု ကိုယ်စားလှယ်များ၏ အမှာစကားပြောကြားခြင်းများပါဝင်ခဲ့သည်။

ပြည်တွင်း၌ လွတ်လပ်စွာကျင်းပခွင့် မရတောသည့် မွန်အမျိုးသားနေ့ အခမ်းအနားကို ယခုလို ပြည်တနေရာတွင် လွတ်လပ်ပွင့်လင်းစွာ ပြောဆို ဆွေနွေးမှုများ၊ မိမိတို့ ယဉ်ကျေးမှုကို ပကတိအတိုင်း ထုတ်ဖော် ပြသနိုင်မှုများဖြင့် ကျင်းပ နိုင်ခြင်းကြောင့် လူများစွာ မလာရောက်နိုင်လင့်ကစား အမျိုးသားရေး လက္ခဏာအမှန်များကို တွေ့မြင် သိရှိခံစားရသည့်အတွက် နိုင်ငံရေး အနှစ်သာရ ပြည့်ဝသည်ဟု ပလောင်အမျိုးသားနှင့် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု ဂျပန်ကိုယ်စားလှယ် ကိုမိုင်ကျော်ဦးက ပြောပြသွားသည

သမိုင်း အစစ်အမှန်ကို ခေတ်ကာလ အလိုက် အပိုင်းအခြားဖြင့် မွန်လူမျိုးတို့၏ ဖြစ်တည်မှု အကြောင်း၊့ မွန်တိုင်းရင်းသားးများ ဆင်းသက်ဖြစ်တည်လာပုံနှင့် အမျိုးသားရေး လှုပ်ရှားမှုများကို ကိုမင်းဝင်းတေဇ မှလည်ကောင်း၊ အိုဆာကာတက္ကသိုလ်တွင် ပညာသင်ယူနေသော ဂျပန်လူငယ်တဦးဖြစ်သည့် Wada Sanမှ မွန်ဘာသာ စာပေနှင့် ယဉ်ကျေးမှုများကို ထိုင်းနှင့် မြန်မာနိုင်ငံ တို့တွင်ကိုယ်တိုင်သွားရောက် လေ့လာခဲ့သော ရှာဖွေတွေ့ရှိချက်များကို powerpoint ဖြင့် ရှင်းလင်း တင်ပြခဲ့ကြသည်။

ဂျပန်နိုင်ငံတွင် ကျင်းပလေ့ရှိသည့်တိုင်းရင်းသားများ၏ အမျိုးသားနေ့များ ထုံးစံအတိုင်း ရိုးရာ အစားအသောက်များကို ဧည့်ခံ ကျွေးမွေးခဲ့ပြီး အခမ်းအနားဒုတိယပိုင်းတွင်ဘ မွန်အမျိုးသားရေး စိတ်ဓါတ်ကို တက်ကြွစေသော မွန်အမျိုးသား သီချင်းများကို ဖျော်ဖြေတင်ဆက်သီဆိုမှုများဖြင့် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သတင်းရေးသားပေးပို့သူ - သန့်မျိုးထွေး(မိုးသောက်ကြယ်)

Monday, February 14, 2011

(၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ဂျပန်ရောက်တိုင်းရင်းသားများကျင်းပ

ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်ခဲ့သည့် (၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား နှင့်တိုင်းရင်းသား လူမျိုးပေါင်းစုံ ယဉ်ကျေးမှုကပွဲ ၊ဂီတပဒေသာပွဲများ ကို ယနေ့ ဖေဖော်ဝါရီလ  (၁၃ ) ရက်နေ့ တိုကျိုမြို့အိုးစုက အရပ်တွင်ရှိသော (Minami ostuka Hall)တွင် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်) ၏ ဦးဆောင်မှုဖြင့် နေ့လည် (၁)နာရီ မှ ည (၈ )နာရီ အထိ အခမ်းအနားကို နှစ်ပိုင်းခွဲကျင်းပခဲ့ရာ ဂျပန်နိုင်ငံရောက် မြန်မာ့ ဒီမိုအရေးလှုပ်ရှားနေသောအဖွဲ့အစည်းပေါင်းစုံမှတာဝန်ရှိသူများနှင့် တိုင်းရင်းသားပေါင်းစုံတို့တက်ရောက်ခဲ့ကြပါသည်။
 
မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံစုစည်းနေထိုင်သောနိုင်ငံဖြစ်၏ ။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လ (၁၂) ရက်နေ့တွင် မြန်မာနိုင်ငံကို ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ်ဖွဲ့စည်းတည်ထောင်နိုင်ရန်အတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံတွင် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တိုင်းရင်းသားလူမျိုးများ နိုင်ငံရေးတန်းတူညီတူရှိမည့် ပြည်ထောင်စုမူတရပ်ကိုချမှတ်နိုင်ခဲ့သည့် နေ့တနေ့လည်းဖြစ်သည်။ အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များတည်ထောင်ခဲ့သည့် ပြည်ထောင်စုကြီးသည် (၆၄)နှစ်တိုင်ခဲ့သော်လည်း ပြည်ထောင်စုတိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး မျှော်မှန်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံကိုမတည်ဆောက်နိုင်သေးပါ။ အမျိုးသားခေါင်းဆောင်ကြီးများ မျှော်မှန်းထားခဲ့သော လွတ်လပ်ရေး၊ တန်းတူညီမျှရေးဟူသောအခြေခံမူများကို ယနေ့တိုင်ဖြည့်ဆည်းနိုင်ခြင်းမရှိသေးပေ။ အဘယ်ကြောင့်ဆိုသော အာဏာကို မတရားရယူထားသည့် စစ်အာဏာရှင်ဝါဒနှင့် စနစ်ဆိုးတို့ နှစ် (၅၀)နီးပါး စိုးမိုးမင်းမူနေခြင်းကြောင့်ဖြစ်သည်။
 
အခမ်းအနား ပထမပိုင်း အစီအစဉ် ကို နေ့လည် (၁)နာရီ မှ (၄)နာရီ အထိကျင်းပခဲ့ရာ အခမ်းအနားမှူးအဖြစ် (PNS-JP) မှ ဦးမိုင်ကျော်ဦး နှင့်အတူ (PMNS-JP) မှ ကိုဇော်မျိုးဦးတို့က ဆောင်ရွက်ခဲ့ကြပြီး ဘာသာပြန်အဖြစ် မြန်မာ့ဒီမိုအရေး ကိုအစဉ်အားပေးကူညီနေသော ဆရာဦးရွှေဘ (ခ) ဝါတာနာဘေ ကဆောင်ရွက်ခဲ့ပါသည်။ (၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား တွင် သဘာပတိအဖွဲ့ အဖြစ် ဥိးဇော်မင်းခိုင် (ရခိုင်)၊ ဦးလှဟန် (NLD-LA)(JB)၊ဦးခင်မောင်ကြည်(အဝေးရောက်သံတမန်တဦး) နာယက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)နှင့် ဦးသန်းရွှေ(NDB –Japan)တို့က တာဝန်ယူဆောင်ရွက်ခဲ့ကြပြီး တိုင်းရင်းသားပေါင်းစုံတို့မှ သဘာပတိအဖွဲ့ဝင်များအဖြစ်ဆောင်ရွက်ခဲ့ကြပါသည်။
တိုင်းရင်းသားပေါင်းစုံမှ ပြည်ထောင်စုအလံကိုသယ်ဆောင်ကာ(၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ဖွင့်လှစ်ခဲ့ပါသည်။ သဘာပတိမှ အဖွင့်အမှာစကားပြောကြားကာ အထူးဧည့်သည်တော် ဦးခင်မောင်ကြည် (အဝေးရောက်သံတမန်တဦး) နာယက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ)မှလည်း“ ပင်လုံစာချုပ်ကြောင့် ပြည်ထောင်စုပေါ်ပေါက်လာရခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီး နောက်တက်လာတဲ့အစိုးရတွေက ပြည်ထောင်စုအနှစ်သာရကိုဖျောက်ပြီး တပြည်ထောင်စနစ်ကျင့်သုံးလာကြောင်းနှင့် ထိုတပြည်ထောင်စု စနစ်နှင့်မရပ်သေးပဲ တပါတီအာဏာရှင်နစ်ကိုကျင့်သုံးကာ ယခုလောလောဆယ် သူခိုးဓါးပြလမ်းစဉ်ကို ကျင့်သုံးလျက်ရှိကြောင်း၊ စာထဲမှာပါတဲ့ဥပဒေကတမျိုး၊ လုပ်နေတဲ့လုပ်ရပ်ကတမျိုး ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်ကပင် ယနေ့အချိန်အထိ ဖြစ်ကြောင်းနှင့် ပြည်ထောင်စုဆိုတဲ့ နိုင်ငံမှာ တရားလက်လွတ်ဖြစ်နေတာ ကမ္ဘာကပင် သိနေပါတယ်။“ ဟုပြောကြားခဲ့ပါသည်။
ထို့နောက်အဖွဲ့အစည်းအသီးသီးမှအတာဝန်ရှိသူများကလည်း (၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား နှင့်ပတ်သက်သော မိန့်ခွန်းများကို ပြောကြားခဲ့ကြပါသည်။ အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာ ဗွီဒီယို ပြသကာ အခမ်းအနား ပထမပိုင်းအစီအစဉ် ကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
 
အခမ်းအနား ဒုတိယပိုင်းဖြစ်သော (၆၄)နှစ်မြောက်ပြည်ထောင်စုနေ့ ဖျော်ဖြေ ရေးအစီအစဉ် ကို ညနေ (၄) နာရီ တွင် စတင်ကျင်းပခဲ့ရာ အစီအစဉ်မှူးအဖြစ် ကျော်သန်းလှိုင် (ALD-EXILE) မှ တာဝန်ယူဆောင်ရွက်ပြီး အခမ်းအနားမှူးများအဖြစ် မကေသီ (PMNS –Japan) နှင့် အတူ ကိုသိန်းရယ် (KNC –Japan) မှဆောင်ရွက်ခဲ့ပါသည်။(SND-Japan)မှ နန်းချိုဝင့်မွန် ကဘာသာပြန်အဖြစ်တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။ AUN မောင်မယ်များမှ (ပြည်ထောင်စုလူငယ်) တေးသီချင်း ဖြင့် ဒုတိယပိုင်းဖျော်ဖြေရေးအစီအစဉ်ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
တိုင်းရင်းသားလုမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှုအကနှင့်အတူ(NLD-LA-JB)မှ ဖက်ဖူးစင်ယိမ်းအက၊ အောင်မြင်ပါစေ မြန်မာရိုးရာနှစ်ပါးသွားအကဖြင့်လည်းကောင်း ၊ ကိုဝင်းအောင်-မြန်မာ့ဒီမိုကရေစီအင်အားစုအဖွဲ့မှ (အောင်ဆန်းလမ်းစဉ်) သီချင်းဖြင့် ဂီတပဒေသာပွဲများ ကို ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ ဖျော်ဖြေ ရေးအစီအစဉ်ကို AUN မောင်မယ်များ၏ (ပြည်ထောင်စုနေ့ )တေးသီချင်းဖြင့် (၆၄)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကို အောင်မြင်စွာ  ရုပ်သိမ်းခဲ့ပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်

Tuesday, February 8, 2011

(၆၄)နှစ်မြောက်သျှမ်းအမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနား

ဖေဖော်ဝါရီလ (၇)ရက်နေ့တွင်ကျရောက်မည့် (၆၄)ကြိမ်မြောက်သျှမ်းအမျိုးသားနေ့ကို ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော သျှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့နှင့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ တို့၏  ပူးပေါင်းဦးဆောင်မှုဖြင့် ဖေဖော်ဝါရီလ (၆) ရက်နေ့ တွင် Tokyo ရှိ Ikebukuro Kumin Center (6th Floor ) တွင် နေ့လည် (၁)နာရီ မှ (၄)နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် သျှမ်းပြည်စော်ဘွားများသည် လူထုထောက်ခံမှုနှင့် အနှစ်နှစ်အလလက ငုံ့ခံနေ ရတဲ့ မျက်နှာဖြူဘုရင်ခံ ကို အံတုအနိုင်ရခဲ့သောနေ့ကို သျှမ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ထို့နောက် တောင်ပိုင်းနမ့်ဆမ်စော်ဘွား စဝ်ခွန်ပန်းစိန်က သျှမ်းပြည်လူမျိုးပေါင်းစုံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် သုံးရပ်ကို ချမှတ်ခဲ့ပါသည်။
၎င်းဆုံးဖြတ်ချက်သုံးရပ်မှာ-
 ၁။ ဖေဖော်ဝါရီလ (၇) ရက်နေ့ကို အမျိုးသားနေ့အဖြစ်
၂။ ဝါ၊စိမ်း၊နီ နှင့် အဖြူရောင် လဝန်းအလံကို သျှမ်းပြည်အလံတော်အဖြစ်
၃။ ခေးတိုင်းခေးရာဇာသီချင်းကို ယာယီအမျိုးသားသီချင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။


သျှမ်းအမျိုးသားနေ့သည် သျှမ်းပြည်ရှိ လူမျိုးစုအားလုံးနှင့် သက်ဆိုင်သောနေ့ဖြစ်ပါသည်။၁၉၆၂ခုနှစ်တွင် ဦးနေဝင်းဦးဆောင်သော ဗမာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခွဲခြမ်းစိတ်ဖြာအုပ်ချုပ်မှု ပိုကျင့်သုံးလာသဖြင့် သျှမ်းလူမျိုးစုအကြား သပ်လျှိုသွေးထိုးဖဲ့ထုတ် စည်းရုံးမှုများကြောင့် သျှမ်းလူမျိုးစုတွေလောက်သာ အမျိုးသားနေ့ကျင်းပ ပြီး အခြားသျှမ်းပြည်လူမျိုးစုတွေ ပါဝင်မှု သိပ်မတွေ့ရတာ ယနေ့တိုင်ဖြစ်ပါသည်။
ယခုလက်ရှိ သျှမ်းပြည်နယ်သည် အေးချမ်းသာယာသောပြည်နယ် မဟုတ်ပဲ တိုင်းရင်းသားများ၏ ဘဝသည်လည်း ဆုတ်ယုတ် ယိုယွင်းနေသော အခြေအနေသို့ရောက်နေပါသည်။ သျှမ်းတိုင်းရင်းသားများ၏ ခေါင်းဆောင်ဟု အများကသတ်မှတ်ထားသော  ဦးခွန်ထွန်းဦးအပါအဝင် သျှမ်းခေါင်းဆောင်များသည်လည်း ထောင်တွင်းအကျဉ်းချထားခြင်းခံနေရပါသည်။ထိုဆိုးကျိုးများအားလုံးသည် မြန်မာနိုင်ငံကို အုပ်ချုပ်နေသော စစ်အစိုးရ၏ လုပ်ဆောင်ချက်ကြောင့်ပင်ဖြစ်သည်။
အခမ်းအနားကို သျှမ်းပြည်အတွင်း မှီတင်းနေထိုင်သော လူမျိုးစုများဖြစ်ကြသည့် ပအိုဝ့် ၊ပလောင် ၊ လီရှော နှင့် ရှမ်း စသည့် ကိုယ်စားလှယ်အသီးသီးတို့မှ သျှမ်းအမျိုးသားနေ့ အတွက် နှုတ်ခွန်းဆက်စကား ပြောကြားခြင်းဖြင့် ဖွင့်လှစ်ခဲ့ပါသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) ၏ ဥကဋ္ဌ ဦးစိုင်းဝင်းဖေ မှ သျှမ်းအမျိုးသားနေ့အတွက် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။
သျှမ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကိုရှမ်းဘာသာဖြင့်လည်းကောင်း၊ဂျပန်ဘာသာဖြင့်လည်းကောင်း
ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ကြွရောက်လာကြသော မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကလည်း သျှမ်းအမျိုးသားနေ့အတွက် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ဂျပန် နိုင်ငံတွင် ပြုလုပ်ခဲ့သော မြန်မာ့ဒီမိုအရေးနှင့်ပတ်သက်သည့် သျှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့(ဂျပန်)နှင့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)တို့၏ လှုပ်ရှားမှုပုံရိပ်များကိုလည်းကောင်း၊ လက်ရှိသျှမ်းပြည်တွင်း အခြေအနေများကို Projector ဖြင့် ပြသခဲ့ပါသည်။
သျှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့(ဂျပန်)၏ဥက္ကဋ္ဌဖြစ်သူ ဦးမိုင်ကျော်ဦးက ”မြန်မာပြည်တွင် သျှမ်းပြည်အတွင်း မှီတင်းနေထိုင်သော လူမျိုးစုများနှင့်အတူ ကျင်းပခွင့်မရရှိခဲ့သော သျှမ်းအမျိုးသားနေ့ကို ယနေ့ဖေဖော်ဝါရီလ (၆) ရက်နေ့ ဂျပန်နိုင်ငံတွင် နိုင်ငံရေးအနှစ်သာရပြည့်ဝစွာဖြင့် အောင်မြင်စွာကျင်းပခွင့်ရခဲ့ကြောင်းနှင့် ကျေးဇူးတင်စကားတို့ကို ပြောကြားခဲ့ ပါသည်။ ထို့နောက် အခမ်းအနားကို သျှမ်းရိုးရာ အိုးစည် ၊ အက ဖြင့် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
ရေးသားပေးပို့သူ-နန်းအိမွန်ချစ်(မိုးသောက်ကြယ်)
ဓါတ်ပုံ-ဦးသန်းဝင်း

Sunday, February 6, 2011

စစ်အုပ်ချုပ်ရေး(၂၃)နှစ်တာကာလပြီးနောက် ပေါ်ပေါက်လာမည့်အရပ်သားအစိုးရသစ်နှင့်အနာဂါတ်မြန်မာနိုင်ငံ

စုစည်းတင်ပြသူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)

ဖြုတ်ချခံရသူဝန်ကြီးချုပ်ဟောင်းဗိုလ်ချုပ်ကြီးခင်ညွန့်က ဒီပဲယင်းအရေးအခင်းအပြီး လူထုအုံကြွမှုများမဖြစ်စေရေးနှင့် ကမ္ဘာသိလူ့အခွင့်အရေးချိုးဖောက်မှုကြီးကိုအာရုံလွှဲရန်အတွက် လမ်းပြမြေပုံ(၇)ချက်ကို ရန်ကုန်ရှိပြည်သူ့လွှတ်တော်ဟောင်းတွင် ရှင်းလင်းပြခဲ့သည်။ အမှန်တကယ်ပဲ ဒီမိုကရေစီကျင့် စဉ်နှင့်အညီတိုင်းပြည်ကို တမတ် ဟုတ်ချင်းဖွံ့ဖြိုးတိုးတက်တော့မည့် သယောင် ပြောဆိုခဲ့သည်။ လမ်းပြမြေပုံပါအချက်များအတိုင်း အမျိုးသားညီလာခံကို ၂ဝဝ၃ တွင် ပြန်လည်ကျင်းပပြီး ၂ဝဝ၇ ခုနှစ်တွင် ပြီးစီးခဲ့သည်။ စတင်ချိန် ၁၉၉၆ ခုနှစ် မှစ၍ ၂ဝဝ၇ ခုနှစ်အထိ ကျင်းပဆွေးနွေးချိန် ၁ဝ နှစ်ကျော် ကြာမြင့်ခဲ့ပြီး စစ်အစိုးရအာဏာ သိမ်းပြီးပြီးခြင်း ကျင်းပပေးခဲ့သည့် ၉ဝ ရွေးကောက်ပွဲ အနိုင်ရ အန် အယ်လ်ဒီပါတီ မပါဝင်ခဲ့ပေ။

''ညီလာခံပြီးသွားပေမယ့် တိုင်းပြည်အတွက်ကျနော်တို့ မျှော်လင့်တဲ့ဒီမိုကရေစီနိုင်ငံကိုသွားမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာမယ့် အနေအထားမရှိတော့ လက်ရှိအတွက်ရော၊ အနာဂတ်အတွက်ပါ တိုင်းပြည်အခြေအနေ ပိုပြီးဆိုးလာမယ်လို့မြင်တယ်''ဟု ၉ဝ ရွေးကောက်ပွဲမှ အနိုင်ရပါတီများ၏ ပြည်သူ့လွတ်တော်ကိုယ်စားပြုကော်မတီဝင် ဦးအေးသာအောင်က ညီလာခံကို ပြတ်ပြတ်သားသားသုံး သပ်ပြောဆိုလိုက်သည်။
တဖန် ၂ဝဝ၈ ခုနှစ်တွင် မြန်မာ့ သမိုင်း၌ တခါမျှမဖြစ်ပေါ်ဖူးသေးသည့် ဆိုးရွားသောရာသီဥတုဘေး ဒဏ်ကျရောက်ပြီးချိန်တွင် အဆိုပါညီလာခံမှ တဖတ်သတ်ရေးဆွဲထားသော တိုင်းပြည်တည်ဆောက် ရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဥပဒေတို့၏အခြေခံမှုလဖြစ်တည်ရာ Constitution  ခေါ် အခြေခံဥပဒေကို အတိဒုက္ခရောက်နေသည့် ပြည်သူများကိုကူညီရနေရမည့်အစား အတင်းအဓမ္မအတည်ပြုခဲ့ပြန်သည်။
ယင်းအခြေခံဥပဒေကို ကိုင်းဆွဲ ပြီး ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲ ကို အဓိကအတိုက်အခံများမပါဝင် ဘဲ ပြုလုပ်ခဲ့ရာ သံသယဖြစ်ဖွယ်ရာ များဖြင့်ပြီးဆုံးခဲ့ပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုပင် ရွေးကောက်ပွဲအပြီး တပတ်အကြာ မှပြန်လွတ်ပေးခဲ့သည်။
ဥပဒေဆိုသည်မှာ ဖြတ်ထုံးလမ်းစဉ်များဖြင့် တည်ဆောက်ထားသော စနစ်ဖြစ်ပြီးများသောအားဖြင့် နိုင်ငံပိုင်အဖွဲ့အစည်းများဖြင့် အ တည်ပြုထားရသည်။ တနည်းအား ဖြင့် လုပ်ထုံးလုပ်နည်း မပါဝင်ရပါ။ ရွေးကောက်ပွဲဥပဒေများကို ပြန် ကြည့်လျှင်လည်း ရွေးကောက်ပွဲ ဝင်ပါတီများကို မလူးသာမလှုပ်သာ အောင် ထိမ်းသိမ်းတင်းကြပ်လွန်း အားကြီးပြီး ရွေးကောက်ပွဲကော်မ ရှင်မှာလည်း စစ်အစိုးရ၏ကြိုးဆွဲ ရာ ကနေရသောရုပ်သေးကော်မရှင် တခုသာဖြစ်၍ စစ်မှန်သောရွေး ကောက်ပွဲတခုကို မဖော်ဆောင်ပေး နိုင်ခဲ့ပေ။ ရွေးကောက်ပွဲ မတိုင်မှီတွင် လည်း ရွေးကောက်ပွဲကော်မရှင်မှာ ရုပ်သေးကော်မရှင်သာဖြစ် သည်ဟု ၍လည်း ယုံကြည်မှုမရှိကြောင်း ထွက်ခွာသွားသူများလည်းရှိသည်။
မည်သို့မည်ပုံရောက်လာမှန်းမသိ သောကြိုတင်မဲများ၊ မဲရေတွက်မှုကို အများ ပြည်သူရှေ့မြင်ကွင်းတွင် ရေတွက်ခြင်းများ၊ သတင်းသမား များ မဲရုံများအနီးတွင်ပင် သတင်း ရယူခွင့်မရခြင်း၊ နိုင်ငံတကာ၏ လာရောက်စောင့်ကြည့်ခွင့်ကို မ ပေးခြင်းများဖြင့် နောက်ဆုံးထွက် ပေါ်လာသော ရလဒ်မှာမဲသွားပေး ခဲ့သူ ပြည်သူများ၏ဆန္ဒအမှန်ဖြစ်မ လာခဲ့ဘဲ စစ်အစိုးရအလိုကျဖွဲ့ စည်း ထားပြီး စစ်ယူနီဖောင်းချွတ်အရပ် ဝတ်လဲထားသည့် စစ်ဗိုလ်ချုပ် ဟောင်းများ ဦးဆောင်သည့် ကြံ့ခိုင် ဖွံ့ဖြိုးရေး(ကြံ့ဖွံ့ပါတီ)ကသာ တ ပြည်လုံးတွင် ၈ဝ ရာခိုင်နှုန်း ကျော်ဖြင့် အနိုင်ယူပြသွားသည်။
၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အခြေခံဥပဒေပါ လွတ်တော်ခေါ်ယူရေးဥပဒေအတိုင်း ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉ဝ အတွင်း ပထမဦးဆုံးအကြိမ် လွတ်တော်ခေါ်ယူလိုက်သည်။
လွတ်တော်ခေါ်ယူလိုက်သည်နှင့် တပြိုက်နက် ယင်းအခြေခံဥပဒေ မှာစတင်လှုပ်ရှားအသက် ဝင်သွား ပြီးဖြစ်သည်။ လွတ်တော်အစည်း အဝေးများကို တရက်ပြီးတရက် ကျင်းပသည်။ နောက်ဆုံး သမ္မတ အမည်စာရင်းကို ကြေငြာပြီးချိန် တွင် ပြည်သူများအတွက် ရင်ခုန် မျှော်လင့်ဖွယ်မကောင်းသော စစ်အ စိုးရ ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးဟောင် ဦးသိန်းစိန်သာ မြန်မာနိုင်ငံ၏ ၈ ဦးမြောက်သမ္မတ ဖြစ်လာခဲ့သည်။
၎င်းဦးဆောင်၍ တိုင်းပြည်၏ အနာဂါတ်ကို ဘယ်ပုံဘယ်နည်း ဖြင့် ပုံဖော်မည်ကို စိတ်ဝင်စားစရာ ကောင်းသလားဟု မေးခွန်ထုတ်စ ရာရှိမည်ဆိုပါက -

နိုင်ငံရေး

ဦးသိန်းစိန်ခေါင်းဆောင်သော လာမည့်ကြံ့ဖွံ့အစိုးရသစ်မှာ ယခင်  ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင် သော နအဖစစ်ကောင်စီကဲ့သို့ ဥပဒေကဲ့သို့ အာဏာတည်သောအ မိန့်များထုတ်ပြန်၍ တဖက်သတ် လုပ်ချင်တိုင်းလုပ်၍ အလွယ်တကူ ရနိုင်တော့မည်မထင်။ လွတ်တော် တခုလုံးတွင် မိမိတို့ကြံ့ဖွံ့ပါတီဝင် နှင့် တပ်မတော်ကိုယ်စားလှယ်စစ် ဗိုလ်အမတ်များပင် ဖြစ်လင့်ကစား ဒီမိုကရေစီအင်အားစုအနည်းငယ်၏ အတိုက်အခံပြုမှုကို အနည်းနှင့်အ များခံရဖွယ်ရှိနိုင်သည်။ ဒီအပြင် တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့် မရရှိတော့သော အန်အယ်လ်ဒီမှာ လည်း ဒီမိုကရေစီနိုင်ငံဟုတရားဝင် ဖြစ်ပြချင်နေသည့် စစ်ခေါင်းဆောင် များကို ၄င်းတို့ထုတ်ပြန်ထားသော ဥပဒေများအတိုင်း နိုင်ငံသားတိုင်း နိုင်ငံရေးတွင် ပါဝင်ခွင့်ရှိရမည်ဟု ပြန်လည်ခုခံချေပပြီး ပါတီအဖြစ်ရပ် တည်ခွင့်မရှိစေကာမှု လွှတ်တော်ပြင် ပမှနေ၍ မြန်မာ့နိုင်ငံရေးတွင် ဆက် လက်ပါဝင်နေဦးမည်။ မည်သို့ပင် ဆိုစေကာမှု အာဏာရှင်တို့အတွက် ၄င်းတို့၏အာဏာထိုင် ခုံနေရာကို ကိုင်လှုပ်လာဖွယ်ရာအကြောင်းရှိ လျှင် ယခင်အာဏာရှင်ဟောင်းဗိုလ် နေဝင်း၏ ထုံးတမ်းစဉ်လာအတိုင်း သာ လက်နက်ဖြင့်သာဖြေရှင်းဖွယ် ရာရှိနေဦးမည်။

နယ်ခြားစောင့်တပ်ပြသနာနှင့် တိုင်းရင်းသားလက်နက်ကိုင်များ
စစ်အစိုးရ၏ရွေးကောက်ပွဲကျင်းပ သည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ဒီ ကေဘီအေခွဲထွက် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးချုပ်စောလားပွယ် တပ် က ဆိုင်းမဆင့်ဗုံမဆင့် မြဝတီမြို့ကို ဝင်ရောက်သိမ်းပိုက်လိုက်သည်။ ဆယ်စုနှစ်တခုကျော်ကြာ တိုက်ပွဲ များ ဆိတ်သုန်းနေမှုကို ထိုဖြစ်ရပ် က အဆုံးသတ်လိုက်သည်။ စစ်အ စိုးရ၏ ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင်တပ် များအားလုံး ရွေးကောက်ပွဲမတိုင် ခင် လက်နက်ဖြုတ်သိမ်းရေးအစီအ စဉ်မှာလည်း မအောင်မြင်တော့ပေ။ ဒီအတွက်ကြောင့်ပင် စစ်ရေးဆိုင်း ပြင်းနေသော အင်အားကြီး'ဝ'နှင့် အခြား တိုင်းရင်းသားများလည်း လက်နက်မစွန့်လွတ်ပဲ နယ်ခြား စောင့်တပ် အသွင်ပြောင်းရေးကို အ လိုလိုဆန့်ကျင်ပြီးသား ဖြစ်သွား သည်။ သဘောမှာအစိုးရသစ် တက်လာသော်လည်း တိုင်းရင်း သားတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် များကို တိတိကျကျမဖော်ပြသေး သ၍ ပြည်တွင်းငြိမ်းချမ်းမှုမှာ ဆိတ် သုန်းနေဦးမည်ဖြစ်သည်။

စီးပွားရေး
တိုင်းပြည်စီးပွားရေးပြန်ကောင်းလာရန်မှာ အမေရိကန်၏ စီးပွားရေးပိတ်ဆို့ထားမှုတခုတည်းကြောင့် သာမဟုတ်။ စစ်ခေါင်းဆောင်များ နှင့်သာ ပုလဲနံပသင့်သောစီးပွားရေး သမားများသာ လုပ်ပိုင်ခွင့်များရရှိနေခြင်းကလည်း နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့်တိုင်းရင်းသား ပြည်သူတို့၏ လက်ဝယ်တွင်ရှိရေးဆိုသည့် ၄င်းတို့ကိုယ်တိုင်ထုတ်ပြန်ထားသည့် အချက်နှင့်လုံးလုံးဆန့်ကျင်နေသည်။ အခြေခံလူတန်းစားများ၏ ဝင်ငွေနှင့်ထွက်ငွေမမျှတမှု က မြန်မာ့စီးပွားရေးစစ် တမ်း၏အ ဆိုအရ အနုတ် ၃၆ ရာခိုင်နှုန်းကျော်အထိရှိနေရာ ဒီအချက်ကို သမ္မတသိန်း စိန်အစိုးရက လွယ်ကူစွာ ပြုပြင်ကယ်တင် နိုင်လိမ့် မည်ဟုမထင်။

စစ်မှုထမ်းဥပဒေ
လတ်တလေအနေနှင့် စစ်အစိုးရနှင့်ပြည်သူအ ကြားတွင်ရင်လေးနေ မှုနှစ် ခုမှာစစ်အစိုးရက ကြံ့ဖွံ့အ စိုးရကိုတရားဝင် အာဏာ လွှဲ ပြောင်းပေးရေးဖြစ်ပြီး ပြည်သူလူထုအကြားတွင် အရွယ်ရောက်ပြီးသူတိုင်း စစ်မှု မထမ်းမနေရ ဥပေဒအရစစ်မှု ထမ်းရမည်ကို ကြောက်ရွံ့နေကြ ခြင်းပင်ဖြစ်သည်။ ''အခန့်မသင့်ရင် ပြန်ရမှာလား။ ပြန်ရောက်သွားရင် လည်း သောက်ညင်ကပ်ပုဒ်မနဲ့ လူ သားမိုင်းရှင်းအဖြစ်အသုံးချဖို့ စစ်မှု ထမ်းခိုင်းမှာလားဆိုတာပဲ ပြောနေ ကြတယ်''ဟုတိုကျိုရောက် လူငယ် တဦးက ရင်ဖွင့်ပြသည်။

ပညာရေး
စစ်အစိုးရ ၂၃ နှစ်ကြာအုပ်ချုပ် ပြီးနောက် တက္ကသိုလ်များ၊ကျောင်း များစွာပေါ်ထွက်လာခဲ့ပြီး ပြည် တွင်း၌ပင် ပါရဂှုဘွဲ့သင်တန်းများ ပေးနိုင်သည်အထိ လုပ်ဆောင်ပြနိုင် ခံသော်လည်း စေတနာမပါသော ကြိုးပမ်းမှုကြောင့် အမည်ခံပညာ တတ်များသာ များပြားလာခဲ့ပြီး အရည်အသွေးထက် အရေအတွက် ကသာများပြားလာခဲ့သည်။
စစ်ဗိုလ်ချုပ်များပင် ၄င်းတို့သား သမီးများကို ယင်းတက္ကသိုလ်များ တွင် မထားဘဲ နိုင်ငံတကာရှိတက္က  သိုလ်များတွင် လျှို့ဝှက်စွာပညာ သင်ကြားခိုင်းထားသည်။
အချုပ်အားဖြင့်ဆိုရသော် လွတ်လပ်ရေးရပြီးခေတ် မြန်မာနိုင်ငံသည် နုပျိုလန်းဆန်းခဲ့သည်။ တခဏမျှ သာ။ အာဏာရူးတို့၏နှစ်ပေါင်းများစွာချယ်လှယ်အုပ်စိုးခဲ့မှုကြောင့် တိုင်းပြည်မှာအဖက်ဖက်ကချွတ်ယွင်းချွတ်ချော်နေသည်မှာ ကြောက်စရာအလွန်ကောင်းနေသည်။ လျှပ် စစ်မီးမှန်မှန်လာနေသည်။ စစ်အစိုးရ သတင်းစာနှင့် ၄င်းတို့နေထိုင်ရာ ကြပ်ပြေးမြို့တော်သစ်မှာသာဖြစ် သည်။ ဖွံ့ဖြိုးတိုးတက်စည်ပင်နေ သည်။ သန်း ၅ဝ မျှသောပြည်သူ တို့တွင်မဟုတ်။ စစ်ခေါင်းဆောင် များနှင့် ၄င်းတို့အပေါင်းပါတစု တွင် သာဖြစ်သည်။ ယောက်ျားများသာ ဖြစ်သော်လည်း မိုးလုံးပြည့်မုသား ဝါဒီကို တွင်တွင်ကျယ်ကျယ်သုံးရဲ သည်။ မြန်မာပြည်တွင်လူ့အခွင့်အ ရေးရှိသည်ဟု ၂ဝ၁၁ ခု ဇန်နဝါရီလ အတွင်းကကျင်းပခဲ့သော လူ့အခွင့် အရေးညီလာခံတွင် စစ်အစိုးရကိုယ် စားလှယ်များက ငြင်းဆန်ပြောဆို သည်။ ပြစ်ဒဏ်ကျထောင်သားများ ကို ကရင်ပြည်နယ်တွင်ဖြစ်ပွားနေ သော တိုက်ပွဲများတွင် လူသားမိုင်း ရှင်းကိရိယာအဖြစ်အသုံးပြုခံရ၍ သေမည်ကိုကြောက်ရွှံ့သော ထောင်သားပေါ်တာများထွက်ပြေး လာသည်ကို သတင်းဋ္ဌာနများတွင် ဓါတ်ပုံနှင့်တကွအထင်အရှားတွေ့ ရသည်။ ပြောင်းလဲမည်။ စစ်ဗိုလ် ချုပ်များမှနေ၍ အရပ်ဝတ်လဲသွား ခြင်းသာဖြစ်သည်။ အခြားပြောင်း လဲစရာဆို၍ ပြည်သူအပေါ်ချစ် သောအစိုးရ တရပ်မပေါ်လာသမျှ ကာလပတ်လုံး ဘယ်အရာမျှမမြင် ပါကြောင်း .....။

Twitter Delicious Facebook Digg Stumbleupon Favorites More