သွေးလှူခြင်း၊ ငါးလွှတ်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကူညီထောက်ပံ့ခြင်း၊
ထိုင်းနယ်စပ်ရှိ မြန်မာကလေးငယ်များကို အာဟာရဒါနကျွေးမွေးခြင်းများနှင်

ဆွမ်းဆန်စိမ်းလောင်းလှူခြင်းမျာ
းပြုလုပ်မည်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၊ ပြည်သူ အပေါင်းယုံကြည်လေးစားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၏ ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၆၆)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက်  မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများနှင့် ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်မှ အဖွဲ့ဝင်များပူးပေါင်း၍ ကောင်းမှုကုသိုလ်ပြုပွဲများ၊ အလှူအတန်းပြုလုပ်ကြခြင်းများကို သိုက် သိုက်ဝန်းဝန်းဆောက်ရွက်ကြမည်ဟုသိရှိရသည်။

ဦးစွာပထမအနေဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ဖွင့်လှစ်ထားသော 'သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း' (၃)ကျောင်းတွင် ပညာနို့ချိုသောက်သုံးနေကြသည့် မြန်မာတိုင်းရင်းသား ကလေးသူငယ် စုစုပေါင်း တစ်ထောင်နီးပါးကို အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်မွေးနေ့ရက်မြတ်မင်္ဂလာတွင် နံနက်စာထမင်းကျွေး မွေးခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။(အချိန်နှင့် နေရာကို ထပ်မံကြေငြာပေးပါမည်)

ထို့နောက် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်တော်ကျောင်း တွင် ဇွန်လ ၁၉ ရက်(တနင်္ဂနွေ)နေ့၊ နေ့လယ် ၂း၀၀ နာရီမှစတင်ပြုလုပ်မည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ရည်စူး၍ ဆန်နှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူတန်းကြဦးမည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင်လည်း ယခင်နှစ်များအတိုင်း သွေးလှူခြင်း၊ ဇီဝိတဒါနငါး လွှတ်ခြင်းများကို ပြုလုပ်ကြမည်ဖြစ်သည်။ (အချိန်နှင့်နေရာကို ထပ်မံကြေငြာပေးပါမည်)

ထို့အပြင် မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် စွန့်လွတ်အနစ်နာခံကာ ပေးဆပ်နေကြသည့် နိုင်ငံရေးအကျဉ်းများအတွက် အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်လုပ်ဆောင်နေကြသော အညတရသူရဲကောင်းဆုချီးမြှင့်ရေး ကော်မတီသို့  မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ ငွေကြေးလှူတန်းခြင်းများ ပြုလုပ်ကြ ဦးမည်ဖြစ်သည်။(အချိန်နေရာနှင့် ပေးအပ်မည့်ငွေကြေးပမာနကို ထပ်မံကြေငြာပေးပါမည်)

သို့ဖြစ်ပါ၍ အတူတကွ ပူးပေါင်းပါဝင်ကုသိုလ်ပြုလိုသူများနှင့် လှူတန်းလိုသူများ အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

သွေးလှူခြင်း၊ ငါးလွှတ်ခြင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ ပညာနို့ရည်ချို သောက်သုံးနေကြသည့် 'သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း' (၃)ကျောင်း မှ မြန်မာတိုင်းရင်းသား ကလေးသူငယ် စုစုပေါင်း တစ်ထောင်နီးပါးကို နံနက်စာအာဟာရဒါနပြုလုပ်ခြင်းနှင့် အညတရသူရဲကောင်းဆုချီးမြှင့်ရေးကော်မတီထံသို့ ငွေကြေးလှူတန်းလိုသူများအတွက် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့ဝင်များထံသို့ ဆက်သွယ်လိုပါက-

မတင်တင်ဝင်း ၀၉၀ ၈၇၂၀ ၉၀၁၇
မချယ်ရီသန်း ၀၈၀ ၁၂၁၉ ၈၅၃၀
ကိုမောင်သန့် ၀၈၀ ၃၆၉၉ ၆၀၄၅
ကိုမောင်မောင်အေး ၀၉၀ ၆၀၁၇ ၇၆၇၅၊
ကိုစိုးဝင်းရှိန် ၀၉၀ ၄၁၂၈ ၄၇၂၅၊
ကိုမိုးညို ၀၈၀ ၅၆၄၂ ၄၂၁၆
ကိုတိုးကြည်ဆွေ ၀၉၀ ၆၁၉၈ ၁၉၆၂၊
မနန်းအိမွန်ချစ် ၀၈၀ ၃၇၁၅၅၇၅၂
ကိုဟန်ဝင်းထွန်း ၀၈၀ ၆၇၉၁ ၈၄၀၂
ကိုရန်မျိုးကျော် ၀၈၀ ၄၁၆၅ ၁၁၃၇၊
ကိုဝင်းအောင် ၀၈၀ ၆၅၀၇ ၃၈၀၇
မလီလီမေ ၀၉၀ ၃၀၀၃ ၉၇၈၈ 
ကိုမင်းညိုဝမ်း ၀၈၀ ၄၀၆၄ ၆၈၀၆ထို့ထံ ဆက်သွယ်နိုင်ပါသည်။

 ဂွန်းမရှိ မြန်မာများအနေဖြင့် ကိုအောင်ဌေး(ဝ၉ဝ ၁၄၆၆ ၅၅၅၃)နှင့် မဌေးဌေးဝင်း(ဝ၉ဝ ၂၇၂၉ ဝ၇၇၄)တို့ထံဆက်သွယ်၍ လှူတန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခါသမယ၌ သံသရာဆင်းရဲခြင်းဒုက္ခအပေါင်းမှ လွတ်ကင်းရာ လွတ်ကင်းကြောင်း ရည်မှန်း၍ ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်တော်ကျောင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူမည့် ကုသိုလ်ဒါနပြုပွဲသို့ လှူတန်းလိုပါက တိုကျိုမြို့အခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(ဂျပန်) HRDP-JAPANမှ
တာဝန်ခံများဖြစ်သော-

ကိုသားကြီး ၀၈၀ ၄၁၄၇ ၄၀၉၅၊
ကိုအောင်ကြီး ၀၈၀ ၁၂၆၁ ၅၁၇၉၊
ကိုညီညီပေါက် ၀၉၀ ၁၆၅၁ ၇၆၄၀ ထို့ထံ ဆက်သွယ်နိုင်ပါသည်။
 

ထိုင်းနယ်စပ်ရှိ မြန်မာတိုင်းရင်းသားကလေးများအတွက် အကျွေး အမွေးအစီအစဉ်ကို မဲဆောက်ရှိ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(HRDP)မှ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး ယခုအကြိမ်နှင့်ဆို ၄ ကြိမ်ရှိသွားပြီဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(HRDP)မှ ဒေါ် အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်း တာဝန်ယူဆောင်ရွက်ပေးခဲ့မှုမှတ်တမ်းများ-

(၁) ၂ဝဝ၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်(၆၃)နှစ်ပြည့်မွေးနေ့
ဒုလ္လဘရဟန်းဝတ်လိုသူ ထိုင်းနိုင်ငံရောက် မြန်မာလူမျိုး ၆၃ ဦးကို ပဉ္ဇင်းတက်ပေးခြင်း၊ (ဂျပန်HRDPနှင့်ပူးတွဲ၍)

(၂) ၂ဝဝ၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်(၆၄)နှစ်ပြည့်မွေးနေ့
ထိုင်းနိုင်ငံ၊ တပ်ခရိုင် မဲဆောက်မြို့အတွင်းရှိ မြန်မာနိုင်ငံသူ/သား ၃ ထောင်ကျော်ကို ဂျပန်ယန်း ၃ဝဝ (ထိုင်းဘတ် ၁ဝဝ)နှင့်ညီမျှသော အစားအသောက်များ ပေးဝေလှူတန်းခြင်း၊(ဂျပန် HRDPနှင့်ပူးတွဲ၍)

(၃) ၂ဝ၁ဝ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်(၆၅)နှစ်ပြည့်မွေးနေ့
ထိုင်း-မြန်မာနယ်စပ်ဒေသတွင်ဖွင့်လှစ်ထားသော သွေးသစ်စာသင်ကျောင်း၊ ရွှေသဇင်နှင့် ဆာမူထော်စာသင်ကျောင်းရှိ ကလေးများအတွက် ပညာဒါနပျိုးပင်စိုက်ပျိုးခဲ့ခြင်းနှင့်

(၄) ၂ဝ၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်(၆၆)နှစ်ပြည့်မွေးနေ့
ထိုင်း-မြန်မာနယ်စပ်ဒေသတွင် ဖွင့်လှစ်ထားသော သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်းရှိ ကလေးများအတွက် အစာအာဟာရကျွေးမွေးလှူတန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း(ဂျပန် HRDPနှင့်ပူးတွဲ၍)

မှတ်ချက်။
ငါးလွှတ်ခြင်း၊ သွေးလှူခြင်းနှင့် ကလေးများအတွက် အာဟာရဒါနပြုလုပ်မည့် (၁)အစီအစဉ်၊ (၂)အချိန်နှင့် (၃)နေရာတို့ကို ထပ်မံအသိပေးအကြောင်းကြားပါမည်။

အလှူရှင်များ၏နာမည်နှင့် လှူတန်းခဲ့သည့်ငွေကြေးပမာနကိုလည်း စာရင်းအတိအကျ ထုတ်ပြန်ပေးပါမည်ဖြစ်ပါကြောင်း။