This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label တင်မိုးဆောင်းပါးများ(Tin Moe Article). Show all posts
Showing posts with label တင်မိုးဆောင်းပါးများ(Tin Moe Article). Show all posts

Friday, January 22, 2010

ဘုံဝတိံသာမှ ဆရာဂျမ်းကို ဂုဏ်ပြုကြိုဆိုခြင်း

(မိုးသောက်ကြယ်ဂျာနယ် အတွဲ ၄ အမှတ် ၃ မှ)

ပြိုးပြက်ဝင်းလက်ပြီး တောက်ပနေတာမျိုးတော့ မဟုတ်...။
ဂုဏ်ဒြပ်တွေ၊ ထယ်ဝါမှုတွေကို ဆရာဂျမ်း သိပ်မနှစ်သက်တတ်မှန်းသိ၍ တတ်နိုင် သမျှ ရိုးရိုးလေးဖြစ်အောင် ပြင်ဆင်ထားပုံရသည်။ သို့သော် ခမ်းနားကျက်သရေရှိနေ သည်ကတော့ အမှန်ပင်…။

မြင်ကွင်းမှာ အထင်ရှားဆုံးကတော့ ဆရာဂျမ်း၏ ပုံတူပန်းချီကားဖြစ်သည်။ နှစ်လို ဖွယ်ကောင်းလှသော ဆရာ့အပြုံးကို အမိအရဖန်တီးရေးဆွဲထားသည့် လက်ရာရှင်ကို ဆရာကိုယ်တိုင် မချီးကျူးပဲမနေနိုင်။ “ကောင်းလိုက်တဲ့ပန်းချီဗျာ…၊ ကိုပေါ်ဦးသက်လက်ရာအတိုင်းပဲ”ဟု ဘေးမှ ‘ဆရာမြ’ကို လှမ်းပြောလိုက်သည်။

မျက်မှန်ဝင်းလက်လက်နှင့် ဆရာမြသန်းတင့်က ပြုံးလိုက်ပြီး “ကိုတင်မိုးကလဲ၊ ဒါ ‘ကိုပေါ်ဦးသက်’ကိုယ်တိုင်ရေးထားတာဗျ”ဟုပြော၏။ “အေးဗျာ၊ သူ့လက်ရာကတော့ နတ်ပန်းချီပါပဲ၊ ကိုပေါ်ဦးသက်ကြီးကို ကျေးဇူးတင်လိုက်တာဗျာ…”ဟု ဆရာဂျမ်းက ရယ်ရင်းပြောလိုက်သောအခါ၊ ကဗျာဆရာ ‘မောင်ခိုင်မာ’ကပြုံးရင်း “ဆရာကတော့ လုပ်ချလိုက်ပြန်ပြီ၊ နတ်ဖြစ်ပြီးမှရေးထားတဲ့ ပန်းချီဆိုမှတော့ နတ်ပန်းချီပေါ့ဗျ”ဟု ဆိုလိုက်သည်။

ဒီတော့မှ ဆရာဂျမ်းလည်း ဘေးဘီကိုကြည့်မိပြီး သူရောက်နေသော ပတ်ဝန်းကျင်ကို ဇဝေဇဝါဖြစ်သွားသည်။ ”ဟာ-ကျုပ်တို့ဘယ်ရောက်နေတာလဲဗျ…”ဟုမေးလိုက်သောအခါ နဘေဆရာ မောင်ခိုင်မာက “ဘုံဝတိံသာက စုံအင်္ဂါအခမ်းအနားတွေနဲ့ ဇဂျမ်းအညာက ဂျမ်း ဆရာကိုကြိုဆိုနေတာလေ…”ဟုဖြေ၏။

သည်တော့မှ ဆိုင်းဘုတ်တွေကို‘ဆရာဂျမ်း’ကြည့်မိသည်။
“ကောင်းကင်ဘုံရောက် စာပေပညာရှင်များသက်ကြီးပူဇော်ပွဲနှင့် ကဗျာဆရာတင်မိုးကြိုဆိုပွဲ”

စုလစ်မွန်းချွန်တွေ၊ ပြဿဒ်တွေကို ရေကန်ကလေးတွေ၊ ထနောင်းပင်၊ မန်ကျည်းပင်၊ ထန်းပင်စသည့် အညာကျေးလက်မြင်ကွင်းတွေနှင့် ပေါင်းစပ်ဖန်တီးထားပုံမှာ အနုပညာဆန်လှသည်။ တနေရာတွင် ဆရာတင်မိုးထုတ်ဝေခဲ့သမျှ စာ/ကဗျာများကို ပြသထားသည့် စာအုပ်ပြပွဲကို မြင်တွေ့သောအခါ ဆရာတင်မိုးကိုယ်တိုင် အံ့သြကျေနပ်သွားလေသည်၊

”ဒါတွေကို ဘယ်တုန်းထဲက ကြိုစီစဉ်ထားတာလဲဗျ”ဟု ဆရာဂျမ်းကမေးတော့ “ခင်ဗျား လူ့ဘဝက အနိစ္စရောက်တယ်ဆိုတာ သိသိချင်း အပြင်အဆင်ကို ‘ပေါ်ဦးသက်’နဲ့ ‘ထူးအိမ်သင်’တို့ကဖန်တီးထားတာလေ၊ အခမ်းအနားအစီအစဉ်တွေကိုတော့ ခင်ဗျားရဲ့မိတ်ဆွေ ‘ခင်ကြီးပေါက်’က စီစဉ်နေတာဗျ။ ကဲ-လာဗျာ ခန်းမထဲ သွားရအောင်။ ခင်ဗျားကို အားလုံးက စောင့်ကြိုနေကြတယ်…”ဟု ဆရာ‘မြသန်းတင့်’ က ဖြေရင်းပြောသည်။

သူတို့ ခန်းမထဲဝင်လိုက်သည်နှင့် အခမ်းအနားမှူးဖြစ်သူ ခရစ်ယာန်သာသနာပိုင်ချုပ် ကဗျာဆရာ‘မောင်ပေါက်စည်’(ခင်ကြီးပေါက်)၏အသံပြဲပြဲနှင့် “ပြည်သူချစ်တဲ့ ကျနော်တို့အားလုံးချစ်တဲ့ ကဗျာ့သူရဲကောင်းကြီးတင်မိုးရောက်ရှိလာပါပြီခင်ဗျား…”ဟု ဆိုလိုက်သည်နှင့် လက်ခုပ်သြဘာသံတွေညံစီသွားသည်။

ခန်းမထဲမှာ စာရေးဆရာတွေ ကဗျာဆရာ၊ ပန်းချီဆရာ၊ အဆိုတော်စသည့် ထင်ရှားသည့် အနုပညာသည်အများအပြားမြင်တွေ့ရသည်။ ဓါတ်ပုံကင်မရာများ ဗွီဒီယိုကင်မရာများ၏ မီးရောင်က ဆရာဂျမ်းတကိုယ်လုံးကို လင်းလက်သွားစေသည်။ စာရေးဆရာ -ဒါရိုက်တာ‘သာဓု’က သတင်းမှတ်တမ်းကို ကိုယ်တိုင်ရိုက်ကူး၍ မှတ်တမ်းတင်နေသည်ကိုမြင်တွေ့ရ၏။

“ဆရာတင်မိုးနေရာယူပြီးတဲ့နောက် အထူးဝမ်းမြောက်ကြည်နူးစေမယ့်အစီအစဉ်တရပ် ကတော့ ဆရာတင်မိုး အင်မတန်မှမြင်တွေ့ချင်တဲ့ နတ်သမီးတပါးနဲ့ တွေ့ဆုံမယ့် အစီအစဉ်ဖြစ်ပါတယ်…”ဟုကြေညာလိုက်သောအခါ ခန်းမတခုလုံး “ဟေး”ကနဲ ဖြစ်သွားသည်။ အားလုံးစိတ်ဝင်တစားနှင့် စောင့်ကြည့်နေစဉ် ဆလိုက်မီးရောင်ထဲက ထွက်ပေါ်လာသူမှာ ‘ဆရာကတော်’ ဖြစ်နေလေသည်။ ဆရာကတော်မှာ ရှက်ပြုံးလေးဖြင့် ဆရာ့အနားယှဉ်ရပ်လိုက်သောအခါ ဆရာဂျမ်းတို့ဇနီးမောင်နှံ၏ ကြည်နူးအပြုံးဝေဝေဆာဆာက ပရိသတ်ထံသို့ပင်ကူးစက်သွားသည်။ ထို့နောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို စတင်သည်။ သက်ကြီးဆရာကြီးများ နေရာယူလိုက်သောအခါ ဆရာဂျမ်းအလွန်လေးစားသော ပုဂ္ဂိုလ်တွေချည်းဖြစ်နေသဖြင့် လက်အုပ်ကလေးချီပြီး ဦးအကြိမ်ကြိမ်ချနေမိသည်။ စီစဉ်ပေးသူတွေကိုလည်း ကျေးဇူးတင်မဆုံးတော့…။

အခမ်းအနားကို တက်ရောက်လာသည့် စာဆိုရှင်ကြီးများမှာ ‘ဆရာကြီးသခင် ကိုယ်တော်မှိုင်း’၊ ‘ဆရာကြီးရွှေဥဒေါင်း’၊ ‘ဆရာဇော်ဂျီ’၊ ‘ဆရာမင်းသုဝဏ်’၊ ‘လူထုဦးလှ’၊ ‘ဒေါက်တာသန်းထွန်း’၊ ‘တော်ဘုရားလေး’တို့ဖြစ်သည်။

အားလုံးကိုယ်စား ‘ဆရာကြီးသခင်ကိုယ်တော်မှိုင်း’က သြဝါဒစကားပြောသည်။ လူထုအကျိုး သယ်ပိုးသည့် စိတ်ကောင်းနှလုံးကောင်းရှိသည့် အနုပညာသည်တိုင်း ကောင်းကင်ဘုံမှာ စံစားရပုံနှင့် လူထုသစ္စာဖေါက်သည့် အနုပညာသည်ဆိုသူများသည် မကောင်းသည့်စိတ်နှလုံးကြောင့် ငရဲဘုံမှာခံစားရပုံတွေကို ဆရာကြီး၏ထုံးစံအတိုင်း ပုံတိုပတ်စလေးများဖြင့် ရယ်ရွှင်ပတ်ရွှန်းဟောပြောသွားသည်။ ထို့နောက် ဆရာဒေါက်တာသန်းထွန်းက ပြည်တွင်းတွင် အပိတ်ခံထားရသည့် တင်မိုးအထိမ်းအမှတ် ဂုဏ်ပြုပွဲကို ယခုအခါ ရဲရဲရင့်ရင့်လုပ်ဆောင်နေသူများပင်ရှိကြောင်း၊ ဆရာတင်မိုးလေးစားသည့် ကျောင်းသားခေါင်းဆောင်များပင် လာရောက်ဂါရဝပြုသည်ကို မြင်တွေ့ရကြောင်း၊ ပြည်တွင်းတွင် မလုပ်နိုင်သည်ကို ပြည်ပမီဒီယာများက လုပ်ရန်လိုနေကြောင်း၊ တင်မိုးကွယ်လွန်ခြင်းအခမ်းအနားများ၊ အမှတ်တရစာများ၊ ဝမ်းနည်းခြင်း သဝဏ်လွှာများ အများအပြားထွက်ပေါ်နေခြင်းကို လေးစားကျေးဇူးတင်ပါသော်လည်း ‘တင်မိုးစာပေါင်းချုပ်၊ ကဗျာပေါင်းချုပ်’များ မထုတ်ဝေနိုင်သည့်တိုင် ‘တင်မိုး စာစုစာရင်း’လောက်တော့ လုပ်ပေးဖို့ကောင်းကြောင်း ပြောကြားသွားသည်။

ထို့နောက် ဆရာကြီးများ ပြန်လည်ထွက်ခွာသွားသောအခါ ‘တင်မိုးစာ-ကဗျာ ရွတ်ပွဲ’ကို ဆက်လက်ကျင်းပရာ အထောက်တော်လှအောင်က ‘မြက်ရိုင်းထဲကကြေးရုပ်’၊ မောင်ပေါက်စည်က ‘ဒေါက်တာဂျော်နီ’၊ မြသန်းတင့်က ‘ဗုဒ္ဓနှင့်တွေ့ဆုံခြင်း’၊ မောင်ခိုင်မာက ‘ကန္တာရနှစ်များ’စသည်ဖြင့် အသီးသီးရွတ်ဆိုသွားသလို ထူးအိမ်သင်က သူငယ်ငယ်က ကျောင်းသုံးစာအုပ်မှာ သင်ကြားခဲ့ရပြီး တစွဲလန်းလန်းဖြစ်ခဲ့သော ဆရာကြီး၏ ‘သင်္ချိုင်းကုန်းမှာ’ဆိုသော ခေတ်ဆန်းအက်ဆေးကို သူ၏အသံချိုချိုလေး ဖြင့် ရွတ်ဖတ်သွားရာ ပရိသတ်သာမက ဆရာဂျမ်းကိုယ်တိုင် မျက်ရည်လည်ရင်း လက် ခုပ်တီးအားပေးနေသဖြင့် ဆရာကတော်က လက်ကိုင်ပုဝါလေးထုတ်ကာ သုတ်ပေး နေရှာလေသည်။

ထို့နောက် ဖျော်ဖြေရေးအစီအစဉ်အဖြစ် တေးသီချင်းသီဆိုရန် စာရေးဆရာ/အဆို တော်‘ကိုဝင်းဦး’ကို ဖိတ်ခေါ်လေသည်။ ကိုဝင်းဦးက ဆရာဂျမ်းအကြိုက် ‘တောင်တော် ရွှေပုပ္ပါး’သီချင်းကို သီဆိုလိုက်ရာ နတ်သူဇာလေးအချို့က ပန်းကုံးတက်စွပ်လေသည်။

ကိုဝင်းဦးက “ကျနော်တယောက်တည်းသီချင်းဆိုတာ မကောင်းသေးဘူးဗျ၊ ကျနော့်ညီလေး ထူးအိမ်သင်ကို သီဆိုဖို့ဖိတ်ခေါ်ပါတယ်…”ဟု ဆိုလိုက်ရာ ပရိသတ်ပွဲတောင်းသဖြင့် ထူးအိမ်သင်လည်း မငြင်းသာတော့ပဲ ကိုဝင်းဦး၏ ’မောင်တို့ချယ်ရီမြေ’သီချင်းကို သီဆိုလေသည်။

ထိုအခါ ကိုဝင်းဦးကလည်း အားကျမခံ ထူးအိမ်သင်၏‘အမေ့ရဲ့ဒုက္ခအိုးလေး’သီချင်းကို သီဆိုလိုက်ပြန်သည်။ ထို့နောက် ဘယ်သူက ချွန်တွန်းလုပ်လိုက်သည်မသိ၊ ဆရာဂျမ်းကိုယ်တိုင်သီချင်းဆိုပေးပါရန် တောင်းဆိုကြလေသည်။ တောင်းဆိုသံကြားကြားချင်း ဆရာဂျမ်းက ဘယ်အချိန်ကဆိုချင်နေသည်မသိ၊ သီချင်းဆိုရန်ထလိုက်သဖြင့် ဆရာကတော်ပင်တားချိန်မရလိုက်။

“ကျနော်တို့နယ်မှာတော့ ကျနော့်အဖေပြီးရင် ကျနော်သီချင်းဆိုအကောင်းဆုံးဗျ..”ဟု ဆရာဂျမ်းက အသောလေး ဖေါက်ရင်း‘ရွှေမင်းဂံ’ သီချင်းကိုသီဆိုလေရာ နတ်အနုပညာသည် ပရိသတ်များ အထူးသဘောကျလေတော့သည်။ တေးရေးဆရာကြီး‘မြို့မငြိမ်း’ကိုယ်တိုင် တယောတလက်ဆုချလေသည်။

သို့နှင့် နောက်တနေ့ထုတ် အထောက်တော်လှအောင်၏ ‘တာဝတိံသာ သတင်းဂျာနယ်’တွင် ဆရာဂျမ်းအား ‘နတ်ဘုံနတ်နန်းမှ ဂုဏ်ပြုကြိုဆိုခြင်း’ သတင်း ကို မျက်နှာဖုံး ကျောဖုံးအပြည့် ဖေါ်ပြထားသည်ကို တွေ့မြင်ကြရလေသတည်း။

ရေးသားသူ-ခင်မောင်ထိုက်

Saturday, March 8, 2008

သတင်းစာဆရာကြီး ဦးဝင်းတင်



တင်မိုး
ဆရာဦးဝင်းတင် အကြောင်းကိုပြောချင်ပါတယ်။ ဆရာဦးဝင်းတင်ဟာ ဟံသာဝတီ အယ်ဒီတာချုပ် အဟောင်းပေါ့။
ဟံသာဝတီ သတင်းစာဆိုတာက ဟို ... အစဉ်အလာက အင်္ဂလိပ်လက်ထက်က မစ္စတာရစ်ပလေ တည်ထောင်ခဲ့တဲ့ သတင်းစာကြီးပေါ့။


တင်မိုး
ဆရာဦးဝင်းတင် အကြောင်းကိုပြောချင်ပါတယ်။ ဆရာဦးဝင်းတင်ဟာ ဟံသာဝတီ အယ်ဒီတာချုပ် အဟောင်းပေါ့။
ဟံသာဝတီ သတင်းစာဆိုတာက ဟို ... အစဉ်အလာက အင်္ဂလိပ်လက်ထက်က မစ္စတာရစ်ပလေ တည်ထောင်ခဲ့တဲ့ သတင်းစာကြီးပေါ့။

Type the rest of your post here.


တင်မိုး
ဆရာဦးဝင်းတင် အကြောင်းကိုပြောချင်ပါတယ်။ ဆရာဦးဝင်းတင်ဟာ ဟံသာဝတီ အယ်ဒီတာချုပ် အဟောင်းပေါ့။
ဟံသာဝတီ သတင်းစာဆိုတာက ဟို ... အစဉ်အလာက အင်္ဂလိပ်လက်ထက်က မစ္စတာရစ်ပလေ တည်ထောင်ခဲ့တဲ့ သတင်းစာကြီးပေါ့။

အဲဒီ သတင်းစာကြီးကို နောင်အခါမှာ ဟံသာဝတီသတင်းစာတိုက်တို့ ဟံသာဝတီစာအုပ်တိုက်တို့ ဖြစ်ရာကနေပြီးတော့ နောက်ဆုံးတော့ ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဦးညွန့်က ၀ယ်လိုက်တယ်။ ၀ယ်ပြီးတော့ ဟံသာဝတီ သတင်း စာတိုက်၊ ဟံသာဝတီ စာအုပ်တိုက်ကို ဆက်လက်ပြီး တည်ထောင်ပါတယ်။ အဲဒီဟာကို ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာ သိမ်းပြီးတဲ့နောက် ပြည်သူပိုင် အသိမ်းခံရတယ်။ ပြည်သူပိုင် သိမ်းပြီးတဲ့နောက် ရန်ကုန်ကထုတ်သေးတယ်။ နောက်တော့မှ ဒါကို မန္တလေးကို ပြောင်းပြီးတော့မှ မန္တလေးဟံသာဝတီ သတင်းစာတိုက် ဆိုပြီးတော့ ဖွင့်လိုက်တယ် ပေါ့လေ။ အဲဒီမှာ
ဦးဝင်းတင်က အယ်ဒီတာချုပ်ဖြစ်လာတယ်။

ဦးဝင်းတင် ဒါမတိုင်ခင်က ကြေးမုံသတင်းစာ အယ်ဒီတာပါ။ ဦးဝင်တင်ဟာ အင်မတန် ကလောင်ထက်တဲ့ သတင်းစာဆရာ ဖြစ်တယ်။ ဒီနေ့ခေတ်မှာအထက်မြက်ဆုံး သတင်းစာဆရာလို့ပြောနိုင်ပါတယ်။ အလွန်လေးစားခံရတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တယ်။ စာပေလောက၊ သတင်းစာဆရာလောက,က ဦးဝင်းတင်ရဲ့ ဂုဏ်ကို အလွန်ရိုသေကြတယ်။ အဲဒီတော့ ဦးဝင်းတင်ဟာ တကိုယ်တော် လူပျိုကြီးဘ၀နဲ့ သတင်းစာကိုပဲ ဖတ်တွယ်ပြီးတော့ကို သံယောဇဉ်ကြီးကြီးနဲ့ နေထိုင်ခဲ့တဲ့ သတင်းစာ ဆရာကြီးပါ။ စာတွေရေးတယ်။ ဝေဖန်ချက်တွေရေးတယ်။ ဘာသာပြန်တယ်။ သတင်းတွေ စီကာပတ်ကုံး ရေးတယ်။ သူက စောစောပိုင်းက နယ်သာလန်မှာ သတင်းစာပညာ သင်ခဲ့တယ်လို့ သိရတယ်။ နောက်တော့ စာပေဗိမာန်မှာ အမှုထမ်းတယ်။ စာပေဗိမာန်မှာ အမှုထမ်းတဲ့အခါကျတော့ စာပေဗိမာန်က စွယ်စုံကျမ်းတို့ လူထုသိပ္ပံတို့ နှစ်ငါးဆယ် ကမ္ဘာရေးရာ နှစ်ငါးဆယ်ယဉ်ကျေးမှုရေးရာ စတဲ့ စာစောင်တွေ ပုံနှိပ်တဲ့နေရာမှာ ဦးဝင်တင်က ဦးဆောင်ပြီး လုပ်ခဲ့တယ်လို့လဲ သိရပါတယ်။

ဆရာဦးဝင်းတင်ဟာ အရေးအခင်းကျတော့ ကျွန်တော်တို့ စာရေးဆရာသမဂ္ဂကို ဦးဆောင်တယ်။ ၁၉၈၈၊ (၈) လေးလုံး အရေးအခင်းမှာ ဦးဝင်းတင် တို့ မောင်သော်ကတို့ မောင်ဝံသတို့ မောင်မိုးသူတို့ ဦးဝင်းခက်တို့ စသည်ဖြင့် အဲဒီပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပြီးတော့ စာရေးဆရာသမဂ္ဂလုပ်တယ်။ ဆရာဟာ တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။

နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေါ်လာတဲ့အခါကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီးတော့ ပါဝင်ခဲ့ပါတယ်။ ဦးဝင်းတင်က သတ္တိရှိတယ်၊ ကလောင် ထက်တယ်၊ အနုပညာမှန်သမျှကို ချစ်မြတ်နိုး တယ်။ မိတ်ဆွေအပေါင်းအသင်းတွေကို အလွန်ခင်မင်လေ့ ရှိတယ်။ သူနဲ့လုပ်ဖော်ကိုင်ဖက် သတင်းစာဆရာ၊ စာရေးဆရာ တွေကို အမြဲလိုလို သူ့အိမ်မှာ ၀ိုင်းဖွဲ့ပြီးတော့ ချက်ပြုတ် ကျွေးမွေးလေ့ရှိတယ်။ ဒါနဲ့ ဦးဝင်းတင်အိမ်မှာ ၀ိုင်းမဖွဲ့ဘူးတဲ့ သတင်းစာဆရာ၊ စာရေးဆရာ အင်မတန်ရှားလိမ့်မယ်လို့ ထင်တယ်။ အဲတော့ သိပ်ချစ်စရာ ခင်စရာ ကောင်းတဲ့ ပုဂ္ဂိုလ်ကြီး ပါပဲ။ အလွန်တည်ကြည်တယ်။ ၁၉၈၉ ခုနှစ် မှာ ဦးဝင်းတင်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပထမဦးဆုံး အဖမ်းခံရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ စစ်အစိုးရက လုပ်ကြံပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မောင်စိုးသိန်းဆိုတဲ့ လူငယ်လေးနဲ့ မသူဇာဆိုတဲ့ မိန်းကလေးအမှုပေါ့လေ။ အဲဒီအမှုမှာ ပါဝင်တယ်လို့ အမှုဆင် လုပ်ကြံပြီး ဦးဝင်းတင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်။ အခုအထိ လွှတ်မပေးသေးဘူး။ လွတ်နိုးလွတ်နိုး လွှတ်မလိုလို လွှတ်မလိုလို နဲ့ နှစ်ပေါင်းကြာခဲ့ပြီ။ ၈၉ ခုနှစ်က ဒီနေ့အထိ (၂၀၀၆ ခုနှစ်အထိ) နှစ်ပေါင်းကြာခဲ့ပြီ။ အခုအထိ လွှတ်မပေးသေးဘူး။

ဦးဝင်းတင်ကို စစ်အစိုးရ က အလွန်ကြောက်တယ်။ ဟို ... ဦးနေ၀င်းလက်ထက်တုန်းကလဲ ဦးဝင်းတင်ရဲ့ကလောင် ထက်မြက်တာကို ကြောက်ပြီးတော့ ဦးနေ၀င်းက ဦးဝင်းတင်ကို ဦးစာပေးသလိုလိုနဲ့ မွေးဖို့ကြံစည်ခဲ့တယ်။ သို့ပေမယ့်လဲ ဦးဝင်းတင်က အဲဒီလို အမွေးခံတဲ့ပုဂ္ဂိုလ် မဟုတ်ဘူး။ သူက မှန်မှန်ကန်ကန် ရပ်တည်တဲ့၊ သတင်းစာဆရာ အလွန်ပီသတဲ့ ပုဂ္ဂိုလ်ဆိုတော့ (ဂျာနယ်ကျော် ဦးချစ်မောင်တို့လိုပုဂ္ဂိုလ်မျိုးပေါ့ဗျာ) ဦးနေ၀င်းမွေးတာခံပုံမရဘူး။ ဒါနဲ့ ဟံသာဝတီ သတင်းစာ တိုက်ကြီးကို အကြောင်းမရှိ အကြောင်းရှာပြီး ပိတ်ပစ်ခဲ့တယ်။ တနည်းအားဖြင့်ဆိုရင် ဦးဝင်းတင်ရဲ့ကလောင်ကို ရိုက်ချိုး လိုက်ခြင်းလို့ ဆိုနိုင်ပါတယ်။ သတင်းစာ လွတ်လပ်ခွင့်ကို ရိုက်ချိုးလိုက်တာပါပဲ။

ဦးဝင်းတင်ကို မလွှတ်ဘဲနဲ့ထောင်ထဲမှာအကျဉ်းချထားတာ ၈၉ ခုနှစ်ကတည်းက အခုအထိပေါ့လေ။ ဒီလို အကျဉ်းချထား တာကို ထောက်ရခြင်းဖြင့် ဦးဝင်းတင်ဟာ ဘယ်လောက် ထိအောင်ကို သတ္တိပြောင်မြောက်တယ် ဘယ်လောက်ထိအောင်ကို လေးစားဖွယ် ကောင်းတယ်ဆိုတာကို သိနိုင်ပါတယ်။ သူ့ရပ်တည်ချက်က ဘယ်လောက်ထိပြတ်ပြတ်သားသားရှိလဲ ဆိုတာကို သိနိုင်ပါတယ်။ အာဏာပိုင် အစိုးရနဲ့အပေးအယူ မလုပ်ဘူး။ မျက်နှာချို မသွေးဘူး၊ ဒူးမထောက်ဘူး။ မပျော့ဘူး။ ခေါင်းအင်မတန်မာတယ်။ သို့သော်လည်း တိုင်းပြည်အပေါ်မှာ၊ ပြည်သူလူထု အပေါ်မှာ အလွန်ကရုဏာ ရှေ့ထားပြီးတော့ ပြည်သူကို ချစ်ခင်မြတ်နိုးတဲ့ ပုဂ္ဂိုလ်တယောက်ပါပဲ။ စံနမူနာထားအပ်တဲ့ ပုဂ္ဂိုလ်ပါပဲ။ အကျင့်စာရိတ္တ အလွန်ဖြူစင်တယ်။

ကျွန်တော်သိရသလောက်ဆိုရင် ကြေမုံသတင်းစာတိုက်မှာလုပ်နေတုန်းက ဖြစ်စေ၊ ဟံသာဝတီ သတင်းစာတိုက်မှာ လုပ်နေ တုန်းကဖြစ်စေ သူဟာ အလုပ်သမားတွေ အပေါ်မှာ အလွန်ညှာတာလေ့ ရှိတယ်။ အလုပ်သမားတွေနဲ့ ဒိုးတူဘောင်ဘက် စားသောက်နေထိုင်တယ်။ အလုပ်သမားတွေရဲ့ နေရေးထိုင်ရေး ဘ၀အခြေအနေတွေကို အမြဲတမ်းအကဲခတ်ပြီးတော့ကို ကူညီ စောင့်ရှောက်လေ့ရှိတယ်။ တိုက်သားတွေအားလုံးက သူတို့အယ်ဒီတာချုပ်ကိုအလွန်ချစ်ကြပါတယ်။ ဒီလိုပုဂ္ဂိုလ် မျိုးဟာ နိုင်ငံရဲ့သားကောင်းပေါ့၊ သူရဲကောင်းပေါ့။ သံမဏိစိတ်ဓာတ်ရှိတဲ့ တကယ့်အားကိုးရတဲ့ပုဂ္ဂိုလ်တဦးပေါ့။ ကျွန်တော် တို့အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးဝင်းတင်ရယ် ဒီနှစ်ယောက် တိုင်းပြည်မှာ ဦးဆောင်နေတာကို
သိပ်ဝမ်းသာမိပါတယ်။ နိုင်ငံရဲ့အခြေအနေအရ အခွင့်အခါကောင်းလို့ သူတို့နှစ်ဦးသာ ဦးဆောင်ခွင့်ရခဲ့မယ် ဆိုရင် တိုင်းပြည်မှာအလွန်ကိုဖွံဖြိုးတိုးတက်သွားလိမ့်မယ်။ တိုင်းပြည်မှာ ဒီမိုကရေစီရပြီးတော့ကို အလွန်လွတ်လပ်လာလိမ့်မယ်။ လူ့အခွင့်အရေးတွေ အပြည့်အ၀ခံစားရလိမ့်မယ်လို့ ယူဆပါတယ်။

ဦးဝင်းတင်ဟာ အလှရှာတော်ပုံ၊ ကမ္ဘာနီတွင်တဒင်္ဂ၊ ဗီယက်နမ်အောင်ပွဲ ၊ ခြေမှာစကားလက်ဖျားကဗျာ၊ ကွိ (ဘာသာပြန်)၊ ဥတ္တရအလင်း(ဘာသာပြန်)၊ ပြည်သူတို့ရဲ့စကားပြန်စတဲ့ စာအုပ်တွေရေးခဲ့ပါတယ်။

ဦးဝင်းတင်လိုပုဂ္ဂိုလ်မျိုးကို ကျွန်တော်တို့က စံနမူနာခေါင်းဆောင်ထားပြီးတော့ နောက်လူငယ်တွေဟာ သတင်းစာဆရာ ကောင်းတဦး၊ မျိုးချစ်ပုဂ္ဂိုလ်ကောင်းတဦး ဖြစ်အောင်ကြိုးစားခဲ့မယ်ဆိုရင် လူငယ် မျိုးဆက်သစ်တွေမှာ အလွန်အကျိုးရှိ လိမ့်မယ်လို့ယူဆပါတယ်။ ။
(ဧရာဝတီသို့ရေးသားပေးပို့ခဲ့သောစာမူကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်)

Twitter Delicious Facebook Digg Stumbleupon Favorites More