This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label မောင်စင်ကြယ်ကဗျာများ(Maung Sin Kye Poem). Show all posts
Showing posts with label မောင်စင်ကြယ်ကဗျာများ(Maung Sin Kye Poem). Show all posts

Wednesday, April 2, 2008

ကျားဆိုးနှင့်အစိုးရ

ဂန္ဓာကရာဇ် ဆုလစ်မွန်းချွန်
မြို့မွန်ကျုံးရေ အထွေထွေတည့်
ရေ၀င်ရေထွက် တသက်သက်ဖြင့်
ချန်စက်နာရီ မီးကျည်ပန်ပွါး
လွန့်လွန့်သွားလျက် ကြီးကြပ်မြို့တည်
ခန့်ထည်ရုပ်လုံး ရှုမဆုံးပြီ
လူ(Lu) ရယ်နေသာဖြစ်သတည်း…။

သူ့ခေတ်သူ့ခါ ထိုစဉ်ခါက
ဟိုမှာတနယ် သည်တနယ်တွင်
လူ (Lu)နယ်မှာပွါး ကွန်ဖြူးဆီးယား(Confucicus)
ယေကျာ်းသုခမိန် ပေါ်ထွန်းချိန်သည်
ဘီစီ(၅၅၁-၄၇၅)နှစ် ဖြစ်သတည်း…။

ဤသို့ဖြစ်ပင် ကွန်ဖြူးဆီးယား
ဆရာကြီးအား တုပ်ကွရိုကျိုး
ခိုကိုးယောက်ျား တပည့်သားသုံးထောင်
အနီးဆောင်ရပ်ဦး အထူးထူးအား
ဆရာကြီးက မိသားစုနှင့်နိုင်ငံတော်(family and state)ကို
အလင်းဆောင်၍ ရှင်းအောင်ပြသပေးသတည်း…။

တနေ့သ၌ ဆရာကြီးသည်
လူ (Lu)နယ်အတွင်း လှည့်လည်ရင်းဖြင့်
တံငါတို့ရွာ ရောက်၍လာသည်
တံငါအမေး အဖြေပေးရာ
ငါးကြီးကြီးလိုသော် ရေနက်နက်ဆင်း
ငါးများများလိုသော် ကွန်ကိုကျယ်ကျယ်ပက်
ပိုက်ကြိုးကိုကား မြဲကိုင်ထားဟူသတည်း…။

ထိုမှ နေ့နေ့ညည စိတ်ရှိသမျ
ဟိုမှသည်သို့ သည်မှဟိုသို့
ကူးတို့သဖွယ် ကူသယ်ခေါက်ပြန်
မြေကိုလှန်၍ ရောက်ပြန်သည့်ရွာ
ပညာတက်များ ပေါများငြင်းခုန်
ဆွေးနွေးပုံကို ကြားရုံမျဖြင့်
ဆရာကြီးက ရင်ကိုမ၍
ပညာရှိတို့ရင်မှာ လှေလှော်နိုင်စေကြောင်း
သတင်းကောင်းကိုပေးခဲ့၏…။

ဤသို့ဖြစ်ပင် ရွာစဉ်ရွာဆက်
ရွာစဉ်ဆက်၍ ထွက်ခွါခရီး
ဆရာကြီးသည် ရွာ့အနောက်စွန်း
ခပ်ယွန်းယွန်း၌ မွန်းတည့်ချိန်တွင်
ရောက်လာလျင်မူ ရွာသူတဦး
ဖုတ်ကူးကူးဖြင့် အုတ်ဂူရှေ့၌
ငိုရှိုက်နေပုံမြင်ရ၏…။

ဆရာကြီးက ဖြစ်ပုံကြောင်းရင်း
ထိုအခင်းကို သတင်းမေးရာ
လွန်ခဲ့ ၆ လ ကျားဆိုးတကောင်
သေအောင်သတ်၍ ခင်ပွန်းဆုံးကြောင်းသိရ၏…။

ဆရာကြီးလည်း ဝေးနီးတည်ထား
အုပ်ဂူများကို မေးမြန်းမိရာ
ရွာသူအပြ ဟိုတဂူကား
လွန်ခဲ့နှစ်နှစ် ဖခင်ဖြစ်၍
သည်တဂူကား သူမ၏မောင်
ကျားဆိုးတကောင် သေအောင်သတ်၍သေခဲ့ရသတဲ့။

ရွာသူစကား ကြားရသောအခါ
ရင်နာခံခက် နာကျင်လျက်ဖြင့်
ဆရာကြီးက ‘ဤမျှကျားဆိုး
မင်းမူစိုးသည့် ကျားဆိုးနယ်တွင်
နေမည့်အစား မြို့ကိုပြောင်းပါလား…‘တဲ့။

‘ဆရာကြီး ဒီရွာမှာက ကျားဆိုးသာရှိ
အစိုးရမရှိ‘ဟူသတည်း။
(မောင် စင်ကြယ်)

Saturday, March 8, 2008

အကျဉ်းစံဆရာကြီးဦးဝင်းတင်သို့

(မောင်စင်ကြယ်)
သံလွင်ရွက်နဲ့ အလံထူ ကလောင်ကိုင်သူ
ထိုလူတယောက် အရိုးငေါက်ငေါက်
သံတိုင်ပေါက်ကျော် မိုးကိုမျှော်၍
သြကာသကြီးအား ရှုပွားနေစဉ်
ဘ၀ရှင်မင်းတုန်း အပြုံးဖြင့်ပေါ်လာ
‘ငါမကောင်း ငါ့အကြောင်းရေး
ငါ့မိဖုရားတွေမကောင်း
သူတို့အကြောင်းရေး
ငါ့သားတော် သမီးတော်တွေမကောင်း
သူတို့အကြောင်းရေး
ဘေးမရှိစေရ
သတင်းစာဆရာ ဘိုးဝဇီရ’
သြော်...အဦးအစ
ပထမမြန်မာ့သတင်းစာ
ရတနာပုံထုတ်ဝေစဉ်ခါ
သာသနာ ဒါယကာ မိန့်မှာစကား
ပြန်လည်ကြားရ သံတိုင်ကြားမှ
ဆပွားရင်တွင်း ချိုမြခြင်းဖြင့်
ပျားရည်မြစ်တစင်း စီးဆင်း၍သွား
မုဒိတာပွားစဉ် သူ့ဝန်းကျင်တွင်
မိုးကြီးစင်စင် လင်းခဲ့လေပြီတကား...။

(နအဖစစ်အုပ်စု၏ မတရားဖမ်းဆီးထားခြင်းခံနေရသော သတင်းစာဆရာဦးဝင်းတင်သို့)

Twitter Delicious Facebook Digg Stumbleupon Favorites More