This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ပြည်တွင်းသတင်းများ(Local News). Show all posts
Showing posts with label ပြည်တွင်းသတင်းများ(Local News). Show all posts

Saturday, June 30, 2012

Burma မသုံးစွဲရန် ဒေါ်အောင်ဆန်းစုကြည် ထပ်မံသတိပေးခံရ



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ အပါအ၀င် ဥရောပခရီးစဉ်များ၌ မြန်မာနိုင်ငံ၏ အမည်ကို Burma ဟု သုံးစွဲပြောဆိုနေခြင်းနှင့် ပတ်သက်ပြီး မသုံးစွဲရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေး လိုက် သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်နှင့်အညီ Myanmar ဟု သုံးစွဲရန် ဖြစ်ကြောင်း၊ NLD သည် ပါတီများမှတ်ပုံတင်ခြင်း ဥပဒေပါ “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာရေး”ဆိုသည့် အချက်အား ပါတီ မှတ်ပုံတင် လျှောက်ထားစဉ်ကပင် ၀န်ခံချက်ပြုထားပြီး ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ သတိပေး ထုတ်ပြန်ချက်ကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလကုန်ပိုင်းက ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ညီလာခံ(WEF)၌ မိန့်ခွန်းပြောကြား ရာတွင် မြန်မာနိုင်ငံကို “Burma”ဟု သုံးနှုန်းပြောဆိုသွားသောကြောင့် ဇွန်လ ၁ ရက်နေ့က အသိပေးထားပြီးဖြစ်ကြောင်း၊ သို့သော် လက်ရှိသွားရောက် နေသည့် ဥရောပခရီးစဉ်အတွင်း မိန့်ခွန်းများပြောကြားရာတွင်လည်း မြန်မာနိုင်ငံကို “Burma”ဟု ဆက်လက် သုံးနှုန်းပြောဆိုနေခြင်း ကြောင့် ထပ်မံသတိပေးရခြင်း ဖြစ်ကြောင်းလည်း သတင်းစာက ဆိုသည်။
NLD ပြောခွင့်ရသူ တဦးဖြစ်သည့် ဦးဉာဏ်ဝင်းကမူ“Burma လို့ သုံးနှုန်းလိုက်တာနဲ့ အခြေခံဥပဒေကို မလေးစားတဲ့ သဘော မသက်ရောက် ပါဘူး”ဟု AP သတင်းဌာနသို့ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၃ ရက်က စတင်၍ ဥရောပ နိုင်ငံများသို့ သွားရောက်နေခြင်းဖြစ်ပြီး ယနေ့တွင် ခရီးစဉ် ပြီး ဆုံး၍ မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်ကလည်း “ဥက္ကဌ (ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင်လာမှ သူ ဘယ်လိုကြောင့် Burma လို့ သုံးတယ်၊ ဘယ်နေရာမှာ သုံးတယ်ဆိုတာ ပြောလိမ့်မယ်လို့ ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခင် န၀တ စစ်အစိုးရက ၁၉၈၉ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ၏ အမည်ကို Burma ဟု သုံးစွဲနေခြင်းမှ Myanmar ဟု ပြောင်းလဲ သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ယခင် ရန်ကုန်မြို့ကို Rangoon ဟု သုံးစွဲနေခြင်မှ Yangon ဟုလည်းကောင်း၊ ရန်ကုန်မြို့ရှိ တခြား အင်္ဂလိပ် အမည် မှည့်ခေါ်ထားသော လမ်းအမည်များကိုလည်း မြန်မာ အမည်သို့ ပြောင်းလဲခဲ့သည်။
ဇွန်လ ၁၇ ရက်က နော်ဝေ နိုင်ငံတွင် ပြုလုပ်သည့် အော်စလို ဖိုရမ် တွင် ဒေါ်အောင်ဆန်းစုကြည်က န၀တ စစ်အစိုး၏ နိုင်ငံ အမည် ပြောင်းလဲလိုက်သည့် ပုံစံကို မကြိက်နှစ်သက်၍ Burma ဟု ဆက်လက် သုံးစွဲနေခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
“ကျမ ဗမာနိုင်ငံလို့ ဆက်လက် ခေါ်နေရတာဟာ မြန်မာနိုင်ငံဆိုတဲ့ နာမည်ကို မကြိုက်လို့ မဟုတ်ပါဘူး။ ပြောင်းလိုက်တဲ့ ပုံစံကို မကြိုက် လို့ပါ။ SLORC (နဝတ) အစိုးရဟာ ဘယ်သူ တဦးတယောက်ကိုမှ မတိုင်ပင်ပါဘဲနဲ့ ပြည်သူ့ အခွင့်အရေးတွေကို ချိုးဖောက် ပြောင်းလဲလိုက်တဲ့ လုပ်နည်းလုပ်ဟန်ကို မနှစ်သက်လို့သာ ဗမာနိုင်ငံလို့ ဆက်လက်ခေါ်ဆိုနေတာပါ။ မိမိတို့ နိုင်ငံအပေါ် ကမ္ဘာကြီး က ဘယ်လိုနာမည်နဲ့ တွဲ သိမလဲဆိုတာ စိတ်တိုင်းကျ ရွေးချယ်ဖို့ အခွင့်အရေး ပြည်သူမှာ ရှိနေတာကို နဝတ အစိုးရက ချိုးဖောက်ခဲ့တာ၊ ဥပက္ခာပြုခဲ့တာပါ”ဟု  ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

သတင်း :ဧရာဝတီ  
 



Friday, September 23, 2011

ဧရာဝတီအတွက် ပေးဆပ်ရဲသူ တစ်ဦးပေါ်ထွက်

ရန်ကုန်တရုတ်သံရုံးရှေ့ မှာ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းပေးဖို့  ဆန္ဒပြကြမယ် ဆိုတဲ့သတင်းဟာကောလဟာလ မဟုတ်ဘဲ အမှန်တကယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။
     မနေ့ ( ၂၀- ၉- ၂၀၁၁ )၊ နေ့ လည် ၁း ၃၀ နာရီ ခန့် က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ နယ်၊ အမှတ် (၉၄)၊
ခရေပင်လမ်းမှာ ရုံးစိုက်ထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြန်ကြားရေးရုံးရှေ့ မှာ တစ်ကိုယ်တော်
ဆန္ဒပြမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။
     ဆန္ဒပြသူဟာ ရိုးရိုးသာမန်ရှပ်အင်္ကျီ ၀တ်ဆင်ထားပြီး လက်ထဲမှာ ၂ ပေ ပတ်လည်ခန့် ရှိတဲ့ ဆိုင်းဘုတ်ကို
ကိုင်ဆောင်ပြီး နိုင်ငံသားတစ်ယောက်ရဲ့ ဆန္ဒကို ဖော်ထုတ်ခဲ့ပါတယ်။
     STOP IRRAWADDY ELECTRONIC PROJECT ဆိုတဲ့ စာနဲ့  မြန်မာလို “ဧရာဝတီလျှပ်စစ်စီမံကိန်းရပ်ဆိုင်း
ပေးပါ” စာသားပါတဲ့ သူ့ ရင်ထဲက ဆန္ဒကို ပွင့်ပွင့်လင်းလင်း ရေးသားပြီး တရုတ်ကုမ္မဏီတစ်ခုရဲ့ ပါဝင်ပက်သက်
နေမှုအပေါ် မကျေမနပ်ဖြစ်ရာက တရုတ်ပြန်ကြားရေးရုံးရှေ့ ကို လာရောက်ပြီး နှစ်နိုင်ငံတာဝန်ရှိသူတို့ အပြင်
မြန်မာပြည်သူတွေ သိရှိရန် ရိုးသားစွာ ဆန္ဒပြခြင်း ဖြစ်ပါတယ်။
     အဆိုပါ တစ်ကိုယ်တော်ဆန္ဒပြသူဟာ အသက် (၄၆) နှစ်ခန့်  ရှိပြီး မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ တစ်ဆင့်
ရန်ကုန်မြို့ ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ပြန်လည်ရောက်ရှိခဲ့သူပါ။ မလေးရှားနိုင်ငံမှာ နိုင်ငံရေးဒုက္ခသည်
အဖြစ် ရပ်တည်နေထိုင်လာခဲ့ပြီး အမေရိကန်နိုင်ငံသို့  သွားရောက်ရန် ဗီဇာရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။
အမေရိကန်သို့  သွားရောက်ရေးဟာ အကြောင်းမညီညွတ်မှုများကြောင့် ပျက်ပြားသွားခဲ့ရတယ်လို့  သိရပါတယ်။
     အဆိုပါ ဆန္ဒပြသမား ကိုအောင်သိန်းလှ (ခေါ်) ကိုကျော်ဝင်းဟာ ကွာလာလမ်ပူမြို့ မှ ရန်ကုန်သို့ ပြန်ရောက်
ပြီးနောက်ပိုင်းမှာ တောင်ဥက္ကလာပမှာရှိတဲ့ မိသားစုနဲ့  သိပ်စကားမပြောတော့ဘဲ တစ်စုံတစ်ခုကို အမြဲတွေးတော
စဉ်းစားနေတတ်သူလို့  စုံစမ်းသိရှိရပါတယ်။
     သူ ဆန္ဒပြပြီး မကြာခင် တိုင်းရဲ အနောက်ပိုင်းခရိုင်ရုံးက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးမှု
များကို ဆောင်ရွက်တဲ့အခါ ကိုအောင်သိန်းလှအနေနဲ့  သူ့ ရဲ့  ကိုယ်ရေးရာဇ၀င်ကိုသာ ထုတ်ဖော်ပြောဆိုပြီး
မြစ်ဆုံစီမံကိန်းရပ်တန့် ဖို့  သူတောင်းဆိုတဲ့ကိစ္စနဲ့ ပက်သက်လို့  ဘာကိုမှ ထုတ်ဖော်မပြောဘဲ ၀စီပိတ် နေတယ်
လို့  သိရပါတယ်။
     ယခုအခါ သူ့ ကို ဘယ်ပုံဘယ်နည်း ဆက်လက်ကိုင်တွယ်ရမယ်ဆိုတာ အထက်အဆင့်ဆင့်ကို တင်ပြ
တာဝန်ခံခိုင်းထားတယ်လို့ သိရပါတယ်။ ကိုအောင်သိန်းလှဟာ မိမိဆန္ဒကို ရိုးသားစွာ ထုတ်ဖော်ဆန္ဒပြသူဖြစ်
ပြီး သူ့ ရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအဖွဲ့ အစည်းများ ပါဝင်ခြင်း ရှိနိုင်ခြေ နည်းပါးတယ်လို့  သိရပါတယ်။
     သူဟာ မြန်မာပြည်မှာ စီးပွားလာရှာတဲ့ တရုတ်နိုင်ငံကုမ္မဏီကြီးတစ်ခုကို မကျေနပ်ကြောင်း ထင်ထင်ရှားရှား
ဆန္ဒပြတဲ့ ပထမဆုံး တစ်ကိုယ်တော်ဆန္ဒပြသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
     ပြည်တွင်းက နိုင်ငံရေးအကဲခတ်များနဲ့  ပြည်ပအခြေစိုက်သတင်းသမားများအပါအ၀င် မြန်မာ့နိုင်ငံရေး
စိတ်ဝင်စားသူများ၊ မြစ်ဆုံစီမံကိန်း ရပ်တန့် စေလိုသူများက ကိုအောင်သိန်းလှရဲ့  တစ်ကိုယ်တော်ဆန္ဒပြမှု
အပေါ် လက်ရှိအစိုးရဘက်က ဘယ်လို ကိုင်တွယ်ဆောင်ရွက်မလဲဆိုတာ အနီးကပ်စောင့်ကြည့်နေကြပါတယ်။
ဒီမိုကရေစီရေး၊ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိစေမယ်လို့  ၂၀၀၈ ဖွဲ့ စည်းပုံအရ အာမခံချက်ပေးထားတဲ့
ကြံ့ခိုင်ရေးပါတီအစိုးရအနေနဲ့  ကိုအောင်သိန်းလှကို ပြန်လွှတ်ပေးမလား၊ ဆက်လက်ဖမ်းဆီးထားပြီး ဥပဒေ
တစ်ခုခု အကြောင်းပြပြီး တရားစွဲ ထောင်ချပစ်မလားဆိုတာ မြန်မာပြည်သူအားလုံးက စိတ်ဝင်တစား ရှိနေကြ
ပြီး နေပြည်တော်လွှတ်တော်တွင်းက ဦးဌေးဦး ခေါင်းဆောင်တဲ့ “ဒီမိုကရေစီရေးကော်မတီ” နဲ့  မကြာမီကမှ
ဖွဲ့ စည်းလိုက်တဲ့ အငြိမ်းစားဝန်ထမ်းကြီးများပါဝင်တဲ့ “လူ့ အခွင့်အရေးကော်မရှင်” တို့ ရဲ့  လုပ်ပိုင်ခွင့်နဲ့ 
ဆောင်ရွက်ချက်အလားအလာတွေကို “ကိုအောင်သိန်းလှအရေး”က ကြီးစွာသော စမ်းသပ်စိန်ခေါ်မှုတစ်ခု
ဖြစ်နိုင်တယ်လို့  ဝေဖန်ပြောဆိုနေကြပါတယ်။
     လွန်ခဲ့တဲ့ လပိုင်းများကလည်း ကိုနေမျိုးဝေ အပါအ၀င် လူ ၄ ဦး တို့ ရဲ့  ရန်ကုန်မြို့ တော်ခန်းမရှေ့ မှာ
ဆန္ဒပြလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ လမ်းညွှန်ချက်တောင်းခံခဲ့မှုရှိခဲ့ပြီး ၂၀၀၈ ဖွဲ့ စည်းပုံအရ
လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ပါရှိသော်ငြား ဥပဒေ၊ နည်းဥပဒေများ နောက်ဆက်တွဲ ထုတ်ပြန်ရန် ရှိသေး၍
ထိုဆန္ဒပြလိုခြင်းကို နောက်ဆုတ်ရွှေ့ ဆိုင်းထားပေးရန် တာဝန်ရှိအာဏာပိုင်များက မေတ္တာရပ်ခံခဲ့ကြောင်း
သိရှိရပါတယ်။
     ဒီမိုကရေစီနိုင်ငံနှင့် ဒီမိုကရေစီစနစ်သို့  ဦးတည်အကောင်အထည်ဖော်ရာမှာ နိုင်ငံသားတစ်ဦးချင်းစီရဲ့ 
ဆန္ဒပြဆို ထုတ်ဖော်နိုင်ခွင့်ဟာ မဖြစ်မနေပေးအပ်ခွင့်ပြုရမယ့် အခြေခံလူ့ အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်
သုံးသပ်ကြပြီး လက်ရှိအုပ်ချုပ်သူအစိုးရအနေနဲ့  မြန်မာနိုင်ငံသားတို့ ရဲ့  လူသားဘ၀အခြေခံရပိုင်ခွင့်တစ်ခုကို
ဥပဒေ၊ နည်းဥပဒေများ ချမှတ်ရေးဆွဲပြီး တုန့် ဆိုင်းဖင့်နှေးခြင်းမရှိ အမြန်ဆုံး ထုတ်ပြန်ဆောင်ရွက်ပေးရန်
အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း ဒီမိုကရေစီဘက်တော်သားများမှ တညီတညွတ်တည်း မှတ်ချက်ပေး
ကြကြောင်း သိရှိရပါတယ်။

                                                                                                        အောင်မျိုးထွန်း

Friday, September 16, 2011

မြန်မာအစိုးရစစ်တပ်မှ စစ်သား (၂၀) တိုက်ပွဲတွင် သေဆုံး


၂၀၁၁ စက်တင်ဘာလ(၁၅) ရက် ကြာသပတေးနေ့ နံနက်၁ဝး၁ဝ နာရီမှ စက်တင်ဘာလ (၁၆) ရက် သောကြာနေ့ မွန်းတည့်ချိန်အထိ သိန်းစိန်ကြံဖွတ်အစိုးရစစ်တပ် မြစ်ကြီးနားအခြေစိုက် ခလရ(၃ရ) ၊ စခက (၂၁) လက်အောက်ခံ နွမ်လန့်ရွာ အခြေစိုက် ခမရ(၄၃၈) နှင့် ကေအိုင်အေ အထူးတပ်ဖွဲ့နှင့် နမ့်ဆန်ယန် ရွာအနီး နန့်ဘန်(င်) ချောင်းဖျားတွင် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရသည်။ ထိုတိုက်ပွဲတွင် သိန်းစိန်ကြံဖွတ်အစိုးရစစ်တပ်မှ စစ်သား အယောက် (၂ဝ)  ကျဆုံးကြောင်း သိရှိရသည်။

Sunday, September 11, 2011

ကျရှုံးပါက ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ယူမည်


အစိုးရသစ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများတွင် အစိုးရ ဘက်မှ ပလီပလာ၊
ဟန်ပြနှင့် မရိုးသားမှုများ ပါလာပါက မိမိအနေဖြင့် တာဝန်ယူသွားမည်
ဖြစ်ကြောင်း စက်တင်ဘာလ ၈ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်
ရန်ကုန်ခရော်နီကယ်၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်
ဖြေကြားခဲ့သည်။

“အန်တီ မှားခဲ့ရင်၊ ကျရှုံးခဲ့ရင် အန်တီတာဝန်ယူမယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုသည်။ လက်ရှိ တိုင်းပြည်အခြေအနေမှာ ပြဿနာများရှိနေ၍ ဝင်ရောက်ကူညီရမည်
ဖြစ်ကြောင်း၊ ယင်းသို့ ဝင်ကူရာ၌လည်း တက်နိုင်သလောက်
ကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတနှင့် နေပြည်တော်တွင်
ပထမအကြိမ်တွေဆုံရာ၌ NLDပါတီ တရားဝင် ရပ်တည်ရေး၊ နိုင်ငံရေး အကျဉ်းသားများ
ပြန်လွတ်လာပါက ဆူပူမှုများ မဖြစ်ပေါ်စေရန်နှင့် တိုင်းရင်းသားများနှင့်
ဖြစ်ပွားနေ သည့် ပဋိပက္ခများကို ဆွေးနွေးခဲ့ကြောင်း NLD ပါတီ၏
ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ်ခေါင်းဆောင်များ တွေ့ဆုံကြပြီးနောက်
သိသာထင်ရှားသည့် ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ် မလာသေးသဖြင့်
အစိုးရသစ်သည် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေသလားဟု
သုံးသပ်နေကြချိန်တွင် အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်ချက်
ပေါ်ပေါက်လာသည်။

“တကယ်ပဲ အသုံးချခံရတယ် ဆိုရင်တောင်မှ တိုင်းပြည်အတွက်
အသုံးချခံရတယ်ဆိုရင် မနှစ်မြို့စရာအကြောင်း မရှိပါဘူး။ ယုံကြည်ချက်အတွက်
ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုနှင့်ပတ်သက်၍
နိုင်ငံပိုင် သတင်းစာများက ထုတ်ပြန်ရာတွင် မတူကွဲလွဲချက်များကို
ရှောင်ရှားပြီး တူညီချက်များကို တိုင်းပြည်၏ အကျိုးစီးပွားအတွက်
လက်တွဲလုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း
တွေ့ဆုံမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောကြားခဲ့သည်။

လက်ရှိအစိုးရသစ်က ၂၀၁၄ ခုနှစ် အာဆီယံ ခေါ်
အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အလှည့်ကျ ဥက္ကဋ္ဌရာထူး ရလိုသဖြင့်
နိုင်ငံတကာ ဖိအား လျော့နည်းစေရန် ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး
လေ့လာသူတချို့က သုံးသပ်ပြောဆို ကြသည်။


 

Peace Press
( yangonchronicle သတင်းလွှာ “အစိုးရသစ်နှင့် ပူးပေါင်းမှုတွင်
ကျရှုံးပါက ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ယူမည်” မှ ပြန်လည်ဖော်ပြသည်

Saturday, September 10, 2011

စာရေးဆရာ နန္ဒာသိန်းဇံ ကွယ်လွန်ခြင်း (၁) လပြည့် အမှတ်တရ ကျင်းပမည်။


၁၉၄၇ - ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်၊ သောကြာနေ့၌ ပဲခူးတိုင်း ပေါင်းတည်မြို့တွင် အဖ-ဦးညီကွန်း၊ အမိ-ဒေါ်ဟန်တင်တို့မှ မွေးဖွားပြီး မွေးချင်း(၃)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ အမည်ရင်းမှာ မောင်သိန်းဇံဖြစ် သည်။
၁၉၅၃ - ၁၉၆၂ - ပေါင်းတည်မြို့ အ့ထ့က(၁)တွင် မူလတန်းမှ အထက်တန်းအထိ ပညာသင်ယူခဲ့။ ၁၉၆၂-ခုနှစ်တွင် အထက်တန်းစာမေးပွဲကို ပဲခူးတိုင်းတစ်တိုင်းလုံး၌ ပထမအဆင့်ဖြင့် အောင်မြင်ခဲ့။
၁၉၆၃ - ''သိန်းဇံ'' ဟူသောကလောင်အမည်ဖြင့် စာပေနယ်သို့ဝင်ခဲ့သည်။ ပထမဦးဆုံးဆောင်းပါးအနေဖြင့် ''မှတ်ဥာဏ်နှင့် အတွေးအခေါ်'' (၁၉၆၃-နိုဝင်ဘာ-တွဲ-၁၁၊ အမှတ်-၄-သင့်ဘ၀)ကို စတင်ရေးခဲ့။ နောက်ပိုင်း သိန်းဇံ အမည်တူရှိသဖြင့် ''နန္ဒသိန်းဇံ''အမည်သို့ ပြောင်းလဲရေးသားခဲ့။
၁၉၆၃ - ၆၆ - ဒဿနိကဗေဒ ၀ိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့။၁၉၆၇ - ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာနထုတ် ဒဿနမဂ္ဂဇင်းနှင့်ရတနာမွန်အပါအ၀င် အခြားစာနယ် ဇင်းအမျိုးပေါင်း(၄)ခုတွင် ဘာသာရေး၊ လူမှုရေးဒဿနနှင့်ဆိုင်သော ဆောင်းပါးများကို ရေးသားခဲ့။
၁၉၆၇ - ၆၈ - ဒဿနိကဗေဒ-မဟာဝိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့။
၁၉၆၉ - ပထမဆုံးလုံးချင်းစာအုပ်မှာ မဟာဝိဇ္ဇာဘွဲ့ယူစဉ်က တင်သွင်းခဲ့သော ကျမ်းတစ်စောင်ဖြစ်သည့် ''ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာ'' ဖြစ်သည်။
၁၉၇၀ - မေလ(၂၆)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာန၌ နည်းပြဆရာအဖြစ် စတင်တာဝန် ထမ်းဆောင်။
၁၉၇၀ - ၇၂ - (၂၄ရက် သြဂုတ် ၁၉၇၀မှ ၆ရက် စက်တင်ဘာ ၁၉၇၂အထိ) မော်လမြိုင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် အမှုထမ်းခဲ့။
၁၉၇၇၂ - ၇၉ - (၇ ရက် စက်တင်ဘာ ၁၉၇၂မှ ၁၄ရက် ဖေဖော်ဝါရီ ၁၉၇၉ အထိ) ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ်အမှုထမ်းခဲ့။
၁၉၇၉ - (၁၉ရက် သြဂုတ် ၁၉၇၈)ရက်နေ့ လုပ်သားများကောလိပ်ဒဿနိကဗေဒအသင်း ''ဘ၀ခရီးအတွက် အတွေးအမြင်များ'' ဟောပြောချက်မှ စာအုပ်အဖြစ်ထုတ်ဝေသော ''ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း'' စာအုပ်သည် ထင်ရှား လူကြိုက်များ။
၁၉၇၉ - ၈၀ - (၁၅ရက် ဖေဖော်ဝါရီ ၁၉၇၉မှ ၇ရက် ဖေဖော်ဝါရီ ၁၉၈၀ထိ) ထားဝယ်ကောလိပ်ဌာနမှုး။
၁၉၈၀ - သြဂုတ် (၂)ရက်မှ အောက်တိုဘာ(၁၀)ရက်ထိ ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာ။
၁၉၈၀ - ၈၆ - (၁၁ရက် အောက်တိုဘာ ၁၉၈၀မှ ၂ရက် ဧပြီ ၁၉၈၆ထိ) ရန်ကုန်တက္ကသိုလ်တွင် လက်ထောက် ကထိက။
၁၉၈၆ - ၈၈ - (၃ရက် ဧပြီ ၁၉၈၆မှ ၂၅ရက်ဇွန် ၁၉၈၈ထိ) ပုသိမ်ဒီဂရီကောလိပ်တွင် ကထိကဌာနမှုး။
၁၉၈၈ - ၉၆ - (၂၆ရက် ဇွန် ၁၉၈၈မှ ၃၁ရက် ဇန်န၀ါရီ ၁၉၉၆ထိ) ရန်ကုန်တက္ကသိုလ်တွင် ကထိကအဖြစ် အမှုထမ်း။
၁၉၉၆ - ၁၉၉၇ - (၁ရက် ဖေဖေါ်ဝါရီ ၁၉၉၆မှ ၁၆ရက် ဇူလိုင် ၁၉၉၇ထိ) မော်လမြိုင်တက္ကသိုလ်တွင် ကထိက အဖြစ် အမှုထမ်း။
၁၉၉၇ - ၂၀၀၃ - (၂၃ရက် ဇူလိုင် ၁၉၉၇မှ ၁ရက်ဇူလိုင် ၂၀၀၃ထိ) ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် တွဲဖက်ပါမောက္ခ။ (၁၈ရက် ဧပြီ ၂၀၀၃)မှစ၍ ပါမောက္ခအဖြစ်အမှုထမ်း။
၁၉၉၈ - ဒီဇင်ဘာလတွင် သာသနာတော်ထွန်းကားပြန့်ပွားရေးဌာန၌ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် ရင်း ထေရ၀ါဒဗုဒ္ဓဘာသာ-ပထမနှစ်ကို ယုတ္တိဗေဒ၊ အိန္ဒိယဒဿနနှင့်ဗုဒ္ဓဘာသာ-သာသနာပြန့်ပွားရေးနှင့် ဆိုင်သော သာသနာပြုရေးဘာသာရပ်များ၊ မဟာဝိဇ္ဇာ-ပထမနှစ်တွင် တရုတ်ဒဿန၊ မဟာယာနဗုဒ္ဓဘာသာ၏ စွပ်စွဲချက်များကို ထေရ၀ါဒဗုဒ္ဓဘာသာမှပြန်လည်ချေပချက်များနှင့်စိန်ခေါ်မှုကိုတုန့်ပြန်သော ဘာသာရပ်များ မဟာဝိဇ္ဇာ-ဒုတိယနှစ်တွင် မျက်မှောက်အနောက်တိုင်းဒဿန အဓိကအကြောင်းရပ်များဖြစ်သော ဒဿနပြဿနာ ထေရ၀ါဒ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စာတမ်းများ စသည့်ပညာရပ်များကို ယခုတိုင် အချိန်ပိုင်းကြီးကြပ်သင်ကြား ရင်းတာဝန်ထမ်းဆောင်လျက်ရှိ။
၂၀၀၄ - ဧပြီ(၁)ရက်နေ့တွင် နိုင်ငံတော်မှ မဟာသဒ္ဓမဇောတိကဓဇဘွဲ့ ချီးမြှင့်ခြင်းခံရ။
၂၀၀၅ - ဒီဇင်ဘာ(၂၆)ရက်မှစ၍ ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် ပါမောက္ခ၊ ဌာနမှုးအဖြစ် တာဝန်ထမ်း ဆောင်ရင်း မဟာဝိဇ္ဇာပထမနှစ်နှင့် ဒုတိယနှစ်များကို ဂျပန်နှင့်တရုတ်ဒဿနဘာသာရပ်။ မဟာဝိဇ္ဇာနောက်ဆုံး နှစ်ကို မြန်မာ့အတွေးအခေါ်နှင့် မူရင်းကျမ်းများနှင့်ဆိုင်သော ပညာရပ်များ။ ပါရဂူဘွဲ့ကြိုသင်တန်းကို Philosophy of Culture တွင်ပါဝင်သော Art and Culture ပညာရပ်များ။ ပါရဂူတန်းအတွက် ရေးသားပြုစုသော Dissertation များကို ကြာသပတေးနေ့တိုင်း ကြီးကြပ်လမ်းညွှန် သင်ကြားပေးခဲ့သည် ကွယ်လွန်ချိန်အထိ စာနယ်ဇင်းများတွင် ပါ ၀င်ရေးသားခဲ့ပြီး (၁၄-၈-၂၀၁၁) ညနေပိုင်းက ရန်ကုန်မြို့မှာ ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ် ရှိပြီဖြစ်သည်။




''ရေးသားထုတ်ဝေခဲ့ပြီးစာအုပ်များ''
၁။ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာ
၂။ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင့်ခရီးစဉ်
၃။စိတ်အဆင့်ဆင့်မြင့်တက်ခြင်းသဘာဝ
၎။အတွေးအခေါ်တို့ လွင့်မျောခြင်းနှင့် လူ၏ဆောက်တည်ရာ
၅။စီးပွားရေးနှင့် စစ်ရေးဗျူဟာ
၆။ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
၇။မှန်သောစကားကိုဆိုခြင်းနှင့် ပတ်သက်သောမှတ်ချက်များ
၈။မြန်မာ့ယဉ်ကျေးမှု သင်္ကေတ''ကြာ''
၉။ဖြေဆည်ရာ
၁၀။ထေရ၀ါဒနှင့်ပတ်သက်သောမှတ်ချက်များ
၁၁။နက္ခတ်ဗေဒင်နှင့်မြန်မာ့အတွေးအမြင်အစဉ်အလာ
၁၂။မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း
၁၃။အသွင်သဏ္ဍာန်တို့ နောက်ကွယ်၌
၁၄။အရိမဒ္ဒ္ဒနမှ တွေးမြင်ရနံတို့ ဝေ့ပျံနေဆဲ
၁၅။မနက်ဖြန်များကို ဖြတ်သန်းနေသောစိတ်ကူးများ
၁၆။တွေးချိန်ချင့်စရာ
၁၇။Through Life}s Perils
၁၈။ပြောရင်းပြောနေမည့်ချစ်ခြင်းမေတ္တာ

ကိုကား www.myanmarbookshop.com/ နှင့် google

Friday, December 3, 2010

ဦးကျော်သူ အား ကူညီအားပေးသူ အနုပညာရှင်များ အပိတ်ခံရ

HRM News | မကြာသေးမီက ကပြဖျော်ဖြေခဲ့သော ထာဝရ နှင်းဆီ အငြိမ့်မှ ဒါရိုက်တာအပါအဝင် နိုဝင်ဘာလ ၂၂ရက်နေ့က တောင်ဒဂုံရှိမဖြူဖြူသင်း ထူထောင်ဖွင့်လှစ်ထားသော HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာသို့ သွားရောက်အားပေး ခဲ့သူ အနုပညာရှင်များ စုစုပေါင်း တစ်ဒါဇင်ခန့် ၏ ဖျော်ဖြေတင်ဆက်မှုကို ပြန်ကြားရေးဝန်ကြီးဌာနမှ ပိတ်ပင်လိုက်ကြောင်းသိရသည်။

ဖျော်ဖြေတင်ဆက်မှုကို ပိတ်ပင်ခံရသူ အနုပညာရှင်များတွင် ကိုရဲလွင်၊ အနဂ္ဂ၊ ကျားပေါက်၊ သံသာဝင်းနှင့် အခြားအနုပညာရှင်များ ပါဝင်သည်။ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုကို ပြန်ကြားရေး ဝန်ကြီးဌာနမှပိတ်ပင် ခြင်းအပေါ် "ဒါကတော့ ကျွန်တော်တို့ အနုပညာရှင်တွေက နိုင်ငံရေးလှုပ်ရှားတာလည်းမဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံအရေး၊ပြည့်သူ့အရေးပေါ့လေ။ လူသားတယောက်အနေနဲ့ လူသားပီပီ လုပ်ဆောင်သင့်တဲ့ လူမှုရေး ကိစ္စကို ကျွန်တော်တို့ လုပ်တာပါ။ အဲလို ပိတ်တာတော့မကောင်းဘူးလို့ မြင်ပါတယ်။ " ဟု ဦးကျော်သူမှ Facebook စာမျက်နှာတွင် မှတ်ချက်ပေးထားသည်။

စစ်အုပ်စုမှ နာရေးကူညီမှုအသင်း (ရန်ကုန်) အား ကူညီမှုများ မပေးသည့် အပြင် အနှောက်အယှက် အမျိုးမျိုးပေးနေသည်ကို တွေ့ရသည်။ ၂၀၁၀ ခုနှစ်၊ မတ်စ်လဆန်းပိုင်းတွင် ဖွင့်လစ်ခဲ့သော အခမဲ့ သရုပ်ဆောင်သင်တန်း အား ကူညီခဲ့သူ မသန်းသန်းစိုး၊ မဂွမ်းပုံကြီး၊ ဦးချစ်ပြုံး၊ ဦးညီဂျော်နှင့် ဆုရွှန်းလဲ့ တိုအား သွားရောက် လုပ်အားပေး သင်တန်းပေးခြင်းများ မပြုလုပ်ကြရန် ပိတ်ပင်ခဲ့သေးသည်။

Saturday, September 18, 2010

မြန်မာသံရုံးမရှိသော နိုင်ငံမှ နိုင်ငံသားများမှ လွဲ၍ မည်သည့် နိုင်ငံခြားသား ခရီးသည်ကိုမှ ဆိုက်ရောက်ဗီဇာ မပေးတော့ဟုဆို

မြန်မာနိုင်ငံတွင် ယခုနှစ် မေလ ၁ရက်နေ့က စတင်၍ ပထမဆုံး စတင် ကျင့်သုံးခဲ့သည့် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးသည့် စနစ်ကို ယခုလ ၁ရက်နေ့တွင် ရပ်နားခဲ့ပြီး ယခုလ ၈ ရက်နေ့မှ စတင်၍ ခြွင်းချက်ဖြင့်သာ ကျင့်သုံးတော့မည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်မှု ညွှန်ကြားရေးဦးစီးဌာနမှ ကြေငြာချက်များ ထုတ်ပြန်ထားကြောင်း ကြားသိရသည်။




ပုံမှန် ၀င်ရောက်သော နိုင်ငံခြားသား ဧည့်သည်များကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေခြင်းအား ရုတ်သိမ်းကာ ခြွင်းချက်အနေဖြင့် မြန်မာသံရုံးမရှိသော နိုင်ငံမှ နိုင်ငံသားများကိုသာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ လျှောက်ထား လိုသော ပြည်တွင်းရှိ ခရီးသွား ကုမ္ပဏီများသည် ထိုနိုင်ငံခြားသားဧည့်သည် လာရောက်မည့် လေကြောင်းလိုင်း၊ ပြန်လည်ထွက်ခွာမည့် ရက်စွဲ စသည့် ခရီးသည်နှင့် သက်ဆိုင်သော အချက်များကို တိကျစွာ ဖော်ပြ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဗီဇာစိစစ်ထုတ်ပေးရေးအဖွဲ့သို့ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ကြောင်း၊ ခရီးသည် တစ်ဦးနှင့် ပတ်သက်သော ကိစ္စအ၀၀ကို သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီက တာဝန်ယူရမည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်မှု ညွှန်ကြားရေးဦးစီးဌာနမှ တရားဝင် အမိန့်စာဖြင့် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။


ဆက်လက်၍ ထိုကြေငြာချက်တွင် ဆိုက်ရောက်ဗီဇာ၏ ခွင့်ပြုရက် ပြည့်သွားပြီးနောက် တရားမ၀င် ဆက်လက်နေထိုင်သူများကို (ယခင်က တစ်ရက်လျှင် ရက်လွန်ကြေး ၃ ဒေါ်လာ ဒဏ်ကြေး ကောက်ခံရုံသာ ပြုလုပ်ခဲ့သော်လည်း ယခုမူ) ရက်လွန်နေထိုင်ခွင့် မပေးတော့ဘဲ အရေးယူသွားမည် ဖြစ်ကြောင်း ပါရှိသည်။

mmdailynews မှ

Sunday, August 22, 2010

ပြည်တွင်းဂျာနယ်ဈေးကွက်အတွင်း နိုင်ငံရေးဦးစားပေးဂျာနယ်များထက် အားကစားဂျာနယ်များနှင့် သတင်းဂျာနယ် အချို့သာ ရောင်းအားကောင်း


၂၀၁၀ ပြည့်နှစ် ဂျာနယ်ဈေးကွက်အတွင်း ဂျာနယ်အမျိုးအစားပေါင်း ၁၅၂ မျိုး ထွက်ရှိနေသည့် အနက် နိုင်ငံရေး ဦးစားပေး ဂျာနယ်များထက် အာကစားဂျာနယ်များနှင့် သတင်းဂျာနယ် အချို့သာ ရောင်းအား ကောင်းနေလျက်ရှိသည်။ ထို့ပြင် ယခုလပိုင်းများအတွင်း၌ ဂျာနယ်အသစ်များ ထွက်ရှိလာခဲ့သော်လည်း ဂျာနယ်သစ်များ၏ အနေအထားမှာ အားယူနေရဆဲ ဖြစ်ကြောင်းနှင့် နိုင်ငံရေး ဦးစားပေးသော ဂျာနယ်များ၏ ရောင်းအားမှာလည်း သိသာစွာ တိုးတက်မှု မရှိကြောင်း သိရပါသည်။

လက်ရှိအချိန်တွင် ပြည်တွင်း ဂျာနယ်ဈေးကွက်အတွင်း၌ ထုတ်ဝေလျက်ရှိသော ဂျာနယ်အမျိုးအစားပေါင်း ၁၅၂ မျိုးရှိနေသည့်အတွက် ၂၀၀၉ ခုနှစ်အတွင်းက ထွက်ရှိနေသော အပတ်စဉ်ထုတ်ဂျာနယ်အမျိုးအစားပေါင်း ၁၈၉ မျိုးနှင့် နှိုင်းယှဉ်ပါက ဂျာနယ်ထွက်ရှိမှုအရေအတွက်မှာကျဆင်းသွားသည်။ အပတ်စဉ် ထုတ်ဝေလျက်ရှိသော ဂျာနယ် အမျိုးအစားပေါင်း ၁၅၀ ကျော်တွင် သတင်းဂျာနယ်များက အမျိုးအစား အများဆုံးဖြင့် ထုတ်ဝေနေသော်လည်း ဂျာနယ်ဈေးကွက်၏ ၀ယ်လိုအား အများစုကိုမူ အားကစားဂျာနယ်များက ဦးဆောင်နေဆဲဖြစ်ကြောင်း ဂျာနယ်လက်ကားအရောင်းဆိုင်များနှင့် ဂျာနယ်လက်လီအရောင်းဆိုင်များမှ တာဝန်ရှိသူများကဆိုသည်။

''သတင်းဂျာနယ်တွေ အတွက်ကတော့ သတင်းက အရေးကြီးနေတုန်းပါပဲ။ ပုံမှန်ဝယ်ဖတ်နေတဲ့ သူတွေ ရှိနေပေမယ့် သတင်းကောင်းမှ ၀ယ်ဖတ်သူတွေကလည်း ရှိနေပါတယ်။ ရောင်းအားကောင်းတဲ့ သတင်းဂျာနယ်တွေက စာဖတ်ပရိသတ် သိချင်တဲ့ သတင်းတွေကို များများဖော်ပြနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြည်သူ စိတ်ဝင်စားတဲ့ သတင်း ဖော်ပြနိုင်တဲ့ ဂျာနယ်တွေက ရောင်းအားတက်သွားကြတာပါပဲ။ ကျွန်တော် ဂျာနယ်ရောင်းခဲ့ရတဲ့ အတွေ့အကြုံကတော့ ကိုယ်လုပ်တဲ့ လုပ်ငန်း အပေါ်မှာ အာရုံစိုက်ပြီး စာဖတ်ပရိသတ်ကို စေတနာထားတဲ့ သူတွေက ရပ်တည်သွားနိုင်ကြတာပါပဲ'' ဟု မိုးကောင်းကင်စာပေမှ ဦးစိုးအောင်က ပြောကြားသည်။

စာဖတ်ပရိသတ်များ အနေဖြင့်လည်း သုံးစွဲနိုင်သော ငွေကြေးကို ချင့်ချိန်တွက်ချက်ပြီး ဂျာနယ်များကို ရွေးချယ်ဝယ်ယူ ဖတ်ရှုလာကြသည့် နည်းတူ ဂျာနယ်တစ်စောင်၏ ရပ်တည်မှု၊ ရိုးသားမှုနှင့် စာဖတ်ပရိသတ်အပေါ် စေတနာထားမှု စသော အချက်များကို ကြည့်ရှုပြီးမှ ဖတ်ရှုလာကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Bi Weekly Eleven နှင့်ခေတ်လူငယ်မှ

Saturday, June 5, 2010

NDF ကို ကန့်ကွက်ခြင်း မပြုသကဲ့သို့ ထောက်ခံခြင်းလည်း မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါက်တာသန်းငြိမ်း နှင့် ဦးခင်မောင်ဆွေတို့ NDF ပါတီတည်ထောင်၍ မှတ်ပုံတင်ခြင်းကိစ္စရပ် အပေါ်၌ ရှုတ်ချခြင်းလည်း မပြုသလို၊ ထောက်ခံခြင်းလည်း မပြုကြောင်း၊ ၄င်းတို့ပါတီသည် NLD ပါတီနှင့် မည်သို့မှ မသက်ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည်ဟု သိရသည်။
ယမန်နေ့ညနေပိုင်းက NLD ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံစဉ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က
(၁) တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်ကို မြန်မာစစ်အစိုးရက လက်ခံတွေ့ဆုံသည်ဟု သိရကြောင်း၊ အိမ်နီးချင်းနိုင်ငံတခု အနေဖြင့် ချစ်ကြည်ရင်းနှီးမှုမှာ အလွန် အရေးကြီးသည့် အတွက် ထိုတွေ့ဆုံခြင်းအပေါ် ၀မ်းမြောက်စွာ လက်ခံပါကြောင်း၊
(၂) အမေရိကန် အထက် လွှတ်တော် အမတ်(၆)ဦးက NLD ပါတီကို လက်ရှိ တရားဝင်ပါတီအဖြစ် ထောက်ခံ အားပေးနေခြင်းကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း၊
(၃) ဦးအောင်ဆန်းဦးက စွဲဆိုခဲ့သောအမှုကိစ္စ အပေါ်၌လည်း တရားဥပဒေနှင့်အညီ ဆက်လက် ရင်ဆိုင်သွားမည် ဖြစ်ကြောင်း၊
(၄) မြန်မာပြည်သို့ လာရောက်မည်ဟု ဆိုသော အမေရိကန်နိုင်ငံ အထက်လွှတ်တော် အမတ် မစ္စတာဂျင်ဝက်ဘ် နှင့်လည်း တွေ့ဆုံခွင့်ရပါက တွေ့ဆုံ လိုပါကြောင်း၊
(၅) ၄င်း၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်ပါကြောင်း
စသည်ဖြင့် ပြောကြားသွားခဲ့သည်ဟု သိရသည်။
(ဘားမား ပါပါရာဇီ)

Sunday, May 30, 2010

န.အ.ဖ ရွေးကောက်ပွဲဝင်ဖို့ ပြင်နေသည့်ပါတီများ သတိပြုရန်

န.အ.ဖ ကတော့ သူ့ဂွင်ထဲဝင်လာမယ့် အမဲတွေကို တဖြည်းဖြည်းဖဲ့စပြုလာနေပါပြီ။
မှတ်ပုံတင်ခွင့် ရရှိပြီးသော နိုင်ငံရေးပါတီများက သတ်မှတ်ထားသည့် ပါတီဝင် အင်အားစာရင်းကို ကော်မရှင်သို့ တင်ပြရန် ထုတ်ပြန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ်(၆၄/၂၀၁၀)ကို မေလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ကြေညာချက်အရ -
၁။ နိုင်ငံရေးပါတီများသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက် ထားရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅(စ)နှင့်အညီ “ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ဖြစ်ပါက နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို စည်းရုံးမည် ဖြစ်ကြောင်း ၀န်ခံ ချက် (သို့မဟုတ်) တိုင်းဒေသကြီး/ ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ ကို စည်းရုံးမည် ဖြစ်ကြောင်း “၀န်ခံချက်” များနှင့် အတူ တင်ပြ လျှောက်ထား ခဲ့ကြပါသည်။
၂။ သို့ဖြစ်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးသော ပါတီများသည် မှတ်ပုံတင် ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅(စ)ပါ ၀န်ခံချက်အတိုင်း သတ်မှတ်ထားသည့် ပါတီဝင် အရေအတွက်ကို စည်းရုံး ရရှိပြီးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ သတ်မှတ်ပုံစံများဖြင့် လာရောက် တင်ပြရမည် ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
၃။ သတ်မှတ်ချက်အတိုင်း ပါတီဝင်ဦးရေကို စည်းရုံး ရရှိပြီးဖြစ်ကြောင်း ကော်မရှင်သို့ တင်ပြ ဆောင်ရွက်ခြင်း မပြုနိုင်လျှင် ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းရမည်ဟု နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပေဒပုဒ်မ ၁၂ တွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြ ထားပါသည်။

“၂၀၁၀ ရွေးကောက်ပွဲက သင့်ကို အသေရရ အရှင်ရရ ကြိုဆိုသည်” (ကာတွန်းဘီရုမာ-မိုးမခ၀က်ဘ်ဆိုက်)

ဇွန်လဆန်းတွင် မြန်မာတစ်နိုင်လုံးသို့ မုတ်သုံဝင်ရောက်ပျံ့နှံ့မည်

အနောက်တောင်မုတ်သုံလေမှာ မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်နေပြီ ဖြစ်သဖြင့် တစ်နိုင်ငံလုံးသို့ ဇွန်လဆန်းတွင် ဝင်ရောက် ပျံ့နှံ့သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မုတ်သုံမှာ မြန်မာနိုင်ငံ တောင်ပိုင်းသို့ မေ ၁၈ ရက်တွင် ဝင်ရောက်ခဲ့ပြီး မြစ်ဝကျွန်းပေါ်ဒေသများသို့ မေ ၂၁ ရက်တွင် ဝင်ရောက်ခဲ့သည်။ ဆက်လက်၍လည်း မေလ ၂၆ ရက်၊ ၂၇ ရက် ဝန်းကျင်တွင် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်နိုင်ပြီး ဇွန်လဆန်း ၃၊ ၄ရ က်တွင် တစ်ပြည်လုံးသို့ ဝင်ရောက်နိုင်ဖွယ် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူဖြစ်သော ဦးချစ်ကျော်က ရှင်းပြသည်။
“မြန်မာနိုင်ငံတောင်ပိုင်း ကတော့ ဆယ်ရက်လောက် နောက်ကျတယ်။ မြစ်ဝကျွန်းပေါ်က လေးရက်နောက်ကျတယ်။ ကျန်ဒေသတွေ ကတော့ ပုံမှန် အတိုင်းပဲ။ ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။ မုတ်သုံဆုတ်ခွာချိန်ကို လာမည့် စက်တင်ဘာလ ပထမ ၁၀ ရက်တွင် မြန်မာနိုင်ငံ မြောက်ပိုင်း၊ စက်တင်ဘာလ ဒုတိယ ၁၀ ရက်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ အောက်တိုဘာလ ပထမ ၁၀ ရက်တွင် မြန်မာနိုင်ငံ တောင်ပိုင်းမှ အသီးသီး ဆုတ်ခွာဖွယ်ရှိကြောင်း သိရသည်။
ယခုမုတ်သုံ ဝင်ရောက်မှုနှင့် မုတ်သုံထွက်မည့် အချိန်များကို သုံးသပ်ပါက ယခုနောက်ပိုင်းနှစ်များနှင့် များစွာ မကွာခြားလှဘဲ ရှေးယခင်နှစ်များကနှင့် နှိုင်းယှဉ်လျှင်မူ မုတ်သုံကာလ တိုတောင်းသွားကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ လက်ရှိ ကမ္ဘာ့ရာသီဥတု အခြေအနေများကြောင့် ယခုနှစ်မှာ ပုံမှန်နှစ်ဖြစ်ရန် ၅၀ ရာခိုင်နှုန်း၊ မိုးများခြင်း၊ မုန်တိုင်းဖြစ်ပွားမှုများခြင်းနှင့် ရေကြီးလေ့ရှိသော လာနီညာရာသီဥတု ဖြစ်ပွားရန် ၄၀ ရာခိုင်နှုန်း၊ ပူပြင်းခြောက်သွေ့သော အယ်လ်နီညိုနှစ် ဖြစ်ပွားရန် ၁၀ ရာခိုင်နှုန်းသာရှိကြောင်း မိုးလေဝသပညာရှင်က ရှင်းပြသည်။ ထို့ကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းများကပင် အယ်လ်နီညို ရာသီဥတုဒဏ် ခံစားနေရာမှ ယခုအခါ လာနီညာဖြစ်နိုင်ခြေ မြင့်တက်လာပြန်၍ ရာသီဥတုပြောင်းလဲမှုမှာ လျင်မြန်စွာ ဖြစ်ထွန်းနေပြီး ကြိုတင်ခန့်မှန်းရန် ပို၍ ခက်ခဲလာကြောင်း ဒေါက်တာထွန်းလွင်ကပြောကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

မိနစ် ပုတ်ပြတ်စနစ်နဲ့ Skype ဝယ်နိုင်ပြီ

နိုင်ငံတကာကို ဖုန်းခေါ်ဆိုနိုင်တဲ့ Skypeကလစဉ် မိနစ်ပုတ်ပြတ်စနစ်နဲ့ ကြိုက်နှစ်သက်တဲ့ နိုင်ငံအလိုက် ရွေးချယ်ဝယ်နိုင်ပြီလို့ သိရတယ်။ ပုတ်ပြတ် စနစ်ကို ဇွန်လ ၁ ရက်နေ့ကစပြီး အသုံးပြုနိုင်မှာပါ။ လာရောက် ငွေမသွင်းနိုင်တဲ့ သူတွေအတွက် အိမ်တိုင်ရာရောက် ကောက်ခံ ပေးမယ်လို့ ဆိုပါတယ်။ လစဉ် ပုတ်ပြတ်စနစ်နဲ့ မိနစ် ၆၀၊ မိနစ် ၁၂၀၊ မိနစ်၁၀,၀၀၀ အထိ ဝယ်နိုင်ပါတယ်။ ပုတ်ပြတ်စနစ် ဝယ်မယ်ဆိုရင် ထိုင်း၊ စင်ကာပူ၊ အမေရိကန်၊ ကနေဒါတို့ကို တစ်မိနစ် ၇၅ ပြားသာ ကျသင့်မယ်လို့ သိရတယ်။ ‘ပုတ်ပြတ်စနစ်ကြောင့် ခေါ်ဆိုခတွေက ကျပ် ၁၀၀လောက် ဈေးကျသွားတယ်၊ ပုတ်ပြတ်စနစ် မသုံးချင်ရင်လဲ အရင်ကလို ကြိုက်သလောက်ပြော ကျသလောက် ရှင်းစနစ်နဲ့ပဲဆက်ခေါ်နိုင်တယ်’ လို့ Skyper Business Group မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သူက ‘Skype ရဲ့အားသာချက်က ဗီဒီယိုနဲ့အခမဲ့ ပြောနိုင်တယ်၊ မြန်မာ ဘာသာနဲ့ ချက်နိုင်တယ်၊ မြန်မာဘာသာနဲ့လဲ အိုင်ဖုန်းကိုအက်စ်အမ်အက်စ် ပို့နိုင်တယ်။ သူငယ်ချင်း လေးငါးယောက်နဲ့ စကားဝိုင်းဖွဲ့ပြောဖို့တစ်ပြိုင်နက် ခေါ်ဆိုပြီး ဖုန်းပြောနိုင်တယ်’လို့ ပြောပါတယ်။ Skype ရဲ့ မိနစ်ပုတ်ပြတ်စနစ်ကို စင်ကာပူ၊ ထိုင်း၊ ဟောင်ကောင်၊ အမေရိကန်၊ တရုတ်၊ မလေးရှား၊ ဒူဘိုင်း၊ ကိုရီးယား၊ ဂျပန်၊ တရုတ်(တိုင်ပေ)၊ ဂျာမနီ၊ နော်ဝေ၊ ဗြိတိန်၊ ရုရှား၊ မြန်မာ၊ အိန္ဒိယ၊ ကာတာ၊ အိုမန်၊ သြစတြေး လျား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နိုင်ငံတွေမှာ ဝယ်ယူနိုင်တယ်လို့သိရကြောင်း ၂၀၁၀ ခုနှစ်မေလ ၂၈ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

Friday, April 30, 2010

ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျဉ်း နှင့် အသုဘရှုတရားနာ

ကောင်းရာ သုကတိလားပါစေ
* အမည် - ကိုမောင်မောင်ငြိမ်း
* အသက် - (၄၃) နှစ်
* ပညာအရည်အချင်း - အခြေခံပညာအထက်တန်း
* ဇနီးအမည် - မချမ်းလွန် (Internews)
* အဖအမည် - ဦးတင်မောင် (ဗိုလ်မှူးကြီး-ကွယ်လွန်)
* မွေးရာဇာတိ - ရန်ကုန်
* လက်ရှိတာဝန် - အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)။ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)။ အယ်ဒီတာချုပ်၊ ရိုးမ ၃ သတင်းဌာန။

၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုတွင် တပ်မတော်သားတယောက်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။ ပြည်သူဘက်က ရပ်တည်လှုပ်ရှားခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းအပြီးတွင် လွတ်မြောက်ဒေသသို့ ထွက်ခွာလာခဲ့သည်။ မူလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကျောင်းသားတပ်မတော်တွင် တပ်ရင်းမှူးတာဝန်ထိ ဆောင်ရွက်ခဲ့သည်။ ၁၉၉၅ ခုနှစ်ခန့်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသားတပ်မတော်နှင့် (PDF) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သော ကာလတလျှောက် ရှေ့တန်းစစ်မြေပြင်များတွင် အချိန် အများစု တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ် တပ်မှူးတာဝန်၊ နိုင်ငံရေး/စစ်ရေးဦးဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်သည် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) ၏ အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ကိုမောင်မောင်ငြိမ်းသည် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်နှင့် ပြည်တွင်းလုပ်ငန်းကော်မတီတို့တွင် ပါဝင်ဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၀၆ ခုနှစ်မှစ၍ ရိုးမ ၃ သတင်းဌာန၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ဗထူးအမည်ဖြင့် သတင်းများကို ရေးသားခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်း ရိုးမ ၃ သတင်းဌာနမှ ထုတ်ဝေသော 'မြန်မာ့ သားကောင်းများအတွက် ဝမ်းနည်းဖွယ်ရာ ကလေးစစ်သားများ' အမည်ရှိ အစီရင်ခံစာကို ဦးစီးထုတ်ဝေခဲ့သည်။

ကိုမောင်မောင်ငြိမ်းသည် မောင်ငြိမ်းလူ(ဟယ်လ်ပင်) ကလောင်အမည်ဖြင့် ကဗျာများကိုလည်း ရေးသားခဲ့သည့်အပြင် စာပေအသိုင်းအဝိုင်းမှ ကဗျာဆရာ၊ စာရေးဆရာများနှင့် စာပေလှုပ်ရှားမှုများတွင် ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၁၀ ပြည့်နှစ်၊ ကြာသာပတေးနေ့၊ နံနက် ၃ နာရီအချိန်တွင် ရိုးမ ၃ သတင်းဌာနရုံး၌ အသဲရောဂါ၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ၎င်း၏ ချစ်လှစွာသော ဇနီးသည် မချမ်းလွန် ကျန်ရစ်ခဲ့သည်။
သင်္ဂြီုဟ်မည့်အစီအစဉ်

* အချိန် - နေ့လည် (၁) နာရီ။
* နေ့ရက် - ၂၀၁၀ ပြည့်နှစ်၊ မေလ (၁) ရက် (စနေနေ့)။
* နေရာ - ဘန့်နူရာရပ်ကွက်၊ ဝပ်ဘွန်ယာဝပ်ဘုန်းကြီးကျောင်း။

အသုဘရှုတရားနာ (ယနေ့မှ သင်္ဂြီုဟ်မည့်ရက်အထိ)

* ညနေတရားနာချိန် - (ည ၈ နာရီ)
* နံနက်တရားနာချိန် - (နံနက် ၇ နာရီ)

Thursday, February 18, 2010

အကျဉ်းသားများ အခွင့်အရေး တောင်းဆိုချက်

အကျဉ်းသားများအနေဖြင့် အောက်ပါအခွင့်အရေးများကို
သက်ဆိုင်ရာထောင်အာဏာပိုင်များထံသို့ ၁ရ.၂.၂၀၁၀
နေ့မှစ၍ တောင်းဆိုလိုက်သည်။
၁။ သတင်းစာအပါအဝင် စာပေဖတ်ရှုခွင့် ပြည့်ပြည့်ဝဝရရှိရေး
၂။ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ပြည့်ဝဝရရှိရေး
၃။ အကျဉ်းသားအားလုံး ပိုမိုကောင်းမွန်သော အစားအသောက်ရရှိရေး
၎။ နိုင်ငံရေးအကျဉ်းသားများ အဆောင်ပရဝုဏ်အတွင်း ထောင်ပိတ်ချိန်မှအပ
အချိန်ပြည့်သွားလာနိုင်ရေး
၅။ စာပေ ရေးသားလေ့ကျင့်ခွင့် ရရှိရေး။

တောင်းဆိုရသည့်အကြောင်းအရင်းများ

အချက် ၁။ ။ သွင်းပို့သော စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ် စသည်များကို တပါတ်၊
ဆယ်ရက်ကြာမျှကြံ့ကြာခြင်း၊ စာအုပ်များတွင် ဆုတ်ဖြဲပယ်ဖျက်ခြင်း၊
ဖြတ်တောက်ခြင်း၊ သတင်းစာပုံမှန်မရရှိခြင်း၊ တခါတရံ လုံးဝမရခြင်း၊
၂ရက်၃ရက်ကြာမှ ရရှိခြင်း။
အချက် ၂။ ။ သောက်ဆေး၊ ထိုးဆေး လုံလောက်စွာမရခြင်း၊ ဆရာဝန်နှင့်တွေ့ရန်
ခက်ခဲကြံ့ကြာခြင်း။ တိုက်ပိတ် အကျဉ်းသားများအတွက်
မိလ္လာခွက်များအဖုံးမပါရှိခြင်း။
အချက် ၃။ ။ နီရဲကြမ်းတမ်းပြီး စပါးလုံး၊ ခဲများရောနေသော ဆန်ထမင်းကိုသာ
စားရခြင်း၊ တပါတ်လျှင် နှစ်နပ်အသားစား ရသော်လည်း ကျန်ရက်များတွင်
ပိုးကောင်များပါသောပဲဟင်း၊ ညစ်ပါတ်သော ချဉ်ပေါင်ရွက်၊ ကန်သွန်းရွက်၊
ဟင်းရွက်ပြုတ်ကိုသာ စားရခြင်း၊ ဆားမရရှိခြင်း၊ ရရှိသောဟင်းများမှာ
နံစော်၍ ထမင်းစားရန်မဖြစ်နိုင်ခြင်း။
အချက် ၄ ။ ။ နိုင်ငံရေးအကျဉ်းသားများသည် တိုက်ခန်းအကျဉ်းမှာ မနက်(၁)နာရီ၊
နေ့ခင်း(၁)နာရီသာ အပြင်ထွက်ခွင့်ရခြင်း၊ ကျန်အချိန်များတွင် တိုက်ထဲတွင်
အပိတ်ခံထားရခြင်း။
အချက် ၅ ။ ။ မည်သည့် အကျဉ်းသားမျှ စာပေလေ့ကျင့်ရန် ဘောပင်၊
စာရွက်ကိုင်ဆောင်ခွင့်မရခြင်း၊ တွေ့ရှိပါက စစ်ခွေးတိုက် သို့
ပို့ဆောင်အရေးယူခြင်း၊ မိသားစုထံသို့ အကြောင်းကြားစာရေးသားခွင့်မရခြင်း
စသည့်အချက်တို့ကြောင့် တောင်းဆိုခြင်းဖြစ်သည်။

အကျဉ်းသားများကိုယ်စား
အင်းစိန်(ဗဟို)အကျဉ်းထောင်
ရန်ကုန်
မျှဝေပေးသူ U AUNG MYO THEIN အားကျေးဇူးတင်ရှိပါသည်။

Friday, May 2, 2008

ဆန္ဒမဲပေးခွင့်ရှိသူစာရင်းကို ဆန္ဒခံယူပွဲမကျင်းပမှီ တစ်ပတ်အလိုတွင်ကြေညာမည်


နအဖတဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နှင့်ပတ်သက်၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို လာမည့် မေလ ၁၀ ရက်(စနေနေ့)တွင်ကျင်းပမည်ဖြစ်ရာ ဆန္ဒခံယူပွဲမကျင်းပမီ တစ်ပတ်အလိုတွင် ဆန္ဒမဲပေး ခွင့်ရှိသူစာရင်းများကို အများပြည်သူတို့သိရှိနိုင်စေရန် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်ဟု ပြည်တွင်း ထုတ်ဂျာနယ်များတွင် ရေးသားဖော်ပြထားသည်။

ယင်းသို့ကြေညာရာတွင်လည်း ဆန္ဒမဲပေးခွင့်ရှိသူများသိသာနိုင်စေရန် အသံချဲ့စက်ဖြင့်ကြေညာပေးခြင်း ဖြင့်သော်လည်းကောင်း၊ မဲစာရင်းကပ်၍သော်လည်းကောင်း (သို့မဟုတ်) အခြားတစ်နည်းနည်းဖြင့်သော် လည်းကောင်း ကြေညာပေးသွားမည်ဖြစ်ကာ ဆန္ဒမဲပေးပွဲတွင် ပါဝင်ခွင့်ရှိပါလျှက် အဆိုပါမဲပေးခွင့်ရှိသူ စာရင်း တွင် မိမိအမည်ပါဝင်ခြင်းမရှိပါကလည်း ခုနစ်ရက်အတွင်းတွင် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများသို့တင်ပြ အကြောင်းကြားနိုင်ကြောင်းဖော်ပြထားသည်။

နအဖထုတ်ပြန်ထားသော မဲဆန္ဒပေးခြင်းဆိုင်ရာစည်းကမ်းဥပဒေစာအုပ်အစိမ်း အခန်း(၂) မဲစာရင်းများ ပြုစုခြင်း၊ နည်းဥပဒေပုဒ်မ(၄)အရ ဆန္ဒမဲပေးသူများ အနေဖြင့် ဆန္ဒမဲ လက်မှတ်ပေါ်ရှိ သတ်မှတ်နေရာများတွင် ထောက်ခံလျှင် (အမှန်အမှတ်အသား) ခြစ်၍သော်လည်းကောင်း၊ မထောက်ခံလျှင် (ကြက်ခြေခတ်အမှတ်အ သား)ခြစ်၍သော်လည်းကောင်း၊ လွတ်လပ်စွာမဲဆန္ဒပေးနိုင်ကြသည်ဟု ထုတ်ပြန်ထားသော်လည်း မထောက်ခံပဲ ကန့်ကွက်မဲပေးမည့်သူများကို ယခုကတည်းက ကြံ့ဖွတ်နှင့်စွမ်းအားရှင်တို့ကရန်ရှာခြိမ်းခြောက်လျှက်ရှိကြောင်း သိရသည်။

Thursday, May 1, 2008

ဆန္ဒခံယူပွဲရလာဒ်များကို ယင်းနေ့၌ပင် ထုတ်ပြန်ကြေညာမည်မဟုတ်ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ ဥက္ကဌ ဦးလှစိုးပြောဆို

ဖိုးဝအင်တာနက်စာမျက်နှာမှ-

လာမည့်မေလ(၁၀)ရက်နေ့တွင်ကျင်းပမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲများကိုရေတွက်သွားမည်ဖြစ် သော်လည်း ရလာဒ်များကိုမူ (၁၉၇၄)ခုနှစ်ကကျင်းပခဲ့သည့် ဆန္ဒခံယူပွဲနည်းတူပင် အများပြည်သူသို့ ယင်းနေ့ မှာပင် ချက်ချင်းထုတ်ပြန်ပေးသွားမည်မဟုတ်ကြောင်း၊ ရန်ကုန်မြို့ဇေယျာသီရိဗိမာန်တွင်ကျင်းပခဲ့သည့် ဆန္ဒခံ ယူပွဲကျင်းပရေးနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိစီးပွားရေးလုပ်ငန်းရှင်ကြီးများသို့ ရှင်းလင်းပွဲတွင်ရန်ကုန်တိုင်း ကော် မရှင်အဖွဲ့ဥက္ကဌဦးလှစိုးက အတိအလင်းထုတ်ဖော်ပြောကြားသွားခဲ့တယ်လို့ ဖိုးဝအင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

အဆိုပါရှင်းလင်းပြောကြားပွဲသို့ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များမှ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရမ ဟုတ်သော အဖွဲ့အစည်း (NGO)များမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ပါမောက္ခများနှင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးလှစိုးက ရန်ကုန်တိုင်းအတွင်း ဆန္ဒမဲ ပေးခွင့်ရှိသူ ၄.၆သန်း ရှိကြောင်းကိုလည်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

ထို့အပြင် ရပ်ကွက်ပေါင်း(၁၂၇၃)ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသောရန်ကုန်တိုင်းအတွက် မဲရုံပေါင်း (၂၅၀၀) ကျော်ကိုဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါမဲရုံများမှထွက်ရှိသောမဲများအား ‘ထောက်ခံမဲ‘၊ ‘ကန့်ကွက် မဲ‘၊ ‘ပယ်မဲ‘စသည်ဖြင့်စိစစ်ခွဲခြားကာ အဆင့်ဆင့်သော လုပ်ထုံးလုပ်နည်းများနှင့်အညီပင် ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲကျင်းပရေးကော်မရှင်ထံသို့သာ တိုက်ရိုက်တင်ပြသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြား ခဲ့တယ်လို့ အဆိုပါဖိုးဝအင်တာနက်စာမျက်နှာမှာ ရေးသားတင်ပြထားပါတယ်။

Sunday, April 27, 2008

ရန်ကုန်သံဃာများ ဆန္ဒပြရန် ကြိုးစားပြီ


ထောက်ခံမဲ ပေးကြရန် ၀ါဒဖြန့်လက်ကမ်းစာရွက်ကို ခြေနှင့် နင်းပြနေသော မြန်မာလူငယ်တဦး


သံဃာတော်များ စွာပါဝင်သော လူတစ်စုက ရွှေတိဂုံဘုရားတွင် ယနေ့ ၁၂း၃၀ခန့်က လူစုဆန္ဒပြရန် ကြိုးစားသော်လည်း ရွှေတိဂုံဘုရားပေါ် မတက်ရသဖြင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်ခဲ့ရသည်။

သံဃာများကို ရွှေတိဂုံဘုရားသို့ ၀င်ရောက်ခွင့်မပြုဘဲ ရန်ကုန်ထဲသို့ အခြားဆင်ခြေဖုံးနှင့် နယ်မြို့များမှ ဘုရားဖူးရန်လာရောက်ကြသော သံဃာတော်များကိုလည်း ဘုရားလှေကားအောက်ဖက် တွင်ရှိနေသောလုံထိန်းရဲများနှင့် ဘုရားလုံခြုံရေးယူနီဖောင်းဝတ်စစ်သားများက ဘုရားပေါ် မတက်ရောက်ရန်ပိတ်ပင်တားမြစ်ခဲ့သည်။ မွန်းလွဲ ၁ နာရီခန့်မှစတင် လူစုရန် ကြိုးစားကြသော်လည်း ရဲနှင့်လုံထိန်းများက ဘုရားဖူး လာရောက်ကြသော သံဃာများနှင့်ပြည်သူများများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သဖြင့် လူမစုမိနိုင်ပဲ လူစုကွဲသွားခြင်း ဖြစ်သည်။

ယနေ့ နံနက်ပိုင်းကတည်းက ရန်ကုန်တွင် သံဃာများ လှုပ်ရှားမှု စနေပြီး မြေနီကုန်းတွင် သံဃာများကို ကားပေါ်မှ ဆွဲချကြောင်း သတင်းရသည်။ ထို့နောက် သံဃာများသည် ရွှေတိဂုံစေတီသို့ သတ်မှတ် အစီအစဉ်အတိုင်း စုရုံးလာသောအခါ ရဲနှင့် စစ်သားများက ၀ိုင်းဝန်း ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။

ဟစ်တိုင်

Wednesday, April 23, 2008

ဦးဂမ္ဘီရနှင့်မြန်မာသံဃာတော်များ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆုချီးမြှင့်ခံရ

ဧရာဝတီ | ဧပြီ ၂၂၊ ၂၀၀၈



မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရနှင့် မြန်မာ သံဃာတော်များအား အင်္ဂလန်နိုင်ငံအခြေစိုက် Index on Censorship မဂ္ဂဇင်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆုကို ချီးမြှင့်လိုက်ကြောင်းသိရသည်။

ယမန်နှစ်က မြန်မာနိုင်ငံတွင်ပေါ်ပေါက်ခဲ့သော သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေး သည် လူ့အခွင့်အရေးအဖွဲ့များ အာရုံစိုက်စရာဖြစ်စေခဲ့သလို ဆရာတော်ဦးဂမ္ဘီရသည်လည်း ၎င်းလှုပ်ရှားမှုတွင် အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်ခဲ့သည့်ပုဂ္ဂိုလ်ဖြစ်သောကြောင့် ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ယမန်နေ့ညနေက လန်ဒန်တွင်ပြုလုပ်သည့်ဆုပေးပွဲ၌ု Index on Censorship မဂ္ဂဇင်း၏ တာဝန်ခံကပြောဆိုကြောင်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ထုတ်လွှင့်ခဲ့သည်။

အဆိုပါဆုကို လန်ဒန်မြို့ရှိ ဆရာတော် ဦးဥတ္တရနှင့် ဘလော့ဂါ ကိုထိုက်တို့က လက်ခံရယူခဲ့ကြောင်းလည်း သိရသည်။ ဆရာတော် ဦးဂမ္ဘီရသည် ရန်ကုန်တိုင်း ရဟန်းပျိုအဖွဲ့၏ ဦးဆောင်ဆရာတော်တပါးလည်းဖြစ်ပြီး လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

Saturday, April 5, 2008

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပုံးတစ်ပုံးသာထားရှိမည်

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား ပြည်သူလူထုအနေဖြင့် သဘောတူထောက်ခံခြင်းရှိမရှိကိုကောက်ယူမည့် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကို လာမည့်မေလတွင်ကျင်းပရာ၌ ဆန္ဒမဲ ပေးသည့် မဲရုံတစ်ရုံတွင် မဲပုံးတစ်ပုံးသာ ထားရှိသွားမည် ဖြစ်သည်ဟု ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော် မရှင်မှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြော ကြားသည်။ ၎င်း၏ဆက်လက်ပြောဆိုချက်များအရ သက်ဆိုင်ရာနေရာဒေသအသီးသီးရှိ မဲရုံများတွင် မဲပုံး တစ်ပုံးစီသာထားရှိသွားမည်ဖြစ်ပြီး အဆိုပါ တစ်ခုတည်းသော မဲပုံးအတွင်းသို့ပင် ထောက်ခံမဲရော ကန့်ကွက်မဲပါ ထည့်ကြရမည်ဖြစ် သည်ဟုဆိုသည်။ ထိုကဲ့သို့ မဲရုံတစ်ရုံတွင် မဲပုံးတစ်ပုံးသာထားရှိသည့် စနစ်မှာ လက်ရှိတွင် နိုင်ငံတကာ၌အသုံးပြုနေသည့်စနစ်လည်းဖြစ်သည်ဟု ဆိုသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို လာမည့်မေလအတွင်းတွင်ကျင်းပရာ၌ လမ်းပန်းဆက်သွယ်မှု ခက်ခဲသည့် ဒေသများအပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ မဲရုံပေါင်း သောင်းနှင့်ချီ၍ တည်ထောင်သွားရန်ရှိကာ မဲပေးမှုကို တစ်နေ့တည်းအပြီးပြုလုပ်သွားမည်ဖြစ်သည်ဟု ဆိုသည်။(ဖိုးဝ)

Thursday, March 13, 2008

စိုင်းထီးဆိုင်၏ နောက်ဆုံးခရီး ပရိသတ်သောင်းချီပို့ဆောင်

(ဒီမိုကရက်တစ်မြန်မာ့အသံမှ)
နော်စေးဖော ၁၂-၃-၂၀၀၈




အဆိုတော် စိုင်းထီးဆိုင်ရဲ့ ဂူသွင်းဈာပနကို ဒီညနေ ၅း၀၀ နာရီ ရေဝေးသုသာန်မှာ ဆောင်ရွက်ပြီး ရုပ်ရှင်၊ စာပေ၊ ဂီတလောကသားတွေတက်ရောက်တယ်လို့ ဈာပနအခမ်းအနားသွားသူတဦးကပြောပါတယ်။

စိုင်းထီးဆိုင်ရဲ့နောက်ဆုံးခရီးကို ပို့ဆောင်ဖို့ ပြင်ဆင်နေတဲ့ ဇနီးဒေါ်ခင်သန်းစိုးက “ဒီနေ့ကတော့ သူ့ကိုလည်းပြန်တွေ့ရမှာပေါ့နော်” လို့ ပြောပါတယ်။



ဈာပနအခမ်းအနားကို အဆိုတော်ဘိုဖြူက ဦးဆောင်စီစဉ်ပေးပြီး ရုပ်ရှင်၊ စာပေ၊ ဂီတလောက သားတွေအပါအ၀င် ပရိသတ် သောင်းချီတက်ရောက်တယ်လို့ အခမ်းအနားတက်ရောက်သူ တဦးက ပြောပါတယ်။

စိုင်းထီးဆိုင်ရဲ့ဈာပနကို ချစ်ကောင်း၊ ဂျက်မြသောင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ခင်မောင်တိုး၊ ဂျေမောင်မောင်၊ ကျော်သူ၊ ဘိုဖြူ၊ ဆုန်သင်းပါ၊ သန္တာဝင်း၊ တင်တင်မြ၊ ချိုပြုံး၊ ဆောင်းဦးလှိုင် စတဲ့ အနုပညာရှင်တွေ ပို့ဆောင်တာတွေ့ရတယ်လို့လည်း ပြောပါတယ်။

“လူဦးရေကတော့ တသိန်းလောက်ရှိတယ်လို့ ပြောတယ်ဗျ။ ၀င်ပေါက်နဲ့ ထွက်ပေါက် လုပ်ပေး ထားတယ်ဗျ။ တခါတည်းဝင်ပြီးတော့ ၅ ယောက်တသုတ်ဝင် ပြီးတော့ ပြန်ထွက်သွားပေါ့နော်။ အဲလို မျိုးတွေနဲ့ တောက်လျောက်လည်နေတယ်ဗျ။ ဘိုဖြူကတော့ မနက်စောကြီးကလာပြီး ညမအိပ်ရုံပဲပေါ့နော်။ သူပဲအကုန်စီစဉ်နေပါတယ်။ အထဲမှာ သူက မိုက်ကလေးတွေနဲ့လည်း အော်နေတယ်။ စည်းကမ်းရှိဖို့ ဘာညာပေါ့နော်။ ”

စိုင်းထီးဆိုင်ဟာ လွန်ခဲ့တဲ့ တနင်္လာနေ့(၁၀-၃-၂၀၀၈)မနက်မှာ အသည်းကင်ဆာရောဂါနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် လင်းခေးမြို့မှာ ၁၉၄၉ မှာမွေးဖွားတဲ့ စိုင်းထီးဆိုင် ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ခင်သန်းစိုး၊ သားတယောက်နဲ့ သမီး ၂ ယောက် ကျန်ရစ်ပါတယ်။
(ဘိုထီးရဲ့ ပုံတူပန်းချီကို ပန်းချီဆရာမင်းကျော်ခိုင်က ရေးဆွဲပေးထားခြင်းဖြစ်ပါတယ်)

Twitter Delicious Facebook Digg Stumbleupon Favorites More