This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label တင်မောင်သန်းဆောင်းပါးမျး(Tin Maung Than Article). Show all posts
Showing posts with label တင်မောင်သန်းဆောင်းပါးမျး(Tin Maung Than Article). Show all posts

Tuesday, March 25, 2008

‘ထကြ‘(တင်မောင်သန်း)


မြန်မာနိုင်ငံတနိုင်ငံလုံးဟာ တကယ့်ဖြစ်ရပ်မှန်ကို ဒုတ်ဒုတ်ထိထိရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ အချိန် အခါကိုရောက်ရှိလို့လာခဲ့ပြီ။ အဲဒီအဖြစ်မှန်ကို ရင်ဆိုင်ရမယ့်သူတွေဟာ အစိုးရလက်နက်ကိုင်တပ်ဖွဲ့ တွေတင်မကဘူး။ ပြည်သူလူထုကလည်း အဖြစ်အမှန်ကို ရင်ဆိုင်ရတော့မှာဖြစ်တယ်။ ပြည်သူလူထုလို့ ဆိုရာမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ၀န်ထမ်း၊ ပညာတတ်၊ စီးပွားရေးသမား အားလုံးပါတယ်။

အရင်တုန်းကတော့ မြန်မာပြည်သူလူထုအပေါင်းရဲ့ ဒီမိုကရေစီရရှိရေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကလုပ်ကြလိမ့်မယ်လို့ လူတွေက လက်တွေ့အားဖြင့် သဘောထားပြုမှုနေထိုင်ခဲ့ကြပေတော့ပေါ့။
ယခင် ကျောင်းသားလှုပ်ရှားမှု၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ကြသူတွေ၊ နိုင်ငံရေးအစဉ်အ လာကြီးမားခဲ့တဲ့ပုဂ္ဂိုလ်တွေ၊ ရွေးကောက်ပွဲဝင်ခဲ့ပေမဲ့ အရွေးမခံခဲ့ရတဲ့ နိုင်ငံရေးသမားတွေပြောလေ့ရှိတဲ့ စကားတခွန်း ရှိပါတယ်။“လူထုကတော့ တာဝန်ကျေခဲ့ပြီ…”ဆိုတဲ့ စကားပါပဲ။

“ဟုတ်ကြရဲ့လား…”လို့ ကျနော်တို့ ကိုယ့်ကိုကိုယ်မေးရမယ့်အခြေအနေနဲ့ အချိန်အခါကို ရောက်ရှိလာခဲ့ ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ရွေးကောက်တင်မြှောက်ခံကြ ရတဲ့အမတ်တွေနဲ့၊ NLDပါတီအဆင့်အသီးသီးက ပါတီဝင်တွေဟာ သူတို့ယုံကြည်ယူဆသလို၊ သူတို့ကျွမ်းကျင်လိမ္မာ သလို အတတ်နိုင်ဆုံး ဒီမိုကရေစီရေးအတွက် ဆောင်ရွက်ခဲ့ကြပါတယ်။

တချို့လုပ်ပုံကိုင်ပုံ၊ ချည်းကပ်ပုံတွေကို ကျနော်တို့သဘောတူချင်မှတူကြပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ကိုယ်စ ကိုယ်စီရဲ့မိသားစုဘ၀တွေအထိပါ။ အဆုံးရှုံးခံပြီး၊ တချို့အပျက်အစီးခံပြီး ဒီမိုကရေ စီရေးအတွက် ဆောင်ရွက် ခဲ့ကြတဲ့ကျေးဇူးကို ကျနော်တို့မေ့လို့မဖြစ်ဘူး။
သူတို့တာဝန်ကို သူတို့အသေအကြေထမ်းရွက်ခဲ့ကြတာကို ကျနော်တို့ ဂုဏ်ပြုအသိအမှတ်ပြုကြရပါ လိမ့်မယ်။ ဒါပေမဲ့ ဒီမိုကရေစီရေးအောင်မြင်ဖို့ဆိုရင် ဒီလောက်အသိအမှတ်ပြုရုံနဲ့ မလုံလောက်သေးဘူး။
ဒီမိုကရေစီရေးဟာ မဲတပြားထည့်ခဲ့ရုံနဲ့ မပြီးသေးဘူးဆိုတဲ့ တကယ့်အဖြစ်မှန်ဟာ မြန်မာပြည်သူ အားလုံးရဲ့ရှေ့မှာ ထင်းထင်းကြီးပေါ်လာခဲ့ပါပြီ။

ဒီမိုကရေစီရရှိရေးဆိုတာ ဇာတ်ပွဲကြည့်တာမဟုတ်ပါဘူး။ ကသူက,က၊ ကြည့်သူကကြည့်ပြီး၊ လက်ခုပ်တီးရုံမျတီးတာနဲ့ ဒီမိုကရေစီဆိုတာဟာ စင်ပေါ်တက်မလာပါဘူး။

ဒီမိုကရေစီရရှိရေးဆိုတာ ရော့ပတ္တမြား၊ ရော့နဂါး၊ အရောင်းအ၀ယ်လုပ်သလို ချက်ချင်းလက်ငင်း အရာထင်ပေါ်လာတတ်တာမျိုးလည်း မဟုတ်ပါဘူး။

ဒီမိုကရေစီရရှိရေးဆိုတာ တန်ဖိုးအကြီးမားဆုံး၊ နှစ်ကာလအရှည်ဆုံး ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်တယ်။
ဒီမိုကရေစီရရှိရေးဆိုတာ အကြောက်တရားနဲ့လျောက်ရမယ့်ခရီးမဟုတ်သလို အမုန်းဒေါသနဲ့ အားယူ သွားရတဲ့ခရီးမျိုးလည်း မဟုတ်ပြန်ဘူး။
ကျနော်တို့လူထုရဲ့အချိန်ဟာ ကျရောက်လာခဲ့ပြီ။
ကျနော်တို့ တယောက်ကိုတယောက် အားပေးကြရမယ်။
ကျနော်တို့ တယောက်ကိုတယောက် ခေါ်သံပြုကြရမယ်။
ကျနော်တို့ တယောက်ကိုတယောက် ဖေးမကြရမယ်။
စိတ်ဓါတ်ကျနေသူသူ မြှင့်တင်ပေးရမယ်။
ပြင်းကြွနေသူကို ထိန်းသိမ်းတည့်မတ်ပေးရမယ်။
ချင့်ချိန်တွက်ချက်တတ်သလို စွန့်စားရဲရမယ်။

အခွင့်အလမ်းကိုမြင်၊ အမိအရဆုပ်ကိုင်တတ်သလို ရေရှည်အမျှော်အမြင်လည်းရှိရမယ်။ ဘယ်အခြေ အနေကိုပဲရောက်ရောက် လက်တွေကိုတော့ ဘယ်တော့မှ ကျနော်တို့ဖြုတ်ထားလို့မဖြစ်ဘူး။
တမျိုးသားလုံး ထကြ။ သခင်မျိုးတွေ ထကြ။ အမျိုးကောင်းသားတွေ ထကြ။ ကိုယ့်ကိုကိုယ် ဦးဆောင်ကြ။

သမိုင်းကို ကျနော်တို့မေ့လို့မဖြစ်ဘူး။ ၁၉၂၀ ပြည့်နှစ် ကောလိပ်ကျောင်းသားတွေ သပိတ်မှောက်ကြတဲ့ အခါ၊ တပြည်လုံးက အထက်တန်းကျောင်းသားတွေလည်း သပိတ်ထဲပါလာကြတယ်။ မန္တလေးမှာ သပိတ် မှောက်ကျောင်းသားတွေ မြို့ထဲလှည့်ကြတော့ ရာဇ၀တ်ဝန်မက်ဒေါ်နယ်နဲ့ ထိပ်တိုက် တည်မိကြတယ်။
“ခေါင်းဆောင်ဘယ်သူလဲ…”လို့ ရာဇ၀တ်ဝန်ကမေးတယ်။
သခင်ဘသောင်းဖြစ်လာမယ့် မောင်ဘသောင်းက ဒီလိုပြန်ဖြေလိုက်တယ်။

“လူတိုင်း ကိုယ့်ကိုကိုယ်ခေါင်းဆောင်နေကြတာပဲ…”
Everybody is the leader of himself.

ကျနော်တို့ ကိုယ့်ကိုကိုယ်ခေါင်းဆောင်ကြရမယ့်အချိန်ဟာ ကျရောက်နေပါပြီ။ လူတိုင်း ကိုယ့်ကိုကိုယ် ခေါင်း ဆောင်ကြရတာဟာ ဒီမိုကရေစီရေးရဲ့ တကယ့်အဖြစ်မှန်ပါပဲ။ ဒီအမှန်တရားဟာ ကျနော်တို့လူတိုင်း လူတိုင်းရဲ့ရှေ့မှောက် ဒုတ်ဒုတ်ထိ ဆိုက်ရောက်လာနေပါပြီ။
လွတ်လပ်ရေးတိုက်ပွဲဝင် ဆရာကြီးသခင်ဘသောင်းရဲ့ တိုက်ပွဲခေါ်ခဲ့တဲ့အသံဟာ ကနေ့ထက်တိုင် အသက်ဝင်နေဆဲပါပဲ။ ဆရာကြီးရဲ့စာသားတွေ ကျနော့်ကိုဖတ်ကြားခွင်ြ့ပုပါ။
“သခင်မျိုးများပီပီ ကျွန်စိတ်တွေကို အမြစ်ကပါတူးပစ်(ကျွန်မွှေးများရှိရင်လည်း ဗျစ်ဗျစ်ပါအောင် ဆွဲနုတ်ကြပြီး) အစစအရာရာတွင် တည်ငြိမ်ခန့်ညားသော သခင်ဣနြေ္ဒဖြင့် ရန်သူကပင် ရိုသေလေးစား လာလောက်အောင် ရဲရဲရင့်ရင့်ရှိကြ…”

ဒီမိုကရေစီရှိ၊ တရားမျှတပြီး လွတ်လပ်ခွင့်တွေရှိ၊ လူ့အခွင့်အရေးတွေအပြည့်အ၀ရှိတဲ့ နိုင်ငံဆိုတာ “ငါသာလျင် ငါကံ၏အရှင်သခင်”ဆိုတဲ့ သခင်စိတ်ဓါတ်မျိုးနဲ့ ကိုယ့်ကို ကိုယ်ဦးဆောင်နိုင်တဲ့လူတွေများ လာမှသာ ပေါ်ပေါက်တည်မြဲတတ်ပါတယ်။

ကျနော်တို့ကိုယ်ကျနော်တို့ ဦးဆောင်ဖို့လိုအပ်လာနေပါပြီ။
အခြေအနေနဲ့အချိန်အခါကလည်း ကျရောက်လာနေပါပြီ။
တမျိုးသားလုံး ထကြ။
သခင်မျိုးတွေ ထကြ။
အမျိုးကောင်းသားတွေ ထကြ။
ကိုယ့်ကိုကိုယ်ဦးဆောင်ကြ။
(၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလထုတ် အာဟာရစာစောင် အမှတ်စဉ် ၃၄ တွင်ရေးသားခဲ့သော ဆရာတင်မောင်သန်း၏စာမူကို ဖော်ပြခြင်းဖြစ်ပါတယ်)

Twitter Delicious Facebook Digg Stumbleupon Favorites More