This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Monday, May 5, 2008
နာဂိုယာသင်္ကြန်ပွဲတွင် နအဖဖွဲ့စည်းပုံကိုမီ;ပုံရှို့

နအဖစစ်အုပ်မှတဖက်သက်စိတ်ကြိုက်ရေးဆွဲထားပြီး အတင်းအဓမ္မအတည်ပြုရန်ကြိုးပမ်းနေသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဂျပန်နိုင်ငံနာဂိုယာမြို့၌ပြုလုပ်သော မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် မီးရှို့ခြင်းလှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့ကြသည်။
ယမန်နေ့ကပြုလုပ်သည့် (၁၃)ကြိမ်မြောက် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တွင် ဂျပန်ရှိမြန်မာ့ဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဌဦးလှိုင်အေးမှဦးဆောင်၍ ''သားစဉ်မြေးဆက်စစ်ကျွန်ပြုမည့် နအဖဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အလိုမရှိ''ဟုပြောကြားကာ စာတမ်းပါ စာရွက်အပြာရောင်များကိုမီးရှို့၍ ဆန့်ကျင်ကြောင်းပြသခဲ့ကြပြီး သင်္ကြန်ပွဲတော်ကို ပျော်ရွင်စွာကျင်းပခဲ့ကြသည်။
ယင်းသင်္ကြန်ပွဲကို တာဝန်ခံကျင်းပသူဦးအောင်ကိုကိုဦးမှ ''ကျနော်တို့အနေနဲ့ စစ်အစိုးရဲ့လုပ်ရပ်တွေ ကို လုံးဝလက်မခံနိုင်တော့ဘူး၊ ပြည်သူတွေချောက်ထဲကျမဲ့အရေး၊ တနိုင်ငံလုံးစစ်ကျွန်ဘ၀ရောက် မယ့်အရေးကို လက်မခံနိုင်လို့ဒါမျိုးလုပ်တာပါ၊ တစ်ကမ္ဘာလုံးကမြန်မာတွေသိအောင်လည်း ပြောချင် ပါတယ်'' ဟု မီးရှို့လှုပ်ရှားမှုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောပြသည်။
ဂျပန်လူမျိုး YU HINATANI SANခေါ် ကိုသုတအေးမှ ''စစ်အစိုးရဟာ ပြည်သူတွေကိုနှိပ်စက် တယ်၊ ပြည်သူတွေကိုသတ်တယ်၊ ဒီမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မီးရှို့တယ်ဆိုတာ ကျနော် လည်းသဘောတူပါတယ်'' ဟု ၎င်း၏အမြင်ကိုပြောပြသည်။
နာဂိုယာသင်္ကြန်ပွဲတော်သို့ တိုကျိုမှ မြန်မာလူမျိုးများအပါအဝင် လူပေါင်း(၃ဝဝ)ကျော်ပါဝင်ဆင်နွှဲ ခဲ့ကြကာ အငြိမ့်ဖျော်ဖြေခန်းနှင့် ခေတ်ပေါ်တေးဂီတဖျော်ဖြေခန်း၊ သင်္ကြန်ယိမ်းများဖြင့် ဖျော်ဖြေခဲ့ ကြပြီး နအဖစစ်အုပ်စုကို အမှန်တကယ်တွန်းလှန်နိုင်မည့်အားသည် ''ပြည်သူ''ဆိုသည့် People Powerဖြင့် ပြန်လည်တွန်းလှန်ပါက အောင်မြင်နိုင်မည်ဆိုသည့် စာရေးဆရာနှင့် သတင်းစာဆရာ ကြီး လူထုဦးစိန်ဝင်းပြောကြားချက်ကိုကိုးကား၍ ဇတ်လမ်းနှင့်အတွေး၊ ကိုရဲတင့်ရေးသားထားသည့် ''စုပေါင်းအားဖြင့်တွန်းလှန်ကြ'' အမည်ရှိ တစ်ခန်းရပ်ပြဇတ်ဖြင့် ဖျော်ဖြေတင်ဆကခဲ့ကြကြောင်း သတင်းရရှိသည်။
REPORTED BY ;
THANT MYO HTWAY(Moe Thauk Kye)
မစိုးရိမ်ဆရာတော်ဘုရားကြီးအတွက်ရည်စူး၍ ကွမ်းကပ်တရားနာခြင်းများပြုလုပ်


ဆရာတော်ဘုရားကြီးကိုကြည်ညိုလေးစားသည့် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများနှင့် ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံ သူ/သားများမှစုပေါင်း၍ ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပင့်ဖိတ်ထားသည့်ဦးဇင်းက ပရိတ်တရားဒေသနာတော်များ ချီးမြှင့်ပေးပါတယ်။
“ဒီနေ့ပြုလုပ်တဲ့ကောင်းမှုကုသိုလ်ပြုခြင်းဟာ တကာ တကာမတို့အတွက် မွန်မြတ်လှတဲ့ကုသိုလ်ဒါနဖြစ်သလို ဦး ဇင်းတို့အတွက်လည်း အလွန်ကိုအရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဘဝနတ်ထံပျံလွန်တော် မူသွားခဲ့သော မစိုးရိမ်ဆရာတော်ဘုရားကြီးဦးကောဝိဒဟာ ရဟန်းရှင်လူပြည်သူအပေါင်းတို့ ယုံကြည်ကိုးစား ကြည်ညိုလေးစားခြင်းခံရတဲ့ရဟန္တာတပါးဖြစ်ပါတယ်။ ဒီလိုမျိုး ကျေးဇူးတရားကိုသိတတ်တဲ့ တကာ တကာမတို့ အနေနဲ့လည်း ရတနာသုံးပါးနှင့်တကွ အနန္တောအန္တာနငါးပါးကို မိမိတို့စိတ်သဏ္ဍာန်မှာ အာရုံသွင်းပြီး ကောင်းမှုသီ လဆောက်တည်ကြမယ်ဆိုရင် ကုသိုလ်ပြုလုပ်တဲ့သူတွေရော၊ ပြုလုပ်ပေးခြင်းခံရတဲ့ မစိုးရိမ်ဆရာတော်ဘုရားကြီး ရော၊ ပြုလုပ်ခွင့်ကြုံကြိုက်တဲ့ဦးဇင်းတို့အတွက်ပါ အတိုင်းမသိအောင်ကုသိုလ်ရရှိမှာဖြစ်ပါတယ်…”ဟု မိန့်ကြားပါတယ်။
ဆက်လက်ပြီး “မစိုးရိမ်ဆရာတော်ဘုရားကြီးဟာ ဒုက္ခတိဘုံဆိုတဲ့ အပယ်လားမဲ့ကိန်းလုံးဝမရှိတာသေချာတယ်။ ဘာကြောင့်လည်းဆိုတော့ ဘဝတလျှောက်လုံး အမျိုး ဘာသာ သာသနာအတွက် ကောင်းမှုတွေအများအပြားပြု လုပ်ခဲ့တဲ့ ရဟန္တာာတပါးဖြစ်ပါတယ်။ နောက်ပြီး ဆရာတော်ဘုရားကြီး ဦးဇင်းတို့ကိုဆုံးမခဲ့တဲ့ မှတ်သားစရာ သြဝါဒစကားလေးကတော့ မိမိဘဝမှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ပေမယ့် အကုသိုလ်ဆိုက်ပြီး အချုပ်အ နှောင်ခံခဲ့ရလို့ ဘယ်တော့မှစိတ်ဓါတ်မကျမိဘူး။ ဒါဟာ အတိတ်ဘဝ၀ဋ်ကြွေးလို့သဘောထားပြီး သက်ရှိထင်ရှားရှိ နေစဉ်မှာ မိမိရဲ့ရည်ရွယ်ချက်ပန်းတိုင်ရောက်တဲ့အထိ ကောင်းမှုကုသိုလ်တွေကို အောင်မြင်အောင်လုပ်ဆောင်နိုင် ကြဖို့အရေးကြီးတယ်လို့ မိန့်တော်မူခဲ့တယ်။ ဒါကြောင့် ဦးဇင်းတို့အပါအဝင် ဒီနေ့ကောင်းမှုကုသိုလ်ပြုလုပ်တဲ့ မိုး သောက်ကြယ်စာကြည့်တိုက်အဖွဲ့သားတွေအနေနဲ့လည်း ဘယ်သူတွေတရားပျက်ပျက် မိမိမပျက်ပဲ ကိုယ့်ရဲ့ပန်းတိုင် ပြီးမြောက်အောင်မြင်တဲ့အထိ ဆရာတော်ဘုရားကြီးရဲ့ဆုံးမသြဝါဒစကားလေးကို အမြဲနှလုံးသွင်းပြီး ကောင်းမှုကု သိုလ်တွေပြုလုပ်ကြပါလို့ ဦးဇင်းအနေနဲ့စကားလက်ဆောင်ပါးချင်တယ်…”ဟု ဆက်လက်မိန့်တော်မူပါတယ်။
ကောင်းမှုကုသိုလ်ပြုဆွမ်းကပ်တရားနာခြင်းကို မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများဖြစ်ကြတဲ့ ကိုတင်မောင်ညီနှင့် မအိဖြူ ထွေးတို့မောင်နှမနှစ်ဦးအိမ်တွင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရားဒေသနာတော်ချီးမြှင့်ဟောကြားပေးသည့်ဦးဇင်းကို လှူဖွယ်ဝတ္ထု များဆက်ကပ်လှူတန်းကာ ကြွရောက်လာကြသည့်ဧည့်ပရိတ်သတ်အပေါင်းကိုတော့ မြိတ်ကတ်ကျေးကိုက်နှင့် တည့်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြပါတယ်။
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)
Saturday, May 3, 2008
ကြေးမုံဦးသောင်း တလပြည့်ကောင်းမှုကုသိုလ်ပြုပွဲ
ဧပြီလ ၃ ရက်နေ့က ဘ၀တစ်ပါးသို့ကူးပြောင်းသွားသော ကြေးမုံသတင်းစာဆရာကြီးအောင်ဗလ(ခ)ဦးသောင်း အတွက် ကောင်းမှုကုသိုလ်ပြုပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ‘မိုးသောက်ကြယ်စာကြည့်တိုက်‘မှ ကမကထပြုလုပ်၍ ဆွမ်းကပ်ခြင်း၊ ရေစက်ချတရားနာခြင်းနှင့် အမျှအတန်းပေးဝေခြင်းတို့ကို ယနေ့(မေလ ၃ ရက်၊ စနေနေ့)တွင် ပြု လုပ်ခဲ့ကြပါတယ်။
အဆိုပါကောင်းမှုကုသိုလ်ပြုပွဲကို မိုးသောက်ကြယ်စာကြည့်တိုက်က ကမကထပြုလုပ်တယ်ဆိုပေမဲ့ ဆရာကြီးကို လေးစားချစ်မြတ်နိုးကြသော ဂျပန်ရောက်စာပေ၀ါသနာရှင်များနှင့်တကွ မြန်မာနိုင်ငံသားတချို့လည်း မိမိတို့ တတ်နိုင်တဲ့ဖက်က ကောင်းမှုကုသိုလ်ပြုခဲ့ကြပါတယ်။
ကျောင်းတွင်သီတင်းသုံးနေကြသော ဆရာတော်သံဃာတော် ၃ ပါးနှင့် ဒုလ္လဘကိုရင် ၂ ပါး၊ စုစုပေါင်း ၅ ပါး စလုံးကို နေ့ဆွမ်းအဖြစ် ကြက်သားဒံပေါက်ကပ်လှူခဲ့ကြပြီး၊ ဆရာတော်များမှ ကွယ်လွန်သွားတဲ့သတင်းစာဆရာ ကြီးကြေးမုံဦးသောင်းကောင်းရာဘုံဝမှ သာဓုအနုမော်ဓနာခေါ်ဆိုနိုင်ရန်အတွက် မေတ္တာသုတ်၊ မင်္ဂလသုတ် တော်များချီးမြှင့်ပေးခဲ့ပါတယ်။
ကြေးမုံဦးသောင်းဟာ ဂျပန်နိုင်ငံသို့ စာပေကိစ္စနှင့် နှစ်ကြိမ်တိတိလာရောက်ခဲ့ဖူးပြီး ၁၉၉၃ ခုနှစ်လောက်က တကြိမ်နှင့် ဒုတိယနောက်ဆုံးအခေါက်ကတော့ ဂျပန်ရောက်စာပေချစ်မြတ်နိုးသူများ စုပေါင်းကျင်းပတဲ့ ၂၀၀၇ ခုနှစ် ကြေးမုံဦးသောင်း ၈၀ ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲဖြစ်ပါတယ်။
မေလ ၅ ရက်နေ့တွင် မစိုးရိမ်ဆရာတော်ဘုရားကြီး ဘ၀နတ်ထံပျံလွန်တော်မူသွားတဲ့အတွက် ကောင်းမှုကု သိုလ်ပြုပွဲနှင့် မေလ ၇ ရက်နေ့တွင် လူထုဒေါ်အမာကွယ်လွန်ခြင်း ၁ လပြည့် ဆွမ်းကပ်ခြင်းတို့ကိုလည်း ဂျပန် နိုင်ငံရောက်မြန်မာများက ပြုလုပ်မှာဖြစ်ပါတယ်။
ဆရာအောင်ဗလလို ကလောင်တချောင်း(မောင်စင်ကြယ်)

” ဓါတ်ပုံတကွက် ဆေးတစက်နှင့်
တလက်ကလောင် ထောင်သောင်းလက်နက်
စိစိညက်ကြေ ကြိုးပျက်စေသည်
စာပေလက်နက် အစွမ်းထက်”
(၁)
ကျနော်တို့စာပေလောကတွင် အချို့မှာစာရေးဆရာ၊ အချို့မှာသတင်းစာဆရာ၊ အချို့ကြတော့မူ စာရေးဆရာ ရော၊ သတင်းစာဆရာပါဖြစ်နေလေသည်။ အထူးသဖြင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် သူ့ခေတ်၊ သူ့အခါ က စာရေးဆရာ၊ သတင်းစာဆရာအပြင် ‘ကဗျာဆရာ’ပါ ဖြစ်နေပြန်လေသည်။
အထူးသဖြင့် ၀န်ကြီးချုပ်ဦးနု၏ခေတ်အလွန်သည်မှာဘက်တွင် စာရေးဆရာကြီးများရော၊ သတင်းစာဆရာကြီး များပါ အဆင့်ဆင့်ကွယ်လွန်ခဲ့ကြပေသည်။ သတင်းစာဆရာကြီး‘ဦးလောရုံ’နှင့် သတင်းစာဆရာ‘အောင်ဗလ’တို့ သည် စစ်အုပ်စုအာဏာသိမ်းထားသောမြန်မာနိုင်ငံတွင် မကွယ်လွန်နိုင်ရှာပဲ အမေရိကန်ပြည်ထောင်စုတွင် အ သီးသီးကွယ်လွန်ခဲ့ကြခြင်းဖြစ်လေသည်။
ကျနော်လေးစားသောသတင်းစာဆရာများအနက် ဆရာအောင်ဗလမှာတယောက်ပါဝင်ပါသည်။ ဆရာအောင် ဗလသည် ပြည်တွင်းမှာတုံးကလည်း ရေးအားကောင်းသည်။ ပြည်ပတွင်ရောက်တော့လည်း ရေးအားကောင်း သည်။ စာရေးဆရာနှင့်သတင်းစာဆရာတိုင်း၌ မှတ်စုမှတ်တမ်းနှင့် ဘောပင်(ကလောင်)တခုခု အမြဲကိုင်ဆောင် ထားကြသည်မဟုတ်ပေ။ သို့ရာတွင် ဆရာအောင်ဗလ၏လက်ဝယ်တွင် အမြဲတွေ့နိုင်သည်မှာ မှတ်စုတခုနှင့် ဘောပင်တချောင်းပင်ဖြစ်လေသည်။
(၂)
ကျနော်တို့စာပေလောကတွင် ရေးအားသန်သူလည်းရှိသည်။ ရေးအားမသန်သူလည်းရှိသည်။ ဆရာအောင်ဗလ သည် အခြားသောသတင်းစာဆရာများနှင့်မတူပဲ စာရေးဆရာများအတိုင်း ရေးအားလည်းသန်သည်။ ရေးအား လည်းကောင်းလေသည်။ ယနေ့စာပေလောကတွင် ဆရာအောင်ဗလ၏ ‘ပြဇတ်ပေါင်းချုပ်’ကို တွေ့ဖူးသူ၊ ဖတ်ဖူး သူကားရှားပါလိမ့်မည်။ ရန်ကုန်မြို့၊ ကျောက်မြောင်းရပ်တွင်ထုတ်ဝေသော ‘သောကြာ’စာစောင်မှာ တချိန်က ဆရာအောင်ဗလ၏စာစောင်ဖြစ်သည်ကိုလည်း သိသူအလွန်နည်းပါလိမ့်မည်။
ဆရာအောင်ဗလသည် ‘ညောင်ဦး’ဇာတိသားတဦးဖြစ်သည်။ သူနှင့်ဘ၀တူစာရေးဆရာတဦးမှာ စာရေးဆရာ ‘အောင်စိုး’ဖြစ်လေသည်။ သူ၏သတင်းစာဆရာဘ၀ကို ဆရာအောင်ဗလသည် ၁၉၄၇ ခုနှစ်၊ ‘ဗမာ့ခေတ် သတင်းစာ’သတင်းထောက်ဘ၀မှ စတင်ခဲ့ခြင်းဖြစ်လေသည်။ သို့ဖြင့်၍ ဆရာအောင်ဗလသည် လွတ်လပ်ရေး မရမီနှင့် လွတ်လပ်ရေးရပြီးနောက် စာနယ်ဇင်းလောကတွင် အတွေ့အကြုံမျိုးစုံ,စုံခဲ့လေသည်။ ထိုမှ ၁၉၅၁ ခုနှစ် တွင် ‘ဗမာ့ခေတ်သတင်းစာအယ်ဒီတာချုပ်’၊ ၁၉၅၇ ခုနှစ်ရောက်ပြန်လျင် သတင်းစာလောကအား တခန်းသစ် စေသောအားဖြင့် ‘ကြေးမုံ’သတင်းစာကို ထူထောင်ခဲ့ခြင်းဖြစ်လေသည်။
ဆရာအောင်ဗလထူထောင်သော ကြေးမုံသတင်းစာမှာ သတင်းစာအရွယ်အားဖြင့် မကြီးလွန်း၊ မသေးလွန်းဖြစ် သည်။ တချို့က ဗြိတိန်တွင်လက်ရှိထုတ်ဝေနေသော ‘မီရာ(Mirror)’ကိုတုပထားသည်ဟုဆိုကြ၏။ သတင်းပုဒ် ရေများများပါဝင်နိုင်စေရန်၊ ရန်ကုန်သတင်းတွင်သာမက နယ်သတင်းများကိုပင် နေ့အယ်ဒီတာများက တိုတိုနဲ့ လိုရင်းရှင်းအောင်ပြန်ရေးရ၏။ သတင်းဆောင်းပါးများကိုလည်း မလိုသည်များကိုဖြတ်တောက်ပြစ်လိုက်၏။ သတင်းဓါတ်ပုံတွေကိုလည်း လိုသမျများများပင်သုံးထားသည့်အပြင် ဓါတ်ပုံဌာနအကြီးအကဲတဦးကိုခန့်ထားပေး ပြန်၏။ အထူးသဖြင့် ကြေးမုံတွင်ပင်တိုင်ဆောင်းပါးရှင်မှာ ဆရာ‘ဇ၀န’ဖြစ်၍ နှစ်ကော်လံဆောင်းပါးအရွယ်လို သလား...။ သုံးကော်လံဆောင်းပါးအရွယ်လိုသလားæ။ ကြိုက်သည့်ဆောင်းပါးအရွယ်ရနိုင်၏။ ညဥ့်အယ်ဒီတာ နှင့် နေ့အယ်ဒီတာများမှာ ကိုခင်မောင်ရီ(စိန်ခင်မောင်ရီ)နှင့် ကိုဝင်းတင်တို့ပင်ဖြစ်ကြ၏။
(၃)
ကြေးမုံသတင်းစာသည် ဧရာမသတင်းစာကြီးတစောင်ဖြစ်၍ ငွေလိုသည်။ လိုသောငွေကိုရှာဖွေရာတွင် တတ် နိုင်သမျှအသံမထွက်ရန် ဆရာအောင်ဗလကလုပ်နိုင်၏။ အထူးသဖြင့် ဆရာအောင်ဗလ၏ပုဂ္ဂိုလ်ရေးကြိုးပမ်းမှု၊ ထက်မြက်မှုနှင့် လုပ်တတ်ကိုင်တတ်မှုကိုအကြောင်းပြု၍ အစုရှင်များပါဝင်လာကြ၏။ ထိုစဉ်က အစုရှင်များတွင် ဗိုလ်အောင်ကြီးလည်းပါ၏။ ‘ပမညတ’မှ ဒေါက်တာဦးအေးမောင်(နောက်ပိုင်းဝန်ကြီး)လည်းပါဝင်၏။ ယင်းအစု ရှယ်ယာရှင်များသည် သတင်းစာ၏လုပ်ငန်းပိုင်းတွင်ပါဝင်ပြောဆိုနိုင်သော်လည်း သတင်းစာ၏ပေါ်လစီပိုင်းတွင် ကား ဆရာအောင်ဗလသည်သာ ပြောဆိုလုပ်ကိုင်လေတော့သည်။
ရှေ့ဆောင်ကြေးမုံသတင်းစာ၏နောက်တွင် စက်သစ်များပင်ဝယ်ယူ၍ နောက်မှလိုက်လာသောသတင်းစာများ မှာ ‘ခေတ်သစ်စာ’၊ ‘ဗိုလ်တထောင်’နှင့်နောက်ပိုင်းတွင် ‘မြန်မာ့အလင်း’တို့ပင်ဖြစ်ကြပေသည်။ လက်ရှိနအဖစစ် အုပ်စုသည် ကျန်သည့်သတင်းစာများကိုရှင်းလင်းပစ်လိုက်ပြီးနောက် ယနေ့တိုင် ‘မြန်မာ့အလင်းသတင်းစာ’နှင့် ‘ကြေးမုံသတင်းစာ’နှစ်စောင်သာထုတ်ဝေနေတော့သည်။ တိုင်းပြည်ကို စစ်အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်နေ သည်။ သတင်းစာအရေအတွက်ကလည်းနှစ်စောင်သာရှိသည်။ သို့ဖြင့် စာပေလောကတွင် စာရေးဆရာဆိုသူ များကိုမြင်တွေ့နိုင်သော်လည်း သတင်းစာလောကတွင် ၁၉၇၆ ခုနှစ်၊ ဆရာအောင်ဗလတို့ အမေရိကား ကိုထွက်ခွာလာပြီးနောက် လက်ချိုးရေတွက်စရာပင်မရှိတော့ချေ။
ဆရာအောင်ဗလ၏လူအမည်မှာ ‘ဦးသောင်း’ဖြစ်သည်။ သတင်းစာဆရာကြီး ‘ဦးအမ်ဘိုးချိန်’နှင့် ဆရာဇ၀နတို့က ဦးသောင်းကို ‘မောင်သောင်း’ဟူ၍‚၊ ‘ကိုသောင်း’ဟူ၍‚၊ ခေါ်တတ်ကြသည့်နည်းတူ ကိုခင်မောင်ရီနှင့် ကိုဝင်းတင် တို့ကမူ ‘ကိုသောင်း’ဟူ၍သာခေါ်ကြလေသည်။
၁၉၆၇ ခုနှစ်၊ ဆရာအောင်ဗလထာင်ကပြန်ထွက်လာပြီးနောက် ပြန်ကြားရေးဌာနလုပ်ဖော်ကိုင်ဖက်ဖြင့် ရင်းရင်း နှီးနှီးပေါင်းသင်းသူများတွင် ‘ဆရာမောင်သော်က’နှင့် ‘လေသူရဲတဦး’တို့ပင်ဖြစ်ကြသည်။ ဤတွင် ငပလီလူရည် ချွန်စခန်းတွင် ဆရာဇန၀တစ္ဆေကြောက်တတ်သောပုံပြင်မှာ အောက်ပါအတိုင်းပေါ်ပေါက်လာလေသည်။
တနှစ်တခါကျင်းပသောငပလီလူရည်ချွန်စခန်းသို့ ပြန်ကြားရေးဌာနရှိ စာရေးဆရာနှင့်သတင်းစာဆရာများ တက်ရောက်ကြရ၏။ ဤသို့ဖြင့် ငပလီ၏ညဥ့်ဦးယံအချိန်၊ လရောင်အောက်၌ ပင်လယ်လှိုင်းသံကိုခံစားကြရင်း တယောက်တပေါက်ပြောကြရာမှ ဆရာဇ၀နတစ္ဆေကြောက်သည့်ပုံပြင်ရောက်လာ၏။ တယောက်က-
“ဆရာဇ၀နကတော့ဗျာ၊ တစ္ဆေမှကြောက်တာမဟုတ်ဘူး။ ‘မဆလ’လည်း သူပဲယုံကြည်တာပဲ...”ဟူ၍ ပြော လိုက်သည်။ ပြီးမှ သူကဆက်လက်၍ “ဒီစကား ဒီမှာပဲထားခဲ့ကြပါဗျာ။ သိသွားကြားသွားရင်မကောင်းဘူး...”ဟု ပြန်ပိတ်ပါသည်။
သို့ရာတွင် ဆရာအောင်ဗလတို့ နောက်နေ့ရန်ကုန်သို့ပြန်ရောက်ကြသောအခါ ဆရာဇ၀နတစ္ဆေကြောက်သည့် ပုံပြင်သည်လည်း တပါတည်းပါရှိလာလေသည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ ဆရာအောင်ဗလကို ပြန်ကြားရေးဌာန မှ တာဝန်ရှိသူများစစ်ဆေးမေးမြန်းသောအခါ ‘ရှင်ဘုရင်ကြီးဖွဲနုစား’သည့်ပုံပြင်မျိုးပေါ့ဗျာ...”ဟု တခွန်းတည်း ပြန်ပြောဆို၍ တုံ့ပြန်ခဲ့သည်။
ဆရာအောင်ဗလသည် မြန်မာသတင်းစာလောကတွင် ‘ဂျာနယ်ကျော်ဦးချစ်မောင်’နှင့် ‘လူထုဦးလှ’တို့လို အထင် ကရပုဂ္ဂိုလ်မျိုးလည်းဖြစ်သည်။ စာမျိုးစုံလည်းရေးသားနိုင်သော မှတ်စုတခုနှင့်ဘောပင်တချောင်းပိုင်ဆိုင်သူ လည်းဖြစ်ပါသည်။
Friday, May 2, 2008
ဆန္ဒမဲပေးခွင့်ရှိသူစာရင်းကို ဆန္ဒခံယူပွဲမကျင်းပမှီ တစ်ပတ်အလိုတွင်ကြေညာမည်

နအဖတဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နှင့်ပတ်သက်၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို လာမည့် မေလ ၁၀ ရက်(စနေနေ့)တွင်ကျင်းပမည်ဖြစ်ရာ ဆန္ဒခံယူပွဲမကျင်းပမီ တစ်ပတ်အလိုတွင် ဆန္ဒမဲပေး ခွင့်ရှိသူစာရင်းများကို အများပြည်သူတို့သိရှိနိုင်စေရန် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်ဟု ပြည်တွင်း ထုတ်ဂျာနယ်များတွင် ရေးသားဖော်ပြထားသည်။
ယင်းသို့ကြေညာရာတွင်လည်း ဆန္ဒမဲပေးခွင့်ရှိသူများသိသာနိုင်စေရန် အသံချဲ့စက်ဖြင့်ကြေညာပေးခြင်း ဖြင့်သော်လည်းကောင်း၊ မဲစာရင်းကပ်၍သော်လည်းကောင်း (သို့မဟုတ်) အခြားတစ်နည်းနည်းဖြင့်သော် လည်းကောင်း ကြေညာပေးသွားမည်ဖြစ်ကာ ဆန္ဒမဲပေးပွဲတွင် ပါဝင်ခွင့်ရှိပါလျှက် အဆိုပါမဲပေးခွင့်ရှိသူ စာရင်း တွင် မိမိအမည်ပါဝင်ခြင်းမရှိပါကလည်း ခုနစ်ရက်အတွင်းတွင် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများသို့တင်ပြ အကြောင်းကြားနိုင်ကြောင်းဖော်ပြထားသည်။
နအဖထုတ်ပြန်ထားသော မဲဆန္ဒပေးခြင်းဆိုင်ရာစည်းကမ်းဥပဒေစာအုပ်အစိမ်း အခန်း(၂) မဲစာရင်းများ ပြုစုခြင်း၊ နည်းဥပဒေပုဒ်မ(၄)အရ ဆန္ဒမဲပေးသူများ အနေဖြင့် ဆန္ဒမဲ လက်မှတ်ပေါ်ရှိ သတ်မှတ်နေရာများတွင် ထောက်ခံလျှင် (အမှန်အမှတ်အသား) ခြစ်၍သော်လည်းကောင်း၊ မထောက်ခံလျှင် (ကြက်ခြေခတ်အမှတ်အ သား)ခြစ်၍သော်လည်းကောင်း၊ လွတ်လပ်စွာမဲဆန္ဒပေးနိုင်ကြသည်ဟု ထုတ်ပြန်ထားသော်လည်း မထောက်ခံပဲ ကန့်ကွက်မဲပေးမည့်သူများကို ယခုကတည်းက ကြံ့ဖွတ်နှင့်စွမ်းအားရှင်တို့ကရန်ရှာခြိမ်းခြောက်လျှက်ရှိကြောင်း သိရသည်။
Thursday, May 1, 2008
ဆန္ဒခံယူပွဲရလာဒ်များကို ယင်းနေ့၌ပင် ထုတ်ပြန်ကြေညာမည်မဟုတ်ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ ဥက္ကဌ ဦးလှစိုးပြောဆို
ဖိုးဝအင်တာနက်စာမျက်နှာမှ-
လာမည့်မေလ(၁၀)ရက်နေ့တွင်ကျင်းပမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲများကိုရေတွက်သွားမည်ဖြစ် သော်လည်း ရလာဒ်များကိုမူ (၁၉၇၄)ခုနှစ်ကကျင်းပခဲ့သည့် ဆန္ဒခံယူပွဲနည်းတူပင် အများပြည်သူသို့ ယင်းနေ့ မှာပင် ချက်ချင်းထုတ်ပြန်ပေးသွားမည်မဟုတ်ကြောင်း၊ ရန်ကုန်မြို့ဇေယျာသီရိဗိမာန်တွင်ကျင်းပခဲ့သည့် ဆန္ဒခံ ယူပွဲကျင်းပရေးနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိစီးပွားရေးလုပ်ငန်းရှင်ကြီးများသို့ ရှင်းလင်းပွဲတွင်ရန်ကုန်တိုင်း ကော် မရှင်အဖွဲ့ဥက္ကဌဦးလှစိုးက အတိအလင်းထုတ်ဖော်ပြောကြားသွားခဲ့တယ်လို့ ဖိုးဝအင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
အဆိုပါရှင်းလင်းပြောကြားပွဲသို့ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များမှ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရမ ဟုတ်သော အဖွဲ့အစည်း (NGO)များမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ပါမောက္ခများနှင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးလှစိုးက ရန်ကုန်တိုင်းအတွင်း ဆန္ဒမဲ ပေးခွင့်ရှိသူ ၄.၆သန်း ရှိကြောင်းကိုလည်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။
ထို့အပြင် ရပ်ကွက်ပေါင်း(၁၂၇၃)ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသောရန်ကုန်တိုင်းအတွက် မဲရုံပေါင်း (၂၅၀၀) ကျော်ကိုဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါမဲရုံများမှထွက်ရှိသောမဲများအား ‘ထောက်ခံမဲ‘၊ ‘ကန့်ကွက် မဲ‘၊ ‘ပယ်မဲ‘စသည်ဖြင့်စိစစ်ခွဲခြားကာ အဆင့်ဆင့်သော လုပ်ထုံးလုပ်နည်းများနှင့်အညီပင် ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲကျင်းပရေးကော်မရှင်ထံသို့သာ တိုက်ရိုက်တင်ပြသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြား ခဲ့တယ်လို့ အဆိုပါဖိုးဝအင်တာနက်စာမျက်နှာမှာ ရေးသားတင်ပြထားပါတယ်။
မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများကလည်း ‘NO‘ဘဲ
ကျောင်းသူ/သားများကိုခြိမ်းခြောက်အကျပ်ကိုင်ပြီး ထောက်ခံမဲတောင်းခံနေ
ထောက်ခံမဲများအလုံအလောက်မရရှိသေးသဖြင့် ကျောင်းဗီဇာနှင့်နေထိုင်နေကြသော မြန်မာကျောင်းသား/သူ များကို မေလဆန်းအထိ ထောက်ခံမဲများ မဖြစ်မနေလာပေးရမည်ဟု ရှင်နာဂါဝါရှိ မြန်မာနအဖစစ်အခွန်ရုံးက ခြိမ်းခြောက်အကျပ်ကိုင်ပြောဆိုသောကြောင့် ကျောင်းသူ/သားအများအပြား မဲသွားပေးနေရတာကို ဒီနေ့လည်း စိတ်မကောင်းစွာမြင်တွေ့ နေရပါတယ်။
”ကျနော်တို့ကအကြောင်းအမျိုးမျိုးပြပြီးရှောင်နေတယ်။ အဲဒါကို ကျောင်းအထိလာပြီး ကျောင်းမှာရှိတဲ့ ဆရာ တွေကိုပါ မဲမပေးပေးအောင်အတင်းအကြပ်လာပြောတယ်ဗျာ။ မဲလာမပေးရင် စာအုပ်သက်တမ်းမတိုးပေးဘူး။ ကျောင်းမှာရှိတဲ့ မြန်မာကျောင်းသားတွေအားလုံးကို မဲသွားပေးနိုင်အောင်စီစဉ်ပေးပါလို့ပြောလို့ ဆရာ-ဆရာမ တွေကိုယ်တိုင်က ကျနော်တို့ကို မဲသွားထည့်ခိုင်းတယ်ဗျာ…”ဟု ခါဝါဆာကီမှ ကျောင်းသားတယောက် ကအခုလိုရင်ဖွင့်ပါတယ်။
မဲပေးပြီးရင် ထမင်းကျွေးကြောင်းနှင့် စာအုပ်သက်တမ်းတိုးဖို့အဆင်ပြေအောင်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း အခွန်ရုံးဝန်ထမ်းများက ပြောဆိုတယ်လို့လည်း သိရပါတယ်။
မှတ်ချက်-ဓါတ်ပုံမရိုက်ပါနှင့်ဟု ပြောဆိုသောကြောင့် စိတ်မပါဘဲ မဲသွားထည့်နေရသည့် ကျောင်းသား/သူများ၏ ပုံများကိုမသုံးတော့ပဲ မိုးသောက်ကြယ်ဓါတ်ပုံတာဝန်ခံကိုမင်းညိုဝမ်းရိုက်ထားခဲ့သာ ကန့်ကွက်နေသည့်ပုံကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။





















