This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Sunday, February 15, 2009
Monday, February 9, 2009
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများမှ ပူးတွဲထုတ်ပြန်သည့် အထူးကြေငြာချက်အား ထောက်ခံချီတက်ပွဲ ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်
၂ဝဝ၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)
.jpg)
.jpg)
.jpg)
.jpg)
မြန်မာပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီ ၇ ဖွဲ့တို့၏ ၂ဝဝ၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အထူးထုတ်ပြန်ကြေငြာချက်ကို ဂျပန်ရောက်မြန်မာများမှ ထောက်ခံကြောင်းပြသသည့်အနေဖြင့် ချီတက်ပွဲအခမ်းအနားတရပ်ကို တိုကျိုမြို့တွင် ဖေဖော်ဝါရီလ(၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါထောက်ခံချီတက်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှ ဦးဆောင်ကျင်းပခဲ့ပြီး မြန်မာတိုင်းရင်းသားလူမျိုးများသာမက ဂျပန်လူမျိုးများပါ ပူးပေါင်းပါဝင်ခဲ့ကြသည်။
ဤသို့ချီတက်ခဲ့ကြရာတွင် အလွန်အေးချမ်းလှသည့် ဂျပန်နိုင်ငံ၏ဆောင်းရာသီဥတုဒဏ်ကိုမမှုပဲ ညပိုင်း ၇း၃ဝ နာရီ၌ အိုးစုခပန်းခြံအတွင်းမှ စတင်စုရုံးထွက်ခွာခဲ့ကြပြီး အကွာအဝေးအားဖြင့် ၂.၅ ကီလိုမီတာခန့်ရှိမည်ဟုခန့်မှန်းရသော အိခဲဘုခုရိုပန်းခြံအထိ လှမ်းလျှောက်ခဲ့ကြသည်။
စုစုပေါင်း လူအင်အား ၄၈ဝ ကျော်ပူးပေါင်းပါဝင်ခဲ့ပြီး ချီတက်ရာလမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းလွှတ်၊ နှစ်ရှည်လများ ဦးခွန်ထွန်းဦးနှင့် ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားခေါင်းဆောင်များအားလုံး ချက်ချင်းလွှတ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို ချက်ချင်းလွှတ်၊ ၁၉၉ဝ ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖော်၊ အတုအယောင် အခြေခံဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို အလိုမရှိ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ပြစ်၊ ဂျပန်အစိုးရဟာ မြန်မာစစ်အာဏာရှင်အား နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဖိအားပေးပါ၊ ဂျပန်အစိုးရဟာ မြန်မာစစ်အာဏာရှင်အား ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှုဖြစ်လာစေရန် ဖိအားပေးပါ တို့ကို ဂျပန်ဘာသာဖြင့်ြေ<ွကးကြော်တောင်းဆိုခဲ့ကြသည်။ ထောက်ခံချီတက်ပွဲကြီးသည် ည ၉းဝဝ နာရီအချိန်တွင် အောင်မြင်စွာဖြင့်ကျင်းပနိုင်ခဲ့ပါသည်။
သတင်းရေးသားပေးပို့သူ-ဂေါ်ဘာချော့
မှတ်တမ်းဓါတ်ပုံ- ဦးသန်းဝင်း၊ မင်းညိုဝမ်း

ဂျပန်ရောက်တိုင်းရင်းသားများစုပေါင်း၍ (၆၂)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပွဲကျင်းပဆင်နွှဲ
.jpg)
.jpg)
အခမ်းအနားမှူးများ(၀ဲ)နှင့် သဘာပတိအဖွဲ့ဝင်များ(ယာ)
.jpg)
.jpg)
ဖေဖေါ်ဝါရီ(၈)၊ တိုကျို
ညီညွတ်သောတိုင်းရင်းသားများအစည်းအရုံး(AUN)ဂျပန်မှ ဦးစီး၍ (၆၂)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကို တိုကျိုမြို့ရှိ အိုးစုခအရပ်ရှိ မိနာမိအိုးစုခခန်းမ၌ ဖေဖေါ်ဝါရီ(၈)ရက်(တနင်္ဂနွေနေ့)တွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ဂျပန်ရောက်ဒီမိုကရေစီအရေးလှုပ်ရှားနေကြသူများအပါအဝင် ပြည်ထောင်စုတိုင်းရင်းသားများ အစုံအလင်တက်ရောက်ကြပြီး ပြည်ပရောက်တိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသည့် ဦးတင်ဝင်း(ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ နိုင်ထော်မွန်(မွန်ပြည်သစ်ပါတီ)နှင့် (UNLD-LA)မှကချင်တိုင်းရင်းသားခေါင်းဆောင် Mahkaw Htun Saတို့မှအထူးဧည့်သည်တော်များအဖြစ်တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို(၂)ပိုင်းခွဲ၍ ပြုလုပ်ခဲ့ကြသည်။
ပထမပိုင်းအခမ်းအနားကို နေ့လယ် ၁၂း၃၀ နာရီမှ ၃း၃၀ နာရီအထိပြုလုပ်ခဲ့ပြီး ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကျင်းပရခြင်းရည်ရွယ်ချက်နှင့် လက်ရှိမြန်မာပြည်နိုင်ငံရေးအပေါ် သုံးသပ်ချက်များကိုပြောဆိုဆွေးနွေးခဲ့ကြသည်။
နအဖ၏ ၂ဝ၁ဝရွှေးကောက်ပွဲနှင့်ပါတ်သတ်၍ အထူးဧည့်သည်တော်အဖြစ်တက်ရောက်သူ (ဦး)နိုင်ထော်မွန်မှ ''ကျနော်တို့လည်း ကြေငြာချက်ထုတ်ထားတဲ့အတိုင်းဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဒီအတိုင်းဘဲမညှိမနှိုင်းဘဲ လက်မခံနိုင်ဘူး၊ ရွှေးကောက်ပွဲအပေါ်ဘယ်လိုလဲဆိုတာကိုတော့ ကျနော်တို့မပြောသေးဘူး၊ ဒီအတိုင်းမဟုတ်ဘဲ ပြုပြင်ပြောင်းလဲမယ်၊ လက်ခံနိုင်တဲ့အတိုင်းအတာအထိဖြစ်လာမယ်ဆိုရင်တော့ စဉ်းစားမယ်''ဟု မွန်ပြည်သစ်ပါတီ၏ သဘောထားနှင့်ပါတ်သတ်၍ ပြောပြသွားသည်။
ဂျပန်နိုင်ငံတွင် ကျင်းပသည့်ပြည်ထောင်စုနေ့အခမ်းအနားသို့ တတိယအကြိမ်မြောက်အဖြစ်တက်ရောက်သူ ကချင်တိုင်းရင်းသာခေါင်းဆောင်(ဦး)Mahkaw Htun Saမှ အဓိကအားဖြင့် ၂ဝဝ၈ခုနှစ် နအဖ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသည် ဒီမိုကရေစီနှင့်မကိုက်ညီကြောင်း၊ နိုင်ငံသားတွေရဲ့အခွင့်ရေးနဲ့ပါတ်သတ်၍ အာမခံမှုမရှိကြောင်းနှင့်၊ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေးနှင့် ပါတ်သတ်၍ ကိုယ်ပိုင်ပြဌာန်းချက်တွေမရှိသည့်အပြင်၊ တိုင်းရင်းသားများ၏ အမျိုးသားရေးလက္ခဏာများကို တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားအောင်ရေးဆွဲထားသည့်အတွက် နအဖအခြေခံဥပဒေကို လက်မခံကြဖို့နှင့် နအဖကိုသုံးပွင့်ဆိုင်ဆွေးနွေးပွဲဆီသို့ ပါဝင်လာရေးကို ထည့်သွင်းဆွေးနွေးသွားခဲ့သည်။
နအဖ၏ ၂ဝ၁ဝ ရွှေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်တွင်းမှတိုင်းရင်းသားများနှင့်ပါတ်သတ်၍ ''သူတို့ကဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ဝင်ရောက်ယှဉ်ပြိုင်မယ်၊ သူတို့ရဲ့အတွင်းသဘောမှာ ဘယ်လိုရှိမယ်ဆိုတာမသိတဲ့အတွက် ကျနော်တို့က ဝေဖန်လို့မသင့်တော်ဘူး၊ သူတို့ဘာ့ကြောင့်၊ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာ သိရင်တော့ မှားတယ်၊ မှန်တယ်ဆိုတာကို ဝေဖန်လို့ရမယ်ထင်တယ်''ဟု ယင်းကချင်တိုင်းရင်းသားခေါင်းဆောင်မှ နအဖနှင့်အပြစ်အခတ်ရပ်ဆဲထားပြီး ရွှေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်ပြည်တွင်းမှတိုင်းရင်းသားအဖွဲ့များနှင့် ပါတ်သတ်၍မဝေဖန်လိုကြောင်းကို ပြောပြသွားသည်။
ညနေ ၃း၅၀ နာရီမှ ပြန်လည်စတင်ခဲ့သော အခမ်းအနား ဒုတိယပိုင်းတွင် ဂျပန်နိုင်ငံရှိ တိုင်းရင်းသားအဖွဲ့အစည်းများက ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုအကနှင့် ပြည်ထောင်စုနေ့တေးသရုပ်ဖော်များကို ဝေေ၀ဆာဆာနှင့် ဖျော်ဖြေတင်ခဲ့ကြရာ တက်ရောက်လာကြသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများသာမက ဂျပန်လူမျိုးများပါ ကျေနပ်နှစ်သက်ကြသည်ကို တွေ့မြင်ခဲ့ရသည်။
ယခုကျင်းပသည့်အခမ်းနားသို့ ဂျပန်လူမျိုးများနှင့် မြန်မာလူမျိုးပရိတ်သတ်(၆ဝဝ)ကျော်ခန့်တို့တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုတိုင်းရင်းသားများ၏ အခွင့်အရေးနှင့်လွတ်လပ်ခွင့်တို့ကို ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်လာပြီး ပြည်ထောင်စုနေ့သည်လဲ (၆၂)နှစ်တိုင်သွားပြီဖြစ်သော်လည်း ယနေ့တိုင်တိုက်ယူနေရဆဲဘဲဖြစ်ကြောင်း သုံးသပ်ပြောဆိုသွားကြသည်။
Reported by ; Thant Myo Htway
Photo by: Min Nyo Wan

Thursday, February 5, 2009
Friday, January 23, 2009
Monday, January 19, 2009
၂ဝဝ၈ ခုနှစ်တွင် ဂျပန်သို့ဝင်လာသည့် နိုင်ငံခြားသားစာရင်းထုတ်ပြန်

ဂျပန်တရားရေးဝန်ကြီးဌာနမှ ၂ဝဝ၈ ခုနှစ်အတွင်း နိုင်ငံခြား သားများ ဂျပန်နိုင်ငံသို့ ဘယ်နှစ်ဦးဝင်ရောက်လာသည်ဆို အချက်အလက်ကို သတင်းသမားများသိစေရန်အတွက် ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန်လိုက်သည်။
အဆိုပါစာရင်းအရ ၂ဝဝ၈ ခုနှစ်တွင် ဂျပန်နိုင်ငံအတွင်းသို့ နေရာဒေသအသီးသီးမှဝင်ရောက်လာသည့် နိုင်ငံခြားသားပေါင်း ၉၁၅ သောင်းရှိပြီး၊ ၂ဝဝ၇ ခုနှစ်ထက်စာလျင် ၅,၈ဝဝ အောက် လျော့နည်းသွားကြောင်း ဆိုသည်။
နိုင်ငံခြားသားများ ဂျပန်နိုင်ငံသို့ဝင်လာသည့် ၉၁၅ သောင်းတွင် ဂျပန်မှထွက်သွားပြီး ပြန်ဝင်လာသူ ၁၄၄ သောင်းရှိပြီး ကျောင်းဗီဇာ၊ အလုပ်ဗီဇာနှင့် တရားဝင်နေထိုင်ခွင့်ရရှိထားသူများ ပါဝင်ကြောင်းလည်းဖော်ပြထားသည်။
ဂျပန်နိုင်ငံသို့တကြိမ်တခါမှ မရောက်ဖူးပဲ အသစ်ဝင်လာသူ ၇၇၁ သောင်းရှိပြီး၊ အဆိုပါစာရင်းမှာ ၂ဝဝ၇ ခုနှစ်ဝင်လာသည့်စာရင်းဖြင့် နှိုင်းယှဉ်မည်ဆိုပါက ၉,ဝဝဝ ဦးရေလျော့နည်းသွားခဲ့သည်။
ဂျပန်နိုင်ငံအတွင်းသို့ နိုင်ငံခြားသားအသစ်ဝင်ရောက်နေမှုမှာ နှစ်စဉ်တိုးတက်ခဲ့သော်လည်း၊ ၂ဝဝ၃ ခုနှစ်က တကြိမ်လျော့ကျသွားခဲ့ဘူးပြီး၊ ၂ဝဝ၈ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် လျော့ကျသွားခဲ့ခြင်းဖြစ်သည်။
ယခုလိုလျော့ကျခဲ့ခြင်းပေါ် ပညာရှင်များက တကမ္ဘာလုံးနဲ့ဆိုင်သည့် စီးပွားရေးထိုးကျမှုကြောင့် လျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း အသစ်ဝင်လာသည့်ဦးရေ တိုးတက်နေရာမှ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း၌ သိသိသာသာကျဆင်းသွားကြောင်း သုံးသပ်ခဲ့ကြသည်။
၂ဝဝ၈ ခုနှစ်တွင် ဂျပန်လူမျိုးများ နိုင်ငံခြားထွက်သူ ၁၅၉၉ သောင်းဦးရေရှိပြီး ၂ဝဝ၇ ခုနှစ်ထက်စာလျင် ၁၃၁ သောင်း ဦးရေလျော့နည်းသွားသည်။
ဂျပန်လူမျိုးများ နိုင်ငံခြားထွက်သည့်နှုန်းလျော့နည်းမှုမှာလည်း ဂျပန်နိုင်ငံ၏ စီးပွာရေးကျဆင်းမှုကြောင့်နှင့် ၂ဝဝ၇ ခုနှစ်မှစ၍ ဆီဈေးတက်၍ လေယာဉ်လက်မှတ်ခဈေးကြီးလာခြင်းတို့ကြောင့် ပြည်ပအလည်ထွက်သူကျဆင်းရကြောင်းလည်း ပညာရှင်များက သုံးသပ်သည်။
ယခုဖော်ပြပါအချက်အလက်များသည် အကြမ်းဖျင်းထုတ်ပြန်ကြေငြာချက်ဖြစ်ပြီး၊ အသေးစိပ်စာရင်းကို ယခုနှစ် မတ်လတွင်ထုတ်ပြန်မည်ဟုဆိုသည်။
ကိုးကား-
http://www.moj.go.jp/PRESS/090108-1.html

Sunday, January 18, 2009
ရွှေဝါရောင်တော်လှန်ရေး မှတ်တမ်းရုပ်ရှင် ကမ္ဘာကိုဖြန့်ဖို့စီစဉ်
မြန်မာနိုင်ငံက သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ ၂၀ဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြပွဲတွေအကြောင်း ပြည်တွင်းမှာရှိတဲ့ DVB သတင်းထောက်တွေ ရိုက်ကူးထားတဲ့ Burma VJ အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို နိုင်ငံတကာမှာ ကျော်ကြားတဲ့ ၂၄ နာရီ ရုပ်ရှင် ရုပ်မြင်သံကြားလိုင်းတခုဖြစ်တဲ့ HBO က၀ယ်ယူပြသတော့မှာ ဖြစ်ပါတယ်။
VJ မှတ်တမ်းရုပ်ရှင်ဟာ မကြာသေးခင်က ပြီးသွားတဲ့ နယ်သာလန် နိုင်ငံ၊ အမ်စတာဒမ်မြို့ အပြည်ပြည်ဆိုင်ရာ မှတ်တမ်း ရုပ်ရှင်ပွဲတော်နဲ့ CPH ရုပ်ရှင်ပွဲတော်တို့မှာ ထိပ်တန်းဆုတွေ ရရှိထားတာကို RFAက ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။
အဲဒီ မှတ်တမ်းရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု ၊ ယူတားပြည်နယ်မှာ ပြုလုပ်နေတဲ့ ဆန်းဒန့်စ် ရုပ်ရှင်ပွဲတော်မှာ ပြသပြီးသွားတဲ့အခါ၊ ရုပ်သံလှိုင်းကနေ တကမ္ဘာလုံးကို ဖြန့်ချိ ပြသဖို့ HBO ကုမ္မဏီက စီစဉ်နေပါတယ်။(rfa)
ဂျပန်နိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမား ၅ သိန်းနည်းပါး အလုပ်လုပ်ကိုင် နေလျှက်ရှိ

တိုကျိုတွင် အလုပ်လုပ်နေသူ ၁၁၈၄၈၈ ယောက်အပါအဝင် ဂျပန်နိုင်ငံ၌ နိုင်ငံခြားသားအလုပ် သမားပေါင်း ၄၈၆၃၉၈ ယောက်ရှိကြောင်း ပြီးခဲ့သည့် ၂ဝဝ၈ အောက်တိုဘာလကုန်ထိ ကောက်ယူခဲ့သည့် စစ်တမ်းများအရ သိရတယ်လို့ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဇန်နဝါရီလ ၁၆ ရက် သောကြာနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
၂ဝဝ၆ ခုနှစ်က စေတနာ့ဝန်ထမ်းများ၏ စစ်တမ်းကောက်ယူချက်အရ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသား အလုပ်သမားပေါင်း ၂၂၃ဝဝဝ ရှိခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ် အောက်တိုဘာလက ပြုပြင်ပြဌာန်းခဲ့သော အလုပ်သမားအဆင့်တိုးခြင်းဥပဒေအရ အလုပ်ရှင်များက မိမိထံတွင် လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများကို သက်ဆိုင်ရာသို့ စာရင်းပေးခဲ့ကြပါတယ်။ သည်စာရင်းအရ အခုလက်ရှိနိုင်ငံခြားသားအလုပ်သမားဦးရေမှာ ၂ဝဝ၆ ခုနှစ်ကထက် ၂ ဒဿမ ၂ ဆ ပိုများပြားလျှက်ရှိကြောင်းတွေ့ရပါတယ်။
နိုင်ငံခြားသားအလုပ်သမားအများစုဟာ တိုကျိုမြို့မှာလုပ်ကိုင်လျှက်ရှိပြီး၊ ဒုတိယအများဆုံး Aichi အုပ်ချုပ်မှုနယ်မြေတွင် ၆ဝ၃၂၆ ယောက်၊ တတိယအများဆုံး Shizuoka အုပ်ချုပ်မှုနယ်မြေတွင် ၃၁၄၅၃ ယောက်၊ ‚နောက် စတုတ္ထအများဆုံး Kanagawa အုပ်ချုပ်မှုနယ်မြေတွင် ၂၇၄၇၃ ယောက် အသီးသီးနေထိုင်လုပ်ကိုင်လျှက် ရှိပါတယ်။
နိုင်ငံခြားသား အလုပ်သမားများ၏ ၄၃ ဒဿမ ၃ ရာခိုင်နှုန်းဟာ တရုတ်လူမျိုးများဖြစ်ပြီး၊ ဒုတိယအနေဖြင့် ဘရာဇီးလ်လူမျိုးများက ၂ဝ ဒဿမ ၄ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်လူမျိုးများက ၈ ဒဿမ ၃ ရာခိုင်နှုန်းဖြင့် တတိယအများဆုံးဖြစ်ပါတယ်။
ကုန်ထုတ်လုပ်သည့်စက်ရုံများတွင် ၃၉ ဒဿမ ၆ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် ၁၉ ဒဿမ ၇ ရာခိုင်နှုန်း၊ စားသောက်ဆိုင်နှင့် ဟိုတယ်အပိုင်းမှာ ၁ဝ ဒဿမ ၄ ရာခိုင်နှုန်းဖြင့် ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားများ အသီးသီး လုပ်ကိုင်လျှက်ရှိပါတယ်။

Saturday, January 17, 2009
အိုဘားမားကို ဂျပန်ပြည်သူများသာမက နိုင်ငံရေးသမားများကပါ အားကိုးနှစ်သက်လျက်ရှိ ပုံတူမျက်နှာဖုံးများလည်း အရောင်းသွက်နေ
နေမျိုးအောင်(မိုးသောက်ကြယ်)

အမေရိကန်နိုင်ငံရဲ့ ၄၄ ဦး မြောက် သမတဖြစ်လာတော့မဲ့ ဘားရက်အိုဘားမား၏ ပုံတူမျက်နှာဖုံးများဟာ ယနေခေတ်ဂျပန်လူ မျိုးများအကြား လူကြိုက်များ ရေ ပန်းစားလျှက်ရှိပါတယ်။
ဂျပန်နိုင်ငံ၏ ထိပ်တန်းမျက်နှာဖုံးထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ဆိုင်းတမအခြေစိုက် Ogawa Rubber Incမျက်နှာဖုံးထုတ် လုပ်သည့်ကုမ္ပဏီတခု၏ မျက်နှာ ဖုံးဖန်တီးသူ Takahiro Yagiharaက ဒီဇင်ဘာလအတွင်းမှာ အိုဘားမား၏ ပုံတူမျက်နှာဖုံး အခု ၂,၅ဝဝ ကျော်ရောင်းခဲ့ရပြီး ဒါဟာ ကြီးမားတဲ့အောင်မြင်မှု တခုပါပဲလို့ ပြောဆိုပါတယ်။
ဒါ့အပြင် မစ္စတာအိုဘားမား ကျမ်းသစ္စာကျိန်ဆို၍ သမတ ရာထူးလက်ခံရယူမည့် ဇန်နဝါရီ လ(၂ဝ)ရက်နေ့မှာ နောက်ထပ် မျက်နှာဖုံး ၃ဝဝ ကျော်ထပ်ထုတ် လုပ်ဖို့ အရှိန်မြှင့်ကြိုးစားခဲ့ရပါ တယ်။
''အမေရိကန်နိုင်ငံကလုပ်တဲ့ မစ္စတာအိုဘားမားရဲ့ ပုံတူမျက်နှာ ဖုံးနှစ်ခုကိုလည်း ကျနော်ကြည့် ဖူးပါတယ်။ ဒါပေမယ့် ကျနော် တို့ကုမ္ပဏီကထုတ်တဲ့ ပစ္စည်းက အကောင်းဆုံး''လို့ သူကပြောခဲ့ပါ တယ်။
Yagihara၏ကုမ္ပဏီဟာ ထင်ရှားတဲ့ နိုင်ငံရေးခေါင်း ဆောင်များသာမက ကျော်ကြား တဲ့ ကာတွန်းဇာတ်ကောင်များ၏ မျက်နှာဖုံးများကိုလည်း ထုတ် လုပ်ခဲ့ပါတယ်။
သည့်အပြင် ဂျပန်ဆူမိုနပန်း သမားများ၏ မျက်နှာဖုံးများနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ ကြေးညို ရောင်ပုံတူမျက်နှာဖုံးများကို လည်း ထုတ်လုပ်ခဲ့ပါသေးတယ်။
ယခုရွေးကောက်ခံအမေရိကန် သမတသစ်ဟာ ဂျပန်လူထုအ ကြားသာ လူကြိုက်များရုံမကဘဲ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်များကပါ အားကိုး နှစ်သက်တဲ့အရိပ်အယောင်တွေ ပြောဆိုနေတာကိုလည်းတွေ့ရပါ တယ်။
ဂျပန်နိုင်ငံရဲ့ အတိုက်အခံပါတီ ကြီးတခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါ တီကလည်း ဘားရက်အိုဘားမား ကို အကြီးအကျယ်ထောက်ခံကြို ဆိုခဲ့ပြီး ပါတီခေါင်းဆောင်ဖြစ်တဲ့ Ichiro Ozawaကလည်း အိုး ဘားမားရဲ့စကားလုံးအတိုင်း ဂျ ပန်နိုင်ငံရေးလောကကို ပြောင်း လဲနိုင်ဖို့အတွက် လာမဲ့ရွေး ကောက်ပွဲမှာ ပြည်သူလူထုအနေနဲ့ ပြတ်ပြတ်သားသားဆုံးဖြတ်မဲပေးကြဖို့ တိုက်တွန်းနေပါတယ်။
တိုကျိုမြို့တော်ဝန် အီရှိဟာရ ကိုယ်တိုင်ကပင် ဟိုးအရင် မြောက်ကိုရီယားတွေက ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ဂျပန်လူမျိုး များကို အမိနိုင်ငံသို့ အန္တရာယ် ကင်းစွာ ပြန်လာနိုင်အောင် ကူ ညီလုပ်ဆောင်ပေးဖို့ သမတအိုဘားမားအား ဇန် နဝါရီ လ (၁၃)ရက် အင်္ဂါနေ့က အားကိုးတကြီးနဲ့ တောင်းဆိုထားပါသေးတယ်။
(ကိုးကား-http://www.japantoday.com/category/politics/view/obama-masks-a-big-hit-in-japan)