This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Tuesday, April 28, 2009
Sunday, April 26, 2009
တိုကျိုမြို့တွင် ဖျော်ဖြေတင်ဆက်သော Iron Crossတေးဂီတပွဲ(သို့မဟုတ်) ဂျပန်ရှိရွှေမြန်မာတို့အတွက် အိမ်အလွမ်းပြေစေခဲ့သည့် အိုင်စီ၏တိုကျိုရှိုးပွဲ
အိုင်စီ၏ပြည်ပဖျော်ဖြေရေးဒုတိယခြေလှမ်းအဖြစ် ဧပြီလ ၂၆ ရက်နေ့က တိုကျိုမြို့တွင်ပြုလုပ်သော(Live Show)ပွဲကို အောင်အောင်မြင်မြင်ဖြင့် ပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။ အိုင်စီ၏ပင်တိုင်အဆိုတော်များဖြစ်ကြသည့် လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့်ဝိုင်ဝိုင်းတို့အပြင် ကြိုးကြာနှင့်မေစံပါယ်ညိုစသည့်အဆိုရှင်များနှင့်အတူ အင်တိုက်အားတိုက်ဖျော်ဖြေသွားခဲ့သည်။
ပွဲစတင်ကျင်းပမည့်အချိန်ကို သတ်မှတ်ကြေငြာထားသည့်အတိုင်း အစဉ်အမြဲစတင်လေ့ရှိသည့်အိုင်စီအနေနှင့် ယနေ့တွင်မိနစ်နှစ်ဆယ်ခန့်နောက်ကျ၍ စတင်ခဲ့သည်မှလွဲ၍ ပွဲအစအဆုံးပြသနာတစုံတရာမရှိဘဲ ပြီးဆုံးသွားခဲ့သည်။
ယင်းနှင့်ပတ်သတ်၍ ကိုလေးဖြူမှ''(ဂျပန်)အချိန်အရမ်းလေးစားတဲ့နိုင်ငံပါ၊ အခုလာတဲ့လူတွေက ကျနော်တို့လာမလား၊ မလားဘူးလား၊ သံသယတွေကောလဟာလတွေ၊ အသံအရမ်းများတဲ့အခါကျတော့ လာတဲ့လူတွေနောက်ကျမှ ကြည့်ရမှာစိုးလို့ ကျနော်တို့မိနစ်နှစ်ဆယ်၊ ဆယ့်ငါးမိနစ်လောက်နောက်ကျပြီးမှစမယ်လို့ အစကတည်းကကျနော်တို့တိုင်ပင်ထား ခဲ့ပါတယ်''ရှင်းပြသည်။
ပွဲစလျှင်စခြင်း ပရိတ်သတ်မှ ''လေးဖြူ၊ လေးဖြူ''ဟုသံပြုင်ဟစ်အော်တောင်းဆိုကြပြီး လေးဖြူမှပင် အမဲလိုက်အကသီချင်းဖြင့်အဖွင့်သီဆိုပေးခဲ့ပြီးနောက် မျိုးကြီးနှင့်အငဲတို့မှလည်း သီချင်းတပုဒ်စီသီဆို၍ ပထမပိုင်းကို ဖွင့်လှစ်ပေးခဲ့ကြသည်။
ပထမပိုင်းအစအဖြစ် ကြိုးကြာမှ ပြီးခဲ့သောဒီဇင်ဘာ၊ မိန်းကလေးအချစ်စသည့်သီချင်းများဖြင့် သီဆိုဖျော်ဖြေပေး၍ မေစံပါယ်ညိုမှသူမ၏ နံမည်ကျော်သီချင်းဖြစ်သည့် 'အိုး...အချစ်'သီချင်းဖြင့်သုံးပုဒ်ခန့်ဖျော်ဖြေခဲ့ပြီးနောက် အလွမ်းအဆွေး သီချင်းများကို သီဆိုရာတွင်နံမည်ကျော်သည့် ဝိုင်ဝိုင်းမှ လေဟာနယ်၊ အမှိုက်စသည့်သီချင်းများဖြင့် သီဆိုပေးခဲ့သလို ကြိုးကြာနှင့်တွဲဖက်၍ ''မဆုံတဲ့ဖူးစာ''သီချင်းကိုသီဆိုခဲ့သည်။ ၄င်း၏နောက်တွင် မျိုးကြီး၊ အငဲတို့မှသီဆို၍ ပထမပိုင်းအဆုံးသတ် အဖြစ် လေးဖြူမှဖျော်ဖြေတင်ဆက်သည်။
ဂျပန်နိုင်ငံတွင် မြန်မာပြည်မှနံမည်ကျော်အဆိုတော်များ မကြာခဏလာရောက်ဖျော်ဖြေလေ့ရှိသော်လည်း ယခုပြုလုပ်သည့်အိုင်စီပွဲကဲသို့ လူများစွာလာရောက်ကြည့်ရှုခြင်းမရှိခဲ့ဖူးသလို မြန်မာလူမျိုးများအပြင် အိုင်စီ၏နံမည်ကို ကြားဖူးရုံသာကြားဖူးပြီး ကိုယ်တိုင်တခါမှမကြည့်ဖူးသည့် ဂျပန်လူမျိုးအများစုကိုမှ ထူးထူခြားခြားလာရောက်အားပေးခြင်းကို တွေ့ရှိခဲ့ရသည်။
''ပရိတ်သတ်တွေကတော့ ကျနော်တို့ဒီပွဲအထဲကို ရောက်အောင်လာပြီးတော့ ကျနော့်တို့အဖွဲ့ရဲ့ပရိတ်သတ်တွေပေါ့၊ ကျနော်တို့အဖွဲ့ကို Supportလုပ်တယ်၊ ကျနော့်တို့အဖွဲ့ကိုလာရောက်အားပေးတယ်ပေါ့၊ သူတို့ရဲ့အားနဲ့ဘဲကျနော်တို့ သွားနေတာပေါ့၊ ဘန်ကောက်ပွဲရော၊ ဒီဂျပန်ပွဲရောဆိုမှ ပြည်ပပွဲနှစ်ပွဲဘဲရှိသေးတာပေါ့နော်၊ ကျနော်တို့ဒီဂျပန်ကလူတွေပိုပြီး နွေးထွေးတယ်ဆိုရင်တော့ .....။ အရင်ကကျနော်တို့ (ဂျပန်နိုင်ငံသို့)ဂျပန်ကဖိတ်ခေါ်လို့လာရတဲ့အခါ လေးငါးပုဒ်လောက်ဘဲ ဆိုဖြစ်တယ်၊ ဒီပွဲကျတော့ကျနော်တို့ (Team)အပြည့်နဲ့ကစားရတဲ့ပွဲပေါ့၊ ကျနော်တို့ပျော်ပါတယ်'' ဟုဂျပန်ရှိပရိတ်သတ်များနှင့် ဖျော်ဖြေပွဲအပေါ် ကိုလေးဖြူမှ၎င်း၏အမြင်ကိုပြောပြသွားသည်။
ဒုတိယအပိုင်းအစတွင် ကြိုးကြာမှဖျော်ဖြေပြီး သူမ၏နောက်တွင် မေစံပါယ်ညိုမှဆက်လက်သီဆိုဖျော်ဖြေ၍ ပထမပိုင်းနည်းတူ ဝိုင်ဝိုင်းမှသီဆိုဖြေပေးပြီး လေးဖြူ၊ အငဲနှင့်မျိုးကြီးတို့မှ သုံးဦးစလုံးတယောက်တလှည့်စီအပြိုင်အဆိုင်သီဆို ဖျော်ဖြေကြသည်။
ပရိတ်သတ်မှလေးဖြူအား အလင်းရောင်သီချင်းအားတောင်းဆိုခဲ့သလို အငဲမှလည်း ''၈၅မန္တလေးညများတမ်းချင်း၊ မျှော်လင့်ခြင်းကွင်းပြင်''သီချင်းအပြင် မျိုးကြီး၊ လေးဖြူတို့နှင့်တွဲဖက်၍ ''အိုး....ဒီဇင်ဘာ''သီချင်းကို ပရိတ်သတ်နှင့်အတူ သံပြိုင်သီဆို ဖျော်ဖြေကြကာ လေးဖြူနှင့်မျိုးကြီးတို့တွဲဖက်၍လည်း ''ပြန်ခဲ့တော့''သီချင်းကို ဂျပန်ရောက်ရွှေမြန်မာများအတွက် အိမ်အလွမ်းပြေ သီဆိုဖျော်ဖြေပေးသည်။
အိုင်စီ၏တီးခတ်သူများ ခရမ်း(ဒရမ်)၊ ဗညားနိုင်(ကီးဘုတ်)နှင့်ခင်မောင်သန့်(ဘော့စ်ဂစ်တာ)တို့၏တကိုယ်တော် လက်စွမ်းပြတီးခတ်မှုလည်းပါဝင်ခဲ့ပြီး နောက်ဆုံးတွင်လေးဖြူမှ''အာရှ၏ကြယ်တစ်ပွင့်''ဟု ချစ်စမ်းမောင်အားမိတ်ဆက်ပေး လိုက်ရာ ဝိုင်ဝိုင်း၏ကူညီပံ့ပိုးမှုဖြင့် ဂစ်တာနှစ်လက်ကိုအပြိုင်လက်စွမ်းပြတီးခတ်၍ ဖျော်ဖြေရာမြန်မာပရိတ်သတ်များအပြင် ဂျပန်ပရိတ်သတ်များပါ ကောင်းချီးသြဘာလက်ခုတ်များဖြင့် တအံ့တသြအားပေးခဲ့ကြသည်။
ယခုပွဲကိုတိုကျိုမြို့အနောက်ဘက်ရှိ အိုးဂျိအရပ်ရှိနိုင်ငံတကာအဆင့်မှီ ''ဆာကူးရာခန်းမ''တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နှင့်မြန်မာပရိတ်သတ်တစ်ထောင်ဝန်ကျင်ခန့်လာရောက်အားပေးခဲ့ကြပြီး အိုင်စီ၏နောက်ဆုံးဖျော်ဖြေမှုအဖြစ် တီးခတ်သူများပါ ပါဝင်၍ ''ရောဂါ''သီချင်းကိုသီဆိုပိတ်သိမ်းခဲ့ပြီး အိုင်စီအဖွဲ့အားဂျပန်နိုင်ငံသို့တာဝန်ယူခေါ်ဆောင်ပေးသည့် ဂျပန်လူမျိုး Mr.Kimihiko Higurashiအား အိုင်စီအဖွဲ့မှလက်ဆောင်မေတ္တာပန်းခြင်းကို ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
Saturday, April 25, 2009
မြန်မာလူမှောင်ခိုကူးမှုများကို ထိထိရောက်အရေးယူ ဆောင်ရွက်မည်ဟု မလေးရှားအစိုးရြေ<ွကးကြော်
(The Associated Press)

လူ့အခွင့်အရေး လှုပ်ရှားမှုများနှင့် မြန်မာပြည်ထွက်ခွာလာသူများကို ကော်မတီ ၀န်ထမ်းများမှ တစ်
နှစ်ကြာတွေ့ဆုံမေးမြန်းမှုများအပေါ် အခြေခံ၍ အစီရင်ခံစာကို ရေးသားခဲ့ခြင်းဖြစ်၏။
အမေရိကန်တာဝန်ရှိသူများထံမှ နောက်ထပ်သတင်းအချက်အလက်များ ရရှိရန်မျော်လင့် ကြောင်းမလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇါတ် က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ သင့်တော်သလို အရေးယူဆောင်ရွက်သွားပါ့မယ်။ မလေးရှားနိုင်ငံကို လူကုန်ကူးမှု အချက်အခြာနေရာတစ်ခုအဖြစ် အသုံးပြုနေတာ မလိုလားပါဘူး။ ဒါ့ကြောင့် သတင်းအချက်အ လက်တွေ နောက်ထပ်သိရဖို့လိုအပ်ပါတယ်။” ဟူ၍ နာဂျစ်က ပြေားကြားခဲ့သည်။
ယခုနှစ် အစေားပိုင်းက နယ်စပ်ရှိ လူကုန်ကူးမှုများနှင့် ပတ်သက်၍ အစီရင်ခံမှုများကို ပြည်ထဲရေးဝန်ကြီး ဆေ့ဟာမစ် အယ်ဘာ က “ အထောက်အထားမဲ့ စွပ်စွဲချက်များ” အဖြစ် ပယ်ချ ခဲ့သည်။ သို့သော် ယခုလ အစေားပိုင်းက မလေးရှားနှင့် ထိုင်းရဲ နှင့် လူဝင်မှု တာဝန်ရှိ သူများမှ စွပ်စွဲချက်များ ကို စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း အမျိုးသားရဲချုပ် မူဆာဟက်ဆန် က ပြောဆိုခဲ့သည်။အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် မြန်မာပြည်မှ ထွက်ခွါ၍ မလေးရှားတွင် တရားမ၀င် နေထိုင် သူများကို ဒုက္ခသည်အဖြစ် အသိအမှတ်မပြုဘဲ ဖမ်းဆီး၍ ကြိမ်ဒဏ်ခတ်ကာ ပြန်ပို့လေ့ရှိသည်။မကြာသေးမီ နှစ်များအတွင်းက ထောင်နှင့်ချီသော မြန်မာရွှေ့ပြောင်းများကို မလေးရှား တောင် ဘက် ထိုင်းနယ်စပ်သို့ ပြန်လည်ပို့ဆောင်ပေးပြီးနောက် နှိပ်စက်ညှင်းပန်းမှု ၊ လူကုန်ကူးမှုများ၏သားကောင်များဖြစ်လာခဲ့ရကြောင်းလည်း အထက်ပါ အစီရင်ခံစာတွင် ပါရှိသည်။“မလေးရှား ၊ ထိုင်းနယ်စပ် ကို ရောက်တာနဲ့ ရွှေ့ပြောင်းတွေကို လူကုန်ကူးသူတွေ ပိုဆိုင်သွားတယ်။” ဟု အစီရင်ခံစာတွင် ဖေါ်ပြပါရှိသည်။ အစီရင်ခံစာတွင် အမည်မဖေါ်လိုသူ တစ်ဦး၏ ပြောကြားချက်ကို ကောက်နှုတ်ထားသည်။ “ကြည့်ကောင်းရှုကောင်း ရှိတဲ့ အမျိုးသမီး တွေဆိုရင် ဇိမ်ခန်းတွေ ကိုရောင်းစားတယ်။ ရုပ်ရည်မလှတဲ့ အမျိုးသမီတွေကျတော့ စားသောက်ဆိုင်တွေမှာ ဒါမှမဟုတ် အိမ်ဖော်အလုပ်သမားတွေ အဖြစ်ရောင်းစား ခံရတယ်။”
မြန်မာ နဲ့ အခြားရွှေ့ပြောင်းဝင်ရောက်သူတွေကို လူကုန်ကူးခြင်း ၊ လူရောင်းစားခြင်း နှင့် ကျွန်ပြု
ခြင်း လုပ်ရပ်များ အပေါ် စုံစမ်းစစ်ဆေး အရေးယူပေးရန် မလေးရှားသို့ တောင်းဆိုထားသည်။
“ မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေအောက်ကနေ ထွက်ပြေးပြီး မလေးရှား ရောက်လာတဲ့
မြန်မာရွှေ့ပြောင်းတွေ အတွက် မယုံနိုင်လောက်အောင် ဆိုးရွားမှုတွေ ကြုံတွေ့ဖို့ပဲ မျှော်လင့်နိုင်ပါ
တယ် ။” ဟု ဖေါ်ပြထားသည်။
ဒုက္ခသည် အခွင့်အရေးများနှင့် လူကုန်ကူးခြင်းခံရသူများကို အကာအကွယ်ပေးရန် မလေးရှားအစိုရးအနေဖြင့် အစီရင်ခံစာပါ အချက်များအပေါ်အရေးယူဆောင်ရွက်သင့်ကြောင်း နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ မှ ကြေငြာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ မတ်လ နှောင်းပိုင်းအထိ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ၏ စာရင်းဇယားများအရ မလေးရှားတွင်နေထိုင်သု မှတ်ပုံတင်ပြီး ဒုက္ခသည် အရေအတွက် ၄၇,၆၀၀ ဦးရေတွင် မြန်မာလူမျိုး ၄၂,၃၀၀ ဦးရေး ပါဝင်ကြောင်းသိရသည်။ မလေးရှား အတိုက်အခံ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ လင်တစ်ရှန်း ကလည်း အမေရိကန်အစီရင်ခံစာ နှင့် ပတ်သက်၍ “ ချက်ခြင်းအရေးယူဆောင်ရွက်” သင့်ကြောင်း အစိုးရ ကိုတိုက်တွန်လိုက်သည်။
“နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ မလေးရှား ရဲ့ ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်းစေရုံသာမက
မလေးရှား အစိုးရရဲ့ လူ့အခွင့်အရေး ဆောင်ရွက်မှုတွေအပေါ် မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်”။
ဟူ၍ ၎င်းက ပြောကြားခဲ့သည်။(ဘာသာပြန်သူ-၀မ်းအိုဝမ်း)
KUALA LUMPUR, Malaysia – Malaysia's prime minister on Friday vowed to investigate a scathing report by U.S. lawmakers saying thousands of Myanmar refugees were handed over to human traffickers and ended up working in Thai brothels. The U.S. Senate Committee on Foreign Relations said in the report that illegal Myanmar migrants deported from Malaysia were often forced to work in brothels, fishing boats and restaurants across the border in Thailand if they had no money to purchase their freedom.
The report was based on a yearlong review by committee staff who spoke to migrants from military-ruled Myanmar, also known as Burma, and human rights activists. Prime Minister Najib Razak said his government hopes to get more information on the report from U.S. authorities. "We will take appropriate action," Najib told reporters. "We do not want Malaysia to be used as a point for human trafficking ... but we need to know more facts."
Earlier this year, former Home Minister Syed Hamid Albar dismissed claims of human trafficking at the border as "wild allegations." But national police chief Musa Hassan said earlier this month that Malaysian and Thai police and immigration officials were investigating the claims. Many who flee persecution in Myanmar try to stay illegally in Malaysia, which does not recognize refugees and can arrest them, whip them as punishment then deport them.
According to the Senate committee report, "a few thousand" Myanmar migrants in recent years might have become victims of extortion and trafficking once they were deported across Malaysia's northern border with Thailand. "Upon arrival at the Malaysia-Thailand border, human traffickers reportedly take possession of the migrants," the report said.
The report quoted one unidentified migrant as saying women "are sold at a brothel if they look good. If they are not beautiful, they might sell them at a restaurant or housekeeping job." It called on Malaysia to investigate and prosecute "the trafficking, selling and slavery of Burmese and other migrants." "The prospect that Burmese migrants, having fled the heavy hand of the Burmese junta, only to find themselves in harms' way in Malaysia seemed beyond belief," it said.
The New York-based Human Rights Watch said in a statement that Malaysia's government "should act on this U.S. Senate report to protect the rights of refugees and victims of human trafficking." The U.N. refugee agency has registered 47,600 refugees living in Malaysia as of the end of March, of whom 42,300 were from Myanmar.
Malaysian opposition politician Lim Kit Siang also urged the government to "respond with instant action" to the U.S. report, saying it is "not only most damaging to Malaysia's international image but raises grave questions about Malaysia's human rights commitment."
မိဇုဟိုဘဏ်အရှုံးပေါ်နေကြောင်းစာရင်းထုတ်ပြန်

ဤသို့အရှုံးပေါ်ရခြင်းမှာ အဓိ ကအားဖြင့် ချေးငွေများပြန်မဆပ် နိုင်ကြသောကြောင့်(ြေ<ွကးဆုံး) ဖြစ်ရကြောင်း ကျိုတိုသတင်း၌ ဖော်ပြထားသည်။ လွန်ခဲ့သော ၂ဝဝ၇- ၂ဝဝ၈ ဘ ဏ္ဍာရေးနှစ်၊ မတ်လအထိကတော့ ၃၁၁.၁၂ ဘီလီယံယန်းအကျိုးအ မြတ်ရရှိခဲ့ပြီး၊ ၂ဝဝ၈-၂ဝဝ၉ ဘ ဏ္ဍာရေးနှစ်၏ ၉ လတာအတော အတွင်း ၅ဝ.၅၅ ဘီလီယံယန်း အ ရှုံးပြခဲ့တယ်ဟု မစ်ဇုဟိုမှ သတင်း ထုတ်ပြန်ခဲ့သေးသည်။ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအ ကြပ်အတည်းနှင့်ရင်ဆိုင်နေရသော ကြာင့် ဂျပန်နိုင်ငံ၏အဓိကပို့ကုန် လုပ်ငန်းကုမ္မဏီများ၊ လုပ်ငန်းများ ရပ်ဆိုင်းနေရပြီး ¤င်းအကျိုးဆက် အားဖြင့်အထိနာစေခြင်းဖြစ်သည်။ ယခုကဲ့သို့ဂျပန်နိုင်ငံ၏ဒုတိယ အကြီးဆုံးဘဏ်အုပ်စုဖြစ်သော မိဇုဟိုဘဏ်အုပ်စုကြီး ဆိုးရွားစွာ အရှုံးပေါ်နေမှုကြောင့် ဂျပန်နိုင်ငံ ၏ငွေကြေးဈေးကွက်ကိုအထိနာစေ ပြီး ငွေပေါင်စာချုပ်များနှင့် အခြား သောငွေကြေးဆိုင်ရာအရောင်းအ ဝယ်လုပ်ငန်းများမှာလည်း အထိ နာလိမ့်မည်ဟု ကျိုတိုသတင်း၌ ဆက်လက်ဖော်ပြထားသည်
(ဘာသာပြန်သူ- ၀မ်းအိုဝမ်း)
TOKYO (AFP) – Japan's second-largest bank Mizuho Financial Group said Thursday it suffered an estimated net loss of 580 billion yen (5.9 billion dollars) in the past financial year to March. The megabank's net losscomes after a surge in bad loan costs, Kyodo News said. Mizuho reported a net profit of 311.22 billion yen in the preceding year to March 2008 but incurred a net loss of 50.55 billion yen in the nine months to last December. The bank has been badly hit by financial market turmoil and losses on toxic mortgage-backed securities.
အိုင်စီအဖွဲ့ ဂျပန်ရောက်ပြီ၊ Live Showပွဲကို ကြေငြာထားသည့်နေရက်နှင့် အချိန်အတိုင်းအတိအကျကျင်းပမည်ဟုပြောဆို

မြန်မာပြည်၏ အထင်ရှား အကျော်ကြားဆုံး ရော့ခ်တေးဂီတအဖွဲ့ဖြစ်သည့် အိုင်စီ(Iron Cross burmese rock band)အဖွဲ့သည် ဂျပန်နိုင်ငံတိုကျိုမြို့သို့ ဧပြီလ ၂၅ ရက်(စနေနေ့)နံနက်ပိုင်းတွင် ရောက်ရှိလာပြီဖြစ်ကြောင်းသိရသည်။
အိုင်စီ၏ ပင်တိုင်အဆိုတော်များသည့် လေးဖြူ၊ အငဲ့၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့နှင့်အတူ ကြိုးကြာနှင့် မေစံပယ်ညိုတို့လည်း ပါဝင်သီဆိုမှာဖြစ်ပြီး Live Showပွဲကို သတ်မှတ်ထားသည့်ရက်အတိုင်း ကျင်းပပြုလုပ်မှာဖြစ်ပြီး အိုင်စီအဖွဲ့၏မူအတိုင်း အချိန်အတိအကျ ဖျော်ဖြေမည်ဟုလည်းသိရသည်။
ကျင်းပမည့်နေ့- ဧပြီ ၂၆ ရက်(တနင်္ဂနွေနေ့)
ကျင်းပမည့်အချိန်- ညနေ ၄းဝဝ နာရီမှ ည ၈းဝဝ နာရီအထိ
ကျင်းပမည့်နေရာ- Oji Sakura Hall, Ojiဘူတာမြောက်ဖက်ထွက်ပေါက်မှ လမ်းလျှောက် ၂ မိနစ်ခန့်
Tuesday, March 24, 2009
နီပွန်းနော့ ၀ကမိုနို ( နိပွန် နိုင်ငံတော်ရဲ့ အနာဂါတ်တွေ အကြောင်း )
နီပွန်းနော့ ၀ကမိုနို ဆိုတာကတော့ ဂျပန်က လူငယ်တွေရဲ့ အကြောင်းဖြစ်ပါတယ်၊ ဂျပန်က လူငယ်တွေအကြောင်းကို ရေးမယ်ဆိုတော့ တကယ်ရေးရင် တအားကို ကျယ်ပြန့်မှု ရှိတာရယ် ကျနော်ကိုယ်တိုင်က လူလတ်ပိုင်း အရွယ်ဖြစ်နေတော့ လူငယ်တွေဘ၀ကို ပြန်ဆင်း လေ့လာပြီး ရေးရပါတယ်၊ ပြည့်စုံမှုတော့ ရှိမယ် မထင်ပါဘူး ၊ ဒါပေမယ့် အားလုံးအတွက် ဂျပန်က ယနေ့ခေတ် ပုံရိပ်တွေ ရောင်ပြန်ဟပ်မဲ့ ဗဟုသုတ တစုံတရာ ရရှိမယ်လို့ တော့ထင်ပါတယ်။
ဝကမိုနို
ဂျပန် လူငယ်လူရွယ်တွေကို ဂျပန်လိုတော့ ၀ကမိုနို (wakamono) လို့ခေါ်ပါတယ်၊ ဂျပန်နိုင်ငံ ရဲ့ ဥပဒေ သတ်မှတ်ချက်အရ အသက်၂၀ မပြည့်သေး သူတွေကို လူကြီးအဖြစ် အသိအမှတ် မပြုပါဘူး၊ အသက်၂၀ မပြည့်သေးတဲ့ ယောကျာင်္းလေး၊ မိန်းကလေးတွေဟာ မိဘရဲ့ အုပ်ထိမ်းမှု အောက်မှာရှိနေပြီး အရက်သောက်ခွင့်၊ ဆေးလိပ်သောက်ခွင့် နှင့် လူကြီးတွေ လုပ်ပိုင်ခွင့်ရှိတဲ့ အရာတွေကို လုပ်ပိုင်ခွင့် မရသေး၊ မရှိသေးတဲ့ အရွယ်ပေါ့၊ ဒါပေမယ့် တိုးတက်ပြီး ခေတ်မှီနေတဲ့ နီပွန်းက ဂျပန်လူငယ်တွေက ဒီသတ်မှတ်ချက် ဥပဒေတွေ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာကြပါရဲ့လား ? ဆိုတဲ့ မေးခွန်းတွေ မေးလာနိုင်စရာ ရှိပါတယ်၊ ဒီနေရာမှာ အုပ်စု နှစ်စု ခွဲပြောရမှာပါဘဲ၊ ရိုးရိုးသားသား နဲ့ ကျောင်းပညာကိုသာ စိတ်ဝင်စားပြီး ၀ါသနာပါရာ ဂီတ၊ အနုပညာနဲ့ တခြားအတတ်ပညာ၊ အသိပညာတွေကို ရည်မှန်းချက်ကြီးကြီး နဲ့ ကြိုးစားနေကြသူတွေ ရှိသလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လွတ်လပ်မှုနောက်ကို တကောက်ကောက် လိုက်ရင်း အပျော်အပါး၊ အလှအပ နောက်မှာ လိုက်ပြီး ဘ၀ကိုရေစုန် မျှောနေသူတွေလည်း ရှိနေကြတာပါဘဲ။

အထက်တန်း ကျောင်းသူလေးတွေရဲ့လွတ်လပ်ပေါ့ပါးတဲ့ စတိုင်
အဆိုး နဲ့ အကောင်းတွေ ဒွန်တွဲနေတဲ့ ဂျပန်လူငယ်
အလယ်တန်း ပညာသင်ကြားနေတဲ့ ဂျပန်လူငယ် တွေကတော့ ၁၃နှစ်၊ ၁၅နှစ် အရွယ်သာသာ လေးတွေပါ အဲဒီ အရွယ်တွေကတော့ ကျောင်းတက်၊ အပေါင်းအသင်း အစုအဝေးလေးတွေနဲ့ ကျောင်းပိတ်ရက်တွေမှာ တွေ့ဆုံကြပြီး လည်ကြပတ်ကြနဲ့ သာမာန်ကလေးဘ၀ကို ဖြတ်သန်း နေကြတာများပါတယ်၊ အလယ်တန်းအဆင့်ကို ကျော်ဖြတ်လို့ အထက်တန်း အဆင့်ကိုရောက်ကြတယ် ဆိုရင်ဖြင့် လူပျို အပျိုဖော်ဝင်နေတဲ့ သူတို့လေးတွေဟာ အရာရာကို သိချင် စူးစမ်းချင်လာသလို၊ ဘ၀ရဲ့ တဆစ်ချိုးအကွေ့ အပြောင်းအတွက် အရေးကြီးတဲ့ အချိန်လည်းဖြစ်တာမို့ အပေါင်းအသင်း၊ ပတ်ဝန်းကျင်က စေ့ဆော်မှုတွေ နဲ့ အဲဒီ လူငယ်ဘ၀တွေကို ပြောင်းလဲစေကြတော့ တာပါဘဲ။
အလှအပကို တော်တော်လေး ခုံမင်လာတဲ့သူ ဆိုယင် ဆံပင်တွေကို အရောင်အမျိုးမျိုး ဆိုးပြီး ခေတ်လူငယ်စတိုင်တွေနဲ့ ရှိုးထုတ်လာကြတယ်၊ မိန်းကလေးတွေကတော့ ကျောင်းတက်ယင် စကဒ်အတိုလေးတွေကို တိုသထက်တိုအောင် ခေါက်ဝတ်လို့ သူတို့ရဲ့ ငယ်ရွယ်တဲ့ အလှကို ပုရိဿတွေ ရင်ခုန်အောင် sexy ဆန်ဆန် ပြင်ဆင် ၀တ်ဆင်လာကြတယ်လေ၊ အထက်တန်း ကျောင်းသား ကျောင်းသူလေးတွေ ဖြစ်လာတဲ့ သူတို့ နှလုံးသားမှာလည်း အချစ်ဆိုတဲ့ ပန်းလေးတွေက ဖူးပွင့်လာပြီ ဆိုတော့ တွယ်တာရမယ့် အသက်တူ ရွယ်တူချစ်သူလေးတွေလည်း ရှိနေကြပါပြီ၊ ဒီ အရွယ်လေးတွေကတော့ အရက်၊ ဘီယာနဲ့ ဆေးလိပ်တို့ စသောက် စမ်းသောက် နေကြသူတွေ ရှိလာသလို၊ ချစ်သူကိုလည်း မိဘအိမ်ကို ခေါ်လည်တတ် နေကြပါပြီ၊ မိဘတွေကလည်း အရွယ်ရောက်စ ပြုလာပြီဖြစ်တဲ့ သားသမီးတွေကို လွတ်လပ်ခွင့် စပေးစ ပြုလာပြီမို့ ကြည်ဖြုစွာနဲ့ဘဲ အိမ်မှာ ပေးတွေ့ခွင့် ပြုပါတယ်၊ အချစ်ဟိုတယ်လို နေရာမျိုးကတော့ သွားသူ ရှားပါးသလို၊ အရွယ် မရောက်သေးတာမို့ ပြဿနာ တစုံတရာတက်လာ နိုင်တာမို့လည်း ဖြစ်ကောင်း ဖြစ်မှာပါ။

ဆံနွယ်ကေသာ အရောင်အမျိုးမျိုးနဲ့ စတိုင်ထုတ် လှချင်တိုင် လှနေကြ
လိင် ဆက်ဆံမှုနဲ့ လူငယ်ကဏ္ဍ
ဂျပန်ဟာ လိင် ဆက်ဆံမှုနဲ့ ပတ်သက်ပြီး ရှက်စရာ အလုပ်တခုလို့ သတ်မှတ်ခြင်း မရှိကြပါဖူး၊ လိင်ဆက်ဆံမှုဟာ ကျန်းမာရေးတခု အဖြစ် သတ်မှတ်ထားသလို၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေကို ဆရာတွေ ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ လုပ်နေသလို၊ ဖြစ်လာမယ့် အန္တရာယ်ကို ကြိုတင် ကာကွယ်တားဆီးနိုင်ဘို့ တွေကိုပါ သင်ကြားပေးသလို အကာအကွယ် ပစ္စည်းတွေက အစ ဆေးရောင်းတဲ့ စတိုးဆိုင်လို နေရာမျိုးတွေမှာ လွတ်လွတ်လပ်လပ် ၀ယ်ယူ အားပေးနိုင်တာမို့ ကျောင်းဝတ်စုံနဲ့ ၁၄နှစ်အရွယ် ကျောင်းသူလေးက အစ ကိုယ်ဝန်စမ်းသပ်တဲ့ ဆီးစစ်တဲ့ ပစ္စည်းလေးတွေကို ခပ်တည်တည် ၀ယ်ယူ အားပေးနေတာ မကြာခဏ တွေ့မြင် နေရပါတယ်၊ ဂျပန်ဟာ လိင်မှုကိစ္စနဲ့ ပတ်သက်ရင် လုံးဝ လွတ်လပ်မူရှိတာဟာ ကမ္ဘာမှာ ပထမလို့ သတ်မှတ် ခံထားရတာပါ၊ ဂျပန်ရဲ့ စတိုးဆိုင်လို နေရာမျိုးတွေ စာအုပ်ဆိုင် တွေမှာတောင် လိင်နဲ့ပတ်သက်တဲ့ စာအုပ်၊ စာတမ်းတွေ၊ ရုပ်ပြကာတွန်း၊ မဂ္ဂဇင်းနဲ့ ဗွီဒီယိုတွေကို ထင်သာမြင်သာပဲ တင်လို့ ရောင်းချလျှက်ရှိပါတယ်။

ဟရဂျုခု လမ်းမပေါ်က Rockတေးဂီတ အကနဲ့ အပြတ် ဒန့်စ်လို့ မြူးတူး နေတဲ့ ကိုကို ကာလသားများ
လှုပ်လှုပ်ရှားရှား လူငယ်များ
ဂျပန် လူငယ်တွေဟာ မြူးဇစ်နဲ့ သီချင်းတွေကို အရူးအမူး စွဲလမ်းနှစ်သက်ကြသလို လှုပ်ရှားပြီး ကနေရတဲ့ ဒန့်စ်တွေကိုလည်း သိပ်ကြိုက် နှစ်သက်ကြပါတယ်၊ အဲဒီလို စွဲလမ်းနှစ်သက်ရာက ကိုယ်ကိုတိုင် ဖန်တီးရှင်ဘ၀ ရောက်အောင် အနုပညာ ဆိုတီးပညာရပ်တွေကိုပါ လေ့လာပြီး ညဘက်မှာ လူစည်ကားတဲ့ ဘူတာရှေ့လို နေရာမျိုးတွေ၊ ပန်းခြံလိုနေရာမျိုးတွေမှာ အပေါင်းအသင်းတစုနဲ့ ဖျော်ဖြေတင်ဆက်နေတဲ့ လမ်းဘေး တီးဝိုင်းလေးတွေလည်း အမြောက်အများပါဘဲ၊ အဲဒီလို လမ်းဘေးဝိုင်းလေးတွေ ကနေ ဖျော်ဖြေတင်ဆက်ပြီး နာမည်ကျော် အဆိုတော်တွေ၊ အတီးသမားတွေလည်း မြောက်များစွာ ထွက်ပေါ်ခဲ့ကြတယ်၊ ဒီနေရာမှာ တခုပြောချင်တာက ဂျပန်က လူနေရပ်ကွက်တွေဟာ ဆိတ်ငြိမ်၊ တိတ်ဆိတ်နေတတ်ပြီး ပတ်ဝန်းကျင်နဲ့ ဘေးအိမ်တွေကို အနှောင့်အယှက် ပေးလို့မရပါဘူး၊ မြန်မာပြည်လို အိမ်ရှေ့ ထွက်ပြီး ဂစ်တာ တဒေါင်ဒေါင်နဲ့ လုပ်လို့ မရသလို စကားပြောရင်တောင် ဘေးခန်းတွေ အနှောင့်အယှက် မဖြစ်အောင် အော်ကျယ် အော်ကျယ်ပြောလို့ မရပါဘူး၊ ပြောတော့ ဘာဖြစ်မလဲ သိလား ... ဂျပန်ရောက် မြန်မာတွေ မြန်မာစတိုင် နဲ့ အိမ်ထဲမှာ အော်ကြီး၊ ဟစ်ကျယ် စကားပြောကြလို့ ပတ်ဝန်းကျင်က ရဲတိုင်ရာက ဗွီဇာမရှိသူတွေ တေါ့လို့ ရွာပြန်ကြရ၊ ခဏခဏ အဖမ်းခံရတာတွေ ရှိသလို၊ ရဲစခမ်းက ခေါ်ယူ သတိပေးခြင်း ခံရတာတွေလည်း အများကြီးပါ၊ ( ကြုံလို့ တင်ပြယုံ သက်သက်ပါ။ )

ဟရဂျုခု လမ်းမပေါ်က ဖက်ရှင် ဒီဇိုင်းပြနေတဲ့ နေမျိုးနွယ်မလေး တယောက်
တခုဆို တခုဘဲလို့ ဆိုကြတယ်
ဂျပန် လူငယ်တွေရဲ့ ကောင်းမွန်တဲ့ အကျင့်တခုက အလုပ်တခုကို လုပ်ရင် တဝက်တပျက်နဲ့ ရပ်တံ့သွားသူ နည်းသလို၊ ကျနော်တို့ မြန်မာလူငယ်တွေလို ဟိုစပ်စပ် ဒီစပ်စပ် မလုပ်ကြတာ ပါဘဲ၊ ဥပမာ ဘတ်(စ)ကက်ဘော ၀ါသနာပါသူက ၁၀နှစ်သားလောက် ကတည်းက အရွယ်ရောက်လာတဲ့ အထိ ဘတ်(စ)ကက်ဘောဘဲ ကျန်တာ သူတို့ စိတ် မ၀င်စားပါဘူး ၊ အဲဒါကိုဘဲ အောင်မြင် အောင်လုပ်တယ်၊ ပန်းချီ စိတ်ဝင်စားသူက ပန်းချီဆို ပန်းချီပါဘဲ တခြားအကြောင်းတွေ သူ မသိပါဘူး၊ တခုကိုဘဲ တစိုက်မတ်မတ် လိုက်စား လေ့လာကြတယ်၊ ဂျပန်ရဲ့ အောင်မြင် တိုးတက်နေမှုတွေဟာ အဲဒီအချက်လည်း ပါနေတယ်ဆိုတာတော့ ငြင်းလို့ရမယ် မထင်ပါဘူး၊ မိတ်ဆွေတယောက်ရဲ့ သား တယောက် အကြောင်းကို သိခဲ့တာ သူဟာ ၇နှစ်သားလောက် ကတည်းက သူ့အမေက ပီယာနိုတီးတတ်ရဲ့သားနဲ့ သင်တန်းကျောင်းကို ပို့သင်စေပြီး အမေက မသင်ပေးတော့ မေးဖြစ်လာလို့ ရင်နှီးစွဲနဲ့ မေးဖြစ်တော့ ... အမေ စန္ဒယား တီးတတ်နေတာ သားကို သင်ပေးလိုက်ပါလား? ဘာကြောင့် သင်တန်းကျောင်း သွားပို့ရတာလည်း ဆိုတော့ မိဘက သင်ရင် သူ အလေးထားမှာ မဟုတ်သလို၊ စနစ်ကျမှာလဲ မဟုတ်ဘူး ... ဒီတော့ ... သင်တန်းကျောင်းက စနစ်ကျတယ်၊ သူ့အတွက် အခြေခံကောင်း ရစေတယ်ဆိုပြီး ပိုက်ဆံ အကုန်ခံပို့ သင်စေပါတယ်၊ ဒါကြောင့် အဲဒီ ကလေးဟာ အခုဆိုရင် နာမည်ရ ပီယာနစ် တယောက်ဖြစ်နေပါပြီ၊ အခြေခံကောင်းမှ.. “ အမြင့်ကို တက်လှမ်းတဲ့ အခါ အခြေခံ ခိုင်မာမှု ရှိရမယ်” ..ဆိုတဲ့ အတွေးအခေါ်တွေဟာ တကယ်ကို အတုယူ သင့်စရာတွေပါဘဲလို့ ညွန်ပြချင်ပါရဲ့။
ကာလာ ဖက်ရှင်များနဲ့ လူငယ်တွေ
တိုကျိုလို နေရာမျိုးမှာတော့ လူငယ်တွေ အများဆုံး စည်ကားတဲ့ စုစည်းတတ်တဲ့နေရာ လူငယ်ရပ်ကွက်လို့ ပြောစမှတ်ပြုနေတဲ့ နေရာတွေကတော့ ရှီဘုယ နဲ့ ဟရဂျုခု လိုနေရာမျိုးတွေပါဘဲ၊ အဲဒီ ရပ်ကွက်၂ခုက ကပ်လျှက် ရှိနေပြီး အရောင်အသွေးစုံနဲ့ ပန်းပွင့်လေးတွေရဲ့ ပျော်စံရာနေရာလို့သာ တင်စားလိုက်ချင်တော့တယ်၊ ခေတ်ရေစီးကြောင်းနဲ့ အညီ ဖက်ရှင်စတိုင် အမျိုးမျိုးနဲ့ လမ်း သလားနေတဲ့ ရောင်စုံ ကောင်မလေးတွေ ကောင်လေးတွေ ပျားပန်းခတ်မျှ ရှိနေသလို၊ တနင်္ဂနွေလို နေ့မျိုးမှာတော့ ဟရဂျုခု ဘူတာက ထွက်လိုက်တာနဲ့ ခေတ်စတိုင် ဖက်ရှင်ဒီဇိုင်းတွေ နဲ့ ခေတ်လွန် ဒီဇိုင်းတွေကို ဖက်ရှင် ပန်းခင်းကြီးထဲ ဆင်းကြည့် နေရသလို ငယ်ရွယ်သူလေးတွေကို အရောင်အသွေးစုံစွာ တွေ့မြင်ရမှာ ဖြစ်သလို၊ ရော့ခ်အကကို အစုအဖွဲ့နဲ့ ညီညာစွာ ကတ်ဆက်ဖွင့်ပြီး ကခုန်နေသူတွေ အပြင် တီးဆို ဖျော်ဖြေနေတဲ့ ဂီတ၀ိုင်း အသေးစားလေးတွေ ကလည်း မျက်စိတဆုံး ရေစီးကြောင်းထဲ မျောပါသွားသလိုကို တွေ့မြင်ရပါတယ်၊ အဲဒီ လူငယ်တွေ အများဆုံး ဆုံရပ်နေရာမျိုးမှာ လူငယ်တွေရဲ့ အညွန့်ကို ဖျက်ဆီးမယ့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားသူတွေလည်း ရှိနေသလို၊ သုံးစွဲသူ လူငယ်တွေ ဘ၀ပျက်နေသူတွေလည်း ရှိနေပါတယ်၊ ဂျပန်လူငယ်တွေ မူးယစ်ဆေး သုံးတာတော့ နည်းပါတယ်၊ ဈေးကြီးတာရယ် အစိုးရက တင်းကြပ် ထားတာတွေရယ် ကြောင့်ပါ။
စတန့်ထွင်တာလားတော့ မသိ တခါက အဲဒီ ဟရဂျူးခုမှာ ကောင်မလေးတွေ Free Hugs ( အလကား ပွေဖက်၍ ရသည် ) လို့ ဆိုင်းဘုတ် ကိုင်ထားတာ တွေ့ရတယ်၊ လမ်းသွား လမ်းလာတွေ တကယ်လဲ ဝင်ဖက်သွားတာ တွေ့ရတယ် ဘာပြောပြော ရီစရာ တခုလို ရယ်ရယ်မောမော ဖက်လိုက်ကြတော့ တာပါပဲလေ။

ဂျလေဘီ စတိုင်နဲ့ လွင့်မျော နေသူလေးတွေ
ဆိုးသွမ်းလူငယ်
ဂျပန် လူငယ်တွေတချို့ အမေရိကန်နဲ့ အနောက်နိုင်ငံကို အတုခိုး ခုံမင်ကြတာတွေလည်း ရှိနေပါတယ်၊ အတုခိုးတာကောင်းတဲ့ အရာကို အတုမခိုးမိဘဲ လွှဲမှားတာတွေ အတုခိုးမိတော့ ဒုက္ခများ ရတော့တာပါဘဲ၊ ဆံပင်တွ နီ၊ အ၀ါရောင်တွေဆိုးလား ... ဆိုးကြရဲ့၊ အသားအရေကို နေလောင်ထားသလို ဖြစ်အောင်လုပ်ကြ၊ အသားအရည်ကို ဓါတ်ကင်ထားပြီး ဖက်ရှင် လုပ်နေသူတွေဟာ ၀ါသနာအရ လုပ်နေသူတွေ ရှိနေသလို တချို့ တကယ် အဆင့်အတန်းမရှိတဲ့ ဟစ်ပီလို ပုံမျိုးတွေ ဖြစ်လာတာတွေလည်း ရှိပါတယ်၊ ကျောင်းမှာ ဆရာစကား နားမထောင် ဆရာကို ပြန်ထိုး ရိုက်နှက်၊ မိဘစကားလည်း နားမထောင်ဘဲ လမ်းပေါ်မှာ လွင့်မျှောနေတဲ့ လူငယ်တွေလည်း ရှိပါ့။
သူတို့ မျက်နှာတွေဟာ အမြဲတစေ ရန်လိုနေတဲ့ မျက်နှာတွေနဲ့ ညဖက်တွေဆို စတိုးဆိုင်လို ကုန်တိုက်ကြီးတွေ နေရာမျိုး ရှေ့မှာထိုင်ပြီး ဆေးလိပ် လက်ကြားမှာ ညှပ်ပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်တဲ့ ပုံစံမျိုးတွေနဲ့ အိုက်တင်ပေးနေတာလား? တကယ်လား? တွေ့မြင် နေရတာတွေလည်း ရှိသလို၊ အခကြေး ငွေရလို့ဘဲဖြစ်ဖြစ် အခကြေးငွေမရပဲလည်း ဖြစ်ဖြစ် ဘယ်သူ ခေါ်ခေါ် လိုက်တာမျိုးတွေလည်း ရှိနေပါသေးတယ်၊ သူတို့ဆီမှာ ပြဿနာဆိုတာ အမြဲရှိနေတတ်ပြီး ရှောင်နိုင် ရှားနိုင်မှ တော်ရုံကြပါတယ်၊ သူတို့ရဲ့ ပကတိမျက်နှာလေးတွေက တကယ့် ကလေးငယ်အရွယ် ရှိလှ ၁၇နှစ် ၂၀ ပတ်ဝန်းကျင်လေးတွေပါ၊ အနာဂါတ်ဆိုတာ သူတို့ အတွက်တော့ နတ္တိ လောက်လောက်လားလား စဉ်းစားမိသေးပုံ မပေါ်ပါ။
ဂျပန်ဟာ ရထားကိုသာ အဓိကထား သုံးတဲ့ နိုင်ငံဖြစ်နေတာမို့ ကျောင်းတက်၊ အလုပ်တက်၊ ရထားကိုဘဲ အားထားကြပါတယ်၊ ကားကို သုံးမိမယ်ဆိုရင်တော့ ရုံးတက် ရုံးဆင်းချိန်မျိုးတွေမှာ ယာဉ်ကြော ပိတ်ဆို့နေမူကြောင့် သတ်မှတ်ချိန်မှာ အလုပ်ကိုရောက်ဖို့ မဖြစ်နိုင်တာမို့၊ သေချာပြီး အချိန်မှန်တဲ့ ရထားကို အသုံးများကြတာပါ၊ အဲဒီ ရထားပေါ်မှာ လူငယ်တွေ ပြောတဲ့စကားကို နားထောင်ရင် နားမလည်တာတွေ အများကြီးပါ ဗန်းစကားတွေ သုံးနေတာမို့ လူလတ်ပိုင်းအရွယ် ဂျပန်လူမျိုးတွေတောင် သူတို့ပြောတဲ့ ဂျပန်စကားကို နားမလည်နိုင်အောင် မျက်စိ လည်ရပါတယ်။
မျိုးဆက်သစ် ရှားပါးနေပြီလော ... ဂျပန်
ယခုဆိုရင် ဂျပန်လူငယ် မျိုးဆက်သစ်တွေဟာ နည်းသထက် နည်းလာနေပြီ ဖြစ်လို့ ဂျပန်အစိုးရ အနေနဲ့ အနာဂါတ်အတွက် စိုးရိမ် ပူပန်မူတွေရှိလာ ရပါတယ်၊ ဘာဖြစ်လို့ မျိုးဆက်သစ် လူငယ်တွေ ရှားပါး လာရသလည်း ဆိုရင် လူနေမှု စားရိတ်တွေက အဆမတန် မြင့်မားနေမူတွေက အဓိက ပြဿနာ ဖြစ်နေလို့ပါဘဲ၊ ကလေးတယောက် မွေးဖွားမယ်ဆိုရင် မွေးဖွားစားရိတ်ဟာ အမေရိကန်ဒေါ်လာ ၃၅၀၀(သုံးထောင်ငါးရာ) လောက်ကနေ ဒေါ်လာ၆၀၀၀ (ခြောက်ထောင်) လောက် အထိ ရှိနေတတ်ပြီး၊ ပြင်ပ နေ့ကလေးထိန်း ကျောင်းစားရိတ် ကတင် ဒေါ်လာ၄၀၀ (လေးရာ) ကနေ ၆၀၀(ခြောက်ရာ) လောက်အထိ ဖြစ်နေသလို၊ ကလေး ကြီးပြင်းလာတာနဲ့ အမျှ ကုန်ကျစားရိတ်တွေက တိုးပွားလာလေ ပါဘဲ၊ အရွယ်ရောက်လို့ တက္ကသိုလ်အထိ ပညာသင်ကြားမယ့် ကလေးတယောက်အတွက် ကုန်ကျစားရိတ်ဟာ ကျောင်းအပေါ် မူတည်ပြီး ဒေါ်လာ ၃၀၀၀၀၀ (သုံးသိန်း) ကနေ ၆၀၀၀၀ (ခြောက်သိန်း) ပတ်ဝန်းကျင်အထက်မှာ ရှိနေတဲ့ အတွက် အိမ်ထောင်ရှင်တွေဟာ ကလေး တယောက်၊ နှစ်ယောက်ထက် ပိုမယူကြတော့ပါဘူး၊ ကလေး လုံးဝမယူတဲ့ အိမ်ထောင်သည်တွေလည်း ရှိလာပါတယ်။
အခု လူလတ်ပိုင်း ဂျပန်လူငယ်တွေကို ကြည့်မယ်ဆိုရင် တရားဝင် အိမ်ထောင် ပြုသူတွေထက် singleတွေ များသထက် များလာပြီး ချစ်သူနဲ့အတူ လက်မထပ်ပဲ အတူနေထိုင်ခြင်း (living together) နေထိုင်မှု အရည်အတွက်က တနေ့ထက် တနေ့ ရာခိုင်နှုန်း မြင့်သထက်မြင့် တက်လာနေ တော့တာပါဘဲ၊ ယခုလက်ရှိ ဂျပန်မှာ အလုပ်သမား ရှားပါးမှု ပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး၊ စားသောက်ဆိုင်၊ စက်ရုံ နဲ့ အလုပ်ကြမ်း အလုပ်တွေမှာ အမြဲ လူလိုအပ်မူတွေရှိနေပြီး မြို့နေ ဂျပန်လူငယ်တွေဟာ အဲဒီလို အလုပ်မျိုးတွေကို ရှောင်ကြတာလည်း ရှိလာတဲ့အတွက်၊ နိုင်ငံခြားသား အလုပ်သမားတွေကို တိုးချဲ့ခန့်ထားမူတွေ လုပ်လာရတဲ့ အခြေအနေအထိ ဖြစ်လာသလို နိုင်ငံခြားသားတွေကို ဂျပန်မှာ အခြေချ နေထိုင်မှု အတွက်တွေကိုပါ လျှော့ပေါ့ စဉ်းစား လာရတာဘဲ ဖြစ်ပါတယ်၊ အမှန်တော့ ဂျပန်ဟာ သူ့ နိုင်ငံသူ့ လူမျိုးဆိုတဲ့ လူမျိုးကြီးဝါဒ အစွဲကို လက်ကိုင်ကျင့်သုံး နေတဲ့နိုင်ငံ ဖြစ်တာမို့ နိုင်ငံခြားသား ဆိုတာကို လက်မခံချင်သလို၊ နိုင်ငံခြားသားတွေ ဂျပန်မှာ အခြေချ နေထိုင်မှာကိုလည်း လုံးဝမနှစ်မြို့ပါဘူး၊ ဂျပန်မှာ တရားဝင် အခြေချ နေထိုင်နေတဲ့ နိုင်ငံခြားသားတယောက်ဟာ သူ့ နိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေး ရှိတယ်လို့ တရားဝင် ဥပဒေထုတ်ပြန်ထားပေမယ့် စာအုပ်အတွင်း၌သာ ရှိနေပြီး၊ တကယ့် လက်တွေ့ မှာတော့ နိုင်ငံခြားသားဆိုတဲ့ အသိစိတ်နဲ့ ခွဲခြား ဆက်ဆံခံရမူတွေ အနည်းနဲ့ အများတော့ အမျိုးသားရေးစိတ် ပြင်းပြမှုတွေ ရှိနေကြပါသေးတယ်။
ဂျပန် အချစ်နဲ့ လူငယ်
ဂျပန်မိန်းကလေး၊ ယောကျာင်္းလေးတွေဟာ ချစ်သူတွေ ဖြစ်ကြတဲ့ အချိန်မှာ နိုင်ငံခြားသားတွေလို ချစ်တယ်၊ သိပ်ချစ်တာဘဲ ဆိုတဲ့စကားကို မသုံးကြပါဘူး၊ တဆင့်နိမ့်တယ်လို့ ဆိုရမဲ့ ကြိုက်တယ် (suki) အရမ်းကြိုက်တယ် (dai suki) အဲဒီ အသုံးအနှုန်းလေးတွေဘဲ သုံးပါတယ်၊ အိမ်ထောင်သည် တွေမှာတောင် ချစ်တယ် (aishiteru) အအိရှီတဲ့ရု ဆိုတဲ့စကားဟာ သိပ်ကိုရှားပါးတဲ့ စကားလုံး တခုအဖြစ် တွေ့မြင် နေရတာတွေဟာ မိသားစုဘဝကို အေးစက်စက်နိုင်လှပါတယ်၊ ဒါကြောင့် ဂျပန်လူငယ် တချို့ဟာ အခုချိန်မှာ သူ့ လူမျိုးကို သူ မယူကြတော့တဲ့ လူတွေလည်း တိုးပွားလာပြီး နိုင်ငံခြားသား တွေထဲမှာ ပျူဌာတဲ့ အာရှနိုင်ငံသား တွေကိုပါ ရှာယူလာကြ သူတွေလည်း ရှိလာကြတာ တွေ့မြင်ကြရပါတယ်။
နိုင်ငံခြားသား အမျိုးသားတယောက်ဟာ ကိုယ့် အိမ်ထောင်ဖက်အပေါ် သစ္စာရှိတဲ့ သူများပြီး၊ ကြင်နာ ယုယမူနဲ့ ကောင်းကောင်းမွန်မွန်လည်း ရှာဖွေ ကျွေးမွေးကြလို့ပါဘဲ၊ နိုင်ငံခြား အမျိုးသမီးတွေကတော့ ကိုယ့် အမျိုးသား အိမ်ထောင်ဖက် အပေါ် မယားဝတ္တရား ကျေပွန်သလို၊ ဖောက်ပြန်သူ နည်းကြတယ်၊ ဒါကြောင့် ရှာယူကြတာပါတဲ့၊ အများဆုံးကတော့ တရုတ်၊ ဖိလစ်ပင်း အမျိုးသမီးတွေကို ရှာယူတာများပါတယ်၊ အဲဒီအတွက် ကိုယ်ရဲ့အိမ်ထောင်ဖက်ကို ကိုယ်တိုင် ထွက်ရှာနေသူ ဂျပန်အမျိုးသား၊ အမျိုးသမီးတေ ရှိနေသလို၊ ဂျပန်မှာဘဲ ပွဲစားလုပ်သူတွေက ရှာဖွေဆက်သွယ်ပြီး အကျိုးဆောင်ပေး နေသူတွေလည်း အများကြီးပါ၊ မြန်မာထဲမှာတောင် အကျိုးဆောင် လုပ်နေသူတွေကို တွေ့မြင်နေရကြောင်း လက်မတို့ပဲ ဘလောက်မှာ တို့ ပြီး ပြောလိုက်ပါရစေ။
Coming of Age Day
အသက်၂၀ပြည့် ဂျပန် လူငယ်တွေအတွက် သတ်မှတ်ထားတဲ့ နေ့ထူး တနေ့ပါ အဲဒီနေ့ဟာ ဇန္န၀ါရီလထဲမှာ ဖြစ်ပြီး ၊ ယခုလာမည့် ၂၀၀၉ခုနှစ် ဇန္န၀ါရီလ ၁၂ရက်နေ့ကတော့ Coming of Age Day ဂျပန်လိုတော့ ဆေးဂျင်းနော့ဟိ (Seijin no Hi) လို့ ခေါ်ပါတယ်၊ အဲဒီနေ့ကို အများပြည်သူ ရုံးပိတ်ရက် အဖြစ်ပါ အစိုးရက သတ်မှတ် ပေးထားခြင်းအားဖြင့် ဂျပန်အစိုးရဟာ လူငယ်တွေအပေါ်ကို ဘယ်လောက်အထိ အလေးထားလည်း ဆိုတာ သိနိုင်ပါတယ်၊ အဲဒီနေ့မှာ အသက်၂၀ပြည့်သူတွေ အားလုံး ဂျပန်ကီမိုနိုဝတ်စုံတွေ ၀တ်လို့ မြို့နယ်အလိုက် လုပ်တဲ့ Coming of Age Day ပွဲတွေကို တက်ရောက်ကြပြီး အဖော် အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး လျှောက်လည်ကြပေါ့၊ ဂျင်းဂျာလို့ ခေါ်တဲ့ နတ်ဘုရားကျောင်းတွေနဲ့ ဗုဒ္ဓဘုရား ကျောင်းကန်တွေ ရှိရာကိုလည်း သွားရောက်ဂါရ၀ပြု ဆုတောင်းကြပါတယ် အဲဒီနေ့ဟာ လူကြီးအဖြစ် အသိမှတ်ပြု ခံရတဲ့နေ့လည်း ဖြစ်တာမို့ အဲဒီနေ့ကို ဂျပန်လူငယ်တိုင်း အလေးထားကြပါတယ်။

ဆေးဂျင်းနောဟိ (Seijin no Hi) ပွဲတော်နေ့မှာ တွေ့ရတဲ့ အရွယ်ဝင် လူငယ်လေးတွေ
ဒီလိုပဲ လူလတ်ပိုင်းဝင်လာတဲ့ ကမာနီလာတို့လဲ လူငယ်ဘဝ ဖြတ်သန်းဖူးတာမို့ လူတယောက်ရဲ့ အရေးပါတဲ့ ဆုံချက်ဖြစ်တဲ့ လူငယ်ဘဝတွေကို အလေးထားလွန်းလို့ စက်မှုခေတ်လွန် နိပွန်ဆိုတဲ့ ဂျပန်နိုင်ငံက လူငယ်တွေ အကြောင်း သိသလောက် ရတဲ့ အချိန်လေးထဲကနေ ဖဲ့ပြီး “ လူငယ်ဆိုတာ နိုင်ငံတော်ရဲ့ အနာဂါတ် ” ဆိုတဲ့ စကားနဲ့အညီ အနာဂါတ်တွေ အတွက် တခုတ်တရ အလေးထား မျှဝေတာပါ။
ကမာနီလာ
Saturday, March 14, 2009
Sunday, March 8, 2009
ဗြိတိန်နိုင်ငံ မြောက်ပိုင်း ဂလပ်စကိုမြို့တော် လွတ်မြောက်ရေးဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်နိုင်ငံ မြောက်ပိုင်းရှိ ဂလပ်စကို မြို့တော် လွတ်မြောက်ရေး ဆုအား ယခု အပါတ် ဗုဒ္ဓဟူးနေ့က ချီးမြှင့် လိုက်သည်။
ထိုဆုအား သူမကိုယ်တိုင် တက်ရောက် မယူနိုင် သော်လည်း အမျိုးသား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင် လက်အောက် တိုက်ပွဲများကြားမှ ပြည်သူများထံ လွတ်မြောက်ရေး ဆောင်ကြဉ်းပေးမည့် သူ ဖြစ်၍ ယခု ဂလပ်စကိုမြို့ လွတ်မြောက်ရေးဆု အား ဒေါက်တာ အောင်ဆန်းစုကြည်အား ချီးမြှင့် ရခြင်း ဖြစ်သည်ဟု ဂလပ်စကိုမြို့တော် အုပ်ချုပ်ရေး အဖွဲ့မှ Lord Provost ဘော့ဘ် ဝင်းတား မှ ချီးကျူး ပြောကြားလိုက်သည်။
၎င်း လွတ်မြောက်ရေး ဆုအား တောင်အာဖရိက လွတ်မြောက်ရေး ခေါင်းဆောင် နယ်လ်ဆင် မင်ဒရဲလ်လား လဲရရှိဖူးကာ ညွှန့်ပေါင်းအစိုးရ အဖွဲ့မှ ဒေါက်တာ သောင်းထွန်းမှ ဆုကို ကိုယ်စား လက်ခံယူကာ အမှာစကားပြော ကြားခဲ့သည်ဟု အင်္ဂလန်မှ လာသော သတင်းများအရ သိရှိရသည်။(လူထုအသံမှ)










