This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, January 8, 2010

၂၀၀၉ ခုနှစ်အတွင်း ဂျပန်တွင် မွေးဖွားနှုန်းကျဆင်းပြီး သေဆုံးသူပိုများ


၂၀၀၉ ခုနှစ်၏ခလေးမွေးဖွားနှုန်းမှာ ပြီးခဲ့သည့်နှစ်ကထက် ၂%ကျဆင်းခဲ့ပြီး၊ လူဦးရေ ဆုတ်ယုတ်မှုနှုန်းမြန်လာသည်ဟု ဂျပန်အစိုးရက ဇန်န၀ါရီလ ၁ ရက်နေ့ကပြောခဲ့သည် ။

ကျန်းမာရေးဝန်ကြီးဌာန၏လက်ရှိကိန်းဂဏန်းများအရ ဂျပန်တွင်မွေးဖွားသည့် ခလေးအရေအ တွက်မှာ ပြီးခဲ့သည့်နှစ်ကထက် ၂၂,၀၀၀ ဦးနဲပါးပြီး ၊ ၁.၀၆၉ သန်းမွေးဖွားခဲ့ကြောင်းသိရသည်။

သေဆုံးသည့်ပမာဏမှာမူ ၉ နှစ်ဆက်တိုက်မြင့်တက်လာခဲ့ကာ ၁.၁၄၄ သန်းသို့ ရောက်ခဲ့သည်မှာ ၁၉၄၇ ခုနှစ်မှစတင်သော အစိုးရ၏မှတ်တမ်းများထဲတွင်အမြင့်ဆုံးဖြစ်သည်။

“ရှေ့လျှောက်လူဦးရေတိုးတက်မှုနှုန်းကတော့ကျဆင်းနေမယ်လို့မျှော်လင့်ရပါတယ်..။ဘာဖြစ်လို့လဲ ဆိုတော့ အသက်အရွယ်ကြောင့်သေဆုံးတဲ့သူတွေ များလာတာကြောင့်ရယ်၊ ကိုယ်ဝန်ဆောင် နိုင်တဲ့အသက်အရွယ်ရှိ အမျိုးသမီးအရေအတွက်နည်းလာတာရယ်ကြောင့်ဖြစ်တယ် ” ဟု ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ၏ ပြောပြချက်ကို ကိုးကား၍ ကျိုဒိုသတင်း၌ ဖေါ်ပြပါရှိသည်။

မျိုးဆက်သစ်အလွန်နည်းခြင်းနှင့်ကမ္ဘာပေါ်တွင်အသက်ရှည်သူဦးရေများပြားသော ဂျပန်နိုင်ငံ၏လူဦးရေတိုးတက်မှုအချိန်ကိုက်ဗုံးသည် အစိုးရ၏ ကျန်းမာရေးနှင့် ကူညီစောင့်ရှောက်မှုအစီစဉ်များပေါ် တွင်တည်မှီနေသည်။

ဝန်ကြီးချုပ် ဟာတိုယာမာက ခလေးပြုစုပျိုးထောင်ရေးအရှိန်တိုးမြှင့် လုပ်ကိုင်ရန်အစီစဉ်အတွက် သုံးစွဲရန်ငွေကြေးအပါအ၀င် စံချိန်တင်ဘဏ္ဍာငွေ ၉၂.၂၉ တြီလျံယန်းကို နောက်နှစ်ဘတ်ဂျက်အတွက်ချမှတ်ပေးကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

၂၀၀၉ ခု နှစ်ဧပြီလမှစ၍ ခလေးရှိသော မိသားစုများကို ခလေးတဦးအတွက် တလလျှင် ၁၃,၀၀၀ ယန်းကို ခလေးပြုစုပျိုးထောင်ရေး စားရိတ်အဖြစ် အလယ်တန်းကျောင်းအောင်မြင်သည်အထိ ထောက်ပံ့ရန်နှင့် အမျိုးသမီးများအားခလေးယူဘို့ တိုက်တွန်းရန်ပြောကြားခဲ့သည် ။

ဂျပန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံကြီး ၃၁ ခုအနက် ခလေးပိုင်ဆိုင်မှုရာခိုင်နှုန်း အနည်းဆုံးတိုင်းပြည်ဖြစ်သည်။ ၂၀၅၀ ခုနှစ်တွင်လက်ရှိလူဦးရေ ၁၂၆ သန်း ထဲမှ လေးပုံတစ်ပုံခန့်လျှောနည်းသွားနိုင်ပြီး ၊ တိုင်းပြည်၏၄၀%မှာ အသက် ၆၅ နှစ်ကျော်သူများ ဖြစ်လိမ့်မည်ဟု အစိုးရ၏ကြိုတင်တွက်ဆချက်များအရ သိရသည်။

ဂျပန်လူမျိုးများလက်ထပ်သည့်နှုန်းမှာလည်း နည်းပါးလာခဲ့ပြီး လွန်ခဲ့သောနှစ်ကထက် ၁.၇ % ကျဆင်းခဲ့ကာ ၇၁၄,၀၀၀ ဦးသာလက်ထပ်ခဲ့ကြသည်ဟု ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။ သို့သော် လင်မယားကွာရှင်းမှုမှာ ၂၀၀၀ ခန့်ပိုများလာပြီး ၂၅၃၀၀၀ မှုရှိခဲ့သည် ။

သေဆုံးရသည့်အဓိကအကြောင်းများမှာ ကင်ဆာ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကြောင့်ဖြစ်သည် ။

ဘာသာပြန်သူ- မောင်အောင်ဌေး

မူရင်းသတင်း

Japan logs fewer babies, more deaths in 2009
(AP)
http://sg.news.yahoo.com/ap/20100101/tap-as-japan-fewer-babies-4cec4ac.html?printer=1

ကျောင်းပေါင်းစုံ ငြိမ်းချမ်းရေး အားကစားပွဲတော် ဓါတ်ပုံမှတ်တမ်း

၆၂ မြောက်လွတ်လပ်ရေးနေ့ ငြိမ်းချမ်းရေးအားကစားပြိုင်ပွဲကို မဲ့ဆောက်မြို့တောင်ဘက်ရှိ ဖုတ်ဖမြို့ နယ်ကျောက်ဖရားကျေးရွားရှိ HOPE Leaning Center ကျောင်းတွင် စုပေါင်းကျင်းပရာ ကျောင်းသားခလေးငယ်ပေါင်း (၁၅၀)ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရပါသည်။

Tuesday, January 5, 2010

လွတ်လပ်ရေးနဲ့စာပေ(မောင်စွမ်းရည်)



”မွေးပါခွင့်ရေး၊ လွတ်လပ်ရေး”လို့
ဆိုရေးရှိတိုင်း၊ ဆိုခဲ့ပြီ။

ဒို့အမျိုးသား၊ ဒို့ဘိုးဘွားတို့
သွားရင်း လာရင်း၊ ထွန်ယက်ရင်းက
နေရင်း ထိုင်ရင်း၊ ပွဲကြည့်ရင်းက
ကျွန်တွင်း ကျွံကျ သွားခဲ့ပြီ။

`လွတ်လပ်ရေးဟာ၊ မွေးရာပါ`လို့
ကျမ်းလာစကား၊ ကိုးအကားကို
မကြားဖူးခင်၊ ကျွန်ဇာတ်ဝင်ပေါ့
ရှင်ရင်း သေရ၊ လူ့ဘ၀။

ငါ့ညီ ငါ့ဆွေ၊ ငါ့ ဖေ မေနဲ့
ငါ့မြေ ငါ့ယာ၊ ငါတို့ရွာလဲ
မွေးရာကျွန်ဖြစ်၊ ညဉ်ပုပ်နစ်ခဲ့
နွမ်းညစ် သမိုင်း၊ ဖတ်တိုင်းရှက်ရ
မျက်ရည်ကျစေ၊ တိုင်းပြေက ကျွန်
လူက ကျွန်မို့၊
ကျွန်က ဘယ်နှယ့်လူပါ့မယ်။

အင်္ဂလိပ်က၊ လက်ထိတ်ခြေချင်း
ချုပ်နှောင်ခြင်းကို
သွင်းယူခဲ့ကာ၊ ချုပ်ချယ်လာခဲ့။

အင်္ဂလိပ်က
ပုလိပ်ထောင် အကျဉ်း၊ ညှင်းဆဲခြင်းကို
သွင်းယူခဲ့ကာ၊ ညှင်းပန်းလာခဲ့။

အင်္ဂလိပ်က
အဆိပ်၊ ဗုံး၊ သေနတ်
သတ်ညှစ်ခြင်းကို၊ သွင်းယူခဲ့ကာ
သတ်ဖြတ်လာခဲ့။

အင်္ဂလိပ်နောက်၊ ဂျပန်ရောက်လဲ
ရောက်တုန်းရောက်ခိုက်
ရေပူလောင်းလိုက်၊ ပါးရိုက်လိုက်
လက်သည်းခွာလိုက်၊ နားရိုက်လိုက်
ဇောက်ထိုး ဆွဲလိုက်၊ မှောက်လှန်လိုက်နဲ့
ကြိုက်ရာ နွား ကျွဲ၊ ဆွဲရိုက် လု
ကြိုက်ရာ မိန်းမ မယားပြုတဲ့
ကျွန် `အပြု`သမား၊ ငပုများ
ငပုများနောက်၊ ငပေါက်များ
ကျားကိုကြောက်လို့ ရှင်ကြီးကိုး
ရှင်ကြီး ကျားထက်ဆိုးမှဆိုး။

ကျွန်ဇာတ်သွင်းခြင်း၊ ချုပ်ချယ်ခြင်းနဲ့
သတ်ခြင်း ဖြတ်ခြင်း၊ ဖိနှိပ်ခြင်းဟာ
ထခြင်း ကြွခြင်း၊ ဖိဆန်ခြင်းနဲ့
ရုန်းခြင်း ကန်ခြင်း၊ တော်လှန်ခြင်းကို
ဖန်ဆင်းအမွှာ၊ ဖွားစေပါပကော။

ဖိနှိပ်ခြင်းနှင့်၊ ရုန်းကန်ခြင်းကား
အမွှာဖွားဖက်၊ ကျောခြင်းဆက်သို့
တဖက်ရှင်ရင်၊ မရှင် တဖက်
ဆက်ဆက်မုချ၊ သေရမည်မှာ
သွေး သစ္စာ။

ဖိနှိပ်ရေးနှင့်၊ ရုန်းကြွရေးတို့
ရေးနှစ်ရေးလဲ
မွေးရာပါ၏၊ ဟူလိုဘိ။

ထီးရိုးအသစ်ထောက်၊ စည်အပေါက်ဖာ
ကြိုးပမ်းရာက
အမျိုး၊ ဘာသာ၊ သာသနာလို့
ကြွေးကာ ကြော်ကာ၊ လှုံ့ဆော်ရာက
”ဗမာပြည်သည် တို့ပြည်
ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား..”လို့
အားသစ် မာန်သစ်၊ တိုက်ပွဲ သစ်ရင်း
ဘဖေတို့ခေတ်၊ အောင်ဆန်းတို့ခေတ်သို့
သွေးသစ်တံတား၊ ခင်းခဲ့တကား၊

လွတ်လပ်ရေးက ပထမ
လွတ်လပ်ရေးက ဒုတိယ
လွတ်လပ်ရေးက တတိယတဲ့။

ဟိုင်းကြီးကလျှောက်၊ ဟိုင်နံရောက်ခဲ့
သွေးဖောက်သစ္စာ၊ ပြုခဲ့ရာက
ကမ္ဘာမကြေ ဗမာပြေသို့…။

ဘီအိုင်အေ၊ ဘီဒီအေ
ဗိုလ်တေဇ၊ ဗိုလ်ကျော်ဇော
ဗိုလ်မင်းခေါင်၊ ဗိုလ်မှူးအောင်
ဗိုလ်လရောင်၊ ဗိုလ်ဗထူး…။
နယ်ချဲ့ထွက်၊ ဖက်ဆစ်ဝင်
နယ်ချဲ့ဝင်၊ ဖက်ဆစ်ထွက်
အသက်ချွေး သွေး
နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး
ပြည်သူ့လွတ်လပ်ရေး။

လွတ်လပ်ရေးပန်း၊ တော်လှန်ပန်းကား
ဇာခန်းဆီးနောက်၊ ပန်ကာအောက်တွင်
နေပြောက်ပြတင်း၊ လေသောက်ရင်းက
နေ့ချင်း ညချင်း၊ ချက်ချင်း မြေချ
ဥုံ ဖွ မှုတ်မန်း၊ ပွင့်လန်းလာသည် မဟုတ်ချေ။
အောင်ဇေယျ၊ အောင်ဆန်း၊ တော်လှန်လမ်းက
ကြမ်းစွ ရမ်းစွ၊
ပန်းသီ ဇာထိုး၊ ဖိုးဖဲ ဆေးခြယ်
လွယ်သော ငြိမ်သော၊ ငြိမ်းသောအလုပ်
မဟုတ်ခံကြောင်း၊ မမေ့ကောင်း။

နယ်ချဲ့မြေမှာ စာပေမည်မျှ ရှင်သန်သနည်း။
ဖက်ဆစ်မြေမှာ စာပေမည်မျှ ထွန်းသနည်း။
လွတ်လပ်မြေမှာ စာပေမည်သို့ လန်းသနည်း။

တို့သား တို့မြေး၊ တို့ကလေးမှာ
လွတ်လပ်ရေးက၊ မွေးရာပါ။
သခင်မျိုးဟေ့၊ ဒို့ဗမာ
ဒို့ရေးတဲ့စာ သခင်စာ
သခင်စကား ဒို့စကားပါ
ဒို့ခေတ် ဒို့စာ၊ ဒို့ဗမာ
ဒို့သာ ကြွေးကြော်၊ ဒို့ဂုဏ်ဖော်
ဖော်ရင်း ဖော်ရင်း၊ ဖေါရင်း စိတ်မသန့်
ထိတ်တလန့်နဲ့၊
လည်ဆန့်နောက်ပြန်ကြည့်တဲ့ခါ….။

သခင်စာတွင် သခင်စရိုက်
လိုက်ငယ် ဂုဏ်မြင့်၊ သခင်သိက္ခာ
ဘာတွေပါသလဲ၊ ဘယ်မှာလဲ
ဘာစာတွေက၊ ဘယ်သို့လဲ
ဘယ်လဲ ဘာလဲ၊ ဘယ်ကိုလဲ။
ဆီးဘန်နီ အစ
ဦးကျော်လှ၊ ဦးလွမ်း၊ စာပေခန်းထိ
ပြန်စောင်းကြည့်
ပန်း၏သတင်း၊ လေညင်းဆောင်ရာ
မွေးသလောက်သာ မွှေးပါ၏
မွေးသင့်သလောက် မွှေးမမွှေး
ရေးရင်း ဖက်ရင်း၊ စိတ်မရှင်း
တွေးရင်းအားပျက်မိ။
လွတ်လပ်မြေမှာ
စာပေမြတ်ပန်း၊ လန်းစွင့်ပါစ၊ မွှေးပါစ-

မေးလာတဲ့ခါ၊ မဖြေသာပြီ
ရေးရာမှာလဲ မလွတ်လပ်
တွေးရာမှာလဲ မလွတ်လပ်
ကျွန်ဇာတ် ကန့်လန့်ကာ
မ,တင်ရာ
ဘယ်မှာကြိုးငြိ၊ ဒို့မသိ။

မောင်စွမ်းရည်
ဒီဇင်ဘာ ၈။ ၁၉၈၄
(မိုးဝေမဂ္ဂဇင်းကိုပေးတဲ့အခါ ပယ်လိုက်တဲ့ကဗျာ)

Saturday, January 2, 2010

လူရွှင်တော်မေတ္တာဦးဆောင်သောအငြိမ့်အဖွဲ့ ဂျပန်သို့လာရောက်ဖျော်ဖြေတင်ဆက်မည်

သန့်မျိုးထွေး


နာမည်ကျော်လူရွင်တော်ကိုမေတ္တာဦးဆောင်သော ''တိုကျိုဆာကူရာရဲ့ ပျော်စရာအငြိမ့်''(TOKYO SAKURA)အမည်ရှိ အငြိမ့်သဘင်တခုကို လာ မည့် ၂ဝ၁ဝ နှစ်ဆန်းပိုင်းတွင် တို ကျို၌လာရောက်ဖျော်ဖြေမည်ဟု သိရသည်။

လူရွင်တော်များအဖြစ်ကိုမေတ္တာ အပါအဝင် မိုးဒီ၊ မောစ်နှင့် ခင်လှိုင် တို့ပါဝင်မှာဖြစ်ပြီး ရှေ့ထွက်မင်း သမီးအဖြစ် ရုပ်ရှင်သရုပ်ဆောင် မိုးပြည့်ပြည့်မောင်မှ ကပြအသုံး တော်ခံ၍ ခေါင်းဆောင်မင်းသမီး အဖြစ် လင်းဇာနည်ဇော်တို့က ကပြဖျော်ဖြေမည်ဖြစ်သည်။

အငြိမ့်သဘင်ပွဲအပြင် မောစ့်၊ ကိုမေတ္တာ၊ ခင်လှိုင်နှင့်မင်းသမီး များက တေးသီချင်းသီဆိုဖျော်ဖြေ မှုနှင့် တခန်းရပ်ပြဇတ်များကို လည်း ကပြပါဝင်အသုံးတော်ခံ သွားမည်ဖြစ်ကြောင်း၊ ထိမိသည့် ပျက်လုံးများနှင့် ဂျပန်ရှိမြန်မာပ ရိတ်သတ်များကို အသုံးတော်ခံ သွားမည်ဟု ပွဲစဉ်သူများ၏ပြောပြ ချက်အရသိရသည်။

ဂျပန်တွင်ပြုလုပ်လေ့ရှိသည့် ထိုပွဲမှရရှိသည့်အမြတ်ငွေကိုလည်း အနုပညာရှင်များထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားနေသည့် မြန်မာ ပြည်တွင်းမှ လူမှုရေးအသင်းအဖွဲ့ တချို့သို့ ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း စီစဉ်သူများ၏ပြောပြ ချက်အရသိရသည်။

အငြိမ့်သဘင်ဖျော်ဖြေတင်တင်မှုအပြင် အဆိုပါလူရွင်တော် လေးဦးအဓိက ပါဝင်သသရုပ်ဆောင်၍ ''ဂျပန်ရောက်ရွှေလေးယောက်''ဟု ယာယီအမည်ပေးထားသည့်ဟာသ ဒီဗီဒီဇတ်လမ်းတခုကို ကိုမေတ္တာကဒါရိုက်တာအဖြစ်စီစဉ်ညွန်ကြား၍ တိုကျို၌ရှိနေစဉ်အချိန်အတွင်း ရိုက်ကူးသွားမည်ဖြစ်ကြောင်းနှင့် ဂျပန်လူမျိုး အနုပညာသင်တန်းဆင်းဒါရိုက်တာများကလည်း ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း ပွဲစီစဉ်သူများ၏ရှင်းပြချက်သိရှိရသည်။
''တိုကျိုဆာကူရာရဲ့ ပျော်စရာအငြိမ့်''ကို မြန်မာအများစုသိရှိသည့် အိခဲဘုခုရို၊ တိုရှီမား-ကု၊ ဟော့ကိုင်းဒိုးဟောတွင် ယခုလ(ဇန်န၀ါရီလ) ၂၄ ရက်၊ တနင်္ဂနွေနေ့ ညနေ ၄ နာရီမှ ည ၈ နာရီအထိ ဖျော်ဖြေတင်ဆက်မှာဖြစ်ကြောင်းနှင့် လက်မှတ်တစ်စောင်လျှင် ယန်း ၅၀၀၀ ဖြင့် မြန်မာစတိုးဆိုင်များတွင် ၀ယ်ယူနိုင်ပြီဖြစ်ကြောင်းလည်း သိရှိရသည်။

ဘီဘီစီသတင်းထောက်များ၏ ၂၀၁၀ ခုနှစ်အတွက်ခန့်မှန်းချက်များထဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်

သက္ကရာဇ် ၂၀၁၀ ခုနှစ်အတွင်း နာမည်ကျော်သတင်းဖြစ်ပွားနိုင်ခြေများနှင့်ပတ်သက်၍ ဘီဘီစီသတင်းထောက်(၆)ဦးကိုမေးခဲ့ရာ၊ သံတမန်ရေးရာသတင်းထောက် ဂျိမ်း ရော်ဘင်(James Robbins)၏အလှည့်၌ ၊ “နောက်နှစ်တွင် ဘယ်သူဟာ အများဆုံး အင်တာဗျူး အမေးခံရနိုင်မလဲ” ဆိုသည့်မေးခွန်းအတွက်၊ အီရန်ခေါင်းဆောင် အရာတိုလာ ခမဲနီ(Ayatollah Khamenei)၊ အမေရိကန်သမ္မတ ဘားရက်အိုဘားမား(Barack Obama)တို့ နှင့်အတူ မြန်မာပြည်ပြောင်းလဲရေးအတွက်လုပ်ဆောင်နေသော အကျဉ်းစံ နိုလ်ဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့သာဖြစ်ကြောင်း ရွေးချယ်ဖြေကြားလိုက်သည်။
ဘာသာပြန်သူ-မောင်အောင်ဌေး
မူရင်းသတင်း-

Who would you most like to interview next year?

Burmese opposition leader Aung San Suu Kyi (13 July 1995)
The Burmese court will hear an appeal against Suu Kyi's house arrest

Stephen Fry. More than just "quite interesting", whatever he talks about.

Iran's Supreme Leader, Ayatollah Khamenei (dream on!).

Barack Obama (ditto). Can he turn the rhetoric into results?

And Aung San Suu Kyi. Does the Nobel Peace laureate and prisoner still have any hope of change in Burma?

Will tightly controlled and restricted elections in Burma in 2010 - from which she is excluded - make any real difference? Or are they just a sham to prolong the regime of the ruling generals?



Friday, January 1, 2010

၂၀၁၀ခုနှစ် ငြိမ်းချမ်းရေးနှစ်သစ်ကို မေတ္တာနှင့်ကြိုဆိုတဲ့ အခမ်းအနား အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် အောင်မြင်စွာပြုလုပ်

ဖြိုးဝေ-mmp | ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ sugamo(ဆုဂါမို) ဘူတာအနီးရှိ အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် ၂၀၁၀ခုနှစ် ငြိမ်းချမ်းရေးနှစ်သစ်ကို မေတ္တာနှင့်ကြိုဆိုတဲ့ အခမ်းအနားတစ်ရပ်အား ဂျပန်ဌာနခွဲ၏ တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိမှ ဦးဆောင်ကာ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
အရှင်ဓမ္မဇောတိ
နိုင်ငံခြားရပ်ခြားမှာသတင်းသုံးနေတဲ့ ဆရာ တော်များကို ဆက်သွယ်ဖိတ်ကြားပြီးဒီအခမ်းအနား ကိုဖြစ်မြောက်အောင် ကြီုးစားခဲ့တာဖြစ် ကြောင်း တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိမှ မိန့်ကြားပါသည်။ “ပြည်ပကိုရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသူ/နိုင်ငံသားတွေအနေနဲ့ ပါတီ တွေ၊ အဖွဲ့ အစည်းတွေ အမျိုးမျိုးရှိနေပေ မယ့် အားလုံးဟာ မြန်မာ လူမျိုး ဒကာ/ဒကာမတွေလို့ပဲမြင်တယ်။ ဘုန်းဘုန်းတို့ အနေနဲ့လည်း ပါတီတွေ၊ အဖွဲ့အစည်းတွေဆိုတဲ့ အဆွဲမရှိဖူး၊ ကန့်သတ်မထားဖူး အဲ့တာကြောင့် သံဃာတွေကို အမှီသဟဲ ပြုပြီးတော့ ဂျပန်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအပြင်၊ နိုင်ငံရပ်ခြားမှာ ရှိတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေကို စုစည်းစေဖို့လည်းပါတယ်၊ ပြီးတော့ မြန်မာနိုင်ငံသူ/ နိုင်ငံသားအားလုံးဟာ သံဃာတော်တွေကို ဆက်သွယ်ရေး ဗဟိုကွန်တက်တစ်ခုကို ရရှိအောင် ပြုလုပ်တာပါ။”ဟု တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိမှ မိန့်ကြားတော်မူပါသည်။

တာဝန်ခံ အရှင်ဓမ္မဇောတိနှင့် အခမ်းအနားသို့ ကြွရောက်လာ ဒကာ/ဒကာမများအား သတ်သတ်လွတ် နေ့ဆွမ်းနှင့် အချိုပွဲများ ကပ်လှူဒါန်းခဲ့ပါသည်။ “မြန်မာနိုင်ငံသူ/နိုင်ငံသားများအားလုံးကို မင်္ဂလာရှိတဲ့ နှစ်သစ်မှာ ဘေးန္တာရယ်ကင်းရှင်းစေရန်ဖို့နဲ့ နှစ် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို မတရားပြုလုပ်မဲ့ နအဖ စစ်အုပ်စုကိုလည်း မေတ္တာနဲ့ အတက်နိုင်ဆုံးသွားဖို့၊ နှစ်ပေါင်း(၂၀)ကျော်လုံးလုံး ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံကို အခြားနိုင်ငံကြီးများကဲ့ တို့ကဲ့သို့ ဒီမိုကရေစီစနစ်အမြန်ဆုံးရရှိစေရန် မေတ္တာပို့ရင်း ဆုတောင်းတဲ့ အခမ်းအနားပွဲလေး တစ်ရပ်ဖြစ်ပါတယ်”ဟု သတ်သတ်လွတ် နေ့ဆွမ်းနှင့် အချိုပွဲများ ကပ်လှူဒါန်းခဲ့သူ ဦးမြသိန်းမှ ရှင်းပြပါသည်။

အဆိုပါ ငြိမ်းချမ်းရေးနှစ်သစ်ကို မေတ္တာနှင့်ကြိုဆိုတဲ့ အခမ်းအနားတွင် တာဝန်ခံ အရှင်ဓမ္မဇောတိနှင့် အတူ ယူးဇီလန် နိုင်ငံမှ သာသနာ့ဥသျှောင်ဆရာတော် အရှင်ဦးသြဘာသ၊ ဂျာမဏီ နိုင်ငံ မှ သာသနာ့ဥသျှောင် ဆရာတော် အရှင်ဦးသောပါက၊ အင်္ဂလန်နိုင်ငံမှသာသန ဥသျှောင်ဆရာတော် အရှင်ဦးဝိန္ဒက၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ် (အတွင်းရေးမှူး) ဆရာတော် အရှင်ဦးထာဝရနှင့် ထိုင်းနိုင်ငံ မှ သာသနာ့ဥသျှောင် အတွင်းရေးမှူးဆရာတော် အရှင်ဦးကုဿရိယတို့မှ Online(အွန်လိုင်း)မှ တဆင့် ၂၀၁၀ခုနှစ် ငြိမ်းချမ်းရေးနှစ်သစ် မေတ္တာနှင့်ကြိုဆိုသော သြ၀ါဒဂါထာများ သံဃာတော်များ ဦးဆောင်ပြီးဖြေရှင်းရန် လိုအပ်ချက်နှင့် သတိထားရှေ့ဆက်ဆောင်ရွက်သင့်သည့် အချက်များကို ဟောကြားပေးခဲ့ကြောင်းသိရပါသည်။

“အခမ်းအနား အစီအဉ်အရ ကြွရောက်လာတဲ့ ဒကာ/ဒကာမများမှ“ နမော တဿ ” (၃) ကြိမ် ရွတ်ဆိုပြီး “ငါးပါးသီလ”ခံယူခဲ့ကြတယ်။ တာဝန်ခံ ဆရာတော်နဲ့ အွန်လိုင်းမှ ဖိတ်ကြားထားတဲ့ ဆရာတော်များမှ အွန်လိုင်းမေတ္တာပို့ရခြင်း ရည်ရွယ်ချက်များနှင့် မေတ္တာနှင့်ကြိုဆိုသော သြ၀ါများ/ဒဂါထာများကို ရွတ်ဖတ်ပေးတော်မူခဲ့တယ်။”ဟု အခမ်းအနားမှူးအဖြစ် ဆောင်ရွတ်ပေးခဲ့သူ ဦးထွန်းဦးမှ ပြောပြပါသည်။

ဆက်လက်ပြီး မေတ္တာနှင့်ကြိုဆိုတဲ့ အခမ်းအနား ရည်ရွယ်ချက်နဲ့ ပါတ်သတ်ပြီး အရှင်ဓမ္မဇောတိမှ“နိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသူအနေနဲ့ ကိုယ်ဟာ မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက် လုပ်နိုင်စွမ်းရှိမယ်၊ လုပ်နိုင်တဲ့ အခွင့်အရေးရှိမယ်ဆိုရင် အဲ့ဒီပုဂ္ဂိုလ်မှာ တာဝန်ရှိတယ်။ အဲ့လို ကိုယ့်တာဝန်ကိုယ်ယူပြီး လုပ်ကိုင်သွားကြမယ် ဆိုရင် ဘုန်းဘုန်းတို့ လိုလားတောင်းတနေတဲ့ တစ်မျိုးသားလုံး လွတ်မြောက်ရေးဟာ မကြာမီအောင်မြင်မယ်လို့ ဘုန်းဘုန်းအနေနဲ့ ယုံကြည်ပါတယ်”ဟု မိန့်ကြားတော်မူပါသည်။

မေတ္တာပို့ ပြီးနောက် မင်္ဂလာအခမ်းအနားအောင်မြင်စွာပြီးမြောက်ပြီဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းတာဝန်ခံ အရှင်ဓမ္မဇောတိ အရှင်မြတ်မှ ကြေညာပေးပြီး လှူဒါန်းမှု အစုစုအတွက်ရေစက်ချ အမျှဝေပေးတော်မူခဲ့ကြကာ “ဗုဒ္ဒသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုလျှက် အခမ်းအနားကို အောင်မြင်စွာဖြင့် ရုပ်သိမ်းခဲ့ကြပါသည်။

မိုးသောက်ကြယ်စာကြည့်တိုက်အကြောင်းကို NHKမှ Documentary အဖြစ် ရိုက်ကူးတင်ဆက်ထုတ်လွှင့်မည်

တိုကျို၊ ဇန်န၀ါရီ(၁)

သန့်မျိုးထွေး
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှင်းကျုးကုရပ်ကွက်တွင် တည်ရှိသည့် တခုတည်းသော မြန်မာစာကြည့် တိုက်ဖြစ်သည့် “မိုးသောက်ကြယ်စာကြည့် တိုက်” အကြောင်းကို ဂျပန်ရုပ်သံဋ္ဌာနတခုဖြစ်သော NHKမှ မှတ်တမ်းရုပ်ရှင်(Documentary) အဖြစ်လာရောက်ကူး၍ ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရှိရသည်။

NHKရုပ်သံဋ္ဌာန၏လက်အောက်ခံအဖွဲ့ခွဲတခုဖြစ်သည့် Super Brainမှ တာဝန်ခံတဦးမှ မိုးသောက်ကြယ်သို့လာရောက်၍ ရိုက်ကူးမည့်အနေအထား ပုံစံတို့ကို ရှင်းလင်းပြောပြသွားသည်။

Super Brain၏ တာဝန်ခံအိုချိ နိုဇိုမိ(Ochi Nozomi) မှ"အခုအချိန်မှာက စီးပွားရေးတွေ ကျဆင်းနေတော့ စာတော်တော်ဖတ်ပါတယ်ဆိုတဲ့ ဂျပန်လူမျိုးတွေတောင် အရင်လိုစာ မဖတ်ဖြစ်တော့ဘူး။ အထူးသဖြင့် မျိုးဆက်သစ်လူငယ်တွေရောပေါ့။ နောက်ပြီး အစိုးရ အနေနဲ့ မြို့နယ်တိုင်းမှာ စာကြည့်တိုက်တွေကို စနစ်တကျတည်ဆောက်ပေးထားပေမယ့် အသုံးပြုရကောင်းမှန်းလည်းမသိကြတော့ဘူး။ အခုလိုအချိန်မှာ အဖိုးတန်ပြီးရှားပါးတဲ့ စာအုပ်တွေထောင်ချီပြီး ဂျပန်ရောက်မြန်မာတွေ သမိုင်းအချက်အလက်ကိုးကားဖို့ရော၊ ဗဟုသုတရရှိစေဖို့အတွက်ပါရည်ရွယ်ပြီး ကြိုးကြိုးစားစားနဲ့ မြန်မာစာကြည့်တိုက်တခုတည် ထောင်ထားတာကို တွေ့လိုက်ရတာအခါမှာ အရမ်းကိုအံ့သြ၀မ်းသာမိတယ်၊ တဖက် ကလည်း ကိုယ့်ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းထားတယ်လို့သိရတဲ့ အတွက်ချီးကျူးမိပါတယ်။ ဒါတွေကိုလည်း ဂျပန်လူငယ်တွေကို သိစေချင်ပါတယ်"ဟု ၄င်း၏ခံစားချက်အမြင်ကို ပြောပြသွားသည်။



Asia Cross Road ''Asian In Japan"ဟု အမည်ပေးထားသည့် အဆိုပါမှတ်တမ်းရုပ်ရှင် အတွက် NHKရုပ်သံဋ္ဌာနမှ စီစဉ်ညွန်ကြားသူတာဝန်ခံတဦး(ဒါရိုက်တာ)နှင့်ကင်မရာမင်း အပါအ၀င် အဖွဲ့ဝင်(၅)ဦးမှ ယခုနှစ်ဇန်န၀ါရီလ(၃)ရက်နေ့တွင် မိုးသောက်ကြယ် စာကြည့်တိုက်သို့ လာရောက်ရိုက်ကူးမည်ဖြစ်သည်။

ထိုသို့ရိုက်ကူးရာတွင် မိုးသောက်ကြယ်စာကြည့်တိုက်ဖြစ်ပေါ်လာပုံနှင့် တည်ထောင်ထား ရှိရသည့်ရွယ်ရည်ချက်များ၊ မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့မှ Volunteerလုပ်ငန်း လုပ်ဆောင်နေမှုများ၊ မိုးသောက်ကြယ်ဂျာနယ်ဖြန်ချိထုတ်ဝေမှုနေနှင့် လူမှုအကျိုးပြု လုပ်ဆောင်နေသည့်ကိစ္စရပ်များကိုပါ ရိုက်ကူးထုတ်လွှင့်သွားမည်ဟုသိရသည်။

မိုးသောက်ကြယ်ဂျာနယ်ထွက်ရှိမည့်ရက်တွင် ဂျာနယ်အဖွဲ့သားများနှင့်အတူ ဂျပန်နာ မည်ကြီးသရုပ်ဆောင်နှစ်ဦးမှ လာရောက်ဝိုင်းဝန်းကူညီ၍ စာအုပ်ချုပ်ပေးပုံတို့ကိုပါ အသေးစိပ်ရိုက်ကူးမည်ဖြစ်သည်။

ဆက်လက်၍ တာဝန်ခံနိုဇိုမိမှ "ဂျပန်လိုလူမှုစားရိတ်မြင့်မားပြီး အခက်ခဲတွေကြားထဲ ကနေ ဆယ်စုနှစ်တခုနီးပါး ရပ်တည်လာနိုင်ခဲ့တဲ့ မိုးသောက်ကြယ်စာကြည့်တိုက် အကြောင်းကို ဂျပန်လူမျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့်သိစေချင်တယ်၊ ဒီလိုတိုင်းတပါး ရောက်နေတဲ့ မြန်မာလူမျိုးတွေကတောင် စာဖတ်ဖို့ကို ဒီလိုကြိုးစားနေတယ်ဆိုရင် ဂျပန် လူမျိုးတွေကိုလည်း ဘယ်လိုဘဲဖြစ်ဖြစ် စာဖတ်ဖို့သင့်တယ်ဆိုတဲ့ အသိပေးနိုင်ဖို့အတွက် ရိုက်ကူးမှာပါ"ဟု ရှင်းပြသည်။ အဆိုပါမှတ်တမ်းရုပ်ရှင်ကို လာမည်ဇန်န၀ါရီလ(၂၂)ရက်နေ့ ညနေ ၅ နာရီ မိနစ် ၂၀ တွင် NHK၏ ဒီဂျစ်တယ်လိုင်း BS-1 မှ မိနစ် ၂၀ တိတိ ထုတ်လွင့်ပြသမည်ဖြစ်ကြောင်းသိရသည်။

ယခင်ကလည်း မိုးသောက်ကြယ်စာကြည့်တိုက်သို့ Tokyo Television ကုမ္ပဏီတခုဖြစ် သော BS-12မှ ၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က ထုတ်လွှင့်ခဲ့ဖူးပြီး ဂျပန်အစိုးရပိုင် NHKအနေနှင့် ယခုလာရောက်ရိုက်ကူးမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

၂၀၁၀ မှစ၍ နိုင်ငံဂျပန်သို့အခြေချနေထိုင်ခွင့်ရရှိသည့် မြန်မာဒုက္ခသည်များအကြောင်း ဂျပန်တီဗွီလိုင်းတခုမှထုတ်လွှင့်ပြသ


ဒုက္ခသည်တွေကို လက်ခံတာအလွန်အမင်းနည်းပါးလွန်းပြီး တံခါးပိတ်စံနစ်ကျင့်သုံးနေတယ်လို့ နံမည်ကြီးနေတဲ့ ဂျပန်အစိုးရက ၂၀၁၀ ခုနှစ်ကစပြီး ထိုင်းနယ်စပ်တနေရာမှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို ဂျပန်နိုင်ငံသို့ ခေါ်ယူတော့မည်ဖြစ်ကြောင်း ဂျပန်တီဗွီလိုင်းတခုဖြစ်သည့် TBS (Tokyo Broadcasting System)မှ ထုတ်လွှင့်ပြသသွားခဲ့ပါတယ်။

`တတိယနိုင်ငံတွင်အခြေချနေထိုင်ရေးစံနစ်`ဟု အမည်ပေးထားတဲ့အစီအစဉ်နဲ့ ထိုင်းနိုင်ငံအနောက်ဖက် ဒုက္ခသည်စခန်းရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် ကရင်လူမျိုးဒုက္ခသည်အနည်းငယ်ကို စီစစ်ပြီး လက်ခံဖို့ဆောင်ရွက်နေတယ်လို့သိရှိရပါတယ်။

နအဖစစ်တပ်နဲ့ ကရင်တိုင်းရင်းသားတို့တိုက်ပွဲဖြစ်နေပြီး အဲဒီစစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ကရင်မျိုးနွယ်စုများမှာ မိမိ၏မူရင်းဒေသသို့ မပြန်နိုင်တော့ဘဲဖြစ်နေတဲ့အတွက်တတိယနိုင်ငံတခုကိုသွားနိုင်ဖို့အတွက်မျှော်လင့်နေကြရပါတယ်လို့ရှင်းပြထားပါတယ်။

“ဂျပန်နိုင်ငံကို သွားချင်ပါတယ်။ ထိုင်းနိုင်ငံနဲ့လည်းနီးပြီး ဂျပန်လူမျိုးstaffတွေက သူတို့ကို ကူညီထောက်ပံ့ပေးတယ်”လို့ ကရင်ဒုက္ခသည်အမျိုးသမီးကအခုလိုပြောပါတယ်။

အဆိုပါဒုက္ခသည်စခန်းကနေ အရှေ့ဖက် ၄၅၀၀ကီလိုမီတာအကွာမှာရှိတဲ့ ဂျပန်နိုင်ငံ Nagano ခရိုင်၊ Matsumoto အရပ်မှာရှိတဲ့ နေရာဒေသကို ကရင်ဒုက္ခသည်တွေအတွက် သင့်တော်တဲ့နေရာဖြစ်တယ်လို့ ဂျပန်နိုင်ငံရှိ UNHCR ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Mr. Takizawa Saporo ကအကြံပြုထားပါတယ်။

အဲဒီနေရာဟာ တောင်တန်းတွေရဲ့ကြားထဲမှာဖြစ်ပြီး ကရင်လူမျိုးတွေနေထိုင်ခဲ့တဲ့ ဇာတိမြေနဲ့လည်းဆင်ဆင်တူတယ်လို့သူကဆိုပါတယ်။ အဲဒီဒေသက လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ လက်မှုပညာလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နိုင်တယ်လို့လည်းသိရှိရပါတယ်။ “အဆိုပါဒေသဟာ သဘာဝဘေးအန္တာရယ်ထူပြောတဲ့နေရာဖြစ်ပြီး ငလျင်အကြီးအကျယ်လှုပ်ခတ်တဲ့ ဒေသတခုဖြစ်ပါတယ်..” ဆိုတာကိုတော့ ထည့်သွင်းမပြောကြားသွားပါဘူး။

Mr. Takizawa Saporoက ပြီးခဲ့တဲ့လက ဒုက္ခသည်တွေကို ဂျပန်လူမျိုးတွေအနေနဲ့ နက်နက်နဲနဲ စဉ်းစားနားလည်ပေးနိုင်ဖို့ Symposium အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ ဂျပန်လူ့ဘောင်အဖွဲ့အစည်းမှာ ဒုက္ခသည်တွေကို လက်ခံဖို့ဆိုတာ ဂျပန်အစိုးရရဲ့ တခုတည်းပြဿနာမဟုတ်ဘဲ ဒေသဆိုင်ရာဂျပန်လူမျိုးတွေရဲ့ နွေးထွေးစွာဆိုကြိုမှုရှိ-မရှိ နဲ့လည်း တစိတ်တပိုင်းအားဖြင့် ပတ်သက်မှုတွေရှိတယ်လို့သူကပြောပါတယ်။

“တော်တော်အထီးကျန်ဖြစ်ခဲ့ရတယ်လို့ခံစားရတဲ့အချိန်က ဂျပန်နိုင်ငံကို ပထမဦးဆုံးအချိန်ရောက်ရှိတဲ့အခါမှာ ဘယ်သူမှလည်း ကျမကို `အခုအချိန်ကနေပြီး ဘာကိုလုပ်ချင်ပါသလဲ`ဆိုတာ ဘယ်သူမှလည်းဘဲမမေးခဲ့လို့ပါ…”လို့ Cambodia ဒုက္ခသည်အမျိုးသမီးတဦးဖြစ်တဲ့ Ponnaret ကပြောပါတယ်။ Cambodia ဒုက္ခသည်အမျိုးသမီးတဦးဖြစ်တဲ့ Ponnaretဟာ ၁၉၇၀ခုနှစ်ပိုင်း Cambodia Pol Pot အစိုးရလက်ထက်မှာ မိခင်ဖခင် ညီအကိုမောင်နှမများအသတ်ခံရပြီး ထိုင်းနယ်စပ်ကို ထွက်ပြေးခိုလှုံလာခဲ့သူတဦးလည်းဖြစ်ပါတယ်။

ဒုက္ခသည်တွေရဲ့ ရပ်တည်ခံစားနေရတဲ့ ဒုက္ခတွေကို စာနာနားလည်ပေးမဲ့ အသံမျိုးလည်းထွက်ပေါ်လာစေချင်ကြောင်း နိုင်ငံခြားသားဖြစ်လို့ မဖြစ်လို့ဆိုပြီးမဟုတ်ဘဲ
ကမ္ဘာကြီးထဲမှာ အတူတကွနေထိုင်နေကြတဲ့ လူသားတယောက်အနေနဲ့ ဒုက္ခသည်တွေကို လက်ခံပေးရင်သိပ်ကောင်းမှာဘဲလို့လည်း သူမကပြောဆိုပါတယ်။

အာရှရဲ့ စက်မှုအင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျပန်အစိုးရအနေနဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေကို UNHCRက ချမှတ်ပေးထားတဲ့ `အာရှတိုက်ရှိ တတိယနိုင်ငံမှာအခြေချနေထိုင်ရန်`အတွက် ပထမဦးဆုံး စွန့်ဦးခေါ်ဆောင်တဲ့နိုင်ငံတခုဖြစ်ပြီး ၂၀၁၀ မှ ၂၀၁၂ အထိ ၃ နှစ်စီမံကိန်းနဲ့ တစ်နှစ်လျင် လူ ၃၀ ခေါ်ယူမယ်လို့ သိရပါတယ်။

(ဒေါင်းမာန်ဟုန်)

၂၀၁၀ အတွက်....

ခေတ်ပေါ်နားပန်ဆံသီချင်း


၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတုန်းက ဘဘောကျလို့ ဘလောက်ပေါ်တင်ပေးခဲ့ပါတယ်...


နားထောင်ကြည့်ရင် ကျနော်တို့လိုပဲ သဘောကျသွားပါလိမ့်မယ်လို့ ယူဆမိပါတယ်...
နှစ်သစ်မင်္ဂလာဖြစ်ပါစေ...

မိုးသောက်ကြယ်အဖွဲ့သားများ

နှစ်သစ်မှာ အမေနှင့် စကားပြောခြင်း(ရဲရင့်သက်ဇွဲ)


တနှစ်ဟောင်းလို့ 
အသစ်ပြောင်းတော့မယ်
သားတို့ မှာ
အသက်တနှစ်သာ ပိုကြီး
အမေ့ရဲ့  ဒုက္ခမီးကို
မငြိမ်းသတ်ပေးနိုင်သေးတာ
ခွင့်လွှတ်ပါ အမေ ။

နှစ်သစ်ကို
ဖြစ်စေချင်တဲ့ ဆန္ဒတွေနဲ့ ချည်နှောင်ထား
မိုးတွင်းဖားတွေလို သံစုံအော်မြည်ကြ
အဲဒီ အော်သံတွေနဲ့  ကျေနပ်
ဒီလိုပဲ နေတတ်ခဲ့ကြတာ
ဝမ်းနည်းစရာမဟုတ်လား အမေ ။

ပယောဂ ကုဆရာတယောက်ရဲ့ 
တတွတ်တွတ် ရေရွတ်သံလိုမျိုး
အမြှုပ်ထွက်မတတ် စကားသံစည်ဝေကြ
အံ့ဖွယ်လိလိ
အင်တာနက်နဲ့ ယူဂျီ လုပ်ကြ
အတွင်းမှာတော့
တယောက် ပြီး တယောက်
အကျဉ်းထောင်တွေထဲရောက်ကုန်ပြီ
မငိုပါနဲ့  အမေ ။

နှစ်ကသာ သစ်လာတာပါ
အတွေးအခေါ် အကျင့်စရိုက်
အလိုက်အထိုက် မျောပါမှုတွေ
ပြောစရာစကား ရှားပါးလွန်းတယ်
အသစ်ထဲမှာ အသစ်ရှာရ
မောလွန်းလှတယ် အမေ ။

သားတို့ မှာတော့
နာကျည်းစိတ်တွေနဲ့ သာ
တိုက်ပွဲကို အရှိန်အဟုန်မြှင့်လို့ 
နှစ်သစ်ထဲ တိုးဝင်ခဲ့ကြပေါ့ အမေ ။
၂၀၀၉ ၁၂ ၃၁

Twitter Delicious Facebook Digg Stumbleupon Favorites More