This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, October 23, 2010

တစ်ကြော့ပြန်လာအုံးမှာလား ယတ်တော

အခုတလော မီဒီယာသတင်းတချို့မှာ ယတ်တောတစ်ယောက် မြန်မာပြည်ပြန်လာဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ သဲ့သဲ့ ကြားမိနေမိတယ်၊ ဂျွန်ဝီလျံ ယတ်တော ဒီနာမည်ကိုဆိုလိုက်တာနဲ့ ရူးကြောင်ကြောင် အမေရိကန်နိုင်ငံသားတစ်ယောက် ၂၀၀၉ ခုနှစ် မေလမှာ နိုင်ငံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ခိုးဝင်မူနဲ့ နိုင်ငံတကာသတင်းတွေမှာ ပွခဲ့ကြတာ မှတ်မိကြမှာပါ
 ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်အကျယ်ချုပ်ကျခံနေရတာတောင် ပြသနာကောင်က အိမ်အပေါ်ထိတက်လာလို့ ဒေါ်စုကို သိက္ခချချင်နေတဲ့ နအဖအဖို့ အကွက်ကောင်းမိပြီး ဒေါ်စုနှင့်အတူ အတူနေထိုင်စောင့်ရှောက်နေတဲ့ ဒေါ်ခင်ဝင်းနှင့် သမီး မ၀င်းမမဦးတို့ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလို သူများအား ကာကွယ်သည့် ဥပဒေကြီးကို အကြောင်းပြပြီး ပုဒ်မ၂၂ နဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်ထဲ အပို့ခံခဲ့ရပြီး သတင်းစာတွေမှာ အပုတ်ချရေးသားခဲ့ကြပေမယ့် အင်းယားကန်ကို ရေကူးပြီး ဒေါ်စုအိမ်ကို ခိုးဝင်တဲ့ ယတ်တောတစ်ယောက်ကိုဖြင့် နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူ များအား ကာကွယ်သည့် ဥပဒေ ပုဒ်မ ၂၂/၁၀၉ ၊ ကန့်သတ်နယ်မြေကို ကျူးကျော်ဝင်ရောက်မှူနှင့် မြူနီစပယ် အက်ဥပဒေ ပုဒ်မ ၂၈၊ လူဝင်မူကြီးကြပ်ရေး ဥပဒေ ၂၃(က)တို့နှင့် တရားစွဲ ဖမ်းဆီးပေမယ့် ယတ်တောတယောက် ရက်သတ္တပတ်အတွင်းမှာ ပြန်လည်လွှတ်မြောက်ခံ ခဲ့ရပြီး ပြည်တော်ကို ချောမောစွာ ပြန်နိုင်ခွင့်ရခဲ့တာတွေဟာ အံသြစရာတော့မဟုတ်ပါဘူး၊ နအဖအာဏာပိုင် တွေရဲ့ သဘောကိုက စူးပေါ်ဖက်ကျလည်း ဖက်ပေါက်ရမယ်၊ ဖက်ပေါ်စူးကျလည်း ဖက်ဘဲပေါက် စေချင်တာကိုး

ပြည်တော်ပြန် ယတ်တောနှင့်ပတ်သက်တဲ့ မီဒီယာသတင်းတွေမှာ သူပြောခဲ့တဲ့ သူ့ အကြောင်းတွေထဲက တချို့ကတော့ သူဟာမီဇူရီ ပြည်နယ်၊ စဖရီးမှာရှိတဲ့ သစ်တောသက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်တယ်လို့ဆိုပေမယ့် အဲဒီသက္ကသိုလ်ကတော့ ယတ်တောအမည်နဲ့ သူတို့ ကျောင်းမှာတက်ခဲ့ဘူးတဲ့ စာရင်းမရှိသလို ဘွဲ့ရြ့ပီးသွားတဲ့ လူစာရင်းမှာလည်းမတွေ့ခဲ့ရပါလို့ ထုတ်ဖော်ပြောဆိုခဲ့တယ်၊ နအဖအလိုတော်ကျ ထုတ်ဝေနေတဲ့ ပြည်တွင်းသတင်းတွေမှာတော့ ယတ်တောဟာ ဒေါ်စုအိမ်ကို နှစ်ရက်ကြာ ရေကူးဝင်ရောက်ရတယ်လို့ ဆိုထားပေမယ့် ယတ်တောလက်ရှိဇနှီးကတော့ ယတ်တောဟာ ပန်းနာရင်ကျပ် ဝေဒနာသည်တစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ပြောပြသွားတာတွေဟာ နအဖလိမ်နေသည်၊ ယတ်တောလည်းလိမ်နေသည်လို့ ပြောရမှာပါဘဲ၊

ဂျွန်ဝီလျံ ယတ်တော ဟာ မြန်မာပြည်ကို နှစ်ခေါက်တိတိ သွားရောက်ခဲ့ပြီးသူဖြစ်ပြီး နှစ်ကြိမ်စလုံး ဒေါ်စု အိမ်ကို အရောက်သွားခဲ့ပြီး တွေ့ဖို့ ကြံစည်ခဲ့သူဖြစ်ပါသည်၊ ယခုလည်း ခရစ်ယာန် ဘာသာရေးဂိုဏ်းတခုဖြစ်သည့် မိုမန်ဂိုဏ်းဝင် ယတ်တောတစ်ယောက် မြန်မာပြည်သို့ ခရစ်ယာန် သာသနာပြု မစ်ရှင်အဖြစ် ၀င်ရောက်ရန်အတွက် စာရင်းပေးသွင်းထားပြီးဖြစ်သည်။ စစ်အာဏာပိုင်တွေ ဗွီဇာပေးမပေး စဉ်းစားစရာမလို ယတ်တောတစ်ယောက် မြန်မာပြည်သို့ ၀င်ခွင့်ရမည်ဆိုပါက ဒေါ်စုအား နောက်ထပ်တွေ့ကြုံရန် ကြိုးစားဦးမည်ဖြစ်သည်၊ ယတ်တော၏ မြန်မာပြည် သွားသည့် ရည်ရွယ်ချက်ကိုက ဒေါ်စုအားတွေ့ဆုံနိုင်ခွင့်  ရရေးသာ အဓိက ဖြစ်တော့သည်။ ယတ်တောတစ်ယောက် သူပြုစုနေတယ်ဆိုတဲ့ စိတ်ပညာစာတန်းအတွက် ဒေါ်စုအားတွေ့ဆုံနိုင်ရန် ကြိုးးစားနေသည်ဘဲ ဖြစ်စေ၊ မီဒီယာတွေမှာ နာမည်ကြီးချင်သည့် ရူးကြောင်ကြောင် ငပေါတကောင်ဘဲဖြစ်စေ၊ နအဖစစ်အာဏာပိုင်တွေနဲ့ အကျိုးတူ ပူးပေါင်းပြီး ဒေါ်စုအား သိက္ခာချချင်လို့ဘဲဖြစ်စေ ထပ်မံတွေ့ဆုံရန် ကြိုးးစားမည်ဆိုပါက ယတ်တောတစ်ယောက်ကတော့ဖြင့် ဘာမှမဖြစ်ပြီ ဒေါ်စုတစ်ယောက်ကို တော့ဖြင့် ဒုတိယအကြိမ်မြောက် ဥပဒေချိုးဖောက်သည်၊ နိုင်ငံတော်လုပ်ကြံမည့်အန္တရယ်ရှိသည်ဆိုပြီး ကြီးကြီးကျယ်ကျယ် ပုဒ်မတွေတပ်မည်။ ပထမအကြိမ်တော့ ခွင့်လွှတ်ထားသည် ဒုတိယအကြိမ်တော့ ခွင့်မလွှတ်တော့ဟု ဆိုကာ ထောင်သွင်းအကျဉ်းချနိုင်သည်မဟုတ်ပါလော။

   ဒီတော့ကာ ဒေါ်အောင်ဆန်းစုကြည်(နိုဗယ်ငြိမ်းချမ်းရေးဆုရှင်)အား ကာကွယ်ကြရမည်မှာ အားလုံး၏ တာဝန်ပင်ဖြစ်သည်။ ယတ်တောတစ်ယောက် မြန်မာပြည်ဝင်ခွင့် မရရေးအတွက် ၀ိုင်းဝန်းကြိုးပမ်း ကြဖို့လိုသည်။ ပြည်တွင်းကလူတွေက ဒီကိစ္စကို လုပ်ဆောင်ဖို့ အလှမ်းဝေးနေသည်၊ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသူ ၊ ဒေါ်စုအားချစ်ခင်လေးစားသူမှန်သမျှ သက်ဆိုင်ရာ အမေရိကန်အစိုးရနှင့် ဘာသာရေးအဖွဲ့က တာဝန်ရှိသူတွေကို စုံစမ်းပြီး ဒီကိစ္စကို တားဆီးဖို့လိုအပ်နေပြီ ဖြစ်ပါကြောင်း ………..


ကမာနီလာ


( တားဆီးဖို့ဆိုတာနဲ့ မြန်မာသံရုံးရှေ့ ချီတက်ဆန္ဒပြခိုင်းသည်မဟုတ်ပါ၊ တချို့တွေက ဆန့်ကျင်တာတို့၊ တားဆီးကျတို့ပြောလိုက်တာနဲ့ မြန်မာသံရုံးရှေ့ဘဲ ရောက်ရောက်နေတတ်ကြလို့ ပါ၊ )


မေလထုတ် နအဖသတင်းစာပါ ဂျွန်ဝီလီယံ ယတ်တော ကိုယ်ရေးရာဇ၀င်
၁။ အမည် - John William Yettaw
၂။ အခြားအမည် - မရှိ
၃။ အသက်/ မွေးသက္ကရာဇ်- ၆ရက်၊၉လ၊ ၁၉၅၅(၅၅နှစ်)
၅။ အရပ်အမြင့် - ၅ ပေ၊ ၁၀ လက်မ
၆။ ကိုယ်အလေးချိန် - ၂၂၀ ပေါင်
၇။ မွေးဖွားရာ ဇာတိ - Detroit Michigan
၈။ မှတ်ပုံတင်အမှတ် -P.P. No. 439767722/24.8.2008/EV/T (ကမ္ဘာလှည့်ဗွီဇာ)
၉။ ပညာအရည်အချင်း - Ph.D. (Psychology တက်ရောက်ဆဲ)
၁၀။ အလုပ်အကိုင် - Student Clinical Psychology, Forest Institute
၁၁။ နေရပ်လိပ်စာ အပြည့်အစုံ - 31158, Deta Road, Falcon, Missouri (65470)
၁၂။ မိဘအမည်/ အလုပ်အကိုင် - (ဘ) Jerome William Yettaw (Engineer,
၁၉၈၃ ကယ်ြလနြ်) နေရပ်လိပ်စာ (မိ) Eizabeth Bouchop Fogo (၁၉၇၈ ကွယ်လွန်)
၁၃။ ဇနီးအမည်/အလုပ်အကိုင် - Betty Yettaw (မှီခို) နေရပ်လိပ်စာ အတူနေ
၁၄။ ပါဝင်ခဲ့သည့် အဖွဲ့အစည်း စစ်မှူထမ်း ၂ နှစ်လုပ်ကိုင်ဖူးသည် ။

Tuesday, October 19, 2010

မင်းကိုနိုင်၏ (၄၈)နှစ်ပြည့်မွေးနေ့တွင် ဒီမိုကရေစီအရေးလှုပ်ရှားသူ (၄၈)ဦးက နအဖအခွန်ရုံးရှေ့တွင် လွတ်မြောက်ရေးအတွက်တောင်းဆို


တိုကျို၊ အောက်တိုဘာ(၁၈)

မဆလတစ်ပါတီအာဏာရှင်ကို ဖြုတ်ချပစ်နိုင်ခဲ့သည့် ၈၈ အရေးတော်ပုံတွင်ထင်ရှားကျော်ကြားခဲ့သည့် အကျဉ်းကျခံ ၈၈မျိုးဆက်ကျောင်းသားခေါင်း မင်းကိုနိုင်၏ အောက်တိုဘာ(၁၈)ရက်တွင် ကျရောက်သည့် ၄၈ နှစ်ပြည့်မွေးနေ့တွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဂျပန်တွင်လှုပ်ရှားနေသည့် တက်ကြွသူမြန်မာနိုင်ငံသား (၄၈)ဦးက အကျဉ်းကျခံနေရမှုမှ မင်းကိုနိုင်၏ လွတ်မြောက်ရေးအတွက် တိုကျိုရှိမြန်မာအခွန်ရုံး(သံရုံး)ရှေ့တွင်သွားရောက်စုပေါင်း ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ကျိုင်းတုံအကျဉ်းထောင်တွင် လူတဦး၏တန်ဖိုးရှိသော ငယ်ရွယ်သည့်အချိန်များကို တိုင်ပြည်အတွက်ပေးဆပ်ရင် ဒီမိုကရေစီရရှိရေးအတွက် ယနေ့ထိတိုင် နအဖစစ်အာဏာရှင်များကို တိုင်ပွဲဝင်နေသာ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်၏ ၄၈နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုရင်း ၄င်းပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြရခြင်းဖြစ်သည်ဟု အခန်းအနားမှူးဖြစ်သည့် ကိုမြတ်သူမှပြောဆိုသည်။
``မင်းကိုနိုင်ဆိုတာက ပြည်သူတွေကို မတရားဖိနှိပ်ချုပ်ချယ်အုပ်စိုးနေတဲ့ မင်းဆိုးတွေကိုနိုင်တဲ့သူ မင်းကိုနိုင်ဖြစ်ပါတယ်။ မင်းကိုနိုင်ဟာ ပြည်သူတွေနဲ့တသားတည်းရှိနေတဲ့အတွက် ဘယ်တော့မှမသေပါဘူး၊ အကယ်၍ မင်းကိုနိုင်သေသွားခဲ့ရင်တောင် မင်းကိုနိုင်ရဲ့နေရာမှာ အခြားသော မင်းကိုနိုင်တွေက ထပ်ပြီးတော့ အစားထိုးလာပါလိမ့်မယ်´´ဟုကိုမြတ်သူမှ မင်းကိုနိုင်သည် ပြည်သူတို့၏ ပြယုဂ်၊ ကျောင်းသားထု၏ ပုံရိပ်ဖြစ်ကြောင်းကို ရှင်းလင်းပြောဆိုသွားသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်သည် ရန်ကုန်တက္ကသိုလ်တွင် ၁၉၈၀ ခုနှစ်မှစ၍ သတ္တဗေဒအထူးပြုဖြင့် လေ့လာဆည်းပူးရင် နိုင်ငံရေးကို စိတ်ပါဝင်စားသည့် ကျောင်းသားတဦးဖြစ်သည့်အလျှောက် ၁၉၈၅ ခုနှစ်နောက်ပိုင်း မဆလအာဏာရှင်နေ၀င်းအစိုးရမှ ၁၉၈၅ ခုနှစ်၌ ပြည်သူအများလက်ဝယ်တွင် သုံးစွဲနေသည့် ၁၀၀ ကျပ်တန်များ ရုတ်တရုတ်ပိတ်သိမ်းလိုက်သည့်အတွက် ယင်းကဲ့သို့ပိတ်သိမ်းမူ့ကြောင့်ဖြစ်ပေါ်လာသည့် လူထုလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားကာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကိုဖွဲ့စည်း၍ ၈၈ အရေးတော်ကာလတွင် ပြည်သူများကို ဦးဆောင်ခဲ့သည့် ထင်းရှားသောကျောင်းသားခေါင်းဆောင်တဦးဖြစ်ခဲ့သည်။
၈၈ အရေးတော်ပုံတွင် ပါဝင်လှုပ်ရှားရင်း ယနေ့အချိန်တွင် ဂျပန်နိုင်ငံသို့ရောက်ရှိပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ ဂျပန်တာဝန်ခံအဖြစ်ဆောင်ရွက်နေသည့် ကျောင်းသားခေါင်းဆောင်ဟောင်းကိုဖုန်းမြင့်ထွန်းက မင်းကိုနိုင်အား အမြဲအမှတ်ရစေသောအရာမှာ သာမန်ကျောင်းသားတဦး၏ပုံစံမျိုးရှိသော မင်းကိုနိုင်သည် ၈၈ အရေးတော်ပုံကာလတွင် ဆန္ဒပြတောင်းဆိုနေသော ကျောင်းသားပြည်သူထုနှင့် သေနတ်ကိုင်ဆောင်ထားသောစစ်သားများအကြားတွင် အများအတွက်မားမားမတ်မတ်ဝင်ရောက်ရပ်တည်ပေးခဲ့သော ရဲဘော်ရဲဘက်နှင့်ခေါင်းဆောင်ကောင်း စိတ်ဓါတ်ပင်ဖြစ်ကြောင်းပြောပြသည်။
၎င်းက``ကိုမင်းကိုနိုင်ပြောခဲ့တဲ့စကားတခု ရင်ထဲမှာစွဲနေတာရှိပါတယ်၊ ကျောင်းသားထုနဲ့စစ်တပ်ထိပ်တိုက်တွေ့ခဲ့တဲ့ ကုန်သွယ်ရေးရုံးနဲ့စစ်ရုံးကြီးကို ၀ိုင်းထားတဲ့အချိန်မှာ သူက ကျောင်းသားနဲ့စစ်သားတွေရဲ့ကြားကနေ ကျောင်းသားနဲ့စစ်တပ်ဟာ ရန်သူမဟုတ်ဘူး၊ ကျောင်းသားနဲ့စစ်တပ်ဟာ ပြည်သူလူထုကို အလုပ်အကျွေးပြုနေတဲ့သူတွေပဲဖြစ်တယ်၊ ဒီတော့ဒီကျောင်းသားနဲ့စစ်တပ်ဟာ ဘယ်တော့မှ ရန်ဖြစ်စရာမလိုဘူးလို့ ကျောင်းသားထုကို ပြောခဲ့တယ်၊ အဲ့လိုပဲ စစ်တပ်ဖက်ကိုလည်း ခွပ်ဒေါင်းဆိုတဲ့စိတ်ဓါတ်ဟာ တိုက်ရင်အနိုင်တိုက်တယ်၊ သေတာနဲ့အနိုင်ပဲရှိတယ်၊ အရှုံးဆိုတာမရှိဘူးလို့ရဲရဲတောက်မိန့်ခွန်းပြောခဲ့တယ်´´ဟု ပြောပြသည်။
၂၀၀၇ ခုနှစ်တွင် အခြား ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်(၁၃)ဦးနှင့်အတူ လောင်စာဆီဈေးနှုန်းကျဆင်းရေးလမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ခြင်းကြောင့် တတိယအကြိမ်အဖြစ် နအဖ၏ အကျဉ်းချခြင်းကို ထပ်မံခံနေရသည့်အတွက် မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးပါသော ခေါင်းဆောင်တဦး လွတ်မြောက်ဖို့ရန် ဂျပန်ရှိဒီမိုကရေစီအင်အားစုများက မကြာခဏတောင်ဆိုခဲ့ကြသလို မင်းကိုနိုင်၏ ၄၈နှစ်ပြည့်မွေးနေ့တွင်လည်း လူပေါင်း ၄၈ ဦးက တညီတညွတ်တည်း စုစည်းဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။


ရေးသားသူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း

Sunday, October 17, 2010

မင်းကိုနိုင်မွေးနေ့ဂျပန်မှာကျင်းပပြုလုပ်မည်

မဆလ တစ်ပါတီစနစ်ဆိုးကို ဖြုတ်ချတော်လှန်နိုင်ခဲ့သူတွေထဲက သူရဲကောင်းတစ်ဦးဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့အသက်ဟာ အောက်တိုဘာလ၊ ၁၈ ရက်နေ့ဆိုရင် ၄၈ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ မင်းကိုနိုင်ရဲ့ အသက်၄၈နှစ်ပြည့် မွေးနေ့ပွဲကို ဂျပန်နိုင်ငံက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) ကနေဦးစီးပြီး တိုကျိုက နအဖစစ်သံရုံး (တိုကျိုကအခေါ်အခွန်ရုံး)ရှေ့မှာ အောက်တိုဘာလ ၁၈ ရက်နေ့(တနလာင်္) ဂျပန်စံတော်ချိန် နေ့လည် ၃ နာရီမှ ညနေ ၄ နာရီအထိ မင်းကိုနိုင်မွေးနေ့ပွဲကို ထွေးနွေးစွာ ဂုဏ်ပြုကျင်းပသွားမှာဖြစ်သလို မင်းကိုနိုင် လွတ်မြောက်ရေး အတွက်တောင်းဆိုဆန္ဒပြမှူကိုပါ တဆက်တည်းပြုလုပ်သွားမှာဖြစ်တယ်လို့ ဗကသ( နိုင်ငံခြားရေးရာကော်မတီ) ဂျပန်ဌာနခွဲက ဖြန့်ဝေတဲ့ သတင်းတွေအရ သိရှိရပြီး မွေးနေ့ပွဲနဲ့ မင်းကိုနိုင်လွတ်မြောက်ေ၇း တောင်ဆိုပွဲကို ဂျပန်နိုင်ငံမှာရှိနေတဲ့ နိုင်ငံရေး အဖွဲ့အစည်းများနှင့် စစ်မှန်တဲ့ မြန်မာ့ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကိုလိုလားကြတဲ့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေလည်း ပါဝင်တက်ရောက်ပြီး မင်းကိုနိုင် လွတ်မြောက်ရေးအတွက် တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရှိသတင်းရရှိပါသည်။

၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ဦးလည်းဖြစ် ဒီမိုကရေစီနှင့် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်လှုပ်ရှားခဲ့တဲ့  မင်းကိုနိုင် သည် ၁၉၈၉ ခုနှစ်မှစ၍ နအဖစစ်အာဏရှင်တွေရဲ့ မတရားဖမ်းဆီးခြင်းကို ၁၆ နှစ်ကြာ အကျဉ်းချခံခဲ့ရပြီး အကျဉ်းခန်းအတွင်း ၁၆ နှစ်ကြာ တကိုယ်တည်း ပိတ်လှောင်ခံရသည်။
၂ဝဝ၄ ခုနှစ်တွင် မင်းကိုနိုင်အား ထောင်မှ ပြန်လွတ်ပေးခဲ့ပြီး စစ်အစိုးရက ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ဖမ်းဆီးနှိပ်စက်သည့်နည်းဖြင့် ဆက်လက် တုံ့ပြန်လျက်ရှိသည်ကို တွေ့ရသော်လည်း မိမိယုံကြည်ချက်နှင့် လုပ်ဆောင်ချက်ကို မစွန့်လွတ်ဘဲ မြန်မာပြည်လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆက်လက်လုပ်ဆောင်မှူတွေကြောင့် ၂၀၀၇ ခုနှစ်တွင် စစ်အာဏာပိုင်တို့က မင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးပြီး ထောင်ဒဏ် အနည်းဆုံး ၆၅ နှစ်စီ ချမှတ်ကာ ဝေးလံခေါင်သီသည့် နယ်စွန်နယ်ဖျား အကျဉ်းထောင်များသို့ ပို့ဆောင်ခြင်းကိုခံခဲ့ကြရသည်။ မင်းကိုနိုင် နှင့်၈၈ကျောင်းသားခေါင်ဆောင်များသည် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် မိမိတို့ဘ၀ကို စတေးခံ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြပြီး ထောင်သွင်းအကျဉ်းချခံထားရသော်လည်း စိတ်ဓါတ်မကျဘဲ မြန်မာပြည် အာဏာရှင်စနစ်မှ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင် ပေးဆပ်လျှက်ရှိသည်။


မင်းကိုနိုင်မွေးနေ့ ဖိတ်ကြားလွှာ pdf ဖိုင်ဖြင့်ရယူရန်

အာရုဏ်ဦးမှာရူးသည့်မျောက်(ဒေါက်တာဂွတို ကျီစယ်သည်)

မှတ်ချက်။ 
သရော်စာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သွားသူများကိုသာ တိုက်ရိုက်ရည်ညွန်းပါသည်။

ကြားဖူးမလားတော့မသိဘူး။ တခါတုန်းကပေါ့ဗျာ..။ အလွန်သာယာပြီး စိမ်းလန်းစိုပြေတဲ့ တောနက်ကြီးရှိခဲ့သတဲ့။ လူသူ မနီးတဲ့ နေရာဆိုတော့ သစ်ပင်တွေပြည်ပခုတ်ရောင်းလို့ သစ်တောပြုန်းတီးတာတွေ၊ တာတမံ ဆည်တွေဆောက်လို့ ပတ်ဝန်း ပျက်ဆီးတာတွေ၊ မတရားလုပ်အားပေးခိုင်းစေတာတွေလည်း မရှိဘူးပေါ့လေ။ အဲဒီတောအုပ်ထဲမှာ အရှေ့ပိုင်းမှာ ဆင်အုပ်ကြီး တအုပ်နေထိုင်သလို အနောက်ပိုင်းမှာတော့ ဆိတ်အုပ်ကြီး တအုပ်နေထိုင်သတဲ့။ ဆင်ဖြူတော် စိတ်ဝင်စားသူတွေက ဆင်တွေ ထဲမှာ ဆင်ဖြူတွေပါသေးလား လို့ တော့မမေးနဲ့ပေါ့ဗျာ။ ပုံပြင်ထဲမှာ အဲဒါထည့်မရေးထားတော့ ကျနော်လည်း မပြောတတ်ဘူး။ အဲ.. ဆိတ်တွေထဲမှာတော့ ဆိတ်ဖြူတွေ ပါတာပေါ့ဗျာ။ ဆိတ်ဖြူတော်ဆိုပြီး တခန်းတနား ဂုဏ်ယူချင်သူတွေ ကိုးကွယ်ချင်သူ တွေရှိလာရင်တော့ ဆိတ်ဖြူတွေလည်း ရှားကုန်မယ်ထင်ပါ့။

ထားပါတော့ဗျာ။ ကျနော်ပြောချင်တာက ဆင်ဖြူတော်တွေ ဆိတ်ဖြူတော်တွေ အကြောင်းမဟုတ်ပါဘူး။ ဆင်တွေ ဆိတ်တွေ ပြသနာဖြစ်ကြတဲ့အကြောင်းပြောချင်တာပါ။ အဖြစ်အပျက်က ဒီလို..။

အဲဒီတောထဲမှာ ဆင်တွေကလည်း ဆင်တွေကျက်စားရာ နေရာမှာနေ၊ ဆိတ်တွေကလည်း ဆိတ်တွေကျက်စားရာ နေ ရာမှာနေပြီး သူ့စည်း ကိုယ့်စည်း နေထိုင်ခဲ့တာ တည်ငြိမ်အေးချမ်းသာယာဖွံဖြိုးခဲ့တယ်ပေါ့ဗျာ။ တနှစ်မှာတော့ ရာသီဥတုက ဖေါက်လွဲဖေါက်ပြန်ဖြစ်ပြီး မိုးခေါင်လို့ ရေတွေခမ်း၊ သစ်ပင်တွေ နွမ်းဖြစ်ကုန်သတဲ့။ အစာရေစာ ရှားပါးတာလည်း ဖြစ်လာတယ် ပေါ့ဗျာ။ ဒီအခါ ဆင်တွေက စဉ်းစားတယ်။ ဆင်စာရှားပါးမှုကို ဖြေရှင်းတဲ့အနေနဲ့ ဆင်တွေဟာ စားနေကျ အစာတွေမစားပဲ ဆိတ်တွေလို တွေ့ကရာ သေးသေးမွှားမွှားလေးတွေကအစ စားမယ်ပေါ့။ဆိတ်တွေကလည်း ထိုနည်းလည်းကောင်းပါပဲ။ တို့ဆိတ်တွေ ဆင်တွေလို အရွက်ကြမ်း အပင်ကြမ်းတွေ စားသောက် ရင်ဖြင့် အိုကေမယ်ပေါ့လေ..။

ဒါနဲ့ ဆင်တွေကလည်း ဆိတ်အစာတွေ စားကုန်တော့သလို ဆိတ်တွေကလည်း ဆင်စာတွေ စားကြတယ်ဆိုပဲဗျ။ စားတဲ့အပိုင်းမှာ ပြသနာက သိပ်မရှိပေမယ့် မစင်စွန့်တဲ့အခါမှာတော့ ပြသနာတွေ တတ်ကုန်ပါရော..။ ဒီလိုလေ.. ဆင်တွေက အကောင်ကြီးသလောက် မစင်လေးတွေက ဆိတ်မစင်လို သေးသေးလေးတွေတဲ့။ ဆင်တွေထက် ဆိုးတာက ဆိတ်တွေပဲ။ ဘယ့်နှယ်ဗျာ သေးသေးလေးတွေ မစင်စွန့်နေကြ ဆိတ်တွေခမျာ ဆင်တွေလောက် မစင်တုန်းကြီးတွေ စွန့်ရတော့.. တွေးသာ ကြည့်ပါတော့ဗျာ။

မတန်မရာတွေ လုပ်ကြ ဖြစ်ကြတာပြောပါတယ်။ တော်တော် ရယ်ရတဲ့ကောင်တွေ။ ကိုယ့်အလုပ် ကိုယ်မလုပ်တော့ ဆိတ်ချေးလောက်ယိုတဲ့ဆင်တွေနဲ့ ဆင်ချေးလောက်ယိုတဲ့ဆိတ်တွေကို ခင်ဗျားတို့တော့ ဘယ်လိုမြင်တယ်မသိဘူး။ ကိုယ့် အလုပ် ကိုယ်မလုပ်ပဲ မတန်မရာတွေ လုပ်နေကြတာမြင်တိုင်း ကျုပ်ကတော့ ဒါကိုပဲ သတိရနေမိတယ်။ တော်တော်ရယ်ရတဲ့ တိရိစ္ဆာန်တွေပဲဗျ။ နော်။ အေးလေ.. တိရိစ္ဆာန်ဆိုတော့လည်း တိရိစ္ဆာန်လိုပဲ ဖြစ်နေတော့တာပေါ့..။

တိရိစ္ဆာန်တွေ တိရိစ္ဆာန်တွေနဲ့ သုံးနှုံးပြောဆိုနေလို့ ဘယ်သူ ဘယ်အဖွဲ့ကို စောင်းပြောနေတာလဲဆိုပြီးတော့လည်း မ တွေးပါနဲ့ဗျာ။ သူများကို ဒီလိုမစော်ကားပါဘူး။ တကယ်ပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်ကိုယ်တိုင်ကလည်း တိရစ္ဆာန်လေ ဗျာ။ အဲ.. ဒါပေမယ့် ကျနော်က ဆင်လည်းမဟုတ်သလို ဆိတ်လည်းမဟုတ်ဘူး.. မျောက်ဗျ။ ကျနော်ကတော့ ဆိတ်တွေ ဆင် တွေလို မတန်မရာတွေမလုပ်ဘူးဗျ။ ကျနော်အလုပ်အကြောင်းမပြောခင် ကျနော့်အကြောင်း ပြောပြမယ်ဗျာ..။ အင်း….။

တိတိကျကျ ပြောရရင် ကျုပ်က မျောက်အဖွဲ့ရဲ့ ခေါင်းဆောင်၊ မျောက်ဥက္ကဌပေါ့ဗျာ။ လူနဲ့အနီးစပ်ဆုံး သတ္တ၀ါလို့ သတ်မှတ်ထားကြသလိုပဲ..။ ကျနော်တို့မှာလည်း လူတွေလို ဒုဥက္ကဌတို့၊ တွင်း ၁ တို့၊ တွင်း ၂ တို့ ရှိသလို တိုင်းမှူးတွေ ၀န်ကြီးတွေလည်း ရှိတယ်။ မျောက်စစ်တပ်တောင်ရှိသေး။ အဲ.. ကျနော်က မျောက်ဥက္ကဌဖြစ်သလို  မျေက်တပ်မတော်ရဲ့ စစ်ဦးစီးချုပ်ကလည်း ကျနော်ပဲပေါ့ ဗျာ။ ကျနော်တို့မှာ အခြေခံဥပဒေလည်းရှိတယ်။ ရွေးကောက်ပွဲတောင်ရှိသေး။ မျောက်အခြေခံဥပဒေကို အတည်ပြုပြဌာန်းပြီး မျောက်ရွေးကောက်ပွဲ ကြီး လူအထင်ကြီးအောင် (အဲ) မျောက်အထင်ကြီးအောင် ကျင်းပ။ နောက်ဆုံးတော့လည်း ကျနော်ပဲ ဥက္ကဌပြန်ဖြစ်ပေါ့ဗျာ..။ ဟေး ဟေး…။

မျောက်အခြေခံဥပဒေတို့၊ မျောက်ရွေးကောက်ပွဲတို့ ၊ မျောက်လွှတ်တော်အမတ်တို့ ဘာတို့ညာတို့အကြောင်းတော့ စကားရှည်မှာစိုးလို့နောက်မှပြောပြမယ်ဗျာ..။ လိုရင်းကို ဆက်ပြောမယ်ဗျာ..။

ကျနော်က မျောက်ခေါင်းဆောင်ကြီး မျောက်တပ်မတော်အကြီးအကဲ မျောက်အေးချမ်းသာယာရေးနဲ့ ဖွံဖြိုးရေး ဥက္ကဌ .. ဘာညာ ရာထူးတွေလည်း ကြီးသလောက် တာဝန်တွေကလည်းများသကိုးဗျ။ မျောက်ဝန်ကြီးတွေ လာဘ်စားတာကိုလည်း ဖြေရှင်းရသလို မျောက်စစ်တိုင်းမှူးတွေ ဝေစုမတဲ့တာလည်း ရှင်းပေးရတယ်။ မျောက်မြို့တော်ဝန်တွေ မျောက်မော်ဒယ်မတွေနဲ့ ရှုပ်လို့ ပြသနာ တတ်တာလည်း မသိကျိုးကျွန်ပြုသင့်တာပြုရသလို မျောက်တပ်မတော်သားတွေကိုလည်း မြှောက်သင့်တာ မြှောက် ခြောက်သင့် တာခြောက် ခိုင်းစေရတယ်။ စုံလို့ပေါ့ဗျာ။

ကျနော့်အကြောင်းပြောကြတာတော့ အစုံပေါ့ဗျာ။ မျောက်တပ်ချုပ်ကြီးက မထုံတတ်တေးနဲ့။ အူကြောင်ကြောင်နဲ့။ မျောက်အာဏာရှင်ကြီး။ မျောက်အိုကြီးဖြစ်နေပြီ အနားမယူသေးဘူးလားဆိုတာမျိုးပေါ့။ သူတပါးပြောတာ ခံရတာ တော်ပါးသေး တယ်။ ကျုပ်လက်ထောက် ဟိုမျောက်ငမူးက အဆိုးဆုံး။ ထားပါတော့ဗျာ..။ ဒါတွေပြောရတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်နေမယ်လေ။ အဲ.. ကျနော့်ကို ပြောမရတာဆိုလို့ မိန်းမကိစ္စ.. အဲ .. မျောက်မကိစ္စတခုပဲ ရှိတယ်။ ဒါကလည်း ရှင်းတယ်လေ။ အိမ်က မျောက်အိုမကြီးကလည်း ကျနော်သွားလေရာတကောက်ကောက်။ ကျနော်ဘာလုပ်လုပ် သူပဲ စီမံနေကျ။ ကျနော် ဘာ ပြောပြော သူ့ပဲတိုင်ပင်နေကျ ငယ်နိုင်ဆိုတော့..။

ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ ကျနော်ကတော့ ကျနော်လုပ်ချင်တာကို အခုထိ လုပ်နေနိုင်တာအမှန်ပဲ။ ကျနော် ကောင်းစားဖို့ ကျနော့်မိန်းမ မျောက်အိုမကြီးကောင်းစားဖို့၊ ကျနော့် မျောက်သားသမီးတွေ ကောင်းစားဖို့ ၊ ကျနော့် မြောက်မြေးလေးတွေ ကောင်းစားဖို့ ကျနော် အခုထိ မျောက်တပ်ချုပ်ကြီးအဖြစ်နဲ့ ရပ်တည်နေနိုင်မြဲပါပဲ။

သြော်.. ကျနော့်အကြောင်းတွေ ပြောနေတာနဲ့ ခင်ဗျားတို့ကို ပြောပြချင်တာလေး မေ့တော့မလို့။ ကျနော်တို့ နေထိုင် ကျက်စားတဲ့ ဥယျာဉ်ကြီးမှာ ဥယျာဉ်မှူးကြီးနဲ့ ဟိုနေ့က တွေ့တယ်ဗျ။ သူကတော့ ခင်ဗျားတို့လို လူသားပေါ့ဗျာ။ သူက နက္ခတ် ပွဲသဘင် သွားကြည့်မလို့ဆိုလား။ စတိတ်ရှိုးဆိုလား။ မော်ဒယ်ရှိုးဆိုလား သွားချင်လို့တဲ့။ သူကြိုက်တဲ့ နိုင်ငံခြားသွားတာ ဆန္ဒပြ ခံရလို့ နာမည်ကြီးသွားတဲ့ ကောင်မလေးလည်းပါမယ်ဆိုလား ပြောသေးသဗျာ။ အံမယ် ဘာတဲ့ စန္ဒီမျောက်လွင်ဆိုလား ကောင်မ လေးကလည်း စကတ်တိုတိုလေး အင်္ကျ`်လည်ဟိုက်လေးနဲ့ ကမှာဆိုပဲ။ ပြောနေတာတော့ မြိန်ရည်ရှက်ရေဗျ။ ကျနော်တောင် စိတ်ဝင်စားတယ်။ ထုံးစံအတိုင်း လူတွေလုပ်တဲ့ ဘာဘာညာညာရံပုံငွေပွဲ ပေါ့ဗျာ။

သူက အဲဒီပွဲကို သွားချင်သတဲ့။ အဲဒီပွဲမှာ မီဒီယာသမားတွေ သတင်းထောက်တွေကလည်း အများကြီးလာမှာဆိုပဲ။ ဒါ ကတော့ မဆန်းပါဘူးဗျာနော့။ အခုခေတ်မှာ ကင်မရာလေးတကိုင်ကိုင်၊ အသံဖမ်းစက်လေးတကြွကြွနဲ့ မီဒီယာသမားတွေက လည်း ရိုက်သတ်လို့တောင် ကုန်မယ်မထင်ဘူး။ (အဲ.. ကျနော်တို့ မျောက်ပြည်မှာတော့ ဒါမျိုးဘယ်ရမလဲ။ နိုင်ငံခြားသားတောင် ကင်မရာလေးကိုင်ပြီး ကားကနဲ ကြွသွားတာ.. ဟား ဟား)

စိတ်တော့မရှိနဲ့ဗျ။ ကျနော်က စကားပြောရင် ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ မျောက်စိတ်အတိုင်းပဲ။ အင်းလေ.. မျောက်ပါဆိုမှ.. မျောက်စိတ်ပေါ့နော်။ ပြောနေရင်းကကို စကားက ဘေးချော်ချော်သွားပြန်ပြီ။ အဲ.. ခုန စကားပြန်ဆက်ရရင် ဥယျာဉ်မှူးက ပွဲသွားချင်တယ်။ ဥယျာဉ်ကြီးကို ထိန်းသိန်းပြုပြင် ရေလောင်းဖို့ကလည်း နိစ္စဓူဝ တာဝန် ဖြစ်လေတော့ သူ့ခမျာ လက်မှိုင်ချနေတာပေါ့ဗျာ။ ဒီတော့ ကျနော်က ဘယ်နေမလဲ။ သိတယ်မဟုတ်လား။ ကျနော်တို့ မျောက်တပ်မတော်က တာဝန်ယူ မယ်ဗျာလို့ ပြောလိုက်တယ်။ သူလည်း ၀မ်းသာသွားတာပေါ့။ ယုံယုံကြည်ကြည်နဲ့ကို လွှဲအပ်ခဲ့ပါလေရော..။ (မျောက်တပ်မတော် ရဲ့ စေတနာမှန်ကို သူတယောက်ပဲ သဘောပေါက်သေးတယ်။)

ဒါနဲ့ပဲ ဥယျာဉ်တော်ရဲ့ တာဝန်အရပ်ရပ်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ ကျနော်တို့ မျောက်တပ်မတော်က ယာယီ တာဝန်ယူလိုက်တယ်ပေါ့ဗျာ။ (အချိန်တန်ရင်တော့ ကျနော်တို့က မျောက်တန်းလျားပြန်မှာပါ။ ခင်ဗျားတို့လူတွေလို ပြောပြီး ကတိမတည်တာတော့ မဟုတ်ပါဘူး)

အင်း.. ဒီလိုနဲ့ ကျနော်တို့ ဥယျာဉ်တော်ကြီး အေးချမ်းသာယာပြီး ခေတ်မှီတိုးတက်တဲ့ ဥယျာဉ်တော်ကြီးဖြစ် အောင်၊ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တာဝန်ယူ စောင့်ရှောက်လျက်ရှိနေပါတယ်။ အခုလို ဖွံ့ဖြိုးတိုးတက် အေးချမ်းသာယာ လှပပြီး ခေတ်မှီ ဥယျာဉ်တော်ကြီး ဖြစ်အောင် ကျနော်တို့ စီမံဆောင်ရွက်ခဲ့ပုံတွေကို ပြချင်ပါတယ်။ လိုက်ပြီးလေ့လာပေါ့ဗျာ။ ကျနော် တို့ မျောက်တပ်မတော်သားတွေကို အသုံးချပြီး ကြိုးပမ်းနေတာတွေကို လေ့လာပါ။ လာပါဗျာ.. ခင်ဗျားက မျောက်ရင်းတွေ (အဲ) လူ ရင်းတွေပဲ..။

ဟောဟိုမှာတွေ့လား။ လမ်းတွေဖေါက်တယ်ဗျာ။ တံတားတွေဆောက်တယ်ဗျာ။ အဲ..အပင်တွေ ရေလောင်းနေတာ တွေ့တယ်မဟုတ်လား။ ဘယ်လောက်ခေတ်မှီ အဆင့်မြင့်ပြီး ပညာဥာဏ် အမျှော်အမြင်ရှိသလဲဗျာ။ သစ်ပင်တွေကို အားကုန် စိုက်ပြီး နှုတ်တဲ့သူက နှုတ်၊ တူးဆွတဲ့သူက တူးဆွ၊ ပြန်စိုက်တဲ့သူက ပြန်စိုက်၊ ရေလောင်းတဲ့သူက ရေလောင်း။

ဘာလုပ်နေတာလဲ မသိဘူးလား။ အာ.. ခင်ဗျား တော်တော်ပိန်းတာပဲ.. အေးလေ.. ကျနော်တို့ မျောက်တပ်မတော် အာဏာပိုင် အကြီးအကဲတွေလို တော်တဲ့တတ်တဲ့သူမှ မရှိတာကိုး။ ခင်ဗျားကို သေချာရှင်းပြမယ်ဗျာ.. ဒါက ဒီလိုရှိတယ်ဗျ။ သစ်ပင်ဆိုတာ အမျိုးမျိုးလေ။ ဘယ်အပင်က ရေများများလောင်းရမယ်။ ဘယ်အပင်က ရေနည်း နည်းပဲ လောင်းရမယ်ဆိုတာ ဒီအတိုင်း ကြည့်ရုံနဲ့ ဘယ်သိနိုင်မလဲ။ ရမ်းသမ်းပြီး လောင်းလို့လည်း မဖြစ်ဘူးလေ။ ကျနော်တို့က တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်နဲ့ လက်တွေ့ အကောင်အထည်ဖေါ်နေတာလေ။ ဒီတော့.. အပင်တွေ ရေဘယ်လိုလောင်းရမလဲလို့ ကျနော် ကောင်တွေက မေးတယ်။ ဒီတော့ ကျနော်က လိုအပ်တာတွေကို ခေါင်းဆောင်ကောင်းပီပီ  အမျော်အမြင်ရှိရှိ ကြည့်ရှု ညွှန်ကြား လိုက်တယ်ဗျာ။

အပင်တွေကို တူးကြည့်၊ နှုတ်ကြည့်။ အမြစ်တိုရင် ရေနည်းနည်းလောင်း။ အမြစ်ရှည်ရင် ရေများများလောင်းလို့။ ကဲ… ကျနော် ဘယ်လောက်တော်သလဲ..။ နော်။ ကျနော်တို့ မျောက်တပ်မတော် ခေါင်းဆောင်တွေက အစစ သိတတ် ကျွမ်းကျင် လိမ်မာတာကို ခင်ဗျားမြင်ပြီမဟုတ်လား။

ကဲ… အနာဂတ် ဥယျာဉ်တော်ကြီး သာယာလှပဖို့ ကျနော်တို့ ကြိုးပမ်းမှု အသီးအပွင့်တွေကို စောင့်ကြည့် ပေတော့ဗျို့..။



(ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ၅၅၀ ဇာတ်တော်တွေထဲက အာရာမဒူသကဇာတ်ကို မှီးပါတယ်)



ဒေါက်တာဂွတို
(မိုးသောက်ကြယ်အတွက် ရေးသည်)



ကာတွန်းဆရာအောင်ပီကျယ်ရဲ့ လွန်ခဲ့သောဆယ်စုနှစ်တစုက ကာတွန်းလက်ရာလေးပါ။

Tuesday, October 12, 2010

မဟာတဘောင်တော်ကြီး

ဝလေးလုံးဆုံ ပြောင်းဖို့ကြုံ
နိမ့်သူမြင့်ဖို့ ဖြစ်လတ္တံ့

ငါးကောင်ဆင်ဖြူ တိုင်းပြည်ဆူ
ရှေ့လူ နောက်တတ် နင်းလတ္တံ့

သီတင်းကျွတ်ရေတတ် တိုင်းပြည်ပျက်
ကောင်းအောင်ညီဖို့ လိုလတ္တံ့။

မြန်မာပြည်ထဲမှာ လွန်ခဲ့တဲ့ ၃ လလောက်ထဲက ထွက်ပေါ်နေတဲ့ တဘောင်ပါ။ မြန်မာပြည်မှာ ရေတွေကြီးလာတော့ အံ့သြပြီး တဘောင်အတိုင်း ဖြစ်နေပါ လားဟ ဆိုပြီး သိမ်းထားတာလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။ အတိတ်တဘောင်တွေဆိုတာ ရံဖန်ရံခါပေါ်ထွက်တတ် သလို တိုင်းရေးပြည်ရာ အဖြာဖြာအထိ ဆိုးကောင်းတွေကို ကြိုကြိုတင်တင် နိမိတ်ထင်တဲ့သဘောလို့ မြန်မာတွေက ယုံကြည်ယူဆကြပါတယ်။

၁၀ ရက် ၁၀ လ ၂၀၁၀ ဟာ ၀လေးလုံး ဆုံတဲ့ ကာလဖြစ်ပါတယ်တဲ့။ အိမ်နိမ့်စံ ဖြစ်နေရသူတွေ အမြင့်စံ ဖြစ်တော့မယ့် အခါသမယလို့ ဆိုပါတယ်။

ဆင်ဖြူတော်ကလည်း ငါးကောင်တိတိ ဆုံညီသွားပြီမို့ တိုင်းပြည်တကယ်ကောင်းဖို့ ဆင်ပြောင်ငါးစီး အားမာန်တွေ စုစည်းလိုက်သလို ရှေ့မှာ အနိုင်ကျင့် စိုးမိုးထားသူတွေကို နောက်တတ် လူကောင်း လူမှန် တွေက ချေမှုန်းအနိုင်ပြန်ယူတော့မယ်နိမိတ်လို့ အဓိပ္မါလ်ဖွင့်ကြပါတယ်။

သီတင်းကျွတ်ကာလဆိုတာ ခြေခင်းလက်ခင်းသာပြီး ဆန်စပါးထွက်ပေါ်ပြီး ပထ၀ီမြေထုထံက ရွှေစု စပါးနှံတွေ သီးပွင့်ပေးတဲ့အချိန်ပါ။ ဒီအချိန်မျိုးမှာ (မတော်တဆ ဖြစ်တတ်တဲ့ တနေရာရာလောက်မှာ မဟုတ်ပဲ) တတိုင်းပြည်လုံး နေရာအတော်များများမှာ ရေလွှမ်းမိုးတာမျိုးဟာ တိုင်းပြည်ပျက်တဲ့ အတိတ် နိမိတ်လို့ ဆိုထားပါတယ်။ ကောင်းတဲ့ဖက်ကို ပြောင်းချင်တယ်ဆိုရင်တော့ အားလုံးညီညွတ်ဖို့လိုပါလိမ့် မတဲ့ဗျား..။

အရှင်သုမန

သီးလေးသီးတောင် ဒီလောက်မရယ်ရဘူး

ပြည်ပက ဂျာနယ်တွေ မြန်မာစာ အရေးအသား စနစ်တကျ မရှိတာ။ တည်းဖြတ်မှု အားနည်းတာ၊ ဝေါဟာရ အားနည်းတာတွေ များလှတယ် ထင်တာ။ ပြည်တွင်းလောက်တော့မဆိုးသေးဘူးဟလို့ ကျေးဇူးတင် ၀မ်းမြောက်ရသေးသဗျ။
ပြည်တွင်းက အမှားတွေကတော့ ရယ်လည်းရယ်ချင်မိ၊ ဆဲလည်း ဆဲချင်မိပါရဲ့ဗျာ။ အောက်က လျှပ်တပြက်ဂျာနယ်ကို ဖွင့်ကြည့်ပါဦး။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က အာဇာနည်နေ့ ဖြစ်နေသတဲ့။ ဟီး-- သီးလေးသီးတောင် ဒီလောက်မရယ်ရဘူး..
 အောက်ပါလင့်တွင်လည်း 
http://snapshot-news.com/index.php?option=com_content&view=article&id=5609%3A2010-07-31-07-14-12&catid=376%3Avol2-no96&Itemid=120
သွားရောက်ဖတ်ရှုနိုင်ပါသည်။

တို့တိုင်းပြည်(ဇော်ဂျီ )

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ဉာဏ်ရှေ့ ပန်း၍
တ၀မ်းတစိတ်၊ ညီစေသတည်း။

ချောင်းကြည့်သူရဲ့ အမှား (ကိုကြီးပေါ်)အမှတ်-၂၆

ကိုကြီးပေါ်ကို မိတ်ဆွေများက မေးလေ့ရှိပါတယ်။ “ချောင်းလို့ မကုန်သေးဘူးလား”တဲ့။ အကောင်း မေးတာလား။ ရွဲ့မေးတာလားတော့ မပြောတတ်ပါဘူး။ ဒီလို မေးဖော်ရတာကိုပဲ ကိုကြီးပေါ်က ငါဟုတ်လှပြီ ဆိုပြီး ဘ၀င် ကြိတ်မြောက်နေတာကိုတော့ သူတို့ မသိရှာဘူး ထင်ပ။ အဟဲ…။ ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် ကြံဖန်ပြီး အထင်ကြီးအောင် လုပ်ရတာပဲ မဟုတ်လား။ ဟို အမေရိကန် ဆိုတဲ့ နိုင်ငံကြီးမှာတောင် ကျောင်းပညာရေးထဲမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ် မွေးပေးရမယ်လို့ လုပ်ခဲ့ကြသေးတယ်လေ။ နောက်ဆုံးတော့ ဘ၀င်ရူးလေးတွေ များများလာလို့ သူတို့ ပညာရေးကို ပြန်ပြင်လိုက်ပါပြီ။ ဒါပေမယ့် အမေရိကန်လို့ ဆိုတာနဲ့ ငါတို့က အားလုံးထက်သာတယ် ဆိုတဲ့ ညဉ်ကလေးကတော့ ကျန်နေသေးတယ် ထင်ရဲ့။
တကယ်တော့ အမေရိကန်တွေက အထင်ကြီးစိတ်ကို မွေးမြူပေးရမယ်လို့ မသိခင်ကတည်းက မြန်မာဏသီ ရွှေပြည်တော်ကြီးက အနှီ ပုဂ္ဂိုလ်ကြီးငယ်တွေ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းလို့ လေထဲမှာ တလူလူလွင့်နေခဲ့တာ ကြာလှပေါ့။ ရွှေပြည်တော်ကို ငါတို့ စစ်တပ်ကြီး ကယ်တင်မှရမယ်လို့ ကိုယ့်ကိုယ်ကိုယ် အထင် အကြီးကြီးနဲ့ လုပ်ခဲ့ကြတာ ခုဆိုရင် ကမ္ဘာမှာ သတင်းတမွှေးမွှေးနဲ့ ဖြစ်နေရော့ မဟုတ်လား။
၈၈ မှာ အာဏာလက်ရှိ မဆလပါတီက သူ့ခါးပိုက်ဆောင် စစ်တပ်ကို အာဏာ ခဏလွှဲပေးပြီး ရွေးကောက်ပွဲ လုပ်ခိုင်းခဲ့တယ်လေ။ ရည်ရွယ်ချက်ကတော့ “တပါတီစနစ်” ကနေ “စစ်တပ်ထောက်ခံသော တပါတီ ကြီးစိုးတဲ့စနစ်” ကို အသက်သွင်းဖို့ပါပဲ။ သွားလေသူ ဗိုလ်နေ၀င်း အပါအ၀င် ထိပ်ပိုင်း ပုဂ္ဂိုလ်ကြီးများ အသေအချာ ပေသီးခေါက်ထားတဲ့ တွက်ကိန်းကြီးပေါ့ ခင်ဗျာ။ သူတို့ တွက်ကိန်းကလည်း မဆိုးပါဘူး။ ကလေးက အစ အလွယ်ကလေး သိတယ်ဆိုတော့ အတော်လေး ကြိုးစား တွက်ချက်ထားပုံ ရပါတယ်။
ဒီမိုကရေစီကို လိုလားတဲ့ ပါတီတွေက ရာနဲ့ချီလို့။ ဒီတော့ မဲတွေက အကုန် ပြန့်ကုန်မှာ။ နှစ်ဆယ့်ခြောက်နှစ် စည်းရုံးထားတဲ့ ငါတို့ တစညပါတီက မဲအရေအတွက် ၂၅ ရာနှုန်းလောက်ပဲ ရဦး မဲတနယ်ချင်းအလိုက် အများဆုံး ဖြစ်ပြီး ငါတို့ပဲ အနိုင်ရမယ်ပေါ့။ တကယ်တော့ သူတို့ တွက်တာ မမှားပါဘူး။ တစညပါတီဟာ စုစုပေါင်း မဲအရေအတွက်မှာ ၃၅ ရာနှုန်းလောက်နဲ့ ဒုတိယလိုက်ပါတယ်။ ရွှေပြည်တော်သားတွေကသာ တက်တက်ကြွကြွ မဲမထည့်ခဲ့ဘူး ဆိုရင်၊ ဒီချုပ်တခုတည်းကိုပဲ သဲသဲမဲမဲ မဲမထည့်ခဲ့ကြဘူး ဆိုရင် ဗိုလ်နေ၀င်းတို့ လက်ခမောင်း ခတ်ဦးမှာပေါ့။ အဲသလို ပိုင်ပြီဆိုပြီး အထင်ကြီး တခွဲသားနဲ့ လုပ်ချလိုက်တာ ငါ့နဖူး ဟက်တက်ကွဲရောဟ ဆိုသလိုပေါ့။
ဒီတခါလည်း ဗိုလ်ချုပ်မင်းကြီးများက ကိုယ့်ကိုယ်ကိုယ် အထင်တကြီးနဲ့ လုပ်နေပြန်ပါပြီ။ အထင်ကြီးချက်များ ဘယ်လောက်သင်းသလဲ ဆိုရင် ကြပ်ပြေး ပျဉ်းမနားမှာ မဲဆန္ဒနယ်ဖွဲ့ပြီး ပုဆိုးဝတ် ဗိုလ်ချုပ်ကြီးများက ၀င်အရွေးခံမတဲ့လေ။ အဲသည့်မှာ မဲပေးနိုင်သူ စာရင်းက ထောင်ဂဏန်းတောင် မရှိပါဘူးတဲ့။ ဒါတောင် ဗိုလ်ချုပ်မင်းတွေရဲ့ တဆွေလုံး တမျိုးလုံး တပည့် ကပ်ပါး လက်ပါးစေ အိမ်မွေးတဲ့ ခွေး ကြောင်က အစ စာရင်းထည့်ထားတာလို့ ဆိုသဗျ။
ပျဉ်ဖိုးနားလည်ထားတဲ့ ဗိုလ်ချုပ်မင်းတွေက ဒီတခါတော့ အငှားပါတီတွေ ဘာတွေ မထားတော့ပါဘူး။ သူတို့ရဲ့ ခေါင်းကိုင်ဖခင်ကြီး ပေးလို့ ရထားတဲ့ အာဏာအမွေကလေး အတော်ခိုင်သွားပြီ ဆိုတော့ သူ့ပါတီနဲ့လည်း အိုးစားခွဲလိုက်တာ ကြာပါပြီ။ ဟုတ်တာပေါ့။ ကိုယ်ရထားတဲ့ အမွေ ဘာလို့ ပြန်ပေးမလဲ။ ဘာလို့ ရှယ်ယာ လုပ်မလဲ။ ကိုယ်ပဲ အပိုင် ကိုင်ထားရပေမပေါ့။ ဒီတော့ ကိုယ်ပိုင်ပါတီ ထောင်သပေါ့။ လွှတ်တော်ထဲမှာလည်း ၂၅ ရာနှုန်း ယူသပေါ့။ ကဲ ဘာဖြစ်သေးလဲပေါ့။ ငါတို့ အကုန်လုပ်နိုင်တယ် ဆိုတဲ့ အထင်ကြီးစိတ်နဲ့ ဗိုလ်ချုပ်မင်းများ ထင်ရာစိုင်းချက်ကတော့ နာဂစ်ထက် ပြင်းပါသေးရဲ့။
ရွှေပြည်တော်ကြီးမှာ ကျင်းပဖို့ အကြီးအကျယ် ပြင်ဆင်နေတဲ့ ကောက်ရွေးပွဲ ဆိုတာက ကမ္ဘာပေါ်မှာ တခါမှာ မပေါ်ထွန်းသေးတဲ့ ဖြစ်စဉ်တခုပါပဲ။ ဒီဖြစ်စဉ်ကို အသေးစိတ် လေ့လာမှတ်သားပြီး စာတမ်းတွေ ကျမ်းတွေ ပြုစုမယ်ဆိုရင် ဒေါက်တာဘွဲ့လောက်တော့ အသာကလေး ရနိုင်တာပ။ ဘာကြောင့်လဲ ဆိုတော့ ပြောချင်ရာ ပြောပြီး လုပ်ချင်ရာ လုပ်တဲ့ ကောက်ရွေးပွဲဆိုတာ လူ့သမိုင်းမှာ ဒါပထမဆုံးပဲလေ။ ဒီအထဲမှာ မထည့်မဖြစ် ထည့်ရမှာကတော့ ဒီမိုကရေစီ ဆိုင်းဘုတ်အောက်က အမတ်ရူးတွေ ပါပဲ။
အမတ်ရူးတွေလို့ ပြောရတာတော့ အားနာစရာ ကောင်းပါရဲ့။ ကောက်ရွေးပွဲ ဖြစ်စဉ်ကြီးကို ရှောင်လွှဲမရလို့ ဒီကွင်းထဲ ၀င်ကစားတာကို ကိုကြီးပေါ်က နားလည်ပါတယ်။ ဒီဖြစ်စဉ်ကို ကိုယ့်ရဲ့ နိုင်ငံရေး ကစားစရာ ကွင်းအဖြစ် သဘောထား လှုပ်ရှားကြမယ်ဆိုရင်၊ လူထုမှာ နိုင်ငံရေး နိုးကြားမှု လှုပ်ရှားမှု တစုံတရာ ဖြစ်လာနိုင်တာပေါ့။ ကလိမ်ကကျစ် ကိစ္စတွေကိုလည်း တဖက်တလမ်း ဖော်ထုတ်နိုင်စရာ ရှိတာပေါ့။ အခုတော့ ၃၇ မင်း … အဲ ယောင်လို့ ၃၇ ပါတီစလုံးရဲ့ ဦးတည် လှုပ်ရှားနေပုံက ကောက်ရွေးပွဲမှာ အောင်နိုင်ရေးတဲ့လေ။ ပွဲမစခင်ကတည်းက အဖြေထွက်ပြီးသား ကောက်ရွေးပွဲမှာ နိုင်ငံရေး အကျိုးအမြတ်ကို မရည်ရွယ်ဘဲ အမတ်ဖြစ်ဖို့ ရည်ရွယ်တယ်ဆိုတော့ အနှီပုဂ္ဂိုလ်များကို အမတ်ရူးလို့ ကင်ပွန်းတပ်ရုံမှတပါး အခြားမရှိတော့ဘူးပေါ့။
ဟိုး အတော် စောစောတုန်းကတော့ လွှတ်တော်ကနေ အခြေခံဥပဒေကို ပြင်ဆင်မယ် ဆိုတဲ့ အသံတွေ ကြားခဲ့ရသေးရဲ့။ အဟဲ အခုလို မဲဆွယ်ကာလလည်း ရောက်ရော အဲဒီအသံတွေ ဘယ်ရောက်သွားပါလိမ့်။ ကိုကြီးပေါ် အင်တာနက်က ချောင်းနားထောင်တာ ဘာမှ မကြားရတော့ပါလား ဟရို့။ လွှတ်တော်မှာ ဘာတင်ပြမယ် ညာတင်ပြမယ် ဆိုတာတွေတော့ ကြားလာပြန်ရဲ့။ အမတ်မင်းကြီးများက ကောင်းပေ့ ညွန်ပေ့ ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ ဆိုတာ ခဏထားပါဦး။ အမတ်မင်း တို့အတွက် လွှတ်တော်တက်တဲ့ ရုံးစရိတ် ဘယ်လောက်ရမှာလဲ ဆိုတာ သေချာအောင် အရင်လုပ်ပါဦးလို့ ကိုကြီးပေါ်က တိုက်တွန်းချင်ပါရဲ့။
ရွှေပြည်တော်ကို မျှော်ကြည့်လိုက်ရင် ဒီပွဲက တယောက်တည်းပြေးတဲ့ ပွဲပါပဲ။ အခြား ပြိုင်ပွဲဝင် ပါတီတွေဟာ ကင်ပေတိုင် လက်ချက်နဲ့တင် အားလုံး ပက်လက်လန်နေကြပြီ ဟုတ်။ ပြေးလမ်းပေါ်တောင် တက်မယ် မကြံရသေးဘူး ကင်ပေတိုင်က ကုပ်ကိုင် ဆွဲထုတ်နေပြီကော။ အမျိုးသားညီလာခံမှာ ခေါင်းပေါင်း တလူလူနဲ့ အသုံးတော်ခံခဲ့တဲ့ ကချင်ခေါင်းဆောင်ကြီးခမျာ ပါတီလည်း ဖွဲ့မရ၊ အမတ်လည်း ၀င်ရွေးမရ၊ လက်နက် ပြန်ကိုင်လို့လည်း မရ။ အင်း မျောက် သစ်ကိုင်းလွတ်တယ် ပြောရလား။ ကျောချမှ ဓားပြမှန်းသိတယ် ပြောရမလား။ အရှင်ကြီး ချီးမြောက်ခါမှ သမီးပါ လင်နောက်လိုက်တယ် ပြောရမလား။
သြော် စဉ်းစားကြည့်ရင် အနှီပုဂ္ဂိုလ်တွေလည်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဒီတပွဲမှာ ၀င်နွှဲကြတာပဲ မဟုတ်လား။ နိုင်ငံရေး အကွေ့တခုမှာ ငါတို့ တနေရာတော့ ရနိုင်တယ်ဆိုတဲ့ အတွေးနဲ့ ၀င်ကြိတ်တာ မဟုတ်ပါဘူး ဆိုရင် ဘယ်လို ဆင်ခြေပေးမလဲ ဆိုတာ ကိုကြီးပေါ် ကြားလိုက်ချင်ပါရဲ့။
ရွှေပြည်တော်မှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသူတွေ လှုပ်လှုပ်ရွရွ ဖြစ်နေသလောက် သာမန် ရွှေပြည်တော်သား တွေကတော့ ၀မ်းရေးအတွက် ရတက်မအေးရလို့ ကောက်ရွေးပွဲဆိုတာ ဂျိုနဲ့လားလို့တောင် မေးယူရမယ့် အဖြစ်ပါပဲ။ ကောက်ရွေးပွဲကို ရွှေပြည်တော်သားတွေကို စိတ်ဝင်စားစေချင်တယ် ဆိုရင် လုပ်တဲ့နည်းတွေ ရှိပါရဲ့။ မဲဆွယ်စည်းရုံးရေးတွေ လုပ်ပြီး နိုင်ငံရေး နိုးကြားအောင် လုပ်ဖို့ မလိုပါဘူး။ ထိုင်းက သက်ဆင်လို ပိုက်ဆံပေးပြီး မဲဝယ်စရာလည်း မလိုပါဘူး။
လုပ်ရမယ့်နည်းက မဲဆန္ဒနယ်ထဲမှာ ကောက်ရွေးပွဲလုပ်လို့ ထွက်ပေါ်လာမယ့် ဂဏန်းတွေရဲ့ နောက်ဆုံး သုံးလုံး နှစ်လုံးကိုသာ လောင်းကစားလုပ်ဖို့ ခွင့်ပေးလိုက်ပါ။ မဲဆန္ဒရှင်တွေ မဲရုံရှေ့မှာ တအုန်းအုန်းနဲ့ ၀ရုန်းသုန်းကား ဖြစ်မနေရင် ကိုကြီးပေါ်ကို ပြောချင်တိုင်းပြော။
ကိုကြီးပေါ်

အမဲရောင်ပုံးကလေး ပိုလေးမည်(ရွှေမြိုင်အောင်)

ပြီးခဲ့တဲ့စက်တင်ဘာလ ၁၄ရက်နေ့ကဂျပန်နိုင်ငံမှာ လူတော်တော်များများ စိတ်ဝင်စားတဲ့ရွေးကောက်ပွဲ တစ်ခုကိုပြုလုပ်ခဲ့ပါတယ် ...ရွေးကောက်ပွဲထက်စာရင် ရွေးချယ်ပွဲလို့ဆိုရင်ပိုမှန်လိမ့်မယ်လို့ ရွှေမြိုင်အောင်ပြောချင်ပါတယ် ...ဘာကြောင့်လဲဆိုတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မဲ့ရွေးကောက်ပွဲမဟုတ်ပဲ လက်ရှိအာဏာရပါတီဖြစ်တဲ့ ဂျပန်ဒီမိုကရက်တစ်ပါတီ DPJ အတွင်း ခေါင်ဆောင်ရာထူးအတွက်ရွေးချယ်မှာဖြစ်လို့ပါ .....

အရွေးချယ်ခံကြမဲ့ပုဂ္ဂိုလ် ၂ဦးကတော့ လက်ရှိဝန်ကြီးချုပ် Naoto Kan နဲ့ ယခင် ပါတီခေါင်းဆောင်ဟောင်းဖြစ်ဘူးသူ ..မကြာသေးမီကမှ အထွေထွေအတွင်းရေးမှူးရာထူးကနှုတ်ထွက်သွားတဲ့ Ichio Ozawa တို့၂ဦး ယှဉ်ပြိုင်အရွေးခံကြတာဖြစ်ပါတယ် ..လူအများစိတ်ဝင်စားရတာက ဂျပန်မှာ ၄နှစ်အတွင်း ၀န်ကြီးချုပ် ၄ဦးအပြောင်းအလဲဖြစ်ခဲ့ပြီးပြီ ..အခုဝန်ကြီးချုပ်ကလဲ ရာထုးရထားတာ ၃လထဲပဲရှိသေးတယ်..နောက် ..သူနဲ့ပြိုင်မဲ့ Ozawa ဆိုတာကလဲ ဂျပန်နိုင်ငံရေးမှာ တကယ့်ဆရာကြီး ပါတီထဲမှာလဲသြဇာကရှိနေသေးသူ ..နောက်လိုက်တပည့်ပေါင်းများစွာလဲ ကျန်နေသေးတဲ့အတွက် ....ဒီတခါမှာတော့ Ozawa ၀န်ကြီးချုပ် ဖြစ်လောက်ပြီလို့ လူအများကထင်ခဲ့ကြပါတယ် .....

Ozawa ကိုယ်တိုင်က “၀န်ကြီးချုပ်အဖြစ်နဲ့ ဂျပန်ပြည်သူပြည်သားတွေကို အလုပ်အကျွေးပြုပါရစေ..”ဆိုပြီးရွေးကောက်ပွဲ မတိုင်မီ ပြုံးပြူံးရွှင်ရွှင် နဲ့ပြောနေတယ်ဆိုတော့ သူကိုယ်တိုင်လဲ အပိုင်ပဲလို့ယူဆထားပုံရပါတယ် ..ပြည်သူတွေရဲ့သဘောထားကို မျက်ကွယ်ပြုပြီး ငါ့နောက်လိုက် တပည့်တွေက ငါ့ကိုထောက်ခံမှာပဲလို့ တွေးခဲ့တယ်ထင်ပါတယ် .....

ဒီနေရာမှာOzawa ရဲ့ရာဇ၀င်ကို အကျဉ်းလောက်ပြောပြချင်ပါတယ် ..၁၉၄၂ မေလ ၂၄ရက်နေ့မှာမွေးတဲ့ Ozawa ဟာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDPကနေ ၁၉၆၉ ခုနှစ်မှာလွှတ်တော်အမတ် ဖြစ်ခဲ့ပြီး ၁၉၈၀ တ၀ိုက်မှာထင်ရှားတဲ့လူငယ်ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ် ..

အဲဒီလူငယ်ခေါင်းဆောင်တွေထဲကမှ Tsutomu Hata နဲ့ Ryutaro Hashimoto တို့ဟာ နောက်ပိုင်းမှာ ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ်များအဖြစ် အသီးသီးရွေးချယ်ခံခဲ့ရတော့Ozawa လဲံ “တနေ့ငါသည် ဧကန်မုချဝန်ကြီးချုပ်များအဖြစ် ဖြစ်ရမည်လို့ ..”အဓိဌာန်ထားခဲ့မယ်လို့ထင်ပါတယ်ခင်ဗျာ .....

၁၉၈၅ မှာတော့Ozawa ဟာ ပြည်ထဲရေးဝန်ကြီးအဖြစ် သူ့ဘ၀ရဲ့ပထမဦးဆုံး ၀န်ကြီးရာထူးကိုတာဝန်ထမ်းဆောင်ခဲ့ပါတယ် ..သူ့ရဲ့အရည်အချင်းကောင်းတွေကြောင့် ၁၉၈၉ မှာ LDP ပါတီရဲ့အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံခဲ့ရပါတယ် .....

ဒါပေမဲ့ သင်္ခါရ သဘောအရ ၁၉၉၃ခုနှစ်မှာ ၃၈နှစ်ကြာ အတူလက်တွဲခဲ့တဲ့ LDP ပါတီနဲ့ လမ်းခွဲခဲ့ပါတယ်ခင်ဗျာ .....

LDP ကနေ ထွက်ခွာခဲ့ပြီးတဲ့နောက် Japan Renewal Party ကို Tsutomu Hata နဲ့ပူးတွဲတည်ထောင်ကာ LDP ရဲ့အင်အားစုတွေကို သူ့ရဲ့ပါတီ အသစ်ထဲရောက်အောင် ခေါ်ယူနိုင်လိုက်လို့ LDP ပါတီလဲ အထက်လွှတ်တော် မှာရှုံးခဲ့လေရောဗျာ .....

၂၀၀၃ခုနှစ်မှာတော့ Ozawa နဲ့သူရဲ့နောက်လိုက်များက ဂျပန်ဒီမိုကရက်တစ် ပါတီ DPJ နှင့်ပူးပေါင်းခဲ့ပြီး ..၂၀၀၆ ဧပြီလ ၇ ရက်နေ့မှာ Seiji Maeharaရာထူးကနေနှုတ်ထွက်သွားလို့ Ozawa ကို ပါတီရဲ့ အကြီးအကဲအဖြစ်ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ် ...ပါတီရဲ့အကြီးအကဲဖြစ်လာပြီးနောက် ၂၀၀၇ ဇူလိုင်လ ၂၉ရက်နေ့ မှာလုပ်ခဲ့တဲ့ အထက်လွှတ်တော်ရွေးကောက်ပွဲမှာ DPJ ကိုအကြီးအကျယ် အနိုင်ရအောင်ဦးဆောင်မှုပေးနိုင်ခဲ့ပါတယ် .....

၂၀၀၇ နိုဝင်ဘာလ ၄ရက်နေ့မှာအဲဒီအချိန်ကအာဏာရပါတီဖြစ်တဲ့ LDP နဲ့ တရားဝင်ပူးပေါင်းဘို့တင်ပြလိုက်တဲ့အစီရင်ခံစာကိုအကြောင်းပြုလို့ Ozawa ကိုယ်တိုင် ပါတီခေါင်းဆောင်ရာထူးကနှုတ်ထွက်မယ်လို့ ထွက်စာတင်ခဲ့ပေမဲ့လဲ ပါတီခေါင်းဆောင်ပိုင်းများကခေါင်းဆောင်အဖြစ်ဆက်နေပေးဘို့ တင်ပြလာတာကြောင့် ၂၀၀၇ နိုဝင်ဘာ ၆ရက်နေ့မှာ ပါတီခေါင်းဆောင်တာဝန်ကိုပြန်ယူခဲ့ပါတယ် .....

ဒါပေမဲ့ ပါတီရံပုံငွေ အရှုပ်အရှင်းတွေကြောင့် ၂၀၀၉ခုမေလမှာ ခေါင်းဆောင်ရာထူးကဆင်းပေးရပြီး Hatoyama ပါတီခေါင်းဆောင်ဖြစ်လာကာ Ozawa ကတော့ ပါတီရဲ့အထွေထွေအတွင်းရေးမှူးဖြစ်လာပါတယ်ခင်ဗျာ.....

၂၀၀၉ သြဂုတ်လမှာကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ LDP ပါတီရဲ့နှစ် ၅၀ကျော် ဂျပန်နိုင်ငံရေးမှာ သံမှိုရိုက်ပြီး အာဏာကိုင်စွဲထားမှုကိုရပ်တန့်စေအောင်... DPJ ပါတီအနိုင်ရစေအောင် Ozawa ကအစွမ်းကုန်ကူညီခဲ့ပြီး Hatoyama ကိုဂျပန်ရဲ့ ၀န်ကြီးချုပ်ဖြစ်စေခဲ့လေသတည်း ပေါ့ခင်ဗျာ .....

လွမ်းစရာကောင်းသွားတာက DPJ ပါတီအာဏာရ ပြီးလူထုရဲ့ထောက်ခံမှု တဖြည်းဖြည်းကျလာတာ Hatoyama လည်းဝန်ကြီးချုပ်ရာထူးကပြုတ် ...Ozawa လဲအထွေထွေအတွင်းရေးမှူးရာထူးကပြုတ် ..အဲဒီနောက်အများသိကြတဲ့အတိုင်း Naoto Kan ၀န်ကြီးချုပ်ဖြစ်လာပါတယ် .....

ဟော ..အခုတစ်ခါ Ozawa ကနိုင်ငံရေးစင်မြင့်ပေါ်ကို “ဟဲဟဲ ..ဟဲဟဲ ..” နဲ့ပြန်တက်လာပုံကတော့“ ပြည်သူတွေကြိုက်မကြိုက် ဂရုမစိုက် ..” ဒီတခါတော့ ငါသေချာပေါက် ၀န်ကြီးချုပ်ဖြစ်တော့မယ်ဆိုတဲ့စိတ်ကူးနဲ့ပြန်တက်လာ တာပါ ..ဒီလိုဖြစ်အောင်လဲဆရာကြီးက သေသေချာချာ ကုလားဖန်ထိုးလာခဲ့တယ်လို့ထင်တယ်ခင်ဗျ ...

၂၀၁၀ ဇူလိုင်လမှာပြုလုပ်မဲ့အထက်လွှတ်တော်ရွေးကောက်ပွဲမတိုင်မီ ..လက်ရှိအစိုးရကိုပြည်သူတွေယုံကြည်မှုမရှိတော့ ရွေးကောက်ပွဲမှာရှုံးမဲ့အရေးကိုကြောက်လို့ လူကြိုက်နဲလာတဲ့Hatoyama ရယ် ငွေကြေးအရှုပ်အရှင်းရှိတဲ့ ဆရာကြီးOzawa တို့တစ်တွေ ရာထူးတွေကအသီးသီးဆင်းပေးခဲ့ကြတယ်မဟုတ်လား ပြီးတော့ Naoto Kan ကိုဝန်ကြီးချုပ်ရာထူးတင်ခဲ့ကြတယ် ...ဒါပေမဲ့ ရွေးကောက်ပွဲမှာ ရှုံးတာကတော့ ရှုံးသွားတာပါပဲ .....

အခုတခါ ပါတီတွင်းထောက်ခံသူတွေအများကြီးရှိတယ်ဆိုပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအားကြီးမားနေတဲ့ Ozawa ဟာပါတီခေါင်းဆောင်ရာထူးအတွက်စက်တင်ဘာလ ၁၄ရက်နေ့က Naoto Kan နဲ့ယှဉ်ပြိုင်ခဲ့တာလဲ ရှုံးခဲ့ပါလေရောဗျာ ...အော် ..အာဏာ ..အာဏာ .....

ရွှေနိုင်ငံတော်ကြီးမှာ အထွေထွေရွေးကောက်ပွဲ ကို ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့မှာလုပ်မယ်လို့ ကြေငြာထားပါတယ် ...ဒါပေမဲ့မကြာမီက ပြည်နယ်နှင့်တိုင်းအချို့က မြို့နယ်အချို့မှာ ရွေးကောက်ပွဲမဲဆန္ဒနယ်မြေအဖြစ်မှဖျက်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြန်ရော ..ဒါဟာ အေးချမ်းသာယာလှပါတယ်လို့ပြောပြောနေတဲ့ ရွှေနိုင်ငံတော်ကြီးမှာ အေးချမ်းမှုမရှိတဲ့နယ်မြေတွေရှိနေသေးတယ်ဆိုတာ ကြက်ဆူ ဘုရင်ရဲ့အုပ်စုက၀န်ခံလိုက်တာ မဟုတ်လားခင်ဗျာ.....

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ထဲက သုံးဆယ်ပေါက်ကျေးရွာမှာသြဂုတ်လ ၁ရက်နေ့က အမှတ်၆၀၅ စစ်တပ်ကဗိုလ်ကြီးစစ်လင်းအောင် နဲ့အရပ်သားတွေရန်ဖြစ်တာကို တပ်ရင်းမှူးကိုယ်တိုင် ကျေးရွာထဲဝင်ပြီး ရိုက်နှက်ကန်ကျောက်ခဲ့တာတွေ ...ပဲခူးမြို့မှာ အရပ်သားလူငယ် ၂ယောက်ကို စစ်ဗိုလ်တွေနဲ့ရန်ဖြစ်လို့ဆိုပြီးစစ်တပ်ကပစ်သတ်ခဲ့တာတွေကိုကြည့်ရင် ရွှေနိုင်ငံတော်ကြီးမှာ အထွေထွေလုံခြုံမှုကင်းမဲ့နေသော အခြေအနေများဖြစ်ပေါ်နေတယ်ဆိုတာကိုမီးမောင်းထိုးပြ လိုက်ပါတယ် ...ဘ၀လုံခြုံမှုမရှိရင် ပြည်သူတွေ တိုင်းပြည်ကနေ ထွက်ပြေးကြရဦးမှာပါပဲ ....ဟုတ်တယ်ဟုတ် ...

ကြက်ဆူဘုရင်ကြီးလဲ သူ့ရဲ့အာဏာကို တရားဝင်တည်မြဲဘို့အတွက် ..သူခန့်ထားတဲ့ ၀န်ကြီးချုပ်ဆိုသူနဲ့ နောက်လိုက် စစ်ဗိုလ်တချို့ကို စစ်ဝတ်စုံတွေချွတ်...အရပ်ဝတ်တွေကိုလဲခိုင်း ...စစ်တပ်အတွင်းမှာလဲ ဖြုတ်ထုတ်တွေ..ရွှေ့ပြောင်းတွေ လုပ်ြ့ပီး ရွေးကောက်ပွဲအတွက်ပြင်ဆင်နေလေရဲ့ ...ကြက်ဆူဘုရင်ကြီးက ရွှေမြိုင်အောင်တို့ပြည်သူတွေကို “ကျွန်ုပ် ကြက်ဆူဘုရင်အနေနှင့် ..ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားပြုလုပ်သုံးစွဲခဲ့သည်မှာ ..သားစဉ်မြေးဆက် စား၍ သုံး၍ ဖြုန်း၍` မကုန်အောင်ဖြစ်နေပါပြီ ..ထို့အတွက်ကြောင့် နိုင်ငံတော်အကြီးအကဲရာထူးကို ကျွန်ုပ် ၏သားစဉ်မြေးမြစ်တီတွတ် အဆက်ဆက်ကတာဝန်ယူ၍ မြန်မာပြည်သူပြည်သားတွေကို နှိပ်စက်ခြင်းဖြင့် အလုပ်အကျွေးပြုပါရစေ ..”လို့မျက်နှာပြောင်နဲ့တောင်းဆိုကောင်းတောင်းဆိုနိုင်တယ်လေ.....

ပြည်သူတွေကသူတို့ကိုနှစ်သက်ခြင်းရှိ မရှိကိုဂရုမစိုက်ပဲ ..သူတို့ တရားဝင် အာဏာတည်မြဲဘို့ရွေးကောက်ပွဲ လုပ်နေမဲ့အစား ..သူတို့ရဲ့စစ်တပ်အတွင်းမှာ“ကြက်ဆူဘုရင်ကိုကြိုက်ရင် အဖြူရောင်မဲပုံး ..မကြိုက်ရင် အမဲရောင်မဲပုံး မှာမဲထည့်ကြစမ်းဟေ့...”လို့အရင်ပြုသင့်ကြောင်းအကြံပေးချင်ပါတယ် ...

အဲဒါဆိုရင် ရွှေမြိုင်အောင် ကတော့ အမဲရောင်မဲပုံးကလေးမှာ မဲပိုများလိမ့်မယ်လို့ထင်မိကြောင်းပါ ခင်ဗျား .....

(ရွှေမြိုင်အောင်)

Twitter Delicious Facebook Digg Stumbleupon Favorites More