This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, February 8, 2011

(၆၄)နှစ်မြောက်သျှမ်းအမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနား

ဖေဖော်ဝါရီလ (၇)ရက်နေ့တွင်ကျရောက်မည့် (၆၄)ကြိမ်မြောက်သျှမ်းအမျိုးသားနေ့ကို ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော သျှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့နှင့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ တို့၏  ပူးပေါင်းဦးဆောင်မှုဖြင့် ဖေဖော်ဝါရီလ (၆) ရက်နေ့ တွင် Tokyo ရှိ Ikebukuro Kumin Center (6th Floor ) တွင် နေ့လည် (၁)နာရီ မှ (၄)နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် သျှမ်းပြည်စော်ဘွားများသည် လူထုထောက်ခံမှုနှင့် အနှစ်နှစ်အလလက ငုံ့ခံနေ ရတဲ့ မျက်နှာဖြူဘုရင်ခံ ကို အံတုအနိုင်ရခဲ့သောနေ့ကို သျှမ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ထို့နောက် တောင်ပိုင်းနမ့်ဆမ်စော်ဘွား စဝ်ခွန်ပန်းစိန်က သျှမ်းပြည်လူမျိုးပေါင်းစုံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် သုံးရပ်ကို ချမှတ်ခဲ့ပါသည်။
၎င်းဆုံးဖြတ်ချက်သုံးရပ်မှာ-
 ၁။ ဖေဖော်ဝါရီလ (၇) ရက်နေ့ကို အမျိုးသားနေ့အဖြစ်
၂။ ဝါ၊စိမ်း၊နီ နှင့် အဖြူရောင် လဝန်းအလံကို သျှမ်းပြည်အလံတော်အဖြစ်
၃။ ခေးတိုင်းခေးရာဇာသီချင်းကို ယာယီအမျိုးသားသီချင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။


သျှမ်းအမျိုးသားနေ့သည် သျှမ်းပြည်ရှိ လူမျိုးစုအားလုံးနှင့် သက်ဆိုင်သောနေ့ဖြစ်ပါသည်။၁၉၆၂ခုနှစ်တွင် ဦးနေဝင်းဦးဆောင်သော ဗမာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခွဲခြမ်းစိတ်ဖြာအုပ်ချုပ်မှု ပိုကျင့်သုံးလာသဖြင့် သျှမ်းလူမျိုးစုအကြား သပ်လျှိုသွေးထိုးဖဲ့ထုတ် စည်းရုံးမှုများကြောင့် သျှမ်းလူမျိုးစုတွေလောက်သာ အမျိုးသားနေ့ကျင်းပ ပြီး အခြားသျှမ်းပြည်လူမျိုးစုတွေ ပါဝင်မှု သိပ်မတွေ့ရတာ ယနေ့တိုင်ဖြစ်ပါသည်။
ယခုလက်ရှိ သျှမ်းပြည်နယ်သည် အေးချမ်းသာယာသောပြည်နယ် မဟုတ်ပဲ တိုင်းရင်းသားများ၏ ဘဝသည်လည်း ဆုတ်ယုတ် ယိုယွင်းနေသော အခြေအနေသို့ရောက်နေပါသည်။ သျှမ်းတိုင်းရင်းသားများ၏ ခေါင်းဆောင်ဟု အများကသတ်မှတ်ထားသော  ဦးခွန်ထွန်းဦးအပါအဝင် သျှမ်းခေါင်းဆောင်များသည်လည်း ထောင်တွင်းအကျဉ်းချထားခြင်းခံနေရပါသည်။ထိုဆိုးကျိုးများအားလုံးသည် မြန်မာနိုင်ငံကို အုပ်ချုပ်နေသော စစ်အစိုးရ၏ လုပ်ဆောင်ချက်ကြောင့်ပင်ဖြစ်သည်။
အခမ်းအနားကို သျှမ်းပြည်အတွင်း မှီတင်းနေထိုင်သော လူမျိုးစုများဖြစ်ကြသည့် ပအိုဝ့် ၊ပလောင် ၊ လီရှော နှင့် ရှမ်း စသည့် ကိုယ်စားလှယ်အသီးသီးတို့မှ သျှမ်းအမျိုးသားနေ့ အတွက် နှုတ်ခွန်းဆက်စကား ပြောကြားခြင်းဖြင့် ဖွင့်လှစ်ခဲ့ပါသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) ၏ ဥကဋ္ဌ ဦးစိုင်းဝင်းဖေ မှ သျှမ်းအမျိုးသားနေ့အတွက် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။
သျှမ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကိုရှမ်းဘာသာဖြင့်လည်းကောင်း၊ဂျပန်ဘာသာဖြင့်လည်းကောင်း
ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ကြွရောက်လာကြသော မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကလည်း သျှမ်းအမျိုးသားနေ့အတွက် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ဂျပန် နိုင်ငံတွင် ပြုလုပ်ခဲ့သော မြန်မာ့ဒီမိုအရေးနှင့်ပတ်သက်သည့် သျှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့(ဂျပန်)နှင့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)တို့၏ လှုပ်ရှားမှုပုံရိပ်များကိုလည်းကောင်း၊ လက်ရှိသျှမ်းပြည်တွင်း အခြေအနေများကို Projector ဖြင့် ပြသခဲ့ပါသည်။
သျှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့(ဂျပန်)၏ဥက္ကဋ္ဌဖြစ်သူ ဦးမိုင်ကျော်ဦးက ”မြန်မာပြည်တွင် သျှမ်းပြည်အတွင်း မှီတင်းနေထိုင်သော လူမျိုးစုများနှင့်အတူ ကျင်းပခွင့်မရရှိခဲ့သော သျှမ်းအမျိုးသားနေ့ကို ယနေ့ဖေဖော်ဝါရီလ (၆) ရက်နေ့ ဂျပန်နိုင်ငံတွင် နိုင်ငံရေးအနှစ်သာရပြည့်ဝစွာဖြင့် အောင်မြင်စွာကျင်းပခွင့်ရခဲ့ကြောင်းနှင့် ကျေးဇူးတင်စကားတို့ကို ပြောကြားခဲ့ ပါသည်။ ထို့နောက် အခမ်းအနားကို သျှမ်းရိုးရာ အိုးစည် ၊ အက ဖြင့် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
ရေးသားပေးပို့သူ-နန်းအိမွန်ချစ်(မိုးသောက်ကြယ်)
ဓါတ်ပုံ-ဦးသန်းဝင်း

Sunday, February 6, 2011

စစ်အုပ်ချုပ်ရေး(၂၃)နှစ်တာကာလပြီးနောက် ပေါ်ပေါက်လာမည့်အရပ်သားအစိုးရသစ်နှင့်အနာဂါတ်မြန်မာနိုင်ငံ

စုစည်းတင်ပြသူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)

ဖြုတ်ချခံရသူဝန်ကြီးချုပ်ဟောင်းဗိုလ်ချုပ်ကြီးခင်ညွန့်က ဒီပဲယင်းအရေးအခင်းအပြီး လူထုအုံကြွမှုများမဖြစ်စေရေးနှင့် ကမ္ဘာသိလူ့အခွင့်အရေးချိုးဖောက်မှုကြီးကိုအာရုံလွှဲရန်အတွက် လမ်းပြမြေပုံ(၇)ချက်ကို ရန်ကုန်ရှိပြည်သူ့လွှတ်တော်ဟောင်းတွင် ရှင်းလင်းပြခဲ့သည်။ အမှန်တကယ်ပဲ ဒီမိုကရေစီကျင့် စဉ်နှင့်အညီတိုင်းပြည်ကို တမတ် ဟုတ်ချင်းဖွံ့ဖြိုးတိုးတက်တော့မည့် သယောင် ပြောဆိုခဲ့သည်။ လမ်းပြမြေပုံပါအချက်များအတိုင်း အမျိုးသားညီလာခံကို ၂ဝဝ၃ တွင် ပြန်လည်ကျင်းပပြီး ၂ဝဝ၇ ခုနှစ်တွင် ပြီးစီးခဲ့သည်။ စတင်ချိန် ၁၉၉၆ ခုနှစ် မှစ၍ ၂ဝဝ၇ ခုနှစ်အထိ ကျင်းပဆွေးနွေးချိန် ၁ဝ နှစ်ကျော် ကြာမြင့်ခဲ့ပြီး စစ်အစိုးရအာဏာ သိမ်းပြီးပြီးခြင်း ကျင်းပပေးခဲ့သည့် ၉ဝ ရွေးကောက်ပွဲ အနိုင်ရ အန် အယ်လ်ဒီပါတီ မပါဝင်ခဲ့ပေ။

''ညီလာခံပြီးသွားပေမယ့် တိုင်းပြည်အတွက်ကျနော်တို့ မျှော်လင့်တဲ့ဒီမိုကရေစီနိုင်ငံကိုသွားမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာမယ့် အနေအထားမရှိတော့ လက်ရှိအတွက်ရော၊ အနာဂတ်အတွက်ပါ တိုင်းပြည်အခြေအနေ ပိုပြီးဆိုးလာမယ်လို့မြင်တယ်''ဟု ၉ဝ ရွေးကောက်ပွဲမှ အနိုင်ရပါတီများ၏ ပြည်သူ့လွတ်တော်ကိုယ်စားပြုကော်မတီဝင် ဦးအေးသာအောင်က ညီလာခံကို ပြတ်ပြတ်သားသားသုံး သပ်ပြောဆိုလိုက်သည်။
တဖန် ၂ဝဝ၈ ခုနှစ်တွင် မြန်မာ့ သမိုင်း၌ တခါမျှမဖြစ်ပေါ်ဖူးသေးသည့် ဆိုးရွားသောရာသီဥတုဘေး ဒဏ်ကျရောက်ပြီးချိန်တွင် အဆိုပါညီလာခံမှ တဖတ်သတ်ရေးဆွဲထားသော တိုင်းပြည်တည်ဆောက် ရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဥပဒေတို့၏အခြေခံမှုလဖြစ်တည်ရာ Constitution  ခေါ် အခြေခံဥပဒေကို အတိဒုက္ခရောက်နေသည့် ပြည်သူများကိုကူညီရနေရမည့်အစား အတင်းအဓမ္မအတည်ပြုခဲ့ပြန်သည်။
ယင်းအခြေခံဥပဒေကို ကိုင်းဆွဲ ပြီး ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲ ကို အဓိကအတိုက်အခံများမပါဝင် ဘဲ ပြုလုပ်ခဲ့ရာ သံသယဖြစ်ဖွယ်ရာ များဖြင့်ပြီးဆုံးခဲ့ပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုပင် ရွေးကောက်ပွဲအပြီး တပတ်အကြာ မှပြန်လွတ်ပေးခဲ့သည်။
ဥပဒေဆိုသည်မှာ ဖြတ်ထုံးလမ်းစဉ်များဖြင့် တည်ဆောက်ထားသော စနစ်ဖြစ်ပြီးများသောအားဖြင့် နိုင်ငံပိုင်အဖွဲ့အစည်းများဖြင့် အ တည်ပြုထားရသည်။ တနည်းအား ဖြင့် လုပ်ထုံးလုပ်နည်း မပါဝင်ရပါ။ ရွေးကောက်ပွဲဥပဒေများကို ပြန် ကြည့်လျှင်လည်း ရွေးကောက်ပွဲ ဝင်ပါတီများကို မလူးသာမလှုပ်သာ အောင် ထိမ်းသိမ်းတင်းကြပ်လွန်း အားကြီးပြီး ရွေးကောက်ပွဲကော်မ ရှင်မှာလည်း စစ်အစိုးရ၏ကြိုးဆွဲ ရာ ကနေရသောရုပ်သေးကော်မရှင် တခုသာဖြစ်၍ စစ်မှန်သောရွေး ကောက်ပွဲတခုကို မဖော်ဆောင်ပေး နိုင်ခဲ့ပေ။ ရွေးကောက်ပွဲ မတိုင်မှီတွင် လည်း ရွေးကောက်ပွဲကော်မရှင်မှာ ရုပ်သေးကော်မရှင်သာဖြစ် သည်ဟု ၍လည်း ယုံကြည်မှုမရှိကြောင်း ထွက်ခွာသွားသူများလည်းရှိသည်။
မည်သို့မည်ပုံရောက်လာမှန်းမသိ သောကြိုတင်မဲများ၊ မဲရေတွက်မှုကို အများ ပြည်သူရှေ့မြင်ကွင်းတွင် ရေတွက်ခြင်းများ၊ သတင်းသမား များ မဲရုံများအနီးတွင်ပင် သတင်း ရယူခွင့်မရခြင်း၊ နိုင်ငံတကာ၏ လာရောက်စောင့်ကြည့်ခွင့်ကို မ ပေးခြင်းများဖြင့် နောက်ဆုံးထွက် ပေါ်လာသော ရလဒ်မှာမဲသွားပေး ခဲ့သူ ပြည်သူများ၏ဆန္ဒအမှန်ဖြစ်မ လာခဲ့ဘဲ စစ်အစိုးရအလိုကျဖွဲ့ စည်း ထားပြီး စစ်ယူနီဖောင်းချွတ်အရပ် ဝတ်လဲထားသည့် စစ်ဗိုလ်ချုပ် ဟောင်းများ ဦးဆောင်သည့် ကြံ့ခိုင် ဖွံ့ဖြိုးရေး(ကြံ့ဖွံ့ပါတီ)ကသာ တ ပြည်လုံးတွင် ၈ဝ ရာခိုင်နှုန်း ကျော်ဖြင့် အနိုင်ယူပြသွားသည်။
၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အခြေခံဥပဒေပါ လွတ်တော်ခေါ်ယူရေးဥပဒေအတိုင်း ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉ဝ အတွင်း ပထမဦးဆုံးအကြိမ် လွတ်တော်ခေါ်ယူလိုက်သည်။
လွတ်တော်ခေါ်ယူလိုက်သည်နှင့် တပြိုက်နက် ယင်းအခြေခံဥပဒေ မှာစတင်လှုပ်ရှားအသက် ဝင်သွား ပြီးဖြစ်သည်။ လွတ်တော်အစည်း အဝေးများကို တရက်ပြီးတရက် ကျင်းပသည်။ နောက်ဆုံး သမ္မတ အမည်စာရင်းကို ကြေငြာပြီးချိန် တွင် ပြည်သူများအတွက် ရင်ခုန် မျှော်လင့်ဖွယ်မကောင်းသော စစ်အ စိုးရ ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးဟောင် ဦးသိန်းစိန်သာ မြန်မာနိုင်ငံ၏ ၈ ဦးမြောက်သမ္မတ ဖြစ်လာခဲ့သည်။
၎င်းဦးဆောင်၍ တိုင်းပြည်၏ အနာဂါတ်ကို ဘယ်ပုံဘယ်နည်း ဖြင့် ပုံဖော်မည်ကို စိတ်ဝင်စားစရာ ကောင်းသလားဟု မေးခွန်ထုတ်စ ရာရှိမည်ဆိုပါက -

နိုင်ငံရေး

ဦးသိန်းစိန်ခေါင်းဆောင်သော လာမည့်ကြံ့ဖွံ့အစိုးရသစ်မှာ ယခင်  ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင် သော နအဖစစ်ကောင်စီကဲ့သို့ ဥပဒေကဲ့သို့ အာဏာတည်သောအ မိန့်များထုတ်ပြန်၍ တဖက်သတ် လုပ်ချင်တိုင်းလုပ်၍ အလွယ်တကူ ရနိုင်တော့မည်မထင်။ လွတ်တော် တခုလုံးတွင် မိမိတို့ကြံ့ဖွံ့ပါတီဝင် နှင့် တပ်မတော်ကိုယ်စားလှယ်စစ် ဗိုလ်အမတ်များပင် ဖြစ်လင့်ကစား ဒီမိုကရေစီအင်အားစုအနည်းငယ်၏ အတိုက်အခံပြုမှုကို အနည်းနှင့်အ များခံရဖွယ်ရှိနိုင်သည်။ ဒီအပြင် တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့် မရရှိတော့သော အန်အယ်လ်ဒီမှာ လည်း ဒီမိုကရေစီနိုင်ငံဟုတရားဝင် ဖြစ်ပြချင်နေသည့် စစ်ခေါင်းဆောင် များကို ၄င်းတို့ထုတ်ပြန်ထားသော ဥပဒေများအတိုင်း နိုင်ငံသားတိုင်း နိုင်ငံရေးတွင် ပါဝင်ခွင့်ရှိရမည်ဟု ပြန်လည်ခုခံချေပပြီး ပါတီအဖြစ်ရပ် တည်ခွင့်မရှိစေကာမှု လွှတ်တော်ပြင် ပမှနေ၍ မြန်မာ့နိုင်ငံရေးတွင် ဆက် လက်ပါဝင်နေဦးမည်။ မည်သို့ပင် ဆိုစေကာမှု အာဏာရှင်တို့အတွက် ၄င်းတို့၏အာဏာထိုင် ခုံနေရာကို ကိုင်လှုပ်လာဖွယ်ရာအကြောင်းရှိ လျှင် ယခင်အာဏာရှင်ဟောင်းဗိုလ် နေဝင်း၏ ထုံးတမ်းစဉ်လာအတိုင်း သာ လက်နက်ဖြင့်သာဖြေရှင်းဖွယ် ရာရှိနေဦးမည်။

နယ်ခြားစောင့်တပ်ပြသနာနှင့် တိုင်းရင်းသားလက်နက်ကိုင်များ
စစ်အစိုးရ၏ရွေးကောက်ပွဲကျင်းပ သည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ဒီ ကေဘီအေခွဲထွက် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးချုပ်စောလားပွယ် တပ် က ဆိုင်းမဆင့်ဗုံမဆင့် မြဝတီမြို့ကို ဝင်ရောက်သိမ်းပိုက်လိုက်သည်။ ဆယ်စုနှစ်တခုကျော်ကြာ တိုက်ပွဲ များ ဆိတ်သုန်းနေမှုကို ထိုဖြစ်ရပ် က အဆုံးသတ်လိုက်သည်။ စစ်အ စိုးရ၏ ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင်တပ် များအားလုံး ရွေးကောက်ပွဲမတိုင် ခင် လက်နက်ဖြုတ်သိမ်းရေးအစီအ စဉ်မှာလည်း မအောင်မြင်တော့ပေ။ ဒီအတွက်ကြောင့်ပင် စစ်ရေးဆိုင်း ပြင်းနေသော အင်အားကြီး'ဝ'နှင့် အခြား တိုင်းရင်းသားများလည်း လက်နက်မစွန့်လွတ်ပဲ နယ်ခြား စောင့်တပ် အသွင်ပြောင်းရေးကို အ လိုလိုဆန့်ကျင်ပြီးသား ဖြစ်သွား သည်။ သဘောမှာအစိုးရသစ် တက်လာသော်လည်း တိုင်းရင်း သားတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် များကို တိတိကျကျမဖော်ပြသေး သ၍ ပြည်တွင်းငြိမ်းချမ်းမှုမှာ ဆိတ် သုန်းနေဦးမည်ဖြစ်သည်။

စီးပွားရေး
တိုင်းပြည်စီးပွားရေးပြန်ကောင်းလာရန်မှာ အမေရိကန်၏ စီးပွားရေးပိတ်ဆို့ထားမှုတခုတည်းကြောင့် သာမဟုတ်။ စစ်ခေါင်းဆောင်များ နှင့်သာ ပုလဲနံပသင့်သောစီးပွားရေး သမားများသာ လုပ်ပိုင်ခွင့်များရရှိနေခြင်းကလည်း နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့်တိုင်းရင်းသား ပြည်သူတို့၏ လက်ဝယ်တွင်ရှိရေးဆိုသည့် ၄င်းတို့ကိုယ်တိုင်ထုတ်ပြန်ထားသည့် အချက်နှင့်လုံးလုံးဆန့်ကျင်နေသည်။ အခြေခံလူတန်းစားများ၏ ဝင်ငွေနှင့်ထွက်ငွေမမျှတမှု က မြန်မာ့စီးပွားရေးစစ် တမ်း၏အ ဆိုအရ အနုတ် ၃၆ ရာခိုင်နှုန်းကျော်အထိရှိနေရာ ဒီအချက်ကို သမ္မတသိန်း စိန်အစိုးရက လွယ်ကူစွာ ပြုပြင်ကယ်တင် နိုင်လိမ့် မည်ဟုမထင်။

စစ်မှုထမ်းဥပဒေ
လတ်တလေအနေနှင့် စစ်အစိုးရနှင့်ပြည်သူအ ကြားတွင်ရင်လေးနေ မှုနှစ် ခုမှာစစ်အစိုးရက ကြံ့ဖွံ့အ စိုးရကိုတရားဝင် အာဏာ လွှဲ ပြောင်းပေးရေးဖြစ်ပြီး ပြည်သူလူထုအကြားတွင် အရွယ်ရောက်ပြီးသူတိုင်း စစ်မှု မထမ်းမနေရ ဥပေဒအရစစ်မှု ထမ်းရမည်ကို ကြောက်ရွံ့နေကြ ခြင်းပင်ဖြစ်သည်။ ''အခန့်မသင့်ရင် ပြန်ရမှာလား။ ပြန်ရောက်သွားရင် လည်း သောက်ညင်ကပ်ပုဒ်မနဲ့ လူ သားမိုင်းရှင်းအဖြစ်အသုံးချဖို့ စစ်မှု ထမ်းခိုင်းမှာလားဆိုတာပဲ ပြောနေ ကြတယ်''ဟုတိုကျိုရောက် လူငယ် တဦးက ရင်ဖွင့်ပြသည်။

ပညာရေး
စစ်အစိုးရ ၂၃ နှစ်ကြာအုပ်ချုပ် ပြီးနောက် တက္ကသိုလ်များ၊ကျောင်း များစွာပေါ်ထွက်လာခဲ့ပြီး ပြည် တွင်း၌ပင် ပါရဂှုဘွဲ့သင်တန်းများ ပေးနိုင်သည်အထိ လုပ်ဆောင်ပြနိုင် ခံသော်လည်း စေတနာမပါသော ကြိုးပမ်းမှုကြောင့် အမည်ခံပညာ တတ်များသာ များပြားလာခဲ့ပြီး အရည်အသွေးထက် အရေအတွက် ကသာများပြားလာခဲ့သည်။
စစ်ဗိုလ်ချုပ်များပင် ၄င်းတို့သား သမီးများကို ယင်းတက္ကသိုလ်များ တွင် မထားဘဲ နိုင်ငံတကာရှိတက္က  သိုလ်များတွင် လျှို့ဝှက်စွာပညာ သင်ကြားခိုင်းထားသည်။
အချုပ်အားဖြင့်ဆိုရသော် လွတ်လပ်ရေးရပြီးခေတ် မြန်မာနိုင်ငံသည် နုပျိုလန်းဆန်းခဲ့သည်။ တခဏမျှ သာ။ အာဏာရူးတို့၏နှစ်ပေါင်းများစွာချယ်လှယ်အုပ်စိုးခဲ့မှုကြောင့် တိုင်းပြည်မှာအဖက်ဖက်ကချွတ်ယွင်းချွတ်ချော်နေသည်မှာ ကြောက်စရာအလွန်ကောင်းနေသည်။ လျှပ် စစ်မီးမှန်မှန်လာနေသည်။ စစ်အစိုးရ သတင်းစာနှင့် ၄င်းတို့နေထိုင်ရာ ကြပ်ပြေးမြို့တော်သစ်မှာသာဖြစ် သည်။ ဖွံ့ဖြိုးတိုးတက်စည်ပင်နေ သည်။ သန်း ၅ဝ မျှသောပြည်သူ တို့တွင်မဟုတ်။ စစ်ခေါင်းဆောင် များနှင့် ၄င်းတို့အပေါင်းပါတစု တွင် သာဖြစ်သည်။ ယောက်ျားများသာ ဖြစ်သော်လည်း မိုးလုံးပြည့်မုသား ဝါဒီကို တွင်တွင်ကျယ်ကျယ်သုံးရဲ သည်။ မြန်မာပြည်တွင်လူ့အခွင့်အ ရေးရှိသည်ဟု ၂ဝ၁၁ ခု ဇန်နဝါရီလ အတွင်းကကျင်းပခဲ့သော လူ့အခွင့် အရေးညီလာခံတွင် စစ်အစိုးရကိုယ် စားလှယ်များက ငြင်းဆန်ပြောဆို သည်။ ပြစ်ဒဏ်ကျထောင်သားများ ကို ကရင်ပြည်နယ်တွင်ဖြစ်ပွားနေ သော တိုက်ပွဲများတွင် လူသားမိုင်း ရှင်းကိရိယာအဖြစ်အသုံးပြုခံရ၍ သေမည်ကိုကြောက်ရွှံ့သော ထောင်သားပေါ်တာများထွက်ပြေး လာသည်ကို သတင်းဋ္ဌာနများတွင် ဓါတ်ပုံနှင့်တကွအထင်အရှားတွေ့ ရသည်။ ပြောင်းလဲမည်။ စစ်ဗိုလ် ချုပ်များမှနေ၍ အရပ်ဝတ်လဲသွား ခြင်းသာဖြစ်သည်။ အခြားပြောင်း လဲစရာဆို၍ ပြည်သူအပေါ်ချစ် သောအစိုးရ တရပ်မပေါ်လာသမျှ ကာလပတ်လုံး ဘယ်အရာမျှမမြင် ပါကြောင်း .....။

Thursday, January 13, 2011

ဦးခွန်ထွန်းဦး အပါအဝင်သျှမ်းတိုင်းရင်းသားခေါင်းဆောင်များ နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရန်အတွက်တောင်းဆိုခြင်း

၂၀၀၅ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် နအဖက ”ရှမ်းပြည်ပညာရှင်များအတိုင်ပင်ခံ ကောင်စီဖြစ်မြောက်ရေး ကော်မတီ” ဖွဲ့စည်းခဲ့ကြောင်းဖြင့် စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရသော ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင်၊ ဦးစိုင်းညွန့်လွင်အပါအ ဝင် စုစုပေါင်း ရှမ်းတိုင်းရင်းသားခေါင်းဆောင်(၉)ဦးနှင့် မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်အသီးသီးတွင် ဆက်လက်အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာစေရန်အတွက်  ဇန်နဝါရီလ (၉)ရက် ၊ ၂၀၁၁ခုနှစ်တွင် ဂျပန်ရောက်မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော သျှမ်းတိုင်းရင်းသားများ၏ ဦးဆောင်မှုဖြင့် Ikebuko Kenko Plaza (7th floor) တွင် ညနေ (၆) နာရီ မှ (၇)နာရီ အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
နအဖက တဖက်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် မည်သို့ဆောင်ရွက်လျက်ရှိကြောင်း ကြွားဝါနေချိန်တွင် အခြားတဖက်တွင် တိုင်းရင်းသားပြည်သူများ ကြိုးပမ်းလိုလားသည့် စစ်မှန်သောပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းကို ပံ့ပိုးဖော်ဆောင်ရန်ကြိုးပမ်းခဲ့သော အပြစ်ကင်းမဲ့သည့် သျှမ်းတိုင်းရင်းသားခေါင်းဆောင်များအား “ ရှမ်းပြည်ပညာရှင်များအတိုင်ပင်ခံကောင်စီ
ဖွဲ့စည်းရန်ကြိုးပမ်းခြင်းမှာ ဥပဒေနှင့် ဆန့်ကျင်သညဟုလည်းကောင်း ၊ပြည်ထောင်စုမှ ခွဲထွက်ရန်ကြိုးပမ်းသည်ဟုလည်းကောင်း” ပြစ်မှုဘောင်ဝင်အောင် အတင်းအကြပ်ဖန်တည်းပြီး ကြီးမားသော ပြစ်ဒဏ်ကြီးများကိုစီရင်ကာ နှစ်ရှည်ထောင်ဒဏ်ကြီးများကိုချမှတ်ခဲ့သည်။၁၉၆၂ခုနှစ်
ကတည်းက ဗိုလ်ချုပ်ကြီးနေဝင်း အသုံးပြုခဲ့သော နည်းနာကို လက်ရှိစစ်ခေါင်းဆောင်များက ထပ်မံအသုံးချခြင်းဖြစ်သည်။
အခမ်းအနားမှူးအဖြစ် (SND-Japan ) မှကိုခင်ဇော်ဦးက ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော အဖွဲ့အစည်းအသီးမှ တာဝန်ရှိသူများက ”ဦးခွန်ထွန်းဦးသည် ရှမ်းလူမျိုးများ၏ခေါင်းဆောင်လည်းဖြစ်သလိုကျွန်တော်တို့အားလုံးရဲ့ အမျိုးသားခေါင်းဆောင်လည်းဖြစ်ပါတယ်။အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသောလည်း ဦးခွန်ထွန်းဦး နှင့်တကွ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရန် ကျန်ရှိနေသေးသည့်အတွက် တောင်းဆိုမှုများကို ဆက်လက်ပြုလုပ်သွားမည်” ဟုပြောကြားခဲ့ပါသည်။
(SND –Japan) မှ တွဲဖက်အတွင်းရေးမှူး နန်းသန်းသန်းစံ ကလည်း ”အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် အနည်းအကျဉ်းမျှသော နိုင်ငံရေးအကျဉ်းသားများသာ လွတ်မြောက်လာခဲ့ကြောင်း ၊ဦးခွန်ထွန်းဦးအပါအဝင် ရှမ်းတိုင်းရင်းသားခေါင်းဆောင်များနှင့် မြန်မာနိုင်ငံတဝှမ်းတွင်ဆက်လက်အကျဉ်းကျနေဆဲဖြစ်သော နိုင်ငံရေး အကျဉ်းသား (၂၂၀၀)ကျော်လွတ်မြောက်ရန်လိုသေးကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်စဉ်က ပြောကြားခဲ့သော မှတ်သားဖွယ် မိန့်ခွန်းကိုပြောကြားခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်သားဖွယ် မိန့်ခွန်းမှာ ” ရန်သူကမိယင် လက်အားယင်လက်နဲ့ထိုး ၊ခြေအားယင်ခြေနဲ့ကန် ၊နောက်ဆုံးပါးစပ်အားနေယင်ပါးစပ်နဲ့ကိုက်ပြီးမှရဲရဲသာသေလိုက်တာပေါ့”ဟုပြောခဲ့ပါသည်။ ဒါကြောင့် ကျွန်မတို့ ဒီလွတ်မြောက်နယ်မြေ (ဂျပန်) မှာ ရောက်ရှိနေတဲ့ ဒီမိုအရေးလှုပ်ရှားနေသူတွေကတော့ ပါးစပ်တော့အားကြပါတယ်။ဒီအားနေတဲ့ ပါးစပ်တွေနဲ့ အကျဉ်းကျခံနေရဆဲ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်လာစေဖို့ တကမ္ဘာလုံးသိအောင် တောင်းဆိုရမယ်လို့ ပြောကြားခဲ့ပါသည်။
နိုင်ငံတကာလူ့အခွင့်ရေးဥပဒေအရဆိုလျှငိလည်းကောင်း၊ ဒီမိုကရေစီနိုင်ငံများတွင်ကျင့်သုံးနေသော အစဉ်အလာများ အရဆိုလျှင်လည်းကောင်း ဦးခွန်ထွန်းဦးအပါအဝင် ဗိုလ်ချုပ်ဆေထင်နှင့်သျှမ်းတိုင်းရင်းသားခေါင်းဆောင်များ ၊ အကျဉ်းကျခံနေရဆဲ မြန်မာနိုင်ငံရှိနိုင်ငံရေးအကျဉ်းသားများအားလုံးတို့သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ၊ စည်းရုံးစုဝေးခွင့်နှင့် အသင်းအဖွဲ့ဖွဲ့စည်းခွင့်ကို သင့်တင့်လျောက်ပတ်သော အကန့်အသတ်နှင့်အညီ ကျင့်သုံးရန်ကြိုးပမ်းခြင်းဖြစ်သည်။မည်သည့် ရာဇဝတ်ပြစ်မှု တစုံတရာကိုမျှ ကျူးလွန်ထားခြင်းမရှိပါ။ထို့ကြောင့် ဦးခွန်ထွန်းဦးအပါအဝင် ဗိုလ်ချုပ်ဆေထင်နှင့်သျှမ်းတိုင်းရင်းသားခေါင်းဆောင်များ ၊ အကျဉ်းကျခံနေရဆဲ မြန်မာနိုင်ငံရှိနိုင်ငံရေးအကျဉ်းသားများအားလုံးနှင့် ၁၉၈၂ ခုနှစ်ကတည်းက စတင် အကျဉ်းကျခံရေသော ကရင်ရဲဘော်လေး တူးကီ လွတ်မြောက်လာစေရန်အတွက်တောင်းဆို မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။
နန်းအိမွန်ချစ်

Saturday, January 1, 2011

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်နိုင်ငံသားများအားလုံးအား ဂျပန်ဘာသာဖြင့်နှစ်သစ်ကူးနူတ်ခွန်းဆက်(ရုပ်/သံ)



Mainichi ဂျပန်သတင်းစာဌာနရှိသတင်းထောက်မှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံစဉ် ရိုက်ကူးထားသော videoဖိုင်အတိုဖြစ်ပါသည်။

Sunday, December 12, 2010

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအေးကြည် ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအေးကြည် ကွယ်လွန်

Photobucketကုန်ဈေးနုန်းကျဆင်းရေးအဖွဲ့ဝင်

Saturday, December 11, 2010

ဂျပန်ရောက်မြန်မာများ သီဆိုခဲ့သော We Are The World သီချင်း


ဗီဒီယို - TibetKanagawa
ဂျပန်နိုင်ငံတိုကျိုမြို့ရှိ ကုလသမ္မက အဆောက်အဦးရှေ့တွင် လူအင်အား ၂၀၀ ကျော်ဖြင့် ကမ္ဘာ့လူအခွင့်အရေးနေ့ အခမ်းအနားပွဲပြုလုပ်ခဲ့တာဖြစ်ပါသည်။ အဆိုပါ အခမ်းအနားကို ဂျပန်ရှိ လူ့အခွင့်အရေးလိုလားသော အဖွဲ့အစည်းများနှင့် ဂျပန်ရောက် နိုင်ငံခြားသားများပါ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။
View all

(၆၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဂျပန်ရောက်မြန်မာများဆင်နွဲ

နိုင်ငံတကာ လူ့အခွင့်အရေး ကြေငြာစာတမ်းကြီး၏  သက်တမ်းသည် ယနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် နှစ်ပေါင်း (၆၂)နှစ်ပြည့်ခဲ့ပါပြီ။ သို့သော် မြန်မာနိုင်ငံတွင် ၁၉၆၂နှစ်မှ ယနေ့ မျက်မှောက်ခေတ် တိုင်အောင် နအဖ စစ်အာဏာရှင်တို့သည် မြန်မာနိုင်ငံ ပြည်သြူပည်သားများကို လူ့အခွင့်အရေးချိုးဖောက်မှု နှင့် အကြမ်းဖက်မှုများကို ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသောအဖွဲ့အစည်းများ၊မြန်မာ့ဒီမိုအရေးကိုအစဉ်တစ်စိုက် အားပေးကူညီနေသော ဂျပန် (NGO/NPO)အဖွဲ့များနှင့်အတူ လူ့အခွင့်အရေးဆုံးရှုံးမှုကို ခံစားနေကြရသော  တရုတ်၊တိဘက်၊သီရီလင်္ကာ၊ အီသီယိုပီးယား စသောနိုင်ငံများမှ တက်ရောက်ကာ ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိဘူယရပ်ကွက် တွင်ရှိသော ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် မိမိတို့နိုင်ငံအလိုက် လူ့အခွင့်အရေးဆုံးရှုံးမှုများကို တင်ပြတောင်းဆိုမှုနှင့်အတူ မိမိတို့ကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုဆုတောင်းပွဲကို ညနေပိုင်း (၃) နာရီ မှ (၄) နာရီ ခွဲ  အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။


မြန်မာနိုင်ငံသည် ဗြိတိသျှတို့လက်အောက် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရလျှင်ရပြီးချင်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည့် အချိန်မှစ တင်ကာ လူ့အခွင့်အရေးကြေငြာစာတမ်းကို အစောဆုံး ထောက်ခံခဲ့သည့် နိုင်ငံဖြစ်သည်။နအဖ စစ်အစိုးရသည် နိုင်ငံတကာလူ့အခွင့်အရေးကြေငြာစာတမ်းကို လျစ်လျူရှူကာ မြန်မာပြည်သူများ၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များ ၊ အခြေခံလူ့အခွင့်အရေး ပိတ်ပင်ထားခဲ့သည်မှာ ၁၉၆၂ မှ ယနေ့ထိတိုင်ပင်ဖြစ်ပါသည်။
၂၀၁၀ နိုဝင်ဘာလ (၇) ရက်တွင်ကျင်းပခဲ့သော အတုအယောင် ရွေးကောက်ပွဲသည် မြန်မာပြည်သူတို့အား ထာဝရ စစ်ကျွန်ဖြစ်စေသည့်အပြင် ယခုစစ်ဘေးဒဏ်ကြောင့် ခိုလှုံရာမဲ့ ရွှေ့ပြောင်းနေရသော ဒုက©သည်များ များပြားလျက်ရှိသည့်အပြင် အဓမ္မခိုင်းစေခံရခြင်းများ ၊ ကလေးစစ်သားပြုခံရခြင်းများတွေ့ကြုံနေရသောကြောင့် နအဖ စစ်အာဏာရှင်တို့သည် မြန်မာနိုင်ငံပြည်သူတစ်ရပ်လုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အတိုင်းအဆမရှိများပြားနေပါသည်။

အခမ်းအနားမှုးအဖြစ် Amnesty International မှ KUMAZAWA  SAN မှ ဆောင်ရွက်ခဲ့ပြီး LDB မှ ဦးကျော်ကျော်စိုးက (၆၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း (Universal Declaration Of Humn Rights)ကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ကြားတင်သွင်းခဲ့ပါသည်။
တက်ရောက်လာသော နိုင်ငံများမှ  မိမိတို့နိုင်ငံအလိုက် ဆုံးရှုံးနေသည့် လူ့အခွင့်အရေးများကို ရှင်းလင်းပြောဆိုခဲ့ကြပါသည်။ တရုတ်နိုင်ငံ မှ ၁၉၈၉ခုနှစ် ကျောင်းသားခေါင်းဆောင် တက်ရောက်ခဲ့ပါသည်။ ယနေ့ ဒီဇင်ဘာလ(၁၀) ရက် နော်ဝေးနိုင်ငံ အော်စလိုမြို့တွင် ကျင်းပမည့်  နိုဘယ်လ်ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခွင့် မရရှိသော  လက်ရှိအကျဉ်းကျခံနေရဆဲ တရုတ်ဒီမိုကရေစီအရေးလှုပ်ရှားသူ လျူရှောင်ဘို  လွတ်မြောက်ရန် အတွက် တရုတ်နိုင်ငံမှ တက်ရောက်လာသူများကတောင်းဆိုခဲ့ကြပါသည်။
PNS မှ ဦးမိုင်ကျော်ဦးက ” ကျွန်တော်တို့ရဲ့ နိုင်ငံမှာ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့ပြီးဖြစ်သော်လည်း မိမိတို့ရဲ့ယုံကြည်ချက်တွေနဲ့ ယခုအချိန်ထိ အကျဉ်းချခံနေရဆဲ အကျဉ်းသား (၂၀၀၀) ထောင်ကျော်ရှိနေသေးကြောင်းနှင့် ထိုအကျဉ်းသားများလွတ်မြောက်ရန်လိုသေးကြောင်း၊ ထိုအကျဉ်းသား(၂၀၀၀)ကျော်အပြင် နအဖမှ တစ်တိုင်းပြည်လုံးကို မျက်စီပိတ် ၊နားပိတ် ၊ပါးစပ်ပိတ် ထားသော လူ့အခွင့်အရေးဆုံးရှုံးနေသောမြန်မာနိုင်ငံအတွက် ဆက်လက်တိုက်ပွဲဝင် သွားရန်နှင့် တိုင်းရင်းသားဒေသများတွင်လည်း လူ့အခွင့်အရေးများ ဆုံးရှုံးလျက် ရှိကြောင်း” ပြောကြားသွားခဲ့ပါသည်။ အခမ်းအနားကို သက်ဆိုင်ရာဘာသာအလိုက် ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ပြီး “WE ARE THE WORLD “ သီချင်းဖြင့် အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
နန်းအိမွန်ချစ်
မှတ်တမ်းဓါတ်ပုံ-ဦးသန်းဝင်း

Friday, December 10, 2010

အနိုင်ယူလိုသူကို အရှုံးပေးလို့ တကယ် နှလုံးအေးရဲ့လား

ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရဟု အမည်ခံထားသည့် အာဏာသိမ်း စစ်အာဏာရှင် အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ဆောက်နိုင်ရန် မူဝါဒလမ်းစဉ်(၇)ရပ်ကို ချမှတ် ဖော်ဆောင်ရွက်မည်ဟု ကြွေးကြော်ထားသော်လည်း လက်တွေ့တွင်မူ အပြောတမျိုး အလုပ်တမျိုးလုပ်ဆောင်လျှက် ရှိနေသည်ကို အားလုံးသိပြီး ဖြစ်ပါသည် ။ သူတို့ဖော်ဆောင်နေသည့် မူဝါဒ (၁)ရပ်ပြီး တိုင်းပြီးတိုင်း ပြည်သူများ စီးပွားရေးကား ကြပ်သထက် ကြပ်လာသည် ။ ငတ်သထက်ငတ်လာသည် ။ ထိုသို့ဖြစ်ပွားနေသည်ကို သူတို့မသိ၍ မဟုတ် ၊ သိသိကြီးနဲ့ တမင်ကြံစည်ကား တိုင်းပြည်ကို စနစ်တကျ ဖျက်စီးနေကြခြင်းဟု ပထမဦးစွာ ယုံကြည်ထားစေချင်ပါသည် ။ စစ်အာဏာရှင်တို့သည် တိုင်းသူပြည်သားများကို အသာထား သူတို့၏ အာဏာရှင် စနစ် ယန္တရားကြီးကို အဓိက မောင်းနှင်ပေးထားသည့် တပ်မတော်များနှင့် ၀န်ထမ်းများကိုပင် သူတို့၏ အိမ်မွေးတိရစ္ဆာန်လောက်ပင် မေတ္တာမရှိကြသည်ကို သူတို့၏ လက်တွေ့လုပ်ဆောင် ချက်များတွင် ထင်ရှားစွာ တွေ့မြင်နိုင်လေသည် ။

တိုင်းပြည်တပြည်ကို အာဏာရှင်စနစ်ဖြင့် ကြာရှည်စွာ အုပ်ချုပ်လိုလျှင် ထိုတိုင်းသူပြည်သူသားတို့၏ အတွေးအခေါ် အမြော်အမြင် အားကောင်းစေမည့် ပညာရေးစနစ်ကိုဖျက်စီးရသည့် ဆိုသည့် မူဝါဒ ကိုသာ လက်တွေ့ အကောင်အထည် ဖော်နေကြသည် ။ အခြေခံ ပညာရေး စနစ်မှ စကာ တက္ကသိုလ် ပညာရေး စနစ် အဆုံး နေရာတိုင်းတွင် သမိုင်းမှန်တို့ကို ဖျောက်နိုင်သမျှ ဖျောက်ထားလာကြသည် ။ အတွေးအခေါ် အားကောင်းစေမည့် စာပေများ အစား အစီအစဉ် တကျ မရှိသည့် စာပေများကို ယောင်ဝါးဝါး အတွေများ ဖြင့်ရွေးချယ်ကာထုတ်နူတ် သင်ကြားလာကြသည် ။ တတ်ကျွမ်း နားလည်သော ပညာရှင်များ၏ လမ်းညွှန်ပြသချက်ကို အသိညဏ်နည်းပါးသည့် လူမိုက်များက လက်မခံ ။ သူတို့ရည်ရွယ်ချက် အတိုင်း မြန်မာနိုင်ငံ ပညာရေး စနစ်ကို စတင်ဖျက်စီး လာကြခြင်း၏ အကျိုးဆက်ကို ယနေ့ခတ်လူငယ်များ ခါးသီးဖွယ်ရာခံစား နေကြရသည်ကို မြန်မာနိုင်ငံ ပကတိ အနေအထားကို ကြည့်၍ မည်သူမျှ ငြင်းချက်ထုတ်၍ မရ ။

အခြေခံသင်ရိုးညွှန်းတမ်းများ ခိုင်မာမှု မရှိခြင်း ၊ သင်ကြားပြသပေးသည့် ဆရာဆရာများ၏ အားနည်းချက် ၊ ဆင်းရဲနွမ်းပါး ချို့တဲ့သော ကျောင်းသားများနှင် စဉ်ဆက် မပြတ် ပညာသင်ယူရေး စနစ်ဟု အမည်ခံကာ မအောင်မရှိ ပညာရေး စနစ်တို့ ပေါင်းစုံသောအခါ ကျောင်းသားများ၏ အတွေးအခေါ် ညဏ် အမြော်အမြင် များကို ထိရောက်အောင် မပံ့ပိုးပေး နိုင်ကြတော့ ။ ဥယာဉ်ပိုင်ရှင်၏ မ၀ရေစာ လစာပေးထားမှုတို့ကြောင့် ပန်းပျိုးလက်တို့သည် ပန်းပင်များကို ချစ်ခင်မြတ်နိုးတန်ဖိုးထားသော စိတ်ထားတို့ဖြင့် မပြုစုချင်ကြတော့ ။ သင်တင့်မျှတသော မြေသြဇာ ၊ ရေ နှင့် နေရောင် ခြည် ၊ မြေလောင်းပေါင်းသင် အစရှိသည့် လိုအပ်မှု တို့ မရကြသောအခါ ထိုပန်းပင်တို့မှ ပန်းပွင့်တို့သည် လှပစွာ မပွင့်ဖူးနိုင်ကြတော့ ။ ၀မ်း နည်းစရာ ကောင်းသည်က အချို့သောပန်းပင်များကား ပွင့်ဖူးခွင့်ကို မရကြတော့ချေ ။ ထိုသို့ မလှမပ ပွင့်နေကြသော ပန်းပင်တို့ကို ဈေးကွက်တင်သော အခါ ပန်းဟူသည့် ပုံသဏ္ဍန်သာ ရှိပြီး ပန်းပွင့်တပွင့်၏ ဂုဏ်အင်္ဂါဖြင့် မပြည့်စုံသောကြောင့် ဈေးကောင်းမရ ။ ထိုသို့ လှပစွာ မဖူးပွင့်နိုင်သော ပန်းပင်များနှင့် ပွင့်ဖူးခြင်းမရသည် ပန်းပင်တို့ စုဝေးရာ ဥယာဉ်ကြီးသည် လှပမှုတို့ ပျောက်ဆုံးကာ ရုပ်ဆိုး အကျည်းတန်နေ သကဲ့သို့ အနာဂတ်မျိုးဆက်လူငယ်များ၏ ညဏ်ရည်ညဏ်သွေး ထက်မြက်မှုတို့ကို ပိုမို အထောက်အကူ ဖြစ်စေမည့် ပညာရေးစနစ်ကြီး ပျက်စီးလာသော အခါ ထိုသို့သော မျိုးဆက်သစ်များကို ပိုင်ဆိုင်ထားသည့် တိုင်းပြည်ကြီးသည်လည်း ပြိုကျပျက်စီးလာသလို လူငယ်များ၏ အနာဂတ်သည်လည်း ရည်ရွယ်ချက်မဲ့ကာ ဦးတည်ချက်တို့ ပျောက်ဆုံးလာကြသည် ။

တက္ကသိုလ် ၊ ကောလိပ် ၊ သိပ္ပံ အသီးသီးမှ သက်ဆိုင်ရာ ဘာသာရပ်များ တွင် သင်ယူ တတ်မြောက်ပြီးဖြစ်ကာ ထိုပညာရပ်တို့တွင် ကျွမ်းကျင်မှု ရှိပါသည်ဟု အသိအမှတ်ပြုကာ ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သော်လည်း ထိုသို့သော ဘွဲ့ရလူငယ်များ၏ လက်တွေ့ကမ္ဘာတွင် ၀င် ရောက် အလုပ်အကိုင် ရှာဖွေပါက သင့်တင့်မျှတသည့် အလုပ်များကို ဖန်တီးပေးနိုင်မှု မရှိပါ ။ ထိုအခါ ဘွဲ့ရလျှင် ဘာလုပ်မည် ၊ မိဘကို ဘယ်လို ထောက်ပံ့ပေးမည် ၊ မိမိတို့၏ အနာဂတ်ကို ဘယ်လို တည်ဆောက်ကြမည်ဟု မျှော်လင့်ကာ နှစ်ပေါင်းများစွာ ပညာသင်ယူခြင်း၏ အကျိုးအမြတ်ကို ခံစားရတော့မည်ဟု ယုံကြည်ထားကြသည့် လူငယ်များ၏ ရည်မှန်းချက်တို့ ဗုန်းဗုန်းလဲကြခဲ့ရသည် ။ လုပ်စရာ အလုပ်မရှိသည့်အခါ လူငယ်များ၏ ခြေလှမ်းတို့သည် ငွေရလွယ်သည့် မကောင်းသည့်လုပ်ငန်းများ ၊ လောင်းကစား လုပ်ငန်းများ ဘက် ကို ဦးတည်လာကြသည် ။ နိုင်ငံတနိုင်ငံတွင် ပညာရေး စနစ် ပြိုကျ ပျက်စီးခြင်းကြောင့် လူငယ်များ၏ အနာဂတ် ဦးတည်ချက် ပျောက်ဆုံးလာသည်နှင့် တပြိုက်နက်ထဲ ထိုလူငယ်များ၏ စာရိတ္တမဏ္ဍိုင်ကို ရိုက်ချိုးလိုက်သလို ဖြစ်သွားသည် ။ ထိုသို့စာရိတ္တမဏ္ဍိုင် ပျက်စီးနေကြခြင်းကို ဗုဒ္ဓဘာသာဝင် တို့ အများဆုံးနေထိုင်ရာ နိုင်ငံမှ လူငယ်များဟု ကြိမ်ပြောလျှင်ပင် ယုံရခက်သည့် ညစ်နွမ်းသည့် လုပ်ရပ်များက သက်သေခံနေကြပါသည် ။

အထူးသဖြင့် ကျောင်းသားထု ညီညွတ်ရေးကို ပျက်ပြားအောင် နေရာ အနှံ့အပြားတွင် တက္ကသိုလ် ၊ ကောလိပ် ၊ သိပ္ပံ အစရှိသည့်ကျောင်းများ ဖွင့်လှစ်လာကြသည် ။ သာမန်အားဖြင့် ကြည်လျှင် တိုးတက်လာသယောင် ထင်မှတ်မှားလောက်စေပါသည် ။ တကယ့်လက်တွေ့တွင်မူ တက္ကသိုလ် အဆင့်ကျောင်း တစ်ခု ဖွင့်လှစ် တည်ထောင်ထားသော်လည်း ဘယ်ကျောင်းမှ ဆရာဆရာမ မလုံလောက် ၊ သင်ထောက်ကူ ပစ္စည်းက မပြည့်စုံ ၊ သင်ရိုးညွှန်းတမ်းက စနစ်တကျ မရှိ နဲ့ မြန်မာ့ပညာရေးကို တစတစ တိုးတက်ဖျက်စီးနေကြခြင်းသည် ဖြစ်သည် ။ ကျောင်းပြီး၍ ဘွဲ့ရလူငယ်များကို မေးကြည့်သည် ။ သူတို့ကိုယ်တိုင်က ၀န်ခံသည် ၊ သူတို့ဘာမှ မတတ် ၊ ထိုသို့ ဘာမှ မတတ်၍ သူတို့ကိုယ်တိုင်လည်း ယုံကြည်ချက်မရှိ ၊ ရည်မှန်းချက်တို့ ပျောက်ဆုံးကုန်ကြသည် ။ ကိုယ့်ဘ၀ ရည်မှန်းချက်တောင် ပျောက်ဆုံးနေသော လူငယ်များ၏ တိုင်းပြည် အပေါ်ထားသော ရည်မှန်းချက်ကား ဘယ်လိုလုပ် ခိုင်မာမှု ရှိမည်နည်း ။ ဤသည်ကို မိဘနှင့် ဆရာတို့က မသိမဟုတ် သိသိကြီးနဲ့ လက်ခံထားကြခြင်းက သားသမီးများကို ကိုယ်တိုင် ဖျက်စီး လိုက်သလို ဖြစ်နေသည် ။ အချိန်တန်၍ လုပ်ငန်းခွင် ၀င်ကြရမည့် အချိန် ထိုက်တန်သော အလုပ်မရလျှင် လူသဘာဝ ညည်းညူကြသည် ၊ ယနေ့ခတ် လူငယ်များသည် ညံ့ဖျင်းကြသည်ဟု ဝေဖန်ကြသည် ။ ထိုသို့ ဝေဖန်ခြင်းသည် တရားမျှတမှု မရှိ ။ ပင်ကိုယ်က ညံ့ဖျင်းခြင်း မဟုတ် ၊ ညစ်ထေးယုတ်မာသော စိတ်များဖြင့် လူငယ်များကို စနစ်တကျ ဖျက်စီးနေသော စနစ်ဆိုးကြောင့်သာ ဖြစ်သည် ။ ထိုစနစ်ဆိုးကို ဆက်လက် လက်ခံနေကြလျှင် နောင်လာမည့် မျိုးဆက်သည် ယခုထက် ပိုမိုညံ့ဖျင်းမည်မှာ အသေအချာပင်ဖြစ်သည် ။

တမျိုးသားလုံး အကျင့်စာရိတ္တနှင့် ပညာရေ မြင့်မားရေး ဆိုသည့်ဆောင်ပုဒ်ကို လက်ကိုင်ထားသည့် စစ်အာဏာရှင်များ သည် တကယ့်လက်တွေ့တွင် အဖော်အချွတ် အသားပေး အနုပညာရှင်များနှင့် လူငယ်များ၏ အသိညဏ်ကို အဆိပ်ခတ်သော ညစ်နွမ်းသော စာပေများကို အားပေးနေသလောက် စစ်မှန်သော ပြည်သူလူထု အကျိုးပြု အနုပညာရှင်များကို အမျိုးမျိုး အဖုံဖုံ ဒုက္ခပေးလျှက် ရှိနေသည့်ကို လက်တလောတွင် ဖြစ်ပွားခဲ့သည့် အနုပညာရှင် ၁၂ ဦး ၏ အနုပညာလုပ်ပိုင်ခွင့်ကို ပိတ်ပင်လိုက်ခြင်းက သက်သေပြလျှက် ရှိသည် ။ ပြည်သူလူထု ကို အကျိုးပြုတဲ့ အနုပညာရှင်တွေကို အာဏာရှင်တွေက အနုပညာလုပ်ခွင့် ပိတ်ပင်လိုက်သလို ပြည်သူလူထုကလည်း အာဏာရှင် စနစ် တည်မြဲရေး အတွက် ကူညီပံ့ပိုးပေးနေတဲ့ အနုပညာရှင် အမည်ခံ လူတစ်စု ကို ပြန်လည် ဒဏ်ခတ်တဲ့ အနေနဲ့ အဲဒီလူတွေ ပါဝင် သရုပ်ဆောင်တဲ့ ဇတ်ကားတွေ ၊ သီချင်းတွေ ၊ စာတွေကို အားမပေးဘဲ နေလို့ရပါတယ် ။ အဲဒီလိုသာ ပြည်သူလူထုက ညီညာစွာ တုန့်ပြန်နိုင်ရင် ပြည်သူလူထု အကျိုးပြု အနုပညာရှင် တွေ ဘက်က ရပ်တည်နေတယ် ဆိုတာကို သက်သေပြနိုင်သလို ၊ အာဏာရှင် လက်ကိုင်ဒုတ် လုပ်စားတဲ့လူတွေကို ပြည်သူလူထုက လက်မခံပါဘူး ဆိုတာ သက်သေပြနိုင်တဲ့ တခုတည်းသော အလွယ်ကူဆုံး လုပ်ဆောင် နိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့ ကျနော် ထင်မြင် ယူဆမိပါတယ်။


၁၉၂၀-ခုနှစ်ကာလတွင် အမျိုးသားပညာရေးလှုပ်ရှားမှု၏ ခေါင်းဆောင် ဆရာကြီးသခင်ကိုတော်မှိုင်းက ဂန္ထလောကမဂ္ဂဇင်းတွင် “ခေတ်ဆိုးလျှင် ခေတ်ကို အပြစ်မဆိုသာ။ ထိုခေတ်တွင်ရှိသော သူတို့ကိုသာ အပြစ်ဆိုစရာ ဖြစ်သောကြောင့် ငါတို့ခေတ်အတွက် ငါတို့တာဝန်ကြီးပေတကားဟု များများကြီး နှလုံးသွင်းအပ်ပေသည်” ဟုရေးသား တိုက်တွန်းခဲ့၏။ ယနေ့ချိန်ခါတွင်လည်း မြန်မာနိုင်ငံ၏ ပညာရေး အဆင့်အတန်း နိမ့်ကျနေသည်ကို လက်ခံထားသည့် ကျနော်တို့ကိုသာ အပြစ်ဆိုစရာ ရှိသည် ။ အာဏာရှင်တို့က စနစ်တကျ ဖျက်စီးသည် ။ သူတို့ အပေါင်းအပါများက အားတက်သရော ကူညီထောက်ပံ့ပေးကြသည် ။ ကျနော်တို့ နိုင်ငံသူ နိုင်ငံသားများကမူ တွန်းလှန်ရန် စိတ်ကူးမရှိကြ ၊ အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်အောင် ဦးဆောင် ကျိုးစားပေးနေသူများကို မကူညီချင်ကြ ၊ ကြားနေ၀ါဒဟု ကြွေးကြော်ကာ မျောလိုက် နေကြခြင်းကြောင့်သာ ဖြစ်ပေသည် ။ ထို့ကြောင့် အာဏာရှင် စနစ်ဆိုးကြီးကြောင့် ခံစားနေရတဲ့ ဒုက္ခတွေကို ညည်းညူနေကြမယ့် အစား ကိုယ်လုပ်နိုင်သလောက် လုပ်ပြီး တုန့်ပြန်တာ ပိုမို ထိရောက်မှာ အမှန်ပါဘဲ ဆိုတာ ယုံကြည်စေချင်ပါတယ် ။

တိုင်းပြည် တပြည် အာဏာရှင် စနစ်အောက်မှ ရုန်းထွက်၍ ဒီမိုကရေစီ နိုင်ငံ တည်ဆောက်မည် ဆိုလျှင် နိုင်ငံရေး အဖွဲ့အစည်းများ အင်အား ကောင်းမွန်ဖို့ လိုအပ်သလို နိုင်ငံရေး မဟုတ်သည့် ပြည်သူလူထု ကိုယ်စားပြု အခြားသော အဖွဲ့အစည်းများ လည်း အထူးလိုအပ်ပါသည် ။ ကျောင်းသားထုကို ကိုယ်စားပြုသည့် ကျောင်းသားသမဂ္ဂ ၊ အလုပ်သမားများကို ကိုယ်စားပြုသည့် အလုပ်သမား သမဂ္ဂ ၊ လူငယ်များကို ကိုယ်စားပြုသည့် လူငယ် သမဂ္ဂများ အစရှိသည့် အဖွဲ့အစည်းများ အင်အားကောင်းမွန်စေဖို့ အထူးလိုအပ်ပါသည်။ ထိုသို့သော အဖွဲ့အစည်းများ အမြဲအင်အားတောင့်တင်းနေမှသာ ဒီမိုကေ၇စီ စနစ်ကို ကြာရှည်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်မည် ဖြစ်သည် ။ ထိုသို့သော အဖွဲ့အစည်းများ အင်အားကောင်းမွန်လာသည် နှင့် တပြိုင်နက်ထဲ သူတို့ ထိုင်ခုံ စတင်ယိုင်နဲ့လာနိုင်သည်ကို သိသော စစ်အာဏာရှင်များသည် ပြည်သူလူထု ကိုယ်စားပြု နိုင်ငံရေးပါတီ ၊ ကျောင်းသားသမဂ္ဂ ၊ အလုပ်သမား သမဂ္ဂနှင့် နှင့် လူငယ်သမဂ္ဂ အစရှိသည့် အဖွဲ့အစည်းများ တရားဝင် ဖွဲ့စည်းခွင့်ကို ပိတ်ပင်ထားလိုက်ကြသည် ။ တရားဝင် ရှိပြီးသာ နိုင်ငံရေး ပါတီများကို မတရား အသင်းကြေငြာ တတ်ကြသည် ကို ယနေ့တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီ NLD ကို တရားမ၀င် နိုင်ငံရေး ပါတီ အဖြစ် တရားမ၀င်ကြောင်း ကြေငြာလိုက်သလို သမဂ္ဂများ ဖွဲ့စည်းခြင်းကို ပိတ်ပင်ထားလိုက်သည်က မျက်မြင် ထင်ရှားတွေ့မြင်ရပါသည် ။

သူတို့ လုပ်သမျှ ခေါင်းငုံ့ခံနေကြလျှင် နောင်လာမည့် အနာဂတ်တွင် ပြည်သူလူထု စီးပွားရေး ယခုထက် ပိုမိုကြပ်တည်းလာမည် ၊ ပညာမသင်နိုင်သော လူအရေ အတွက် နှင့် ဘွဲ့ရပညာမတတ်များ ပိုမို များပြားလာမည် ၊ တိုင်းပြည် ဆင်းရဲသည့် အတွက် အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် ရာဇ၀တ်မှု များ ပိုမို ဖြစ်ပွားလာမည် ။ မိဘတို့ စီးပွားရေး ကြပ်တည်းမှုသည် သားသမီးတို့၏ အကျင့်စာရိတ္တကို ဖျက်စီးထားသလို ဖြစ်သည့် အတွက် တိုင်းပြည်၏ အနာဂတ် သမီးပျိုများသည် ခန္တာကိုယ် ကို အရင်းပြုကာ စီးပွားရှာသည့် အလုပ်များ ပိုမို များပြားလာပေမည် ၊ ထို့သို့ အဘက်ဘက်က ချို့ယွင်းချက်တို့ ရှိနေသည့် အခါကာလတွင် အမျိုးသားရေး စိတ်ဓါတ်တို့ ပျောက်ဆုံးကာ လူမျိုးပါ ပျောက်ကွယ်သွားစေနိုင်သည် ။

ဆင်ခြင်ကြည့်ပါ ပြည်သူလူထု အပေါင်းတို့ ၊ ကိုယ်ရှာမှ ကိုယ်စားရတယ် ဆိုတဲ့ စကားက မှန်တယ်လို့ ယူဆနေကြတာ မှားတယ်လို့ ယူဆလို့ မရပေမယ့် အတိအကျ မှန်ပါတယ်လို့လည်း ပြောလို့လည်း မရပါဘူး ။ နှစ်ပေါင်းများစွာ ပညာသင်ယူထားကာ နိုင်ငံတော်က အသိပညာရှင် အတတ်ပညာရှင် တစ်ယောက် အနေနဲ့ အသိအမှတ်ပြုခံထားရတဲ့ လူတစ်ယောက်က လမ်းဘေး ဈေးသည် ၊ ဆိုက်ကားသမားလောက်တောင် ၀င်ငွေ မရရှိတာဟာ ကိုယ်လုပ် သလောက်ကိုယ့် အခွင့်အရေး ခံစားရလို့လား ၊ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ထိုက်တန်တဲ့ အခွင့်အရေး ရနေကြလို့လား ၊ ကိုယ်သင်ထားတဲ့ ပညာနဲ့ လိုက်လျော ညီထွေတဲ့ အသက်မွေးဝမ်းကြောင်းမှု ပြုနိုင် ကြလို့လား ။ သမ္မာ အာဇီဝ ကျကျ အလုပ်လုပ်နိုင်ကြတဲ့ အစိုးရ ၀န်ထမ်း ရှိသေးလို့လား ။ အချို့က လိမ်တယ် ၊ အချို့က ခိုးတယ် ၊ အချို့က တောင်းစားတယ် ၊ အချို့က ဒါးမြ တိုက်တယ် ၊ ဘယ်မှာလည်း ဖြူစင်တဲ့ အသက်မွေးဝမ်းကြောင်းမှု ။ သူခိုးတွေ စုနေတဲ့ နေရာမှ ခိုးတဲ့ အလုပ်က မထူးဆန်းပေမယ့် ဖြူစင်စွာ အသက်မွေးဝမ်းကြောင်းမှု ပြုနေတဲ့ လူတွေဘက်က ကြည့်လိုက်ရင် အင်မတန် ရွှံမုန်းစရာ ကောင်းတဲ့ အကုသိုလ် အလုပ်ကို ပျော်ပျော်ကြီး လုပ်ကိုင် နေသလို ခံစားရတယ် ။
ထမင်း နပ်မှန်ဖို့ အတွက် အကုသိုလ် အလုပ်တွေ နေ့စဉ်လုပ်ကိုင် ရှာဖွေ စားသောက်နေရတဲ့ ဘ၀တွေမှာ ပျော်ဝင်ပြီး ကိုယ်ရှာမှ ကိုယ်စားရတာ ဆိုတဲ့ လူတွေရဲ့ စကားက မှန်နေသေးရဲ့လား အဖြောင့် အတိုင်းဘဲ စဉ်းစားကြည့်ပါ ။

အေးချမ်းသာယာကာ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံမှာ လူ့အခွင့်အရေး ဆိုတာ အပြည့်အ၀ ရှိသလို ။ ကိုယ်ရှာ နိုင်သလောက် ကိုယ် ခံစားခွင့် ရှိပါတယ် ၊ နိုင်ငံသားတိုင်း အိမ်ယာ ပိုင်ဆိုင်နိုင်ရမယ် ၊ ဒါပေမယ့် ကိုယ့်ဝင်ငွေ ပေါ်မှာ မူတည်ပြီး အိမ်အဆင့် အတန်းတော့ ကွာသွားမှာပါ ။ နိုင်ငံသားတိုင်း ဖုန်းကိုင် နိုင်ကြတယ် ၊ ကိုယ်ရှာ နိုင်သလောက် ပေါ်မူတည် ပြီး ဖုန်း အမျိုးအစားတော့ ကွာမှာပေါ့ ။ ကိုယ်ရှာ နိုင်သလောက် ရှာပိုင်ခွင့် ရှိသလို ၊ ကိုယ်ကြိုးစားရင် ကြိုးစားတဲ့ အခွင့်အရေးကိုလည်း ရရှိနေကြပါတယ် ။ နိုင်ငံတကာက စစ်သားတွေဟာ မြန်မာနိုင်ငံက စစ်သားတွေလို ပြည်သူကို သတ်မှ ထမင်းဝ တာ မဟုတ်ပါဘူး ။ စစ်အာဏာရှင် စနစ်ရဲ့ အုပ်ချုပ်မှု ယန္တာရား ကို ကျားကန်ပေးထားတဲ့ အခြေခံ တပ်မတော်သားတွေ ၊ ပြည့်သူဝန်ထမ်းတွေ လည်း ပြည်သူလူထုနဲ့ အတူတူ ဆင်းရဲဒုက္ခရောက်နေကြပါလျှက် နှင့် ဒီစနစ်ကြီးကို ထောက်ခံပေးပြီး ကိုယ့်ဘ၀ ကို နစ်မွန်းသထက် နစ်မွန်းအောင် လုပ်နေကြမယ့် အစား ရုန်းထွက်စေချင်ပါတယ် ။

" နိုင်လိုသူ ကို အရှုံးပေး နှလုံးအေးတဲ့ ဆေး " ဟူသည့် မြန်မာ စကားပုံ တခု ရှိပါသည် ။ ထိုစကားသည် ခန္တီပါရမီကို အဆုံးစွန်ထိကျင့်ကြံပွားများကာ တဖက်သား ကို အရှုံးပေးလိုက်ရ၍ ကျေနပ် ၀မ်းမြောက်သူ များ အတွက် တကယ်ကောင်းပါသည် ။ သို့သော် ကိုယ်တိုင်က အရှုံးပေးလို စိတ်မရှိပါဘဲနှင့်မတတ်သာ၍ အရှုံးပေးလိုက် ရသူများ အတွက် နှလုံးမအေးတဲ့ အပြင် ပိုမို ဆိုးဝါးလာသည်ကို တွေ့ရှိနိုင်သည် ။ ကိုယ်ကို အမြဲတမ်း အနိုင်ယူလိုသူကို မကျေနပ်ဘဲ အရှုံးပေး နေရသည့် အခါ အစ ပထမတွင် သိပ်မသိသာသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် နာကြည်းမုန်းတီးလာသည် ၊ ရွှံရှာလာသည် ၊ တုန့်ပြန် ချင်စိတ်တွေ ပေါက်လာ သည် ။ ထို့သို့ လုပ်ချင်စိတ်တွေ ပေါက်ဖွားနေသော်လည်း စိတ်ထဲတွင် အကြောက်တရားက လွှမ်းမိုးနေသည့် အခါ ကိုယ့်ကိုကိုယ် ပြန်ပြီး ဒေါသထွက်လာ သည် ၊ ကိုယ့်နှင့် စိတ် တထပ်တည်း မကျတော့ ၊ ထိုအခါ စိတ်မကြည် ၊ စိတ်မကြည်လင်သည့် အတွက် ညဏ် မရွှင်တော့ ၊ ညဏ်မရွှင်သော အခါ အတွေးအခေါ်တို့ ညစ်ညမ်းလာသည် ၊ လူ့သဘာဝ အရ စိတ်ညစ်လျှင် တရားထိုင်သူထက် ၊ မဟုတ်တာ လုပ်ကာ စိတ်ထွက်ပေါက် ရှာသူ က များသည် ။ အတွေးအခေါ်တို့ ညစ်ညမ်းလာသည့် အခါ ကမ္ဘာစောင့် တရားဟု လူသိများသည့် အရှက် အကြောက် တရားတို့ကို အမြင်လွဲမှားလာကြသည် ။ မကောင်းတာ လုပ်ရမည်ကို မရှက်ကြဘဲ ကောင်းတာလုပ်တာကို ရှက်လာတတ်ကြသည် ။ အကုသိုလ် အလုပ် လုပ်ရမည်ကို မကြောက်ကြဘဲ ကုသိုလ် အလုပ် လုပ်ရမည်ကို ကြောက်လာကြသည် ။

အတွေးအခေါ် ညစ်ညမ်းလာသည့်အခါ ကိုယ့်ကို ကိုယ်တောင် မယုံကြည်ကြတဲ့ လူတွေဟာ အခါ သူတပါးကို ယုံကြည်ဖို့ ဆိုတာ ပိုမိုခက်ခဲလာတယ် လူတိုင်းကို သံသယနဲ့လိုက်ပြီး ကြည့်လာတတ်ကြတယ် ၊ ကိုယ့်စိတ်နဲ့နှိုင်းပြီး လူတကာကို တိုင်းတာလာကြတယ် ။ အဲဒီလို အဘက်ဘက်က အားနည်းချက်တွေ ကြောင့် မြန်မာ ဒီမိုကရေစီ အရေး လုပ်ရှားနေသူတွေကို လုပ်စားနေပါတယ်ဆိုပြီး ၀ါးလုံးရှည်နဲ့ ပတ်သိမ်းပြီး ရမ်းသမ်းပြောလာကြတယ် ။ ဒီလို အကျိုးဆက်တွေကြောင့် လုပ်ရှားနေသူတွေကို ကူညီပံ့ပိုးချင်ကြတဲ့ လူတွေရဲ့ အတွေးအခေါ်တွေပါ
ေ၀၀ါးကုန်တယ် ။ ငါတို့ကူညီလည်း အလကားပါဘဲ ၊ တကယ်လုပ်ရှားတဲ့ လူတွေ လက်ထဲမရောက်ဘဲ လုပ်စားတဲ့လူတွေလက်ထဲ ရောက်သွားနိုင်တဲ့ ဆိုတဲ့ အတွေးအခေါ်တွေကို လက်ကိုင်ထားလာကြတယ် ။ နောက်ဆုံးရလဒ်က ပြည်သူလူထု ကောင်းစားရေး ဦးတည်ချက်ကို ဘ၀တွေ ပေးဆပ်ပြီး လုပ်ကိုင်နေကြတဲ့ လူတွေက လုပ်ရှားဖို့ ခွန်အားတွေ နည်းပါးကုန်တယ် ။ တိုင်းပြည် အတွက် တကယ်လုပ်ပေးနေတဲ့လူတွေမှာ သူတို့ကိုယ်ကျိုးစီးပွားရှာဖို့ အချိန်မရှိကြပါဘူး ။ပြည်သူလူထု အတွက် အလုပ် လုပ်ပေးနေတဲ့ လူတွေကို ပြည်သူလူထုက ပြန်လည်ကူညီပေးမှသာ မြန်မာ့နိုင်ငံ ဒီမိုကရေစီ ဆိုတဲ့ ပန်းတိုင်ကို ဆွဲကိုင် နိုင်မှာပါ ။

တိုင်းပြည်တပြည်ကို ဖျက်စီးဖို့က အလွယ်လေးပါ ၊ ပြန်လည် ထူထောင်ဖို့ အတွက် အင်မတန် ခက်ခဲပါတယ် ။ လွတ်လပ်ရေး ဆိုတဲ့ ပန်းတိုင်ကို ဆွဲကိုင်ဖို့ ကျနော်တို့ တိုင်းပြည်ရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် သူရဲကောင်းတို့ အသွေးအသာတွေကို တော်လှန်ရေး ယဇ်ပလ္လင်မှာ ရဲရဲကြီး ပူဇော်ခဲ့ကြလို့ လွတ်လပ်တဲ့ နိုင်ငံ အဖြစ်ရပ်တည်နေနိုင်တာပါ ။
ယနေ့အခါမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တရုတ်လက်အောက်ကို ကျရောက်နေပါပြီ ။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး အချုပ်အချာ အာဏာကိုပါ စတင်ထိပါးလာပါပြီ ဆိုတာ ယနေ့မျက်မှောက် မြန်မာနိုင်ငံရေးမှာ တရုတ်က ၀င်ရောက် စွက်ဖက်နေတာကို တွေ့မြင်နေရပါပြီ ။

နိုင်လိုလျှင် အရှုံးပေး နှလုံးအေးတဲ့ ဆေး" ကြီးကို ကိုယ်ရင်ထဲက သီးခံခြင်း တရား မပြည့်စုံဘဲ သောက်သုံးနေကြတဲ့ အခါ ကြုံတွေရတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ၊ ဆိုးကျိုးတွေကို ဆက်လက် မခံစားချင်ကြဘူးဆိုရင်တော့ အနိုင်ယူနေသူတွေကို အရှုံးမပေးကြပါနဲ့ ။ မိမိတို့ တတ်နိုင်တဲ့ဘက်က တုန့်ပြန် တွန်းလှန်ကြပါ ၊ ကိုယ်တိုင် ပါဝင် မဆောင်ရွက်နိုင်တဲ့ ပြည်ပရောက် မြန်မာတွေက ငွေအားနဲ့ ကူညီပေးကြပါ ၊ တကယ်လုပ်ရှား နေသူများကို ၀န်း ရံပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ လိုက်ပါသည် ။ မိမိတို့ကျရာ အခန်းဂဏ္ဍကနေ ကိုယ်တတ်နိုင်တဲ့ တာဝန်ကို ထမ်းဆောင်ပေးကြကာ မကြာမှီအချိန်အတွင်းမှာ လွတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီသို့ ညီညာစွာ စတင် ချီတက်ကြပါစို့..................။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

http://www.facebook.com/note.php?created&&note_id=176245805726408#!/note.php?note_id=176245805726408

ဦးခွန်ထွန်းဦး၊ ရှမ်းပြည်နိုင်ငံရေးခေါင်းဆောင်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ

လွန်ခဲ့သော (၅) နှစ် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ( ၈ ) ရက် နှင့် ( ၉ ) ရက်နေ့များတွင်  တိုင်းပြည်၏ နိုင်ငံရေးအရ ပြု ပြင်ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာစည်းရုံးလှုံ့ဆော်နေသော ရှမ်းတိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့် ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင်၊ စိုင်းနွတ်(ခေါ်)စိုင်းညွှန့်လွင်နှင့် ရှမ်းပြည်နယ် မှ နိုင်ငံရေးခေါင်းဆောင်များ၊ မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်များအသီးသီးတို့တွင် ဆက်လက်အကျဉ်းကျဆဲခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြပွဲ ကို ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ ( AUN-JAPAN) ၏ ဦးဆောင်မှုဖြင့် ယနေ့ ဒီဇင်ဘာလ ( ၉ ) ရက် နေ့ တွင် တိုကျိုမြို့ ရှီဘူယ ရပ်ကွက်တွင်ရှိသော ကုလသမဂ္ဂအဆောက်အဦးရှေ့တွင် ပြုလုပ်ခဲ့ကြပါသည်။
 
ဦးခွန်ထွန်းဦးသည် နအဖ၏ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မှတ်ပုံတင်ထားသော ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ဥက္ကဌတစ်ဦးလည်းဖြစ်သည်။ ထိုနည်းတူ ဗိုလ်ချုပ်ဆေထင်မှာလည်း ရှမ်းပြည်ငြိမ်းချမ်းရေး ကော်မတီ၏ဥက္ကဌဖြစ်ပြီး  တစ်ချိန်ကနအဖစစ်အုပ်စုအား တိုက်ခိုက်ခဲ့သူတစ်ဦးဖြစ်သော်လည်း ၊ပြသနာများကို ငြိမ်းချမ်းသောနည်းဖြင့် အပေးအယူပြုလုပ်ပြီး ၊ပြုပြင်ပြောင်းလဲလိုသူတစ်ဦးဖြစ်သည့်အလျောက် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသူ တစ်ဦးလည်းဖြစ် ပေသည်။ သူတို့ကို စစ်အစိုးရက ထိန်းသိမ်းလိုက်သည့် အချိန်အထိ သူတို့သည်မြန်မာနိုင်ငံအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တခြားသော ညီအစ်ကိုတိုင်းရင်းသားများနှင့် လက်တွဲကာပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်နေသူများ ဖြစ်ပေသည်။ ငြိမ်းချမ်းသော ကြိုးစားအားထုတ်မှုနှင့် ကိုယ်ကျိုးစွန့်မှုများကို စစ်အစိုးရက နိုင်ငံရေးပြိုင်ဘက်များအပေါ် နှစ်ရှည်ထောင်ဒဏ်များဖြင့် တုံ့ပြန်ချီးမြှင့်လိုက်ခြင်းပင်ဖြစ်ပေသည်။
 
နအဖစစ်အုပ်စုသည် ဦးခွန်ထွန်းဦးအား ထောင်ဒဏ် (၉၃)နှစ်ဖြင့် မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ် ၊ ပူတာအို အကျဉ်းထောင် သို့လည်းကောင်း ၊ ဗိုလ်ချုပ်ဆေထင်အား ထောင်ဒဏ် (၁၀၆)နှစ် ဖြင့်  မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းရှိ ခန္တီးအကျဉ်းထောင် သို့လည်းကောင်း ၊ စိုင်းနွတ် ခေါ် စိုင်းညွန့်လွင်အား ထောင်ဒဏ် (၈၅) နှစ်ဖြင့် စစ်ကိုင်းတိုင်းရှိ ကလေးမြို့ အကျဉ်းထောင်သို့လည်းကောင်း၊ ၂၀၀၆ခုနှစ် မေလ က သံတွဲထောင် တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသော သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် (တောင်ကြီး)  ဆရာဦးမြင့်သန်းနှင့် အဖွဲ့ ဝင်များကို ထောင်ဒဏ် (၇၅)နှစ်နှင့် အခြားခေါင်းဆောင်များအား မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ  အကျဉ်းထောင်အသီးသီးသို့ ပြောင်းရွှေ့ချုပ်နှောင်ခြင်းများခံခဲ့ကြရသည်။ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဇူလိုင်လ (၃၁) ရက် နေ့တွင် ဗိုလ်ချုပ်ဆေထင် အား မျက်စီခွဲစိတ်ကုသပေး မည်ဟူသော အကြောင်းပြချက်ဖြင့် ခန္တီးထောင် မှ မန္တလေး အိုးဘိုထောင်သို့  ပြောင်းရွှေ့ခဲ့ပါသည်။ ထို့ပြင်ဗိုလ်ချုပ်ဆေထင်သည် သွေးတိုး ၊ ဆီးချို နှင့် နှလုံးရောဂါများ ခံစားနေရကြောင်း သိရှိရပါသည်။ထို့နည်းတူ ဦးခွန်ထွန်းဦး သည်လည်း ဆီးအိမ်ပြသ နာ များ ၊ ဆီးချို နှင့် သွေးတိုးရောဂါ များကိုပါ ခံစားနေရပါသည်။ ခံစားနေရသည့် ရောဂါဝေဒ နာများကို  ဆရာဝန်များနှင့် ပြသခွင့် မရရှိခဲ့ခြင်း ၊ ဝေးလံသော ထောင် များသို့ တစ်ဦးစီ ပြောင်းရွှေ့နေရာချထား ခြင်းများက မိသားစုများနှင့်ပါ အဆက်ဖြတ်ထားခြင်းဖြစ်ပြီး ၊ အကျဉ်းသားများ၏ လူ့အခွင့်အရေးများကို လျစ်လျူရှူခြင်းများက စစ်အစိုးရ အနေနှင့် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ အချက်အလက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းပင်ဖြစ်သည်။
စစ်အုပ်စုအနေဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည် လိုသည်ကလွဲရ်ျ ပြသနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုသော ဆန္ဒအလျဉ်းမရှိပေ။ ဦးခွန်ထွန်းဦး ၊ဗိုလ်ချုပ်ဆေထင် နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများသည် မိမိတို့၏ ကံကြမာ®ကို ကြိုတင်သိမြင်သည့်ကြားက ယခုလို မိမိတို့၏ ဘဝကို အမိနိုင်ငံ အတွက် မြှုပ်နှံစတေးပြီး ပေးဆပ်ကာ စစ်မှန်သော ဒီမိုကရေစီ ရရှိရေး တို့အတွက် ယခုအချိန်အထိ ဆက်လက်တိုက်ပွဲ ဝင်လျက်ရှိ ပါသည်။
 
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်ကြေငြာချက် အရ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား (၂၁၇၁)ယောက်  ရှိကြောင်းနှင့် ထိုနိုင်ငံရေးအကျဉ်းသားများထဲတွင် တိုင်းရင်းသားအကျဉ်းသား (၂၀၇)ယောက် ရှိကြောင်း သိရှိရပါသည်။
 
ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများ၊ ဦးခွန်ထွန်းဦး၊ တိုင်းရင်းသားအကျဉ်းသားများ၊၁၉၈၂ ခုနှစ်ကတည်းက စတင်အကျဉ်းချခံနေရသော ထောင်သက် (၂၈) နှစ်ရှိပြီဖြစ်သည့် ကရင်ရဲဘော်လေး တူးကီ တို့ လွတ်မြောက်လာ စေရန်အတွက် ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှုားသူများက လစဉ်လတိုင်း (၉) ရက်နေ့တွင် တောင်းဆိုမှုများကိုပြုလုပ်သွားမည်ဖြစ်ပါသည်။
 
နန်းအိမွန်ချစ်

Friday, December 3, 2010

ဦးကျော်သူ အား ကူညီအားပေးသူ အနုပညာရှင်များ အပိတ်ခံရ

HRM News | မကြာသေးမီက ကပြဖျော်ဖြေခဲ့သော ထာဝရ နှင်းဆီ အငြိမ့်မှ ဒါရိုက်တာအပါအဝင် နိုဝင်ဘာလ ၂၂ရက်နေ့က တောင်ဒဂုံရှိမဖြူဖြူသင်း ထူထောင်ဖွင့်လှစ်ထားသော HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာသို့ သွားရောက်အားပေး ခဲ့သူ အနုပညာရှင်များ စုစုပေါင်း တစ်ဒါဇင်ခန့် ၏ ဖျော်ဖြေတင်ဆက်မှုကို ပြန်ကြားရေးဝန်ကြီးဌာနမှ ပိတ်ပင်လိုက်ကြောင်းသိရသည်။

ဖျော်ဖြေတင်ဆက်မှုကို ပိတ်ပင်ခံရသူ အနုပညာရှင်များတွင် ကိုရဲလွင်၊ အနဂ္ဂ၊ ကျားပေါက်၊ သံသာဝင်းနှင့် အခြားအနုပညာရှင်များ ပါဝင်သည်။ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုကို ပြန်ကြားရေး ဝန်ကြီးဌာနမှပိတ်ပင် ခြင်းအပေါ် "ဒါကတော့ ကျွန်တော်တို့ အနုပညာရှင်တွေက နိုင်ငံရေးလှုပ်ရှားတာလည်းမဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံအရေး၊ပြည့်သူ့အရေးပေါ့လေ။ လူသားတယောက်အနေနဲ့ လူသားပီပီ လုပ်ဆောင်သင့်တဲ့ လူမှုရေး ကိစ္စကို ကျွန်တော်တို့ လုပ်တာပါ။ အဲလို ပိတ်တာတော့မကောင်းဘူးလို့ မြင်ပါတယ်။ " ဟု ဦးကျော်သူမှ Facebook စာမျက်နှာတွင် မှတ်ချက်ပေးထားသည်။

စစ်အုပ်စုမှ နာရေးကူညီမှုအသင်း (ရန်ကုန်) အား ကူညီမှုများ မပေးသည့် အပြင် အနှောက်အယှက် အမျိုးမျိုးပေးနေသည်ကို တွေ့ရသည်။ ၂၀၁၀ ခုနှစ်၊ မတ်စ်လဆန်းပိုင်းတွင် ဖွင့်လစ်ခဲ့သော အခမဲ့ သရုပ်ဆောင်သင်တန်း အား ကူညီခဲ့သူ မသန်းသန်းစိုး၊ မဂွမ်းပုံကြီး၊ ဦးချစ်ပြုံး၊ ဦးညီဂျော်နှင့် ဆုရွှန်းလဲ့ တိုအား သွားရောက် လုပ်အားပေး သင်တန်းပေးခြင်းများ မပြုလုပ်ကြရန် ပိတ်ပင်ခဲ့သေးသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More