This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Friday, June 10, 2011
ငလျင်နှင့် ဆူနာမီကြောင့် သေဆုံးသူ နိုင်ငံခြားသား ၂၈ ဦးထိရှိသွားပြီ
မတ်လ ၁၁ ရက်နေ့ ဂျပန်နိုင်ငံအရှေ့မြောက်ဖက်ဒေသကိုဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သော ရက်ချက်တာစတေး ၉.၀ ရှိ အင်အားပြင်းငလျင်နှင့် ဆူနာမီဘေးဒဏ်ကြောင့် သေဆုံးသွားခဲ့သည့် နိုင်ငံခြားသားဦးရေမှာ ၂၈ ထိ ရှိသွားပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ဇွန်လ ၆ ရက် တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါကြေငြာချက်တွင် သေဆုံးသွားခဲ့သူ နိုင်ငံခြားသားများမှာ တရုတ်၊ ကနေဒါ၊ တောင်နှင့်မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တိုင်ဝမ်နှင့် အမေရိကန်နိုင်ငံသားတို့ဖြစ်သည်ဟု သိရှိရသည်။
ဧပြီလ ၁ ရက်နေ့အထိထုတ်ပြန်ခဲ့သော ဂျပန်လူမှုဖူလုံရေးဌာနစာရင်း များ အရ ဂျပန်လူမျိုး ၁ သောင်း ၂ ထောင်ကျော်သေဆုံးခဲ့သည့်ဟု ဆိုထားသောလည်း ဇွန်လ ၆ ရက်နေ့စာရင်းများအရ သေဆုံးသူစုစုပေါင်း(နိုင်ငံခြားသားများအပါအ၀င်) ၁၅၃၇၃ ဦးရှိပြီး ပျောက်ဆုံးသူမှာ ၈၁၉၈ ဦးရှိကြောင်းသိရ သည်။ ၃ သိန်း ၇ သောင်းကျော်မှာ ယခုအချိန်အထိ အိုးအိမ်အလုပ်လက်မဲ့ဘဝနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ၁၉၉၅ ခုနှစ် အိုဆာကာမြို့ရှိ ခိုဘေးတွင် လှုပ်ခဲ့သော Great Hanshin မြေငလျင်ဒဏ်ကြောင့် ဂျပန်လူမျိုး ၆,၄၃၄ ဦးနှင့် နိုင်ငံခြားသား ၁၅ဝ ခန့်သေဆုံးခဲ့ရသည်။
ကိုးကား-Japan today
ထိတ်လန့်တုန်လှုပ်မှုဝေဒနာခံစားနေရသော နိုင်ငံခြားသားများကိုစိတ်ပညာရှင်များကူညီ
မတ်လ ၁၁ နေ့ကဖြစ်ပွားခဲ့သောငလျင်နှင့် ဆူနာမီတို့ကိုကြုံတွေ့ရပြီးနောက် စိတ်ကျရောဂါနှင့် ခြောက်ခြားမှုဝေဒနာခံစားနေရသော နိုင်ငံခြားသားများကိုစိတ်ကျန်းမာရေးဆိုင်ရာအကူအညီပေးရေးအတွက် စိတ်ကုပညာရှင်တစ်စုတို့ အရေးပေါ်ကော်မီတီတစ်ရပ်ကိုဖွဲ့စည်းခဲ့သည်။ “ဒီလိုစိတ်ဂယောင်ခြောက်ခြားမှုဝေဒနာကိုခံစားရတာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ မသန်မစွမ်းတွေနဲ့ နိုင်ငံခြားသားတွေ အများစုဖြစ်ပါတယ်။ နိုင်ငံခြားသားတွေကတော့ သီးခြားပစ်ပယ်ထားခြင်းခံထားရသလိုဖြစ်ပြီးတော့ သတင်းအချက်အလက်တွေကို မိခင်ဘာသာစကားနဲ့ ကြားရခြင်းမရှိတော့ ကောလဟလတွေကြားမှာ ပူပင်သောကတွေပိုရောက်ရဖို့ဖြစ်လာပါတယ်..”ဟု ဂျပန်ယဉ်ကျေးမှုမခြား စိတ်ပညာအဖွဲ့၏ဥက္ကဋ္ဌနှင့် တိုကျို တိုင်ရှိုတက္ကသိုလ် စိတ်ပညာပါမေက္ခ ဖူမီတာကာ နိုဒါ(Fumitaka Noda)ကဆိုသည်။
“သူတို့ကိုသတင်းအချက်အလက်အမှန်တွေ ပေးဖို့ အရေးကြီးပါတယ်။ ပြီးတော့ သူတို့ရဲ့ ပူပန်မှုတွေကို နားထောင်ပေးဖို့နဲ့ နားလည်ပေးဖို့လိုအပ်ပါတယ်”ဟုလည်း ဂျပန်တွင် အထူးသဖြင့် ဒုက္ခသည်များအပါအဝင် နိုင်ငံခြားသားများကို စိတ်ကျန်းမာရေးဆိုင်ရာ ၁၈ နှစ်ကြာ ကုသဆောင်ရွက်ပေးနေသော ပါမောက္ခနိုဒါကပြောသည်။

စိတ်ပညာရှင်များနှင့် စိတ်ပိုင်းဆိုင်ရာပါမေက္ခများပါဝင်သောယဉ်ကျေးမှုမခြားစိတ်ပညာအဖွဲ့သည် ၃\၁၁ တွင် စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့သောနိုင်ငံခြားသားများကို စိတ်ကျန်းမာရေးအကူအညီပေးရန် ယဉ်ကျေးမှုမခြား စိတ်ကျန်းမာရေးအရေးပေါ်ကော်မီတီကိုမတ်လ ၁၉ ရက်နေ့ကဖွဲ့စည်းခဲ့သည်။ ဂျပန်တွင် တစ်ခုတည်းသောစိတ်ပညာဆေးဘက်ဆိုင်ရာအဖွဲ့အစည်းဖြစ်ပြီး ယဉ်ကျေးမှုခြားနားခြင်းကြောင့် ဖြစ်ပေါ်လာရသော စိတ်ပိုင်းဆိုင်ရာပြဿနာများကို အဓိကထားလေ့လာလျှက်ရှိသည်။
နိုင်ငံခြားသားများကိုအကူအညီပေးနေသော ဂျပန်ဖေါင်ဒေးရှင်းကဲ့သို့သောအဖွဲ့များနှင့် အနီးကပ်ပူးတွဲလုပ်ဆောင်လျှက်ရှိ ပြီး အကူအညီလိုအပ်နေသောလူနာများ၏ အချက်အလက်များကိုစုဆောင်းလျှက်ရှိသည်။ ကူညီဆောင်ရွက်ပေးနေသူများကိုလည်း စိတ်ကျန်းမာရေးနှင့်ပတ်သက်သည့် သိသင့်သိထိုက်သော အခြေခံအချက်အလက်များကို သင်ကြားပြသပေးရန် စီစဉ်လျှက်ရှိသည်။ သို့မှသာစိတ်ကျခြင်း၊ ခြောက်ခြားခြင်းလက္ခဏာများနှင့်ပတ်သက်၍ လူနာများတွင် တစ်စုံတစ်ရာထူးခြားမှုတွေ့လျှင် နိုဒါနှင့် လုပ်ဖေါ်ကိုင်ဖက်ပညာရှင်များကိုအကြောင်းကြားနိုင်မည်ဖြစ်သည်။
ဘေးအန္တရာယ်များကိုတုန်လှုပ်ခြောက်ခြားစွာတွေ့ကြုံခဲ့ရပြီးမည်သို့သောအခြေအနေတွင် မည်သို့မည်ပုံမိမိတို့ ရောက်ရှိနေသည်ကို လူအများတဖြည်းဖြည်းနားလည်လာပြီဖြစ်သောကြောင့် စိတ်ကျန်းမာရေးအရေးကြီးကြောင်း နိုဒါကဆိုသည်။ “ဘေးဘီကိုဝေ့ဝဲကြည့်လိုက်တာနဲ့ အပျက်အစီးတွေကိုတွေ့ရပြီး အနာဂါတ်ကိုစိုးရိမ်ပူပန်မှုတွေနဲ့ လူတွေဟာခံစားနေကြရပါတယ်။ အချို့ကတော့ စကားမပြောတော့ဘဲ နှုတ်ဆိတ်သွားတဲ့ ဝေဒနာခံစားရတယ်။ အဲဒီလူတွေဟာရှိသမျှအရာအားလုံးဆုံးရှုံးသွားရတဲ့အတွက် ကြိုးစားရှာဖွေခဲ့ခြင်းရဲ့အဓိပ္ပါယ်နဲ့ ဘဝကိုရင်းနှီးမြှပ်နှံပြီး မိသားစု(သို့)တစ်စုံတစ်ယောက်ကိုချစ်ရခြင်းရဲ့ အဓိပ္ပါယ်တွေကိုစဉ်းစားလာကြပါတယ်။” ဟူ၍ နိုဒါကရှင်းပြသည်။ အချို့လူနာများ ဤသို့အချိန်ကာလကြာမြင့်စွာခံစားနေရလျှင် ပညာရှင်နှင့်တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ကြောင်းလည်း နိုဒါကဆိုသည်။
နိုဒါသည် ၎င်း၏လုပ်ငန်းစတင်သည့်အနေနှင့် နျူကလီးယားဓါတ်ပေါင်းဖိုမှ ကီလို ၃၀ အကွာဖူကူရှီးမားနေဆိုမာထံသို့ မတ်လအကုန်ကသွားရောက်ခဲ့သည်။ ၎င်းနှင့်အနီးအနားတွင်လည်းစိတ်ကုပညာရှင်မျိုးမရှိပေ။ “ဆေးရုံတော့ရှိပါတယ်။ ဒါပေမယ့် ဆေးရုံမှာ စိတ်ပိုင်းဆိုင်ရာကုသမှုမရှိပါဘူး။ စိတ်ဝေဒနာခံစားနေရတဲ့ လူနာများစွာရှိနေပြီးကုသပေးမယ့်လူမရှိဘူးဖြစ်နေတယ်”။ စိတ်ပိုင်းဆိုင်ရာကုသပေးမည့်အဖွဲ့တစ်ခုကို အလျင်အမြန်ဖွဲ့စည်းခဲ့သော်လည်း လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း လူအများ၏ ခံစားမှုများနှင့် တွေ့ကြုံရမှုများကိုလိုက်လံမေးမြန်းနားထောင်ခဲ့သော နိုဒါ ဆိုသည်။
“လူတွေဟာအကြီးအကျယ်စိတ်ထိခိုက်ခံစားနေရပါတယ်။ သူတို့အိပ်လို့မပျော်ဘူး။ ကလေးတွေကလည်း ညတိုင်းငိုယိုနေကြပြီးတော့ ဘာလုပ်ရမှန်းမသိဘူးလို့ အချို့ကပြောတယ်။ သူတို့ကိုယ်သူတို့ ဒုက္ခ သည်တွေလိုပါပဲ။ ကိုယ့်အိမ်ကိုယ့်ယာကိုပဲ ပြန်သွားရမလားဒါမှမဟုတ် အခြားနေရာသစ်တစ်ခုကိုပဲ ပြောင်းရမလားဆိုတာသူတို့ဆုံးဖြတ်ရပါမယ်။ သူတို့ဘဝတွေဟာ တည်တည်ငြိမ်ငြိမ်မရှိပါဘူး။ ဘာမှလည်းလုပ်နိုင်စွမ်းမရှိဘူးဖြစ်နေကြပါတယ်။ ဒီအတိုင်းသာဆက်ခံစားနေရမယ်ဆိုရင် စိတ်ကျရောဂါကပိုကြီးထွားလာမယ်”။
ဖူကူရှီးမားရှိ လူအများ၏ အဖြစ်အပျက်များကိုတွေ့မြင်ရပြီးနောက် အလားတူခံစားနေရသော နိုင်ငံခြားသားများအပေါ် နိုဒါ စိုးရိမ်မိသည်။ “ဒီလိုအခြေအနေမျိုးမှာ နိုင်ငံခြားသားတွေရဲ့ ခံစားချက်ကဂျပန်တွေထက်ပိုနိုင်ပါတယ်။ နိုင်ငံခြားသားတွေကို စိတ်ပိုင်းဆိုင်ရာကုသပေးရာမှာဂျပန်တွေကိုကုသပေးရတာထက် အချိန်နှစ်ဆပိုယူရပါတယ်။ သူတို့ ပြောတဲ့စကားတွေကို နှစ်နှစ်ကာကာအူလှိုက်သည်းလှိုက် နားထောင်ပေးဖို့ လိုပါတယ်”ဟု နိုဒါကပြောသည်။ ၎င်းတို့အဖွဲ့သည်လည်း လိုအပ်သည်များကိုဆောင်ရွက်ရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်းဆိုသည်။
“သူတို့အတွက် ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပြီဖြစ်ကြောင်းလူတွေကို ကျွန်တော် အသိပေးလိုပါ တယ်။ အများကတော့ စိတ်ပိုင်းဆိုင်ရာအကူအညီယူဖို့အတွက် တောင်းခံဖို့ ဝန်လေးနေပါလိမ့်မယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းထုတ်ဖေါ်ပြောဆိုပြီး ကျွန်တော်တို့ကိုဆက်သွယ်ဖို့ တိုက်တွန်းလိုပါတယ်။” ဟူ၍ နိုဒါကလှိုက်လှိုက်လှဲလှဲပြောကြားခဲ့သည်။
ဘာသာပြန်သူ-၀မ်အိုဝမ်း(Japan Times မှ)

ဦးခွန်ထွန်းဦး အပါအဝင် ရှမ်းခေါင်းဆောင် ကိုးဦးနှင့် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရန် တောင်းဆိုဆန္ဒပြ
လွန်ခဲ့သော ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နှင့် ((၉)ရက်နေ့များတွင် နအဖ စစ်အာဏာရှင်တို့က ဦးခွန်ထွန်းဦး ၊ ဗိုလ်ချုပ်ဆေထင်အပါအဝင် ရှမ်းခေါင်းဆောင် (၉)ဦးတို့အား ရှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းရန် ကြိုးပမ်းခြင်းမှာ ဥပဒေနှင့်ဆန့်ကျင်သည်ဟု ပြစ်မှုဘောင်ဝင်အောင် အတင်းအကြပ်ဖန်တီးပြီး နိုင်ငံရေးအရ စွပ်စွဲကာ ဖမ်းဆီးခဲ့ပါသည်။ယနေ့ထိတိုင် မိမိတို့၏ ယုံကြည်ချက် အသီးသီးဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အကျဉ်းထောင်များ၏ သံတိုင်ကြားမှ ရဲရဲတောက် တိုက်ပွဲဝင်လျက်ရှိကြသော ဦးခွန်ထွန်းဦး ၊ ဗိုလ်ချုပ်ဆေထင်အပါအဝင် ရှမ်းခေါင်းဆောင် (၉)ဦး နှင့် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်လာစေရန် တွက် တောင်းဆိုမှုကို ယနေ့ ဇွန်လ (၉)ရက်နေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသူများက တိုကျိုမြို့ ရှီဘူယရပ်ကွက်တွင်ရှိသော ကုလသမဂ္ဂရုံးရှေ့တွင် (၃) နာရီ မှ (၄) နာရီ အထိပြုလုပ်ခဲ့ကြပါသည်။
စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းကို ပံ့ပိုးဖော်ဆောင်ရန် ကြိုးပမ်းခဲ့သော ဦးခွန်ထွန်းဦးအပါဝင် ရှမ်းတိုင်းရင်းသားခေါင်းဆောင်ကိုးဦးတို့အား ပြည်ထောင်စုမှခွဲထွက်ရန် ကြိုးပမ်းသူများဟု သတ်မှတ်ကာ စစ်အာဏာရှင်တို့က မြန်မာနိုင်ငံအတွင်း အပြင်းထန်ဆုံး ပြဌာန်းထားသည့် ပြစ်မှုကြီးများဖြင့် အရေးယူကာ ဦးခွန်ထွန်းဦး ထောင်ဒဏ် (၉၃) နှစ်၊ ဗိုလ်ချုပ်ဆေထင် အား ထောင်ဒဏ် (၁၀၆) နှစ် ၊ စိုင်းနွတ် (ခ) စိုင်းညွန့်လွင် ( ၈၅ ) နှစ် နှင့် အခြား ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များအား ထောင်ဒဏ် (၇၅)နှစ်စသည်ဖြင့် မတန်တဆ နှစ်ရှည်ထောင်ဒဏ်ကြီးများကို ချမှတ်စီရင်ကာ သွားလာမှုခက်ခဲ့သည့် မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးရှိ အကျဉ်းထောင်များတွင် ချုပ်နှောင်ထားခြင်းကို ခံနေရသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ တရားမျှတမှုမရှိသော ဥပဒေမဲ့အပြစ်ပေးအရေးယူမှုကို ပြစ်တင်ရှုံ့ချခဲ့ကြသည်။၂၀၀၅ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် အမေရိကန်နိုင်ငံမှ ”နိုင်ငံတွင်းစစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်ရေးသို့ ဦးတည်သော အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေနွေးပွဲများတွင် အပြည့်အဝပူးပေါင်းပါဝင်နိုင်ရေး အတွက် ဦးခွန်ထွန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးအား ခြွင်းချက်မရှိ အချက်ချင်းလွတ်ပေးရန်တောင်းဆိုခဲု့သည်။
၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် အီတလီနိုင်ငံ မွန်ဇာမြို့တော်ဝန်က ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို ဦးခွန်ထွန်းဦးအား ပေးအပ်ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။
၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် အီတလီနိုင်ငံ မွန်ဇာမြို့တော်ဝန်က ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို ဦးခွန်ထွန်းဦးအား ပေးအပ်ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။
ယနေ့ကျင်းပသော အခမ်းအနားတွင် ဦးခွန်ထွန်းဦး နှင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အကျဉ်းထောင်အသီးသီးတို့တွင် မိမိတို့ယုံကြည်ချက်ကြောင့် အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ရန် တောင်းဆိုမှုနှင့်အတူ ရှေ့တန်းတွင်တိုက်ပွဲ ဝင်နေသော SSA ရဲဘော်များအတွက် ပံ့ပိုးကူညီသော အလှူငွေပေးအပ်သည့် အစီအစဉ်ပါပူးတွဲ ကျင်းပခဲ့ပါသည်။
အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကလည်း ဦးခွန်ထွန်းဦးနှင့် တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာသည် အထိတောင်းဆိုမှုများကိုပြုလုပ်သွားမည်ဖြစ်ကြောင်း၊သျှမ်းခေါင်းဆောင်များ၏ လက်ရှိ ကျန်းမာရေးအခြေအနေများကိုလည်းကောင်း ပြောကြားခဲ့ပါသည်။ ဦးခွန်ထွန်းဦး ၊ ဗိုလ်ချုပ်ဆေထင်နှင့်စိုင်းညွန့်လွင် အပါအဝင် သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် များအား ဝေးလံခေါင်သီသော နယ်စွန်နယ်ဖျားထောင်များသို့ ပို့ဆောင်ခံရပြီးနောက်ပိုင်း တနှစ်ထက် တနှစ် ကျန်းမာရေးအခြေအနေ ဆိုးရွားလာကြောင်း သိရှိရပါသည်။
ဦးခွန်ထွန်းဦးတွင် ဆီးကျိတ်ရောင်ရောဂါ၊ သွေးတိုး၊နှလုံး၊အစာအိမ်ရောဂါ ရှိသည့်အပြင် အာရုံကြောအားနညးပြီး နားအူသည့်ရောဂါဝေဒနာကို ခံစားနေရပါသည်။ ကျန်းမာရေး ချိုတဲ့နေသော်လည်း စိတ်ဓါတ်ရေးရာ ကြံ့ခိုင်မှုမှာ လေးစားဖွယ်ကောင်းလှပါသည်။ပူတာအိုဆေးရုံမှ အထွေထွေရောဂါကုဆရာဝန် တလတစ်ခါပဲ ဦးခွန်ထွန်းဦး၏ ကျန်းမာရေးအခြေအနေကို ဆေးလာစစ်ပေးကြောင်းလည်းသိရှိရပါသည်။
သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် အား မေလ (၁၁) ရက်နေ့တွင် အာဏာပိုင်များ
က မိသားစုဝင်များအား အသိမပေးပဲ မျက်လုံးခွဲစိတ်ကုသပေးပြီး စစ်တွေမြို့သံဃာဆေးရုံတွင် (၅) ရက်ကြာ ဆေးကုသခွင့်ပေးခဲ့သောကြောင့် ယခုအခါတွင် မျက်စီအမြင်ကြည်လင်မှုရှိလာပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိနေပါသည်။
ကျောက်ဖြူထောင်ရောက် သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် ဦးထွန်းညိုမှလွဲလျှင် ကျန်ရှိနေသော အကျဉ်းကျသျှမ်းခေါင်းဆောင်များသည် ကျန်းမာရေးရာ ၊ စိတ်ဓါတ်ရေးရာအခြေအနေများ ချို့ယွင်းလျက်ရှိကြောင်းလည်းသိရှိရပါသည်။စိတ်ဓါတ်အကျဆုံးမှာ မြင်းခြံမြို့ အကျဉ်းထောင်တွင် ထောင်ဒဏ် (၇၉) နှစ်ကျခံနေရသော စိုင်းမျိုးဝင်းထွန်းဖြစ်ပါသည်။
အကျဉ်းကျသျှမ်းခေါင်းဆောင်များအနက် သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် (တောင်ကြီး) ဆရာဦးမြင့်သန်းထောင်ဒဏ် (၇၉)နှစ်သည် ၂၀၀၆ ခုနှစ်၊မေလတွင် ရခိုင်ပြည်နယ် သံတွဲထောင်တွင် အကျဉ်းကျနေစဉ် ကွယ်လွန်ခဲ့ပါသည်။
(သျှမ်းခေါင်းဆောင်များ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်သည့် အချက်အလက်များကို ၂၀၁၁ ၊မေလ (၃၁) နေ့ တွင် ဖော်ပြထားသော သျှမ်းသံတော်ဆင့်မှ ကိုးကားပါသည်။)
ဦးခွန်ထွန်းဦး ၊ ဗိုလ်ချုပ်ဆေထင်နှင့်စိုင်းညွန့်လွင် အပါအဝင် သျှမ်းပြည် မျိုးဆက်သစ် ခေါင်းဆောင်တို့
အား နအဖ စစ်အာဏာရှင်တို့က ပြည်ထောင်စု မြန်မာနိုင်ငံအား ပြိုကွဲစေရန် ကြံရွယ်ဆောင်ရွက်သည်
ဟု နိုင်ငံရေးအရ စွပ်စွဲပြီး ပြစ်ဒဏ်စီရင်ထားမှုမှာ ဥပဒေနှင့်လုံးဝဆန့်ကျင်ကာ မတရားပြစ်ဒဏ် ပေးထားခြင်းသာဖြစ်သည်။လစဉ်လတိုင်း ၏ (၉) ရက်နေ့တွင် ဦးခွန်ထွန်းဦးနှင့် သျှမ်းခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာစေရန် တောင်းဆိုမှုကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပေးပို့သူ-နန်းအိမွန်ချစ်(MTK)

Wednesday, June 8, 2011
ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်
သွေးလှူခြင်း၊ ငါးလွှတ်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကူညီထောက်ပံ့ခြင်း၊
ထိုင်းနယ်စပ်ရှိ မြန်မာကလေးငယ်များကို အာဟာရဒါနကျွေးမွေးခြင်းများနှင့်
ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများပြုလုပ်မည်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၊ ပြည်သူ အပေါင်းယုံကြည်လေးစားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၏ ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၆၆)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများနှင့် ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်မှ အဖွဲ့ဝင်များပူးပေါင်း၍ ကောင်းမှုကုသိုလ်ပြုပွဲများ၊ အလှူအတန်းပြုလုပ်ကြခြင်းများကို သိုက် သိုက်ဝန်းဝန်းဆောက်ရွက်ကြမည်ဟုသိရှိရသည်။
ဦးစွာပထမအနေဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ဖွင့်လှစ်ထားသော
'သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း' (၃)ကျောင်းတွင် ပညာနို့ချိုသောက်သုံးနေကြသည့်
မြန်မာတိုင်းရင်းသား ကလေးသူငယ် စုစုပေါင်း တစ်ထောင်နီးပါးကို အမျိုးသားခေါင်းဆောင်
ဒေါ်အောင်ဆန်း စုကြည်မွေးနေ့ရက်မြတ်မင်္ဂလာတွင် နံနက်စာထမင်းကျွေး မွေးခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။(အချိန်နှင့်
နေရာကို ထပ်မံကြေငြာပေးပါမည်)
ထို့နောက် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်တော်ကျောင်း တွင် ဇွန်လ ၁၉ ရက်(တနင်္ဂနွေ)နေ့၊ နေ့လယ် ၂း၀၀ နာရီမှစတင်ပြုလုပ်မည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ရည်စူး၍ ဆန်နှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူတန်းကြဦးမည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင်လည်း ယခင်နှစ်များအတိုင်း သွေးလှူခြင်း၊
ဇီဝိတဒါနငါး လွှတ်ခြင်းများကို ပြုလုပ်ကြမည်ဖြစ်သည်။ (အချိန်နှင့်နေရာကို ထပ်မံကြေငြာပေးပါမည်)
ထို့အပြင် မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် စွန့်လွတ်အနစ်နာခံကာ
ပေးဆပ်နေကြသည့် နိုင်ငံရေးအကျဉ်းများအတွက် အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်လုပ်ဆောင်နေကြသော
အညတရသူရဲကောင်းဆုချီးမြှင့်ရေး ကော်မတီသို့ မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ
ငွေကြေးလှူတန်းခြင်းများ ပြုလုပ်ကြ ဦးမည်ဖြစ်သည်။(အချိန်နေရာနှင့် ပေးအပ်မည့်ငွေကြေးပမာနကို
ထပ်မံကြေငြာပေးပါမည်)
သို့ဖြစ်ပါ၍ အတူတကွ ပူးပေါင်းပါဝင်ကုသိုလ်ပြုလိုသူများနှင့်
လှူတန်းလိုသူများ အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
သွေးလှူခြင်း၊ ငါးလွှတ်ခြင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ
ပညာနို့ရည်ချို သောက်သုံးနေကြသည့် 'သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း'
(၃)ကျောင်း မှ မြန်မာတိုင်းရင်းသား ကလေးသူငယ် စုစုပေါင်း တစ်ထောင်နီးပါးကို နံနက်စာအာဟာရဒါနပြုလုပ်ခြင်းနှင့်
အညတရသူရဲကောင်းဆုချီးမြှင့်ရေးကော်မတီထံသို့ ငွေကြေးလှူတန်းလိုသူများအတွက် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့ဝင်များထံသို့
ဆက်သွယ်လိုပါက-
မတင်တင်ဝင်း ၀၉၀ ၈၇၂၀ ၉၀၁၇၊
မချယ်ရီသန်း ၀၈၀ ၁၂၁၉ ၈၅၃၀၊
ကိုမောင်သန့် ၀၈၀ ၃၆၉၉ ၆၀၄၅၊
ကိုမောင်မောင်အေး ၀၉၀ ၆၀၁၇ ၇၆၇၅၊
ကိုစိုးဝင်းရှိန် ၀၉၀ ၄၁၂၈ ၄၇၂၅၊
ကိုမိုးညို ၀၈၀ ၅၆၄၂ ၄၂၁၆၊
ကိုတိုးကြည်ဆွေ ၀၉၀ ၆၁၉၈ ၁၉၆၂၊
မနန်းအိမွန်ချစ် ၀၈၀ ၃၇၁၅၅၇၅၂၊
ကိုဟန်ဝင်းထွန်း ၀၈၀ ၆၇၉၁ ၈၄၀၂၊
ကိုရန်မျိုးကျော် ၀၈၀ ၄၁၆၅ ၁၁၃၇၊
ကိုဝင်းအောင် ၀၈၀ ၆၅၀၇ ၃၈၀၇၊
မလီလီမေ ၀၉၀ ၃၀၀၃ ၉၇၈၈
ကိုမင်းညိုဝမ်း ၀၈၀ ၄၀၆၄ ၆၈၀၆ထို့ထံ ဆက်သွယ်နိုင်ပါသည်။
ကိုမင်းညိုဝမ်း ၀၈၀ ၄၀၆၄ ၆၈၀၆ထို့ထံ ဆက်သွယ်နိုင်ပါသည်။
ဂွန်းမရှိ မြန်မာများအနေဖြင့် ကိုအောင်ဌေး(ဝ၉ဝ
၁၄၆၆ ၅၅၅၃)နှင့် မဌေးဌေးဝင်း(ဝ၉ဝ ၂၇၂၉ ဝ၇၇၄)တို့ထံဆက်သွယ်၍ လှူတန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခါသမယ၌ သံသရာဆင်းရဲခြင်းဒုက္ခအပေါင်းမှ
လွတ်ကင်းရာ လွတ်ကင်းကြောင်း ရည်မှန်း၍ ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်တော်ကျောင်းတွင်
ဆွမ်းဆန်စိမ်းလောင်းလှူမည့် ကုသိုလ်ဒါနပြုပွဲသို့ လှူတန်းလိုပါက တိုကျိုမြို့အခြေစိုက်
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(ဂျပန်) HRDP-JAPANမှ
တာဝန်ခံများဖြစ်သော-
တာဝန်ခံများဖြစ်သော-
ကိုသားကြီး ၀၈၀ ၄၁၄၇ ၄၀၉၅၊
ကိုအောင်ကြီး ၀၈၀ ၁၂၆၁ ၅၁၇၉၊
ကိုညီညီပေါက် ၀၉၀ ၁၆၅၁ ၇၆၄၀ ထို့ထံ ဆက်သွယ်နိုင်ပါသည်။
ထိုင်းနယ်စပ်ရှိ မြန်မာတိုင်းရင်းသားကလေးများအတွက်
အကျွေး အမွေးအစီအစဉ်ကို မဲဆောက်ရှိ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(HRDP)မှ
တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး ယခုအကြိမ်နှင့်ဆို ၄ ကြိမ်ရှိသွားပြီဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(HRDP)မှ
ဒေါ် အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်း တာဝန်ယူဆောင်ရွက်ပေးခဲ့မှုမှတ်တမ်းများ-
(၁) ၂ဝဝ၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်(၆၃)နှစ်ပြည့်မွေးနေ့
ဒုလ္လဘရဟန်းဝတ်လိုသူ ထိုင်းနိုင်ငံရောက် မြန်မာလူမျိုး ၆၃ ဦးကို ပဉ္ဇင်းတက်ပေးခြင်း၊ (ဂျပန်HRDPနှင့်ပူးတွဲ၍)
ဒုလ္လဘရဟန်းဝတ်လိုသူ ထိုင်းနိုင်ငံရောက် မြန်မာလူမျိုး ၆၃ ဦးကို ပဉ္ဇင်းတက်ပေးခြင်း၊ (ဂျပန်HRDPနှင့်ပူးတွဲ၍)
(၂) ၂ဝဝ၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်(၆၄)နှစ်ပြည့်မွေးနေ့
ထိုင်းနိုင်ငံ၊ တပ်ခရိုင် မဲဆောက်မြို့အတွင်းရှိ မြန်မာနိုင်ငံသူ/သား ၃ ထောင်ကျော်ကို ဂျပန်ယန်း ၃ဝဝ (ထိုင်းဘတ် ၁ဝဝ)နှင့်ညီမျှသော အစားအသောက်များ ပေးဝေလှူတန်းခြင်း၊(ဂျပန် HRDPနှင့်ပူးတွဲ၍)
ထိုင်းနိုင်ငံ၊ တပ်ခရိုင် မဲဆောက်မြို့အတွင်းရှိ မြန်မာနိုင်ငံသူ/သား ၃ ထောင်ကျော်ကို ဂျပန်ယန်း ၃ဝဝ (ထိုင်းဘတ် ၁ဝဝ)နှင့်ညီမျှသော အစားအသောက်များ ပေးဝေလှူတန်းခြင်း၊(ဂျပန် HRDPနှင့်ပူးတွဲ၍)
(၃) ၂ဝ၁ဝ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်(၆၅)နှစ်ပြည့်မွေးနေ့
ထိုင်း-မြန်မာနယ်စပ်ဒေသတွင်ဖွင့်လှစ်ထားသော သွေးသစ်စာသင်ကျောင်း၊ ရွှေသဇင်နှင့် ဆာမူထော်စာသင်ကျောင်းရှိ ကလေးများအတွက် ပညာဒါနပျိုးပင်စိုက်ပျိုးခဲ့ခြင်းနှင့်
ထိုင်း-မြန်မာနယ်စပ်ဒေသတွင်ဖွင့်လှစ်ထားသော သွေးသစ်စာသင်ကျောင်း၊ ရွှေသဇင်နှင့် ဆာမူထော်စာသင်ကျောင်းရှိ ကလေးများအတွက် ပညာဒါနပျိုးပင်စိုက်ပျိုးခဲ့ခြင်းနှင့်
(၄) ၂ဝ၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်(၆၆)နှစ်ပြည့်မွေးနေ့
ထိုင်း-မြန်မာနယ်စပ်ဒေသတွင် ဖွင့်လှစ်ထားသော သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်းရှိ ကလေးများအတွက် အစာအာဟာရကျွေးမွေးလှူတန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း(ဂျပန် HRDPနှင့်ပူးတွဲ၍)
ထိုင်း-မြန်မာနယ်စပ်ဒေသတွင် ဖွင့်လှစ်ထားသော သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်းရှိ ကလေးများအတွက် အစာအာဟာရကျွေးမွေးလှူတန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း(ဂျပန် HRDPနှင့်ပူးတွဲ၍)
မှတ်ချက်။
ငါးလွှတ်ခြင်း၊ သွေးလှူခြင်းနှင့် ကလေးများအတွက် အာဟာရဒါနပြုလုပ်မည့်
(၁)အစီအစဉ်၊ (၂)အချိန်နှင့် (၃)နေရာတို့ကို ထပ်မံအသိပေးအကြောင်းကြားပါမည်။
အလှူရှင်များ၏နာမည်နှင့် လှူတန်းခဲ့သည့်ငွေကြေးပမာနကိုလည်း
စာရင်းအတိအကျ ထုတ်ပြန်ပေးပါမည်ဖြစ်ပါကြောင်း။
Tuesday, June 7, 2011
မယ်တော်ကျောင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မှာ သံဃာ့ဒါန စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို မကြာမီကျင်းပပြုလုပ်နိုင်ရန် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားက ၀ိုင်းဝန်းကြိုးပမ်းလျက်ရှိကြောင်းသိရှိရသည်။ ၀ါတွင်းကာလအကြိုအဖြစ် ဇွန်လ (၁၉)ရက်နေ (တနင်္ဂနွေနေ့)တွင်ကျင်းပမည့် အဆိုပါစုပေါင်းဆွမ်းဆန်စိမ်းလောင်းပွဲသည် ပထမဆုံးအကြိမ် ၀ိုင်းဝန်း ကျင်းပခြင်းဖြစ်ပြီး သံဃာအပါး ၃၀၀ ကျော်အား ဆွမ်းဆန်စိမ်းနှင့် အခြားလှူဖွယ်ပစ္စည်းမျာ ၀ိုင်းဝန်း လှူဒါန်းကြမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် သီတင်းသုံးနေသည့် ထိုင်းသံဃာတော်များ၊ မြန်မာသံဃာတော်များသာမက မြန်မာဖက်ခြမ်းမှ သံဃာတော်များကိုလည်း သံဃာ့သမဂ္ဂီဖြစ်ရန် ပင့်ဖိတ် လောင်းလှူကြမည်ဟုလည်း သိရှိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို မဲဆောက်မြို့ မယ်တော်ကျေးရွာ မယ်တော်ဆေးခန်းအနီးရှိ ၀ပ်ထိုင်းဝပ်ထနာလန် (မယ်တော်ကျောင်း)တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး သံဃာတော်အရှင်မြတ်များ အမှူးထား၍ ဈေးသူဈေးသားများ၊ စက်ရုံအလုပ်သမားများနှင့် သာရေးနာရေးလူမှုရေး ဘာသာရေး အလုပ်သမားရေး ဆောင်ရွက်နေသူများ အများအပြား ၀ိုင်းဝန်းကျင်းပကြမည်ဖြစ်သည်။
နေ့လယ် ၂နာရီတွင် ကျင်းပမည့် အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်သံဗျောသံများဖြင့် သာသနာအလံတလူလူ လွှင့်ကာ စည်စည်ကားကားကျင်းပနိုင်ရေးအတွ က် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများသာမက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများလည်း ၀ိုင်းဝန်း လှူဒါန်း ကုသိုလ်ပါဝင်ရန် နှိုးဆော်ထားသည်။
အယ်ဒီတာမှတ်ချက်-
ဇွန် ၁၉ ရက်နေ့သည် မြန်မာပြည်သူ/သားအပေါင်း လေးစားချစ်မြတ်နိုးသည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည့်မြောက် မွေးနေ့ရက်မြတ်မင်္ဂလာအခါသမယဖြစ်ပြီး အဆိုပါနေ့တွင်ပြုလုပ်မည့် ဆွမ်ဆန်းစိမ်းလောင်း လှူပွဲသို့ ဂျပန်ရောက်မြန်မာများမှလည်း ပါဝင်ကုသိုလ်ပြုနိုင်ရန် စီစဉ်နေကြကြောင်းသိရသည်။
Monday, June 6, 2011
ဒေါ်အောင်ဆန်းစုကြည် Video Messageနှင့် အညတရဆုချီးမြှင့်ခံရသူများ၏ အတ္ထုပတ္တိများ
အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားသို့ပေးပို့ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် Video Messageနှင့် ပထမအကြိမ်ဆုချီးမြှင့်ခြင်းခံရသည့်
(၁)ဆရာတော်ဦးဣန္ဒက၊
(၂)ဦးခင်ဝင်းနှင့်
(၃) ကိုသန်းနိုင်တို့၏အတ္ထုပတ္တိအကျဉ်း
ပေးပို့သူ-အောင်လင်းနိုင်
(၁)ဆရာတော်ဦးဣန္ဒက၊
(၂)ဦးခင်ဝင်းနှင့်
(၃) ကိုသန်းနိုင်တို့၏အတ္ထုပတ္တိအကျဉ်း
ပေးပို့သူ-အောင်လင်းနိုင်
Sunday, June 5, 2011
ပကာသနမပါသော အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားကျင်းပပြုလုပ်၊ ဆက်လက်လုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်မှ အမှာစကားပြောကြား
မြန်မာပြည်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာစေရေးအတွက် စွန့်လွှတ်အနစ်နာခံကာ ပေးဆပ်ဆောင်ရွက်နေကြသည့် နိုင်ငံရေးအကျဉ်းသားအားလုံး၏ အရေးကိစ္စများကို ပိုမိုအာရုံစိုက်လာစေရန်နှင့် အညတရသူရဲကောင်းဆုချီးမြှင့်ရေးလုပ်ငန်းစဉ်တွင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပိုမိုပူးပေါင်းပါဝင်လာစေရန်အတွက် အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားကို ဆုချီးမြှင့်ရေးကော်မတီဝင်များမှ ပကာသနမပါသော လုပ်ရပ်များဖြင့် ယနေ့(ဇွန်လ ၅ ရက်)ကျင်းပပြုလုပ်သွားခဲ့သည်။
ဂျပန်ရောက် မြန်မာအများ စုဝေးလေ့ရှိသည့် တိုကျိုမြို့၊ တာကာဒါနိုဘာဘာဘူတာအနီးရှိ Seiketsu Consumer Center (4 F)တွင် ဂုဏ်ပြုပွှဲအခမ်းအနားကို နေ့လယ် ၁း၃၀ မှ ၅း၀၀ နာရီအထိ ကျင်းပသွားခဲ့ပြီး၊ ၎င်းအခမ်းအနားတွင် ပထမအကြိမ်မြောက်အညတရသူရဲကောင်းဆုချီးမြှင့်ခံရသူတို့၏အတ္ထုပတ္တိများ ဖတ်ကြားခြင်း၊ အေအေပီပီမှပေးပို့လာသည့်သ၀ဏ်လွှာအားဖတ်ကြားခြင်း၊ အညတရသူရဲကောင်းဆုချီးမြှင့်ခြင်းခံခဲ့သူများ၏ မှတ်တမ်းဗွီဒီယိုဖွင့်လှစ်ပြသခြင်း၊ တက်ရောက်လာကြသူများမှ ဂုဏ်ပြုကဗျာများရွတ်ဆိုခြင်းနှင့် မိမိတို့၏ ရင်းတွင်းခံစားချက်အမြင်များကို ပြောကြားခြင်းများပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတက်ရောက်လာကြသူများကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်မှ “နိုင်ငံရေးအကျဉ်းသား၏အရေးကိစ္စများကို စိတ်ဝင်စားသဖြင့်တက်ရောက်လာသည်ဟု မိမိယူဆပါကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်စေရန်နှင့် ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံပေးဆပ်မှုများကို မမေ့ဖို့အတွက် အညတရသူရဲကောင်းချီးမြှင့်သည်ဟု ထင်မြင်ပါကြောင်း၊ ဆုချီးမြှင့်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့ကြသူများကိုလည်း ကျေးဇူးတင်ရှိကြောင်းနှင့် လေးစားဂုဏ်ယူပါကြောင်း” ပြောကြားခဲ့သည့် Video Messageကိုလည်း ဖွင့်လှစ်ပြသခဲ့သည်။
ထို့အပြင် ယုံကြည်ချက်အရ အနစ်နာခံပြီး လုပ်ဆောင်ပေးနေကြသည့် နိုင်ငံရေးအကျဉ်းသားများကို ကူညီထောက်ပံ့သည့်လုပ်ရပ်များကိုလည်း ဆက်လက်လုပ်ဆောင်ပေးကြဖို့ကိုလည်း တက်ရောက်လာသူများကို တိုက်တွန်းပြောကြားခဲ့သည်။
ယနေ့အခမ်းအနားကို တာဝန်ယူဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည့် ကိုမင်းထက်ဇော်မှ နိုင်ငံရေးအကျဉ်းသားများနဲ့ အညတရသူရဲကောင်းတို့ရဲ့စိတ်ဓါတ်နဲ့စေတနာကို ပိုမိုလေးစားတန်ဖိုးထားရန်နှင့် တမျိုးသားလုံး အာဏာရှင်လက်အောက်မှ အမြန်ဆုံးလွတ်မြောက်စေရန် စွန့်လွတ်အနစ်နာခံပြီး ပေးဆပ်နေကြသူများကို ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသူ/သားများအချင်းချင်း တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လာစေဖို့အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း မိုးသောက်ကြယ်သို့ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အညတရသူရဲကောင်းဆုဂုဏ်ပြုချီးမြှင့်သည့်လုပ်ငန်းကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အားလုံးနှင့်အတူလက်တွဲကာ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သောကြောင့် တက်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလှုံ့ဆော်ခဲ့သည်။
ဒုတိယအကြိမ်မြောက် ဆုချီးမြှင်ခြင်းအခမ်းအနားကို မကြာမှီအချိန်ကာလအတွင်း၌ ပေးအပ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရှိရပြီး ပထမတစ်ကြိမ်ထက် ၂ ဦးပိုတိုးကာ အညတရသူရဲကောင်းဆုကို ၅ ဦးအထိ ချီးမြှင့်ဂုဏ်ပြုမည်ဟုလည်း သိရှိပါသည်။
ပထမအကြိမ် အညတရသူရဲကောင်းဆုချီးမြှင့်ခြင်းကို မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သည့် ဧပြီလ ၁၇ ရက်က ပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများမှာ ဆရာတော်ဦးဣန္ဒက၊ ဦးခင်ဝင်းနှင့် ကိုသန်းနိုင်တို့ဖြစ်သည်။း တစ်ဦးလျင် မြန်မာငွေဆယ်သိန်းတိတိ ချီးမြှင့်ဂုဏ်ပြုခဲ့သည်ဟုလည်း သိရှိပါသည်။
အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့လာသည့် Video Messageဖိုင်ကို မကြာမှီအချိန်အတွင်း တင်ဆက်ပေးပါမည်။
ရေးသားသူ-မောင်ရှင်(MTK)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)

Wednesday, June 1, 2011
အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်မည်
နိုင်ငံရေးအကျဉ်းသားအားလုံး၏ အရေးကိစ္စအား ပိုမိုအာရုံစိုက်လာစေရန်နှင့် အညတရသူရဲကောင်းဆုချီးမြှင့်ရေး လုပ်ငန်းစဉ်တွင် ပိုမိုပူးပေါင်းပါဝင်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် လာမည့်တနင်္ဂနွေနေ့(ဇွန်လ ၅ ရက်)တွင် အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားတရပ်ကို ဆုချီးမြှင့်ရေးကော်မတီကဦးစီး၍ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ တကာဒါနိုဘာဘာဘူတာအနီးရှိ Seiketsu Consumer Center (4 F) တွင် အောက်ပါအစီအစဉ်အတိုင်းကျင်းပမည်ဟု သိရှိရပါသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားသို့ပေးပို့လာသော Viedo Message ကိုလည်း ဖွင့်လှစ်ပြသမည်ဟုလည်းသိရှိရပါသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားသို့ပေးပို့လာသော Viedo Message ကိုလည်း ဖွင့်လှစ်ပြသမည်ဟုလည်းသိရှိရပါသည်။
Tuesday, May 31, 2011
ဒီပဲယင်း(၈)နှစ်ပြည့် အခမ်းအနား အခွန်ရုံးရှေ့တွင်ကျင်းပ
လွန်ခဲ့သော ၂၀၀၃ ခုနှစ် မေလ(၃၀)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥကဌဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်သည့် စစ်ကိုင်းတိုင်းလူထုစည်းရုံးရေးခရီးစဉ်တွင် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့အနီးရှိ ကျည်ရွာတွင် စစ်အုပ်စု၏အကြမ်းဖက်တိုက်ခိုက်မှုကိုခံခဲ့ရသည့် ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး (၈)နှစ်ပြည့်အခမ်းအနားကို ယနေ့ မေလ ၃၀ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီနာဂါဝ ရပ်ကွက်ရှိ မြန်မာအကောက်ခွန်ရုံးရှေ့တွင် မွှန်းလွှဲပိုင်း (၃) နာရီ မှ (၄.၄၅) နာရီ အထိ ကျင်းပခဲ့ရာ ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံမှ တက်ရောက်ခဲ့ကြပါသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်ကို တိုက်ခိုက်ခံခဲ့ရတာ ယနေ့တွင် (၈)နှစ် တင်းတင်းပြည့်ခဲ့သော်လည်း ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြီးကိုကျူးလွန်ခဲ့တဲ့ တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမရှိပဲ နစ်နာသူတွေသာ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်အရေးယူခြင်းခံခဲ့ရပါသည်။
မြန်မာနိုင်ငံတွင် မတရားမှုတွေ ကျူးလွန်ခဲ့တာကြာပါပြီ။အထင်ရှားဆုံး မှတ်တိုင်မှာ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုကြီး ဖြစ်ပါသည်။သို့သော်လည်း ထိုလုပ်ကြံမှုကြီးကို ဖော်ထုတ်စုံစမ်း ဥပဒေအရ အရေးယူခြင်းမရှိသောကြောင့် ကျူးလွန်သူတွေက သူတို့လုပ်ရပ် မှန်ကန်တယ်ဟုထင်မြင်ယူဆကာ မြန်မာ့သမိုင်းတွင် မကောင်းတွင်ကျန်ရစ်မည်မှာဧကန်မလွဲ ပင်ဖြစ်ပါသည်။
ယနေ့ကျင်းပသော ဒီပဲယင်းနိုင်ငံတော်ကြီး လုပ်ကြံမှုကြီး၏ (၈)နှစ်ပြည့် အခမ်းအနားတွင် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကလည်း ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး၏ဖြစ်စဉ်ကို ရှင်းလင်းပြောကြားသွားခဲ့ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန် ) မှ ဥက္ကဌ ဖြစ်သူ ဦးလှဟန်ကလည်း ”မြန်မာနိုင်ငံသားများ၏ တာဝန်တစ်ရပ်အနေဖြင့် နောင်မြန်မာနိုင်ငံတွင် စစ်အာရှင်စနစ်စိုးမိုးနေသရွေ့ ဒီပဲယင်းလို မတရားတဲ့ ဥပဒေမဲ့ ပြစ်မှုတွေကိုမကျူးလွန်နိုင်စေရန် သတိပေးတဲ့အနေနဲ့ ဒီလိုအခမ်းအနားတွေကို ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ဒီပဲယင်းနိုင်ငံတော်ကြီး လုပ်ကြံမှုကြီး၏ ဖြစ်ရပ်မှန်ကိုဖော်ထုတ်ပေးရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်ပေးရန်”တို့ကိုတောင်းဆိုခဲ့ပါသည်။
မြန်မာ့ဒီမိုကရေစီကွန်ယက်(ဂျပန်)မှလည်း ဒီပဲယင်းနှင့်ပတ်သက်သည့်တရားခံများကို ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုသည့် သဘောထားထုတ်ပြန်ချက်ကို မြန်မာ့အကောက်ခွန်ရုံး စစ်သံအမတ်ကြီးမှ တဆင့် နအဖ စစ်အာဏာရှင် သို့ပေးပို့ခဲ့ပါသည်။ ထို့နောက်အခမ်းအနားကို မေ(၃၀)ဒီပဲယင်းတွင် ကျဆုံးသွားသောသူများအတွက် လွမ်းသူပန်းခွေချကာ အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ ယနေ့ကျင်းပသော အခမ်းအနားကို ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသူ ၂၀၀ တက်ရောက်ခဲ့ကြပါသည်။

ရေးသားသူ-နန်းအိမွန်ချစ်(MTK)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)