This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, June 20, 2011

နိုင်ငံရေးသမားတွေ ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း


ဒီမိုကရေစီကို တကယ်လိုလားတဲ့သူတွေ၊ နိုင်ငံရေးသမားတွေအနေနဲ့ ရိုးရိုးကျင့် မြင့်မြင့်ကြံကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ ၆၆ နှစ်ပြည့်မြောက်မွေးနေ့မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်က ဒီဗွီဘီတီဗွီကို မွေးနေ့စကားပြောကြားနေစဉ်

ဒီဗွီဘီတီဗွီကို မွေးနေ့အမှာစကားပြောကြားစဉ် နိုင်ငံရေးလုပ်တဲ့နေရာမှာ ထင်ပေါ်ချင်တဲ့စိတ်၊ ကိုယ့်အတွက် ကိုယ်လုပ်တဲ့စိတ်တွေထားနေရင် အနှောက်အယှက်တွေဖြစ်နိုင်တာကိုလည်း သတိပေးသွားပါတယ်။

ဒါပေမယ့် နာမည်မထွက်ပဲ၊ လူချီးမွမ်းတာမခံရပဲနဲ့ ကိုယ့်ယုံကြည်ချက်ကို တစိုက်မတ်မတ်လုပ်တဲ့သူဟာ အမြင့်မြတ်ဆုံးလို့ သူ့အမြင်ကိုပြောရင်း ဒီမိုကရေစီလိုလားသူတွေအားလုံး ညီညွတ်ကြဖို့ တိုက်တွန်းသွားပါတယ်။

နိုင်ငံရေးအပေါ် သုံးသပ်ကြတဲ့နေရာမှာ အမြင်အမျိုးမျိုးရှိနိုင်ပေမယ့် အဓိကအရေးကြီးတာကတော့ ကိုယ်တတ်နိုင်သမျှ ကြိုးစားပြီး အမှားတွေ၊ အောင်မြင်မှုတွေအပေါ်မှာ သင်ခန်းစာယူဖို့ ကိုယ့်ရဲ့တာဝန်ကို ကျေကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

သူမအနေနဲ့လည်း နိုင်ငံရေးစလုပ်ကတည်းက ပြည်သူကိုကတိပေးထားတဲ့အတိုင်း အတတ်နိုင်ဆုံး၊ အကောင်းဆုံးလုပ်သွားမယ်ဆိုတဲ့ သန္နိဋ္ဌာန်ကိုလည်း ပြောကြားသွားပါတယ်။ အရင်မွေးနေ့တွေ၊ ဒီနှစ်မွေးနေ့တွေမှာ ဆုတောင်းပေးတဲံလူတွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်းနဲ့ ဒီဆုတောင်းတွေဟာ သူ့အတွက် အထောက်အကူပေးတယ်လို့လည်း ပြောကြားသွားပါတယ်။

ကဲ-ကျနော်တို့လေးစားပါတယ်။ ယုံကြည်ပါတယ်။ အားကိုးပါတယ်ဆိုတဲ့ခေါင်းဆောင်က သူမရဲ့ (၆၆)နှစ်ပြည့်မွေးနေ့မှာ အလွန်တစ်ရာမှ တန်ဖိုးရှိတဲ့စကားပြောလိုက်ပြီ။

လိုက်နာမှာလား...။ သို့တည်းမဟုတ် ငါ့မြင်းငါစိုင်းနေကြဦးမှာလား...။ သို့တည်းမဟုတ် ကျည်ထောက်လေးတွေ စွပ်လိုက် ချွတ်လိုက် လုပ်နေကြမှာလား

 

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ကလေး(၈၀၀)ကျော်ကို အာဟာရဒါနပြုလုပ်ခဲ့သည့် မှတ်တမ်းဓါတ်ပုံများ

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာတိုင်းရင်းသား ကလေးစာသင်ကျောင်း(၃)ကျောင်း (သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း)တို့တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် အာဟာရဒါနပြုလုပ်ခဲ့ရာ စုစုပေါင်း ကလေးဦးရေ ၈၀၀ ကျော်ကို နံနက်စာထမင်းကျွေးမွေးခဲ့သည့် မှတ်တမ်းဓါတ်ပုံများ
ပေးပို့သူ-စည်သူ(လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(HRDP))

Sunday, June 19, 2011

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မိုးသောက်ကြယ်နှင့်အတူ ကောင်းမှုကုသိုလ်ပြုသူ ယခင်နှစ်ထက်များပြား

ယနေ့(ဇွန်လ ၁၉)ရက်နေ့တွင် ကျရောက်သည့် မြန်မာဒီမိုကရေစီမီးရှုးတိုင်၊ ငြိမ်းချမ်းရေးနိုလ်ဘယ်လ်ဆုရှင်၊ ပြည်သူအပေါင်း လေးစားချစ်ခင်ကြသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံရှိ မြန်မာပြည်သူ/သားများမှ ဇီဝိတဒါနငါးလွှတ်ခြင်း၊ စုပေါင်းသွေးလှူခြင်းနှင့် အခြားသော ကောင်းမှုကုသိုလ်ပြုပွဲများကို သိုက်သိုက်ဝန်းဝန်းကျင်းပသွားခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါကောင်းမှုကုသိုလ်ပြုပွဲများကို မိုးသောက်ကြယ်စာကြည့်တိုက်မှကမကထ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၁၁ ကြိမ်မြောက်ရှိသွားပြီဟု တာဝန်ခံတစ်ဦးဖြစ်သူ မတင်တင်ဝင်းမှ ရှင်းပြခဲ့သည်။

“ကျမတို့အနေနဲ့ ကျမတို့လေးစားတဲ့ ချစ်မြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်း သွေးလှူတာတို့၊ ဇီဝိတဒါနအဖြစ် ငါးလွှတ်တာတို့ နောက်ပြီး နယ်စပ်မှာရှိတဲ့မြန်မာကလေးစာသင်ကျောင်းတစ်ချို့မှာ အာဟာရဒါနကျွေးမွေးတာတို့၊ ဆန် ဆီ ဆားအစရှိသဖြင့် လှူတန်းတာတို့ကို နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိပါတယ်။ သွေးလှူတာနဲ့ ငါးလွှတ်တာက ယခုအကြိမ်နဲ့ဆို ၁၁ ကြိမ်ရှိသွားပါပြီ။ မိုးသောက်ကြယ်စာကြည့်တိုက်အမည်မပေါ်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ရောက်တိုင်း ဒေါ်စုကိုလေးစားတဲ့သူတွေနဲ့ အခုလိုမျိုး စုပေါင်းပြုလုပ်နေကြပါ။ ဒီနှစ်မှာတော့ ယခင်နှစ်တွေနဲ့မတူပဲ ကျမတို့နဲ့အတူတကွပူးပေါင်းပြီး ငါးလွှတ်တာတို့ သွေးလှူတာတို့စတဲ့ ကုသိုလ်ပြုပွဲတွေမှာ ပါဝင်လာကြသူများတာကိုတွေ့ရပါတယ်။ ၀မ်းသာမိသလို သာဓု သာဓု သာဓုလို့လည်း လှိုက်လှိုက်လှဲလှဲခေါ်လိုက်ပါတယ်..”ဟု မတင်တင်ဝင်းမှဆိုသည်။


ဇီဝိတဒါနငါးလွှတ်ခြင်းကို ဦးစွာပထမကောင်းမှုကုသိုလ်ပြုလုပ်ခဲ့ကြပြီး ယခင်နှစ်ကပြုလုပ်ခဲ့သည့် ဆိုင်းတမခရိုင်၊ ခါဝါခုချီ(Kawaguchi)ဘူတာအနီးရှိ Arakawaမြစ်တွင်  ပြုလုပ်ခဲ့ကြသည်။

တိုကျိုနှင့်ဝေးလံသည့် ဂွန်းမဒေသမှ လာရောက်ကုသိုလ်ပြုသူ မဌေးဌေးဝင်းက “ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဇီဝိတဒါနကောင်းမှုကုသိုလ်ပြုတဲ့အနေနဲ့ ငါးလွှတ်မယ်လို့သိရလို့ မိုးသောက်ကြယ်နဲ့အတူ ကုသိုလ်ပြုပွဲမှာပါဝင်ဆင်နွှဲနိုင်ဖို့အတွက် လာရောက်ခြင်းဖြစ်ပါတယ်။ ငါးလွှတ်တယ်ဆိုတာကလည်း သူတစ်ပါးရဲ့အသက်ကိုလွတ်လွတ်လပ်လပ်နဲ့ အသက်ရှင်ခွင့်ပေးတာ။ ကျမတို့ခေါင်းဆောင်ကလည်း လွတ်လပ်မှုကိုတန်ဖိုးထားတဲ့သူတစ်ဦးပါ။ နောက်ပြီး မတရားအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း အမြန်ဆုံးလွတ်မြောက်စေချင်တဲ့ဆန္ဒလည်းပါတာပေါ့လေ။ ဒါကြောင့် အခုလိုငါးလွှတ်တဲ့ကုသိုလ်ပြုပွဲမှာ မိုးသောက်ကြယ်နဲ့အတူ လာရောက်ကုသိုလ်ယူခြင်းဖြစ်ပါတယ်”ဟု ပြောဆိုသည်။

တိုကျိုမြို့၊ အိခဲဘုခုရိုအရပ်တွင်နေထိုင်သည့် မပုလဲဆိုသူကတော့ “ ကျမတို့ခေါင်းဆောင်က နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်စေချင်တဲ့ဆန္ဒရှိတယ်လေ။ ဒါကြောင့် ဒေါ်စုမွေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်စေဖို့အတွက်ရည်ရွယ်ပြီး အတူတကွကုသိုလ်ပြုဖို့ လိုက်လာတာပါ”ဟု ပြောဆိုပြီး မိုးသောက်ကြယ်မှဦးစီးပြုလုပ်သည့် ထိုင်းနယ်စပ်ရှိ မြန်မာတိုင်းရင်းသားကလေးများအတွက် အာဟာရဒါနကုသိုလ်ပြုပွဲတွင်လည်း အလှူငွေထည့်ဝင်သွားခဲ့သည်။

ထို့နောက် နေ့လယ် ၁း၀၀ နာရီတွင် တိုကျိုလျှပ်စစ်မြို့တော်ဟု ခေါ်ဝေါ်နေကြသည့် Akihabaraရှိ သွေးလှူဘဏ်၌ မိုးသောက်ကြယ်အဖွဲ့သားများနှင့် ဂျပန်ရှိမြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေကြသည့်အဖွဲ့အစည်းတစ်ချို့မှ အဖွဲ့ဝင်များလည်း အတူတကွသွေးလှူတန်းခဲ့ကြသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုထွန်းဝေက“ ကျနော်အနေနဲ့ ပုံမှန်သွေးလှူဖြစ်ပါတယ်။ သွေးလှူတယ်ဆိုတာကလည်း လူ့အသက်ကိုကယ်တင်တာပဲလေ။ ကောင်းမှုကုသိုလ်ပြုခြင်းတစ်မျိုးပေါ့နော်။ ဒီနေ့မှာ မိုးသောက်ကြယ်က ကမကထပြုပြီးလုပ်တဲ့သွေးလှူခြင်းအခမ်းအနားမှာ အတူတကွကုသိုလ်ပြုတာကတော့ ကျနော်တို့ခေါင်းဆောင်ရဲ့နေ့ထူးနေ့မြတ် (၆၆)နှစ်မြောက်မွေးနေ့လည်းဖြစ်နေတယ်။ အဲဒီ့နေ့မှာ အမှတ်တရအနေနဲ့ ပါဝင်ကုသိုလ်ပြုခြင်းလို့ အခုလိုမျိုးသွေးလှူတန်းခြင်းဖြစ်ပါတယ်”ဟုဆိုသည်။

ယခုနှစ်တွင် သွေးလှူဘဏ်များ၌ သွေးလှူတန်းခြင်းဆိုင် လုပ်ထုံးလုပ်နည်းများ အနည်းငယ်ပြောင်းလဲသွားပြီး၊ စည်းကမ်းတစ်ချို့ တင်းကျပ်မှုများရှိလာသော်လည်း အများစုမှာ လှူတန်းခွင့်ရရှိခဲ့ကြသည်။ မိုးသောက်ကြယ်အဖွဲ့သားများနှင့် တခြားသော အဖွဲ့ဝင်များမှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် သွေးလှူနေကြစဉ် မှတ်တမ်းတင်ဓါတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခြင်းများကို တာဝန်ခံများမှခွင့်ပြုခဲ့ကြောင်းလည်း တွေ့ရှိရသည်။



ယနေ့နံနက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာတိုင်းရင်းသား ကလေးစာသင်ကျောင်း(၃)ကျောင်း (သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း)တို့တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် အာဟာရဒါနပြုလုပ်ခဲ့ရာ စုစုပေါင်း ကလေးဦးရေ ၈၀၀ ကျော်ကို နံနက်စာထမင်းကျွေးမွေးခဲ့ကြသည်။

ထို့အပြင် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်တော်ကျောင်းတွင် ဇွန်လ ၁၉ ရက်(တနင်္ဂနွေ)နေ့၊ နေ့လယ် ၂း၀၀ နာရီမှစတင်ပြုလုပ်မည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် သံသရာဆင်းရဲခြင်းဒုက္ခအပေါင်းမှ လွတ်ကင်းရာ လွတ်ကင်းကြောင်း ရည်မှန်း၍ ဆန်နှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူတန်းကြခဲ့ကြောင်းလည်းသိရှိရသည်။

(မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများ၏ အာဟာရဒါနပြုလုပ်မည့်အစီအစဉ်များကို ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(HRDP)မှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုစည်သူမှ တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်သည်။ ဆွမ်းဆန်စိမ်းလောင်းလှူမည့် ကုသိုလ်ဒါနပြုပွဲကို တိုကျိုမြို့အခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(ဂျပန်) HRDP-JAPANမှ ကမကထပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မိုးသောက်ကြယ်အဖွဲ့သားများမှ ၀င်ရောက်ကုသိုလ်ပြုခြင်းဖြစ်သည်။)

လာမည့် ဇွန် ၂၆ ရက်(တနင်္ဂနွေ)နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် နိုင်ငံရေးအကျဉ်းသားများအတွက် ကူညီထောက်ပံ့ခြင်းအစီအစဉ်တရပ်အနေဖြင့် အညတရသူရဲကောင်းများဆုခြင်းမြှင့်ရေးဆပ်ကော်မတီ(ဂျပန်)သို့ မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်အဖွဲ့သားများမှ ယန်းငွေ ၇ သောင်းပေးအပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်နိုင်ပါကြောင်းလည်း ဖိတ်ခေါ်ထားသည်။

ထို့အတွက်ကြောင့် မိမိတို့လေးစားချစ်မြတ်နိုးသည့် ဒေါ်အောင်ဆန်းစုကြည်(၆၆)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ကောင်းမှုကုသိုလ်ပြုပွဲများတွင် စိတ်ရင်းစေတနာသန့်သန့်ဖြင့် လာရောက်ပူးပေါင်းကုသိုလ်ပြုခဲ့ကြသူများ၊ အလှူငွေထည့်ဝင်ခဲ့ကြသူများနှင့် မှတ်တမ်းတင်ခဲ့ကြသူများအားလုံးကို ကျေးဇူးဥပကာတင်ရှိပါကြောင်း…..

အလှူငွေထည့်ဝင်ခဲ့ကြသည့် အလှူရှင်အမည်များနှင့် ငွေစာရင်းကိုလည်း မကြာမှီဖော်ပြပေးပါမည်။
သတင်းနှင့် မှတ်တမ်းဓါတ်ပုံများကိုလည်း မည်သူမဆို ခွင့်တောင်းစရာမလိုပဲ လွတ်လပ်စွာသုံးစွဲနိုင်ပါကြောင်းလည်း အသိပေးအပ်ပါသည်။

ရေးသားသူ-မောင်ရှင်(MTK)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)၊ ဟန်ဝင်းထွန်း(MTK)


Friday, June 17, 2011

ဒေါ်အောင်ဆန်းစုကြည်(၆၆)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် သွေးလှူခြင်း၊ ငါးလွှတ်ခြင်းနှင့် အခြားကုသိုလ်ပြုအစီအစဉ်များ




လာမည့်ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် မြန်မာ့ဒီမိုကရေစီမီးရှုးတိုင်၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်၊ ပြည်သူအပေါင်းချစ်မြတ်နိုးသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၆၆)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ သွေးလှူခြင်း၊ ငါးလွှတ်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများအတွက် ကူညီထောက်ပံ့ခြင်းနှင့် အခြားကောင်းမှုကုသိုလ်ပြုပွဲများကို အောက်ပါအစီအစဉ်အတိုင်းကျင်းပမည်ဟု သိရှိရသည်။

                                             

(၁)ဇီဝိတဒါနငါးလွှတ်ခြင်းအစီအစဉ်
-ယမန်နှစ်ကပြုလုပ်ခဲ့သည့် ဆိုင်းတမခရိုင်၊ ခါဝါခုချီ(Kawaguchi)ဘူတာအနီးရှိ Arakawaမြစ်တွင် နံနက် ၁၁း၀၀ နာရီတိတိတွင်ပြုလုပ်ပါမည်။
စုရပ်အဖြစ်
(က)တာကာဒါနိုဘာဘာဘူတာတွင် နံနက် ၁၀း၀၀ နာရီတိတိ
(ခ) တိုက်ရိုက်လာလိုသူများအနေဖြင့် keiheintohokuလိုင်းစီး၍ Kawaguchi ဘူတာ အနောက်ဖက်ထွက်ပေါက်တွင် နံနက် ၁၀း၄၅ မိနစ်အရောက်

(ယမန်နှစ်ကပြုလုပ်ခဲ့သည့် မှတ်တမ်းဓါတ်ပုံဖြစ်ပါသည်)

(၂)သွေးလှူခြင်းအစီအစဉ်
တိုကျိုလျှပ်စစ်မြို့တော်ဟု ခေါ်ဝေါ်နေကြသည့် Akihabaraရှိ သွေးလှူဘဏ်တွင် နေ့လယ် ၁း၀၀ နာရီတိတိပြု လှူတန်းကြမည်ဖြစ်ပါသည်။

သွေးလှူတန်းခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ခြင်းများတွင် အတူတကွပါဝင်ကုသိုလ်ပြုလိုသူများ (အဖွဲ့အစည်းဖြစ်စေ၊ တသီးပုဂ္ဂလိကဖြစ်စေ) မည်သူမဆို လွတ်လပ်စွာလာရောက်ကုသိုလ်ပြုနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
(ယမန်နှစ်ကပြုလုပ်ခဲ့သည့် မှတ်တမ်းဓါတ်ပုံဖြစ်ပါသည်)



ဆက်သွယ်ရန်-
မတင်တင်ဝင်း ၀၉၀ ၈၇၂၀ ၉၀၁၇၊
မချယ်ရီသန်း ၀၈၀ ၁၂၁၉ ၈၅၃၀၊
ကိုမောင်သန့် ၀၈၀ ၃၆၉၉ ၆၀၄၅၊
ကိုမောင်မောင်အေး ၀၉၀ ၆၀၁၇ ၇၆၇၅၊
ကိုစိုးဝင်းရှိန် ၀၉၀ ၄၁၂၈ ၄၇၂၅၊
ကိုမိုးညို ၀၈၀ ၅၆၄၂ ၄၂၁၆၊
ကိုတိုးကြည်ဆွေ ၀၉၀ ၆၁၉၈ ၁၉၆၂၊
မနန်းအိမွန်ချစ် ၀၈၀ ၃၇၁၅၅၇၅၂၊
ကိုဟန်ဝင်းထွန်း ၀၈၀ ၆၇၉၁ ၈၄၀၂၊
ကိုရန်မျိုးကျော် ၀၈၀ ၄၁၆၅ ၁၁၃၇၊
ကိုဝင်းအောင် ၀၈၀ ၆၅၀၇ ၃၈၀၇၊
မလီလီမေ ၀၉၀ ၃၀၀၃ ၉၇၈၈
ကိုမင်းညိုဝမ်း ၀၈၀ ၄၀၆၄ ၆၈၀၆
ကိုအောင်ဌေး ၀၉၀ ၁၄၆၆ ၅၅၅၃ ထို့ထံ ဆက်သွယ်နိုင်ပါသည်။

မေတ္တာရပ်ခံချက်-
အတူတကွကုသိုလ်ပြုလိုသူများ ဒေါ်အောင်ဆန်းစုကြည်ပုံပါအင်္ကျီများ ၀တ်ဆင်လာပေးကြ စေလိုပါသည်။


နိုင်ငံရေးအကျဉ်းသားများအတွက် ကူညီထောက်ပံ့ခြင်းအစီအစဉ်တရပ်အနေဖြင့် အညတရသူရဲကောင်းများဆုခြင်းမြှင့်ရေးဆပ်ကော်မတီသို့ မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်အဖွဲ့သားများမှ ယန်းငွေ ၇ သောင်းတိတိကို ဇွန်လ ၂၆ ရက်(တနင်္ဂနွေနေ့)တွင် ပေးအပ်မည်ဖြစ်ပါသည်။

နေရာ- minami otsuka hall , Dai (3) Room

အချိန်- ညနေ ၆း၃၀ နာရီ

ထိုင်းနယ်စပ်ရှိ မြန်မာတိုင်းရင်းသားကလေးစာသင်ကျောင်း(၃)ကျောင်း(သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း)တို့တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် အာဟာရဒါနပြုလုပ်မည့်အစီအစဉ်များ-
အလှူအစီအစဉ်
ပြုလုပ်မည့်အစီအစဉ်    - ပညာသင်ကလေးငယ်များအား အစားအစာကျွေးမွေးလှူဒါန်းခြင်း
အလှူပြုလုပ်မည့်နေရာ    - ဆာမူထောကျောင်း(ကပ်ပိဘန်းရပ်ကွပ်၊ မဲဆောက်မြို့၊ ထိုင်းနိုင်ငံ)(၁၉ - ၆ - ၂၀၁၁)
            - သွေးသစ်ကျောင်း (၁၇ - ၆ - ၂၀၁၁)
            - နမ်တွပ်ကျောင်း (နမ်တွပ်ရပ်ကွပ်၊ မဲဆောက်မြို့၊ ထိုင်းနိုင်ငံ) (၁၇ - ၆ - ၂၀၁၁)
ပြုလုပ်မည့်အလှူ        - ကလေးငယ်များအား အစားအစာကျွေးမွေးလှူဒါန်းခြင်း
ကျင်းပပြုလုပ်မည့်ရက်     - ၁၇/၁၉ - ၆ - ၂၀၁၁
အလှူပြုလုပ်မည့်အချိန်    - နေ့လည် ၁၃း၀၀

မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများ၏ အာဟာရဒါနပြုလုပ်မည့်အစီအစဉ်များကို ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(HRDP)မှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုစည်သူမှ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်သည်။

ထို့အပြင် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်တော်ကျောင်း တွင် ဇွန်လ ၁၉ ရက်(တနင်္ဂနွေ)နေ့၊ နေ့လယ် ၂း၀၀ နာရီမှစတင်ပြုလုပ်မည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ရည်စူး၍ ဆန်နှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူတန်းကြဦးမည်ဖြစ်သည်။ (အဆိုပါကောင်းမှုကုသိုလ်ပြုလုပ်သည့်အစီအစဉ်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့အခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(HRDP-Japan)မှ ဦးဆောင်ပြုလုပ်မည်ဖြစ်ပြီး မိုးသောက်ကြယ်မှ သံဃာအပါး ၅၀ အတွက် ပါဝင်ကုသိုလ်ပြုခဲ့သည်ဟု သိရှိရသည်။
ဆွမ်ဆန်းစိမ်းလောင်းလှူခြင်းနှင့်ပတ်သက်၍ ပါဝင်ကုသိုလ်ပြုလုပ်လိုလျှင်ဖြစ်စေ၊ မေးမြန်းလိုလျှင်ဖြစ်စေ HRDP-Japan တာဝန်ခံများဖြစ်သော
ကိုသားကြီး ၀၈၀ ၄၁၄၇ ၄၀၉၅၊
ကိုအောင်ကြီး ၀၈၀ ၁၂၆၁ ၅၁၇၉၊
ကိုညီညီပေါက် ၀၉၀ ၁၆၅၁ ၇၆၄၀ ထို့ထံ ဆက်သွယ်နိုင်ပါသည်။


ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်း သွေးလှူခြင်းနှင့် ငါးလွှတ်ခြင်းကောင်းမှုကုသိုလ်ပြုပွဲများကို လုပ်ဆောင်ခဲ့သည်မှာ ၁၁ ကြိမ် မြောက်ရှိသွားပြီဟုသိရှိရပါပြီး ထိုင်းနယ်စပ်ရှိ မြန်မာတိုင်းရင်းသားကလေးများအတွက် အကျွေး အမွေးအစီအစဉ်ကို မဲဆောက်ရှိ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(HRDP)မှ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး ယခုအကြိမ်နှင့်ဆို ၄ ကြိမ်ရှိသွားပြီဖြစ်သည်။

မောင်ရှင်(MTK)

Wednesday, June 15, 2011

ဖလ်မီးအိမ်မှ အကျဉ်းကျမိသားစုများအတွက် ငွေကြေးထောက်ပံ့

ဂျပန်နိုင်ငံအခြေစိုက် ဖလ်မီးအိမ်ဖောင်ဒေးရှင်းအဖွဲ့မှ မြန်မာပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းကျမိသားစုများကူညီဖို့အတွက် ငွေကြေးပေးပို့လှူတန်းခဲ့ ကြောင်း သိရသည်။ မြန်မာကျပ်ငွေ ၁ဝ သိန်းနှင့်ညီမျှသော ဂျပန်ယန်း ၉ သောင်း ၅ ထောင် ကို မြန်မာပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူမှုအထောက်အကူပြုသို့ မေလ ၆ ရက်နေ့က ပေးပို့လှူတန်းခဲ့ခြင်းဖြစ်ပြီး ဖလ်မီးအိမ်အဖွဲ့မှလှူဒါန်းသည့် အလှူငွေ ကျပ်တစ်သန်းတိတိကို အလှုမှုအထောက်အကူမှ လက်ခံရရှိပါ ကြောင်း ပြန်လည်အကြောင်းပြန်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်း ရရှိခဲ့ကြောင်း တာဝန်ခံတစ်ဦးဖြစ်သူ ကိုသန်းဆွေ(မြေနီကုန်း)ပြောပြချက်အရသိရသည်။

“ကျနော်တို့ ဖလ်မီးအိမ်ဖောင်ဒေးရှင်း(ဂျပန်)မိသားစုကနေပြီးတော့ ကိုယ်လုပ်နိုင်တဲ့အင်အားတစ်ခုအနေနဲ့ မြန်မာပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းကျမိသားစုတွေကို စိတ်ဓါတ်ရေးရာအားဖြင့်သော်လည်းကောင်း၊ အားပေးကူညီပံ့ပိုးတဲ့အနေနဲ့ ငွေပေးပို့ထောက်ပံ့ခြင်းဖြစ်ပါတယ်။ နောက်ပြီး ဒီဖန်မီးအိမ်ဖောင်ဒေးရှင်းဆိုတာကလည်း ကျနော်တို့အားလုံးလေးစားတဲ့ ကဗျာဆရာကြီးတင်မိုး ကျနော်တို့အခေါ် ဆရာဂျမ်းပေါ့ဗျာ။ ဆရာဂျမ်းကွယ်လွန်ပြီးပြီးချင်းပဲ ဆရာကြီးကိုချစ်တဲ့ စိုးဝင်းရှိန်ဆိုတဲ့ မိုးသောက်ကြယ်ဂျာနယ်က တာဝန်ခံအယ်ဒီတာလုပ်နေတဲ့ ကောင်လေးက အကောင်အထည်ပေါ်လာအောင် စတင်စည်းရုံးလှုံ့ဆော်ခဲ့တာဆိုပေမယ့် ဂျပန်မှာဆို ကျနော်တို့ ဦးညွန့်ရွှေတို့က ကြီးကြပ်ပေးနေတာပါ။ အမေရိကားမှာဆိုရင်လည်း ဆရာဂျမ်းရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ဆရာမောင်စွမ်းရည်၊ ဆရာဦးဝင်ဖေတို့က နာယကအနေနဲ့ သွန်သင်လမ်းညွှန်ပေးနေပါတယ်။ ဆရာ့သမီးတွေကလည်း ၀ိုင်းဝန်းကူညီအားပေးလျက်ပါ။ နောက်ပြီး ဆရာဂျမ်းကိုယ်တိုင်က အင်းစိန်ထောင်မှာ မတရားအကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးလို့ ပြောမယ်ဆိုရင်လည်း ပြောလို့ရတာပေါ့ဗျာ။ ဒါကြောင့် ကျနော်တို့နိုင်ငံမှာ ယုံကြည်ချက်ကြောင့် မတရားအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ဒီဖလ်မီးအိမ်မိသားစုတွေက ခုနကပြောခဲ့သလို ကူညီထောက်ပံ့တာပါ။ နောင်လည်း ဒီလိုကူညီထောက်ပံ့ဖို့ ဖန်မီးအိမ်မိသားစုတွေက ဆုံးဖြတ်ထားခဲ့ကြပါတယ်။ ဒီလိုမျိုးကူညီထောက်ပံ့နေတာကို ဆရာဂျမ်းသာသိရင် သာဓု သာဓု သာဓု ဆိုပြီး ၀မ်းသာအားရနဲ့ လှိုက်လှိုက်လှဲလှဲခေါ်ဆိုမှာပါ…”ဟု ကိုသန်းဆွေ(မြေနီကုန်း)မှ မိုးသောက်ကြယ်သို့ ရှင်းလင်းပြောပြသည်။

ဖလ်မီးအိမ်ဖောင်ဒေးရှင်းကို ကဗျာဆရာကြီးတင်မိုးကွယ်လွန်သွားခဲ့သည့် ၂၀၀၇ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်နေ့နောက်ပိုင်း၊ ဇန်န၀ါရီလ ၂၅ ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ကြောင်းသိရှိရသည်။ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်များမှာ ဆရာတင်မိုးမကွယ်လွန်မီက သူဖြစ်စေချင်သည့်ဆန္ဒများဖြစ်သော အမိမြန်မာပြည်ထဲတွင် ပြည့်သူစာကြည့်တိုက်များ ပေါ်ပေါက်စေရေး၊ ဒုက္ခရောက်နေတဲ့ နိုင်ငံရေးမိသားစုများကို တနည်းတလမ်းအားဖြင့် ကူညီပေးရေးနှင့်၊ ဆရာတင်မိုး၏ စာပေ၊ ကဗျာကောင်းများအပါအ၀င် ပြည်တွင်းမှာထုတ်ဝေခွင့်မရှိတဲ့ စာရေးဆရာများ၏ စာပေတွေကို စီစစ်ရွေးချယ်ပြီး ပုံနှိပ်ထုတ်ဝေနိုင်ရေးတို့ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အများအကျိုးဆောင်ရွက်နေကြသည့် စာပေ၊ ဂီတ၊ အနုပညာရှင်များနှင့် လူမှုရေးလုပ်ငန်းလုပ်ကိုင်နေကြသူများကို တတ်နိုင်သည့်ဖက်မှ ဂုဏ်ပြုသွားမည်ဟုလည်း တာဝန်ခံများ၏ ရှင်းပြချက်အရ သိရသည်။

ဖလ်မီးအိမ်ဖောင်ဒေးရှင်း(ဂျပန်)မိသားစုမှ အကျဉ်းကျနိုင်ငံရေးမိသားစုများအတွက် ကူညီထောက်ပံ့ငွေလက်ခံရရှိကြောင်းကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး ပြန်လည်ပေးပို့ခဲ့သည်ဟုလည်း သိရသည်။ 



ဒေါ်အောင်ဆန်းစုကြည်မှ ယခုလို အခက်အခဲဖြစ်နေသည့် နိုင်ငံရေးမိသားစုဝင်များအတွက် ထောက်ပံ့မှုအတွက် ကျေးဇူးတင်ကြောင်းနှင့် သူမလေးစားသည့် ကဗျာဆရာကြီးဆရာတင်မိုး၏ ဖန်မီးအိမ်အဖွဲ့လုပ်ဆောင်နေမှုများကိုလည်း လေးစားဂုဏ်ယူပါကြောင်း ငွေသွားရောက်ပေးအပ်ခဲ့သူကို ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။ ဆက်လက်၍လည်း ယခုလိုပံ့ပိုးကူညီမှုမျိုး ဆက်လက်ပြုလုပ်ပေးစေလိုကြောင်းနှင့် နိုင်ငံတကာမှပေးပို့နေသော်လည်း ငွေလိုနေသလားဟုမေးလျင် အမြဲလိုအပ်နေပါသည်ဟု ဖြေဆိုရမည်သာဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုတော့ လှူတန်းနေသည့်ငွေနှင့် အကျဉ်းကျနိုင်ငံရေးမိသားစုဝင်များ၏ အတိဒုက္ခရောက်နေမှုမှာ ၀န်နှင့်အားမမျှဘိသကဲ့သို့ဖြစ်နေကြောင်း၊ ထို့အတွက်ကြောင့် မြန်မာပြည်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးတွက် ယုံကြည်ချက်ကြောင့် စွန့်လွှတ်အနစ်နာခံကာ အကျဉ်းကျခံနေရသည့် နိုင်ငံရေးမိသားစုများ၏ အခက်အခဲအကျပ်အတည်းများအတွက် ဆက်လက်ပံ့ပိုးစေလိုကြောင်း မှာကြားလိုက်သည်ဟုလည်း ကိုသန်းဆွေ(မြေနီကုန်း)မှ မိုးသောက်ကြယ်သို့ ဆက်လက်ပြောဆိုသည်။
ဖလ်မီးအိမ်ဖောင်ဒေးရှင်း(ဂျပန်)အဖွဲ့သားတစ်ချို့မှလည်း ယခုနှစ် မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သောငလျင်နှင့်ဆူနာမီဒဏ်ခံရသည့် မိမိတို့ငွေကြေးစုဆောင်းကာ ယန်း ၃ သောင်း ကို Red Cross အဖွဲ့သို့ မေလ ၄ ရက်နေ့က လှူတန်းခဲ့ကြောင်းလည်းသိရှိရပါသည်။
မောင်ရှင်(MTK)

မိုးသောက်ကြယ်သတင်းထောက်များအားလုံး အချုပ်ကျခံနေရခြင်း

 ဒီမိုကရေစီစနစ်ထွန်းကားပြီး သတင်းလွတ်လပ်ခွင့်အပြည့်အ၀ရှိသော ဂျပန်နိုင်ငံတွင် အမှန်ကိုအမှန်တိုင်းရေးနေသော၊ ဝေဖန်ထောက်ပြခဲ့သော မိုးသောက်ကြယ်ဂျာနယ်သတင်းထောက်များအားလုံး အချုပ်ကျနေပါသည်။ ထို့အတူ တာဝန်ခံအယ်ဒီတာလည်း ခေါ်ယူစစ်ဆေးခြင်းခံရပါသည်။ ဓါတ်ပုံသတင်းထောက်တာဝန်ခံများလည်း ပိတ်ပင်ခြင်းခံလိုက်ရပါသည်။ ထို့သို့ဖြစ်ရခြင်းမှာ အောက်ပါအချက်တွေကြောင့်ဖြစ်ပါသည်။
 
ယခုတိုင် လန်းလျက်ရှိသော ၀လုံး(မဖမ်းမချင်းတိုကျို)၏ တုတ်တစ်ပြက် ဓါးတစ်ပြက်ကာတွန်းစာအုပ်မှ













Monday, June 13, 2011

ကျနော်တို့ဆီမှာဗျာ.....

ဝလုံး(မဖမ်းမချင်းတိုကျို)၏ တုတ်တစ်ပြက် ဓါးတစ်ပြက်မှ

Saturday, June 11, 2011

ဂျပန်ရှိNDBမှ မိုးသောက်ကြယ်နှင့်ရှင်းချင်ကြောင်း ဖိတ်စာပေးပို့

NDB ဟုအတိုကောက်ခေါ်ဆိုနေသည့် မြန်မာ့ဒီမိုကရေစီကွန်ယက်/Network for Democracy in Burma(NDB)မှ မိုးသောက်ကြယ်နှင့် ရှင်းချင်ကြောင်း ဖိတ်ကြားသည့် ဖိတ်စာကို လက်ခံရရှိခဲ့သည်။

၂၀၁၁ ခုနှစ် ဇွန်လ ၇ ရက်နေ့စွဲဖြင့် ပေးပို့လာသောဖိတ်စာထဲတွင် မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်နှင့် ရှင်းလင်းရမည့်ကိစ္စများဆိုသည့်အချက် ပါရှိသည့်အတွက် တာဝန်ခံများမှ သွားရောက်ရှင်းလင်းကြမည်ဖြစ်သည်။

မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာတစ်ဦးဖြစ်သူ ကိုစိုးဝင်းရှိန်မှ “ ကျနော်တို့ဆီကို NDB meeting invitation4.pdf ဆိုပြီး ပီဒီအက်ဖိုင်ကြီးနဲ့မေးလ်ဝင်လာလို့ ဖွင့်ကြည့်လိုက်တော့ သူတို့ရဲ့ ပုံမှန်အစည်းအဝေးလုပ်မယ့်နေ့မှာ ဆွေးနွေးမည့်အကြောင်းအရာများထဲမှာ အချက်(၃)ဖြစ်တဲ့ မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်နှင့် ရှင်းလင်းရမည့်ကိစ္စများ ဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ထားတာတွေ့တယ်။ ဘာတွေကို ရှင်းစေချင်သလဲဆိုတာ အတိအကျမသိသေးပေမယ့် ဖိတ်တော့လည်း သွားရှင်းရမှာပေါ့ဗျာ”ဟု ဆိုသည်။


NDB အစည်းအဝေးကို လာမည့် တနင်္ဂနွေနေ့(ဇွန်လ ၁၂ ရက်)၊ နံနက် ၉း၃၀ မှ နေ့လယ် ၁၂း၀၀ နာရီအထိ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ရုံးခန်းရှိရာ တာကာဒါနိုဘာဘာတွင် ပြုပ်လုပ်မည်ဟု ပေးပို့လာသောဖိတ်စာအရသိရှိရပြီး မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံများမှ အစည်းအဝေးအင်္ဂါရပ်နှင့်အညီ သွားရောက်ရှင်းလင်းကြမည်ဟုဆိုသည်။

“စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ထွန်းလာစေရေးအတွက် သတင်းနဲ့စာနယ်ဇင်းလုပ်နေတဲ့ ကျနော်တို့ကို ရှင်းချင်ပါဆိုပြီး အခုလိုမျိုး ဖိတ်စာနဲ့ဖိတ်တာ့  ထူးတော့ထူးဆန်းတယ်ဗျ။ ဒါ့ကြောင့် တာဝန်ခံတွေသွားကြမှာပါ။ မသွားရင် ကိုယ့်ဘက်ကရိုင်းရာကျသွားမယ်လေ”ဟု တာဝန်ခံတစ်ဦးက ယခုလိုပြောဆိုသည်။
အဆိုပါအစည်းအဝေးပြီးဆုံးသွားခဲ့ပါက မည့်သည့်အကြောင်းအရာများ ရှင်းလင်းခဲ့သည်ကို ထပ်မံဖြန့်ဝေပေးပါမည်။

Friday, June 10, 2011

Twitter Delicious Facebook Digg Stumbleupon Favorites More