This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, July 24, 2011

ခေါင်းဆောင်ကြီးများ ဖတ်ဖို့ ကဗျာ


ဂျီ တူ ဂျီ* နဲ့  အဆီထူကာ
ဂျနီဗါမှာ ပလီပလာ
ဘာလင်မှာ ခရီးတထောက်
ဒါဗလင်လည်းရောက်
စပါကလင်လေးသောက်
ဖြည်းဖြည်းပြော
နားနားပြီးပြော မောနေမယ်။

ဟီသရိုးမှာ ထီးမမိုးပေမယ့်
နယူးရောက်မှာ ရူးဖိနပ်ပေါက်ပြီ။

 ယူအန်မှာ
လူမှန် နေရာမှန်ရန်
သံတမန်တောမှာ
တော်ကီတွေနဲ့  လော်ဘီလုပ်
ကျုပ်တို့  အလုပ်ရှုပ်နေတယ်။

အဝေးရောက်က ဘေးရောက်
တဖြည်းဖြည်း ဒိတ် (date) အောက်
စိတ်ဖေါက်နေတဲ့ ကော့ကပ်စ်** တွေ
စိတ်မနောက်စေဖို့  အဆိပ်သောက်ကြစို့ ။    ။
ဧရာ
၁၈၊၇၊၂၀၁၁

* ဂျီ တူ ဂျီ (government to government) = အစိုးရချင်းဆက်ဆံမှု
    ** ကော့ကပ်စ် (caucus) = နိုင်ငံရေးပါတီတရပ်ရဲ့ ဆုံးဖြတ်စီမံပိုင်ခွင့်ရှိသူများ(သို့ မဟုတ်) ၄င်းတို့ ရဲ့ အစည်းအဝေး

Wednesday, July 13, 2011

Wednesday, July 6, 2011

လူပြိန်းဆိုတာ ဗိုလ်ကျရတာကို ကြိုက်တယ်(မောင်မောင်ဝမ်း)



ငယ်ငယ်တုန်းက အဖြစ်လေးတခု သွားသတိရတယ်။ ကျနော်တို့ရပ်ကွက်ထဲက ကိုဖိုးလုံး ဆိုတာ တော်တော် နာမည်ကြီးတယ်။ အကောင်း ကြီးတာတော့မဟုတ်ဘူး၊ ဆိုးတာ မိုက်ရိုင်းရမ်းကားတာ။ လူသတ်မှုဖြစ်ပြီး ထောင်ကပြန်လွတ်လာတော့ မိုက်ရိုင်းရမ်းကားတာ ပိုဆိုးလာတယ်။ သူနဲ့ တော်ရုံလူတွေက မယှဉ်ကြဘူး၊ ရှောင်ကြတယ်။ သူ အရက်ဖိုးတောင်းရင်လည်း တချို့သူတွေက ကြောက်ကြတော့ ပေးကြတယ်။ ဒါကို သူ့ကို သဘောကျ ဂုဏ်ယူနေတာ၊ လူတွေက သူ့ကို ကြောက်နေတာကို သူက ပီတိဖြစ်နေတာ။
သူ့ဘဝမှာ တခြားဂုဏ်ယူစရာဆိုတာလည်း မရှိလေတော့ လူတွေကို ကြောက်အောင်လုပ်၊ အနိုင်ကျင့် ဗိုလ်ကျပြီးမှ သူ့ဘဝကို ရပ်တည်နေရတာ။ ထောင်ဆိုတာ သူ့ဘဝအတွက် အိမ်ဦးနဲ့ ကြမ်းပြင်။ လူတယောက်ကို ရိုက်လိုက် နှက်ရိုက်ရမှာကိုလည်း နည်းနည်းလေးမှ ကိုယ်ချင်းမစာတတ်သူ …။
၈၈ လူထုအရေးတော်ပုံကြီးဖြစ်တော့ … သူ့ကို လူအုပ်ကြီးက … မဆလ အစိုးရ သူလျှိုဆို ဝိုင်းဖမ်းပြီး သတ်မယ်လုပ်တယ် … အဲဒီတုန်းက မြင်ကွင်းကို အခုထိ မြင်ရောင်နေတုန်းပဲ … ရိုက်နှက်ထားလိုက်တာ … တကိုယ်လုံး ရစရာမရှိဘူး။ ကျနော်တို့ ကျောင်းသားတွေသိတော့ … သူ့ကို မသတ်ဖို့ ကျနော်တို့ မေတ္တာရပ်ခံတယ်။ နောက် … ဆေးရုံကို ပို့လိုက်တယ်။ ဆေးရုံရောက်တော့ … မျက်နှာဆိုတာ ဇီးရွက်လောက်လေးပဲ ရှိတယ်။ သူ့ကိုကယ်ဖို့ တစာစာတောင်းဆိုနေတာပဲ … ကျနော်တို့ ဝိုင်းဝန်းကူညီပါတယ်။ အသက်ပြင်းတယ်လို့ ပြောရမလား မသိဘူး … မသေဘူး …။
ဒီလိုနဲ့ နှစ်တွေဝေးသွားလိုက်တာ တနေ့ ရိပ်သာတခုကို ရောက်သွားရင်းနဲ့က … သူနဲ့ ပြန်ဆုံခွင့် ရလိုက်တယ် …။ အဲဒီအချိန်မှာ … သူဟာ ရဟန်းဝါ ၁၀ ဝါလောက်ရနေတဲ့ သံဃာတပါး ဖြစ်နေပြီ။ အတိတ်တခါက လူဆိုးလူမိုက် ကိုဖိုးလုံးဘဝနဲ့ ဆန့်ကျင်ဘက်မှ တကယ့်ကို မယုံနိုင်လာက်အောင် ပြောင်းလည်းသွားပြီ … … ကျနော်တို့ ကျောင်းသားတွေကို ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါ ပြောတယ်…။
“ဦးဇင်းက … နှစ်ဘဝပြောင်းသွားပြီ ဒကာကြီး … ဟိုးတချိန်က ကိုယ့်လုပ်ရပ်တွေကို ပြန်စဉ်းစားမိတိုင်း … နောင်တရမိတယ်။ တကယ်တော့ … ဦးဇင်း ခံခဲ့ရတာဟာ ကိုယ်ပြုသမျှကံ ကိုယ် ပြန်ခံရတာပါ။ ဒါ့အတွက် ဦးဇင်း ဖြေသာပါတယ် … ဒါပေမယ့် ကံကောင်းတယ်ပဲ ပြောရမလား … ဒကာတို့ ကျောင်းသားတွေကောင်းမှုကြောင့် … ဦးဇင်း အသက်ရှင်သန်ခွင့်ရပြီး … ဘဝပြောင်းသွားတာ … ပြန်ပြောရရင်လေ … သိပ်ရှက်ဖို့ကောင်းတာပဲ။   
ဦးဇင်း လူဝတ်ကြောင်ဘဝတုန်းက … ပညာဆိုတာလည်း မသင်ခဲ့ရ … ဓနဥစ္စာကလည်း မရှိ … ကိုယ့်ကို သွန်သင်ပြသပေးမယ့်သူကလည်း မရှိဆိုတော့ … ဆိုးချင်သလောက် ဆိုး၊ မိုက်ချင်သလောက် မိုက်ပဲ … ဒကာကြီးတို့ သိပါတယ် … ဦးဇင်းက အဲဒီတုန်းက အဲသလို လူတွေကို အနိုင်ကျင့်ရတာကို သိပ်ပျော်တာ … လူတယောက်ကို ထိုးလိုက် ကြိတ်လိုက်ပြီးပြီဆို သိပ်ပီတိဖြစ်တာ … အော် … တကယ်က ကိုယ်မခံရသေးလို့ ဒီလိုလုပ်နိုင်တာပါ … ဦးဇင်း စဉ်းစားမိတယ် … လူပြိန်းဆိုတာ…ဗိုလ်ကျရတာကို သိပ်ကြိုက်တာ ဒကာကြီးရ … …”
ဒီစကားလေးက ကျနော့်ရင်ကို တော်တော် လှုပ်ခတ်သွားတယ် … လူပြိန်းဆိုတာ … ဗိုလ်ကျရတာကို ကြိုက်တယ်တဲ့ … … … … ကျနော့်စိတ်ထဲမှာ စဉ်းစားစရာဖြစ်သွားတယ်။
“ဦးဇင်း ခံရတဲ့အလှည့်ကျ … မခံစားနိုင်တော့ဘူး … အရမ်းကြောက်တယ် … သေရမှာကို အရမ်းကြောက်တယ် … တုန်လူပ်တယ် … … သူများကို အနိုင်ကျင့်တယ်ဆိုတာ … ကိုယ်ခံရတာ … ကိုယ့်အသားနာတာမှ မဟုတ်တာ… လုပ်ရဲတာပေါ့ … တုတ်နဲ့လည်း ရိုက်ရဲတယ် … ဓားနဲ့လည်း … ခုတ်ရဲတယ် … ကိုယ့်အသားကို … ဝါးခြမ်းပြားလေးလောက်နဲ့ အရိုက်ခံရတာမျိုးကြတော့ တော်တော်မခံနိုင်တာပဲ ဒကာရေ … ကိုယ်ချင်းစာတရား မဲ့တယ်ဆိုတာ … ဒါပေါ့ … နောက် ဦးဇင်း စဉ်းစားကြည့်မိတယ် … လူတွေဟာ … လူလူချင်း ဗိုလ်ကျရတာကို ကြိုက်ပုံရတယ် … အရသာ ခံတွင်းတွေ့ပုံလည်း ရတယ်ဗျ … ဦးဇင်း ဆရာတော်က ဘာပြောသလဲဆိုတော့ … အစိုးမရတဲ့ လောကကြီးကို အစိုးရချင်တာ လူ့သဘာဝပါပဲတဲ့ …”
ကျနော့်ရှေ့က ထိုင်ပြောနေသူဟာ … တချိန်က လူဆိုး ကိုဖိုးလုံး ဟုတ်မှ ဟုတ်ပါလေစွလို့တောင် စဉ်းစားမိတယ် … သူ့ရဲ့ လက်တွေ့ ဘဝကပေးလိုက်တဲ့ သင်ခန်းစာတွေ၊ ဒဏ်ရာဒဏ်ချက်တွေက ပေါ်ထွက်လာတဲ့ အမှန်တရားတွေ … ဟုတ်တယ် … လူ့ရဲ့ သဘောသဘာဝဆိုတာ အားလုံးအတူတူပါပဲ … ကိုဖိုးလုံးမှ မဟုတ်ပါဘူး … … ဗိုလ်ကျရတာကို အရသာတွေ့တာ … အနိုင်ယူ အနိုင်ကျင့်ရတာကို ခံတွင်းလိုက်တာ … ဒီ မကောင်းတဲ့ သဘောသဘာဝကြီးကို အသိဉာဏ်ရှိသူများက စာနာစိတ်တွေ၊ ကိုယ်ချင်းစာတရားတွေ၊ ဉာဏ်ပညာတွေနဲ့ ဆင်ခြင်ယူကြရတာကိုး။ ဒါကို ဒီအတိုင်းလွှတ်ထားလိုက်ရင် … သူက သာယာသွားတော့တာပဲ … ဗိုလ်ကျစိုးမိုးချင်တဲ့စိတ်ဟာ အတန်းပညာ အတတ်ပညာ တတ်မြောက်ထားခြင်းတွေ၊ မထားခြင်းတွေနဲ့ မသက်ဆိုင်ဘူး … ဗိုလ်ကျတယ်ဆိုတဲ့စိတ်ဟာ … မိမိရဲ့ သာလွန်ချက်နဲ့ လူတွေကို အနိုင်ကျင့်တာ … အာဏာရှိသူက အာဏာနဲ့၊ ငွေရှိသူက ငွေနဲ့၊ ပညာတတ်သူက ပညာနဲ့၊ မိုက်ရိုင်းရဲသူက မိုက်ရိုင်းရဲတဲ့အားနဲ့ လူတွေကို အနိုင်ကျင့်တာဟာ ဗိုလ်ကျတာပဲ၊ ကိုဖိုးလုံးကတော့ သူက မိုက်ရိုင်းရဲတယ် … ထောင်ထဲ တန်းထဲကို မျက်ကန်းတစ္ဆေ မကြောက် တိုးဝင်ရဲတယ် … လူအများစုက သူ့လို လိုက်မလုပ်ရဲတော့ သူက လူတွေကို အနိုင်ကျင့်တယ် … ဗိုလ်ကျတယ် … …။
နောက်တယောက်က … ကျနော် သရက်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားဘဝနဲ့ ရှိနေစဉ် အချိန်ကပါ … နာမည်က မျိုးတင့် … သူ့ကို ငှက်ရိုး လို့ပဲ လူသိများကြတယ် … အဲဒီအချိန်က သရက်ထောင်ထဲမှာရှိခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး သိကြတယ်။ သူက ကျနော်နေခဲ့တဲ့တိုက် အကျဉ်းဆောင်ရဲ့ရှေ့မှာ တောင်ယာလာလုပ်တဲ့သူ … ကျနော်နဲ့က တဒေသသားထဲလည်းဖြစ်ပြန် … ၈၈ အရေးတော်ပုံအမှုလည်း ဖြစ်ဆိုတော့ တော်တော်ခင်မိတယ်…။ သူ့တောင်ယာကထွက်တဲ့ သီးနှံတွေဆိုလည်း ကျနော့်ကို လာပေး … ကျနော်က လိုအပ်တဲ့စားစရာလေးတွေထည့်၊ သူက စားဖိုမှာ သွားချက် … စားကြပေါ့။ နိုင်ငံရေးထူး သတင်းထူးလေးတွေ ကြားလာရပြီဆို ကျနော့်ဆီ အမြန်လာပြောတယ် … … ဒီလိုနဲ့ နေလာရာက … … … ထောင်ပိုင်ကြီးဆီမှာ သွားသွားနှိပ်ပေးရတဲ့အလုပ် ပေါ်လာတယ် … ဘယ်လိုကနေ ဘယ်လိုဖြစ်တယ်လဲမသိ… သိပ်မကြာခင်မှာပဲ ထောင်ပိုင်က သူ့ကို တထောင်လုံး တန်းစီးဆို ခန့်လိုက်တယ်လေ (တထောင်လုံးတန်းစီးဆိုတာ ထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေကို အကျဉ်းသားအချင်းချင်း ပြန်အုပ်ချုပ်ခိုင်းတဲ့နေရာမှာ အကြီးဆုံးပေါ့)… အဲဒီအချိန်ကစလို့ … ငှက်ရိုး စတိုင်က ပြောင်းသွားတယ် (အရင်ငှက်ရိုး မဟုတ်တော့ဘူး) ကျနော်ကတော့ ကိုယ့်လူတယောက် တထောင်လုံး တန်းစီးဖြစ်သွားရင် … အကျဉ်းသားတွေအပေါ် သက်သက်ညှာညှာ ရှိလောက်ပါရဲ့ … နိုင်ငံရေးအကျဉ်းသားများ အခွင့်အရေးလည်း နားလည်တန်ကောင်းလောက်ပါရဲ့ဆို ထင်လိုက်တာ … ဘယ်ဟုတ်လိမ့်မလဲ။ ကိုယ့်လူက ဇာတိပြလာတော့တာ။ သူ တန်းစီးဖြစ်လို့မကြာခင် … သာမန် ရာဇဝတ်အကျဉ်းသားတွေအပေါ် အနိုင်ကျင့်တော့တာပဲ။ သူ့မျက်လုံးနဲ့ မတွေ့တဲ့သူဆို … တုတ်နဲ့ရိုက်။ လူတွေကို ရိုက်နေရတာ … သူက ကစားနေသလိုမျိုး။ သူလာရင် ကျိုးနွံတဲ့ပုံစံနဲ့ နေပေးရတဲ့ အကျဉ်းသားတွေကို ကြည့်ပီတိဖြစ်နေတာ။ ဒီလိုနဲ့ နေလာရင်းက သူက နိုင်ငံရေးအကျဉ်းသားတွေ အပေါ်တောင် ဗိုလ်ကျလာတယ်။ ကွယ်ရာမှာဆို ရာဇဝတ်အကျဉ်းသားတွေကိုပြောရင် … မင်းတို့ထက်ပိုတဲ့ … ဘယ်သူမှ ထိန်းလို့မရတဲ့ … ၅ (ည) (နိုင်ငံရေးအကျဉ်းသားကို ဆိုလိုတာ) တွေတောင် သူက ဘယ်လိုနိုင်အောင် ထိန်းတာ … ဘယ်လို ပြားဝပ်နေအောင် လုပ်ထားတာ … စသဖြင့် မဟုတ်တာတွေ ပြောပြီး စကားလုံးတွေနဲ့ ဗိုလ်ကျတယ်။ ကုန်ကုန်ပြောရရင် လမ်းလျှောက်တာတောင် အရင်လိုမဟုတ်တော့ဘူး… သူ့နောက်က တပည့်တပမ်းတွေနဲ့ မြောက်ကြွမြောက်ကြွ ဖြစ်လာတော့တာပဲ။ ကျနော့်ဆီလည်း မလာတော့ဘူး (မလာတော့ဘူးဆိုတာထက် မတွေ့ချင်လို့ ရှောင်နေတယ်ဆိုတာ ပိုမှန်ပါလိမ့်မယ်)၊ တစတစနဲ့ ငှက်ရိုး အခြေအနေက ပိုဆိုးလာတယ်။ တထောင်လုံးမှာရှိတဲ့ အားလုံးသော အကျဉ်းသားတွေတောင် မကဘူး … ထောင်မှူးအဆင့် အရာရှိတွေ၊ ဝန်ထမ်းတွေကပါ တော်တော်ကို မျက်မုန်းကျိုး မုန်းတီးခံရတဲ့အဆင့်ကိုရောက်နေပြီ။ ဘာလို့လဲဆိုတော့ ထောင်ပိုင်က ဘယ်ဝန်ထမ်း ဘာလုပ်သလဲ၊ သူ့ဆီကို အကုန်သတင်းပို့ရမယ်ဆိုပြီး သူ့ကို ခိုင်းထားတော့ … မှတ်စုစာအုပ်တအုပ်နဲ့ အကုန်မှတ်တမ်းတင် သတင်းပို့နေတော့တာပဲ။ သူ အမြဲ လက်သုံးပြောနေကြစကားက … “ကျုပ်က တာဝန်နဲ့ပတ်သက်လာရင် … ဘယ်သူ့မှ မညှာဘူး။ စည်းကမ်း ဖောက်ဖျက်သူမှန်သမျှ အကုန် အရေးယူမယ်” တဲ့ …။ သူ့စကားက ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိဘူး။ ဒီစကားသုံးရအောင် … နိုင်ငံတော်က တရားဝင် ခန့်အပ်ထားတဲ့ ဝန်ထမ်းလည်း မဟုတ် … သူ့ဘဝက … သူလိုကိုယ်လို အကျဉ်းသားဘဝ …။ တခါ ထောင်ပိုင်ကလည်း စစ်ဗိုလ် (ဗိုလ်ကြီးဘဝ) ကနေ အသွင်ပြောင်းနဲ့ ရောက်လာတာမှ မကြာသေးဆိုတော့ … ဘုန်းကြီးရူးနဲ့ ရေဒီယိုပျက် တွေ့ကြတော့တာပဲ။ အကျဉ်းထောင် လက်စွဲဥပဒေကိုကျော်ပြီး လုပ်ချင်ရာတွေ လုပ်တော့တယ်။ နှစ်ယောက်လုံးက ဗိုလ်ကျနေရတာကို အရသာတွေ့နေကြတာ။ အဆုံးမတော့ ကောင်လေးတယောက်ကို ယောက်ျားချင်း ကာမဆက်ဆံဖို့ ကြိုးစားရာက … တထောင်လုံး တန်းစီးရာထူးပြုတ် … တိုက်ပိတ် … နောက် ရဲဘက်ပို့ခံရ … ရဲဘက် ရောက်တော့ … သူ နှိပ်စက်ထားတဲ့သူတွေက … လက်စားချေ သတ်ပစ်လိုက်တယ်လို့ ကြားတယ်။
ဒီဖြစ်စဉ်ကို စဉ်းစားကြည့်တယ်။ အဲဒီကာလက သရက်အကျဉ်းထောင်မှာဆို … နိုင်ငံရေး အကျဉ်းသားတွေကလွဲလို့ … ရာဇဝတ်အကျဉ်းသားတွေဆိုတာ… သူ့ကို ကြောက်နေ လန့်နေရတာ။ ငှက်ရိုး ဘာမှမဟုတ်ဘူး … ဘာအဆင့်မှကိုမရှိတာ ကျနော် အသိဆုံး။ အဲဒီ ဘာမှအဆင့်မှ မရှိတဲ့သူကို လန့်နေရတယ်ဆိုတာ … သူ့လက်ထဲ လုပ်ပိုင်ခွင့် ရောက်သွားတာကိုး။ သူ အုပ်ချုပ်နေပါတယ်ဆိုတဲ့ ထောင်သားတွေထဲမှာ ဆရာဝန်တွေ … စစ်ဗိုလ်ပြုတ်တွေ… ပိုက်ဆံချမ်းသာသူတွေ အများကြီး။
လူပြိန်းလက်ထဲ … လုပ်ပိုင်ခွင့်ရသွားပြီဆို … ဗိုလ်ကျတတ်တာ ဓမ္မတာပါပဲ။ သူ့မှာ စဉ်းစားတွေးခေါ်နိုင်တဲ့ အရည်ချင်းမှ မရှိတာ။ သူ့ရဲ့ ဆုံးဖြတ်ချက်မှန်သမျှဟာ … သူ့အတ္တကို အခြေခံပြီး လာတာဆိုတော့ … ဘယ်မှန်နိုင်ပါတော့မလဲ …။ လူပြိန်းဆိုတာ … သူ သိတာ တခုပဲရှိတယ် … အဲဒါ … သူ့အတ္တ … တနည်းအားဖြင့် သူ့လောဘ။ ပညာနည်းမှ လူပြိန်းဖြစ်တာ မဟုတ်ဘူး။ ပညာတတ်တွေထဲမှာလည်း … လူပြိန်းတွေ အများကြီး။
ဗိုလ်ကျချင်သူဆိုတာ … ရန်လိုမှုကို လိုလားတယ် … …
          တန်းတူမှုကို နှစ်သက်သူဟာ … ငြိမ်းချမ်းရေးကို လိုလားတယ် … …
လူပြိန်းဆိုတာ ဗိုလ်ကျရတာကို ကြိုက်တယ် … … … … … ။
ဗိုလ်ကျချင်တဲ့သူဆိုတာ … အခု အမှန်ဟာ တော်ကြာ မှားရင် မှားမယ် … အခု အမှားဟာ ခဏနေ မှန်ရင် မှန်မယ်။ သေချာတာ တခုကတော့ … သူတို့ရဲ့ အမှန်တရားဆိုတာ … သူတို့ရဲ့အတ္တပဲ …။
        ယခုလက်ရှိ မြန်မာနိုင်ငံက စစ်အာဏာရှင်များကိုပဲ ကြည့်ပါ … သူတို့ တိုင်းပြည်ကို ချုပ်ကိုင်ထားတာ တခုတည်းသော ပေါ်လစီပဲရှိပါတယ်။ ဒါကတော့ … ဗိုလ်ကျစိုးမိုးခြင်း ဆိုတဲ့ မူကလွဲလို့ တိကျခိုင်မာတဲ့ သဘောတရား လမ်းစဉ် ဥပဒေဆိုတာ မရှိပါဘူး။ (လူရိုသေ ရှင်ရိုသေ စာအုပ် စာတမ်းတွေနဲ့ ပြုစုထားပေမယ့် လက်တွေ့ကတော့ ဒီသဘောတရား လမ်းစဉ်တွေကို ပစ်ပယ်ပြီး လက်တန်း အမိန့်တွေနဲ့ ဗိုလ်ကျစိုးမိုးရေးတခုသာလျှင် ရှိပါတယ်)
ဗိုလ်ကျတတ်တဲ့ အကျင့်ဆိုးဆိုတာ ဘယ်လောကမှာမှ မကောင်းဘူး …။ ကျနော်တို့တတွေဟာ ဗိုလ်ကျတတ်သူတွေ ဟုတ်မဟုတ် ကိုယ့်ကိုကိုယ် စစ်ဆေးကြည့်ရအောင်ပါ။
အားလုံးကို လေးစားစွာဖြင့် …

Wednesday, June 29, 2011

ကျနော့်တို့ခေါင်းဆောင်ကတော့ ဒီလိုပြောနေပါတယ်...။ အမှန်တကယ်လည်း လုပ်ဖို့လိုအပ်နေပါတယ်

ကျနော်တို့ဂျပန်မှာဗျာ…

(၁) မြန်မာပြည်ဒီမိုကရေစီရရှိရေး၊ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေး၊ ဘာရေး ညာရေး အစရှိသဖြင့် နာမည်လှလှ ခေါင်းစဉ်လှလှတွေတပ်၊ အဖွဲ့အစည်းတွေဖွဲ့ပြီးလုပ်ဆောင်နေကြတာ အဖွဲ့ပေါင်း ၄၀ ကျော်တောင်ရှိပါတယ်။ ဒီထက်တောင် ပိုမယ်ထင်ပါတယ်။

(၂) အားလုံးသောအဖွဲ့အစည်းများက ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်သဖွယ်ထားရှိပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေချင်တဲ့အတိုင်း၊ သို့တည်းမဟုတ် လမ်းညွန်တဲ့အတိုင်း သို့တည်းမဟုတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆန္ဒအတိုင်းလုပ်ဆောင်ကြပါမယ်ဆိုပြီး လူရှေ့သူရှေ့မှာတော့ လိပ်ခေါင်းထွက်လောက်အောင် “အာ” ကြ “အော်”ကြပါတယ်။ အခုအချိန်ထိလည်း “အာ”ဆဲ “အော်”ဆဲပါ။

(၃) သို့ပေမယ့် လက်တွေ့မှာတော့ ကိုယ့်ခေါင်းဆောင်ပြောတဲ့အတိုင်း၊ တိုက်တွန်းနေတဲ့အတိုင်း လုပ်သလား…မလုပ်ဘူးလားဆိုတာကို အောက်ပါလင့်ကိုကြည့်ရင် လယ်ပြင်မှာဆင်သွားသလို ထင်ထင်ရှားရှားကြီးမြင်ရမှာပါ။

ဒါကြောင့် ဒီအခွေကိုကြည့်ပြီး
(က)ဟီရိ ဆိုတဲ့ အရှက်တရားလေးရကြပြီး ပြုပြင်ကြစေလိုပါတယ်။
(ခ) လူမြင်ကွင်းမှာ၊ လူရှေ့တွေမှာ ဟိတ်တလုံး ဟန်တလုံးနဲ့ လူအထင်ကြီးအောင် “အာ”ခဲ့ “အော်”ခဲ့ကြသလို အဲဒီ့“အာ”ခဲ့၊ “အော်”ခဲ့တဲ့ကိုယ့်စကားအတိုင်း ကိုယ့်ခေါင်းဆောင်ပြောဆိုနေတဲ့၊ တိုက်တွန်းနေတဲ့ကိစ္စလေးကိုလည်း ဖြည့်ဆည်းပေးသင့်ပါတယ်။
(အနည်းဆုံး တစ်ဖွဲ့ကို တစ်ဦးနှုန်းနဲ့တာဝန်ယူကြမယ်ဆိုရင် ၃ သာဓုကို ၃ စကွဲယားတပ်ပြီး ၃ ကြိမ် ၃ ခါ ခေါ်ဆိုပေးပါမယ်။)
(ဂ) အဲ မဖြည့်ဆည်းဘူးကွာ…ငါတို့က ငါတို့လုပ်ချင်တာပဲလုပ်မယ်ဆိုရင်လည်း ဖြစ်ပါတယ်။ တခုပါပဲ။ ကိုယ့်အဖွဲ့အစည်းနာမည်တွေကို မြန်မာပြည်ဒီမိုကရေစီအရေးဆိုတဲ့အစား ငါမိုကရေစီလို့ပြောင်းလိုက်ပါ…။
ကျနော်တို့ ဘာဆိုဘာမှ မပြောတော့ပါဘူး….

အားလုံးကိုလေးစားလျက်-
စိုးဝင်းရှိန်(မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာ)



မှတ်ချက်-
ငါတို့က ကိုယ့်အစီအစဉ်နဲ့ထောက်ပံ့နေတာကွ။ မင်းမမြင်ဘူးလား...လို့ ပြောမယ်ဆိုရင်။ ဟုတ်ကဲ့-ကျနော်တို့ ယခုအချိန်ထိ မမြင်မိသေးပါဘူး။ ထင်သာမြင်သာရှိအောင် အားလုံးလည်း သံသယရှင်းအောင် စာရင်းဇယားများနဲ့ ထုတ်ပြန်ပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။ ထပ်မံပြီး ၃ သာဓုကို ၃ စကွဲယားတပ်ပြီး ၃ ကြိမ် ၃ ခါ ခေါ်ဆိုပေးပါမယ်

Tuesday, June 28, 2011

အညတရသူရဲကောင်းဆိုတာ....(ဆုချီးမြှင့်ရေးဆပ်ကော်မတီဝင်များရဲ့ ရင်တွင်းစကား)မှတ်တမ်းဗွီဒီယို



ပေးပို့သူ-
ကိုထွန်းဝေနှင့် ဇေယျာအောင်

Sunday, June 26, 2011

ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်းဆု ဂုဏ်ပြုချီးမြှင့်နိုင်ရေးအတွက် အစည်းအဝေးကျင်းပ၊ မိုးသောက်ကြယ်မှလည်း အလှူငွေပေးအပ်

View all
Get your own



 မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ နရသိန်အကျဉ်းထောင်များထဲတွင် ယုံကြည်ချက်ကြောင့် မတရားအကျဉ်းကျခံနေသည့် နိုင်ငံရေးအကျဉ်းသားများ၏ စွန့်လွှတ်၊ ပေးဆပ်မှုများကို အသိအမှတ်ပြု တန်ဖိုးထားလေးစားသည့်အနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာများစုပေါင်းပြီး ဖွဲ့စည်းထားသည့် အညတရသူရဲကောင်းဆုကျင်းပရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ်မြောက် ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေးအတွက် အစည်းအဝေးတရပ်ကို ကျင်းပပြုသွားခဲ့သည်။
အစည်းအဝေးကို ဇွန်လ ၂၆ ရက်(တနင်္ဂနွေ)နေ့ ညနေ ၆း၀၀ နာရီမှ ည ၈း၃၀ နာရီအထိ တိုကျိုမြို့၊ အိုးစုခအရပ်ရှိ မိနာမိအိုးစုခ ခန်းမ အဆောင်(၃)တွင် ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံရှိ အဖွဲ့အစည်းတစ်ချို့မှလည်း တက်ရောက်သည်ကို မြင်တွေ့ရသည်။
ယနေ့ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်းဆု ဂုဏ်ပြုချီးမြှင့်နိုင်ရေးအစည်းအဝေးတွင် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည့်မြောက်မွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် ကောက်ခံရရှိငွေ ယန်း ၇ သောင်းတိတိနှင့် အမေရိကန်နိုင်ငံရောက် ကိုမိုး(ပွင့်သစ်)မှပေးပို့လာသည့် ဒေါ်လာ ၂၀ ကို တာဝန်ခံများထံသို့ ပေးအပ်သည့်အခမ်းအနားကိုပါ ထည့်သွင်းပြုလုပ်သွားခဲ့သည်။
အလှူငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ မိုးသောက်ကြယ်စာကြည့်တိုက်ကိုယ်စား မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာတစ်ဦးဖြစ်သူ ကိုစိုးဝင်းရှိန်က မိမိတို့ချစ်မြတ်နိုးသည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအကျဉ်းသားများကို ကူညီပံ့ပိုးကြပါဟု တိုက်တွန်းနေသည့်ဆန္ဒတစ်ရပ်ကို ဖြည့်ဆည်းခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုသွားခဲ့သည်။
“ ကျနော်တို့ မိုးသောက်ကြယ်အဖွဲ့သားတွေအနေနဲ့ ကိုယ့်ခေါင်းဆောင်ရဲ့ ၆၆ နှစ်ပြည့်မြောက်မွေးနေ့မှာ သူမဖြစ်စေချင်တဲ့ဆန္ဒတစ်ရပ်ကို တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်းပေးတဲ့ရည်ရွယ်ချက်နဲ့ အလှူငွေပေးအပ်ခြင်းဖြစ်ပါတယ်။ ကျနော်တို့ကိုယ်တိုင်လည်း ပြည်တွင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူမှုအထောက်အကူပြုအဖွဲ့အစည်းကို တိုက်ရိုက်ပေးပို့နေတာတွေရှိပေမယ့် ဒီ အညတရသူရဲကောင်းဆုကျင်းပရေးဆပ်ကော်မတီဝင်တွေရဲ့ လုပ်ရပ်နဲ့ သဘောထားရပ်တည်ချက်ကို လေးစားအသိအမှတ်ပြုတဲ့အနေနဲ့ ပေးအပ်ခြင်းလည်းပါဝင်ပါတယ်။ အခုလို ကိုယ့်ခေါင်းဆောင်ရဲ့ဆန္ဒကို ဖြည့်ဆည်းခွင့်ရတဲ့အတွက်ရော အညတရသူရဲကောင်းဆုချီးမြှင့်နိုင်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ အကောင်အထည်ဖော်နေတဲ့ ခင်ဗျားတို့ကလည်း ကျနော်တို့ပေးအပ်တဲ့ငွေကို လက်ခံပေးတဲ့အတွက်ရော အလှူငွေထည့်ပေးကြတဲ့ အားလုံးကိုယ်စား အထူးပဲ ကျေးဇူးတင်ပါတယ်”ဟု ပြောဆိုသည်။
ဆက်လက်၍ ယခုပေးအပ်သည့်ငွေမှာ မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများ၏ ငွေသားသက်သက်ပဲမဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့်မွေးနေ့အတွက် မိုးသောက်ကြယ်မှပြုလုပ်ခဲ့သည့် ကောင်းမှုကုသိုလ်ပြုပွဲများတွင် အလှူငွေထည့်ဝင်ခဲ့သည့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသူ/သားများ၏ စေတနာ၊ သဒ္ဓါတရားများလည်း ပါဝင်ကြောင်းကို ဆက်လက်ရှင်းပြသွားခဲ့သည်။
မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများ၏ အလှူငွေကိုလက်ခံရယူခဲ့သည့် အညတရသူရဲကောင်းဆုချီးမြှင့်ရေးကော်မတီဝင်များကိုယ်စား တာဝန်ခံတစ်ဦးဖြစ်သူ ကိုမင်းထက်ဇော်မှ ယခုကဲ့သို့ မိမိတို့အကောင်အထည်ဖော်လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များအပေါ် ယုံကြည်မှုအပြည့်ရှိစွာဖြင့် အလှူငွေပေးအပ်လာသည့်အတွက် ၀မ်းမြောက်ဂုဏ်ယူမိကြောင်းပြောဆိုသွားခဲ့ပြီး ဆက်လက်၍ ယခုလုပ်ငန်းစဉ်ကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်လည်ပတ်နိုင်ရေးအတွက် အားလုံး၏၀ိုင်းဝန်းမှုကိုလည်း လိုအပ်ပါကြောင်း ပြန်လည်ပြောဆိုသွားခဲ့သည်။
တက်ရောက်လာကြသူများမှ အညတရသူရဲကောင်းဆုကျင်းပရေးဆပ်ကော်မတီဝင်များ၏ လုပ်ဆောင်မှုများအပေါ် အလေးထားဂုဏ်ယူကြောင်း ပြောဆိုခဲ့ကြပြီး၊ ပိုမိုကောင်းမွန်သည့် အကြံပြုချက်များနှင့် ဆုချီးမြှင့်နေသည့်လုပ်ငန်းအရှိန်အဟုန်ကြီးစွာ လုပ်ဆောင်နိုင်စေဖို့အတွက် တတ်နိုင်သည့်ဖက်မှ အားဖြည့်ကူညီသွားမည်ဖြစ်ကြောင်း ကတိပေးစကားများ ပြောဆိုခဲ့ကြသည်။
ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုချီးမြှင့်ခြင်းအစီအစဉ်ကို ၅ ဦးအထိပေးအပ်နိုင်ရန် စီစဉ်ထားကြောင်းသိရှိရပြီး တစ်ဦးလျင် ဂျပန်ငွေ ယန်း ၁ သိန်းနှင့်ညီမျှသော မြန်မာကျပ်ငွေ ၁၀ သိန်းနှုန်းဖြင့် သိန်း ၅၀ ပေးပို့ရန် စီစဉ်ထားကြောင်းလည်းသိရှိရသည်။
အညတရသူရဲကောင်း ဆုချီးမြှင့်ရေးဘဏ္ဍာရေးဆပ်ကော်မတီ၏စာရင်းထုတ်ပြန်ချက်အရ ယနေ့အချိန်အထိကောက်ခံရရှိငွေမှာ မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့မှ လှူတန်းငွေအပါအ၀င် ၃၀၁,၅၀၀+အမေရိကန်ဒေါ်လာ ၂၀(ဂျပန်ယန်း ၃ သိန်း ၁ ထောင် ငါးရာယန်း)သာရှိသေးပြီး မိမိတို့ရည်မှန်းထားသည့် မြန်မာငွေသိန်း ၅၀ နှင့်ညီမျှသော ငွေပမာဏရရှိပါက ပြည်တွင်းရှိ ဆုချီးမြှင့်ရေးနှင့် ဆုရွေးချယ်ရေးတာဝန်ခံများထံသို့ ချက်ခြင်းလွှဲအပ်ကာ အမြန်ဆုံးအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။




ရေးသားသူ-မောင်ရှင်(MTK)
မှတ်တမ်းဓါတ်ပုံ-ဟန်ဝင်းထွန်း(MTK)


မှတ်ချက်-အညတရသူရဲကောင်းဆုကျင်းပရေးကော်မတီဝင်များနှင့် အင်တာဗျူးထားသည့် ဗွီဒီယိုမှတ်တမ်းခွေကို မကြာမှီတင်ဆက်ပေးသွားပါမည်။

Friday, June 24, 2011

ပြည်ပရောက် အဖွဲ့အစည်းများအတွက် သီးလေးသီးလက်ဆောင်




ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)မှ တင်ဆက်ထုတ်လွှင့်သွားခဲ့သည့် ဗီဒီယိုဖိုင်ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ဘန်ကီမွန်း ကုလအတွင်းရေးမှူးချုပ် ရာထူး ပြန်ရွေးခံရ

ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို ဒုတိယ ငါးနှစ်သက်တမ်းတွင် ဆက်လက် တာဝန်ထမ်းဆောင်ရန် ဇွန်လ ၂၂ ရက်(အင်္ဂါနေ့)တွင် ရွေးချယ် ခန့်အပ်လိုက်သည်။

ဒုတိယ ငါးနှစ်သက်တမ်း ဆက်လက် ထမ်းဆောင်ရန် ရွေးချယ်ခံရပြီးနောက် ဘန်ကီမွန်းက သတင်းထောက်များသို့ နယူးယောက်မြို့၌ ပြောကြားရာ “ ကျနော်တို့ အောင်မြင်ခဲ့တာတွေ အတွက် ကျနော်တို့ ဂုဏ်ယူနိုင်ပါတယ်။ ခုချိန်ထိ တိုးတက်လာမှုတွေကို ကျနော်တို့ အနေနဲ့ ဂုဏ်လည်း ယူသင့်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ရှေ့ဆက်ပြီး အများကြီး လုပ်ရပါဦးမယ်၊ လူပေါင်း မြောက်များစွာဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်” ဟု ဆိုခဲ့သည်။

“ကုလသမဂ္ဂက သက်ဆိုင်တဲ့ ပြဿနာတွေကို ခုလောက်
meeting-BKM
ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို ဒုတိယ ငါးနှစ်သက်တမ်းတွင် ဆက်လက် တာဝန်ထမ်းဆောင်ရန် ရွေးချယ် ခန့်အပ် (ဓါတ်ပုံ မဇ္ဈိမ) ...
ကူညီဖြေရှင်းပေးရမယ့် အချိန် ကြုံခဲ့သလို ကုလသမဂ္ဂကို ခုလောက် လိုအပ်နေတဲ့ အချိန်လည်း မရှိသေးပါဘူး” ဟုလည်း မစ္စတာ ဘန်ကီမွန်းက ဆက်လက် ပြောဆိုခဲ့သည်။

တောင်ကိုရီးယား နိုင်ငံသား၏ ပထမ ငါးနှစ်သက်တမ်းအတွင်း
 မြန်မာနိုင်ငံတွင် ၂ဝဝ၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေး၊ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီး မြန်မာစစ်အစိုးရ၏ လူသားချင်းစာနာမှု ကင်းမဲ့စွာ ပြုမူမှုနှင့် ၂ဝ၁ဝခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲ စသည့် အဓိက နိုင်ငံရေး အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့သည်။

ဘန်၏ ပထမ ရာထူးသက်တမ်းတွင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သလို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အတွက် မြန်မာ့အရေးသည် အမြဲစိန်ခေါ်နေသည့် ကိစ္စတရပ်လည်း ဖြစ်နေခဲ့သည်။

၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလအတွင်းက မစ္စတာဘန်ကီမွန်းသည်
 မြန်မာနိုင်ငံအနေဖြင့် ကုလက သတ်မှတ်ပြဋ္ဌာန်းထားသည့်
 အချက်အလက်များကို ဖြည့်ဆည်းဆောင်ရွက်ခြင်း မရှိဟုဆိုကာ
 အရှေ့တောင်အာရှရှိ မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့သေးသည်။

ယခုလောလောဆယ် အချိန်တွင် ကုလအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ရာထူးနေရာမှာ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာတွင် နိုင်ဂျီးရီးယား သံတမန် မစ္စတာ ဂမ်ဘာရီ ဆက်လက် တာဝန် ထမ်းဆောင်ခြင်း မရှိတော့သည့် နောက်ပိုင်း လစ်လပ်လျက် ရှိနေဆဲ ဖြစ်ပြီး ဘန်ကီမွန်း၏ အရာရှိချုပ် ဗီဂျေး နမ်ဘီးယားက မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး အရာရှိအဖြစ်ဖြင့် ယာယီ တာဝန်ထမ်းဆောင်နေသည်။
 
လူပေါင်း တသိန်းလေးသောင်း ခန့် သေဆုံးခဲ့ကာ ၂.၄ သန်းခန့် ဒုက္ခရောက်ခဲ့ကြရသည့် နာဂစ်မုန်တိုင်း အပြီးတွင် မြန်မာနိုင်ငံအတွင်း မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ကြရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ကယ်ဆယ်ရေး အလုပ်များ ဝင်ရောက်လုပ်ကိုင်ခွင့် ရရန်အတွက် နိုင်ငံတကာ အားထုတ်မှုကို ဘန်ကီမွန်းက ဦးဆောင်ခဲ့သည်။

မုန်တိုင်းအပြီး သုံးပတ်ခန့် အကြာ ၂ဝဝ၈ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ဘန်ကီမွန်းသည် ရန်ကုန်မြို့တွင် အာဆီယံ-ကုလသမဂ္ဂ နိုင်ငံတကာ ကွန်ဖရန့်သို့ တက်ရောက်ခဲ့ပြီး မြန်မာ၊ အာဆီယံနှင့် ကုလသမဂ္ဂတို့ ပါဝင်သည့် သုံးပွင့်ဆိုင် အဖွဲ့ကို မုန်တိုင်းဘေးမှ ပြန်လည်ထူထောင်ရေး လုပ်ကိုင်ရန် စုစည်းပေးနိုင်ခဲ့သည်။ အစပိုင်းတွင် သုံးပွင့်ဆိုင် အဖွဲ့အနေဖြင့် အောင်မြင်မှုရခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာအစိုးရ၏ အဟန့်အတားများကြောင့် လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရသည်။

 ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်၍ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ မစ္စတာဘန်ကီမွန်းသည် ကုလအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းကို တာဝန်ထမ်းဆောင်မည် ဖြစ်သည်။ မစ္စတာဘန်သည် ရှစ်ဦးမြောက် ကုလအတွင်းရေးမှူးချုပ်လည်း ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခွင့်ကို အများဆုံး သက်တမ်းမည်မျှအထိ ထမ်းဆောင်ခွင့် ရှိသည်ဟု တရားဝင် ကန့်သတ်ထားခြင်း မရှိသော်လည်း ယခုအချိန်အထိ မည်သူမျှ သက်တမ်းနှစ်ကြိမ်ထက် ပို၍ ခန့်အပ်ခံရခြင်း မရှိသေးပေ။

မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြပါသည်။

Wednesday, June 22, 2011

(၆၆)နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် သွေးလှူ၊ ငါးလွှတ်ခဲ့သည့် မှတ်တမ်းနှင့် ငွေစာရင်းရှင်းတမ်း



ဗွီဒီယိုမှတ်တမ်း-ဇေယျာအောင်

ဇွန်လ(၁၉)ရက်နေ့တွင် (၆၆)နှစ်ပြည့်မြောက်ခဲ့သည့် မြန်မာတမျိုးသားလုံး၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ရက်မြတ်မင်္ဂလာတွင် မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်အဖွဲ့သားများမှ ကောင်းမှုကုသိုလ်ပြုသည့်အနေဖြင့် ဇီဝိတဒါနငါးလွှတ်ခြင်းနှင့် သွေးလှူခြင်းတို့ကို ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့ကြပါသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ စာသင်ကျောင်း(၃)ကျောင်း(သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း)တွင် ပညာနို့ရည်ချိုသောက်သုံးနေကြသည့် မြန်မာတိုင်းရင်းသား ကလေးငယ် ၈၀၀ ကျော်ကို ဒေါ်အောင်ဆန်းစုကြည်(၆၆)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နံနက်စာအာဟာရဒါနပြုလုပ်ခြင်းနှင့် ပညာဒါနအဖြစ် ကျောင်းသုံးစာအုပ်ဝေငှခြင်းတို့ကိုလည်း မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်အဖွဲ့သားများမှ ကောင်းမှုကုသိုလ်ပြုခဲ့ကြရာ ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(HRDP)မှ တာဝန်များမှ တာဝန်ယူဆောင်ရွက်ပေးခဲ့သဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြပါသည်။

ထို့အပြင် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်တော်ကျောင်းတွင် ဇွန်လ ၁၉ ရက်(တနင်္ဂနွေ)နေ့၊ ကပြုလုပ်ခဲ့သည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် သံသရာဆင်းရဲခြင်းဒုက္ခအပေါင်းမှ လွတ်ကင်းရာ လွတ်ကင်းကြောင်း ရည်မှန်း၍ ဆန်နှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်း ဂျပန်နိုင်ငံအခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(HRDP-Japan)မှ တာဝန်ခံများ၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်အဖွဲ့သားများအပါအ၀င် ဂျပန်ရောက်မြန်မာတချို့မှ ပါဝင်ကုသိုလ်ပြု ဆက်ကပ်လှူတန်းခွင့်ရခဲ့ကြပါသည်။

လာမည့် ဇွန်လ(၂၆)ရက်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်(၆၆)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားများကို ပံ့ပိုးနေသော အညတရသူရဲကောင်းများဆုချီးမြှင့်ရေးကော်မတီဝင်များထံသို့ အလှူငွေ ယန်း(၇)သောင်းတိတိကို ပေးအပ်မည်ပါသည်။
(ယခုလိုပြုလုပ်ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေချင်သည့် ဆန္ဒနှင့်တိုက်တွန်းပြောဆိုနေမှုများကို မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်အဖွဲ့သားများအပါအ၀င် ဂျပန်ရောက်မြန်မာတချို့မှ လေးစားလိုက်နာသည့်အနေဖြင့် တစ်ပိုင်တစ်နိုင်ဖြည့်ဆည်းခြင်းဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က “ကိုယ်တိုင်းပြည်ရေးအတွက် နာမည်ကျော်ကြားဖို့၊ နာမည်ကြီးဖို့၊ ထင်ပေါ်ကျော်ကြားဖို့မဟုတ်ပဲ လုပ်သင့်လုပ်ထိုက်တာတွေကို စွန့်လွှတ်အနစ်နာခံပြီး လုပ်ဆောင်နေကြတဲ့ ကျမတို့နိုင်ငံထဲက နိုင်ငံရေးအကျဉ်းသားတွေကို မမေ့ဖို့အရေးကြီးပါတယ်။ အခုလိုမျိုး ကူညီထောက်ပံ့တာကို ကျမအနေနဲ့ အမျိုးကြီးဝမ်းသာသလို ဂုဏ်လည်းယူပါတယ်”(ဇွန်လ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားသို့ပေးပို့သော Video Message အမှာစကားမှ)

ယခုကဲ့သို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရက်မြတ်မင်္ဂလာရောက်တိုင်း မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်အဖွဲ့သားများမှ မိမိတို့ဥာဏ်မှီိသလောက် လုပ်သင့်လုပ်ထိုက်သည်ဟုယူဆသော ကောင်းမှုကုသိုလ်ပြုခြင်းများကို အရိုးသားဆုံးနှင့် ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံးကို သန့်ရှင်းစွာထား၍ ကောင်းမှုကုသိုလ်ပြုခဲ့ကြရာ အတူတကွပါဝင်ကုသိုလ်ပြုကြသူများ၊ သဒ္ဓါတရားထက်သန်စွာ အလှူငွေထည့်ဝင်ကြသူများနှင့် အမှတ်တရဖြစ်အောင် မှတ်တမ်းတင်ပေးခဲ့သူများ(သတင်း၊ ဓါတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးပေးခဲ့သူများ)ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

နတ် လူ သာဓု ခေါ်စေသော်….။

ငွေကြေးလှူတန်းခဲ့သူများ၏အမည်နှင့် သုံးစွဲခဲ့မှုများ

ယန်း ၁ သောင်းထည့်ဝင်လှူတန်းခဲ့ကြသူများ-(၅ ဦး) စုစုပေါင်း ၅ သောင်း

(၁) ကိုဟန်ဝင်းထွန်း
(၂) ကိုဝင်းအောင်
(၃) ကိုမောင်သန့်
(၄) ကိုစိုးဝင်းရှိန်
(၅) မမာလာနွယ်

ယန်း ၈,၀၀၀ ထည့်ဝင်လှူတန်းခဲ့ကြသူများ-(၂ ဦး) စုစုပေါင်း ၁ သောင်း ၆ ထောင်

(၁) မနန်းအိမွန်ချစ်
(၂) မတင်တင်ဝင်း

ယန်း ၅,၀၀၀ ထည့်ဝင်လှူတန်းခဲ့ကြသူများ-( ၉ ဦး) စုစုပေါင်း ၄ သောင်း ၅ ထောင်

(၁) ကိုဝင်းဇော်
(၂) ကိုမိုးညို
(၃) ကိုထွန်းထွန်း
(၄) ကိုမင်းညိုဝမ်း
(၅) ကိုအောင်သန်း+မမေနှင်းဝေ
(၆) ဦးကျော်မြင့်(နှစ်ငါးဆယ်ပြည့်မွေးနေ့အမှတ်တရ)
(၇) ကိုတိုးကြည်ဆွေ+မကျင်ငိုက်မန်
(၈) မလီလီမေ
(၉) ကိုထွန်းဝေ

ယန်း ၃,၀၀၀ ထည့်ဝင်လှူတန်းခဲ့ကြသူများ-( ၇ ဦး) စုစုပေါင်း ၂ သောင်း ၁ ထောင်

(၁) ကိုမျိုးဌေး
(၂) ကိုဖေသိန်း
(၃) မခင်စောလွင်
(၄) ကိုရဲခေါင်ဦး+မပုလဲ
(၅) ကိုထွန်းထွန်းနိုင်+မချယ်ရီသန်း
(၆) မလေးလေး(တိုကျို)
(၇) ကိုတင်အောင်စိုး

ယန်း ၂,၀၀၀ ထည့်ဝင်လှူတန်းခဲ့ကြသူများ-(၉ ဦး) စုစုပေါင်း ၁ သောင်း ၈ ထောင်

(၁) မအေးအေးခိုင်
(၂) ကိုသိန်သန်းဌေး
(၃) မခင်ငြိမ်းဆွေ
(၄) မအိဖြူထွေး
(၅) ကိုနေမျိုးအောင်
(၆) ကိုအောင်ဌေး
(၇) မဌေးဌေးဝင်း
(၈) ကိုဖိုးသား(ဂွန်းမ)
(၉) ဘုန်းသီဟရှိန်

ယန်း ၁၀၀၀ ထည့်ဝင်လှူတန်းခဲ့ကြသူများ-( ၁၇ ဦး) စုစုပေါင်း ၁ သောင်း ၇ ထောင်
(၁) ကိုညီညီလွင်
(၂) ကိုရဲမျိုးသွင်
(၃) ကိုတင်အောင်
(၄) မမေသူလင်း
(၅) ကိုရန်မျိုးကျော်
(၆) ကိုမောင်မောင်အေး
(၇) ကိုအောင်လော့ဒ်
(၈) ဘောက်ဆန်မိုင်
(၉) ဒေါ်နန်ဒွဲ
(၁၀) ကိုသန်းအေး
(၁၁) စေတနာရှင်တစ်ဦး
(၁၂) ကိုကျော်ခိုင်
(၁၃) ကိုလမင်း
(၁၄) မယ်သီတာ
(၁၅) မတင်တင်မြင့်
(၁၆) ကိုဝင်းဇော်(ဂွန်းမ)
(၁၇)မညိုညိုအောင်

ကောက်ခံရရှိငွေစုစုပေါင်း ၁၆၇,၀၀၀( တစ်ဆယ့်ခြောက်သောင်းခုနှစ်ထောင်ယန်းတိတိ)

ကုန်ကျငွေ(ထွက်ငွေ)စာရင်း

စာသင်ကျောင်း(၃)ကျောင်း(သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း)ရှိ ကလေးများအတွက် မနက်စာ+ဖတ်စာအုပ် ယန်း ၇၅,၀၀၀(ခုနှစ်သောင်းငါးထောင်ယန်း)
ဆွမ်ဆန်စိမ်းလောင်းလှူပွဲတွင်ကုသိုလ်ပြုခြင်း ယန်း ၁၇,၅၀၀(တစ်သောင်းခုနှစ်ထောင်ငါးရာ)
ငါးလွှတ်ရန်အတွက်ငါးဝယ်ခ ယန်း ၄,၅၀၀(လေးထောင့်ငါးရာယန်း)
အညတရသူရဲကောင်းဆုချီးမြှင့်ရေးသို့ ယန်း ၇၀,၀၀၀(ခုနှစ်သောင်းယန်းတိတိ)

စုစုပေါင်း ယန်း ၁၆၇,၀၀၀( တစ်ဆယ့်ခြောက်သောင်းခုနှစ်ထောင်ယန်းတိတိ)

မှတ်ချက်-ငွေစာရင်းကိစ္စနှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များရှိပါက-

မတင်တင်ဝင်း(မိုးသောက်ကြယ်စာကြည့်တိုက်တာဝန်ခံ)
၀၉၀ ၈၇၂၀ ၉၀၁၇ သို့ တိုက်ရိုက်မေးမြန်းစစ်ဆေးစုံစမ်းနိုင်ပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More