This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, March 24, 2009

နီပွန်းနော့ ၀ကမိုနို ( နိပွန် နိုင်ငံတော်ရဲ့ အနာဂါတ်တွေ အကြောင်း )


နီပွန်းနော့ ၀ကမိုနို ဆိုတာကတော့ ဂျပန်က လူငယ်တွေရဲ့ အကြောင်းဖြစ်ပါတယ်၊ ဂျပန်က လူငယ်တွေအကြောင်းကို ရေးမယ်ဆိုတော့ တကယ်ရေးရင် တအားကို ကျယ်ပြန့်မှု ရှိတာရယ် ကျနော်ကိုယ်တိုင်က လူလတ်ပိုင်း အရွယ်ဖြစ်နေတော့ လူငယ်တွေဘ၀ကို ပြန်ဆင်း လေ့လာပြီး ရေးရပါတယ်၊ ပြည့်စုံမှုတော့ ရှိမယ် မထင်ပါဘူး ၊ ဒါပေမယ့် အားလုံးအတွက် ဂျပန်က ယနေ့ခေတ် ပုံရိပ်တွေ ရောင်ပြန်ဟပ်မဲ့ ဗဟုသုတ တစုံတရာ ရရှိမယ်လို့ တော့ထင်ပါတယ်။

ဝကမိုနို

ဂျပန် လူငယ်လူရွယ်တွေကို ဂျပန်လိုတော့ ၀ကမိုနို (wakamono) လို့ခေါ်ပါတယ်၊ ဂျပန်နိုင်ငံ ရဲ့ ဥပဒေ သတ်မှတ်ချက်အရ အသက်၂၀ မပြည့်သေး သူတွေကို လူကြီးအဖြစ် အသိအမှတ် မပြုပါဘူး၊ အသက်၂၀ မပြည့်သေးတဲ့ ယောကျာင်္းလေး၊ မိန်းကလေးတွေဟာ မိဘရဲ့ အုပ်ထိမ်းမှု အောက်မှာရှိနေပြီး အရက်သောက်ခွင့်၊ ဆေးလိပ်သောက်ခွင့် နှင့် လူကြီးတွေ လုပ်ပိုင်ခွင့်ရှိတဲ့ အရာတွေကို လုပ်ပိုင်ခွင့် မရသေး၊ မရှိသေးတဲ့ အရွယ်ပေါ့၊ ဒါပေမယ့် တိုးတက်ပြီး ခေတ်မှီနေတဲ့ နီပွန်းက ဂျပန်လူငယ်တွေက ဒီသတ်မှတ်ချက် ဥပဒေတွေ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာကြပါရဲ့လား ? ဆိုတဲ့ မေးခွန်းတွေ မေးလာနိုင်စရာ ရှိပါတယ်၊ ဒီနေရာမှာ အုပ်စု နှစ်စု ခွဲပြောရမှာပါဘဲ၊ ရိုးရိုးသားသား နဲ့ ကျောင်းပညာကိုသာ စိတ်ဝင်စားပြီး ၀ါသနာပါရာ ဂီတ၊ အနုပညာနဲ့ တခြားအတတ်ပညာ၊ အသိပညာတွေကို ရည်မှန်းချက်ကြီးကြီး နဲ့ ကြိုးစားနေကြသူတွေ ရှိသလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လွတ်လပ်မှုနောက်ကို တကောက်ကောက် လိုက်ရင်း အပျော်အပါး၊ အလှအပ နောက်မှာ လိုက်ပြီး ဘ၀ကိုရေစုန် မျှောနေသူတွေလည်း ရှိနေကြတာပါဘဲ။

အထက်တန်း ကျောင်းသူလေးတွေရဲ့လွတ်လပ်ပေါ့ပါးတဲ့ စတိုင်

အဆိုး နဲ့ အကောင်းတွေ ဒွန်တွဲနေတဲ့ ဂျပန်လူငယ်

အလယ်တန်း ပညာသင်ကြားနေတဲ့ ဂျပန်လူငယ် တွေကတော့ ၁၃နှစ်၊ ၁၅နှစ် အရွယ်သာသာ လေးတွေပါ အဲဒီ အရွယ်တွေကတော့ ကျောင်းတက်၊ အပေါင်းအသင်း အစုအဝေးလေးတွေနဲ့ ကျောင်းပိတ်ရက်တွေမှာ တွေ့ဆုံကြပြီး လည်ကြပတ်ကြနဲ့ သာမာန်ကလေးဘ၀ကို ဖြတ်သန်း နေကြတာများပါတယ်၊ အလယ်တန်းအဆင့်ကို ကျော်ဖြတ်လို့ အထက်တန်း အဆင့်ကိုရောက်ကြတယ် ဆိုရင်ဖြင့် လူပျို အပျိုဖော်ဝင်နေတဲ့ သူတို့လေးတွေဟာ အရာရာကို သိချင် စူးစမ်းချင်လာသလို၊ ဘ၀ရဲ့ တဆစ်ချိုးအကွေ့ အပြောင်းအတွက် အရေးကြီးတဲ့ အချိန်လည်းဖြစ်တာမို့ အပေါင်းအသင်း၊ ပတ်ဝန်းကျင်က စေ့ဆော်မှုတွေ နဲ့ အဲဒီ လူငယ်ဘ၀တွေကို ပြောင်းလဲစေကြတော့ တာပါဘဲ။

အလှအပကို တော်တော်လေး ခုံမင်လာတဲ့သူ ဆိုယင် ဆံပင်တွေကို အရောင်အမျိုးမျိုး ဆိုးပြီး ခေတ်လူငယ်စတိုင်တွေနဲ့ ရှိုးထုတ်လာကြတယ်၊ မိန်းကလေးတွေကတော့ ကျောင်းတက်ယင် စကဒ်အတိုလေးတွေကို တိုသထက်တိုအောင် ခေါက်ဝတ်လို့ သူတို့ရဲ့ ငယ်ရွယ်တဲ့ အလှကို ပုရိဿတွေ ရင်ခုန်အောင် sexy ဆန်ဆန် ပြင်ဆင် ၀တ်ဆင်လာကြတယ်လေ၊ အထက်တန်း ကျောင်းသား ကျောင်းသူလေးတွေ ဖြစ်လာတဲ့ သူတို့ နှလုံးသားမှာလည်း အချစ်ဆိုတဲ့ ပန်းလေးတွေက ဖူးပွင့်လာပြီ ဆိုတော့ တွယ်တာရမယ့် အသက်တူ ရွယ်တူချစ်သူလေးတွေလည်း ရှိနေကြပါပြီ၊ ဒီ အရွယ်လေးတွေကတော့ အရက်၊ ဘီယာနဲ့ ဆေးလိပ်တို့ စသောက် စမ်းသောက် နေကြသူတွေ ရှိလာသလို၊ ချစ်သူကိုလည်း မိဘအိမ်ကို ခေါ်လည်တတ် နေကြပါပြီ၊ မိဘတွေကလည်း အရွယ်ရောက်စ ပြုလာပြီဖြစ်တဲ့ သားသမီးတွေကို လွတ်လပ်ခွင့် စပေးစ ပြုလာပြီမို့ ကြည်ဖြုစွာနဲ့ဘဲ အိမ်မှာ ပေးတွေ့ခွင့် ပြုပါတယ်၊ အချစ်ဟိုတယ်လို နေရာမျိုးကတော့ သွားသူ ရှားပါးသလို၊ အရွယ် မရောက်သေးတာမို့ ပြဿနာ တစုံတရာတက်လာ နိုင်တာမို့လည်း ဖြစ်ကောင်း ဖြစ်မှာပါ။

ဆံနွယ်ကေသာ အရောင်အမျိုးမျိုးနဲ့ စတိုင်ထုတ် လှချင်တိုင် လှနေကြ

လိင် ဆက်ဆံမှုနဲ့ လူငယ်ကဏ္ဍ

ဂျပန်ဟာ လိင် ဆက်ဆံမှုနဲ့ ပတ်သက်ပြီး ရှက်စရာ အလုပ်တခုလို့ သတ်မှတ်ခြင်း မရှိကြပါဖူး၊ လိင်ဆက်ဆံမှုဟာ ကျန်းမာရေးတခု အဖြစ် သတ်မှတ်ထားသလို၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေကို ဆရာတွေ ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ လုပ်နေသလို၊ ဖြစ်လာမယ့် အန္တရာယ်ကို ကြိုတင် ကာကွယ်တားဆီးနိုင်ဘို့ တွေကိုပါ သင်ကြားပေးသလို အကာအကွယ် ပစ္စည်းတွေက အစ ဆေးရောင်းတဲ့ စတိုးဆိုင်လို နေရာမျိုးတွေမှာ လွတ်လွတ်လပ်လပ် ၀ယ်ယူ အားပေးနိုင်တာမို့ ကျောင်းဝတ်စုံနဲ့ ၁၄နှစ်အရွယ် ကျောင်းသူလေးက အစ ကိုယ်ဝန်စမ်းသပ်တဲ့ ဆီးစစ်တဲ့ ပစ္စည်းလေးတွေကို ခပ်တည်တည် ၀ယ်ယူ အားပေးနေတာ မကြာခဏ တွေ့မြင် နေရပါတယ်၊ ဂျပန်ဟာ လိင်မှုကိစ္စနဲ့ ပတ်သက်ရင် လုံးဝ လွတ်လပ်မူရှိတာဟာ ကမ္ဘာမှာ ပထမလို့ သတ်မှတ် ခံထားရတာပါ၊ ဂျပန်ရဲ့ စတိုးဆိုင်လို နေရာမျိုးတွေ စာအုပ်ဆိုင် တွေမှာတောင် လိင်နဲ့ပတ်သက်တဲ့ စာအုပ်၊ စာတမ်းတွေ၊ ရုပ်ပြကာတွန်း၊ မဂ္ဂဇင်းနဲ့ ဗွီဒီယိုတွေကို ထင်သာမြင်သာပဲ တင်လို့ ရောင်းချလျှက်ရှိပါတယ်။

ဟရဂျုခု လမ်းမပေါ်က Rockတေးဂီတ အကနဲ့ အပြတ် ဒန့်စ်လို့ မြူးတူး နေတဲ့ ကိုကို ကာလသားများ

လှုပ်လှုပ်ရှားရှား လူငယ်များ

ဂျပန် လူငယ်တွေဟာ မြူးဇစ်နဲ့ သီချင်းတွေကို အရူးအမူး စွဲလမ်းနှစ်သက်ကြသလို လှုပ်ရှားပြီး ကနေရတဲ့ ဒန့်စ်တွေကိုလည်း သိပ်ကြိုက် နှစ်သက်ကြပါတယ်၊ အဲဒီလို စွဲလမ်းနှစ်သက်ရာက ကိုယ်ကိုတိုင် ဖန်တီးရှင်ဘ၀ ရောက်အောင် အနုပညာ ဆိုတီးပညာရပ်တွေကိုပါ လေ့လာပြီး ညဘက်မှာ လူစည်ကားတဲ့ ဘူတာရှေ့လို နေရာမျိုးတွေ၊ ပန်းခြံလိုနေရာမျိုးတွေမှာ အပေါင်းအသင်းတစုနဲ့ ဖျော်ဖြေတင်ဆက်နေတဲ့ လမ်းဘေး တီးဝိုင်းလေးတွေလည်း အမြောက်အများပါဘဲ၊ အဲဒီလို လမ်းဘေးဝိုင်းလေးတွေ ကနေ ဖျော်ဖြေတင်ဆက်ပြီး နာမည်ကျော် အဆိုတော်တွေ၊ အတီးသမားတွေလည်း မြောက်များစွာ ထွက်ပေါ်ခဲ့ကြတယ်၊ ဒီနေရာမှာ တခုပြောချင်တာက ဂျပန်က လူနေရပ်ကွက်တွေဟာ ဆိတ်ငြိမ်၊ တိတ်ဆိတ်နေတတ်ပြီး ပတ်ဝန်းကျင်နဲ့ ဘေးအိမ်တွေကို အနှောင့်အယှက် ပေးလို့မရပါဘူး၊ မြန်မာပြည်လို အိမ်ရှေ့ ထွက်ပြီး ဂစ်တာ တဒေါင်ဒေါင်နဲ့ လုပ်လို့ မရသလို စကားပြောရင်တောင် ဘေးခန်းတွေ အနှောင့်အယှက် မဖြစ်အောင် အော်ကျယ် အော်ကျယ်ပြောလို့ မရပါဘူး၊ ပြောတော့ ဘာဖြစ်မလဲ သိလား ... ဂျပန်ရောက် မြန်မာတွေ မြန်မာစတိုင် နဲ့ အိမ်ထဲမှာ အော်ကြီး၊ ဟစ်ကျယ် စကားပြောကြလို့ ပတ်ဝန်းကျင်က ရဲတိုင်ရာက ဗွီဇာမရှိသူတွေ တေါ့လို့ ရွာပြန်ကြရ၊ ခဏခဏ အဖမ်းခံရတာတွေ ရှိသလို၊ ရဲစခမ်းက ခေါ်ယူ သတိပေးခြင်း ခံရတာတွေလည်း အများကြီးပါ၊ ( ကြုံလို့ တင်ပြယုံ သက်သက်ပါ။ )

ဟရဂျုခု လမ်းမပေါ်က ဖက်ရှင် ဒီဇိုင်းပြနေတဲ့ နေမျိုးနွယ်မလေး တယောက်

တခုဆို တခုဘဲလို့ ဆိုကြတယ်

ဂျပန် လူငယ်တွေရဲ့ ကောင်းမွန်တဲ့ အကျင့်တခုက အလုပ်တခုကို လုပ်ရင် တဝက်တပျက်နဲ့ ရပ်တံ့သွားသူ နည်းသလို၊ ကျနော်တို့ မြန်မာလူငယ်တွေလို ဟိုစပ်စပ် ဒီစပ်စပ် မလုပ်ကြတာ ပါဘဲ၊ ဥပမာ ဘတ်(စ)ကက်ဘော ၀ါသနာပါသူက ၁၀နှစ်သားလောက် ကတည်းက အရွယ်ရောက်လာတဲ့ အထိ ဘတ်(စ)ကက်ဘောဘဲ ကျန်တာ သူတို့ စိတ် မ၀င်စားပါဘူး ၊ အဲဒါကိုဘဲ အောင်မြင် အောင်လုပ်တယ်၊ ပန်းချီ စိတ်ဝင်စားသူက ပန်းချီဆို ပန်းချီပါဘဲ တခြားအကြောင်းတွေ သူ မသိပါဘူး၊ တခုကိုဘဲ တစိုက်မတ်မတ် လိုက်စား လေ့လာကြတယ်၊ ဂျပန်ရဲ့ အောင်မြင် တိုးတက်နေမှုတွေဟာ အဲဒီအချက်လည်း ပါနေတယ်ဆိုတာတော့ ငြင်းလို့ရမယ် မထင်ပါဘူး၊ မိတ်ဆွေတယောက်ရဲ့ သား တယောက် အကြောင်းကို သိခဲ့တာ သူဟာ ၇နှစ်သားလောက် ကတည်းက သူ့အမေက ပီယာနိုတီးတတ်ရဲ့သားနဲ့ သင်တန်းကျောင်းကို ပို့သင်စေပြီး အမေက မသင်ပေးတော့ မေးဖြစ်လာလို့ ရင်နှီးစွဲနဲ့ မေးဖြစ်တော့ ... အမေ စန္ဒယား တီးတတ်နေတာ သားကို သင်ပေးလိုက်ပါလား? ဘာကြောင့် သင်တန်းကျောင်း သွားပို့ရတာလည်း ဆိုတော့ မိဘက သင်ရင် သူ အလေးထားမှာ မဟုတ်သလို၊ စနစ်ကျမှာလဲ မဟုတ်ဘူး ... ဒီတော့ ... သင်တန်းကျောင်းက စနစ်ကျတယ်၊ သူ့အတွက် အခြေခံကောင်း ရစေတယ်ဆိုပြီး ပိုက်ဆံ အကုန်ခံပို့ သင်စေပါတယ်၊ ဒါကြောင့် အဲဒီ ကလေးဟာ အခုဆိုရင် နာမည်ရ ပီယာနစ် တယောက်ဖြစ်နေပါပြီ၊ အခြေခံကောင်းမှ.. “ အမြင့်ကို တက်လှမ်းတဲ့ အခါ အခြေခံ ခိုင်မာမှု ရှိရမယ်” ..ဆိုတဲ့ အတွေးအခေါ်တွေဟာ တကယ်ကို အတုယူ သင့်စရာတွေပါဘဲလို့ ညွန်ပြချင်ပါရဲ့။

ကာလာ ဖက်ရှင်များနဲ့ လူငယ်တွေ

တိုကျိုလို နေရာမျိုးမှာတော့ လူငယ်တွေ အများဆုံး စည်ကားတဲ့ စုစည်းတတ်တဲ့နေရာ လူငယ်ရပ်ကွက်လို့ ပြောစမှတ်ပြုနေတဲ့ နေရာတွေကတော့ ရှီဘုယ နဲ့ ဟရဂျုခု လိုနေရာမျိုးတွေပါဘဲ၊ အဲဒီ ရပ်ကွက်၂ခုက ကပ်လျှက် ရှိနေပြီး အရောင်အသွေးစုံနဲ့ ပန်းပွင့်လေးတွေရဲ့ ပျော်စံရာနေရာလို့သာ တင်စားလိုက်ချင်တော့တယ်၊ ခေတ်ရေစီးကြောင်းနဲ့ အညီ ဖက်ရှင်စတိုင် အမျိုးမျိုးနဲ့ လမ်း သလားနေတဲ့ ရောင်စုံ ကောင်မလေးတွေ ကောင်လေးတွေ ပျားပန်းခတ်မျှ ရှိနေသလို၊ တနင်္ဂနွေလို နေ့မျိုးမှာတော့ ဟရဂျုခု ဘူတာက ထွက်လိုက်တာနဲ့ ခေတ်စတိုင် ဖက်ရှင်ဒီဇိုင်းတွေ နဲ့ ခေတ်လွန် ဒီဇိုင်းတွေကို ဖက်ရှင် ပန်းခင်းကြီးထဲ ဆင်းကြည့် နေရသလို ငယ်ရွယ်သူလေးတွေကို အရောင်အသွေးစုံစွာ တွေ့မြင်ရမှာ ဖြစ်သလို၊ ရော့ခ်အကကို အစုအဖွဲ့နဲ့ ညီညာစွာ ကတ်ဆက်ဖွင့်ပြီး ကခုန်နေသူတွေ အပြင် တီးဆို ဖျော်ဖြေနေတဲ့ ဂီတ၀ိုင်း အသေးစားလေးတွေ ကလည်း မျက်စိတဆုံး ရေစီးကြောင်းထဲ မျောပါသွားသလိုကို တွေ့မြင်ရပါတယ်၊ အဲဒီ လူငယ်တွေ အများဆုံး ဆုံရပ်နေရာမျိုးမှာ လူငယ်တွေရဲ့ အညွန့်ကို ဖျက်ဆီးမယ့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားသူတွေလည်း ရှိနေသလို၊ သုံးစွဲသူ လူငယ်တွေ ဘ၀ပျက်နေသူတွေလည်း ရှိနေပါတယ်၊ ဂျပန်လူငယ်တွေ မူးယစ်ဆေး သုံးတာတော့ နည်းပါတယ်၊ ဈေးကြီးတာရယ် အစိုးရက တင်းကြပ် ထားတာတွေရယ် ကြောင့်ပါ။

စတန့်ထွင်တာလားတော့ မသိ တခါက အဲဒီ ဟရဂျူးခုမှာ ကောင်မလေးတွေ Free Hugs ( အလကား ပွေဖက်၍ ရသည် ) လို့ ဆိုင်းဘုတ် ကိုင်ထားတာ တွေ့ရတယ်၊ လမ်းသွား လမ်းလာတွေ တကယ်လဲ ဝင်ဖက်သွားတာ တွေ့ရတယ် ဘာပြောပြော ရီစရာ တခုလို ရယ်ရယ်မောမော ဖက်လိုက်ကြတော့ တာပါပဲလေ။


ဂျလေဘီ စတိုင်နဲ့ လွင့်မျော နေသူလေးတွေ

ဆိုးသွမ်းလူငယ်

ဂျပန် လူငယ်တွေတချို့ အမေရိကန်နဲ့ အနောက်နိုင်ငံကို အတုခိုး ခုံမင်ကြတာတွေလည်း ရှိနေပါတယ်၊ အတုခိုးတာကောင်းတဲ့ အရာကို အတုမခိုးမိဘဲ လွှဲမှားတာတွေ အတုခိုးမိတော့ ဒုက္ခများ ရတော့တာပါဘဲ၊ ဆံပင်တွ နီ၊ အ၀ါရောင်တွေဆိုးလား ... ဆိုးကြရဲ့၊ အသားအရေကို နေလောင်ထားသလို ဖြစ်အောင်လုပ်ကြ၊ အသားအရည်ကို ဓါတ်ကင်ထားပြီး ဖက်ရှင် လုပ်နေသူတွေဟာ ၀ါသနာအရ လုပ်နေသူတွေ ရှိနေသလို တချို့ တကယ် အဆင့်အတန်းမရှိတဲ့ ဟစ်ပီလို ပုံမျိုးတွေ ဖြစ်လာတာတွေလည်း ရှိပါတယ်၊ ကျောင်းမှာ ဆရာစကား နားမထောင် ဆရာကို ပြန်ထိုး ရိုက်နှက်၊ မိဘစကားလည်း နားမထောင်ဘဲ လမ်းပေါ်မှာ လွင့်မျှောနေတဲ့ လူငယ်တွေလည်း ရှိပါ့။

သူတို့ မျက်နှာတွေဟာ အမြဲတစေ ရန်လိုနေတဲ့ မျက်နှာတွေနဲ့ ညဖက်တွေဆို စတိုးဆိုင်လို ကုန်တိုက်ကြီးတွေ နေရာမျိုး ရှေ့မှာထိုင်ပြီး ဆေးလိပ် လက်ကြားမှာ ညှပ်ပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်တဲ့ ပုံစံမျိုးတွေနဲ့ အိုက်တင်ပေးနေတာလား? တကယ်လား? တွေ့မြင် နေရတာတွေလည်း ရှိသလို၊ အခကြေး ငွေရလို့ဘဲဖြစ်ဖြစ် အခကြေးငွေမရပဲလည်း ဖြစ်ဖြစ် ဘယ်သူ ခေါ်ခေါ် လိုက်တာမျိုးတွေလည်း ရှိနေပါသေးတယ်၊ သူတို့ဆီမှာ ပြဿနာဆိုတာ အမြဲရှိနေတတ်ပြီး ရှောင်နိုင် ရှားနိုင်မှ တော်ရုံကြပါတယ်၊ သူတို့ရဲ့ ပကတိမျက်နှာလေးတွေက တကယ့် ကလေးငယ်အရွယ် ရှိလှ ၁၇နှစ် ၂၀ ပတ်ဝန်းကျင်လေးတွေပါ၊ အနာဂါတ်ဆိုတာ သူတို့ အတွက်တော့ နတ္တိ လောက်လောက်လားလား စဉ်းစားမိသေးပုံ မပေါ်ပါ။

ဂျပန်ဟာ ရထားကိုသာ အဓိကထား သုံးတဲ့ နိုင်ငံဖြစ်နေတာမို့ ကျောင်းတက်၊ အလုပ်တက်၊ ရထားကိုဘဲ အားထားကြပါတယ်၊ ကားကို သုံးမိမယ်ဆိုရင်တော့ ရုံးတက် ရုံးဆင်းချိန်မျိုးတွေမှာ ယာဉ်ကြော ပိတ်ဆို့နေမူကြောင့် သတ်မှတ်ချိန်မှာ အလုပ်ကိုရောက်ဖို့ မဖြစ်နိုင်တာမို့၊ သေချာပြီး အချိန်မှန်တဲ့ ရထားကို အသုံးများကြတာပါ၊ အဲဒီ ရထားပေါ်မှာ လူငယ်တွေ ပြောတဲ့စကားကို နားထောင်ရင် နားမလည်တာတွေ အများကြီးပါ ဗန်းစကားတွေ သုံးနေတာမို့ လူလတ်ပိုင်းအရွယ် ဂျပန်လူမျိုးတွေတောင် သူတို့ပြောတဲ့ ဂျပန်စကားကို နားမလည်နိုင်အောင် မျက်စိ လည်ရပါတယ်။

မျိုးဆက်သစ် ရှားပါးနေပြီလော ... ဂျပန်

ယခုဆိုရင် ဂျပန်လူငယ် မျိုးဆက်သစ်တွေဟာ နည်းသထက် နည်းလာနေပြီ ဖြစ်လို့ ဂျပန်အစိုးရ အနေနဲ့ အနာဂါတ်အတွက် စိုးရိမ် ပူပန်မူတွေရှိလာ ရပါတယ်၊ ဘာဖြစ်လို့ မျိုးဆက်သစ် လူငယ်တွေ ရှားပါး လာရသလည်း ဆိုရင် လူနေမှု စားရိတ်တွေက အဆမတန် မြင့်မားနေမူတွေက အဓိက ပြဿနာ ဖြစ်နေလို့ပါဘဲ၊ ကလေးတယောက် မွေးဖွားမယ်ဆိုရင် မွေးဖွားစားရိတ်ဟာ အမေရိကန်ဒေါ်လာ ၃၅၀၀(သုံးထောင်ငါးရာ) လောက်ကနေ ဒေါ်လာ၆၀၀၀ (ခြောက်ထောင်) လောက် အထိ ရှိနေတတ်ပြီး၊ ပြင်ပ နေ့ကလေးထိန်း ကျောင်းစားရိတ် ကတင် ဒေါ်လာ၄၀၀ (လေးရာ) ကနေ ၆၀၀(ခြောက်ရာ) လောက်အထိ ဖြစ်နေသလို၊ ကလေး ကြီးပြင်းလာတာနဲ့ အမျှ ကုန်ကျစားရိတ်တွေက တိုးပွားလာလေ ပါဘဲ၊ အရွယ်ရောက်လို့ တက္ကသိုလ်အထိ ပညာသင်ကြားမယ့် ကလေးတယောက်အတွက် ကုန်ကျစားရိတ်ဟာ ကျောင်းအပေါ် မူတည်ပြီး ဒေါ်လာ ၃၀၀၀၀၀ (သုံးသိန်း) ကနေ ၆၀၀၀၀ (ခြောက်သိန်း) ပတ်ဝန်းကျင်အထက်မှာ ရှိနေတဲ့ အတွက် အိမ်ထောင်ရှင်တွေဟာ ကလေး တယောက်၊ နှစ်ယောက်ထက် ပိုမယူကြတော့ပါဘူး၊ ကလေး လုံးဝမယူတဲ့ အိမ်ထောင်သည်တွေလည်း ရှိလာပါတယ်။

အခု လူလတ်ပိုင်း ဂျပန်လူငယ်တွေကို ကြည့်မယ်ဆိုရင် တရားဝင် အိမ်ထောင် ပြုသူတွေထက် singleတွေ များသထက် များလာပြီး ချစ်သူနဲ့အတူ လက်မထပ်ပဲ အတူနေထိုင်ခြင်း (living together) နေထိုင်မှု အရည်အတွက်က တနေ့ထက် တနေ့ ရာခိုင်နှုန်း မြင့်သထက်မြင့် တက်လာနေ တော့တာပါဘဲ၊ ယခုလက်ရှိ ဂျပန်မှာ အလုပ်သမား ရှားပါးမှု ပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး၊ စားသောက်ဆိုင်၊ စက်ရုံ နဲ့ အလုပ်ကြမ်း အလုပ်တွေမှာ အမြဲ လူလိုအပ်မူတွေရှိနေပြီး မြို့နေ ဂျပန်လူငယ်တွေဟာ အဲဒီလို အလုပ်မျိုးတွေကို ရှောင်ကြတာလည်း ရှိလာတဲ့အတွက်၊ နိုင်ငံခြားသား အလုပ်သမားတွေကို တိုးချဲ့ခန့်ထားမူတွေ လုပ်လာရတဲ့ အခြေအနေအထိ ဖြစ်လာသလို နိုင်ငံခြားသားတွေကို ဂျပန်မှာ အခြေချ နေထိုင်မှု အတွက်တွေကိုပါ လျှော့ပေါ့ စဉ်းစား လာရတာဘဲ ဖြစ်ပါတယ်၊ အမှန်တော့ ဂျပန်ဟာ သူ့ နိုင်ငံသူ့ လူမျိုးဆိုတဲ့ လူမျိုးကြီးဝါဒ အစွဲကို လက်ကိုင်ကျင့်သုံး နေတဲ့နိုင်ငံ ဖြစ်တာမို့ နိုင်ငံခြားသား ဆိုတာကို လက်မခံချင်သလို၊ နိုင်ငံခြားသားတွေ ဂျပန်မှာ အခြေချ နေထိုင်မှာကိုလည်း လုံးဝမနှစ်မြို့ပါဘူး၊ ဂျပန်မှာ တရားဝင် အခြေချ နေထိုင်နေတဲ့ နိုင်ငံခြားသားတယောက်ဟာ သူ့ နိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေး ရှိတယ်လို့ တရားဝင် ဥပဒေထုတ်ပြန်ထားပေမယ့် စာအုပ်အတွင်း၌သာ ရှိနေပြီး၊ တကယ့် လက်တွေ့ မှာတော့ နိုင်ငံခြားသားဆိုတဲ့ အသိစိတ်နဲ့ ခွဲခြား ဆက်ဆံခံရမူတွေ အနည်းနဲ့ အများတော့ အမျိုးသားရေးစိတ် ပြင်းပြမှုတွေ ရှိနေကြပါသေးတယ်။

ဂျပန် အချစ်နဲ့ လူငယ်

ဂျပန်မိန်းကလေး၊ ယောကျာင်္းလေးတွေဟာ ချစ်သူတွေ ဖြစ်ကြတဲ့ အချိန်မှာ နိုင်ငံခြားသားတွေလို ချစ်တယ်၊ သိပ်ချစ်တာဘဲ ဆိုတဲ့စကားကို မသုံးကြပါဘူး၊ တဆင့်နိမ့်တယ်လို့ ဆိုရမဲ့ ကြိုက်တယ် (suki) အရမ်းကြိုက်တယ် (dai suki) အဲဒီ အသုံးအနှုန်းလေးတွေဘဲ သုံးပါတယ်၊ အိမ်ထောင်သည် တွေမှာတောင် ချစ်တယ် (aishiteru) အအိရှီတဲ့ရု ဆိုတဲ့စကားဟာ သိပ်ကိုရှားပါးတဲ့ စကားလုံး တခုအဖြစ် တွေ့မြင် နေရတာတွေဟာ မိသားစုဘဝကို အေးစက်စက်နိုင်လှပါတယ်၊ ဒါကြောင့် ဂျပန်လူငယ် တချို့ဟာ အခုချိန်မှာ သူ့ လူမျိုးကို သူ မယူကြတော့တဲ့ လူတွေလည်း တိုးပွားလာပြီး နိုင်ငံခြားသား တွေထဲမှာ ပျူဌာတဲ့ အာရှနိုင်ငံသား တွေကိုပါ ရှာယူလာကြ သူတွေလည်း ရှိလာကြတာ တွေ့မြင်ကြရပါတယ်။

နိုင်ငံခြားသား အမျိုးသားတယောက်ဟာ ကိုယ့် အိမ်ထောင်ဖက်အပေါ် သစ္စာရှိတဲ့ သူများပြီး၊ ကြင်နာ ယုယမူနဲ့ ကောင်းကောင်းမွန်မွန်လည်း ရှာဖွေ ကျွေးမွေးကြလို့ပါဘဲ၊ နိုင်ငံခြား အမျိုးသမီးတွေကတော့ ကိုယ့် အမျိုးသား အိမ်ထောင်ဖက် အပေါ် မယားဝတ္တရား ကျေပွန်သလို၊ ဖောက်ပြန်သူ နည်းကြတယ်၊ ဒါကြောင့် ရှာယူကြတာပါတဲ့၊ အများဆုံးကတော့ တရုတ်၊ ဖိလစ်ပင်း အမျိုးသမီးတွေကို ရှာယူတာများပါတယ်၊ အဲဒီအတွက် ကိုယ်ရဲ့အိမ်ထောင်ဖက်ကို ကိုယ်တိုင် ထွက်ရှာနေသူ ဂျပန်အမျိုးသား၊ အမျိုးသမီးတေ ရှိနေသလို၊ ဂျပန်မှာဘဲ ပွဲစားလုပ်သူတွေက ရှာဖွေဆက်သွယ်ပြီး အကျိုးဆောင်ပေး နေသူတွေလည်း အများကြီးပါ၊ မြန်မာထဲမှာတောင် အကျိုးဆောင် လုပ်နေသူတွေကို တွေ့မြင်နေရကြောင်း လက်မတို့ပဲ ဘလောက်မှာ တို့ ပြီး ပြောလိုက်ပါရစေ။

Coming of Age Day

အသက်၂၀ပြည့် ဂျပန် လူငယ်တွေအတွက် သတ်မှတ်ထားတဲ့ နေ့ထူး တနေ့ပါ အဲဒီနေ့ဟာ ဇန္န၀ါရီလထဲမှာ ဖြစ်ပြီး ၊ ယခုလာမည့် ၂၀၀၉ခုနှစ် ဇန္န၀ါရီလ ၁၂ရက်နေ့ကတော့ Coming of Age Day ဂျပန်လိုတော့ ဆေးဂျင်းနော့ဟိ (Seijin no Hi) လို့ ခေါ်ပါတယ်၊ အဲဒီနေ့ကို အများပြည်သူ ရုံးပိတ်ရက် အဖြစ်ပါ အစိုးရက သတ်မှတ် ပေးထားခြင်းအားဖြင့် ဂျပန်အစိုးရဟာ လူငယ်တွေအပေါ်ကို ဘယ်လောက်အထိ အလေးထားလည်း ဆိုတာ သိနိုင်ပါတယ်၊ အဲဒီနေ့မှာ အသက်၂၀ပြည့်သူတွေ အားလုံး ဂျပန်ကီမိုနိုဝတ်စုံတွေ ၀တ်လို့ မြို့နယ်အလိုက် လုပ်တဲ့ Coming of Age Day ပွဲတွေကို တက်ရောက်ကြပြီး အဖော် အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး လျှောက်လည်ကြပေါ့၊ ဂျင်းဂျာလို့ ခေါ်တဲ့ နတ်ဘုရားကျောင်းတွေနဲ့ ဗုဒ္ဓဘုရား ကျောင်းကန်တွေ ရှိရာကိုလည်း သွားရောက်ဂါရ၀ပြု ဆုတောင်းကြပါတယ် အဲဒီနေ့ဟာ လူကြီးအဖြစ် အသိမှတ်ပြု ခံရတဲ့နေ့လည်း ဖြစ်တာမို့ အဲဒီနေ့ကို ဂျပန်လူငယ်တိုင်း အလေးထားကြပါတယ်။

ဆေးဂျင်းနောဟိ (Seijin no Hi) ပွဲတော်နေ့မှာ တွေ့ရတဲ့ အရွယ်ဝင် လူငယ်လေးတွေ

ဒီလိုပဲ လူလတ်ပိုင်းဝင်လာတဲ့ ကမာနီလာတို့လဲ လူငယ်ဘဝ ဖြတ်သန်းဖူးတာမို့ လူတယောက်ရဲ့ အရေးပါတဲ့ ဆုံချက်ဖြစ်တဲ့ လူငယ်ဘဝတွေကို အလေးထားလွန်းလို့ စက်မှုခေတ်လွန် နိပွန်ဆိုတဲ့ ဂျပန်နိုင်ငံက လူငယ်တွေ အကြောင်း သိသလောက် ရတဲ့ အချိန်လေးထဲကနေ ဖဲ့ပြီး “ လူငယ်ဆိုတာ နိုင်ငံတော်ရဲ့ အနာဂါတ် ” ဆိုတဲ့ စကားနဲ့အညီ အနာဂါတ်တွေ အတွက် တခုတ်တရ အလေးထား မျှဝေတာပါ။

ကမာနီလာ

Saturday, March 14, 2009

မြန်မာလူ့အခွင့်အရေးနေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ(တိုကျို)



မှတ်တမ်းဓါတ်ပုံ
မင်းညိုဝမ်း(မိုးသောက်ကြယ်)

Sunday, March 8, 2009

ဗြိတိန်နိုင်ငံ မြောက်ပိုင်း ဂလပ်စကိုမြို့တော် လွတ်မြောက်ရေးဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်နိုင်ငံ မြောက်ပိုင်းရှိ ဂလပ်စကို မြို့တော် လွတ်မြောက်ရေး ဆုအား ယခု အပါတ် ဗုဒ္ဓဟူးနေ့က ချီးမြှင့် လိုက်သည်။

ထိုဆုအား သူမကိုယ်တိုင် တက်ရောက် မယူနိုင် သော်လည်း အမျိုးသား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင် လက်အောက် တိုက်ပွဲများကြားမှ ပြည်သူများထံ လွတ်မြောက်ရေး ဆောင်ကြဉ်းပေးမည့် သူ ဖြစ်၍ ယခု ဂလပ်စကိုမြို့ လွတ်မြောက်ရေးဆု အား ဒေါက်တာ အောင်ဆန်းစုကြည်အား ချီးမြှင့် ရခြင်း ဖြစ်သည်ဟု ဂလပ်စကိုမြို့တော် အုပ်ချုပ်ရေး အဖွဲ့မှ Lord Provost ဘော့ဘ် ဝင်းတား မှ ချီးကျူး ပြောကြားလိုက်သည်။

၎င်း လွတ်မြောက်ရေး ဆုအား တောင်အာဖရိက လွတ်မြောက်ရေး ခေါင်းဆောင် နယ်လ်ဆင် မင်ဒရဲလ်လား လဲရရှိဖူးကာ ညွှန့်ပေါင်းအစိုးရ အဖွဲ့မှ ဒေါက်တာ သောင်းထွန်းမှ ဆုကို ကိုယ်စား လက်ခံယူကာ အမှာစကားပြော ကြားခဲ့သည်ဟု အင်္ဂလန်မှ လာသော သတင်းများအရ သိရှိရသည်။(လူထုအသံမှ)

Friday, February 20, 2009

ဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့မှ ၂ဝ၁ဝ ရွေးကောက်ပွဲအား ထောက်ခံပြောဆိုခြင်းအပေါ် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကကန့်ကွက်ဆန္ဒပြ




ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hirofumi Nakasone တို့က နအဖစစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲအားထောက်ခံပြောဆိုခြင်းအပေါ် ဂျပန်ရောက်ဒီမိုကရေစီအရေးလှုပ်ရှားသူများက ဂျပန်လွတ်တော်ရှေ့၌ ယနေ့မွန်လွဲ(၃)နာရီတွင် ကန့်ကွက်ဆန္ဒပြကြကြောင်းသိရသည်။
အဆိုပါဆန္ဒပြပွဲတွင် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ(၁၅ဝ)ခန့်တက်ရောက်ဆန္ဒပြခဲ့ကြပြီး ဂျပန်နိုင်ငံ သို့ရောက်ရှိနေသည့် (ABSDF)ကျောင်းသားတပ်မတော်၏ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးထွန်းအောင်ကျော်မှလည်း တက်ရောက် မိန်ခွန်းပြောကြားခဲ့သည်။
၎င်းမှ ၂ဝ၁ဝ ရွေးကောက်ပွဲအား ကုလအထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့မှ ထောက်ခံပြောဆိုမှုနှင့် ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်တွင်းမှနိုင်ငံရေးသမားအချို့အား ၂ဝ၁ဝ ရွေးကောက်ပွဲသည်မည်သည့်အခြေခံဥပဒေကို အခြေခံ၍ ကျင်းပမည်ဆိုခြင်းကို ပြန်လည်စဉ်းစားသုံးသပ်ကြရန်တိုက်တွန်းပြောဆိုလိုက်သည်။
''၂ဝ၁ဝ ရွေးကောက်ပွဲဟာ ၂ဝဝ၈ ခုနှစ်နအဖ၏စိတ်ကြိုက်ရေးဆွဲထားသည့် တဖက်သတ်အခြေခံဥပဒေဖြစ်တယ်၊ ဒီအခြေခံဥပဒေဟာ ဘာကိုဖေါ်ညွန်းထားသလဲဆိုတော့ စစ်အာဏာရှင်တွေရဲ့အာဏာတည်မြဲရေးကိုဖေါ်ပြထားတယ်၊ ပိုကြောက်ဖို့ကောင်းတာက တရားဝင်အာဏာသိမ်းခွင့်ပေးထားတယ်၊ စစ်တပ်ရဲ့စစ်ဦစီးချုပ်ဟာ တိုင်းပြည်ရဲ့လုံခြုံရေးထိခိုက် တယ်လို့ယူဆလို့ရှိလျှင် တိုင်းပြည်အာဏာကိုသိမ်းခွင့်ရှိတယ်လို့ ထည့်သွင်းရေးဆွဲထားတဲ့အတွက် ပြည်တွင်းမှ နိုင်ငံရေးသမားအချို့က ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ကူးယဉ်နေကြတဲ့လူတွေရှိတယ်''ဟု ဦးထွန်းအောင်ကျော်မှပြောဆိုသည်။
ယင်အပြင်ဂျပန်နိုင်ငံနှင့်အခြားဒီမိုကရေစီနိုင်ငံများကို နအဖ၏ဒီမိုကရေစီကျင့်စဉ်နှင့်သွေးဖယ်သည့်လုပ်ရပ်များ အတွက် နိုင်ငံတကာမှဖိအားပေးခြင်း၊ ခြောက်လှန့်သတိပေးခြင်းများကို နအဖမှဂရုပြုလိုက်နာဆောင်ရွက်ခြင်း လုံးဝမရှိသည့်အတွက် နအဖ၏ ၂ဝ၁ဝ ရွေးကောက်ပွဲအား အဆိုပါနိုင်ငံများမှဝင်ရောက်ယှဉ်ပြိုင်ဖို့ ထောက်ခံပြောဆိုလိုက်ပါက အခြားကမ္ဘာ့နိုင်ငံများမှလည်း လိုက်လံ၍ထောက်ခံပြောဆိုမိပါက အမှာကြီးတရပ်ကိုအားလုံးကျူးလွန်မိသွားသလိုဖြစ်နိုင်၍ သတိပေးဖို့လိုကြောင်းဆက်လက်ပြောကြားသည်။

Reported by; Thant Myo Htway (Moethaukkye)
မှတ်တမ်းဓါတ်ပုံ- ဦးသန်းဝင်း

Wednesday, February 18, 2009

Clinton says US reviewing policy toward Myanmar

TOKYO - President Barack Obama's administration is reviewing its policy toward Myanmar to see if it can more effectively promote reform in the military-ruled Southeast Asian nation, Secretary of State Hillary Rodham Clinton said Tuesday.

Clinton, on her first trip abroad as the top U.S. diplomat, said Washington "is looking at what steps we might take that might influence the current Burmese government and we're also looking for ways that we could more effectively help the Burmese people."

The U.S. Government refers to Myanmar as Burma, the country's name before it was changed in 1989 by the ruling junta.

Washington applies political and economic sanctions against Myanmar because of its poor human rights record and failure to hand over power to a democratically elected government. It also seeks the freedom of pro-democracy leader Aung San Suu Kyi _ who has been detained for 13 of the last 19 years _ and an estimated 2,100 other political prisoners.

"We want to see a time when citizens of Burma and the Nobel prize winner Aung San Suu Kyi can live freely in their own country," Clinton said at a town hall meeting at Tokyo University in response to a question from a woman who said she was from Myanmar.

The issue of Myanmar democracy was taken up by former first lady Laura Bush, and had bipartisan backing in Congress. But the junta in Myanmar has shown little inclination to make political reforms, and instead cracked down violently on mass pro-democracy protests in September 2007 and sentenced many dissidents to long jail terms.

Myanmar has been under military rule since 1962. The current junta came to power in 1988 after crushing pro-democracy demonstrations and killing as many as 3,000 people. It called elections in 1990 but refused to honor the results when Suu Kyi's political party won overwhelmingly.

Sunday, February 15, 2009

၆၂ နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ဂျပန်နိုင်ငံတွင်ကျင်းပ

နအဖစစ်အုပ်စုနှင့် နောက်လိုက်လက်ကိုင်တုတ်များ၏ မဟာလူမျိုးကြီးဝါဒကို မုန်းတီးမိကြောင်း လွတ်မြောက်နယ်မြေရှိ မွန်ခေါင်းဆောင်မှ (၆၂)နှစ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားတွင်ပြောကြား
တိုကျို၊ ဖေဖေါ်ဝါရီ(၁၅)


ဂျပန်၊ တိုကျိုမြို့ရှိ မဲဂျိရိုးတက္ကသိုလ်တွင်ကျင်းပသည့် (၆၂)နှစ်မြောက်မွန်အမျိုးသားနေ့ အခမ်းအနားတွင် ဂျပန်ရှိ''ပုညကာရီ''မွန်အမျိုးသားအသင်း၏ ဥက္ကဋ္ဌဖြစ်သူဦးမင်းမျိုးချစ်က တိုင်းရင်းသား များ၏ ယဉ်ကျေးမှုနှင့်စာပေများကို ဖျောက်ဖျက်ပစ်ပြီး နအဖစစ်ဗိုလ်ချုပ်များနှင့်၎င်းတို့၏ နောက်လိုက် လက်ကိုင်တုတ်များသာကြီးစိုးသည့် မဟာ လူမျိုးကြီးဝါဒကို မုန်တီးမိကြောင်းနှင့် အားလုံးတိုက်ဖျက် ပစ်ကြဖို့လိုအပ်ကြောင်း ပြောကြားသွားသည်။
မျက်မှောက်ခေတ်အခြေအနေတွင် နအဖစစ်အစိုးရသည် မွန်အပါအဝင်တိုင်းရင်းသားများ၏ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် စာပေသင်ကြားခွင့်များကို လိုက်လံပိတ်ပင်တားဆီးနေပြီး မဟာလူမျိုးကြီး စိတ်ဓါတ်စွဲကာ တိုင်းရင်းသားများကို ပိုမိုနှိပ်ကွပ်လာနေကြောင်း၊ မဟာလူမျိုးကြီးဝါဒဆိုသည်မှာလည်း မြန်မာတမျိုးသားလုံးကိုရည်ရွယ်ခြင်းမဟုတ်ဘဲ နအဖစစ်အုပ်စုဝင် စစ်ဗိုလ်ချုပ်တစုနှင့် ၄င်းတို့၏ နောက်လိုက်ကြံ့ဖွတ်နှင့်စွမ်းအားရှင်စသည်တို့ကိုဆိုလိုကြောင်း မြန်မာလူမျိုးများတွင်လည်း တိုင်းရင်း သားများနည်းတူ ဖိနှိပ်ခံပြည်သူအများအပြားရှိနေကြောင်းပြောပြသည်။
''ကျနော်တို့ တိုင်းရင်းသားတွေကို အဓိကထားပြီးတော့ လူမျိုးပျောက်အောင်ကြိုးစားနေတဲ့ ဗမာထဲကလူမျိုးတစုကိုကျတော့ မဟာဝါဒလူမျိုးကြီးတစုလို့ဘဲသတ်မှတ်တယ်၊ နအဖလိုမျိုးပေါ့ ကျနော်တို့တိုင်းရင်းသားတွေကို လူမျိုးဖျောက်မယ်၊ စာပေယဉ်ကျေးမှုကို ပိတ်ပင်ရင်၊ စာပေယဉ်ကျေးမှု မရှိရင် လူမျိုးပျောက်မယ်၊ ဘာသာစကားပျောက်သွားရင် ကျနော်မွန်လူမျိုးတဦးဖြစ်ပေမဲ့ ကျနော်ဂျပန်လို ဝတ်သွားရင် ဂျပန်ဖြစ်သွားမယ်၊ ဗမာလိုဝတ်ရင်ဗမာဖြစ်သွားမယ်၊ ဒါ့ကြောင့်မို့လို့ကျနော့်မှာ ကိုယ်ပိုင် ယဉ်ကျေးမှုရှိတယ်၊ ဘာသာစကားရှိတယ်၊ စာပေရှိတယ်၊ ဒါတွေကိုကျနော်တို့မထိမ်းသိမ်းနိုင်ရင် နောင်တခေတ်ကျနော်တို့ လူမျိုးပါပျောက်မယ်''ဟု လူမျိုးမပျောက်ရန် အမျိုသားနေ့အပါအဝင်၊ စာပေနှင့်ယဉ်ကျေးမှုများကို ကြိုးပမ်းထိမ်းသိမ်းနေရကြောင်း ရှင်းပြသည်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအချိန်ကာလတွင် မွန်တိုင်းရင်းသားများကလည်း နိုင်ငံရေး လောကတွင်ပါဝင်ပြီး အမျိုးသားရေးအတွက်ဝိုင်ဝန်းကြိုးပမ်းကြရန် မွန်အမျိုးသားညီလာခံကို မွန်ခေါင်းဆောင်'နိုင်ဖိုးချို'တို့မှ ဦးဆောင်၍ ထိုအချိန်ကကျင်းပကြပြီး မွန်ရာဇဝင်သမိုင်းတွင်ထင်ရှားခဲ့သည့် သံမလနှင့်ဝိမလညီနောင်တို့မှ ဟံသာဝတီနိုင်ငံတော်ကို တည်ထောင်ခဲ့သည့်နေ့ကိုအစွဲပြု၍ မြန်မာ သက္ကရာဇ်တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါမွန်အမျိုးသားနေ့အခမ်းအနားကို ဂျပန်နိုင်ငံတွင်ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့တက်ရောက်ရန်ရောက်ရှိနေသည့် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌနိုင်ထော်မွန်၊ NCGUB ဝန်ကြီး တဦးဖြစ်သည့်ဦးထွန်းဝင်းနှင့် ဂျပန်ရောက်မွန်အမျိုးသားများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူဂျပန်လူမျိုးများအပါအဝင် ပရိတ်သတ်(၂ဝဝ)ကျော်ခန့် တက်ရောက်ကြပြီး၊ မွန်အမျိုးသား နေ့အကြောင်း၊ မွန်ယဉ်ကျေးမှုများအကြောင်းနှင့် မွန်ရိုးရာအကများ၊ အငြိမ်ဖျော်ဖြေခန်းများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြပြီး (၁၇)ကြိမ်မြောက်အဖြစ် ဂျပန်နိုင်ငံတွင်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
Reported by ; Thant Myo Htway (Moethaukkye)

''(၉၄)နှစ်ပြည့်ဒို့ဖခင်ဗိုလ်ချုပ်မွေးနေ့''ခေါင်းစဉ်ဖြင့် ကဗျာနှင့်ဟောပြောပွဲကျင်းပ

တိုကျို၊ ဖေဖော်ဝါရီ ၁၅ ရက်




လွတ်လပ်ရေးဖခင်နှင့်မြန်မာတို့၏ မြင့်မြတ်သောခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ဖေဖေါ်ဝါရီ(၁၃)ရက် နေ့တွင် ကျရောက်သည့်(၉၄)နှစ်ပြည့်ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ကဗျာနှင့်ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဟောပြောပွဲကို တိုကျိုမြို့၊ တာကာဒါနိုဘာဘာရှိ ''ရီဆိုက်ကယ်စင်တာ''လေးထပ်ခန်းမတွင် ပြုလုပ်ကြကြောင်းသိရသည်။
လူငယ်အများအပြားတက်ရောက်ခဲ့သော အဆိုပါအခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းဓါတ်ပုံများနှင့် မိန့်ခွန်းများကို ထုတ်လွင့်ပြသခြင်းအပါအဝင် ''အောင်ဆန်းပေးတဲ့ မြန်မာပြည်''ခေါင်းစဉ်ဖြင့် ကိုစိုးသီဟမှလည်းကောင်း၊ ''သူ(သို့)အောင်ဆန်း''ခေါင်းစဉ်ဖြင့် ကိုမျိုးစောမှ လည်းကောင်း၊ ''အောင်ဆန်းနဲ့လွတ်လပ်ရေး''ခေါင်းစဉ်ဖြင့် ကိုထွန်းငြိမ်းမှလည်းကောင်း၊ ''ဗိုလ်ချုပ်နှင့် သူ၏မြန်မာနိုင်ငံ''ခေါင်းစဉ်ဖြင့် ကိုဝင်းအောင်-၂ မှလည်းကောင်း၊ အသီးသီးပြောဆိုသွားခဲ့ကြသည်။ နံမည်ကျော်ကဗျာဆရာရဲရင့်သက်ဇွဲမှ ''မြန်မာပြည်မြေပုံဟာသူဖြစ်တယ်''ကဗျာများရွတ်ဆိုသွားခဲ့ကြသည်။
မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂဥက္ကဋ္ဌဦးတင်ဝင်းမှ ဗိုလ်ချုပ်အောင်ဆန်းကို နအဖစစ်အစိုးရမှ မြန်မာ့သမိုင်းနှင့် ရာဇဝင်တွင်လည်းကောင်း၊ မျက်မှောက်ခေတ်တွင်လည်ကောင်း ဖျောက်ဖျက်ပစ်ရန်ကြိုးစားနေပြီး၊ တဖက်မှလည်း မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကဗိုလ်ချုပ်အောင်ဆန်းသာလျှင် တိုင်းပြည်ရဲ့ဖခင်အမှန်ဖြစ်ကြောင်း ဖေါ်ထုတ်နေကြတယ်လို့ ပြောကြားသွားသည်။
''ကျနော်ခံစားလိုက်ရတာတခုက ၈၈အရေးတော်ပုံတုန်းက လူထုကဗိုလ်ချုပ်ပုံလေးတွေနဲ့ ဆန္ဒပြကြတယ်၊ အဲ့ဒိအထိ စစ်အာဏာရှင်တွေက ဂရုမပြုကြသေးဘူး၊ သြဂုတ်(၂၆)ရက်နေ့ ရွှေတိဂုံဘုရားမှာဒေါ်စုက 'ဖေဖေ'ကလို့ ပြောလိုက်တော့မှ ဗိုလ်ချုပ်ကို ဂရုပြုလာပြီး ဗိုလ်ချုပ်ရဲ့ Legacy (အမွေအနှစ်)ကိုဖျောက်ဖို့ ကြိုးစားလာကြတာ၊ အခုအချိန်အထိဘဲ''ဟု ဗိုလ်ချုပ်ကို မျက်မှောက်ခေတ်တွင်ဖျောက်ဖျက်ပစ်ရန် နအဖစစ်အစိုးရမှ စတင်စိတ်ဝင်စားခဲ့ရသည့်အကြောင်းကို ဟောပြော ဆွေးနွေးသွားသည်။
ယင်းအခမ်းအနားကို မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအဖွဲ့(BDA)မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ပရိတ်သတ်(၁၅၀)ခန့် တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

Reported by; Thant Myo Htway (Moethaukkye)

နယူးဒေလီမှ တောင်းဆိုမှု

၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်

ပြည်တွင်း မိခင် အဖွဲ့ချုပ်၏ အထူးကြေညာချက်နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများရဲ့ နှင်းဆီလှုပ်ရှားမှု ကို ထောက်ခံသည့် အနေဖြင့် အနောက်ပိုင်းတိုင်းမှ လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ


ပေးပို့သူ-ကိုမြင့်မောင်(နယူးဒေလီ)

Monday, February 9, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများမှ ပူးတွဲထုတ်ပြန်သည့် အထူးကြေငြာချက်အား ထောက်ခံချီတက်ပွဲ ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်

၂ဝဝ၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)




မြန်မာပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီ ၇ ဖွဲ့တို့၏ ၂ဝဝ၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အထူးထုတ်ပြန်ကြေငြာချက်ကို ဂျပန်ရောက်မြန်မာများမှ ထောက်ခံကြောင်းပြသသည့်အနေဖြင့် ချီတက်ပွဲအခမ်းအနားတရပ်ကို တိုကျိုမြို့တွင် ဖေဖော်ဝါရီလ(၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါထောက်ခံချီတက်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှ ဦးဆောင်ကျင်းပခဲ့ပြီး မြန်မာတိုင်းရင်းသားလူမျိုးများသာမက ဂျပန်လူမျိုးများပါ ပူးပေါင်းပါဝင်ခဲ့ကြသည်။
ဤသို့ချီတက်ခဲ့ကြရာတွင် အလွန်အေးချမ်းလှသည့် ဂျပန်နိုင်ငံ၏ဆောင်းရာသီဥတုဒဏ်ကိုမမှုပဲ ညပိုင်း ၇း၃ဝ နာရီ၌ အိုးစုခပန်းခြံအတွင်းမှ စတင်စုရုံးထွက်ခွာခဲ့ကြပြီး အကွာအဝေးအားဖြင့် ၂.၅ ကီလိုမီတာခန့်ရှိမည်ဟုခန့်မှန်းရသော အိခဲဘုခုရိုပန်းခြံအထိ လှမ်းလျှောက်ခဲ့ကြသည်။
စုစုပေါင်း လူအင်အား ၄၈ဝ ကျော်ပူးပေါင်းပါဝင်ခဲ့ပြီး ချီတက်ရာလမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းလွှတ်၊ နှစ်ရှည်လများ ဦးခွန်ထွန်းဦးနှင့် ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားခေါင်းဆောင်များအားလုံး ချက်ချင်းလွှတ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို ချက်ချင်းလွှတ်၊ ၁၉၉ဝ ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖော်၊ အတုအယောင် အခြေခံဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို အလိုမရှိ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ပြစ်၊ ဂျပန်အစိုးရဟာ မြန်မာစစ်အာဏာရှင်အား နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဖိအားပေးပါ၊ ဂျပန်အစိုးရဟာ မြန်မာစစ်အာဏာရှင်အား ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှုဖြစ်လာစေရန် ဖိအားပေးပါ တို့ကို ဂျပန်ဘာသာဖြင့်ြေ<ွကးကြော်တောင်းဆိုခဲ့ကြသည်။ ထောက်ခံချီတက်ပွဲကြီးသည် ည ၉းဝဝ နာရီအချိန်တွင် အောင်မြင်စွာဖြင့်ကျင်းပနိုင်ခဲ့ပါသည်။
သတင်းရေးသားပေးပို့သူ-ဂေါ်ဘာချော့
မှတ်တမ်းဓါတ်ပုံ- ဦးသန်းဝင်း၊ မင်းညိုဝမ်း

Twitter Delicious Facebook Digg Stumbleupon Favorites More