This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Sunday, May 17, 2009
Free Burma Project 2009
Japan 'seriously concerned' about Myanmar's treatment of Suu Kyi
Friday 15th May, 03:59 PM JST
TOKYO —
Nakasone said the Foreign Ministry told Myanmar Ambassador to Japan Hla Myint earlier Friday that Japan wants the junta to advance democracy with the participation of ‘‘all related people,’’ including Suu Kyi, the 63-year-old Nobel Peace Prize laureate. Nakasone said Japan expects Myanmar to hold a general election in 2010 as a way acceptable to the international community. Suu Kyi has been charged in connection with an incident last week in which a U.S. citizen is accused of swimming across a lake and sneaking into her house to visit her.
ဟီရိုဖူမိ နာကာဆိုနေ (Mr. Hirofumi Nakasone) ဆက်လက်ပြောကြားရာ၌ ဂျပန်နိုင်ငံခြားရေး ဌာနမှ တဆင့် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးလှမြင့်အား ဂျပန်အစိုးရအနေဖြင့် အသက် (၆၃)နှစ်ရှိပြီဖြစ်သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးထားတဲ့သူတွေအားလုံး ပြန်လည် လွှတ်ပေးဖို့နှင့် ၂၀၁၀ ၌ကျင်းပမည့် အထွေထွေရွေးကောင်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာမှ လက်ခံနိုင်အောင် ဆောင်ရွက်ဖို့လည်း မျော်လင့်ကြောင်း သတိပေးလိုက်ပါသည်။
အမေရိကန်လူမျိုးတဦးသည် ဒေါ်အောင်ဆန်းစုကြည်အားတွေ့ဆုံရန်အတွက် အင်းယားကန်စောင်းရှိ နေအိမ်သို့ အင်ယားကန်အတွင်းမှ ရေကူးဖြတ်ကျော်၍၀င်ရောက်ခဲ့သောဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သူမအားပကူအညီပေးနေသော သူများကိုလည်း ဖမ်းဆီးချုပ်နှောင်ထားဆဲ ဖြစ်ပါသည်။
Statement by the Press Secretary/Director-General for Press and Public Relations, Ministry of Foreign Affairs of Japan, on the situation in Myanmar (lawsuit against Daw Aung San Suu Kyi)
May 15, 2009
- Regarding the case that on May 14 (Thu), Daw Aung San Suu Kyi, who was under house arrest, was transferred to Insein Prison where a trial was held in the special court, Japan expresses its deep concern, and will keep observing the situation.
- In the morning of May 15 (Fri), Mr. Hiroshi Inomata, Director General for Southeast and Southwest Asian Affairs Department, MOFA, delivered the view of the Government of Japan to H.E. Hla Myint, Ambassador of Myanmar to Japan, saying that the Government of Japan observes the situation with deep concern, and hopes that democratization in Myanmar will be promoted with participation of all the parties concerned and that international community could give a high regard for a general election in 2010.
- Japan strongly hopes that the democratization process in Myanmar will be advanced at an early time, in a way that involves all the parties concerned including Daw Aung San Suu Kyi.
ဟီရိုဖူမိ နာကာဆိုနေ (Mr. Hirofumi Nakasone) ဆက်လက်ပြောကြားရာ၌ ဂျပန်နိုင်ငံခြားရေး ဌာနမှ တဆင့် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးလှမြင့်အား ဂျပန်အစိုးရအနေဖြင့် အသက် (၆၃)နှစ်ရှိပြီဖြစ်သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးထားတဲ့သူတွေအားလုံး ပြန်လည် လွှတ်ပေးဖို့နှင့် ၂၀၁၀ ၌ကျင်းပမည့် အထွေထွေရွေးကောင်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာမှ လက်ခံနိုင်အောင် ဆောင်ရွက်ဖို့လည်း မျော်လင့်ကြောင်း သတိပေးလိုက်ပါသည်။
အမေရိကန်လူမျိုးတဦးသည် ဒေါ်အောင်ဆန်းစုကြည်အားတွေ့ဆုံရန်အတွက် အင်းယားကန်စောင်းရှိ နေအိမ်သို့ အင်ယားကန်အတွင်းမှ ရေကူးဖြတ်ကျော်၍၀င်ရောက်ခဲ့သောဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သူမအားပကူအညီပေးနေသော သူများကိုလည်း ဖမ်းဆီးချုပ်နှောင်ထားဆဲ ဖြစ်ပါသည်။
ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား စောလျှင်စွာပေါ်ပေါက်လာ ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးပါတီများအားလုံး ပူးပေါင်းလက်တွဲဆောင်ရွက်နိုင်လိမ့်မည်ဟု အထူးယုံကြည်မျော်လင့်မိပါကြောင်း ပြောကြားခဲ့ပါသည်။
http://www.mofa.go.jp/

တိုကျိုနအဖအခွန်ရုံးမှ Hla Myint ပုံဖြစ်ပါသည်။
Hla Myint - Current Responsiblity: Burmese Ambassador to Japan
Hla Myint - Current Responsiblity: Burmese Ambassador to Japan
Back in Burma, he was a Brigadier General in the military. He colluded with Burmese businessman, Max (aka Zaw Zaw) to commit major corruptions in Burma. They committed frauds for their own profits and played substantial roles in damaging the economy of Burma.
We will post more news about him soon. Do look out for it.
Posted by Burma Dictator Watch
Friday, May 15, 2009
ဒေါ်အောင်ဆန်းစုကြည်အား မတရားအမှုဆင်ခြင်းအပေါ် ဂျပန်ရှိဒီမိုကရေစီအင်အားစုများမှ ပြင်းထန်စွာကန့်ကွက်၊


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ယနေ့မနက်ပိုင်းတွင်နေအိမ်အကျယ်ချုပ်မှနေ၍ အင်းစိန်ထောင်အတွင်းသို့ ပြောင်းရွှေ့မတရားရုံးတင်စစ်ဆေးသည့်အတွက် ကန့်ကွက်သည့်အနေနှင့် ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများက မြန်မာစစ်အစိုးရအခွန်ရုံး(သံရုံး)ရှေ့သို့ စုရုံးသွားရောက်ဆန္ဒပြကြကြောင်း သိရသည်။


ကန့်ကွက်ဆန္ဒပြသူများကလူထုခေါင်းဆောင်အား အင်းစိန်ထောင်သို့မတရားခေါ်ဆောင်ခြင်းနှင့် ပါတ်သတ်၍ တစုံတရာသောသတင်းထုတ်ပြန်ပေးရန် အခွန်ရုံးတာဝန်ရှိသူများအား ဂျပန်ရဲများ၏အစောင့် အကြပ်ဖြင့် သွားရောက်တောင်းဆိုသော်လည်း မည်သို့မျှပြန်လည်ဖြေကြားခြင်း မရှိကြောင်းတွေ့ရပြီး ဆန့်ကျင်သူများက''လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားချက်ခြင်းလွှတ်''ဟု မြန်မာလိုဖြင့်လည်ကောင်း၊ ''မြန်မာသံရုံးမှဒေါ်အောင်ဆန်းစုကြည်သတင်းကို ချက်ခြင်းပြန်လည်ဖြေကြားပါ''ဟုဂျပန်ဘာသာဖြင့်လည်ကောင်း၊ ''င်္Free Free Daw Aung San Suu Kyi''ဟုအင်္ဂလိပ်ဘာသာဖြင့် လည်ကောင်း ဟစ်အော်တောင်းဆိုဆန္ဒပြကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ယခုလိုနေအိမ်အကျယ်ချုပ်မှ ပြောင်းရွှေ့ခေါ်ဆောင်သွားခြင်းအပေါ်''ကျနော်တို့ရဲ့ခေါင်းဆောင်ကိုမတရားသဖြင့် နှစ်ရှည်ထောင်ချဖို့အတွက်ကို နအဖကရည်ရွယ်တာပါ။ နိုင်ငံခြားသားတယောက်က စစ်တပ်ရော၊ လုံထိန်းရော၊ ရဲရော၊ ကြံ့ဖွဲ့ရောစတဲ့ နအဖရဲ့အစောင့်အကြပ်တွေကြားထဲက ဝင်ရောက်ခဲ့တာက နအဖမှာသာအဓိကတာဝန်ရှိတာပါ။ လုံခြုံရေးလုပ်တဲ့သူတွေကိုမဖမ်းဘဲ ကျနော်တို့ခေါင်းဆောင်ကိုရုံးတင်စစ်ဆေးတဲ့သဘောက တမင်တကာအမှုဆင်လုပ်တာဖြစ်တယ်။ ဒါမျိုးလုပ်တာက ဘာကိုရည်ရွယ်သလဲဆိုတော့ ကျနော်တို့ခေါင်းဆောင်ကိုနှစ်ရှည်လများထောင်ဒဏ်ချမှတ်ချင်တဲ့ရည်ရွယ်ချက်ဖြစ်တယ်၊''ဟုNLD-LA(JB)၏ ဒု-ဥက္ကဋ္ဌဦးလင်းအောင်မှ၎င်းတို့၏အမြင်ကိုပြောပြသည်။


ဆက်လက်ပြီး''လူထုခေါင်းဆောင်အား မတရားအမှုဆင်ထောင်သွင်းအကျဉ်းချရန် ကြံစည်လုပ်ဆောင်မှုကို ပြင်းထန်းစွာရှုပ်ချကြောင်း၊ နှစ်ရှည်လများစွာမတရားထိမ်းသိမ်းခံနေရ၍ ကျန်းမာရေးအခြေအနေဆိုးရွားကျဆင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကိုလွန်စွာစိုးရိမ်းပူပန်ကြောင်းနှင့်နအဖစစ်အစိုးရ၏ဥပဒေမဲ့လုပ်ရပ်အား ဂျပန်အစိုးရ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာမှ ချက်ခြင်းအရေးယူဆောင်ရွက်ပေးရန်''စသည့် တောင်းဆိုချက်(၃)ခုပါသည့် ကြေငြာချက်တစောင်ကို ဂျပန်-မြန်မာနှစ်ဘာသာဖြင့်ထုတ်ပြန်ခဲ့ပြီး အဆိုပါတောင်းဆိုချက်ဖြင့် နောက်ရက်များ၌မနက်(၁ဝ)နာရီမှ(၄)နာရီအထိ ဆက်လက်ဆန္ဒပြသွားမည်ဟုသိရသည်။
နောက်ဆုံးသတင်းများအရဒေါ်အောင်ဆန်းစုကြည်အားယနေ့မနက်ပိုင်းတွင် အင်းစိန်ထောင်အထူးတရားရုံး၌နေအိမ်အတွင်းအမေရိကန်လူမျိုးတဦးဝင်ရောက်သည့်အမှုဖြင့် ရုံးတင်စစ်ဆေးကြောင်းသိရပြီး ပြီးခဲ့သည့်နှစ်နှောင်းပိုင်းမှစ၍ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသည့် ကျောင်းသားခေါင်းဆောင်များနှင့် NLDခေါင်းဆောင်အချို့အား ၄င်းတို့နှင့်မည်သို့မျှမသက်ဆိုင်သည့် ဥပဒေပုဒ်မများဖြင့်မတရားနှစ်ရှည်ထောင်ဒဏ်များချမှတ်လိုက်သည့်အတိုင်း နအဖစစ်အစိုးရအနေနှင့်၂ဝ၁ဝရွှေးကောက်ပွဲမတိုင်မှီ လူထုခေါင်းဆောင်အားလည်းယင်းသို့သောရည်ရွယ်ချက်မျိုးဖြင့် လုပ်ဆောင်လိုခြင်းသာဖြစ်ကြောင်း ဝါရင့်နိုင်ငံရေးသမားများ၏ သုံးသပ်ပြောဆိုမှုများအရသိရသည်။
Reported by: Thant Myo Htway(Moe Thauk Kye)
Wednesday, May 13, 2009
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF) ၃၃နှစ်ပြည့်အခမ်းအနား ဂျပန်တွင်ပြုလုပ်


ကိုမိုင်ကျော်ဦးနှင့် ကိုသံခဲတို့မှ ရှင်းလင်းပြောကြားနေပုံ
တိုကျို၊ မေ(၁၂)
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF)ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်းကြောင်းကို (NDF)၏ဂျပန်ကိုယ်စားလှယ် ဖြစ်သော ဦးမိုင်ကျော်ဦးမှရှင်းလင်းပြောပြသည်။
''၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးတဲ့နောက်မှာ တိုင်းရင်းသားတွေရဲ့ကိုယ်ပိုင်းအခွင့်အရေးနဲ့တန်းတူညီမျှရေးတို့အတွက် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ခဲ့ကြတယ်၊ တဖန်၁၉၇၄ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းပေါ်ပေါက်လာတဲ့အခါမှာလည်း အားနည်းချက်တွေနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြိုးပမ်းမှုကို စစ်အာဏာရှင်တွေရဲ့တုံ့ပြန်မှုကြောင့် ပြည်တွင်းစစ်နှစ်(၆ဝ)ကျော် ဖြစ်ပွားခဲ့တယ်။ မဟာလူမျိုးကြီးဝါဒအဆုံးသတ်ရေး၊ စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး၊ ဒီမိုကရေစီအရေးနှင့်တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့(NDF)ကို ဖွဲ့စည်းခဲ့တာပါ''ဟုရှင်းပြသည်။
(NDF)ကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် မာနယ်ပလောလွတ်မြောက်နယ်မြေတွင် ၁၉၇၆ခုနှစ် မေ(၁ဝ)တွင်ဖွဲ့စည်းခဲ့ပြီး ပထမဦးဆုံးသောဥက္ကဋ္ဌမှာမန်းဘဇံဖြစ်သည်။
ဒီအပြင်(NDF)အနေနှင့် ဂျပန်တွင်(၈)နှစ်ကျော်ကြာအောင်ပြည်ပလွတ်မြောက်နယ်မြေတွင်ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေခဲ့ပြီး ယခုကျင်းပသော(၃၃)နှစ်မြောက်အခမ်းအနားသည် ပထမဆုံးအကြိမ်ဟုဆိုသည်။
(NDF)အနေနှင့် နအဖ၏(၂ဝဝ၈)နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံဘဲဆန့်ကျင်ကန့်ကွက်သွားပြီ ဂျပန်သို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်အတူလက်တွဲ၍ စစ်အာဏာရှင်စနစ်မြန်မာ့ မြေပေါ်မှချုပ်ငြိမ်းပျောက်ကွယ်သွားသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ယင်း(NDF)ဂျပန်ကိုယ်စားလှယ်မှဆက်လက်ရှင်းပြသည်။


RENGOမှ တာဝန်ရှိသူတဦးဖြစ်သူ Mr. Shioda San နှင့် ဆရာဦးရျွေဘတို့မှ ရှင်းလင်းပြောကြားစဉ်(၀ဲ)နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားများ
အဆိုပါနေ့အခမ်းအနားတွင် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့်ကျောင်းသားတပ်မတော်(ABSDF)၏ ဥက္ကဋ္ဌရဲဘော်သံခဲ အပြင် သတင်းစာဆရာကြီးဦးရွှေဘ၊ ဂျပန်အလုပ်သမားသမဂ္ဂ(RENGO)မှဂျပန်ကိုယ်စားလှယ်နှင့် ဂျပန်ရှိမြန်မာ့ဒီမိုကရေစီ အင်အားစုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့်စိတ်ပါဝင်သားသူပရိတ်သတ်(၂ဝဝ)ကျော်ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
သတင်း-သန့်မျိုးထွေး(မိုးသောက်ကြယ်)
မှတ်တမ်းဓါတ်ပုံ- မင်းညိုဝမ်း(မိုးသောက်ကြယ်)
Monday, May 11, 2009
ရွှေဂုံတိုင်ကြေငြာစာတမ်းအား ဂျပန်ရှိမြန်မာတို့ထောက်ခံ


တိုကျို၊ မေ(၁ဝ)
၂ဝ၁ဝ ရွှေးကောက်ပွဲနှင့်ပါတ်သတ်၍ အန်အယ်လ်ဒီအဖွဲ့ချုပ်(ဗဟို)မှ နိုင်ငံရေးအကျဉ်းသားများလွတ်ပေး
''ရွှေဂုံတိုင်ကြေငြာစာတမ်းက လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံေ
(၁၉၉ဝ)ခုနှစ်ရွေးကောက်ပွဲအပြီး
''ရွှေးကောက်ပွဲဘဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကျနော်တို့လိုချင်တဲ့ Multi-Democratic System ကိုသွားတဲ့အခါ Democratic Principleကင်းမဲ့တဲ့ Conditionအောက်မှာဘယ်လိုမှလွတ်


အဆိုပါထောက်ခံကြိုဆိုသည့်အခမ်း
Reported by: Thant Myo Htway(Moe Thauk Kye)
Saturday, May 9, 2009
Myanmar's Suu Kyi 'not in good health': party
YANGON (AFP) – Myanmar opposition leader Aung San Suu Kyi is "not in good health" as she cannot eat, has low blood pressure and is dehydrated, her party spokesman told AFP Saturday.
Nyan Win said the assistant to Aung San Suu Kyi's doctor had been to visit her on Friday and placed the Nobel laureate on an intravenous drip.
"The lady's not in good health. She cannot eat and she has low blood pressure and she (the assistant) found she (Suu Kyi) has dehydration," National League for Democracy (NLD) spokesman Nyan Win said, referring to the party leader.
"We are worried very much for the lady's health situation," he added.
Medical assistant Pyone Moe Ei had spent three hours on Friday afternoon at the house and has requested permission for a return visit on Saturday to renew the intravenous drip, he said.
Nyan Win said Aung San Suu Kyi's doctor had been detained since Thursday after visiting the house to carry out a regular medical check-up on the 63-year-old pro-democracy leader, but he did not know why.
Official sources said Thursday that the doctor, Tin Myo Win, had been denied permission to enter the house after waiting several hours.
On Wednesday Myanmar authorities arrested a US national after he swam across a lake to the off-limits compound where Aung San Suu Kyi is under house arrest, according to officials.
State media said the man spent two days at the house before security forces plucked him from the water as he left at dawn.
Aung San Suu Kyi has spent most of the past 19 years under house arrest in Yangon, where she lives with her two maids. She is allowed only occasional visits from her doctor and lawyer.
The NLD won a landslide victory in elections in 1990 but the military, which has ruled the impoverished country with an iron rod since 1962, has never allowed it to take office.(AFP)
Tuesday, May 5, 2009
Sunday, May 3, 2009
ဂျပန်နံမည်ကျော်အဆိုတော် များမှ နာဂစ်ရံပုံငွေဂီတဖျော်ဖြေပွဲပြုလုပ်
သီဆိုမည့်တေးသီချင်းများကို ကိုယ်တိုင်ရေးစပ်ပြီး စန္ဒယား ကိုကိုယ်တိုင်တီးခတ်၍ ဖျော်ဖြေ လေ့ရှိသည့် ဂျပန်နံမည်ကျော်အ ဆိုတော် Tomoe Sawaမှ ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင်တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းဒဏ်သင့်မြန်မာပြည်သူ များအတွက် သီဆိုခမယူဘဲ တိုကျို မြို့၊ Shibuyaရပ်ရှိ Tower Records Vedio and Booksရောင်းချသည့်စင်တာတွင် မေလ ၂ ရက်(စနေနေ)့က သီဆိုဖျော်ဖြေသွားခဲ့သည်။
''Kokoro, Iiuta Iroiro, When I was most Beautiful''စီးရီးများဖြင့် နံမည်ကျော် တဦးဖြစ်လာခဲ့သည့် ကိုးရီးယား ကပြားလူမျိုးTomoe Sawaမှ ဂျပန်သီချင်းအပြင် ကိုယ်တိုင်ရေး ကိုးရီးယားနှင့် အင်္ဂလိပ်သီချင်း များအပါအဝင် သီချင်းစုစုပေါင်း (၉)ပုဒ်ကို အားပါးတရဖျော်ဖြေ သွားပြီး သီးချင်းတပုဒ်နှင့်တပုဒ် အကြားတွင် သူမလေ့လာထား သည့် မြန်မာပြည်အရေး၊ နအဖ စစ်အာဏာရှင်တော်လှန်ရေး၊ သံဃာသပိတ်အရေးနှင့် နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့ခြင်း ကြောင့် မြန်မာပြည်သူများ အတိ ဒုက္ခရောက်ရခြင်းအကြောင်းများ ကိုပါ ဟောပြောသွားခဲ့သည်။
''ပရိတ်သတ်ထဲက မြန်မာ ပြည်ကိုရောက်ဖူတဲ့သူများရှိပါသ လား။ ကျမတော့မရောက်ဖူး သေးပါဘူး။ ဒါပေမဲ့စိတ်ဝင်စား စရာကောင်းတဲ့မြန်မာပြည်ကို ရောက်ဖူးတဲ့သူများရှိရင် ဂုဏ်ယူ ပါတယ်လို့ပြောပါရစေရှင်၊ ပြီး တော့ ဒီConcertပွဲကိုလည်း ပြီးဆုံးတဲ့အထိ အားပေးကြပါလို့ ပြောပါရစေရှင့်...''ဟု ချိုသာစွာ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ ပြီး ဂျပန်အနုပညာရှင် Ito Seiro Sanနှင့်တွဲဖက်၍ ဒေါ်အောင် ဆန်းစုကြည်အတွက်ရေးစပ်ထား သည့် Free Daw Aung San Suu Kyi အမည်ရှိ ကဗျာရွတ်ဆို မှုကိုပါ ပြုလုပ်သွားခဲ့သည်။
ဂျပန်ပရိတ်သတ်(၂ဝဝ)ကျော် မှ စိတ်ပါဝင်စားစွာ ခန်းလုံးပြည့် လာရောက်အားပေးခဲ့ကြပြီး သူမ၏နာဂစ်ရံပုံငွေစီဒီအခွေကို တချပ်လျင် ယန်း ၁၈ဝဝ ဖြင့်ရောင်းချ၍ ရရှိသည့်အမြတ်ငွေများကို မုန်တိုင်းကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများသို့ ပေးပို့လှူ ဒါန်းသွားမည်ဟုသိရှိရပြီး 'မြန်မာ့ရေးရာပြည်သူ့အဖွဲ့ People Forum Of Burma (PFB-Japan)တဆင့် စီစဉ်ပေးသွားမည်ဟုသိရှိရသည်။
Reported by: Thant Myo Htway (Moethaukkye)
Vedio document by: Mg Mg Gyi(BDA Group)
တနှစ်ပြည့်မြောက်နာဂစ်နှင့် ရင်ထဲကစကား

မင်္ဂလာပါခင်ဗျာ။
နာဂစ်မည်သောပန်းတပွင့်...
မတိုက်ခင်ည...
အကင်ဆိုင်မှာထိုင်နေရင်း နဲ့ တီဗွီမှာ အောက်ခြေစာတန်းတွေထိုးနေတုန်းပေါ့။ သူငယ်ချင်းတသိုက်သောက်ရင်းစားရင်းနဲ့ ဓ ဟေ့ကောင် နာဂစ်တဲ့ဟ ဒီညဖြတ်မယ်ပြောတယ် ဓ
ဓ နာဂစ်တော့မသိဘူး ကာကစ်ကတော့ ဘောလုံးကန်တယ်။ဓ သောက်ရင်းစားရင်းနဲ့ အိမ်ပြန်လာပြီ မူးမူးနဲ့ အိပ်လိုက်တာ ဝုန်းဒိုင်းကြဲတော့မှပဲနိုးတော့တယ်။ အားပါးပါး နည်းနည်းနောနော မိုးလား.. ဒီလိုနဲ့ကြည့်နေရင်းအရှေ့တိုက်တွေ ပေါ်က စလောင်းတွေ တခုပြီးတခု မြေခခဲ့ရတာပေါ့။ သိပ်မကြာခင်မှာပဲ သဘောပေါက်လိုက်တာက ဒီလိုအဖြစ်မျိုး မကြုံဖူးဘူးဆိုတာသေချာပြီ ရတုန်းရခိုက်မှတ်တမ်းလေးတင်မယ် ဆိုပြီး ဗွီဒီယိုကင်မရာလေး နဲ့မှတ်တမ်းတင်လိုက်မိပါတော့တယ်။ မိုးလည်းလင်းရော အပျက်အစီးအဆုံးအရှုံ့းတွေကို လိုက်ကြည့်မိပါတယ်။ ကမ်းနားလမ်းတလျှောက်ကားကိုကြိုးစားမောင်းရင်း နဲ့ မှတ်တမ်းတင် ခဲ့မိပါသေးတယ်။ နောက်တော့သတင်းတွေက အဆက်မပြတ်ဝင်လာပါတော့တယ်။ ဧရာဝတီတိုင်း ရဲ့ဆုံးရှုံးမှုတွေပေါ့။
အားလုံးသိပြီးသားဆိုတော့ အကျယ်တဝင့်မပြောတော့ပါဘူး။ နောက်တော့ နေပြည်တော်မှာနေတဲ့ ယောက်ဖရောက်လာပါတယ်။ သူဆီကသတင်းတွေက ပိုပြီး အံ့ဩဖို့ကောင်းနေပြန်ပါတယ်။ မုန်တိုင်းမတိုက်ခင် အမေရိကန်ဆိုက်ကလုံး( တိုင်ဖုန် စင်တာက ရန်ကုန်ကိုဖုန်းဆက်တယ်။ ဓ မင်းတို့ဆီကိုမုန်တိုင်းဖြတ်မယ် အင်အားပြင်းမယ် ဘာတွေပြင်ဆင်ပြီးပြီလဲ အကူအညီလိုရင်ပြောပါဓ ဆိုပြီး။ ဒါပေမယ့် သိတော်မူကြတဲ့အတိုင်းပဲ ပေါ့ အထက်ကိုတင်ပြလိုက်ပါ့မယ်ဆိုပြီး......။ တိုက်ပြီး မနက်မှာနေပြည်တော်က နေပြီး ပုသိမ်တိုင်းမှုးဆီကိုဖုန်းဆက်တယ် အခြေအနေဘယ်လိုလဲပေါ့။ သို့သော်လည်း ပုသိမ်ကိုမထိတဲ့မုန်တိုင်းကြောင့်ပုသိမ်ကတိုင်းမှုးကလ ည်း အေးဆေးပါဆိုပြီးဖြေလိုက်တယ်။ မုန်တိုင်းတိုက်ပြီးပြီးချင်း မှာပဲ ဝန်ကြီးချုပ်ရယ်၊ ဗိုလ်ချုပ်ကြီးရွှေမန်းရယ်၊ အတွင်းရေးမှုး(၁) ရယ် အခန်းတခုထဲမှာထိုင်ပြီး ခေါင်းချင်းရိုက်နေကြပါပြီ။ ဘာလုပ်ရမှန်းမသိပေါ့။ အဲဒီအချိန်မှာပဲ ဒုချုပ်ဆီကဖုန်းဝင်လာတယ် ဘာလုပ်နေကြလဲ ဂေါက်ရိုက်ရအောင်လာကြကွာ ဆိုပြီးခေါ်တာပါ။ ဂေါက်ကွင်းရောက်တော့ မိုးကအရမ်းရွာနေတာကြောင့် ဘယ်လိုမှမရိုက်နိုင်လို့ ပြန်လာခဲ့ကြပါတယ်။ အဲဒီအချိန်အထိနံပါတ် ၁ နဲ့ ၂ ကမုန်တိုင်းတိုက်တာကိုမသိသေးပါဘူးတဲ့။ ( အားကိုးထိုက်တဲ့ခေါင်းဆောင်များပါ့လား။ ) သိလည်းသိသွားရော ဝန်ကြီးချုပ်ကိုတာဝန်ပေးလိုက်ပါတယ်။ လိုအပ်တာကိုကြိုက်သလိုသုံးနိုင်တယ်ဆိုပြီး။ အဲဒီမှာ စပြီးမှားပါတယ်။ တကယ်တာဝန်ပေးရမှာက ဗိုလ်တင်အောင်မြင့်ဦးပါ။ သူ့မှာ စစ်တပ်တတပ်လုံး ကယာဉ်တွေ( ဘာယာဉ်ဖြစ်ဖြစ် ) သုံးနိုင်တဲ့အခွင့်အာဏာရှိပါတယ်။အဲ သူ့ကိုမပေးဘဲ ဝန်ကြီးချုပ်ကိုတာဝန်ပေးတော့ တခုခုဆိုရင် သူ့ဆီကိုတခါ လှမ်းတောင်းနေရပါတယ်။ နောက်တော့ နေ့လည် ၂ နာရီကျော် ၃နာရီလောက်မှာမှ ကားတန်းက နေပြည်တော်ကထွက်လာပါတယ်။ ( သတင်းမှာတော့ မနက်ကတည်းကထွက်တယ်လို့ ရေးခဲ့ပါတယ်) တကယ်တော့မဟုတ်ပါဘူး။ စကားစပ်မိလို့လျှောက်ရေးတာ ဘာတွေရေးမိမှန်း မသိတော့ဘူး။ ထားပါတော့။ ကျွန်တော်တို့နေနေရတဲ့ ခေါင်းဆောင်ဆိုတာဒါမျိုးတွေပါဗျာ။ တကမ္ဘာလုံးကတန်ဖိုးထားလေးစားရတဲ့ ကုလ အတွင်းရေးမှုးချုပ်ကို ဗီဇာ ချက်ချင်းမပေးတာ။ ကိုယ့်တိုင်းသူပြည်သားတွေကို အကာအကွယ်မပေးတာ။ ကမ္ဘာကိုကိုင်လှုပ်တဲ့သတင်းတွေပေါ့ဗျာ။
ဘန်ကီမွန်းခမျာဖုန်းတော့ဆက်ရှာသား ဒီကကိုင်မှမကိုင်တာ အဲဒီတော့ ထိုင်းဝန်ကြီးချုပ်ကိုစာနဲ့ လွှတ်ရတဲ့အထိပဲ။ ( ဟိုက အင်္ဂလိပ်လိုပြောတာကိုပြန်မပြောတတ်လို့မကိုင်တာလဲ ဖြစ်နိုင်တာပဲ) နောက်ပိုင်းမှာတော့ ကယ်ဆယ်ရေးကူညီရေးဆိုတာတွေ ကသတင်းတွေမှာ နေရာယူလာကြပါပြီ။

ရီတော့ရီရတယ်နော် ကိုယ့်တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ကိစ္စတွေကို နိုင်ငံခြားသတင်း ချယ်နယ်တွေကြည့်မှသိရတဲ့ဘဝ။ ထားပါလေ။ နောက်ပိုင်းကူညီရေးမှာတော့ မတောက်တခေါက်လေးပါဝင်ခဲ့ပါတယ်။ ကျွန်တော်သွားတဲ့ ရွာတွေမှာတော့ နိုင်ငံခြားအကူအညီ ဆိုတာကြားတောင်မကြားဖူးကြပါဘူး။ ( ကျွန်တော်သွားတာ တိုက်ပြီး ၃ ပတ်ခန့်ရှိမှပါ။) ကိုယ်စွမ်းသလောက်တော့ ကူညီခဲ့ပါတယ်။ တတ်နိုင်သလောက် အလှုခံ ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုဇဂနာတို့ အလောင်းကောက်လို့ထောင်ကျသွားတဲ့ ပုဂ္ဂိုလ်တို့လိုမျိုး နဲ့ယှဉ်ရင်တော့ နံ့သာဆီနဲ့ အီးပေါ့ဗျာ။
မုန်တိုင်းအပြီးအကူအညီပေးတဲ့ကိစ္စတွေမှာ ကျွမ်းကျင် ပညာရှင်လိုတယ်ဆိုတာသိပေမယ့် သေချာဂဂဏဏ မသိခဲ့ပါဘူး။ တခေါက်ကွမ်းခြံကုန်းဟိုဖက် ကိုသွားတော့ ကျွန်တော်တို့ ကွမ်းယာရယ်ဆေးပေါ့လိပ်ရယ် အများကြီးဝယ်ခဲ့ပါတယ်။ ရွာတွေရောက်တော့ ရွာသားတွေကို ဆေးလိပ်ကွမ်းယာတွေဝေရင်းနဲ့ ပီတိဖြစ်ခဲ့ရပါသေးတယ်။ တရွာလည်းရောက်ရော အမျိုးသားတယောက်က ကျွန်တော့်မှာမပါတဲ့ ဆေးလိပ်တံဆိပ်တခုကို မေးပါတယ်။ ပင်ပန်းလည်းပင်ပန်း အလကားလာပေးတဲ့လူကိုချေးများတယ်ဆိုပြီး စိတ်က ထောင်းခနဲဖြစ်ပြီး မပါဘူးဗျာ ခင်ဗျားဒါမလိုချင်လည်းမတတ်နိုင်ဘူးဆိုပြီးဘုတော လွှတ်လိုက်ပါတယ်။
အဲဒီအကြောင်းကိုရန်ကုန်ပြန်ရောက်တော့ အဖေ့ကိုပြောပြမိတယ်။ ကိုယ်ကတော့ဘာရယ်မဟုတ်ပါဘူး အတွေ့အကြုံတခုအနေနဲ့ပြောပြတာပါ။ အဲဒီမှာပဲ အဖေက ဘာပြောလည်းဆိုတော့ ဓ အဲဒါပြောတာပေါ့ကွာ ပညာရှင်လိုတယ်ဆိုတာ။ သူ့မှာ အရာရာဆုံးရှုံးသွားလို့ စိတ်ဓါတ်ကျနေတဲ့အချိန်မှာ သူလိုချင်တာလေး တခုကိုတောင်းမိတာ အပြစ်လားကွာ။ မင်းသေချာပြန်စဉ်းစားကြည့်စမ်း။ အဲလိုအချိန်မှာမင်းပြန်ပြောရမှာက မပါသေးဘူး အစ်ကိုကြီးရယ်နောက်တခေါက်လာရင်ယူလာမယ် ဘာညာဆိုပြီး ပြောရမှာလေကွာ။ ဓ တဲ့။

အဲဒီအချိန်မှာ ကျွန်တော် တော်တော်လေးနောင်တရသွားတယ်ဗျာ။ ဟုတ်ပါတယ် ကျွန်တော်မှားသွားတယ်။ ကျွန်တော်တို့ဆီမှာဖြစ်ရတဲ့ ပြဿနာရဲ့အဓိက အကြောင်းအရင်းက ယုံကြည်ရတဲ့အစိုးရတရပ်မရှိတာပါပဲ။ တကယ်လို့သာကျွန်တော်တို့ အနေနဲ့ ယုံကြည်ရတဲ့အစိုးရတခုရဲ့ခေါင်းဆောင်မှုအောက်မှာသာဆိုရ င် ပြည်သူတွေ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့အလှုတွေဟာပိုပြီးထိရောက်မှာမလွဲပါဘူး။ ဥပမာ အောင်ဆန်းကွင်းလိုနေရာမျိုးမှာ အလှုပစ္စည်းလက်ခံစခန်းဖွင့်ထားမယ် အဲဒီပစ္စည်းတွေကို စနစ်တကျ လှုပေးမယ်ဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲ။ သေချာပြန်စဉ်းစားကြည့်ရင် ပြည်သူနာပါတယ်။ အမှတ်တရပြောတာရေးတာတော်တော်လေးရှည်သွားပြီ ခဏနားပါဦးမယ် ။







