This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, September 29, 2010

ဗြိတိန် လေဘာပါတီညီလာခံတွင် မဝေနှင်းပွင့်သုန် (၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေး၏ သမီး) မြန်မာပြည်အကြောင်းပြောကြားသည့် မိန့် ခွန်း (၂၇-၉-၂၀၁၀)



မဝေနှင်းပွင့်သုန်ရဲ့ Speech မြန်မာဘာသာပြန်.....
ကျွန်မအဖေကို ကျွန်မ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့် မြင်တွေ့ရတဲ့ အကျဉ်းထောင်ထဲက အခန်းလေးထဲမှာ ဖြစ်ပါတယ်။ ကျွန်မက ၄ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ သူ့ရဲ့ ၁၉၈၈ ခုမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့မှုကြောင့် အကျဉ်းကျခဲ့ပါတယ်။ အခုနောက်ထပ်တခါ၂၀၀၇ ခုနှစ် မှာ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ အကျခံထားရပါတယ်။ သူက ကျန်းမာရေး တော်တော်မကောင်း ဖြစ်နေပါတယ်။ သူ့မှာ နှလုံးရောဂါရှိပါတယ်။ ဒါပေမဲ့ သူဆက်လက် အသက်ရှင်ဖို့အတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်ကို ငြင်းပယ်ခြင်းခံနေရပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အဖေဟာ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ထဲကမှ တဦးသာ ဖြစ်ပါတယ်။ များစွာသော အကျဉ်းသားတွေဟာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရပါတယ်။ သူတို့ဟာ ဆိုရွားလှတဲ့ အခြေအနေအောက်မှာ ရှိနေကြပြီး သမရိုးကျ ဆေးဝါးကုသခွင့်ကိုလည်း မရကြပါဘူး။



ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ဦးရေဟာ နှစ်ဆနီးပါး တိုးလာပါတယ်။ ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နေပါတယ်လို့ ကမ္ဘာကိုပြောနေပါတယ်။ နိုဝင်ဘာမှာ သူတို့က ရွေးကောက်ပွဲပြုလုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲက မြန်မာပြည်ကို စစ်မှန်တဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးမည့် ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲဟာ စစ်အာရှင်စနစ် ဆက်လက်အာဏာ ချုပ်ကိုင်ထားဖို့အတွက် ပုံဖေါ်ထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ စစ်သားတချို့ စစ်ယူနီဖေါင်းက နေ အရပ်ဝတ်လဲလိုက်တဲ့ အပြောင်းအလဲသာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဘာမှမကွာခြားသွားတဲ့ အာဏာရှင်တမျိုးတည်းကို အရပ်ဝတ်နဲ့ ပုံစံပြောင်းပြီး ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာတွေက ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။


ပထမဦးဆုံးအနေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်မ ပြောပြချင်တာက ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်လက်ပြီး အကျဉ်းကျနေပါတယ်။ သူမရဲ့ ပါတီဟာ ဖျက်သိမ်းခြင်း ခံထားရပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်ပြီး ဘယ်သူပဲ ဘာပဲပြောပြော အကျဉ်းချခြင်း ခံရပါတယ်။ ဟာသ လုပ်တာတောင်၊ ကဗျာလေး စပ်တာတောင် အကျဉ်းကျခံကြရတယ်။ မီဒီယာ ဆင်ဆာကလည်း များသထက်များလာနေပါတယ်။ မြန်မာပြည် အရှေ့ပိုင်းက တိုင်းရင်းသားလူအနည်းစု ဧရိယာတွေမှာ အရပ်သားတွေကို ၀င်ရောက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေကို ဖျက်ဆီးခံရတာ၊ ရွာတွေမီးရှို့ခံရတာနဲ့ ကလေးတွေ၊ ကလေးငယ်ငယ်လေးတွေပါမကျန် ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေကို Burma CampaignUK က လက်ခံရရှိထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၅ တာကာလအတွင်း ကျေးရွာပေါင်း ၃၅၀၀ ကို ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်တွေက ကျွန်မတို့နိုင်ငံအတွက် ဒီမိုကရေစီ ဖေါ်ဆောင်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ အာဏာကို သူ့အလိုလို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်တဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။


ကျွန်မအနေနဲ့ လေဘာပါတီနဲ့ မြန်မာနိုင်ငံအရေးကို ထောက်ခံအားပေးတဲ့ လေဘာအစိုးရကို ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်။ လေဘာအစိုးရ (UK) ဟာ ကမ္ဘာပေါ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အကြောင်း ကြေညာတဲ့ ပထမဦးဆုံး အစိုးရဖြစ်ပါတယ်။ သင်တို့အနေနဲ့ ဒီထက်ပိုမို အရှိန်ပြင်းတဲ့ တွန်းအားတွေနဲ့ ဆက်လက်ဦးဆောင်ပြီး မြန်မာနိုင်ငံအပေါ် EU က စီးပွားရေး ပူပေါင်းဆောင်ရွက်မှု ဖြတ်တောက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းပေးမှု ဖြတ်တောက်ရန် တို့အတွက် ဖိအားပေးလုပ်ဆောင်ပေးပါ။ ကျွန်မအနေနဲ့ လေဘာအစိုးရ ၀န်ကြီးချုပ်ဟောင်း Mr Gordon Brown, နှင့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Mr David Miliband တို့ကို ကျွန်မတို့ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် လုပ်ရှားမှုကို ဘာအကျိုးအမြတ်မှ မရှိဘဲ လှိုက်လှဲစွာ ထောက်ခံအားပေးမှုအတွက် အထူးကို ကျေးဇူးတင်ကြောင်း ကျွန်မ ပြောကြားပါတယ်(လက်ခုပ်သံများ) ။ ဒီအတွက် ကျွန်မတို့ တကယ်ပဲ ၀မ်းမြောက်ရပါတယ်။


ဒါပေမဲ့ ကမ္ဘာကုလသမဂ္ဂကိုတော့ ကျွန်မအနေနဲ့ အခုပြောတဲ့အတိုင်း မပြောနိုင်ပါဘူး။ ကျွန်မတို့မှာ UN အထွေထွေ အတွင်းရေးမှူးဆီက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း message တွမကြာခဏ လက်ခံရရှိပါတယ်။ ဒါပေမဲ့ ဘာလုပ်ဆောင်ချက်မှ မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ဂတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဂတိမတည်ဘူး။ UN ကလည်း အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်ရအောင်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ သေကြရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရမည့် အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ နောက်ထပ် ရွာတွေထပ်ပြီး မီးရှို့ခံရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်ဖို့လိုသေးလဲ။ မျိုးဆက်တခုပြီးတခု ကလေးတွေဟာ ငတ်မွတ်ခေါင်းပါးကာ ကြောက်လန့်တကြားနဲ့ ကြီးပြင်းလာခဲ့ရတယ်။ သူတို့ရဲ့ ကလေးတွေကို ဆုံးရှုံးခဲ့ရတယ်။ UN နဲ့ တခြားတိုင်းပြည်ရဲ့ အစိုးရတွေဟာ ဒါကို လစ်လျူရှုကာ ဘာမှမလုပ်ပေးနိုင်ဘဲ နေမြဲတိုင်း နေနိုင်တယ်။ ဒီလို အဖြစ်ဆိုးတွေကို ဆက်လက်ပြီး လက်ခံနေလို့ မဖြစ်ဘူး။


မှန်ကန်တဲ့ ဖိအားမျိုးကို ပေးနိုင်ခြင်း မရှိခဲ့တဲ့အတွက် မြန်မာပြည်က ဗိုလ်ချုပ်တွေဟာ ဖိအားဆိုတာကို လုံးဝဂရုမစိုက်ဘူး။ နိုင်ငံတကာ ဖိအားဆိုတာ တကယ်ပဲ မရှိမဖြစ် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အသုံးပြုလို့ ရသမျှ ဖိအားမှန်သမျှကို ကျွန်မတို့ အသုံးပြုဖို့ လိုပါတယ်။ ဗိုလ်ချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး ဖြစ်လာအောင် ဖိအားပေးဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ပိုမိုပြင်းထန်ပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေး ပိတ်ဆို့မှုကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စစ်အုပ်စုကို ဒီလို စေ့စပ်ရေးအတွက် ဖိအားပေးဖို့ UN ဦးဆောင်တဲ့ စေ့စပ်ဆောင်ရွက်ရေးအောက်မှာ ကျွန်မတို့ ကမ္ဘာကြီး တခုလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။ UN ကော်မရှင်ကသွားပြီး စစ်အုပ်စုရဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ကမ္ဘာ့ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကို ဆောင်ရွက်ဖို့ လိုပါတယ်။


ဒီရွေးကောက်ပွဲကြီး ပြီးသွားရင် ကျွန်မအဖေတို့ကို ထောင်ထဲ သွင်းထားတဲ့ ဥပဒေတွေ အပါအ၀င် စစ်အာဏာရှင်စနစ်ကို ထောက်ပံ့ပြီး မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ အားလုံး တရားဝင် ဖြစ်သွားလိမ့်မယ်။ တခါတလေ ကျမမှာ မျှော်လင့်ချက်ကင်းမဲ့သလောက်နီးပါး ခံစားရမိပါတယ်။ တခါတလေ ကျမအဖေကို ကျမတသက် ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိတယ်။ ဒါပေမယ့် ကျမဟာ ကျမအဖေရဲ့ ရဲစွမ်းသတ္တိရှိမှုကို အမှတ်ရနေပါတယ်။ သူဟာ ဘယ်လောက်ပဲ ဝေဒနာ ခံစားနေရပါစေ သူဘယ်တော့မှ ယုံကြည်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ ကျွန်မ သိနေတယ်။ ကျွန်မတို့ဟာ လွတ်လပ်မှုရဲ့ အောင်ပွဲကို ဆင်နိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီအတွက် သင်တို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ သင်တို့ဟာ တောင်အာဖရိကကို အကူအညီပေးဖို့အတွက် ရောက်ခဲ့ပါတယ်။ ထို့အတူ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက်လည်း အကူအညီပေးကြပါ။ ကျေးဇူးတင်ပါတယ်။

ဗြိတိန် လေဘာပါတီညီလာခံတွင် (၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေး၏ သမီး)မဝေနှင်းပွင့်သုန် မြန်မာပြည်အကြောင်းပြောကြားသွားခဲ့ခြင်းဖြစ်သည်။

Tuesday, September 28, 2010

တောင်ကိုရီးယားမှ ထုတ်လုပ်ဖြန့် ချီမည့် “အကုန်ထ အုံကြွ” တေးသီချင်းစီဒီ

ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာများ အတူတကွ ပူးပေါင်းပြီး စီစဉ်တင်ဆက်ထားသည့် အကုန်ထအုံကြွဟု အမည်ပေးထားတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၂) တေးသီချင်းစီဒီ ကို နအဖ စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် လာမည့် အောက်တိုဘာလ (၃)ရက် တနင်္ဂနွေနေ့တွင် စတင် ထုတ်ဝေဖြန့်ချီမည်ဟု စီစဉ်ထားကြောင်းသိရပါတယ် ။
 
ထိုတေးသီချင်းစီဒီထဲတွင် တချိန်ကနာမည်ကြီး လူကြိုက်များပြီး အများပါးစပ်ဖျားဝယ် ရေပန်းစားခဲ့သည် မြန်မာ့ခေတ်ဟောင်းတေးသီချင်းများဖြစ်သည့် သုံးပန်လှ ၊ရိုင်းတဲ့စင်ယော်၊ ဥုံဖွ၊ ရွှေသုန္ဒရီ၊ လည်လည်သွားမယ်၊ မမပုသိမ်သူ၊ ရောင်ပေစူး၊ ရန်ကုန်သူ၊ အစရှိသည့် တေးသီချင်း(၈)ပုဒ်ရဲ့ တေးသွားသံစဉ်နှင့်အလိုက်ကိုယူပြီး အထူးသဖြင့် နအဖ စစ်အုပ်စုရဲ့ ကလိမ်စေ့ငြမ်းဆင် လိမ်ညာလှည့်စားထားပြီး မကြာခင်လပိုင်းအတွင်းကျင်းပပြုလုပ်ရန် ပြင်ဆင်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချထားကာ လှောင်ပြောင်သရော်ထားသည့် စာသားများဖြင့်ထည့်သွင်းကာ ပြန်လည်သီကုံး ထားပြီး တင်ပြသီဆိုထားခြင်းဖြစ်ပါတယ်။
 
သီချင်းစာသားများကို ရဲနိုင်ဝင်း(ရွှေကျွန်း)မှ တကိုယ်တော်ပင်တိုင် ရေးသားသီကုံးထားပြီး ၊တေးသီချင်းများကို အာကြယ်၊ ၀င်းလှိုင်(နန်းတော်ရှေ့)နှင့် အာဗြဲ တို့က အထူးခံစားသီဆိုသရော်ထားကြပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ Sound 21 စတူဒီယိုတွင် ခေတ်မီအသံဖမ်းစက်ကရိယာများဖြင့် အကောင်းဆုံးဖြစ်အောင် အသံသွင်း ဖမ်းယူထားကြောင်းသိရပါတယ်။
 
တေးရေးဆရာ  ရဲနိုင်ဝင်း(ရွှေကျွန်း)နှင့် အဆိုရှင်များဖြစ်ကြသည့် အာကြယ် နှင့် အာဗြဲ တို့အတွဲဟာ လွန်ခဲ့သည် ၂၀၀၇ ခုနှစ်ကလည်း ခြစားယို့ယွင်း မြန်မာ့ရှု့ခင်း လို့အမည်ရှိတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၁)ကို စတင်ထုတ်ဝေဖြန့်ချီခဲ့ပြီး  နအဖစစ်အုပ်စုကိုအကွက်ကျကျအချက်ကျကျဖြင့် လှောင်ပြောင်သရော်ထားသည့် သူတို့ရဲ့တေးသီချင်းများသည် ကမ္ဘာအနှံ့အပြားရှိ မြန်မာနိုင်ငံသားများအတွင်းမှာ အောင်မြင်ကျော်ကြားရေပန်းစားခဲ့သည့် တေးသီချင်းများအဖြစ် မှတ်တမ်းတင်ထားနိုင်သူများဖြစ်ခဲ့ပါတယ်၊

   ယခုတကြိမ် အကုန်ထအုံကြွ ပြည်သူ့ရင်ဖွင့်သံ တေးစု(၂)အား စီဒီတစ်ချပ်လျှင် တောင်ကိုရီးယားနိုင်ငံအတွင်းမှာ ကိုရီးယားဝမ်(၅၀၀၀)နှုန်းဖြင့် ဖြန်ချီရောင်းချပေးမှာဖြစ်ပြီး ကမ္ဘာအနှံအပြားမှာ ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများမှ အလိုရှိလျင်  စီဒီတချပ်လျင် အမေရိကန်ဒေါ်လာ(၅)ဒေါ်လာနှုန်းဖြင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်။
 
ပေးပို့ရမည့် နိုင်ငံအလိုက်စာတိုက်ပို့ခကြေးကို ထည့်ပေါင်းပေးဆောင်ရမည်မှာဖြစ်ပါတယ်။ ရရှိလာမည့် အကျိုးအမြတ်အားလုံးကို မြန်မာပြည်တွင်းရှိ မြန်မာပြည်သူများအကျိုးကိုဆောင်ရွက်နေသည့် လူမှုရေး အဖွဲ့အစည်းများအား ပေးပို့လှုဒါန်းကူညီသွားမှာဖြစ်သည့်အတွက်ကြောင့် မြန်မာပြည်သူ ပြည်သားများအနေဖြင့် ၀ယ်ယူအားပေးခြင်းဖြင့် အတူတကွ ကုသိုလ်ပါဝင်ကြပါရန်လည်းတိုက်တွန်းနှိုးဆော်အပ်ပါတယ်။

    တောင်ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာတွေစီစဉ်တာဆိုရင် သူများတွေနဲ့မတူ တမူ ထူးခြားတတ်တာမို့ ကမ္ဘာအနှံအပြားက မြန်မာတို့အနေနဲ့ ယခု အကုန်ထ အုံကြွ လို့အမည်ပေးထားသည့် တေးသီချင်းစီဒီကို အမြဲ တမ်းနားဆင်ဖို့နှင့် အမှတ်တရ သိမ်းဆည်းထားဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုရန်နိုင်ထွန်း(ဖုံးနံပါတ်+၈၂+၁၀-၈၇၂၃-၄၇၇၃)ကို အချိန်မရွေး ဆက်သွယ်နိုင်ပြီး 
 
အီးမေလ်းအနေနဲ့ဆိုရင် yannainghtunkorea@gmail.com ကို စာရေးမှာကြားနိုင်သလို 
 
အကုန်ထအုံကြွ ပြည်သူ့ရင်ဖွင့်သံ တေးစုနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသူများ အနေဖြင့် တေးရေးဆရာ ရဲနိုင်ဝင်း(ရွှေကျွှန်း) (ဖုံးနံပါတ်+၈၂+၁၀-၄၇၉၉-၄၃၂၂)နှင့် တေးသံရှင် ၀င်းလှိုင်(နန်းတော်ရှေ့) (ဖုံးနံပါတ်+၈၂+၁၀-၅၁၈၀-၂၂၀၈) တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။

 

ဂျပန်သို့အခြေချခွင့်ရသည့် ထိုင်းနယ်စပ်မှမြန်မာဒုက္ခသည်မိသားစု ၃ စုသာရောက်ရှိ

ဂျပန်အစိုးရနှင့် နိုင်ငံတကာရွှေ့ပြောင်းနေထိုင်ရေးအဖွဲ့(IOM)တို့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် တတိယနိုင်ငံ(ဂျပန်)တွင် အခြေချနေထိုင်ခွင့်ရသော ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းမှ မိသားစု ၅ စု(လူဦးရေစုစုပေါင်း ၂၇ ဦး)အနက် ၃ စုသာ ဂျပန်နိုင်ငံသို့ ပထမဦးဆုံးအသုတ်အနေဖြင့် ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံသို့ လာရောက်အခြေချနေထိုင်ခွင့်ရှိသော ကရင်မိသားစုများ(ဓါတ်ပုံ-မျိုးမြင့်ဆွေ)

မူလအစီအစဉ်အရ မိသားစု ၅ စုစလုံး လာရောက်ဖို့စီစဉ်ထားသော်လည်း၊ မိသားစု ၂ စုမှာ နေထိုင်မကောင်းဖြစ်နေသောကြောင့် တပါတည်းလိုက်ပါလာနိုင်ခြင်းမရှိပဲ ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း သွားရောက်ကြိုဆိုရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကိုမျိုးမြင့်ဆွေ၏ ပြောပြချက်အရသိရှိရသည်။

 ဂျပန်နိုင်ငံသို့ လာရောက်အခြေချနေထိုင်ခွင့်ရှိသော ကရင်မိသားစုများ(ဓါတ်ပုံ-မျိုးမြင့်ဆွေ)

ဂျပန်သို့လာရောက်အခြေချမည့်သူများမှာ မယ်လဒုက္ခသည်စခန်းမှ ကရင်မိသားစုများဖြစ်ပြီး၊ အဆိုပါမိသားစုများကို ဂျပန်အစိုးရပိုင်းမှ တာဝန်ရှိသူများကလည်း ကြိုဆိုကြမည်ဖြစ်သည်။

 ဂျပန်နိုင်ငံသို့လာရောက်အခြေချနေထိုင်ခွင့်ရှိသောကရင်မိသားစုများနှင့်ကိုမျိုးမြင့်ဆွေ(အင်္ကျီပန်းရောင်နှင့်အိတ်ကိုင်ထားသူ)

ပထမဦးဆုံးအသုတ်အနေဖြင့် ရောက်ရှိလာမည့် မိသားစု ၃ စုသည် JAL လေကြောင်းလိုင်းဖြင့် ၇း၁၀ တွင် ဆိုက်ရောက်၍ ကြိုဆိုရေးအဖွဲ့ တာဝန်ခံများစီစဉ်ထားသည့်နေရာတွင် နေထိုင်ကြမည်ဖြစ်သည်။

အခြေချနေထိုင်ခွင့်ရသည့် ကရင်ဒုက္ခသည်မိသားစုများ၏ စားဝတ်နေရေးအတွက် ဂျပန်အစိုးရမှ (၆) လ သာ တာဝန်ယူမည်ဖြစ်ပြီး သတ်မှတ်ကာလာကျော်သွားပါက မိမိအစီအစဉ်ဖြင့်ဂျပန်တွင်ရပ်တည်သွားကြရမည်ဖြစ်သည်ဟု သိရှိရသည်။

Sunday, September 26, 2010

ဂျပန်တွင် နတ်ကန္ဒားပွဲကြီး ချိမ့်ချိမ့်သဲ ကျင်းပတော့မည်ဟု သတင်းများထွက်ပေါ်လျက်ရှိ

မှတ်ချက်။ 
သရော်စာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သွားသူများကိုသာ တိုက်ရိုက်ရည်ညွန်းပါသည်။

ဖူဂျီတောင်ခြေမှာ..

          ဂျပန်ရောက် မြန်မာများ၏ စီစဉ်ကျင်းပမှုဖြင့် ဂျပန်နိုင်ငံ ဖူဂျီတောင်ခြေတွင် မြန်မာ့ရိုးရာ နတ်ကန္ဒားပွဲ တော်ကြီးကို ချိမ့်ချိမ့်သဲ ကျင်းပတော့မည်ဟု သိရှိရသည်။ ဂျပန်တွင် မြန်မာခေတ်ပေါ် စတိတ်ရှိုး၊ အငြိမ့်၊ ပြ ဇာတ်၊ ရုပ်သေးပွဲ စသည်တို့  မကြာခဏကျင်းပလေ့ရှိခဲ့ရာ ယခုကဲ့သို့  နတ်ကန္နားပွဲကျင်းပခြင်းမှာ ပထမဆုံး ဖြစ်သည်။

ဂျပန်ကတော့ ပထမပါပဲ

          ဂျပန်ရောက်မြန်မာများသည် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး စသည့်ကိစ္စများတွက် အမြဲတမ်း လက်မနှေးပဲ ထိပ်ဆုံးက ရှိတက်သည့်အားလျော်စွာ ယခု နတ်ကန္ဒားပွဲကိုလည်း ၂၁ ရာစုအတွင်း ပြည်ပနိုင်ငံများတွင် ဟိုးလေးတကြော် ကျင်းပမည့် ပထမဆုံးပွဲဖြစ်ကြောင်း သိရှိရသည်။

နိပွန်းဘိရုမာ ဘန်ဆိုင်း

          ထူးခြားချက်မှာ ယခုနတ်ကန္နားပွဲကို ဂျပန်မြန်မာချစ်ကြည်ရေးအဖြစ် ကျင်းပမည်ဖြစ်ရာ မြန်မာ အတွင်း ၃၇ မင်း၊ အတွင်း ၃၇ မင်း၊ အလယ် ၃၇ မင်း စသည့်နတ်များအပြင် ဂျပန်ရိုးရာနတ်များလည်း ပူးပေါင်းပါဝင်ကြမည်ဟု သိရသည်။

နတ်တွေ ဗီဇာရပြီးပြီလား

          မြန်မာပြည်က နတ်လောကတွင် ပေါ်ပြူလာ ဖြစ်နေသည့် နတ်တပါးအား မိမိတို့ သတင်းဌာနမှ ဆက်သွယ်မေးမြန်း ကြည့်ရာ.. “ဟုတ်ပါတယ်။ ဂျပန်ကို သွားမှာလေ။ ဗီဇာတောင်ရပြီးပြီ.. အဲ.. ရွေးကောက်ပွဲ နီးနေတော့ မဲပေးပြီးမှ သွားခွင့်ရမယ်လို့ လည်းကြားတယ်..။ နတ်တွေလည်း ဒီရွေးကောက်ပွဲကြောင့် စိတ်ညစ်နေရတယ် ”ဟု ဆိုသည်။

          တောင်ပြုံးဖက်တွင် ခရီးလွန်နေသည့် နတ်ကတော်တဦးက.. “ဒီမှာကလည်း ပွဲဆက်တွေများတဲ့ကြားက ဂျပန်က လှမ်းဖိတ်တော့လည်း သွားရမှာပေါ့။ သိတယ်မဟုတ်လား.. နတ်လောက စည်ပင်သာယာတိုးတက်ပြီး နိုင်ငံတကာ အဆင့်ရောက်ဖို့  သွားရမှာပေါ့..”ဟု နတ်သံနှော၍ ပြောပြသည်။

နတ်နောက်မှာ အရိပ်တွေပါတယ်

          ယခုနတ်ကန္နားပွဲသို့ လာရောက်မည့် နတ်များနှင့်အတူ နတ်အလုပ်အကျွေး၊ နတ်ထိန်း၊ နတ်အဖေါ်၊ နတ် တပည့်။ နတ်စပယ်ယာ၊ နတ်အရံ စသည်တို့ လိုက်ပါလာမည်ဖြစ်ရာ အချို့ လည်း ဂျပန်တွင် နေခဲ့ပြီး မပြန်မည့် သူ များရှိနေနိုင်ကြောင်းလည်း ခန့် မှန်းပြောဆိုနေကြသည်။

“ဒီမှာက နေရတာ ရင်တမမလေ.. ဘယ်နေ့  ဗုံးပေါက်မလဲ။ ဘယ်နေ့ မီးလောင်မလဲနဲ့ စိုးရိမ်နေရတာ.. ဒီကြားထဲ မီးကပျက်၊ ရေကကြီး၊ ရောဂါကထူ၊ မဲပေးဖို့  ကလည်း တပူပူနဲ့ .. နိပွန်းမှာ ပန်းကန်ပဲဆေးရဆေးရ .. သန့် ရှင်းရေးပဲ လုပ်ရလုပ်ရ… ဒီမှာထက်တော့ စိတ်ချမ်းသာမယ်ထင်တယ်လေ.. ဒီတော့လည်း ဒါတွေရှိနိုင်တာပေါ့ …တချို့ ဆို ဟိုရောက် ရင် အာလျှောက်ဖို့  အခုထဲက “အာလျှောက်နည်းသင်တန်း” တောင် တက်နေပြီကြားတယ်“ဟု နတ်မယ်တော်ကြီးတဦးက တွေးတွေးဆဆ ပြောသည်။       

ဂျပန်ထက် မြန်မာက သာပါတယ်

မြန်မာနတ်ကန္နားပွဲများမှာ “အိုးကလေးလှုပ်ပါဟေ့.. ရေအိုးလေး လှုပ်ပါဟေ့”ကဲ့သို့ ဟစ်ဟော့သီချင်းများပါ မကျန် ထည့်သွင်းတီးမှုတ်ကခုန်နေသည်ဖြစ်ရာ အလွန် ခေတ်မှီသည့်အတွက် ဂျပန်နတ်များမှာ နောက်ကောက် မကျန်ခဲ့ ရန် အပြင်းအထန် လေ့ကျင့်ပြင်ဆင်နေရသည်ဟုလည်း သတင်းရရှိသည်။

လက်မှတ်ဝယ်ရတာတော့ နာတယ်ရှင်

          ပွဲတော်ကို သေသပ်ကျစွာ ကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိနေပြီး ကြိုတင်လက်မှတ်များလည်း ရောင်းချ လျက်ရှိရာ မြန်မာစတိုးဆိုင်များနှင့် မြန်မာများအဓိက စုရုံးရာ မြန်မာအခွန်ရုံးတ၀ိုက်တွင် ၀ယ်ယူနိုင်ကြောင်းလည်း သိရှိရသည်။ လက်မှတ်လေးတကိုင်ကိုင်နှင့် ငိုမဲ့မဲ့ဖြစ်နေသူ တဦးက..

          “အခုပွဲမှာ တို့ ကလည်း ကမှာလေ။ တို့ ပါမယ့်ပွဲမှာ တို့ ကိုယ်တိုင်က လက်မှတ်ပေးဝယ်ရမယ်တဲ့။ ဟွန်း. ဒါတော့လွန်တာပေါ့နော်“ဟု ဆိုသည်။



အာရမလား သိချင်ရင်

          နတ်ကန္နားပွဲတွင် “အလုပ်အကိုင်အဆင်ပြေပါ့မလား“ “အလုပ်ဘယ်တော့ပြန်ရမလဲ “ “ဘယ်တော့ အာကျမှာလဲ“ “အာကြီးလား။ အာလေးလား” .. စသည် စသည် တို့ ကိုလည်း နတ်မေးနိုင်ကြောင်း သတင်းရရှိသလို နတ်ကန္နားပွဲတွင် ဈေး ဆိုင်ဖွင့်လှစ်ရောင်းချလိုသူများလည်း ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။



ဆက်ဆက်လာခဲ့ကြနော်

          ယခုပွဲတော်မှာ တမူထူးခြားသဖြင့် ဂျပန်ရောက်မြန်မာများ အထူးစိတ်ဝင်တစား အားပေးလိမ့်မည်ဟု ပွဲစီစဉ်သူများ က မျှော်လင့်လျက်ရှိသည်။ သူမက…

          “သမီးတို့ ခေါ်တဲ့နတ်တွေက ကြာဇာတ်လမ်း.. အဲ “အာရုံဦးမှာ ဟိုဒင်းဖြစ်သည့်ကြာ” ဇာတ်ကားထဲမှာ မပါဘူးလေ။ သန့် သန့် လေးတွေဆိုတော့ ဆန္ဒပြခံရမှာလည်း ပူစရာမလိုဘူး။ လက်မှတ်ပြန်အမ်းရမှာလဲ ပူစရာမလိုဘူး။ အေးဆေးပဲ “ ဟုလည်း ဆိုသည်။



ဘယ်နေ့ လဲ…

စနစ်တကျ ပြင်ဆင်နေလျက်ရှိနေသော ဂျပန်မြန်မာ ချစ်ကြည်ရေး  ခြိမ့်ခြိမ့်သဲ နတ်ကန္နားပွဲကြီးကို ကျင်းပမည့်နေ့  မှာ ဂျပန်ရောက် မြန်မာအဖွဲ့အစည်းများ ညီညွတ်သည့်နေ့ ဖြစ်ကြောင်း သတင်းရရှိပါသည်။



ဒေါက်တာ ဂွတို

တော်သလင်းလပြည့်ကျော် ၃ ရက်နေ့တွင် ဂျပန်အန်အယ်လ်ဒီမှ ၁၁ ကြိမ်မြောက် သီတင်းကျွတ်ပွဲကျင်းပ



ယနေ့သည် မြန်မာပြက္ခဒိန်ရက်စွဲများအရ တော်သလင်းလပြည့်ကျော် ၃ ရက်ဖြစ်ပါသည်။ 

ယနေ့သည့် အမိမြန်မာပြည်ထဲတွင် ငြိမ်းချမ်းစွာမေတ္တာပို့ဆုတောင်းခဲ့ကြသော သံဃာတော်အရှင်သူမြတ်များကို နအဖစစ်မိစ္ဆာ စစ်ဘီလူးများက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော နေ့တစ်နေ့လည်းဖြစ်ပါသည်။

ယနေ့သည် သံဃာတော်များသွေးမြေကျခဲ့ရသည့်  ၃ နှစ်ပြည့်အခါသမယဖြစ်ပြီး နိုင်ငံတကာတွင် ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့်အခမ်းအနားများကို ကျင်းပနေကြပါသည်။

ဂျပန်နိုင်ငံရှိ NLD(LA-Japan Branch)ကတော့ ၁၁ ကြိမ်မြောက် သီတင်းကျွတ်ပွဲတော်ကို ဖျော်ဖြေရေးအစီအစဉ်များ ပီပီပြင်ပြင်၊ ဈေးဆိုင်ခန်းများစုံစုံလင်လင်ဖြင့် Hibiyaပန်းခြံတွင် နံနက် ၁၁း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားခဲ့ပါကြောင်း။

ရေးသားသူ-စိုးဝင်းရှိန်
(အခုလို ရေးသားရခြင်းသည် NLD(LA Japan Branch)ကို တိုက်ခိုက်လို၍ ရေးသားခြင်းမဟုတ်ပါ။ မလုပ်သင့် မရက်အပ်သည့်နေ့ရက်များတွင် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ပွဲတော်များကျင်းပခြင်းကို တားမြစ်ခြင်းဖြစ်ပါသည်။ NLD(LA Japan Branch) သာမက တခြားအဖွဲ့အစည်းများလည်း မလုပ်သင့် မရက်အပ်သည့်နေ့ရက်များတွင် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ပွဲများကျင်းပမည်ဆိုပါကလည်း အမုန်းခံ၍ အသိပေးရေးသာမည်ဖြစ်ပါသည်)
ဓါတ်ပုံများကိုhttp://www.pnsjapan.org/မှယူးယူဖော်ပြခြင်းဖြစ်ပါသည်။

Saturday, September 25, 2010

သံဃာ့သပိတ်(၃)နှစ်ပြည့်အခမ်းအနား(ဓါတ်ပုံမှတ်တမ်း)



ပေးပို့သူ-ဦးသန်းဝင်း

အိုပါးသီလ(၁-၂-၃)



သံဃာတော်များသွေးမြေကျခဲ့ရသည့်နေ့တွင် ဂျပန်အန်အယ်လ်ဒီမှ သီတင်းကျွတ်ပွဲကျင်းပမည်

သံဃာတော်များသွေးမြေကျခဲ့ရသည့် စက်တင်ဘာ ၂၆ ရက်နေ့တွင် ဂျပန်အန်အယ်လ်ဒီမှ ၁၁ ကြိမ်မြောက် သီတင်းကျွတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဟု သိရှိရပါသည်။


သို့ဖြစ်ပါ၍ ရွှေဝါရောင်တော်လှန်ရေး(၃)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများမှ အောက်ပါအစီအစဉ်အတိုင်းဆောင်ရွက်ကျမည်ဖြစ်ပါသဖြင့် ပူးပေါင်းလိုသူများ ဦးဆောင်ပြုလုပ်သူတာဝန်ခံများထံသို့ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Saturday, September 18, 2010

မြန်မာသံရုံးမရှိသော နိုင်ငံမှ နိုင်ငံသားများမှ လွဲ၍ မည်သည့် နိုင်ငံခြားသား ခရီးသည်ကိုမှ ဆိုက်ရောက်ဗီဇာ မပေးတော့ဟုဆို

မြန်မာနိုင်ငံတွင် ယခုနှစ် မေလ ၁ရက်နေ့က စတင်၍ ပထမဆုံး စတင် ကျင့်သုံးခဲ့သည့် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးသည့် စနစ်ကို ယခုလ ၁ရက်နေ့တွင် ရပ်နားခဲ့ပြီး ယခုလ ၈ ရက်နေ့မှ စတင်၍ ခြွင်းချက်ဖြင့်သာ ကျင့်သုံးတော့မည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်မှု ညွှန်ကြားရေးဦးစီးဌာနမှ ကြေငြာချက်များ ထုတ်ပြန်ထားကြောင်း ကြားသိရသည်။




ပုံမှန် ၀င်ရောက်သော နိုင်ငံခြားသား ဧည့်သည်များကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေခြင်းအား ရုတ်သိမ်းကာ ခြွင်းချက်အနေဖြင့် မြန်မာသံရုံးမရှိသော နိုင်ငံမှ နိုင်ငံသားများကိုသာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ လျှောက်ထား လိုသော ပြည်တွင်းရှိ ခရီးသွား ကုမ္ပဏီများသည် ထိုနိုင်ငံခြားသားဧည့်သည် လာရောက်မည့် လေကြောင်းလိုင်း၊ ပြန်လည်ထွက်ခွာမည့် ရက်စွဲ စသည့် ခရီးသည်နှင့် သက်ဆိုင်သော အချက်များကို တိကျစွာ ဖော်ပြ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဗီဇာစိစစ်ထုတ်ပေးရေးအဖွဲ့သို့ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ကြောင်း၊ ခရီးသည် တစ်ဦးနှင့် ပတ်သက်သော ကိစ္စအ၀၀ကို သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီက တာဝန်ယူရမည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်မှု ညွှန်ကြားရေးဦးစီးဌာနမှ တရားဝင် အမိန့်စာဖြင့် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။


ဆက်လက်၍ ထိုကြေငြာချက်တွင် ဆိုက်ရောက်ဗီဇာ၏ ခွင့်ပြုရက် ပြည့်သွားပြီးနောက် တရားမ၀င် ဆက်လက်နေထိုင်သူများကို (ယခင်က တစ်ရက်လျှင် ရက်လွန်ကြေး ၃ ဒေါ်လာ ဒဏ်ကြေး ကောက်ခံရုံသာ ပြုလုပ်ခဲ့သော်လည်း ယခုမူ) ရက်လွန်နေထိုင်ခွင့် မပေးတော့ဘဲ အရေးယူသွားမည် ဖြစ်ကြောင်း ပါရှိသည်။

mmdailynews မှ

Friday, September 17, 2010

ဂျပန်NHKမှရိုက်ကူးမည့်ဇာတ်ကားတွင် မြန်မာတိုင်းရင်းသူတစ်ဦးအား အဓိကဇာတ်ဆောင်အဖြစ်ထည့်သွင်းရိုက်ကူး

ဂျပန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် အခြေချနေထိုင်ခွင့်ရထားသူ မြန်မာတိုင်းရင်းသူတစ်ဦးအား TV ဇတ်လမ်းမှာ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးမည်ကို သိရှိရပြီး အခုလို မြန်မာတိုင်းရင်းသူ တဦးအနေဖြစ် ဂျပန်မှာ အထင်ကရ သရုပ်ဆောင်ခွင့်ရတာလဲ ပထမ ဆုံးကြိမ်ဖြစ်တယ်လို့လဲ သိရှိရပါတယ်။

ဂျပန်နိုင်ငံ၏ အကြီးဆုံး အသံလွင့်ဌာနတစ်ခုဖြစ်သော NHK ၏ အိုစာကာ TV ဌာနမှာ Osaka Love & Soul ဇာတ်လမ်းနှင့်ပတ်သက်ပြီး ၂၀၁၀ မေလ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး စတင် ရိုက်ကူးခဲ့ပါတယ်။ NHK အထူးဇတ်လမ်း အနေနဲ့ ဂျပန်နိုင်ငံ အိုစာကါမြို့ မှာမွေးဖွါးနေထိုင်ကြတဲ ကိုးရီးယားလူမျိုး လူငယ်တစ်ဦးနဲ့ မြန်မာနိုင်ငံ ဒုက္ခသည် အမျိုးသမီးတစ်ဦးတို့၏ အချစ်ဇတ်လမ်းဖြစ်ပြီး ဤမြေမှာ ရှင်သန်ဖို့ Osaka (Love & Soul) အထူးဇတ်လမ်း အနေနဲ့ NHK မှတာဝန်ယူ ရိုက်ကူးသွားမှာဖြစ်ပြီး နာမည်ကျော် ဂျပန်သရုပ်ဆောင် Eita ညီဖြစ်သူ Nagayama Kento နှင့် မင်းသမီး သရုပ်ဆောင်အဖြစ် ကချင်တိုင်းရင်းသူ Dabang Seng Hein တို့နှစ်ဦးမှ အဓိက သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဇတ်လမ်းတွဲ၏ ဇတ်ညွန်းဒါရိုက်တာ ရည်ရွယ်ချက်ကတော့ နှလုံးသားအချစ်နဲ့ လူမျိုးချစ်တဲ မျိုးချစ်စိတ် နှစ်ခုကြားမှာ ဖြစ်ပေါ်လာသည့် ရွေးချယ်မှု ဘယ်အရာကို စွန့်လွတ်မှာလဲ ဂျပန်မှာရှိသည့် နိုင်ငံခြားသားနှင့်ငြိမ်းချမ်းစွာ အတူပူးပေါင်းနေထိုင်သွားနိုင်ဖို့ ကြိုးစားနေတဲ လက်ရှိ ဂျပန်နိုင်ငံရဲ အခြေအနေတွေကို ဖေါ်ထုတ်လိုတာဖြစ်တယ်လို့ ဇတ်ညွန်းဆရာ HAYASHI KAI ZOO ရဲ့ Website အင်တာနက်စာမျက်မှာ ဖေါ်ပြထားသည်ကို တွေ့ရပါတယ်။

ဆက်လက်၍ ဂျပန်နိုင်ငံမှာ ဟိုယခင်ကတည်းက နေထိုင်လာကြသည့် နိုင်ငံခြားသားနှင့် ဂျပန်လူမျိုး ကြားမှာရှိခဲ့သည့် ပြဿနာအရေးနှင့် အခုမှ ရောက်ရှိလာသည့် မြန်မာဒုက္ခသည် အပါအ၀င်အစရှိသော နိုင်ငံခြားသားဒုက္ခသည်များနဲ့ ဂျပန်လူမျိုးကြားထဲမှာ မြည်သို့မည်ပုံ နေထိုင်သွားကြမည် လက္ခံသွားမည် နိုင်ငံခြားသားများနှင့် ဂျပန်လူမျိုးကြားမှာ ပြဿနာအရေး နှစ်ခု နှင့် “နိုင်ငံသားဆိုတာဘာလဲ…”၊ “ဘ၀ဖြတ်သန်းတဲ့နေရာဆိုတာဘာလိုလဲ…” ဒီဇတ်လမ်းတွဲကို ဂျပန်ပရိတ်သတ် တစ်ဦးအနေနဲ့ ကြည့်ခြင်းအားဖြင့် သိနိုင်သည့် ဇတ်လမ်းဖြစ်ပါသည်။ NHK အနေနဲ့လဲ ဒီပြဿနာရှိတယ် ဆိုတာ ဂျပန်ပရိတ်သတ်များကို သိစေချင်တဲ့ဆန္ဒ ရှိပုံရပါတယ်။ ဤဇတ်လမ်းမျိုးအား ကိုရီယားလူမျိုး အများဆုံး နေထိုင်ကြသည့် Osaka သာလျင် ရိုက်လို့ရနိုင်သည့် အချစ်နဲ့ ၀ိဥာဉ် ဇတ်လမ်းဖြစ်တယ်လို့လဲ မိတ်ဆွေ ဂျပန်သတင်းထောက် တစ်ဦးက ရှင်းပြလို့ သိရှိရပါသည်။
၂၀၁၀ နိုဝင်ဘာလ(၆)ရက်မှာ ပြသသွားမှာဖြစ်ပြီး ၇၃ မိနစ်ကြာ အချစ်ဇတ်လမ်းဖြစ်ပါသည်။ ဂျပန်နိုင်ငံမှာ (Korea Town) Osaka ဖြစ်ပွားသည့် အချစ်ဇတ်လမ်း ဤTV ဇတ်လမ်းကို Osaka နှင့် ကိုးရီယားနိုင်ငံ Cheju ကျွန်းမှာ သွားရောက်ရိုက်ကူး သွားမည်ဖြစ်ပြီး အသက်(၂၁)နှစ်အရွယ်ရှိ နာမည်ကြီး ကိုရီယားမင်းသမီး Hong A-Reum မှပါဝင် သရုပ်ဆောင်ထားသည် ကိုလည်း စုံစမ်းသိရှိရပါတယ်။

ဥပဒေ ဘာသာရပ်နဲ့ တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားနေပြီး အဓိက မင်းသမီးအဖြစ် ဘယ်လိုကြောင့် သရုပ်ဆောင် ဖြစ်သွားသလဲလို့ ကချင်တိုင်းရင်းသူ Dabang Seng Hein ကို မေးကြည့်ရာမှာ သူက အခုလိုဆက်ပြောပါတယ်…


“ ကျမအနေနဲ့ ဒီရုပ်ရှင်ဇတ်ကားကို စတင်ရိုက်ကူးဖြစ်တာကတော့ ဆရာဦးရွှေဘရဲ့ မိတ်ဆက် အားပေးမှုတွေကြောင့် ရိုက်ဖြစ်ခဲ့တယ် ဂျပန်နိုင်ငံရောက် ဒုက္ခသည် တဦး၏အကြောင်းကို ပိုမိုသရုပ်ပေါ်လွင်စေရန် အကူညီတောင်းသည့်အတွက် ကူညီသရုပ်ဆောင်ပေးတာဖြစ်တယ် စရိုက်ကူးသည့်နေရာမှာလည်း တခါမှအတွေ့အကြုံမရှိပေမဲ့ နာမည်ကြီး သရုပ်ဆောင်တွေက စိတ်ရှည်လက်ရှည် လက်တွဲကူညီခဲ့ကြသည့်အတွက် အခက်အခဲ့မရှိသော်လည်း Osaka ဂျပန် စကားအသံထွက်ကိုတော့ အတော်လေး လေ့ကျင့်သင်ယူခဲ့ရပါတယ်။ “သရုပ်ဆောင် အတွေ့အကြုံတစ်ခုကို ရသွားပြီဖြစ်သည့်အတွက် သရုပ်ဆောင် လုပ်ဆောင်သွားဖို့ ဆန္ဒပါသလားလို့ မေးကြည့်ရာမှာ သရုပ်ဆောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ချက် မရှိပါဘူး ကျောင်းပြီးသွားခဲ့ရင် အနာဂတ် အကျိုးပြု လုပ်ငန်းလုပ်သွားဖို့ပဲ ရည်ရွယ်တယ်လို့ ပြောသွားပါတယ် "

ဤဇတ်လမ်းရိုက်ကူးစဉ် နိုင်ငံခြားသားမကြိုက်သည့် ဂျပန်မျိုးချစ်တချို့ အင်တာနက် စာမျက်နှာပေါ်မှာ ဝေဖန်မှုများ ကိုလည်းတွေ့မြင်ရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
http://www.pnsjapan.org/

Twitter Delicious Facebook Digg Stumbleupon Favorites More