This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, April 9, 2011

မင်္ဂလာဒိုးအနုပညာအင်အားစု-ဂျပန်မှ(၂၀၁၁) ရဲရဲတောက်သင်္ကြန်သံချပ်တေးများ





၂၀၁၁ ခုနှစ်ရဲ့ မြန်မာပြည် သင်္ကြန်အမှီ တင်ဆက်ဖျော်ဖြေ တင်ဆက်နိုင်ရန်အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ နှစ်စဉ် ကျင်းပနေကျ မြန်မာ့ရိုးရာ သင်္ကြန်ပွဲများတွင် တင်ဆက်နေကျ ဒိုးပတ်သံများဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစုများနှင့် မြန်မာပြည်တွင်းမှ မိဘပြည်သူများအတွက် စိတ်သောကကင်းဝေးနိုင်စေရန်နှင့် ဒုက္ခအပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ်ချက်ဖြင့် အစဉ်လာ မပျက် တစ်နှစ်တခေါက် မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုးရဲ့ သံချပ်များ အများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။

ယခုနှစ်တွင်လည်း စင်တက်တေး မဟာလူသား နွေကလာကာအဖွင့် ၂၀၁၁ ခုနှစ် ရုပ်သေးလွှတ်တော်၊ အားကစား၊ စောင်မကြည့်ရှူခြင်း၊ နိုင်ငံတော်လုပ်ကြံမှု၊ အပြောကတော့ ရွှေမန်း၊ အထူးသတင်းကြေငြာချက်၊ ဆူနာမီ စသည့် တေးသံချပ်များဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင်လူ ပြည်သူများ ကြည့်ရှုနိုင်စေရန် နှစ်စဉ် နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချီခဲ့တာ နှစ်စဉ် နှစ်တိုင်းပင် ဖြစ်ပါတယ်။

မြန်မာပြည် သင်္ကြန်နှင့်အတူ နှစ်စဉ် ဧပြီလတွင် ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ယခုနှစ် ဂျပန်နိုင်ငံတွင် ဆူနာမီငလျင်ကြီးလှုပ်ခပ်ခဲ့သောကြောင့် ယခုနှစ် မေလ (၁၅) ရက်နေ့  တွင် ကျင်းပမည်ဟု မြန်မာ့ဒီမိုကရေစီအဖွဲ့ ချုပ်မှ ဥက္ကဌ ဦးလှိုင်အေးက ပြောကြားခဲ့ပါသည်။

မင်္ဂလာဒိုး အနုပညာအင်အားစု ဂျပန်မှ ရဲရဲတောက် တေးသံချပ်များကို အဖွဲ့ ခေါင်းဆောင် ဦးမျိုးသန့် မှ တာဝန်ယူဦးဆောင်ပြီး သံချပ်များကို ဦးမျိုးသန့် ၊ ကိုသောင်းထွန်းဦး၊ ကိုထွန်းဝေတို့ မှ ရေးသားကြပြီး မြန်မာပြည် အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့် ဝေေ၀ဆာဆာ မြူးမြူးကြွကြွ တင်ဆက်ထားသည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက်စာမျက်နှာများတွင် ဗွီဒီယိုဖြင့် တစ်ဝကြီး ကြည့်ရှုနိုင်ရန် စီစဉ်လျက် ရှိပါသည်။ တိုကျို သင်္ကြန်ပွဲတော်တွင်လည်း အဖွဲ့ ဝင် (၃၀) ကျော်ဖြင့် ခြိမ့်ခြိမ့်သဲသဲ ဖျော်ဖြေမည်ဖြစ်ပြီး ဦးမျိုး သန့်  090 9241 4960 နှင့် ကိုထွန်းဝေ 080 3099 1503 kotunwai@gmail တို့ ထံ မေးမြန်းဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။


ပေးပို့သောကိုထွန်းဝေ(မင်္ဂလာဒိုး)အားကျေးဇူးတင်ရှိပါသည်..

Thursday, March 31, 2011

နျူကလီးယား ဓါတ်ရောင်ခြည်နှင့် ပါတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားမည်

ဂျပန်ငလျင်နှင့် ဖြစ်ပေါ်လာခဲ့သော နျူုးကလီးယား လောင်စါသုံး လျပ်စစ်ဓါတ်အားပေး စက်ရုံ ထိခိုက် ပျက်စီးပြီး ရေဒီယို သတ္တိကြွ ရောင်ခြည်များလွင့်ခြင်း ရေထဲတွင် ဓါတ်ရောင်ခြည်များ ပါဝင်ခဲ့ခြင်များနှင့် ပါတ်သက်၍ ရေဒီယီု သတ္တိကြွ ရောင်ခြည် ဆိုတာဘာလဲ စသဖြင့် အန္တရာယ်များ အကြောင်းကို support21 မှ တာဝန်ယူ ရှင်းပြမည် ဖြစ်ပါတယ်။
ကျနုပ်တို့ ဂျပန်လူမျိုးများသည်ပင် စိုးရိမ် ကြောင့်ကြမူများ ရှိနေပါသည်။ ဂျပန်နိုင်ငံတွင် နေထိုင်ကြသော နိုင်ငံခြားသား များသည်လည်း အလားတူ စိုရိမ်မူများကြောင့် အန္တရာယ်ရှိသော ဂျပန်နိုင်ငံမှ ထွက်ခွာ နေကြပါသည်။ သို့သော် ဂျပန်ရှိ ဒုက္ခသည် အများစုမှာ သွာရေးလာရေး အခက်အခဲ အမျိုးမျိုးကြောင့် ဂျပန်လူမျိုးများထက် ပိုမိုသောကရောက် နေထိုင်နေရသော ဒုက္ခသည်များအတွက် ယ္ခင်ဂျပန် ကာကွယ်ရေးတပ်သားဟောင်း အိုကမီုတိုစန်မှ သိသင့်သိထိုက်သော ဓါတ်ရောင်ခြည်နှင့်ပါတ်သက်သော ရှောင်ရန်ဆောင်ရန် ကာကွယ်ရန် စသဖြင့်သော အကြောင်းအရာများကို ရှင်းလင်း ပြောကြားမည်ဖြစ်ပြီး  ဆရာဦးရွှေဘမှ မြန်မာဘာသာ ပြန်ပေးမည်၊ ထို့အပြင် ပြင်သစ်၊ အင်္ဂလိပ်ဘာသာ စသော  အခြားဘာသာပြန်များ လည်း စီစဉ်ထားပါသည်။

ကိုမြင့်ဆွေ

About サポート21http://www.support21.or.jp/

date: 2011 Apr 2(Sat)18:00~20:00

place: TKP Shibuya conference center Hall3A
http://www.shibuya-kaigishitsu.net/access.shtml


Fee: free but you need to apply

Tuesday, March 29, 2011

Sunday, March 27, 2011

တိုကျိုရှိနိုင်ငံခြားသံရုံးတချို့ နျူကလီးယားလွတ်ကင်းရာသို့ပြောင်းရွှေ့

တိုကျိုရှိနိုင်ငံခြားသံရုံးများ လှုပ်လှုပ်ရှားရှား
    ဂျပန်၌ငလျင်ပြီးဆုံးသွားပြီးနောက် ဖူကူရှီးမား နူကလီးယားဓါတ်ပေါင်းဖိုပေါက်ကွဲမှုကြောင့် ရေဒီယို သတ္တိကြွမှု အန္တရာယ်စိုးရိမ်ရသဖြင့် တိုကျိုရှိနိုင်ငံခြားသံရုံးအများအပြား လက်ရှိအချိန်တွင်ပိတ်ထားခြင်း(သို့) ပြောင်းရွှေ့သွားခြင်းများ ရှိသည်ဟုသိရပါသည်။
    ဗုဒ္ဓဟူးနေ့က တိုကျိုရှိ အာဖရိကသံရုံး (၁၅) ရုံးနှင့်အခြားနိုင်ငံသံရုံးများပိတ်ထားခဲ့ပြီး ဥရောပအပါအဝင် အခြားသံရုံး (၁၀) ရုံးလည်း မြို့ပြင်သို့ပြောင်းရွှေ့သွားခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား သည်။
    နူကလီးယားဓါတ်ပေါင်းဖိုပေါက်ကွဲမှုကြောင့်ဖြစ်ပွားလာသော နောက်ဆက်တွဲပြဿနာများဆက်လက် ဖြစ်ပွား နေခြင်းကြောင့် သံရုံးပိတ်ခြင်း(သို့) ပြောင်းရွှေ့ခြင်းများဆက်လက်ဖြစ်ပွားနေဦးမည်ဟု နိုင်ငံရေးသုံးသပ် သူများက ပြောကြားသည်။
    သံရုံးအများအပြားကလည်း ယခုလအတွင်း၎င်းတို့ရုံးများကို ပိတ်ထားမည်ဖြစ်ကြောင်းပြောဆိုသည်။ အန်ဂိုလာ သံရုံးက တောင်ကိုရီးယားတွင် အချိန်အနည်းငယ်မျှ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ယခုလတ်တလောအချိန်တွင် အိုဆာကာသည်သံရုံးများ အခြေစိုက်ရန်အသင့်လျော်ဆုံးနေရာတစ်ခု ဖြစ်ပြီး သြစတြီးယား၊ ဂျာမဏီ၊ ဆွစ်ဇာလန်နိုင်ငံသံရုံးများ ပြောင်းရွှေ့ရောက်ရှိနေသည်။ ဟီရိုရှီးမားတွင် ဖင်လန်သံရုံး၊ ကိုဘေးတွင် ပနားမားသံရုံး၊ ဖူကူအိုကာတွင် ဘူဂေးလ်ရီးယားသံရုံးတစ်စိတ်တစ်ပိုင်း စသည်ဖြင့် အသီးသီး ပြောင်းရွှေ့ ထားကြသည်။ အီတလီ၊ ကနေဒါ၊ စပိန်သံရုံးများက တိုကျို၌ပင်ဆက်လက်ရှိနေမည့်အ ကြောင်း တရားဝင် ပြောကြား ခဲ့သည်။ စပိန်သံရုံးက အလံတိုင်ဝက် သုံးရက်လွှင့်တင်ခဲ့ပြီး ၎င်းတို့နိုင်ငံသားများ နှင့် ဂျပန်လူမျိုးများအတွက် ဆက်လက် လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဟုဆိုသည်။
     ဂျပန်နိုင်ငံတွင် နိုင်ငံပေါင်း (၁၄၉) နိုင်ငံမှသံရုံးများထားရှိပြီး ဥရောပသမဂ္ဂ ကိုယ်စားလှယ်ရုံးလည်း ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှဆိုသည်။
ဘာသာပြန်သူ-၀မ်းအိုဝမ်း(Kyodo သတင်းမှ)

Fukushima Nuclear Accident

Possibility solutions
မျက်မှောက်ဖြစ်ပေါ်နေသော Fukushima Nuclear Power Plant (1) No -3 Reactor ၏ Spent Fuel Pool အတွင်း၌ nuclear fission ဆက်လက်၍ ဖြစ်ပေါ်နေသော အခြေအနေကြောင့် အပူချိန်မြင့်တက်ခြင်းနှင့် ရေဒီယိုသတ္တိကြွမှု မြင့်တက်လာခြင်းတို့အပေါ် ကျွန်တော့်တို့လေ့လာကြည့်ရအောင်ပါ။ No(3) Reactor နဲ့ပတ်သက်ပြီး လေ့လာတယ် ဆိုပေသည့် Fukushima Nuclear Power Plant (1) နှင့် Reactor No(5,6) ရှိတဲ့ Fukushima Nuclear Power Plant (2) စုစုပေါင်း ဓါတ်ပေါင်းဖို (၆) လုံးရှိနေတယ်ဆိုတာကိုတော့ ကျွန်တော်တို့ မေ့နေလို့မဖြစ်ပါဘူး။ အထူးသဖြင့် ဓါတ်ပေါင်းဖို (1,2,3,4) ရှိတဲ့ Fukushima Nuclear Power Plant (1) ကို အဓိက သတိထားရမှာဖြစ်ပါသည်။
ပထမအနေဖြင့် Reactor No(3)မှာ Steam အငွေ့တွေ ထွက်ပေါ်လာတာကနေပြီးတော့ ဒီဓါတ်ပေါင်းဖိုထဲမှာ Nuclear Fission ဆက်လက်ဖြစ်ပေါ်နေတယ်ဆိုတဲ့အချက်က ပေါ်လွင်သွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပေါ်မှာ ကျွန်တော်တို့ လေ့လာကြည့်မယ်ဆိုလျှင်
-    Spent Fuel Pool အတွင်း အသုံးပြုပြီး ပလူတိုနီယံ၏ ဆက်လက်ဓါတ်ပြုလျှက်ရှိခြင်း။
-    ရေကန်အတွင်း၌ ပလူတိုနီယံ၏ ဆက်လက်ဓါတ်ပြုမှုကြောင့် ဖြစ်ပေါ်လာသော အပူရှိန်ကြောင့် တဖြည်းဖြည်း ရေခမ်းခြောက်လာနေခြင်း ဆိုတဲ့ အချက်ကို သတိထားမိမှာဖြစ်ပါသည်။
ဤသို့သော အခြေအနေကြောင့် Spent Fuel Pool ရေကန်အတွင်း ရေဖြည့်ဆည်းပေးနိုင်ပါက nuclear fission ဖြစ်ပေါ်မှုအား ထိန်းသိမ်းနိုင်ပြီး Radioactive (Radiation Level) ဖြစ်ပေါ်မှုအား တဖြည်းဖြည်း လျော့ချနိုင်မယ် တဆက်တည်းမှာဘဲ မြင့်တက်နေတဲ့အပူချိန်ကိုလည်း တဖြည်းဖြည်း လျော့ချသွားနိုင်မယ်ဟူသော အယူအဆအပေါ်မှာ ရေဖျန်းလောင်းဖို့ ဖြစ်လာတယ်လို့ စဉ်းစားလို့ရနိုင်ပါတယ်။ ဒီလိုရေဖျန်းလောင်းတဲ့အခါမှာလည်း Nuclear Fission ဖြစ်မှုကို ထိန်းညှိပေးနိုင်တဲ့ Deuterium ဓါတ်အများစုပါတဲ့  Sea Water ကိုအသုံးပြုခြင်းဖြစ်မယ်လို့လည်း ယူဆမိပါသည်။
    သို့သော် Spent Fuel Pool အတွင်း nuclear fission ဖြစ်ပေါ်နေမှုအပေါ် လေ့လာရာ၌ အောက်ပါအချက်များ အား စဉ်းစားမိပါသည်။
-    Spent Fuel Pool သည် လုံးဝပျက်ဆီးခြင်းမရှိသည့်တိုင်အောင် ကန်အတွင်းရှိရေများ ယိုစိမ့်ထွက်နိုင်သော ရေကန် ကွဲအပ်မှု (သို့) အပေါက် ဖြစ်ပေါ်မှု တို့ကြောင့် ရေကန်အတွင်း ရေနည်းသွားပြီး Spent Fuel Pool အတွင်း Nuclear Fission ဆင့်ကဲမှုဖြစ်ပေါ်လာကာ အပူရှိန်မြင့်တက်လာပြီး ရေကန်အတွင်း လက်ကျန်ရေအား တဖြည်းဖြည်းခမ်းခြောက်စေပြီး ရေနွေးငွေများ ပြင်ပသို့ ထွက်ပေါ်လာစေခြင်းဖြစ်သည်ဟု ယူဆမိပါသည်။
-    သို့ဆိုလျှင် Spent Fuel Pool ထဲသို့ ရေများဖြည့်ဆည်းပေးနိုင်လျှင် Nuclear Fission မှုအားထိန်းသိမ်းနိုင်မည်ဟု အယူအဆအပေါ် ပြန်လည်စဉ်းစားရာ၌ Spent Fuel Pool ရေကန်သည် ကွဲအပ်မှု(သို့) အပေါက် ဖြစ်ပေါ်မှု ရှိနေပါက ရေဖြည့်ဆည်းမှု အနေအထားသည် စဉ်ဆက်မပြတ် ဖြည့်ဆည်းနေရမည်ဖြစ်ပါသည်။
-    ဤသို့ ရေကန်အတွင်း ရေဖြည့်ဆည်းမှုသည် စဉ်ဆက်မပြတ် ဆက်လက်ဖြည်းဆည်းမှုကြောင့် ရေနွေးငွေ့မှ တဆင့် Hydrogen Explosion ဆက်လက်ဖြစ်ပေါ်လာနိုင်သော အခြေအနေလည်းဖြစ်ပေါ်လာနိုင်သည်ဟု ယူမိပါသည်။
-    Spent Fuel Pool အတွင်းသို့ ရေဖြည့်ဆည်းမှု လုပ်ငန်းစဉ်အတွင်း ပါဝင်သော လူနှင့်ယာဉ်များသည် စက်ရုံဝန်းကျင်အတွင်း ဖြစ်ပေါ်နေသော Radiation နှင့် High Temperature ကြောင့် မည်သည့်အတိုင်းတာထိ ခံနိုင်ရည်ရှိမည်နည်း၊ မည်သည့်အတိုင်းအတာထိ Radiation အား လျော့ချနိုင်မည်နည်း ဟူသော အချက်(၂) ချက်အပေါ် စဉ်းစားရာ၌  Reactor (သို့) Spent Fuel Pool အတွင်း Nuclear Fission ဖြစ်ပေါ်မှုအား ရပ်တန့် သွားအောင် ဆောင်ရွက်နိုင်လိမ့်မည်မဟုတ်ဟု ယူဆမိပါသည်။ ထိုသို့ Nuclear Fission မရပ်တန့်ပါက ရေဖျန်းလောင်းမှုအစီအစဉ်အတွင်း ပါဝင်ဆောင်ရွက်သော လူနှင် စက်ပစ္စည်းများသည် Radiation Effects သက်ရောက်မည်ဖြစ်ပါသည်။ လူလဲဆောင်ရွက်မည်ဆိုပါကလည်း မည်သည့်အတိုင်းအတာအထိ လဲနိုင်မည် နည်း ဟူသောအပေါ်တွင် လဲသမျှ လူတိုင်း Radiation Effects သက်ရောက်မည်သာဖြစ်ပါသည်။
-    ရေများပတ်ဖျန်းသောအခါ ဓါတ်ပေါင်းဖိုပြင်ပသို့ ရေများယိုဖိတ်လာမည်ဖြစ်ပြီး ၎င်းရေများသည် Radiation Level မြင့်မားနေလိမ့်မည်ဖြစ်ပါသည်။ ထို့နောက် ၎င်းရေများသည် ပင်လယ်အတွင်း (သို့) မြေကြီးအတွင်းသို့ ၀င်ရောက် စိမ့်ဝင်သွားမည်ဖြစ်ပါသည်။ ၎င်းအကျိုးဆက်ကြောင့် ပင်လယ်ရေညစ်ညမ်းမှုသည် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နိုင် ပါသည်၊ ထို့ပြင် မြေကြီးအတွင်းသို့ စိမ့်ဝင်သွားသော အဆိုပါရေများသည် မြေအောက်ရေ (သို့) မြေဆီလွှာ အတွင်း စိမ့်ဝင်ပြီး ၎င်းစက်ရုံ၏ ပတ်ဝန်းကျင်မြေဆီလွှာကိုပါ ထိခိုက်စေလိမ့်မည်ဖြစ်ပါသည်။
-    Chernobyl Nuclear Accident သည် ဓါတ်ပေါင်းဖို နံပါတ်(၄) တစ်လုံးတည်းပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပေါ်ခဲ့ပါသည်။ ချာနိုဘိုင်းစက်ရုံ ဓါတ်ပေါင်းဖို နံပါတ်(၄) ပေါက်ကွဲမှုစတင်ဖြစ်ပေါ်ပြီး (၆)နာရီနီးပါးခန့်အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ Fukushima Nuclear Accident သည် ဓါတ်ပေါင်းဖို (၄) လုံးစလုံး ပေါက်ကွဲမှု တွေဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း (၁၄) ရက်ကြာသည့်အထိ ဓါတ်ပေါင်းဖိုများကို ထိန်းသိမ်းနိုင်ခြင်းမရှိသေးပေ။

မျက်မှောက်ဖြစ်ပေါ်နေသော အကျိုးဆက်အပေါ်လေ့လာခြင်း
-    အခင်းဖြစ်ပွါးနေသော ၂၀ ကီလိုမီတာ ဧရိယာအတွင်း၌ Radiation Level နှင့် Nuclear Power Plant အတွင်း ဖြစ်ပေါ်နေသော Radiation Level တို့၏ အခြေအနေမှန်အား မသိရသောကြောင့် ဆက်လက်ဖြစ်ပေါ်မည့် အခြေအနေများနှင့် အကျိုးဆက်များကို ခန့်မှန်းနိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး မလိုလားအပ်သော ပြည်သူတို့၏ လွန်စွာစိုးရိမ်ထိတ်လန့်များကို ပိုမိုဖြစ်ပွါးစေရန် အားပေးသလိုဖြစ်နိုင်ပါသည်ဟုလည်း ယူဆမိပါသည်။ ဤအချက်သည် ဂျပန်နိုင်ငံ၏ စီးပွါးရေးကို ပိုမိုထိခိုက်နိုင်မည်ဖြစ်ပြီး အစိုးရအပေါ် ယုံကြည်မှုကျဆင်းနိုင်ပါသည်။
-    အခြေအနေအမှန်သိရခြင်းဖြင့် တွေ့ကြုံလာရသော အခြေအနေအပေါ် ပိုမိုစိုးရိမ်မှုမျာလည်း ဖြစ်ပေါ်နိုင်ပါသည်။ သို့ပေသည့် အခြေအနေအမှန်ကြောင့်လည်း ကြုံတွေ့နေရသော ပြဿနာအပေါ် ၀ိုင်းဝန်းဖြေရှင်းနိုင်မည့် စည်းလုံးမှုအား၊ အကြံဥာဏ်ကောင်းများနှင့် ပြည်သူလူထု၏ အပြည့်အ၀ပူးပေါင်းဆောင်ရွက်မှုများကို ရရှိစေမည်ဖြစ်ပါသည်။ ခက်ခဲသောအခြေအနေမျိုးများကို ရင်ဆိုင်ရဲသော သတ္တိသည် ဂျပန်လူမျိုးတိုင်း၌ အပြည့်အ၀ရှိပါသည်။ (ဟီရိုရှိးမားဥပမာနှင့် စစ်ပြီးခေတ်ဂျပန်ပြန်လည်ထူထောင်နိုင်မှုတို့သည် ကောင်းမွန်သည့် နမူနာဖြစ်ပါသည်။)
-    ဓါတ်ပေါင်းဖိုအား အပူချိန်လျော့ကျအောင် ဆောင်ရွက်နေသော အသက်စွန့်အနစ်နာခံဆောင်ရွက်နေကြသော ၀န်ထမ်းများအားလုံးနီးပါးသည် Radiation ၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကို ခံစားကြရမည် ဖြစ်ပါသည်။
-    စက်ရုံပတ်ဝန်းကျင် အန္တရာယ်ဇုံအဖြင့် သတ်မှတ်ထားသော ဧရိယာသည် အနည်းဆုံး အနှစ်(၂၀) ခန့် ပြန်လည်အသုံးပြုရန်မလွယ်ကူတော့ပေ။ ဤသည်မှာလည်း လက်ရှိအခြေအနေအပေါ်၌သာ ခန့်မှန်းခြင်းဖြစ်ပါ သည်။ ဓါတ်ပေါင်းဖိုသည် လက်ရှိအခြေအနေထက် ပို၍ဆိုးရွားလာမည်(သို့) ကျန်နေသေးသော ဓါတ်ပေါင်းဖို(1,2,4) တို့၏အခြေအနေများသည် ထပ်မံ၍ Nuclear Fission ဖြစ်ပေါ်နေမှု မြင့်တက်လာပါက အန္တရာယ်ဇုံ၏ ဧရိယာပိုမိုကျယ်ဝန်းလာဖို့ရှိပါသည်။
Fukushima Nuclear Accident Level, Source: Wikipedia



မျက်မှောက်အခြေအနေများအပေါ် ဖြစ်နိုင်ခြေအကြံပြုချက်
(Possibilities of Some Solution on Current Nuclear Crisis)
1.    Nuclear Fission ဖြစ်ပေါ်မှုအား ထိန်းချုပ်နိုင်စွမ်းရှိသော Boric Acid Powder အား Reactor Spen Fuel Pool အတွင်းသို့၎င်း (သို့) ၎င်း Reactor  Building အတွင်းသို့၎င်း မှုတ်သွင်းနိုင်ပါက Nuclear Fission ဖြစ်ပေါ်မှုအား ရပ်တန့်စေနိုင်သော Nuclear Poison Process ဖြစ်ပေါ်ပြီး Radiation Levelအား လျော့ချနိုင်လိမ့်မည်ဟု ယူဆမိပါသည်။ ထိုသို့ပြုလုပ်နိုင်ပါက အပူရှိန်လည်း ဆက်လက်လျော့ကျစေပြီး Rector အား ပိုမိုထိန်းချုပ်နိုင်ရန် ဆောင်ရွက်နိုင်မည့် ဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်နိုင်လိမ့်မည်ဟု ယူဆမိပါသည်။
2.    ပျော့၍စေးကပ်သော ရွံ့စေး (Clay or Mud) များကို ကားဖြင့် အဆင့်ဆင့်သယ်ယူ၍ Reactor Building အတွင်းသို့ မှုတ်သွင်း၍ Mud များဖြင့် တဖြည်းဖြည်း ငုံမိသွားအောင် ပြုလုပ်ခြင်းဖြစ်ပါသည်။ ဤအချက်နှင့် ပတ်သက်၍  Reactor(3) Sea Side တွင် ရှိသော အဆောက်အဦးသည် နံရံသဖွယ်အနေအထားရှိခြင်း၊ ဓါတ်ပေါင်းဖို၏ ကုန်းတွင်းဘက်အခြမ်းတွင် ကုန်းမြင့်ရှိသော အခြေအနေအပေါ်၌ နံရံအဖြင့်၎င်း၊ Reactor ၏ မြောက်ဘက် နှင့် တောင်ဘက်ပိုင်းတွင်လည်း နံရံအဖြင့်၎င်း အဆောက်အဦးအချို့နှင့် လိုအပ်ပါက ဆူနာမိ ကြောင့် အသုံးပြု၍ မရနိုင်သော Container များကို အကာအကွယ်ပြု၍ ရွံ့စေး(Clay/Mud)များကို ကုန်းမြင့်ပေါ်မှ Reactor Building အခြေမှစ၍ အဆင့်ဆင့် အခြောက်ခံ လောင်းချမှုတ်သွင်းဖြင်းဖြင့် ငုံမိအောင် တဖြည်းဖြည်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဤသို့အားဖြင့် Reactor ၏ Nuclear Fission ဖြစ်ပေါ်မှုနှင့် Radiation ဖြစ်ပေါ်နေမှုအား ထိန်းချုပ်လာနိုင်မည်ဟု ယူဆမိပါသည်။
3.    တဖန် သဲ များကို Compressor ဖြင့် Reactor အတွင်းပိုင်းသို့ မှုတ်သွင်းနိုင်ပါက။ Nuclear Fission ဖြစ်ပေါ်မှု၊ Radiation ဖြစ်ပေါ်မှု၊ Overheating ဖြစ်ပေါ်မှုနှင့် Explosion ဖြစ်ပေါ်မှုများကို များစွာကာကွယ် ပေးနိုင်လိမ့်မည်ဟု ယူဆပါသည်။ တနည်းအားဖြင့် စဉ်းစားကြည့်မည်ဆိုလျှင် Uranium သတ္တု အပါအ၀င် သတ္တုမှန်သမျှတို့သည် သဘာဝသဘောအရ မြေကြီးအတွင်း၌ တွေရှိရသည်ဖြစ်သောကြောင့်လည်း ရွံ့မြေစေးနှင့် သဲတို့သည် သဘာဝကပေးသော ပေါများသည့် အရင်းအမြစ်အဖြင့် အသုံးပြုရန်သင့်တော်လှပေ သည်။
4.    အခြားသောနည်းလမ်းတစ်ခုမှာ Concrete လောင်းခြင်းဖြစ်ပါသည်။ Reactor ၏ အခြေမှစ၍ အဆင့်ဆင့်သော်လည်းကောင်း၊ Spent Fuel Pool အတွင်းသို့ မီးသတ်ကားမှ ရေများမှုတ်သွင်းသကဲ့သို့ အသင့်ဖျော်စပ်ထားသော Concrete  များကို မှုတ်သွင်းလောင်းချခြင်းဖြစ်ပါသည်။ ဤသို့အားဖြင့် Radiation ဖြစ်ပေါ်မှုအား တဖြည်းဖြည်းထိန်းချုပ်နိုင်မည်ဟု ယူဆမိပါသည်။ နောင်တွင်လည်း Concrete ဖြင့် ဖုံးအုပ်မှသာ ၎င်းနေရာသည် စိတ်ချရမည့် အနေအထားဖြစ်ပါသည်။ သို့ပေသော်လည်း ကုန်ကျစရိတ်များလွန်းမည် ဖြင့်ခြင်းကြောင့် လည်းကောင်း၊ အနည်းငယ်ခက်ခဲသောအခြေအနေများလည်း ရှိသည့်ကြောင့်လည်းကောင်း ဖြစ်နိုင်ခြေတော့ နည်းလိမ့်မည်ဟုယူဆပါသည်။ သို့ပေသော်လည်း ပိုမိုတိကျသော အချက်အလက် အခြေအနေ နှင့် ဖြင့်နိုင်သမျှ အနီးဆုံးရိုက်ယူထားသော ဓါတ်ပုံများရိုက်ယူ၍ အခြားသော ဖြစ်နိုင်ခြေများကိုလည်း ဆက်လက်လေ့လာရန်လည်း လိုအပ်ပါသေးသည်။
5.    ချာနိုဘိုင်း ပေါက်ကွဲမှုဖြစ်စဉ်က ခဲသတ္တုနှင့် ဘော်ရွန်သတ္တု တို့ကိုလည်း အသုံးပြုခဲ့သည်ဟု လေ့လာဖူးပါသည်။ သို့ပေသော်လည်း ဤဖူကူရှီးမားဓါတ်ပေါင်းဖိုအတွက် ဤနည်းလမ်းကိုအသုံးပြုရန်မှာ ခက်ခဲလိမ့်မည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာပေါ်၌ နူကလီးယားဓါတ်အားပေးစက်ရုံ မတော်တဆဖြစ်ပွါးမှု အကြိမ်ပေါင်းသည် အနည်းဆုံး (၂၀၀၉) ခုနှစ်အထိ (၉၉) ကြိမ်ခန့်ဖြစ်ပွါးခဲ့ကြောင်းသိရပါသည်။ ၎င်းတို့ထဲတွင် (၁၉၅၀ မှ ၂၀၁၁) ခုနှစ်အတွင်း လူမှုအဖွဲ့အစည်း လူ့မှုပတ်ဝန်းကျင်အား အကြီးအကျယ်တိုက်ရိုက်ထိခိုက်ပျက်ဆီးစေခဲ့သော၊ ဆုံးရှုံးမှုအများဆုံး ဖြစ်စေ ခဲ့သော Nuclear Accidents အကြိမ် ပေါင်းမှာ ယခု ဖူကူရှီးမား ဖြစ်ရပ်အပါအ၀င် (၂၈) ကြိမ်ရှိခဲ့ပြီဖြစ်ပါသည်။ ဖြစ်ပေါ်ခဲ့ သော စက်ရုံတိုင်းလည်း ရပ်ဆိုင်းပိတ်ပစ်ရသည်ချည်းဖြစ်ပါသည်။
Civil Nuclear Accidents (1950 ~ 2011), Source: Wikipedia

    နူကလီးယားစွမ်းအင်သည် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအတွက် လိုအပ်သည်ဆိုသော အချက်ကိုဖြင့် မငြင်းလိုပါ။ သို့ပေသည့် နူကလီးယားနှင့်ပတ်သက်၍ အနည်းဆုံးအားဖြင့် မတော်တဆဖြစ်မှု၏ နောက်ဆက်တွဲအကျိုးဆက်တွေသည် ပင် လူ့အသက်ပေါင်းများစွာ၊ သဘာဝအရင်းအမြစ်ပေါင်းများစွာတို့နှင့် တိုက်ရိုက်ပတ်သက်နေသောကြောင့် လူမှု ပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်အတွက် တိကျ၍ ပိုမိုလုံခြုံစိတ်ချရသော နည်းလမ်းများကို အသုံးပြုသင့်ပါကြောင်း စုစည်းလေ့လာတင်ပြလိုက်ရပေသည်။

မောင်စည်သူ
Ref: Nuclear Physic, Nuclear Fission, Wikipedia Encyclopedia, Chernobyl Nuclear Accident

ဂျပန်အသင်းနည်းပြ ငလျင်ကြောင့် အိမ်ပြန်

တိုကျို - ဂျပန် လက်ရွေးစင်အသင်း နည်းပြ အယ်လ်ဘာတို ဇက်ချီရိုနီနှင့် သူ၏ နည်းပြအဖွဲ့တို့သည် ဂျပန်တွင် လူ ၁၀,၀၀၀ ကျော် သေဆုံးခဲ့သော ဂျပန်ငလျင်နှင့် ဆူနာမီတို့ဖြစ်ပွားခဲ့ပြီးနောက်အမိနိုင်ငံအီတလီသို့ပြန်မည်ဖြစ်သည်။
ဇက်ချီရိုနီကသူ၏မိသားစုနှင့် သူ၏၀န်ထမ်းများ၏မိသားစုများသည် အီတလီတွင် အလွန်အမင်း စိတ်ပူနေကြကြောင်း ဂျပန်မှ မထွက် ခွာမီ စနေနေ့ကပြောကြားခဲ့သည်။ ဇက်ချာရိုနီနှင့်အတူ သူ၏လက်ထောက်လေးဦးတို့လည်း လိုက်ပါလာမည်ဖြစ်သည်။
"ကျွန်တော်တို့ဟာ ဂျပန်ဘောလုံးအဖွဲ့ချုပ်ရဲ့ သဘောတူညီချက်နဲ့ ယာယီအားဖြင့် အီတလီကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွန် တော်တို့ မိသားစုတွေလည်း စိတ်ချလက်ချဖြစ် အောင်လို့ပါ"ဟု ယခင် အေစီမီလန် အသင်း၏ နည်းပြ ဇက်ချာရိုနီ (၅၇ နှစ်)က ပြော သည်။(Japantoday- မြန်မာတိုင်းမ်မှ)

Sunday, February 20, 2011

နာဂိုယာမြို့တွင် ကျင်းပသည့် ၆၄ နှစ်မြောက် မွန်အမျိုးသားနေ့အောင်ပွဲ


နာဂိုယာ၊ ဖေဖေါ်ဝါရီ (၂၀)

မွန်တိုင်းရင်းသားတို့၏ ၆၄နှစ်မြောက်နှင့် ဂျပန်နိုင်ငံတွင် ၁၉ ကြိမ်မြောက်အဖြစ် ကျင်းပသည့် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့တွင် နာဂိုယာမြို့၌ ပုညကာရီမွန်အမျိုးသားအသင်း(ဂျပန်)က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရွေးကောက်ပွဲပြီးနောက်ပိုင်း တိုင်းရင်းသားတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ယဉ်ကျေးမှု တို့ကို ပိုမိုထိမ်းချုပ်ခံလာရချိန်တွင် လွတ်မြောက်နယ်မြေ ဂျပန်နိုင်ငံ၌ မိမိတို့ယဉ်ကျေးမှု၊ ဓလေ့စရိုက် များနှင့် မကျေနပ်ချက်များကို အမျိုးသားနေ့အခမ်းအနား၌ ထုတ်ဖော်ပြောဆို နိုင်ခြင်းအတွက် အတိုင်းမသိဝမ်းသာမိကြောင်းး ပုညကာရီမွန်အမျိုးသားအသင်း၏ ဥက္ကဋ္ဌဦးမင်းမျိုးချစ်က ပြောပြသည်။

“ဒီလောက်တောင် ဖိနှိပ်နေတဲ့ မြန်မာပြည်တွင်းက စစ်ခေါင်းဆောင်အာဏာရှင်တွေရဲ့လက် အောက်မှာ မပြောနိုင်တဲ့ အရာတွေကို ဒီနေရာမှာ လွတ်လာစွာဖွင့်ပြောနိုင်ခဲ့တယ်၊ အာဏာရှင်အဆက် ဆက် ကျနော်တို့တိုင်းရင်းသားတွေအပေါ်မှာ ဖိနှိပ်ခဲ့မှုတွေကို ထုတ်ဖော်နိုင်ခဲ့တယ်။ မွန်အမျိုးသားတွေအ ပါအ၀င် အခြားသောတိုင်းရင်းသားတွေကို ဖိနှိပ်နေမှုတဲ့ မကျေနပ်ချက်တွေကို ဖွင့်ပြောနိုင်ခဲ့တဲ့အတွက် ကျေနပ်မိတယ်”ဟု ယင်းဥက္ကဋ္ဌက ပြောပြသည်။

အခမ်းအနား ပထမပိုင်းအစီအစဉ်တွင် မွန်အမျိုးသားအလံတော်ကိုအလေပြုခြင်းအပါအ၀င် သဘာပတိများ စကားပြောခြင်းနှင့် ပြည်တွင်းအခြေစိုကှ်မွန်ပြည်သစ်ပါတီမှပေးပို့သော ၆၄ နှစ်မြောက်မွန်အမျိုးသားနေ့သ၀ဏ်လွှာ အပါအ၀င် ပလောင်ဝ်၊ ကရင်နှင့်အခြားသောတိုင်းရင်းသား ကိုယ်စားပြု ကိုယ်စားလှယ်များ၏ အမှာစကားပြောကြားခြင်းများပါဝင်ခဲ့သည်။

ပြည်တွင်း၌ လွတ်လပ်စွာကျင်းပခွင့် မရတောသည့် မွန်အမျိုးသားနေ့ အခမ်းအနားကို ယခုလို ပြည်တနေရာတွင် လွတ်လပ်ပွင့်လင်းစွာ ပြောဆို ဆွေနွေးမှုများ၊ မိမိတို့ ယဉ်ကျေးမှုကို ပကတိအတိုင်း ထုတ်ဖော် ပြသနိုင်မှုများဖြင့် ကျင်းပ နိုင်ခြင်းကြောင့် လူများစွာ မလာရောက်နိုင်လင့်ကစား အမျိုးသားရေး လက္ခဏာအမှန်များကို တွေ့မြင် သိရှိခံစားရသည့်အတွက် နိုင်ငံရေး အနှစ်သာရ ပြည့်ဝသည်ဟု ပလောင်အမျိုးသားနှင့် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု ဂျပန်ကိုယ်စားလှယ် ကိုမိုင်ကျော်ဦးက ပြောပြသွားသည

သမိုင်း အစစ်အမှန်ကို ခေတ်ကာလ အလိုက် အပိုင်းအခြားဖြင့် မွန်လူမျိုးတို့၏ ဖြစ်တည်မှု အကြောင်း၊့ မွန်တိုင်းရင်းသားးများ ဆင်းသက်ဖြစ်တည်လာပုံနှင့် အမျိုးသားရေး လှုပ်ရှားမှုများကို ကိုမင်းဝင်းတေဇ မှလည်ကောင်း၊ အိုဆာကာတက္ကသိုလ်တွင် ပညာသင်ယူနေသော ဂျပန်လူငယ်တဦးဖြစ်သည့် Wada Sanမှ မွန်ဘာသာ စာပေနှင့် ယဉ်ကျေးမှုများကို ထိုင်းနှင့် မြန်မာနိုင်ငံ တို့တွင်ကိုယ်တိုင်သွားရောက် လေ့လာခဲ့သော ရှာဖွေတွေ့ရှိချက်များကို powerpoint ဖြင့် ရှင်းလင်း တင်ပြခဲ့ကြသည်။

ဂျပန်နိုင်ငံတွင် ကျင်းပလေ့ရှိသည့်တိုင်းရင်းသားများ၏ အမျိုးသားနေ့များ ထုံးစံအတိုင်း ရိုးရာ အစားအသောက်များကို ဧည့်ခံ ကျွေးမွေးခဲ့ပြီး အခမ်းအနားဒုတိယပိုင်းတွင်ဘ မွန်အမျိုးသားရေး စိတ်ဓါတ်ကို တက်ကြွစေသော မွန်အမျိုးသား သီချင်းများကို ဖျော်ဖြေတင်ဆက်သီဆိုမှုများဖြင့် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သတင်းရေးသားပေးပို့သူ - သန့်မျိုးထွေး(မိုးသောက်ကြယ်)

Monday, February 14, 2011

(၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ဂျပန်ရောက်တိုင်းရင်းသားများကျင်းပ

ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်ခဲ့သည့် (၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား နှင့်တိုင်းရင်းသား လူမျိုးပေါင်းစုံ ယဉ်ကျေးမှုကပွဲ ၊ဂီတပဒေသာပွဲများ ကို ယနေ့ ဖေဖော်ဝါရီလ  (၁၃ ) ရက်နေ့ တိုကျိုမြို့အိုးစုက အရပ်တွင်ရှိသော (Minami ostuka Hall)တွင် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်) ၏ ဦးဆောင်မှုဖြင့် နေ့လည် (၁)နာရီ မှ ည (၈ )နာရီ အထိ အခမ်းအနားကို နှစ်ပိုင်းခွဲကျင်းပခဲ့ရာ ဂျပန်နိုင်ငံရောက် မြန်မာ့ ဒီမိုအရေးလှုပ်ရှားနေသောအဖွဲ့အစည်းပေါင်းစုံမှတာဝန်ရှိသူများနှင့် တိုင်းရင်းသားပေါင်းစုံတို့တက်ရောက်ခဲ့ကြပါသည်။
 
မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံစုစည်းနေထိုင်သောနိုင်ငံဖြစ်၏ ။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လ (၁၂) ရက်နေ့တွင် မြန်မာနိုင်ငံကို ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ်ဖွဲ့စည်းတည်ထောင်နိုင်ရန်အတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံတွင် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တိုင်းရင်းသားလူမျိုးများ နိုင်ငံရေးတန်းတူညီတူရှိမည့် ပြည်ထောင်စုမူတရပ်ကိုချမှတ်နိုင်ခဲ့သည့် နေ့တနေ့လည်းဖြစ်သည်။ အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များတည်ထောင်ခဲ့သည့် ပြည်ထောင်စုကြီးသည် (၆၄)နှစ်တိုင်ခဲ့သော်လည်း ပြည်ထောင်စုတိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး မျှော်မှန်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံကိုမတည်ဆောက်နိုင်သေးပါ။ အမျိုးသားခေါင်းဆောင်ကြီးများ မျှော်မှန်းထားခဲ့သော လွတ်လပ်ရေး၊ တန်းတူညီမျှရေးဟူသောအခြေခံမူများကို ယနေ့တိုင်ဖြည့်ဆည်းနိုင်ခြင်းမရှိသေးပေ။ အဘယ်ကြောင့်ဆိုသော အာဏာကို မတရားရယူထားသည့် စစ်အာဏာရှင်ဝါဒနှင့် စနစ်ဆိုးတို့ နှစ် (၅၀)နီးပါး စိုးမိုးမင်းမူနေခြင်းကြောင့်ဖြစ်သည်။
 
အခမ်းအနား ပထမပိုင်း အစီအစဉ် ကို နေ့လည် (၁)နာရီ မှ (၄)နာရီ အထိကျင်းပခဲ့ရာ အခမ်းအနားမှူးအဖြစ် (PNS-JP) မှ ဦးမိုင်ကျော်ဦး နှင့်အတူ (PMNS-JP) မှ ကိုဇော်မျိုးဦးတို့က ဆောင်ရွက်ခဲ့ကြပြီး ဘာသာပြန်အဖြစ် မြန်မာ့ဒီမိုအရေး ကိုအစဉ်အားပေးကူညီနေသော ဆရာဦးရွှေဘ (ခ) ဝါတာနာဘေ ကဆောင်ရွက်ခဲ့ပါသည်။ (၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား တွင် သဘာပတိအဖွဲ့ အဖြစ် ဥိးဇော်မင်းခိုင် (ရခိုင်)၊ ဦးလှဟန် (NLD-LA)(JB)၊ဦးခင်မောင်ကြည်(အဝေးရောက်သံတမန်တဦး) နာယက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)နှင့် ဦးသန်းရွှေ(NDB –Japan)တို့က တာဝန်ယူဆောင်ရွက်ခဲ့ကြပြီး တိုင်းရင်းသားပေါင်းစုံတို့မှ သဘာပတိအဖွဲ့ဝင်များအဖြစ်ဆောင်ရွက်ခဲ့ကြပါသည်။
တိုင်းရင်းသားပေါင်းစုံမှ ပြည်ထောင်စုအလံကိုသယ်ဆောင်ကာ(၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ဖွင့်လှစ်ခဲ့ပါသည်။ သဘာပတိမှ အဖွင့်အမှာစကားပြောကြားကာ အထူးဧည့်သည်တော် ဦးခင်မောင်ကြည် (အဝေးရောက်သံတမန်တဦး) နာယက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ)မှလည်း“ ပင်လုံစာချုပ်ကြောင့် ပြည်ထောင်စုပေါ်ပေါက်လာရခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီး နောက်တက်လာတဲ့အစိုးရတွေက ပြည်ထောင်စုအနှစ်သာရကိုဖျောက်ပြီး တပြည်ထောင်စနစ်ကျင့်သုံးလာကြောင်းနှင့် ထိုတပြည်ထောင်စု စနစ်နှင့်မရပ်သေးပဲ တပါတီအာဏာရှင်နစ်ကိုကျင့်သုံးကာ ယခုလောလောဆယ် သူခိုးဓါးပြလမ်းစဉ်ကို ကျင့်သုံးလျက်ရှိကြောင်း၊ စာထဲမှာပါတဲ့ဥပဒေကတမျိုး၊ လုပ်နေတဲ့လုပ်ရပ်ကတမျိုး ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်ကပင် ယနေ့အချိန်အထိ ဖြစ်ကြောင်းနှင့် ပြည်ထောင်စုဆိုတဲ့ နိုင်ငံမှာ တရားလက်လွတ်ဖြစ်နေတာ ကမ္ဘာကပင် သိနေပါတယ်။“ ဟုပြောကြားခဲ့ပါသည်။
ထို့နောက်အဖွဲ့အစည်းအသီးသီးမှအတာဝန်ရှိသူများကလည်း (၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား နှင့်ပတ်သက်သော မိန့်ခွန်းများကို ပြောကြားခဲ့ကြပါသည်။ အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာ ဗွီဒီယို ပြသကာ အခမ်းအနား ပထမပိုင်းအစီအစဉ် ကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
 
အခမ်းအနား ဒုတိယပိုင်းဖြစ်သော (၆၄)နှစ်မြောက်ပြည်ထောင်စုနေ့ ဖျော်ဖြေ ရေးအစီအစဉ် ကို ညနေ (၄) နာရီ တွင် စတင်ကျင်းပခဲ့ရာ အစီအစဉ်မှူးအဖြစ် ကျော်သန်းလှိုင် (ALD-EXILE) မှ တာဝန်ယူဆောင်ရွက်ပြီး အခမ်းအနားမှူးများအဖြစ် မကေသီ (PMNS –Japan) နှင့် အတူ ကိုသိန်းရယ် (KNC –Japan) မှဆောင်ရွက်ခဲ့ပါသည်။(SND-Japan)မှ နန်းချိုဝင့်မွန် ကဘာသာပြန်အဖြစ်တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။ AUN မောင်မယ်များမှ (ပြည်ထောင်စုလူငယ်) တေးသီချင်း ဖြင့် ဒုတိယပိုင်းဖျော်ဖြေရေးအစီအစဉ်ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
တိုင်းရင်းသားလုမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှုအကနှင့်အတူ(NLD-LA-JB)မှ ဖက်ဖူးစင်ယိမ်းအက၊ အောင်မြင်ပါစေ မြန်မာရိုးရာနှစ်ပါးသွားအကဖြင့်လည်းကောင်း ၊ ကိုဝင်းအောင်-မြန်မာ့ဒီမိုကရေစီအင်အားစုအဖွဲ့မှ (အောင်ဆန်းလမ်းစဉ်) သီချင်းဖြင့် ဂီတပဒေသာပွဲများ ကို ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ ဖျော်ဖြေ ရေးအစီအစဉ်ကို AUN မောင်မယ်များ၏ (ပြည်ထောင်စုနေ့ )တေးသီချင်းဖြင့် (၆၄)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကို အောင်မြင်စွာ  ရုပ်သိမ်းခဲ့ပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်

Tuesday, February 8, 2011

(၆၄)နှစ်မြောက်သျှမ်းအမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနား

ဖေဖော်ဝါရီလ (၇)ရက်နေ့တွင်ကျရောက်မည့် (၆၄)ကြိမ်မြောက်သျှမ်းအမျိုးသားနေ့ကို ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော သျှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့နှင့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ တို့၏  ပူးပေါင်းဦးဆောင်မှုဖြင့် ဖေဖော်ဝါရီလ (၆) ရက်နေ့ တွင် Tokyo ရှိ Ikebukuro Kumin Center (6th Floor ) တွင် နေ့လည် (၁)နာရီ မှ (၄)နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် သျှမ်းပြည်စော်ဘွားများသည် လူထုထောက်ခံမှုနှင့် အနှစ်နှစ်အလလက ငုံ့ခံနေ ရတဲ့ မျက်နှာဖြူဘုရင်ခံ ကို အံတုအနိုင်ရခဲ့သောနေ့ကို သျှမ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ထို့နောက် တောင်ပိုင်းနမ့်ဆမ်စော်ဘွား စဝ်ခွန်ပန်းစိန်က သျှမ်းပြည်လူမျိုးပေါင်းစုံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် သုံးရပ်ကို ချမှတ်ခဲ့ပါသည်။
၎င်းဆုံးဖြတ်ချက်သုံးရပ်မှာ-
 ၁။ ဖေဖော်ဝါရီလ (၇) ရက်နေ့ကို အမျိုးသားနေ့အဖြစ်
၂။ ဝါ၊စိမ်း၊နီ နှင့် အဖြူရောင် လဝန်းအလံကို သျှမ်းပြည်အလံတော်အဖြစ်
၃။ ခေးတိုင်းခေးရာဇာသီချင်းကို ယာယီအမျိုးသားသီချင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။


သျှမ်းအမျိုးသားနေ့သည် သျှမ်းပြည်ရှိ လူမျိုးစုအားလုံးနှင့် သက်ဆိုင်သောနေ့ဖြစ်ပါသည်။၁၉၆၂ခုနှစ်တွင် ဦးနေဝင်းဦးဆောင်သော ဗမာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခွဲခြမ်းစိတ်ဖြာအုပ်ချုပ်မှု ပိုကျင့်သုံးလာသဖြင့် သျှမ်းလူမျိုးစုအကြား သပ်လျှိုသွေးထိုးဖဲ့ထုတ် စည်းရုံးမှုများကြောင့် သျှမ်းလူမျိုးစုတွေလောက်သာ အမျိုးသားနေ့ကျင်းပ ပြီး အခြားသျှမ်းပြည်လူမျိုးစုတွေ ပါဝင်မှု သိပ်မတွေ့ရတာ ယနေ့တိုင်ဖြစ်ပါသည်။
ယခုလက်ရှိ သျှမ်းပြည်နယ်သည် အေးချမ်းသာယာသောပြည်နယ် မဟုတ်ပဲ တိုင်းရင်းသားများ၏ ဘဝသည်လည်း ဆုတ်ယုတ် ယိုယွင်းနေသော အခြေအနေသို့ရောက်နေပါသည်။ သျှမ်းတိုင်းရင်းသားများ၏ ခေါင်းဆောင်ဟု အများကသတ်မှတ်ထားသော  ဦးခွန်ထွန်းဦးအပါအဝင် သျှမ်းခေါင်းဆောင်များသည်လည်း ထောင်တွင်းအကျဉ်းချထားခြင်းခံနေရပါသည်။ထိုဆိုးကျိုးများအားလုံးသည် မြန်မာနိုင်ငံကို အုပ်ချုပ်နေသော စစ်အစိုးရ၏ လုပ်ဆောင်ချက်ကြောင့်ပင်ဖြစ်သည်။
အခမ်းအနားကို သျှမ်းပြည်အတွင်း မှီတင်းနေထိုင်သော လူမျိုးစုများဖြစ်ကြသည့် ပအိုဝ့် ၊ပလောင် ၊ လီရှော နှင့် ရှမ်း စသည့် ကိုယ်စားလှယ်အသီးသီးတို့မှ သျှမ်းအမျိုးသားနေ့ အတွက် နှုတ်ခွန်းဆက်စကား ပြောကြားခြင်းဖြင့် ဖွင့်လှစ်ခဲ့ပါသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) ၏ ဥကဋ္ဌ ဦးစိုင်းဝင်းဖေ မှ သျှမ်းအမျိုးသားနေ့အတွက် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။
သျှမ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကိုရှမ်းဘာသာဖြင့်လည်းကောင်း၊ဂျပန်ဘာသာဖြင့်လည်းကောင်း
ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ကြွရောက်လာကြသော မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကလည်း သျှမ်းအမျိုးသားနေ့အတွက် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ဂျပန် နိုင်ငံတွင် ပြုလုပ်ခဲ့သော မြန်မာ့ဒီမိုအရေးနှင့်ပတ်သက်သည့် သျှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့(ဂျပန်)နှင့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)တို့၏ လှုပ်ရှားမှုပုံရိပ်များကိုလည်းကောင်း၊ လက်ရှိသျှမ်းပြည်တွင်း အခြေအနေများကို Projector ဖြင့် ပြသခဲ့ပါသည်။
သျှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့(ဂျပန်)၏ဥက္ကဋ္ဌဖြစ်သူ ဦးမိုင်ကျော်ဦးက ”မြန်မာပြည်တွင် သျှမ်းပြည်အတွင်း မှီတင်းနေထိုင်သော လူမျိုးစုများနှင့်အတူ ကျင်းပခွင့်မရရှိခဲ့သော သျှမ်းအမျိုးသားနေ့ကို ယနေ့ဖေဖော်ဝါရီလ (၆) ရက်နေ့ ဂျပန်နိုင်ငံတွင် နိုင်ငံရေးအနှစ်သာရပြည့်ဝစွာဖြင့် အောင်မြင်စွာကျင်းပခွင့်ရခဲ့ကြောင်းနှင့် ကျေးဇူးတင်စကားတို့ကို ပြောကြားခဲ့ ပါသည်။ ထို့နောက် အခမ်းအနားကို သျှမ်းရိုးရာ အိုးစည် ၊ အက ဖြင့် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
ရေးသားပေးပို့သူ-နန်းအိမွန်ချစ်(မိုးသောက်ကြယ်)
ဓါတ်ပုံ-ဦးသန်းဝင်း

Twitter Delicious Facebook Digg Stumbleupon Favorites More