This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ပိုစတာများ(Poster). Show all posts
Showing posts with label ပိုစတာများ(Poster). Show all posts

Monday, February 15, 2010

နအဖရဲ့ ဒီမိုကရေစီ သရုပ်ဖော်ပုံ

Wednesday, April 2, 2008

တကယ်လွှဲပြောင်းပေးမှာပါ



Wednesday, March 26, 2008

နအဖစစ်တပ်နှင့် တရုတ်စစ်တပ် ဘယ်သူအရင်ငရဲရောက်မယ်ထင်သလဲ...


နအဖစစ်တပ်၏ ရက်စက်ရမ်းကားမှု တစိပ်တဒေသမှတ်တမ်းများ


တရုတ်စစ်တပ်၏ ရက်စက်ရမ်းကားမှု တစိပ်တဒေသမှတ်တမ်းများ

မိုးသောက်ကြယ်စာဖိတ်ပရိသတ်များခင်ဗျား...
၂၀၀၇ စက်တင်ဘာလတုန်းက မြန်မာပြည်သူပြည်သားများကြုံတွေ့ခံစားနေရတဲ့ ၀ဋ်ဒုက္ခဆင်းရဲအ ကျပ်အတည်းမှ လွတ်မြောက်အောင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မေတ္တာသုတ်ရွတ်ဆိုပြီး လမ်းလျှောက်ခဲ့ကြတဲ့ ဘုရားသားတော် ရဟန်းသံဃာတော်တွေကို နအဖစစ်တပ်မှ အကြမ်းဖက်ပစ်ခတ်ခဲ့လို့ သံဃာအပါး ၂၀၀ ကျော်ပျံလွန်တော်မူခဲ့ပြီး အပါး ၅၀၀၀ ကျော်ကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်ဆိုတာ ကမြာတ၀ှမ်းမှ သိရှိကြ မှာပါ...။ အာဏာနဲ့ပတ်သက်လာရင် ဗုဒ္ဓဆင်းတုတော်တောင် ဦးခေါင်းတော်မြေခတဲ့အထိ ရက်စက် ရိုက်နှက်ရမ်းကားခဲ့ပါတယ်...

အခုအခါမှာတော့ နအဖရဲ့ဆရာ(ဒါမှမဟုတ်)သံဃာသတ်ရဲတဲ့နအဖနည်းယူပြီး တိဘက်သံဃာတော်များ ကို တရုတ်စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်တာ အပါး ၁၃၀ ကျော် ပျံလွန်တော်မူသွားပြီလို့ သိရပါတယ်။

‘သံဃာသတ်တဲ့မိစ္ဆာတွေ အပယ်ငရဲလားမှာမလွဲမသွေ‘ ဆိုသလို ဘယ်သူကအရင်အပယ်လားမယ်... အပယ်ဘုံရောက်ရင် ဘယ်သူက ဘယ်အဆင့်ရောက်မယ်... ဘယ်လိုပြစ်ဒဏ်မျိုးခံစားရမယ်ဆိုတာကို စာဖတ်သူများရဲ့အမြင်များကို မှတ်ချက်(Comments)ရေးသားပေးစေလိုပါတယ်...

ငရဲကြီး ၈ ထပ်မှာ-

၁။ သိဉ္စိုဝ်း ငရဲ

၂။ ကာလသုတ် ငရဲ

၃။ သံဃာတ ငရဲ

၎။ ရောရုဝ ငရဲ

၅။ မဟာရောရုဝ ငရဲ

၆။ တာပန ငရဲ

၇။ မဟာတာပန ငရဲ

၈။ အ၀ိစီ ငရဲ တို့ဖြစ်ပါတယ်။

၎င်းတို့သည် ကမ္ဘာမြေပြင်အောက်၌ ယူဇနာ ၁၅၀၀ စီကွာသောအရပ်မှစ၍ တစ်ဘုံနှင့်တစ်ဘုံ ယူဇနာ ၁၅၀၀ စီကာဝေးလျက်တည်ရှိကြ၏။

စိတ်ကောင်းမရှိ သာသနာဖျက်သူများ ကံကုန်လို့ကွယ်လွန်ကြတဲ့အခါ ”ပဋိဟတစိတ္တာ-ကောက်ကျစ်ထိပါး ဆိုးဝါးသောစိတ်ထားရှိကြကုန်သော၊ ဇနာ-နိယုတ္တက- အတွင်းဝန်၏ဆွေမျိုး သာသနာဖျက်သူလူဆိုးများတို့ သည်၊ နိရယေ ဥပ္ပဇ္ဇိံသု- ငရဲ၌ဖြစ်ကြလေကုန်၏”။ သာသနာဖျက်သူ လူဆိုးများဟာ ကိုးဆယ့်နှစ်ကမ္ဘာ ငရဲကြီး ၈ ထပ်မှာ ပြောင်းကာရွေ့ကာ ဆင်းရဲ-ဒုက္ခကို ခံစားကြရရှာတယ်။



စိတ်ကောင်းရှိကြသူ သာသနဝေယျာသစ္စကုသိုလ်ယူကြသူ နိယုတ္တက- အတွင်းဝန်နှင့်အပေါင်းပါတို့မှာတော့ ကိုးဆယ့်နှစ်ကမ္ဘာ နတ်ပြည်ခြောက်ထပ်မှာ ပြောင်းကာရွေ့ကာ ချမ်းသာ-သုခကို စံစားကြရတယ်။

သာသနာဖျက် အကုသိုလ်ကိုမြတ်နိုးမိသူတွေဟာ ကိုးဆယ့်နှစ်ကမ္ဘာ ငရဲခံပြီး အခု ဘဒ္ဒကမ္ဘာမှာ ကဿပ မြတ်စွာဘုရားပွင့်တော်မူသောအခါ ငရဲမှလွတ်မြောက်ပြီး ပြိတ္တာဘ၀ကို ရောက်ကြပြန်တယ်။ ပြိတ္တာဘ၀ မှာလည်း မစားရ မသောက်ရဘူး၊ အ၀တ်အထည် မ၀တ်မရုံရဘူး၊ မိုးလုံလေလုံအဆောက်အဦမှာမနေရဘူး၊ မကောင်းမှုပြုခဲ့တဲ့ အကုသိုလ်များကြောင့် ဆင်းရဲဒုက္ခရောက်ရတာ။

အပယ် ၄ ပါးမှာ-

ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် တို့ဖြစ်ပါတယ်။

စာဖတ်သူများခင်ဗျား… နအဖစစ်တပ်နဲ့ တရုတ်စစ်တပ် ဘယ်သူအရင် ငရဲရောက်မယ်ဆိုတာကို ရေးသားပေးစေလိုပါတယ်…


Thursday, March 20, 2008

ဒို့မြန်မာတွေ ဒီလောက်မရိုးကြနဲ့

န အ ဖ စစ်အုပ်စုရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းစဉ်များနှင့်ဆက်စပ်၍ ပီနန်ဆရာတော်ကြီး၏
သဘောထားအမြင်ကိုကောက်နှုတ်တင်ပြလိုက်ပါတယ်။
(သီရီလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များဘလောက်မှ)




ဒိံမိုကရေစိံလမ်းကြောင်းကို သွားပါမယ်ဆိုပြိံးတော့ ကမ္ဘာတစ်ခုလုံးကို သူတို့ကပြော။
ပြိံးတော့ လူမူရေးနဲ့ပတ်သက်တာ၊ Human Rights ပတ်သက်တာဆိုလို့ရှိရင်လည်း
သူတို့အခုလိုမျိုးမဖြစ်အောင် ထိန်းသိမ်းပါမယ်ဆိုပြိံး ပါးစပ်ကထွက်ပြောပြိံးတော့ အခုလို
လုပ်တဲ့အခါကျတော့ ဘယ်လိုလုပ်ပြီးတော့ ဒီမိုကရေစီလမ်းကိုသွားမလဲ။ ဗမာစကားပုံ

ပြောသလို ဆိုရင်တော့ နှံပြည်စုတ်ဆိုတဲ့ ငှက်ခေါင်းထဲမှာ ရွေကြက်ဥ ရှိတဲ့စကားမျိုးဖြစ်
မနေဘူးလားလို့ ဘုန်းကြီးကပြောချင်တယ်လေ။ အဲဒီသဘောမျိုးရောက်မနေဘူးလား။
ဒီမိုကရေစီမပြောနဲ့ ဘာသာရေးကိုတောင် ရက်ရက်စက်စက်လုပ်တယ်။ ပြီးတော့ လုမုရေး ဆိုတာလည်း ခုနက လူတစ်ဦးတစ်ယောက်က သူနေတဲ့ နေရာကနေပြီးတော့ အခုလို တစ်ခါတည်း သွားစရာမရှိဘဲနဲ့ လမ်းမပေါ် တကယ်တမ်း ပစ်ထားတယ်ဆိုလို့ရှိရင်တော့ အဲဒီလိုလုပ်တဲ့သူတွေက တိုင်းပြည်ကိုကောင်းအောင်လုပ်မယ်၊ ဘာသာရေးကို ကောင်းအောင်လုပ်မယ်ဆိုတာ၊ ဘုန်းကြီးပြောချင်တာက ဘုန်းကြီးတို့ဗမာတွေ ဒီလောက်မရိုးကြနဲ့တော့လို့ ဘုန်းကြီး က ပြောချင်တယ်လေ။

Friday, March 14, 2008

Thursday, March 6, 2008

ရန်ကုန်တွင် ကန့်ကွက်မဲပေးရေးစာဝေ



ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာဂန်ဘာရီ မြန်မာပြည်သို့ရောက်ရှိနေစဉ် နအဖရဲ့ အတုအယောင်ဆန္ဒခံယူပွဲကိုကန့်ကွက်သော လက်ကမ်းစာရွက်များ ပြည်တွင်းထဲ၌ ဖြန့်ဝေနေကြတယ်လို့ အင်တာနက်သတင်းများအရသိရပါတယ်...

ဆရာတင်မိုး ၁ နှစ်ပြည့်အထိမ်းအမှတ်စာအုပ်


ပြည်သူချစ်သော ကဗျာဆရာတင်မိုး(၁၉၃၃-၂၀၀၇)
ကွယ်လွန်ခြင်း ၁ နှစ်ပြည့်အထိမ်းအမှတ် အမှတ်တရစာအုပ်မျက်နှာဖုံး…
အဖုံးဒီဇိုင်းကို ကိုမျိုးက ရေးဆွဲပေးပို့ထားခြင်းဖြစ်ပါတယ်

Tuesday, March 4, 2008

ညီညွတ်ကြစို့





Sunday, February 24, 2008

သွေးသစ္စာ


ပဒိုမန်းရှာ
သူသေရှာပြီ။

သူသေသည်မှာ
“လူသေ”သေခြင်းဖြစ်ပါ၏။

လူသေခြင်းသည်
“မူ”သေခြင်းလည်းမဟုတ်ပါ။

လူသာသေလည်း
နာမည်သေမည်မဟုတ်ပါ။

လူကိုခွေးသတ်
ဇာတ်ကြောင်းထပ်လည်း
သတ်သူသာသေ၊ သေသူရှင်မည်
အာဇာနည်မျိုး သေရိုးမရှိ
ခေတ်၏ဆောင်ပုဒ်၊ အသစ်ထုတ်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခန်းမှ
မန်းရှာလာဖန်း၊ လုပ်ကြံခန်းထိ
သွေးလမ်းကြီးသည်၊ ခရီးရှည်ခဲ့
မညီသမျှ မဆုံးနိုင်။

ပဒိုမန်းရှာ၊ သွေးသစ္စာဖြင့်
ငါတို့လူထု၊ သစ္စာပြုစို့
ပြည်ထောင်စုဒီမိုကရေစီ
အောင်ရမည်။

သွေးစည်းညီညီ၊ ဆောင်ကြမည်။

(မောင်စွမ်းရည်)

Twitter Delicious Facebook Digg Stumbleupon Favorites More