Friday, June 17, 2011
ဒေါ်အောင်ဆန်းစုကြည်(၆၆)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် သွေးလှူခြင်း၊ ငါးလွှတ်ခြင်းနှင့် အခြားကုသိုလ်ပြုအစီအစဉ်များ
လာမည့်ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် မြန်မာ့ဒီမိုကရေစီမီးရှုးတိုင်၊
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်၊ ပြည်သူအပေါင်းချစ်မြတ်နိုးသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
(၆၆)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ သွေးလှူခြင်း၊
ငါးလွှတ်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများအတွက် ကူညီထောက်ပံ့ခြင်းနှင့် အခြားကောင်းမှုကုသိုလ်ပြုပွဲများကို
အောက်ပါအစီအစဉ်အတိုင်းကျင်းပမည်ဟု သိရှိရသည်။
(၁)ဇီဝိတဒါနငါးလွှတ်ခြင်းအစီအစဉ်
-ယမန်နှစ်ကပြုလုပ်ခဲ့သည့် ဆိုင်းတမခရိုင်၊ ခါဝါခုချီ(Kawaguchi)ဘူတာအနီးရှိ Arakawaမြစ်တွင် နံနက် ၁၁း၀၀ နာရီတိတိတွင်ပြုလုပ်ပါမည်။
စုရပ်အဖြစ်
(က)တာကာဒါနိုဘာဘာဘူတာတွင် နံနက် ၁၀း၀၀ နာရီတိတိ
(ခ) တိုက်ရိုက်လာလိုသူများအနေဖြင့် keiheintohokuလိုင်းစီး၍ Kawaguchi ဘူတာ အနောက်ဖက်ထွက်ပေါက်တွင် နံနက် ၁၀း၄၅ မိနစ်အရောက်
(ယမန်နှစ်ကပြုလုပ်ခဲ့သည့် မှတ်တမ်းဓါတ်ပုံဖြစ်ပါသည်)
(၂)သွေးလှူခြင်းအစီအစဉ်
တိုကျိုလျှပ်စစ်မြို့တော်ဟု ခေါ်ဝေါ်နေကြသည့် Akihabaraရှိ သွေးလှူဘဏ်တွင် နေ့လယ် ၁း၀၀ နာရီတိတိပြု လှူတန်းကြမည်ဖြစ်ပါသည်။
သွေးလှူတန်းခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ခြင်းများတွင် အတူတကွပါဝင်ကုသိုလ်ပြုလိုသူများ (အဖွဲ့အစည်းဖြစ်စေ၊ တသီးပုဂ္ဂလိကဖြစ်စေ) မည်သူမဆို လွတ်လပ်စွာလာရောက်ကုသိုလ်ပြုနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
(ယမန်နှစ်ကပြုလုပ်ခဲ့သည့် မှတ်တမ်းဓါတ်ပုံဖြစ်ပါသည်)
ဆက်သွယ်ရန်-
မတင်တင်ဝင်း ၀၉၀ ၈၇၂၀ ၉၀၁၇၊
မချယ်ရီသန်း ၀၈၀ ၁၂၁၉ ၈၅၃၀၊
ကိုမောင်သန့် ၀၈၀ ၃၆၉၉ ၆၀၄၅၊
ကိုမောင်မောင်အေး ၀၉၀ ၆၀၁၇ ၇၆၇၅၊
ကိုစိုးဝင်းရှိန် ၀၉၀ ၄၁၂၈ ၄၇၂၅၊
ကိုမိုးညို ၀၈၀ ၅၆၄၂ ၄၂၁၆၊
ကိုတိုးကြည်ဆွေ ၀၉၀ ၆၁၉၈ ၁၉၆၂၊
မနန်းအိမွန်ချစ် ၀၈၀ ၃၇၁၅၅၇၅၂၊
ကိုဟန်ဝင်းထွန်း ၀၈၀ ၆၇၉၁ ၈၄၀၂၊
ကိုရန်မျိုးကျော် ၀၈၀ ၄၁၆၅ ၁၁၃၇၊
ကိုဝင်းအောင် ၀၈၀ ၆၅၀၇ ၃၈၀၇၊
မလီလီမေ ၀၉၀ ၃၀၀၃ ၉၇၈၈
ကိုမင်းညိုဝမ်း ၀၈၀ ၄၀၆၄ ၆၈၀၆
ကိုအောင်ဌေး ၀၉၀ ၁၄၆၆ ၅၅၅၃ ထို့ထံ ဆက်သွယ်နိုင်ပါသည်။
မေတ္တာရပ်ခံချက်-
အတူတကွကုသိုလ်ပြုလိုသူများ ဒေါ်အောင်ဆန်းစုကြည်ပုံပါအင်္ကျီများ ၀တ်ဆင်လာပေးကြ စေလိုပါသည်။
နိုင်ငံရေးအကျဉ်းသားများအတွက် ကူညီထောက်ပံ့ခြင်းအစီအစဉ်တရပ်အနေဖြင့် အညတရသူရဲကောင်းများဆုခြင်းမြှင့်ရေးဆပ်ကော်မတီသို့ မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်အဖွဲ့သားများမှ ယန်းငွေ ၇ သောင်းတိတိကို ဇွန်လ ၂၆ ရက်(တနင်္ဂနွေနေ့)တွင် ပေးအပ်မည်ဖြစ်ပါသည်။
နေရာ- minami otsuka hall , Dai (3) Room
အချိန်- ညနေ ၆း၃၀ နာရီ
ထိုင်းနယ်စပ်ရှိ မြန်မာတိုင်းရင်းသားကလေးစာသင်ကျောင်း(၃)ကျောင်း(သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း)တို့တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် အာဟာရဒါနပြုလုပ်မည့်အစီအစဉ်များ-
အလှူအစီအစဉ်
ပြုလုပ်မည့်အစီအစဉ် - ပညာသင်ကလေးငယ်များအား အစားအစာကျွေးမွေးလှူဒါန်းခြင်း
အလှူပြုလုပ်မည့်နေရာ - ဆာမူထောကျောင်း(ကပ်ပိဘန်းရပ်ကွပ်၊ မဲဆောက်မြို့၊ ထိုင်းနိုင်ငံ)(၁၉ - ၆ - ၂၀၁၁)
- သွေးသစ်ကျောင်း (၁၇ - ၆ - ၂၀၁၁)
- နမ်တွပ်ကျောင်း (နမ်တွပ်ရပ်ကွပ်၊ မဲဆောက်မြို့၊ ထိုင်းနိုင်ငံ) (၁၇ - ၆ - ၂၀၁၁)
ပြုလုပ်မည့်အလှူ - ကလေးငယ်များအား အစားအစာကျွေးမွေးလှူဒါန်းခြင်း
ကျင်းပပြုလုပ်မည့်ရက် - ၁၇/၁၉ - ၆ - ၂၀၁၁
အလှူပြုလုပ်မည့်အချိန် - နေ့လည် ၁၃း၀၀
မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများ၏ အာဟာရဒါနပြုလုပ်မည့်အစီအစဉ်များကို ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(HRDP)မှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုစည်သူမှ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်သည်။
ထို့အပြင် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်တော်ကျောင်း တွင် ဇွန်လ ၁၉ ရက်(တနင်္ဂနွေ)နေ့၊ နေ့လယ် ၂း၀၀ နာရီမှစတင်ပြုလုပ်မည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ရည်စူး၍ ဆန်နှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူတန်းကြဦးမည်ဖြစ်သည်။ (အဆိုပါကောင်းမှုကုသိုလ်ပြုလုပ်သည့်အစီအစဉ်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့အခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(HRDP-Japan)မှ ဦးဆောင်ပြုလုပ်မည်ဖြစ်ပြီး မိုးသောက်ကြယ်မှ သံဃာအပါး ၅၀ အတွက် ပါဝင်ကုသိုလ်ပြုခဲ့သည်ဟု သိရှိရသည်။
ဆွမ်ဆန်းစိမ်းလောင်းလှူခြင်းနှင့်ပတ်သက်၍ ပါဝင်ကုသိုလ်ပြုလုပ်လိုလျှင်ဖြစ်စေ၊ မေးမြန်းလိုလျှင်ဖြစ်စေ HRDP-Japan တာဝန်ခံများဖြစ်သော
ကိုသားကြီး ၀၈၀ ၄၁၄၇ ၄၀၉၅၊
ကိုအောင်ကြီး ၀၈၀ ၁၂၆၁ ၅၁၇၉၊
ကိုညီညီပေါက် ၀၉၀ ၁၆၅၁ ၇၆၄၀ ထို့ထံ ဆက်သွယ်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်း သွေးလှူခြင်းနှင့် ငါးလွှတ်ခြင်းကောင်းမှုကုသိုလ်ပြုပွဲများကို လုပ်ဆောင်ခဲ့သည်မှာ ၁၁ ကြိမ် မြောက်ရှိသွားပြီဟုသိရှိရပါပြီး ထိုင်းနယ်စပ်ရှိ မြန်မာတိုင်းရင်းသားကလေးများအတွက်
အကျွေး အမွေးအစီအစဉ်ကို မဲဆောက်ရှိ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(HRDP)မှ
တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး ယခုအကြိမ်နှင့်ဆို ၄ ကြိမ်ရှိသွားပြီဖြစ်သည်။
မောင်ရှင်(MTK)
Wednesday, June 15, 2011
ဖလ်မီးအိမ်မှ အကျဉ်းကျမိသားစုများအတွက် ငွေကြေးထောက်ပံ့
ဂျပန်နိုင်ငံအခြေစိုက် ဖလ်မီးအိမ်ဖောင်ဒေးရှင်းအဖွဲ့မှ မြန်မာပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းကျမိသားစုများကူညီဖို့အတွက် ငွေကြေးပေးပို့လှူတန်းခဲ့ ကြောင်း သိရသည်။ မြန်မာကျပ်ငွေ ၁ဝ သိန်းနှင့်ညီမျှသော ဂျပန်ယန်း ၉ သောင်း ၅ ထောင် ကို မြန်မာပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူမှုအထောက်အကူပြုသို့ မေလ ၆ ရက်နေ့က ပေးပို့လှူတန်းခဲ့ခြင်းဖြစ်ပြီး ဖလ်မီးအိမ်အဖွဲ့မှလှူဒါန်းသည့် အလှူငွေ ကျပ်တစ်သန်းတိတိကို အလှုမှုအထောက်အကူမှ လက်ခံရရှိပါ ကြောင်း ပြန်လည်အကြောင်းပြန်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်း ရရှိခဲ့ကြောင်း တာဝန်ခံတစ်ဦးဖြစ်သူ ကိုသန်းဆွေ(မြေနီကုန်း)ပြောပြချက်အရသိရသည်။
“ကျနော်တို့ ဖလ်မီးအိမ်ဖောင်ဒေးရှင်း(ဂျပန်)မိသားစုကနေပြီးတော့ ကိုယ်လုပ်နိုင်တဲ့အင်အားတစ်ခုအနေနဲ့ မြန်မာပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းကျမိသားစုတွေကို စိတ်ဓါတ်ရေးရာအားဖြင့်သော်လည်းကောင်း၊ အားပေးကူညီပံ့ပိုးတဲ့အနေနဲ့ ငွေပေးပို့ထောက်ပံ့ခြင်းဖြစ်ပါတယ်။ နောက်ပြီး ဒီဖန်မီးအိမ်ဖောင်ဒေးရှင်းဆိုတာကလည်း ကျနော်တို့အားလုံးလေးစားတဲ့ ကဗျာဆရာကြီးတင်မိုး ကျနော်တို့အခေါ် ဆရာဂျမ်းပေါ့ဗျာ။ ဆရာဂျမ်းကွယ်လွန်ပြီးပြီးချင်းပဲ ဆရာကြီးကိုချစ်တဲ့ စိုးဝင်းရှိန်ဆိုတဲ့ မိုးသောက်ကြယ်ဂျာနယ်က တာဝန်ခံအယ်ဒီတာလုပ်နေတဲ့ ကောင်လေးက အကောင်အထည်ပေါ်လာအောင် စတင်စည်းရုံးလှုံ့ဆော်ခဲ့တာဆိုပေမယ့် ဂျပန်မှာဆို ကျနော်တို့ ဦးညွန့်ရွှေတို့က ကြီးကြပ်ပေးနေတာပါ။ အမေရိကားမှာဆိုရင်လည်း ဆရာဂျမ်းရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ဆရာမောင်စွမ်းရည်၊ ဆရာဦးဝင်ဖေတို့က နာယကအနေနဲ့ သွန်သင်လမ်းညွှန်ပေးနေပါတယ်။ ဆရာ့သမီးတွေကလည်း ၀ိုင်းဝန်းကူညီအားပေးလျက်ပါ။ နောက်ပြီး ဆရာဂျမ်းကိုယ်တိုင်က အင်းစိန်ထောင်မှာ မတရားအကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးလို့ ပြောမယ်ဆိုရင်လည်း ပြောလို့ရတာပေါ့ဗျာ။ ဒါကြောင့် ကျနော်တို့နိုင်ငံမှာ ယုံကြည်ချက်ကြောင့် မတရားအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ဒီဖလ်မီးအိမ်မိသားစုတွေက ခုနကပြောခဲ့သလို ကူညီထောက်ပံ့တာပါ။ နောင်လည်း ဒီလိုကူညီထောက်ပံ့ဖို့ ဖန်မီးအိမ်မိသားစုတွေက ဆုံးဖြတ်ထားခဲ့ကြပါတယ်။ ဒီလိုမျိုးကူညီထောက်ပံ့နေတာကို ဆရာဂျမ်းသာသိရင် သာဓု သာဓု သာဓု ဆိုပြီး ၀မ်းသာအားရနဲ့ လှိုက်လှိုက်လှဲလှဲခေါ်ဆိုမှာပါ…”ဟု ကိုသန်းဆွေ(မြေနီကုန်း)မှ မိုးသောက်ကြယ်သို့ ရှင်းလင်းပြောပြသည်။
ဖလ်မီးအိမ်ဖောင်ဒေးရှင်းကို ကဗျာဆရာကြီးတင်မိုးကွယ်လွန်သွားခဲ့သည့် ၂၀၀၇ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်နေ့နောက်ပိုင်း၊ ဇန်န၀ါရီလ ၂၅ ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ကြောင်းသိရှိရသည်။ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်များမှာ ဆရာတင်မိုးမကွယ်လွန်မီက သူဖြစ်စေချင်သည့်ဆန္ဒများဖြစ်သော အမိမြန်မာပြည်ထဲတွင် ပြည့်သူစာကြည့်တိုက်များ ပေါ်ပေါက်စေရေး၊ ဒုက္ခရောက်နေတဲ့ နိုင်ငံရေးမိသားစုများကို တနည်းတလမ်းအားဖြင့် ကူညီပေးရေးနှင့်၊ ဆရာတင်မိုး၏ စာပေ၊ ကဗျာကောင်းများအပါအ၀င် ပြည်တွင်းမှာထုတ်ဝေခွင့်မရှိတဲ့ စာရေးဆရာများ၏ စာပေတွေကို စီစစ်ရွေးချယ်ပြီး ပုံနှိပ်ထုတ်ဝေနိုင်ရေးတို့ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အများအကျိုးဆောင်ရွက်နေကြသည့် စာပေ၊ ဂီတ၊ အနုပညာရှင်များနှင့် လူမှုရေးလုပ်ငန်းလုပ်ကိုင်နေကြသူများကို တတ်နိုင်သည့်ဖက်မှ ဂုဏ်ပြုသွားမည်ဟုလည်း တာဝန်ခံများ၏ ရှင်းပြချက်အရ သိရသည်။
ဖလ်မီးအိမ်ဖောင်ဒေးရှင်း(ဂျပန်)မိသားစုမှ အကျဉ်းကျနိုင်ငံရေးမိသားစုများအတွက် ကူညီထောက်ပံ့ငွေလက်ခံရရှိကြောင်းကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး ပြန်လည်ပေးပို့ခဲ့သည်ဟုလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ယခုလို အခက်အခဲဖြစ်နေသည့် နိုင်ငံရေးမိသားစုဝင်များအတွက် ထောက်ပံ့မှုအတွက် ကျေးဇူးတင်ကြောင်းနှင့် သူမလေးစားသည့် ကဗျာဆရာကြီးဆရာတင်မိုး၏ ဖန်မီးအိမ်အဖွဲ့လုပ်ဆောင်နေမှုများကိုလည်း လေးစားဂုဏ်ယူပါကြောင်း ငွေသွားရောက်ပေးအပ်ခဲ့သူကို ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။ ဆက်လက်၍လည်း ယခုလိုပံ့ပိုးကူညီမှုမျိုး ဆက်လက်ပြုလုပ်ပေးစေလိုကြောင်းနှင့် နိုင်ငံတကာမှပေးပို့နေသော်လည်း ငွေလိုနေသလားဟုမေးလျင် အမြဲလိုအပ်နေပါသည်ဟု ဖြေဆိုရမည်သာဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုတော့ လှူတန်းနေသည့်ငွေနှင့် အကျဉ်းကျနိုင်ငံရေးမိသားစုဝင်များ၏ အတိဒုက္ခရောက်နေမှုမှာ ၀န်နှင့်အားမမျှဘိသကဲ့သို့ဖြစ်နေကြောင်း၊ ထို့အတွက်ကြောင့် မြန်မာပြည်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးတွက် ယုံကြည်ချက်ကြောင့် စွန့်လွှတ်အနစ်နာခံကာ အကျဉ်းကျခံနေရသည့် နိုင်ငံရေးမိသားစုများ၏ အခက်အခဲအကျပ်အတည်းများအတွက် ဆက်လက်ပံ့ပိုးစေလိုကြောင်း မှာကြားလိုက်သည်ဟုလည်း ကိုသန်းဆွေ(မြေနီကုန်း)မှ မိုးသောက်ကြယ်သို့ ဆက်လက်ပြောဆိုသည်။
ဖလ်မီးအိမ်ဖောင်ဒေးရှင်း(ဂျပန်)အဖွဲ့သားတစ်ချို့မှလည်း ယခုနှစ် မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သောငလျင်နှင့်ဆူနာမီဒဏ်ခံရသည့် မိမိတို့ငွေကြေးစုဆောင်းကာ ယန်း ၃ သောင်း ကို Red Cross အဖွဲ့သို့ မေလ ၄ ရက်နေ့က လှူတန်းခဲ့ကြောင်းလည်းသိရှိရပါသည်။

Saturday, June 11, 2011
ဂျပန်ရှိNDBမှ မိုးသောက်ကြယ်နှင့်ရှင်းချင်ကြောင်း ဖိတ်စာပေးပို့
NDB ဟုအတိုကောက်ခေါ်ဆိုနေသည့် မြန်မာ့ဒီမိုကရေစီကွန်ယက်/Network
for Democracy in Burma(NDB)မှ မိုးသောက်ကြယ်နှင့် ရှင်းချင်ကြောင်း ဖိတ်ကြားသည့် ဖိတ်စာကို လက်ခံရရှိခဲ့သည်။
၂၀၁၁ ခုနှစ် ဇွန်လ ၇ ရက်နေ့စွဲဖြင့် ပေးပို့လာသောဖိတ်စာထဲတွင် မိုးသောက်ကြယ်စာကြည့်တိုက်နှင့်
မိုးသောက်ကြယ်ဂျာနယ်နှင့် ရှင်းလင်းရမည့်ကိစ္စများဆိုသည့်အချက် ပါရှိသည့်အတွက် တာဝန်ခံများမှ
သွားရောက်ရှင်းလင်းကြမည်ဖြစ်သည်။
မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာတစ်ဦးဖြစ်သူ ကိုစိုးဝင်းရှိန်မှ “ ကျနော်တို့ဆီကို NDB meeting invitation4.pdf ဆိုပြီး ပီဒီအက်ဖိုင်ကြီးနဲ့မေးလ်ဝင်လာလို့ ဖွင့်ကြည့်လိုက်တော့ သူတို့ရဲ့ ပုံမှန်အစည်းအဝေးလုပ်မယ့်နေ့မှာ ဆွေးနွေးမည့်အကြောင်းအရာများထဲမှာ အချက်(၃)ဖြစ်တဲ့ မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်နှင့် ရှင်းလင်းရမည့်ကိစ္စများ ဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ထားတာတွေ့တယ်။ ဘာတွေကို ရှင်းစေချင်သလဲဆိုတာ အတိအကျမသိသေးပေမယ့် ဖိတ်တော့လည်း သွားရှင်းရမှာပေါ့ဗျာ”ဟု ဆိုသည်။
NDB အစည်းအဝေးကို လာမည့် တနင်္ဂနွေနေ့(ဇွန်လ ၁၂ ရက်)၊ နံနက် ၉း၃၀ မှ နေ့လယ် ၁၂း၀၀ နာရီအထိ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ရုံးခန်းရှိရာ တာကာဒါနိုဘာဘာတွင် ပြုပ်လုပ်မည်ဟု ပေးပို့လာသောဖိတ်စာအရသိရှိရပြီး မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံများမှ အစည်းအဝေးအင်္ဂါရပ်နှင့်အညီ သွားရောက်ရှင်းလင်းကြမည်ဟုဆိုသည်။
“စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ထွန်းလာစေရေးအတွက် သတင်းနဲ့စာနယ်ဇင်းလုပ်နေတဲ့ ကျနော်တို့ကို ရှင်းချင်ပါဆိုပြီး အခုလိုမျိုး ဖိတ်စာနဲ့ဖိတ်တာ့ ထူးတော့ထူးဆန်းတယ်ဗျ။ ဒါ့ကြောင့် တာဝန်ခံတွေသွားကြမှာပါ။ မသွားရင် ကိုယ့်ဘက်ကရိုင်းရာကျသွားမယ်လေ”ဟု တာဝန်ခံတစ်ဦးက ယခုလိုပြောဆိုသည်။
အဆိုပါအစည်းအဝေးပြီးဆုံးသွားခဲ့ပါက မည့်သည့်အကြောင်းအရာများ ရှင်းလင်းခဲ့သည်ကို ထပ်မံဖြန့်ဝေပေးပါမည်။
Friday, June 10, 2011
ဦးခွန်ထွန်းဦး အပါအဝင် ရှမ်းခေါင်းဆောင် ကိုးဦးနှင့် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရန် တောင်းဆိုဆန္ဒပြ
လွန်ခဲ့သော ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နှင့် ((၉)ရက်နေ့များတွင် နအဖ စစ်အာဏာရှင်တို့က ဦးခွန်ထွန်းဦး ၊ ဗိုလ်ချုပ်ဆေထင်အပါအဝင် ရှမ်းခေါင်းဆောင် (၉)ဦးတို့အား ရှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းရန် ကြိုးပမ်းခြင်းမှာ ဥပဒေနှင့်ဆန့်ကျင်သည်ဟု ပြစ်မှုဘောင်ဝင်အောင် အတင်းအကြပ်ဖန်တီးပြီး နိုင်ငံရေးအရ စွပ်စွဲကာ ဖမ်းဆီးခဲ့ပါသည်။ယနေ့ထိတိုင် မိမိတို့၏ ယုံကြည်ချက် အသီးသီးဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အကျဉ်းထောင်များ၏ သံတိုင်ကြားမှ ရဲရဲတောက် တိုက်ပွဲဝင်လျက်ရှိကြသော ဦးခွန်ထွန်းဦး ၊ ဗိုလ်ချုပ်ဆေထင်အပါအဝင် ရှမ်းခေါင်းဆောင် (၉)ဦး နှင့် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်လာစေရန် တွက် တောင်းဆိုမှုကို ယနေ့ ဇွန်လ (၉)ရက်နေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသူများက တိုကျိုမြို့ ရှီဘူယရပ်ကွက်တွင်ရှိသော ကုလသမဂ္ဂရုံးရှေ့တွင် (၃) နာရီ မှ (၄) နာရီ အထိပြုလုပ်ခဲ့ကြပါသည်။
စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းကို ပံ့ပိုးဖော်ဆောင်ရန် ကြိုးပမ်းခဲ့သော ဦးခွန်ထွန်းဦးအပါဝင် ရှမ်းတိုင်းရင်းသားခေါင်းဆောင်ကိုးဦးတို့အား ပြည်ထောင်စုမှခွဲထွက်ရန် ကြိုးပမ်းသူများဟု သတ်မှတ်ကာ စစ်အာဏာရှင်တို့က မြန်မာနိုင်ငံအတွင်း အပြင်းထန်ဆုံး ပြဌာန်းထားသည့် ပြစ်မှုကြီးများဖြင့် အရေးယူကာ ဦးခွန်ထွန်းဦး ထောင်ဒဏ် (၉၃) နှစ်၊ ဗိုလ်ချုပ်ဆေထင် အား ထောင်ဒဏ် (၁၀၆) နှစ် ၊ စိုင်းနွတ် (ခ) စိုင်းညွန့်လွင် ( ၈၅ ) နှစ် နှင့် အခြား ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များအား ထောင်ဒဏ် (၇၅)နှစ်စသည်ဖြင့် မတန်တဆ နှစ်ရှည်ထောင်ဒဏ်ကြီးများကို ချမှတ်စီရင်ကာ သွားလာမှုခက်ခဲ့သည့် မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးရှိ အကျဉ်းထောင်များတွင် ချုပ်နှောင်ထားခြင်းကို ခံနေရသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ တရားမျှတမှုမရှိသော ဥပဒေမဲ့အပြစ်ပေးအရေးယူမှုကို ပြစ်တင်ရှုံ့ချခဲ့ကြသည်။၂၀၀၅ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် အမေရိကန်နိုင်ငံမှ ”နိုင်ငံတွင်းစစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်ရေးသို့ ဦးတည်သော အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေနွေးပွဲများတွင် အပြည့်အဝပူးပေါင်းပါဝင်နိုင်ရေး အတွက် ဦးခွန်ထွန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးအား ခြွင်းချက်မရှိ အချက်ချင်းလွတ်ပေးရန်တောင်းဆိုခဲု့သည်။
၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် အီတလီနိုင်ငံ မွန်ဇာမြို့တော်ဝန်က ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို ဦးခွန်ထွန်းဦးအား ပေးအပ်ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။
၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် အီတလီနိုင်ငံ မွန်ဇာမြို့တော်ဝန်က ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို ဦးခွန်ထွန်းဦးအား ပေးအပ်ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။
ယနေ့ကျင်းပသော အခမ်းအနားတွင် ဦးခွန်ထွန်းဦး နှင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အကျဉ်းထောင်အသီးသီးတို့တွင် မိမိတို့ယုံကြည်ချက်ကြောင့် အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ရန် တောင်းဆိုမှုနှင့်အတူ ရှေ့တန်းတွင်တိုက်ပွဲ ဝင်နေသော SSA ရဲဘော်များအတွက် ပံ့ပိုးကူညီသော အလှူငွေပေးအပ်သည့် အစီအစဉ်ပါပူးတွဲ ကျင်းပခဲ့ပါသည်။
အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကလည်း ဦးခွန်ထွန်းဦးနှင့် တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာသည် အထိတောင်းဆိုမှုများကိုပြုလုပ်သွားမည်ဖြစ်ကြောင်း၊သျှမ်းခေါင်းဆောင်များ၏ လက်ရှိ ကျန်းမာရေးအခြေအနေများကိုလည်းကောင်း ပြောကြားခဲ့ပါသည်။ ဦးခွန်ထွန်းဦး ၊ ဗိုလ်ချုပ်ဆေထင်နှင့်စိုင်းညွန့်လွင် အပါအဝင် သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် များအား ဝေးလံခေါင်သီသော နယ်စွန်နယ်ဖျားထောင်များသို့ ပို့ဆောင်ခံရပြီးနောက်ပိုင်း တနှစ်ထက် တနှစ် ကျန်းမာရေးအခြေအနေ ဆိုးရွားလာကြောင်း သိရှိရပါသည်။
ဦးခွန်ထွန်းဦးတွင် ဆီးကျိတ်ရောင်ရောဂါ၊ သွေးတိုး၊နှလုံး၊အစာအိမ်ရောဂါ ရှိသည့်အပြင် အာရုံကြောအားနညးပြီး နားအူသည့်ရောဂါဝေဒနာကို ခံစားနေရပါသည်။ ကျန်းမာရေး ချိုတဲ့နေသော်လည်း စိတ်ဓါတ်ရေးရာ ကြံ့ခိုင်မှုမှာ လေးစားဖွယ်ကောင်းလှပါသည်။ပူတာအိုဆေးရုံမှ အထွေထွေရောဂါကုဆရာဝန် တလတစ်ခါပဲ ဦးခွန်ထွန်းဦး၏ ကျန်းမာရေးအခြေအနေကို ဆေးလာစစ်ပေးကြောင်းလည်းသိရှိရပါသည်။
သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် အား မေလ (၁၁) ရက်နေ့တွင် အာဏာပိုင်များ
က မိသားစုဝင်များအား အသိမပေးပဲ မျက်လုံးခွဲစိတ်ကုသပေးပြီး စစ်တွေမြို့သံဃာဆေးရုံတွင် (၅) ရက်ကြာ ဆေးကုသခွင့်ပေးခဲ့သောကြောင့် ယခုအခါတွင် မျက်စီအမြင်ကြည်လင်မှုရှိလာပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိနေပါသည်။
ကျောက်ဖြူထောင်ရောက် သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် ဦးထွန်းညိုမှလွဲလျှင် ကျန်ရှိနေသော အကျဉ်းကျသျှမ်းခေါင်းဆောင်များသည် ကျန်းမာရေးရာ ၊ စိတ်ဓါတ်ရေးရာအခြေအနေများ ချို့ယွင်းလျက်ရှိကြောင်းလည်းသိရှိရပါသည်။စိတ်ဓါတ်အကျဆုံးမှာ မြင်းခြံမြို့ အကျဉ်းထောင်တွင် ထောင်ဒဏ် (၇၉) နှစ်ကျခံနေရသော စိုင်းမျိုးဝင်းထွန်းဖြစ်ပါသည်။
အကျဉ်းကျသျှမ်းခေါင်းဆောင်များအနက် သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် (တောင်ကြီး) ဆရာဦးမြင့်သန်းထောင်ဒဏ် (၇၉)နှစ်သည် ၂၀၀၆ ခုနှစ်၊မေလတွင် ရခိုင်ပြည်နယ် သံတွဲထောင်တွင် အကျဉ်းကျနေစဉ် ကွယ်လွန်ခဲ့ပါသည်။
(သျှမ်းခေါင်းဆောင်များ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်သည့် အချက်အလက်များကို ၂၀၁၁ ၊မေလ (၃၁) နေ့ တွင် ဖော်ပြထားသော သျှမ်းသံတော်ဆင့်မှ ကိုးကားပါသည်။)
ဦးခွန်ထွန်းဦး ၊ ဗိုလ်ချုပ်ဆေထင်နှင့်စိုင်းညွန့်လွင် အပါအဝင် သျှမ်းပြည် မျိုးဆက်သစ် ခေါင်းဆောင်တို့
အား နအဖ စစ်အာဏာရှင်တို့က ပြည်ထောင်စု မြန်မာနိုင်ငံအား ပြိုကွဲစေရန် ကြံရွယ်ဆောင်ရွက်သည်
ဟု နိုင်ငံရေးအရ စွပ်စွဲပြီး ပြစ်ဒဏ်စီရင်ထားမှုမှာ ဥပဒေနှင့်လုံးဝဆန့်ကျင်ကာ မတရားပြစ်ဒဏ် ပေးထားခြင်းသာဖြစ်သည်။လစဉ်လတိုင်း ၏ (၉) ရက်နေ့တွင် ဦးခွန်ထွန်းဦးနှင့် သျှမ်းခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာစေရန် တောင်းဆိုမှုကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပေးပို့သူ-နန်းအိမွန်ချစ်(MTK)

Wednesday, June 8, 2011
ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်
သွေးလှူခြင်း၊ ငါးလွှတ်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကူညီထောက်ပံ့ခြင်း၊
ထိုင်းနယ်စပ်ရှိ မြန်မာကလေးငယ်များကို အာဟာရဒါနကျွေးမွေးခြင်းများနှင့်
ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများပြုလုပ်မည်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၊ ပြည်သူ အပေါင်းယုံကြည်လေးစားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၏ ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၆၆)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများနှင့် ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်မှ အဖွဲ့ဝင်များပူးပေါင်း၍ ကောင်းမှုကုသိုလ်ပြုပွဲများ၊ အလှူအတန်းပြုလုပ်ကြခြင်းများကို သိုက် သိုက်ဝန်းဝန်းဆောက်ရွက်ကြမည်ဟုသိရှိရသည်။
ဦးစွာပထမအနေဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ဖွင့်လှစ်ထားသော
'သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း' (၃)ကျောင်းတွင် ပညာနို့ချိုသောက်သုံးနေကြသည့်
မြန်မာတိုင်းရင်းသား ကလေးသူငယ် စုစုပေါင်း တစ်ထောင်နီးပါးကို အမျိုးသားခေါင်းဆောင်
ဒေါ်အောင်ဆန်း စုကြည်မွေးနေ့ရက်မြတ်မင်္ဂလာတွင် နံနက်စာထမင်းကျွေး မွေးခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။(အချိန်နှင့်
နေရာကို ထပ်မံကြေငြာပေးပါမည်)
ထို့နောက် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်တော်ကျောင်း တွင် ဇွန်လ ၁၉ ရက်(တနင်္ဂနွေ)နေ့၊ နေ့လယ် ၂း၀၀ နာရီမှစတင်ပြုလုပ်မည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ရည်စူး၍ ဆန်နှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူတန်းကြဦးမည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင်လည်း ယခင်နှစ်များအတိုင်း သွေးလှူခြင်း၊
ဇီဝိတဒါနငါး လွှတ်ခြင်းများကို ပြုလုပ်ကြမည်ဖြစ်သည်။ (အချိန်နှင့်နေရာကို ထပ်မံကြေငြာပေးပါမည်)
ထို့အပြင် မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် စွန့်လွတ်အနစ်နာခံကာ
ပေးဆပ်နေကြသည့် နိုင်ငံရေးအကျဉ်းများအတွက် အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်လုပ်ဆောင်နေကြသော
အညတရသူရဲကောင်းဆုချီးမြှင့်ရေး ကော်မတီသို့ မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ
ငွေကြေးလှူတန်းခြင်းများ ပြုလုပ်ကြ ဦးမည်ဖြစ်သည်။(အချိန်နေရာနှင့် ပေးအပ်မည့်ငွေကြေးပမာနကို
ထပ်မံကြေငြာပေးပါမည်)
သို့ဖြစ်ပါ၍ အတူတကွ ပူးပေါင်းပါဝင်ကုသိုလ်ပြုလိုသူများနှင့်
လှူတန်းလိုသူများ အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
သွေးလှူခြင်း၊ ငါးလွှတ်ခြင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ
ပညာနို့ရည်ချို သောက်သုံးနေကြသည့် 'သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း'
(၃)ကျောင်း မှ မြန်မာတိုင်းရင်းသား ကလေးသူငယ် စုစုပေါင်း တစ်ထောင်နီးပါးကို နံနက်စာအာဟာရဒါနပြုလုပ်ခြင်းနှင့်
အညတရသူရဲကောင်းဆုချီးမြှင့်ရေးကော်မတီထံသို့ ငွေကြေးလှူတန်းလိုသူများအတွက် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့ဝင်များထံသို့
ဆက်သွယ်လိုပါက-
မတင်တင်ဝင်း ၀၉၀ ၈၇၂၀ ၉၀၁၇၊
မချယ်ရီသန်း ၀၈၀ ၁၂၁၉ ၈၅၃၀၊
ကိုမောင်သန့် ၀၈၀ ၃၆၉၉ ၆၀၄၅၊
ကိုမောင်မောင်အေး ၀၉၀ ၆၀၁၇ ၇၆၇၅၊
ကိုစိုးဝင်းရှိန် ၀၉၀ ၄၁၂၈ ၄၇၂၅၊
ကိုမိုးညို ၀၈၀ ၅၆၄၂ ၄၂၁၆၊
ကိုတိုးကြည်ဆွေ ၀၉၀ ၆၁၉၈ ၁၉၆၂၊
မနန်းအိမွန်ချစ် ၀၈၀ ၃၇၁၅၅၇၅၂၊
ကိုဟန်ဝင်းထွန်း ၀၈၀ ၆၇၉၁ ၈၄၀၂၊
ကိုရန်မျိုးကျော် ၀၈၀ ၄၁၆၅ ၁၁၃၇၊
ကိုဝင်းအောင် ၀၈၀ ၆၅၀၇ ၃၈၀၇၊
မလီလီမေ ၀၉၀ ၃၀၀၃ ၉၇၈၈
ကိုမင်းညိုဝမ်း ၀၈၀ ၄၀၆၄ ၆၈၀၆ထို့ထံ ဆက်သွယ်နိုင်ပါသည်။
ကိုမင်းညိုဝမ်း ၀၈၀ ၄၀၆၄ ၆၈၀၆ထို့ထံ ဆက်သွယ်နိုင်ပါသည်။
ဂွန်းမရှိ မြန်မာများအနေဖြင့် ကိုအောင်ဌေး(ဝ၉ဝ
၁၄၆၆ ၅၅၅၃)နှင့် မဌေးဌေးဝင်း(ဝ၉ဝ ၂၇၂၉ ဝ၇၇၄)တို့ထံဆက်သွယ်၍ လှူတန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခါသမယ၌ သံသရာဆင်းရဲခြင်းဒုက္ခအပေါင်းမှ
လွတ်ကင်းရာ လွတ်ကင်းကြောင်း ရည်မှန်း၍ ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်တော်ကျောင်းတွင်
ဆွမ်းဆန်စိမ်းလောင်းလှူမည့် ကုသိုလ်ဒါနပြုပွဲသို့ လှူတန်းလိုပါက တိုကျိုမြို့အခြေစိုက်
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(ဂျပန်) HRDP-JAPANမှ
တာဝန်ခံများဖြစ်သော-
တာဝန်ခံများဖြစ်သော-
ကိုသားကြီး ၀၈၀ ၄၁၄၇ ၄၀၉၅၊
ကိုအောင်ကြီး ၀၈၀ ၁၂၆၁ ၅၁၇၉၊
ကိုညီညီပေါက် ၀၉၀ ၁၆၅၁ ၇၆၄၀ ထို့ထံ ဆက်သွယ်နိုင်ပါသည်။
ထိုင်းနယ်စပ်ရှိ မြန်မာတိုင်းရင်းသားကလေးများအတွက်
အကျွေး အမွေးအစီအစဉ်ကို မဲဆောက်ရှိ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(HRDP)မှ
တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး ယခုအကြိမ်နှင့်ဆို ၄ ကြိမ်ရှိသွားပြီဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(HRDP)မှ
ဒေါ် အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်း တာဝန်ယူဆောင်ရွက်ပေးခဲ့မှုမှတ်တမ်းများ-
(၁) ၂ဝဝ၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်(၆၃)နှစ်ပြည့်မွေးနေ့
ဒုလ္လဘရဟန်းဝတ်လိုသူ ထိုင်းနိုင်ငံရောက် မြန်မာလူမျိုး ၆၃ ဦးကို ပဉ္ဇင်းတက်ပေးခြင်း၊ (ဂျပန်HRDPနှင့်ပူးတွဲ၍)
ဒုလ္လဘရဟန်းဝတ်လိုသူ ထိုင်းနိုင်ငံရောက် မြန်မာလူမျိုး ၆၃ ဦးကို ပဉ္ဇင်းတက်ပေးခြင်း၊ (ဂျပန်HRDPနှင့်ပူးတွဲ၍)
(၂) ၂ဝဝ၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်(၆၄)နှစ်ပြည့်မွေးနေ့
ထိုင်းနိုင်ငံ၊ တပ်ခရိုင် မဲဆောက်မြို့အတွင်းရှိ မြန်မာနိုင်ငံသူ/သား ၃ ထောင်ကျော်ကို ဂျပန်ယန်း ၃ဝဝ (ထိုင်းဘတ် ၁ဝဝ)နှင့်ညီမျှသော အစားအသောက်များ ပေးဝေလှူတန်းခြင်း၊(ဂျပန် HRDPနှင့်ပူးတွဲ၍)
ထိုင်းနိုင်ငံ၊ တပ်ခရိုင် မဲဆောက်မြို့အတွင်းရှိ မြန်မာနိုင်ငံသူ/သား ၃ ထောင်ကျော်ကို ဂျပန်ယန်း ၃ဝဝ (ထိုင်းဘတ် ၁ဝဝ)နှင့်ညီမျှသော အစားအသောက်များ ပေးဝေလှူတန်းခြင်း၊(ဂျပန် HRDPနှင့်ပူးတွဲ၍)
(၃) ၂ဝ၁ဝ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်(၆၅)နှစ်ပြည့်မွေးနေ့
ထိုင်း-မြန်မာနယ်စပ်ဒေသတွင်ဖွင့်လှစ်ထားသော သွေးသစ်စာသင်ကျောင်း၊ ရွှေသဇင်နှင့် ဆာမူထော်စာသင်ကျောင်းရှိ ကလေးများအတွက် ပညာဒါနပျိုးပင်စိုက်ပျိုးခဲ့ခြင်းနှင့်
ထိုင်း-မြန်မာနယ်စပ်ဒေသတွင်ဖွင့်လှစ်ထားသော သွေးသစ်စာသင်ကျောင်း၊ ရွှေသဇင်နှင့် ဆာမူထော်စာသင်ကျောင်းရှိ ကလေးများအတွက် ပညာဒါနပျိုးပင်စိုက်ပျိုးခဲ့ခြင်းနှင့်
(၄) ၂ဝ၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်(၆၆)နှစ်ပြည့်မွေးနေ့
ထိုင်း-မြန်မာနယ်စပ်ဒေသတွင် ဖွင့်လှစ်ထားသော သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်းရှိ ကလေးများအတွက် အစာအာဟာရကျွေးမွေးလှူတန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း(ဂျပန် HRDPနှင့်ပူးတွဲ၍)
ထိုင်း-မြန်မာနယ်စပ်ဒေသတွင် ဖွင့်လှစ်ထားသော သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်းရှိ ကလေးများအတွက် အစာအာဟာရကျွေးမွေးလှူတန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း(ဂျပန် HRDPနှင့်ပူးတွဲ၍)
မှတ်ချက်။
ငါးလွှတ်ခြင်း၊ သွေးလှူခြင်းနှင့် ကလေးများအတွက် အာဟာရဒါနပြုလုပ်မည့်
(၁)အစီအစဉ်၊ (၂)အချိန်နှင့် (၃)နေရာတို့ကို ထပ်မံအသိပေးအကြောင်းကြားပါမည်။
အလှူရှင်များ၏နာမည်နှင့် လှူတန်းခဲ့သည့်ငွေကြေးပမာနကိုလည်း
စာရင်းအတိအကျ ထုတ်ပြန်ပေးပါမည်ဖြစ်ပါကြောင်း။
Sunday, June 5, 2011
ပကာသနမပါသော အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားကျင်းပပြုလုပ်၊ ဆက်လက်လုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်မှ အမှာစကားပြောကြား
မြန်မာပြည်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာစေရေးအတွက် စွန့်လွှတ်အနစ်နာခံကာ ပေးဆပ်ဆောင်ရွက်နေကြသည့် နိုင်ငံရေးအကျဉ်းသားအားလုံး၏ အရေးကိစ္စများကို ပိုမိုအာရုံစိုက်လာစေရန်နှင့် အညတရသူရဲကောင်းဆုချီးမြှင့်ရေးလုပ်ငန်းစဉ်တွင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပိုမိုပူးပေါင်းပါဝင်လာစေရန်အတွက် အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားကို ဆုချီးမြှင့်ရေးကော်မတီဝင်များမှ ပကာသနမပါသော လုပ်ရပ်များဖြင့် ယနေ့(ဇွန်လ ၅ ရက်)ကျင်းပပြုလုပ်သွားခဲ့သည်။
ဂျပန်ရောက် မြန်မာအများ စုဝေးလေ့ရှိသည့် တိုကျိုမြို့၊ တာကာဒါနိုဘာဘာဘူတာအနီးရှိ Seiketsu Consumer Center (4 F)တွင် ဂုဏ်ပြုပွှဲအခမ်းအနားကို နေ့လယ် ၁း၃၀ မှ ၅း၀၀ နာရီအထိ ကျင်းပသွားခဲ့ပြီး၊ ၎င်းအခမ်းအနားတွင် ပထမအကြိမ်မြောက်အညတရသူရဲကောင်းဆုချီးမြှင့်ခံရသူတို့၏အတ္ထုပတ္တိများ ဖတ်ကြားခြင်း၊ အေအေပီပီမှပေးပို့လာသည့်သ၀ဏ်လွှာအားဖတ်ကြားခြင်း၊ အညတရသူရဲကောင်းဆုချီးမြှင့်ခြင်းခံခဲ့သူများ၏ မှတ်တမ်းဗွီဒီယိုဖွင့်လှစ်ပြသခြင်း၊ တက်ရောက်လာကြသူများမှ ဂုဏ်ပြုကဗျာများရွတ်ဆိုခြင်းနှင့် မိမိတို့၏ ရင်းတွင်းခံစားချက်အမြင်များကို ပြောကြားခြင်းများပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတက်ရောက်လာကြသူများကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်မှ “နိုင်ငံရေးအကျဉ်းသား၏အရေးကိစ္စများကို စိတ်ဝင်စားသဖြင့်တက်ရောက်လာသည်ဟု မိမိယူဆပါကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်စေရန်နှင့် ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံပေးဆပ်မှုများကို မမေ့ဖို့အတွက် အညတရသူရဲကောင်းချီးမြှင့်သည်ဟု ထင်မြင်ပါကြောင်း၊ ဆုချီးမြှင့်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့ကြသူများကိုလည်း ကျေးဇူးတင်ရှိကြောင်းနှင့် လေးစားဂုဏ်ယူပါကြောင်း” ပြောကြားခဲ့သည့် Video Messageကိုလည်း ဖွင့်လှစ်ပြသခဲ့သည်။
ထို့အပြင် ယုံကြည်ချက်အရ အနစ်နာခံပြီး လုပ်ဆောင်ပေးနေကြသည့် နိုင်ငံရေးအကျဉ်းသားများကို ကူညီထောက်ပံ့သည့်လုပ်ရပ်များကိုလည်း ဆက်လက်လုပ်ဆောင်ပေးကြဖို့ကိုလည်း တက်ရောက်လာသူများကို တိုက်တွန်းပြောကြားခဲ့သည်။
ယနေ့အခမ်းအနားကို တာဝန်ယူဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည့် ကိုမင်းထက်ဇော်မှ နိုင်ငံရေးအကျဉ်းသားများနဲ့ အညတရသူရဲကောင်းတို့ရဲ့စိတ်ဓါတ်နဲ့စေတနာကို ပိုမိုလေးစားတန်ဖိုးထားရန်နှင့် တမျိုးသားလုံး အာဏာရှင်လက်အောက်မှ အမြန်ဆုံးလွတ်မြောက်စေရန် စွန့်လွတ်အနစ်နာခံပြီး ပေးဆပ်နေကြသူများကို ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသူ/သားများအချင်းချင်း တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လာစေဖို့အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း မိုးသောက်ကြယ်သို့ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အညတရသူရဲကောင်းဆုဂုဏ်ပြုချီးမြှင့်သည့်လုပ်ငန်းကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အားလုံးနှင့်အတူလက်တွဲကာ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သောကြောင့် တက်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလှုံ့ဆော်ခဲ့သည်။
ဒုတိယအကြိမ်မြောက် ဆုချီးမြှင်ခြင်းအခမ်းအနားကို မကြာမှီအချိန်ကာလအတွင်း၌ ပေးအပ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရှိရပြီး ပထမတစ်ကြိမ်ထက် ၂ ဦးပိုတိုးကာ အညတရသူရဲကောင်းဆုကို ၅ ဦးအထိ ချီးမြှင့်ဂုဏ်ပြုမည်ဟုလည်း သိရှိပါသည်။
ပထမအကြိမ် အညတရသူရဲကောင်းဆုချီးမြှင့်ခြင်းကို မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သည့် ဧပြီလ ၁၇ ရက်က ပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများမှာ ဆရာတော်ဦးဣန္ဒက၊ ဦးခင်ဝင်းနှင့် ကိုသန်းနိုင်တို့ဖြစ်သည်။း တစ်ဦးလျင် မြန်မာငွေဆယ်သိန်းတိတိ ချီးမြှင့်ဂုဏ်ပြုခဲ့သည်ဟုလည်း သိရှိပါသည်။
အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့လာသည့် Video Messageဖိုင်ကို မကြာမှီအချိန်အတွင်း တင်ဆက်ပေးပါမည်။
ရေးသားသူ-မောင်ရှင်(MTK)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)

Wednesday, June 1, 2011
အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်မည်
နိုင်ငံရေးအကျဉ်းသားအားလုံး၏ အရေးကိစ္စအား ပိုမိုအာရုံစိုက်လာစေရန်နှင့် အညတရသူရဲကောင်းဆုချီးမြှင့်ရေး လုပ်ငန်းစဉ်တွင် ပိုမိုပူးပေါင်းပါဝင်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် လာမည့်တနင်္ဂနွေနေ့(ဇွန်လ ၅ ရက်)တွင် အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားတရပ်ကို ဆုချီးမြှင့်ရေးကော်မတီကဦးစီး၍ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ တကာဒါနိုဘာဘာဘူတာအနီးရှိ Seiketsu Consumer Center (4 F) တွင် အောက်ပါအစီအစဉ်အတိုင်းကျင်းပမည်ဟု သိရှိရပါသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားသို့ပေးပို့လာသော Viedo Message ကိုလည်း ဖွင့်လှစ်ပြသမည်ဟုလည်းသိရှိရပါသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားသို့ပေးပို့လာသော Viedo Message ကိုလည်း ဖွင့်လှစ်ပြသမည်ဟုလည်းသိရှိရပါသည်။
Tuesday, May 31, 2011
ဒီပဲယင်း(၈)နှစ်ပြည့် အခမ်းအနား အခွန်ရုံးရှေ့တွင်ကျင်းပ
လွန်ခဲ့သော ၂၀၀၃ ခုနှစ် မေလ(၃၀)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥကဌဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်သည့် စစ်ကိုင်းတိုင်းလူထုစည်းရုံးရေးခရီးစဉ်တွင် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့အနီးရှိ ကျည်ရွာတွင် စစ်အုပ်စု၏အကြမ်းဖက်တိုက်ခိုက်မှုကိုခံခဲ့ရသည့် ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး (၈)နှစ်ပြည့်အခမ်းအနားကို ယနေ့ မေလ ၃၀ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီနာဂါဝ ရပ်ကွက်ရှိ မြန်မာအကောက်ခွန်ရုံးရှေ့တွင် မွှန်းလွှဲပိုင်း (၃) နာရီ မှ (၄.၄၅) နာရီ အထိ ကျင်းပခဲ့ရာ ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံမှ တက်ရောက်ခဲ့ကြပါသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်ကို တိုက်ခိုက်ခံခဲ့ရတာ ယနေ့တွင် (၈)နှစ် တင်းတင်းပြည့်ခဲ့သော်လည်း ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြီးကိုကျူးလွန်ခဲ့တဲ့ တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမရှိပဲ နစ်နာသူတွေသာ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်အရေးယူခြင်းခံခဲ့ရပါသည်။
မြန်မာနိုင်ငံတွင် မတရားမှုတွေ ကျူးလွန်ခဲ့တာကြာပါပြီ။အထင်ရှားဆုံး မှတ်တိုင်မှာ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုကြီး ဖြစ်ပါသည်။သို့သော်လည်း ထိုလုပ်ကြံမှုကြီးကို ဖော်ထုတ်စုံစမ်း ဥပဒေအရ အရေးယူခြင်းမရှိသောကြောင့် ကျူးလွန်သူတွေက သူတို့လုပ်ရပ် မှန်ကန်တယ်ဟုထင်မြင်ယူဆကာ မြန်မာ့သမိုင်းတွင် မကောင်းတွင်ကျန်ရစ်မည်မှာဧကန်မလွဲ ပင်ဖြစ်ပါသည်။
ယနေ့ကျင်းပသော ဒီပဲယင်းနိုင်ငံတော်ကြီး လုပ်ကြံမှုကြီး၏ (၈)နှစ်ပြည့် အခမ်းအနားတွင် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကလည်း ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး၏ဖြစ်စဉ်ကို ရှင်းလင်းပြောကြားသွားခဲ့ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန် ) မှ ဥက္ကဌ ဖြစ်သူ ဦးလှဟန်ကလည်း ”မြန်မာနိုင်ငံသားများ၏ တာဝန်တစ်ရပ်အနေဖြင့် နောင်မြန်မာနိုင်ငံတွင် စစ်အာရှင်စနစ်စိုးမိုးနေသရွေ့ ဒီပဲယင်းလို မတရားတဲ့ ဥပဒေမဲ့ ပြစ်မှုတွေကိုမကျူးလွန်နိုင်စေရန် သတိပေးတဲ့အနေနဲ့ ဒီလိုအခမ်းအနားတွေကို ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ဒီပဲယင်းနိုင်ငံတော်ကြီး လုပ်ကြံမှုကြီး၏ ဖြစ်ရပ်မှန်ကိုဖော်ထုတ်ပေးရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်ပေးရန်”တို့ကိုတောင်းဆိုခဲ့ပါသည်။
မြန်မာ့ဒီမိုကရေစီကွန်ယက်(ဂျပန်)မှလည်း ဒီပဲယင်းနှင့်ပတ်သက်သည့်တရားခံများကို ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုသည့် သဘောထားထုတ်ပြန်ချက်ကို မြန်မာ့အကောက်ခွန်ရုံး စစ်သံအမတ်ကြီးမှ တဆင့် နအဖ စစ်အာဏာရှင် သို့ပေးပို့ခဲ့ပါသည်။ ထို့နောက်အခမ်းအနားကို မေ(၃၀)ဒီပဲယင်းတွင် ကျဆုံးသွားသောသူများအတွက် လွမ်းသူပန်းခွေချကာ အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ ယနေ့ကျင်းပသော အခမ်းအနားကို ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသူ ၂၀၀ တက်ရောက်ခဲ့ကြပါသည်။

ရေးသားသူ-နန်းအိမွန်ချစ်(MTK)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)
Monday, May 30, 2011
BRSAအသင်း ၄ နှစ်မြောက်ညီလာခံကျင်းပ
ဂျပန်နိုင်ငံရှိ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားဒုက္ခသည်များအား ငွေကြေးအားဖြင့်လည်းကောင်း၊ စိတ်ဓါတ်ရေးရာအားဖြင့်လည်းကောင်း ထောက်ပံ့ဖေးမကူညီအားပေးရန်နှင့် မြန်မာပြည်ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ထောက်ခံအားပေးရန်ရည်ရွယ်ချက်များနှင့် ဖွဲ့စည်းထားသည့် RSA အသင်းဟု အတိုကောက်ခေါ်ဆိုနေကြသည့် မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(Burma's Refugee Serving Association)၏ ၄ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံကို မေလ ၂၉ ရက်(တနင်္ဂနွေနေ့) ညနေ ၅း၃၀ မှ ၉း၀၀ နာရီအထိ Minami Otsuka Hall Dai 1 ခန်းမတွင် အောင်မြင်စွာကျင်းပခဲ့ကြသည့် မှတ်တမ်းဓါတ်ပုံများ
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)Saturday, May 28, 2011
၂၁နှစ်မြောက် NLD ရွေးကောက်ပွဲ အောင်မြင်ခြင်းအထိမ်းအမှတ်အခမ်းအနား ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်
၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတဝန်းဆန္ဒမဲ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရခဲ့သည့် NLD ပါတီ၏ ၂၁ နှစ်မြောက် အောင်ပွဲအထိမ်းအမှတ်အခမ်းအနားကို ယနေ့ မေလ (၂၇) ရက်နေ့ တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့တွင် မွန်းလွှဲပိုင်း (၃) နာရီ မှ (၄) နာရီ အထိ ကျင်းပခဲ့ရာ ဂျပန်ရောက် မြန်မာ့ ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံ မှ တက်ရောက်ခဲ့ ကြပါသည်။
တိုင်းပြည်၏ သမိုင်းအတွက် သိကာကျစေသော အာဏာရှင် စစ်အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ် အသတ်အနိုင်ရခဲ့သည့် NLD ပါတီအား အာဏာလွှဲပြောင်းပေးရန် တာဝန်ပျက်ကွက်ခဲ့သည့် အပြင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ် ပြုကာ ပြည်သူ့ဆန္ဒကိုချေဖျက်ရုံသာ မက ပြည်သူနှင့် တကွ ကမ္ဘာတဝှမ်းကို လှည့်စားခဲ့သည် မှာ ယနေ့ တိုင်ဖြစ်ပါသည်။
၂၁ နှစ်မြောက်အောင်ပွဲအထိမ်းအမှတ် အခမ်းအနားတွင် အဖွဲ့ အစည်းအသီးသီးမှ တာဝန် ရှိသူများကလည်း ၊ ၉၀ ရွေးကောက်ပွဲ ရလဒ် ကို မျက်ကွယ်ပြုထားသော ယခုလက်ရှိ သ မတ သိန်းစိန်အစိုးရကို အသိအမှတ် မပြုကြောင်း၊ မိမိတို့၏ ယုံကြည်ချက်ကြောင့် မြန်မာနိုင်ငံ တဝှမ်းရှိ အကျဉ်းထောင် အသီးသီးတို့ တွင်ဆက်လက်အကျဉ်းကျခံနေ ရသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာစေရန်အ တွက်တောင်းဆိုမှု များကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်(မိုးသောက်ကြယ်)
Friday, May 20, 2011
ငလျင်ကြောမိနေသူများအတွက် သတင်းကောင်းတစ်ပုဒ်
ထိတ်လန့်တုန်လှုပ်မှုဝေဒနာခံစားနေရသော နိုင်ငံခြားသားများကိုစိတ်ကုပညာရှင်များကူညီပေးတော့မည်
မတ်လ ၁၁ နေ့ကဖြစ်ပွားခဲ့သောငလျင်နှင့် ဆူနာမီတို့ကိုကြုံတွေ့ရပြီးနောက် စိတ်ကျရောဂါနှင့် ခြောက်ခြားမှုဝေဒနာခံစားနေရသော နိုင်ငံခြားသားများကို စိတ်ကျန်းမာရေးဆိုင်ရာအကူအညီပေးရေးအတွက် စိတ်ကုပညာရှင်တစ်စုတို့ က ကူညီပေးတော့မည်ဟု ၂၀၁၁ ခုနှစ် ဧပြီလ ၃၀ ရက်ထုတ် ဂျပန်တိုင်း(မ်)သတင်းစာတွင် ရေးသားဖော်ပြချက်အရသိရှိရသည်။ ဦးဆောင်ဦးရွက်ပြုသူမှာ တိုကျို၊ အီတဘာရှိရပ်ကွက်ရှိ Taishoတက္ကသိုလ်မှ စိတ်ပညာပါမောက္ခ Fumitaka Noda ဆိုသူဖြစ်ပြီး မြန်မာလူမျိုးများနှင့်လည်း ရင်းနှီးကျွမ်းဝင်သူတစ်ဦးဖြစ်သည်။
ထို့ကြောင့် ငလျင်ကြောမိပြီး ငလျင် ငလျင်နှင့် ဂယောင်ချောက်ခြားဖြစ်နေသူများ အမြန်ဆုံးသွားရောက်ကုသသင့်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
မူရင်းသတင်းအပြည့်အစုံမှာ-
Psychiatrists aid traumatized foreigners
By MIZUHO AOKI
Staff writer
A group of psychiatrists who have been providing mental health support for foreign residents has set up an emergency committee to aid non-Japanese suffering from stress and trauma from the March 11 earthquake and tsunami.
![]() |
| For foreigners: Fumitaka Noda, professor of psychiatry at Taisho University in Tokyo, is interviewed Tuesday. SATOKO KAWASAKI PHOTO |
"Those who are suffering the most are the elderly, children, the handicapped and foreigners. And foreigners are particularly prone to become isolated, suffer from a lack of information in their mother tongue, easily become confused by false rumors and suffer from growing anxiety," said Fumitaka Noda, president of the Japanese Society of Transcultural Psychiatry and professor of psychiatry at Taisho University in Tokyo.
"It's really important to provide them with accurate information, and then to listen and understand their anxiety," said Noda, who has been providing mental health care services to foreigners in Japan for 18 years, especially to refugees.
Comprised of psychiatrists and other mental health professionals, the transcultural psychiatry society established the Transcultural Mental Health Emergency committee March 19 to help foreigners directly affected by 3/11.
As the only medical society in Japan that focuses on studies of foreigners who have mental health issues due to transcultural problems, the society is working closely with groups that support foreigners, including the Japan Foundation, to continue gathering information on people in need of professional help. It is also planning to teach supporters basic knowledge of mental health, so that when they spot signs of depression or posttraumatic stress disorder they can contact Noda and his colleagues.
Mental health care has become more important as people recover from the initial shock of the disaster and gradually start to get a clear picture of what happened and what situation they are in, Noda explained.
"As people start to look around, they begin to feel more clearly the sense of loss, and anxiety over the future. . . . Some may develop PTSD," Noda said. "Many suffer from numbness. Because they lost everything they had and they begin to wonder about the meaning of making an effort, making a commitment or loving someone."
If such cases continue over a long period, then people need to seek professional help, Noda said.
As part of his preparation to aid foreigners, Noda also went to Soma in Fukushima Prefecture, just outside the 30-km zone around the crippled nuclear plant, at the end of March.
What struck him was the lack of mental health professionals on hand. "There were hospitals but no psychiatric facilities in the surrounding area. . . . So many psychiatric patients were suffering from a lack of medication," Noda said.
Although there is now a hastily set up psychiatric unit in a local hospital, more help from mental care professionals is still needed, said Noda, who visited shelters in the city and listened to peoples' stories and concerns.
"People were under huge stress. Some said they can't sleep and some said their children were crying and screaming every night and had no idea what to do," he said.
"They are just like refugees. They have to decide whether they are going back to their hometown or moving to a new place at some point in the future. Their lives are now unstable, and they can do nothing about it," Noda said. "If this situation continues, many may develop depression."
After witnessing people's mental states in Fukushima, Noda worries about foreigners living under similar conditions.
"In this kind of situation, a foreigner's stress can be more than that of Japanese. We have to spend twice the time we do for Japanese to treat foreigners. We need to listen to their voices wholeheartedly," Noda said, adding he and his team are ready for action, to help foreigners with mental problems.
"I want people to know there are services available to them. Many may hesitate to ask for mental support, but please, be open about it and contact us," Noda said.