This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts

Wednesday, June 27, 2012

ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံရသော ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီး


ဗြိတိန်နိုင်ငံအပါအ၀င် ဥရောပ ၅ နိုင်ငံသို့ ၁၇ ရက်ကြာ သွားရောက် နေသော ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပခရီးသည် သူမအား ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် မှတ်ကျောက်တင် အသိအမှတ်ပြု ခြင်းခံရသည့် ခရီးစဉ် တစ်ခုဖြစ်ခဲ့သည်။

Monday, June 25, 2012

ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်တဲ့အိမ်ကို အကိုဖြစ်သူ အမေရိကန်နိုင်ငံသားအား အမွေတဝက် ခွဲပေးဖို့ တရားစီရင်ချက် မမှန်ကန်ပါ

  ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်တဲ့အိမ်ကို အကိုဖြစ်သူ အမေရိကန်နိုင်ငံသားအား အမွေတဝက် ခွဲပေးဖို့ တရားစီရင်ချက် မမှန်ကန်ပါ   လက်ရှိ ဒေါ်အောင်ဆန်းစုကြည် တဦးတည်း ပိုင်ဆိုင်နေထိုင်ရာ အိမ်ကို ဦးအောင်ဆန်းဦးကို တဝက်ခွဲပေးလိုက်ဖို့ တရားစီရင်ချက်အပေါ် အခုလို ရှုမြင် သုံးသပ်မိပါတယ်။ 

Thursday, September 15, 2011

မြစ်ဆုံရေကာတာနှင့် ပြည်တွင်းက လူငယ်တစ်ယောက်ရဲ့ ခံစားချက်

မနေ့ က နေပြည်တော် ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှာ လုပ်သွားတဲ့ ၀န်ကြီး ၅
ယောက်နဲ့  မီဒီယာများတွေ့ ဆုံပွဲမှာ အမှတ်(၁) လျှပ်စစ်စွမ်းအားပြည်ထောင်စု
ဝန်ကြီးရဲ့ မြစ်ဆုံရေကာတာစီမံကိန်း “နောက်မဆုတ်ဘူး၊ ဆက်လုပ်မယ်” ဆိုတဲ့ ချဲလင့်
 စကားလုံးတွေကို ဖတ်ရပြီး အသားတွေ တဆတ်ဆတ်တုန်၊
ဒေါသတွေ တချောင်းချောင်း ထွက်လာတော့ ရှေ့ မီနောက်မီ 
ပုဂ္ဂိုလ်ကြီးတစ်ယောက်က “စိတ်လျော့ပါ၊ နိုင်ငံရေးသမားဆိုတာ ဒေါသမထွက်ရဘူး၊ အခြေအနေကို စောင့်ကြည့်တတ်ရမယ်”လို့  ကျွန်တော့်ကို နားချရှာပါတယ်။ ဒီကိစ္စမှာ “ကျွန်တော်နိုင်ငံရေးသမားမဖြစ်ချင်ဘူး၊ ဖိုက်တာဘဲဖြစ်ချင်တယ်” လို့  လေသံမာမာနဲ့  ဆရာသမားကို ဘုတော ပိတ်လွှတ်လိုက်တယ်။ “မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်နဲ့ ပက်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက်ပိုပြီးတော့ အတွေ့ အကြုံရှိတဲ့လူ မရှိတော့ဘူး” ဆိုတဲ့ လျှပ်စစ်ဝန်ကြီးရဲ့  စကားဟာ ငါသိ၊ ငါတတ်၊ ဘယ်သူမှ ဘာမှ မ ဟနဲ့ ၊အားလုံး ရှပ်အောက့်၊ မြစ်ဆုံနဲ့ ပက်သက်လို့  အမြှီးကုတ် နားရွက် မထောင်ကြနဲ့ ဆိုပြီး သန်းခြောက်ဆယ်သောမန်မာပြည်သူတွေကို စိန်ခေါ်လိုက်တယ်လို့  ကျွန်တော်မြင်ပါတယ်။

Thursday, September 1, 2011

ကြွက်ထောင်ချောက်(ဖေမြင့်)

တစ်ခါတုန်းက….
ကြွက်တစ်ကောင်က လယ်သမားအိမ်ထဲ အိမ်နံရံပျဉ်နှစ်ချပ် စပ်ကြားက ဟ,နေတဲ့နေရာအကြားကနေ  ချောင်းကြည့်တော့ လယ်သမားနဲ့ သူ့မယား အထုပ်တစ်ထုပ်ဖြေနေတာတွေ့ရတယ်။ အထဲမှာ စားစရာများပါလေမလား၊ ပါရင် ငါများ တနည်းနည်းနဲ့စားရလေမလား၊ မျှော်လင့်တဲ့ စိတ်နဲ့ စောင့်ကြည့်တော့၊ လားလား..စားစရာမုန့်မဟုတ်၊ နာစရာ တုတ်ဖြစ်နေတယ်။ အဲ..စကားအဖြစ် ပြောတာ၊ တကယ်တုတ်မဟုတ်ဘူး။ ပြီးတော့ တုတ်ဆိုတာက သူသူ ငါငါ အရိုက်ခံရနိုင်တဲ့ပစ္စည်း။ အခုဟာက သတ္တ၀ါအများနဲ့ မဆိုင်၊ သူတစ်ဦးတည်းကိုရည်ရွယ်တာ၊ သူ့ကိုအသေဆော်ဖို့ ရည်ရွယ်ချက်နှင့် မြို့က၀ယ်လာတဲ့ “ကြွက်ထောင်ချောက်”။

          မြင်တာနဲ့တင် ကြွက်ထောင်ချောက်မောင်းပြုတ်ပြီး ဂျိုင်းခနဲ ရိုက်တဲ့အသံကို သူ့စိတ်ကကြား လိုက်မိတယ်။ သံကိုင်းတံနဲ့ ခွေးသွားစိပ်ကြားမှာ ညပ်ပြီးသေနေမယ့် သူ့ရုပ်ပုံကိုလည်း မြင်ယောင်ပြီး ကြက်သီးမွှေးညင်းထသွားတယ်။ ဒုက္ခပဲ၊ ဒီလူတွေ ရက်ရက်စက်စက်လုပ်တော့မယ်။ အားလုံးကိုသတိပေးထားမှပဲဆိုပြီး ကြွက်က ခြံထဲလျှောက်ပြေးပြီး အော်တယ်။ “အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ၊ အားလုံး သတိထားကြ၊ အိမ်ထဲမှာ ကြွက်ထောင်ချောက်ရောက်နေပြီ။
 
          အဲဒီလိုအော်ရင်း ကြက်မနားရောက်တော့ ပါစပ်ကတကွပ်ကွပ်မြည်ရင်း ဖုန်ထဲသဲထဲမှာ စားစရာယက်ပြီးရှာနေတဲ့ ကြက်မက၊ “ဒီလောက်တောင် အော်မနေနဲ့ကိုကြွက်ရယ်၊ ရှင့်အတွက်တော့ စိုးရိမ်စရာဖြစ်တာမှန်ပါတယ်။ ဒါပေမယ့် ကျွန်မနဲ့က ဆိုင်မှမဆိုင်တာ၊ ဘာကိုသတိထားရမှာလဲ” လို့ ဆိုတယ်။
          ကြွက်က ၀က်ခြံနားသွားပြီ ၀က်ကိုပြောပြန်တော့ ၀က်က- “ငါမင်းအတွက် စိတ်မကောင်းပါဘူး၊ ဖိုးရွှေကြွက်ရာ၊ ဒါပေမယ့်ဒီကစ္စက ငါတတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး၊ အလွန်ဆုံးဘုရားမှာ ဆုတောင်းရုံလောက်ပဲတတ်နိုင်တယ်၊ ညဘက် ဘုရားရှိခိုးတဲ့အခါ မင်းအတွက်ထည့်ပြီး ဆုတောင်းပေးပါ့မယ်ကွာ” လို့ ချွေးသိပ်တယ်။

          ခြံထဲမှာ နွားတစ်ကောင်လည်း ရှိသေးတော့ ကြွက်က သူ့ဆီသွားပြီး ပြောပြန်တယ်။ နွားကျတော့ သူ့ကို ဟားတောင် ဟားလွှတ်သေးတယ်။  “ဟ ၊ ငကြွက်ရ အိမ်ထဲမှာ ကြွက်ထောင်ချောက် ဟုတ်လား၊ ဒါဆို ငါ့အတွက် အန္တာရာယ်ပဲ၊ ခြေမညှပ်မိရင် ငါသေပြီ၊ ဟား ဟား” တဲ့။

      ကြွက် အတော်ခံရခက်ပြီး ပြန်လှည့်လာတယ်။ သူက အိမ်ထဲမှာနေတဲ့သူ၊အိမ်ဆီပဲ ပြန်ရမယ်။ ထောင်ချက်ကိစ္စ ဘယ်သူကမှ တွေးမပူ၊ သူတို့အရေးလို့ မယူဆ၊ ကိုယ်တစ်ယောက်တည်း ပူနေတာ ဆိုတော့ ကိုယ်ပဲသတိထားရမယ်။ တကယ်တော့ နာမည်ကိုနှိုက်ကလည်း ကြွက်ထောင်ချောက် မဟုတ်လား။ အဲဒီထောင်ချောက်မှာတပ်ထားမယ့် အနံ့ကလည်းမွှေး၊ အရသာလည်းရှိပြီး ကြွက်မှန်သမျှ သွားရည်တများများကျစေမယ့်အစာကို အနားသားလေးတောင်ဖဲ့ မစားမိအောင် ဝေးဝေးကရှောင်ရမယ်။ ပြေးရင်းလွှားရင်း မတော်တဆတိုက်မိ တယ်ဆိုတာမျိုးမဖြစ်အောင်လည်း အထူးသတိပြုမယ်။ အဲသလိုတွေ ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး အိမ်ထဲကို သတိဝီရိယ ကြီးစွာနဲ့ ပြန်ဝင်လာခဲ့တယ်။

          အဲဒီည သန်းကောင်ယံမှာပဲ ကြွက်ထောင်ချောက် မောင်းပြုတ်တဲ့အသံ ကျယ်လောင်စွာပေါက်ထွက်လာပြီး ကတည်းက သတ္တ၀ါတွေ အားလုံး လန့်နိုးကြတယ်။ “ဖိုးရွှေကြွက်တစ်ကောင်တော့ သွားရှာပေါ့” လို့ ၀က်က ဆိုတော့ ကြက်မက “စိတ်မ ကောင်းဘူး၊ ဒီလောက်မြန်မြန်ကြီး ဖြစ်လိမ့်မယ် မထင်လို့” မနက်က သူမစာမနာပြောလိုက်မိတာ ပြန်တွေးပြီး အာနာနေတယ်။

          နွားကြီးကတော့ “စောစောသေ တော့လည်း ကြောက်ရတဲ့ဒုက္ခ စောစောငြိမ်းတာပေါ့ကွာ”တဲ့။ ကိုယ်သေတာ မဟုတ်တော့ သူကပေါ့ပေါ့ဆဆ ပြောတယ်။ အမှန်တော့ ကြွက်လည်း သေသွားတာတော့ မဟုတ်ဘူး။ ထောင်ချောက်မိတာ သူမှမဟုတ်တာ။ ဂျိုင်းခနဲ မြည်သံကြာတော့ သူလည်း သူကိုယ်တိုင် မိသလောက် လန့်သွားတာ။ နောက်တော့ မှ ငါမဟုတ်ဘူး။ ဘယ်သူများပါလိမ့်ဆိုပြီး ထချောင်းကြည့်တော့ မြွေတစ်ကောင်။

          မြွေက ကြွက်ထောင်ချောက် ဆိုတာ ဘာလုပ်တတ်မှန်းမသိတော့ ကြွက်စာအနံ့မွှေးမွှေးကို သူ့အစာ အောက်မေ့ပြီးသွားခဲတာ။ မောင်းတံရိုက်တဲ့အချိန် ဘယ်လိုဘယ်လို လုပ်လိုက်မှန်းမသိ၊ ခေါင်းပိုင်းကို မထိဘဲ အမြီးပိုင်းက ညှပ်နေတယ်။

          ကြွက်က တုန်တုန်ယင်ယင်နဲ့ ကြည့်နေတုန်း မီးအိမ်လေးမှိန်မှိန်နဲ့ အိမ်ရှင်မထွက်လာတာမြင်ရတယ်။ မိန်းမက အိပ်ချင်မူးတူးနဲ့ ကြွက်ထောင်ချောက်ကိုသွားဆွဲတဲ့အခါ မြွေကလှမ်းပေါက်လိုက်တယ်။ အဲဒီအခါ အလန့်တကြား ထအော်တော့ လယ်သမားပြေးလိုက်တာတယ်။ မီးအိမ်ပိုလင်းအောင် မီးစာမြှင့်ကြည့်လိုက်တော့ သူ့မိန်းမကို ကိုက်ပြီးတဲ့နောက် ပါးပျဉ်းထောင်နေသေးတဲ့ မြွေကိုမြင်ပြီး နီးရာတုတ်တစ်ချောင်းနဲ့ လက်မြန်ခြေမြန် ကောက်ရိုက်လိုက်တာ ပွဲချင်းပြီးသေသွားတယ်။

          အဲဒီမြွေက အတော်အဆိပ်ပြင်းတဲ့မြွေမျိုး ဖြစ်နေတယ်။ လယ်သမား အတော်ခေါင်းနားပန်းကြီးသွားတယ်။ အဲဒါနဲ့ အိမ်နီးနားချင်းတွေလှမ်းခေါ်ပြီး ညကြီးမင်းကြီးပဲ ဆရာဝန် သွားပင့်ပေးဖို့ အကူညီတောင်းတယ်။ မနက်မလင်းခင် ဆရာဝန် ရောက်လာပြီး သူ့ရှိသမျှ ဆေးဝါးနဲ့ကုသပြီး ပြန်သွားတယ်။ နောက်နေ့မှာ အိမ်ရှင်မက မြွေဆိပ်အရှိန်နဲ့ ဖျားပြီး
ညည်းနေတယ်။ တစ်နေလုံး ကိုယ်လက်တွေ ကိုက်ခဲပြီး ပါးစပ်ကလည်း ဘာမှမစားချင်ဖြစ်နေတယ်။ အဲဒါနဲ့ အစာမ၀င်ရင် ကိုယ်ခံအားနည်းမယ်။ အဲဒါဆိုရင် မြွေဆိပ်ဒဏ်ပိုမခံနိုင် ဖြစ်မယ်ဆိုပြီး အားရှိသွားအောင် ကြက်စွပ်ပြုတ် ကျွေးပါလို့ ၀ိုင်းဝန်းအကြံပေးကြတော့ လယ်သမားက သူမွေးထားတဲ့ တစ်ကောင်တည်းသော ကြက်မကို သတ်ပြီး မိန်းမအတွက် ကြက်သားစွပ်ပြုတ်လုပ်တယ်။ ဆရာဝန်က နောက်နေ့တွေလည်း ဆက်ပြီး လာကြည့် ပါတယ်။ ဒါပေမယ့် လူနာက မသက်သာဘူး။ အဆိပ်က အတော်ပြင်းတာကိုး။

          လယ်သမားမယား မြွေကိုက်ခံရတဲ့ အကြောင်း ကြားရတော့ ဆွေမျိုးမိတ်သင်္ဂဟတွေ လူမမာသတင်း လာမေးကြတယ်။ တချို့က ခပ်ဝေးဝေး ရွာတွေက လာရတော့ ချက်ချင်းမပြန်နိုင်ကြဘူး။ တစ်ညလောက်အိပ်ပြီး စောင့်ကြည့်ကြတယ်။ လူမမာအခြေအနေမကောင်းတော့ သားချင်းတချို့လည်း အနီးကပ်ပြုစုလို့ရအောင် ဆိုပြီး အိမ်မပြန်ကြတော့ဘူး။

          အဲဒီတော့ အိမ်ရှင် လယ်သမားမှာ ဧည်ခံဖို့၊ ကျွေးမွေးဖို့ လိုပြန်တာပေါ့။ အဲဒီအတွက် ၀ယ်ဖို့ခြမ်းဖို့ လိုပြန်တာပေါ့။ ဒီအတွက် ၀ယ်ဖို့ ခြမ်းဖို့ရော၊ ဆရာဝန်ပေးဖို့ပါ ငွေကြေးက လိုနေတာ ဆိုတော့ အိမ်မှာရှိတဲ့ဝက်ကိုသတ်ပြီး အိမ်မှာစားဖို့အသားတချို့ယူ၊ ကျန်တာကို ရွာထဲလျှောက် ရောင်းခိုင်းလိုက်ရတယ်။

          ဆရာဝန်ရော အရပ်ကပါ ၀ိုင်းပြီးပြုစု စောင့်ရှောက်ကြပေမယ့် လယ်သမားမယားဟာ ပြန်နာလန်ထူမလာဘူး။ မြွေကိုက်တဲ့ ဒဏ်နဲ့ပဲ အသက်ဆုံးသွားခဲ့တယ်။

          အသုဘချ၊ ရက်လည်ဆွမ်းကျွေးတဲ့အခါ လယ်သမားမှာ နွားတစ်ကောင်တည်း ရှိတာဆိုတော့ အဲဒီနွားကြီးပဲ သတ်ပြီး မိန်းမအတွက် အလှူလုပ်လိုက်ရတယ်။

          ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်သွားခဲ့တဲ့ အဲဒီအခြင်းအရာတွေကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ကြွက်ဟာ အကြီးအကျယ်  ထိတ်လန့်အံ့သြသလို၊ ကြွက်ထောင်ချောက်ဟာ ဘယ်သူ့အတွက်လဲ ဆိုတာကိုလည်း စဉ်းစား မရနိုင်အောင်ဖြစ်နေတယ်။

          ဘာပဲဖြစ်ဖြစ် သူတစ်ယောက်တည်းကြောက်နေတုန်းက ကိုယ်နှင့်မဆိုင်သလိုနေခဲ့ကြတဲ့ ကြက်၊ ၀က်၊ နွား အပါအ၀င် သတ္တ၀ါ ၅ ဦးအသက်ဆုံးရုံးသွားပြီးတဲ့နောက်မှာ သူကတော့ ကြွက်ထောင်ချောက်ကို အရင်ကထက်ပိုပြီး အကြောက်ကြီးကြောက်သွားခဲ့တယ်။



ဆရာဖေမြင့်

ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် ၅၆

၁၈- သြဂုတ်လ -၂၀၁၁

Saturday, August 27, 2011

ပျက်အစဉ် ပြင်ခဏ “လူလ”

လွန်ခဲ့တဲ့ နှစ်များတုန်းက တချို့ လူကြီးတွေ ဂုဏ်ယူစွာ ပြော ပြောနေတဲ့ စကားတခွန်းကြားဖူးတယ်။
ဟေ့ ငါတို့ ဗမာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ မရှိဘူး တဲ့...


အများအားဖြင့် ပီတိကိုစား နာသုံးနာဖြင့် အသက်မွေးနေသော ကျောင်းဆရာများ ပြောတတ်တယ်။ တခြားသော ဌာနက လူကြီးတွေလဲ ပြောနေကြတာလဲ ကြားဖူးပါတယ်။ ရိုးရိုးတွေးရင်တော့ ဆန်စပါးပေါကြွယ်တဲ့ နိုင်ငံမှာ ထမင်းငတ်ပြီး မသေလောက်ပါဘူးလို့ ထင်စရာပေါ့။ ဒါဗေမဲ့ ဒီစကားရဲ့နောက်ကွယ်မှာ အဓိပ္ပါယ်တခုတော့ ရှိတာ သေချာတယ်။


တချိန်က ထိုသူများ ပြောလိုက်ရတဲ့အကြောင်းအရင်းက မြိုနယ်ကောင်စီ ဥက္ကဌ နေရာများကို တပ်မတော်မှ အငြိမ်းစားယူတဲ့ ဗိုလ်မှူးအဆင့်တွေကို ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အစီအစဉ်တခုမှ လဒ်စားသော အရာထမ်းများ အကျင့်သီလ နည်းပါးမှုကို ထောက်ပြ ပြောဆိုတာကို မှတ်ယူပါ။ ဒါလည်း တိုင်းပြည်ကောင်းကျိုး ဆောင်ရွက်ရန်ထက် လက်ဝေခံ ဆရာတပည့် ဝေစားမျှစား သံယောဇဉ်ဖြင့် လက်သပ်ထိုး ချပေးတဲ့ စနစ်တခု ဖြစ်၏။ တာဝန်ကျရာ မြို့များသို့ ရောက်ရှိပြီး များမကြာမှီ ထို အရာထမ်းများသည် တနှစ်ခြင်း တနှစ်ညခြင်း ( နေ့ခြင်း>တနှစ် ) ကြီးပွား ချမ်းသာလာကြ၏။ ဘိုးဘိုးအောင် မစရင်တောင် ဒီလောက် မြန်မယ်မထင်။ အထူးသဖြင့် နယ်စပ်ဒေသများတွင်း မှောင်ခို လုပ်ငန်းဖြင့် အသက်မွေးကျသော မြို့များတွင် အများဆုံး တွေ့ရတတ်သည်။


သူငယ်ချင်းတယောက်က ငါတို့ အဖေက အဲဒီခေတ်မှာ ဂဠာန်စီမံချက်မှာ လူကြီးတယောက်ဖြစ်တယ်ပေါ့၊ သူ့အဖေ ဘော်ဒီဂါတ်တောင် သူတို့မြို့မှာ ဆိုင်ကားအစီး ၁၀၀ လောက် ပိုင်ဆိုင်တဲ့ အုံနာတယောက် ဖြစ်ခဲ့တယ်၊ ကျန်တဲ့ လက်အောက် အရာထမ်းတွေဆို မပြောနဲ့တော့တဲ့ မြို့မျက်နှာဖုံးအသွင်ဆောင်လာကြတယ်လို့ ပြောဖူးခဲ့တယ်။ ဆက်လက်ပြီး ငါ့အဖေက အမြဲပြောတယ်.. ငါ့အတွက်နဲ့ ငါ့သာသမီးတွေ သူများ ပါးစပ်ဖျားမှာ မဆုံးစေချင်ဘူး။ မချမ်းသာခြင်နေ ကိုယ်ကျင့်တရားတော့ မစွန်းခံနိုင်ဘူးလို့ ကျွန်နော် သူငယ်ချင်းက ထပ်ပြောပြတယ်။ ဒီနေရာက ကျွန်နော်အတွေးတခု ထပ်ရလိုက်တာက ကိုယ်ကျင့်တရား ပဲ ။

ဂဠာန်စီမံချက်ဆိုတာက ပြည်တွင်းပြည်ပ ထွက်ကုန်များ တရားမ၀င် ရောင်းဝယ်ဖေါက်ကားခြင်းမှ ကာကွယ်တားဆီးရေး လို့ ယေဘုယျမှတ်ပါ။ အများအကျိုးအတွက် လုပ်ဆောင်ကြပြီဆိုရာဝယ် ထို အများအကျိုး ပြည်သူ့အကျိုး တိုင်းပြည်အကျိုးလို့ ဘန်းပြပြီး ကိုယ့်ကျိုးဖြင့် အသက်မွေးပြီး အသက်ရှင်ခဲ့လျှင် ထိုသူသည် သန့်ရှင်းသော အစားတလုပ်အတွက် အသက်ဆက်နိုင်ဖို့ အရည်အချင်း မရှိသည့်ကြောင့် အသက်ရှင်လျှက်နဲ့ ဘ၀ သေနေတဲ့သူတယောက်လို့ မှတ်ယူရမည်။ ထိုသို့သော အာဏာပိုင်များသည် ထမင်းငတ်ပြီး မသေနိုင်ဘူး ဆိုတဲ့ စကားနဲ့ လားလားမှ မအပ်စပ်သဖြင့် ထမင်းငတ်ပြီး သေတတ်ဖို့ ကြောက်သူများဟု ထင်စရာ ဖြစ်လာ၏။



ကိုယ့် ထမင်းတလုပ် ဒါမဟုတ် ထမင်းတနပ်အတွက် သူတပါး အငြိုအငြင်၊ မသမာတဲ့နည်းလမ်းများစွာဖြင့် ရယူ စားသုံးတာလား၊ သို့တည်းမဟုတ် ကြည်ဖြူစွာ ရယူခြင်းဖြင့် စားသုံးတာလား အပေါ် စဉ်းစားဖို့လိုလိမ့်မယ်။


စဉ်းစားတယ်ဆိုတာက .... ဗမာပြည်မှာ ထမင်းငတ်ပြီး သေနိုင်တဲ့ မသာ အပေါ်ပေါ့း)၊

(၁) တကယ့် ကိုယ်ကျိုးစွန့် အနှစ်နာခံ လုပ်ဆောင်သွားတဲ့သူတွေဟာ လူသာသေသွားဗေမဲ့ နာမည် မသေဘူးဆိုတဲ့ စကားတခွန်း ဖတ်မှတ်ကြားသိခဲ့ရတယ်။
(၂) ဆန့်ကျင်ဘက်ကတော့ တိုင်းပြည် အကျိုးကိုတော့ ဆောင်ရွက်ပါလျှက်နဲ့ အနှစ်နာမခံပဲ လစ်ရင် လစ်သလို မိမိစားသုံးရမဲ့ ထမင်းတလုပ်အတွက် ၀ိုက်စား ကြ၏။


ထို နှစ်မျိုးထဲက တခုခုကို ဟဲ့ကောင်လေး ဘယ်အမျိုးက ထမင်ငတ်ပြီး သေတာလဲလို့ မေးလာလျှင် ဒုတိယ အမျိုးစားကို ရွေးချယ်မိမှာပဲ။

ယနေ့ မြန်မာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ မရှိဘူးဆိုတဲ့ စကားအသုံးအနှုံး ကြားဖူးသလားမသိ။ အင်း.. ဗမာပြည်ရယ်လို့ မခေါ်ဝေါ် မသုံးစွဲခဲ့တော့ ဗမာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာမရှိဘူးဆိုတာထက် မြန်မာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ ရှိတယ်လို့ ပြောရမလို ဖြစ်နေ၏။ နာမည်ကြီး ဆရာတော်တပါးက မြန်မာပြည်မှာ သူခိုးနဲ့ ခွာသေးသေး သူတောင်းစားတွေ များလာတယ် လို့ တရားဟောတာ ကြားဖူးခဲ့တယ်။



ကျွန်နော်တို့ ငယ်ငယ်က ရပ်ကွက်အဆင့် ကျေးရွာအဆင့် ဥကဌ အတွင်းရေးမှူး စတဲ့ အရာထမ်းများဟာ စေတနာ့ဝန်ထမ်းများအဖြစ် လစာ မရ။ အကောင်ကြီးကြီးတွေ တိုင်းခမ်းလှည့်လည်လို့ ယောင်မှားပြီး ထိုရွာသို့ ရောက်လာလျှင် မိမိစရိတ်နှင့် ပြုစုဧည်ခံရ။ ဌာနာဆိုင်ရာက အရာရှိတွေ လာရင်လည်း ကိုယ့်မှာ ရှိတာတွေ ချကြွေး။ ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းလဲ အချိန်မရလို့ မလုပ်နိုင်သောကြောင့် စီးပွားလျှော့ရဲလာ၏။ ထိုကြောင့် မည်သူမှလည်း ဒီအလုပ်ကို မလုပ်ချင်၊ တဖက်ကလဲ ရပ်ရွာမှာ လူကြီးမရှိရင် မဖြစ်၊ ဓမ္မာရုံသို့ခေါ် လူစုပြီး ဒီမိုကရေစီကျကျ ရွေးကောက်တက်မြောက်ကြခဲ့သည်။ အများဆန္ဒအရသာ တာဝန်ကို ယူလိုက်ရသော်ငြားလည်း တင်မြောက်ခံရတဲ့သူဟာ ဗြဟ္မာဦးခေါင်းကြီးကို ကိုင်ရသလို ခံစားလိုက်ရ၏။ ထိုခေတ်များတုန်းက ရပ်ကွက် ကျေးရွာအဆင့်များတွင် ရပ်ရွာအကျိုး ဆောင်ရွက်နေသူများသည် လစာ အဖိုးအခအဖြစ် သတ်သတ်မှတ်မှတ်မဟုတ်ပဲ ဖြူစင်သော စေတနာအရင်းခံအတိုင်း ဆောင်ရွက်ခဲ့ကြသည်။


ယနေ့ခေတ်မူကား ရပ်ရွာဥကဌ ရာထူးကို ငမ်းငမ်းတက် လိုချင်သူများ ပေါလှပါ၏။ တချို့က ဒီတာဝန်ကို လာဒ်ထိုးပြီး ရယူသတဲ့....။ ဟိုခေတ်များနှင့် နှိုင်းယှဉ်လိုက်ရင် ဒီရာထူးဟာ မက်လောက်စရာ မဖြစ်လောက်ပါ။ ခက်ရပါ၏။...

အထက်ပါ အကြောင်းအရာမှ တဆင့် ပုံသဏ္ဍာန် ကွဲပြာသော်ငြားလည်း မြို့၊ တိုင်းဒေသ အသီးသီးတွင် တာဝန်ယူထမ်းဆောင်နေသော အရာထမ်းများ အားလုံးဟာ တိုင်းပြည်အပေါ် ရိုးသားစွာ တာဝန်ယူနိုင်ခဲ့လျှင် မြန်မာပြည်တွင် ထမင်းငတ်ပြီး သေတဲ့သူ မရှိဟု ကြွေးကြော်နိုင်လိမ့်မည်။

ခေတ်မှီတိုးတက်သော ကွန်မြူနစ်စနစ်ကို ချီတက်နေသော တရုတ်တို့ဟာ လဒ်ပေး လဒ်ယူစနစ်ကို သေဒဏ်အဖြစ် သတ်မှတ် နှိပ်ကွပ်တယ်။ ဒါမှလဲ ကိုယ်ကျင့်တရား မြင့်တက်လာ၍ ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းစုံနှင့် ကူးလူးဆက်ဆံနိုင်ပြီး တဦးနှင့်တဦး ယုံကြည်စွာ ရောင်းဝယ် ဖောက်ကားခြင်းဖြင့် တိုင်းပြည် ချောင်လည်လာသည်ဟု ယုံကြည်မိပါသည်။


ခေတ်မှီတိုးတက်သော နိုင်ငံတခုကို ဖောင်ဆောင်ရာဝယ် မြန်မာလူမျိုးတို့ဟာ လဒ်ပေး လဒ်ယူစနစ်ကို တိုက်ဖျက်ရန်အတွက်... ပြစ်မှုကြူးလွန်ခဲ့သော တစုံတယောက်အား (တပည့်သားမြေးဖြစ်သဖြင့် လျှော့ပေါ့ပေးလိုက်သည်၊) ပုံစံနှင့် ပေါ့တိပေါ့တန် လျှော့တိလျှော့ရဲ တရားရေးစနစ်တခုနှင့် ဆက်သွားနေမည်ဆိုလျှင် နောက်မျိုးဆက်များတွင်လည်း ထမင်းငတ်ပြီး သေသူများ ပေါ်ပေါက်လာ မလွဲဧကန်......


စာကြွင်း ။ ။ ထိုစာကို ရေးခြင်းသည် လက်ရှိအစိုးရအား ထောက်ခံအားပေး၍ အကြံပေးရေးသားနေခြင့်မဟုတ်၊ တိုင်းပြည်အပေါ်ထားရှိသော စေတနာဖြင့်သာ ရေးသားခဲ့သည်။



လူလ

ရွှင်လန်းချမ်းမြေ့ပါစေ....

( ၂၅၊ ၀၈၊ ၁၁ )
Type the rest of your post here.

Wednesday, August 24, 2011

ကျနော်ရဲ့ ၈လေးလုံး အရေးတော်ပုံ(သို့မဟုတ်)မိုးကောင်းသပိတ်တိုက်ပွဲ အပိုင်း(၂)

ကျနော်ရဲ့ ၈လေးလုံး အရေးတော်ပုံ
                                         (သို့မဟုတ်)
                      မိုးကောင်းသပိတ်တိုက်ပွဲ  အပိုင်း(၂)
ရာစု
ကားတစီးနဲ့ လူ သုံးယောက်
မနေ့က ဆန္ဒပြရာမှာ ဇောနဲ့ ဘယ်လောက်ထိ အော်လိုက်မိသည်မသိပါ၊ ကျနော် အိပ်ယာကထလိုက်တော့ တကိုယ်လုံးအရိုက်ခံထားရသလို နာနေပါတယ်။ စကားပြောတော့ လည်း ထွက်လာတဲ့ အသံက အဆိုတော် ဇော်ဝင်းထွဋ်လိုလို အဆိုတော်ရဲသွင်လိုလိုနဲ့ အသံက ကွဲရှရှ ဖြစ်နေပါတယ်။ စီးပွားရေး သမားနဲ့ ဆေးသမားများတဲ့ ကျနော်တို့ မြို့ ဘယ်တော့မှ ဆန္ဒပြမှုတွေ မရှိနိုင်ဘူးလို့ ထင်ထားတဲ့မြို့ အခုတော့ လူတွေရဲ့ထင်မြင်ချက်ကို ကျနော်တို့ ပြောင်းပြန်လှန်ပစ်လိုက်ကြပြီ ဘာတွေဖြစ်လာမယ် ဆိုတာ ရင်ခုန်စွာနဲ့ စောင့်နေချိန်ပေါ့။ အခြေအနေ စုံစမ်းရန် ထုံးစံအတိုင်း စိမ်းဝါ လ္ဘက်ရည်ဆိုင်လေးကို ကျနော်ထွက်လာခဲ့ပါတယ်၊ ကျနော့် ဆီးကြိုနေ သူကတော့ ကျနော့် သူငယ်ချင်း သန်းဝင်း(ဖက်တီး)နဲ့ အောင်နိုင်သူ (ကျောင်းအုပ်ဆရာကြီးသားအငယ်) ပေါ့၊ ရောက်တာနဲ့ “ဘယ်လိုလဲ မင်းတို့တော်တော်မောသွား လားတဲ့” “တကိုယ်လုံးကိုနာနေတာပဲကွာ” လို့ပြောတော့  မနေ့က “မင်းရုပ်ဖျက်ထားလဲ ဘိုးတော် (ဆရာကြီး) သိတယ်တဲ့ ဘယ်သူတွေပါလဲဆိုတာ ထောက်လှမ်းရေးတော့ စုံစမ်းနေတယ်တဲ့ သတိတော့ထားတဲ့” သတိပေးတော့ ကျနော်နဲနဲတော့စိုးရိမ်သွားပါတယ် ကျနော်လည်း ကျနော့်ရဲ့ ကြောက်စိတ်ကို ဖျောက်တဲ့ အနေနဲ့ “မင်းတို့က မနေ့က ဘယ်ရောက်နေကြတာလဲ” လို့အတည်ပေါက်နဲ့ မေးလိုက်တော့၊ အောင်နိုင်သူက “မင်းကိုမြင်တာနဲ့ ငါတို့ ဒီ လ္ဘက်ရည်ဆိုင်နောက်မှာ လာပုန်းနေတာ” “တော်တော်အားကိုးရတဲ့ သူငယ်ချင်းတွေ” လို့ပြောပြီး တဖက်ဝိုင်းမှာထိုင်နေတဲ့ ကျနော့်တို့အသိ ရှေ့နေကြီးကို ကျနော်သွားမေးကြည့်လိုက်ပါတယ် “ဆန္ဒပြတယ်ဆိုတာဘယ်ဥပဒေနဲ့ငြိလဲ” လို့မေးကြည့်လိုက်ပါတယ် “ပြည်သူပိုင်ပစ္စည်းမဖျက်ဆီးရင် ဘယ်ဥပဒေမှ မငြိစွန်းဘူး ဘယ်ဥပဒေနဲ့မှ ဖမ်းလို့မရဘူး”လို့ပြောတော့ ကျနော်
E:\PHOTO\ABSDF_NB\8888\8888-MGG\m.JPG
လူထုဖက်ကိုရပ်တည်လာကြသော မိုးကောင်း ပြည်သူ့စစ်များ
နဲနဲအားတက်သွားပါတယ် ကျနော်ပြန်ထွက်လာခဲ့တယ်၊ ကျနော် ခါတိုင်းလို့ လ္ဘက်ရည်ဆိုင်တွင် ကြာကြာ မထိုင်ရဲတော့ပါ အိမ်ပြန်လာ ပြီး အိမ်တွင်းပုန်း လုပ်နေပါတယ်။
ညနေ ရောက်တော့ ဆရာမျိုးလွင်ကို ကားတစီးနဲ့ အရပ်ဝတ် ဝတ်ထားတဲ့ လူသုံးယောက် လာခေါ်သွားတယ်လို့ သတင်းကြားရပါတော့ တယ်။ ကိုမျိုးလွင် ငှါးနေသောအခန်း နဲ့ ကျနော့် အိမ်ကသိပ်မဝေးလှပါ။ ည(၈)နာရီလောက် ရောက်တော့ ကိုမျိုးလွင် စိတ်တိုပြီး ပြန်ရောက်လာပါတယ်။ ဒီမြို့မှာဆက်နေရင် နိုင်ငံရေး မလုပ်ရဘူးလို့ ဝန်ခံလက်မှတ်ထိုးခဲ့ ရတယ် တဲ့ ။ ဒါဆို “ကျနော်တို့ဘယ်လို့လုပ်ကြမလဲ” မေးလိုက်တော့ “လုပ်စရာ ရှိတာဆက်လုပ်မယ်လို့” ပြောပါတယ် ဒါနဲ့ ကျနော်လည်း အိမ်ပြန်လာခဲ့ပါတယ် ။ 
လူမသိလိုက်တဲ့ စစ်ဆင်ရေး
သြဂုတ်လ(၁၅) ရက် ရောက်တော့ မြစ်ကြီးနားကောလိပ်တွင် ဒုတိယနှစ် တက်နေတဲ့ ကျနော်ရဲ့ ညီမနှစ်ဝမ်းကွဲတော်စပ်သူ ခင်ညို(ခ)မိတုတ်က (မိတုတ်သည် ၁၉၈၉ ခုတွင် ဖားကန့်ဝှေခါလမ်းတွင် လူထုစည်းရုံးရေးတာဝန်ယူစဉ်ကျဆုံးသွားသူ) အိမ်နောက် ဖက်မှလှမ်းခေါ်ပြီး သူ့အိမ်မှာကျနော့် ကိုတွေ့ချင်တဲ့ သူ့သူငယ်ချင်းတွေနဲ့အတူ ဆရာမတယောက်လဲရောက်နေတယ် နောက်လုပ်မဲ့ အစီအစဉ်ကို တိုင်ပင်ချင်လို့ သူအိမ်ကိုလာဖို့ပြောပါတယ်။ သူ့အိမ်နဲ့ ကျနော်အိမ်က သိပ်မဝေးပါ ၊ ဒါနဲ့ကျနော်လည်း ရေမိုးချိုးပြီး အများအမြင်မှာ လမ်းသူရဲ ဟုထင်အောင် သနပ်ခါးကိုပါကွက်ကျား ကွက်လိုက်ပါတယ်။ အဲဒီအချိန်တုန်းက ကျော်ဟိန်း လမ်းသူရဲအဖြစ် သရုပ်ဆောင်ထားတဲ့ ကျီးယောင်ဆောင်သောဒေါင်းက နယ်တွေမှာနှစ်ကြော့ပြန် ရုံတင်ပြီးချိန်ပေါ့။ အရောင်တောက်ပနေဆဲဖြစ်နေတဲ့ ကျော်သူပုဆိုး(ရခိုင်ပုဆိုး)အဟောင်း တထည် ကို ကပျာ ကယာဝတ်ပြီးထွက်လာခဲ့ပါတယ်။ လမ်းရောက်မှ သတိထားမိလိုက်တာက ကျနော် အတွင်းခံ ၀တ်မလာမိပါ။ ဘယ်သူ သိတာမှတ်လို့ ဆိုပြီး ကိုယ့်အတွေးနဲ့ကိုယ် ထွက်လာခဲ့တယ်။ ခင်ညို တို့အိမ်ရောက်တော့ ဧည့်ခန်းတွင် ခင်းထားသော သင်ပျူဖျာ တွင်ထိုင်နေကြတဲ့ မိန်းကလေး သုံးယောက်ကိုတွေ့ရပါတယ်။ ကိုယ့်နဲ့မရင်းနှီးတဲ့ မိန်းကလေးကို စကားပြောဖို့ ကျနော် နဲနဲတော့ ရှိုးတိုးရှန့်တန့်ဖြစ်နေမိပါတယ် ဒါနဲ့မိန်းကလေး သုံးယောက် မျက်နှာချင်းဆိုင်တွင် ကျနော် လည်း ယောင်္ကျားတို့ ရဲ့ အိနြေ္ဒ နဲ့ အညီ ပုဆိုးစ အောက်ပိုင်း သိမ်းရင်း ကျုံ့ကျုံ့လေး ၀င် ထိုင်လိုက်ပါတယ်။ ဝင်ထိုင်လိုက်တဲ့အချိန်မှာပဲ “ဗြစ်”ဆိုတဲ့အသံတခု ကြားလိုက်ရတာပါ။ ကျနော့် မျက်နှာမှာ မီးတောင်တခု ပေါက်ကွဲ သည့်အလား ထူပူသွားပါတယ်။ အခုဖြစ်နေတာကတော့ မီးတောက်ပေါက်ကွဲတာ မဟုတ်ပါ ပုဆိုးပြဲသွားတာ ဖြစ်တယ်။ ကျနော် ထိုင်လိုက်တဲ့ အချိန်မှာ ကျနော့် ရဲ့ အရောင်တောက်ပြီး ဆွေးမြေ့နေတဲ့ ပုဆိုး က တင်ပါးနေရာမှာ ကွဲထွက်သွားတာပါ။ ပါတ်ဝန်းကျင် ကို အကဲခတ်လိုက်တာ့ သူတို့ သိဟန်မတူ။ ချော်လဲရောထိုင်တော့ကြားဖူးသည် အခုကျနော့်အဖြစ်က ပုဆိုးပြဲရောထိုင်ပေါ့၊  “ ဒါက ငါ့သူငယ်ချင်း တွေပဲ ဘော့တနီက ငါနဲ့တမေဂျာထဲပဲ သူက မာမာ(ယခုABCသတင်းဌာနချင်းမိုင်)၊ သူက အေးအေးမြင့်(ဂျစ်တူး) သူကတော့ မူလတန်းပြ ဆရာမ မီမီခိုင်(ယခု USA)တဲ့ အခု မင်းကိုတွေ့ချင်တာသူပေါ့လို့” ခင်ညို ကပဲ စတင် မိတ်ဆက်ပေးပါတယ်။ သူတို့က နောက်လုပ် မဲ့ အစီအစဉ်ကိုမေးလာတော့ ကျနော်အရမ်းစိတ်ပူနေမိနေပါတယ် ဘာမှ မပြောနိုင်ပါ ၊ စိတ်ပူတာ ထောက်လှမ်းရေး ရောက်လာမှာကြောင့်လဲ မဟုတ်သလို သူတို့ကိုမယုံကြည်လို့လဲ မဟုတ်ပါ ထိုင်တဲ့နေရာမှာ ပုဆိုးကပြဲသွားတယ် ဖြစ်ချင်တော့ အတွင်းခံဘောင်ဘီက ဝတ်မလာမိဘူး ပုဆိုးဖင်ကွဲကို သူတို့ မမြင်အောင် ဘယ်လိုပြန်ရမလဲ ဆိုတွေးပြီးစိတ်ပူ နေတာပါ။ (၁၃)ရက်နေ့က သူတို့ သပိတ်ထဲဝင်လာလို့ မရတဲ့အကြောင်း၊ ဒီတခါလုပ်ရင်သူတို့ ပါမယ်ဆိုတဲ့အကြောင်း စသဖြင့် စကားစမည်ပြောကြပါတယ်၊  နောက်ရက်မှာ ဒီကိုပြန်ခဲ့ဖို့  ဆရာမျိုးလွင် ကိုပါခေါ်လာပြီး မိတ်ဆက်ပေးမယ်ပြောတော့ ပြောလက်စ စကားများလဲပြတ်သွားကြပါတယ်။ သူတို့လည်းပြန်ဖို့ထ ကြ ၊ ကျနော် နောက်နံရံကို အကာအကွယ်ယူထကာ စကားရောဖောရောနဲ့ နောက်ပြန်ဆုပ်ပြီး နောက်တံခါးပေါက်ဆီ နောက်ပြန်လာခဲ့ပါတယ်။ ခင်ညိုအိမ် နောက်ဖက်နားမှာ ရှိနေတဲ့ အိမ်သာ ထဲ အမြန်ဝင်ပြီး ကွဲနေတဲ့ ကျနော့် ပုဆိုးကွဲကို လှည့်ဝတ် ပြီး ပြန်လာခဲ့ပါတယ် ၊ ထိုအခါကြမှပဲ ရင်ထဲက အပူလုံးကြီးလဲ ကျသွားပါတော့တယ်။ ဒါဟာလည်း အသက်(၂၀) ကျော်သာ ရှိသေးတဲ့ ကျနော့်အတွက်တော့ စစ်ဆင်ရေး တခုကို ဆင်နွဲလိုက်ရသလိုပါပဲ အခုတော့ ဘယ်သူမှမသိတဲ့ စစ်ဆင်ရေးကို ကျနော် အောင်နိုင်လိုက်ပါပြီ။
ချိတ်မိလိုက်တဲ့ကွင်းဆက်များ
နောက်ရက်မှာ ဆရာမျိုးလွင် နဲ့ သူတို့ နဲ့ တွေ့ကြပါတယ်၊ ကိုမျိုးလွင်ရဲ့ အစီစဉ်နဲ့ ရပ်ကွက်လိုက် အုပ်စုလိုက်ဖွဲ့ အုပ်စုလေးတွေ လျိုဝှက်စွာ ဖွဲ့ကြပါတယ်။ ဒီတခါတော့ ကျနော်အရမ်း မပင်ပမ်းတောပါ။ လုပ်မဲ့သူတွေပေါ်လာကြပြီ တာဝန်ခွဲဝေမှုတချို့ ပါလုပ်ထားနိုင်ပြီဖြစ်ပါတယ်၊  အုပ်စုတခုတွင် ခေါင်း ဆောင်တယောက် ထား၍ စနစ်တကျ ဖွဲ့ထားကြပါတယ်၊ ကွင်းဆက်တွေ အားလုံး ချိတ်မိလိုက်ကြပြီပေါ့၊ လာမယ့်(၁၇)ရက်နေ့မှာ အားလုံးပါဝင်လာမဲ့ သပိတ်ဖြစ်လာဖို့စီစဉ်ကြပါတယ်။ ကျနော်က ခေါင်းစည်းတာဝန်ယူ ထားတာကြောင့် သူငယ်ချင်းတယောက်ရဲ့ အထည်ဆိုင်မှာ အနီရောင်ပိတ်အုပ် တအုပ်ကို အကြွေးယူပြီး ခေါင်းစည်း တွေကိုဖြတ်နေပါတယ်၊ အလယ်တည့်တည့် တွင် သဘောင်္ဆေး၊ မြေဖြူတို့ကို သုံးပြီး “သွေး” ဆိုတဲ့ စာလုံးလေးကို ရေးရင်းအလုပ်ရှုပ်နေပါတယ်။ သြဂုတ်လ(၁၆)နေ့ ညအထိ ခြေချင်းလိမ် နေတဲ့ ထောက်လှမ်းရေးတွေ ကြားက ဆိုင်ရာဆိုင်ရာ အုပ်စု အစည်းအဝေးတွေ ၊ အုပ်စုခေါင်းဆောင် အစည်းဝေး တွေကို လုပ်ဆောင်နေကြတာဟာ သဲထိပ်ရင်ဖို ဇာတ်ကားတကား ကြည့်နေရ သလို ပါပဲ။ အဲဒီတုန်းက အစည်း တခုသွားဖို့ ပေးခဲ့တဲ့ စကားဝှက်ကို ကျနော် အခုထိမှတ်မိနေတုန်း ပါ။ သူငယ်ချင်းတယောက် ကျနော့်ဆီရောက်ပြီး ဒီည အစည်းဝေးရှိတယ် စကားဝှက် က “ဗုဒ္ဒ”
E:\PHOTO\ABSDF_NB\8888\8888-MGG\8888-MGG-089.JPG(ဓါတ်ပုံ MGG ၁၉၈၈ )
၁၃ရက်နေ့ သပိတ်စတင်ထွက်တဲ့အချိန်ပါခဲ့တဲ့ အာဇာနည်ကျောင်းသူ သက်သက်ခိုင်
မျက်စိတမှိတ် လျှပ်တပြက်
သြဂုတ်လ(၁၇) ရက်နေ့ တွင် ကျောင်းသား တွေ သပိတ်ပြန်မှောက်မယ် ဆိုတဲ့သတင်း ထွက်နေပါတယ်၊ ဒီတခါတော့ မြို့ခံလူထုဟာ အကြောက်အရွံ့မရှိ သူတို့အလုပ် သူတို့လုပ်နေကြ သောကြောင့် မြို့ကလေးမှာ ပုံမှန်စည်းကားနေပါတယ်။ ထောက်လှမ်းရေး တွေကလည်း ကျောင်းသားတွေစုကြမဲ့ စုရပ်လိုက်ရှာနေကြပါတယ်။ မိုးကောင်းမြို့ အိုးတန်းရပ်ကွက် မှာ လ္ဘက်ရည်ဆိုင် သုံးဆိုင်ဟာ တဆိုင်နဲ့တဆိုင် မနီးမဝေးတွင်ရှိနေတဲ့နေရာမှာဖွင့်ထားကြပါတယ်။  (၁၃) ရက်နေ့ အတွေ့အကြုံအရ စု ရပ်ကို တနေရာထဲမှာ မထားတော့ပါဘူး ၊ မိုးကောင်းမြို့ ရဲ့ လ္ဘက်ရည် တိုင်းကို စုရပ်အဖြစ်လုပ်လိုက်ကြပါတယ်။ အပြင်ပန်းက ကြည့်လိုက်ရင်တော့ လ္ဘရည်လာသောက်တဲ့ သူတွေပဲပေါ့၊ မနက်(၇)နာရီလောက်ထဲက လက်ဖက်ရည်ဆိုင်တွေမှာ ကျောင်းသား တော်တော်များများ ရောက်နှင့် နေကြပြီး ထောက်လှမ်းရေးတွေက လဲ ဆိုင်တိုင်းမှာ သတင်းအစ အန ရဖို့ နားစွင့်နေကြပါတယ်။ ကျနော်တို့ (၈) နာရီ မှာ စထွက်ဖို့ တိုင်ပင်ထားကြတာပါ ဒါပေမဲ့ စိတ်လှုပ်ရှားနေတဲ့ ကျော်စိုးက (၈) နာရီမထိုးခင် ၁၀ မိနစ်အလိုမှာ  လ္ဘက်ရည်ဆိုင်ထဲကနေ ရုတ်တရက်ပြေးထွက်သွားပြီး ကားလမ်းမပေါ် အရောက်တွင် သူ့တွင် အသင့်ပါလာသော whistle ခရာ ကိုစတင် မှုတ်လိုက်ပါတော့တယ် … ခရာသံကြားသော အခါ လ္ဘက်ရည်ဆိုင်တွင်ထိုင်နေကြသော ကျောင်းသား များဟာ ကားလမ်းမ ဆီသို့ ရောက်ရှိလာကာ မိုးပေါ်မှကျ လာသည့်အလား ဆန္ဒပြ ကျောင်းသားသပိတ်ဟာ မျက်စိရှေ့တွင်ပဲ ဘွားကနဲ့ပေါ်ပေါက်လာပါတော့တယ် ။ ရန်ကုန်နဲ့ မျြိ့ကြီးတော်တော်များများမှာ ကျဆုံးသွားတဲ့ ကျောင်းသားတွေ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ပါလာသောအလံအနက်ကို လေပေါ်သို့လွှင့်တင်လိုက်ကြပြီး သပိတ်……….သပိတ်   မှောက်………မှောက်    ဆန္ဒ……ဆန္ဒ         ပြ ပြ  ဟုကြွေးကြော်သံကို စတင် အော်လိုက်တော့ လ္ဘက်ရည်အတွင်းမှာ သတင်းထောက်လှမ်းဖို့ ရောက်နေတဲ့ ထောက်လှမ်းရေးတွေ အံ့အားသင့်သွားကြပါတယ် မျက်စိ တမှိတ် လျှပ်တပြက်အတွင်းမှာ ပဲ တရာနည်းပါး ဖြစ်သွားပါတယ် ။ တခဏအတွင်းမှာ စုစည်းလိုက်တဲ့ ကျောင်းသားတွေရဲ့ အင်အား ကိုကြည့်ရင်း ဘာလုပ်ရမှန်း မသိဖြစ်သွားကြသော ထောက်လှမ်းရေးများ အံသြငေးမောနေရုံကလွဲ လို့တခြားလုပ်စရာမရှိတော့ပါ။
အိမ်တွင်းနတ်ပါမကျန် ဆန္ဒပြကြပြီ
တခဏအတွင်းမှာ ကျနော်တို့ရဲ့ အင်အားကိုစုစည်းပြီး သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ချီတက်လာခဲ့ကြပါတယ်၊ ကျနော်ကတော့ ပါလာတဲ့ လွယ်အိတ်ထဲမှ ခေါင်းစည်အနီတွေ လူတိုင်းစေ့ လိုက်ဝေငှပြီး နဖူးတွင်စည်းလိုက်ပါတယ်၊ လူစည်းကားရာ မနက်ဈေးကြီး လမ်းဆုံတွင် ရပ်ပြီး ကိုမျိုးလွင်မှ နိုင်ငံရေးတရား ဟောပါတော့တယ် ၊ ထိုအခါကြမှ နေရာ အသီးသီးမှ သပိတ်စစ်ကြောင်းများ လာရောက်ပူးပေါင်းလာကြပါတယ်။ ကျနော်တို့ ဆန္ဒပြကျောင်းသားများ တချို့ က မျက်နှာဖုံးများကို တတ်ထားကြပါတယ်။ တရားဟောနေတဲ့ ကိုမျိုးလွင် မှ ဗိုလ်အောင်ဆန်း လွတ်လပ်ရေးခေတ်က လူထုကိုတရားဟောတဲ့လေသံမျိုးနဲ့ “ကျနော်တို့ ကျောင်းသားတွေဟာ တနိုင်ငံလုံးမှာ ရှိနေကြတဲ့ ပြည်သူလူထုကြီးရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ဘို့အတွက် လမ်းပေါ်ထွက်လာကြခြင်းဖြစ်တယ် ပြည်သူလူထု အတွက် အသက်ကိုပေးဖို့လည်းဝန်မလေးဘူး သေမှာမကြောက်လို့ ပေတရာလျှောက်တာ သပိတ်မှောက်တာဖြစ်တယ် ဒါကြောင့် မျက်နှာမှာ စည်းထားတဲ့ ပဝါတွေ ကို အားလုံး ဖယ်လိုက်ကြပါ။ ဒီတပါတီအာဏာရှင်အစိုးရကို ရဲရဲဝင့်ဝင့် ဆန့်ကျင်ကြမယ်”လို့ပြောလိုက်တော့ မျက်နှာမှာစည်းထားတဲ့ ပဝါများကို အားလုံးဖယ်လိုက်ကြပါတယ်၊ ကျနော်တို့ ဆက်လက်ချီတက်ခဲ့ကြပါတယ် သပိတ်ရဲ့တပ်ဦးတွင် ပါလီမန်ခေတ်က ကြယ်ငါးပွင့် အလံ၊ ၀မ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင်အလံ၊ သုံရောင်ခြယ် ကဒေါင်းအလံနဲ့ မဆလအလံကို ဒီနေ့မှာတော့ ပြောင်းပြန်ထောင်လိုက်ကြပါတယ်၊ ဒုတိယနေ့အဖြစ် ပြန်ထွက်လာတော့လည်း ကျနော်မှာ ခွပ်ဒေါင်းအလံမပါခဲ့ပါဘူး ဘာဖြစ်လို့လဲဆိုတော့(၂၆)နှစ် လုံးလုံး ခွပ်ဒေါင်းဆိုတဲ့ သင်္ကေတ ကိုသွေးပျက်ကြောက်လန့်ပြီး သမိုင်းကိုအမှောင်ချခြင်ခံထားခဲ့ရလို့ ကျနော်တို့ ဟာ သပိတ်မှောက်ကျောင်းသားများ ဖြစ်နေသော်လည်း သြဂုတ်လ (၁၇)ရက်နေ့အထိ ကျောင်းသားတို့ရဲ့ သင်္ကေတ ခွပ်ဒေါင်းအလံဆိုတာ ကျနော်တို့ မတွေ့ဘူးမမြင်ဘူးကြပါ၊  တပ်ဦးအလံရဲ့ နောက်တွင် ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံနဲ့ ပန်းခွေကို မာမာနဲ့ ခင်ညို က ကိုင်ပြီးချီတက်လှည့်လည်ခဲ့ကြပါတယ်။  ကျောင်းသူကျောင်းသားများနဲ့ဆန္ဒပြကြတဲ့သူတွေဟာ မျက်နှာဖုံးများဖုံကွယ်ထားခြင်းမရှိဘဲ ခေါင်းစည်းအနီများသာစည်းထားသော ကြောင့် ရဲရဲတောက် ဆန္ဒပြ သပိတ်ကြီး ဖြစ်သွားပါတော့တယ်၊ ကျနော့် ဆီတွင် ခေါင်းစည်း များလာတောင်း သောသူများ အရမ်းများလာသောကြောင့် တခုမှပင် မကျန်တော့ပါ။ တချို့လည်းခေါင်းစည်းမရသော ကြောင့်
E:\PHOTO\ABSDF_NB\8888\8888-MGG\8888-MGG-084.JPG(ဓါတ်ပုံ MGG ၁၉၈၈ )
ရွှေသာလျောင်း ဘုရားကြီးဝန်းအတွင်းက မိုးကောင်းသပိတ်စခန်း
စိတ်ကောက်ပြီး ပြန်သွားတဲ့ သူတွေရှိပါတယ်။ တချို့ကတော့ သူတို့ခေါင်းစည်းနဲ့ သူတို့ ယူလာကြတာကိုတွေရပါတယ် ။ လူတထောင်နီးပါဖြစ်သွား သောကြောင့် စည်းကမ်းရှိကြဖို့ သပိတ်ကို ကျနော်တို့ ထိန်းရပါတယ်။ စင်ပေါ်တက်ပြီး တရားဟောတဲ့သူတွေကလည်း အရမ်းများလာပါတယ်။ တမြို့လုံးက ပြည်သူလူထုရဲ့ ထောက်ခံမှုကိုလည်းရခဲ့ကြပါတယ်၊ ဒါကြောင့် ကျနော်တို့ တရက်တာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခြင်းကိုရပ်နားဖို့အတွက်  ရွှေသာလျောင်း ဘုရားကြီးသို့ ချီတက်လာခဲ့ပါတော့တယ်၊ ရွှေသာလျောင်းဘုရားကြီးသို့ ရောက်သောအခါ သုံးရောင်ချယ် ကဒေါင်းအလံကို လွှင့်ထူကာ မိုးကောင်း ကျောင်းသားသပိတ်စခန်း ကို ဖွင့်လိုက်ကြပါတော့တယ်။ ဒီလိုနဲ့ညပိုင်းရောက်တော့ ကျနော်တို့ကို အားပေးကြတဲ့သူလာကြတာပေါ့ ကျောင်းသား တွေသာဦးဆောင်ရင် သူတို့ကနောက်လိုက်ပြီးသာပဲ ဒီတပါတီအာဏာရှင်အစိုးရကိုတော့ ပြုတ်အောင် တိုက်မှရမယ်လို့ လာပြောကြပါတယ်။ တချို့လာအားပေးတာက ထူးထူးဆန်းဆန်းဖြစ်နေပါတယ်။ “ဒီမိုကရေစီရမှာတော့သေချာနေပြီ ကျောင်းသားတွေ ရဲရဲတောက် ဆန္ဒပြကြတာ အိမ်တွေမှာ ကိုးကွယ်ထားတဲ့ အိမ်တွင်းနတ်ပါ မကျန်ဘူး သေချာတယ် သေချာတယ်” လို့ကြံကြံဖန်ဖန် လာအားပေးကြပါတယ်။ “ဘာဖြစ်လို့လဲလို့မေးလိုက်တော့” “အိမ်မှာကိုးကွယ်ထားတဲ့ နတ်အုန်းကိုကာထားတဲ့ လိုက်ကာအနီတွေ မရှိတော့ဘူး မင်းတို့သပိတ်နဲ့ပါသွားပြီ အဲဒါကြောင့်ပြောတာပါတဲ့” နောက်မှ သိလိုက်ရတာ က ဆန္ဒလိုက်ပြချင်ကြတဲ့ လူငယ်တွေက ခေါင်းစည်းမရှိတော့လို့ သူတို့အိမ်မှာ နတ်အုန်းသီးကို ကာထားတဲ့ လိုက်ကာတွေကို သွားဖြုတ်ပြီး ခေါင်းစည်းလုပ်လိုက်ကြတယ်လို့ သိလိုက်ရပါတယ်။
ဟိုင်နန်ကျွန်းလဲ မိုးကောင်းသပိတ်မှာပါခဲ့တယ်
ကျနော်တို့ ခေါင်းချင်းရိုက်အစည်းဝေးများ ထိုင်ကြပြီး တာဝန်များကိုခွဲကြပြန်ပါတယ် သပိတ်စခန်းတွင်လုံခြုံရေးတာယူသူကယူ ပြည်သူလူထုကို သတင်းအချက်အလက်များ အချိန်မှီပြန်ကြားနိုင်အောင် ပြန်ကြားရေးအဖွဲ့ စသည်တို့ကို ကျနော်ဖွဲ့ပြီး တာဝန်ခွဲခဲ့ကြပါတယ်။ သပိတ်စခန်းတွင် ကိုမျိုးလွင်မှ သပိတ်ခေါင်းဆောင်တာဝန်ယှူု၍ နေ့စဉ်ဆန္ဒပြကြရန်  အခုကာလ က စည်းရုံးရေးကာလဖြစ် သောကြောင့် လူထုလူတန်းစား အလွှာအသီးသီးပါဝင်လာဖို့ မိုးကောင်းမြို့နယ် အတွင်းရှိ ကျေးလက်ဒေသများအထိ လူစုခွဲပြီး စည်းရုံးရေးဆင်းကြရပြန်ပါတယ် ။ ကျနော်ရယ်၊ စံရွှေမြင့်ရယ် ကိုသန်းထူးအေး က မိုးကောင်းမြို့နဲ့ ၄မိုင်၅ ခန့်ဝေးသော ကျနော်တို့ မြို့နယ်တွင် စပါးအထွက်အနှုန်းအရမ်းကောင်းတဲ့ ရေရှင်နယ်ဖက် ရွာစဉ်တလျောက်ကို စည်းရုံးရေဆင်းကြ ရပါတယ်။ ဒီမိုကရေစီစံနစ်ကို တိုင်းပြည်မှာကျင့်သုံးရင် လယ်သမားတွေဘ၀ ဒီထက်မက မြင့်မားလာနိုင်တယ်။ လွတ်လပ်စွာ စိုက်ပျိုးခွင့် လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကား ခွင့်များရှိကြောင်း သိသလောက် တတ်သလောက် ရှင်းပြကြပါတယ်။ ဒေသခံတောင်သူတွေကို လိုက်လံစည်းရုံးရာတွင် တာဝန်ကျ စစ်တပ်က စာသင်ကျောင်းကို အသုံးပြုခွင့်မပေးသောကြောင့်
E:\PHOTO\ABSDF_NB\8888\8888-MGG\8888-MGG-055.JPG (ဓါတ်ပုံ MGG ၁၉၈၈ ) လူထုလူတန်းစားအလွှာအသီးသီးပါဝင်လာတဲ့ မိုးကောင်းအထွေထွေသပိတ်
တအိမ်တက်ဆင်း စည်းရုံးကြပါတယ်။ ဒါကြောင့် ကျနော်တို့သပိတ် ကျောင်းသားများနဲ့ ဒေသခံတွေ ပိုမိုရင်းနှီးလာပါတယ်၊ အောက်ခြေစစ်သားများကလည်း ကျနော်တို့မြင်ရင် သူတို့ထောက်ခံကြောင်း ဒီမိုကရေစီကို သူတို့ စစ်သားတွေလည်း လိုချင်ကြောင်း မသိမသာလှမ်းပြောကြပါတယ်။ ကျေးလက်ရှိ တောင်သူလယ်သမားများ ကလည်း ကျောင်းသားတွေဦးဆောင်မှု နောက်က သူတို့ လိုက်မယ် ကျောင်းသားသပိတ်နဲ့ ပူပေါင်းကြမယ်လို့ သဘောတူကြပါတယ်။  ဒါကြောင့် အထွေထွေ သပိတ်နေ့များ တွင် ချီတက်ဆန္ဒဖော်ထုတ်ကြရန် ၁ ညအိပ် ၂ ရက် လိုက်လံ စည်းရုံးပြီး ကျနော်တို့ပြန်လာခဲ့ကြပါတယ်။ ကျနော်တို့ သပိတ်စခန်းပြန်ရောက်တော့ တခြား ကျေးရွာတွေဆီ စည်းရုံးရေး ဆင်းကြတဲ့ အဖွဲ့တွေလည်း ပြန်ရောက်လာကြပါတယ်။ ညပိုင်းရောက်တော့ လူထုကို စည်းရုံးရေးဆင်းရေးဆင်းကြတဲ့ သူ့အတွေ့အကြုံ ကိုယ်အတွေ့ကြုံတွေကို ပြန်ပြောဖြစ်ကြပါတယ်၊ ကျနော့်ကလည်း ကျနော်တို့သွားစည်းရုံးတဲ့ ရွားတရွာဆို စစ်တပ်ကိုကြောက်လို့ ကျနော်တို့ ပြောမယ့်စကားကိုလာနားထောင်မဲ့သူမရှိဘူး တယောက်ပဲလာနားထောင်းတဲ့အကြောင်း ၊ အဲဒီတယောက်ကို ကိုသန်းထူးအေးက တရားဟောလိုက်တာ အဲဒီရွာကသူတော့ မသိဘူး ကျနော်ကတော့ အိပ်ပျော်သွားတယ်ပြောတော့ ၀ိုင်းရယ်ကြပါတယ်။ ခင်ညို ကလည်းသူတို့ အတွေ့အကြုံကိုပြောပြပါတယ်။ သူတို့စည်းရုံးရေးဆင်းတဲ့ရွာမှာ ကျော်စိုးက မာန်ပါပါနဲ့တက်ပြောတာ မြန်မာပြည်က “မဆလ အစိုးရ ရောင်းစားထားတဲ့အထဲ ဟိုင်နန်ကျွန်းလည်းပါသွားပြီ ဟိုင်နန်ကျွန်းကိုလည်း ရအောင်ပြန်ယူရမယ်”လို့ မစည်မဆိုင် လူထုကိုမိန်းခွန်းချွေလိုက်တော့ အားလုံးက မသိမသာဆင်းခိုင်းပြီး တခြားအကြောင်းတွေ စကားလမ်းကြောင်းလွှဲခဲ့ ရတဲ့အကြောင်းတွေပြန်ပြောတော့ ရယ်ခဲ့ ရတဲ့အဖြစ်တွေကို ကျနော် သတိရမိပြန်ပါတယ်။ ဒီလိုနဲ့ သြဂုတ်လ(၂၂) မှာကျနော်တို့ မိုးကောင်းမြို့တွင် တောင်သူလယ်သမား အလုပ်သမား ဆရာဝန် ရှေ့နေများ လူထုလူတန်းစားအလွှာအသီးသီး  ပါဝင်တဲ့  မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီကို ဆန့်ကျင်တဲ့ လူအင်အားသောင်းနဲ့ချီသော အထွေထွေသပိတ်ကြီး ပေါ်ပေါက်လာပါ တော့တယ်။    (ဆက်ရန်ရှိသေးသည်)

Tuesday, August 23, 2011

မြန်မာပြည်မှပေးစာ(အားလပ်ရက်-၂)

(၂၀၁၁ သြဂုတ်လ ၂၂ နေ့ထုတ် မိုင်အိနိချိ နေ့စဉ်သတင်းစာပါ  Letter from Burma: Holiday (2) ကို မြန်မာပြန်ဆိုပါသည် )
မောင်မောင်လှကြိုင်


စိမ်းလန်းစိုပြေတဲ့ကုန်းမြေရဲ့ အနောက်ဘက်နယ်ခြားတလျှောက် လေးတွဲ့စွာစီးဆင်းနေတဲ့ ဧရာဝတီမြစ်ရဲ့ အံ့မခန်းမြင် ကွင်းကို ပုဂံဟိုတယ်(မြစ်မြင်ကွင်း)က ပကတိဖော်ပြပေးနေပါတယ်။

ကျွန်ုပ်တို့ ပုဂံတွင် လေးရက်နေထိုင်စဉ်မှာ မုတ်သုန်ရာသီတွင်း ကောင်းစွာချဉ်းနင်းဝင်ရောက်နေသော်လဲ မိုးဖွဲလေး(အမှန် တကယ်ကိုအဖွဲဆုံးလေး) တကြိမ်ပဲ ရွာခဲ့ပါတယ်။ မြို့တော်ဟောင်းအတွက် ကျော်ကြားစေခဲ့တဲ့ ရှုမောဘွယ်ရာ နေဝင် ဆည်းဆာများကို ညနေတိုင်း ကျွန်ုပ်တို့ခံစားပျော်ရွှင်ခဲ့ရပါတယ်။

ကျွန်ုပ်တို့ ဘန်ဂလိုရဲ့ဝရံတာကနေ နေဝန်းနီကြီး တော်ဝင်ခြေလှမ်းများဖြင့် လျှော်ကျသွားနေတာကို ကြည့်မြင်ရပါတယ်။ တဘက်မြစ်ကမ်းကိုညှို့မှိုင်းနေစေတဲ့ မရမ်းနုရောင်နဲ့ မဲနယ်ပြာတောင်တန်းများနောက်ကွယ်မှာ လျှိုးဝင်မပျောက်ကွယ်ခင် မှာ ကောင်းကင်ကို အပြောရခက်တဲ့ ဟင်္သာပြဒါးရောင်များနဲ့ လိမ္မော်ရောင်များနဲ့ အဝါရောင်များဖြင့် ရောင်ခြယ်လျက် အံ့ဘွယ်တိမ်ကောက်ကြောင်းများကို အရောင်လင်းလက်စေပါတယ်။ ဒါဟာ ခရီးသွားလက်ကမ်းကြော်ငြာမှဓါတ်ပုံကို အသက်ဝင်စေခဲ့တာပါ။

 ပုဂံရဲ့ကြည်နူးဘွယ်အချစ်ဇာတ်ကြောင်းများနဲ့ အံ့မခန်းဘွယ်ရာများကို ပညာရှင်များ၊ အထူးပြုလေ့လာသူများနဲ့ ထသွားထ လာဧည့်သည်များက ရေးသားခဲ့ကြပါတယ်။ ခြုံနွယ်သစ်ပင်များလွှမ်းတဲ့လွင်ပြင်မှာ အရွယ်အစားစုံ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ထောင်ပေါင်းများစွာရှိနေပါတယ်။ (ရှေးဟောင်းသုတေသနဌာနက ဗိမာန်အသေးများရဲ့ အကြွင်းများ အပါအဝင် ၃ ထောင်ကျော် စာရင်းပြုစုထားပါတယ်။) အကြီးဆုံးမှ အသေးဆုံးအထိ တခုချင်းစီမှာ ကောင်းကင်ကို ထောင်တက်နေတဲ့ ထိပ်ဦးပိုင်းများ ဆောင်းထားကြပါတယ်။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာဖန်တီးမှုဖြစ်ရုံထက် ပိုမိုမြင့်တဲ့အရာ တခုကို လွမ်းမောတမ်းတခြင်းရဲ့ ပိသုကာပညာဆိုင်ရာဖော်ပြမှုဖြစ်ပါတယ်။

တိကျတဲ့ပုံတူပွါးကိုရရန် မကြာခဏမခြယ်သတဲ့ပုံမှာ ကျွန်မရဲ့ ပုဂ္ဂလိကစိတ်ခံစားမှုကို အသေးစိတ်မခြယ်မှုန်းပဲ ဆေးရောင် အလင်းအရောင်တောက်ပခြင်းကို ပေါင်းထည့်ပေးနိုင်ပါတယ်။ ညနေဆည်းဆာချိန်မှာ အလားအလာမရှိတဲ့ ရည်ရွယ်ချက် မြို့တော်ကို အတိတ်မှာရော အနာဂတ်မှာမရှိတဲ့ မှေးမှိန်တဲ့လောကမှာ အရိပ်များနက်ရှိုင်းစေမှုဖြင့်ပယ်ဖျက်လိုက်ပါတယ်။

 အဆောက်အဦးငယ်များစွာတို့ဟာ ပျက်စီးမှုအဆင့်ဆင့်မှာရှိနေပါတယ်။ အမြဲမတည်ရှိခြင်းနဲ့ ဟောင်းနွမ်း ဆွေးမြေ့ခြင်းနဲ့ အယူမှား အယုံမှားခြင်း အကျေအမွများရဲ့ သရုပ်ဖော်ချက်များအဖြစ်ရပ်တည်နေပါတယ်။

ဗုဒ္ဓဘာသာဒေသတွင်သာမက တန်ခိုးထွားသူများနဲ့ ဝါကြွားလိုသူများ သူတို့ရဲ့အာဏာပိုင်ခြင်းနဲ့ ဂုဏ်ဒြဗ်များကို ဖျက်မရ နိုင်တဲ့ အမှတ်တံဆိပ်များအဖြစ် ကျန်ရစ်အောင်ကြိုးစားခဲ့ကြတဲ့ ကမ္ဘာမြေကြီးရဲ့ မည်သည့် အစိတ်အပိုင်းမှာမှ မလျော်ကန် တဲ့သင်္ခန်းစာများကိုလဲလှစ်ပြနေပါတယ်။

ပုဂံဟာ ပျောက်ကွယ်သွားတဲ့ဂုဏ်ရောင်၊ ပျောက်ဆုံးသွားတဲ့လူမှုယဉ်ကျေးမှုနဲ့ လူတို့ရဲ့သနားစဘွယ် မာနတရားများကို ဖော်ညွှန်းနှိုးထနေပါတယ်။ အဆုံးမဲ့သဲကန္တာရသဲများတွင် ကြီးမားတဲ့အပိုင်းအစများအဖြစ် လဲလျောင်းနေတဲ့ အိုဇီမဲန်ဒီယား ရဲ့ အေးတိအေးစက်နိုင်တဲ့ သရော်လှောင်ပြောင်ချက်ဖြင့် ကောင်းစွာဖော်ပြပေးနေပါတယ်။ “ကျွန်ုပ်ရဲ့အလုပ်များနဲ့ မြော်လင့်ချက်မဲ့ခြင်းများကိုကြည့်ပါ - အိုဘုရားသခင် - ”


သူတို့ရဲ့ ထင်ရတဲ့ဘာသာရေးယုံကြည်မှုသက်သေအဖြစ် အုတ်များနဲ့အင်္ဂေတသရွတ်များဖြင့် စေတီပုထိုးများ တည်ခဲ့ကြတဲ့ ပုဂံရဲ့ ဘုရင်များ၊ မိဖုယားများ၊ မင်းသားများ၊ နန်းတွင်းသူနန်းတွင်းသား ဘယ်နှစ်ပါးဟာ သံသရာအနှောင်အဖွဲ့က အမှန်တ ကယ်လွတ်မြောက်အောင် ရှေ့ရှုကြပါသလဲ။

တန်ဘိုးကြီးအဆောက်အအုံများတည်ဆောက်ခြင်းဖြင့် ကမ္ဘာမှာ သူတို့ရဲ့ပစ္စည်းတန်ဘိုး သက်သေပြရုံမျှ ဘယ်နှစ်ယောက် စိတ်ပါဝင်စားခဲ့ပါသလဲ။

အဲဒီအလုပ်တွေဟာ နိဗ္ဗာန်ရောက်ကြောင်းတရားအယူအဆလွှမ်းခြုံမှုမှ သူတို့ရဲ့စိတ်များက ကြောက်ရွံ့ဖယ်ရှောင်နေတာ ကြောင့် အသက်ရှင်နေတဲ့သံသရာတလျှောက် သူတို့ရဲ့သက်တောင့်သက်သာရှိနေမှုကို အာမခံတဲ့ အာမခံပေါ်လီစီအဖြစ် ဘယ်နှစ်ယောက် ကြည့်မြင်ခဲ့ပါသလဲ။

ပုဂံကိုအုပ်စိုးခဲ့တဲ့ မင်းများရဲ့စာရင်းဟာ အမှန်တကယ်ရှည်လျားလှပါတယ်။ ဒါပေမင့် မင်းတပါးတည်းကသာ ကျွန်မရဲ့ အာရုံကိုဖမ်းစားခဲ့ပါတယ်။ ကျွန်မကလေးဘဝမှာ သမိုင်းစာအုပ်များက ကျန်စစ်သားမင်းဟာ မြန်မာနိုင်ငံကို ပထမဆုံးစည်း ရုံးသိမ်းသွင်းခဲ့တဲ့ဘုရင်အဖြစ်မှတ်တမ်းတင်ခဲ့တဲ့ အနော်ရထာမင်းကြီးရဲ့သားတော်တပါးဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဒါပေမင့် ပညာရှင်များရဲ့သုတေသနကတော့ သူတို့နှစ်ဦးဟာ သွေးမတော်စပ်ကြောင်းဖော်ပြကြပါတယ်။

ကျန်စစ်သားမင်းဟာ သာမန်ပုဂ္ဂိုလ်တဦးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမင့် ထူးခြားတဲ့ပါရမီရှင် ဖြစ်ပါတယ်။ သူဟာ သတ္တိဗျတ္တိနဲ့ရဲရင့်သူပါ။ တော်ဝင်တပ်မတော်ရဲ့စစ်သေနာပတိဖြစ်လာကာ ထင်ရှားတဲ့ သူရဲကောင်းတဦးဖြစ်ခဲ့ပါတယ်။

ဘုရင်အိုကြီးက သူ့ကိုအာခံတော်လှန်နိုင်ခြေရှိတဲ့သူလို့ မနာလိုမရှုစိမ့်ဖြစ်တာခံရပုံရပါတယ်။ ဘုရင်အနော်ရထာ နတ်ရွာစံ ပြီးနောက် ပျော့ညံ့အရည်အချင်းမရှိတဲ့သားတော်က အရိုက်အရာဆက်ခံခဲ့ပါတယ်။ သူ့ရဲ့သက်တမ်းဟာ အလွန် တိုတောင်းလှပါတယ်။ အနော်ရထာရဲ့အရိုက်အရာခံဘို့ ကျန်စစ်သားမင်းသားရဲ့ထီးနန်းသိမ်းဘိသိက်ခံရေးကို စိန်ခေါ်မဲ့သူ မရှိကြောင်းယူဆရပါတယ်။
ကျန်စစ်သားမင်းဟာ ဉာဏ်ပညာကြီးမားတဲ့၊ စွမ်းရည်ပြည့်တဲ့ အကြင်နာဂရုဏာတရားကြီးမားတဲ့ မင်းတပါးအဖြစ် သက်သေခံပါတယ်။ သူတည်ထားခဲ့တဲ့ အာနန္ဒာဘုရားဟာလဲ သူ့ရဲ့ဆွဲဆောင်မှု ပင်ကိုယ်စရိုက်ကို ရောင်ပြန်ဟပ်နေစေ ပါတယ်။ အလင်းအမှောင်နှစ်ခုစလုံး အားကောင်းအောင် ကျက်သရေရှိရှိ အချိုးကျ တည်ဖွဲ့ထားလို့ လှပတဲ့အဆောက် အအုံအဖြစ် သဘောထားယူဆရပါတယ်။  အာနန္ဒာစေတီကိုဖူးမျှော်ရတာဟာ ရှားပါးတဲ့ဘုရင်တပါးကို ကန်တော့ရသလို စေတီအတွင်းရှိ ထူးခြားတဲ့ဗုဒ္ဓရုပ်ပွားတော်များဟာ ဘာသာရေးအမွေအဖြစ်ကိုယ်စားပြုထားတာပါလားလို့ လေးလေးနက် နက် ချင့်ချိန်စဉ်းစားမိစေပါတယ်။

ဟိုတယ်မြေပေါ်မှာ ကျွန်ုပ်တို့ကို ရင်သပ်ရှုမောဘွယ် အံ့သြခြင်းအဖြစ်နဲ့ ကျန်စစ်သားမင်းကြီးကို ရည်စူး တည်ထားကိုး ကွယ်တဲ့ စေတီနှစ်ဆူကို ဖူးမျှော်ခွင့်ရစေခဲ့ပါတယ်။ တကယ်တမ်းကို မထင်မရှား လူသိမများတဲ့စေတီများဖြစ်ပါတယ်။ တဆူကတော့ ကျန်စစ်သားမင်းကြီးအုပ်ချုပ်စချိန်မှာ သူရဲ့ရန်သူများအပေါ် အောင်မြင်ခြင်းအတွက် ဂုဏ်ပြုရည်စူး တည် ထားတာလို့ ကျွန်မတို့ကိုပြောပြပါတယ်။ အခြားတဆူကတော့ စစ်ဝါဒီတယောက်အနေနဲ့ သူကျူးလွန်ခဲ့တဲ့ အကြမ်းဖက် ကျူးလွန်ခဲ့မှုများမှ ကြေရာကြေကြောင်းအတွက် သူ နတ်ရွာစံခါနီးမှာ တည်ထားပေးထား တာလို့ ဆိုပါတယ်။

စားသောက်ဆောင်အနီး ဥယျဉ်ထဲမှာတော့ သင့်တင့်တဲ့အရွယ် အဆောက်အအုံများရှိပါတယ်။ အဲဒိနေရာများမှာ ညနေ တိုင်း ရိုးရာစောင်းဂီတသံများဖြင့်တီးခတ်ဖျော်ဖြေကြပါတယ်။ သီးသန့်ဘုရားရှစ်ခိုးဆောင်များ အနံ့အသက်များရရှိပါတယ်။ ယင်းတို့တွင် ဆိတ်ငြိမ်ညနေဆည်းဆာမှာ ဆီးမီးဖယာင်းတိုင်များ ထွန်းညှိပူဖော်ကြရတာ ကြီးမားထင်ရှားတဲ့ ဘုရား ကြီးများမှာ ဘုရားရှိခိုးပူဇော်ရမှုနဲ့ ခြာနားတဲ့ခံစားမှုကိုရရှိပါတယ်။

 ကျွန်မရဲ့သားနဲ့ကျွန်မတို့ဟာ အဆောက်အဦးဟောင်းများကို ကတိုက်ကရိုက်လျှောက်မကြည့်တော့ရန် ဆုံးဖြတ်လိုက်ကြ ပြီး၊ ဟိုတယ်ပရဝဏ်တွင်းရှိ အာနန္ဒဘုရားနဲ့ကျန်စစ်သားမင်းကြီးရဲ့ စေတီငယ်များအပြင် အခြားစေတီနှစ်ဆူဖြစ်တဲ့ သဗ္ဗညုနဲ့ မနုဟာဘုရားများကို သွားရောက်ဖူးမျှော်ခဲ့ကြပါတယ်။ မနုဟာစေတီကတော့ အကျဉ်းခံ မွန်ဘုရင် မနုဟာမင်း တည်ထားခဲ့တယ်လို့ အများကယေဘူယျယူဆထားတာမို့ တမူ ထူးခြားလျက်ရှိနေပါတယ်။ ကာလကြာရှည်လက်ခံထားတဲ့ သမိုင်းမှာ ပညာရှင်များ အငြင်းပွားနေကြပါ တယ်။ ဒါပေမင့် ဒီစေတီဟာ တားဆီးပိတ်ပင်ခံထားရတဲ့ လွတ်မြောက်မှုရဲ့ ပြင်းပြတဲ့ခံစားမှုဝန်းကျင်ကို ဖန်တီးဘို့ တမင်္ဂလာပုံစံဖော်ဆောင်ထားပုံရပါတယ်။ ဗုဒ္ဓရုပ်ပွားတော်များဟာ ရရှိတဲ့နေရာနဲ့ အချိုးမကျစွာ အလွန်ကြီးမားနေပါတယ်။ ဖူးမျှော်ရတဲ့ဧည့်သည်မှာတော့ ပိတ်လှောင်ကြောက်လွန်စိတ်ရောဂါ၊ လွတ် မြေက်လိုတဲ့စိတ်ဆန္ဒဖြစ်မှုရဲ့ အသက်ရှူမွန်းကျပ်ခြင်းကို ခံစားဖြစ်ပေါ်စေပါတယ်။ ဤသို့ဖူးမျှော်ရခြင်းကြောင့် ကျွန်ုပ်တို့နိုင်ငံရဲ့ လိုအပ်ချက်ကြီးနှစ်ခုကို သတိရစေပါတယ်။ “မတူကွဲပြားနေကြတဲ့ လူမျိုးစုတိုင်းရင်းသားများအတွင်း သဟဇာတမျှမှုကို ယှက်နွယ်ယက်ဖောက်ပေးဘို့ လိုအပ်ချက်” နဲ့ “နိုင်ငံရေးအကျဉ်း သားများအားလုံးလွတ်မြောက်ဘို့ ဆောင်ရွက်ပေးရမဲ့လိုအပ်ချက်တို့”ဖြစ်ကြပါတယ်။ ဒီလိုအသိတရားမှအားလပ်ခြင်းဆိုတာ မရှိနိုင်ပါ။



ဒေါ်အောင်ဆန်းစုကြည်

၂၀၁၁ သြဂုတ်လ ၂၂

Thursday, August 18, 2011

~ ငှက်တကောင်၏ ခြေရာ ~




သူ  ” သူ့ကိုစတင် သိရှိခဲ့တာက ၁၉၈၆ ခုနှစ်လောက်က ဖြစ်သည်။ နာရီသံတွေ ဆူညံလွန်းနေ၊ ငိုချင်ပါတယ် အချစ်ဆုံးရယ်၊ ရီ(ရယ်) ပုလဲ ၊ ငိုရင်ရွဲ စတဲ့ ပြောင်မြောက် ထိမိတဲ့ စကားလုံးတွေ အဖွဲ့အနွဲ့တွေနဲ့ လူငယ်တွေရဲ့ နှလုံးအိမ်ကို စေစားဖမ်းယူ ညို့ငင်နိုင်ခဲ့သူ။ ထူးအိမ်သင် ဆိုတဲ့ “ သူ  ” ပါ။ အဲဒီနောက်မှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ သီချင်းခွေတွေနဲ့၊ သူရဲ့ ဂီတမှော်တွေနဲ့ ဖမ်းစားခဲ့ပြန်တယ်။


တလောကက မိတ်ဆွေ တယောက်ပြောပြတဲ့ ငှက်ကြီး ခြေရာတချို့ကို သိလိုက်ရတယ်။ ငှက်ကြီး ကနဦးခွေ ဖြစ်တဲ့ နာရီပေါ်က မျက်ရည်စများကို အသံသွင်းပြီး မာစတာရီးလ် အခွေအတွက် ပရိုဂျူဆာလိုက်ရှာချိန် ကုက္ကိုင်းရေကူးကန် လမ်းနားက အိမ်တအိမ်မှာ တရက် တေးရေးဆရာ ညီညီသွင် (ဝက်) တို့ အခု အယ်လ်ဆိုင်းဇီ အဖေ၊ အယ်လ်ခွန်းရီ မောင် တေးရေး လဇွန်ထွဲဝါ ( ကိုကြီး ) သူငယ်ချင်းတွေ ဆုံပြီးနားထောင်ကြတာ အဲဒီမှာတင် ရန်ကင်း ၁၂လုံးတန်းက ညီညီ့ သူငယ်ချင်း မောင်မောင်ကျော် ဆိုတဲ့ဘော်ဒါက အဲဒီခေတ်က ငွေ ၂သောင်းကျော်နဲ့ ဝယ်လိုက်တယ်လို့ ပြောတယ်၊ နောက် မောင်မောင်ကျော်က တခြားတယောက်ဆီ ရောင်းလိုက်ပြီ ထုတ်တော့ ဒီခွေပေါက်သွားတယ်လို့ ဆိုတယ်။ ဒီခွေဟာ လက်ဖက်ရည်ဆိုင်လေးတွေမှာ သူ့ သီချင်းတွေက ပျံ့လွင့်နေသလို၊ ခေတ်တခုရဲ့ လူတွေ ရင်ဘတ်ထဲကိုလည်း သူ့ သီချင်းသံတွေက မင်းမူ စိုးမိုးနေခဲ့ ပြန်တယ်လေ။ လူငယ် ဘာသာဘာဝ လမ်းဘေး အုတ်ခုံလေးတွေနဲ့ အဆောင်တွေရှေ့မှာလည်း သူ့ သီချင်းတွေက ပျံလွင့် နေခဲ့ပြန်တယ်။ ၁၉၈၈ လူထုအရေးတော်ပုံကြီး ဖြစ်ပြီးတဲ့နောက် အမှန်တရားနဲ့ လွတ်လပ်ခြင်းတွေကို ခုံမင်နှစ်သက်တဲ့ သူတစ်ယောက် တောထဲရောက်ခဲ့တယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ ဘဝတွေနဲ့ သူအံကြိတ်ပြီး နေခဲ့တယ်၊ ကဗျာတွေရေးခဲ့သလို၊ “အရေးကြီးပြီ” ဆိုတဲ့ တော်လှန်ရေး သီချင်းတွေလည်း စပ်ဆိုခဲ့ပြန်သေးတယ်၊ ဂီတကိုင်တဲ့ သူ့လက်က ပါးစပ်တီးလုံးတွေနဲ့ သီချင်းတွေစပ်ရင်း၊ မဟူရာညဉ့် နက်နက်တွေထဲ အမေကိုလွမ်းတဲ့ စိတ်တွေနဲ့ မျက်ရည်ကျခဲ့ဖူးတယ်။ မြို့ပေါ်ပြန်တက်တဲ့ ကျောင်းသားအုပ်စုတွေထဲ သူ အမေကိုလွမ်းတဲ့ စိတ်တစ်ခုထဲနဲ့ သူ့ဇာတိ မော်လမြိုင်က သူ့ အမေရဲ့ အိမ်အိုဟောင်းလေးဆီ ကျောပိုးအိတ် တစ်လုံးလွယ်လို့်  သူပြန်သွားခဲ့တယ်။ သူ့ ရဲဘော်တွေအားလုံးက သူ့ကို ခွင့်လွတ်နားလည်မူ အပြည့်ပေးခဲ့ သလို သူကလည်း နောက်ဆုံး ထွက်သက်အချိန်ထိ ရဲဘော်တွေအပါ် သစ္စာရှိခဲ့တယ်။ လက်နက်အာဏာပြပြီး အနုပညာသမားတွေကို သူတို့ရဲ့ ဝါဖြန့်ချီရေး တွေအတွက် အသုံးချခဲ့ပေမယ့် ရှောင်ထွက်ခဲ့တယ်။ နောက်ပိုင်း သူ့အကြောင်းတွေ သိပ်မကြားရတော့ပေမယ့် မဂ္ဂဇင်း၊ ဂျာနယ်စာစောင်တွေမှာ တွေ့မြင်ခဲ့ရပြီး အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် ဆိုတဲ့ တေးစီးရီးတွေ ထုတ်တာနားထောင့်ခွင့် ရခဲ့တယ်။

ဘ၀ကို အနုပညာတစ်ခုတည်းနဲ့ ရိုးသားစွာ လျှောက်လှမ်းသွားခဲ့ သလို ၁၄-၈-၂၀၀၄ ခုနှစ်၊ သြဂတ်လ၊ ၁၄ ရက်မှာ သူချစ်တဲ့ မိသားစုလေးနဲ့ ချစ်တဲ့ ပရိတ်သတ်ကြီးကို ခွဲခွာသွားခဲ့တာ ဒီနေ့ဆို (၂၀၁၁ခုနှစ်၊ သြဂုတ်လ၊ ၁၄ရက်နေ့ဆိုရင် ၇ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီလေ။ သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားဟာ သူ့အတွက် မဟုတ်ခဲ့ဘူး ဒီကမ္ဘာမြေပေါ်က အားလုံးကို သူနှုတ်ဆက် ထွက်ခွာသွားခဲ့ပေမယ့် ကျန်ရစ်တဲ့ သူ့ ကဗျာတွေ၊ သူ့ သီချင်းတွေကို ချစ်တဲ့ သူ့ ပရိတ်သတ်တွေ အားလုံးက သူ့ ကိုချစ်တဲ့ သူငယ်ချင်းတွေ အားလုံးက ကျော်မြင့်လွင် (အမည်ရင်း) သျှပ်၊ ဘဲဥ၊ ငှက်ကြီး၊ ထူးအိမ်သင်ကို အချိန်ပြည့် သတိ၇နေသလို၊ သူဖန်တီးခဲ့တဲ့ ဂီတ နဲ့ ကဗျာတွေ သူ့ပုံရိပ်တွေ မြင်တိုင်း လွမ်းနေတုန်း၊ တမ်းတ သတိရနေတုန်းပါ။

ဒီနေ့ သူငယ်ချင်းတွေနဲ့ သူ့အတွက် သတိတရနဲ့  သူ့ ကဗျာတွေ ရွတ်ဆိုခဲ့ကြတယ်။ ကိုယ်ကလည်း အမေကို အရမ်းချစ်ခဲ့တဲ့ လူတစ်ယောက် အမေရဲ့ နောက်ဆုံး ထွက်သက်ငင် နေချိန်မှာ  “ သား  ” ကို တွေ့ချင်တယ်လို့ တဖွဖွပြောခဲ့ ပေမယ့်  အမေကို မတွေ့နိုင်ခဲ့ဘူး၊ ဈာပန အခမ်းအနားလေးတောင် တက်ရောက်ခွင့်မရ ခဲ့တဲ့ ဘဝမို့ “ အမေ ” ဆိုတဲ့ ကဗျာလေးကို ရွေးပြီး ရွတ်ဆိုခဲ့တယ်။

               … အမေ …
မိန်းမတကာ ထက်၌ ကျနော် လေးစားမြတ်နိုး မဆုံးသော
အနာဒိ အနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ …
အမေ …..
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ …
ကဗျာ …
ကဗျာ …
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါ .. အမေ
သားတော့ မီးလောင်နေပြီ။
သျှပ်မှူးကျော်
ငှက်” ကောင်းရာ သုဂတိလားပါစေ၊ အေးချမ်းတဲ့ ဘဝသစ်မှာ ချစ်တဲ့ အနုပညာတွေကို ဆက်လက် ဖန်တီးနိုင်ပါစေလို့ ။

ကမာနီလာ
တောင်းပန်ပါတယ်၊ မိတ်တွေက ငှက်” အတွက် အမှတ်တရ ကို တောင်းထားတာ လွန်ခဲ့တဲ့ (၁၀) ရက်လောက်ကပါ။ စာရေးဖို့ အခြေအနေ မပေးတာကြောင့် လုံးဝ မရေးဖြစ်ခဲ့ဘဲ၊ သူငယ်ချင်းတွေက  ငှက်” အတွက် လုပ်ဖြစ်တဲ့ ဒီနေ့ပွဲလေးကို တက်ရောက်ရင်း  ဒီစာကို အားခြင်း ရေးပေးလိုက်ရတာမို့ အမှားပါခဲ့ရင် ခွင့်လွှတ် နားလည်ပေးပါလို့်။





 

Wednesday, July 6, 2011

လူပြိန်းဆိုတာ ဗိုလ်ကျရတာကို ကြိုက်တယ်(မောင်မောင်ဝမ်း)



ငယ်ငယ်တုန်းက အဖြစ်လေးတခု သွားသတိရတယ်။ ကျနော်တို့ရပ်ကွက်ထဲက ကိုဖိုးလုံး ဆိုတာ တော်တော် နာမည်ကြီးတယ်။ အကောင်း ကြီးတာတော့မဟုတ်ဘူး၊ ဆိုးတာ မိုက်ရိုင်းရမ်းကားတာ။ လူသတ်မှုဖြစ်ပြီး ထောင်ကပြန်လွတ်လာတော့ မိုက်ရိုင်းရမ်းကားတာ ပိုဆိုးလာတယ်။ သူနဲ့ တော်ရုံလူတွေက မယှဉ်ကြဘူး၊ ရှောင်ကြတယ်။ သူ အရက်ဖိုးတောင်းရင်လည်း တချို့သူတွေက ကြောက်ကြတော့ ပေးကြတယ်။ ဒါကို သူ့ကို သဘောကျ ဂုဏ်ယူနေတာ၊ လူတွေက သူ့ကို ကြောက်နေတာကို သူက ပီတိဖြစ်နေတာ။
သူ့ဘဝမှာ တခြားဂုဏ်ယူစရာဆိုတာလည်း မရှိလေတော့ လူတွေကို ကြောက်အောင်လုပ်၊ အနိုင်ကျင့် ဗိုလ်ကျပြီးမှ သူ့ဘဝကို ရပ်တည်နေရတာ။ ထောင်ဆိုတာ သူ့ဘဝအတွက် အိမ်ဦးနဲ့ ကြမ်းပြင်။ လူတယောက်ကို ရိုက်လိုက် နှက်ရိုက်ရမှာကိုလည်း နည်းနည်းလေးမှ ကိုယ်ချင်းမစာတတ်သူ …။
၈၈ လူထုအရေးတော်ပုံကြီးဖြစ်တော့ … သူ့ကို လူအုပ်ကြီးက … မဆလ အစိုးရ သူလျှိုဆို ဝိုင်းဖမ်းပြီး သတ်မယ်လုပ်တယ် … အဲဒီတုန်းက မြင်ကွင်းကို အခုထိ မြင်ရောင်နေတုန်းပဲ … ရိုက်နှက်ထားလိုက်တာ … တကိုယ်လုံး ရစရာမရှိဘူး။ ကျနော်တို့ ကျောင်းသားတွေသိတော့ … သူ့ကို မသတ်ဖို့ ကျနော်တို့ မေတ္တာရပ်ခံတယ်။ နောက် … ဆေးရုံကို ပို့လိုက်တယ်။ ဆေးရုံရောက်တော့ … မျက်နှာဆိုတာ ဇီးရွက်လောက်လေးပဲ ရှိတယ်။ သူ့ကိုကယ်ဖို့ တစာစာတောင်းဆိုနေတာပဲ … ကျနော်တို့ ဝိုင်းဝန်းကူညီပါတယ်။ အသက်ပြင်းတယ်လို့ ပြောရမလား မသိဘူး … မသေဘူး …။
ဒီလိုနဲ့ နှစ်တွေဝေးသွားလိုက်တာ တနေ့ ရိပ်သာတခုကို ရောက်သွားရင်းနဲ့က … သူနဲ့ ပြန်ဆုံခွင့် ရလိုက်တယ် …။ အဲဒီအချိန်မှာ … သူဟာ ရဟန်းဝါ ၁၀ ဝါလောက်ရနေတဲ့ သံဃာတပါး ဖြစ်နေပြီ။ အတိတ်တခါက လူဆိုးလူမိုက် ကိုဖိုးလုံးဘဝနဲ့ ဆန့်ကျင်ဘက်မှ တကယ့်ကို မယုံနိုင်လာက်အောင် ပြောင်းလည်းသွားပြီ … … ကျနော်တို့ ကျောင်းသားတွေကို ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါ ပြောတယ်…။
“ဦးဇင်းက … နှစ်ဘဝပြောင်းသွားပြီ ဒကာကြီး … ဟိုးတချိန်က ကိုယ့်လုပ်ရပ်တွေကို ပြန်စဉ်းစားမိတိုင်း … နောင်တရမိတယ်။ တကယ်တော့ … ဦးဇင်း ခံခဲ့ရတာဟာ ကိုယ်ပြုသမျှကံ ကိုယ် ပြန်ခံရတာပါ။ ဒါ့အတွက် ဦးဇင်း ဖြေသာပါတယ် … ဒါပေမယ့် ကံကောင်းတယ်ပဲ ပြောရမလား … ဒကာတို့ ကျောင်းသားတွေကောင်းမှုကြောင့် … ဦးဇင်း အသက်ရှင်သန်ခွင့်ရပြီး … ဘဝပြောင်းသွားတာ … ပြန်ပြောရရင်လေ … သိပ်ရှက်ဖို့ကောင်းတာပဲ။   
ဦးဇင်း လူဝတ်ကြောင်ဘဝတုန်းက … ပညာဆိုတာလည်း မသင်ခဲ့ရ … ဓနဥစ္စာကလည်း မရှိ … ကိုယ့်ကို သွန်သင်ပြသပေးမယ့်သူကလည်း မရှိဆိုတော့ … ဆိုးချင်သလောက် ဆိုး၊ မိုက်ချင်သလောက် မိုက်ပဲ … ဒကာကြီးတို့ သိပါတယ် … ဦးဇင်းက အဲဒီတုန်းက အဲသလို လူတွေကို အနိုင်ကျင့်ရတာကို သိပ်ပျော်တာ … လူတယောက်ကို ထိုးလိုက် ကြိတ်လိုက်ပြီးပြီဆို သိပ်ပီတိဖြစ်တာ … အော် … တကယ်က ကိုယ်မခံရသေးလို့ ဒီလိုလုပ်နိုင်တာပါ … ဦးဇင်း စဉ်းစားမိတယ် … လူပြိန်းဆိုတာ…ဗိုလ်ကျရတာကို သိပ်ကြိုက်တာ ဒကာကြီးရ … …”
ဒီစကားလေးက ကျနော့်ရင်ကို တော်တော် လှုပ်ခတ်သွားတယ် … လူပြိန်းဆိုတာ … ဗိုလ်ကျရတာကို ကြိုက်တယ်တဲ့ … … … … ကျနော့်စိတ်ထဲမှာ စဉ်းစားစရာဖြစ်သွားတယ်။
“ဦးဇင်း ခံရတဲ့အလှည့်ကျ … မခံစားနိုင်တော့ဘူး … အရမ်းကြောက်တယ် … သေရမှာကို အရမ်းကြောက်တယ် … တုန်လူပ်တယ် … … သူများကို အနိုင်ကျင့်တယ်ဆိုတာ … ကိုယ်ခံရတာ … ကိုယ့်အသားနာတာမှ မဟုတ်တာ… လုပ်ရဲတာပေါ့ … တုတ်နဲ့လည်း ရိုက်ရဲတယ် … ဓားနဲ့လည်း … ခုတ်ရဲတယ် … ကိုယ့်အသားကို … ဝါးခြမ်းပြားလေးလောက်နဲ့ အရိုက်ခံရတာမျိုးကြတော့ တော်တော်မခံနိုင်တာပဲ ဒကာရေ … ကိုယ်ချင်းစာတရား မဲ့တယ်ဆိုတာ … ဒါပေါ့ … နောက် ဦးဇင်း စဉ်းစားကြည့်မိတယ် လူတွေဟာ … လူလူချင်း ဗိုလ်ကျရတာကို ကြိုက်ပုံရတယ် … အရသာ ခံတွင်းတွေ့ပုံလည်း ရတယ်ဗျ … ဦးဇင်း ဆရာတော်က ဘာပြောသလဲဆိုတော့ … အစိုးမရတဲ့ လောကကြီးကို အစိုးရချင်တာ လူ့သဘာဝပါပဲတဲ့ …”
ကျနော့်ရှေ့က ထိုင်ပြောနေသူဟာ … တချိန်က လူဆိုး ကိုဖိုးလုံး ဟုတ်မှ ဟုတ်ပါလေစွလို့တောင် စဉ်းစားမိတယ် … သူ့ရဲ့ လက်တွေ့ ဘဝကပေးလိုက်တဲ့ သင်ခန်းစာတွေ၊ ဒဏ်ရာဒဏ်ချက်တွေက ပေါ်ထွက်လာတဲ့ အမှန်တရားတွေ … ဟုတ်တယ် … လူ့ရဲ့ သဘောသဘာဝဆိုတာ အားလုံးအတူတူပါပဲ … ကိုဖိုးလုံးမှ မဟုတ်ပါဘူး … … ဗိုလ်ကျရတာကို အရသာတွေ့တာ … အနိုင်ယူ အနိုင်ကျင့်ရတာကို ခံတွင်းလိုက်တာ … ဒီ မကောင်းတဲ့ သဘောသဘာဝကြီးကို အသိဉာဏ်ရှိသူများက စာနာစိတ်တွေ၊ ကိုယ်ချင်းစာတရားတွေ၊ ဉာဏ်ပညာတွေနဲ့ ဆင်ခြင်ယူကြရတာကိုး။ ဒါကို ဒီအတိုင်းလွှတ်ထားလိုက်ရင် … သူက သာယာသွားတော့တာပဲ … ဗိုလ်ကျစိုးမိုးချင်တဲ့စိတ်ဟာ အတန်းပညာ အတတ်ပညာ တတ်မြောက်ထားခြင်းတွေ၊ မထားခြင်းတွေနဲ့ မသက်ဆိုင်ဘူး … ဗိုလ်ကျတယ်ဆိုတဲ့စိတ်ဟာ … မိမိရဲ့ သာလွန်ချက်နဲ့ လူတွေကို အနိုင်ကျင့်တာ … အာဏာရှိသူက အာဏာနဲ့၊ ငွေရှိသူက ငွေနဲ့၊ ပညာတတ်သူက ပညာနဲ့၊ မိုက်ရိုင်းရဲသူက မိုက်ရိုင်းရဲတဲ့အားနဲ့ လူတွေကို အနိုင်ကျင့်တာဟာ ဗိုလ်ကျတာပဲ၊ ကိုဖိုးလုံးကတော့ သူက မိုက်ရိုင်းရဲတယ် … ထောင်ထဲ တန်းထဲကို မျက်ကန်းတစ္ဆေ မကြောက် တိုးဝင်ရဲတယ် … လူအများစုက သူ့လို လိုက်မလုပ်ရဲတော့ သူက လူတွေကို အနိုင်ကျင့်တယ် … ဗိုလ်ကျတယ် … …။
နောက်တယောက်က … ကျနော် သရက်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားဘဝနဲ့ ရှိနေစဉ် အချိန်ကပါ … နာမည်က မျိုးတင့် … သူ့ကို ငှက်ရိုး လို့ပဲ လူသိများကြတယ် … အဲဒီအချိန်က သရက်ထောင်ထဲမှာရှိခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး သိကြတယ်။ သူက ကျနော်နေခဲ့တဲ့တိုက် အကျဉ်းဆောင်ရဲ့ရှေ့မှာ တောင်ယာလာလုပ်တဲ့သူ … ကျနော်နဲ့က တဒေသသားထဲလည်းဖြစ်ပြန် … ၈၈ အရေးတော်ပုံအမှုလည်း ဖြစ်ဆိုတော့ တော်တော်ခင်မိတယ်…။ သူ့တောင်ယာကထွက်တဲ့ သီးနှံတွေဆိုလည်း ကျနော့်ကို လာပေး … ကျနော်က လိုအပ်တဲ့စားစရာလေးတွေထည့်၊ သူက စားဖိုမှာ သွားချက် … စားကြပေါ့။ နိုင်ငံရေးထူး သတင်းထူးလေးတွေ ကြားလာရပြီဆို ကျနော့်ဆီ အမြန်လာပြောတယ် … … ဒီလိုနဲ့ နေလာရာက … … … ထောင်ပိုင်ကြီးဆီမှာ သွားသွားနှိပ်ပေးရတဲ့အလုပ် ပေါ်လာတယ် … ဘယ်လိုကနေ ဘယ်လိုဖြစ်တယ်လဲမသိ… သိပ်မကြာခင်မှာပဲ ထောင်ပိုင်က သူ့ကို တထောင်လုံး တန်းစီးဆို ခန့်လိုက်တယ်လေ (တထောင်လုံးတန်းစီးဆိုတာ ထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေကို အကျဉ်းသားအချင်းချင်း ပြန်အုပ်ချုပ်ခိုင်းတဲ့နေရာမှာ အကြီးဆုံးပေါ့)… အဲဒီအချိန်ကစလို့ … ငှက်ရိုး စတိုင်က ပြောင်းသွားတယ် (အရင်ငှက်ရိုး မဟုတ်တော့ဘူး) ကျနော်ကတော့ ကိုယ့်လူတယောက် တထောင်လုံး တန်းစီးဖြစ်သွားရင် … အကျဉ်းသားတွေအပေါ် သက်သက်ညှာညှာ ရှိလောက်ပါရဲ့ … နိုင်ငံရေးအကျဉ်းသားများ အခွင့်အရေးလည်း နားလည်တန်ကောင်းလောက်ပါရဲ့ဆို ထင်လိုက်တာ … ဘယ်ဟုတ်လိမ့်မလဲ။ ကိုယ့်လူက ဇာတိပြလာတော့တာ။ သူ တန်းစီးဖြစ်လို့မကြာခင် … သာမန် ရာဇဝတ်အကျဉ်းသားတွေအပေါ် အနိုင်ကျင့်တော့တာပဲ။ သူ့မျက်လုံးနဲ့ မတွေ့တဲ့သူဆို … တုတ်နဲ့ရိုက်။ လူတွေကို ရိုက်နေရတာ … သူက ကစားနေသလိုမျိုး။ သူလာရင် ကျိုးနွံတဲ့ပုံစံနဲ့ နေပေးရတဲ့ အကျဉ်းသားတွေကို ကြည့်ပီတိဖြစ်နေတာ။ ဒီလိုနဲ့ နေလာရင်းက သူက နိုင်ငံရေးအကျဉ်းသားတွေ အပေါ်တောင် ဗိုလ်ကျလာတယ်။ ကွယ်ရာမှာဆို ရာဇဝတ်အကျဉ်းသားတွေကိုပြောရင် … မင်းတို့ထက်ပိုတဲ့ … ဘယ်သူမှ ထိန်းလို့မရတဲ့ … ၅ (ည) (နိုင်ငံရေးအကျဉ်းသားကို ဆိုလိုတာ) တွေတောင် သူက ဘယ်လိုနိုင်အောင် ထိန်းတာ … ဘယ်လို ပြားဝပ်နေအောင် လုပ်ထားတာ … စသဖြင့် မဟုတ်တာတွေ ပြောပြီး စကားလုံးတွေနဲ့ ဗိုလ်ကျတယ်။ ကုန်ကုန်ပြောရရင် လမ်းလျှောက်တာတောင် အရင်လိုမဟုတ်တော့ဘူး… သူ့နောက်က တပည့်တပမ်းတွေနဲ့ မြောက်ကြွမြောက်ကြွ ဖြစ်လာတော့တာပဲ။ ကျနော့်ဆီလည်း မလာတော့ဘူး (မလာတော့ဘူးဆိုတာထက် မတွေ့ချင်လို့ ရှောင်နေတယ်ဆိုတာ ပိုမှန်ပါလိမ့်မယ်)၊ တစတစနဲ့ ငှက်ရိုး အခြေအနေက ပိုဆိုးလာတယ်။ တထောင်လုံးမှာရှိတဲ့ အားလုံးသော အကျဉ်းသားတွေတောင် မကဘူး … ထောင်မှူးအဆင့် အရာရှိတွေ၊ ဝန်ထမ်းတွေကပါ တော်တော်ကို မျက်မုန်းကျိုး မုန်းတီးခံရတဲ့အဆင့်ကိုရောက်နေပြီ။ ဘာလို့လဲဆိုတော့ ထောင်ပိုင်က ဘယ်ဝန်ထမ်း ဘာလုပ်သလဲ၊ သူ့ဆီကို အကုန်သတင်းပို့ရမယ်ဆိုပြီး သူ့ကို ခိုင်းထားတော့ … မှတ်စုစာအုပ်တအုပ်နဲ့ အကုန်မှတ်တမ်းတင် သတင်းပို့နေတော့တာပဲ။ သူ အမြဲ လက်သုံးပြောနေကြစကားက … “ကျုပ်က တာဝန်နဲ့ပတ်သက်လာရင် … ဘယ်သူ့မှ မညှာဘူး။ စည်းကမ်း ဖောက်ဖျက်သူမှန်သမျှ အကုန် အရေးယူမယ်” တဲ့ …။ သူ့စကားက ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိဘူး။ ဒီစကားသုံးရအောင် … နိုင်ငံတော်က တရားဝင် ခန့်အပ်ထားတဲ့ ဝန်ထမ်းလည်း မဟုတ် … သူ့ဘဝက … သူလိုကိုယ်လို အကျဉ်းသားဘဝ …။ တခါ ထောင်ပိုင်ကလည်း စစ်ဗိုလ် (ဗိုလ်ကြီးဘဝ) ကနေ အသွင်ပြောင်းနဲ့ ရောက်လာတာမှ မကြာသေးဆိုတော့ … ဘုန်းကြီးရူးနဲ့ ရေဒီယိုပျက် တွေ့ကြတော့တာပဲ။ အကျဉ်းထောင် လက်စွဲဥပဒေကိုကျော်ပြီး လုပ်ချင်ရာတွေ လုပ်တော့တယ်။ နှစ်ယောက်လုံးက ဗိုလ်ကျနေရတာကို အရသာတွေ့နေကြတာ။ အဆုံးမတော့ ကောင်လေးတယောက်ကို ယောက်ျားချင်း ကာမဆက်ဆံဖို့ ကြိုးစားရာက … တထောင်လုံး တန်းစီးရာထူးပြုတ် … တိုက်ပိတ် … နောက် ရဲဘက်ပို့ခံရ … ရဲဘက် ရောက်တော့ … သူ နှိပ်စက်ထားတဲ့သူတွေက … လက်စားချေ သတ်ပစ်လိုက်တယ်လို့ ကြားတယ်။
ဒီဖြစ်စဉ်ကို စဉ်းစားကြည့်တယ်။ အဲဒီကာလက သရက်အကျဉ်းထောင်မှာဆို … နိုင်ငံရေး အကျဉ်းသားတွေကလွဲလို့ … ရာဇဝတ်အကျဉ်းသားတွေဆိုတာ… သူ့ကို ကြောက်နေ လန့်နေရတာ။ ငှက်ရိုး ဘာမှမဟုတ်ဘူး … ဘာအဆင့်မှကိုမရှိတာ ကျနော် အသိဆုံး။ အဲဒီ ဘာမှအဆင့်မှ မရှိတဲ့သူကို လန့်နေရတယ်ဆိုတာ … သူ့လက်ထဲ လုပ်ပိုင်ခွင့် ရောက်သွားတာကိုး။ သူ အုပ်ချုပ်နေပါတယ်ဆိုတဲ့ ထောင်သားတွေထဲမှာ ဆရာဝန်တွေ … စစ်ဗိုလ်ပြုတ်တွေ… ပိုက်ဆံချမ်းသာသူတွေ အများကြီး။
လူပြိန်းလက်ထဲ … လုပ်ပိုင်ခွင့်ရသွားပြီဆို … ဗိုလ်ကျတတ်တာ ဓမ္မတာပါပဲ။ သူ့မှာ စဉ်းစားတွေးခေါ်နိုင်တဲ့ အရည်ချင်းမှ မရှိတာ။ သူ့ရဲ့ ဆုံးဖြတ်ချက်မှန်သမျှဟာ … သူ့အတ္တကို အခြေခံပြီး လာတာဆိုတော့ … ဘယ်မှန်နိုင်ပါတော့မလဲ …။ လူပြိန်းဆိုတာ … သူ သိတာ တခုပဲရှိတယ် … အဲဒါ … သူ့အတ္တ … တနည်းအားဖြင့် သူ့လောဘ။ ပညာနည်းမှ လူပြိန်းဖြစ်တာ မဟုတ်ဘူး။ ပညာတတ်တွေထဲမှာလည်း … လူပြိန်းတွေ အများကြီး။
ဗိုလ်ကျချင်သူဆိုတာ … ရန်လိုမှုကို လိုလားတယ် … …
          တန်းတူမှုကို နှစ်သက်သူဟာ … ငြိမ်းချမ်းရေးကို လိုလားတယ် … …
လူပြိန်းဆိုတာ ဗိုလ်ကျရတာကို ကြိုက်တယ် … … … … … ။
ဗိုလ်ကျချင်တဲ့သူဆိုတာ … အခု အမှန်ဟာ တော်ကြာ မှားရင် မှားမယ် … အခု အမှားဟာ ခဏနေ မှန်ရင် မှန်မယ်။ သေချာတာ တခုကတော့ … သူတို့ရဲ့ အမှန်တရားဆိုတာ … သူတို့ရဲ့အတ္တပဲ …။
        ယခုလက်ရှိ မြန်မာနိုင်ငံက စစ်အာဏာရှင်များကိုပဲ ကြည့်ပါ … သူတို့ တိုင်းပြည်ကို ချုပ်ကိုင်ထားတာ တခုတည်းသော ပေါ်လစီပဲရှိပါတယ်။ ဒါကတော့ … ဗိုလ်ကျစိုးမိုးခြင်း ဆိုတဲ့ မူကလွဲလို့ တိကျခိုင်မာတဲ့ သဘောတရား လမ်းစဉ် ဥပဒေဆိုတာ မရှိပါဘူး။ (လူိုသေ ရှငိုသေ စာအုပ် စာတမ်းတွေနဲ့ ပြုစုထားပေမယ့် လက်တွေ့ကတော့ ဒီသဘောတရား လမ်းစဉ်တွေကို ပစ်ပယ်ပြီး လက်တန်း အမိန့်တွေနဲ့ ဗိုလ်ကျစိုးမိုးရေးတခုသာလျှင် ရှိပါတယ်)
ဗိုလ်ကျတတ်တဲ့ အကျင့်ဆိုးဆိုတာ ဘယ်လောကမှာမှ မကောင်းဘူး …။ ကျနော်တို့တတွေဟာ ဗိုလ်ကျတတ်သူတွေ ဟုတ်မဟုတ် ကိုယ့်ကိုကိုယ် စစ်ဆေးကြည့်ရအောင်ပါ။
အားလုံးကို လေးစားစွာဖြင့် …

Saturday, October 23, 2010

ဝက်အူလှည့် ရွေးကောက်ပွဲ(သာဓု)

ခေတ်မှာ ဖ ဆ ပ လ တို့ ဘုန်းတန်ခိုးထွားနေသည့် အခါသမယ။ ပထမ ဆုံး မြူရွေးကောက်ပွဲ ပြုလုပ်တော့မည့်အချိန် 'သာဓုက စာရေးဆရာပေါက်စ ဖြစ်နေဆဲကာလ။ တစ်နေ့တွင် ကျားကူးကွက်သစ် သာဓုတို့နှင့် မလှမ်းမကမ်း တွင်နေသော ကိုလှပို မသန်း (ယခု မောင်မော် ဘရားသား၊ ဗိုလ်ချုပ်ဈေး) တို့ နှင့်အတူ သခင်သိန်းမောင်ဆိုသူ (ယခင်က မသိဖူးသော) ရပ်ကွက်မိတ်ဆွေ သာဓုထံ ရောက်လာကာ . . .

    'ဒီမှာဗျ ဆရာ ဦးသာဓု၊ ခု မြူရွေးကောက်ပွဲမှာ ဝင်အရွေးခံပါလား'

    

ရုတ်တရက် သာဓု အံသြသင့်သွားသည်။။ ဂျပန်ခေတ် လွတ်လပ်သော ရုပ်သေးအစိုးရ ဖွဲ့ပြီးသည်မှစ၍ ပါတီနိုင်ငံရေးကို စိတ်ဒုံးဒုံးချ ကျောခိုင်းခဲ့သူ သာဓုအဖို့ အဆန်းလို ဖြစ်သွား၏။

    အလျဉ်းသင့်၍ အနည်းငယ် ရှင်းပြရန် လိုအပ်လာသည်မှာ အထက်၌ 'ပါတီနိုင်ငံရေး' ဟု ဆိုခဲ့သည့်အတိုင်း အလွန်ကျဉ်းမြောင်းသော၊ အာဏာရရေး သာ အဓိကဖြစ်နေသော၊ ပါတီမှိုလိုပွနေသော နိုင်ငံရေးကို သာဓု ကျောခိုင်းခဲ့ ခြင်း ဖြစ်၏။

    ဤတွင် ထပ်၍ရှင်းရန် လိုလာပြန်သည်မှာ ယခုစာအုပ်တစ်နေရာတွင် ဖော် ပြထားသည့်အတိုင်း နိုင်ငံရေး၊ လူမှုရေး၊ ဆက်ဆံရေး၊ ရဲဘော်စိတ်ဓာတ်ခိုင်မာ ရေး စသည့် အကြောင်းတစ်ခုခုကြောင့် သို့မဟုတ် အားလုံးကြောင့် သာဓုသည် သခင်သန်းထွန်း၊ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်မြ၊ သခင်လေးမောင် စသူ တို့နှင့် စိတ်သဘောထားချင်း မဟပ်မိကြစေကာမူ သူတို့တစ်တွေ ဘာကောင်မျှ မဟုတ်ကြသောအခါ (ဝါ) သူလိုငါလို သာမန်အရပ်သားများဘဝသို့ ပြန်ရောက် လာသောအခါတွင်ကား ခေါ်ပြောနှုတ်ဆက်မှု ရှိလာကြပြန်သည်။

    တစ်ခါက သာဓု 'ဘု' မှုတ်ခဲ့သဖြင့် အလွန်ဒေါသဖြစ်သွားသော ဂျပန် ခေတ်ဝန်ကြီး သခင်သန်းထွန်းသည် အင်္ဂလိပ်များ ပြန်ဝင်လာသည့်နှင့် သူ ဆိုက်ကားကလေးစီးပြီး ခရီးနှင်နေရရှာသည်။ တစ်ညနေ သာဓုက ဗဟန်းဈေး သို့ ပူတူတူး ပေါင်ဒါများ သွားပို့စဉ် သခင်သန်းထွန်းကို ဆိုက်ကားပေါ် တွေ့ လိုက်ရသဖြင့် သာဓုကပင် လှမ်းခေါ်ပြီး လက်ဖက်ရည်သောက် ဖိတ်ရာ . . .

    'အတော်ပဲ၊ ကျွန်တော် ခင်ဗျားနဲ့ တွေ့ချင်နေတာ' ဟု သူက အပြုံးနှင့် လက်ခံ၏။

    လက်ဖက်ရည်ဆိုင်ထဲ ရောက်ကြလေပြီ။ သာဓုအား နိဒါန်းပျိုးစရာမလို၊ မကြိုက်ကြောင်း သူသိထားသည့်အတိုင်း . . .

    'ခု ကျွန်တော်တို့ ကွန်မြူနစ်ပါတီ ဖွဲ့စည်းပြီးပြီ၊ အတော်လည်း ခရီးရောက် နေပြီ၊ သခင်ဖေသန်း၊ ကျွန်တော်တို့နဲ့ တွဲလုပ်ပါလား'

    ကွန်မြူနစ်ပါတီဝင်ရန် သာဓုကို သူက ကမ်းလှမ်းသည်။ သာမန်အခွင့် အရေး မဟုတ်သည်ကို သာဓုနားလည်၏။ သခင်သန်းထွန်းတို့ အုပ်စုသည် ကွန်မြူနစ်ပါတီသို့ ပေါ်ပင်သခင် ပေါ်ပင်နိုင်ငံရေးသမားများကို လက်မခံ။

    သို့တိုင်အောင် သာဓုမှာ ပါတီနိုင်ငံရေးကို လုပ်လိုစိတ် မရှိတော့သော ကြောင့် သူ၏ဖိတ်ခေါ်ချက်ကို သာဓု ဂုဏ်ယူမိကြောင်းနှင့် အခြေအနေက မပေး သေး၍ မပါဝင်လိုသေးကြောင်း ငြင်းဆန်လိုက်ရာ . . .

    'စဉ်းစားပါဦး သခင်ဖေသန်းရာ၊ ခင်ဗျားလိုလူတစ်ယောက် ကျွန်တော်တို့ ရမယ်ဆိုရင်'

    သို့လျှင် စကားအဆုံးမသတ်သေးဘဲ တွေနေပြီးမှ သာဓုကို ဆက်၍ အမွှန်း တင်နေတော့၏။

    'သိပ်လဲထင်မထားပါနဲ့ဗျာ၊ ကျွန်တော်လည်း သူလိုငါလို'

    'မဟုတ်ဘူး သခင်ဖေသန်း၊ ခင်ဗျားကို ကျွန်တော် သေသေချာချာ နား လည်ထားတယ်၊ စစ်မဖြစ်မီ အင်္ဂလိပ်ခေတ်တုန်းက (ဒုတိယ ကမ္ဘာစစ်မတိုင်မိ) ခင်ဗျားတို့ ရန်ကုန်အလယ်ပိုင်း တို့ဗမာ အစည်းအရုံးက ဆုံးဖြတ်ချက်တစ်ခုခု ချလိုက်ရင် တစ်ပြည်လုံး ဂယက်ရိုက်ရုံမကဘူး၊ တို့ဗမာအစည်းအရုံး ဌာနချုပ် ကိုပါ အဖျားခတ်ခတ်သွားတယ်၊ ဒါတွေဟာ ခင်ဗျားလက်ချက်ချည်ပဲ သိတာ ပေါ့'
    (သခင်သန်းထွန်း ဆိုလိုသည့် အကြောင်းအရာ အစုံကို တနေရာတွင် ရှုပါ)

    'ထားပါတော့လေ၊ ခု ကျွန်တော်မှ ပါတီနိုင်ငံရေးကို စိတ်မဝင်စားတော့ဘဲ'

    'ဟုတ်ပြီလေ၊ စိတ်မဝင်စားတာ ဝင်စားတာက ခင်ဗျားဆန္ဒ၊ စိတ်ပါလာ အောင်ဆွဲဆောင်ရမှာက ကျွန်တော့်တာဝန် မဟုတ်လား၊ ဒီတော့ ကျွန်တော် ဇွတ် ပြောရမှာပဲ၊ ဒီမှာ သခင်ဖေသန်း၊ ခင်ဗျားလည်း မှတ်မိမှာပေါ့၊ တရားပွဲ ဟော ပြောပွဲ တစ်ခုခုမှာ ခင်ဗျားနဲ့ ကျွန်တော်တို့ ဆုံမိကြတိုင်း ကျွန်တော်တို့ သခင် သိန်းမောင်ကြီးတို့၊ သခင်အောင်ဆန်းတို့က ဘိုးစိန်ကြီးလို နောက်ဆုံးမှ ထွက် မယ်ဆိုပြီး ခင်ဗျားတို့ကို ရှေ့တန်းတင်ပေးလိုက်ရော၊ ခင်ဗျားက ထိပ်ဆုံးကနေ ဒေါက်ဒေါက်ဒက်ဒက်နဲ့ ပြောချသွားရော၊ ကျွန်တော်တို့အလှည့်ရောက်တော့ ပြောစရာအချက်အလက် မကျန်သလောက် ဖြစ်သွားခဲ့ဖူးတာတွေလေ'

    သာဓုက ခေါင်းညိတ်ရုံ ခေါင်းညိတ်လိုက်သည်။

    'အင်း၊ ကျွန်တော်တို့မှာ 'အဲအဲ သခင်ဖေသန်း ပြောသွားသလိုပါပဲ' နဲ့ ပြီး သွားရတယ်၊ အဲသလို ခင်ဗျား ပိုင်ပိုင်နိုင်နိုင် ပြောတတ်တာရယ်၊ ပြီးတော့ ကျွန်တော် ဝန်ကြီးဘဝမှာတောင် ခင်ဗျား မှန်တယ်ထင်ရာကို ရဲရဲကြီး ပြောချ လိုက်တာရယ်၊ ဒီစိတ်ဓာတ်မျိုး၊ အရည်အချင်းမျိုးရှိတဲ့လူတွေ ကျွန်တော်တို့ အများကြီးလိုတယ်'

    သာဓုကမူ တွင်တွင်သာ ခေါင်းခါခဲ့၏။ (အကယ်၍ ထိုစဉ်ကသာ သူ့ပါတီ ဝင်၊ သူနှင့်အတူ တောခိုခဲ့မိချေက ထို မဟုတ်မခံစိတ်ဓာတ်ကြောင့်ပင် ဖြုတ် ထုတ် သတ်ထဲ ပါသွားမည်မှာ သာဓု အရိုးဆွေးလောက်ပေပြီ။)

သူက ဆက်လက်၍ ဇွတ်ပြောသေးသည်။ သာဓုကလည်း ဇွတ်ပင် ငြင်း ဆန်ရာမှ နောက်ဆုံး 'စဉ်းစားပါ့မယ်ဗျာ' ဟု ပြောလိုက်မှပင် မကျေမနပ် လေသံ ဖြင့် . . .

'အေးလေဗျာ၊ ကျွန်တော်တို့ ကွန်မြူနစ်ဝါဒကို မကြိုက်လို့ဆိုလည်း တစ် ခုခုတော့ လုပ်ဗျာ၊ ခု သခင်မြတို့လည်း ဆိုရှယ်လစ်ပါတီထောင်ကြလိမ့်မယ်၊ ဝင်လုပ်ချင် လုပ်ပါ၊ ဒီအတိုင်းတော့ ဘေးဖယ်မနေစေ့ချင်ဘူး၊ သခင်ဖေသန်းလို လူတစ်ယောက် နိုင်ငံရေးက ကြဉ်သွားတာ တိုင်းပြည်နာတယ်၊ ဖဆပလထဲဖြစ် ဖြစ် ဝင်လုပ်ပေါ့ဗျာ၊ နောက်ဆုံး တိုင်းပြည်အတွက် တစ်ခုခုတော့'

'ဒီစကားကိုတော့ ကျွန်တော် လက်မခံနိုင်ဘူး သခင်သန်းထွန်း၊ ကျွန်တော် နိုင်ငံရေးက ရှောင်ကြဉ်သွားလို့ တိုင်းပြည်နာတယ်ဆိုတာ လွတ်လပ်ရေးဗိမာန် ကြီး တည်ထောင်ရာမှာ အုတ်တစ်ချပ် လပ်သလောက် ရှိမှာပါ၊ ဘယ်သူဝင်ဖြည့် ဖြည့်ရပါတယ်၊ တကယ်လို့ ကျွန်တော်ပါ ဝင်ဆောက်လို့ တစ်ခုခုမှားသွားရင် ဒီ ဗိမာန်ကြီး တစ်စိတ်တစ်ဒေသသော် လည်းကောင်း၊ တစ်ခြမ်းသော်လည်းကောင်း ပျက်စီးသွားနိုင်စရာကော မရှိဘူးလား၊ ခင်ဗျားက ကျွန်တော့်ကို အရေးကြီးတဲ့ အဆင့်မှာထားပြီး ပြောနေတော့ မှားစရာရှိလည်း အရေးကြီးကြီး မှားမယ်မဟုတ် လား'

ဤတွင် သူအဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီးမှ . . .

'ဒါကြောင့် ခင်ဗျားကို လိုချင်တယ် ပြောတာပေါ့၊ အေးလေ ဘာဖြစ်ဖြစ် စဉ်းစားဦးပေါ့ဗျာ၊ တွေ့လည်း တွေ့ကြသေးတာပေါ့ ဟုတ်လား၊ ခင်ဗျားကို ဖြစ် စေချင်တာက တိုင်းပြည်အတွက် တစ်ခုခုတော့'

သို့စကားကို အဆုံးမသတ်ဘဲ ထသည်နှင့် သာဓုက သူ၏ ကိုယ်ရေး ကိုယ် တာ အသုံးစရိတ်ကို စုံစမ်းပြီး ငွေ ၂ဝဝ ကျပ် ပေးလိုက်၏။

ထိုစဉ်က သာဓု ပေါင်ဒါလုပ်ရောင်းနေသည်။ ထိုနေ့ညက တစ်ညလုံး အိပ် မပျော်၊ 'တိုင်းပြည်အတွက် တစ်ခုခုတော့' ဟူသော သခင်သန်းထွန်း၏ စကား သည် နားထဲမှမထွက်ဘဲ ဘာလုပ်ရမည်ကို တွေးမရတိုင်း အိပ်မပျော်နိုင် ဖြစ်နေ ခဲ့ရ၏။

'ခင်ဗျားလိုလူတစ်ယောက် နိုင်ငံရေးက ကြဉ်နေတာ တိုင်းပြည်နာတယ်'

သူ့စကားသည် စင်စစ် သာဓုနှင့် အလှမ်းဝေးလွန်းသည် ထင်၏။ သူ့ပါတီ ဝင်ရန် ပင့်လိုက်ခြင်းလောဟုလည်း တွေး၏။ မည်သို့ဖြစ်စေ တိုင်းပြည်အတွက် တစ်ခုခု လုပ်သင့်သည်ကိုကား သခင်သန်းထွန်း ဖော်လိုက်မှ သာဓု တွေးရန် ပေါ်လာသည်မှာ အမှန်။

တိုင်းပြည်အတွက် 'ဘာတစ်ခုခု' လုပ်ရမည်နည်း။ နောက်ဆုံး အတွေး ပေါက်သည်ကား 'ဘက်မလိုက် သတင်းစာ' တစ်စောင် ထူထောင်ရန် ဖြစ်လျက် အဘက်ဘက်မှ ကျွမ်းကျင်မှု ရယူလိုသေးသည့်အတိုင်း တတ်အားသမျှ ပုံနှိပ် စက်ကလေးတစ်လုံးဖြင့် ပဏာမပျိုးခဲ့ရာမှ တိုင်းရေးပြည်ရာ သတင်းစာအယ်ဒီ တာ မဖြစ်ဘဲ အချစ်အိမ်ထောင်ရေး စာရေးဆရာ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရ၏။

ဤသည်လည်း အများပြည်သူတို့၏ အချစ်၊ အိမ်ထောင်ရေး၊ ပြုပြင်ရေး၊ ကိုယ်ကျင့်တရားရေးရာများ ရေးသားနိုင်ခဲ့သည် ဖြစ်သောကြောင့် 'တိုင်းပြည် အတွက် တစ်ခုခု' အနေဖြင့် အကျုံးဝင်သွားပေပြီ။ သခင်သန်းထွန်း၏ စေ့ဆော် ချက်ပင်ဖြစ်၍ 'ကောင်းရာသုဂတိ လားစေသော်' ဟု သာဓု ဆုတောင်းရမည် သာ ဖြစ်၏။ ဆုလည်း အမြဲတောင်းပါ၏။

ထိုနည်းအတိုင်းပင် သခင်မြ၊ သခင်လေးမောင်၊ သခင်အောင်ဆန်း တို့နှင့် လည်း လူလူချင်းအနေဖြင့် သာဓု အခင်အမင် မပျက်ခဲ့။ (တစ်နေရာတွင် ရှုပါ။)

သို့လျှင် သာဓု ပါတီနိုင်ငံရေးကို မလုပ်လိုတော့ဘဲ ပုံနှိပ်စက်ဖွင့်၊ စာအုပ် တိုက်ထောင်ကာ သတင်းစာထုတ်နိုင်ရေး အတွက် လုံးပမ်းနေခိုက် အထက်ပါ အတိုင်း မြူရွေးပွဲဝင်ရန် လာပြောသည်၌

'ဟာ ကျွန်တော် ဝင်အရွေးမခံချင်ဘူး၊ ဒါတွေလည်း မလုပ်ချင်တော့ဘူး၊ ခင်ဗျား ဘာစိတ်ကူးရပြီး လာပြောနေတာလဲ'

'ဒီဖဆပလတွေ ဆောင့်ကြွားကြွားနိုင်လွန်းလို့၊ ပြီး သူတို့လုပ်ပုံတွေလည်း မကြိုက်လို့၊ အဲဒါ မနေ့က တစ်နေ့လုံး၊ ညကလည်း တစ်ညလုံး ကျွန်တော်တို့ ဆွေးနွေးကြတယ်၊ တိုက်ရမှာက မလွယ်လှဘူးဗျ၊ မြို့တော်ဝန်လောင်း ဦးသိမ်း မောင်ကလည်း ဧရာမပုဂ္ဂိုလ် ဖြစ်နေတာနဲ့ သခင်ဖေသန်းကို တိုက်တွန်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ကြတယ်'

'ဟား၊ ကျွန်တော်ကရော ဧရာမပုဂ္ဂိုလ်မို့လား၊ တောက်တီးတောက်တဲ့ဗျာ'

'ခင်ဗျားက စာရေးဆရာ မဟုတ်လား၊ ပရိသတ်ရှိတယ်ဗျ။ အဲဒီတော့ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ဗျာ၊ အားလုံး လိုအပ်တာတွေ ကျွန်တော်တို့ စီစဉ် လိုက်မယ်။

အတိုချုပ်လိုက်သော် သာဓု အတန်တန် ငြင်း၏။ မရ။ ဇွတ်အရွေးခံခိုင်း သူများတွင် ဆန်းဦးထွန်းရင်၊ ပန်းပုဦးလွင်၊ ရှုမဝဦးကျော်၊ ကိုကျော်မြတို့လည်း ပါ၏။ ကျားကူး၊ မင်းမနိုင်၊ ယောက်လမ်း၊ ထန်းတောကွက်သစ်သာမက ကန်တို မင်တိုက်နယ်မှ ဖဆဆန့်ကျင်သူ အတော်များများက လာ၍အားပေးကြသည်။ တိုက်တွန်းကြသည်။ ဘကြီးဘဖေ ကိုယ်တိုင်ကပင် လက်ဖက်ရည်သောက် ဖိတ် ၍ ထောက်ခံရင်း . . .

'မောင့်ကို စာရေးဆရာ သာဓုအနေနဲ့ လေးစားလို့ တိုက်တွန်းကြတာနော်၊ မောင်သာဓု အပြတ်အသတ်နိုင်မှာ သေချာတယ်'

ဤအထိ သာဓု စဉ်းစားဆဲပင် ရှိသေး၏။ အကြောင်းသော်ကား သာဓု စိတ်ကို သာဓုသိသည်။ စမိလျှင် နောက်မဆုတ်ချင်။ မြူလူကြီးအရွေးခံရသော် နိုင်ငံရေးစိတ် ပြန်ဝင်လာမည်။ ဆက်တိုက်လုပ်မိချေတော့မည်။ ပါတီ အဖွဲ့ အစည်း တစ်ခုခုသို့ ဝင်ရန် အကြောင်းပေါ်လာမည်။ သာဓုသည် နယ်ချဲ့ကိုသာ တိုက်လိုသည်။ ဗမာအချင်းချင်း ရန်မဖြစ်ချင်။

သို့တိုင်အောင် ဘကြီးဘဖေ၏ နောက်ဆုံးစကားတစ်ခုဖြစ်သော . . .

'အေးလေ မောင်သာဓု စဉ်းစားပေါ့၊ ကိုယ့်ကို လေးစားလို့ တိုက်တွန်းသူ တွေကို ကိုယ်ကလည်း ပြန်လေးစားရမယ် မဟုတ်လား'

ထိုစကားသည် သာဓုအား အလေးအနက် စဉ်းစားခိုင်းသလို ရှိနေသည်၏ အဆုံး၌ အာမခံငွေပါသွင်း၍ အဆင်သင့်လုပ်လာကြသော စာရွက်စာတမ်းများ တွင် သာဓု လက်မှတ်ရေးထိုးလိုက်ကာ အစစ ပြင်ဆင်ရတော့၏။

သတင်းစာများတွင် သာဓု အရွေးခံမည့်အကြောင်း ပါလာပြီး နောက်တစ် နေ့တွင် သခင်လှကျွေ (ဆိုရှယ်နီအဖြစ် ခွဲမထွက်သေး) နှင့် အခြား ဖ ဆ တစ် ဦးတို့ ရောက်လာကာ . . .

'ဟေ့ သခင်ဖေသန်း ဘယ်လိုဖြစ်တာလဲ၊ ခင်ဗျား ဒါတွေပြန်လုပ်ချင်ရင် ပြေပါလားဗျာ၊ ခုတော့ ကျွန်တော်တို့ ရဲဘော်ရဲဘက်ချင်း ထတိုက်သလို ဖြစ်နေ ပြီ၊ သခင်နုကလည်း တွေ့ချင်နေတယ်၊ ခဏလိုက်ခဲ့ပါလားဗျာ'

သာဓု ခေါင်းခါလိုက်၏။ နောက် ရပ်ရွာနှင့် စာပေလူထု၏ ဆန္ဒကို မလွန် ဆန်နိုင်၍ ဝင်လိုက်ရကြောင်း၊ ဖဆကို တိုက်သည်မဟုတ်ဘဲ အမှန်တရား ဆန့် ကျင်သူများကိုသာ ရင်ဆိုင်ရန်ဖြစ်ကြောင်း ပြောလိုက်သဖြင့် တစ်ကြိမ်က အလွန်ချစ်ခင်သော ရဲဘော်သခင်လှကျွေလည်း စိတ်မကောင်းကြီးစွာဖြင့် ပြန် သွား၏။

တစ်ပတ်ခန့်အကြာတွင် အခွန်အရေးပါသည့် ဒုတိယတန်းစား ဖ ဆ ခေါင်းဆောင်တစ်ဦး (အမည်မဖော်သင့် ထင်၏။) ရောက်လာပြန်ကာ သာဓုအား ယခုအရွေးခံမည့် နေရာမှ နုတ်ထွက်ပြီး အခြားရပ်ကွက်တစ်ခုမှ ဝင်အရွေးခံ ဖ ဆ ကိုယ်စားလှယ်က ဖယ်ပေးမည်၊ သာဓုကလည်း ဖ ဆ အနေဖြင့် အရွေးခံရန် စသည်ဖြင့် ဆွယ်၏။ သာဓုကလည်း ခေါင်းခါမြဲခါသည်။

'ခင်ဗျား ပုံနှိပ်စက်က အတော်အိုနေပြီပဲ၊ အသစ်လျှောက်ပါလား၊ စက္ကူတို့ ပုံနှိပ်မှင်တို့ပါ အင်ပို့လိုက်စင် လျှောက်လေဗျာ၊ အနည်းဆုံး လေးငါးသောင်းဖိုး လောက်ပေါ့'

သူ့စကားကို သာဓု နားလည်သည်၊ သာဓုက ယဉ်ကျေးစွာဖြင့် ထိုမျှငွေ သာဓုတွင် မရှိကြောင်း၊ မလျှောက်လိုကြောင်း လောက်သာ ငြင်းဆန်လိုက်သည် ကို . . .

'သခင်ဖေသန်းကဗျာ၊ လိုင်စင်ရဖို့သာ အဓိကပါဗျ'

သူဆိုလိုသည်မှာ လိုင်စင်လျှောက်၊ ရလျှင် ရောင်းစားဟူသည့် ထိုခေတ်က အင်ပို့လိုင်စင် သောင်းကျန်းစနစ်ကို ပြောရင်း ဆွယ်နေသည်။ ဤလို သိက္ခာကို ထိပါးလာသော် သာဓု စိတ်ဓာတ် ဖျတ်ခနဲ တင်းမာလာတတ်သည့်အတိုင်း

'ကဲ၊ ခင်ဗျား မြန်မြန်ပြန်ရင် ကောင်းမယ်၊ ခင်ဗျား နိုင်ငံရေးသမား လုပ်နေ ပြီး ဖောက်ပြန်ရေးပညာတွေ လာသင်နေတာလား' ဟု မောင်းထုတ်လိုက်ရ၏။

သာဓုမှာ မူလ စိတ်ထားအတိုင်း အေးအေးနေခဲ့လျှင် ကောင်းလေစွ။ ယခုမူ အများ၏ ဆန္ဒအလျောက် အရွေးခံရန် လက်မှတ်ထိုးမိသဖြင့် အမျိုးမျိုးသော ပြဿနာနှင့် တိုးနေရသည်။ အပြိုင်အရွေးခံရရန် နာမည်စာရင်း သွင်းထားသူ များမှာ ဦးသိမ်းမောင်၊ သာဓုနှင့် အခြားတစ်ဦး။

ထိုတစ်ဦးကလည်း လာပြန်ချေသေးသည်။ သူသည် အရွေးခံ တိုက်နယ် ရပ်ကွက်တစ်ခုမှ သူကြီးဖြစ်လျက် သူ့မဲများကို သာဓုကို ပေးစေမည်။ သူကမူ ဟန်ဆောင်လောက်သာ နေမည်။ သူ့ကို ငွေ ၁၅ဝဝ ကျပ် ပေးပါဟု ဈေးခေါ် သည်။ ခေါင်းခါလိုက်သောအခါ တစ်ရက်တခြား ဈေးကျသွားသည်။ ၁ဝဝဝ ကျပ်၊ ၇၅ဝ ကျပ်၊ နောက်ဆုံး ၅ဝဝ ကျပ် မလျှော့နိုင်ဟု ဆိုသည်။ သာဓုကမူ .

'ဒီကိစ္စနဲ့ပတ်သတ်ပြီး လာကိုမလာနဲ့တော့' ဟု အော်ပစ်လိုက်ရသည်။

ပြဿနာကား ဤတွင်မရပ်သေး။ တစ်နေ့သော ညနေ ၆ နာရီခွဲလောက် ပုဇွန်တောင် မြူလူကြီးဟောင်း ဒေါ်တင်ရောက်လာပြီး 'ရွေးကောက်ပွဲကိစ္စ အရေး ကြီးသောစကား ပြောလို၍' ဟု လာခေါ်သဖြင့် (မောင်ဝဏ္ဏတို့ အမေနှင့်လည်း ဆွေမျိုးနီးစပ် တော်သူဖြစ်၏။) လက်ညှိုးညွှန်ရာ ကားမောင်းခဲ့၍ ရွှေတိဂုံဘုရား အနီးသို့ရောက်မှ သာဓုက မေးမိသည်။

'ဘယ်သွားမှာလဲ မမတင်'

'အေး၊ မောင်ဖေသန်းကို အစ်ကိုကြီးက တွေ့ချင်လို့တဲ့'

'ဘယ်အစ်ကိုကြီးပါလိမ့်'

'ဒေါက်တာ ဗမော်'

သာဓုလည်း ကားကို ဦးဘရီဇရပ်ရှေ့တွင် ထိုးရပ်လိုက်၏။ (ထိုစဉ်က လက်ဝဲမောင်းစနစ်။)

'နို့မမတင်ပြောတော့ မြူရွေးပွဲကိစ္စ တိုင်ပင်စရာ အရေးကြီးလို့ဆို'

'အေးလေ၊ မင်း သေချာပေါက် မနိုင်ချင်ဘူးလား၊ ခုရွေးကောက်ပွဲမှာ'

စကားအသွားအလာကို သာဓု ရိပ်မိပြီ။ သို့သော် တိတိကျကျ သိလိုသည် နှင့် သာဓုက ခေါင်းညိတ်လိုက်၏။

'ဒီလိုလေ မောင်ဖေသန်းရဲ့ မင်းရေးပြီး ရိုက်ဝေတဲ့ ကြေညာချက်ကို အစ်ကိုကြီး ဖတ်ရတော့ 'ဒီသာဓုဆိုတာ ဘယ်သူလဲ' တဲ့။ ဦးဖေသန်းခေါ် စာရေး ဆရာ သာဓုဆိုပြီး လက်မှတ်ထိုးထားတော့ သူမရှင်းဘူးထင်ပါရဲ့၊ ဒါနဲ့ မမတင် က ကျွန်မမောင်တော်တယ်လို့ ပြောတော့ အဲ အဲ အစ်ကိုကြီးတပည့် မောင်မြိုင် ကိုလည်း သူက စုံစမ်းခိုင်းထားတာကိုး'

မမတင်စကားများ တစ်ဆက်တည်း ဇတ်စုံခင်းနေ၍ ရှုပ်သွားသောကြောင့် သာဓုက ထပ်မေးသေး၏။

'ဒီလို ဒီလို၊ မောင်ဖေသန်းရဲ့ ကြေညာချက်ဖတ်ပြီး အစ်ကိုကြီး ဒေါက်တာ ဘမော်က အတော်သဘောကျနေတာနဲ့ မောင်မြိုင် (ယခု ကျောက်ကုန်းတွင်နေ သူ) ကို စုံစမ်းခိုင်းတော့ မမတင်ရှေ့တင်ပဲ သူကပြောတယ်၊ 'ကုန်ဈေးတန်း သခင်ဖေသန်းဆိုတာ သူပဲဆိုတော့' အစ်ကိုကြီးလေ သိပ်ဝမ်းသာသွားတယ်၊ဒါနဲ့ ချက်ချင်းပဲ မမတင်ကို အခေါ်ခိုင်းတာနဲ့ ခု ထွက်လာတာပဲ'

စကားအသွားအလာကို ခြားခြားနားနား ရှင်းသွားပြီ ဖြစ်သော်လည်း ထပ်သိလိုသေးသည်နှင့် . . .

'ခေါ်ခိုင်းပြီး ကျွန်တော့်ကို မဟာဗမာ မြူလူကြီးလောင်းအနေနဲ့ အရွေးခံ ခိုင်းမယ် ဆိုပါတော့' (မဟာဗမာအဖွဲ့သည် ဒေါက်တာဘမော်၏ ပါတီ)

'နေဦး၊ မမတင် ရှင်းပြဦးမယ်၊ ခု မောင်ဖေသန်း ပြိုင်ရမှာက သုံးယောက် နော်၊ ဟို ကျားကူးကွက်သစ် သူကြီးဆိုတာက မဟာဗမာအနေနဲ့ ကုန်ကျစရိတ် ပါ အစ်ကိုကြီးက ပေးပြီး အရွေးခံခိုင်းထားတာကွယ့်၊ ရှင်းပလား၊ အဲ တကယ် လို့ မောင်ဖေသန်းက ဒေါက်တာဗမော်နဲ့ တွေ့ပြီးလို့ မဟာဗမာအနေနဲ့ အရွေးခံ ဖို့ သဘောတူရင် ကျားကူးကွက်သစ်သူကြီးကို နုတ်ထွက်လွှာ တင်ခိုင်းလိုက် မယ်တဲ့၊ ဒါမှမဟုတ်လည်း သူနဲ့ ပတ်သတ်သမျှ မဲဆန္ဒတွေ မောင်ဖေသန်းရ အောင် ကျိတ်ပြီး ထည့်ခိုင်းဖို့ အစီအစဉ်ရှိတယ်'

မဖြစ်နိုင်၊ လုံးဝမဖြစ်နိုင်၊ မူလကတည်းက ပါဝင်အရွေးခံလိုစိတ် မရှိခဲ့ဘဲ ရပ်ကွက်ကရော သာဓု၏ စာရှုပရိသတ်ကပါ တိုက်တွန်း၍ လက်ခံပြီး 'တစ်သီး ပုဂ္ဂလ' အမည်ဖြင့် စီစဉ်ခဲ့သည်။ ယခုမှ မဟာဗမာ၏ ကိုယ်စားလှယ်အဖြစ် ပြောင်းရမည်ဆိုသော် နိုင်ငံရေးအရ ထိုထက် ရှက်စရာကောင်းသော လုပ်ဆောင် ချက်သည် ရှိနိုင်တော့မည်မဟုတ်။

'ဘာစဉ်းစားနေတာလဲကွယ့်၊ သြော်၊ တစ်ခုလည်း မှာလိုက်သေးတယ်၊ သခင်ဖေသန်းကို ပြောပြပါတဲ့၊ တစ်သီးပုဂ္ဂလအနေနဲ့ပဲ အရွေးခံပြီး နောက်မှ ကြည့်လုပ်တာပေါ့တဲ့၊ လိုအပ်တဲ့ အကူအညီ အကုန်ရမယ်၊ ခုကော မင်း ပိုက်ဆံ ဘယ်လောက်ကုန်နေပလဲ၊ အဲဒါထက်မက ရအောင် မမတင် ပြောပေးမယ်လေ'

ထိုစကားသည် စောစောက ရေးခဲ့သည့် 'အင်ပို့ လိုင်စင်ရမယ်' ဟူသောမြှူလုံးကဲ့သို့ ဖြစ်နေရုံသာမက လူကောင်းတစ်ယောက်ကို သစ္စဖောက်သင်ပေး သည့်သဘောမျိုး အများဆုံး ပါနေသောကြောင့် . . .

'တော်ပါတော့ မမတင်၊ ဒီကိစ္စကတော့ လုံးလုံးမဖြစ်နိုင်ဘူး၊ ဆရာကြီးကို လည်း ပြောပြလိုက်ပါ၊ တစ်နေ့သောအခါမှာ ပြတ်ပြတ်သားသား လုပ်ရမယ့် ကိစ္စပေါ်ရင် အချိန်အခါမရွေး ခေါ်ပါလို့နော်၊ ခုဟာကတော့ အတော်မကောင်းတဲ့ အလုပ်ပဲ မမတင်၊ ကျွန်တော့်ကို စေတနာ မေတ္တာနဲ့ အရွေးခံခိုင်းတဲ့ လူထုကို ကျွန်တော် မလိမ်ချင် မညာချင် မညစ်ပတ်ချင်ဘူးဗျာ'

မမတင် ငိုင်သွားသည်၊ အတော်ကြာအောင် စကားမပြောနိုင်ဘဲ ရှိနေစဉ် သာဓုလည်း ကားကို ပြန်ကွေ့ကာ ပုဇွန်တောင်ဘက် မောင်းထွက်ခဲ့၏။ သူ့အိမ် ရှေ့ရောက်၍ ကားပေါ်မှအဆင်းတွင် . . .

'အေးလေကွယ်၊ ဒီတစ်ညတော့ စဉ်းစားလိုက်ပါဦး၊ မနက်ဖြန် ၁ဝ နာရီလောက် မမတင် လာခဲ့ဦးမယ်'

'မဖြစ်ပါဘူး မမတင်၊ နိုင်ငံရေးမှာ တစ်သက်လုံး အငြိအစွန်းမရှိခဲ့တာ ခုမှ ယုတ်မာရမယ်ဆိုရင်'

သို့လျှင်ဆက်၍ ဖ ဆ ပ လ မှ တစ်နေရာပေးမည့် ကိစ္စပါ ပြောပြလိုက်ရ သေး၏။

ထိုမြူရွေးပွဲတွင် သာဓုက မြိုကတော်ဝန်လောင်း ဦးသိမ်းမောင် ဖ ဆ ကို ၈၂ မဲဖြင့် ကပ်ရှုံးသွားသည်။ မကြာမီ ဦးသိမ်းမောင်လည်း မြို့တော်ဝန် ဖြစ် သွားသည်။

ထို့နောက် တစ်နှစ်သာသာ ကြာသောအခါ 'တပ်ထဲက မြတ်ကိုကို' ဝတ္ထု ဖြင့် သာဓုအား စာပေဗိမာန်ဆု ချီးမြှင့်သည့်အခမ်းအနားတွင် ဦးသိမ်းမောင်အား တွေ့ရသည်။

'ဒီမှာကိုသာဓု စာပဲရေးပါ၊ စာများများရေးပါ၊ ဒီမြူရွေးပွဲတို့ အမတ်ရွေးပွဲ တို့၊ အိုဗျာ ဘာမှ ဝင်မလုပ်ပါနဲ့'

သို့ တုံးတိတိကြီး ပြောလိုက်သောကြောင့် သာဓုပင် ယောင်ချာချာ ဖြစ် သွားကာ အကြောင်းရင်းကို ရှင်းပါရန် မေတ္တာရပ်လိုက်မှ . . .

'ခင်ဗျာ့စာတွေကို ကျွန်တော်လည်း ဖတ်တယ်၊ တစ်အိမ်လုံးလည်း ဖတ် တယ်၊ သိပ်ကြိုက်တယ်၊ ရှင်းရှင်း ဝန်ခံမယ်ဗျာ၊ ကိုသာဓုကို ကျွန်တော် ကြည် ညိုတယ်၊ ကဲ ကဲ ဘယ်အထိ လေးစားတယ်ဆိုတာ ထင်ရှားအောင် ပြောရမယ် ဆိုရင် မြူရွေးကောက်ပွဲတုန်းက အမှန်အတိုင်းဆို ကျွန်တော် ရှုံးတယ်၊ ခင်ဗျား က အပြတ်အသတ် နိုင်တယ်'

'ဟောဗျာ'

'အဲဒါပဲ၊ ကျွန်တော့်အတွက် ဆောင်ရွက်ပေးတဲ့ ဖ ဆ ဆိုရှယ်တွေက မဲလိမ် မဲခိုး လုပ်လို့ပေါ့၊ နို့မို့ရင်'

ဦးသိမ်းမောင်လည်း ခပ်လှမ်းလှမ်းသို့ သာဓုအား လက်ညှိုးညွှန်ပြရင်း . .

'သူ့ကို သိသလား'

'သိတာပေါ့၊ ဟိုတုန်းက နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေပဲ'

'သိပ်လည်တဲ့လူ ကိုသာဓု၊ သူ့ကြောင့် ကျွန်တော်နိုင်တာ၊ ခင်ဗျားကတော့ အဲဒီနေ့က မဲရုံနားမှာပဲ ရပ်နေတာနော်၊ သူကတော့ ရဲဘော်ဝါတွေ အဲဒီတုန်းက စစ်ပြေးဒုက္ခသည်စခန်းလေ၊ ကြားမိဖူးမှာပေါ့၊ မလက်တိုရွာ ဒုက္ခသည်တွေကိုပါ ကားကြီးကားငယ်နဲ့ တင်လာပြီး မဲမထည့်ရသေးတဲ့ နာမည်တွေနဲ့ အကုန်ကျုံး ထည့်သွားတာပဲ'

သာဓု ပါးစပ်အဟောင်းသာ ငေးနေမိ၏။ ဖ ဆ မြို့တော်ဝန်တစ်ယောက် အနေနှင့် ဤစကားမျိုး ပြောထွက်လိမ့်မည် မထင်မိ။

'အဲဒါတွေ ဦးသိရတော့ တော်တော်ရှက်မှာပဲနော်'

'အိုဗျာ၊ မျက်နှာတောင် ဓားနဲ့ လှီးပစ်ချင်တယ်'

'နို့ ဘာပြုလို့ အရွေးခံသေးလဲ ဒါဖြင့်'

'အဲ့ဒီအချိန်မှာ ကျွန်တော်ကလည်း သူတို့နဲ့ မကင်းနိုင်သေးဘူးလေ၊ ထမင်း အိုးကလဲ အကွဲမခံနိုင်သေးတော့၊ အင်း သားတွေ သမီးတွေ၊ ခုတော့ တော်ပါပြီ ဗျာ၊ ဒါနောက်ဆုံးပဲ၊ ရှေ့လျှောက် ဘာမှ ဒီလိုမသန့်ရှင်းတာတွေ မလုပ်တော့ ဘူး၊ ကျွန်တော် ဆုံးဖြတ်ပြီးပြီ'

သာဓု ဘာပြန်ပြောရမည်ကို မသိ၊ အကယ်တိ သူသာ ဆက်၍ ဖ ဆ တို့ နှင့် လက်တွဲသွားမည်ဆိုက သူ့ပညာအရည်အသွေးနှင့်ဆိုက ဝန်ကြီးအထိ မျှော် လင့်ချက်ရှိသည်သာ ဖြစ်၏။

'အမှန်ကတော့ ကျွန်တော်လည်း သူများတွေ တိုက်တွန်းပြီး အတင်း လက်မှတ်ထိုးခိုင်းလို့ အားနာတာနဲ့'

'မလုပ်နဲ့တော့ ကိုသာဓု၊ ခင်ဗျားကို စေတနာ ဆန္ဒမဲအားကိုးနဲ့သာ လုပ်ရင် သူတို့ခေတ်မှာ တစ်သက်လုံး မနိုင်ဘူး၊ အဲ ခုနက စကားတောင် ကျန်နေသေး တယ်၊ မလက်တို ဒုက္ခသည်တို့၊ ရဲဘော်ဝါတို့ရဲ့ မဲနဲ့တင် စိတ်မချရလို့ ခင်ဗျား မဲပုံးကို ဖင်ကနေ ဝက်အူလှည့်နဲ့ ဖွင့်ခိုးပြီး ကျွန်တော့်မဲပုံထဲ ထည့်ကြရသေး သတဲ့၊ အဲဒါကိုများဗျာ ဧရာမ စွန်စားခန်းတွေ ဆောင်ရွက်ခဲ့တဲ့ သူရဲကောင်းတွေ ကျနေတာပဲ၊ ကျွန်တော့် ဆီလာပြီး အားပါးတရ ပြောကြသေးတယ်၊ ကျွန်တော် ဖြင့် ရှက်လွန်းလို့'

ဦးသိမ်းမောင် ပြောပြမှပင် မဲပုံးကို သံနှင့်မလုပ်ဘဲ သစ်သားသေတ္တာ သုံး သည်မှာ 'ဝက်အူလှည့်' အားကိုးဟု သာဓု နားလည်လိုက်ရတော့၏။ အစ်ကိုကြီး ဦးသိမ်းမောင်အားလည်း နောင်တွင် စာပေကိုသာ နာနာဖိရေးတော့မည်ဖြစ် ကြောင်း ဝန်ခံလိုက်ရ၏။

ဆုပေးပွဲပြီး၍ အိမ်ပြန်ရောက်သောအခါ သားလတ် ဗလကြီး (သုမောင်)ကို ချော့သိပ်နေသော သူ့ကြီးတော် ဒေါ်သိန်းသိန်းက . . .

'ဟဲ့၊ သာဓု၊ မင်းနေကောင်းရဲ့လား'

'ကောင်းပါတယ် သိန်းသိန်းရဲ့၊ ဘာပြုလို့လဲ'

'ဟယ်၊ မင့်ကြည့်ရတာ စာပေဗိမာန်ဆု ရလာတာနဲ့မတူ၊ ရွှင်ရွှင်ပျပျလည်း မရှိ၊ ဘာတွေ ဘယ်သူနဲ့ ဘုကျလာပြန်သလဲ'

မှန်၏။ သာဓုမှာ စာပေဆုထက် အလေးအနက်ထား၍ စဉ်းစားလာသည့် အကြောင်းရင်းကား . . .

၁။ ဒေါက်တာဗမော် ငွေကုန်ခံ၍ မဟာဗမာ မြူလူကြီးလောင်း အဖြစ် အရွေးခံခိုင်းသူ ကျားကူးသူကြီးက သူလိုချင်သော ငွေရလျှင် သူ့မဲများကို သာဓု ကို ကျိတ်၍ခွဲပေးမည်။ မြူလူကြီးအဖြစ်ထက် ငွေကိုလိုချင်နေသည်။

၂။ ဦးသိမ်းမောင်ကား ဖ ဆ၏ မြူလူကြီးလောင်း ဖြစ်သည်။ အရွေးလည်း ခံရသည်။ ထိပ်ဆုံး မြို့တော်ဝန်လည်း ဖြစ်နေသည်။ သို့တိုင်အောင် လိမ် ညာ ညစ်ပတ်၍ ရသောမဲနှင့် တက်ခဲ့ရသောကြောင့် သူရှက်နေသည်။ ဖ ဆ ကလိမ် ကျမှုများ ဖွင့်ထုတ်ပြသည်။ နောင်သောအခါ ဤလိုအရှုပ်များတွင် သူပါဝင်တော့မည်မဟုတ်ကြောင်း ပြောသည်။

ဤနှစ်လီကို တွေးရင်း ပြန်လာသောကြောင့် ထိုအရေး၏ ရောင်ပြန်ဟပ်မှု ဖြင့် သာဓုမျက်နှာ၌ မည်သို့ဖြစ်နေသည်ကိုကား သာဓုလည်း မသိ။

သာဓု
(သာဓု လူဝါးဝတယ် စာအုပ်မှ)

တစ်ကြော့ပြန်လာအုံးမှာလား ယတ်တော

အခုတလော မီဒီယာသတင်းတချို့မှာ ယတ်တောတစ်ယောက် မြန်မာပြည်ပြန်လာဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ သဲ့သဲ့ ကြားမိနေမိတယ်၊ ဂျွန်ဝီလျံ ယတ်တော ဒီနာမည်ကိုဆိုလိုက်တာနဲ့ ရူးကြောင်ကြောင် အမေရိကန်နိုင်ငံသားတစ်ယောက် ၂၀၀၉ ခုနှစ် မေလမှာ နိုင်ငံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ခိုးဝင်မူနဲ့ နိုင်ငံတကာသတင်းတွေမှာ ပွခဲ့ကြတာ မှတ်မိကြမှာပါ
 ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်အကျယ်ချုပ်ကျခံနေရတာတောင် ပြသနာကောင်က အိမ်အပေါ်ထိတက်လာလို့ ဒေါ်စုကို သိက္ခချချင်နေတဲ့ နအဖအဖို့ အကွက်ကောင်းမိပြီး ဒေါ်စုနှင့်အတူ အတူနေထိုင်စောင့်ရှောက်နေတဲ့ ဒေါ်ခင်ဝင်းနှင့် သမီး မ၀င်းမမဦးတို့ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလို သူများအား ကာကွယ်သည့် ဥပဒေကြီးကို အကြောင်းပြပြီး ပုဒ်မ၂၂ နဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်ထဲ အပို့ခံခဲ့ရပြီး သတင်းစာတွေမှာ အပုတ်ချရေးသားခဲ့ကြပေမယ့် အင်းယားကန်ကို ရေကူးပြီး ဒေါ်စုအိမ်ကို ခိုးဝင်တဲ့ ယတ်တောတစ်ယောက်ကိုဖြင့် နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူ များအား ကာကွယ်သည့် ဥပဒေ ပုဒ်မ ၂၂/၁၀၉ ၊ ကန့်သတ်နယ်မြေကို ကျူးကျော်ဝင်ရောက်မှူနှင့် မြူနီစပယ် အက်ဥပဒေ ပုဒ်မ ၂၈၊ လူဝင်မူကြီးကြပ်ရေး ဥပဒေ ၂၃(က)တို့နှင့် တရားစွဲ ဖမ်းဆီးပေမယ့် ယတ်တောတယောက် ရက်သတ္တပတ်အတွင်းမှာ ပြန်လည်လွှတ်မြောက်ခံ ခဲ့ရပြီး ပြည်တော်ကို ချောမောစွာ ပြန်နိုင်ခွင့်ရခဲ့တာတွေဟာ အံသြစရာတော့မဟုတ်ပါဘူး၊ နအဖအာဏာပိုင် တွေရဲ့ သဘောကိုက စူးပေါ်ဖက်ကျလည်း ဖက်ပေါက်ရမယ်၊ ဖက်ပေါ်စူးကျလည်း ဖက်ဘဲပေါက် စေချင်တာကိုး

ပြည်တော်ပြန် ယတ်တောနှင့်ပတ်သက်တဲ့ မီဒီယာသတင်းတွေမှာ သူပြောခဲ့တဲ့ သူ့ အကြောင်းတွေထဲက တချို့ကတော့ သူဟာမီဇူရီ ပြည်နယ်၊ စဖရီးမှာရှိတဲ့ သစ်တောသက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်တယ်လို့ဆိုပေမယ့် အဲဒီသက္ကသိုလ်ကတော့ ယတ်တောအမည်နဲ့ သူတို့ ကျောင်းမှာတက်ခဲ့ဘူးတဲ့ စာရင်းမရှိသလို ဘွဲ့ရြ့ပီးသွားတဲ့ လူစာရင်းမှာလည်းမတွေ့ခဲ့ရပါလို့ ထုတ်ဖော်ပြောဆိုခဲ့တယ်၊ နအဖအလိုတော်ကျ ထုတ်ဝေနေတဲ့ ပြည်တွင်းသတင်းတွေမှာတော့ ယတ်တောဟာ ဒေါ်စုအိမ်ကို နှစ်ရက်ကြာ ရေကူးဝင်ရောက်ရတယ်လို့ ဆိုထားပေမယ့် ယတ်တောလက်ရှိဇနှီးကတော့ ယတ်တောဟာ ပန်းနာရင်ကျပ် ဝေဒနာသည်တစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ပြောပြသွားတာတွေဟာ နအဖလိမ်နေသည်၊ ယတ်တောလည်းလိမ်နေသည်လို့ ပြောရမှာပါဘဲ၊

ဂျွန်ဝီလျံ ယတ်တော ဟာ မြန်မာပြည်ကို နှစ်ခေါက်တိတိ သွားရောက်ခဲ့ပြီးသူဖြစ်ပြီး နှစ်ကြိမ်စလုံး ဒေါ်စု အိမ်ကို အရောက်သွားခဲ့ပြီး တွေ့ဖို့ ကြံစည်ခဲ့သူဖြစ်ပါသည်၊ ယခုလည်း ခရစ်ယာန် ဘာသာရေးဂိုဏ်းတခုဖြစ်သည့် မိုမန်ဂိုဏ်းဝင် ယတ်တောတစ်ယောက် မြန်မာပြည်သို့ ခရစ်ယာန် သာသနာပြု မစ်ရှင်အဖြစ် ၀င်ရောက်ရန်အတွက် စာရင်းပေးသွင်းထားပြီးဖြစ်သည်။ စစ်အာဏာပိုင်တွေ ဗွီဇာပေးမပေး စဉ်းစားစရာမလို ယတ်တောတစ်ယောက် မြန်မာပြည်သို့ ၀င်ခွင့်ရမည်ဆိုပါက ဒေါ်စုအား နောက်ထပ်တွေ့ကြုံရန် ကြိုးစားဦးမည်ဖြစ်သည်၊ ယတ်တော၏ မြန်မာပြည် သွားသည့် ရည်ရွယ်ချက်ကိုက ဒေါ်စုအားတွေ့ဆုံနိုင်ခွင့်  ရရေးသာ အဓိက ဖြစ်တော့သည်။ ယတ်တောတစ်ယောက် သူပြုစုနေတယ်ဆိုတဲ့ စိတ်ပညာစာတန်းအတွက် ဒေါ်စုအားတွေ့ဆုံနိုင်ရန် ကြိုးးစားနေသည်ဘဲ ဖြစ်စေ၊ မီဒီယာတွေမှာ နာမည်ကြီးချင်သည့် ရူးကြောင်ကြောင် ငပေါတကောင်ဘဲဖြစ်စေ၊ နအဖစစ်အာဏာပိုင်တွေနဲ့ အကျိုးတူ ပူးပေါင်းပြီး ဒေါ်စုအား သိက္ခာချချင်လို့ဘဲဖြစ်စေ ထပ်မံတွေ့ဆုံရန် ကြိုးးစားမည်ဆိုပါက ယတ်တောတစ်ယောက်ကတော့ဖြင့် ဘာမှမဖြစ်ပြီ ဒေါ်စုတစ်ယောက်ကို တော့ဖြင့် ဒုတိယအကြိမ်မြောက် ဥပဒေချိုးဖောက်သည်၊ နိုင်ငံတော်လုပ်ကြံမည့်အန္တရယ်ရှိသည်ဆိုပြီး ကြီးကြီးကျယ်ကျယ် ပုဒ်မတွေတပ်မည်။ ပထမအကြိမ်တော့ ခွင့်လွှတ်ထားသည် ဒုတိယအကြိမ်တော့ ခွင့်မလွှတ်တော့ဟု ဆိုကာ ထောင်သွင်းအကျဉ်းချနိုင်သည်မဟုတ်ပါလော။

   ဒီတော့ကာ ဒေါ်အောင်ဆန်းစုကြည်(နိုဗယ်ငြိမ်းချမ်းရေးဆုရှင်)အား ကာကွယ်ကြရမည်မှာ အားလုံး၏ တာဝန်ပင်ဖြစ်သည်။ ယတ်တောတစ်ယောက် မြန်မာပြည်ဝင်ခွင့် မရရေးအတွက် ၀ိုင်းဝန်းကြိုးပမ်း ကြဖို့လိုသည်။ ပြည်တွင်းကလူတွေက ဒီကိစ္စကို လုပ်ဆောင်ဖို့ အလှမ်းဝေးနေသည်၊ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသူ ၊ ဒေါ်စုအားချစ်ခင်လေးစားသူမှန်သမျှ သက်ဆိုင်ရာ အမေရိကန်အစိုးရနှင့် ဘာသာရေးအဖွဲ့က တာဝန်ရှိသူတွေကို စုံစမ်းပြီး ဒီကိစ္စကို တားဆီးဖို့လိုအပ်နေပြီ ဖြစ်ပါကြောင်း ………..


ကမာနီလာ


( တားဆီးဖို့ဆိုတာနဲ့ မြန်မာသံရုံးရှေ့ ချီတက်ဆန္ဒပြခိုင်းသည်မဟုတ်ပါ၊ တချို့တွေက ဆန့်ကျင်တာတို့၊ တားဆီးကျတို့ပြောလိုက်တာနဲ့ မြန်မာသံရုံးရှေ့ဘဲ ရောက်ရောက်နေတတ်ကြလို့ ပါ၊ )


မေလထုတ် နအဖသတင်းစာပါ ဂျွန်ဝီလီယံ ယတ်တော ကိုယ်ရေးရာဇ၀င်
၁။ အမည် - John William Yettaw
၂။ အခြားအမည် - မရှိ
၃။ အသက်/ မွေးသက္ကရာဇ်- ၆ရက်၊၉လ၊ ၁၉၅၅(၅၅နှစ်)
၅။ အရပ်အမြင့် - ၅ ပေ၊ ၁၀ လက်မ
၆။ ကိုယ်အလေးချိန် - ၂၂၀ ပေါင်
၇။ မွေးဖွားရာ ဇာတိ - Detroit Michigan
၈။ မှတ်ပုံတင်အမှတ် -P.P. No. 439767722/24.8.2008/EV/T (ကမ္ဘာလှည့်ဗွီဇာ)
၉။ ပညာအရည်အချင်း - Ph.D. (Psychology တက်ရောက်ဆဲ)
၁၀။ အလုပ်အကိုင် - Student Clinical Psychology, Forest Institute
၁၁။ နေရပ်လိပ်စာ အပြည့်အစုံ - 31158, Deta Road, Falcon, Missouri (65470)
၁၂။ မိဘအမည်/ အလုပ်အကိုင် - (ဘ) Jerome William Yettaw (Engineer,
၁၉၈၃ ကယ်ြလနြ်) နေရပ်လိပ်စာ (မိ) Eizabeth Bouchop Fogo (၁၉၇၈ ကွယ်လွန်)
၁၃။ ဇနီးအမည်/အလုပ်အကိုင် - Betty Yettaw (မှီခို) နေရပ်လိပ်စာ အတူနေ
၁၄။ ပါဝင်ခဲ့သည့် အဖွဲ့အစည်း စစ်မှူထမ်း ၂ နှစ်လုပ်ကိုင်ဖူးသည် ။

Twitter Delicious Facebook Digg Stumbleupon Favorites More