This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label တွေ့ဆုံမေးမြန်းခြင်း(Interview). Show all posts
Showing posts with label တွေ့ဆုံမေးမြန်းခြင်း(Interview). Show all posts

Tuesday, June 28, 2011

အညတရသူရဲကောင်းဆိုတာ....(ဆုချီးမြှင့်ရေးဆပ်ကော်မတီဝင်များရဲ့ ရင်တွင်းစကား)မှတ်တမ်းဗွီဒီယို



ပေးပို့သူ-
ကိုထွန်းဝေနှင့် ဇေယျာအောင်

Tuesday, May 4, 2010

ပထမအကြိမ်ပြည်သူ့ဂုဏ်ရည်ဆုရှင်ဦးကျော်သူနှင့် တွေ့ဆုံမေးမြန်းခြင်း


ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ပြည်ပရောက် မြန်မာနိုင်ငံသားများ စုစည်း၍ မြန်မာနိုင်ငံအတွင်း လူမှုရေးလုပ်ငန်းများ၊ ထူးထူးချွန်ချွန် ဆောင်ရွက်နေကြသူများအား ကျေးဇူးတင် ဂုဏ်ပြုသည့် အခမ်းအနား တစ်ရပ်ကို လော့စ်အိန်ဂျယ်လိစ်မြို့၊ အမေရိကန်ပြည်ထောင်စုတွင် ၂၄.၄.၂၀၁၀ (စနေနေ့) ညနေ (၅း၀၀)နာရီမှ (၇း၀၀)နာရီအတွင်း ကျင်းပခဲ့ရာ ၂၀၁၀ ခုနှစ်ရဲ့ Citizen of Burma ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ရရှိသွားခဲ့ပါသည်။

ဆုရရှိမှုနှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူအား သွားရောက်ပြီး မေးမြန်းခဲ့ရာ ဦးကျော်သူမှ အောက်ပါအတိုင်း ပြန်လည် ဖြေကြားသွားခဲ့ပါသည်။

Burma : မင်္ဂလာပါ ဦးကျော်သူ ။ အခု Citizen of Burma အဖွဲ့အစည်းက ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိသွားတယ်လို့ ကျွန်တော်တို့ သတင်းကြားသိရပါတယ်။ အဲဒီ သတင်းက မှန်ပါသလား ခင်ဗျာ။

ကျော် : သတင်းမှန် မမှန်တော့ ကျွန်တော်လည်း မသိသေးဘူး။ ခုနကတော့ မူဆယ် နာရေးကူညီမှုအသင်း ကနေပြီးတော့ ကျွန်တော်ကို ဖုန်းဆက်အကြောင်းကြားတယ်။ အင်တာနက်မှာ ပါနေပြီလို့ ပြောတယ်။ ကိုကျော်သူ ၀မ်းသာပါတယ်ဆိုပြီးတော့ အကြောင်းကြားတယ်။ အိမ်ရောက်တော့ အိမ်မှာပြန်ကြည့်တော့ ကျွန်တော် အီးမေးလ်ထဲမှာ ဘယ်သူဆီကမှ ဘာမှ မရောက်သေးပါဘူး။ ဒါပေမယ့် Citizen of Burma ဆိုဒ်ကို ကျွန်တော် ဖွင့်ကြည့်လိုက်တော့ အဲဒီမှာ “ ကျော်သူဆုရတယ် ” ဆိုပြီးတော့ စာတစ်ကြောင်းပဲ တွေ့တယ်။

Burma : ဆုရတယ်လို့ အဲဒီ စာကြောင်းလေး တွေ့လိုက်ရတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဘယ်လိုခံစားရပါသလဲ။


ကျော် : ဘယ်လိုခံစားရသလဲဆိုတော့ ကျွန်တော် ပိုပြီးတော့ တာဝန်ရှိသွားပြီ။ ပိုပြီးတော့ ဒီထက်မက အများကြီး ပြည်သူတွေကို ပေးဆပ်ဖို့ တာဝန်တွေ ပိုလာပြီလို့ ကျွန်တော် သတ်မှတ်ပါတယ်။

Burma : အရင်တုန်းကလည်း ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုကို ဦးကျော်သူ ရခဲ့သေးတယ်နော်။ အဲဒီိဆုကို ဘယ်ခုနှစ်က၊ ဘယ်ဌာနကနေ ပေးတယ်ဆိုတာကို မှတ်မိပါသေးလား။


ကျော် : ပြည်သူ့ဘက်သား အနုပညာသမားက ၂၀၀၉ ခုနှစ်က ပေးတာပါ။ အင်္ဂလန်ရောက် မြန်မာပြည်သူတွေ ပြည်သားတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ကနေပြီးတော့ ချီးမြှင့်တာပါ။ အဲဒါ သူတို့ သင်္ကြန်ပွဲလုပ်ရင်းနဲ့ အဲမှာ ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုရွေးချယ်မယ်ဆိုပြီးတော့ ကျွန်တော်ကို ချီးမြှင့်လိုက်တာပါ။

Burma : အရင်တုန်းက ဦးကျော်သူက ရုပ်ရှင်သရုပ်ဆောင် အနုပညာသမားတစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီ ရုပ်ရှင်သရုပ်ဆောင် အနုပညာသမား ဖြစ်ခဲ့တဲ့အချိန်မှာ အကယ်ဒမီဆုတွေလည်း ရရှိခဲ့တယ်။ ဒါရိုက်တာဆုတွေလည်း ရရှိခဲ့တယ်။ အဲဒီ အကယ်ဒမီဆုတွေရလို့ ပျော်ရွှင်မှုနဲ့ အခု လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်လို့ ရရှိတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရတဲ့အခါမှာ ဘယ်လို ကွာခြားသလဲ။ ခံစားချက်ပေါ်မှာပေါ့။

ကျော် : ရုပ်ရှင်အကယ်ဒမီဆု ဆိုတာကတော့ ကျွန်တော် ရုပ်ရှင်ကား တစ်ကားရိုက်တယ်ဆိုရင် သရုပ်ဆောင်မှုကို ပီပြင်အောင် သရုပ်ဆောင်တဲ့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်ရပါတယ်။ အဓိက ကတော့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်တယ်ဆိုတာ အကယ်ဒမီဆုဆိုတာကြီးကို ရည်မှန်းပြီး သရုပ်ဆောင်ကြတာများတယ်။ ဒီ ဆုရရှိရေးအတွက် သရုပ်ဆောင်ကြတာများတယ်။ ဒီ အခု လူမှုရေးဆုဆိုတာကတော့ ဒါဟာ ကျွန်တော်တို့ ဘယ်လိုမှ ရည်မှန်းလို့ မရပါဘူး။ ရည်မှန်းလို့ မရဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့တယ်။ ကိုယ့်တာဝန် ကိုယ်ကျေခဲ့တယ်။ အဲဒီအတွက် ပြည်သူကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ ဒီ မဲစနစ်နဲ့ ရွေးချယ်ခံရတာ။

အဲဒီတော့ ဒီ ပြည်သူ့ဂုဏ်ရည်ဆုကတော့ မြန်မာရုပ်ရှင် အကယ်ဒမီဆုနဲ့ အရမ်းကို ကွာဟလွန်းပါတယ်။ အကယ်ဒမီဆုနဲ့လည်း မနှိုင်းယှဉ်အပ်ဘူး။ ဒီ ပြည်သူ့ဂုဏ်ရည် ဆုဆိုတာ အင်မတန်ကို အမြတ်တနိုး၊ ကိုယ့်ဘ၀ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် အမြတ်တနိုး ထားရှိရမယ့် ဆုလို့ ကျွန်တော်မြင်တယ်။ ပြီးတော့ အခုပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုဆိုတာ နိုင်ငံတကာ အော်စကာဆုပေးပွဲလို အဲလို ပုံစံမျိုးနဲ့ ပေးတာကို ကျွန်တော် သဘောကျတယ်။ ဥပမာ - ဒီ ပထမဦးဆုံး စာရင်းအရ (၂၄)ဦးပေါ့လေ။ အသင်းအဖွဲ့အစည်းရော၊ လူပုဂ္ဂိုလ်တွေရော၊ ရဟန်းသံဃာတွေရော (၂၄) ဦးကို ရွေးထားတယ်.။ နောက်ဆုံး ဆန်ကာတင် (၅)ဦးကို ထပ်ရွေးချယ်တယ်။ ဒီ ဆန်ကာတင် (၅) ဦးကိုမှ အခမ်းအနားနေ့မှာ ဆုပေးရမယ့် သူကို ဆန္ဒမဲပေးပြီး ဆုံးဖြတ်လိုက်တယ်။ ဒါက အော်စကာဆုပေးတဲ့ ပုံစံမျိုး၊ အော်စကာဆုဆိုတာကလည်း ဆန်ကာတင် ဇာတ်ကား (၅) ကား ရွေးတယ်။ ဘယ်ကား ဘယ်ကားတွေပါလဲ။ ဒါ မျှော်လင့်ချက် ပေးလိုက်ပြီ။ အဲဒီ မျှော်လင့်ချက်တွေထဲမှာ ဒီကားကတော့ ဟိုကားထက် ဘယ်လိုသာလို့ ဓါတ်ပုံတော်လို့ သရုပ်ဆောင် တော်လို့ဆိုပြီးတော့ ပေးလိုက်တာ။ ဒါကတော့ အင်မတန် မြင့်မြတ်တဲ့ ဆုပေးခြင်း ရွေးကောက်တယ်လို့ ကျွန်တော်မြင်ပါတယ်။


Burma : အခု Citizen of Burma ကပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဒီလူမှုရေး လုပ်ငန်းဆိုတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်တယ်လို့ ထင်ပါသလား။

ကျော် : ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာ ကျွန်တော်တစ်ဦးတည်း လုပ်တာလည်း မဟုတ်ဘူး။ ကျွန်တော်အနောက်မှာ ရှိတဲ့ အသင်းသူ အသင်းသားတွေ၊ အလုပ်အမှုဆောင်တွေအားလုံး တက်တက်ကြွကြွ လုပ်ကြတယ်။ အလှူရှင်တွေကလည်း တကယ့်ကို နှစ်နှစ်ကာကာနဲ့ လှူဒါန်းကြတယ်။ လှူဒါန်းကြတဲ့ အတွက်လည်း ကျွန်တော်တို့ လုပ်ငန်းဟာ အောင်မြင်လာတယ်။ အောင်မြင်တဲ့ အတိုင်းအတာမှာ ကျွန်တော်တို့ကလည်း ထိထိမိမိနဲ့ နာရေးရှင်တွေ ဥပမာ - သုခကုသိုလ်ဖြစ်ဆေးခန်းဆိုရင် ရောဂါဝေဒနာရှိတဲ့ ဝေဒနာရှင်တွေ နောက်အခုဆိုရင် သုခအလင်းစာကြည့်တိုက် စာကြည့်ခန်းတွေ ဖွင့်ထားတယ်။ နောက် ကလေးစာသင်တန်း အင်္ဂလိပ်စာသင်တန်းတွေက အင်မတန်ကို အားတတ်စရာကောင်းပါတယ်။ ကလေးတွေအတွက် အင်္ဂလိပ်စာ သင်တန်းဆိုတာကလည်း ကျွန်တော်က ၁၉၅၉ ခုနှစ်မှာ မွေးလာတယ်။ ၁၉၆၂ ခုနှစ် ဦးနေ၀င်း အစိုးရလက်ထက်မှာ ကျွန်တော်တို့က ကြီးပြင်းလာတယ်။ ကျွန်တော် အင်္ဂလိပ်စာကို အတော်လေး အားနည်းတယ်။ ကျွန်တော် မိဘ အဖေ၊ အမေတို့က အင်္ဂလိပ်စာ ဆရာ ဆရာမကြီးတွေ ဖြစ်တယ်။ ကျွန်တော် ညီဆိုလည်း အခု အမေရိကားရောက်နေတယ်။ ကျွန်တော် အမဆိုလည်း ဆရာဝန်မကြီးပါ။ နောက်မျိုးဆက်သစ်ကလေးတွေ အင်္ဂလိပ်စာ တတ်စေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော် ဒီအင်္ဂလိပ်စာ အခြေခံနွေရာသီ သင်တန်းလေးကို ကျွန်တော် အမျိုးသမီး ရွှေဇီးကွက်ကနေပြီးတော့ ဖွင့်လှစ်ပေးခဲ့တာကို ကျွန်တော်က တဖက်တလမ်းကနေ အားပေးမှုတွေ ကျွန်တော် လုပ်ပေးနိုင်ခဲ့ပါတယ်။

Burma : ဦးကျော်သူအနေနဲ့ ဒီ နာရေးကူညီမှုလုပ်ငန်းရယ်၊ သုခကုသိုလ်ဖြစ်ဆေးခန်းရယ်၊ သုခအလင်း စာကြည့်တိုက်တို့အပြင် နောက်ထပ် ဘယ်လိုလူမှုရေး ၀န်ဆောင်မှုလုပ်ငန်းတွေ ထပ်ပြီးတော့ လုပ်ဆောင်သွားမလဲ ဆိုတာလေး သိပါရစေ။

ကျော် : လူမှုရေး ၀န်ဆောင်မှုဆိုတာ မြန်မာပြည်မှာ လိုအပ်တာတော့ အများကြီးပါပဲ။ ဒါ အတိုင်းအတာ တစ်ခုအရ ခွင့်ပြုချက်ရှိမှ ကျွန်တော်တို့လည်း လုပ်ဆောင်နိုင်တယ်။ အခု နာရေးကိစ္စတို့၊ ဆေးခန်းကိစ္စတို့၊ ကလေးတွေ ပညာသင်တဲ့ သင်တန်းကိစ္စတွေဆိုလည်း သက်ဆိုင်ရာကနေပြီးတော့ အမြဲတမ်း လာပြီးတော့ စစ်ဆေးတာတွေ ဘာတွေရှိတယ်။ ဒါတွေက ကျွန်တော်တို့က ထိထိမိမိ လွတ်လွတ်လပ်လပ် ပံပိုးမှု မရနိုင်ဘူး။ မရနိုင်တဲ့ အတိုင်းအတာမှာ ရတဲ့ အခွင့်အရေးတိုင်း ထိထိမိမိ အကျိုးရှိအောင် ဆုံးဖြတ်ပြီးတော့ လုပ်ဆောင်ပေး အုံးမှာပဲ။ နောက်ထပ် ဖွင့်လှစ်မယ့် သင်တန်းတွေ ဆိုတာတော့ ကျွန်တော်လည်း လောလောဆယ် မပြောနိုင်သေးဘူး။

Burma : အခု ဦးကျော်သူ လက်ရှိလုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို ရုပ်ရှင်မင်းသား ဘ၀မှာရော၊ အခုလက်ရှိ ရုပ်ရှင်ရိုက် နားထားတဲ့ ဘ၀မှာရော လုပ်ဆောင်လာနိုင်တာက အချိန်ပိုပေးနိုင်တဲ့ အတွက်လား။ အစကတည်းက လူမှုရေးလုပ်ငန်းကို လုပ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိခဲ့လို့ အားသွန်ခွန်စိုက် လုပ်ဆောင်ပေးနိုင်တာ လား ဆိုတာလေး ပြောပြပေးပါအုံး။

ကျော် : ကျွန်တော် ၂၀၀၁ ခုနှစ်ကတည်းက ကျွန်တော် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ယောက်ပေါ့လေ။ အဲဒီ အချိန်ကတည်းက ဒီ နာရေးကူညီမှုအသင်းဆိုတာကို စတင်ခဲ့တယ်။ အဲတော့ ဒီ အနုပညာကို ရှင်းရှင်းပြောရရင် ကျွန်တော်အခုဆိုရင် ဒီ အနုပညာကို ခုတုံးလုပ်ပြီးတော့ အနုပညာနဲ့ အောင်မြင်ခဲ့တဲ့ “ကျော်သူ” ဆိုတာကြီးကို ကျွန်တော် ပြန်အသုံးချပြီး ပြည်သူတွေအတွက် ကျွန်တော် ပေးဆပ်နေခဲ့ပါတယ်။ အဲဒီလို ပေးဆပ်နေတယ် ဆိုတာကလည်း ကျွန်တော်ကို ဆရာတော်ကြီးတွေက “ ကျော်သူ မင်း .. ဒီဟာကို လုပ်ရမယ်။ ငါတို့ ဘုန်းကြီးတွေလည်း စာအောင်ဘွဲ့တွေ ရတယ်။ ဒီ ဘွဲ့တွေ ရပြီဆိုရင် သာသနာပြုတာ ပိုပြီး ထိရောက်တဲ့အတွက် မောင်ကျော်သူ မင်းကလည်း ဒီဟာကို လုပ်ပါ ” ဆိုပြီး ဆရာတော်ကြီးတွေကလည်း ကျွန်တော်ကို အားပေးပါတယ်။ ဘဘ ဦးသုခကလည်း ကျွန်တော်ကို အမြဲတမ်း တိုက်တွန်းတယ်။ “ မင်း .. ပြင်သစ်ဝန်ကြီးချုပ်ကို သိလား။ မသိပါဘူး။ အီတလီ သမ္မတကို သိလား။ မသိပါဘူး။ ချာလီချာပလင်ကို သိလား။ သိပါတယ်။ အေး .. ဒါပဲ။ အနုပညာသမားဆိုတာ ဘယ်လုပ်ငန်းပဲလုပ်လုပ် အောင်မြင်တယ်။ ဒါပေမယ့် လုပ်တဲ့လုပ်ငန်းက လူသားအကျိုးပြု လုပ်ငန်းဖြစ်ဖို့က အရေးကြီးတယ် ” ဆိုတဲ့ ဘဘရဲ့ ဆုံးမ သြ၀ါဒကို ကျွန်တော် အခုထက်ထိ လက်ဆုပ်လက်ကိုင်ပြုပြီးတော့ လုပ်ဆောင်နေခဲ့ပါတယ်။

Burma : ဦးကျော်သူက ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းမှာ ရုပ်ရှင်ရိုက်တာ အပိတ်ခံထားရတယ်။ တကယ်လို့များ လက်ရှိအခြေအနေမှာ နိုင်ငံရဲ့ ပေါ်လစီအပြောင်းအလဲကြောင့် ဦးကျော်သူ ရုပ်ရှင်ရိုက်ခွင့် ပြန်ရခဲ့လို့ရှိရင် ရုပ်ရှင် ပြန်ရိုက်အုံးမှာလား။ ဒါမှမဟုတ် လူမှုရေးလုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ဆောင် သွားမှာလား ဆိုတာလေး သိပါရစေ။

ကျော် : အခုချိန်မှာ ကျွန်တော်ကို ရိုက်ခွင့်ပေးတယ် ဆိုရင်လည်း မရိုက်တော့ဘူး။ ကျွန်တော် မရိုက်ဘူးဆိုတာ အခုလောလောဆယ် မြန်မာပြည်မှာ ဖြစ်နေတဲ့ ရိုက်ကူးနေတဲ့ ရုပ်ရှင်ကားတွေ၊ ဇာတ်လမ်းတွေ ပရိတ်သတ်ကို ချပြနေတဲ့ ဇာတ်လမ်းတွေက ပရိတ်သတ်အတွက် ဘာ အကျိုးပြုတာမှ မရှိဘူး။ ပရိတ်သတ်အတွက် အကျိုးရှိမယ့် ဥပမာ - အတ္ထုပတ္တိဇာတ်လမ်းမျိုး၊ သမိုင်းကြောင်းအမှန် ဇာတ်လမ်းမျိုးတွေတော့ အချိန်ပေးပြီး ရိုက်ပေးနိုင်ရင် ကျွန်တော် ရိုက်ချင်ပါတယ်။ ၂၀၀၇ ခုနှစ်က စပြီးတော့ အခုချိန်ထိဆိုရင် (၃) နှစ်ရှိပြီပေါ့။ အဲလို ပိတ်လိုက်တဲ့အတွက်လည်း ကျွန်တော်ကို ပိတ်လိုက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ (ဦးကျော်သူမှ နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံးပြီး) ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ကျွန်တော်ကို ဒီလို ပိတ်ပင်လိုက်တဲ့အတွက် လူမှုရေး လုပ်ငန်းတွေ ပိုပြီးတော့ ဇောက်ချပြီး လုပ်နိုင်ခဲ့တယ်။ အဲဒီအတွက် ကျေးဇူးအများကြီး တင်ပါတယ်။

Burma : ဦးကျော်သူရဲ့ နာမည်နဲ့ Facebook မှာ kyaw thu`s fans ဆိုပြီးတော့ ဆိုဒ်တစ်ခုဖွင့်ထားတာကို တွေ့ရပါတယ်။ အဲဒီ ဆိုဒ်ဟာ ဦးကျော်သူတို့ ပြုလုပ်ခဲ့သမျှ၊ လူတွေကို ကူညီပေးခဲ့တဲ့ လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက် အားလုံးကို ပြည်သူအားလုံး သိရှိအောင်၊ ကမ္ဘာနဲ့ အ၀န်းကို ရောက်ရှိနေတဲ့ မြန်မာပြည်သူ ပြည်သားတွေကိုရော၊ ကမ္ဘာလူသားတွေကိုရော တင်ပြပေးထားတဲ့ အဲဒီ Fans ဆိုဒ်ကိုလည်း အပိတ်ခံ ထားရတယ်လို့ ကြားပါတယ်။ အဲဒါရော ဟုတ်ပါသလား။

ကျော် : ဟုတ်ပါတယ်။ ပိတ်ထားပါတယ်။ ပိတ်ထားတာကလည်း ဘယ်လိုရည်ရွယ်ချက်နဲ့ ပိတ်လည်းတော့ မသိဘူး။ ဒါ ကျွန်တော် Facebook ပေါ်မှာ တင်တဲ့ကိစ္စတွေက နာရေးအခမဲ့ ကူညီပေးခြင်း၊ အခမဲ့ ဆေးကုသ ပေးခြင်း၊ အခမဲ့ ပညာသင်ကြားပေးခြင်း ဒီကိစ္စရပ်တွေပဲ ကျွန်တော် တင်ထားတာပါ။ ကျွန်တော်တို့ လုပ်ငန်း သဘောအရ လုပ်ငန်းမှာ တွေ့ထိတဲ့ အတိုင်းအတာ ကိစ္စတွေကို ကျွန်တော်တင်တာပါ။ နိုင်ငံရေး လှုံ့ဆော်မှု တွေလည်း မဟုတ်ဘူး။ ဒါပေမယ့် ဒီလို အလကား အခမဲ့ လုပ်ပေးနေရတဲ့ ကိစ္စကို အဲလို ပိတ်ဆို့မှု ဟန့်တားမှုတွေ လုပ်တာတော့ တော်တော်ကို ကျက်သရေ တုံးတဲ့ကိစ္စပါ။ ဒါကလည်း ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမှာပါ။

Burma : ဦးကျော်သူ အခု ပြည်သူ့ဂုဏ်ရည်ဆုကို ရသွားပါပြီ။ Citizen of Burma ဆိုတဲ့ အဖွဲ့အစည်း ဖြစ်မြောက်လာအောင် ၀ိုင်းပြီးတော့ ထူထောင်ပေးကြတဲ့၊ လှုံ့ဆော်ပေးကြတဲ့ နိုင်ငံရပ်ခြားကို ရောက်နေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေနဲ့ ဦးကျော်သူကို အားပေးနေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေရော၊ အလှူရှင်တွေ ရော၊ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ စေတနာ့ဝန်ထမ်း ကူညီလုပ်အားပေးနေကြတဲ့ အသင်းသူ အသင်းသားတွေရော သက်ဆိုင်သူ အားလုံးကို ဦးကျော်သူအနေနဲ့ ဘယ်လိုစကားမျိုးနဲ့ ကျေးဇူးတုံ့ပြန် ချင်ပါသလဲ။

ကျော် : ဒါက ကျွန်တော် လေးလေးနက်နက် ပြောရမယ့် ကိစ္စပါ။ ကျေးဇူးတင်ရမယ့် လူတွေကတော့ အများကြီးပဲ။ အခုလို ပြည်ပကနေပြီးတော့ ကျွန်တော်တို့ မြန်မာပြည်တွင်းမှာ ဒီလို ပြည်သူလူထုအတွက် လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ လူတွေကို အခုလို ဆုချီးမြှင့်ခြင်း ပြုလုပ်ပေးနေတာလဲ။ အင်မတန်ကို တန်ဖိုးထားရတဲ့ ကိစ္စပါ။ မြန်မာလူမျိုးအတွက် မြန်မာပီသတဲ့ အလုပ်တစ်ခုလို့ ကျွန်တော် ထင်တယ်။ ဒါ ကိုယ့်လူမျိုးအတွက် အခုလို အဖက်ဖက်ကနေပြီးတော့ ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ဆောင်ရွက် ပေးနေတဲ့ လူမှုရေးသမားတွေလည်း အများကြီးရှိပါသေးတယ်။ အခြေအနေ အမျိုးမျိုးနဲ့ ပြည်ပရောက် မြန်မာလူမျိုးများက ပြည်တွင်းမှာ ရှိနေတဲ့ မြန်မာလူမျိုးများကို မြန်မာ ပီသစွာဖြင့် မျိုးချစ်စိတ်ဓါတ် ထက်သန်စွာ လေးလေးနက်နက် အသိအမှတ်ပြုခြင်းကို များစွာကျေးဇူးတင် လေးစားဦးညွှတ်လိုက်ပါတယ်။ ကျွန်တော် ဆိုလည်း ကျွန်တော်ရဲ့ သားနဲ့ သမီးကို ဒီ ၂၀၀၇ ခုနှစ်က စပြီးတော့ တွေ့ခွင့်မရတော့ဘူး။ ကျွန်တော်တို့ ပက်စပို့စ်တွေလည်း အပိတ်ခံထားရတယ်။ သားရော သမီးရော ဒီကို ပြန်မလာရဲကြဘူး။ ကျွန်တော်တို့ကလည်း မလာခိုင်းတော့ဘူး။ အဲတော့ မိသားစုကလည်း တစ်ကွဲတစ်ပြား ကိုယ့် အနုပညာလုပ်ငန်းကလည်း လုပ်ခွင့်မရ၊ အဲဒီတော့ နေ့စဉ်နဲ့ အမျှ မိုးလင်းတာနဲ့ ကိုယ့် ပိုက်ဆံနဲ့ ကိုယ် ဓါတ်ဆီထည့် ပြီးတော့ အသင်းကိုလာ။ အသင်းမှာ နာရေးကိစ္စတွေ ကူညီပြီးလုပ်ပေး။ ကိုယ့် ထမင်းကို ကိုယ့်ပိုက်ဆံနဲ့ ပေးဝယ်စား။ အဲလို လုပ်နေရပါတယ်။ အဖက်ဖက်က အခက်အခဲတွေ ကြားကနေပြီးတော့ လုပ်ဆောင်နေကြတဲ့အထဲမှာ အခုလို ပြည်သူ့ဂုဏ်ရည်ဆု ဆိုတဲ့ ဆုကြီးကို ဖန်တီးပေးခဲ့တဲ့ အသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတွေ အားလုံး၊ ဆန္ဒမဲပေးကြတဲ့ ပုဂ္ဂိုလ်အသီးသီး၊ ကျွန်တော်တို့ မျိုးရိုးထဲမှာလဲ သုဘရာဇာဆိုတဲ့ မျိုးရိုးလည်း မပါ ပါဘူး။ ဒီကမ္ဘာမြေပြင်ပေါ်ကို ကျွန်တော်ကို ရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ ကျွန်တော်ရဲ့ ဖခင် ဦးစိန်တင်နှင့် ကျွန်တော်ရဲ့ မိခင် ဒေါ်မြသန်း မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်အသီးသီး ကျွန်တော်ရဲ့ ဘ၀မှာ အခုလို (၃) နှစ် (၃) မိုး ၀င်ငွေမရှိပဲ လူမှုရေး လုပ်ငန်းကို သစ္စာရှိရှိ သီလလုံခြုံစွာ ထမ်းရွက်ပေးမှုကို တဖက်တလမ်းမှ အားပေးကူညီ ခဲ့တဲ့ ကျွန်တော်ရဲ့ မဟေသီ ရွှေဇီးကွက်နဲ့ ဘာသာရေးနယ်ပယ်မှ တစ်ဆင့် လူမှုရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လမ်းကြောင်းပေးခဲ့သော ကျွန်တော်ရဲ့ သား ပြည်သိမ်းကျော် (U.S.A)၊ သမီး မြင့်မိုရ်ဦး (Austrilia) တို့ကိုလည်း ရင်ထဲမှာ နှစ်နှစ်ကာကာ အထူးကျေးဇူးတင် ဦးညွှတ်မိပါတယ်။ (၃) နှစ် (၃) မိုး ၀င်ငွေ မရှိပဲနဲ့ ဘယ်လို ရပ်တည်နိုင်သလဲလို့ မေးရင် (၂၅) နှစ် အနှစ် (၃၀) ကြိုးစားခဲ့ရတဲ့ အနုပညာလောကမှ ပြည်သူပေးခဲ့တဲ့ သရုပ်ဆောင်ကြေးများကို စနစ်တကျ သိမ်းဆည်း တိုးပွားအောင် လုပ်ပေးခဲ့တဲ့ ကျွန်တော် ဇနီး ရွှေဇီးကွက်ကိုပဲ ထပ်မံပြီး ကျေးဇူးတင်ရမှာပါ။ မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ လုပ်ကိုင်ရင်း ကျွန်တော် မသေမီ အချိန်ထိ ဒါမှမဟုတ် လူသားတွေ ဘယ်တော့မှ မသေနိုင်တော့မယ့် အချိန်ထိ ကျွန်တော်ကတော့ ဒီ နာရေးကူညီမှု လုပ်ငန်းကို ဆက်လက်လုပ်သွားမှာပါ။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ (၃၁) ဘုံမှာ ဘယ်ဘုံမှာမှ မရနိုင်တဲ့ ကုသိုလ်ကောင်းမှုကြီး ဖြစ်နေလို့ပါပဲ။ ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ၄င်း၏ ရင်တွင်းမှ စကားသံများကို လှိုက်လှိုက်လှဲလှဲ ပြောကြားသွားခဲ့ပါသည်။

(ပေးပို့ သူ ဘားမားပါပါရာဇီ အား အထူးကျေးဇူးတင်ရှိပါသည်)။

Tuesday, March 4, 2008

A.Iမှ Kumazaya Arutaနှင့်တွေ့ဆုံခြင်း


၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဂျပန်နိုင်ငံရှိ မြန်မာလူမျိုးအရေးကိစ္စများကို စိတ်ရောကိုယ်ပါ လှိုက်လှိုက်လှဲလှဲကူညီဆောင် ရွက်ပေးနေသော Amnesty International (A.I)မှ တာဝန်ခံတဦးဖြစ်သူ Kumazawa Arutaနှင့် မိုးသောက်ကြယ်အဖွဲ့သားများ တွေ့ဆုံ မေးမြန်းခွင့်ရရှိခဲ့ပါတယ်။
Kumazawa Sanဟာ ၁၉၆၅ ခုနှစ်၊ ၁၂ လပိုင်း ၄ ရက်နေ့တွင် တိုကျိုမြို့၌ မွေးဖွားခဲ့ပါတယ်။ တစ်ဦးတည်းသောသားဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ကျိုတိုတက္ကသိုလ်၌ ဥပဒေပညာဖြင့်ဘွဲ့ရရှိခဲ့ပြီး၊ ၁၉၉၀ ခုနှစ်တွင် တိုကျိုရှိ ကုမ္ပဏီတခု၌ လခစားဝန်ထမ်းဘ၀ဖြင့် အမှုထမ်း ဆောင်ခဲ့ပါတယ်။
၁၉၉၉ ခုနှစ်၊ ၉ လပိုင်းတွင် လခစားဝန်ထမ်းဘ၀မှနှုတ်ထွက်ပြီး A.Iအဖွဲ့သို့ စတင်ဝင်ရောက်၍ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Kumazawa Sanအနေဖြင့် A.Iအဖွဲ့သို့ ၀င်ရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ‘နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်’လို့ အဓိပ္ပာယ်ဆောင် တဲ့ခေါင်းစဉ်ကို ကလေးဘ၀ကတည်းကစွဲလမ်းနှစ်သက်ခဲ့သူဖြစ်ပြီး၊ ကမ္ဘာ့လူသားများအတွက် တထောင့်တနေရာကနေ အကျိုးပြုနိုင် သောလူသားတယောက်ဖြစ်ရန် ပြုမှုဆောင်ရွက် ပေးချင်တဲ့ဆန္ဒ ကြောင့်ဟုရှင်းပြပါတယ်။
အဲဒီစိတ်ဆန္ဒများကြောင့်လည်း ဂျပန်လူမျိုးတိုင်းအထင်ကြီးမက်မောတဲ့ Salary Man(လခစားဘ၀)ကိုစွန့်လွှတ်ပြီး A.Iမှာဝင်ရောက် လုပ်ဆောင်ဖို့၊ ငယ်ငယ်ကတည်း ကမက်ခဲ့တဲ့ အိမ်မက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေပါတယ်လို့ ဖွင့်ဟပြော ဆိုပါတယ်။
သူဟာ တာကာဒါနိုဘာဘာမှာဖွင့်လှစ်ထားတဲ့ ‘မိုင်ခွန်ခ’ရှမ်းရိုးရာစားသောက်ဆိုင်မှ ရှမ်းခေါက်ဆွဲနှင့်အကြော်စုံကို ကြိုက်နှစ်သက် ကြောင်းပြောဆိုပြီး စိုင်းထီးဆိုင်ရဲ့ သီချင်းသံစဉ်များကို နှစ်သက်သူတဦးဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာစကားကိုစိတ်ဝင်စားသဖြင့် တတ်မြောက်အောင် လေ့လာမှတ်သားနေသူတဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာထုတ်ဝေသမျ မြန်မာစာစောင်၊ ဂျာနယ်အစရှိသည်တို့ကို အသိအမှတ်ပြုလေးစားတဲ့အနေနဲ့(နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ) လစဉ်လေ့လာဖတ်ရှုတယ် လို့လည်းပြောဆိုပါတယ်။
မြန်မာအသိမိတ်ဆွေပေါ်များလှတဲ့ Kumazawa Sanဟာ မြန်မာလူမျိုးတို့ကျင်းပတဲ့ပွဲမှန်သမျှကို မပျက်မကွက် တက်ရောက်အားပေးသူ လည်းဖြစ်ပါတယ်။ မြန်မာလူမျိုးတို့၏ဓလေ့ထုံးတမ်းစဉ်လာများကိုသာမက တခြားနိုင်ငံသားတို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ များကိုပါ ထဲထဲဝင်ဝင်နားလည်သိရှိအောင် လေ့လာဆည်းပူးနေသူတဦးလည်းဖြစ်ပါတယ်။
သူဟာ မြန်မာပြည်ထဲသို့သွားရောက်လည်ပတ်ဖို့အတွက်ကြိုးစားခဲ့ပေမယ့် အခုအချိန်အထိ အစဉ်မပြေသေးကြောင်းပြောပြပါတယ်။ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ Kumazawa Sanဟာ ယခုအချိန်အထိ တဦးတည်း လူပျိုကြီးဖြစ်ကာ အကူအညီတောင်းလာသူမှန်သမျကို ဖော်ဖော်ရွေရွေနှင့် ကူညီပေးနေသူလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး Kumazawa Sanနှင့် မိုးသောက်ကြယ်အဖွဲ့သားများ မေးမြန်းခဲ့မှုများကို ဆက်လက်တင်ပြမှာဖြစ်ပါတယ်။

မိုး-ပထမဦးဆုံးမေးချင်တဲ့မေးခွန်းကတော့ ဂျပန်အစိုးရဟာ အကြမ်းဖက်မှုကိုကာကွယ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့နှစ် နိုဝင် ဘာလကစပြီး ဂျပန်နိုင်ငံတွင်းဝင်လာသူ နိုင်ငံခြားသားမှန်သမျကို လက်ဗွေယူတဲ့ကိစ္စအပေါ် ဘယ်လိုရှုမြင်ပါသလဲ...
ဖြေ-အဲဒီကိစ္စစတင်တော့မယ်ဆိုတဲ့သတင်းကြားကတည်းက ကျနော်တဦးချင်းအနေနဲ့ကလည်းကန့်ကွက်ခဲ့သလို၊ ကျနော်တာဝန်ထမ်း ဆောင်နေတဲ့ A.Iအဖွဲ့ကလည်း ကန့်ကွက်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လက်ဗွေယူတယ်ဆိုတာ ရာဇ၀တ်မှု ကျူးလွန်တဲ့သူတွေ၊ ပြစ်မှုကျူးလွန်တဲ့တရားခံတွေကိုသာ လူဆိုးမှတ်တမ်းတင်စာရင်းသွင်းဖို့ ပြုလုပ်တဲ့ကိစ္စပါ။ တကယ်တမ်းအကြမ်းဖက်ချင်တဲ့သူတွေဟာ ခပ်ညံ့ညံ့တွေမဟုတ်သလို၊ ဖောက်ခွဲမယ့်ပစ္စည်းတွေကို ဘယ်သောအခါမှ ကိုယ်နဲ့အတူ တပါတည်းမသယ်လာပါဘူး။ ရောက်တဲ့နေရာ ကျမှ သူတို့တတ်ကျမ်းတဲ့နည်းပညာနဲ့ ဖောက်ခွဲမယ့်ပစ္စည်းတွေကိုရှာဖွေဝယ်ယူပြီး ပြုလုပ်ကြတာပါ။ ဒါကြောင့် ဂျပန်ကိုလာလည်တဲ့ နိုင်ငံခြားသားများကို လက်ဗွေယူတာဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်သလို၊ သူသားတယောက်ရဲ့ ဂုဏ်သိက္ခာကိုစော်ကားတာ လို့ဘဲကျနော်ရှုမြင်ပါတယ်...


မိုး-လက်ရှိအာဏာရပါတီအနေနဲ့ နိုင်ငံခြားသားတွေအပေါ်တင်းမာပေမယ့် အတိုက်အခံ(Democratic Party of Japan-DPJ)ကတော့ နိုင်ငံခြားသားများအပေါ် အမြင်ကျယ်ကျယ်နဲ့ ပြုမှုဆက် ဆံနေတာကို မြင်တွေ့နေရပါတယ်။ အကယ်၍ DPJ သာအာဏာရရှိခဲ့မယ်ဆိုရင် လက်ရှိမူဝါဒအတိုင်း ဆက်လက်ကျင့်သုံးသွားမယ်လို့ထင်ပါ သလား...
ဖြေ-ဟုတ်ကဲ့-ဒီအတိုင်းပဲဆက်လက်ကျင့်သုံးသွားမယ်လို့ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခြေချနေထိုင်ခွင့်ရရှိထားတဲ့ နိုင်ငံခြားသားတွေကိုတောင် ဒေသတွင်းရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရအောင် ဆောင်ရွက်မယ်လို့ပြောဆိုထားတာကို ခင်ဗျားတို့ လည်းသိရှိပြီးဖြစ်မှာပါ။ နောက်ပြီး အတိုက်အခံပါတီခေါင်းဆောင်ပိုင်းတွေဟာ ခင်ဗျားတို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အ၀ထောက်ခံသလို၊ ဒီမိုကရေစီရေးလုပ်ဆောင်နေတဲ့ ဂျပန်ရောက်မြန်မာလူမျိုးတွေအပါအ၀င် တခြားနိုင်ငံခြားသားတွေကိုလည်း ကူညီဆောင်ရွက်ပေးနေတာ ယနေ့အချိန်အထိပါပဲ...

မေး-ဂျပန်အစိုးရဟာ ဒုက္ခသည်အသိအမှတ်ပြုမှုနည်းပါးနေတဲ့အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ...
ဖြေ-ရှက်တတ်မယ်ဆိုရင်တော့ အင်မတန်ရှက်စရာကောင်းပါတယ်လို့ပထမဦးဆုံးပြောချင်ပါတယ်။ ဒုတိယအချက်ကတော့ အာရှရဲ့ထိပ် သီးနိုင်ငံလို့သာပြောဆိုနေတယ်...၊ ဒါဟာစီးပွားရေးအရထိပ်သီးဖြစ်နေတာဘဲဖြစ်ပြီး၊ လူသားချင်းစာနာမှု၊ ဒုက္ခသည်အဖြစ်အသိ အမှတ်ပြုမှုများမှာတော့ ဘိတ်ဂျီးဖြစ်နေတယ်လို့ပဲသတ်မှတ်ချင်ပါတယ်။ နောက်ပြီးတော့ ခင်ဗျားတို့မိုးသောက်ကြယ်အဖွဲ့သားတွေနဲ့ ဒုက္ခသည်ဆိုင်ရာပထမတန်းဥပဒေပညာရှင် Honma Hiroshiနဲ့ အင်တာဗျူးထားတဲ့အထဲမှာ သူပြောသလိုမျိုး ဒုက္ခသည်လျောက် ထားသူများအပေကျင့်သုံးတဲ့စနစ်က တလွဲဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ လက်ရှိကျင့်သုံးနေတဲ့မူဝါ ဒကိုပြင်ဆင်ဖို့ ကျနော်တို့အပါအ၀င် အားလုံးက ၀ိုင်းဝန်းပြောဆိုနေကြတာပါ။ နောက်တချက်ကတော့ Honma Hiroshi အသစ်ရေးဆွဲတဲ့ ဥပဒေအသစ်ဟာ အသက်ဝင်ဖို့ များနေပါပြီ။ ဒီကိစ္စကို မကြာမီအချိန်အတွင်းမှာ လွှတ်တော်ထဲမှာဆွေးနွေးတော့မယ်လို့လည်း ကျနော်သိရပါတယ်...

မေး-အာရှနိုင်ငံများထဲမှာ A,Iရုံးစိုက်ထားတာ ဘယ်နိုင်ငံတွေလည်းဆိုတာနဲ့ Kumazawa Sanကူညီပေးခဲ့တဲ့ နိုင်ငံခြားသားများရဲ့ စာရင်းတွေကို သိပါရစေ...
ဖြေ-အာရှမှာ A,Iရုံးစိုက်ထားတာက ဂျပန်နိုင်ငံအပါအ၀င် တောင်ကိုရီးယား၊ မလေးရှား၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေမှာရှိပါတယ်၊ ကျနော် တတ်နိုင်သလောက် ကူညီပေးနေတဲ့ နိုင်ငံခြားသားများကတော့ မြန်မာလူမျိုးများအပါအ၀င်၊ အီရန်၊ အဖဂန်နစ္စတန်၊ ဗီယက်နမ်၊ လာအို၊ ဆူဒန်၊ ဆိုမာလီယာအစရှိတဲ့ အာဖရိကနိုင်ငံသားတွေများပါတယ်။ နိုင်ငံတကာမိခင်ကြီးလို့ ခင်ဗျားတို့ခေါ်ဆိုနေတဲ့ တာနာကာစံ လောက်တော့မများသေးတာတော့ ခွင့်လွှတ်ပါဗျာ...။ သူမလိုမျိုး အားလုံးကိုအကူအညီပေးနိုင်တဲ့သူမျိုးဖြစ်အောင်ကြိုးစားပါမယ်...

မေး-မကြာမီကျင်းပတော့မယ့် ဘေဂျင်းအိုလံပစ်နဲ့ပတ်သက်ပြီးတော့ရော...
ဖြေ-ကျနော့်အနေနဲ့ကတော့ ဘေဂျင်းအိုလံပစ်ကို လုံးဝကန့်ကွက်ပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်အစိုးရရဲ့မူဝါဒကိုမကြိုက်လို့ပါ။ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ၊ နိုင်ငံရေး၊ ဘာသာရေးနှိပ်ကွပ်မှုတွေ၊ အိမ်နီးချင်းနိုင်ငံတွေထားတဲ့သဘောထားတွေ၊ နယ်ချဲ့သိမ်း ပိုက်မှုတွေအစရှိသည်ဖြစ်ပေါ့ဗျာ...။ တကယ်တမ်း အိုလံပစ်ကျင်းပခွင့်ရတဲ့အိမ်ရှင်နိုင်ငံတိုင်းဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေရုံနဲ့ မလုံလောက်ပါဘူး။ ဒေသတွင်းမှာလည်း နိုင်ငံရေးအရ တိုးတက်မှုတွေရှိရပါလိမ့်မယ်။ နောက်ပြီး ပတ်ဝန်းကျင်နိုင်ငံများရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးအစရှိသဖြင့် ဖွံ့ဖြိုးတိုးတက်လာအောင် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးလို စိတ်ရှိရပါမယ်။ အခုဟာက ဒီလိုမဟုတ်ပဲ စီးပွားရေးအရဖွံ့ဖြိုးနေတာနဲ့ အဲဒီအပေါ်မှာအခြေခံပြီး အိုလံပစ်ကျင်းပခွင့်ရအောင်ပြုလုပ်ခဲ့တာကို ကျနော်တဦးချင်း အနေနဲ့လည်းမကြိုက်သလို၊ နိုင်ငံတကာမှာရှိတဲ့ ဗ၏၍အဖွဲ့တွေကလည်း မကြိုက်နှစ်သက်လို့ အစဉ်တစိုက်ကန့်ကွက်နေခဲ့ကြတာပါ။ အခုတောင်မှ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ဘေဂျင်းအိုလံပစ်ရဲ့ထိပ်တန်းအကြံပေးနာမည်ကြီဒါရိုက်တာ စတီဗင်စဗီးဘတ်တောင် ဆူဒန်နိုင်ငံအရေးကိစ္စနဲ့နှုတ်ထွက်သွားတာပဲကြည့်လေ...

မေး-မြန်မာပြည်ကို သွားရောက်လည်ပတ်ဖို့ကြိုးစားတာမအောင်မြင်သေးဘူးလို့ အစပိုင်းမှာပြောတာကိုကြားမိပါတယ်။ အဲဒါဘယ်တုန်း ကလဲ...၊ ဘယ်လိုပုံစံနဲ့သွားဖို့ကြိုးစားတာလဲ...နဲ့ ဘာကြောင့် အဆင်မပြေရတာလဲဆိုတာကိုပြောပြနိုင်မလားခင်ဗျ...
ဖြေ-၂၀၀၆ ခုနှစ်ကတည်းကပါ။ ကျနော်သွားရခြင်းရည်ရွယ်ချက်ကလည်း A.Iအဖွဲ့ရဲ့ တာဝန်ပေးအပ်ခြင်းခံရလို့ အလုပ်ကိစ္စနဲ့သွားတာ မဟုတ်ပါဘူး။ ခင်ဗျားတို့ မြန်မာပြည်ရဲ့သဘာဝရှုခင်းတွေ၊ နေ့တဓူဝလှုပ်ရှားသွားလာနေကြတဲ့ မြန်မာပြည်သူတွေရဲ့မြင်ကွင်းတွေ၊ ဖော်ရွေ တတ်တယ်လို့နာမည်ကြီးတဲ့ မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုတွေကို လေ့လာကြည့်ရှုချင်တဲ့ဆန္ဒနဲ့ အလည်သဘောမျိုးသွားတာပါ။ အခု အချိန်အထိအဆင်မပြေပါဘူး...၊ အဆင်မပြေရတဲ့အကြောင်းတွေထဲမှာ ခင်ဗျားတို့လိုလူမျိုးတွေနဲ့ အပေါင်းအသင်းဖြစ်လို့လည်း ပါမယ် ထင်တယ်ဗျာ...(ရယ်လျက်)၊ အဲဒီတော့ ကျနော်သွားလည်နိုင်အောင် ခင်ဗျားတို့တတွေကလည်း ခင်ဗျားတို့တိုင်းပြည် ဒီမိုကရေစီနိုင်ငံ ဖြစ်အောင်များများကြိုးစားကြဗျာ...

မေး-ဂျပန်အစိုးရဟာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်တွေကိုခေါ်ယူတော့မယ်လို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။ အဲဒီအပေါ်မှာရော ကောင်းတယ်လို့မြင်ပါသလား...၊ ဒါမှမဟုတ် ဆိုးတယ်လို့မြင်ပါသလား...
ဖြေ-ဟာ-ဒါကောင်းတဲ့အချက်လို့ကျနော်လို့ပဲ ကျနော်မြင်ပါတယ်။ အခုလိုမျိုးခေါ်ယူမယ်ကိစ္စကို အပြည့်အ၀လက်ခံကြိုဆိုပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ခေါ်ယူမယ်လို့ပြောကြားသလိုမျိုး ဂျပန်နိုင်ငံအတွင်းရှိ ဒုက္ခသည်လျောက်ထားတဲ့သူတွေကို လည်း နှစ်စဉ်နှစ်တိုင်း များများနဲ့မြန်မြန်အသိအမှတ်ပြုဖို့လိုပါတယ်။ ခုဟာက နိုင်ငံတကာမှာမျက်နှာပန်းလှအောင် ထိုင်း-နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေကို ခေါ်မယ်လို့ပြောပြီး တကယ့်လက်တွေ့မှာတော့ ဂျပန်နိုင်ငံတွင်းမှာ ဒုက္ခသည်လျောက်ထားတဲ့သူတွေကို အသိအမှတ်ပြုဖို့တွန့်တိုနေတာ၊ အကြောင်းအမျိုးမျိုးပြငြင်းပယ်ပြီး ထိန်းသိမ်းနေတာ၊ ယာယီအာမခံအတွက်ဆိုပြီး ငွေတောင်းပြီးအေးဓမြတိုက်တာတွေလုပ်နေတာဟာ ဘာနဲ့တူသလဲဆိုတော့ ရှေ့စကားနဲ့နောက်စကားမညီဘူးလို့ကျနော်သုံးသပ်မိပါတယ်...

မေး-အကယ်၍များ Kumazawa Sanဟာ ဂျပန်တရားရေးဝန်ကြီးဖြစ်ခဲ့မယ်ဆိုရင် ဒုက္ခသည်တွေအပေါ် ဘယ်လိုကျင့်သုံးမလဲဆို တာသိပါရစေ...
ဖြေ-ဥပဒေပညာရှင်ကြီး Honma Hiroshiပြောသလို ပထမဆုံးလုပ်သင့်တာက ဒုက္ခသည်ကိစ္စကိုကိုင်တွယ်တဲ့သူတွေဟာ တရားရေးက လူတွေမဖြစ်အောင် ပြုလုပ်ရပါမယ်။ ကျမ်းကျင်တဲ့ဥပဒေပညာရှင်တွေ၊ အန်ဂျီအိုအဖွဲ့အစည်းကလူတွေ၊ လူသားချင်းစာနာတတ်တဲ့ စိတ်ရှိတဲ့ အထင်ကရပုဂ္ဂိုလ်တွေက ကိုင်တွယ်ဆုံးဖြတ်နိုင်အောင် ပြုလုပ်ပေးရမယ်လို့ ကျနော်ယူဆပါတယ်။ နောက်ပြီး ဒုက္ခသည် လျောက်ထားတဲ့သူတွေကို ဖမ်းတာ၊ ဆီးတာမျိုးတွေမလုပ်မိအောင် ပြုမှုဆောင်ရွက်ရပါလိမ့်မယ်...

မေး-ဒုက္ခသည်အဖြစ် လျောက်ထားဆဲသူများးကို တတိယနိုင်ငံများသို့ ပို့ဆောင်ပေးနိုင်ခွင့်ရအောင်ကြိုးမယ်လို့ မြန်မာတချို့က ပြောဆို နေပါတယ်။ အဲဒီကိစ္စဖြစ်နိုင်ပါမလား...
ဖြေ-လက်ရှိအချိန်အထိ အဲဒီလိုမျိုးပြုလုပ်လို့ရတယ်လို့ တခါမှမကြားမိသေးပါဘူး။ လုပ်ပေးလို့လည်းရမှာမဟုတ်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ လျောက်ထားဆဲပဲရှိသေးတာ။ အဲဒီလိုကာလမျိုးမှာ လုပ်ပေးလို့ရတယ်ဆိုရင် ဒီမှာဒုက္ခသည်လျောက်မယ့်အစား အစကတည်းက မိမိသွားချင်တဲ့နိုင်ငံကို လှမ်းလျောက်ကုန်ကျမှာပေါ့...

မေး-ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာဒီမိုကရေစီရေးလုပ်ဆောင်နေကြတဲ့အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်များကိုရော ဘယ်လိုမြင်ပါသလဲ...
ဖြေ-ဟုတ်ကဲ့ အဖွဲ့အစည်းတွေများများစားစားရှိတာကို တွေ့ရပါတယ်။ လုပ်နည်းလုပ်ဟန်တွေသာကွဲပြားပေမယ့် အားလုံးရဲ့ရည်ရွယ်ချက် က ‘မြန်မာပြည်ဒီမိုကရေစီရရှိရေး’ဆိုတာဖြစ်တဲ့အတွက် အဖွဲ့အစည်းတွေအားလုံး အပြန်အလှန်လေးစားမှု၊ ညိနှိုင်းတိုင်ပင်လုပ်ဆောင်မှု၊ ရိုင်းပင်းကူညီမှုတွေနဲ့ ဆောင်ရွက်စေချင်ပါတယ်...။

မေး-နောက်ဆုံးမေးခွန်းအနေနဲ့ မိုးသောက်ကြယ်စာကြည့်တိုက်၊ မိုးသောက်ကြယ်ဂျာနယ်နဲ့ မိုးသောက်ကြယ်အဖွဲ့သားတွေကို ဘယ်လိုမြင်ပါသလဲ...
ဖြေ-စာကြည့်တိုက်ဆိုတာ နိုင်ငံတနိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ရတနာတပါးပါ။ ကျနော်တို့ဂျပန်လူမျိုးတွေကိုယ်တိုင်လည်း စာဖတ်တာကိုဝါ သနာပါကြသလို စာကြည့်တိုက်တွေကိုလည်း နေရာအနှံ့အပြားမှာထားရှိပေးပါတယ်။ ခင်ဗျားတို့ရဲ့အဖိုးတန်တဲ့စာအုပ်စာပေတွေကို ဂျပန် ရောက်မြန်မာတွေ အလွယ်တကူဖတ်ရှုလေ့လာနိုင်အောင် အခက်အခဲကြားကကြိုးစားပြီးတည်ဆောက်ပေးထားတာကို ချီးကျူးမိပါတယ်။ မိုးသောက်ကြယ်ဂျာနယ်ကတော့ ဂျပန်မှာရှိတဲ့မြန်မာလူမျိုးတွေရဲ့ ကြိုးစားလုပ်ဆောင်နေတဲ့ သတင်းအချက်အလက်တွေနဲ့ ဂျပန်နိုင်ငံရဲ့ သိသင့်သိထိုက်တဲ့သတင်းအချက်အလက်တွေ၊ အထူးသဖြင့် ဂျပန်လ.၀.ကရဲ့ မဟုတ်မတရားလုပ်ဆောင်နေတာတွေကို ဖော်ပြပေးထား တယ်လို့ ကြားသိမိလို့ မဆိုးပါဘူးလို့ပြောပါရစေ..။ အရှိန်မရပ်တန့်သွားအောင်တော့ ကြိုးစားကြပါ။ မိုးသောက်ကြယ်အဖွဲ့သားတွေရဲ့ လူမှုဝန်ထမ်းလုပ်ရပ်ကတော့ အလွန့်ကိုနာမည်ကောင်းရပါတယ်။ ပြည်ပ(ဂျပန်)ရောက်ရှိနေကြတဲ့ ကိုယ့်နိုင်ငံသားတွေရဲ့အခက်အခဲတွေကို စိတ်ရောကိုယ်ပါကူညီလုပ်ဆောင်ပေးနေတာဟာ အင်မတန်မွန်မြတ်တဲ့စိတ်ဓါတ်ပါ။ အဲဒီအတွက် ကျနော်အပါအ၀င် တာနာကာစံတို့ အဖွဲ့ရော၊ တခြားလူမှုဝန်ထမ်းအဖွဲ့သားတွေကရော ခင်ဗျားတို့ကို အသိအမှတ်ပြုလေးစားလျက်ပါလို့ပြောပါရစေ...

Tuesday, February 26, 2008

ဘယ်လိုအန္တရာယ်မျိုးဘဲရှိရှိ ပရိတ်သတ်ကိုဖျော်ဖြေဖို့ကိုဘဲ ခေါင်းထဲထည့်ထားတယ်ဆိုတဲ့ ဂျပန်ရောက်သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့သားများ




ပြီးခဲ့တဲ့နှစ်၊ တန်ဆောင်တိုင်မျှော်စင်ကျွန်းဖျော်ဖြေပွဲနဲ့ ပရိတ်သတ်ရဲ့အားပေးမှုကို တဟုန်ထိုးပိုမိုရရှိလာခဲ့တဲ့ သီးလေးသီးအငြိမ့်အဖွဲ့ရဲ့ ပြည်ပဖျော်ဖြေရေးခရီးစဉ် (၅)နိုင်ငံမြောက်ဂျပန်နိုင်ငံကိုရောက်ရှိနေစဉ် ၎င်းတို့အဖွဲ့နဲ့ ပါတ်သက်လို့ ထွက်ပေါ်နေတဲ့ ပြည်ပနိုင်ငံကြီးတစ်ခုခုကိုရောက်တဲ့အခါ Refugeeလျှောက်တော့မယ်ဆိုတဲ့ ကောလဟာလကို ”ပရိတ်သတ်အတွက်ဖျော်ဖြေဖို့ကိုဘဲခေါင်းထဲထည့်ထားတယ်…”တယ်ဆိုတဲ့အဖြေနဲ့ ထပ်မံရှင်းချက်ထုတ်လိုက်ကြောင်းသိရပါတယ်။

ဂျပန်ဖျော်ဖြေပွဲမတိုင်မှီ မီဒီယာများနှင့် ဖေဖေါ်ဝါရီလ ၂၄ ရက်(တနင်္ဂနွေနေ့)ညနေ ၆း၀၀ နာရီပိုင်းလောက် တွင် ဇာတ်တိုက်နေသည့် စတူဒီယိုခန်းမတခုတွင် တွေ့ဆုံရာ၌ မျှော်စင်ကျွန်းကပွဲအပြီး ဖမ်းဆီးခံရနိုင်သော် လည်း န.အ.ဖစစ်အုပ်စုမှ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ဖိအားများမပြတ်ရင်ဆိုင်နေရချိန်ဖြစ်၍ ၎င်းတို့ကိုဖမ်းလိုက်သည့်အခါ ဖြစ်ပေါ်လာမည့်အကျိုးဆက်နှင့်ပြသနာများကို ချိန်ဆနေစဉ်မှာပင် ပြည်ပဖျော် ဖြေရေးအစီအစဉ်ကို စတင်နိုင်ခဲ့ကြောင်း၊ ပြည်ပမှာပိုမိုလွတ်လပ်သောကြောင့် ပိုပျက်မယ်ဆိုတာမျိုးကိုမလုပ် ကြောင်း၊ အဲ့ဒါကို ခုတုန်းလုပ်ပြီးတော့ ပြည်ပမှာခိုလှုံဖို့စိတ်မကူးခဲ့ကြောင်း၊ မိမိတို့ရဲ့ အနုပညာ‘စည်း‘ထား ရှိကြောင်း ရှင်းပြခဲ့ပါတယ်။
”ကျနော်တို့ရဲ့ရည်ရွယ်ချက်က နိုင်ငံအနှံ့အပြားမှာရှိတဲ့ မြန်မာတွေက ဖျော်ဖြေဖို့ဖိတ်ခေါ်တယ်ဆိုရင် ကမ္ဘာကိုပါတ်မယ်။ ပါတ်ပြီးတော့ ကျနော်တို့တတ်စွမ်းတဲ့ အနုပညာနဲ့ ဖျော်ဖြေတင်ဆက်သွားမယ်…။ တိမ်မြုပ်နေတဲ့မျိုးချစ်စိတ်ဓါတ်တွေကိုဖေါ်ထုတ်ပေးသွားမယ်..၊ အိပ်ပျော်နေတဲ့တိုင်းပြည်ချစ်စိတ် တွေကိုလှုပ်နိုးမယ်…။ အဲဒါပြီးရင် မြန်မာပြည်ကို ဘယ်လိုနည်းနဲ့ဘဲဖြစ်ဖြစ် မရောက်ရောက်အောင် ပြန်မှာပါ…” လို့ အဖွဲ့ခေါင်းဆောင် ကိုဂေါ်ဇီလာက သီးလေးသီးခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို ပြောပြပါတယ်။
သီးလေးသီးနဲ့ချီးလေးချီးကွာခြားပုံကိုလည်း ကိုဂေါ်ဇီလာက ”သီးလေးသီးက ပြည်သူချစ်တဲ့သီးလေးသီးဖြစ် ပါတယ်။ ဖြစ်အောင်လည်း ကျနော်တို့ကြိုးစားသွားမှာပါ။ ချီးလေးချီးက ပြည်သူမုန်းတဲ့ချီးလေးချီး ပါ...” လို့ ပြည်တွင်းမှာကျော်ကြားနေသော အဖွဲ့နှစ်ဖွဲ့ရဲ့ကွားခြားပုံကို ရှင်းပြပါတယ်။
ပြည်ပဖျော်ဖြေပွဲများကိုစီစဉ်သူအများစုမှာ ပြည်ပရောက်မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသူများဖြစ်၍ န.အ.ဖဘက်မှလည်း ပြည်တော်ပြန်ရောက်ပါက ၎င်းတို့ပြုလုပ်သောပွဲများတွင် မဖြစ်မနေဖျော်ဖြေပေးရမည်ဟု အတင်းအကျပ် တိုက်တွန်းလာပါက-
”ကျနော်တို့က ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တယ်။ ပြည်သူကိုယ်ဘဲကိုယ်စားပြုတယ်။ လက်တဆုပ် စာအာဏာရူး လူရမ်းကားအုပ်စုအတွက် ကိုယ်စားမပြုပါဘူး။ အဲ့တော့ ကျနော်တို့ကို ဘယ်လိုဘဲ ဖိအားပေးပေး၊ နောက်ဆုံး ‘ငါတို့ခိုင်းတာမင်းတို့မလုပ်ရင် ဖမ်းမယ်…၊ ဆီးမယ်..၊ သတ်ဖြတ်မယ်‘ဆို ကျနော်တို့ကြိုးစင်အထိ လိပ်ပြာသန့်သန့်နဲ့ ရင်ကော့ပြီးတက်သွားပါ့မယ်။ ကျနော်တို့ ဖျော်ဖြေမှာ မဟုတ်ဘူး…”လို့ ၎င်းတို့ရဲ့ခံယူချက်ကို သီးလေးသီးအဖွဲ့သားများကပွင့်ပွင့်လင်းလင်းပြောပြပါတယ်၊
”အခက်အခဲပေါင်းစုံကြားမှ ဂျပန်နိုင်ငံကိုရောက်လာပြီး ဂျပန်နိုင်ငံမှာရှိတဲ့ ရွှေမြန်မာတွေကို တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးရှိစေဖို့၊ ကိုယ်တတ်စွမ်းတဲ့အနုပညာနဲ့တင်ဆက်သွားမယ်။ ပျက်လုံးလေးတွေကို တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူအောင် အသစ်အဆန်းဖြစ်တာတွေ၊ လက်ရှိခေတ်အခြေ အနေကိုထင်ဟပ်မယ့်အရာတွေကို ဖန်တီးထားကြောင်းနှင့် ”ဟိုးတုန်းက ကျနော့်ဆရာတွေကခဲ့တဲ့ ပြဇာတ် တွေလိုဘဲ တခန်းရပ်ပြဇတ်တိုတွေကို ဒီမှာ ဖျော်ဖြေကပြပါမယ်…”လို့လည်း လူရွင်တော်စိန်သီးက ဂျပန်မှာ ဖျော်ဖြေမည့်အစီအစဉ်နဲ့ ပါတ်သတ်လို့ ရှင်းပြပါတယ်။
သီးလေးသီး၏ ပြည်ပအငြိမ့်ခန်းအဖွင့်တိုင်းတွင် တိုင်ပြည်ဖခင်အစစ်အမှန်၊ တပ်မ တော်ဖခင်အစစ်အမှန်ဖြစ် သော ဗိုလ်ချုပ်အောင်ဆန်းပုံပါတီရှပ်များကိုဝတ်ဆင်၍ ‘ဗမာ့သူရဲကောင်း‘ သီချင်းဖြင့် ပွဲထွက်လေ့ရှိသည်၊
”ဗိုလ်ချုပ်အောင်ဆန်းသာလျှင် တိုင်းပြည်ရဲ့ဖခင်အမှန်ဖြစ်လို့ ယခုလိုပွဲထွက်တွင် တင်ဆက်ရခြင်းဖြစ်ကြောင်း” ကိုဂေါ်ဇီလာက ပြောဆိုပါတယ်။
သီးလေးသီးအငြိမ့်မှာ နိုင်ငံကျော်လူရွှင်တော်ကိုဇာဂနာတို့အဖွဲ့မှ မွေးထုတ်ပေးလိုက်ခြင်းဖြစ်ပြီး သီးလေးသီးမဖွဲ့မှီ မြပုဏ္ဍနမာဆိုသောအငြိမ့်အဖွဲ့ကို ရှစ်လေးလုံးအရေးတော်ပုံ မတိုင်မှီတွင် ဖွဲ့စည်းခဲ့ဖူးကာ နောက်ပိုင်းတွင် ‘သီးလေးသီးဆေးရောင်စုံအငြိမ့်‘ဟူသော အမည်ဖြင့် ပိုမိုထင်ရှားလာခဲ့ကြပြီး လူရွှင်တော်များမှာလည်း ရုပ်ရှင်-အနုပညာနယ်ပယ်တွင်ပါ အောင်မြင်လာခဲ့ကြသည်၊ ပေးပို့သူ-သန့်မျိုးထွေး(MTK)


Sunday, February 24, 2008

AUN Press Confrance ကျင်းပပြုလုပ်



Twitter Delicious Facebook Digg Stumbleupon Favorites More