This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, May 31, 2008

ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှု ၅ နှစ်ပြည့် ၀မ်းနည်းခြင်းအခမ်းအနားပြုလုပ်သည့် မှတ်တမ်းဓါတ်ပုံများ(မင်းညိုဝမ်း-မိုးသောက်ကြယ်)



မှတ်တမ်းဓါတ်ပုံများအချို့ကို ဆက်လက်ကြည့်ရှုလိုပါက “အပြည့်အစုံသို့” ဆိုတဲ့စာသားလေးကို ကလစ်နှိပ်လိုက်ပါ...






ဇွန်လထုတ် မိုးသောက်ကြယ်ဂျာနယ်မျက်နှာဖုံး


ယခုလမှစတင်၍ မိုးသောက်ကြယ်ဂျာနယ်ကို ၂ ပတ် ၁ ကြိမ်ဖြန့်ချိထုတ်ဝေသွားမည်ဖြစ်ပါကြောင်း။

ခြောင်းကြည့်သူရဲ့ အမှား(အမှတ်စဉ် ၄)


စစ်ဗိုလ်ချုပ်တွေ လုပ်သမျှ ပြစ်တင်ရှုတ်ချနေတဲ့ မြန်မာပြည်သားတွေကို ဒီတခါတော့ ကိုကြီးပေါ်က ကောင်းကောင်း ထောင်းပစ်လိုက်ချင်မိတော့တယ်။ မြန်မာဆိုတာ အဲသလိုပဲကွ, ရိုးရာဓလေ့ကို ထိန်းသိမ်းတယ် ဆိုတာ အဲသလိုကွလို့ ပြောပြောပြီးကို ထောင်းပစ်ချင်တာ။ ကြည့်လေ၊ ဗိုလ်ချုပ်မင်းတွေ လုပ်လိုက်ပုံက မြန်မာ့ဆိုရိုးစကားနဲ့ ဘယ်လောက် ညီလိုက်လေသလဲလို့။

သူခိုးပြေးမှ ထိုးကွင်းထ
ကြားဖူးတယ် မဟုတ်လား။ ဒီ ဆိုရိုးစကားလေးကို။ သူခိုးပြေးမှ ထိုးကွင်းထ တဲ့။
မေလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ နာဂစ်မုန်တိုင်း မြန်မာပြည်ကို ၀င်မွှေသွားတာ အခုအထိ မွှေလို့ကောင်းတုန်း။ အပျက်အစီး အဆုံးအရှုံးက ဒေါ်လာ ဆယ့်တစ်ဘီလီယံ ဖိုးလောက်ရှိသတဲ့။ ဒီ ကိန်းဂဏန်းက အကြားအမြင် ပေါက်ရောက်နေတော်မူသော ဗိုလ်ချုပ်မင်းများ ပြောတာပါ။ ခြေထောက်ပဲ ပေါက်တတ်တဲ့ နိုင်ငံတကာက ကျွမ်းကျင်သူတွေ ဘယ်တော့ ပြောမယ် မသိသေးပါဘူး။ သူတို့ ပြောတာကတော့ သေဆုံးသူ တစ်သိန်းတစ်သောင်းကျော်နဲ့ ဒုက္ခသည် နှစ်သန်းခွဲတဲ့။ ဗိုလ်ချုပ်မင်းများကတော့ သေဆုံးသူ ခုနှစ်သောင်းရှစ်ထောင်ပါတဲ့။ ထားပါတော့။ ကိုကြီးပေါ်က ကိုယ်တိုင် အလောင်းလိုက်ကောက်နိုင်သူ မဟုတ်တော့ မငြင်းချင်ပါဘူး။
ဒီလောက် ကြီးမားပြင်းထန်တဲ့ မုန်တိုင်းကြီး မြန်မာပြည်ကို ၀င်ရောက်မယ့်အကြောင်း ဗိုလ်ချုပ်မင်းများရဲ့ မုန်တိုင်းသတိပေးချက်က ဒီလိုရေးတယ်ခင်ဗျ။

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းကြီးသည် ပုသိမ်မြို့၏ အနောက်တောင်ယွန်းယွန်း မိုင် ၄၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ မုန်တိုင်းကြီးသည် လွန်ခဲ့သော ခြောက်နာရီအတွင်း ပိုမိုအားကောင်းလာခြင်း မရှိဘဲ အရှေ့မြောက်ယွန်းယွန်းသို့ တဖြည်းဖြည်း ရွေ့လျားလာခဲ့သည်။ အဆိုပါ မုန်တိုင်းကြီးသည် နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာခြင်း မရှိဘဲ အရှေ့မြောက်စူးစူးသို့ ဆက်လက်၍ ဖြည်းညင်းစွာ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ မုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်ပြည်နယ်, ကရင်ပြည်နယ်, မွန်ပြည်နယ်, ကယားပြည်နယ်, ဧရာဝတီတိုင်း, ရန်ကုန်တိုင်း, ပဲခူးတိုင်း တို့တွင် နေရာအနှံ့အပြား၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာမည်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်ကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

ဒါက မေလ ၁ ရက်နေ့မှာ ရေးတဲ့သတင်းပါ။ သူ့အဆိုအရ အားကောင်းတဲ့ ဆိုင်ကလုန်းက အားကောင်းမလာဘဲ ဖြည်းဖြည်းလေး ရွေ့မယ် ဆိုပဲ။ ဒါပေမယ့် နောက်တနေ့ မေလ ၂ ရက်မှာတော့ သတင်းက ဒီလိုဖြစ်သွားပြန်တယ် ခင်ဗျ။
`ဆိုင်ကလုန်းမုန်တိုင်း အားကောင်းလာ နေရာကွက်ကျား မိုးထစ်ချုန်းရွာ၍ မိုးကြီးနိုင်´ တဲ့။ ဒါက သတင်းခေါင်းစဉ်ပါ။ ဆက်ရေးထားပုံက — လွန်ခဲ့သော ၁၂ နာရီအတွင်းက အဆိုပါ မုန်တိုင်းကြီးသည် ပိုမိုအားကောင်းလာကာ … ဆက်လက်အားကောင်းလျက် … မုန်တိုင်းဗဟိုချက်သည် ရခိုင်ပြည်နယ် တောင်ပိုင်းနှင့် ဧရာဝတီတိုင်း မြောက်ပိုင်းဒေသအတွင်းသို့ နောက် ၃၆ နာရီအတွင်း ဖြတ်ကျော် ၀င်ရောက်မည်ဟု ခန့်မှန်းရသည်။ ယင်းမုန်တိုင်း၏ အရှိန်ကြောင့် … မြန်မာ့ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၅၀ အထိ တိုက်ခတ်နိုင်သည်။ဒီသတင်းရဲ့ အထက်မှာ မိုးလေ၀သ ဖောင်ပိတ်သတင်းဆိုပြီး အင်တာနက်ကရတဲ့ သတင်းအဖြစ် ပစိဖိတ်ဒေသ မုန်တိုင်းသတိပေးဌာနရဲ့ သတိပေးချက်ကို ဖော်ပြထားပြန်ပါတယ်။ အဲဒီသတင်းမှာကျတော့ တစ်နာရီ မိုင် ၁၃၀ နှုန်း လေတိုက်နေတယ် ဆိုပဲ။ ဟုတ်ကဲ့၊ ၅၀ နဲ့ ၁၃၀ သိပ်မကွာပါဘူးနော်။

တကယ်တော့ ဒီခန့်မှန်းချက်ပါတဲ့ သတင်းစာ ရန်ကုန်က လက်ဖက်ရည်ဆိုင်တွေပေါ် ရောက်လောက်တဲ့ အချိန်မှာ နာဂစ်က ဟိုင်းကြီးကျွန်းကို ၀င်တိုက်နေပါပြီ။ သိပ်မကြာခင်မှာပဲ ရန်ကုန်မှာ မိုးတွေသွန်ချလာလို့ ရုံးတွေ စောဆင်းပေးလိုက်ပါတယ်။ ညမှာတော့ ရန်ကုန်ကလူတွေဆီ ဧရာဝတီတိုင်းက မုန်တိုင်းသတင်း ရောက်မလာသေးခင်မှာပဲ မုန်တိုင်း အစစ်က ရန်ကုန်ကို ရောက်လာခဲ့ပါပြီ။
အဲသည်နောက်တော့ မြန်မာပြည်ဟာ ကမ္ဘာပေါ်ကနေ အနားယူပြီး စကြ၀ဠာတနေရာမှာ ခေတ္တ သွားပုန်းနေပါတယ်။ တစ်ပတ် ဆယ်ရက်လောက်ရှိမှ ပြန်ရောက်လာပါတယ်။ ပြန်ရောက်လာတော့ ဧရာဝတီ အောက်ပိုင်းဒေသဟာ သုဿန်တစ ဖြစ်နေပါပြီ။
ဒီအခါကျမှ ဗိုလ်ချုပ်မင်းများရဲ့ မီဒီယာတွေက မိုးလေ၀သသတင်းကို ခရေစေ့တွင်းကျ ရေးပါတော့တယ်။ လေကလေးဝှေ့တာ, လှိုင်းကလေးအိတာ, မိုးဖွားကလေးကျတာကအစ တိမ်ကလေးတွေ ဘယ်လိုအရောင်နဲ့ ဘယ်လိုလွင့်နေမယ်ဆိုတာပါ ရေးပါတယ်။ ကဗျာရေးချင်သူတွေဆို အဲဒီ မိုးလေ၀သသတင်းဖတ်ပြီး ရေးလို့ရပြီ။ နတ်သျှင်နောင်လောက်တော့ ပျင်းတောင်ပျင်းသေး။ ကိုကြီးပေါ်တောင် လွမ်းချင်ချင်။

မယောင်ရာ ဆီလူး
ကျန်းမာရေးဌာနက ရေးပါသေးတယ်။ `သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများရှိ ပြည်သူများအတွက် ကျန်းမာရေး သတိပေးနှိုးဆော်ချက်´ တဲ့။ ၁၂ ချက် ရှိတယ်ခင်ဗျ။ ဘာတဲ့ —
အမိုးအကာအောက်မှာ နေတဲ့။ နွေးနွေးထွေးထွေး ၀တ်တဲ့။ ရေကို ကျိုသောက် ဒါမှမဟုတ်ရင် ကလိုရင်းခတ်သောက်တဲ့။ အစားအစာကို ယင်မနားစေနဲ့တဲ့။ သန့်ရှင်းလတ်ဆတ် ပူပူနွေးနွေး စားတဲ့။ ယင်လုံအိမ်သာ သုံးတဲ့။ အညစ်အကြေးနဲ့ အမှိုက်ကို စနစ်တကျ စွန်ပစ်တဲ့။ ထိခိုက်မှု မဖြစ်အောင် သတိပြုတဲ့။ မြွေအန္တရာယ်ကိုလည်း သတိပြုတဲ့။ ခြင်ကိုက် မခံရစေနဲ့တဲ့။ သန့်သန့်ရှင်းရှင်းနေတဲ့။ ကျန်းမာရေးပြဿနာ ဖြစ်ပွားရင် ကျန်းမာရေးဌာနကို အမြန်ပြတဲ့။အင်မတန် ကောင်းမွန် မှန်ကန်လှတဲ့ သတိပေးချက်တွေပေါ့ ခင်ဗျာ။ သို့ပေမဲ့ ကိုကြီးပေါ် တွေးမိတာ ဒီသတိပေးချက်တွေဟာ မုန်တိုင်းဒဏ်ခံရသူတွေ အတွက်တော့ ဟုတ်ဟန်မတူဘူး။ မြို့ပေါ်က စားနိုင်သောက်နိုင် ငွေရှင်ဓနရှင် ရာထူးရှင်အာဏာရှင်တွေအတွက် သတိပေးတာပဲ ဖြစ်ပါလိမ့်မယ်။ မုန်တိုင်းမိလို့ သစ်ပင်ငုတ်တုတ် တိုင်ငုတ်တုတ်ပဲရှိတော့တဲ့ နေရာကို ဒီသတိပေးချက်က ခြေထောက်ပေါက်ပြီး ရောက်လိမ့်မယ် မထင်ပါဘူး။ အကယ်၍ ရောက်လာရင်တော့ အီးကုန်းစရာမရှိတာနဲ့ အတော်ပဲဆိုပြီး အသုံးတော့ ၀င်နိုင်ပါတယ်။

ပြီးတော့ မုန်တိုင်းက လူတွေကိုတင် မကပါဘူး၊ မြွေရော ယင်ရော ခြင်ကိုရော အကုန်ရှင်းပစ်လိုက်တာပါ။ ဒီကောင်တွေ ရှိနေရင်တောင် လူတွေအဖို့ စားစရာတွေ့ပဟ ဆိုပြီး ရိုက်သတ်စားရမယ့် အခြေအနေပါ။ အဲသလို အစပ်အဟပ်တည့်တဲ့ သတိပေးချက်မျိုးကို ရေးတတ်တာ အလွန်ချီးကျူးစရာပါ။ ဒီလို သတိပေးချက်ရေးနိုင်ဖို့ မုန်တိုင်းကျပြီး နှစ်ပတ်လောက်ကို အချိန်ယူ ကြိုးစားထားရတာပါ။
အဲသလိုပေါ့လေ၊ သူခိုးပြေးမှ ထိုးကွင်းထ, မယောင်ရာ ဆီလူး, ခါးတောင်းကျိုက်တခြား ဖင်တခြား စတဲ့ မြန်မာ့ ဆိုရိုးစကားတွေနဲ့အညီ ဗိုလ်ချုပ်မင်းများ လုပ်ဆောင်လိုက်ပုံကတော့ ဟုတ်ပေ့ပါပဲဗျာ။

ကိုကြီးပေါ်က ဝေဖန်သူတွေကို ပြောလိုက်ချင်တယ်။ တွေ့လား နအဖက ကိုယ့်ရိုးရာ ကိုယ့်ဓလေ့ကို အဲသလို ထိန်းသိမ်းတာ။ မြန်မာ့ဆိုရိုးစကားနဲ့ အညီ လုပ်တဲ့နေရာမှာ နှစ်ယောက်မရှိ လုပ်တတ်တာလို့။ အရင်က ဆိုရိုးကတော့ ခါးတောင်းကျိုက်တလွဲ ဖင်တလွဲပေါ့။ ဗိုလ်ချုပ်မင်းတွေက ဘောင်းဘီဝတ်တာဆိုတော့ ဒါနဲ့လိုက်အောင် ဒီလိုပြင်လိုက်ရအောင်။ `ဘောင်းဘီခေါင်းလောင်း ခွဟောင်းလောင်း´ လို့။
ကဲ… ကိုကြီးပေါ်တော့ဖြင့် ခြောင်းကြည့်မိတိုင်း မှားနေမိတော့တာပဲနော်။

ကိုကြီးပေါ်

မြန်မာပြည်ကိုကယ်တင်မည့် ရမ်ဘိုကား ဂျပန်မှာလည်းရုံတင်ပြီ



ကမ္ဘာကျော်ဟောလီးဝုဒ်စူပါးစတား ရုပ်ရှင်မင်းသား Silvester Stalloneကိုယ်တိုင်ရိုက်ကူး၊ ထုတ်လုပ်၊ သရုပ် ဆောင်ထားတဲ့ RAMBO 4 ဇတ်ကားကို ဂျပန်နိုင်ငံတဝှမ်းလုံးတွင် မေလ ၂၄ ရက်နေ့ကစ၍ ရုံတင်ပြသနေ ပါပြီ။
ဇာတ်လမ်းအကျဉ်းကတော့ မင်းသားစတားလုံးဟာ ထိုင်းနိုင်ငံတောနက် တွေထဲမှာ မြွေဖမ်းသူတဦးအဖြစ် အလုပ်လုပ်နေစဉ် ခရစ်ယာန်သာသနာပြုအဖွဲ့ကို ကာကွယ်စောင့်ရှောက်ဖို့ငှားရမ်းခံရ ပါတယ်။
အဆိုပါသာသနာပြုအဖွဲ့ဟာ နအဖစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်စွာထိုးစစ်ဆင်သတ်ဖြတ်မှုတွေကြောင့် တော နက်ထဲ ထွက်ပြေးပုန်းရှောင်နေတဲ့ ကရင်ဒုက္ခသည်တွေကို ဆေးဝါးနဲ့အစားအစာတွေ ကူညီပေးနေတာဖြစ်ပါ တယ်။ ဒါပေမဲ့ အဆိုပါကယ်ဆယ်ရေးအဖွဲ့ကိုပါ နအဖစစ်တပ်က ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေတဲ့အတွက် မင်းသားစတားလုံးက သူကိုယ်တိုင်ကယ်ဆယ်ပေးပြီး နအဖစစ်တပ်ကိုခြေမှုန်းသုတ်သင်ထားတဲ့ဇာတ်လမ်းဖြစ် ပါတယ်။
အသက် ၆ဝ ပြည်ပြီဖြစ်တဲ့ ဟောလီး ဝုဒ်စူပါးစတားမင်းသားစတားလုံးဟာ အဆိုပါ RAMBO 4ရိုက်ကူးဖို့အတွက် Soldier of Fortuneမဂ္ဂဇင်းဌာနသို့ ဖုန်းဆက်ပြီး “အခုအချိန် ဒီကမ္ဘာပေါ်မှာ လူလူချင်းအပေါ် လူမဆန်တဲ့အလုပ်ကို အဆိုးဝါးဆုံးဘယ်မှာလုပ်နေသလဲ…?” ဟု မေးမြန်းခဲ့ရာ ‘မြန်မာနိုင်ငံ’ဟုပြန် ဖြေကြောင်း၊ အဲဒီအတွက် သဘာဝလွန်အက်ရှင်ဇာတ်ကားတွေအစား တကယ့်အဖြစ်အပျက်အမှန်ကို ကမ္ဘာသူ/သား များကိုတင်ပြဖို့အတွက် အပင်ပန်းခံရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ မေလ ၈ ရက်နေ့ က တိုကျိုတွင် RAMBO 4 ဇာတ်ကား Press Show ပြုလုပ်စဉ် သတင်းထောက်များ၏မေးမြန်းခဲ့မှုများကို အခုလိုရှင်းလင်းပြောကြားခဲ့ ပါတယ်။
RAMBO 4ကိုကြည့်ရှုခဲ့တဲ့ ဂျပန်ကျောင်းသားတဦးက “မြန်မာနိုင်ငံက နအဖစစ်ဗိုလ်ချုပ်တွေ မကောင်းဘူး ဆိုတာ ကြားပဲကြားဖူးခဲ့တာ။ အခု ဒီကားကိုကြည့်ပြီးတော့မှ တော်တော်ကို လူသားမဆန်တဲ့လုပ်ရပ်တွေကျူးလွန်နေတာကို မြင်တွေ့ခဲ့ရတယ်။ ကြောက်စရာကောင်းလှတယ်…” ဟုပြောဆိုပါတယ်။ RAMBO 4ဇာတ်ကားမပြသမှီ ၁၉၈၈ ခုနှစ်အရေးတော်ပုံအတွင်း အပြစ်မဲ့ကျောင်းသားပြည် သူများ သတ်ဖြတ်ခံခဲ့ရမှုအကြောင်းမှစ၍ မေ ၃၀ ဒီပဲယင်းအကြမ်းဖက်ခံခဲ့ရမှုမှတ်တမ်းအပါအ၀င် ၂၀၀၇ ခုနှစ် သံဃာသပိတ်ကံဆောင်မှုတွင် သံဃာတော်များအား နအဖစစ်တပ်မှ ရက်ရက်စက်စက်ရိုက်နှက်ဖမ်းဆီး နှိပ်စက်နေသည့်မှတ်တမ်းများကိုပါ ဂျပန်ဘာသာဖြင့်ရှင်းလင်းပြောကြား၍ ပြသခဲ့ပါတယ်။
အဆိုပါဇတ်ကားကို ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့မြောက်ပိုင်းမှ ကီလိုမီတာ ၃ဝ ခန့်အကွာရှိ မဲ့တင်မြို့နယ်၊ ကစ်ချန်းရွာတွင် အမေရိကန်ဒေါ်လာ သန်း ၆ဝ ခန့်ကုန် ကျခံကာ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး၊ ရှမ်းပြည် တပ်မတော်(SSA-တောင်ပိုင်း) တပ် မဟာ ၂၄၁ မှာ အရာရှိတဦးအဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သည့် ဟန်ရွှေမိန်း(ခ) စိုင်းမန်းအပါအဝင် ရှမ်းအလုပ်သမား ၁ဝဝ ကျော်ခန့်နှင့် မြန်မာ့ဒီမိုကရေစီ ရေးလုပ်ဆောင်နေသူများ ပါဝင်ကူညီ သရုပ်ဆောင်ထားကြပါတယ်။

Sunday, May 25, 2008

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာများ လေဘေးရန်ပုံငွေ ကောက်ခံနေခြင်း


Nadisဆိုင်ကလုန်းကြောင့်ဒုက္ခရောက်နေကြသောမြန်မာနိုင်ငံရှိ လေဘေးဒုက္ခသည်များအတွက် ဂျပန်နိုင်ငံတွင်ရောက်ရှိနေကြသော မြန်မာလူမျိုး (၃၀)ကျော်ခန့် တိုကျိုမြို့၊ roppoki ၊ikebukuroအရပ်ရှိ လမ်းမများပေါ်တွင် စုပေါင်း၍ လေဘေးရံပုံငွေကောက်ခံလျှက်ရှိကြောင်းသိရှိရပါသည်။
-
ရံပုံငွေကောက်ခံနေသူတဦးက အခုလိုပြောပြပါသည်။ “ ယခုအချိန်အထိ လေဘေးဒုက္ခသည်များအတွက်ကယ်ဆယ်ရေးပစ္စည်း၊ စားနပ်ရိက္ခာ၊သောက်ရေ၊ဆေးဝါးများ လုံလောက်စွာဘာမှမရောက်ရှိ၍ လေဘေးဒုက္ခသည်များ အသက်ရှင်သန်နိုင်ရေးအတွက် ဒုက္ခကြီးမားစွာရောက်နေကြာင်း၊ အလှူစေတနာရှင်များလည်းမိမိတို့တတ်နိုင်သ၍ ပါဝင်လှူဒါန်းနိုင်ရန် အလှူငွေကောက်ခံနေကြောင်းပြောပြပါသည်။
ဂျပန်သတင်းဌာနမှ ရယူပါသည်။
- .

Tuesday, May 20, 2008

ဘာအကူအညီမှမရဘူး



(ကိုရဲ - သွေးသစ်)

ဘာအကူအညီမှမရဘူး
(ကိုရဲ - သွေးသစ်)

ဗြိတိသျှစစ်သင်္ဘော မြန်မာရေပိုင်နက်အနီး ရောက်ပြီ

မြစ်ဝကျွန်းပေါ် မုန်တိုင်းဒုက္ခသည်များကို ကူညီနိုင်ရန်အတွက် ဗြိတိသျှစစ်သင်္ဘော HMS Westminster သည် မြန်မာကမ်းရိုးတန်းနှင့် (၁၂) မိုင်အကွာတွင် ရောက်ရှိနေပြီဖြစ်သည်။
မြန်မာဒုက္ခသည်များကို ကူညီခွင့် ရလိမ့်မည်ဟု မျှော်လင့်ကြောင်း ဗြိတိသျှစစ်သင်္ဘော HMS Westminster ရေတပ်ဒု-ဗိုလ်မှူးကြီးKenHoulbergကပြောသည်။ အမေရိကန်စစ်သင်္ဘောနှင့်ပြင်သစ်စစ်သင်္ဘောများမြန်မာရေပိုင်နက်အနီးရောက်ပြီးမကြာခင်ဗြိတိသျှစစ်သင်္ဘော HMSWestminster ကို မြန်မာနိုင်ငံသွားရန် ဗြိတိသျှဝန်ကြီးချုပ် GordonBrownကအမိန့်ပေးခဲ့ခြင်းဖြစ်သည်။

ယခုအခါ ပြင်သစ်စစ်သင်္ဘော Le Mistral က မြန်မာကမ်းရိုးတန်းနှင့် (၁၃) မိုင်ဝေးသည့်နေရာ၌ ရှိနေပြီး USS Essexခေါင်းဆောင်သည့်အမေရိကန်စစ်င်္ဘော(၃)စီးကမြန်မာကမ်းရိုးတန်းနှင့်မိုင်(၆၀)အကွာတွင်ရောက်နေသည်။

ဗြိတိန်နိုင်ငံသည် မကြာခင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ရယူ တော့မည် ဖြစ်သည့်အလျောက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရာထူးကို အသုံးချပြီး မြန်မာစစ်အစိုးရကို နိုင်ငံတကာအကူအညီများ လက်ခံရန် ဖိအားပေးသွားမည်ဟု ဗြိတိသျှဝန်ကြီးချုပ်က ပြောသည်။

(ကိုရဲ - သွေးသစ်)

ကမ္ဘာ့ဘဏ် မြန်မာပြည်ကို ငွေကြေးကူညီဖို့ အစီအစဉ်မရှိသေး

မြန်မာနိုင်ငံကို လောလောဆယ်ငွေထုတ်ချေးဖို့အစီအစဉ်မရှိတဲ့အကြောင်းကမ္ဘာ့ဘဏ်ဦးဆောင်ညွှန်ကြားရေးမှူး ကပြောဆိုလိုက်ပါတယ်။စီးပွားရေးပညာရှင်တွေကတော့နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေရဲ့ထောက်ပံ့မှုတွေ ရဖို့ဆိုရင် မြန်မာစစ်အစိုးရအနေနဲ့ သင့်တော်တဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိရမယ်လို့ ပြောဆိုပါတယ်။ တချိန်တည်းမှာဧရာဝတီတိုင်းအတွင်း စပါးစိုက်ပျိုးတဲ့ ဧကအများအပြား ပျက်စီးသွားပြီး မြန်မာနိုင်ငံမှာ ဆန်ရှားပါးမှုတွေ ကြုံလာရနိုင်တယ်လို့လည်း သတိပေးပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အပြည့်အစုံသို့...
ဗွီအိုအေသတင်းဌာနမှကိုးကားတင်ပြထားပါသည်။
(ကိုရဲ - သွေးသစ်)

ကမ္ဘာထိပ်တန်းခေါင်းဆောင်များ မြန်မာပြည်သို့ သွားရောက်မည်



မေ(၁၉)
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုမူရာတို့ မြန်မာနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။
မစ္စတာဘန်ကီးမွန်သည် မြန်မာနိုင်ငံသို့ (၃)ရက်တာခရီးစဉ်အဖြစ် လာမည့် ဗုဒ္ဓဟူးနေ့တွင် သွားရောက်မည်ဖြစ်ပြီး ၄င်းခရီးစဉ်အတွင်း နအဖစစ်အစိုးရထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ရဖွယ်ရှိသည်ဟု သူ၏ပြောခွင့်ရပုဂ္ဂိုလ် Michele Montes မှ ယနေ့တွင်ကြေငြာကြောင်း သိရသည်။
ယမန်နေ့က ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းဒဏ်အဆိုးဆုံးခံရသည့်နေရာများသို့ မစ္စတာဘန်ကီးမွန်၏အထူးသံတမန် လူသားချင်းဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးဌာန အကြီးအကဲ မစ္စတာ ဟိုးမာစ်သည် သွားရောက်ခဲ့ပြီး ယနေ့တွင် ရန်ကုန်ရှိကုလသမဂ္ဂနှင့် သံတမန်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တွေ့ဆုံဖွယ်ရှိကြောင်း သတင်းများအရ သိရသည်။
မစ္စတာဘန်ကီမွန်၏ခရီးစဉ်နှင့်ပါတ်သတ်၍ ရလဒ်ကောင်းများရလာနိုင်ပြီး စစ်အစိုးရအနေနှင့် တစ်ကမ္ဘာလုံး၏ ဂရုစိုက်ခြင်းကို ခံရမှာဖြစ်၍ မလွှဲမရှောင်သာသောလိုက်လျောမှုများကို လိုက်လျော လာနိုင်ဖွယ်ရှိကြောင်း၊ ဒုက္ခရောက်နေသောပြည်သူများအတွက် အထိုက်အလျောက်အသက်ရူချောင် လာနိုင်ဖွယ်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အရင်ကထက်ပိုမိုတိုး၍ လုပ်ဆောင်ရနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများ၏ အဆိုကို အင်တာနက်သတင်းများအရ သိရသည်။
ထိုနည်းတူစွာပင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ယနေ့ဂျပန်နိုင်ငံထုတ် ယူမိအူရီသတင်းစာတွင် ဖေါ်ပြသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် မြန်မာစစ်အစိုးရ၏ တရားဝင်ခွင့်ပြုဖိတ်ခေါ်ချက်ဖြင့် သွားရောက်လေ့လာခြင်းဖြစ်ပြီး ဝန်ကြီး၏ခရီးစဉ်အတွင်းမုန်တိုင်းကျရာ အဓိကနေရာများသို့သွားရောက်မည်ဖြစ်ပြီး သွားရောက်မည်အချိန်ကို တရားဝင်ကြေငြာထားခြင်းမရှိသေးကြောင်း သိရသည်။
Reported By : Thant Myo Htway (Moe Thauk Kye)

အားပေးပုံတူပေမယ့်

ငလျင်ဒဏ်ခံရသော ဒေသများသို့ တရုတ်သမ္မတ ဟူဂျင်တောင်သည် မေ ၁၆ ရက်က ရောက်ရှိခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများကို အားပေးစကား ပြောကြားစဉ်။ (စာမျက်နှာ ၁၅)


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လှိုင်သာယာ ကယ်ဆယ်ရေးစခန်းတွင် လေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားစဉ်။ (စာမျက်နှာ ၉)

ပုံစာတွေက မြန်မာ့အလင်း သတင်းစာမှာ ပါတဲ့အတိုင်း ကောက်နုတ် ဖော်ပြထားတာပါ။

ဟူဂျင်တောင်က ငလျင်လှုပ်ပြီး လေးရက် အကြာမှာ သွားရောက် အားပေးတာ ဖြစ်ပြီး၊ ဗိုလ်သန်းရွှေကတော့ လေဘေးကျပြီး ၁၆ အကြာမှာ သွားရောက်တာ ဖြစ်ပါတယ်။

ပုံမှာ မြင်ရတဲ့အတိုင်း ဟူဂျင်တောင်က စိတ်မကောင်းတဲ့ မျက်နှာနဲ့ ငိုနေသူရဲ့ လက်မောင်းကို ဆုပ်ကိုင်လို့။ သေနတ်ခါးထိုးထားသူ ဗိုလ်ချုပ်မှူးကြီးနဲ့ အပေါင်းပါများကတော့ လက်တကမ်း မမီလောက်တဲ့ အကွာကနေ မျက်ထောင့်တင်းတင်း ခါးရင်းတောင့်တောင့်ကြီးနဲ့ပါ။

မဆန်းသော်လည်း ထူးနေသေးတာက ဒုက္ခရောက်သူတွေက ဗိုလ်ချုပ်တွေကို လက်အုပ်ချီလို့။

ဟုတ်ကဲ့။ ဒုက္ခရောက် ပြည်သူများကို အားပေးတာလို့ မှတ်လိုက်ကြပါကုန်။



Monday, May 19, 2008

မုန်တိုင်းဒဏ်သင့်သည့်မြန်မာပြည်သူများအတွက် အလှူငွေကောက်ခံခြင်းနှင့် ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲပြုလုပ်



တိုကျို၊ မေ(၁၈)

မေလ(၃)ရက်နေ့တွင်တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီထောက်ပံရန်အတွက် ဂျပန်ရောက်မြန်မာများမှ တိုကျိုမြို့လူစည်ကားရာနေရာဖြစ်သော ရှိဘူယအရပ်တွင်ကောက်ခံကြရာ မြောက် များစွာကောက်ခံရရှိခဲ့ကြပြီး ဂျပန်ရှိကုလသမဂ္ဂရုံးရှေ့တွင် ဆုတောင်းမေတ္တာပို့သပွဲကိုပါ ဆက်လက်ပြုလုပ် ခဲ့ကြသည်။

''ကျနော်တို့ယနေ့နေ့လယ်(၂)နာရီကနေစပြီးကောက်နေတာ ညနေ(၄)နာရီခွဲအထိကိုပေါ့။ စုစုပေါင်း ကျနော်တို့ အနေနဲ့ ကောက်ခံရရှိငွေက ယန်း(၃)သိန်းခန့်ရှိနေပါပြီ။ အဲ့ဒီငွေကိုလည်း မုန်တိုင်းရဲ့အဓိကဒဏ်ခံရရာ ဘိုက လေးမြို့ကိုပေးပို့လှူဒါန်းသွားမှာပါ…''ဟု ယနေ့အလှူငွေကောက်ခံခဲ့သော အာဟာရစာစောင်အဖွဲ့သားတဦးမှ ပြောပြသည်။
တဆက်တည်းမှာပင် မြန်မာနို
င်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)မှလည်း လေဘေး ဒုက္ခသည်များအတွက်ကောက်ခံရရှိငွေစုစုပေါင်းမှာ ယနေ့နှင့်ပါဆိုလျှင် ဂျပန်ယန်း(၆)သိန်းကျော်ခန့်ရှိပြီဖြစ် တယ်လို့ အဆိုပါအဖွဲ့မှ တာဝန်ခံတဦးကဆိုသည်။

ညနေ ၄ နာရီခွဲတွင် ဂျပန်နိုင်ငံရှိကုလသမဂ္ဂရုံးရှေ့၌ ဘာသာပေါင်းစုံမှ ဆုတောင်းမေတ္တာပို့သခြင်းများဆက် လက်ပြုလုပ်ခဲ့ကြရာ မြန်မာ့ဒီမိုကရေစီအရေးလုပ်ဆောင်နေကြသူ ၁၅၀ ကျော်ခန့်နှင့် ဂျပန်နိုင်ငံရှိလူမှုရေး အဖွဲ့အစည်းများမှလည်း တက်ရောက်ပူးပေါင်းပါဝင်ခဲ့ကြသည်။
ဦးစွာ ဗုဒ္ဓဘာသာအရ ဆရာတော်သံဃာတော်(၂)ပါးမှ ကြွရောက်လာသူများကို ငါးပါးသီလချီးမြှင့်ပြီး ပရိတ် တရားတော်များရွတ်ဖတ်ကာ မေတ္တာပို့အမျှဝေခြင်းမျာ
းပါ ပြုလုပ်ခဲ့ကြသည်။ ဆက်လက်၍ ခရစ်ယန်ဘာသာမှ ဆရာမ Mဂျာနန်မှ သေဆုံးသွားသူများအတွက် ဆုတောင်းမေတ္တာပေးပို့၍ အားလုံး(၂)မိနစ်ခန့် ဖယောင်း တိုင်များထွန်းညှိကိုင်ဆောင်ကာ ငြိမ်သက်စွာဆုတောင်းမေတ္တာပို့သခဲ့ကြသည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း နိုင်ငံတကာနှင့် ပြည်ပရောက်မြန်မာများမှ အကူအညီနှင့် လှူဒါန်းမှုများစွာပေးနိုင်ရန်ကြိုးစားနေကြသော်လည်း နအဖစစ်အုပ်စုမှ မုန်တိုင်းဒဏ်ခံပြည်သူများအတွက် ထိရောက်သော ကူညီဆောင်ရွက်မှုမျိုးးကို ယနေ့အချိန်အထိ ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်းနှင့် သေဆုံးသူနှင့်ပျောက်ဆုံးသူဦးရေ စုစုပေါင်းမှာ ၁၃၃,ဝဝဝ(တစ်သိန်းသုံးသောင်း)ကျော်ရှိသွားပြီဟု ပြည်တွင်းထုတ်သတင်းစာများတွင် ရေးသားဖော်ပြခဲ့သော်လည်း ယင်းထက် ပိုမိုများပြားဖွယ်သာရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြကြောင်း သတင်းရရှိသည်။

မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MOE THAUK KYE)

Reported By ; Thant Myo Htway (MOE THAUK KYE)

Saturday, May 17, 2008

ဂျပန်မှ နံမည်ကြီး ဘေ့စ်ဘောကစားသမားများနှင့် all star games ပြုလုပ်၍ လေဘေးရံပုံငွေပြုလုပ်မည်။

ဂျပန်နိုင်ငံမှ နံမည်ကြီး professional ဘေ့စ်ဘော် ကစားသမားများနှင့် all star games ပြုလုပ်၍ မြန်မာနိုင်ငံရှိ လေဘေးဒုက္ခသည်များအတွက် ရံပုံငွေ လှူဒါန်းရန် ဂျပန်ဘေ့စ်ဘော်အဖွဲ့အစည်းမှ ဆုံးဖြတ်ကြေငြာလိုက်သည်။ ပြိုင်ပွဲကို ဂျူလိုင်လ ၃၁ Kyocera dome Osaka ကစားကွင်းနှင့် သြဂုတ် ၁ရက် နေ့Yokohama ကစားကွင်းတို့တွင်ပြုလုပ်မည်ဖြစ်ပါသည်။
professional ဘေ့စ်ဘော် ကစားသမားများက ထိုနေ့ပြိုင်ပွဲတွင် ၎င်းတို့ဝတ်ထားသော ၀တ်စုံများပေါ်တွင် ဆိုင်းထိုး၍ လေလံပစ်ရောင်းချပြီး လေဘေးရံပုံငွေအဖြစ်လည်း လှူဒါန်းမည်ဖြစ်ကြောင်းသိရှိရပါသည်။

ထို professional ဂျပန်ဘေ့စ်ဘောအဖွဲ့အစည်းသည် ဂျပန်နိုင်ငံတွင် တမြန်နှစ်က ကြီးမားစွာဖြစ်ပွားခဲ့သော Niigata Nakagoshi ငလျှင်ဘေးအတွက် ဂျပန်ယန်းငွေ သန်းပေါင်း (၃၀) ကူညီလှူဒါန်းခဲ့ပါသည်။

Friday, May 16, 2008

ရန်သူမျိုးငါးပါး၊ ဒို့အရေးလေးပါး၊ ကပ်သုံးပါး(မောင်စွမ်းရည်)


ရန်သူမျိုးငါးပါးဆိုတာ ရေဘေး၊ မီးဘေး၊ မင်းဆိုးဘေး၊ သူခိုးဓားပြဘေးနဲ့၊ ကိုယ့်ကိုမုန်းတဲ့သူရဲ့ ဘေးဆိုတာ ဗမာတိုင်းသိတယ်။ ကပ်သုံးပါးဆိုတာ အသက်ဘေး၊ အငတ်ဘေးနဲ့ ရောဂါဘေး တို့ပါပဲ။ သတ္တန္တရကပ်။ ဒုဗ္ဘိခန္တရကပ်၊ ရောဂန္တရကပ် လို့ ပါဠိလိုပဲ ခေါ်လေ့ရှိပါတယ်။ ဒီလို ဘေးရန် တွေနဲ့ ကပ်ကြီးသုံးပါး ကျော်နင်းနိုင်တဲ့သူ ဖြစ်ရပါလို၏လို့ ဗမာတွေ ဆုတောင်းလေ့ရှိကြပါတယ်။

အပြည့်အစုံသို့...
(ကိုရဲ - သွေးသစ်)

သူခိုးလား၊ ဒါးပြလား၊ သောင်းကျန်းသူလား




မြန်မာလေဘေးဒုက္ခသည်တွေကို အကူအညီပေးတဲ့ နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့ ဒါရိုက်တာတွေက ဒုက္ခသည် တွေကို ထောက်ပံတဲ့ အစားအသောက်၊ အ၀တ်အထည်နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေဟာ နေ့စဉ် အခိုးခံနေရပြီး၊ ပစ္စည်း တွေကိုလည်း စစ်အစိုးရက သူတို့ရဲ့ ဂိုဒေါင်တွေထဲကို ခိုးပြီးထည့်နေတယ်လို့ ဆိုပါတယ်။

အပြည်အစုံသို့...
(ကိုရဲ - သွေးသစ်)

ကယ်ဆယ်ရေးတပ်ဖွဲ့များ မြန်မာပြည်စေလွှတ်ရေး အမေရိကန် အဆင်သင့်ရှိ


မြန်မာစစ်ခေါင်းဆောင်များအနေနဲ့ သူတို့ရဲ့မာနကို ခဏဘေးဖယ်ထားပြီး လူ ၄၃,၀၀၀ထက်နည်း သေဆုံးခဲ့ရတဲ့ ဆိုင်ကလုံး လေပြင်းမုန်တိုင်း ဘေးသင့်နေသူများအား နိုင်ငံတကာက ပိုမိုကယ်ဆယ်ထောက်ပံ့ခွင့် ပြုပါလို့ အမေရိကန် ကာကွယ်ရေးဌာနက တိုက်တွန်းလိုက်ပါတယ်။

အပြည့်အစုံသို့...
VOA သတင်းဌာနမှကိုးကားထားပါသည်။
(ကိုရဲ - သွေးသစ်)

Thursday, May 15, 2008

ဓားစာခံများကို ကယ်တင်ပါ(၀င်းပေါ်မောင်)


နှမ်းတစေ့နဲ့ ဆီမဖြစ်ဘူးဆိုရင်တောင် ကျမဟာ နှမ်းဆိုတာကို အကုန်သိစေရမယ် ဆိုပြီး အမှားခြစ်ပဲ ခြစ်ခဲ့တယ်” — (မုံရွာမြို့သူတဦး၊ ဒီဗီဘီထုတ်လွှင့်ချက်၊ မေ ၁၀)

မသမာမှုအပေါင်းဖြင့် ဖုံးအုပ်ထားသည့် စစ်အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲသည် မေလ ၁၀ ရက်နေ့က စိတ်ပျက်ဖွယ်အတိဖြင့် ပြီးဆုံးသွားခဲ့သည်။

လူအများ တွက်ဆထားသည့်အတိုင်း အာဏာပိုင်အဆင့်ဆင့်၏ မဲလိမ်မဲခိုးမှုများကြောင့် နအဖအနေနှင့် ထောက်ခံမဲအများစု ရရှိကြောင်း ကြေညာနိုင်ရန် အသင့်အနေအထားသို့ ရောက်ရှိခဲ့ပြီ။ မဲပေးပြီး ငါးရက်အကြာတွင် နအဖက ထောက်ခံမဲ ၉၂.၄ ရာခိုင်နှုန်းဖြင့် အတည်ပြုကြောင်း ကြေညာလိုက်ပြီ ဖြစ်သည်။

နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် သေဆုံးသူ တစ်သိန်းကျော်ကို မသဂြုင်္ိဟ်ရသေးခင်မှာပင် မြန်မာနိုင်ငံသား သန်းငါးဆယ်ကျော်၏ ဆန္ဒကို နအဖက သဂြုင်္ိဟ်လိုက်ခြင်း ဖြစ်သည်။

သို့ရာတွင် တရားနည်းလမ်း မျှတစွာ ရရှိလာသည့် ရလဒ်မဟုတ်ဘဲ၊ မဲခိုးမဲလိမ်ပြီးမှ ရရှိလာသော ထိုရလဒ်က မြန်မာ့နိုင်ငံရေး ပြဿနာများကို ပြေလည်စေနိုင်ပါ့မလား။



မဲလိမ်မဲခိုး

ယခုနှစ် ဖေဖော်ဝါရီလက အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ ကျင်းပမည်ဟု ကြေညာလိုက်ချိန်မှာပင်၊ နောက်နှစ်နှစ် အကြာ၌ ရွေးကောက်ပွဲ ကျင်းပမည်ဟု နအဖက တပါတည်း ကြေညာခဲ့သည်။ ထိုသို့ ကြေညာပုံကို ထောက်ချင့်၍ နအဖသည် ဥပဒေကို မရ ရသည့်နည်းဖြင့် အတည်ပြုလိမ့်မည်ဟု လူအများက သတိပြုမိကြပါသည်။ မရ ရအောင်လုပ်မည် ဆိုလျှင် မတရားနည်းလမ်းများ သုံးလိမ့်မည်ဟုလည်း တွက်ဆမိကြပါသည်။

ထိုသို့ တွက်ဆနိုင်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က — ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းနှင့် ဆန္ဒခံယူပွဲဥပဒေ, နည်းဥပဒေတို့တွင် လွတ်လပ်မှုနှင့် တရားမျှတမှု မရှိကြောင်း — အထူးကြေညာချက်အမှတ် ၇ ကို ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက် အပိုဒ် ၂ တွင် “ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေနှင့် နည်းဥပဒေ တို့မှာလည်း စံချိန်စံညွှန်း မမီသည်ကို တွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများကို တားမြစ်ချက်နှင့် ပြစ်ဒဏ်များ သတ်မှတ်ထားပြီး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများမှ ပုဂ္ဂိုလ်များသည် ၄င်းတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖောက်ဖျက်ခြင်း၊ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များကို ချိုးဖောက်ခြင်းတို့အတွက် တားမြစ်ချက်နှင့် ပြစ်ဒဏ်များ သတ်မှတ်ထားခြင်း လုံးဝမရှိပါ။ ဤသည်မှာ တဖက်သတ်ကျလွန်းပါသည်။” ဟူ၍ ပါရှိပါသည်။

အပိုဒ် ၃ တွင် ရပ်ကွက်/ကျေးရွာ အဆင့်မှ ဗဟိုအဆင့်အထိ မဲစာရင်းများ ရေတွက်စာရင်းပြုရာတွင် ပြည်သူလူထု စောင့်ကြပ်ကြည့်ရှုခွင့် မရဘဲ၊ ပွင့်လင်းမြင်သာမှု မရှိသဖြင့် မမှန်မကန် လုပ်နိုင်သော အခွင့်အရေး ရရှိစေကြောင်း ဖော်ပြထားပါသည်။

အဆိုပါ ထောက်ပြချက်များအရ စစ်အစိုးရ အာဏာပိုင် အဆင့်ဆင့်နှင့် ၄င်းတို့က ခန့်အပ်သော ကော်မရှင်အဖွဲ့များ, မဲရုံအဖွဲ့များ, အခြားလက်ပါးစေများက မဲလိမ်ခြင်း, မဲခိုးခြင်း, ခြိမ်းခြောက်ခြင်း, အကြပ်ကိုင်ခြင်း, တားမြစ်ခြင်း တို့ကို အပျော်တပါး လုပ်ကြတော့မည်ဟု ယုံကြည်ရပါသည်။ အမှန်တကယ်လည်း ထိုအတိုင်း လုပ်ခဲ့ကြပါသည်။

“ကျနော့်ကို ညီလေးနာမည်ပြော မှတ်ပုံတင်နံပါတ်ပြော ဆိုပြီး ပြောတာနဲ့ ပြန်ခဲ့ရတယ်။ ဘာမဲမှ မထည့်လိုက်ရဘူး” ဟု တိုက်ကြီးမြို့နယ်တွင် နေထိုင်သူ တဦးက ဆိုသည်။ (ဧရာဝတီ)

“ကျမကို အမှန်ခြစ်ပြီးသား မဲလက်မှတ်ထုတ်ပေးတယ်။ အဲဒါနဲ့ ပြန်လဲပေးပါဆိုတော့ နောက်တခု ထပ်ထုတ်ပေးတယ်။ ဒါလည်း အမှန်ခြစ်ထားတာပဲ။ ပြီးတော့ ညည်းမကျေနပ်ရင် အမှားခြစ်ပေါ့ အဲဒါ ပယ်မဲဖြစ်မှာပဲလို့ လက်ထောက်မဲရုံမှူးက ပြောပြီး ရယ်နေကြတယ်” ဟု ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာတရွာမှ အမျိုးသမီးတဦးက ပြောပြသည်။ (ဧရာဝတီ)

"ပဲခူးတိုင်း၊ သာယာဝတီမှာ မဲရုံတာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေက မဲလာပေးတဲ့သူတွေကို မဲပေးပုံ၊ ပေးနည်းရှင်းပြတဲ့နေရာမှာ အမှန်ခြစ်ပုံကိုပဲ ရှင်းပြပြီး အမှန်ပဲထည့်ခိုင်းပါတယ်။” (အာအက်ဖ်အေ)

သတင်းများမှ ကောက်နုတ်ချက် အချို့ ဖြစ်ပါသည်။ မဲလိမ်မဲခိုးမှုများ နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်မှာ ယုံမှားစရာ မရှိပါ။ ဒေသ အများစုတွင် ကြိုတင်မဲများကို အတင်းအဓမ္မ ကောက်ယူထားသည်။ အချို့ဆိုလျှင် ကြိုတင်မဲတောင် မထည့်ရဘဲ မဲထည့်ပြီး ဖြစ်နေသည်ကို တွေ့ရသည်။ ကြိုတင်မဲ အားလုံးမှာ ထောက်ခံမဲများ ဖြစ်တော့သည်။ ကြိုတင်မဲများကို ကော်မရှင်နှင့် အာဏာပိုင်များလက်သို့ အပ်လိုက်ရကတည်းက သူတို့စိတ်ကြိုက် လဲလှယ်ပြင်ဆင်ထားလိုက်ပြီ ဖြစ်သည်။

ဝန်ထမ်းများကို ကြိုတင်မဲ ပေးခိုင်းရာတွင်လည်း အရာရှိများရှေ့တွင် ဗြောင်ဆန္ဒမဲ ပေးခိုင်းပြီး ထောက်ခံမဲကို အဓမ္မ ယူထားလိုက်ကြသည်။ မဲရုံများတွင် အမှန်ခြစ်ပြီးသား စာရွက်ထုတ်ပေးကာ မဲထည့်ခိုင်းသည်က နယ်ဒေသများတွင် အများစု ဖြစ်သည်။

အားလုံးကို ခြုံကြည့်လျှင် လူထုကို မိမိဆန္ဒအတိုင်း စာရွက်ပေါ်တွင် ရေးခြစ်ခွင့် လုံးဝ မပေးတော့ဘဲ အဓမ္မ စာရင်းဖြည့်, မဲစာရွက်ဖြည့် လုပ်လိုက်ခြင်း ဖြစ်သည်။



ဘာကြောင့် ကန့်ကွက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူထုကို ကန့်ကွက်မဲ ထည့်ရန် လှုံ့ဆော်သည်။ တချိန်တည်းမှာပင် ဆန္ဒခံယူပွဲမှာ လွတ်လပ်၍ တရားမျှတမှု မဖြစ်နိုင်ကြောင်း ကြေညာထားသည်။ ဘာကြောင့်လဲ။

ပြည်သူလူထု၏ ဒီမိုကရေစီ ကျင့်သုံးပိုင်ခွင့်၌ ဆန္ဒခံယူပွဲ, ရွေးကောက်ပွဲတို့မှာ အရေးပါသော ကိစ္စများ ဖြစ်သည်။ လူထု၏ တိုက်ရိုက်ကျင့်သုံးပိုင်ခွင့် ဖြစ်သည်။ ထိုအခွင့်အရေးကို မရယူဘဲ သပိတ်မှောက်ခြင်းထက် ရယူခြင်းက ဒီမိုကရေစီအခြေခံနှင့် ပိုမို ဆီလျော်ပါသည်။

ထို့ပြင် ပြည်သူလူထုက ထုတ်ပြန်ထားသော ဥပဒေများအတိုင်း လိုက်နာပြီး၊ အာဏာပိုင်များဖက်က ဥပဒေကို တဖက်သတ် ချိုးဖောက်ခြင်း ဖြစ်ကြောင်း သက်သေအပြည့်နှင့် ဖော်ထုတ်နိုင်မှသာလျှင် အခြေခံဥပဒေ အတည်ပြုရေးကို ဆက်လက်ဆန့်ကျင် သွားနိုင်မည် ဖြစ်သည်။

ဆန္ဒခံယူပွဲ ရွေးကောက်ပွဲများတွင် ပါဝင် သက်ဆိုင်သူများက `လွတ်လပ်၍ တရားမျှတသည်´ ဟု လက်မခံသမျှ ယင်းရလဒ်ကို အတည်မပြုနိုင်ကြောင်း နိုင်ငံတကာ အတွေ့အကြုံများက မီးမောင်းထိုးပြနေပါသည်။ ပြည်သူလူထုအနေဖြင့် ငြိမ်းချမ်းသောနည်းမှတပါး အခြားနည်းကို ကိုင်စွဲ၍ မရနိုင်သည့် အခြေအနေတွင် ကိုယ့်ဖက်က တရားမျှတမှုကိုသာ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားရမည် ဖြစ်ပါသည်။

ယနေ့ နအဖ၏ ကြေညာချက်တွင် -

မဲပေးခွင့်ရှိသူ ၂၂,၇၀၈,၄၃၄ (နှစ်ဆယ့်နှစ်သန်း ခုနှစ်သိန်းကျော်)

ဆန္ဒမဲပေးသူ ၂၂,၄၉၆,၆၆၀ (နှစ်ဆယ့်နှစ်သန်း ငါးသိန်းနီးပါး)

ထောက်ခံမဲ ၂၀,၇၈၆,၅၉၆ (သန်း နှစ်ဆယ်ကျော်)

ကန့်ကွက်မဲ ၁,၃၇၇,၄၈ဝ (တစ်သန်း သုံးသိန်းကျော်)

ပယ်မဲ ၃၃၄,၅၈၈ (သုံးသိန်းကျော်)

ထောက်ခံမဲရာနှုန်း ၉၂.၄ %


- ဟူ၍ ဖော်ပြထားပါသည်။ ချန်ထားသည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း ၄၇ မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၅ သန်းကျော် ရှိသည်ဟု ဆိုပါသည်။ ထိုစာရင်းကို ကြည့်လျှင် မဲပေးခွင့်ရှိသူ အနက် ၉၉ ရာခိုင်နှုန်းက မဲပေးခဲ့သည်ဟု တွေ့ရပါသည်။ အလွန်ကို ယုတ္တိကင်းလှသည့် လိမ်လည်မှု ဖြစ်ပါသည်။ ဘယ် ဆန္ဒခံယူပွဲမှာမှ ကိုးဆယ်ကိုးရာနှုန်း မဲပေးသည်ဟူ၍ မဖြစ်နိုင်ပါ။ အနိုင်ယူချင်လျှင်လည်း ယုတ္တိတန်အောင်လုပ်၍ အနိုင်ယူဖို့တော့ ကောင်းပါသည်။ အခုတော့ နအဖ လိမ်လည်ချက်က ရယ်လိုက်ရတာ ဖတ်ဖတ်မော ဆိုသည့်ကိန်း ဖြစ်နေပါသည်။

ဤစာရင်းကို ထောက်ချင့်၍ နအဖက ပျက်ကွက်မဲကို ထောက်ခံမဲနှင့် အစားထိုးရုံမက၊ ကြိုတင်မဲ အားလုံးကို ထောက်ခံမဲ လုပ်ထားကြောင်း အလွယ်တကူ ကောက်ချက်ချနိုင်ပါသည်။ ထိုကောက်ချက်ကိုလည်း အများစုက ယုံကြည်ကြမည် ဖြစ်သည်။ ထိုအချက်က လူထု၏ ကန့်ကွက်လိုသော ဆန္ဒကို အဓမ္မဖယ်ရှားခံလိုက်ရကြောင်း ခိုင်မာသောသက်သေ ဖြစ်ပါသည်။

မုံရွာသူတဦးက “နှမ်းတစေ့နဲ့ ဆီမဖြစ်ဘူး ဆိုရင်တောင် ကျမဟာ နှမ်းဆိုတာကို အကုန်သိစေရမယ် ဆိုပြီး အမှားခြစ်ပဲ ခြစ်ခဲ့တယ်” ဟု ပြောခဲ့သည်။ ထိုစကားအတွင်းမှာပင် နအဖက မတရားလုပ်မည်ကို ကြိုတင်သိနေပြီးဖြစ်ကြောင်း အဓိပ္ပာယ်ပေါ်လွင်နေပါသည်။ နှမ်းတစေ့က ဆီမဖြစ်သော်လည်း နှမ်းအစုအပေါင်းက ဆီဖြစ်ပါသည်။ ကန့်ကွက်မဲ စာရွက်များကိုသာ ဖယ်ရှားပစ်၍ ရပါမည်၊ နှလုံးသားထဲက ကန့်ကွက်ဆန္ဒများကိုမူ ဖယ်ရှားပစ်၍ မရနိုင်ပါ။ ထိုဆန္ဒများသည် အချိန်တန်လျှင် ပေါ်လာပါလိမ့်မည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဆန္ဒခံယူရလဒ်ကို လက်မခံနိုင်ဟု ယတိပြတ် ပြောဆိုလိုက်ပြီ။

"ဒီဆန္ဒခံယူပွဲဟာ ပြည်သူဆန္ဒမပါဘူးဗျ။ ပြည်သူ့ဆန္ဒမပါတဲ့အတွက် အတည်ဖြစ်သွားရင်လည်း တရားဥပဒေအရ တရားမဝင်ဘူး။"



နာဂစ်နဲ့အတူ

မေလ ၂ ရက်နှင့် ၃ ရက်က တိုက်ခတ်သွားသော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းက ကြမ်းတမ်းပြင်းထန်လှသည်။ ထို့အတူ လာမည့် နှစ်နှစ်အတွင်း ဆက်လက်တိုက်ခတ်မည့် မြန်မာ့နိုင်ငံရေး မုန်တိုင်းက နာဂစ်ကဲ့သို့ပင် ကြမ်းတမ်းပြင်းထန် ပါတော့မည်။

ယနေ့ အခြေခံဥပဒေကို ထောက်ခံလိုက်ကြပြီဟု နအဖက ကြေညာသော်လည်း၊ အာဏာတည် အသက်ဝင်ဦးမည် မဟုတ်ပါ။ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပရဦးမည်။ ရွေးကောက်ပွဲတွင် အနိုင်ရ အမတ်များက ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပသည့်နေ့ကျမှ စတင် အာဏာတည်မည် ဖြစ်သည်။ ထိုအချိန် မရောက်မချင်း မြန်မာ့နိုင်ငံရေးသည် ဖြစ်နိုင်ချေ အများအပြားကြားတွင် လွန်းထိုးနေဦးမည် ဖြစ်သည်။

ဤအတောအတွင်း နအဖက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက် ရုတ်သိမ်းနိုင်မလား။

ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုလျှင် `၁၉၈၉ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ´ ပုဒ်မ ၁၁ ဖြင့် ကော်မရှင်က အမတ်တဦးချင်းစီအတွက် ပယ်ဖျက်ရပါမည်။ အမတ် တယောက်မျှ မရှိအောင် လုပ်ရမည့်သဘော ဖြစ်ပါသည်။ လွှတ်တော် ခေါ်ယူထားခြင်း မရှိသဖြင့် လွှတ်တော် ဖျက်သိမ်းရန် အကြောင်းမရှိပါ။ အခြားတနည်းမှာ ရွေးကောက်ပွဲအသစ် အတွက် ဥပဒေပြဋ္ဌာန်းပြီး ဥပဒေအဟောင်းနှင့် ယင်းရလဒ်ကို တပေါင်းတည်း ရုတ်သိမ်း ပစ်လိုက်နိုင်ပါသည်။

၉၀ ရလဒ်ကို ဖျက်ပစ်လိုက်သည့်တိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်ပစ်၍ မရနိုင်ပါ။ ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်ရဟုလည်း တားမြစ်၍ မရနိုင်ပါ။ လူထုထောက်ခံမှု ရှိနေသမျှ အဖွဲ့ချုပ် တည်ရှိနေနိုင်ပါသည်။ နောက်ထပ် ဒီမိုကရေစီရေး လှုပ်ရှားမည့် ပါတီများလည်း ပေါ်လာနိုင်ပါသေးသည်။

သို့ရာတွင် မြန်မာပြည်၏ ယနေ့ အခြေအနေမှာ အဆိုးဝါးဆုံး ပေါက်ကွဲလုလု မီးတရဲရဲ ဖြစ်ပါသည်။ နာဂစ်မုန်တိုင်းကြောင့် မြန်မာ့စပါးကျည်ဖြစ်သည့် ဧရာဝတီတိုင်း အောက်ပိုင်းတခုလုံး ပျက်သုဉ်းသွားသည်။ မြို့တော်ရန်ကုန်က မြို့ပျက်နီးနီး ဖြစ်သွားသည်။ သေဆုံးသူပေါင်း တသိန်းကျော်သည်။ အချို့က နှစ်သိန်းကျော်ဟု ဆိုသည်။ နအဖစာရင်းအရ ခြောက်သောင်းကျော်နေပြီ။ လေဘေး ဒုက္ခသည် နှစ်သန်းခွဲခန့် ရှိသည်။

စစ်အစိုးရက ဒုက္ခသည်များကို ကူညီရမည့်အစား နိုင်ငံတကာနှင့် ပြည်တွင်းအကူအညီများကို ဆို့ပိတ်ဟန့်တားနေသည်။ တတ်ကျွမ်းသူများ မလာရ။ သတင်းသမား မလာရ။ ကူညီလိုလျှင် ငါတို့ကို ပေးဟူ၍ လုပ်နေသည်။ သူတို့လက်သို့ ပေးလာသမျှကို ကိုယ်ကျိုးရှာ အလွဲသုံးစား လုပ်ပစ်နေသည်။ နအဖ လုပ်နေပုံက `ခွေး ထန်းလျက်အိုးတွေ့သလို´ ဖြစ်သည်။ တကယ်တော့ လေဘေးဒုက္ခသည်များကို နအဖက ဓားစာခံများအဖြစ် ပြုမူနေခြင်းပင် ဖြစ်ပါသည်။

နအဖက မုန်တိုင်းဒဏ်ကို ကယ်ဆယ်ရမည့်အစား ထိုအချိန်ကို အခွင့်ကောင်းဟု သဘောထား၍ လူထုဆန္ဒကို အဓမ္မ ရယူလိုက်သည်။ ပြည်သူအားလုံး ၀မ်းနည်းပူဆွေး ဒုက္ခပင်လယ် ဝေနေချိန်တွင် စစ်ဗိုလ်ချုပ်များက မျက်နှာပုပ်ကြီးများနှင့် ကိုယ်မဲကိုယ်ပြန်ထည့်နေကြသည်။ လူ့အသက်ကယ်ရန် အလွန်ဖင့်နှေးသလောက် အာဏာဖင်မြဲရေးအတွက် ခြေသွက်လက်သွက် နေကြသည်။ လူငါးသန်း၏ ဆန္ဒကို မသိရသေးခင်မှာပင် ငါတို့နိုင်ပြီဟု ၀င့်ကြွားနေကြပြီ။

နအဖသည် မြန်မာပြည်သူလူထု အားလုံးကို ပြန်ပေးဆွဲထားခြင်း ဖြစ်တော့သည်။ မြန်မာပြည်သူများသည် နအဖ စစ်ဗိုလ်ချုပ်များ အာဏာကျင့်သုံးနိုင်ရေးအတွက် သေနတ်ထောက်ခံထားရသော ဓားစာခံများ ဖြစ်ပါသည်။



အနိမ့်ကျဆုံး

ယနေ့အခြေအနေကို မြန်မာ့သမိုင်းတလျှောက် အနိမ့်ကျဆုံးကာလဟု သတ်မှတ်နိုင်ပါသည်။

အကြီးမား အပြင်းထန်ဆုံး သဘာဝဘေးရန်ကြောင့် နိုင်ငံ၏ ရေမြေ ငါးရာခိုင်နှုန်း ပျက်စီးသွားသည်။ နိုင်ငံ့ သဘာဝရင်းမြစ်များကို ရောင်းချစားသောက်နေသည့် စစ်ဗိုလ်များက ဘာမှမဖြစ်ပါဘူးဟု ပြောဆိုနေသည်။

ထိုဒေသတွင် မှီတင်းနေသော လူနှစ်သန်းကျော် ရုတ်တရက် မွဲတေသွားသည်။ ဘ၀ရပ်တည်မှု အနေအထားမှာ နောင် နှစ်အတန်ကြာ ပုံမှန်ပြန်ဖြစ်လာဖို့ အတော်ခဲယဉ်းသည်။ စစ်ဗိုလ်ချုပ်များက တစ်သက်စာ စစ်အာဏာ တည်မြဲရေးအတွက် လူထုကို အတင်းအကျပ် ထောက်ခံမဲ ထည့်ခိုင်းနေသည်။

သေဆုံးသူ တသိန်းကျော်ကို စာရင်းလည်း မပြုစုနိုင်၊ မီးရှို့မြေမြှုပ် သဂြုင်္ိဟ်ခြင်းလည်း မလုပ်နိုင်၊ မြင်မြင်သမျှ သုဿန်လိုဖြစ်နေသည်။ စစ်ဗိုလ်ချုပ်များက တီဗီကင်မရာ ရှေ့တွင် ပြဇာတ်မင်းသားဟန်ဖြင့် လက်ညှိုးတထိုးထိုး လုပ်နေတုန်း ဖြစ်သည်။

အစာရေစာ ပြတ်လပ်နေသူ နှစ်သန်းကျော်က လက်ဝါးတဖြန့်ဖြန့် တောင်းရမ်းနေရသည်။ နိုင်ငံတကာမှ ပေးသော ပစ္စည်းများကို စစ်တပ်က အပြင်ထုတ်ရောင်းသည်။ ငို့ဘနှင့် ၀ိသမလောဘသမားများက ပူးပေါင်း အမြတ်ရှာနေကြသည်။

ဒုက္ခသည်များအတွက် ရေရှည် ပြန်လည်ထူထောင်ရေးကို အသာထားဦး၊ လတ်တလော နောက်ဆက်တွဲ ပြဿနာများ တိုးမလာအောင် ရင်တမမ ဖြစ်နေရသည်။ စစ်တပ်က အကူအညီပေးသူများကို ရန်သူသဖွယ် စစ်ဆေးဟန့်တား ပစ္စည်းလုယူ နေကြသည်။

နိုင်ငံတကာက ကျွမ်းကျင်မှု ငွေကြေး ပစ္စည်းတို့ကို အလုံးအရင်းနှင့် ထိထိရောက်ရောက် ပေးကူနိုင်အောင် ကြိုးစားနေကြသည်။ နအဖ လက်ကိုင်တုတ်နှင့် စစ်ခွေးများက ၀ါးစိမ်းတုတ်ခုတ်ကာ လူရိုက်နည်း လေ့ကျင့်နေကြသည်။

စစ်အာဏာရှင်တစု၏ ယုတ်မာညံ့ဖျင်းမှု, နောက်လိုက်ခွေးများ၏ မိုက်ရိုင်းစုတ်ပဲ့မှု, ၀ိသမသမားများ၏ ကောက်ကျစ်အစွယ်ပြူးမှု တို့ကြောင့် မြန်မာတမျိုးသားလုံး၏ ဂုဏ်သိက္ခာမှာ များစွာ ယုတ်လျော့ ကျဆင်းသွားရပြီ ဖြစ်သည်။

ဆင်းရဲမွဲတေမှု၏ အဆုံး, စိတ်ဓာတ် အနိမ့်ကျဆုံး၏ အစွန်တွင် အေးချမ်းတိုးတက်မှုဟူ၍ စိုးစင်းမျှ မရှိနိုင်ပါ။ မွဲတေမှုနှင့် နိမ့်ကျမှုတို့က ပေါက်ကွဲမှုများကိုသာ ဖန်တီးနိုင်စွမ်း ရှိပါသည်။ မြန်မာပြည်သည် အဆိုးဆုံး အခြေအနေမှ ထို့ထက်ပိုဆိုးသော အခြေအနေသို့ ဦးတည်ရွေ့လျားနေသည်ဟု ဆိုနိုင်ပါသည်။

မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးက စစ်အစိုးရ ထုတ်ပြန်သော ကိန်းဂဏန်းကို အယုံအကြည်မရှိကြောင်း ပြောဆိုလိုက်ပြီး မြန်မာပြည် အနာဂတ်အတွက် ရေရှည်ပြဿနာဆီ ဦးတည်နေသည်ဟု မဇ္ဈိမသတင်းဌာနသို့ ပြောပါသည်။

"အခုလို ဆိုင်ကလုန်းကြောင့် လူတွေအများကြီး သေဖို့ဖြစ်နေတဲ့ကိစ္စမှာ အများကြီးနိုင်တယ် ဆိုပြီး လိမ်တဲ့ကိစ္စကတော့ တော့တော့ကို ကျနော်တို့နိုင်ငံရဲ့ ရေရှည်ပြဿနာ ဖြစ်နိုင်တယ်"

မြန်မာပြည်တွင် ဓားစာခံ ဖြစ်နေသော နိုင်ငံသားများကို ကယ်တင်ဖို့ အရေးတကြီး လိုအပ်နေသည်။ ဓားစာခံများ လွတ်မြောက်ရေးအတွက် မည်သည့်ဆောင်ရွက်ချက်မဆို တရားသည်။ မည်သူမဆို လုပ်ပိုင်ခွင့် ရှိသည်။ ထိုအထဲတွင် မြန်မာနိုင်ငံသားတိုင်းလည်း ပါဝင်ပါသည်။ ။





မြန်မာနိုင်ငံအတွက် အကူအညီတွေ ဆက်ပေးမယ်လို့ အမေရိကန် နိုင်ငံခြား အထောက်အကူ ပေးရေး အကြီးအကဲကပြော

တရုတ်နိုင်ငံမှာ ငလျင်ဒဏ်ခံရသူတွေအတွက် တရုတ်အစိုးရဲ့ဆောင်ရွက်မှုဟာ ထိရောက်လျှင်မြန်ပြီး ပွင့်ပွင့်လင်းလင်း ရှိသလောက် မြန်မာနိုင်ငံမှာတော့ လေဘေး ဒဏ်ခံရသူတွေအတွက် မြန်မာ စစ်အစိုးရက ဆောင်ရွက်ပုံတွေ သိပ်ကို နှေးကွေးပြီး ထိထိရောက်ရောက် လုပ်နိုင်စွမ်း မရှိဘူးလို့ မြန်မာနိုင်ငံ လေဘေး ဒဏ်ခံရသူတွကို အရေးပေါ် အကူညီတွေ ပေးနေတဲ့ US AID အဖွဲ့ အကြီးအကဲ က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်၊ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးပါတယ်။

အပြည့်အစုံသို့...
ဗွီအိုအေသတင်းဌာနမှကိုးကားတင်ပြထားပါသည်။
(ကိုရဲ - သွေးသစ်)

မြန်မာမုန်တိုင်း ဒုက္ခသည်များကယ်ဆယ်ရေး စုပေါင်းဆောင်ရွက်ဖို့ ကုလအတွင်းရေးမှုးချုပ် အစည်းဝေးခေါ်

ဆိုင်ကလုံးမုန်တိုင်းဒဏ် အလူးအလဲခံလိုက်ရတဲ့မြန်မာပြည်က မုန်တိုင်းဒုက္ခသည်တွေကို ကူညီရေး၊ ဒုက္ခတွေ ထပ်ပြီးမကြုံနိုင်ရေး ကမ္ဘာ့ခေါင်းဆာင်တွေနဲ့ တိုင်ပင်ညှိနှိုင်းဖို့ အစည်းအဝေး ခေါ်ယူထားတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းကပြောလိုက်ပါတယ်၊မြန်မာစစ်အစိုးရက တင်းကျပ်မှုတွေလျှော့လာတယ်ဆိုပေမယ့်လည်း သိပ်ကိုနည်းလွန်းတယ်လို့ဆိုပါတယ်၊ မနေ့က ကုလသမဂ္ဂမှာ မြန်မာမုန်တိုင်းဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာတွေကို ဦးကျော်အောင်လွင်က တင်ပြပေးပါတယ်။

အပြည့်အစုံသို့...
ဗွီအိုအေသတင်းဌာနမှကိုးကားတင်ပြထားသည်။
(ကိုရဲ - သွေးသစ်)

Wednesday, May 14, 2008

လူယုတ်မာတွေလိမ်နေတာ အမေရိကန်သိတယ်

အမေရိကန်ရေတပ်သင်္ဘော(၃)စီးဘင်္ဂလားပင်လယ်အော်တွင်ရောက်ရှိနေ
အမေရိကန် ရေတပ်မတော် အမှတ် (၇)မှ စစ်သင်္ဘောသုံးစီးသည် မြန်မာစစ်အစိုးရက လက်ခံလျှင် ကယ်ဆယ်ရေး ကူညီနိုင်ရန်အတွက် မြန်မာ့ရေကြောင်းပိုင်နက်သို့ ဦးတည်ခုတ်မောင်းလာရာ ဘင်္ဂလားပင်လယ် အော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရန်ကုန်တိုင်းလက်လုပ်လက်စားရပ်ကွက်များမှဒုက္ခသည်များကကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းဖြန့်ဝေရန် လာသည့် စေတနာရှင်များကို “အမေရိကန်တို့၊ ပြင်သစ်တို့က ကျမတို့ကို ကူညီဖို့လာတာ အစိုးရက လက်မခံဘူးဆို”ဟု မေးကြောင်း အလှူရှင် တဦးက ဟစ်တိုင်သို့ ပြောကြားသည်။ ကျော်သူ၊ ဇာဂနာတို့အပြင် လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်နှင့် မင်းသားမင်းသမီးများ၊ အဆိုတော်များပါ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်လာနေသည်။ ဆရာဝန် အနုပညာသမား တဦးကလည်း အမည်မခံဘဲ နောက်ကွယ်မှ အားပေးကူညီလျက် ရှိသည်။
(ကိုရဲ - သွေးသစ်)

အလောင်းမှပါလာသည့် လက်ဝတ်ရတနာများကို တပ်မ (၆၆)က ဖြတ်တောက်ယူ ကယ်ဆယ်ရေး ပစ္စည်းများ မပေးပဲ ရောင်းချနေ

ကယ်ဆယ်ရေးအတွက် တာဝန်ပေးထားသော တပ်မ(၆၆) မှ စစ်သားများက မုန်တိုင်းကြောင့် သေဆုံးခဲ့သူများထံမှ လက်ဝတ်ရတနာများကိုဖြတ်တောက်ယူနေကြပြီး ထောက်ပံ့ပစ္စည်းများကို ပြန်လည်ရောင်းချခြင်းများ ပြုလုပ်နေသည်။

အပြည့်အစုံသို့...
ရိုးမသတင်းဌာနမှကိုးကားတင်ပြထားပါသည်။
(ကိုရဲ - သွေးသစ်)

နောက်ထပ်မုန်တိုင်းတခုမြန်မာပြည်သို့ဝင်ရောက်မည်ဟု ရိုက်တာသတင်းဌာနကထုတ်ပြန်

နောက်ထပ် ဆိုင်ကလုန်း တစ်ခု ဗမာပြည်ထဲမှာ စတင်ဖြစ်ပေါ်နေပြီလို့ ကုလသမဂ္ဂက အခုဘဲ သတိပေးလိုက်ပါတယ်။ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက်မှာ စတင်ပြီး ဖြစ်ပေါ်နေပြီလို့ သိရတယ်။ အဲဒီ အပူပိုင်း ဆိုင်ကလုန်းဟာ နောက်ထပ် ၂၄ နာရီအတွင်းမှာ ကြီးထွားလာနိုင်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

Aid trickles in as Myanmar faces new cyclone worries

YANGON (Reuters) - The 1.5 million people left destitute by Myanmar's devastating cyclone were increasingly desperate on Wednesday, as foreign aid remained at a trickle and overstretched aid workers struggled to reach hard-hit areas.

ဒါပေမယ့် အဲဒီမုန်တိုင်းဟာ အင်အားအသင့်အတင့်လား၊ အင်အားပြင်မလားဆိုတာကိုတော့ ကြိုတင်ခန့်မှန်းလို့မရသေး ဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးအတွက်ရဲက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သူမက “ဒီသတင်းက ကုလသမဂ္ဂရဲ့ ကမ္ဘာနောက်ထပ်ဆိုင်ကလုန်းမုန်တိုင်းသည် မကြာမီတွင် ဧရာဝတီတိုင်းဆီ ၀င်ရောက်လာနိုင်သည်ဟု ကုလသမဂ္ဂက သတိပေးသည်။

ဟာဝိုင်အီတွင် အခြေစိုက်သော တိုက်ဖွန်မုန်တိုင်း သတိပေးဌာန၏ ကြိုတင်သတိပေးချက် အရ ၂၄ နာရီအတွင်း အားကောင်းလာဖွယ် ရှိသော အဆိုပါဆိုင်ကလုန်းသည် ဧရာဝတီတိုင်းဆီ ဦးတည်နေသည်ဟု ဆိုသည်။

ယခုလ (၃) ရက်နေ့က လူသိန်းချီသေဆုံးပြီး သန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ဒေသတွင် အများစုသည် ယခုအချိန်အထိ အမိုးအကာအောက် မရောက်သေးသည့်အချိန်တွင် နောက်ထပ် မုန်တိုင်းဝင်ရောက်မည့် သတိပေးချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း လက်ပွတ္တာမှ အမည်မဖော်လိုသော ကျန်းမာရေးဝန်ထမ်းတဦး၏ အဆိုအရ ယခုအခါ ဒေသတွင်း၌ လူနာများတိုးလာနေပြီး ဆေးဝါးမလုံလောက်မှုများ ကြုံနေရသည်ဟု သိရသည်။

လောလောဆယ်တွယ် ဒေသတွင်း၌ ကလေးငယ်များ ၀မ်းရောဂါ စတင်ဖြစ်ပွားနေပြီး ဆေးဝါးများ အရောက်မစောလျင် နောက်ထပ်ကူးစက်ရောဂါများဖြစ်ပွားနိုင်သည်ဟု ဆိုသည်။

လူနာက တိုးလာပြီးဆေးဝါးက မလုံလောက်သဖြင့် လက်ပွတ္တာတွင် ဆရာဝန်နှင့် သူနာပြုများသည် လူနာများအတွက် မျက်ရည်ကျနေကြသည်ဟု အဆိုပါ ကျန်းမာရေး ၀န်ထမ်းက ပြောသည်။

ကုလသမဂ္ဂအဖွဲ့များက အရေးပေါ် အကူအညီလိုအပ်သူ လူတသန်းအနက် (၃) ပုံ (၂) ပုံသည် ယခုအချိန်အထိ အကူအညီမရကြသေးဟု ပြောသည်။

နာဂစ်မုန်တိုင်းနှင့် ပတ်သက်သော ကြိုတင်သတိပေးမှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့သဖြင့် အပြစ်တင်ခံခဲ့ရသော စစ်အစိုးရသည် နိုင်ငံတကာမှ ကယ်ဆယ်ရေး အကူအညီများကို လမ်းဖွင့်မပေးသဖြင့်  ဝေဖန်ခံနေရသည်။
့ မိုးလေ၀သဋ္ဌာနရဲ့ ဋ္ဌာနခွဲတစ်ခုဖြစ်တဲ့ တိုင်ဖုန်းသတိပေးရေးစင်တာ (JTWC) က လာတာလို့” ပြောပါတယ်။ ပြီးတော့ ထိုထုတ်ပြန်ချက်ထဲမှာ “ယခုအချိန်မှာ ရန်ကုန်မြို့ရဲ့
အနောက်တောင်ဘက်ရဲ့ အနောက်ပိုင်းကနေ မိုင် ၃၀ အကွာရေပြင်မှာ မုန်တိုင်းစတင်နေပါပြီ” လို့ဖော်ပြထားပါတယ်။
Reports a tropical depression was swirling southwest of Yangon and a U.S. advisory that it could develop into a cyclone in the next 24 hours sparked concerns of a new tragedy following the early May storm that left up to 100,000 people dead or missing in the Irrawaddy delta.

"It's terrible. This is always another worry when you have a major disaster, that you have further hazards affecting people," Amanda Pitt, spokeswoman for the UN's humanitarian affairs office, told a news conference in Bangkok.

However, the U.S. advisory said conditions did not yet merit a full cyclone warning, while Tropical Storm Risk (http://tsr.mssl.ucl.ac.uk/), which offers information on tropical storms for the insurance industry, among others, did not show tropical cyclone activity as of 0843 GMT.

Meanwhile, in a gesture to critics who say outside aid is critical, Myanmar's reclusive military rulers invited 160 personnel from neighboring Bangladesh, China, India and Thailand to assist in delayed and sometimes chaotic relief efforts.

But that is a fraction of the thousands of foreign aid workers needed for a "tsunami-style" international aid operation.

"It's just awful. People are in just desperate need, begging as vehicles go past," Gordon Bacon, an emergency coordinator for the International Rescue Committee, told Reuters from Yangon.

Thailand's prime minister flew to Myanmar's main city of Yangon on Wednesday to try to persuade Prime Minister Thein Sein to let more foreign experts into the pulverized areas.

Samak Sundaravej is hoping for more luck than United Nations and Western officials, whose efforts have had little success.

AID DIVERTED?

Some have suggested food and other urgent supplies may have been diverted by Myanmar's ruling junta rather than going straight to helpless victims, many homeless and some barefoot.

But a World Food Programme (WFP) spokesman in Bangkok said of high-energy food it had sent: "We collected the biscuits at the (Yangon) airport and they remain in our possession."

In any case, experts said the relief effort -- further complicated by heavy rains and the threat of a possible second cyclone -- is only delivering a tenth of the supplies needed.

The international community has flown in tonnes of medicine, food and shelter materials, but getting it to the low-lying delta area has been complicated by poor equipment, bad weather and government intransigence.

Heavy rains have pelted the region, slowing transportation of aid by land and adding to the misery of tens of thousands of refugees packed into monasteries, schools and pagodas.

Lacking food, water and sanitation, survivors of Cyclone Nargis face the threat of killer diseases such as cholera and in some areas are waiting in vain for help to arrive.

"If these people aren't reached and aid got to them quickly, and shelter and toilet facilities, disease will break out," the International Rescue Committee's Bacon said.

The WFP said it was looking for helicopters to airlift rice and high-energy biscuits down to the delta and also boats to reach isolated communities along the Irrawaddy river.

It said it had provided food to 50,000 people and aimed to reach 750,000 over the next six months.

Operations in Myanmar are a shadow of the massive international relief operation kick started just days after the 2004 Asian tsunami.

The United States alone deployed thousands of its military and more than a dozen ships in the Indian Ocean, and many other countries provided major help.

But Myanmar's junta has made it clear it does not want Westerners distributing aid.

Foreign experts in sanitation, nutrition and medicine have either been prevented from entering the country formerly known as Burma or are restricted to Yangon.

Armed police sent back foreigners who attempted to pass through checkpoints surrounding the former capital.

(Additional reporting by Darren Schuettler and Nopporn Wong-Anan in BANGKOK)

(Writing by Carmel Crimmins and Jerry Norton; Editing by Valerie Lee)

တရုတ်ငလျင်အတွက် ဂျပန်မှ ယန်း ၅၀၀ မီလီယံကူညီ

Japan to give Y500 million in aid to quake-hit China as death toll nears 12,000

Wednesday 14th May, 09:35 AM JST

TOKYO —

Japan will give 500 million yen worth of emergency grants and relief aid to quake-hit China, including blankets and tents, and is ready to provide additional assistance such as the dispatch of personnel if necessary, Foreign Minister Masahiko Komura announced Tuesday evening. The aid will be distributed directly to the Chinese government as well as through international organizations. Komura said details of the breakdown have yet to be decided, awaiting specific appeals from international agencies such as the Red Cross. The death toll is believed to have passed 12,000.

The Foreign Ministry, together with the Fire and Disaster Management Agency, the Japan International Cooperation Agency and other ministries, are preparing for the delivery of aid including food, water and blankets, as well as the dispatch of disaster relief medical teams comprised of doctors and nurses, government officials said. Machimura said that rescue teams, helicopters and other forms of assistance are already on standby pending any requests from China.

Japan Airlines and All Nippon Airways announced they will provide free airlifting for aid materials on flights between Japan and China through June 16. JAL will also provide free tickets for disaster relief personnel in both public and private organizations, while ANA will do so only for public officials.

မုန်တိုင်းအထောက်အကူ လက်ခံရေးတိုက်တွန်းရန် ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံ သွားဖို့ပြင်



အပြည့်အစုံသို့...
(ကိုရဲ - သွေးသစ်)

မုန်တိုင်းဘေး ကယ်ဆယ်ရေး ဥရောပသမဂ္ဂ နည်းမျိုးစုံ ကူညီဖို့ ဆွေးနွေး





အပြည့်အစုံသို့...
VOA သတင်းဌာနမှကိုးကားတင်ပြထားပါသည်။
(ကိုရဲ - သွေးသစ်)

Tuesday, May 13, 2008

တရုတ်ငလျင် လူ ၁ သောင်းကျော် သေဆုံး


တရုတ်အလယ်ပိုင်းတွင် အင်အားပြင်းထန်သော ငလျင်တခု လှုပ်သွားရာ ခရိုင်တခုတည်းတွင် လူ ၂၀၀၀၀ ခန့် သေဆုံးပြီး စာသင်ကျောင်း ပြိုကျရာတွင် ကျောင်းသူကျောင်းသားကလေး ၉၀၀ နီးပါး ပိတ်မိနေကြောင်း တရုတ်အစိုးရ မီဒီယာက ကြေညာသည်။ ဇင်ဟွာ သတင်းဌာနက ပြင်းအား ၇ ဒသမ ၈ ရှိ ငလျင်လှုပ်သွားပြီးနောက် စီချွမ်ပြည်နယ် ဘိုင်ချွမ်ခရိုင်တွင် ၃၀၀၀ မှ ၅၀၀၀ အထိ သေဆုံးသွားကြောင်း ပြောကြားသည်။ ငလျင်လှိုင်းကို ပါကစ္စတန်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံမှပါ ခံစားလိုက်ရသည်။


အပြည့်အစုံသို့...
(ကိုရဲ - သွေးသစ်)

အမေရိကန် ကယ်ဆယ်ရေး ပစ္စည်းတွေ ရန်ကုန်ကို ရောက်ရှိ၊ ဖြန့်ဖြူးရေး အတွက် စစ်အစိုးရ ကတိမပေးသေး

အပြည့်အစုံသို့...

Twitter Delicious Facebook Digg Stumbleupon Favorites More