This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ဆရာတင်မိုး၏ တော်လှန်ရေးကဗျာများ(Tin Moe's Poem). Show all posts
Showing posts with label ဆရာတင်မိုး၏ တော်လှန်ရေးကဗျာများ(Tin Moe's Poem). Show all posts

Sunday, July 19, 2009

မြက်ရိုင်းထဲကကြေးရုပ် (တင်မိုး)




မြက်ရိုင်းထဲတွင်
ထိုင်ဆဲမလှုပ်၊ ဆန်းကြေးရုပ်။

သမိုင်းများစွာ
ဖြတ်သန်းလာတော့
ငါသည်မြက်ရိုင်း
နေရာတိုင်းကို
သမိုင်းပြရုပ်
ဆန်းကြေးရုပ်ကို
ကျွန်ုပ်တို့ မေ့ခဲ့ကြပြီ။

ဆန်း၏လမ်းစဉ် တို့မမြင်တော့
ကျေးဇူးရှင်မှန်း မသိစွမ်းတော့
ဆန်း၏ဂုဏ်ပုဒ် ဆန်းကြေးရုပ်က
တိမ်မြုပ်ခဲ့ပြီ အတိတ်ဆီ။

ဗိုလ်ချုပ်အောင်ဆန်း
ခင်းသောလမ်းက
လွမ်းစရာပင် အလှမ်းကွာခဲ့ပြီ။

ဗိုလ်ချုပ်လက်တွင်
စာရွက်လိပ်ထား
ကြေးဝါပြားကို
ရောင်းစားဖို့ရာ
ခွာခဲ့ရှာပေါ့
လက်မှာ စာရွက်မဲ့ခဲ့ပြီ။

ဗိုလ်ချုပ် ဟောရ
မောရ သောကအများ
ကျောကမကြား ဖြစ်ခဲ့ပြီ။

လွတ်လပ်ရေးကို
သွေးနှင့်ရင်း၍
အပ်နှင်းခဲ့ရ
သူ့ဘဝကို မြေချသင်္ဂြိုလ်ခဲ့ကြပြီ။

သမိုင်းနာလည်း
နာမှန်းမသိ
တို့မထိတော့
တို့၏အကျိုး၊ တို့ထုတ်ပိုးကို
အမျိုးသားရေး၊ တို့မတွေးအား
အရေးတော်ပုံ၊ တို့မဖြုံအား
တို့ယုံသည်က၊ တို့ကောင်းစားဖို့
အများအရေး တို့မတွေးအား
ကိုယ့်ရေးကြည့်ရာ၊ ကိုယ်လိမ္မာဖို့
အရာရာတွင်၊ ကိုယ်ကျိုးမြင်က
မီးစင်ကြည့်၍ က,တတ်ပြီ။

ဗိုလ်ချုပ်ကြေးရုပ်
မြက်ရိုင်းအုပ်လည်း
မခုတ်တော့ပဲ
မျက်နှာလွှဲပြီ
နေမြဲနေကြပါစေတော့....

Thursday, September 25, 2008

ဗုဒ္ဓနှင့်တွေ့ဆုံခြင်း(တင်မိုး)




ဘာမဟုတ် ညာမဟုတ်နဲ့
ငါဗုဒ္ဓဘုရား ကိုတောင်မှ
ရှေးဟောင်းပစ္စည်းတွေ အကြားမှာ
ရောင်းစားခံရ
စီးပွားရေးမျက်စီ စူးရှတဲ့
ဒီလိုဥရောပမှာ
မင်းက ဘာလာလုပ်သလဲတဲ့
ဗုဒ္ဓက မေးတော်မူတယ်။

ကိုယ်တော် မသိလို့နော်
ကိုယ်တော်သာ မြန်မာနိုင်ငံမှာရှိရင်
ပူဇေမိ အမျိုးမျိုးနဲ့
ရှိခိုးခံရမှာတော့ အမှန်ပါပဲ။
ဒါပေမယ့်
မမှန်တာတွေပြော၊ မမှန်တာတွေဟောနေရ
ကိုယ်တော်က ဗုဒ္ဓေါတ,မိပြီး
ပြေးကြွချင်မှာ သေချာတယ်။
မမှန်တာတွေ ပြောတော့လဲ
သံသရာတကြောမှာ
အဖန်တရာ မောနေဦးမှာကိုး ဘုရာ့။

လက်နက်ကိုင်စစ်တပ်က
အရပ်ရပ်နေပြည်တော်
ကြားလို့မှ မလျော်အောင်
အော်ဒါတွေထုတ် မတော်တာတွေလုပ်နေတော့
ဗုဒ္ဓကိုကြိုးတုပ်
အချုပ်ထဲသွင်းရင် မခက်ပါလား။

ဒီကောင်တွေက ဉာဏ်လည်းမရှိ
အမှန်လဲ မသိ
ကတိလဲ မတည်
အပလီ အမျိုးမျိုးနဲ့
အ၀ိစီအိုးကလဲ ပုတ်စော်နံ
နိုင်ငံကိုလဲ မလေးစား
ကလေးကလားစိတ်ဓါတ်နဲ့
သိပ်ပြီးညစ်ပတ်ကြပါတယ်။

စစ်တပ်ဆိုတာ ပြည်သူကိုအနိုင်ကျင့်ဖို့
မြှောက်ပင့်အားပေး
ဓားသွေးခိုင်းထားတဲ့
အရိုင်းများရဲ့ ခိုလှုံရာ
ဗိုလ်တကာတို့ရဲ့ ဘုရင်ပါဘုရား။
ဗိုလ်နေ၀င်းစစ်တပ်ဆိုတာ
ပစ်ခတ်ဖို့နဲ့ ညစ်ပတ်ဖို့ပဲ သိတာမဟုတ်လား။

ပြည်သူတွေကတော့ တက်တက်မွဲ
ရဟန်းကောင်းတွေက ခွက်လက်စွဲ
ဒင်းတို့တတွေကက သဘက်သရဲ
လက်နက်ပဲ အဓိက
လက်နက်ပဲ ပဓာန
လက်နက်စိုးမိုးတဲ့ စစ်ဝါဒပါ။

ကိုယ်တော့်အဖို့ကတော့
ဥရောပ စူပါမားကတ်မှာ
ငြိမ်သက်စွာ စံပယ်တာကမှ
အန္တရာယ်ခပ်သိမ်း၊ ကင်းပျောက်ငြိမ်းပြီး
သိန်းသန်းမက တန်ဖိုးတက်
ဗုဒ္ဓ ဗုဒ္ဓ ဆိုပြီး
နှုတ်ဟလို့ အမြွက်ခံရဦးမယ်။
စိတ်လက်မသာ ရှိတော်မမူပါနဲ့ ဘုရား။

မြန်မာစစ်ဗိုလ်တွေ လုပ်သမျှနဲ့တော့
ဗုဒ္ဓ ဗုဒ္ဓ အချုပ်ကမတက်
ဒုက္ခဖက်ရရင်
မုချ မသက်မသာဖြစ်နေရမှာပါ။

တပည့်တော် ငပါမွှားက
တရားချတယ်မထင်ပါနဲ့
တိုင်းပြည်က ဒကာဒကာမအပေါင်း
အထောင်းခံရတာ များလွန်းလို့
ပြားပြားမှောက် နေရင်းက
တရားပေါက်ရခြင်း ဖြစ်ပါတယ်။
ခွင့်လွှတ်တော်မူပါ
အရှင်ဘုရား…။ ။

တင်မိုး
(ဧပြီ ၁၂၊ ၂၀၀၀)

Tuesday, September 23, 2008

အမှတ်တရစာမျက်နှာများ


(၁၉၉၆ ခုနှစ်၊ ဇန်န၀ါရီလထုတ် သင့်ဘ၀မဂ္ဂဇင်းတွင် ဖန်တီးသူအကြိုက်ခေါင်းစဉ်ဖြင့်ဖော်ပြခဲ့သော ဆရာတင်မိုး၏ဓါတ်ပုံနှင့်ကဗျာများကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

ကဗျာဆရာလက်ကိုင်ထားသည်က လူဝါဒ။
ကဗျာ၏ဟန်ပန်လေသံက ကျေးလက်ဆန်ဆန် လူထုဟန်။
အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကိုရည်ရွယ်၍ ကဗျာရေးသည်ဆို၏။
မည်၍မည်မျှထင်ဟပ်နိုင်သည်၊ စွမ်းဆောင်နိုင်သည်မသိ။
၄၅ နှစ် ကဗျာသက်တမ်းရှိသော်လည်း မိမိကဗျာကို မိမိအားမရ။
ကဗျာဆရာစိတ်ကြိုက်လည်း ဟုတ်ကောင်းမှဟုတ်မည်။ ဖတ်ကြည့်ပေါ့...။
(တင်မိုး)

တစ္ဆေဖြူ

မီးခိုးတွေဖြူ
လူတွေလား ဂူတွေလား။
လှိုင်းတထောင် ဗျိုင်းတောင်ခတ်
ကမ်းစပ်ကိုသွား။

တင်မိုး
(ရန်ကုန်တက္ကသိုလ် မြန်မာစာနောက်ဆုံးနှစ် နှုတ်ဆက်ကဗျာစာအုပ်မှ)

ရှင်မရွာပြန်

တို့တနောင်းပင်၊ ပျို့မောင်းစင်သို့
ရှင်မပြန်မှ ပြန်ပါစ။

ကြက်တက်ရွက်သုပ်၊ လက်ဖက်ကြုတ်နှင့်
ဆွမ်းအုပ်ပို့မှ ပို့ပါစ။

ကင်းပုံးသီးချူ၊ ဆီးဖြူသီးဆွတ်
သခွပ်ပင်ရင်း၊ ခြေလက်ခင်း၍
သီချင်းဆိုမှ ဆိုပါစ။

ရှင်မရုပ်သွင်၊ ဘူတာစဉ်၌
ဝင်ချည်ထွက်ချည်၊ မြင်လိုက်သည်တဲ့။

ငါးပိတစ်ခြင်း၊ ဆန်တစ်တင်းနှင့်
သင်္ဘောဆိပ်နား၊ ဂိုဒေါင်းကြား၌
သွားချည်လာချည်၊ မြင်လိုက်သည်တဲ့။

ခံတောင်းတခြား၊ လူတခြားနှင့်
လူကြားငုတ်တုတ်၊ မျက်ရည်သုတ်လျက်
အချုပ်ခန်းတွင်း၊ ဂတ်တဲဝင်း၌
ဆင်းချည်တက်ချည်၊ မြင်လိုက်သည်တဲ့။

ထနောင်းမသင်း၊ မောင်းမနင်း၍
ရောင်းရင်းတို့ရွာ၊ ပျင်းတော့မှာဟု
အရုဏ်တက်တွင်၊ ရွာကိုဝင်သော်
ရွာလျှင် ရှင်မ တွေ့ပါစ။
(တင်မိုး)

Sunday, September 7, 2008

တော်လှန်ရေးတပ်သား (တင်မိုး)



ကျုပ်တို့လိုချင်တာက
ဗုန်းတွေဗျ... ဗုန်းတွေ
စကားလုံးတွေမဟုတ်ဘူး။

အတွေဝေဆန်တဲ့
အစေခံတွေ မလိုချင်ဘူး။

အခြေမှန် အနေမှန်
အဖြေမှန်နဲ့
မတွေဝေတဲ့ဥာဏ်နဲ့
ပြတ်သားတဲ့အသေခံတပ်သားတွေကိုပဲ လိုချင်တယ်။

အချိန်ဆွဲဖို့
တမိန်လဲနေတဲ့
လူလိမ်ငနဲတွေကို
ခပ်မိုက်မိုက်နဲ့ အပြတ်တိုက်မှဖြစ်မယ်။

ကျုပ်ကတော့
အပေါ်ယံ ဖြတ်စားလပ်စားမကြိုက်တဲ့
တော်လှန်ရေးတပ်သားမိုက်ပဲ။

စကားမရှုပ် မတရားမလုပ်ပေမဲ့
ဓားကိုတော့ဆုပ်ထားရဦးမှာပဲဗျ။

၂၃၊ ၈၊ ၂၀၀၂
သောကြာနံနက်ခင်း
(ဂျပန်နိုင်ငံ၊ တိုကျိုမြို့)


Wednesday, April 16, 2008

စစ်အစိုးရရဲ့ ညစ်မျိုးတစ်ရာ့တပါး(တင်မိုး)


သမိုင်းပါရဂူ ဒေါက်တာသန်းထွန်း
လေလှိုင်းကမေးခွန်းတခုကြောင့်
အစွန်းရောက်စစ်ဝါဒီတွေက
မသတီစရာ
စာရေးခွင့်ပိတ်လိုက်ပါသတဲ့…။


ဆင်ဖြူတော်ရှစ်ခိုးခြင်း…တဲ့
တိရိစ္ဆာန်လောက်မှ အသိဥာဏ်မမြင့်ဘူး
အနက်ဖွင့်ရမှာပေါ့။

ဆရာသန်းထွန်း
မှန်လွန်းတဲ့စကားကြောင့်
ဗိုလ်ချုပ်များအရှက်ရ
အမြက်ရှတော်မူတယ်ဆိုပဲ။

ဗာလာနံတွေအနားက
ပြာရာပြာရာနဲ့
မှန်ပါ့ဘုရားတွေကတော့
ကျန်သမျစားကြွင်းစား
ဖားရင်းဖားနေကြပေမဲ့
တရားကိုမြတ်နိုး
အမှန်ကိုရှစ်ခိုးသူတွေကတော့
ကလောင်ရိုက်ချိုးခံကြရမှာပဲ။

ခေတ်သူခါးဓါးပြ
စစ်အစိုးရခေတ်မှာ
ညစ်မျိုး တရာ့တပါးနဲ့
ကြုံရမှာချည်းပါဘဲဗျာ။

တင်မိုး
၂၆ ၃ ၂၀၀၃

Sunday, April 13, 2008

စာပေကောင်းကျိုး(တင်မိုး)


ဆရာဇော်ဂျီ၊ ငါ မျော်ရည်၍
အဉ္စလီ မျက်ကြုတ်၊ ချီ လက်အုပ်။

ဆရာ ဇေယျ၊ ငါ ဦးချ၍
အေးမြဓာတ်ခံ၊ စာပေသံကို
ရောင်ပြန်ဆင့်ကူး၊ လက်စုံဖူး။

ဆရာမင်းသုဝဏ်၊ စာပေမွန်ကို
ဝန္ဒနာဦးခိုက်၊ လက်ကိုပိုက်။

စာပေပညာ၊ ရိုသေစွာလျင်
လိုက်နာမှတ်သား၊ ဥာဏ်ဆင့်ပွားလျက်
တတ်အားသမှု၊ ငါပြုစုခဲ့
ဥာဏ်နုပါသေး၊ ငါ့အရေးကို
ငါတွေး၍ပြင်၊ ငါသုတ်သင်ခဲ့
မစင်မကြယ်၊ မဖွယ်မရာ
တွေ့ရှိပါက၊ ပညာရစေ
ညွှန်ပြလေလော့…
စာပေကောင်းကျိုး၊ တို့မျော်ကိုး။

၁၂၊ ၄၊ ၂၀၀၀
တနင်္လာ နံနက်ခင်း

Tuesday, March 25, 2008

တပ်လှန့်သံ(တင်မိုး)


တခေတ်မှာ တဘုရင်
စစ်အာဏာရှင် ဗိုလ်နေ၀င်းတဲ့
တို့တတွေရဲ့ သေမင်းပါပဲ၊
အလောင်းတွေခင်း ခေါင်းတွေနင်းပြီးတော့
သေမင်းက အဘခေါ်ရအောင်
ရက်စက်ပြခဲ့တယ်။


တိုင်းရင်းသားတွေအပေါ်မှာလည်း
အရိုင်းမင်းတပါးလို ကျင့်ကြံ
တာတေလန် ဖက်ဆစ်
ဆိုးညစ်ပေ့ ကမ်းကုန်
လမ်းမျိုးစုံ သောင်းကျန်း
ပေါ်တာထမ်း မလျော်ရာစခန်း
ဘော်ဒါလမ်းက တရွေ့ရွေ့
မရွေ့ရင် မီးရှို့
သင်တို့တတွေ ထင်ရာစိုင်း
ရိုင်းသမျ ခံရတယ်။

အများအကျိုးအတွက်
တအားကိုးရမယ်မှတ်ပါ့
အစိုးရဆိုတာ သူခိုးဓါးပြထက်
ဆိုးလှပါတကားလို့
တို့များအမြင်မှောက်
အထင်ရောက်ခဲ့ရပါတယ်။

ပြည်ထောင်စုသမိုင်းမှာ
ဒီကောင်လောက်ရိုင်းတာ ရှိမယ်မထင်ဘူး။

ပြည်ထောင်စုသား မျိုးမစစ်တဲ့
သူခိုးညစ် စစ်ဘုရင်
ဗိုလ်နေ၀င်းရဲ့ တပည့်တပန်းတွေကို
အမြစ်အရင်းမကျန် တွန်းလှန်မှ
တို့တိုင်းပြည် အမှန်လှမှာမို့
မြန်မာတိုင်းရင်းသားအပေါင်း
လွတ်ကြောင်းအမှန်
ခွပ်ဒေါင်းအလံ လွှင့်ကြစို့။

ပြည်သူတွေ တခဲနက်
ညီညွတ်မှု လက်နက်နဲ့
ရက်မဆွဲပဲ လက်တွဲတိုက်ပွဲဝင်ကြစို့။

သင်းတို့တရက် အသက်ရှည်ရင်
ငါတို့အတွက် အသက်သေပြီး
ရတက်ပွေ အခက်ဝေလိမ့်မယ်။

ရက်မရှည်ကြစေဖို့
လက်တွေဆန့် တပ်လှန့်မောင်းထုတ်ကြပါစို့။


တင်မိုး
၂၈-၁၁-၂၀၀၁
(အိမ်မက်တိုင်းပြည်ကဗျာစာအုပ်မှ)

Wednesday, March 19, 2008

တို့ဘက်သားတွေ အသင်္ချေ



ပလုံပွက်လိုက်၊ ခုန်တက်လိုက်နဲ့
အမှိုက်သရိုက်၊ အလိုက်အထိုက်
အမြိုက်ဘုံမြောက်၊ အသိုက်အုံဖောက်နေသူ တချို့။

ဘော်တွင်းမြင့်မှာ လှော်ရင်းနစ်နေသူတချို့။

တော်လှန်ရေးဟု၊ အော်သံပေးကာ
အပျော်ကြံပြေးကြသူ တချို့။

ကာလအလျောက် မာနမြောက်
ကြောက်သွေးကြွလို့ ခေါက်ကွေးကျကာ
လောက်လေးခွစာ အပစ်ခံရသူ တချို့။

ပန်းကုံးစွပ်ခံရရာမှ ကြိုးကွင်းစွပ်ခံရသူ တချို့။

ခံရလွန်းလို့အသားသေ နွားသားရေလို အခွံထူ
လွန်ပူနဲ့ဖောက်တောင် မပေါက်
အခေါက်ထူထူနဲ့ မကြောက်သူလဲ တချို့။

ဟန်ဆောင်ချစ်နဲ့ အဆံမအောင်
သံကြောင်ဟစ်သူကလဲ တချို့။

အခက်အခဲတွေ့တိုင်း အရောင်ပြောင်း
အောင်မောင်းလို တောင့်မထားနိုင်တဲ့
သကောင့်သားတွေကလဲ တချို့။

ဤလူ့ဘုံ၌ ရောင်စုံများနိုင်လှပါဘိ။

ဘ၀ထွေပြား တို့လူသားကို
နားလည်သိရှိ သတိမြဲမြဲ
လုံ့လဇွဲနဲ့ တိုက်ပွဲဆက်ဆက်
ရဲရဲတက် တို့ဘက်သားတွေ အသင်္ချေ
မြန်မာ့ရွေမြေ တို့အောင်မြေ။


တင်မိုး
၂၈-၁၁-၂၀၀၁
(အိမ်မက်တိုင်းပြည် ကဗျာစာအုပ်မှ)

Tuesday, March 18, 2008

အဝေးရောက် တော်လှန်ရေးရဲဘော်တွေ

တင်မိုး



နိုင်ငံဖျောက် လူမျိုးဖျောက်ပြီး
ရောက်ရာ တိုင်းပြည်က
ဒီမိုကရေစီ ကြွေးကြော်
တော်လှန်ရေးလုပ်နေကြတဲ့ အဝေးကတို့ရဲ့ရဲဘော်တွေ။

ဂျာမနီမှာ အင်္ဂလန်မှာ
ဘယ်လဂျီယမ်မှာ ဟော်လန်မှာ
တိုကျိုမှာ အော်စလိုမှာ
အိန္ဒိယမှာ သြစတြေးလျမှာ
အာဖရိကမှာ အမေရိကမှာ
နေရာတကာ
အပြည်ပြည် အရွာရွာမှာ
ရရာလက်နက်၊ အစပါအောင်ဆွဲထွက်
စက္ကူထုပ်တွေ စာအုပ်ထုပ်တွေ
ကွန်ပျူတာတွေ၊ မီဒီယာတွေ
အသံလွှင့်ဌာနတွေ၊ သတင်းဌာနတွေ
အသင်းအဖွဲ့စင်မြင့်တွေ
အဆင်သင့် တွေ့ရာနေရာက
ရရာလက်နက်ကိုင်ပြီး
ဇွဲခိုင်ခိုင်နဲ့ တိုက်ပွဲဝင်နေကြလေရဲ့။

ပြည်တွင်းက အသံကို
ကမ္ဘာလုံးညံအောင် ပဲ့တင်ထပ်
အရပ်ရပ် အရွာရွာ
ပတ်ပတ်လည်ကမ္ဘာမှာ
စစ်တပ်ရဲ့ မသမာပုံတွေကို ဖွင့်ချ
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရအောင်
တက်ကြွစွာတိုက်ပွဲဝင်
အာဏာရှင်စနစ်၊ မသမာအသွင် အရင်းအမြစ်
ခြေရာမျ မကျန်ရစ်အောင်
ထွန်ခြစ်နဲ့ ဆွဲဖျက်
ရဲရင့်တဲ့ လက်တွေပါလား။

ပြည်တွင်းမှာ လှုပ်ရှားချိန်တုန်းက
ထောင်အကြိမ်ကြိမ်ကျ
ဘ၀ အကြိမ်ကြိမ်ပျက်
ခြေလက်တွေ သွင်သွင်ကျိုးပေမဲ့
အညွှန့်မကျိုးတာက စိတ်ဓာတ်ပါပဲ။

တပြည်ရပ်ခြားမှာ
ဖိနပ်ပါးအောင် လမ်းလျှောာက်
ရမ်းဖောက်လိုက်ရတဲ့ သေနတ်သံ
အာဏာရှင်ရဲ့ ရင်ဝမှန်ပါစေ။

အာဏာရှင်စနစ် အမြစ်တွယ်နေတဲ့
ညစ်ကျယ်ကျယ် စစ်တပ်
သေနတ်တွေ အ,ပါစေ။

ဒီမိုကရေစီ အလင်းရောင်နဲ့
ခေါင်းထောင်ပြီးမတ်မတ်ထူ
မြန်မာပြည်သူတွေ လွတ်မြောက်ပါစေ။



တင်မိုး
၁၂၊ ၁၂၊ ၁၉၉၉
တနင်္ဂနွေ နံနက်ခင်း

Friday, March 7, 2008

တို့အရေး



တင်မိုး

ဆေးပေါ့လိပ် တဖွာနှစ်ဖွာ
ငါသာယာ နေ၏၊
စီးကရက်ကိုတော့
မီးမပျက်အောင် ငါခဲပေမဲ့
အစွဲအလမ်းမရှိ။

ကဗျာဆရာ ငါဖြစ်တော့
ငါချစ်တဲ့ အမိမြေ
အလွမ်းတွေဝေ၏။
သူတို့ပြည် သူတို့ရွာ
တိုက်တာတွေ လမ်းတွေအသစ်နဲ့
ခေတ်မီမီ ပုံစံကျ
အစစပြည့်စုံ
နတ်ဘုံလို အရောင်တောက်ပေမဲ့
ဝမ်းမြောက်ဖွယ်ရှိသော်လည်း
လွမ်းလောက်ဖွယ် မရှိ။

သူတို့မြေ သူတို့ပိုင်
သူ့နိုင်ငံ သူ့အရေး
ဝေလှစွာဘိ။
ငါတို့မြေ ငါတို့ပိုင်
ငါ့နိုင်ငံ ငါ့ကိစ္စ
သာသနာစုံ အကုန်လှစေဖို့
တ,မိပါ၏၊

တင်မိုး
၁ ၅ ၂၀၀၀

Twitter Delicious Facebook Digg Stumbleupon Favorites More