This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label Maung Thar Ya Article. Show all posts
Showing posts with label Maung Thar Ya Article. Show all posts

Wednesday, February 27, 2008

ခွေးပတ်လည်ဝန်းရံလျှက်ရှိသော…မောင်သာရ


သူငယ်ချင်းသတိမထားမိလို့ပါ။ အဲ သည် ခွေးအကောင်လေးဆယ်ကျော် မွေး ထားတယ်ဆိုတဲ့အိမ်က သူငယ်ချင်းတို့ အိမ်နဲ့ ဘာမှဝေးလှတာမဟုတ်ဘူး။ သူငယ်ချင်း တို့အိမ်ကနေ အရှေ့ဘက်ကို ၀ါးနှစ်ရိုက်လောက်လျောက်လိုက်တော့၊ ရေမြောင်းကြီးနဲ့ လမ်းကျယ်ကို ရောက်မယ်မဟုတ်လား။ ဘာမှပြောမနေနဲ့။ လမ်းကျယ်ရောက်ရင် ဘယ်ဘက်ထဲ ချိုးဝင်လိုက်ရုံပဲ။

ကျုပ်အထင်ပြောရရင်တော့၊ ညဘက် လူခြေတိတ်ချိန်မှာသာဆိုရင် အဲသည်အိမ်က ခွေးဟောင်သံ၊ ခွေးအူသံတွေကိုတောင် အတိုင်းသားကြားရလိမ့်မယ်ထင်တယ်။
ပြီးတော့လဲæမနက်ပိုင်း ခွေးစာကျေး တခေါက်ကလွဲလို့၊ ရပ်ထဲရွာထဲကို သိပ်ထွက် လေ့ထွက်ထမရှိတဲ့အဘိုးကြီးကို မမြင်ဖူးဘူး၊ မသိဘူးဆိုတာကတော့ ထားပါတော့။ လမ်း တကာ အရပ်တကာခုံဖိနပ်ကြီးတဂွပ်ဂွပ်နဲ့ စပ်စပ်စပ်စပ်လျောက်သွားနေတတ်တဲ့æ ‘ခွေးပတ်လည်ဝန်းရံလျက်ရှိသော’ အဘွားကြီးဒေါ်ကန့်လန့်ကိုတောင် မမြင်ဖူးဘူး၊ သူ့ အကြောင်းလဲ နည်းနည်းမှ မကြားမိဖူးဘူးဆိုတာကတော့၊ သူငယ်ချင်းလွန်တယ်။ ပတ်ဝန်းကျင်နဲ့ သည်လောက်အထိ ကင်းကွာလွန်းတော့လဲ ဘယ်ကောင်းပါ့မလဲ။
အေးလေ ထားပါတော့။ ထားပါတော့။
မသိလို့ မသိပါဘူးဆိုတာ၊ မကြားဖူးလို့ မကြားဖူးပါဘူးဆိုတာ ဘယ်တတ်နိုင်ပါ့မလဲ။ သည်တော့လဲ ကျုပ်ကလဲ အစကနေအဆုံး၊ ပြန်ပြောပြရအုံးမှာပေါ့။
အဲæအဘိုးကြီးရဲ့နာမည်က ‘ဦးထော်ရိုက်’တဲ့။ ဘာလူမျိုးမို့ ဘယ်လိုနာမည်မျိုး မှည့်ထားတယ်တော့ မပြောတတ်ဘူး။ ခုခေတ်အဆိုတော်တွေရဲ့ နာမည်တွေထက် တောင်မှ ပိုကပ်သီးကပ်သတ်နိုင်သေးတယ်။ ဒါပေမယ့် ရုပ်ကြည့်ရတာကတော့ ကြက်ဥ ပေါ်မှာ မျက်နှာပုံ ကာတွန်းဆွဲထားသလားအောက်မေ့ရတယ်။ အရေခွံက ပြောင်တင်း တင်း၊ မျက်ပေါက်က ကျဉ်းကျဉ်းနဲ့။ တရုတ်ကပြားလိုလို ဘာလိုလိုရယ်။ အဲ-လူပုံက တော့ ထွားသလားမမေးနဲ့။ ခွေးပစ်တဲ့တုတ်က ‘ငါ့ညီ ပြောင်တင်း မောင်သစ်ဆင်း’ ခေါ်လောက်တယ်။
အင်း..သူ့မိန်းမနဲ့သူ ယှဉ်လိုက်ပြန်တော့လဲ ရှေ့သွားနောက်လိုက်ညီပါတယ်။ မရယ်နဲ့။ အဘွားကြီးက သူ့ ထက်ခေါင်းတစ်ခေါင်းလုံးပိုမြင့်တယ်။ ဗလချင်းကျတော့လဲ အနည်းဆုံး နှစ်ဆလောက်တော့ ကွာမှာပေါ့။ အဘိုးကြီးက ပုပုညှက်ညှက်။ အဘွား ကြီးက ထောင်ထောင်မောင်းမောင်း။
ဒါပေမယ့်နော် စီးပွားကတော့ဖြစ်သလားမမေးနဲ့။ အခြေအနေအရအနေသာ မှိန်း ကောင်းမှိန်းပေမယ့် အတွင်းပစ္စည်းကတော့ သူတို့တသက်သုံးလို့မကုန်အောင်ရှိတယ်။
ပြောပြရဦးမယ်။ အဲသည်လမ်းထဲက သူတို့ပိုင် ဒန်အိုးဒန်ခွက်စက်ရုံကို ပြည်သူပိုင် သိမ်းခံရပြီးနောက်၊ ဘာစီးပွားရေးလုပ်ငန်းမှ မလုပ်ကြတော့ပဲ သည့်အတိုင်း ငုတ်တုတ် ထိုင်စားလာခဲ့ကြတာကို ဘယ်နှနှစ်တုန်း။ ၁၉၆၄ ခုနှစ်ကနေ သူတို့သေတဲ့ ၁၉၈၇ ခုနှစ် အထိဆိုတော့ ၂၃ နှစ်။ ဘယ်လောက်အထိချမ်းသာသလဲဆိုရင် အဲသည် ၂၃ နှစ်လုံးလုံး ၀င်ငွေတပြားတချပ်မှမရှိဘဲ ထိုင်စားလာခဲ့ကြပေမယ့်၊ လုံးဝဣနြေ္ဒမပျက်ဘူး။
သားသမီးလဲမရှိ၊ အမွေပေးခဲ့စရာ ဆွေမျိုးရင်းချာလဲမရှိပဲနဲ့ကိုး။ သေသာ သေသွား ကြရော။ ငွေကမလိုတော့၊ ခြံနဲ့မြေတို့ ပိုနေတာတောင် တစ်ကွက်မှဖဲ့မရောင်းခဲ့ဘူး။
အသိသာဆုံးက ပြည်သူပိုင်သိမ်းစဉ်က စက်ရုံနဲ့မပက်သက်ဘဲ နေအိမ်ခြံဝင်းထဲမှာ ရှိလို့ဆိုပြီး မသိမ်းဘဲထားခဲ့တဲ့ ကုန်လှောင်ရုံကြီးဆိုပါတော့။ အကြီးကြီးရယ်။ အုတ်နဲ့ အခိုင်အခန့်ဆောက်ထားတဲ့ကုန်လှောင်ရုံ။ ဘာပဲပြောပြော၊ ဘောလီဘောတကွင်းစာ သာသာ ကျယ်တယ်။ ပြီးတော့ အပိုသက်သက်ရယ်။ ဒါပေမယ့် မရောင်းဘူး။
ဟိုခေတ်ကတည်းကရှိခဲ့တဲ့ ဒက်ဆန်း ၁၆၀၀ ပစ်ကပ်ကားကလေးကိုလဲ နောက်ပိုင်း ကိုယ်တိုင်မမောင်းနိုင်တော့လို့ ထုတ်မစီးတော့တဲ့တိုင်အောင် ရောင်းမပစ်ဘူး။ လိုင်စင်လဲ အသစ်မလဲတော့ဘူး။ ဓါတ်ဆီလဲမထုတ်တော့ဘူး။ တိုက်ဘေးက ကားရုံးထဲ မှာပဲ သည်အတိုင်းရပ်ထားတယ်။
နောက်ဆုံး ကုန်ကုန်ပြောရရင် တယ်လီဖုန်းကအစ၊ သိပ်အသုံးမလိုတော့ပေမယ့် ဖြုတ်မပစ်ဘူး။ ပြန်မအပ်ဘူး။
သည်ထက်ပိုပြီး အံ့သြစရာကောင်းတာကတော့၊ သူတို့တိုက်နဲ့တဆက်တည်း၊ သူ တို့ပိုင် ဆယ့်နှစ်ခန်းတွဲ နှစ်ထပ်တိုက်တန်းလျားရှည်ကြီးမှာ နေနေကြတဲ့ သူတို့စက်ရုံ အလုပ်သမားဟောင်းတွေကæ‘ဆရာသမားရယ်၊ ကျေးဇူးရှင်ရယ်၊ အိမ်ရှင်ရယ်’ဆိုပြီး လစဉ်လာကန်တော့ကြတဲ့ အိမ်ခန်းလခတွေကိုတောင် ထုံးတမ်းစဉ်လာအတိုင်း လုံးဝ လက်မခံဘူး။ မူလကတည်းက သူတို့စက်ရုံအလုပ်သမားတွေအတွက် အလုပ်နဲ့နီးနီးနေ ရအောင် ဆောက်ပေးခဲ့တဲ့တိုက်တန်းလျား။ စ˜နေရာချထားခဲ့တုန်းကလဲ စပေါ်အ ပျောက် မယူခဲ့ဘူး။ အိမ်လခလဲမယူခဲ့ဘူး။ အခု စက်ရုံကို ပြည်သူပိုင်သိမ်းလိုက်လို့ ကိုယ့်အ လုပ်သမားမဟုတ်တော့လဲ အရင်အတိုင်းပဲဆက်ထားတယ်။ အရင်အတိုင်းပဲ ဆက်ဆံတယ်။
ဒါကြောင့်ပေါ့။ တိုက်တန်းလျားတခုလုံးက ဘယ်သူ့ကိုမဆို ခေါ်ချင်တဲ့အချိန်ခေါ်ခိုင်း။ အော်ချင်တဲ့အချိန်အော်ဆဲ။ ရာထူးအဆင့်အရ ဘာကောင်ကြီးပဲဖြစ်နေနေ၊ ဘယ်သူမှ သည်အဘိုးကြီးအဘွားကြီးရဲ့သြဇာကို မလွန်ဆန်ရဲဘူး။ ပြန်မပြောရဲဘူး။
ဒါတင်လားဆိုတော့æမဟုတ်သေးဘူး။
သူငယ်ချင်းသိချင်တယ်ဆိုတဲ့ ခွေးဇာတ်လမ်းက အခုမှစရမှာ။
အဲသည် စောစောကပြောတဲ့၊ လုံးဝပိုနေတယ်ဆိုတဲ့ ကုန်လှောင်ရုံကြီးကို ဘာပြုလို့ ရောင်းမပစ်တာလဲဆိုတာကိုက ဇာတ်လမ်း။
ဘယ့်နှယ်ပြောပါလိမ့်သူငယ်ချင်းရယ်။ သည်လိုနေရာမျိုးမှာ သည်လိုအကျယ်အ၀န်း မျိုးနဲ့ သည်လိုအဆောက်အအုံမျိုး၊ ဘယ်ရှာလို့ရနိုင်ပါ့မလဲ။ စီးပွားရေးသမားတွေက သိပ်မျက်စိကျကြတာပေါ့။ လာလာဝယ်ကြတာပေါ့။ တနေ့ထက်တနေ့လဲ မြေဈေး အိမ် ဈေးတွေက တက်လာတယ်မဟုတ်လား။ ကျုပ်သိသလောက်ပြောရရင်ကိုပဲ တရုတ်ကုန် သည်ကြီးတယောက်က သိန်းခြောက်ဆယ်အထိ ပုံပေးပြီး လာဝယ်ဖူးတယ်။
ဒါပေမယ့်လုံးဝမရောင်းဘူး။ တစ်လနှစ်ထောင်မျိုး၊ သုံးထောင်မျိုး လခယူပြီး ငှားပါဆို တာလဲ မငှားဘူး။ ဘာပြုလို့လဲ သိလား။
အကြောင်းပြချက်က သူတို့မွေးထားတဲ့ခွေးတွေ နေစရာမရှိမှာစိုးလို့æတဲ့။
သူငယ်ချင်းရယ်æ သူတို့မွေးထားတယ်ဆိုတဲ့ ခွေးတွေကလဲ ပြောရအုံးမယ်။ တ ကောင်မှ မျိုးကောင်းမျိုးသန့် အဖိုးတန်ခွေးတွေ မပါပါဘူး။ အားလုံး လမ်းဘေးခွေးလွင့် ခွေးလေတွေချည့်ပဲ။ အိုနာကျိုးကန်း ခွေးဝဲစားတွေချည့်ပဲ။
သူတို့သဘောထားကလဲပြတ်တယ်လေ။ ခွေးသာဖြစ်ပေစေ။ ဘယ်ကရောက်လာ လာ၊ ဘယ်သူကလာပေးပေး။ လက်ခံတယ်။ ခွေးသားအုပ်မကြီး ကားကျိတ်ပြီးသေလို့နို့ စို့ခွေးပေါက်စလေးတွေလာပို့လဲယူတယ်။ အပင်ပန်းခံလို့ နို့ဘူးတိုက်ပြီးမွေးတယ်။ ဒါမှမ ဟုတ် လက်ရှိ ခွေးတွေထဲမှာ ခွေးသားအုပ်မရှိနေရင်လဲ စောင့်နို့တိုက်ခိုင်းပြီး မွေးတယ်။
သေချာတယ်။ သူတို့ခြံထဲ၊ ကုန်လှောင်ရုံထဲသာ ရောက်လာလို့ကတော့ မငတ်စေရ ဘူး။ မသေစေရဘူး။ နူနူဝဲ၀ဲ၊ ရွဲရွဲကန်းကန်း၊ လက်မခံဘူးဆိုတဲ့ခွေးလဲမရှိဘူး။
ဆိုပါတော့၊ သည်လိုနဲ့ပေါင်းလိုက်ရင် နည်းပါတယ်ဆိုတဲ့အချိန်မှာ ခွေးကောင်ရေ လေးဆယ်ကျော်ရှိတယ်။ တခါတလေ အကောင်ခုနှစ်ဆယ်လောက်အထိ ရှိတဲ့အခါ ရှိဖူးတယ်လို့ ပြောတယ်။
သူငယ်ချင်းæ၊ ခွေးတွေများလာလို့များ စိတ်ပျက်လိမ့်မယ်ထင်သလား။
ကျုပ်ပြောပြအုံးမယ်။ မနက်ဘက် ရှစ်နာရီထိုးလို့ ၊ မြန်မာ့အသံက သတင်းရှေ့ပြေး ဆိုင်းဝိုင်းသံမို့ မကြားလိုက်နဲ့။ ကြားလိုက်တာနဲ့ တပြိုင်နက် အရှေ့ဘက်က လမ်းသုံး လမ်း၊ အနောက်ဘက်ကလမ်းသုံးလမ်း၊ သူတို့လမ်းနဲ့ပါပေါင်းလိုက်ရင် လမ်းခုနှစ်လမ်း။ သည် လမ်းခုနှစ်လမ်းထဲမှာရှိတဲ့ ခွေးမှန်သမျ၊ ငယ်ငယ်ကြီးကြီး၊ ထီးထီးမမ၊ သူ့ဆိုင်ရာ ဆိုင်ရာ လမ်းထိပ်တွေကို စုရုံးချီတက်ကုန်ကြပြီ။ လမ်းဘေးခွေး၊ လမ်းကြားခွေးကလဲချီ တက်။ အိမ်မွေးခွေးတွေကလဲချီတက်။ တက်ကြမှာပေါ့။ စားကြောကိုး။
အဘိုးကြီးနဲ့ အဘွားကြီး သူတို့ခြံထဲကထွက်လာကြပြီလေ။ လက်တဘက်က ဆန် ပြုတ်တွေအပြည့်ပါတဲ့ ဒန်ဘာလီပုံးကြီးကိုဆွဲလို့။ ကျန်တဲ့လက်တဘက်က ဆန်ကော ၀ိုင်းလောက်ရှိတဲ့ ဒန်ဇလုံကြီးနှစ်လုံးကို ထပ်ရက်ကိုင်လို့။ ၀ါးခြမ်းပြားကလေးကလဲ ပါလိုက်သေး။
အဘိုးကြီးက အနောက်ဘက်လမ်းတွေကိုသွားရင် အဘွားကြီးက အရှေ့ဘက်လမ်း တွေကိုသွားတယ်။ အဘွားကြီးက မြောက်ဘက်ထိပ်ကကျေးရင် အဘိုးကြီးက တောင် ဘက်ထိပ်ကကျေးတယ်။
အဲæခွေးအချင်းချင်းဘယ်လောက်ပဲမတည့်မတည့်။ သူတို့ကျေးနေတုန်း၊ အစာစားနေတုန်းမှာတော့ တကောင်တကောင် မကိုက်ကြရဘူး။ စားမာန်မခုတ်ကြရ ဘူး။ အသံတောင်မထွက်ကြရဘူး။ အသံထွက်ရင်၊ မာန်စောင်ရင်၊ ကိုက်ရင်၊ ၀ါးခြမ်းပြား စာမိမယ်။ အမြီးကနေ ဆွဲအထုတ်ခံရမယ်။
ခွေးတွေကလဲ တော်တော်တော့ အံ့သြစရာကောင်းတယ်။ အချိန်ကိုပထမသိတယ်။ အနံ့ကိုသာမဟုတ်ဘူး။ ဆိုင်းဝိုင်းသံကိုပါမှတ်မိတယ်။ နောက်စည်းကမ်းကိုသိတယ်။ အစာစားနေတုန်းမှာတော့ ဘာပြဿနာမှမရှိတတ်ဘူး။
ကျုပ်ရပ်ကြည့်ဖူးပါတယ်။ သိတယ်မဟုတ်လား။ ခွေးဆိုတာ ‘နယ်နိမိတ် အစွဲအ လန်း’ လွှတ်ကြီးသတ္တ၀ါပဲ။ ကျီးကန်းကတော့တမျိုး။ ‘အမျိုးအစွဲအလန်း’။ သူတို့ကျီး ကန်းမျိုးကိုမထိနဲ့။ ထိရင်ဝိုင်းအာမယ်။ ၀ိုင်းတိုက်ခိုက်မယ်။ ခွေးကတော့ သူ့နယ်ကိုယ့် နယ်၊ နယ်မကျူးကျော်ရ။ နယ်ကျော်လာရင်ဝိုင်းလိုက်မယ်။ ၀ိုင်းတိုက်ခိုက်မယ်။
ဒါပေမယ့်လမ်းထိပ်မှာပဲကျေးတယ်နော်။ လမ်းထိပ်မှာပဲ ခွေးအားလုံး လာစားကြ တယ်။ နယ်ကျော်တယ်။ ပြဿနာမပေါ်ဘူး။ သည်အချိန်မှာတော့ပြဿနာမပေါ်ဘူး။
ခွေးတွေကချည်းသာ အံ့သြစရာကောင်းတာမဟုတ်ဘူး။ အဘိုးကြီးနဲ့ အဘွားကြီး ကလဲ တအားအံ့သြဖို့ကောင်းတယ်။ အဲသည်အချိန်တုန်းကကိုပဲ အသက်တွေက ခုနှစ် ဆယ်ပတ်ဝန်းကျင်ရောက်နေကြပြီနော်။ ဒါပေမယ့် မှတ်ဉာဏ်က လွှတ်ကောင်းတယ်။
“သုံးလမ်းထိပ်မှာ ခါတိုင်းလာစားနေကျက ဆယ့်တစ်ကောင်မဟုတ်လား အမယ် ကြီး၊ အေးæခုမနက် ဆယ်ကောင်ပဲလာစားတယ်၊ ဟိုပြာကလပ်စိန် အဖြူကောင်မ ပျောက်နေတယ်၊ ကားပဲတက်ကြိတ်သွားပြီလား၊ နေများမကောင်းလို့လား၊ အဲဒါ နေ့ လယ်ဘက် တခေါက်လောက် လျောက်ကြည့်လိုက်ပါအုံးæ”
အဲသည်လိုပြောသံကို ကျုပ်ကိုယ်တိုင်ကြားဖူးတယ်။
ဆိုလိုတာက ဘယ်လမ်းမှာ ခွေးကောင်ရေ ဘယ်လောက်ရှိတယ်၊ အရွယ်တွေရော၊ အရောင်တွေရော၊ အထီးအမရောæ အားလုံးသူတို့မှတ်မိတယ်။
ပြီးတော့ ဘယ်ခွေးက ဘယ်အိမ်ကမွေးထားတဲ့ခွေး။ ဘယ်ခွေးကတော့ ပိုင်ရှင်မဲ့ခွေး။ ဘယ်ခွေးတွေက ဘယ်ခွေးမကပေါက်တာ။ ဘယ်ခွေးနဲ့ဘယ်ခွေးကတမိတည်းပေါက်။ ဘယ်ခွေးက ပထမသား။ ဘယ်ခွေးကနောက်နှစ်မှမွေးတဲ့ဒုတိယသား။ ဘယ်ခွေးရဲ့အ ဖေက ဘယ်လမ်းကဘယ်ခွေးပေါ့။ ဘယ်ခွေးမကတော့ ဘယ်နှစ်သားပေါက်ပြီးပြီ။ ဘယ် ခွေးက ဘယ်နှစ်တုန်းကမွေးတာ။ အသက်ဘယ်လောက်ရှိပြီ။ သူတို့အကုန်မှတ်မိတယ်။
အဲæသူတို့ကျေးမွေးနေတဲ့အထဲက ခွေးဖွားသေစာရင်းလဲ သူတို့မှာရှိတာပဲ။ မွေးမွေး သေသေ၊ ၂၄ နာရီမကြာဘူး။ မနက်ဆန်ပြုတ်ကျေးချိန်မှာသိပြီ။
သေတာကတော့ အမျိုးမျိုးရှိတာပေါ့လေ။ ရောဂါကြောင့်သေတာ။ ကားတိုက်လို့ သေတာ။ အဆိပ်မိလို့သေတာ။ သေတာနဲ့ပက်သက်လို့ကတော့ သူတို့သိပ်အရေး မစိုက်ကြဘူး။ မြန်မြန်ဝဋ်ကျတ်တယ်လို့ပဲ အောက်မေ့တယ်ထင်ပါရဲ့။ အဲæဒါပေမယ့် အဆိပ်မိလို့ အတုံးအရုံးသေကြရပြီဆိုရင်တော့၊ အဲသည်နေ့တနေ့လုံး အဘွားကြီး ကျိန်ဆဲလို့ မဆုံးတော့ဘူးပေါ့။ လမ်းတကာလျောက်ရေတွက်ပြီး၊ ပါးစပ်ကဗျစ်တောက် ဗျစ်တောက်နဲ့ အကြီးအကျယ်မေတ္တာပို့ပြီပေါ့။
တခုတော့ရှိတယ်။ အဲသည်အဆိပ်တုံးပစ်တဲ့လူတွေလဲ ကြားဖူးနားဝရှိတယ် ထင်ပါ ရဲ့။ အဘိုးကြီးအဘွားကြီးရဲ့ ခြံရှေ့နားကိုတော့ ယောင်လို့တောင်မှ မသီရဲကြဘူး။
ခွေးတွေရဲ့အရှိန်ကလဲမသေးဘူးလေ။ တော်ရုံတန်ရုံလူလဲ သူတို့ခြံနားဘယ်ကပ် ရဲပါ့မလဲ။
အဲ-မွေးတာနဲ့ပက်သက်လို့ကတော့ အဘွားကြီးကလွှတ်ဂရုစိုက်တယ်။ ဘယ်ခွေး မဖြစ်ဖြစ်၊ မွေးပြီဟေ့æဆိုတာနဲ့၊ ဆန်ပြုတ်လာမသောက်တော့ဘူးဆိုတာနဲ့ တပြိုင်နက် မွေးတဲ့နေရာအထိ သွားစောင့်ရှောက်တယ်။ ဆန်ပြုတ်တိုက်တယ်။ အနီးအနားကို အ ကူအညီတောင်းပြီး၊ ကျေးမွေးဖို့မှာတယ်။ မိုးမလုံရင်မိုးလုံရာရွှေ့ပေးတယ်။ အဲဒါမှ မလုံ လောက်သေးဘူးဆိုရင်တော့၊ တမြို့လုံးကို သူ့သိုလှောင်ရုံထဲသယ်သွားလေ့ရှိတယ်။
ခွေးသံယောဇဉ်ကတော့ကြီးတယ်။ ကျုပ်တို့သားအဖတတွေ ခွေးချစ်တယ်ဆိုတာ အဲသည်အဘိုးကြီးအဘွားကြီးနဲ့ယှဉ်လိုက်တော့ သူတို့အိပ်နေသလောက်ပဲရှိမယ်။
အဲ-အဲသည်လို ခွေးတွေကိုကျေးဖို့အတွက် မနက်မနက် ခွေးစာကျိုကြတဲ့ အကြောင်းလဲပြောရအုံးမယ်။
သူတို့မှာ အိမ်ဖေါ်မရှိဘူး။ ကူညီလုပ်ကိုင်ပေးဖို့ ဆွေမျိုးသားချင်း တပည့်လက်သား လဲ အိမ်မှာမထားဘူး။ လူမမွေးဘူး။ ခွေးပဲမွေးတယ်။ ဆိုတော့ အဘိုးကြီးအဘွားကြီး နှစ်ယောက်တည်းရယ်။
မနက် ၄ နာရီမှာ အိပ်ရာကထကြတယ်။ ထုံးစံအတိုင်းမျက်နှာသစ်။ ဘုရားရှိခိုး။ ရေနွေးအိုးတည်။ ကော်ဖီဖျော်သောက်။ ဗိုက်ဖြည့်။ ပြီးငါးနာရီဆိုရင် ကုန်လှောင်ရုံထဲ ရောက်ကြပြီ။
ကုန်လှောင်ရုံထဲမှာကတော့ နောက်ဘက်အုတ်နံရံကိုကပ်ပြီး ချထားတဲ့ဆန်ကွဲအိတ် တွေ လေးငါးရှစ်ဆယ်ရှိတယ်။ ပြီးတော့ အဖုံးအပိတ်လုပ်ထားတဲ့ ပေပါကြီးတွေလဲ ဆယ် လုံးလောက်ရှိတယ်။ အဲသည်လေလုံပေပါကြီးတွေထဲမှာကတော့ ပြင်ခရိုင်(မော်တင် စွန်း)ဘက်က တိုက်ရိုက်မှာဝယ်ထားတယ်ဆိုတဲ့ ငါးပျက်ပုဇွန်မှုန့်အခြောက်တွေ ဖိသိပ် ထည့်ထားတယ်။ အဲæပေါက်ခြမ်းထင်းစည်းတွေကတော့ထောင့် တထောင့်မှာ ထောင်ပုံ ရာပုံပဲ။ ပြီးစဥ့်အိုးတလုံးနဲ့ထည့်ထားတဲ့ဆားတွေလဲရှိတယ်။ ခွေးရိက္ခာတွေ။ ဒါပဲ။ တခြား ဘာပစ္စည်းမှ မရှိဘူး။ ခွေးတွေပဲရှိတယ်။
နေအုံး။ သူတို့တိုက်နဲ့ဘေးချင်းယှဉ်နေတဲ့ အုတ်နံရံအတွင်းဘက်မှာ မီးဖိုကြီးတခု ရှိသေးတယ်။ တွင်းတူးထားတယ်။ ဖိုခနောက် အုတ်ခုံအသေလုပ်ထားတယ်။ အဲသည်မီး ဖိုပေါ်မှာမှ ဒန်အိုးကြီးတလုံး။ အိုးကြီးမလှုပ်အောင် ကျကျနန အထိုင်ချပြီး ဘိလပ်မြေနဲ့ အသေကိုင်ထားတယ်။ ဆန်တတင်းခွဲ တအိတ်ချက်နိုင်တယ်လို့ပြောတယ်။ ဧရာမဒန် အိုးကြီး။ စက်ရုံပိုင်ဆိုတော့ အထူးသီးသန့်ထူထူကြီးလုပ်ထားတာတဲ့။ ကျုပ်အမြင်ပြောရ ရင်တော့ သူတို့လင်မယားနှစ်ယောက် ၀င်ခွေအိပ်နေလို့တောင် ရနိုင်တယ်အောက်မေ့ တာပဲ။
ဆိုပါတော့။ အဲသည်အိုးကြီးထဲကို လင်မယားနှစ်ယောက် ဆန်ကွဲဆယ်ပြည် လောက် ခပ်ထည့်ကြတယ်။ ပြီး ငါးပျက်ခြောက် တစ်ပြည်လောက်လဲ ထပ်ထည့်တယ်။ ဆား နှစ်ဆုပ်သုံးဆုပ်လဲ ထည့်လိုက်တယ်။ ပြီးတော့မှ အိုးပေါ်အရောက် သွယ်ထားတဲ့ ရေပိုက်ဘုံဘိုင်ခေါင်းကို ဖွင့်ချလိုက်တယ်။
တယောက်ကရေနဲ့၊ ငါးခြောက်မှုန့်နဲ့၊ ဆန်ကွဲတွေနဲ့ကို သမအောင်မွှေပေးတယ်။ တယောက်ကမီးမွှေးတယ်။ အောက်ကမီးအားလဲကောင်းလာရော၊ ရေလဲအိုးထဲမှာ တ ၀က်ကျော်လာရော။ ရေတိုင်ကိုပိတ်လိုက်တယ်။ နောက်ပိုင်းပွက်ပွက်ဆူလာတော့မှ တယောက်တလှည့် လှော်တက်ယောက်မကြီးနဲ့ ဆန်ပြုတ်အိုးမွှေကြတယ်။
ကျက်ပြီလား။ ကျက်ပြီဆိုရင်မီးတွေငြိမ်း။ ရေနည်းနည်းထပ်ဖွင့်ချ။ အအေးခံ။ ထပ်မွှေ ပေး။ ခုနှစ်နာရီဆိုရင် အဆင်သင့်ဖြစ်ပြီ။ ကုန်လှောင်ရုံထဲက ကိုယ်ပိုင်မွေးထားတဲ့ခွေး တွေကို အရင်စကျေးပြီ။ အချိန်မှန်။
ခွေးစာခွက်ကတော့ အုတ်သံမံတလင်းပေါ်မှာပဲ ၀ါးတရိုက်လောက်ရှည်ပြီး တပေ လောက်ကျယ်တဲ့ အုတ်မြောင်းသုံးမြောင်းလုပ်ထားတယ်။ အဲသည်မြောင်းတွေထဲကို ဆန်ပြုတ်တွေ ခပ်ထည့်ကျေးလိုက်တာပဲ။ မြောင်းအရှည်လိုက် မျက်နှာချင်းဆိုင်စားကြ စမ်း။ မ၀မချင်း ခေါင်းမဖေါ်တမ်း စားကြစမ်း။
အသံတော့ ဘာသံမှမထွက်နဲ့။ အချင်းချင်းလဲရန်မလုပ်နဲ့။ စားမာန်မခုတ်နဲ့။ ဟိုပြေး သည်ပြေးနေရာရွေးမနေနဲ့။ ဟိုæအကောင်နှုတ်သီးနဲ့ထိုးပြီး ငါးခြောက်ဖတ်ချည့် လိုက် စမ်းစားမနေနဲ့။ ၀ါးခြမ်းပြားကိုယ်စီနဲ့ ကြိမ်းရင်းမောင်းရင်းကျေးတာပဲ။ ခွေးတွေကလဲ မဆန့်မပြဲစားတာပဲ။
နောက်ဆုံးတော့ခွေးတွေလဲ လက်လျော့။ မကုန်နိုင်မခန်းနိုင်။ သည်အချိန်မှာ စား ခွက်တွေထဲကိုထပ်ဖြည့်။ တနေကုန်စားကြစမ်း။ ပိုတာကတော့ ရပ်ကွက်ထဲကခွေးတွေ အတွက်။ ပိုလဲပိုပါတယ်။ အိုးတ၀က်လောက် ပိုတယ်။ တမင်ပိုကျိုထားတာပဲ။
အဲæရှစ်နာရီထိုးလို့ မြန်မာ့အသံကဆိုင်းဝိုင်းသံကြားရပြီဆိုတာနဲ့တပြိုင်နက် အဘိုး ကြီး အဘွားကြီး ဆန်ပြုတ်ပုံးကိုယ်စီနဲ့ အပြင်ထွက်ကြပြီ။ ကူသယ်ခေါက်သည် သယ် ကျေးကြပြီ။ ချေးတလုံးလုံးနဲ့ကျန်းမာရေးလေ့ကျင့်ခန်းလဲဖြစ်ကရော။
ပြီးမှ ရေမိုးချိုး။ ဈေးသွား။ ကိုယ်စားဖို့စီစဉ်။ ကျုပ်ပြောတာ ရှင်းပါတယ်နော်။
အဘိုးကြီး အဘွားကြီးနှစ်ယောက်တည်း။ သားထောက်မီးခံမရှိဘူး။ ပိုက်ဆံတွေက ပိုနေတယ်။ ဒါပေမယ့် မသေခင်မှာရှိတဲ့ပစ္စည်းတွေကိုထုခွဲပြီးအလှူဘူး။ ခွေးတွေကိုပဲ ကျေးနေတယ်။ ခွေးတွေအတွက်ကတော့ ၀ီရိယရှိသလားမမေးနဲ့။ ကုန်လှောင်ရုံထဲမှာ အနည်းဆုံး ခြောက်လစာလောက်ကတော့အပြည့်။
ဟုတ်တယ်။ အကြောင်းကတော့ ရှိတာပေါ့သူငယ်ချင်းရယ်။
ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက အိမ်မှာမွေးထားတဲ့ခွေးတကောင်က သူတို့လင်မယား ရဲ့အသက်ကို ကယ်ခဲ့တယ်တဲ့။
တနေ့မြို့ပေါ်ကို ဗုံးလာကြဲတယ်။ သူတို့လဲဗုံးခိုကျင်းထဲမှာ ဆင်းပုန်းနေကြတယ်။ သည်အချိန်မှာ ဗုံးတလုံးက သူတို့ပုန်းနေတဲ့ဗုံးခိုကျင်းနဲ့ တလံလောက်ပဲကွာတဲ့ နေရာ မှာ လာကျပြီး ပေါက်ကွဲသတဲ့။ သည်တော့ သူတို့ဗုံးခိုကျင်းကလေးလဲ ပြိုကျပြီး၊ သူတို့ ကိုယ်ပေါ် မြေတွေပိကုန်သတဲ့။ အဲဒါကို ခွေးကမြေတွေယက်ပြီး သူတို့ကိုဖေါ်တယ်ဆိုပဲ။
အဲသည်ကျေးဇူးတရားနဲ့ အဲသည်သစ္စာရှိမှုကြောင့် သူတို့တသက်မှာ ခွေးတွေကိုပဲ ကျေးဇူးဆပ်ချင်တယ်တဲ့။ ကျေးချင်မွေးချင်တယ်တဲ့။
အခုတော့ အဘိုးကြီးရောအဘွားကြီးရော နှစ်ယောက်စလုံးမရှိကြတော့ပါဘူး။ လွန် ခဲ့တဲ့နှစ်နှစ်လောက်ကလဲ ရှေ့စဉ်နောက်ဆက်ဆိုသလိုဆုံးသွားကြတယ်။ ခွေးတွေလား။ ခွေးတွေလဲ သူငယ်ချင်းသိတဲ့အတိုင်း ဟိုရောက်သည်ရောက်ပေါ့။ သခင်မှမရှိတော့တာပဲ။


Twitter Delicious Facebook Digg Stumbleupon Favorites More