This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label မောင်စွမ်းရည်ဆောင်းပါးများ(Maung Swan Yee Article). Show all posts
Showing posts with label မောင်စွမ်းရည်ဆောင်းပါးများ(Maung Swan Yee Article). Show all posts

Saturday, April 17, 2010

အမေလူထုဒေါ်အမာ(မောင်စွမ်းရည်)


အမေလူထုဒေါ်အမာ ကွယ်လွန်ခဲ့တာ ဧပြီ ၇ရက်ဆိုရင် ၂နှစ် ကြာသွားခဲ့ပြီ ဖြစ်ပေမယ့် အဝေးရောက် တူသားများ ဖြစ်ကြတဲ့ ကျနော်တို့ အဖို့တော့ အမေလူထုဒေါ်အမာဟာ (ကိုယ့်ရှေ့မှာ ကွယ်လွန်ခဲ့တာ မဟုတ်လို့) ကွယ်လွန်ပြီလို့ မတွေးမထင် မမြင်နိုင်သေးပါဘူး။အမေ လူထုဒေါ်အမာလို့ လူငယ်အများက ခေါ်တွင်နေတဲ့ လူထုဒေါ်အမာကို ကျနော်တို့ မျိုးဆက်တူသားတွေကတော့ ဒေါ်ဒေါ်လို့ ခေါ်ကြပါတယ်။ လူထုဦးလှကို “ဦးလေး” “ဦးလေးလှ” စသဖြင့် ခေါ်ကြပါတယ်။ ဒေါ်ဒေါ်ကို ၁၉၃၆ခုနှစ်၊ ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသားသပိတ်ကြီးက ဗမာတို့ရဲ့ ရှေ့တန်း ခေါင်းဆောင် အမျိုးသမီးတစ်ဦး ဖြစ်အောင် မွေးထုတ်လိုက်ပါတယ်။ ဒါကြောင့်လည်း သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်းတို့နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ရဲဘက် မောင်နှမတစ်ဦးဖြစ်ပါတယ်။ ၁၉၃၆ ခုနှစ်လောက်က စပြီး ဦးလေး လူထုဦးလှ ထုတ်ဝေတဲ့ ကြီးပွားရေးမဂ~ဇင်းမှာ မြမ^…ူ၊ ခင်လဝင်း၊ မအမာ(သပိတ်မှောက်ကျောင်းသူ) စတဲ့ကလောင်အမည်များနဲ့ ဝတ္ထုတိုများ၊ ဘာသာပြန်များ ရေးသားပြီး စာပေလောကကို ဝင်ရောက်ခဲ့ရာက ကြီးပွားရေးမောင်လှလို့ အဲဒီတုန်းက ခေါ်တွင်တဲ့ ဦးလေးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။

ဦးလေးနဲ့ ဒေါ်ဒေါ်အိမ်ထောင်ကျတော့ ၁၉၃၉ ခုနှစ်မှာ ဦးလေးက မန္တလေးကို ရွှေ့ပြောင်းလိုက်ပါပြီ။ ကြီးပွားရေးမဂ~ဇင်းကို ဒေါ်ဒေါ်နဲ့ အတူ တည်းဖြတ်ထုတ်ဝေပါတယ်။ ဒုတိယကမ္ဘာစစ်မီးကြီး တောက်လောင်လာတော့ မဂ~ဇင်းထုတ်ဝေတာ ရပ်သွားခဲ့ရပါတယ်။ စစ်ကြီးပြီးတော့ “လူထုဂျာနယ်” နဲ့ “လူထုသတင်းစာ” တို့ကိုထုတ်ဝေပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရုံးသတင်းစာတစ်စောင် အဖြစ်နဲ့ လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့ပါတယ်။ လွတ်လပ်ရေးရတာနဲ့ အတူ ပြည်တွင်းစစ်ကြီးဖြစ်တော့ ငြိမ်းချမ်းရေးဖခင်ဆရာကြီး သခင်ကိုယ်တော်မှိုင်း နဲ့အတူ လူကိုယ်တိုင်ရေး သတင်းစာပါ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး တို့အတွက် ရှေ့တန်းက ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

ဗမာပြည်လွတ်လပ်ရေးရပြီးစ ၁၉၄၈ခုနှစ်မှာပဲ ဖဆပလအစိုးရဝန်ကြီး ဦးကျော်ငြိမ်းရဲ့ အမိန့်နဲ့ ရန်ကုန်က သတင်းစာသုံးစောင်ကို လူအင်အားနဲ့ ဝိုင်းဝန်းဖျက်ဆီးခဲ့ပါတယ်။ ၁၉၄၉ခုနှစ်မှာ မန္တလေးနန်းမြို့ရိုးအတွင်းရှိ စစ်တပ်က ဗိုလ်မှူးတစ်ဦး ကိုယ်တိုင်ထွက်လာပြီး လူထုသတင်းစာပုံနှိပ်စက်တွေကို မိုင်းဗုံးနဲ့ဖောက်ခွဲဖျက်ဆီးတာ ခံရပါတယ်။ လူထုမိသားစုကို တန်းစီပြီး သေနတ်နဲ့ ပစ်သတ်ဖို့ ပြင်ဆင်ဆဲမှာ သံဃာတော်များနဲ့ လူထုပရိသတ်က ဝိုင်းဝန်းတောင်းပန်လို့ အသက်ချမ်းသာရာ ရခဲ့ပါတယ်။ လူထုသတင်းစာကို အစိုးရက ရိုက်ချိုးခဲ့ရုံမက အာမခံတောင်းတာ၊ရပ်ခိုင်းတာတွေကို မကြာခဏ ပြုလုပ်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် ဗိုလ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အုပ်ချုပ်ချိန်မှာ လုံးဝရပ်စဲတာ ခံရပါတယ်။ “မင်းဘေး”၊“မချစ်မနှစ်သက်သူတို့ဘေးအန္တရယ်” တို့အပြင် မီးဘေးနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ ၁၉၅၃ ခုနှစ်လောက်ကပဲ အယ်ဒီတာချုပ် ဆရာကြီးရွှေဥဒေါင်းနဲ့ တာဝန်ခံအယ်ဒီတာ လူထုဦးလှ၊ခေတ္တအယ်ဒီတာ မောင်နေဝင်းတို့ကို ဖမ်းဆီးထောင်ချပါတယ်။ နောက်ထပ် ဆက်လက်ပြီးတော့လည်း ရန်ကုန်လူထုတိုက်ခွဲက လူထုစိန်ဝင်းနဲ့ ဦးတင်မောင်နဲ့ သတင်းထောက်တစ်ဦး အဖမ်းခံရပါတယ်။ ဆက်လက်ပြီး ဦးလေးနဲ့ ဒေါ်ဒေါ်တို့ရဲ့ သားလတ် ကျောင်သားခေါင်းဆောင် ဖိုးသံချောင်းကိုလည်း ဖမ်းဆီးထောင်ချခဲ့ပြန်ပါတယ်။ လူထုစိန်ဝင်းနဲ့ ဖိုးသံချောင်းတို့ကိုတော့ နှိပ်စက်ညှ^်းပန်းပြီး ကိုကိုးကျွန်း အကျ^်း စခန်းကိုပို့လိုက်ပါတယ်။ မဆလအစိုးရလက်ထက်မှာတော့ ဦးလေး၊ ဒေါ်ဒေါ်နဲ့တကွ သားအငယ်ဆုံး မောင်ငြိမ်းချမ်း(ညီပုလေး) ကိုပါ ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဒေါ်ဒေါ်ဟာ ဒီလိုလောကဓံတွေကို ဘယ်ဗမာ အမျိုးသမီးနဲ့မှ မတူအောင် ကြုံတွေ့ခဲ့ရပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရုန်းကန်ခဲ့ရပါတယ်။

ဒီလိုလောကဓံလှိုင်းလုံး တဝုန်းဝုန်းကြားထဲကပဲ ဗမာလူငယ်ခေါင်းဆောင်၊ ဗမာအမျိုးသမီးခေါင်းဆောင်၊ ဗမာသတင်းစာဆရာ စာရေးဆရာမကြီးတစ်ဦးအနေနဲ့ နိုင်ငံတကာ ညီလာခံတွေကို တက်ရောက်ရင်း နိုင်ငံတကာ စာရေးဆရာတွေ၊ သတင်းစာဆရာတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံရင်းနှီးခွင့် ရရှိပြီး အသိအမြင်တွေ နှီးနှောဖလှယ်ခွင့် တွေကိုလည်း ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ အမေလူထုဒေါ်အမာဆိုတဲ့ နာမည်တစ်လုံးနဲ့ ဗမာနိုင်ငံ စာပေလောက၊ ယ^်ကျေးမှုလောကနဲ့ နိုင်ငံရေးလောကမှာ ရင့်ကျက် အမြင်ကျယ်သူ ရှေ့တန်းခေါင်းဆောင်တစ်ဦးအဖြစ် လေးစားအားထားမှုကို ခံယူခဲ့ရပါတယ်။

အမေလူထုဒေါ်အမာဟာ ဗမာ့နောက်ဆုံးရှင်ဘုရင် နန်းစိုက်ခဲ့ရာမြို့ဟောင်း ဗမာ့ယ^်ကျေးမှု အနုပညာအရပ်ရပ်တို့ရဲ့ ဗဟိုအချက်အချာ ရတနာပုံမန္တလေးမြို့မှာ မွေးဖွားကြီးပြင်း နေထိုင်သူတစ်ဦး အဖြစ်နဲ့ ဗမာ့ရိုးရာယ^်ကျေးမှု၊ ဗမာ့ရိုးရာ ပန်းချီ၊ ဗမာ့ရိုးရာ ဇာတ်သဘင်၊ ဗမာ့ရိုးရာ တေးဂီတတို့နဲ့ ထဲထဲဝင်ဝင် သိမြင်ကျွမ်းဝင်သူတစ်ဦး ဖြစ်ပါတယ်။ ဘာသာပြန် စာရေးဆရာ။ သတင်းစာဆရာမကြီးအဖြစ်နဲ့ သာမက ဗမာ့ရိုးရာ ယ^်ကျေးမှု ဓလေ့ထုံးစံတို့ကို သုတေသနပြုလုပ် ဖော်ထုတ်ရေးသားသူ၊ ထိန်းသိမ်းစောင့်ရှောက်သူ တစ်ဦးအဖြစ်နဲ့လည်း ဗမာသိ၊ ကမ္ဘာသိ ထင်ရှားသူ ဖြစ်ပါတယ်။ “အောင်ဗလ ဖိုးစိန် စိန်ကတုံး”၊ “ရွှေမန်းတင်မောင်”၊ “ပြည်သူချစ်သော အနုပညာသည်များ”၊ “ရွှေရိုးဘကလေး”၊ “ကာတွန်းဦးဘဂျမ်း” စတဲ့ စာအုပ်တွေနဲ့ “အမေ့ရှေးစကား” စတဲ့ စာအုပ်တွေဟာ အမေလူထု ဒေါ်အမာကိုယ်တိုင် ရေတွက်လို့ မရနိုင်လောက်အောင် များပြားခဲ့ပြီး အကြိမ်ကြိမ် ပြန်လည်ရိုက်နှိပ်ရတဲ့ ပြည်သူ့လက်စွဲ စာပေကျမ်းဂန်တွေ ဖြစ်လာခဲ့ပါတယ်။

အမေလူထုဒေါ်အမာ အသက်၇၀ပြည့်နှစ်ကစပြီး အမေကွယ်လွန်ချိန် အသက်၉၀ကျော်အထိ အမေ့မွေးနေ့တွေကို အမေကိုယ်တိုင်က မကျင်းပစေချင်ဘူးလို့ ကန့်ကွက်ပြောဆိုတဲ့ကြားက ဗမာတစ်နိုင်ငံလုံးရှိ “လူထုအမေချစ်သူများ” ကမတိုင်ပင်၊ မချိန်းချက်၊ မဖိတ်မကြားဘဲ အမရပူရ တောင်သမန်အင်းစောင်းက တောင်လေးလုံး ကျောင်းတိုက်ကို လာရောက်စုဝေးကျင်းပခဲ့ကြတာဟာ နှစ်စ^်ပါပဲ။ လူကြီးလူငယ် စာပေသမားတွေနဲ့ နိုင်ငံရေးသမားကြီးငယ်တွေ မျိုးစုံပါဝင်ကြပါတယ်။ လေထီးအုန်းမောင်၊ သခင်သိမ်းမောင်၊ သခင်အုန်းမြင့်၊ ကျောက်ဆည်သခင်မ ဒေါ်မြရီစတဲ့ နိုင်ငံရေးသမား အိုကြီးအိုမများလည်း နှစ်စ^် မပျက်မကွက် လာရောက်ကြပြီး၊ ရန်ကုန်က ဒေါက်တာသန်းထွန်း၊ ဒေါ်ခင်နှင်းယု၊ ဒေါ်ကလျာ၊ ဒေါ်ခင်ဆွေဦးတို့နဲ့ မောင်သာနိုး၊ မောင်မိုးသူ စတဲ့ တူသားများ၊ မုံရွာက ကဗျာဆရာကြီး အံ့မောင်၊ အင်းဝက ကြည်အောင်၊ ကိုလေးစတဲ့ တူသားများလည်း နှစ်စ^် လာရောက်ကြပါတယ်။

အမေလူထုဒေါ်အမာကို နိုင်ငံခြားသတင်းဌာနမျိုးစုံက ဗမာပြည်စစ်အာဏာရှင် အစိုးရနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်ချက်တွေ မေးလာရင် ရှင်းရှင်းဘွင်းဘွင်း၊ ပြတ်ပြတ်သားသား၊ ရဲရဲရင့်ရင့်နဲ့ လိုလိုလားလား တက်တက်ကြွကြွ အဖြေပေးလေ့ရှိတာကြောင့် မေးမြန်းရသူတွေရော နားသောတဆင်ကြရသူတွေပါ အားရတက်ကြွ ဖြစ်ကြရပါတယ်။ ပြည်ပရောက် တူသားတွေကိုလည်း (၁)အရက်သေစာ သောက်စားမူးယစ်မနေကြဖို့ (၂)ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လုပ်စရာရှိတာတွေကို အရွယ်ရှိတုန်း အချိန်မဖြုန်းဘဲ တက်ကက်ကြွကြွလုပ်ကြဖို့ကို ဆုံးမလေ့ရှိပါတယ်။

စာပေကိုသေသည်အထိ မနားမနေ ရေးသားခြင်း၊ အမှန်တရားဘက်က သတ္တိရှိရှိရပ်တည်ခြင်း၊ လောကဓံတရားကို ကြံ့ကြံ့ခံနိုင်ခြင်း၊ အကြားအမြင် အလေ့အလာများပြီး အမြင်ကျယ်ခြင်းစတဲ့ သူမတူ ဂုဏ်သတ္တိ အရည်အချင်းတွေနဲ့ ပြည့်ဝသူဖြစ်လို့ အဖိုးရဲ့သမီးတပည့်ပီသသူ “အဖွားမှိုင်း” ရယ်လို့တောင် တင်စားရင် လွန်မလားလို့ ဘယ်သူမှ ငြင်းမယ် မထင်မိပါဘူး။

ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ မျိုးဆက်က ပေါ်ထွန်းခဲ့တဲ့ ကိုအောင်ဆန်းတို့ရဲ့ သပိတ်မှောက်ကျောင်းသူရဲဘော် ဒေါ်အမာဟာ နောက်ထပ်ထွက်ပေါ်လာတဲ့ အမှန်တရား ဘက်တော်သား၊ သပိတ်မှောက်ကျောင်းသူကျောင်းသား အဆက်ဆက်ရှေ့က မားမားမတ်မတ် ရပ်ပြီး ကိုအောင်ဆန်းရဲ့ သမီးငယ် မစု၊ မစုတို့ရဲ့ ရဲဘော်မင်းကိုနိုင်၊ ကိုကိုကြီးတို့ မျိုးဆက်အထိ အသက်၉၀ကျော်အရွယ်၊ ကွယ်လွန်ချိန်အထိတိုင်အောင် ရဲစိတ်၊ ရဲမာန်၊ ရဲအလံ လွှင့်ထူခဲ့သူ အဖြစ် ဗမာ့သမိုင်း ဒီမိုကရေစီတိုက်ပွဲ သမိုင်းမှာ မော်ကွန်းတင်၊ မော်ကွန်းဝင်ခဲ့ပြီမို့​-

နောင်လာနောက်သား ဗမာလူငယ်၊ အမျိုးသား အမျိုးသမီးအပေါင်းတို့လည်း ရဲစိတ်၊ ရဲမာန်၊ ရဲအလံကို ဆက်လက် သယ်ဆောင်လွှင့်ထူသွားနိုင်ကြပါစေသတည်း။

အမေလူထုဒေါ်အမာရဲ့သားတပည့်တစ်ဦး

မောင်စွမ်းရည်

၂၀၁၀ ဧပြီ ၇၊ နယူးယောက်

Saturday, March 6, 2010

ထုတ်ဝေသူ တင်မိုး(မောင်စွမ်းရည်)


မိုးမခသတင်းဌာန http://moemaka.com/index.php?option=com_content&task=view&id=5994&Itemid=1&mosmsg=Thanks+for+your+vote! မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

တင်မိုးကို ကဗျာဆရာ လူအေးတဦးအဖြစ်သာ လူသိများပါတယ်။ ရိုးရိုးကုပ်ကုပ်နေသူလို့သာ နားလည်ထားကြပါတယ်။ ဒီလိုပြောတဲ့အတွက် မရိုးမကုပ်-လူပူ လူဆူတဦးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အလွန် လှုပ်လှုပ်ရှားရှား နေတတ်သူ၊ အလုပ်တခုခုကို အားထုတ်လုပ်ကိုင်နေတတ်သူအဖြစ် သူ့ကို ကျနော် အနီးကပ်မြင်ခဲ့ရလို့ ဖြစ်ပါတယ်။ သူ အထူး လုပ်ချင်တာကတော့ ဦးလေး လူထုဦးလှလို ထုတ်ဝေသူ-သတင်းစာဆရာ လုပ်ချင်တာပါပဲ။

တင်မိုး တက္ကသိုလ်ဝင်တန်းအောင်တာက ရေစကြိုမြို့ကပါ။ ရေစကြိုကျောင်းမှာနေတုန်းက ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌက ‘ကိုကျော်’ တဲ့။ ကိုကျော်က အမတ်အဖြစ် အရွေးခံရတယ်။ ဒါကြောင့် ‘ကျောင်းသားအမတ် ကိုကျော်’ လို့ နိုင်ငံရေးသမား လောကမှာ ထင်ရှားတယ်။ ကိုကျော်နဲ့ တင်မိုးနဲ့က သူငယ်ချင်းဆိုတော့ ကျောင်းရဲ့စာပေလှုပ်ရှားမှုဟူသရွေ့ တင်မိုး လုပ်ချင်တာတွေကို ကိုကျော်က နောက်ကနေ လိုက်လုပ်ပေးတယ်။ ကျောင်းသားသမဂ္ဂ နံရံကပ်စာစောင်၊ ကျောင်းမဂ္ဂဇင်း၊ ကျောင်းသတင်းစာ စသဖြင့် ထုတ်ဝေခဲ့ဖူးတယ်လို့ ကျနော့်ကို ပြောဖူးပါတယ်။ နံရံကပ်စာစောင်ဆိုတာ နံရံမှာကပ်ရတယ် ဆိုတာကလွဲပြီး သူ ဘာမှမသိဘဲ လုပ်ခဲ့သတဲ့။ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ သတင်းအားလုံး သူ့စိတ်ကူးနဲ့ သူ တယောက်တည်း ရေးခဲ့ကြောင်းကို ပြန်ပြောပြဖူးပါတယ်။ ရေစကြိုသတင်းစာ တစောင်ထုတ်ခဲ့ဖူးတာရှိပေမယ့် သူကိုယ်တိုင် အယ်ဒီတာလား၊ သူ ဘယ်အခန်းကပါခဲ့သလဲဆိုတာကိုတော့ ရေစကြိုသားတွေဆီ ပြန်မေးရပါအုံးမယ်။

တခုသေချာတာက သူဟာ ရောက်ရာအရပ်တိုင်းမှာ စာကြည့်တိုက် (စာဖတ်အသင်း) တခုကို ထောင်ဖြစ်အောင် ထောင်တော့တာပါပဲ။ စာစောင်တခုခုလည်း ထုတ်ဖြစ်အောင် ထုတ်တာပါပဲ။ ဒါကတော့ ဦးလေး လူထုဦးလှနဲ့ ဝါသနာ တူပါတယ်။ စာမေးပွဲအောင်ဖို့၊ ဂုဏ်ထူးရဖို့ဆိုတာတွေကို စိတ်မဝင်စားပါဘူး။ ဂုဏ်ထူးရလို့သာ ရတာပါ။

တင်မိုးတက္ကသိုလ်ရောက်တော့ တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းမှာ မြန်မာစာအယ်ဒီတာအဖြစ် တာဝန်ယူရဖူးပါ တယ်။ ၁၉၆၀-၆၁ ခုနှစ်အတွက် ဖြစ်မယ်ထင်ပါတယ်။ သူက စိတ်ဝင်တစားလုပ်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း ဆိုတာ သူ မရောက်ခင်ကတည်းက ရှိနှင့်ပြီးသားပါ။ ‘အမြုတေ’ဆိုတဲ့ စာပေမဂ္ဂဇင်း ထုတ်ခဲ့ဖူးပါတယ်။ ၁၉၅၇-၅၈ သူနဲ့ မောင်သိန်းနိုင် (ဂုဏ်ထူးသိန်းနိုင်)တို့ နှစ်ယောက်ရောက်တဲ့နှစ်မှာတော့ ‘ကလောင်ရှင်အသင်း စာစဉ်’ ထုတ်ရအောင်လို့ သူကပဲ စတင် အဆိုတင်ပါတယ်။ အခြားထုတ်စရာမရှိလို့ သူ့ကဗျာစာအုပ် ‘ဖန်မီးအိမ်’ ကိုပဲ စာစဉ်(၁)အဖြစ် ၁၉၅၉ မှာ စီစဉ်ထုတ်ဖြစ်ခဲ့ပါတယ်။ နောက်စာအုပ်က ကြည်အောင်နဲ့ မောင်စွမ်းရည် နှစ်ယောက်တွဲ ‘စိတြ ကဗျာ’ များ စာအုပ် ဖြစ်ပါတယ်။ နောက်ထပ်ထုတ်ဖြစ်တဲ့ ဝင်းကြွယ်ရဲ့ ‘ခေါင်းလောင်သံ ကဗျာများ’ စာအုပ်နဲ့ ဘုတလင် ချစ်လေးရဲ့ ‘ကချေသည်ကဗျာများ’ ကတော့ ကျနော်တို့ပဲ ဆက်ထုတ်ခဲ့ပါတယ်။ အထူးကတော့ ဆရာဇော်ဂျီရဲ့ ‘ရသစာပေအဖွင့်’ ထုတ်တာပါပဲ။

တင်မိုးဟာ စာအုပ်ထုတ်ဝေဖို့ကိစ္စကို အမြဲမပြတ်စဉ်းစားနေတာပါပဲ။ ဖန်မီးအိမ် ကဗျာစာအုပ်ကို ဆုရပြီးမှ နောက်တကြိမ် ထပ်ထုတ်ပါသေးတယ်။ ပေါ်ဦးသက် ပန်းချီ၊ ကဲနက်ဘစိန်ရဲ့ အင်္ဂလိပ်ဘာသာပြန်နဲ့ပါ။ သူကိုယ်တိုင် စိတ်ကြိုက် စီစဉ်ခဲ့ပါတယ်။

တင်မိုးဟာ စာတော်ပေမယ့် ဘွဲ့မရခင်ကျောင်းထွက်ပြီး ပြင်ပမှာ စာပြရင်းက စာမေးပွဲပြန်ဖြေပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်ပြီး ၈ နှစ်ကြာမှာ ဘွဲ့ရပါတယ်။ ဒီကြားထဲမှာ ထုတ်ဝေသူလုပ်ဖို့ အမြဲကြိုးစားပါတယ်။ သူကြိုးစားတာက သူငယ်ချင်းတွေစုပြီး ပုံနှိပ်စက် ဝယ်မယ်။ ထုတ်ဝေရေးကို သူ ဦးစီးမယ် တဲ့။ သူနဲ့ တကသ ဥက္ကဋ္ဌဟောင်း ကိုစောလွင်နဲ့ စိတ်ဝင်စားစွာ စီစဉ်ကြပါတယ်။ ကိုစောလွင်ရဲ့အိမ်က ခြံဝန်းရော၊ အိမ်ရော ကျယ်ပါတယ်။ သနပ်ဖက်ပွဲရုံဟောင်းကြီးပါ။ အဲဒီခြံမှာစီစဉ်တာ မအောင်မြင်ခဲ့ဘူး။ ကျနော်က နာမည်ပဲ ပါခဲ့ပါတယ်။ လူလည်းမစိုက်၊ ငွေလည်း မစိုက်ပါဘူး။ ကိုသာနိုးက ဘာသာပြန်ပေးပါတယ်။ မြန်မာစာပေမဂ္ဂဇင်းတစောင်ကို အင်္ဂလိပ်လိုထုတ်ဖို့ တင်မိုးပဲ စိတ်ကူးယဉ်ခဲ့ဖူးပါ တယ်။ မောင်သာနိုးကို အားကိုးပြီးတော့ပါပဲ။

ရေစကြိုသားတယောက်အနေနဲ့ လုပ်တာကတော့ တော်တော် အောင်မြင်ပါတယ်။ သူရဲ့ကျောင်းသုံးသဒ္ဒါစာအုပ် ထုတ်ဖူးတယ်။ ကျနော်က စာအုပ်ဖုံး ဆွဲပေးရပါတယ်။ ဆရာဇော်ဂျီရဲ့ ‘ရသစာပေနိဒါန်း’၊ ဆရာမင်းသုဝဏ်ရဲ့ ‘ပန်းနဲ့ပင်စည်’၊ မောင်ထင်ရဲ့ ‘ငဘ’ တို့ကို ထုတ်ဝေတာ အောင်မြင်ပေမယ့် သူတပည့်တွေက စာအုပ်လည်း ခိုးရိုက်၊ ငွေလည်း ခိုးသုံးကြလို့ ပြုတ်သွားပါတယ်။ အဲဒါက ‘ကမ္ဘာခေတ်’ စာပေတိုက်တဲ့။ အဲဒါ တင်မိုးရဲ့ ခြေရာလက်ရာချည်းပါပဲ။ သူ့တပည့်က မိန်းမတယောက်ထပ်ယူတယ်။ မကြာခင်ဆုံးပါတယ်။

မကြာခင် မောင်မိုးသူက ‘မိုးဦးပန်း’ စာအုပ်တိုက် ထောင်တယ်။ ထုတ်ဝေရေးအောင်မြင်ပေမယ့် ငွေရေးကြေးရေး စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ သူလည်း တာရှည်မခံဘူး။ တင်မိုးက ထုတ်ဝေစိတ်ထက်သန်လွန်းတော့ အနောက်ကျုံးထိပ် နေပြည်တော် အလွတ်ပညာသင်ကျောင်း (၁၉၆၃-၆၅ ?) မှာ မြန်မာစာဆရာဝင်လုပ်ရင်း ဝါသနာတူ သူငယ်ချင်း တောင်သာသား ကျောင်းဆရာ ကိုညိုကြီးနဲ့တွဲပြီး ပုံနှိပ်တိုက်နဲ့ စာအုပ်တိုက်တည်ထောင်ပြန်ပါတယ်။ ဆရာမင်းသုဝဏ်ကို ဦးထိပ်ရွက်ပြီး ‘သပြေ စာအုပ်တိုက်’ အမည်နဲ့ စာအုပ်ထုတ်မယ်ဆိုတော့ သူ့သူငယ်ချင်း မောင်စွမ်းရည်ရဲ့ ‘အနီနှင့်အပြာ ကဗျာများ’ စာအုပ်ကို မောင်သာနိုးရဲ့ အင်္ဂလိပ်ဘာသာပြန်နဲ့ ထုတ်ပါတယ်။ မောင်စွမ်းရည်က ကိုယ့်စာအုပ်ထုတ်တာကိုတောင် သိပ် လှည့်မကြည့်ပါဘူး။ တင်မိုးက စာမူစုတယ်၊ အင်္ဂလိပ်ဘာသာပြန်ကို ကိုသာနိုးဆီက ရအောင်လုပ်တယ်။ ကျနော်က ကိုဝင်းဖေဆီက မျက်နှာဖုံးရဖို့ပဲ လုပ်ပေးရပါတယ်။ တင်မိုးရဲ့‘လှေတစင်းနဲ့ သီချင်းသည်’ (၁၉၆၃) မှာ ထုတ်တယ်။ မောင်သာနိုးဘာသာပြန်နဲ့ တွဲထုတ်တယ်။ ကျနော် ဘာမှလုပ်မပေးတော့ အမှာစာ ဇွတ်ရေးခိုင်းလို့ ရေးပေးရတယ်။ ကျနော်က မရေးရဲဘူးဆိုတော့ စမ်းရေးကြည့်ခိုင်းပါတယ်။ စမ်းရေးတာကိုပဲ သူက ကြိုက်သတဲ့။ ဒါနဲ့ ဆရာ တာရာရဲ့ အမှာစာတခု။ ‘သူငယ်ချင်းတဦး’ လို့ပဲ တပ်ပါဗျာ လို့ ပြောရတယ်။ နောက်ထပ် ဘာစာအုပ်တွေထုတ်သလဲ မမှတ်မိတော့ပါဘူး။ အဲ - သပြေစာအုပ်တိုက်ရဲ့ သပြေခက်ပုံ တံဆိပ်ကလေးကိုတော့ ကိုပေါ်ဦးသက် ရေးပေးပါတယ်။

အလွတ်ပညာသင်ကျောင်း ပြည်သူပိုင်သိမ်းပြီးတော့ ထင်တယ်။ ညောင်ပင်လေးဈေးအနီးမှာ တင်မိုးအိမ်ငှားနေတော့ သူပိုင်စာအုပ်တိုက် ‘ဖန်မီးအိမ်’ ဆိုတာကို ၁၉၆၅ မှာ တည်ထောင်တယ်။ ပုံနှိပ်တိုက်နဲ့ အလုပ်သမားတွေနဲ့ အကျအနပါ။ ဖန်မီးအိမ်စာအုပ်တိုက်က စာအုပ်ထုတ်မယ်ဆိုတော့ ကျနော့်ကိုပဲ စာအုပ်ရေးပါတဲ့။ ကျနော်ရေးတာမရှိဘူး။ ဒေါ်ဒေါ် အမာ ပေးထားလို့ ဟိုချီမင်း ကဗျာစာအုပ် ‘အကျဉ်းထောင် ဒိုင်ယာရီ’ ဘာသာပြန်စမ်းကြည့်နေတယ်ဆိုတော့ သူ ထုတ်မယ် တဲ့။ ‘အကျဉ်းထောင် ဒိုင်ယာရီ’ ဆိုတော့ နေ့စဉ်မှတ်တမ်းလို့ ထင်ပြီး စိတ်မဝင်စားဘဲ နေမှာစိုးတယ်။ အဲဒီစာအုပ်ထဲက ကဗျာတပုဒ်ကို အကြောင်းပြုပြီး ‘အကျဉ်းထောင်က ပုလွေသံ’ လို့ စာအုပ် နာမည်ပေးမယ်တဲ့။ အဖုံးကို သူအိမ်အလည်လာ တဲ့ ပန်းချီအောင်စိုးကို အဆွဲခိုင်းပါတယ်။

တင်မိုးရဲ့ ‘အမေ့ကျောင်း’ဆိုတာလည်း ဖန်မီးအိမ် စာအုပ်တိုက်ကပဲ ထုတ်တယ် ထင်ပါတယ်။ ပေါ်ဦးသက်ရဲ့ သရုပ်ဖော်ပုံလေးတွေနဲ့ပါ။ သိန်းသန်းထွန်းက “မင်းရေးတာမျိုး ငါလည်း စပ်တပ်တာပေါ့” ဆိုပြီး သူလည်း ကလေးကဗျာစာအုပ်ရေးမယ် တဲ့။ ချက်ခြင်း ရေးပါတယ်။ မဆလ အစိုးရ သဘောကျ နိုင်ငံရေးလေး ဘာလေး နည်းနည်း ထည့်တယ်။ စာအုပ်နာမည်ကိုလည်း ‘ပြည်ထောင်စု ကဗျာများ’ လို့ပေးပါတယ်။ နိုင်ငံရေးနာမည် ပေးပြီး တင်မိုးကို ထုတ်ပါလို့ ခိုင်းတယ်။ တင်မိုးကလည်း မငြင်းဘဲထုတ်ပေးပါတယ်။ အဲသလို သူငယ်ချင်းတွေရဲ့ စာအုပ်တွေကို ထုတ်ဝေပေးရင်း အရင်းပြုတ်သွားပါတယ်။ သိန်းသန်းထွန်းရဲ့ ကလေးကဗျာလေးတွေဟာ စပ်နည်းမှန်ပေမယ့် တင်မိုးကိုတော့ ဘယ်မီမလဲ။

ဒီလိုနဲ့ ကျနော်တို့အတူနေရင် ကျနော်မှတ်မိသလောက် (၁) ကမ္ဘာ့ခေတ် (၂) သပြေ (၃) ဖန်မီးအိမ် ဆိုပြီး စာအုပ်တိုက် သုံးတိုက် တည်ထောင်၊ အုပ်ချုပ်ထုတ်ဝေခဲ့ပါတယ်။ သူငယ်ချင်းတွေကို ဒရွတ်တိုက်ဆွဲခေါ်ပါတယ်။ သူငယ်ချင်းတွေရဲ့ စာအုပ်တွေကိုချည်း ဦးစားပေးထုတ်ဝေခဲ့ပါတယ်။ ကျနော်ရဲ့ ‘အနီနဲ့အပြာ’ ကဗျာစာအုပ်ဟာ သူပဲ စီစဉ်ပြီး သူ့စာအုပ်တိုက် က သူပဲထုတ်ဝေခဲ့တာဖြစ်ပါတယ်။ အဲဒီစာအုပ်ဟာ ၁၉၆၄ ခုနှစ် အမျိုးသားစာပေဆုရခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။

မဆလ အစိုးရခေက်မှာ ကျောင်းတွေလည်း ပြည်သူပိုင်သိမ်း၊ သူ ကဗျာအယ်ဒီတာ (တနင်္ဂနွေအချပ်ပို) လုပ်နေတဲ့ လူထု သတင်းစာလည်း အပိတ်ခံရ (၁၉၆၇) ငွေစက္ကူသိမ်းတာတွေလည်းဖြစ်လို့ သူ့ဘဝ ရုန်းရကန်ရနဲ့ ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာန ဆရာမင်းသုဝဏ်ခေါ်ရာကို လိုက်သွားတဲ့အခါ မန္တလေးမှလုပ်ခဲ့တဲ့ ထုတ်ဝေရေးလုပ်ငန်းတွေ အကုန် ရပ်ဆိုင်းသွားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာနဝင်ငွေနဲ့ သူ့မိသားစု နေရေးထိုင်ရေး အဆင်မပြေနိုင်ပါဘူး။ ပြင်ပမှာ စာပြတဲ့အလုပ်တွေ ဝင်လုပ်ရပါတယ်။ ကဗျာဆရာဆိုတော့ ဝတ္ထုရေးသူတွေလို ဝင်ငွေမှ မကောင်းတာကိုး။ စာပြတာကိုတော့ အလွန်ဝါသနာပါပေမယ့် စာမေးပွဲအတွက် ကျက်စာ မှတ်ရေးရတာတွေကို သူ စက်ဆုပ်ပါတယ်။ စာမေးပွဲအတွက် ပုံစံခွက်ထဲထည့်ပြီး သင်ရတာတွေကိုလည်း မနှစ်သက်ပါဘူး။ စာအုပ်ထုတ်ဝေရေးကိုလည်း သူငယ်ချင်းတွေနဲ့ မခွဲတမ်း အတူလုပ်ချင်ရှာပါတယ်။ ရန်ကုန်မှာ စိတ်ကူးယဉ်ချိန်မရရှာပါဘူး။

ဒီလိုနဲ့ ဒီမိုကရေစီ အရေးတော်ပုံကြုံတော့ မန္တလေးက ဆင်းလာတဲ့ သူငယ်ချင်းတွေနဲ့အတူ ပါဝင်ဆင်နွှဲပါတယ်။ မောင်သာနိုး၊ မောင်မိုးသူ၊ မုံရွာတင်ရွှေ၊ ဟံသာဝတီ ကိုဝင်းတင်၊ ဝင်းဖေ၊ သိန်းနိုင်၊ ဇော်ဇော်အောင် အားလုံးပါကြတယ်။ မောင်ကြည်အောင်တို့၊ ကိုလေးတို့က အထက်ဗမာပြည်က ပါဝင်ဆင်နွှဲကြတယ်။ တင်မိုးထောင်ကျတယ်။ ထောင်ကလွတ် ထွာက်လာတော့ နိုင်ငံခြားကို ထွက်လာခဲ့တယ်။ ဂျပန်၊ ဥရောပ၊ ထိုင်း၊ အမေရိက ရောက်ရာအရပ်မှာ စာစောင်လေးတွေ ထုတ်ကြတာကို သူအားပေးပါတယ်။ ဖေးမပါတယ်။ တဖြည်းဖြည်းနဲ့ သူကိုယ်တိုင် စာအုပ်ထုတ်တာတွေ လုပ်လာမလားလို့ စဉ်းစားနေမိပါတယ်။ ခုတော့ အသက် ၇၃ နှစ်အရွယ်မှာပဲ ကွယ်လွန်ခဲ့ရှာပါပြီ။ တင်မိုး တည်းဖြတ်ထုတ်ဝေခဲ့တဲ့ စာအုပ်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတပုဒ် ရေးချင်ပေမယ့် စာအုပ်ပြည့်စုံအောင် ပြန်ပြီး မကြည့်နိုင်သေးလို့ မရေးနိုင်သေးပါ။ သူ အလွန်စိတ်အားထက်သန်ခဲ့ရှာတာကို ကျနော်တို့က ဒရွတ်တိုက်လိုက်ခဲ့တာကိုပဲ အားနာလျက်ပါ။

မောင်စွမ်းရည် - ၂၀၁၀ ဇန်နဝါရီ ၂၂

Wednesday, February 10, 2010

ဖလ်မီးအိမ်ကို ထွန်းညှိခြင်း(မောင်စွမ်းရည်)



ကိုဘဂျမ်း(တင်မိုး)နဲ့ ကိုသိန်းနိုင်(ဂုဏ်ထူးသိန်းနိုင်)တို့က တက္ကသိုလ်ဝင်တန်းမှာ မြန်မာစာဂုဏ်ထူးနဲ့ အောင်သူတွေ ဖြစ်ပါတယ်။ ကိုသိန်းနိုင်က ၁၉၅၆ မှာ ဆယ်တန်းအောင်ပေမဲ့ မူလတန်းဆရာ တနှစ်လုပ်နေလို့ ၁၉၅၇ ကျမှ မန္တလေးတက္ကသိုလ်ကို ကိုဘဂျမ်းနဲ့အတူရောက်တယ်။ ဂုဏ်ထူးချင်းတွဲမိသွားကြတယ်။ ကျနော်က သူတို့အရင် တနှစ်စောပြီး တက္ကသိုလ်ကိုရောက်တယ်။ ယူထားတဲ့ဘာသာ က ‘ဘူမိဗေဒ၊ ဓါတုဗေဒ၊ ပထဝီ’ပါ။ ဘာသာမတူပေမဲ့ ဝါသနာတူလို့ တွဲမိသွားပါ တယ်။ မောင်မိုးသူတို့လို မြို့သားစစ်စစ်၊ ခရစ်ယာန်သာသနာပြုကျောင်းသားတွေနဲ့ကျ တော့ ဓလေ့စရိုက်သိပ်မတူကြလို့ တောသားသုံးယောက်လောက်မတွဲမိပါဘူး။ ကျနော်တို့သုံးဦးဟာ ဆုံမိကတည်းက ကုတင်တလုံးမှာ သုံးယောက်အိပ်ခဲ့ကြပါတယ်။

‘မန္တလေးတက္ကသိုလ်ကလောင်ရှင်အသင်း’ကို ၁၉၅၃ ခုနှစ်မှာ ‘ကိုထွန်းအံ့၊ ကိုပေါက်စည်၊ ဇော်ဇော်အောင်’စတဲ့ ကလောင်ရှင်တွေက စတင်တည်ထောင်ခဲ့ကြပေမဲ့ သည့်အရင်ကရှိနှင့်တဲ့ မြန်မာအသင်းကို မကျော်နိုင်ပါဘူး။ ‘တက္ကသိုလ်ဝင်း(ကိုဝင်းမောင်)-ဥက္ကဋ္ဌ’၊ ‘ကိုဘဂျမ်း- ဒု ဥက္ကဋ္ဌ’၊ ‘မောင်သိန်းနိုင်-အတွင်းရေးမှူး’ လုပ်တဲ့ ၁၉၅၇-၅၈ ခုနှစ်ကျမှ အရှိန်မြင့်လာပါတယ်။

နောက်နှစ်မှာ ကိုဘဂျမ်းဥက္ကဋ္ဌလုပ်ပါတယ်။ နောက်နှစ်တွေမှာ ‘ဝင်းကြွယ်‘၊ ‘မောင် စွမ်းရည်’၊ ‘ကြည်အောင်’စတဲ့ ကလောင်ရှင်တွေက ‘ဥက္ကဋ္ဌ’၊ ‘အတွင်းရေးမှူး’စတဲ့ တာဝန်တွေကို ဆက်လက်ယူပါတယ်။ တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းတွေကိုလဲ ဒီလူ တွေပဲ တာဝန်ယူပါတယ်။ ကိုဘဂျမ်းက ၁၉၅၉-၆ဝ ခုနှစ် မဂ္ဂဇင်းအတွက် တာဝန်ယူ သွားခဲ့ပါတယ်။

ကိုဘဂျမ်း၊ ကိုသိန်းနိုင်တို့စတင်လုပ်တဲ့နှစ်မှာ ‘စာဆိုတော်နေ့’ အခမ်းအနားတွေ ဟာ ‘စာဆိုကန်တော့ပွဲ’တွေ ‘အငြိမ့်ပွဲ’တွေနဲ့ ပိုပြီးမြိုင်ဆိုင်လာပါတယ်။၁၉၅၉ ခုနှစ် မှာတော့ ကိုဘဂျမ်းက ‘ကလောင်ရှင်အသင်းစာစဉ်’လုပ်မယ်လို့ အကြံပေးတယ်။ ကိုသာနိုးကို အားကိုးပြီး ‘မြန်မာစာပေမဂ္ဂဇင်း’ဆိုတာမျိုးကို အင်္ဂလိပ်လိုလဲ ထုတ်ချင် တယ်လို့ အဆိုတင်ပါသေးတယ်။ ရုရှားစာပေမဂ္ဂဇင်းနဲ့ တရုတ်မဂ္ဂဇင်းတို့ကို အားကျလို့ပါ။ အိမ်မက်တွေအများကြီးမက်ကြပါတယ်။

ကျနော်တို့မှာ ဘာစာမူမှ အသင့်မရှိသေးဘူး။ ကိုဘဂျမ်းတယောက်ပဲ စာတွေအ များကြီးရေးထားတာရှိတယ်။ ဒါကြောင့် ကိုဘဂျမ်းရဲ့ကဗျာစာအုပ်ကို စ,ထုတ်မယ်လို့ စီစဉ်ကြပါတယ်။ စာအုပ်အမည်ကို ‘ဖလ်မီးအိမ်’လို့ ကိုဘဂျမ်းကိုယ်တိုင်ရွေးပါတယ်။ အဲဒီအချိန်မှာ ကျနော်က ‘မောင်ဝင်းဖေ(မြင်းခြံ)’ဆိုတဲ့နာမည်နဲ့ပဲ ရေးပါတယ်။ ကိုဘ ဂျမ်းက ၁၉၅ဝ လောက်ကစပြီး ‘ကိုရင်ဂျမ်း’၊ ‘ကန်မြဲနန်းမြင့်နွယ်’စတဲ့ ကလောင် အမည်တွေနဲ့ ရေးနေပါတယ်။ သူ့နာမည်က ဘုန်းကြီးကလောင်ရှင်အမည်လိုလို၊ အမျိုး သမီးကလောင်ရှင်နာမည်လိုလိုဖြစ်နေတယ်လို့ ဘေးလူတွေကပြောလာကြတာကို သူ စိတ်ညစ်ပါတယ်။ ဒါကြောင့် အမည်သစ်နဲ့ရေးဖို့လဲ တွေးတောကြံဆနေပါတယ်။

သူက ကြောက်တတ်တယ်။ တောသားဆိုတော့ လူလူချင်းလဲ ခပ်ရို့ရို့ပဲဆက်ဆံပါတယ်။ ဒါပေမဲ့ အများသိကြတဲ့အတိုင်းပါပဲ၊ စာပေအယူအဆမှာတော့ ပြတ် သားပါတယ်။ စာပေနဲ့ပြည်သူကို အကျိုးပြုချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ လို ကိုယ်ကျိုးမငဲ့တဲ့ နိုင်ငံရေးသစ္စာရှင်၊ သတ္တိခဲတွေလိုပုဂ္ဂိုလ်မျိုးတွေ့ရင်တော့ ဘဝပါပုံပြီး ရဲရင့်ပြတ်သား အားပေးထောက်ခံဖို့ ဝန်မလေးပါဘူး။

အဲဒီဘက်မှာ အလွန်သတ္တိရှိပါတယ်။ အဲသလိုသတ္တိမျိုးရှိချင်လို့တဲ့။ ‘သတ္တိ’ဆိုတဲ့ ကလောင်အမည်ကို ရွေးပါတယ်။ ဒါပေမဲ့ ပါဠိဖြစ်နေလို့ ဗမာလို ‘စွမ်းရည်‘လို့ပဲ အမည်ပေးချင်သတဲ့။ ဒီတုန်းမှာပဲ ဆရာကြီးမင်းသုဝဏ်ရဲ့

“ထိပ်ဝယ် တင်မိုး၊

ငါရှိခိုးသည်၊

မိုးသို့ ငါ့ဉာဏ်ကျယ်စေသော်…”ဆိုတဲ့ ကဗျာကို သွားတွေ့တာနဲ့ ‘တင်မိုး’လို့ပဲ ရွေးလိုက်တယ်။ ‘မောင်စွမ်းရည်’ကိုတော့ “မောင်သိန်းနိုင်ယူကွာ…”လို့ပေးတယ်။

မောင်သိန်းနိုင်ကလဲ “ငါက ‘တက္ကသိုလ်မောင်သိန်းနိုင်’ဆိုတဲ့အမည်နဲ့ အတော် ရေးမိနေပြီ။ မင်းပဲယူပါ…” လို့ ကျနော့်ဘက်ကို ထိုးပေးပါတယ်။ ဒါနဲ့ ‘မောင်စွမ်းရည်’ ကလောင်အမည်ဟာ ကျနော့်အမည်ဖြစ်လာပါတော့တယ်။

‘တင်မိုး’နဲ့ ‘မောင်စွမ်းရည်’ဟာ ညီအကို ဖြစ်သွားပါတယ်။

ဒီလိုနဲ့ စာအုပ်အမည်‘ဖလ်မီးအိမ်’၊ ရေးသူကလောင်အမည်‘တင်မိုး’ဖြစ်လာ တယ်။ ‘ကိုဘဂျမ်း‘နဲ့‘ကိုသိန်းနိုင်’တို့ ခေါင်းချင်းရိုက်ပြီး ငွေရှာကြပါတယ်။ စာအုပ် ကလေးကျိတ်ပြီး ရိုက်တယ်။ ရိုက်ပြီးမှ ကျနော့်ကိုပြတယ်။ သူတို့နှစ်ယောက်လုံး မြန်မာ စာပါမောက္ခ‘ဦးချမ်းမြ(မြကေတု)’ကို မတွေ့ရဲဘူးတဲ့။ ‘ကိုဘဂျမ်း’နဲ့အတူ ကျနော် လိုက်ပြောပေးပါတဲ့။ ပြောရမယ့်စကားတွေကိုလဲ ကျနော့်ကို ကြိုတင်ပြောပြထားတယ်။ ဖောင်အစိမ်းလေးတွေကို စာအုပ်ချုပ်ပြီး ကျနော်နဲ့ကိုဘဂျမ်း ဆရာ့ဆီသွားတယ်။

“ဆရာ- ခေတ်စမ်းခေတ်က ‘ဆရာဇော်ဂျီ’၊ ‘ဆရာမင်းသုဝဏ်’၊ ‘ဆရာမြကေတု’စတဲ့ ကျောင်းသားကဗျာဆရာတွေကို သူတို့ပါမောက္ခ-ဦးဖေမောင်တင်’က ခေတ် စမ်းကဗျာစာအုပ်ကလေးတအုပ်စုစည်းပြီး အမှာစာရေးပေးခဲ့ပါတယ်။ ဆရာကလဲ ကျနော်တို့ စာအုပ်ကလေးတွေမှာရေးပေးပါ။ ကျနော်တို့ တအုပ်ပြီးတအုပ် ထုတ်သွား ဖို့စီစဉ်ထားပါတယ်…” လို့။

အဲဒီတော့ ဆရာကြီးက “ပါမောက္ခဆိုတာ အဲသလို ရေးဖို့ မသင့်လျော်ဘူး…”တဲ့။ “မင်းက ကိုယ့်စာကိုယ်မလုပ်ဘဲ ဒါတွေဘာလို့လုပ်နေရသလဲ။ နောက်ပြီး ကဗျာစပ် နည်းလဲမစုံဘူး။ မင်းတို့က တကျပ်ခွဲနဲ့ ရောင်းမယ်ပြောတော့ ဘယ်သူမှဝယ်မှာမဟုတ် ဘူး။ ငါးမူးနဲ့ရောင်းကွယ့်…”စသဖြင့် စာအုပ်ကို လက်မနဲ့နှိပ်ပြီး ဖလပ်ဖလပ်လုပ်ရင်း ဆုံးမစကားပြောလိုက်ပါတယ်။ ဒီလိုနဲ့ တပ်ခေါက်ပြန်ခဲ့ရပါတယ်။

ကိုဘဂျမ်းက “ဦးဝက်ရေ ငါ့ကို လူထုကို ပို့ကွာ…” လို့ ခိုင်းတယ်။

ကျနော့်တူ၊ တူမတွေက ကျနော့်ငယ်နာမည်အတိုင်းခေါ်ကြသလို ကိုဘဂျမ်းက ကျနော့်ကိုခေါ်တာပါ(လွတ်လပ်တဲ့အာရှအသံမှာ ‘ကိုဝက်နဲ့ညိုညက်’ဆိုတာလဲ ကျ နော့်ငယ်နာမည်ကို အစွဲပြုရေးခဲ့တာပါ)။ ကိုဘဂျမ်းက စက်ဘီးမနင်းတတ်လို့ ကျနော် ကနင်းပြီး လိုက်ပို့ရပါတယ်။ လူထုတိုက်ကိုရောက်တော့ ကြော်ငြာဌာနကိုသွားပြီး သူ့ စာအုပ်ကြော်ငြာထည့်ပါတယ်။ ဈေးနှုန်း တအုပ်‘နှစ်ကျပ်’လို့ ထည့်လိုက်ပါတယ်။

“ဟ-ဆရာချမ်းက တအုပ်ကို ငါးမူးနဲ့ရောင်းလို့ ပြောလိုက်တာမဟုတ်လားæ” လို့ ကျနော်ကပြောတော့- “စပ်နည်းစုံအောင်လုပ်ပြီး ကဗျာတွေထည့်ဦးမှာ၊ ဘာတွေ ထည့်ရင်ကောင်း မလဲ…”တဲ့။ ကျနော်နဲ့သူ နှစ်ယောက်ထဲ အတူနေတဲ့အိမ်ကလေး ‘တမာရိပ်သာ’ကို ပြန်ခဲ့ပြီး ကဗျာသစ်တွေ စပ်တော့တာပဲ။

တမာရိပ်သာရဲ့အောက်ထပ်မှာ ကဗျာဆရာ‘မောင်စန်းသော်’အပါအဝင် မြင်းခြံ ဘက်က ဆေးကျောင်းသားငယ်တွေ နေကြပါတယ်။ သူနဲ့ကျနော်က အပေါ်ထပ်ကြမ်း ပြင်မှာ ဝါးဖျာခင်းပြီး နှစ်ဦးတည်းနေကြပါတယ်။ ‘နွယ်သာကီသံဖြတ်’ကဗျာအသွားနဲ့ စပ်တဲ့ ‘ရေနီမြောင်းကဗျာ’ဟာ ကျနော်ပြောလို့စပ်တာပါ။

“ဇာတိမာန်ကဗျာတွေလဲ ပါပါစေ…”လို့ ကျနော်ပြောလို့ “ဖေဖေ့လက်ဆောင်၊ ဓါးရောင်နဲ့ဖွေး၊ ငှက်ကြီးတောင်ဆိုလေလား ဆောင်ဓားကွဲ့လေး…” အစချီပြီး ဇာတိ မာန်ကဗျာရှည်ကြီးတပုဒ်စပ်ဖို့ ကြိုးစားနေပါတယ်။ အချိန်က သန်းခေါင်ကျော်နေပါပြီ။ သူအိမ်သာသွားတက်ဖို့ဆင်းအသွား ကျနော်က တရေးနိုးလာလို့ ထ,ဖတ်ကြည့်မိ ပါတယ်။

“ဖေဖေ့ရဲ့လက်ဆောင် ဓါးရောင်ကဖွေး”ကို “ဖေဖေ့ရဲ့လက်ဆောင်၊ ပေါင်ခြံက ဂွေး”လို့ပြင်ရေးထားလိုက်ပါတယ်။ သူပြန်တက်လာတော့ အလွန်စိတ်ဆိုးပါတယ်။ ဆက်စပ်မယ်လို့ကြံတိုင်း ကျနော်ဖြည့်ထားတဲ့စကားလုံးတွေက ဝင်ရှုပ်နေလို့ ရှေ့မတိုး နိုင်တော့ဘူးတဲ့။ ဒါနဲ့ အဲဒီကဗျာပျက်သွားခဲ့ပါတယ်။ ဒါက ကျနော် သူ့ကိုနှောင့်ယှက်ပုံ နမူနာတခုသာ ပြလိုက်တာပါ။ တခြားလဲ အများကြီးရှိပါသေးတယ်။

အဲဒီလို ‘ဖလ်မီးအိမ်’စာအုပ်ပြင်ဆင်နေရင်းက စာအုပ်အမှာစာကို ‘ဆရာဇော်ဂျီ’၊ ‘ဆရာမင်းသုဝဏ်’၊ ‘ဆရာဒဂုန်တာရာ’တို့ဆီကိုသွားတောင်းဖို့ အကြံရတယ်။ ကျ နော့်ကိုပဲလွှတ်ဖို့ အကြံရပါတယ်။ ဒါကြောင့် ငွေရှာနေရင်း ကဗျာတွေ ထပ်စပ်ပါတယ်။ တနေ့တော့ မန္တလေး ယိုးဒယားဈေးနားက သူ့အမအိမ်မှာနေတဲ့ ‘ကြည်အောင်’ လာလည်ပါတယ်။ တနေကုန် စကားတွေပြောကြတော့ ကြည်အောင်က ပြန်ခါနီးမှာ “ကဲ- ဆေးလိပ်လဲတိုပြီ၊ နေလဲညိုပြီ။ ငါပြန်တော့မယ်…” လို့ နှုတ်ဆက်ပါတယ်။ ကိုဘဂျမ်းက ကပျာကရာတားပါတယ်။ စာရွက်ပေါ်မှာ တစုံတရာချရေးလိုက်ပြီး “နားထောင်…” လို့ ပြောပါတယ်။

ခါင်းစဉ်က “ဧည်သည်ကြီး” တဲ့။

“ဆေးလိပ်လဲတို၊

နေလဲညိုပြီ၊

ငါ့ကို ပြန်ပို့ကြပါလေ”တဲ့။

ကြည်အောင်ရဲ့စကားဟာ ကဗျာကြီးတပုဒ်ဖြစ်သွားခဲ့ပါတယ်။ ကျနော်က “ကိုဘဂျမ်းရေ၊ အဲဒီကဗျာကို ဖလ်မီးအိမ်ထဲထည့်ရိုက်မှာနော်” လို့ပြောတော့ “ဟာကွာ၊ တောက်တီးတောက်တဲ့။ မလုပ်ပါနဲ့…” တဲ့။

“မရဘူး၊ ထည့်ရမယ်။ ဒါ ခင်ဗျားရေးသမျှထဲမှာ ကျုပ်အကြိုက်ဆုံးပဲ၊ အဲဒီကဗျာမပါ ရင် ရန်ကုန်ကိုမသွားဘူး…”လို့ပြောလိုက်တော့- “ကဲ ကဲ ထည့်ပါဗျာ၊ ထည့်ပါဗျာ…”ဆိုပြီး ပေးပါတယ်။

ကဗျာတွေ ဖြည့်ရိုက်ပြီးတော့ ရန်ကုန်ကို ကျနော်ဆင်းသွားပါတယ်။ ဆရာဒဂုန်တာ ရာနဲ့၊ ဆရာနတ်နွယ်တို့က ဒီအကြောင်းကို(ကျနော်နဲ့စတွေ့ပုံကို)နှစ်ခါထက်မနည်း ရေးဖူးပါတယ်။ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့က အမှာစာရေးမပေးလိုက်ပါဘူး။ “ငါတို့က စာပေဗိမာန်ကဗျာ ဆုရွေးချယ်ရေးအဖွဲ့မှာ ပါနေလို့ပါ..” တဲ့။

ဒါပေမဲ့ အမှာစာထက်အရေးကြီးတဲ့ စာတိုတစ်စောင်ကို ရေးပေးလိုက်ပါတယ်။ “ဗမာပြည်ရဲ့ စာပေလောကမှာ ကဗျာစာဆိုကောင်းတယောက် ထွန်းပေါက်လာပြီမို့ ဝမ်းမြောက်ကြောင်း”လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီစာကိုရတော့ ကျနော်တို့ဝမ်းသာ ကြတယ်။ ကျနော်တို့ဆရာရင်း ‘ဦးမောင်မောင်တင်’ကလဲ အဲဒီစာကိုယူသွားပြီး မြန် မာစာပါမောက္ခ‘ဦးချမ်းမြ(မြကေတု)’ကို ပြပါတယ်။ ဆရာကြီး‘မြကေတု’က “ဆရာ ကိုသိန်းဟန်(ဆရာဇော်ဂျီ)က ဒီလို ဘယ်သူ့ကိုမှမရေးဖူးဘူး။ အတော် အံ့သြစရာ ကောင်းတာပဲ” လို့ ထုတ်ဖေါ်ပြောပါတယ်။ စာပေလောကမှာ တခါမှမကြားဖူးသေးတဲ့ ကိုဘဂျမ်းခေါ်‘တင်မိုး’ဟာ ဒီလိုနဲ့ ‘စာပေဗိမာန်ဆု’ခေါ် ‘အမျိုးသားစာပေဆု’ကို ကျောင်းသားဘဝမှာပဲ ဆွတ်ခူးခဲ့ပါတယ်။

နာမည်ကျော် ကဗျာဆရာ ၃-၄ ဦးလောက်ကို ကျော်ပြီး ပေးခဲ့တာပါ။ တချို့က ဆရာဇော်ဂျီတို့ရဲ့ တပည့်ရင်းတွေပါ။ တဦးကဆိုရင် ‘လောကမျက်ကန်း’ဆိုပြီး စာအုပ် တအုပ် ရေးထုတ်တိုက်ခိုက်ရင်း မကျေနပ်ကြောင်း ဆန္ဒပြပါတယ်။

မကျေနပ်တဲ့ကဗျာဆရာကို ဆရာဇော်ဂျီက သူ့အိမ်ကိုဖိတ်ခေါ်ပြီး ထမင်းကျွေးရင်း ဆွေးနွေးပေးပါတယ်။ “ရှေးတုန်းကတော့ မြန်မာစာပေဆိုတာ အညာကပညာရှင်တွေ က ရေးခဲ့ကြတာ။ ဒါကြောင့် မြန်မာစာပေဟာ အညာပတ်ဝန်းကျင်ရေမြေတော တောင်တွေအကြောင်းနဲ့ အညာကခံစားမှုတွေဖြစ်နေကြတယ်။ နောက်ထပ် ခေတ်အ ဆက်ဆက် အညာသားတွေက ရှေးစာပေတွေကို ဖတ်ရှုလေ့လာကြတယ်။ သူတို့က မပင်မပန်း နားလည်နိုင်ကြတယ်။ ကျုပ်တို့အောက်သားတွေက သူတို့ရေးတဲ့ ထ နောင်းပင်တို့ ခအောင်း၊ ကညင်တို့ဆိုတာတွေကို သူတို့လို မခံစားနိုင်ကြဘူး။ မမြင်ဖူး မကြားဖူးတာတွေကို ခက်ဆစ်ထုတ်လေ့လာကြရတယ်။ ကဗျာဆိုတာ ဘာသာစကား အလုပ်ပဲ၊ မန္တလေးကျောင်းသားတွေက မြန်မာဘာသာစကားကို ကောင်းကောင်းနိုင် နင်းကြတယ်။ နောက်ထပ်လဲ မန္တလေးတက္ကသိုလ်ကထွက်လာမယ့် ကဗျာဆရာတွေလဲ အများကြီးပဲ၊ ဝမ်းသာစရာပဲ…”လို့ ရှင်းပြလိုက်ကြောင်း ကြားရတယ်။

ရှင်းပြတာကြားနာရတဲ့ ကဗျာဆရာကလဲ ကျေနပ်ပါတယ်။ တခြား သူ့မိတ်ဆွေ စာရေးဆရာတွေကိုလဲ နောင်အခါ ပြန်လည်ဖေါက်သည်ချလို့ ကျနော်တို့လဲ ပြန်ကြား ပါတယ်။ ဆရာဇော်ဂျီပြောခဲ့သလိုပဲ ‘တင်မိုး’ပြီးတော့ နောက်ထပ် ၄ - ၅ ယောက် လောက် ဆက်လက်ပြီး မန္တလေးတက္ကသိုလ်ကပဲ စာပေဆုတွေရကြပါတယ်။ ကဗျာ ဆုတွေအပြင် ကလေးကဗျာဆု ရသူရ၊ သုတေသနဆုရသူလဲ ရကြပါတယ်။

ကိုဘဂျမ်း(တင်မိုး)ဆုရတော့ လူထုတိုက်ခေါင်မိုးပြန့်ပေါ်မှာ ဂုဏ်ပြုပွဲလုပ်ပါတယ်။ ဆရာကြီး‘ရွှေဥဒေါင်း’နဲ့ ‘ဦးညိုမြ’လဲ တက်ရောက်ပါတယ်။ မုံရွာသားပညာရှိ‘ဦးတင် ထွတ်’က လန်ဒန်မှာပြောလေ့ရှိတဲ့စကားဆိုပြီး ‘ဆရာဇော်ဂျီ’ရှင်းပြတဲ့စကားအတိုင်းပဲ ‘ဦးညိုမြ’ကလဲ ပြောသွားပါတယ်။(ဦးတင်ထွတ်စကားကို သမိုင်းပါမောက္ခ‘ဒေါက်တာ သန်းထွန်း’ကလဲ သူ့ဆောင်းပါးတပုဒ်မှာ ဖောက်သည်ချဖူးပါတယ်)

ဆရာကြီး‘ရွှေဥဒေါင်း’က ဆရာကြီး‘သခင်ကိုယ်တော်မှိုင်း’ရဲ့ကဗျာကလွဲပြီး ဘယ် သူ့ကဗျာမှမကြိုက်သူပါ။ ‘တင်မိုး’ရဲ့‘ဖလ်မီးအိမ်’ကဗျာကိုဖတ်ပြီး “ကဗျာဆရာဆို တာလဲပဲ သူ့နည်းနဲ့သူ သစ္စာတရားကိုရှာဖွေသူ”လို့ သဘောပေါက်သွားသတဲ့။ ဒါကြောင့် မကြာခင်ပဲ ဆရာကြီးက တင်မိုး သူ့အိမ်ကို ထမင်းစားကြွဖို့ ဖိတ်ပါတယ်။

ဆရာကြီးရွှေဥဒေါင်းကဗိုလ်ဆန်ပါတယ်။ အချိန်တိကျတာကိုကြိုက်ပါတယ်။ ဖိတ် ထားတဲ့အချိန်ထက် နည်းနည်းနောက်ကျလို့ ဖိတ်ထားတာဖျက်ပြီး လမ်းလျှောက် ထွက်သွားခဲ့ပါတယ်။ ‘ဓါးတန်းဦးသန့်’ခေါ် ‘မြို့မဦးသန့်’က နိုင်ငံတကာဓါတ်ပုံဆုတွေ ရခဲ့သူပါ။ သူကလဲ ‘တင်မိုး’ကို ‘ဖလ်မီးအိမ်’ဓါတ်ပုံတခု အထူးတလည်ရိုက်ပြီး လက် ဆောင်ပေးဖူးပါတယ်။

ရန်ကုန်ကဆုပေးပွဲကို ကိုဘဂျမ်းက ကျွန်နော်ကိုပဲ ခေါ်သွားပါတယ်။ ရန်ကုန်မှာ ဆရာကြီးတွေကို တွေ့ဆုံဂါရဝပြုပါတယ်။ သူ့ညီအရင်းလိုချစ်ခင်တဲ့ ကိုဘမော်ကြီး (ဇဂျမ်းကန်မြဲကပါပဲ)နဲ့ တခါတရံထွက်လည်ရင် ကျနော့်ကိုထားခဲ့ပါတယ်။ စာပေဝါ သနာရှင် ‘တိုင်းရင်းမေမြင့်စံပယ်’အမည်ခံတဲ့ ‘မမြင့်မြင့်စန်း’အမည်ရှိ ရန်ကုန်သူတဦးနဲ့ မိတ်ဆက်တွေ့ဆုံပေးလို့ သမီးရည်းစားဖြစ်သွားခဲ့ပါတယ်။ အဲဒီ‘မမြင့်မြင့်စန်း’ဟာ ‘မိုးမိုးနှင်း’၊ ‘မိုးချိုသင်း’စတဲ့ မိုးငါးမိုးတို့ရဲ့မိခင်ဖြစ်လာပါတယ်။

ူအိမ်ထောင်ကျတော့ ကျနော်လဲအိမ်ထောင်ကျပြီး မန္တလေးမှာအတူတူ တအိမ် တည်းနေခဲ့ကြဖူးပါတယ်။ အလွတ်ကျောင်းတခုမှာ စာအတူပြကြပါတယ်။ စာအုပ်ထုတ် ဝေရေးလုပ်ငန်းတွေ အကြိမ်ကြိမ်စမ်းသပ်ခဲ့ပြီး နောက်ဆုံး ‘ဖလ်မီးအိမ်စာအုပ်တိုက်’ ထူထောင်ခဲ့ပါသေးတယ်။ မောင်စွမ်းရည်ရဲ့ ‘အနီနဲ့ အပြာ’ကဗျာစာအုပ်ကို ကိုဘဂျမ်း (တင်မိုး)နဲ့ တောင်သာသား သူငယ်ချင်း‘ကိုညိုကြီး’တို့က စုစည်းထုတ်ဝေခဲ့ပါတယ်။ သူငယ်ချင်း‘မောင်သာနိုး’ရဲ့ ဘာသာပြန်ကိုလည်း ကိုဘဂျမ်းပဲ စီစဉ်ထည့်သွင်းပေးခဲ့ပါ တယ်။ အဲဒါက ၁၉၆၄ အမျိုးသားစာပေဆုရ စာအုပ်ပါ။ ဒေါ်ဒေါ်(လူထုဒေါ်အမာ) ဘာသာပြန်ခိုင်းလို့ ကျနော်ဘာသာပြန်တဲ့ ‘ဟိုချီမင်း’ရဲ့ ‘အကျဉ်းထောင်ကပုလွေသံ’ ကဗျာစာအုပ်ကိုတော့ သူ့တဦးတည်းပိုင် ဖလ်မီးအိမ်တိုက်က ထုတ်ပေးတယ်။ ပန်းချီ ‘အောင်စိုး’လက်ရာ မျက်နှာဖုံးနဲ့ပါ။

‘ဖလ်မီးအိမ်’ပထမပုံနှိပ်စာအုပ်ရဲ့ မျက်နှာဖုံးကို ရွှေဘိုသားစိန်မောင်က ရေးဆွဲပေး ပါတယ်။ စိန်မောင်က မန္တလေးအမှတ် ၁ အစိုးရ အထက်တန်းကျောင်းထွက်ပါ။ ကျနော် နဲ့တွဲပြီး အမှတ် ၁ ကျောင်းသားဟောင်းများ နံရံကပ်စာစောင်ထုတ်ရာမှာ ကျနော်က အယ်ဒီတာ၊ သူက ပန်းချီသရုပ်ဖော်လုပ်ပါတယ်။

ဖလ်မီးအိမ်မျက်နှာဖုံးကို သူဆွဲပေးပါတယ်။ ‘အနီအနက်’နဲ့ပဲ ‘ဖလ်မီးအိမ်’ပုံလေး ဆွဲပေးတယ်။ ပန်းချီအောင်စိုးဟန်အတိုင်းရေးဆွဲတာမို့ ကျနော်တို့ အလွန်သဘောကျပါတယ်။ ‘ဖလ်မီးအိမ်’ကို ‘ကဲနက်ဘစိန်’က ဘာသာပြန်ပေးလို့ နောက်တကြိမ်ထုတ် တော့ ကိုပေါ်ဦးသက်ရဲ့ ပန်းချီအဖုံးနဲ့ထုတ်ပါတယ်။

‘ဖလ်မီးအိမ်’ကဗျာစာအုပ်ဟာ အကြိမ်ကြိမ်ပြန်လည်ထုတ်ဝေခဲ့ရပြီး ထုတ်တိုင်း ရောင်းမလောက်ပါဘူး။ ကုန်တာချည်းပါပဲ။ အိန္ဒိယပြည်ရောက် ‘ဦးမောသီရိ’က အိန္ဒိ ယလိုပါ ဘာသာပြန်ပြီးထုတ်ပါတယ်။ အိန္ဒိယဘာသာစကားနဲ့ ပထမဆုံးထုတ်ဝေဖူး တဲ့ မြန်မာကဗျာစာအုပ် ဖြစ်ပါတယ်။

ကျနော်အမေရိကားကိုရောက်တော့ အဲဒီဘာသာပြန်ကို ‘မရွှေစင်ဦး’(အိုအက်စ်အိုင်)က လက်ဆောင်ပေးလို့ ကျနော်ရပါတယ်။ အဲဒီစာအုပ်ထုတ်တာလဲ သူမသိလိုက်၊ သူလဲမရလိုက်ဘူးလို့ဆိုတာနဲ့ ကျနော်သူ့ကိုလက်ဆောင်ပေးလိုက်ပါတယ်။ သူရဲ့ ‘လှေတစင်းနဲ့သီချင်းသည်’ကဗျာစာအုပ်ကိုလဲ ‘ဦးမောသီရိ’က မောင်သာနိုး ဘာသာပြန်မူအတိုင်း ပြန်ထုတ်တယ်။ သူမရဘူးတဲ့။ ကျနော်ရတာကိုပဲတောင်းလို့ ပေးလိုက်ရပါတယ်။

‘ဖလ်မီးအိမ်’ငွေရတုပွဲကို သူငယ်ချင်း‘ဂုဏ်ထူးသိန်းနိုင်’က လုပ်ပေးပါတယ်။ မောင်သိန်းနိုင်ရဲ့တပည့် ‘ထွဏ်းနွယ်’ရဲ့ ရန်ကုန်သုဝဏ္ဏက ခြံကျယ်ကြီးထဲမှာ လုပ်ပါတယ်။ အိမ်ခြံဝင်းပတ်ဝန်းကျင်မှာ ကြိုးတန်းလုပ်ပြီး ဖလ်မီးအိမ်ကလေးတွေ ချိတ်ဆွဲထားပါတယ်။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာဒဂုန်တာရာ၊ ဆရာမင်းယုဝေ တို့ တက်ရောက်ကြပါတယ်။ ‘ဖလ်မီးအိမ်’မျက်နှာဖုံးပန်းချီဆရာ‘စိန်မောင်’၊ မန္တလေး တကသဥက္ကဋ္ဌ‘ကိုစောလွင်’(လူထုကိုတောလူ)၊ ‘မောင်သာနိုး’နဲ့ ‘ကဗျာဆရာဝင်းကြွယ်’တို့လဲ ပါရှိပါတယ်။ ဖိတ်ကြားထားသူကလဲ ၁ဝ ယောက်လောက်ပဲရှိပါတယ်။ သဘာပတိက ‘ဆရာဇော်ဂျီ’၊ အခမ်းအနားမှူးကတော့ သူအမြဲပါစေချင်တဲ့ ‘မောင်စွမ်းရည်’ပါပဲ။ ‘ဖလ်မီးအိမ်ရွှေရတု’ကိုတော့ မောင်စွမ်းရည်ကပဲ သဘာပတိ လုပ်ရမယ် ထင်ပါတယ်။ ၂ဝဝ၉ မှာပေါ့။

ခုအခါ ကိုဘဂျမ်း(တင်မိုး)ကွယ်လွန်တော့ သူ့ဖလ်မီးအိမ်ငယ်သူငယ်ချင်းတွေ ထဲက ‘ကိုဝင်းဖေ’(ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီဆရာ)နဲ့ ကျနော်တို့နှစ်ဦးပဲ သင်္ဂြိုဟ်ခွင့်ရပါတယ်။ ကြီးမှဆုံရတဲ့ လူငယ်ထုကလဲ သူကွယ်လွန်တော့ ‘ဖန်မီးအိမ် ဖောင်ဒေးရှင်း’ထူထောင်ကြမယ်လို့ ကြေငြာပါတယ်။

တင်မိုးထုတ်ခဲ့ကဗျာတွေဟာ ဘယ်သူနဲ့မှမတူအောင် များပြားလှပါတယ်။ ဒါပေမဲ့ လူငယ်တွေ ‘ဖလ်မီးအိမ်’ကိုပဲ တန်းတန်းစွဲ ဖြစ်နေကြပုံရပါတယ်။ ကျွန်တော်ကလဲ ‘ကိုဘဂျမ်း’(တင်မိုး)ရဲ့ ကဗျာစာအုပ်တွေထဲမှာဆိုရင် ‘ဖလ်မီးအိမ်’ကို အကြိုက်ဆုံးလို့ ကိုဘဂျမ်းကို ပြောဖူးပါတယ်။ ‘ဖလ်မီးအိမ်’ကဗျာတွေဟာ တကယ့် သူရဲ့ပင်ကိုစရိုက်က ထွက်ပေါ်လာတဲ့ကဗျာတွေလို့ ကျနော်ခံစားမိပါတယ်။ ရာသီစာတွေမပါဘူး။

‘လှေတစင်းနဲ့ သီချင်းသည်’ဆိုတဲ့ သူရဲ့ဒုတိယကဗျာစာအုပ်ထုတ်ဝေတဲ့အခါ (၁၉၆၃)မှာ ကျနော့်ကို အမှာစာရေးခိုင်းတယ်။ ကျနော်က ‘မတန်မရာ’လို့ အောက် မေ့တဲ့အတွက် ငြင်းပေမဲ့မရဘူး။ ဒါနဲ့ ရေးဖြစ်အောင်ရေးရတယ်။ အမည်မထည့်ရဲလို့ ‘သူငယ်ချင်းတဦး’လို့ပဲ ရေးပေးလိုက်တယ်။

အဲဒီမှာ သူ့ရဲ့ဘဝအမြင်ကို ဆန်းစစ်ပြဖူးတယ်။ သူက ခေတ်သစ်ကဗျာဆရာတွေ ထဲမှာ ဆရာဇော်ဂျီကို အကြိုက်ဆုံးလို့ဆိုတယ်။ ဇော်ဂျီဒဿနဟာ ‘မိုးစွေငှက်’ကဗျာ ထဲက ‘အရွယ်အဟန့်၊ လက်မခန့်လည်း၊ မိုးယံ့ခွဲမည် ထင်မိသည်’ ဆိုတဲ့သဘောကို ‘အရွယ်ငယ်ပေမဲ့ အားမာန်ကဖြင့် ကြီးပါပေတယ်’လို့ ကျူးရင့်တဲ့ သဘောရှိပါတယ်။ တင်မိုးမှာ ခေတ်စမ်း(အထူးသဖြင့်ဆရာဇော်ဂျီ)ရဲ့ အရိပ်သြဇာလွှမ်းနေတယ်။ ‘အရွယ်ငယ်ခြင်း’ဆိုတာကို ဆရာဇော်ဂျီထံကရတယ်။ ဒါပေမဲ့ ဇော်ဂျီဒဿနကလာတဲ့ ‘အားမာန်’မဟုတ်ဘဲ ‘တင်မိုးဒဿန’ကိုယ်ပိုင်ဖြစ်လာတယ်။

ငယ်ပေမဲ့ ငယ်တဲ့အလျောက် သူ့ဂုဏ်နဲ့သူရှိတယ်ဆိုတဲ့ ဘဝအမြင်ပါ။ ‘အလှကိုယ် စီ’ဆိုတာ အဲဒါပါပဲ။ နှစ်ပေါင်း ၅ဝ ကျော်လောက်ရှိပြီဆိုတော့ သူ့ကဗျာတွေကို အလွတ်မရတော့ပါ။ ဒါနဲ့ သူ့ကဗျာတွေကို စုဆောင်းထားတဲ့ အယ်လ်အေက ‘ကိုအေးဝင်း’ဆီက ဖလ်မီးအိမ်စာအုပ်အဖုံးနဲ့ ကဗျာစာသားကို လှမ်းတောင်းရပါတယ်။ ဖလ်မီးအိမ်စာအုပ်ကို ဖလ်မီးအိမ်ကဗျာနဲ့ပဲ ဖွင့်ပါတယ်။


ဖလ်မီးအိမ်

ဖလ်မီးအိမ်သည်…

ကြောင်လိမ်နွယ်ဆင့်၊ နန်းအိမ်မြင့်မှာ

ထွန်းတင့်နိုင်မည် မဟုတ်ပါ။

ဖလ်မီးအိမ်သည်…

တိမ်လွှာကိုစား၊ လ ရထားဖြင့်

ဝင့်ကြွားစွာလျင်၊ ခရီးနှင်သည်

သခင်တို့မြန်း၊ ပန်းခင်းလမ်းတွင်

ညှိထွန်းနိုင်မည် မဟုတ်ပါ…။

ဖလ်မီးအိမ်သည်…

မငြိမ်မသက်၊ စိတ်ယောက်ယက်နှင့်

လမ်းပျက်တူရူ၊ ရောက်လာသူကို

အားကူမျှသာ ထွန်းမည်တည်း…။

သူ့အဆင်းသည်…

နေမင်းပမာ၊ သူ့အားသူ့မာန်

သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ

ဤလောကကို…

အလှဆင်လိုဟန်တကား။ ။

တင်မိုးရဲ့ဖလ်မီးအိမ်ဟာ ဗမာနိုင်ငံစာပေကောင်းကင်ကြီးတခုလုံးကို လင်းချင်းစေခဲ့ပါပြီ။ စစ်အာဏာရှင်တွေဟာ ပြည်သူ့စာဆိုတွေကို မလိုမုန်းထားစော်ကားခဲ့ကြတဲ့အတွက် ‘ပူဇာစပူဇနေယျာနံ’ဆိုတဲ့ မင်္ဂလာတရားပျက်ယွင်းခဲ့တာ အခါခါပါပဲ။ ဒီလို ဖြစ်ရပ်တွေဟာ ကမ္ဘာ့စစ်အာဏာရှင်တွေအုပ်စိုးတဲ့နိုင်ငံတိုင်းမှာ ဖြစ်ပျက်နေပါတယ်။

ဗမာပြည်မှာ တင်မိုးရဲ့နာရေးသတင်းကို စစ်အုပ်စုကထည့်ခွင့်မပေးဘူး။ တကမ္ဘာ လုံးသိနေတဲ့သတင်းကို ဖုံးကွယ်ထားတာဟာ ဘာမှအကျိုးမရှိဘဲ ရာဇာဝင်အမည်းကွက်ပဲ ဖြစ်ရစ်မှာပါ။

ပြည်သူ့စာဆိုဟာ သူ့တိုင်းပြည်မှာ ခေါင်းချခွင့်မရခဲ့ပါ။ ‘ပြာ’ကိုတောင် ကြောက် တဲ့ လူတွေဟာ စာဆိုရဲ့ပြာကိုတောင် လက်မခံဝံ့ရှာပါ။ နောင်တခေတ်မှာဆိုရင်တော့ ရန်ကုန်မြို့တော်ရဲ့ ဒီမိုကရေစီရင်ပြင်မှာ တင်မိုးရဲ့ပြာကို ဌာပနာထားတဲ့ ကျောက်တိုင် ထက်မှာ ထာဝရဖလ်မီးအိမ်ကြီး ထွန်းညှိကြပေလိမ့်မယ်။ မန္တလေးတက္ကသိုလ်မှာရော ကန်မြဲဇဂျမ်းမှာပါ စာဆို ကြေးရုပ်၊ စာဆိုကျောက်တိုင်တွေ စိုက်တူကြပါလိမ့်မယ်။

ာဆိုရဲ့ပြာကိုတောင်ကြောက်တဲ့ စစ်ဗိုလ်တွေကတော့ သေနတ်ကိုဖက်ရင်း အိပ် ရေးပျက်နေကြပေလိမ့်မယ်။ ‘အာဇာနည်မျိုး သေရိုးမရှိ’ဆိုတဲ့ တင်မိုးရဲ့စကားအတိုင်း အာဇာနည်တွေဟာ သေရိုးမရှိပါ။ ပြည်သူ့စာဆိုတွေဟာ ပြည်သူ့နှလုံးသားမှာ ထာဝ စဉ်ထွန်းတောက်နေမှာပါ။ အာဏာရှင်အမျိုးမျိုး သမိုင်းအမှိုက်ပုံထဲမှာ နစ်မြုပ်သွားကြမြဲပါ။ ဒါဟာ သမိုင်း သစ္စာပါ။

ဖန်မီးအိမ် အမှောင်ခွင်း၊ မှောင်လေ လင်းလေ လင်းထက်လင်း ပါလိမ့်မယ်။

(မှတ်ချက်။ ။ ဖလ်မီးအိမ်ကို တင်မိုးရဲ့မူရင်းကဗျာစာအုပ်မှ စာလုံးပေါင်းအတိုင်း ‘ဖလ်မီး အိမ်’လို့ဖော်ပြထားပါတယ်။ ဖလ်မီးအိမ်ကဗျာမှ စာလုံးပေါင်းသတ်ပုံများဟာလည်း မူရင်းစာအုပ်ပါ စာသားများအတိုင်းဖြစ်ပါတယ်။)
၂၀၀၇ ခုနှစ်ထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၄၊ အမှတ် ၃ တွင် ဖော်ပြခဲ့သော ဆရာစွမ်း၏ “ဖလ်မီးအိမ်ကို ထွန်းညှိခြင်း”ဆောင်းပါးကို ပြန်လည်ဖြော်ပြခြင်းဖြစ်ပါသည်။

Friday, May 16, 2008

ရန်သူမျိုးငါးပါး၊ ဒို့အရေးလေးပါး၊ ကပ်သုံးပါး(မောင်စွမ်းရည်)


ရန်သူမျိုးငါးပါးဆိုတာ ရေဘေး၊ မီးဘေး၊ မင်းဆိုးဘေး၊ သူခိုးဓားပြဘေးနဲ့၊ ကိုယ့်ကိုမုန်းတဲ့သူရဲ့ ဘေးဆိုတာ ဗမာတိုင်းသိတယ်။ ကပ်သုံးပါးဆိုတာ အသက်ဘေး၊ အငတ်ဘေးနဲ့ ရောဂါဘေး တို့ပါပဲ။ သတ္တန္တရကပ်။ ဒုဗ္ဘိခန္တရကပ်၊ ရောဂန္တရကပ် လို့ ပါဠိလိုပဲ ခေါ်လေ့ရှိပါတယ်။ ဒီလို ဘေးရန် တွေနဲ့ ကပ်ကြီးသုံးပါး ကျော်နင်းနိုင်တဲ့သူ ဖြစ်ရပါလို၏လို့ ဗမာတွေ ဆုတောင်းလေ့ရှိကြပါတယ်။

အပြည့်အစုံသို့...
(ကိုရဲ - သွေးသစ်)

Wednesday, May 7, 2008

ကျနော်တို့ရဲ့ အမေ ဘ၀တပါး ပြောင်းသွား ကွယ်လွန်ခဲ့ပေမယ့်(မောင်စွမ်းရည်)


ကျနော်တို့ဆိုတာ ပြည်ပ(အမေရိကန်ပြည်ထောင်စု)ကိုရောက်လာကြတဲ့ မန္တလေးတက္ကသိုလ်ထွက်၊ လူထုတိုက် ထွက် စာပေသမားတွေကိုဆိုလိုပါတယ်။ အသက်အကြီးဆုံးကစပြီးပြောရရင် - မောင်သာရ၊ တင်မိုး၊ ၀င်းဖေ၊ မောင်စွမ်းရည်တို့ လေးဦးဖြစ်ပါတယ်။ မောင်သာရကို ရန်ကုန်ရှုမ၀မဂ္ဂဇင်းကြီးက စင်တင်ပေးလိုက်လို့ မောင် သာရရယ်လို့ ကလောင်တလက်ဖြစ်လာရပေမဲ့ သူလဲ မန္တလေးမှာနေစဉ်က လူထုဂျာနယ်မှာကဗျာရေးပြီး က လောင်သွေးခဲ့သူဖြစ်ပါတယ်။ သူပြည်ပကိုထွက်မလာခင်က ဒုလ္လဘရဟန်းဝတ်ချင်တယ်ဆိုတော့လဲ သူ့ကို အမေလူထုဒေါ်အမာကပဲ သင်္ကန်းစည်းပေးခဲ့တာပါ။ ရဟန်းအမ ဖြစ်ခဲ့ပါတယ်။


ကိုဝင်းဖေကတော့ အမျိုးသားကျောင်းဆရာကြီးရွှေပြည်ဦးဘတင်ရဲ့သားပါ။ ဦးဘတင်က သမိုင်းပညာ ရှင်၊ စာပေပညာရှင်၊ မဟာဂီတပညာရှင်ကြီးတဦးလဲဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးဟာ အမေမာရဲ့ဆရာရင်းပါ။ ကို ၀င်းဖေက လူထုသတင်းစာမှာ ပေါ်ဦးသက်နဲ့အတူ လူထုပန်းချီဆရာ၊ ကာတွန်းဆရာအဖြစ် လခစားလုပ်ခဲ့တဲ့ အပြင် နိုင်ငံခြားသတင်းအယ်ဒီတာအဖြစ် အမေလူထုဒေါ်အမာကလွှဲပေးတာကိုလဲ ခေတ္တခံယူဖူးပါတယ်။ လူထု တိုက်မှာ သားတယောက်လိုနေခဲ့တာပါ။
တင်မိုးက လူထုဂျာန
ယ်မှာ ၁၉၄၇ လောက်ကတည်းက မောင်ဘဂျမ်း၊ ကိုရင်ဂျမ်း၊ ကန်မြဲနန်းမြင့်နွယ် စတဲ့ အမည်အမျိုးမျိုးနဲ့ ကဗျာတွေရေးခဲ့ပြီး လူထုသတင်းစာ တနင်္ဂနွေအချပ်ပိုမှာ ကဗျာကဏ္ဍကိုကိုင်ရသူဖြစ် ပါတယ်။ ကျနော်က လူထုမှာ ကဗျာတွေနဲ့ စာပေဆောင်းပါးတွေရေးပြီး လူထုစာအုပ်စင် ကဏ္ဍတခုကို တာဝန် ယူရင်း စာအုပ်ဝေဖန်ချက်တွေရေးလာခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် အမေလူထုဒေါ်အမာက ကျနော်တို့အပေါ်မှာ သံယောဇဉ်ကြီးပြီး ကျနော်တို့ကလဲ အမေနဲ့အဆက်မပြတ်ခဲ့ပါဘူး။
အမေက မဂ္ဂဇင်းတွေမှာ စာမရေးနိုင်ပေမဲ့ ကျနော်တို့ဆီကို လူကြုံနဲ့စာရေးခဲ့ပါတယ်။ “မင်းတို့အသံတွေကို ငါ တနေ့မပြတ်နားထောင်နေတယ
်...”ဆိုတာကို စာနဲ့လဲရေး၊ ဖုန်းနဲ့လဲပြောပါတယ်။ သူ့စာနိဂုံးချုပ်ရင် “ငါတို့ တနေ့ပျော်ပျော်ပါးပါးပြန်ဆုံကြမယ်...”ဆိုတာပါရှိမြဲပါ။ ဒါက ကျနော်တို့လေးဦးနဲ့ အမေမာတို့မိသားစုဆက်ဆံ ရေးအကြောင်းသက်သက်ဖြစ်ပါတယ်။


အမေလူထုဒေါ်အမာကို ကျနော်တို့နဲ့တကွ အများပြည်သူက အမေအဖြစ်ဘာကြောင့်လေးစားရသလဲဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဘွဲ့၊ သီချင်းတပုဒ်ထဲက
“ရာဇ၀င်အတ္ထုပ္ပတ္တိလဲရှိရမယ်၊ မော်ကွန်းလဲထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်” - ဆိုတဲ့အတိုင်း “ရာဇ၀င်အတ္ထုပ္ပတ္တိ” ရှိလို့ပါပဲ။
(၁)အမေလူထုဒေါ်အမာဟာ ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်းစတဲ့ ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားများနဲ့ အတူ သပိတ်မှောက်ရာမှာ ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်ပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ(ဗကသ) ဖွဲ့စည်းရာမှာလဲ ဦးဆောင်ပါဝင်ခဲ့သူတဦြး
ဖစ်လို့ တကသမိခင်၊ ဗကသမိခင်တဦးအဖြစ် ရာဇ၀င်အတ္ထုပ္ပတ္တိရှိခဲ့ သူဖြစ်ပါတယ်။ (၂)လူထုဦးလှနဲ့အကြောင်းပါစမှာပဲ ဖက်ဆစ်တော်လှန်ရေးကြီးဖြစ်ပေါ်လာလို့ မန္တလေးမှာ လူထုဦးလှက ဖဆ ပလခေါင်းဆောင်၊ အာရှလူငယ်ခေါင်းဆောင်အဖြစ် မြေပေါ်မြေအောက်လုပ်ငန်းများဆောင်ရွက်တဲ့အခါ အမေ လူထုဒေါ်အမာလဲ လူထုဦးလှရဲ့ပါရမီဖြည့်ဖက်အဖြစ်ဆောင်ရွက်ရင်း တော်လှန်ရေးသမားဖြစ်လာခဲ့ပါတယ်။ (၃)လူထုဦးလှနဲ့အတူ လူထုဂျာနယ်၊ လူထုသတင်းစာတည်ထောင်ထုတ်ဝေပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ညာ လက်ရုံးသဖွယ် စာပေနဲ့တိုက်ပွဲဝင်ခဲ့ရာက ဗိုလ်ချုပ်တို့ကျဆုံးပြီး ပြည်တွင်းစစ်ဖြစ်လာတဲ့အခါ ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့သားသမီးများအဖြစ် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းတို့မှာ လူကိုယ် တိုင်ရော သတင်းစာပါ, ပါဝင်ဆင်နွဲခဲ့ပါတယ်။ လူထုသတင်းစာက ဆရာကြီးရွှေဥဒေါင်းနဲ့ လူထုဦးလှတို့ အဖမ်း ဆီးခံရ၊ သတင်းစာတိုက်ကိုဗုံးခွဲခံရ၊ မီးလောင်ခံရတဲ့အခါတွေမှာ သတင်းစာကို ကိုယ်တိုင်ဦးဆောင်ပြီး သေတ္တာ မှောက်ဆောင်ရွက်လုပ်ကိုင်ခဲ့သူလဲဖြစ်ပါတယ်။
(၄)တော်လှန်ရေးကိစ္စတွေပြီးသွားတဲ့အခါ ဦးလှရဲ့ကြီးပွားရေးမဂ္ဂဇင်းမှာ ၁၉၃၆ ကတည်းက ခင်လ၀င်းကလောင် အမည်နဲ့ ဘာသာပြန်စာပေ၊ မြမဉ္ဇူကလောင်အမည်နဲ့ ဘ၀သရုပ်ဖေါ်ဝတ္ထုတွေရေးခဲ့ပြီး၊ သပိတ်မှောက်ရာက မန္တလေးကိုပြန်
တဲ့အခါ အမျိုးသားကျောင်း၊ ကျောင်းအုပ်ဆရာကြီးဦးရာဇတ်က တာဝန်လွှဲအပ်ချက်အရ - ဘာ သာပြန်လုပ်ငန်းကိုလုပ်ရတဲ့အခါ(မ,အမာ-သပိတ်မှောက်ကျောင်းသူ)ကလောင်ဘွဲ့ခံ ခဲ့ပါတယ်။ အဲဒီအခါကစပြီး ဗမာ့စာပေလောကနဲ့ ဗမာနိုင်ငံရေးလောကအတွက် အထူးအကျိုးရှိမယ့်ဘာသာပြန်စာအုပ်တွေကို ရေးသား ထုတ်ဝေခဲ့ပါတယ်။
(၅)ဗမာမင်းများရဲ့နောက်ဆုံးမင်းနေပြည်လဲဖြစ်၊ ဗမာ့ယဉ်ကျေးမှုအချက်အချာလဲဖြစ်တဲ့ မန္ထလေးမြို့မှာမွေးဖွား ကြီးပြင်းသူဖြစ်တဲ့အတွက် ဗမာ
့ယဉ်ကျေးမှုဓလေ့ထုံးစံတွေ၊ ဇာတ်သဘင်နဲ့ မဟာဂီတစတာတွေကို အစွမ်းကုန် သုတေသနပြုရင်း ဗမာ့ယဉ်ကျေးမှုထိန်းသိမ်းရေးနဲ့ မြှင့်တင်ရေးတို့ကို ဦးဆောင်နိုင်ခဲ့ပါတယ်။
(၆)သဘင်သည်တွေ၊ ပန်းချီပန်းပုအနုပညာရှင်တွေ၊ စီးပွားရေးသမားတွေကအစ၊ ရဟန်းသံဃာတော်ကြီးတွေ အထိ မန္ထလေးဝန်းကျင်နယ်ပယ်အသီးသီးက ထင်ရှားသူတွေရဲ့အတ္ထုပတ္တိအရှည်အတိုများကိုလဲ ရသမြောက် အတ္ထုပတ္တိစာပေများအဖြစ်ရေးသားရင်း မြန်မာစာပေတခန်းတကဏ္ဍကို မြှင့်တင်နိုင်ခဲ့သူလဲဖြစ်ပါတယ်။ ဒီလို အတ္ထုပတ္တိရေးသားရာမှာ ပြည်သူ့အမြင်၊ အရပ်သားအမြင်၊ အရပ်သားစကားများကိုအခြေပြုပြီး ခေတ်မီတဲ့အမြင် သစ်နဲ့ ဝေဖန်သုံးသပ်တင်ပြရေးသားတာတွေဖြစ်လို့ ရေးသမျှစာများက “ဆွဲဆောင်မှုလည်းရှိ ရှေ့ဆောင်မှု လည်းရှိ” တဲ့စာပေတွေဖြစ်လာပါတယ်။

(၇)ဒီလို စာရေးဆရာသတင်းစာဆရာမကြီးအဖြစ်နဲ့ ကမ္ဘာ့ငြိမ်းချမ်ရေးညီလာခံတွေ၊ ကမ္ဘာ့အမျိုးသမီးညီလာခံ တွေကိုဖိတ်ကြားခံရပြီး ကမ္ဘာ့ငြိမ်းချမ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသမီးဘ၀လွတ် မြောက်ရေးလုပ်ငန်းတွေ မှာလဲ ပါဝင်ဦးဆောင်နိုင်ခဲ့ပါ တယ်။


ဒီလိုရာဇ၀င်အတ္ထုပတ္တိတွေရှိခဲ့တာကြောင့် ဗကသမိခင်၊ ငြိမ်းချမ်းရေးမိခင်ကြီးတဦးအဖြစ် အများပြည်သူက တန်ဖိုးထားလေးစားခြင်းခံခဲ့ရပါတယ်။ တိုင်းပြည်မှာပြဿနာတွေကြုံတိုင်း သတင်းဋ္ဌာနတွေကမေးလာတဲ့ အခါ မှာလည်း ပြည်သူ့ဘက်ကရပ်တည်တဲ့ ပြတ်သားတဲ့အမြင်များကို ရဲရဲဝံ့ဝံ့တင်ပြခဲ့တာချည်းဖြစ်လို့ ပြည်သူတွေက အားထားကြပါတယ်။


ဒါကြောင့် ဗမာပြည်တ၀န်းလုံးကစာရေးဆရာ၊ သတင်းစာဆရာတွေ၊ ကျောင်းသားခေါင်းဆောင်အဟောင်း အသစ်တွေ၊ နိုင်ငံရေးသမားအဟောင်းအသစ်တွေ၊ ပန်းချီပန်းပုအနုပညာရှင်တွေဟာ အမေလူထုမွေးနေ့ တွေမှာ အမေလူထုဒေါ်အမာက ကျင်းပဖိတ်ကြားတာမဟုတ်ဘဲ ဒေါင့်စုံနယ်စုံကလာရောက်ကြပြီး အမေလူထု ဒေါ်အမာအသက်ရာကျော်ရှည်ပါစေလို့ လာရောက်ဆုတောင်းကြရင်း အမေလူထုဒေါ်အမာထံက သြ၀ါဒကထာ၊ သြသဓအားဆေးများကို လာရောက်သုံးဆောင်အားဖြည့်ကြတာဖြစ်ပါတယ်။ ခုအခါအမေလူထုဒေါ်အမာကွယ် လွန်ပြီဖြစ်ပေမဲ့ အမေလူထုဒေါ်အမာရဲ့ဂုဏ်သတ္တိများက ပျောက်ကွယ်သွားမည်မဟုတ်ပါ။ အမေ့သတ္တိ၊ အမေ့စေ တနာ၊ မေတ္တာ၊ အမေ့အတွေးအမြင်များက ကျနော်တို့ပြည်သူများကို ဆက်လက်အားပေးရှေ့ဆောင်သွားမှာဖြစ် တယ်လို့ ယုံကြည်မိပါတယ်။

အမေလူထုဒေါ်အမာရဲ့ သားတဦးဖြစ်သူ
မောင်စွမ်းရည်
၂၀၀၈ ဧပြီ ၂၂၊ နယူးယောက်

Friday, April 18, 2008

ဒို့သူငယ်ချင်း၊ ဒို့ခေါင်းဆောင်၊ မုံရွာတင်ရွှေ(မောင်စွမ်းရည်)


မုံရွာတင်ရွှေဆိုတာ အများပေးတဲ့ကလောင်နာမည်ပါ။ ကျနော်တို့က အမည်ရင်းအတိုင်း ‘ကိုတင်ရွှေ‘လို့ဘဲခေါ်ပါတယ်။ သူကလဲကျနော့်ကို နာမည်ရင်းအတိုင်း ‘ကိုဝင်းဖေ‘လို့ပဲ ခေါ်ပါတယ်။ သူကမုံရွာကဆိုပေမယ့် ကျနော်မန်းတက္ကသိုလ်ကိုရောက်တဲ့နှစ်မှာ ရန်ကုန်တက္ကသိုလ်က ပြောင်းလာတာပါ။ ကျနော်က မြင်းခြံက ဆယ်တန်းအောင်လာခဲ့တာပါ။ သူဘယ်ဘာသာ ယူလို့ ဘယ်အတန်းတွေတက်နေမှန်း ခုစာရေးမယ်လို့စဉ်းစားတော့မှ တယောက်နဲ့တယောက် ကျောင်းစာကိစ္စတွေဘာမှမပြောခဲ့ဖူးတာကိုပြန်ပြီးစဉ်းစားမိပါတယ်။

ကျောင်းသားကကျောင်းစာမပြောရင် ဘာပြောကြသလဲဆိုတော့ ကျောင်းသားဘ၀နဲ့ ပညာရေးဘ၀နိမ့်ကျနေပုံ၊ နယ်တွေမှာမိဘတွေက ပြည်တွင်းစစ်ဒဏ်ကြောင့် ဒုက္ခရောက်နေကြပုံတွေကိုပဲဆွေးနွေးမိကြပါတယ်။ စစ်တပ်မှာ တပ်ရင်းတခုရဲ့စားရိတ်က မကွေးကောလိပ်လို ကောလိပ်ကျောင်းတကျောင်းရဲ့ စားရိတ်ထက် ကုန်ကျနေပါတယ်။ ပညာရေးစရိတ်ထက် စစ်ရေးစရိတ်ကကြီးလေးနေပါတယ်။ ပြည်တွင်းစစ်ဒဏ်တွေကြောင့် ဖြစ်ရတာတွေပါ။

မုံရွာသားတယောက်ကိုတွေ့ရင် အခြားတယောက်ဟာ မြင်းခြံသားဖြစ်ဖို့များပါတယ်။ မြင်းခြံသားတွေနဲ့ မုံရွာသားတွေအတွဲများပါတယ်။ စရိုက်တွေလည်းတူကြပါတယ်။ ရန်ကုန်တက္ကသိုလ်ရောက်သွားရင် မုံရွာ-မြင်းခြံသားတွေဟာ ရန်ကုန်ကကျောင်းသားတွေနဲ့ နေထိုင်ဆက်ဆံပုံခြားနားကြတာတွေ ပိုပေါ်လွင်ပါတယ်။ ကိုတင်ရွှေက ရုပ်ရောစရိုက်ပါ အညာသားပုံစံပါ။ အောက်သားတွေက ကျနော်တို့ကို အလက်စန္ဒြားဒူးမားရဲ့ ‘သူရဲကောင်းသုံးယောက်‘၀တ္ထုထဲကေ‘ဂ်ါစတွန်နယ်သားတွေ‘လို့ခေါ်လေ့ရှိပါတယ်။ အင်္ဂလိပ်လိုပြောတော့ခံသာတာပေါ့။ အမှန်ကတော့ တောကတက်လာတဲ့လူလည်တွေလို့ပြောတာပါပဲ။ ကိုတင်ရွှေက အသားညိုညို၊ အရပ်ခပ်ပျပ်ပျပ်၊ မျက်မှန်နဲ့ပါ။ ဗိုလ်အောင်ကျော်ရုပ်မျိုးပါ။ မျက်နှာမှာပြုံးယောင်ယောင်ရှိပေမဲ့ ဟက်ဟက်ပက်ပက်ရယ်ခဲပါတယ်။ ကျနော်တို့ အတူသွားလာနေပေမဲ့ ကိုသာနိုး၊ ကိုဘဂျမ်း (တင်မိုး)၊ ကိုမိုးသူတို့နဲ့ ကျနော်တို့ နေသလို ဖက်လှဲတကင်း နေလေ့မရှိပါဘူး။

မုံရွာသားတော်တော်များများက အဆို အက အတီးအမှုတ်၊ အဟောအပြော ၀ါသနာထက်သန်ကြပါတယ်။ ကိုတင်ရွှေတယောက်ကတော့ အဲဒါတွေဘာမှမလုပ်ပါဘူး။ ဒါပေမယ့် စိတ်ထိခိုက်လွယ်ပြီး ခံစားမှုပြင်းပါတယ်။ မန်းတက္ကသိုလ်အကြိုပွဲတော်မှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူစုံတက်စုံပါစေချင်လို့တဲ့…။ ပွဲဆပ်ကော်မတီတွေမှာ ဆိုရှယ်လစ်ကျောင်းသားဒီအက်စ်အိုတွေကို သူကဖိတ်ခေါ်ထည့်သွင်းထားပါတယ်။ သဘောတရားအရကောင်းပါရဲ့။ ဒါပေမဲ့ အလွန်အရေးကြီးတဲ့အချိန်မျိုးတွေမှာ အကျပ်ကိုင်ပြီး ပွဲပျက်အောင်လုပ်တာမျိုးခံရတော့ သူမျက်ရည်ကျပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗိုလ်အောင်ကြီးခလောက်ဆန်ပြီး ဒေါ်စုကိုဝန်းရံနေတဲ့ကွန်မြူနစ်တွေကိုထုတ်ပေးရမယ်လို့ ညီညွှတ်ရေးပျက်မတတ်လုပ်ကြံခံရတဲ့အခါမှာလဲ သူခံပြင်းပြီး မျက်ရည်ကျခဲ့ရှာတယ်လို့ကြားသိရပါတယ်။ ခုဒါတွေပြန်တွေးမိတော့ လူထုအပယ်ခံတွေကို ကိုယ်ကသဘောထားကြီးကြီးနဲ့ မြောင်းပုပ်ထဲကဆယ်တင်ခဲ့ပေမဲ့ အဆယ်မတော်ရင်လဲ ဒုက္ခပေးတတ်ပါကလားလို့ သင်ခန်းစာယူမိပါတယ်။

ကျနော်တို့ဗိုလ်အောင်ဆန်းဟာ ဗမာ့သမိုင်းမှာ ဘေးရောက်သွားတဲ့ပုဂ္ဂိုလ်ကျော်တွေကို ဗမာ့လွတ်လပ်ရေးအတွက် သဘောထားကြီးကြီးနဲ့ ပြန်လည်သိမ်းသွင်းခဲ့ဖူးတယ်။ ဒေါက်တာဘမော်ဆိုရင် သခင်အောင်ဆန်းအတွင်းရေးမှူးလုပ်တဲ့ တို့ဗမာအစည်းအရုံးကြီးက ၁၃၀၀ပြည့်အရေးတော်ပုံကြီးမှာ “ဒေါက်တာဘမော် အို့-အို့၊ မီးဒုတ် မီးဒုတ် ရှို့-ရှို့”လို့အော်ပြီး ဖြုတ်ချခဲ့တာပါ။ ဘကြီးဘဖေဆိုရင် ဆရာကြီးမှိုင်းက “တောင်ကျရေ နွားနှစ်ကောင်မ၀သလိုပ၊ မောင်ဘဖေငါးထောင်ရသောကြောင့်”လို့ကော်တုပ်ခံခဲ့ရပြီး ၀ံသာနုအရေးတော်ပုံကြီးရဲ့ဘေးကို ရောက်သွားသူပါ။ ဦးဘဖေဟာ အခွင့်အရေးတွေ အလွဲသုံးစားလုပ်တာ လက်ပူးလက်ကြပ်လုပ်တာအမိခံခဲ့ရလို့ ဗိုလ်ချုပ်အောင်ဆန်းကပဲ ထုတ်ပယ်ပစ်ခဲ့ရပါတယ်။ ဒေါက်တာဘမော်ကတော့မဆိုးပါဘူး။ ဖက်ဆစ်တော်လှန်ရေးလုပ်ကြတာကို သိပေမယ့် လုံးဝသစ္စာမဖေါာက်ခဲ့ရှာပါဘူး။ သဘောထားကြီးတဲ့အလုပ်တွေဟာ ကောင်းပေမယ့် သတိကြီးကြီးထားရမှာပါ။ ဒုက္ခပေးရင် ဗိုလ်အောင်ကြီးလိုလူတွေက အလွန်ဆိုးပါတယ်။ ကိုတင်ရွှေမျက်ရည်ကျခဲ့ရလောက်အောင် ဆိုးခဲ့တာ ခုတော့ သမိုင်းက ရက်တိုတိုလေးအတွင်းမှာပဲ ဘယ်သူ ဘီလူးမ၊ ဘယ်သူမိခင်ရင်းဆိုတာ ခွဲခြားပြသွားခဲ့ပါပြီ။

ကိုတင်ရွှေမှာ တခုထူးခြားတာက ကျနော်တို့နဲ့တွဲနေတုန်းက တွေ့မြင်ရသလောက်ဆိုရင် လုံးဝအသောက်အစား အပျော်အပါးမရှိ၊ လူကြီးဆန်ဆန်နေတတ်တဲ့စရိုက်ပါပဲ။ သူနဲ့ ကိုသာနိုးနဲ့ဆိုရင် ရွယ်တူတွေပါ။ တခါတလေ ကိုသာနိုးက သူ့ကို ‘ဘော်ရွှေ‘လို့ အမှတ်မထင် ခေါ်လိုက်တတ်ပါတယ်။ ”ဘာလဲဗျဘော်ရွှေဆိုတာ…”လို့ ကျနော်တို့မေးတော့ နှစ်ယောက်လုံး စပ်ဖြဲဖြဲပဲ လုပ်နေကြပါတယ်။ ဘေးလူတယောက်က ”ဘော်ရှီဗစ်တင်ရွှေ…”ပေါ့ဗျာ လို့ ၀င်ဖြေပါတယ်။ ဟုတ်လေသလားမသိပါ။ ရွယ်တူသူငယ်ချင်းတွေ ဖြစ်ပေမယ့် ကိုသာနိုးနဲ့ကျနော်တို့တကသရဲဘော်တပ်ဦးရဲဘော်တွေကို ကိုတင်ရွှေက ဆူပြူုကိမ်းမောင်းတတ်တာတွေရှိပါတယ်။

တခါက တန်ဆောင်မုန်းလပြည့်ညပွဲတော်တခုမှာ ကျနော်တို့တတွေ စစ်ကိုင်းတောင်ရိုးမှာ ခပ်ထွေထွေနဲ့သီဆိုကခုန်နေကြပါတယ်။ ကိုတင်ရွှေနဲ့ကိုဘဂျမ်း(တင်မိုး)တို့က မသောက်မစားတဲ့ လူမင်းသားတွေပ။ ကျနော်တို့ကို ဆူပူကြိမ်းမောင်းပြီး ထမင်းဆိုင်မှာတောင် ကျနော်တို့နဲ့ အတူမစားပဲ တခြားစားပွဲမှာ ခွဲစားပါတယ်။
တက္ကသိုလ်တွေမှာ အဲဒီတုန်းက ကျောင်းသားညီညွှတ်ရေးတပ်ဦး (Student United Front-အတိုကောက် SUF)ဆိုတာရှိပါတယ်။ ကိုတင်ရွှေက တခါတလေ ရန်ကုန်မူနဲ့ ဆပ်ဖ်လို့ ပြောရင် ဘာပြောမှန်းမသိလိုက်ပါဘူး။ ကျနော်တို့ကကျောင်းသားသစ်တွေကိုး။ တဖက်ကခေါ်တာက မြေပေါ်ကွန်မြူနစ် ပမညတအဖွဲ့ကမွေးထားတဲ့ကျောင်းသားတွေတဲ့။ ကျနော့်ကိုတော့ ဘယ်အဖွဲ့ကမှ မွေးမမွေးမသိခဲ့ရိုးအမှန်ပါ။ ကိုယ်မသိဘဲနဲ့ အမွေးခံနေရသလားတော့မသိပါ။ ဒါပေမယ့် စစ်စုံထောက်မှတ်တမ်းတွေမှာတော့ အမှန်အတိုင်းပါနိုင်ပါတယ်။ တခြားတဖက်မှာ ရွေးကောက်ပွဲ အမြဲရှုံးနေတဲ့ အတိုက်အခံအဖွဲ့အစည်းကတော့ (Democratic Student Organization အတိုကောက်DSO )ပါတဲ့။ ဖဆပလအစိုးရအဖွဲ့ထဲက ဆိုရှယ်လစ်တွေမွေးထားလို့ အဆိုရှိပါတယ်။ ဒါတွေအားလုံးအကြောင်းကို မောင်သာရရဲ့ ကျန်တုပ်ခံဝံ့၊ မခံဝံ့ ၀တ္ထုမှာ ဖတ်ကြည့်ပါလေတော့။

ကျနော်တက္ကသိုလ်ရောက်စက ကျောင်းသားသမဂ္ဂရုံးခန်း၊ ၀ါးကပ်တဲလေးကို နေ့စဉ်လောက်သွားပြီး စာနယ်ဇင်းတွေဖတ်ပါတယ်။ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုအောင်ကျော်တို့သမိုင်းနဲ့ ကျနော်တို့က ကြီးပြင်းလာခဲ့ရတာမဟုတ်လား။ တကသမှာ ရုပ်ပုံဆိုလို့ သခင်ဗဟိန်းရဲ့ပုံလေးတပုံပဲရှိပါတယ်။ ဒါပေမယ့် ကျနော်က ကျေးတောသားတယောက် နတ်ကွန်းနတ်စင်သွားသလို သွားနေခဲ့တာပါ။ တကသရုံးခန်းမှာ တံမျက်စီးလှည်းတယ်။ သောက်ရေအိုးလှယ်တယ်။ စားပွဲကြီးပေါ်မှာ ဆေးတွေ၊ စုတ်တွေ ညစ်ပေနေတာတွေ့ရင် ဆေးကြောသန့်ရှင်းတယ်။ စုတ်တွေညစ်ပတ်အောင် အမြဲလုပ်သူက ခုအခါ ပန်းချီဆရာအမည်ခံနေတဲ့ ဒါရိုက်တာမောင်မိုးသူပါ။ တကသထဲက လူတွေနဲ့လဲ ကျနော်ဘယ်သူနဲ့မှ မသိပါဘူး။ ထောက်လှမ်းရေးလုပ်နေသလားလို့ အထင်ခံရနိုင်တာလဲ ကျနော်သတိမထားခဲ့ပါဘူး။ ဒါပေမယ့် ကိုတင်ရွှေတကသအတွင်းရေးမှူး အရွေးခံရတဲ့နှစ်မှာပဲ ကျနော်လဲမယောင်မလယ်နဲ့ တကသစာကြည့်တိုက်မှူးရာထူးကြီးကို ရလိုက်ပါတော့တယ်။

၁၉၅၈ ရောက်တော့ မောင်သာနိုး၊ မောင်မိုးသူတို့နဲ့ တခါအမှုဆောင်ထပ်ဖြစ်ပြန်ပါတယ်။ အဲဒီနှစ်က စစ်အစိုးရစပြီးတက်တဲ့ အိမ်စောင့်အစိုးရခေတ်ဆိုတော့ ပွဲကြမ်းတဲ့နှစ်ပါပဲ။ ကိုတင်ရွှေနဲ့ အမှုဆောင်အဖွဲ့မှာ ပါဝင်နေစဉ်မှာပဲ ပွဲတော်တွေတော်တော်များများ ဖြစ်ပါတယ်။ အမှုဆောင်တွေ ဘယ်သူတွေဆိုတာ ကိုးကားစရာ နှစ်လည်မဂ္ဂဇင်းမရှိတော့ သိပ်မမှတ်မိတော့ဘူး။ မန္တလေးသီးခြားတက္ကသိုလ်အကြိုပွဲ၊ မန္တလေးကောလိပ် ငွေရတုပွဲ၊ မန်းရာပြည့်ပွဲ (၁၉၅၉-မောင်ပေါက်စည်၊ ဥက္ကဌ၊ မောင်စွမ်းရည်က ရွေးကောက်ပွဲ အရာရှိ)။ ဒီပွဲတွေမှာ ရန်ကုန်က တေးရေးအဆိုတော် မြတ်လေး၊ စန္ဒရားချစ်ဆွေ၊ အဆိုတော်မင်းနောင်၊ ပန်းချီမောင်ငွေထွန်း၊ ဘောလုံးသမား ကောလိပ်ဂျင်နေ၀င်း စတဲ့ ရဲဘော်များကို ကျနော်တို့က ဆက်တိုက်ဧည့်ခံကျွေးမွေးရလို့ သူတို့နဲ့ သိကျွမ်းရင်းနှီးသွားခွင့်ကြုံခဲ့ပါတယ်။ သူတို့ဆီကိုလဲ တခေါက်တပြန်ရောက်ခွင့်ကြုံပါတယ်။ ကျနော်တို့ အမှုဆောင်အဖွဲ့ဝင်တဦးအဖြစ် မှတ်မိနေတာကတော့ မန္တလေးအမျိုးသားကျောင်းဆရာဟောင်း၊ ဦးချစ်ရဲ့သမီးဆိုတဲ့ မမြဆွေပါပဲ။ ရန်ကုန်တက္ကသိုလ် ပညာရေးနှီးနှောဖလှယ်ပွဲသွားကြတော့လည်း အတူတူပဲ။ သူက ဘီအီးဒီတက်ဖို့ ရန်ကုန်ပြောင်းသွားတော့ မမြသူလို့နာမည်ပြောင်းသွားတယ်။ ကိုတင်ရွှေ မမြသူနဲ့ ဖူးစာဖက်သွားတော့ ကိုတင်ရွှေက ဆွေ၊ မဆွေ စသဖြင့် မူလနာမည်နဲ့ပဲ ခေါ်တာ သတိထားလိုက်ခဲ့မိပါတယ်။ ဒါကြောင့် သူတို့ဇနီးမောင်နှံဟာ နှစ်ယောက်လုံး ကျနော့်သူငယ်ချင်းတွေပါပဲ။

နောက်တော့ ကိုတင်ရွှေတယောက် ရန်ကုန်ကို ပြန်ပြောင်းသွားပြန်တယ်။ ဥပဒေဘွဲ့ ဘီအယ်လ်တက်ဖို့ ဖြစ်မယ်။ ဟိုခေတ်က ကျောင်းသားကြီးတွေဟာ ကိုနု၊ ကိုအောင်ဆန်းတို့ အစဉ်အလာအတိုင်း နိုင်ငံရေးဆက်လုပ်ဖို့ ဥပဒေဘွဲ့ယူလေ့ရှိကြပါတယ်။ ဦးချမ်းအေး(မောင်စူးစမ်း)၊ ဦးဘကောင်း၊ ဦးကိုယု၊ ဆရာမြသန်းတင့်၊ ဒေါ်မြင့်မြင့်ခင် စတဲ့ကျောင်းသားတွေဟာ ဥပဒေတက်ခဲ့ကြသူတွေပါ။ နောင်မှသိရတာက ကိုတင်ရွှေဟာ ရန်ကုန်တက္ကသိုလ်မှာ ပထမတကြိမ်တက်စဉ်ကပဲ နောင်ပီသုံးလုံးခေါင်းဆောင် ဦးခင်မောင်မြင့်၊ အိမ်မဲအမတ်ဖြစ်လာတဲ့အဖွဲ့ချုပ်ဦးတင်ထွတ်(ခုသြစတြေးလျ)တို့ဟာ ပင်းယဆောင်မှာ အတူနေခဲ့ကြပြီှးရ္မ ခေါ် သဟာယနဲ့စာဖတ်သင်းမှာ အမှုဆောင်တွေအတူလုပ်ခဲ့ဖူးသတဲ့။ ကိုတင်ရွှေက အတွင်းရေးမှူးတဲ့။ သူတို့တဖွဲ့လုံး ရှစ်လေးလုံးမှာ ပြန်ဆုံကြလေရဲ့တဲ့။
ကိုတင်ရွှေ ‘ရိုး,အ’ ရာမှာတော့ ရန်ကုန်မန္တလေးတက္ကသိုလ်နှစ်ခုစလုံးမှာ ကျော်ကြားခဲ့ပါတယ်။ အညာသားအတတဆိုတဲ့ ပုံတိုပတ်စမှန်သမျ မုံရွာသားပုံပြင်လို့နာမည်တပ်ပြီး ကိုတင်ရွှေကို ချစ်စနိုးနောက်ကြတာဖြစ်ပါတယ်။ အထူးသဖြင့် သူနဲ့ အနီးကပ်နေတဲ့ မင်းလှညွှန့်ကြားက ဒီလိုပုံပြင်တွေကို တီထွင်ရာမှာ အာဝဇ္ဇန်းအရွှင်ဆုံးမို့ တကသခေါင်းဆောင်တွေက သိပ်မနောက်ပါနဲ့လို့ မေတ္တာရပ်ခံရဖူးပါသတဲ့။ ကိုတင်ရွှေဖို့ မုံရွာသားပုံပြင်တပုဒ်ကို ကျနော်ကြားဖူးတာ နမူနာပြောပြ ချင်ပါသေးတယ်။ ကိုတင်ရွှေ တကသခေါင်းဆောင်အဖြစ်နဲ့ တရုတ်ပြည်ကဖိတ်ကြားလို့သွားရဖူးတယ်။ နိုင်ငံခြားခရီးသွားသူတွေရဲ့ထုံးစံအတိုင်း ဘောင်းဘီရှည်တထည်နဲ့ လည်စည်းတခုအဖတ်တင်ကျန်တယ်။ တနေ့တော့ အဲဒီဘောင်းဘီရှည်ဝတ်ပြီး နေ၀င်ဆည်းဆာချိန်မှာ အင်းလျားကန်ဘောင်အတိုင်း လမ်းလျှောက်ထွက်လာသတဲ့။ ရင်းနှီးတဲ့ကျောင်းသူတစုနဲ့ မျက်နှာချင်းဆိုင်မှာတွေ့ကြတော့ ”ဒို့ရဲဘော်ကြီး ကိုတင်ရွှေတယောက် ချောလို့လှလို့ပါလား…”လို့ နှုတ်ဆက်သတဲ့။ ဒီတော့ ကိုတင်ရွှေက ”ချောမှာ လှမှာပေါ့ဗျာ၊ ဆီးစပ်အောက်မှာကိုး…”လို့ ပြန်ပြောလိုက်သတဲ့။ ဒီပုံပြင်လေးက ဟာသမြောက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ မန်းတက္ကသိုလ်ကျောင်းသားတွေရှေ့မှာ ပြောကြတော့ ကျနော်က ဖြည့်စွက်လိုက်ပါတယ်။ ဒီအညာသား ကိုတင်ရွှေဟာ ဆည်းဆာနဲ့ ဆီးစပ်တော့ မမှားနိုင်ဘူး။ အောက်သားတွေသာ စကားပီသအောင်မပြောတတ်လို့ မှားနိုင်တာလို့။

နောက်တခု ခေတ်စားခဲ့တဲ့ပုံပြင်တပုဒ်ကတော့ ကိုတင်ရွှေကိုယ်တိုင်လိုလို၊ သူ့ဘကြီးတယောက်လိုလို ဓားပြအတိုက်ခံရတဲ့ အကြောင်းပါပဲ။ ဇာတ်ကောင်က တရွာတပုဒ်ဆန်းဖြစ်နေပါတယ်။ တခါတုန်းက တောလမ်းတခုလူပြတ်တဲ့နေရာမှာ မုံရွာသား ဦးကြီးတယောက် ဓားပြတိုက်ခံရသတဲ့။ ဓားပြက သူ့ကိုယ်ပေါ်ကိုအနှံ့ စမ်းသပ်နှိုက်ချွတ်ပြီး ပိုက်ဆံရှာပေမယ့် မတွေ့တော့ စိတ်ပျက်တာနဲ့ ”ဒီမုံရွာသားကမွဲလိုက်တာကွာ၊ ဘယာကြော်တကွင်းဖိုးတောင်မပါဘူးဟ…”လို့ ထုတ်ဟပြောဆိုလိုက်သတဲ့။ ဒီမှာတင် ဓားပြတိုက်ခံရတဲ့ မုံရွာသားက မခံနိုင်ဖြစ်လာပြီး ”အောင်မယ်၊ ကိုယ့်လူက ဓားပြလုပ်ပြီးတယ်ညံ့တာကိုး။ ဖိနပ်ကြားထဲမှမရှာဘဲ၊ ဘယ်တွေ့မလဲကွ…”လို့ ပြန်အော်သတဲ့။ မုံရွာသားရဲ့မာနပေါ့လေ။ ငွေပါချင်ပါသွားပစေ။ သိက္ခာကျတော့မခံဘူးတဲ့။ ဒါနဲ့သူ့ငွေလည်း ဓားပြလက်ထဲပါသွားရောတဲ့။ ဒီလို မုံရွာသားပုံပြင်တွေအများကြီးပါ။ ကိုတင်ရွှေရိုးတာလဲ အမှန်ပါပဲ။

ကိုတင်ရွှေ ရန်ကုန်ရောက်သွားပြီးနောက် ကိုသာနိုး၊ ကိုတင်မိုးနဲ့ မေမြို့မိုးကြည်တို့လဲ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရန်ကုန်ကိုပြောင်းသွားကြတယ်။ သူတို့အားလုံး လူထုသတင်းစာနဲ့ရော အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းနဲ့ရော အဆက်မပြတ်ကြဘူး။ ကိုတင်ရွှေက ၁၉၆၀-၁၉၆၃ အတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးအဖွဲ့မှာ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်လာတယ်။ သူတို့က ဆရာကြီးကို ကမ္ဘာ့သတင်း ဗမာ့သတင်းတွေ ဖတ်ပြကြတယ်။ ဆရာကြီးရဲ့မှတ်ချက် ဝေဖန်ချက်တွေကိုလဲ နာယူမှတ်သားကြတယ်။ ဆရာကြီးဆီက ရှေးဟောင်းနှောင်းဖြစ်တွေနဲ့ နိုင်ငံရေးအမြင်၊ စာပေအမြင်တွေလဲ မှတ်သားနာယူကြတယ်။ ဒါကြောင့် ကိုတင်ရွှေဟာ မှိုင်းဝေဒပညာရှင်တဦးလို့ အသိအမှတ်ပြုခံရလောက်အောင် ဆရာကြီးအကြောင်းတွေကို သိကျွမ်းလာပြီး ဆောင်းပါးတွေ ရေးပါတယ်။ စာဆိုတော်နေ့မှာမန္တလေး အနောက်ကျုံးထိပ်က၊ ဓမ္မဗိမာန်မှာ ကျင်းပတဲ့ စာတမ်းဖတ်ပွဲမှာလဲ ဆရာကြီး သခင်ကိုယ်တော်မှိုင်းခေတ်၊ သခင်ကိုယ်တော်မှိုင်းစာ ဆိုတဲ့ စာတမ်းတစောင်ကို ၁၉၆၇မှာ လာဖတ်တယ်။ သူများတွေရေးဖူးတာနဲ့ မတူပါဘူး။ ဆရာကြီးရဲ့နိုင်ငံရေးအမြင်နဲ့ စာပေအမြင်တွေကို စေ့ငုတင်ပြထားတယ်။ အဲဒီစာတမ်းဟာ ၁၉၆၈မှာ သီးခြားစာအုပ်လေး ထွက်လာပါတယ်။ လူထုသတင်းစာကိုလဲ မှိုင်းစာပေဆောင်းပါးတွေပို့ပါတယ်။ ဒါလဲ ကိုတင်မိုးက စာအုပ်ကလေးဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ ကျနော်ရဲ့ ‘အနီနဲ့အပြာ‘ကဗျာစာအုပ်ထုတ်တဲ့ မန္တလေး သပြေစာအုပ်တိုက်က ထုတ်ပေးတာပါ။

ကျနော်ရန်ကုန်ရောက်တဲ့ ၁၉၇၀ ခုနောက်ပိုင်းမှာ ကိုတင်ရွှေဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးပေါင်းချုပ်တအုပ်ထုတ်ဖို့ ပြင်ဆင်ပြီးပါပြီ။ မှိုင်းရာပြည့်အထိမ်းအမှတ်အဖြစ် လေးချိုး ၁၀၀ ရွေးချယ်ရာမှာ ဆရာကြီးရဲ့ပြဇာတ်ခေတ်ကစပြီး ရွေးချယ်ပါတယ်။ ဆရာကြီးမင်းသုဝဏ်က အနီးကပ်ညွှန်ကြားပြီး အမှာစာရော၊ ရာပြည့်အထိမ်းအမှတ်ကဗျာရော စာအုပ်ရှေ့ဆုံးကထည့်ခွင့်ရလို့ အထူးဂုဏ်ယူရမယ့်စာအုပ်ပါ။ ဆရာဒဂုန်တာရာနဲ့ စာပေဗိမာန် ဦးထင်ကြီးတို့ကလဲ ကူညီပါတယ်။ သူ့ရဲဘော်မောင်သာနိုး၊ တင်မိုးနဲ့ မုံရွာမောင်ရှင်တို့ကလဲ ကူညီအားပေးပါတယ်။ တပုဒ်ချင်းရဲ့ရှေ့မှာ ဒီကဗျာကို ဘယ်တုန်းက၊ ဘယ်မှာ၊ ဘယ်လို ရေးခဲ့ပြီး ဘာအဓိပ္ပါယ်ရှိတယ်ဆိုတဲ့ မှတ်စုတိုလေးတွေ တခုစီထဲ့ပေးထားလို့ စီစဉ်ပြုစုရာမှာ အကောင်းဆုံးလေးချိုးပေါင်းချုပ် စာအုပ်တအုပ်ဖြစ်လာခဲ့ပါတယ်။ လေးချိုးပေါင်းချုပ်နှစ်အုပ်ထွက်ပြီးသားပါ။ ပထမတအုပ်က ဆရာကြီးကိုယ်တိုင်စုပြီး မောင်လှ မအမာတို့ ထုတ်ပေတော့လို့ ပေးအပ်ခဲ့တာပါ။ ရွှေကိုင်းသား ဦးသောဘိတက တည်းဖြတ်အမှာရေးတာပါ။ ဒါပေမယ့် နှောင်းလူတွေ လေ့လာနားလည်ဖို့ တပုဒ်စီအတွက် မိတ်ဆက်စာကတော့ ကိုတင်ရွှေရဲ့စာအုပ်ကျမှပါနိုင်တာပါ။ ဒုတိယစာအုပ်မှာလဲ ပထမစာအုပ်မှာထက်စုံလားပေမဲ့ စီစဉ်ပုံမှာတော့ ကိုတင်ရွှေရဲ့စာအုပ်ကို မမီပါဘူး။

ကိုတင်ရွှေဟာ ရန်ကုန်မှာနေရင်း သူ့ခေတ်ကထုံးစံအတိုင်း စစ်ရေးအရ ဆိုဗီယက်ပြန်ကြားရေးဌာနမှာ ၀င်ရောက်လုပ်ကိုင်ပါတယ်။ အဲဒီကာလမှာ ဖဆပလအစိုးရရဲ့ အဓိကအတိုက်အခံအဖွဲ့က ပမညတပါ။ မြေပေါ်ကွန်မြူနစ်တွေလို့ခေါ်လေ့ရှိပါတယ်။ သူတို့အဖွဲ့နဲ့နီးစပ်သူတွေက အဲသလိုပဲ ရုရှား၊ တရုတ်စတဲ့ ကွန်မြူနစ်ပြန်ကြားရေးရုံးတွေမှာဝင်ပြီး လုပ်လေ့ရှိပါတယ်။ လင်းယုန်ဘ၀င်း၊ မောင်လင်းယုန်(ရှမ်းပြည်)၊ ဦးဌေးမြိုင်(ဒဂုန်တာရာမဟုတ်) စတဲ့ လက်ဝဲဂိုဏ်းစာရေးဆရာတွေလည်း ဒီလိုပဲဝင်လုပ်ကြပါတယ်။ ရုရှားနဲ့ တရုတ်ကွန်မြူနစ်တွေ နှစ်ဂိုဏ်းကွဲတော့ ဗမာပြည်မှာလဲ ဂယက်ရိုက်ပါတယ်။ ကျနော်တို့ ကိုတင်ရွှေက ဆိုဗီယက် ပြန်ကြားရေးဌာနမှာ အလုပ်လုပ်ရင်း တရုတ်ကွန်မြူနစ်ခေါင်းဆောင်ချုအင်လိုင်းရဲ့အတ္ထုပ္ပတ္တိစာအုပ်ကို ဘာသာပြန်ထုတ်ဝေတော့ အလုပ်ပြုတ်ပါတယ်။ ဒါပေမယ့် လျော်ကြေးရလိုက်တယ်လို့တော့ ကြားလိုက်ပါတယ်။ ချူအင်လိုင်းစာအုပ်ကရတဲ့ စာမူခနဲ့လား၊ လျော်ကြေးနဲ့လားမသိ၊ ခု အင်းစိန် နံ့သာကုန်းလမ်းမှာရှိတဲ့ အိမ်တဆောင်တော့ အဖတ်တင်လိုက်ပါတယ်။
ချူအင်လိုင်းစာအုပ်ကကျေးဇူးပြုတဲ့အိမ်မှာပဲ ကိုတင်ရွှေကွယ်လွန်ခြင်း နှစ်လည် ဆွမ်းကပ်တဲ့ပွဲများကို လုပ်လေ့ရှိပါတယ်။ အဲဒီအိမ်မှာပဲ အဘသခင်အုန်းမြင့်ဆုံပေးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ကဗျာဆရာများ ကဗျာကိစ္စ ကဗျာအကြောင်း ဆွေးနွေးကြတာတွေကို သတိရမိပါတယ်။ ဗိုလ်ချုပ်တင်ဦးပါ စိတ်အားထက်သန်စွာ ပါဝင်ဆွေးနွေးလို့ အံ့အားသင့်ရပါတယ်။ သူများထင်သလို နိုင်ငံရေး မဆွေးနွေးကြဖူးပါဘူး။

ရန်ကုန်မှာ ကျနော်မကျန်းမာဘူးကြားရင် အရင်ဆုံးပေါက်လာတတ်တာက ကိုတင်ရွှေပါ။ သင့်တော်ရာ ဆေးပုလင်းလေးတွေလည်း ပါလာတတ်ပါတယ်။ ရှစ်လေးလုံးကာလမှာတော့ ကျောင်းသားသမဂ္ဂအမှုဆောင်ဟောင်းတွေ အဖွဲ့ဖွဲ့စည်းပြီးပါဝင်လှုပ်ရှားကြလို့ အဲဒီကိစ္စအတွက် သူကျနော့်ဆီလာပါသေးတယ်။ မန္တလေး တကသခေါင်းဆောင်ဟောင်း၊ မြင်းခြံကိုအောင်သူ ရန်ကုန်ဆင်းလာပြီး ဦးခင်မောင်မြင့်တို့ ကိုညိုဝင်းတို့နဲ့ ပီကျူဖွဲ့မယ်လုပ်တော့ ကျနော်နဲ့တင်မိုးကငြင်းလိုက်ကြောင်း၊ အုပ်စုဖွဲ့ပြီး အဖမ်းခံသလို ဖြစ်မှာစိုးကြောင်း ပြောပြလိုက်ပါတယ်။

နောက်တခါလာတော့ သူနဲ့အတူ ကျနော်တို့ပါဝင်တဲ့ တကသအမှုဆောင်အဖွဲ့ ဓာတ်ပုံတခုပေးသွားပါတယ်။ သူပါတဲ့ အမှုဆောင်ဟောင်းများရဲ့လှုပ်ရှားမှုတခုကို ကျနော် မသွားနိုင်ခဲ့ပါဘူး။ ကျနော်တို့ဝဂ္ဂီရပ်ကွက်နဲ့ ကြံတောနာနတ်တောရပ်ကွက် တုတ်တပြတ် ဓားတပြတ် ရန်ဖြစ်ကြပြီး ရက်ကွက်မီးတင်ရှို့မယ်ကြားလို့ ဘယ်မှ မထွက်နိုင်တော့ပါဘူး။ နောက်တော့ အဖွဲ့ချုပ်ရုံးကို မကြာမကြာ ရောက်ပါတယ်။ ကျနော် အစိုးရအလုပ်မထွက်သေးလို့ အပြင်တာဝန်တွေပဲ ခိုင်းစရာရှိတာခိုင်းပါတယ်။

ကိုဝင်းတင်၊ ကိုဝင်းခက်၊ ကိုတင်ရွှေ၊ ကိုမိုးသူ၊ ကိုဝံသ၊ ဦးချမ်းအေး၊ ကိုထွေးမြင့်၊ ဗိုလ်သော်က စတဲ့ အဖွဲ့ချုပ်ဝင်တွေရှိရာကို ကျနော်ရုံးမတက်သေးဘဲသွားနေပါတယ်။ လိုအပ်တဲ့ စာအုပ်စာတမ်းတချို့ရှာပေးရပါတယ်။ ကိုတင်ရွှေနဲ့ကိုကြီးကောင်း(တကသ ဘကောင်း)၊ ကိုသိန်းတင်စတဲ့ ရဲဘော်တော်တော်များများကို တော်ဘုရားလေးအိမ်မှာ အစုလိုက်ဆုံကြရဖူးတာကိုလဲ အမှတ်တရ ဖြစ်နေပါသေးတယ်။ ဒေါ်စုမိခင် ဒေါ်ခင်ကြည်ဈာပနပို့ဆောင်ရင်း ဆုံမိကြတာပါ။ ဒေါ်ခင်ကြည်ရုပ်ကလာပ်ကို သီပေါမဟေသီ စုဖုရားလတ်ရဲ့ဂူသင်္ချိုင်းရှိရာ နယ်မြေအတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဦးသန့်တို့နဲ့ မြေတကွက်ထဲမှာ ဂူသွင်းသင်္ဂြိုဟ်ဖို့ကိစ္စနဲ့ ရောက်ရှိနေကြတာပါ။ ကိုတင်ရွှေက ရောက်ရာအရပ်မှာ ဒေါ်စုထူးချွန်ထက်မြက်ကြောင်းကို ပြောပြလေ့ရှိပါတယ်။

မင်းသားကြီးတော်ဘုရားလေးက မင်းသားနီလို့ သူ့အသိုင်းအ၀ိုင်းက နာမည်ပေးလောက်အောင် စိတ်အားထက်သန်တဲ့ မာက်စ်ဝါဒပီပီ ခုလိုမေးပါတယ် “ဒေါ်အောင်ဆန်းစုကြည်က လူတန်းစားအမြင်ဘယ်လိုရှိသလဲ…” တဲ့။ ကျနော်က “မင်းသားကြီးရယ် ခုဟာက လူတန်းစားတိုက်ပွဲမဟုတ်ပါဘူး။ ဒီမိုကရေစီတိုက်ပွဲမဟုတ်လား”လို့။ ကိုတင်ရွှေက ကျနော့်ကို ”ဒေါ်စုက သူ့ဖခင်အကြောင်းရေးထားတဲ့ စာအုပ်တအုပ်ရှိတယ်ပြောတယ်၊ ဖတ်ဖူးကြသလား…”တဲ့။ ကျနော် မနှစ်က(၁၉၈၇)ဖတ်လိုက်ရပါတယ်။ ကျနော်နဲ့ ကိုသာနိုး ဒီအကြောင်းတွေ ရေးပြီးပါပြီ။ ကိုသာနိုးက ”သမီးရေးတဲ့ အဖေအကြောင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုဝံသရဲ့အတွေးအမြင်စာစောင်မှာရေးတယ်။ ကျနော်က ”အမေဒေါ်ခင်ကြည်ကိုတွေ့ဆုံပြီး သင့်ဘ၀မှာရေးတယ်လေ…”ဆိုတော့ ကိုတင်ရွှေက စိတ်ဝင်တစားနဲ့ ”သူ့အဖေ ကွန်မြူနစ်ကလာပ်စည်း ဖွဲ့တဲ့အကြောင်း ဘယ်လိုရေးသလဲ…”တဲ့။ ”အထူးမပါ,ပါဘူး ကွန်မြူနစ်ဝါဒပဲ ဖြစ်ဖြစ်၊ ဘာဝါဒပဲ ဖြစ်ဖြစ် အစွန်းရောက်တာ၊ တင်းကြပ်တာတွေ မကောင်းကြောင်း၊ မကြိုက်ကြောင်းပဲ ရေးတာပါ…”လို့ပြောရင်း စာအုပ်ရနိုင်တဲ့ နေရာကို ပြောပြလိုက်ပါတယ်၊ ကျနော့်ဆီမှာ ရှိတာက မူပွားထားတဲ့ စာအုပ်ကလေးပါ။ ဒေါ်ခင်ကြည်၊ ဒေါ်စုနဲ့ကျနော်တို့ စကားပြောနေတဲ့ ဓာတ်ပုံတွေရော၊ စာအုပ်ရော၊ ခွပ်ဒေါင်းအလံရော၊ ကျနော့်ဇနီးက တခြားပို့လိုက်လို့ အိမ်မှာ မရှိတော့ပါဘူး။ (ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင်စတင်တည်ထောင်ပေးခဲ့တဲ့ တော်လှန်ရေးခေတ်ဦးကာလ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ကဏ္ဍကို သုတေသနပြုပြီး စာတမ်းတစောင်ရေးထားတာ ကျိုတိုတက္ကသိုလ်မှာရှိပါတယ်။ ပုံနှိပ်ဖြန့်ချီဖို့ ကောင်းပါတယ်။)

ကိုတင်ရွှေဟာ ခံယူချက်စွဲမြဲခိုင်မာသူ၊ ဆင်ဆင်ခြင်ခြင်နဲ့ ခေါင်းအေးအေးလုပ်တတ်သူပါ။ အညာသားလူရိုးကြီးပုံစံ အပြည့်ရှိပါတယ်။ ကျနော်ကို တချို့ရဲဘော်ဟောင်းတွေက အလုပ်ထွက်ပြီး နိုင်ငံရေးလုပ်ဖို့ ပြောကြပေမယ့် ကိုဝင်းတင်နဲ့ ကိုတင်ရွှေတို့က မပြောကြပါဘူး။ စာအုပ်စာတမ်းတွေ (အထူးသဖြင့် ပညာရေးနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ) ရှာဖွေစုဆောင်းထားဖို့ပဲ ပြောပါတယ်။ ကိုထွေးမြင့်ကလဲ စာအုပ်ပဲ ရှာခိုင်းခဲ့ပါတယ်။ သူတို့တတွေဟာ တသက်လုံးရိုးရိုးသားသား ယုံယုံကြည်ကြည်နဲ့ အဖိနှိပ်ခံပြည်သူတွေဘက်က အမြဲရပ်ကြပါတယ်။ လက်ညီတက်ညီလဲရှိကြပါတယ်။ ကိုတင်ရွှေနဲ့ကိုဝင်းတင်ကို မန္တလေးနိုင်ငံရေးအဖွဲ့အစည်းတွေကလဲ သူတို့မန္တလေးသားအဖြစ်နဲ့ လက်ခံအားကိုးကြလို့ သူတို့အဖွဲ့တွေမှာ နာယကအဖြစ်နဲ့လဲ တင်မြှောက်ထားကြပါတယ်။ ခု-မန္တလေးတိုင်းမှာ ကိုတင်ရွှေကို ဆက်ခံဆောင်ရွက်နေတဲ့ ကျောက်ပန်းတောင်းကရဲဘော် ဘိုဇံဆိုတာလဲ မန်းတကသခေါင်းဆောင်ဟောင်းတယောက်ပါပဲ။ ကျောင်းသားဘ၀ကတည်းက လက်တွဲခဲ့ကြသူတွေပါ။ တကယ်တမ်းပြန်ကြည့်လိုက်တော့ တပြည်လုံးမှာ အဖွဲ့ချုပ်အစရှိတဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင်အဖွဲ့အစည်းတွေမှာ အနည်းနဲ့အများ ပါဝင်လှုပ်ရှားနေကြသူတွေဟာ ကျနော်တို့ခေတ်ကတည်းက ဗကသ၊ တကသခေါင်းဆောင်တွေချည်းဖြစ်နေကြလို့ သမိုင်းပေးတာဝန်ကျေပွန်ပြီး အရေးကြီးရင် သွေးစည်းကြတဲ့ သူတို့တတွေအတွက် ၀မ်းမြောက်ဂုဏ်ယူမဆုံးပါဘူး။ တချို့အသက်ပေးသွားကြရှာပါပြီ။

အဖွဲ့ချုပ်ခေါင်ဆောင်တွေကို ဗိုလ်အောင်ကြီးအချက်ပြလိုက်ပြီးကတည်းက ဖမ်းကြတာအကုန်ပါပဲ။ ကိုတင်ရွှေလဲ အစကရှောင်နေသေးပေမဲ့ သိပ်မကြာလိုက်ဘဲ အဖမ်းခံပါတယ်။ စစ်တပ်အကျဉ်းထောင်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ကိုတင်ရွှေ၊ ဗိုလ်သော်က၊ ကိုသိန်းတင်၊ ကိုတင်မောင်ဝင်း၊ ကိုညိုဝင်း၊ ကိုခင်မောင်မြင့်၊ မြို့မတင်အေးစတဲ့ ရဲဘော်များဟာ ထောင်ထဲနဲ့ ထောင်ဘူးဝအထွက်မှာပဲ ထမ်းပိုးမချွတ်ဘဲ ကျဆုံးသွားခဲ့ရှာပါပြီ။

မန်းတက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင် ရဲဘော်ဟောင်းကြီး အဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကျနော်တို့ခေါင်းဆောင်၊ ကျနော်တို့အကို၊ မှိုင်းဗေဒပညာရှင် စာရေးဆရာ ရဲဘော်တင်ရွှေကို ဒီဆောင်းပါးနဲ့ အမှတ်တရ အလေးပြုလိုက်ပါတယ်။

ရဲဘော်တင်ရွှေ ရောက်ရာဘ၀မှာ သူအသက်ပေးပြီး တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဘ၀ကို အပြည့်အ၀ရရှိပါစေသတည်း။

မောင်စွမ်းရည်
ဧပြီ ၂၊ ၂၀၀၈၊ နယူယောက်။

Sunday, April 13, 2008

ဆရာဇော်ဂျီနှင့်လူထုဦးလှ(မောင်စွမ်းရည်)



မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၅ မှ

ဒီဆောင်းပါးမှာ ဆရာဇော်ဂျီနဲ့ လူထုဦးလှ စာရေးဆရာကြီးနှစ်ဦးရဲ့ မြန်မာ့စာ ပေတိုးတက်ရေး ပူးတွဲဆောင်ရွက်ချက်တခု ကို ဖော်ထုတ်တင်ပြချင်ပါတယ်။

မန္တလေးကလူထုဦးလှ+ဒေါ်အမာ၊ ရန်ကုန်ကဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ဟာ ကျနော်တို့ မှီခို အားထားလေးစားကြရတဲ့ ကျောက်ထီးမဏ္ဍိုင်ကြီးတွေဖြစ်ပါတယ်။ အကြေအညာ တနေရာစီနေကြပေမယ့် စာရေးပေရေး၊ နိုင်ငံအရေးတို့မှာ ဆရာဇော်ဂျီဟာ မိတ်ဆွေဦးနု၊ ဦးသန့်တို့ နဲ့အတူ ဒီမိုကရေစီ ပြန့်ပွားရေးလုပ်ငန်းများကို အားသွန်လုပ်နေပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလဲ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတို့အတွက် အစွမ်းကုန်အားထုတ်နေပါတယ်။ လူထုဦးလှကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လှုပ်ရှားမှုခရီးစဉ်၊ မိန့်ခွန်း၊ တရားပွဲ၊ ကြေညာချက်စတာတွေကို ဓါတ်ပုံတွေနဲ့တကွ လူထုသတင်းစာမှာ မှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။

လူထုဦးလှက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုယ်တိုင်ရွေးချယ်စီစဉ်ပြီး ထုတ်ဝေဖို့တာဝန်ပေးလာတဲ့ လေးချိုးပေါင်းချုပ်၊ ကဗျာစာအုပ်ကြီးကို ၁၉၅၅ ခုနှစ်မှာ ထုတ်လိုက်ပါတယ်။ ဆက်လက်ပြီးတော့ လဲ ဒေါင်းဋီကာသစ်၊ ဘွိုင်းကောက်ဋီကာ၊ ဗိုလ်ဋီကာ စသည်တို့ကို ပြန်လည်ရိုက်နှိပ်ထုတ်ဝေပါတယ်။

ဆရာဇော်ဂျီကလဲ ၁၉၅၅ ခုနှစ်မှာပဲ သခင်ကိုယ်တော်မှိုင်းဋီကာကိုထုတ်လိုက်ပါတယ်။ ဆရာကြီးရဲ့ ၀တ္တုတို ကဗျာတို့ကိုဖွင့်ဆိုတဲ့စာစုဖြစ်ပါတယ်။ အဲဒီစာအုပ်နဲ့ စာပေဗိမာန်ဆုရခဲ့ပါတယ်။ စာဆိုနဲ့စာ၊ ဘ၀နဲ့ကဗျာ တွဲဖက်လေ့လာချက်စာအုပ်အဖြစ် မြန်မာစာပေသမိုင်းမှာ ပထမဆုံး ထူးထူးခြားခြားပေါ်ထွက်လာတဲ့ စာပေ ဂုဏ်မြောက် စာအုပ်တအုပ်ဖြစ်ကြောင်း စာပေသမိုင်းပညာရှင်၊ ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင်က မြန်မာနိုင်ငံ၊ သုတေသနအသင်းဂျာနယ်ကနေ အင်္ဂလိပ်ဘာသာနဲ့ ဝေဖန်ချီးကျူးစာရေးသား ချီးမြှင့်တာကို ခံယူခဲ့ရပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အတ္တုပ္ပတ္တိကို ကိုလိုနီခေတ်က ရေးသားပြုစုခဲ့သူ ဦးသိန်းဖေမြင့်ကလဲ “ကျနော်မစွမ်းနိုင်တဲ့အလုပ်ကို စွမ်းဆောင်နိုင်သူပေါ်ပေါက်လာလို့ ၀မ်းမြောက်ကြောင်း…”ရေးသားဂုဏ်ပြုပါတယ်။ ဒီနည်းနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ဗဟိုထားပြီး ဆရာဇော်ဂျီနဲ့လူထုဦးလှတို့ဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး ပင်မရေစီးကြီးထဲမှာ ပေါင်း စည်းပါဝင်ခဲ့ကြပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ၁၉၆၄ ခုနှစ်မှာ ကွယ်လွန်ပါတယ်။ စစ်အာဏာရှင်စနစ်ထူထောင်သူ ဗိုလ်နေ၀င်းဟာ ၁၉၆၂ မှာ ဒီမိုကရေစီအစိုးရကိုဖျက်ပြီး အာဏာသိမ်းလိုက်ရုံမက ပြည်သူတွေက တခဲနက်ဆန္ဒပြတောင်းဆိုနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလဲ ပိတ်ဆို့ဖျက်ဆီးပစ်ပြီး ငြိမ်းချမ်းရေးတောင်းဆိုကြတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးနှိပ်စက်ထောင်ချ၊ ကိုကိုးကျွန်းပို့တာတွေ ဆက်တိုက်လုပ်ပါတယ်။
ငြိမ်းချမ်းရေးခေါင်းဆောင် နိုင်ငံရေးသမားတွေ၊ သတင်းစာဆရာတွေ စာရေးဆရာတွေအားလုံးက ဘကြီးသခင်ကိုယ်တော်မှိုင်းခေါင်းဆောင်တဲ့ ပြည်တွင်းငြိမ်း ချမ်းရေးအဖွဲ့မှာ ပါဝင်လှုပ်ရှားနေသူတွေချည်းဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ “ငါမသေခင် ငြိမ်းချမ်းရေးရသွားတာမြင်ချင်သကွာ…”လို့ တဖွဖွတမ်းတရေရွတ်ရင်း ဆရာကြီးကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဆရာကြီးရဲ့တပည့်တွေကို ဖမ်းဆီးထောင်ချနေချိန်မှာ လူထုဦးလှနဲ့ဆရာဇော်ဂျီတို့ဟာ တို့ဗမာအစည်းအရုံးဝင်သခင်ဟောင်းကြီးတွေနဲ့အတူ ဆရာကြီးရဲ့ဈာပနအခမ်းအနားကို ပဒုမ္မာကွင်းကြီးမှာ ဦးဆောင်ကျင်းပခဲ့ပါတယ်။ လူထုဦးလှက ဆရာကြီးရဲ့အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုဦးဆောင်ခဲ့ပုံ နိုင်ငံရေးဘ၀ကိုအထူးပြု ဟောပြောပြီး၊ ဆရာဇော်ဂျီက ဆရာကြီးရဲ့စာပေတွေကို ဖွင့်ဆိုဟောပြောခဲ့ပါတယ်။
ဆရာမင်းသုဝဏ်က လေးချိုးကြီးတွေကို ခေတ်အလိုက်စီစဉ်ပြီးဖွင့်ဆိုရင်း ဆရာဖွင့်ဆိုတဲ့ လေးချိုးတပုဒ်ချင်းကို ဦးသုခ၊ ဦးရန်အောင်၊ ရွှေဥဒေါင်း၊ အခုဆိပ်ကမ်းအမတ် ဒေါ်စန်းစန်းရဲ့ဖခင်အငြိမ်းစားရဲအရာရှိဦးဘသော်၊ ဇာဂနာရဲ့ဖခင်နန်းညွှန့်ဆွေ၊ ဒေါ်စောမုံညင်းစတဲ့ ပညာရှင်များ စာဆို များက ရွတ်ဆိုကြပါတယ်။

ငြိမ်းချမ်းရေးပွဲဖျက်၊ အာဏာသိမ်းချိန်မှာ ဗိုလ်နေ၀င်းက ဖမ်းလားဆီးလားလုပ်နေတဲ့ကြားက ဆရာကြီးရဲ့ဈာပနာအခမ်းအနားကို ရဲရဲဝံ့ဝံ့ဦးဆောင်မှုပေးခဲ့ကြသူတွေထဲမှာ ထိပ်ဆုံးကတွဲဖက်ပါဝင်သူ ဆရာဇော်ဂျီနဲ့လူထုဦးလှတို့ကို အမြဲသတိရပြီး ဂါဝရပြုဖို့ ကျနော်တို့မမေ့ကြပါဘူး။ ခုလို အမျိုးသားစာပေခေါင်းဆောင်ကြီးနှစ်ဦးဖြစ်တဲ့ ဆရာဇော်ဂျီနဲ့လူထုဦးလှတို့ဟာ ကျနော်တို့ မျိုးဆက်သစ်လူငယ်တွေ စာပေလောကထဲကိုရောက်လာတဲ့ကာလကျမှ တွဲမိကြတယ်လို့ တချို့ကထင်နေကြပါတယ်။ ဒီအချက်ဟာလုံးဝမှားပါတယ်။ ဒီဆရာကြီးနှစ်ဦးဟာ ကျနော်တို့မမွေးခင်ကတည်းက စာပေထမ်းပိုးကြီးကို ၀ဲနဲ့ယာ၊ အတိုင်နဲ့အလှည့် အတူထမ်းခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဦးလှဟာ ၁၀ တန်းမအောင်ခင် ရန် ကုန်အစိုးရအထက်တန်းကျောင်းသားဘ၀ မှာကတည်းက ဆရာဇော်ဂျီတို့ကိုမွေးထုတ်ရာ မြို့မကျောင်းကို လူငယ်များကြီးပွားရေးအသင်း၊ စည်းရုံးရေးအနေနဲ့ အကြိမ်ကြိမ်လာရောက်ဆော်သြခဲ့တယ်လို့ ‘ငဘ’၀တ္တုရေးဆရာကြီးမောင်ထင်ဘွဲခံ သတင်းစာဆရာကြီးဦးထင်ဖတ်က အမှတ်တရရေးသားခဲ့ဖူးပါတယ်။
၁၉၃၃ ခုနှစ်ကျတော့ နောင်လူထုဦးလှဖြစ်လာမယ့် ကြီးပွားရေးဦးလှဟာ လူငယ်များတိုးတက်ရေးကိုအလေးထားပြီး ‘ကြီးပွားရေးမဂ္ဂဇင်း‘ကိုထုတ်ဝေပါတယ်။ သူကိုတက္ကသိုလ်တက်ဖို့ သူမိဘကထောက်ပံ့တဲ့ငွေကို တက္ကသိုလ်တက်ချင်တဲ့သူငယ်ချင်းအတွက်ပေးလိုက်ပြီး သူကိုယ်တိုင်ကတော့ မြူနီစပယ်ရုံးကြီးမှာ ရာဖြတ်စာရေးဝင်လုပ်ရင်း တဖက်က ကြီးပွားရေးမဂ္ဂဇင်းကိုထုတ်ဝေတာပါ။ ဒီအချိန်မှာ ရန်ကုန်တက္ကသိုလ်ထဲကထုတ်ဝေတဲ့ ဂန္ဓလောကမဂ္ဂဇင်းစင်မြင့်ပေါ်မှာ ကလောင်သွေးရင်း ပြင်ပစာပေလောကကို ခေါင်းပြူလာကြတဲ့ တက္ကသိုလ်က ခေတ်စမ်းစာပေအုပ်စုတခုလုံးကို ဦးလှရဲ့ကြီးပွားရေးမဂ္ဂဇင်းက စင်ပြောင်းပြီးယူလိုက်ပါတယ်။
သိပ္ပံမောင်ဝဆိုရင် နာမည်ဝှက် ၄-၅ မျိုးနဲ့ဝင်ရေးပါတယ်။ ဇော်ဂျီ၊ မင်းသုဝဏ်၊ တက္ကသိုလ်မောင်သန့်စင်၊ မြကေတု၊ မောင်ထင်၊ ကုသတို့ကစပြီး သပိတ် မှောက်ကျောင်းသူမအမာတို့အထိ ပါဝင်ရေးသားကြပါတယ်။
၁၉၃၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ရဲ့ ဒုတိယအကြိမ်ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ကိုနု၊ ကိုအောင်ဆန်းတို့ကစခန်းထခဲ့ကြပါတယ်။ အင်းလျား ကျောင်းဆောင်သူမအုန်း၊ မအမာတို့လဲ ရွှေတိဂုံဘုရားရင်ပြင် ဟောပြောဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပါတယ်။ တက္ကသိုလ်မှာဆရာဖြစ်နေပြီဖြစ်တဲ့ ဆရာဇော်ဂျီနဲ့မင်းသုဝဏ်တို့လဲ ကြွရောက်ပြီး အော်တိုစာအုပ်ထဲမှာ အမှတ်တရအားပေးကဗျာတွေ ချီးမြှင့်ခဲ့ကြပါတယ်။ ကြီးပွားရေးဦးလှကလဲ စာရေးဆရာကြီးမဟာဆွေနဲ့ ကြွရောက်အားပေးခဲ့ကြပါတယ်။

အဲဒီခေတ်ဦး နိုင်ငံရေးစစ်မျက်နှာမှာ ကတည်းက ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးလှ၊ ဒေါ် အမာတို့ဟာ အမျိုးသားရေးအတွက် သွေးစည်းခဲ့ကြပါပြီ။ အဲဒါ ကျနော်တို့မမွေး ခင်ကတည်းကပါ။ ဆရာဇော်ဂျီကျောင်း သားဘ၀က ရန်ကုန်တက္ကသိုလ်နယ်မြေ အတွင်းမှာထုတ်ဝေတဲ့ ဂန္ဓလောကမဂ္ဂဇင်း မှာ ကဗျာတွေရေးဖွဲ့ရင်း၊ စာပေဝေဖန်စာ တွေလဲ ရေးခဲ့ပါတယ်။ ကြီးပွားရေးမဂ္ဂဇင်း မှာလဲ ကဗျာတွေရေးရင်းက စာပေဝေဖန် ရေးကို ၀င်ရေးပါတယ်။ ဦးလှက ကြီးပွား ရေးမဂ္ဂဇင်းမှာ စာပေဝေဖန်ရေးတွေ အမျိုး မျိုးဖွင့်ထားပါတယ်။ လူငယ်တွေအတွက် စာပေဝေဖန်ရေး စာပြိုင်ပွဲတောင်လုပ်ပါ တယ်။
၁၉၃၇ ခုနှစ်မှာတော့ ‘ယခုခေတ်မြန်မာစာပေအရေးတော်ပုံဆိုတဲ့ ခေါင်းစီးနဲ့ စာပေဝေဖန်ရေးကဏ္ဍတခုကို ဖွင့်လိုက်ပါတယ်။ အရင်ကဏ္ဍတွေမှာ သိပ္ပံမောင်ဝက အမည်အမျိုးမျိုးနဲ့ ရေးခဲ့တာပါ။ အခုဆရာဇော်ဂျီက ‘အရေးတော်ပုံဆိုတဲ့စကားလုံးကို ပထမဆုံးအကြိမ် တခမ်းတနားသုံးပြီး ဝေဖန်တာပါ။ မြန်မာစာပေသမိုင်းမှာ ၀တ္တုဗေဒကို စနစ်တကျအသုံးပြုပြီး မြန်မာလိုင်းအကျယ်အပြန့်ဝေဖန်ရေးလုပ်ခဲ့တာဟာ ဆရာဇော်ဂျီနဲ့ ကြီးပွားရေးဦးလှတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ထင်ရှားတဲ့တပည့်နှစ်ဦးဟာ စာပေလောကမှာပူးပေါင်းခဲ့ကြတာဟာ ဆရာကြီးကွယ်လွန်တော့ နှစ်ပေါင်း ၃၀ လောက်ရှိ ပါပြီ။ ကြီးပွားရေးမဂ္ဂဇင်းက ၁၉၃၃ ခုနှစ်မှာ ထုတ်ပါတယ်။ ဆရာကြီးကွယ်လွန်တာက ၁၉၆၄ ခုနှစ်မှာပါ။
စာပေသမားတွေဟာ ဆရာဇော်ဂျီနဲ့လူထုဦးလှတို့လို တသက်လုံးညီညီညာညာလက်တွဲပြီး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် အားကျိုးမာန်တက် ဆောင်ရွက်သွားနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်…“

Sunday, March 30, 2008

နယူယောက်မြို့ လူ့အခွင့်အရေးနေ့မှာ မစိုးရိမ်ဆရာတော်ကြီးရဲ့သြ၀ါဒ (မှတ်တမ်းတင်ရေးသားပေးပို့သူ-မောင်စွမ်းရည်)

၁။ စစ်အစိုးရကိုထောက်ခံရင် ကံကြီးထိုက်မယ်။
၂။ နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွှတ်ကြစမ်းပါ။


ဗမာနိုင်ငံ ရှစ်လေးလုံး နိုင်ငံရေးအုံကြွမှုကာလအတွင်းက ကျောင်းသားဖုန်းမော် ကျဆုံးခဲ့တဲ့နေ့ကို ဗမာ့နိုင်ငံရေးအဖွဲ့အစည်းများနဲ့ ကျောင်းသားအဖွဲ့အစည်းအားလုံးက ဗမာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ နယူးယောက်မြို့မှာ မတ်၁၅ရက်နေ့၊ စနေနေ့က ကုလသမဂ္ဂပလာဇာ ဒုတိယထပ်မှာ ဗမာနိုင်ငံလူအခွင့်ရေးအထိမ်းအမှတ်နေ့ကို ကျင်းပပါတယ်။ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲကို နှစ်ပိုင်းခွဲပြီးကျင်းပရာ ပထမပိုင်းမှာ နယူးယောက် ဗမာလူငယ်များဦးစီးပြီး ဒုတိယပိုင်းကို သာသနာမောဠိအဖွဲ့က ဦးစီးကျင်းပခဲ့ပါတယ်။ ပထမပိုင်းမှာ မန္တလေးတက္ကသိုလ်၊ သမိုင်းဆရာဟောင်း ဦးအောင်ခန့်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ဒုတိယပိုင်းမှာ ဦးစန္ဒာဘာသ(ဘက်ဖဲလို)က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပါတယ်။

ပထမပိုင်းအခမ်းအနားမှာ ကဗျာဆရာဦးစွမ်းရည်က ဖုန်းမော်ကဗျာရွတ်ဆိုဖွင့်လှစ်ပြီးနောက် အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဥက္ကဋ္ဌဦးအောင်စောဦးက “ဗမာ့စစ်တပ်ရဲ့ လူသတ်မှုသမိုင်းကြောင်း”ကို သုတေသနပြုလုပ်ထုတ်ဖော်ဟောကြားပါတယ်။ ဆက်လက်ပြီး ရှစ်လးလုံးကာလ၊ လူ့ဘောင်သစ်အဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန်နဲ့ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်ဟောင်းများဖြစ်ကြတဲ့ ကိုရင်အေး၊ ကိုအောင်ကျော်မြင့်၊ ကိုဇော်ဝင်းစသူတို့က ဖုန်းမော်ကျဆုံးစဉ်က အတွေ့အကြုံများကို ပြန်လည်တင်ပြကြပါတယ်။
ဒုတိယပိုင်းမှာ သာသနာမောဠိအဖွဲ့၊ ပဓာန နယကဆရာတော်ကြီးဖြစ်တဲ့ မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒနဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝိလာသတို့က သြ၀ါဒစကားများပြောကြားသွားကြပါတယ်။
ဆရာတော်ကြီးဦးကောဝိဒက မိမိအနေနဲ့ ရှစ်လေးလုံးကာလတုန်းက ပြည်သူလူထုနဲ့တကွ သံဃာတော်တွေကို မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတဲ့ စစ်အစိုးရကို ကြည့်နေလို့ မဖြစ်တော့လို့ သံဃာတော်များမှာရှိတဲ့ တခုတည်းသာပိုင်ဆိုင်တဲ့ သပိတ်ကိုအသုံးပြုပြီး ပတ္တနိက္ကုဇ္ဇနခေါ်သပိတ်မှောက်ကံဆောင်မှုကို ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။ ဦးသုမင်္ဂလစတဲ့ တိပိဋိက ဓမ္မဓရ ဆရာတော်ကြီးများလဲ ပါဝင်ခဲ့ပါတယ်။ မိမိမှာ မန္တလေး မစိုးရိမ်တိုက်ဟောင်း၊ တိုက်သစ်နှစ်ကျောင်းနဲ့ ရန်ကုန်မှာပါစာချခဲ့ရာမှာ ဗမာပြည်အနှံ့အပြားမှာ တပည့်သံဃာပေါင်း ၆၀၀၀ကျော်ရှိခဲ့လို့ သူတို့လဲပါဝင်ဦးဆောင်ပြီး သပိတ်မှောက်ကြပါတယ်။ ဒါကြောင့် မိမိနဲ့တကွ သံဃာတော်များစွာ ဖမ်းဆီးနှိပ်စက်ခံကြရပြီး တချို့ပျံလွန်ခဲ့ရပါတယ်။ မိမိမှာ ခုနှစ်နှစ်မျှအကျဉ်းချခံရပြီး လွတ်တဲ့အခါ အမေရိကန်ပြည်ထောင်စုကို ထွက်ခဲ့ပါတယ်။ နောက်အခါ ပြည်တွင်းမှ သံဃာတော်များချည်း စုပေါင်း ချီတက်ရင်း မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြကြတာကို သေနတ်နဲ့ ပစ်ပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ပြန်ပါတယ်။ ဒါ့ကြောင့် မနေသာလို့ ပြည်ပကနေ သာသနာ့မောဠိအဖွဲ့ကြီးကို ဦးဆောင်ဖွဲ့စည်းပြီး စစ်အစိုးရမပြုတ်မချင်း သံဃာများက တတ်နိုင်တဲ့နည်းနဲ့ လုပ်ဆောင်သွားဖို့ ဆောင်ရွက်နေပါတယ်။

သံဃာတော်များ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရပုံတွေကို သမိုင်းပြုစုထားဖို့လိုပါတယ်။ ရှေးခေတ်ကဗမာရေးမှာ မင်းဆိုးမင်းညစ် ရှမ်းသိုးဟန်ဘွားက သတ်ဖြတ်ခဲ့လို့ ဂငယ်သုံးခု ဥသျစ် ဆိုပြီး သမိုင်းတွင်ခဲ့ပါတယ်။ ၈၈၈(ရှစ်ရာရှစ်ဆယ့်ရှစ်)ခုနှစ်မှာ ဖြစ်ပွားခဲ့တယ်လို့ အဓိပ္ပာယ်ရပါတယ်။ (ရှမ်းသိုဟန်ဘွားကို ဘုရင့်နောင်က မင်းဆိုးမင်းညစ်အဖြစ်တော်လှန်ခဲ့ပါတယ်။ ရှမ်းဗမာလူမျိုးရေးကိစ္စမဟုတ်ပါ။ ဘုရင့်နောင်ကပဲ ရှမ်းလူမျိုးကုန်းဘောင်စော်ဘွားကို ပြန်လည် နန်းတင်ခဲ့တာကို သတိပြုမှတ်သားရပါမယ်။)

ဆရာတော်ကြီးက မိမိကိုယ်တိုင် ငွေကုန်ကြေးကျခံပြီး သံဃာ့အရေးတော်ပုံဓာတ်ပုံများ၊ အမျိုးမျိုးပါရှိတဲ့ ရုပ်ပုံကတ်ပြား ၄-၅ မျိုးရိုက်နှိပ်ဖြန့်ဝေစေချင်ကြောင်း၊ ပြည်တွင်းမှာလဲ မသိလိုက်ကြသူများ အနှံ့အပြားသိကြရအောင် ပေးပို့ဖြန့်ဝေချင်လို့ ကူညီကြဖို့အကြောင်းကိုလဲ မိန့်ကြားသွားပါတယ်။ ၁၃၀၀ပြည့်အရေးတော်ပုံကာလ ဘုန်းကြီး သတ္တမတန်းကျောင်းသားဘ၀မှာ မန္တလေး ၂၆ ဘီလမ်းပေါ်မှာ အင်္ဂလိပ်အစိုးရက သေနတ်နဲ့ ပစ်ခတ်နှိမ်နှင်းလို့ သံဃာတော် ၇ ပါးပျံလွန်တော်မူခဲ့ပါတယ်။ အဲဒါလဲသမိုင်းရှိပြိး မန္တလေး-စစ်ကိုင်းသွားကားလမ်း၊ အမရပူရမြို့မရောက်ခင် နေရာမှာ ရဟန်းအာဇာနည်အုတ်ဂူများ တည်ဆောက်ထားရှိပါတယ်။
ကျောင်းသားသမဂ္ဂအဆောက်အဦးကို စစ်တပ်အာဏာပိုင်များက ဗုံးခွဲဖြိုဖျက်ခဲ့တဲ့ ၇-ရက်ဇူလိုင်သမိုင်း၊ အလုပ်သမားလှုပ်ရှားမှုသမိုင်း၊ ရှစ်လေးလုံးသမိုင်းစတဲ့ သမိုင်းဝင်အရေးတော်ပုံတွေကို မော်ကွန်းထိုးထားကြသလို သံဃာအရေးတော်ပုံကြီးကိုလဲ မော်ကွန်းထိုးကြရပါမယ်။ စသည်ဖြင့်လဲ ဟောကြားသွားပါတယ်။
ဆရာတော်ကြီးအနေနဲ့ ပြည်သူလူထုတရပ်လုံးကို ဦးတည်ပြီး သြ၀ါဒပေးသွားတဲ့အဓိက အချက်နှစ်ချက်ရှိပါတယ်။ ပထမအချက်က နိုင်ငံရေးသမားများ ညီညွှတ်ရေးပဲ ဖြစ်ပါတယ်။ ဘုန်းကြီးအနေနဲ့ နိုင်ငံရေးကို မသိဘူး၊ ဒါပေမဲ့ ရှစ်လေးလုံးကာလကတည်းက မတရားတာတွေမြင်လို့ ထပြီး ဦးဆောင်ခဲ့တယ်။ သပိတ်မှောက်ခဲ့တယ်။ ခုပြည်ပရောက်လာတော့လဲ နိုင်ငံရေးနဲ့ ကင်းကင်းပဲ နေခဲ့တယ်။ ခုအခါ နိုင်ငံရေးသမားတွေနဲ့မလွှဲမရှောင်သာ တွေ့ဆုံရတော့ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့၊ ပုတ်ခတ်တိုက်ခိုက်နေတာနဲ့ အချိန်ကုန်နေကြလို့ သိပ်စိတ်ပျက်မိတယ်။ စစ်အာဏာရှင်ကို မတိုက်နိုင်ဘဲ ကိုယ့်အချင်းချင်းတိုက်နေကြတယ်။ ဒါကြောင့် ခုအခါ ညီညွှတ်ကြစမ်းပါလို့ ပြောချင်တယ်။ ဟန်ဆောင်ဖြစ်ဖြစ်ညီညွှတ်ကြစမ်းပါလို့ သြ၀ါဒပေးသွားပါတယ်။
ဒုတိယအချက်ကတော့ ခုအခါ ပြည်ပရောက်ဗမာများကို မဲပေးဖို့ စစ်အစိုးရက စာတွေပို့နေတယ်။ တချို့ဒကာ-ဒကာမတွေကလဲ ဗမာပြည်ကို မပြန်ရမှာစိုးလို့ မဲပေးဖို့ နန့်နန့်တက်နေကြတယ်။ ဘုန်းကြီးလဲ ပြန်ချင်ပါတယ်။ ဒါပေမယ့် အောင့်ထားတယ်။ စစ်အစိုးရကို မဲပေးထောက်ခံသူတွေဟာ စစ်အစိုးရနဲ့ကြံရာပါတွေ ဖြစ်သွားပါလိမ့်မယ်။ သံဃာတွေက စစ်အစိုးရကို သပိတ်မှောက်ထားတာ ခုထက်ထိ မလှန်သေးဘူး။ သပိတ်မှောက်တယ်လို့ တင်စားပြောတာ။ ဟိုဘက်အိမ်က ဆူနေတယ်လို့ ပြောတာဟာ အိမ်ကြီးကဆူတာ မဟုတ်ဘူး။ အဲဒီအိမ်ထဲကလူတွေ ဆူနေတာကို ဥပမာနည်းနဲ့ တင်စားပြောတာ။ ဘုန်းကြီးများသပိတ်မှောက်တယ်ဆိုတာ စစ်အစိုးရကို သာရေးနာရေးကအစလုံးဝမဆက်ဆံဘူးလို့ ကြေငြာတာ။

သံဃာသပိတ်မှောက်ခံရသူများဟာ ကံကြီးထိုက်တတ်တယ်။ သူတို့လဲ အလွန်ဆုံးနှစ်လအတွင်းမှာပဲ ကံကြီးထိုက်လိမ့်မယ်။ သူတို့ကို မဲမပေးကြနဲ့လို့ ဘုန်းကြီးတို့က မပြောကောင်းဘူး။ ၀ိနည်းနဲ့ ထောက်နိုင်တယ်။ ပေးချင်ပေးကြ။ ပေးသူတွေဟာ သူတို့ကို ထောက်ခံ အားပေးရာကျလို့ သူတို့နဲ့အတူကံကြီးထိုက်လိမ့်မယ်လို့ သတိပေးလိုက်တယ်။ ဗမာပြည်ကိုလဲ လှမ်းပြီးအော်ပြောလိုက်မယ်။ စစ်အစိုးရကို အားပေးထောက်ခံသူတွေကံကြီးထိုက်မယ်။ သတိထားလို့။ ဒါကြောင့် ပြည်ပက ဒကာဒကာမတွေလဲ နန့်နန့်တက်မနေကြနဲ့။ ဘုန်းကြီးတို့လဲ တောင့်ထားမယ်။ ဒကာ ဒကာမတွေလဲ ခဏအောင့်ထားလိုက်ကြ။ ကံကြီးထိုက် မခံကြရစေနဲ့လို့ သတိပေးလိုက်ပါတယ်။ စသဖြင့် သြ၀ါဒပေးသွားပါတယ်။

ဆရာတော်ကြီး သြ၀ါဒပေးပြီးတဲ့နောက် ဒုတိယဥက္ကဌ ဦးဝိလာသနဲ့ ရဟန်းပျိုသမဂ္ဂဦးအဂ္ဂဓမ္မတို့က သြ၀ါဒများနဲ့ အတွေ့အကြုံများကို မိန့်ကြားတင်ပြပြီးနောက် ဦးဇင်း ဦးခေမိဿရဦးဆောင်ပြီး သံဃာများနဲ့ သံဃသြ၀ါဒလာရောက်ခံယူကြသူ ဒကာ ဒကာမများက သံဃာအရေးတော်ပုံ ပိုစတာများကို ကိုင်၍ဆင်းပြီး နယူးယောက်မြို့လယ်မှာ လမ်းလျောက်ဆန္ဒပြရင်း အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်။
၁။ စစ်အစိုးရကို ထောက်ခံသူတွေ ကံကြီးထိုက်မယ်။
၂။ နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွှတ်ကြပါ။

ဦးကောဝါဒ (မစိုးရိမ်ဆရာတော်ကြီး)
သာသနာ့မောဠိအဖွဲ့၊ ပဓာန နယကဆရာတော်

ဆရာတော်ကြီးရဲ့မိန့်ခွန်း မှတ်တမ်းတင်သူ
မောင်စွမ်းရည်
၁၆ မတ် ၂၀၀၈
နယူးယောက်

Monday, March 24, 2008

ကုလရုံးရှေ့တကိုယ်တော်ဆန္ဒပြခဲ့တဲ့ ဒု-ဗိုလ်မှူးကြီးအေးမြင့်(မောင်စွမ်းရည်)

သြစတြေးလျားမှာနေတဲ့ ဒုတိယ ဗိုလ်မှူးကြီးအေးမြင့် အမေရိကန် ပြည်ထောင်စုကိုရောက်နေပြီဆိုတာ ကို သတင်းသုံးပတ်လောက် ကတည်းက ကြိုတင်သိရပါတယ်။ ချီကာဂိုကရဲဘော်တွေက ကြိုတင် ပြီးဖုန်းသတင်းပို့ထားလို့ပါ။ ချီကာ ဂိုကမှ အင်ဒီယားနား၊ အဲဒီကမှ နယူးယောက်ကိုလာမယ်။ ကုလသမဂ္ဂရုံးရှေ့မှာ တကိုယ် တော်ဆန္ဒပြပွဲလုပ်မယ်။ သူက ကျနော်ရဲ့ လွတ်လပ် တဲ့အာရှအသံ၊ ရွှေဒေါင်းတောင်အစီအစဉ်ရဲ့ သောတရှင်ပရိသတ်ပါတဲ့…။

ကျနော်က သူကိုမတွေ့သေးပါဘူး။ ဒါပေမဲ့ ကျနော်က သူ့ပရိသတ်ဖြစ်နေတာ ကြာလှပါပြီ။ ကျနော် အသံလွှင့်တာက မနှစ်တနှစ်ကမှစတာပါ။ သူ့အသံ ကျနော်တို့ကြားရတာ ၁၄-၅ နှစ်ကြာပါပြီ။
သူဟာ စစ်တပ်ကို ပြတ်ပြတ်သားသားဝေဖန်နေတဲ့ စစ်တပ်အရာရှိဟောင်းတယောက်၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှာ စစ်တပ်က ရဟန်းရှင်လူ၊ ပြည်သူကျောင်းသားတွေကို သေနတ်တွေ နဲ့ သွေးချောင်းစီးအောင်ပစ်သတ်ခဲ့တာ ရှက်စရာ၊ ရင်နာစရာလို့သိမြင်ပြီး တောခိုလာခဲ့တဲ့ တဦးတည်းသော စစ်တပ်အရာရှိအငြိမ်းစားတဦးပါ။

အိန္ဒိယကလာတဲ့ကျောင်းသားတဦးက “ဗိုလ်မှူးကြီးဟာ ပထမဦးဆုံးရောက်လာ တာက အိန္ဒိယကိုပါ။ အဲဒီမှာ အော်အင်ဒီးယားရေဒီယိုက ဦးမောသီရိနဲ့တွေ့ဆုံပြီး အသံလွှင့်ပြောကြားခဲ့တာတွေဟာ သိပ် ကောင်းတာပဲ။ နောက်မှ နယ်စပ်ကိုသွား ပြီး ကျောင်းသားတပ်မတော်ကို စစ်ပညာ သင်ပေးခဲ့တာ။ ကျနော်က အသက်ငယ် နေလို့ သင်တန်းတက်ခွင့်မရခဲ့ဘူး။ သိပ် တက်ချင်တာ…”လို့ ပြန်ပြောကြပါတယ်။

ကျနော်ကတော့ ဂျပန်ပြည်က ဗမာလူ ငယ်တွေထုတ်ဝေတဲ့ Voice of Burmaစာစောင်မှာ သူ့ဆောင်းပါးတွေ ကြိုကြားကြိုကြားဖတ်ခဲ့ရဖူးပါတယ်။ ဗိုလ်မှူးကြီးက အမြဲရေးတာပါ။ ကျနော်က ကိုယ့်အခက် အခဲနဲ့ကိုယ် မှန်မှန်မဖတ်နိုင်ခဲ့တာပါ။ သူ့ ဆောင်းပါးတွေမှာ အမြဲလိုလိုပါလေ့ရှိတဲ့ စာကြောင်းတချို့ကို ၂၀၀၅ ခုနှစ်၊ မတ်လ ၆ ရက်ကထုတ်တဲ့ Voice of Burmaစာ စောင်မှာ နမူနာထုတ်ပြချင်ပါတယ်။

‘တပ်မတော်အစ ဘီအိုင်အေကလို့ဆို ရင် မမှားနိုင်သလို မူလပထမဖခင်အစစ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင် တို့ရဲ့ကျေးဇူးကြောင့် ဒီနေ့ သေချင်းဆိုး အာဏာရူးပိုးဝင်နေတဲ့ ဗိုလ်ယုတ်ကယ်ပါ တို့ ခံစားနေရတာပါ။ ဒုတိယဖခင်လို့ သူ့ ကိုယ်သူမင်္ဂလာယူခဲ့တဲ့ ကျင့်ကြံဖောက် ပြားလော်လည်ခဲ့လို့ တပ်မတော်ကြီး သောက်ကျိုးနည်းခဲ့ရတာ’စသဖြင့် ရေးလေ့ရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ မူလချမှတ်ခဲ့ တဲ့ တပ်မတော်အတွက် အခြေခံမူကြီး ၄ ရပ်ကိုလည်း အလျဉ်းသင့်တိုင်း ဖော်ပြလေ့ရှိပါတယ်။

၁။ နိုင်ငံတော်ကိုကာကွယ်တဲ့တပ်မတော်၊
၂။ ပြည့်သူဆန္ဒနဲ့အညီ နေထိုင်ကျင့်ကြံတဲ့ တပ်မတော်၊
၃။ နိုင်ငံရေးမှာဝင်မစွက်တဲ့တပ်မတော်၊
၎။ တိုင်းပြည်နဲ့ပြည်သူအကျိုးကိုလိုလား တဲ့တပ်မတော်-
တဲ့။

အဲဒီမူ ၄ ချက်ကနေ သွေဖယ်ခဲ့လို့ စစ် တပ်အာဏာရှင်စနစ်ပေါ်ပေါက်ခဲ့တာပါတဲ့။
စစ်ဗိုလ်စစ်သားတွေဟာ ဒီလိုစကားတွေကိုပြောဖို့ရေးဖို့ဝေးရော။ သူများ ပြောတာရေးတာတွေကို ကြားရဖတ်ရရင် တောင် သူတို့ကို ချက်ချင်းလက်ငင်း မြေ မျိုမလောက်‘ကြောက်ကျင့်’ပါနေကြတာပါ။
စစ်ဗိုလ်စစ်သားအများစုဟာ နိုင်ငံရေး အမြင်မရှိ၊ စစ်ကျေးကျွန်စိတ်၊ စစ်ကြေးစားစိတ်တွေမှီစွဲကပ်နေကြလို့ တပ်မတော်ကြီးပါမက နိုင်ငံတော်ကြီးပျက်စီးခဲ့ရပုံတွေကို ဗိုလ်မှူးကြီးကထောက်ပြခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့က ဖက်ဆစ်ဂျပန်ကို တော်လှန်တော့မယ်ဆိုတော့ တော်လှန်ရေးတပ်မတော်ကို ပြန်လည်ဖွဲ့စည်းပါတယ်။ ဖက်ဆစ်ကျေးကျွန်၊ စစ်တပ်ပုံစံ၊ ပြည့်သူ့တပ်မတော်ပုံစံကို ပြောင်းပါတယ်။ စစ်တိုင်းတွေဖွဲ့စည်းပြီး တပ်တိုင်းမှာ စစ်ရေးတာဝန်ခံနဲ့နိုင်ငံရေးတာဝန်ခံ (နိုင်ငံရေးမှူး)တို့တွဲဖက်ပြီး စစ်တပ်မဖွဲ့ခင်ကပဲ နိုင်ငံရေးသဘောတရားသင်တန်းတွေကို ပေးခဲ့ကြပါတယ်။
‘ငါတို့လူမျိုးတွေအပေါ်မှာ ဗိုလ်ကျ အုပ်ချုပ်နေတဲ့ တိုင်းတပါးသားတွေကို ပြန် ချကြမယ်’ဆိုတဲ့ သာမာန်မျိုးချစ်စိတ်ဓါတ် မျိုးအဖြစ် ကိုလိုနီနယ်ချဲ›စနစ်နဲ့ ဖက်ဆစ်ဝါ ဒတို့ရဲ့ဇစ်မြစ်ကိုပါ သိစေပါတယ်။

‘ရဲဘော်မသေ၊ သေသော်ငရဲမလား’ ဆိုတဲ့ သွေးတိုးဆောင်ပုဒ်တွေကို သင်မ ပေးဘူး။ ‘ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်’ဆို တဲ့ မင်းဖြစ်ရေးတရားကိုသင်မပေးဘူး။ ‘ရဲဘော်သာတိုင်းပြည်အတွက်၊ တိုင်း ပြည်ဟာရဲဘော်အတွက်မဖြစ်စေရ’လို့သင် ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမရှိတော့တဲ့အခါ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ ဂိုဏ်းကဖျက်စီးဖယ်ရှားပြီး နိုင်ငံရေးသဘောတရား မပါတဲ့ စစ်ရေးသမိုင်း၊ စစ်ပွဲသမိုင်း၊ စစ် လက်နက်သမိုင်းတို့ကိုသာ သင်ကြားပေး ခဲ့ကြပါတယ်။ ဒါတွေကို ဗိုလ်မှူးကြီးအေး မြင့်နဲ့ ရိုးသားတဲ့မျိုးချစ်စစ်သားတွေက စိတ်နာခဲ့ကြတာမဟုတ်လား။ ဒါကြောင့် ကြေးစားစစ်တပ်မှာ စစ်ရေးနဲ့မိန်းမပိုးရေးတို့လိုဟာမျိုး တွေမှာ ထူးချွန်သူတွေရှိကောင်းရှိပေမယ့် ပြည့်သူ့တပ်မတော်သားကောင်း စိတ်ဓါတ်ပြည့်ဝသူက တော့ အလွန့်အလွန်ကို ရှားပါးခဲ့ပါတယ်။ စစ်တပ်အရာရှိကြီးငယ်တွေ စည်းလုံးပြီး တော်လှန်ပြောင်းလဲပစ်ကြပါတဲ့…။

ဗိုလ်မှူးကြီးက ဇူလိုင် ၁၃ မှာ နယူး ယောက်ကိုရောက်လာပြီး ဒေါက်တာ သောင်းထွန်းအိမ်မှာ တည်းခိုတယ်လို့ သ တင်းရပေမယ့် ဇူလိုင် ၁၂ ရက်နေ့မှာ ကျ နော့်မျက်စိကို တိမ်ခွဲထုတ်ထားတာဆို တော့ လာတွေ့ချင်ပေမယ့် တွေ့နိုင်တော့ မယ်မထင်တော့ဘူးလို့ အကြောင်းကြား လိုက်ပါတယ်။ ဒါပေမဲ့ ၁၄ ရက်နေ့ကျ တော့ ဒု-ဗိုလ်မှူးကြီးအေးမြင့် ကုလသမဂ္ဂ ရှေ›မှာ တကိုယ်တော်ဆန္ဒပြတယ်။ သက် သက်လွတ်စား၊ သီလယူ၊ ပုတီးစိပ်ပြီး ငြိမ်း ချမ်းငြိမ်သက်တဲ့ ဆန္ဒပြနည်းတဲ့ပြတယ်။ အဲဒါကို နယူးယောက်မြို့ ဘားမားပွိုင့်က စီစဉ်ကူညီတယ်လို့ကြားလို့ သူတို့ကကားတစီးနဲ့ ကျနော့်ကို အကြို့အပို့လုပ်ပေးမယ်လို့ အကြောင်းကြားပါတယ်။

“ဗိုလ်မှူးကြီးက သြစတြေးလျားက တောင်လာရတာ။ ငါက အိမ်ရှင်ဘဲ။ အား ပေးရမှာပေါ့…”လို့ တွေးမိပြီး သူဆန္ဒပြ မယ့် အချိန်မီအရောက်များခဲ့ကြပါတယ်။ ဘားမားပွိုင့်ဦးဝင်းရှိန်(နယူးယောက်မြို့ စာ ပေလုပ်သားဥက္ကဋ္ဌလို့ခေါ်လေ့ရှိတဲ့) ဦးကျော်ဝင်းခေါ်ကလောင်ရှင်ရွှေပြည်စိုးကိုလဲ ၀င်ခေါ်ခဲ့ပြီး ကားနဲ့လိုက်ပို့ပေးပါတယ်။

ကုလသမဂ္ဂရုံးကြီးရှေ›ရောက်တော့ မြန်မာဝတ်စုံနဲ့ ကတုံးဦးပြည်းနဲ့ အသားညိုညိုရဲဘော်ကြီးကို မြင်ရပါတယ်။ သူ့ရှေ့စားပွဲပေါ်မှာ ဗုဒ္ဓဆင်းတုငယ်တဆူနဲ့ နှင်း ဆီနီပန်းအိုးကြီးတလုံးချထားတာကိုလဲ တွေ့ရပါတယ်။ ဒေါက်တာသောင်းထွန်းနဲ့ဇနီးက လိုလေသေးမရှိအောင် ဘေးကစောင့်ကြပ် ပြင်ဆင်ပေးထားတာပါ။ ဗိုလ်မှူးကြီးရဲ့ဘေးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရန်တော်ဟောင်း‘ကိုအောင်’နဲ့ ကျောင်းသားတပ်မတော်တပ်သားဟောင်း ‘ကိုဝင်းနိုင်’တို့က ကြေညာစာတန်းရေး ထိုးထားတဲ့ ပိတ်စအရှည်ကြီးကို တ ယောက်တဖက်စီကိုင်ထားကြပါတယ်။ အလယ်ပိုင်းမှာနိမ့်နေတာကို ဘားမားပွိုင့် ‘ကိုမိုးချမ်း’က ၀င်ကိုင်ပေးထားပါတယ်။
စာတန်းက အင်္ဂလိပ်ဘာသာနဲ့ ရေး ထားတာပါ။ အဓိပ္ပာယ်က ‘ဗမာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကိစ္စကို ကုလသ မဂ္ဂလုံခြုံရေးကောင်စီတင်ရာမှာ အားပေး ကြပါစို့’နဲ့ ‘ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန် နိုင်ငံကြီးတွေက မဟန့်တားကြဖို့’ ရေး ထားတာပါ။ ကြေညာချက်တစောင်လဲ ထုတ်ပြန်ထားတာကို ဝေငှနေပါတယ်။

“ကျနော်မောင်စွမ်းရည်ပါ…”လို့ပြောလိုက်တော့ ဗိုလ်မှူးကြီးက၀မ်းသာအယ် လဲကြိုဆိုပါတယ်။ “ဆရာမျက်စိခွဲထားပြီး ခါစ ဘာလို့လာသလဲ၊ အားနာစရာပဲ…” လို့ ပြောပါတယ်။

ပုတီးခဏချထားပြီး စကားလက်ဆုံ ကျသွားပါတယ်။ နေ့လယ်စာစားချိန်ဆို တော့ ကုလသမဂ္ဂရုံးသူရုံးသားတွေ ရုံးပြင် ထွက်ပြီး လမ်းသလားချိန်နှင့် လူစည်ကား နေပါတယ်။ လူဖြူ၊ လူမဲတွေက စိတ်ဝင်တ စားရပ်ကြည့်ပြီး သတင်းမေးကြပါတယ်။ ‘ကိုမိုးချမ်း’က ကြားဝင်ပြီးရှင်းပြပါတယ်။ ဗိုလ်မှူးကြီးကတော့ ခုလို စစ်တပ်က သ မိုင်းအစဉ်အလာကောင်းတွေကို ဖေါက် ဖျက်ပြီး အာဏာသိမ်းထားတာ။ ပြည်သူ တွေကို ညှင်းပန်းနှိပ်စက်နေတာတွေကို ရှက်လွန်းလို့ သေရပါလိမ့်မယ်လို့ သူ့ခံ စားမှုကို ဖော်ထုတ်ပါတယ်။

“ကျနော်က ဖျာပုံဇာတိပါ။ ၁၉၃၆ ခု နှစ်၊ သြဂုတ်မှာဖွားပါတယ်။ သူ့အသက် ၇၀ ပါ။ အသက် ၁၉ နှစ်အရွယ်၊ ၁၉၅၅ ခု နှစ်မှာ စစ်ထဲဝင်ခဲ့ပြီး နောက်ဆုံးလားရှိုး အခြေစိုက် အရှေ့မြောက်တိုင်းမှာ တာဝန်ယူခဲ့ပါတယ်။ အဲဒီတုန်းကတည်းက တခြားစစ်တပ်အရာရှိတွေကို ကျနော်ကြည့်မရတော့ဘူး။ မကြာခဏပြဿနာကြုံရတယ်။ တချို့က အငြိမ်းစားယူပြီးတော့ ရှစ်လေးလုံးအရေးတော်ပုံမှာ‘မျိုးချစ်တပ်မှူးဟောင်း’ တွေအနေနဲ့ အဖွဲ့ဖွဲ့ပြီး ပါဝင်ခဲ့ကြတယ်။
အဲဒီမှာလည်း သူ့တို့ပထွေးနေ၀င်းကို ပွင့်ပွင့်လင်းလင်း မတိုက်ခိုက်ရဲကြပါဘူး။ တချို့က ရွေးကောက်ပွဲဝင်ပြီး အရွေးခံချင် ကြသေးတယ်။ ကျနော်တို့က ဘာအခွင့် အရေးမှမလိုချင်ဘူး။ ဒီမိုကရေစီရရင်ပြီး ရော…”

“ကျနော်ရှင်းရှင်းဝန်ခံမယ်။ ပညာတတ်ကြီးလဲမဟုတ်ဘူး၊ နိုင်ငံရေးလဲနားမလည်ဘူး၊ နိုင်ငံရေးစကားကိုလဲမပြောဘူး၊ စစ်တပ်က မတရားအာဏာသိမ်းပြီး ပြည်သူလူထုကို နှိပ်စက်နေတာကိုပဲရှက်တယ်၊ ရင်နာတယ်။ စစ်တပ်က စစ်တန်းလျားကို ပြန်သွားရင် ကျနော့်တာဝန်ပြီးပြီ။ ကျနော် သေသည်အထိ စစ်အာဏာရှင်တွေကို ဆန့်ကျင်တိုက်ပွဲဝင်သွားမယ်။ ခုဆိုရင် ကျ နော့်ဇနီးလဲ မကြာခင်ကပဲ ဆုံးသွားပြီ။ ကျန်ရစ်တဲ့သမီးနှစ်ယောက်နဲ့လဲ အဆက် အသွယ်ပြတ်နေရတယ်။ ခုတော့ ရေမျော ကမ်းတင်ဘ၀နဲ့ ကျန်းနိုင်ငံကြီးမှာရောက် နေရတယ်။ ထိုင်း-ဗမာနယ်စပ်က ကျောင်းသားတွေက ကျနော့်ဘ၀ကိုကြင် နာကြလို့ စီစဉ်ပေးလိုက်ကြတာပါ…”။

“ကျနော်-အဲဒီကလေးတွေကို သနား တယ်လေ။ သူတို့မှာ လက်နက်၊ လူသူမရှိ ဘူး။ ပဲနဲ့ငပိကိုတောင် နပ်မှန်အောင်မစား ကြရဘဲ အင်မတန်အင်အားကြီးတဲ့ ရန်သူ စပ်တပ်ကြီးကို ခုခံတိုက်ခိုက်နေကြရှာတာ ပါ။ သူတို့မှာစိတ်ဓါတ်ပဲရှိတာ။ လက်နက် လဲမရှိ။ စစ်ပညာလဲမရှိကြဘူး။ သူတို့အ လကားသေကုန်ကြတယ်။ ဒါကြောင့် ကျ နော်တတ်တဲ့စစ်ပညာနဲ့ပဲ သူတို့ကိုကူညီ နေရတာပါ။ မာနယ်ပလောကျဆုံးရတာ က ဗမာ့တပ်မတော်တော်လို့မဟုတ်ဘူး။ ကရင်ကဖောက်သွားတဲ့အဖွဲ့ရှိလို့ပါ။ ကရင်ချင်းမညီညွတ်လို့ပါ…”စသဖြင့် ပြော ကြပါတယ်။

ဗွီအိုအေ၊ ဘီဘီစီ၊ အ်ာရ်အက်အေ၊ ဒီဗွီ ဘီတို့နဲ့ ခေတ်ပြိုင်ဂျာနယ်ကလဲ တယ်လီ ဖုန်းတွေလာကြလို့ ခဏခဏပုတီးချထားပြီး အထက်ပါစကားတွေကိုပဲ ထပ်ကာ ထပ်ကာ ပြောပြနေရပါတယ်။ ကျနော်က သတင်းဆောင်းပါးတွေကို မိုးမခ၊ မိုးသောက်ကြယ်၊ အာဟာရစတဲ့ စာစောင်တွေကို ပို့မယ်လို့လဲပြောပြလိုက် ပါတယ်။ ဆန္ဒပြတာကို ညနေ ၄ နာရီမှာ သိမ်းလိုက်ပါတယ်။ကျနော်ကတော့ ဦးအေးမြင့်ကို ဒေါက် တာဆလိုင်းထွန်းသန်း၊ ဦးအုန်းသန့်၊ ကို ထွန်းလင်းကျော်၊ ကိုသက်နောင်စိုး၊ တပ်ကြပ်ကြီးကျော်ကျော်၊ ဆရာလေးတေဇ၀ တီ၊ ဒေါ်မာလာရီတို့စသဖြင့် အခုလို တ ကိုယ်ချင်းဆန္ဒပြကြတာတွေဟာ အထူး ၀မ်းသာအားရဖြစ်မိပါတယ်။
နိုင်ငံရေးပါ တီတွေ၊ ရဟန်းသံဃာတွေ၊ သီလရှင်တွေ၊ ကျောင်းသားတွေသာမက ခုလို နိုင်ငံရေး အဖွဲ့အစည်းနောက်ခံလုံးဝမပါတဲ့ ပညာ ရှင်တွေ၊ တပ်မတော်အရာရှိတွေကလဲ ကိုယ်ကျိုးစီးပွား၊ ရာထူးအာဏာ၊ ငွေကြေး တို့ကို လုံးဝမမျော်မှန်းဘဲ အသက်အိုးအိမ် စည်းစိမ်တို့ကို လုံးဝစွန့်လွှတ်ဆန္ဒပြပြီး ဗမာ့စစ်တပ်ကိုသာမက၊ ဗမာပြည်သူကို သာမက၊ ကမ္ဘာ့ပြည်သူတွေနဲ့ ကုလသမဂ္ဂ ကိုပါ ဗမာပြည်ရဲ့ဒီမိုကရေစီဆန္ဒကို တင်ပြ ကြေညာကြတာကိုက ဂုဏ်ယူဝမ်းမြောက်စရာပါ။
ဒါကြောင့် တကိုယ်တော်ဆန္ဒပြတဲ့ ဒု-ဗိုလ်မှူးကြီးအေးမြင့်နဲ့တကွ တခြားလူ့ အလွှာအမျိုးမျိုးက အနစ်နာခံဆန္ဒပြကြသူ တွေကိုပါ ဒီဆောင်းပါးနဲ့ဂုဏ်ပြုလိုက်ရပါ တယ်။
စစ်အာဏာရှင်တွေကျဆုံးပါစေ…
ဒီမိုကရေစီအမြန်ရရှိပါစေ…

မောင်စွမ်းရည်
(၂၀၀၆ ခုနှစ်၊ စက်တင်ဘာလထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၃၊ အမှတ် ၉ တွင် ဖော်ပြခဲ့သော ဆရာစွမ်း၏ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်)

Saturday, March 15, 2008

သတင်းစာဆရာဘ၀ နှစ်ပေါင်း ၆၀

(မောင်စွမ်းရည်)



ကြေးမုံဦးသောင်း’ခေါ် စာရေးဆရာကြီး‘အောင်ဗလ’ဟာ ၂၀၀၇ ခုနှစ် ဖေ ဖော်ဝါရီ ၂၇ မှာဆိုရင် သတင်းစာဆရာဘ၀ သက်တမ်း ၆၀ တင်းတင်း ပြည့်ပြီလို့ သိရပါတယ်။ နှစ်ပေါင်း ၆၀ ဆိုတာ နည်းနည်းနောနော မဟုတ်ပါတကား…။

လူ့သက်တမ်း ၁၀၀ ဆိုရင် နှစ်ပေါင်း ၅၀ ဟာ လူ့သက်တမ်းရဲ့ တ၀က်မဟုတ်ပါလား။ လူ့သမိုင်းကိုတွက်ရင်လဲ နှစ် ၁၀၀ စီကို ‘ရာစု’ လို့ပိုင်းခြားလေ့ရှိလေတော့ နှစ်ပေါင်း ၅၀ ကို ‘ရာစုဝက်’ ခေါ်ကြပါတယ်။ ခုဆိုရင် ‘ဆရာအောင်ဗလ’ရဲ့ သတင်း စာဆရာဘ၀ဟာ နှစ်ပေါင်း ၆၀ ဆိုတော့ ရာစုနှစ်တစုရဲ့ တ၀က်ကျော်သက်တမ်းရှည် တဲ့ သမိုင်းကာလကြီးတခုကို ဖြတ်သန်းခဲ့လေပြီလို့တွက်ရင်လဲ တကယ့်ကို ကြုံတောင့်ကြုံခဲသက်တမ်းမဟုတ်ပါလား။
ဒီနှစ်မှာ ဗမာနိုင်ငံရဲ့လွတ်လပ်ရေးသက်တမ်းဟာ နှစ်ပေါင်း ၅၉ နှစ်ပါ။ ဆရာအောင်ဗလရဲ့သတင်းစာဘ၀သက်တမ်းဟာ နှစ်ပေါင်း ၆၀ ဆိုတော့ လွတ်လပ်ရေး သမိုင်းကြီးတခုလုံးကို ဖြတ်သန်းခဲ့တဲ့ဘ၀ဖြစ်ပါတယ်။

ဆရာရဲ့သတင်းစာဆရာဘ၀ဟာ ၁၉၄၇ ဖေဖော်ဝါရီ ၂၇ ကစတယ်လို့သိရပါတယ်။ လွတ်လပ်ရေးရတော့ ဆရာက သတင်းစာဆရာပေါက်စပေါ့။ ဆရာစပြီး အလုပ်ဝင်လုပ်ခဲ့တာက ‘ဗမာ့ခေတ်သတင်းစာ’မှာပါ။ အယ်ဒီတာချုပ်က အဲဒီခေတ်က လျှမ်းလျှမ်းတောက်ဖြစ်နေတဲ့ ‘ဦးအုန်းခင်’ပါ။ ‘သခင်နု’တို့ရဲ့ ‘နဂါးနီ’စာအုပ် အသင်းမှာ မန်နေဂျာလုပ်ခဲ့လို့ ‘နဂါးနီဦးအုန်းခင်’လို့လဲ ကျော် ကြားခဲ့သူပါ။

တို့ဗမာအစည်းအရုံး စတင်ထူထောင်သူတွေထဲမှာ ပါဝင်ခဲ့ပေမဲ့ ‘သခင်အုန်းခင်’လို့တော့ အမည်မခံယူခဲ့ပါဘူး။ ဒါပေမဲ့ နိုင်ငံရေး သမားကြီးပါ။ ဗမာ့ကျန်းမာရေးလှုပ်ရှားမှုမှာ ခေါင်းဆောင်တဦး အဖြစ်နဲ့ ‘ခြေလျင်ဦးအုန်းခင်’လို့လဲကျော်ကြားသူပါ။ အဲသလို ကိုလိုနီခေတ်နှောင်းနဲ့ လွတ်လပ်ရေးခေတ်ဦးမှာ စာနယ်ဇင်းနဲ့ နိုင်ငံ ရေးခေါင်းဆောင်ဖြစ်သူ ‘ဦးအုန်းခင်’ထံမှာ ဆရာအောင်ဗလက တပည့်ခံခဲ့ပါတယ်။

အဲဒီတုန်းက ဆရာအောင်ဗလရဲ့အသက်ဟာ ၂၀ ၀န်းကျင်ပဲ ရှိအုံးမှာပါ။ ၁၀ တန်း အောင်ပြီးနေပြီ။ အညာသား(ညောင်ဦးဇာတိ)လူငယ်လေးဟာ ရန်ကုန်ဆင်းလာပြီး တက္ကသိုလ်တက်ဖို့ပြင်ပြီးနေပြီ။ သူ့ဆရာက သူ့ကို တက္ကသိုလ်သွားဖို့ အားမပေးပါဘူး။ တက္ကသိုလ်ကို ၄ နှစ် သွားတက်လိုက်ရင် သတင်းစာဆရာဘ၀အတွေ့အကြုံ (သတင်းစာတက္ကသိုလ်)မှာ ၄ နှစ်လျော့သွားမှာပေါ့လို့ပြောပြတယ်။

အဲဒီ အယူအဆကိုလက်ခံလိုက်ပြီး တက္ကသိုလ်ကိုကျောခိုင်းလိုက်တယ်။ သတင်းစာလောက ထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။ ဒီအကြောင်းတွေကို ဆရာအောင်ဗလက ‘ဗမာ့ခေတ်မှ ကြေးမုံသို့’ ဆိုတဲ့စာအုပ်မှာရေးခဲ့ပါပြီ။

ဆရာအောင်ဗလ တက္ကသိုလ်ကိုကျောခိုင်းလိုက်တာမှန်သွားပါတယ်။ တက္ကသိုလ်က သင်မပေးနိုင်တဲ့ပညာတွေကို အများကြီးဆည်းပူးခွင့်ကြုံလိုက်ပါတယ်။

၁၉၄၇ မှာ သတင်းစာလောကထဲကိုဝင်လိုက်တာဆိုတော့ ‘ဗိုလ်ချုပ်အောင်ဆန်း’နဲ့ တကွ အာဇာနည်ခေါင်းဆောင်တွေကျဆုံးတာကို သွေးစိမ်းရှင်ရှင်မြင်လိုက်ရတယ်။ လုပ်ကြံသူ လူသတ်သမား‘ဂဠုန်ဦးစော’ ကြိုးပေးခံရတာတွေ၊ ယူနီယန်ဂျက်အလံကို လျောချပြီး ကြယ်ငါးပွင့် ပြည်ထောင်စုမြန်မာနိုင်ငံအလံတော်ကြီးကို အလံတိုင်ထိပ်တင်လိုက်တာတွေ၊ ရန်ကုန်မြို့တော်ကြီး သူပုန်တွေလက်ကျဆုံးခါနီးအခြေအနေတွေ၊ ဗုံးဆံ အ မြောက်ဆံတွေ ပလူပျံနေတာတွေ၊ ပြည်တွင်းစစ်နဲ့ လက်ဝဲ-လက်ယာဝါဒစစ်ပွဲကို သူသေကိုယ်သေနွှဲခဲ့ကြတာတွေ၊ ကရင်ခေါင်းဆောင်‘စောဘဦးကြီး’ စစ်ကြေးစားတွေရဲ့အသတ်ခံရတာ၊ အဲဒါတွေကြားထဲကိုရောက်ရှိသွားခဲ့ပါတယ်။ ဒါဟာ သမိုင်းရဲ့ဗဟိုချက်ပေါ်မှာ ထိုင်မိလိုက်တာပါပဲ။

သတင်းစာဆရာဆိုတာ ကမ္ဘာ့သတင်း၊ ဗမာ့သတင်းတွေကို အမြဲထိတွေ့နေရသူဖြစ်ပါတယ်။ သမိုင်းရေစီးထဲကိုမျောပါရင်း နိုင်ငံရေးသင်တန်းတက်နေသလိုလဲ ဖြစ်နေပါတယ်။ ဒါကြောင့် သတင်းစာဆရာတွေဟာ နိုင်ငံရေးသမားတပိုင်းလဲ ဖြစ်နေတတ်ပါတယ်။

သတင်းစာဆရာ၊ ၀န်ကြီး‘ဦးထွန်းဖေ’က “လွတ်လပ်ရေးရအောင် ငါတို့သတင်းစာဆရာတွေ ဦးဆောင်ခဲ့တာ…”လို့ပြောလေ့ရှိတာဟာ မှန်သလောက်မှန်ပါတယ်။
သတင်းစာဆရာဟာ ‘ရှေ့ဆုံး’ကမဟုတ်တောင် ‘ရှေ့တန်း’ကဆိုတာ ငြင်းမရပါ။

သတင်းစာသမားဟာ နိုင်ငံကို နိုင်ငံရေးမျက်စိဖွင့်ပေးနေရသူလဲဖြစ်ပါတယ်။
သတင်းစာသမားဟာ စာပေနဲ့ရင်းနှီးနေတာကြောင့် စာရေး ဆရာအလုပ်ကိုလဲ ၀င်လုပ်နေမိတတ်ပါတယ်။

‘သတင်းစာဆရာ’၊ ‘နိုင်ငံရေးသမား’၊ ‘စာရေးဆရာ’ဆိုပြီး အနည်းဆုံး သုံးဘ၀ခွဲနေရသူ၊ သို့မဟုတ် ပေါင်းစပ်နေရသူလို့ လဲ ဆိုနိုင်ပါတယ်။

ဆရာကြီး‘သခင်ကိုယ်တော်မှိုင်း’၊ ‘ဒီးဒုတ်ဦးဘချို’၊ ‘ဦးထွန်း ဖေ’၊ ‘ဦးပုကလေး’၊ ‘သူရိယဦးသိမ်းမောင်’၊ ‘ဂျာနယ်ကျော်ဦး ချစ်မောင်’၊ ‘လူထုဦးလှ’၊ ‘ဦးသိန်းဖေမြင့်’၊ ‘ဗမာ့ခေတ်ဦးအုန်းခင်’စတဲ့ ပုဂ္ဂိုလ်ကြီးများဟာ သတင်းစာဆရာဘ၀ကို အဓိကထားလုပ်ရင်းက ကျန်တဲ့ဘ၀တွေပါလုပ်ရင်းကိုင်ရင်း တိုးပွားလာကြသူတွေဖြစ်ပါတယ်။

ဆရာအောင်ဗလဟာ ပြဇာတ်တွေ၊ ၀တ္ထုတိုတွေလဲရေးပါတယ်။ ကလောင်စွမ်းကလဲ သွက်လက်ထက်မြက်သူဖြစ်ပါတယ်။ ဆရာအောင်ဗလဟာ အညာသားသတင်းစာ သမားလေး ‘မောင်သောင်း’ဘ၀ကနေ ပြေးရင်းလွှားရင်း ထိပ်တန်းသို့ ထိုးဖောက်ထွက် လာခဲ့တာဖြစ်ပါတယ်။ သတင်းစာဆရာဘ၀နဲ့လဲထူးချန်သလို စာရေးဆရာဘ၀နဲ့လဲ ထူးချွန်သူဖြစ်ပါတယ်။

မြန်မာသတင်းစာလောကမှာ ‘အိုးဝေဦညိုမြ’၊ ‘ဆရာဇ၀န’၊ ‘ဆရာဥာဏ’စတဲ့ သတင်းစာပညာရှင်ကြီးတွေရှိကြပါတယ်။ ဒါပေမဲ့ စာသာရေးတတ်ပြီး သတင်းစာတိုက် အုပ်ချုပ်ရေးနဲ့ ငွေကြေးစီမံခန့်ခွဲမှုမှာ ညံ့ဖျင်းကြပါတယ်။ ဆရာအောင်ဗလကတော့ သတင်းစာဆရာအနေနဲ့အပြင် စီမံအုပ်ချုပ်မှုဘက်ကပါ ထူးချွန်သူလို့ ဆရာ့ဆရာကြီး တွေကိုယ်တိုင်က ချီးမွမ်းခံရသူဖြစ်ပါတယ်။

ဗမာ့ခေတ်ဦးသောင်းဟာ ကြေးမုံသတင်းစာတိုက်ကြီးကိုထောင်ပါတယ်။ ခေတ်မီစက်သစ်ကြီးတွေ၊ ခေတ်မီထုတ်လုပ်မှုစနစ်တွေသုံးရုံမက စီမံခန့်ခွဲပုံအသစ်နဲ့ ‘ဆရာ ဇ၀န’၊ ‘စိန်ခင်မောင်ရည်’၊ ‘ဦးဝင်းတင်’၊ ‘ငွေဥဒေါင်း’စတဲ့ လူတော်တွေစုစည်းပြီး ðပစု ပျိုးထောင်လိုက်တဲ့အတွက် ဗမာ့သတင်းစာလောကမှာ စောင်ရေလဲထိပ်တန်း၊ သြဇာလဲ ထိပ်တန်းကို ရောက်လာခဲ့ပါတယ်။

တိုင်းပြည်ရဲ့အရေးမှာ အရေးအကြီးဆုံးက ‘ပြည်တွင်းငြိမ်းချမ်းရေး’ပါ။ ပြည်တွင်းစစ်ကြီးမရပ်နိုင်လို့ ဗမာနိုင်ငံဟာ အောက်ကျနောက်ကျနိုင်ငံဘ၀က ခုအထိမတက်နိုင် ဖြစ်နေတာကို သတင်းစာဆရာတွေကအသိဆုံးပါ။ ဒါကြောင့် သတင်းစာဆရာတွေဟာ ‘ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ’တွေကို ရှေ့တန်းတင်လိုက်ကြပါတယ်။

‘ဖဆပလ’၊ ‘ပထစ’၊ ‘မဆလ’စတဲ့ အစိုးရတွေဟာ ပြည်တွင်းစစ်မှာပလ္လင်ထိုင်နေကြလေတော့ သတင်းစာဆရာတွေကို ရန်သူတွေအဖြစ်သတ်မှတ်ပြီး အားလုံးလောက်ကို ဖမ်းဆီး ထောင်ချလိုက်ရာမှာ ဆရာအောင်ဗလခေါ် ကြေးမုံဦးသောင်းလဲ ပါသွားရှာပါတယ်။

‘မဆလ ဗိုလ်နေ၀င်း’က လူကိုထောင်ချရုံမက သတင်းစာတိုက်ကိုပါ ပြည်သူပိုင်သိမ်းလိုက်ပါတယ်။ ဘ၀ပျက်အောင်ချေမှုန်းခဲ့တာပါပဲ။ သတင်းစာသမားတိုင်းကိုလုပ်တာပါ။

ထောင်ထဲမှာ ဦးသောင်းကို မှတ်လောက်အောင်ထားပြီးမှ ထောင်ကထုတ်၊ ရာထူးတွေပေးပြီး ချော့ပြန်ပါတယ်။ ဒါ ဗိုလ်နေ၀င်းထုံးစံပါ။ သတင်းစာဆရာစစ်စစ်တွေကတော့ ဒါမျိုးလုပ်လို့မရပါဘူး။ မကြာခင် ဆရာသောင်းဟာ ပြည်ပကိုထွက်သွားခဲ့ပါတယ်။
ပိုမိုဗြောင်ကျတဲ့ ‘စစ်အစိုးရ’စစ်စစ်ဖြစ်တဲ့ ‘န.၀.တ-န.အ.ဖ’တက်လာတဲ့အခါမှာတော့ ရှိသမျ သတင်းစာဆရာဘ၀အတွေ့အကြုံတွေ၊ ဆည်းပူးခဲ့သမျှစာနယ်ဇင်းပညာတွေကိုအသုံးချပြီး ကလောင်တိုက်ပွဲဆင်ပါတယ်။

‘ဗိုလ်နေ၀င်းဇာတ်လမ်းရှုပ်သမျှ’တွေနဲ့ ‘စစ်ဗိုလ်တွေဇာတ်လမ်းယုတ်သမျှ’တွေကို ဖော်ထုတ်တိုက်ခိုက်ပါတယ်။
ထိုင်းက ‘ခေတ်ပြိုင်ဂျာနယ်’ကိုဦးစီးရင်း အမေရိကန်ပြည်ထောင်စုကနေ စာတွေရေးပါတယ်။ အသံလွှင့်ပါတယ်။ စာအုပ်တွေ ဟောတအုပ် ဟောတအုပ်ထွက်လာပါတယ်။ ဂျပန်၊ ဥရောပ၊ ထိုင်း၊ အမေရိကန်၊ သြစတြေးလျစတဲ့ နိုင်ငံတကာက ဗမာစာစောင် အကြီးအသေးမရွေး တောင်းတိုင်းရေးပေးပါတယ်။ ပေးတိုင်း ဥာဏ်ပူဇော်ခရမယ်ဆိုရင် ဆရာသောင်းကြီးဟာ သန်းကြွယ်သဌေးဖြစ်လောက်ပါပြီ။ ယုံကြည်ချက်နဲ့ ထုတ်ကြတဲ့ စာစောင်လေးတွေမှာ ငွေကြေးမဖူလုံကြပါ။ ဒါကြောင့် ပြည်ပမှာ ဘယ်စာရေးဆရာမှ စာမူခရှေ့တန်းမတင်ဘဲ စာရေးနေကြရာမှာ ဆရာသောင်းဟာ ရှေ့ဆုံးကပါပဲ။

ခုဆိုရင် ဆရာသောင်းဟာ အသက် ၈၀၊ သတင်းစာသက် ၆၀ ပြည့်ခဲ့ပါပြီ။
ဗမာစာနယ်ဇင်းလောကမှာ အသက် ၉၀ ကျော် အမေလူထုဒေါ်အမာကလွဲရင် ဆရာသောင်းဟာ ၀ါအရင့်ဆုံးသတင်းစာဆရာကြီးတပါးပါ။ အသက် ၈၀ ကျော်မှာ စာအုပ်တွေရေးနေတုန်းပါ။ ခုလဲ ‘ဗိုလ်ခင်ညွန့်ဇာတ်လမ်းရှုပ်သမျှ’တွေကို မှတ်တမ်းထုတ်ပြဖို့ အားထုတ်နေတာ နေ့မနားညမနားပါပဲတဲ့။

မနားသေးနဲ့ဆရာရေ့…၊ ဒီမိုကရေစီရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြပါဦးစို့…

ဆရာအောင်ဗလခေါ် ကြေးမုံဦးသောင်း အသက် ၁၂၀ မက ရေးရပါစေသော်။

ဆရာသောင်းလိုချင်တဲ့ ဒီမိုကရေစီနဲ့ စာနယ်ဇင်းလွတ် လပ်ခွင့် အမြန်ဆုံးရပါစေသော်။


မောင်စွမ်းရည်
၂၀၀၆ ဇန်န၀ါရီ ၁၆
(၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၄၊ အမှတ် ၂ အတွက် ဆရာစွမ်းရေးသားပေးပို့ခဲ့သောဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)

Twitter Delicious Facebook Digg Stumbleupon Favorites More