This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, May 31, 2011

ဒီပဲယင်း(၈)နှစ်ပြည့် အခမ်းအနား အခွန်ရုံးရှေ့တွင်ကျင်းပ

လွန်ခဲ့သော ၂၀၀၃ ခုနှစ် မေလ(၃၀)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥကဌဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်သည့် စစ်ကိုင်းတိုင်းလူထုစည်းရုံးရေးခရီးစဉ်တွင် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့အနီးရှိ ကျည်ရွာတွင် စစ်အုပ်စု၏အကြမ်းဖက်တိုက်ခိုက်မှုကိုခံခဲ့ရသည့် ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး (၈)နှစ်ပြည့်အခမ်းအနားကို ယနေ့ မေလ ၃၀ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီနာဂါဝ ရပ်ကွက်ရှိ မြန်မာအကောက်ခွန်ရုံးရှေ့တွင်  မွှန်းလွှဲပိုင်း (၃) နာရီ မှ (၄.၄၅) နာရီ အထိ ကျင်းပခဲ့ရာ ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံမှ တက်ရောက်ခဲ့ကြပါသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်ကို တိုက်ခိုက်ခံခဲ့ရတာ ယနေ့တွင် (၈)နှစ် တင်းတင်းပြည့်ခဲ့သော်လည်း ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြီးကိုကျူးလွန်ခဲ့တဲ့ တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမရှိပဲ နစ်နာသူတွေသာ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်အရေးယူခြင်းခံခဲ့ရပါသည်။
မြန်မာနိုင်ငံတွင် မတရားမှုတွေ ကျူးလွန်ခဲ့တာကြာပါပြီ။အထင်ရှားဆုံး မှတ်တိုင်မှာ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုကြီး ဖြစ်ပါသည်။သို့သော်လည်း ထိုလုပ်ကြံမှုကြီးကို ဖော်ထုတ်စုံစမ်း ဥပဒေအရ အရေးယူခြင်းမရှိသောကြောင့် ကျူးလွန်သူတွေက သူတို့လုပ်ရပ် မှန်ကန်တယ်ဟုထင်မြင်ယူဆကာ  မြန်မာ့သမိုင်းတွင် မကောင်းတွင်ကျန်ရစ်မည်မှာဧကန်မလွဲ ပင်ဖြစ်ပါသည်။
ယနေ့ကျင်းပသော ဒီပဲယင်းနိုင်ငံတော်ကြီး လုပ်ကြံမှုကြီး၏ (၈)နှစ်ပြည့် အခမ်းအနားတွင် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကလည်း ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး၏ဖြစ်စဉ်ကို ရှင်းလင်းပြောကြားသွားခဲ့ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန် ) မှ ဥက္ကဌ ဖြစ်သူ ဦးလှဟန်ကလည်း ”မြန်မာနိုင်ငံသားများ၏ တာဝန်တစ်ရပ်အနေဖြင့် နောင်မြန်မာနိုင်ငံတွင် စစ်အာရှင်စနစ်စိုးမိုးနေသရွေ့ ဒီပဲယင်းလို မတရားတဲ့ ဥပဒေမဲ့ ပြစ်မှုတွေကိုမကျူးလွန်နိုင်စေရန် သတိပေးတဲ့အနေနဲ့ ဒီလိုအခမ်းအနားတွေကို ကျင်းပရခြင်းဖြစ်ကြောင်းနှင့်  ဒီပဲယင်းနိုင်ငံတော်ကြီး လုပ်ကြံမှုကြီး၏ ဖြစ်ရပ်မှန်ကိုဖော်ထုတ်ပေးရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်ပေးရန်”တို့ကိုတောင်းဆိုခဲ့ပါသည်။
မြန်မာ့ဒီမိုကရေစီကွန်ယက်(ဂျပန်)မှလည်း ဒီပဲယင်းနှင့်ပတ်သက်သည့်တရားခံများကို ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုသည့် သဘောထားထုတ်ပြန်ချက်ကို မြန်မာ့အကောက်ခွန်ရုံး စစ်သံအမတ်ကြီးမှ တဆင့် နအဖ စစ်အာဏာရှင် သို့ပေးပို့ခဲ့ပါသည်။ ထို့နောက်အခမ်းအနားကို မေ(၃၀)ဒီပဲယင်းတွင် ကျဆုံးသွားသောသူများအတွက် လွမ်းသူပန်းခွေချကာ အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ ယနေ့ကျင်းပသော အခမ်းအနားကို ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသူ ၂၀၀ တက်ရောက်ခဲ့ကြပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်(MTK)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)

Monday, May 30, 2011

BRSAအသင်း ၄ နှစ်မြောက်ညီလာခံကျင်းပ

ဂျပန်နိုင်ငံရှိ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားဒုက္ခသည်များအား ငွေကြေးအားဖြင့်လည်းကောင်း၊ စိတ်ဓါတ်ရေးရာအားဖြင့်လည်းကောင်း ထောက်ပံ့ဖေးမကူညီအားပေးရန်နှင့် မြန်မာပြည်ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ထောက်ခံအားပေးရန်ရည်ရွယ်ချက်များနှင့် ဖွဲ့စည်းထားသည့်  RSA အသင်းဟု အတိုကောက်ခေါ်ဆိုနေကြသည့် မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(Burma's Refugee Serving Association)၏ ၄ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံကို မေလ ၂၉ ရက်(တနင်္ဂနွေနေ့) ညနေ ၅း၃၀ မှ ၉း၀၀ နာရီအထိ Minami Otsuka Hall Dai 1 ခန်းမတွင် အောင်မြင်စွာကျင်းပခဲ့ကြသည့် မှတ်တမ်းဓါတ်ပုံများ
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)

Sunday, May 29, 2011

ထိုင္ခုံ(ေမာင္ပုည-ၾသစေၾကးလ်)

မှတ်ချက်။ 
သရော်စာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သွားသူများကိုသာ တိုက်ရိုက်ရည်ညွန်းပါသည်။

(၁)
“အစည်းအဝေး။ အစည်းအဝေး...”
“မင်းပဲသွားလိုက်ပါမောင်လှရာ...။ ငါ ထမင်းချက် ကျန်ရစ်ခဲ့မယ်...”
“ဒါဆိုလဲရပါတယ်...”
“အစည်းအဝေးပြီးခဲ့ပြီလားမောင်လှ။ သဘာပတိနဲ့ အတွင်းရေးမှူးက ဘယ်သူတွေလဲ...?”
“မျိုးမနဲ့ တက်ပုလေ...”
“သြော်-သြော်-”

(၂)
“အစည်းအဝေး။ အစည်းအဝေး...”
“မင်းပဲသွားလိုက်ပါမောင်လှရာ။ ငါ နည်းနည်း နေမကောင်းလို့ပါ”
“ဒါဆိုလဲရပါတယ်...”
“အစည်းအဝေးပြီးခဲ့ပြီလားမောင်လှ။ သဘာ ပတိနဲ့ အတွင်းရေးမှူးက ဘယ်သူတွေလဲ...?”
“မျိုးမနဲ့ တက်ပုပါပဲကွာ...”
“သြော်-သြော်-”

(၃)
“အစည်းအဝေး။ အစည်းအဝေး...”
“ငါ   ... ကွာ”
“ဟေ့မောင်မြ”
“ဒီတခါတော့ ငါကွာမနေနဲ့။ ဒီတခါမင်းတလှည့် ပဲ...”
“ဒါဆိုလဲရပါတယ်ကွာ”
“အစည်းအဝေးပြီးခဲ့ပြီလားမောင်မြ။ သဘာပတိနဲ့ အတွင်းရေးမှူးက ဘယ်သူတွေလဲ...”
“ထုံးစံအတိုင်းပါပဲ မောင်လှရာ”
“သြော်-ဒါကြောင့် သူတို့တွေလဲ ဖက်တွယ်ထားကြတာကိုး”

မောင်ပုည(သြစတြေးလျ)

အထက်လူကြီးနှင့် ခေါင်းဆောင်တို့ကြား ခြားနားချက်

အဖွဲ့အစည်းတစ်ခုရဲ့ အကြီးအကဲ နေရာယူထားသူ တစ်ယောက်ဟာ အထက်လူကြီး အဆင့်လား၊ ခေါင်းဆောင်လား ဆိုတာ အမေရိကန်ပြည်ဖွား ဗြိတိသျှ Selfridges Departmental Stores များတည်ထောင်သူ Gordan Selfridge ပြောပြတဲ့ အောက်ပါ အချက်တွေနဲ့ ချိန်ထိုး ခွဲခြားလို့ ရပါတယ်။



အထက်လူကြီးက လူတွေကို မောင်းသည်။
ခေါင်းဆောင်က နည်းပေးလမ်းပြ လုပ်သည်။

အထက်လူကြီးက အာဏာကို အားကိုးသည်။
ခေါင်းဆောင်က ချစ်ခင်ရင်းနှီးမှုနှင့် စိတ်ကောင်းစေတနာကောင်းကို အားကိုးသည်။

အထက်လူကြီးက ကြောက်အောင် လုပ်သည်။
ခေါင်းဆောင်က စိတ်အားထက်သန်အောင် လုပ်သည်။

အထက်လူကြီးက “ငါ” ဟု သုံးသည်။
ခေါင်းဆောင်က “ငါတို့” ဟု သုံးသည်။

အထက်လူကြီးက ပြဿနာ ဖြစ်လျှင် အပြစ်တင်သည်။
ခေါင်းဆောင်က ပြဿနာကို ကုစားသည်။

အထက်လူကြီးက “သွားကြ” ဟု ပြောသည်။
ခေါင်းဆောင်က “သွားကြစို့” ဟု ပြောသည်။

mmdailynewsမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

မူရင်းလင့်မှာ-
http://mmdailynews.com/index.php 

ချီးမြှောက်ခြင်း၊ ပြစ်တင်ခြင်း၊ အောင်မြင်ခြင်း၊ရှုံးနိမ့်ခြင်း၊ ကြည်နူးခြင်း၊ကြေကွဲခြင်း

ချီးမြှောက်ခြင်း၊ ပြစ်တင်ခြင်း၊ အောင်မြင်ခြင်း၊ရှုံးနိမ့်ခြင်း၊ ကြည်နူးခြင်း၊ကြေကွဲခြင်း များသည်  ပေါ်ချည် တစ်ခါ သွားချည် တလှည့် အတည်မဲ့ သော လေပွေနှင့်သာ တူသည်။ကြံ့ ခိုင်သော သစ်ပင်ကြီး ကဲ့  သို့ မယိမ်းမယိုင် နစ်မျောခြင်းမရှိ သည့် တည်တံ့ ကြံ့ခိုင်သော သဘောထားသည်သာလျှင်  အစဉ်  ပျော်ရွှင်ချမ်းမြေ့ စေသည်။
(ဗုဒ္ဓ)


လောကဓံ ၈ ပါးတည်းဟူသည့် အကောင်း လေးပါး အဆိုး လေးပါးကို အကောင်းဆုံး တုန်လှုပ်ခြင်းကင်းလျက် သူတော်ကောင်း လက္ခဏာများဖြစ်သော သတိ၊သမာဓိ၊ ပညာ များဖြင့် အချိုးညီမျှစေ ပြီး ၊
လောကဓံကို  လောကီသားတို့   တည်ငြိမ်စွာဖြင့် ရင်ဆိုင် တတ်စေရန် ဗုဒ္ဓ ၏ လေးနက် သော လမ်းညွှန်ချက်များ မှ ကောက်နုတ်ပါသည်။

ျစ်ခင်ပေါင်းသင်း ၊ ဆက်ဆံခြင်းကား
ကွေကွင်းနောက်ဆုံး ၊ ရှိချေ၏။

ဥစ္စာဆင်မြင်း ၊ ပေါများခြင်းကား
ယိုယွင်းနောက်ဆုံး ၊ ရှိချေ၏။

ပွဲလယ်ပြင်ပ ၊ ချီးမွမ်းကြလည်း
ရှုံ့ချနောက်ဆုံး ၊ ရှိချေ၏။

ဝင့်ကြွားကြွကြွ ၊ မြင့်မောက်ကြလည်း
လျှောကျနောက်ဆုံး ၊ ရှိချေ၏။

ဇီဝိန်ထင်းလင်း ၊ သက်ရှင်ခြင်းကား
သေခြင်းနောက်ဆုံး ၊ ရှိချေ၏။

(ကြားဖူးတဲ့ သံဝေဂ လင်္ကာလေးတစ်ခု အဆင်ပြေသလို ရေးပြလိုက်တာပါ။ မဥမ္မာ တင်ပြပေးတဲ့
ဗုဒ္ဓအဆုံးအမနဲ့ တူညီတဲ့ အရှေ့တိုင်း စကားလေးတစ်ခွန်း ရှိပါတယ်။ ဘ၀မှာ ကောင်းတာပဲ
ကြုံကြုံ၊ ဆိုးတာပဲ ကြုံကြုံ ဒီစကားလုံးလေး ၄ လုံးကို ရွတ်ကြည့်ပါတဲ့။ အဲဒီစကားလုံးလေး
၎ ခုကတော့ "ပြီး သွား မှာ ပါ" တဲ့)

mmdailynewsမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

မူရင်းလင့်မှာ-
http://mmdailynews.com/index.php

Saturday, May 28, 2011

၂၁နှစ်မြောက် NLD ရွေးကောက်ပွဲ အောင်မြင်ခြင်းအထိမ်းအမှတ်အခမ်းအနား ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်



၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတဝန်းဆန္ဒမဲ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရခဲ့သည့် NLD ပါတီ၏ ၂၁ နှစ်မြောက် အောင်ပွဲအထိမ်းအမှတ်အခမ်းအနားကို ယနေ့ မေလ (၂၇) ရက်နေ့ တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့တွင် မွန်းလွှဲပိုင်း (၃) နာရီ မှ (၄) နာရီ အထိ ကျင်းပခဲ့ရာ  ဂျပန်ရောက် မြန်မာ့ ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံ မှ တက်ရောက်ခဲ့ ကြပါသည်။
တိုင်းပြည်၏ သမိုင်းအတွက် သိကာကျစေသော အာဏာရှင် စစ်အစိုးရသည်  ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ် အသတ်အနိုင်ရခဲ့သည့် NLD ပါတီအား အာဏာလွှဲပြောင်းပေးရန် တာဝန်ပျက်ကွက်ခဲ့သည့် အပြင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ် ပြုကာ ပြည်သူ့ဆန္ဒကိုချေဖျက်ရုံသာ မက ပြည်သူနှင့် တကွ ကမ္ဘာတဝှမ်းကို လှည့်စားခဲ့သည် မှာ ယနေ့ တိုင်ဖြစ်ပါသည်။
၂၁ နှစ်မြောက်အောင်ပွဲအထိမ်းအမှတ် အခမ်းအနားတွင် အဖွဲ့ အစည်းအသီးသီးမှ တာဝန် ရှိသူများကလည်း ၊ ၉၀ ရွေးကောက်ပွဲ ရလဒ် ကို မျက်ကွယ်ပြုထားသော ယခုလက်ရှိ သ မတ သိန်းစိန်အစိုးရကို အသိအမှတ် မပြုကြောင်း၊ မိမိတို့၏ ယုံကြည်ချက်ကြောင့် မြန်မာနိုင်ငံ တဝှမ်းရှိ အကျဉ်းထောင် အသီးသီးတို့ တွင်ဆက်လက်အကျဉ်းကျခံနေ ရသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာစေရန်အ တွက်တောင်းဆိုမှု များကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်(မိုးသောက်ကြယ်)

Friday, May 20, 2011

လူငယ့်ကြေးမုံ-၆(တင်မိုး)

မိုးသောက်ကြယ်ဂျာနယ်အယ်ဒီတာအာဘော်အဖြစ် 
ဆရာတင်မိုးရေးသားပေးခဲ့သော `လူငယ့်ကြေးမုံများ`
(၂၀၀၅ ခုနှစ်၊ ဧပြီလထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၄ မှ)



“စိတ်ငယ်ဖွယ် အမှောင်ဆိုင်းပြန်တော့၊ သပိတ်လွယ် တောင်စစ်ကိုင်းဆီက၊ မောင်မှိုင်းမှာဖြင့်ပါတော်မူ”တဲ့။
ဆရာကြီးမှိုင်းက တခါတုန်းက တိုင်းပြည်အတွက် စိတ်ငယ်စရာနဲ့ကြုံတော့ ပူပုံပွားခဲ့ဖူးတယ်။ ဒိုင်အာခီခေတ်မှာ မှိုင်ကာမကြည်ဖြစ်ခဲ့ဖူးရသတဲ့။ 
ဟုတ်မှာပေါ့။ ပုထုဇဉ်ဟာကိုး။ လက်ခမောင်းတောင် ခတ်တန်ခတ်မိတယ်။ စိတ်ပျက်အားငယ်စရာနဲ့ကြုံရင်လဲ ပုံလဲကျမတတ် အရုပ်ကြိုးပြတ်ဖြစ်တန်ဖြစ်မိမှာပဲ။
“ဒိုင်အာခီရုံးပေါ်သနေ့ရယ်က၊ ဂနိုင်ဝါသီ ဖုန်းမော်ရသေ့မှာဖြင့်၊  ပြုံးဖော်မအေ့တွေနဲ့ အတွေ့မသာယာပေ (အိုကွယ်) နှလုံးတော်မခွေ့ပေသနဲ့၊ ဓလေ့ဘာသာလဝါနေ...”တဲ့။
မှိုင်းဆရာခမျာ ဗိုင်းတာမကံဆိုးတွေလို့ဆိုရပေမဲ့ မြန်မာပြည်သူတွေရဲ့ရှေ›ရေးကိုတွေးမိတိုင်း စိတ်လေးမိရှာတယ်။ စကားတောင် ဟဟမပြောချင်တော့။ စိတ်မရွှင်မလန်းနဲ့ ပင်ပန်းပြီး ဥပက္ခာသဘောနဲ့ ဘာသာလဝါပဲနေ ချင်စိတ်ပေါက်ခဲ့မိဖူးသတဲ့။ အင်း-ခုနေခါမှာ ဆရာကြီးသာရှိပါရင် ဘယ်လိုများခံစားမိရှာပါလိမ့်။
“ဆရာမသေခင် ငြိမ်းချမ်းရေးရတာမြင်ချင်တယ်...”ဆိုတဲ့ သူ့ဆန္ဒပြည့်ဝမသွားရှာခဲ့။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ အမျိုးသားညီညွတ်ရေးတွေအားလုံးဆုံးရှုံးပြီး သူတောင်းစားလုံးလုံးဖြစ်နေရှာတဲ့ စစ်မသမာတို့ရဲ့ ကျေးကျွန်၊ တို့ဗမာမွန်သူကိုတွေ့ရရင် ရင်ကွဲနာကျလိမ့်မယ်ထင်ရဲ့။
“ကိုယ်တော်မှိုင်း ရာဇဝင်တွေလည်းရိုင်းခဲ့ရပြီအဖိုးရေ”တဲ့။  လူငယ်ကျောင်းသားတွေရဲ့တိုင်တည်သံ။ ရှစ်လေးလုံးအရေးတော်ပုံမှာ အတုံးအရုံးကျဆုံးခဲ့ကြတဲ့ လူငယ်ကျောင်းသားတွေရဲ့အလောင်းတွေပေါ်က ‘တက်’ခေါက်သံ။ ဒီအသံတွေကိုကြားယောင်မိတယ်။ ဘယ်တော့မှမေ့မရနိုင်တဲ့ ရင်ထဲကအသံတွေပါ။
ဒါပေမဲ့ နှလုံးသည်းပွတ်တွင်းက စီးဆင်းလာတဲ့အားတင်းသံတွေဟာ အမြဲလှုံ့ဆော်နေဦးမှာသေချာတယ်။ ဘယ်တော့မှ ဆိတ်သုဉ်းမသွားနိုင်တဲ့အသံ။ လူထုရဲ့ပဲ့တင်သံ။
“ဟယ်-သို့သော်လည်း ယောင်္ကျား၊ ကံရှေ့သွား၊ ကံထားရာတဲ့၊ မနုံနဲ့ပါဘု၊ အလှည့်သင့်ချက်ပိုင်၊ ကြက်ကန်းခွပ်လို့၊ ပွဲကျွတ်အောင်နိုင်သေးသပ”ဆိုတဲ့ ဦးပုညရဲ့ “ရေသည်”ယောင်္ကျားကြုံးဝါးသံလိုပဲ တနေ့နေ့မှာတော့ ပွဲကျွတ်အောင်နိုင်ဦးမှာအမှန်ပါ။ အခက်အခဲဆိုတာရှိစမြဲ။ အဟန့်အတား အလှန့်တွေလဲရှိစမြဲ။
ဒါပေမဲ့ ဘာစိတ်ငယ်စရာရှိသလဲ။ စိတ်ခွန်အားကြီးမားသူတွေရဲ့ရှေ့မှာတော့၊ ခြင်္သေ့ထံမှောက်ရောက်လာ တဲ့သားကောင်ပမာ၊ အခက်အခဲများစွာဟာ မျက်နှာငယ်ငယ်နဲ့ ဘေးဖယ်နောက်ဆုတ် ကြောက်ရုပ်နဲ့နေရတယ်။ မှိုင်းမှုန်ရီမှာ နေရောင်ခြည်တောက်သလို၊ မကြောက်တဲ့စိတ်ဟာလဲ ခြင်္သေ့စိတ်၊ အောင်စိတ်ဟောက် သလိုနေမှာပဲ။

တင်မိုး
၂၈-၄-၂ဝဝ၃

ငလျင်ကြောမိနေသူများအတွက် သတင်းကောင်းတစ်ပုဒ်

ထိတ်လန့်တုန်လှုပ်မှုဝေဒနာခံစားနေရသော နိုင်ငံခြားသားများကိုစိတ်ကုပညာရှင်များကူညီပေးတော့မည်

    မတ်လ ၁၁ နေ့ကဖြစ်ပွားခဲ့သောငလျင်နှင့် ဆူနာမီတို့ကိုကြုံတွေ့ရပြီးနောက် စိတ်ကျရောဂါနှင့် ခြောက်ခြားမှုဝေဒနာခံစားနေရသော နိုင်ငံခြားသားများကို စိတ်ကျန်းမာရေးဆိုင်ရာအကူအညီပေးရေးအတွက် စိတ်ကုပညာရှင်တစ်စုတို့ က ကူညီပေးတော့မည်ဟု ၂၀၁၁ ခုနှစ် ဧပြီလ ၃၀ ရက်ထုတ် ဂျပန်တိုင်း(မ်)သတင်းစာတွင် ရေးသားဖော်ပြချက်အရသိရှိရသည်။ ဦးဆောင်ဦးရွက်ပြုသူမှာ တိုကျို၊ အီတဘာရှိရပ်ကွက်ရှိ Taishoတက္ကသိုလ်မှ စိတ်ပညာပါမောက္ခ Fumitaka Noda ဆိုသူဖြစ်ပြီး မြန်မာလူမျိုးများနှင့်လည်း ရင်းနှီးကျွမ်းဝင်သူတစ်ဦးဖြစ်သည်။
ထို့ကြောင့် ငလျင်ကြောမိပြီး ငလျင် ငလျင်နှင့် ဂယောင်ချောက်ခြားဖြစ်နေသူများ အမြန်ဆုံးသွားရောက်ကုသသင့်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မူရင်းသတင်းအပြည့်အစုံမှာ-

Psychiatrists aid traumatized foreigners


Staff writer
A group of psychiatrists who have been providing mental health support for foreign residents has set up an emergency committee to aid non-Japanese suffering from stress and trauma from the March 11 earthquake and tsunami.
News photo
For foreigners: Fumitaka Noda, professor of psychiatry at Taisho University in Tokyo, is interviewed Tuesday. SATOKO KAWASAKI PHOTO

"Those who are suffering the most are the elderly, children, the handicapped and foreigners. And foreigners are particularly prone to become isolated, suffer from a lack of information in their mother tongue, easily become confused by false rumors and suffer from growing anxiety," said Fumitaka Noda, president of the Japanese Society of Transcultural Psychiatry and professor of psychiatry at Taisho University in Tokyo.
"It's really important to provide them with accurate information, and then to listen and understand their anxiety," said Noda, who has been providing mental health care services to foreigners in Japan for 18 years, especially to refugees.
Comprised of psychiatrists and other mental health professionals, the transcultural psychiatry society established the Transcultural Mental Health Emergency committee March 19 to help foreigners directly affected by 3/11.
As the only medical society in Japan that focuses on studies of foreigners who have mental health issues due to transcultural problems, the society is working closely with groups that support foreigners, including the Japan Foundation, to continue gathering information on people in need of professional help. It is also planning to teach supporters basic knowledge of mental health, so that when they spot signs of depression or posttraumatic stress disorder they can contact Noda and his colleagues.
Mental health care has become more important as people recover from the initial shock of the disaster and gradually start to get a clear picture of what happened and what situation they are in, Noda explained.
"As people start to look around, they begin to feel more clearly the sense of loss, and anxiety over the future. . . . Some may develop PTSD," Noda said. "Many suffer from numbness. Because they lost everything they had and they begin to wonder about the meaning of making an effort, making a commitment or loving someone."
If such cases continue over a long period, then people need to seek professional help, Noda said.
As part of his preparation to aid foreigners, Noda also went to Soma in Fukushima Prefecture, just outside the 30-km zone around the crippled nuclear plant, at the end of March.
What struck him was the lack of mental health professionals on hand. "There were hospitals but no psychiatric facilities in the surrounding area. . . . So many psychiatric patients were suffering from a lack of medication," Noda said.
Although there is now a hastily set up psychiatric unit in a local hospital, more help from mental care professionals is still needed, said Noda, who visited shelters in the city and listened to peoples' stories and concerns.
"People were under huge stress. Some said they can't sleep and some said their children were crying and screaming every night and had no idea what to do," he said.
"They are just like refugees. They have to decide whether they are going back to their hometown or moving to a new place at some point in the future. Their lives are now unstable, and they can do nothing about it," Noda said. "If this situation continues, many may develop depression."
After witnessing people's mental states in Fukushima, Noda worries about foreigners living under similar conditions.
"In this kind of situation, a foreigner's stress can be more than that of Japanese. We have to spend twice the time we do for Japanese to treat foreigners. We need to listen to their voices wholeheartedly," Noda said, adding he and his team are ready for action, to help foreigners with mental problems.
"I want people to know there are services available to them. Many may hesitate to ask for mental support, but please, be open about it and contact us," Noda said.

ကျနော်လဲထိုနည်းလည်ကောင်း(သရော်စာ)

ရေးသားသူ-မောင်ပုည(သြစတြေးလျ)

(၁)
“ဘဘလား...”
“ဟုတ်တယ်နန်းစိန်ငွေ၊ ပြောစရာရှိပြော...”
“ဘဘနဲ့ကိုဒေါင်းကို သက်ဆိုင်ရာက ခုံအဖွဲ့ဝင်အဖြစ် လူတွေကိုစစ်ဆေးဖို့ ခန့်လိုက်တယ်ဘဘ..”
“ဗျာ-ဗျာ၊ သဲထိပ်ရင်ဖိုစရာတွေကောင်းလိုက်တာ...။ ပြန်ပြီးပြောစမ်းပါဦးနန်းစိန်ငွေ...”
“ဟုတ်တယ်ဘဘ။ ဘဘကခုံဥက္ကဌ၊ ကိုဒေါင်းက အဖွဲ့ဝင်၊ ကျန်အဖွဲ့ဝင်တဦးကိုတော့ ဘဘစိတ်ကြိုက် ရွေးနိုင်တယ်တဲ့..”
“ဒီခုံကိုဘယ်သူဖွဲ့တာလဲ။ ကုလသမဂ္ဂလား...၊ ဒေါ်အောင်ဆန်းစုကြည်လား...၊ ပြည်ပရောက် ဒီမိုကရေစီ အဖွဲ့တွေလား...၊ ပြောစမ်းပါဦး...”
“အစိုးရမဟုတ်တဲ့ NGOတဲ့ ဘဘရေ”
“အဲလေ- ဒီခေတ်က NGOခေတ်မဟုတ်လား၊ မျောက်ပြဆန်တောင်းNGO၊ အကြံအဖန်NGO၊ ပဲကြီးဟင်းသောက်NGOတွေလဲ ရှိလေတော့... ထားပါတော့လေ။ ဒါနဲ့ ဒို့က ဘယ်သူတွေကို စစ်လား ဆေးလား မေးလား မြန်းလား လုပ်ရမှာလဲနန်းစိန်ငွေ”
“ဟုတ်ကဲ့ဘဘရေ၊ ဒီမိုကရေစီရတာနဲ့ မြန်မာနိုင်ငံကို ပြန်မဲ့လူစာရင်းနဲ့ မပြန်မဲ့လူစာရင်းကို ကောက်ယူဖို့ ဘဘကဦးဆောင်ပြီး အင်တာဗျူးလုပ်ရမယ်။ စာရင်းကောက်ရမယ်လို့ ကိုဒေါင်းကပြောတယ်ဘဘရဲ့”
“သြော်-ဒုက္ခ၊ ဒုက္ခ၊ ဆရာအောင်ခင်ပြောသလိုပဲ။ အချိုးအဆစ်တွေမပြေတာ၊ ကမောက်ကမတွေဖြစ်နေတာကိုက ဒုက္ခတွေပါပဲလား...”


(၂)
“ကဲ-ကိုဒေါင်းရေ၊ အလှည့်ကျတော့လဲ မနွဲ့ရဘူးတဲ့ ဟုတ်လား...”
“ဟုတ်တာပေါ့ဆရာ၊ ဆရာတို့ ကျနော်တို့ သြတြေးလျားမှာ ဖရီး(NGO)ဆွဲနေတာ ခြောက်နှစ် တောင်ရှိနေပြီ။ ဒီတခါတော့ ရေမုတ်တဘက်၊ မီးစ တဘက်NGOခိုင်းတာ လုပ်ရတော့မှာပေါ့ဆရာ...”
“ကဲ-ဒါဖြင့် တနေ့ဆယ်ယောက်လောက်ပဲ ဒို့ဗျူးကြမယ်။ ဒီနေ့ဆယ်ယောက်ထဲက မောင်ဒိုးနဲ့မောင်မျိုးညီအကိုကို ငါ့အခန်းထဲအရင်ပို့ချီ...”
“ဟုတ်ကဲ့ဆရာ...”


(၃)
“ဆရာ။ မောင်ဒိုးနဲ့မောင်မျိုးတို့ညီအကိုပါဆရာ...”
“မင်းတို့ညီအကိုက ရုပ်ချင်းကလဲဆင်၊ လုံးတူ ဒေါက်တူလဲဆိုတော့ ဘယ်သူကမောင်ဒိုး၊ ဘယ်သူ ကမောင်မျိုးဆိုတာ ခွဲလို့ကိုမရဘူး...”
“ကျနော်ကမောင်ဒိုးပါဆရာကြီး။ ကျနော်ညီ သူက မောင်မျိုးပါ”
“သြစတြေးလျားကိုရောက်တာ ဘယ်လောက် ကြာကြပြီလဲ...”
“ဟုတ်ကဲ့ပါဆရာကြီး။ ဆယ်နှစ်စီရှိပါပြီ”
“ဒါဖြင့် အလုပ်အကိုင်ကရော”
“ကျနော်က အလုပ်လက်မဲ့ဖြစ် Dole(ထောက်ပံ့ကြေး)လဲစား တယ်။ အစိုးရမသိအောင် ခိုးလဲစားတယ်။ အဲ အဲ ခိုးပြီးလဲ အလုပ်လုပ်တယ်ဆရာကြီး”
“ကောင်းပါ့ကွယ် ကောင်းပါ့။ ဒါနဲ့ မောင်မျိုးကရော ဘာလုပ်သလဲ...?”
“ကျနော်ကတော့ ကျနော့်ဒိုးစားရင်း ကလေးငါးယောက်ရနေလို့ အလုပ်လုပ်ဖို့မလိုတော့ဘူး ဆရာကြီး...”
“ဘာ ဘာ.. မင်းတို့ညီအကိုက ဒိုးလဲစားတယ်။ ခိုးလဲစားတယ်။ မျိုးလည်းပွားတယ်ပေါ့ဟုတ်လား...”
“ဟုတ်ပါတယ်ဆရာကြီး...”
“ကဲ-ဒါဖြင့် မြန်မာပြည်ဒီမိုကရေစီရရင် အမိနိုင်ငံကို ပြန်ကြမယ်မှုတ်လား...”
“ရှစ်ကြီးခိုးပါတယ်ဆရာကြီး၊ ကျနော်တို့ ပြန်လို့မဖြစ်ပါဘူး...”
“ကိုယ့်နိုင်ငံကိုယ်ပြန်တဲ့ကိစ္စ၊ ဘာဖြစ်လို့ မဖြစ်ရမှာလဲ...။ ကဲ- ပြောပါဦး....”
“မြန်မာပြည်မှာ ဒီမိုကရေစီရလည်း ဒိုးကမရှိဘူး ဆရာကြီး။ ခိုးစားရင်လဲ ထောင်ကကျဦးမယ်။ မောင်မျိုးလိုလဲ ကလေးတယောက်ရတိုင်း ဒေါ်လာ တထောင်လဲမရနိုင်ဘူး။ ဒါကြောင့် မပြန်ပါရစေနဲ့ ဆရာကြီး...”
“ဟုတ်ပါတယ် ဆရာကြီး။ မောင်ဒိုးပြောသလိုပဲ ကျနော်တို့ကို အတင်းပြန်မပို့ပါနဲ့၊ တောင်းပန်ပါ တယ်ဆရာကြီး...”
“တယ်လဲ ငါ့ကိုအထင်ကြီးကြသကိုး။ မင်းတို့ကို အဓမ္မပြန်ပို့ဖို့ ငါ့မှာ ဘာအာဏာမှမရှိဘူး။ ရေမှုတ်တဘက်၊ မီးစတဘက်NGOကြောင့်သာ မင်းတို့ရဲ့ဆန္ဒကို ငါမေးနေရတာ။ သွားကြ သွားကြ ကိုယ့်နိုင်ငံဒီမိုကရေစီရတာတောင် မပြန်ချင်တဲ့ကောင်တွေ။ သွားကြ”

(၄)
“ဆရာ။ ဒီနေ့ဗျူးဖို့စောင့်နေတဲ့အထဲမှာ ဆတ်စလူးစိန်တို့သားအမိနဲ့ အိုင်းသား(Either)နဲ့ နိုင်းသား (Neither)တို့ညီအမလဲ ပါလာကြတယ်ဆရာ”
“ဟဲ့ ကိုဒေါင်း၊ အဲဒီ အိုင်းသားနဲ့ နိုင်းသားညီအမဆိုတာ ဘယ်သူတွေလဲ...”
“ဆရာကလဲဗျာ၊ အိုင်းသားအော်(Either or) နိုင်းသားနော်(Neither nor)ဆိုတာ ဟို- ဗိုက်သားတွေဖော်ထားတဲ့ ညီအမပေါ့ဆရာရယ်...”
“သြော်-ဆရာအောင်ခင်ပြောတဲ့ ကမောက်ကမဆိုတဲ့ ဒုက္ခတွေရောက်လာပြန်ပြီကိုး။ အေးလေ ကိုဒေါင်းသင့်မယ့်သူတွေသာ အခန်းထဲပို့လိုက်ပါ”
“ဟုတ်ကဲ့ဆရာ၊ သူလေးက အိုင်းသားပါဆရာ။ ဒါလေးကတော့ နိုင်းသားပါဆရာ...”
“ဘာတွေလျှောက်ပြောနေတာလဲ လို့။ သမီးက သူဇာ၊ ညီမလေးက မူယာပါဆရာကြီး”
“အေး-အေး၊ ကိုဒေါင်းနားကြားမှားတဲ့အတွက် ဆရာတောင်းပန်းပါတယ်ကွယ်။ ဒါနဲ့ မြန်မာ ပည်ဒီမိုကရေစီရရင် ပြန်ကြမယ်မှုတ်လား...”
“သမီးတို့မပြန်တော့ဘူးဆရာကြီး...”
“ဘာဖြစ်လို့လဲ။ ကိုယ့်နိုင်ငံကိုယ်ပြန်တာပဲကွယ်...”
“ပထမတော့ သမီးတို့က ယဉ်ကျေးမှုဓါတ်လိုက်ခံရတယ်။ ခုတော့ ယဉ်ကျေးမှုပေါင်းစုံအိုးကြီးထဲ စိမ့်ဝင်သွားပြီဆရာကြီး...”
“သမီးတို့ ဘာကိုပြောချင်ကြတာလဲ...”
“ဒီလိုပါဆရာကြီး...၊ သမီးတို့ ဂျင်းပင်နဲ့ စကတ်ပဲ ဝတ်တက်ပါတော့တယ်။ လုံချည်ထမီတွေ လုံးဝမ ဝတ်တတ်တော့လို့ပါဆရာကြီး။ ခွင့်လွှတ်ပါ ဟီး ဟီး”
“ကိုဒေါင်းရေ၊ မောင်ဒိုးနဲ့မောင်မျိုးညီအကိုက ဘဝဓါတ်လိုက်ခံကြရတယ်ကိုဒေါင်းရဲ့။ အိုင်းသားနဲ့ နိုင်းသားကတော့ ယဉ်ကျေးမှုဓါတ်လိုက်ခံရတယ်။ ဆရာအောင်ခင်ပြောတဲ့ အမြီးအမောက်မတည့်မှုတွေဟာ အားလုံးဒုက္ခတွေပါပဲလား...”
“ဟုတ်ကဲ့ပါဆရာ...”

(၅)
“ကဲ ကိုဒေါင်း၊ ဒီမိုကရေစီရရင် မြန်မာပြည်ပြန်မဲ့ လူစာရင်းနဲ့ မပြန်မဲ့လူစာရင်းတွေ ပေါင်းကြည့်ပါဦး”
“ဟုတ်ကဲ့ဆရာ၊ ပေါင်းထားပြီးပါပြီ။ ဒီမှာပါဆရာ”
“ဟယ်-ဒီမိုကရေစီရရင် ပြန်မဲ့လူတယောက်မှမရှိပါလား...။ ဒါဆိုရင် ကိုယ်တို့နှစ်ယောက်ပဲ ဆန္ဒခံယူဖို့ရှိတော့တာပေါ့...”
“ဟုတ်ကဲ့ဆရာ- ကျနော်တို့နှစ်ယောက်ဆန္ဒကိုမယူခင် ရွှေမန်းဦးတင်မောင်ရဲ့သီချင်းကို နားထောင်ကြည့်ပါဦးဆရာ...”
“ဒါဆိုလဲ ကိုဒေါင်း ဖွင့်လိုက်လေ”
“ကျနော်လဲထိုနည်းလည်းကောင်း၊ ထိုနည်းလည်းကောင်း၊ စီးပွားရေးအခြေအနေကောင်းဖို့ ဆုတောင်း ပါမယ်...”

မောင်ပုည(သြစတြေးလျ)
၂ဝဝ၃၊ ဧပြီလထုတ်
မြန်မာဂျာနယ် အတွဲ ၂၊ အမှတ် ၄ မှ

မှတ်ချက်။ 
သရော်စာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သွားသူများကိုသာ တိုက်ရိုက်ရည်ညွန်းပါသည်။
မောင်ပုည(သြစတြေးလျ)ရေးသားခဲ့သော သြစတြေးလျနိုင်ငံထုတ် ဒဿနပန်းခင်းစာစောင်၊ ဂျပန်နိုင်ငံထုတ် အာဟာရစာစောင်၊ မြန်မာဂျာနယ်၊ Voice of Burma၊ မိုးသောက်ကြယ်ဂျာနယ်နှင့် တောင်ကိုရီးယားနိုင်ငံထုတ် ထောင်စုပြတင်းသတင်းဂျာနယ်များထဲမှ သရော်စာများကိုစုစည်း၍ “ချက်ကြီးလိုလူစား ဘယ်လောက်များပြီလဲနှင့် အခြားဝတ္ထုတိုများ”ခေါင်းစည်းဖြင့် မကြာမှီကာလအတွင်း မိုးသောက်ကြယ်စာကြည့်တိုက်မှ ဖြန့်ချိပါမည်။

Wednesday, May 18, 2011

ဂျပန်အလုပ်လက်မဲ့ပြဿနာ နာတာရှည်ရောဂါကြောင့် အခက်တွေ့နိုင်(ဘာသာပြန်ဆောင်းပါး)

ဝမ်းအိုဝမ်း
ကမ်းရိုးတန်းဒေသ ဆူနာမီဒဏ်ခံဒေသတွေမှာ အကူအညီပစ္စည်းပေး ဝေတဲ့နေရာ၊ အကောင်းအတိုင်းကျန်နေသေးတဲ့ဖုန်းတွေမှာ ဆက်ဖို့လူ တွေတန်းစီနေခဲ့ကြပါတယ်။ ဒီတစ်ပါတ်မှာတော့ အလုပ်အကိုင်အတွက် တန်းစီ နေကြရပြန်ပါပြီ။ မတ်လထဲမှာ ရိုက်ခတ်သွားတဲ့ ဆူနာမီကြောင့် လူပေါင်း ၁,၂ဝဝဝ ကျော်သေဆုံးခဲ့ပြီး ၁,၆၂ဝဝ ပျောက်ဆုံးနေဆဲပါ။ လူပေါင်း သိန်းနဲ့ချီ အလုပ်လက်မဲ့တွေဖြစ်ကုန်ပြီး အချို့လုပ်ငန်းတွေ ပြန်လည်စတင်နေတာတောင် အလုပ်ကိုသွားလာရေးခက်ခဲနေဆဲ။  
တိုရှီယိုအိုတာ ၅၆ နှစ်ဟာ တက္ကစီမောင်းလာတာ ၂၈ နှစ်ရှိနေပါပြီ။ ဆန်ဒိုင်းလေယာဉ်ကွင်းနားမှာ သူမောင်းတဲ့တက္ကစီကုမ္ပဏီရှိပါတယ်။ သူ့ အိမ်ကနေ တစ်နာရီလောက်ကားမောင်းသွားရတဲ့ အဲဒီကုမ္ပဏီရုံးကိုသွားဖို့ ဓါတ်ဆီလည်းမရှိဘူး၊ ရုံးဖုံးကလည်းခေါ်လို့မရဘူးဖြစ်နေတယ်။ ဒါ ကြောင့် ဆန်ဒိုင်းတောင်ဘက်မြို့စွန် ယာမာမိုတိုက မြို့နယ်ခန်းမမှာ အစိုး ရကပေးမယ့် 'အလုပ်လက်မဲ့အာမခံကြေး'နဲ့ အလုပ်သစ်ရဖို့ သွားရောက် တန်းစီဖို့ဆုံးဖြတ်လိုက်ပါတယ်။
''အလုပ်ရဖို့နည်းလမ်းမရှိဘူး။ ၂၈ နှစ်တွင်း အစိုးရဆီက အကူအညီ တခါမှမတောင်းဖူးဘူး။ ဘယ်လိုလျှောက်ရမယ်ဆိုတာ သိတောင်မသိ ဘူး'' ။ အလုပ်သမားရေးရာဌာနက အရာရှိတွေနဲ့ဆွေးနွေးဖို့ အခြားလူ ၅ဝ နဲ့ အတူတန်းစီနေတုန်းပြောပြခဲ့တာပါ။ သဘာဝဘေးဒဏ်နှစ်ခု ရှေ့ ဆင့်နောက်ဆင့်ခံလိုက်ရတဲ့အချိန်မှာ ဂျပန်အလုပ်အကိုင်ဈေးကွက်မှာ အ ရှိန်အဟုန်တစ်ခုရနေတဲ့ အချိန်လေးဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလအတွင်းက ဆိုရင် နှစ်နှစ်အတွင်း အလုပ်လက်မဲ့နှုန်း ၄.၆ % ကျဆင်းသွားပြီး နောက် ထပ်ခပ်ပါးပါးလေး ထပ်ကျဆင်းဦးမယ်လို့မျှော်လင့်ခဲ့ကြပါတယ်။
မြို့အသေးစားလေးတွေမှာ အလုပ်အကိုင်ဈေးကွက် အားနည်းနေတဲ့ အချိန်မှာ ယာမာမိုတိုကတော့ သူ့မြို့သားတွေ ဆန်းဒိုင်းနဲ့အနီးက မြို့ ကြီးတွေမှာ အလုပ်ဆင်းနေကြတာကြောင့် ဒေသစီးပွားရေးနဲ့ပတ်သက် ပြီး ရောင်ခြည်နည်းနည်းသမ်းလာတဲ့အချိန်ဖြစ်ခဲ့တယ်လို့ဆိုရမယ်။ ဒါ ပေမယ့် ဒီလိုပြန်လည်ကောင်းမွန်လာခြင်းဟာ မြင်းကောင်း ခွာလိပ်ဖြစ်ခဲ့ ရပါတယ်။ စီးပွားရေးပညာရှင်တွေအပြောအရတော့ အလုပ်လက်မဲ့နှုန်း မြင့်မားခြင်းဟာ နောင်လာမယ့် နှစ်တွေမှာ ပြဿနာတွေဖန်တီးဦးမယ်တဲ့။
ဂျပန်အစိုးရရဲ့စာရင်းဇယားတွေကို ကိုးကားပြီးတော့ ယူအန်က ပြောတာ က ဆူနာမီဒဏ်ကိုအဆိုးဝါး ဆုံးခံခဲ့ရတဲ့ နယ်သုံးခုက လူပေါင်း ရှစ်သိန်းနီးပါးရဲ့နိစ္စဓူဝဝမ်းရေးအလုပ်တွေ ထိခိုက်ပျက်စီးကုန်ပါတယ်။ လူပေါင်း ၂၃,ဝဝဝ လောက် ဒေသခံအလုပ်သမားရုံးကိုသွားပြီး အလုပ်ရဖို့ နဲ့ အလုပ်လက်မဲ့ထောက်ပံ့ကြေးတွေပေးဖို့ တောင်းဆိုထားကြပါတယ်။
နေရာတွေကနေ ရွှေ့ပြောင်းကြရတဲ့ပြည်သူတွေကို အစိုးရက ဒေသ ဆိုင်ရာ အလုပ်သမားရုံးတွေကိုသွားဖို့ တိုက်တွန်းထားပါတယ်။ အလုပ် ပေးဖို့သိပ်မရှိပေမယ့် နာမည်ကတော့ အားတက်ဖွယ် ဒံနူသျွှသမုဒပါ တဲ့။ ဆန်ဒိုင်းက ဒံနူသျွှသမုဒရုံးဆိုရင် ဆူနာမီလှိုင်းအောက်ရောက်ခဲ့ပြီး လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိတော့ပါဘူး။
''အလုပ်ရှင်တွေဆီက အလုပ်သမားရှာဖွေဖို့ပေးထားတဲ့ အချက်အ လက်တွေ လုံးဝမရှိတော့ပါဘူး'' ဆန်ဒိုင်းဒံနူသျွှသမုဒရုံးက မန်နေဂျာ ဟီရိုယူကီက ပြောပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ မကြာခင် အလုပ်တွေခေါ်တော့မယ်။ ဒါပေမယ့် အားလုံးကိုတော့ အလုပ်မပေးနိုင် သေးဘူးလို့ သူကပြောပါတယ်။
အလုပ်လျှောက်မယ့်လူတွေ ဒံနူသျွှသမုဒရုံးကို ထောင်ပေါင်းများစွာ ရောက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အခုထိတော့ နည်း နည်းပဲလာသေးတယ်။ များစွာသောလူတွေက ရပ်တည်ရေးကို အရင် ကြိုးစားနေရတုန်းပါ။ မြို့ငယ်လေးတွေကလူတွေ အပြင်ကိုမထွက်လာ နိုင်သေးဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ ဆိုရွားနေတုန်းပဲလေ။
အလုပ်မရှိတဲ့လူတွေအဆင်ပြေဖို့အတွက် အလုပ်သမားဌာနက ယာ ယီအရံရုံးခွဲလေးတွေ ယာမာမိုတိုနဲ့ အခြားမြို့ငယ်လေးတွေမှာ ဖွင့်လှစ်သွားဖို့ စီစဉ်ပြီး လူတွေကို အဲဒီကိုလာဖို့ သတင်းစာက နေကြေငြာပေးနေပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိလိုက်လံကူညီပေးနေနိုင်မလဲဆိုတာ မသိနိုင်သေးပါဘူး။
အလုပ်လက်မဲ့ ခံစားခွင့်အတွက် စည်းမျဉ်းစည်းကမ်းတွေကို လျှော့ချမယ်လို့ အစိုးရက ပြောပါတယ်။ အလုပ်ကနေဖြုတ်ခံရတာ မဟုတ်ပဲ ခဏတဖြုတ်နေရာပြောင်းရွှေ့ခံရတဲ့ လူတွေလည်း လျှောက် ထားနိုင်ပါတယ်။ ဒါပေမယ့်ဒါဟာ လိုအပ်နေတဲ့ အရှည်သဖြင့် စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။
နောက်တစ်ချက်က ဘေးဒဏ်ခံခဲ့ရသူတွေကို ငွေပေးမယ်ဆိုရင် တိုင်း ပြည်ကအြေ<ွကးနွံထဲနစ်သွားတဲ့အချိန်မှာ ကုန်ကျစားရိတ်တွေကြောင့် တိုင်းပြည်ရင်းမြစ်တွေမှာ ထိခိုက်နစ်နာမှုတွေဖြစ်လာမယ်။
ဧပြီလမှာစမယ့် ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားအသုံးစားရိတ် ၁.၁၂၁ ထရီလီယံသုံးစွဲဖို့ အောက်လွှတ်တော်က  သဘောတူလိုက်ပါ တယ်။ ပြန်လည်နာလန်ထူရေးအတွက် လူတွေကို အလုပ်ခွင်ပြန်သွားနိုင် အောင်ဆောင်ရွက်ရေးဟာ အဓိကကျပါတယ်။ ''စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့ဆိုရင် အလုပ်လုပ်တာ အကောင်းဆုံးပါပဲ။ အလုပ်သွားမယ်၊ လုပ်ငန်းခွင်မှာ အခြားသူတွေနဲ့တွဲပြီး အလုပ်လုပ်မယ်၊ ဒါတွေက နေ့စဉ် ဘဝ ရဲ့ အစိတ်အပိုင်းတွေပါ''။
နြမခပ ဃသမဈအဖွဲ့က ဂျပန်မှာယာယီလုပ်သားအစီအစဉ်ကို ကန့် ကွက်ပါတယ်။ ဂျပန်မှာ သန့်ရှင်းရေးအလုပ်ဆိုတာ ဘယ်သူမှ မလုပ်ချင် တဲ့အလုပ်ဖြစ်သလို၊ လုပ်ခကလည်းအင်မတန်မြင့်ပါတယ်။ အပျက်အစီး တွေ ခုလိုကြီးမားပုံကလည်း စက်ကိရိယာကြီးတွေနဲ့လုပ်မှဖြစ်မှာပါ။ နြမခပ ဃသမဈအဖွဲ့က ဒေသခံအစိုးရမဟုတ်တဲ့အဖွဲ့တွေ၊ ဘဏ်တွေနဲ့ပူး ပေါင်းပြီး မြို့ငယ်လေးတွေမှာ အလုပ်အကိုင်တော်တော်များများ ဖန်တီး ပေးနိုင်တဲ့ အငယ်စားနဲ့အလတ်စားကုမ္ပဏီတွေ ပြန်လည်တည်ဆောက် လည်ပတ်နိုင်ဖို့ချေးငွေထုတ်ပေးရေး အစီအစဉ်တွေကြိုးစားနေပါတယ်။
ဂျပန်အရှေ့မြောက်တံငါအလုပ်လုပ်ကိုင်တဲ့ ကက်ဆန်နူမာမှာတော့ အခက်အခဲတွေရှိနိုင်ပါတယ်။ လျှပ်စစ်မီးတွေပြတ်တောက်နေတဲ့အတွက် ငါးဖမ်းလှေကြီးတွေမှာ ငါးတွေကိုလှောင်ထားနိုင်ဖို့ရေခဲမရှိဘူးလို့  အဲဒီကို သွားပြီး တံငါသည်တွေနဲ့အင်တာဗျူးခဲ့တဲ့ မစ္စတာဂျွန်ဆင်ကပြောပြပါ တယ်။ ငါးကုမ္ပဏီအများအပြားလည်း ပျက်စီးသွားပါတယ်။ ခရု၊ ကမာ လုပ်ငန်းလုပ်ကိုင်သူတွေကတော့ ပိုပြီးခက်ခဲနေပါတယ်။ ခရုမွေးတဲ့ ကြမ်းခင်းတွေတည်ဆောက်ဖို့ ခုနှစ်နှစ်လောက်အချိန်ယူရမှာဖြစ်ပါတယ်။
စတော်ဘယ်ရီလုပ်ငန်းတွေနဲ့ခရီးသွားလုပ်ငန်းတွေလုပ်ကိုင်တဲ့ ယာမာ မိုတိုမှာတော့ ခက်ခက်ခဲခဲကို ပြန်လည်တည်ဆောက်ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၈ဝဝ လောက်ကဘုရားကျောင်းတစ်ခုအကြီး အကျယ် ပျက်စီးသွားခဲ့ပါတယ်။ ကမ်းခြေမှာလည်း အမှိုက်သရိုက်တွေချည်းပါပဲ။ စတော်ဘယ်ရီခင်းတွေမှာလည်း 'ကိုယ့်အသီးကိုယ်ခူးပါ'ဆိုတဲ့ ဆိုင်း ဘုတ်အချို့နဲ့ မှန်လုံအိမ်တွေက သံချောင်းတွေပဲကျန်ပါတော့တယ်။
ဆေးသုတ်ကုမ္ပဏီတစ်ခုပိုင်ဆိုင်တဲ့ အီဆာမူ ဆာဆာကီ က မြို့နယ် ခန်းမ ကိုရောက်လာပြီး တော့ သူ့အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုလုပ်ရမလဲ လို့မေးလာပါတယ်။ အိမ်တွေပြည်လည်တည်ဆောက် ဖို့၊ ကုမ္ပဏီတွေဆေးသုတ်ဖို့ အလုပ်တွေအများကြီးရှိလာလိမ့်မယ်။ ဒါပေမယ့် လအတန်ကြာစောင့်ရဦးမယ်လို့ သူက ယူဆပါတယ်။
အဲဒီအချိန်မှာပဲ သူ့ရဲ့ဂိုဒေါင်၊ ကားတွေနဲ့ ပစ္စည်းကိရိယာတွေအားလုံး ပျက်စီးသွားပြီး မှာထားတဲ့ ဖောက်သည်တွေလည်း အမှာစာတွေ ပြန်ရုတ်သွားပါတယ်။ သူ့အလုပ်သမား ၅ ယောက်ကိုတောင်သူဆက် လက် ခန့်ထားနိုင်မယ် မထင်တော့ဘူး လို့ဆိုပါတယ်။ လက်ရှိအခြေ အနေမှာတော့ ငလျင်နဲ့ဆူနာမီကြောင့် ပျက်စီးဆုံးရှုံးပြီး မြို့ပြကနေ အမှိုက်ပုံဘဝရောက်သွားတဲ့နေရာတွေမှာ ရှင်းလင်းပစ်ဖို့ ၃ နှစ်ကနေ ၅ နှစ်ကနေအထိ ကာလကြာရှည်မှာဖြစ်ပြီး ယခင်အခြေအနေပြန် ရောက်အောင် ပြန်လည်ထူထောင်ဖို့အတွက် အနည်းဆုံး ၂ဝ နှစ်ကြာမြင့် မယ်လို့သိရကြောင်းပါခင်ဗျား...။

(၂ဝ၁၁ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့ထုတ် Wall Street Journal တွင်ဖော်ပြခဲ့သည့် Woes could linger for Japan's jobless ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ထားခြင်းဖြစ်ပါသည်)

နအဖသမတသစ်ဦးသိန်းစိန်၏လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် ဂျပန်ရောက် မြန်မာဒုက္ခသည်များ စိတ်သက်သာရာရ

Type your summary here.  

အပြည့်အစုံကို ၂၀၁၁ ဇွန်လတွင်ထုတ်ဝေမည့် မိုးသောက်ကြယ်ဂျာနယ် အတွဲ(၈) အမှတ်(၆)တွင် စောင့်မျှော်ဖတ်ရှုနိုင်ပါကြောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More