This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label Local News. Show all posts
Showing posts with label Local News. Show all posts

Friday, April 30, 2010

ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျဉ်း နှင့် အသုဘရှုတရားနာ

ကောင်းရာ သုကတိလားပါစေ
* အမည် - ကိုမောင်မောင်ငြိမ်း
* အသက် - (၄၃) နှစ်
* ပညာအရည်အချင်း - အခြေခံပညာအထက်တန်း
* ဇနီးအမည် - မချမ်းလွန် (Internews)
* အဖအမည် - ဦးတင်မောင် (ဗိုလ်မှူးကြီး-ကွယ်လွန်)
* မွေးရာဇာတိ - ရန်ကုန်
* လက်ရှိတာဝန် - အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)။ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)။ အယ်ဒီတာချုပ်၊ ရိုးမ ၃ သတင်းဌာန။

၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုတွင် တပ်မတော်သားတယောက်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။ ပြည်သူဘက်က ရပ်တည်လှုပ်ရှားခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းအပြီးတွင် လွတ်မြောက်ဒေသသို့ ထွက်ခွာလာခဲ့သည်။ မူလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကျောင်းသားတပ်မတော်တွင် တပ်ရင်းမှူးတာဝန်ထိ ဆောင်ရွက်ခဲ့သည်။ ၁၉၉၅ ခုနှစ်ခန့်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသားတပ်မတော်နှင့် (PDF) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သော ကာလတလျှောက် ရှေ့တန်းစစ်မြေပြင်များတွင် အချိန် အများစု တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ် တပ်မှူးတာဝန်၊ နိုင်ငံရေး/စစ်ရေးဦးဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်သည် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) ၏ အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ကိုမောင်မောင်ငြိမ်းသည် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်နှင့် ပြည်တွင်းလုပ်ငန်းကော်မတီတို့တွင် ပါဝင်ဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၀၆ ခုနှစ်မှစ၍ ရိုးမ ၃ သတင်းဌာန၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ဗထူးအမည်ဖြင့် သတင်းများကို ရေးသားခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်း ရိုးမ ၃ သတင်းဌာနမှ ထုတ်ဝေသော 'မြန်မာ့ သားကောင်းများအတွက် ဝမ်းနည်းဖွယ်ရာ ကလေးစစ်သားများ' အမည်ရှိ အစီရင်ခံစာကို ဦးစီးထုတ်ဝေခဲ့သည်။

ကိုမောင်မောင်ငြိမ်းသည် မောင်ငြိမ်းလူ(ဟယ်လ်ပင်) ကလောင်အမည်ဖြင့် ကဗျာများကိုလည်း ရေးသားခဲ့သည့်အပြင် စာပေအသိုင်းအဝိုင်းမှ ကဗျာဆရာ၊ စာရေးဆရာများနှင့် စာပေလှုပ်ရှားမှုများတွင် ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၁၀ ပြည့်နှစ်၊ ကြာသာပတေးနေ့၊ နံနက် ၃ နာရီအချိန်တွင် ရိုးမ ၃ သတင်းဌာနရုံး၌ အသဲရောဂါ၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ၎င်း၏ ချစ်လှစွာသော ဇနီးသည် မချမ်းလွန် ကျန်ရစ်ခဲ့သည်။
သင်္ဂြီုဟ်မည့်အစီအစဉ်

* အချိန် - နေ့လည် (၁) နာရီ။
* နေ့ရက် - ၂၀၁၀ ပြည့်နှစ်၊ မေလ (၁) ရက် (စနေနေ့)။
* နေရာ - ဘန့်နူရာရပ်ကွက်၊ ဝပ်ဘွန်ယာဝပ်ဘုန်းကြီးကျောင်း။

အသုဘရှုတရားနာ (ယနေ့မှ သင်္ဂြီုဟ်မည့်ရက်အထိ)

* ညနေတရားနာချိန် - (ည ၈ နာရီ)
* နံနက်တရားနာချိန် - (နံနက် ၇ နာရီ)

Sunday, February 28, 2010

ဓါတ်ပန္နက်ရိုက်ပြီ (သာဓု ခေါ်ဆိုစေနိုင်ဖို့)

ဓါတ်ပုံများပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။

Tuesday, March 18, 2008

နအဖက ဒါတွေလုပ်နေပြီ



မေလမှာကျင်းပတော့မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေးပြည်လုံးကျွတ်ဆန္ဒခံ
ယူပွဲ ကျင်းပရေး၊တိုင်းနှင့်ပြည်နယ်အသီးသီးမှကော်မရှင်အဖွဲ့ခွဲများလုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရသိရှိရသည်။



ကချင် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုမတ်လ (၉) ရက်ကကျင်းပခဲ့
ရာသက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။ တက်ရောက်လာကြသူများက မဲစာရင်းပြုစုခြင်း၊ ဆန္ဒမဲပေးခြင်း၊မဲရုံသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြကြောင်းသတင်းရရှိပါသည်။

ကယားပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈)ကိုမတ်လ (၈) ရက်
က၊ ကယားပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။ တက်ရောက်လာကြသူများကမဲစာရင်းပြုစုခြင်း၊ ဆန္ဒမဲပေးခြင်း၊ မဲရုံသတ်မှတ်ခြင်း၊ အထွေထွေကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြကြောင်းသတင်းရရှိပါသည်။

ကရင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈) ကို မတ်လ (၁၂)ရက်
က ကရင်ပြည်နယ်မြို့နယ်ကောင်စီအစည်း အဝေးခန်းမ၌ ကျင်းပရာ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။ ကော်မရှင်အဖွဲ့ဝင်ဦးလန်းဇုန်းက ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ များနှင့်စပ်လျဉ်း၍လည်းကောင်း၊ကော်မရှင်အဖွဲ့ဝင်ဦးစောဘလှိုင်က မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးက ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲများဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များနှင့်လည်းကောင်းစပ်လျဉ်း၍ ဆွေးနွေးတင်ပြ ကြကြောင်းသိရှိရသည်။

ရခိုင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈)ကို မတ်လ(၈)ရက်က
ကျင်းပခဲ့ရာတက်ရောက်လာကြသူများက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈)ကိုမတ်လ(၈)ရက်က ကျင်းပခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှမ်းပြည်နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲ ဥပဒေ နှင့် နည်းဥပဒေများ ကိုလည်းကောင်း၊အတွင်းရေးမှူးက ခရိုင်နှင့်မြို့နယ် ကော်မရှင် အဖွဲ့ခွဲများဖွဲ့စည်း တာဝန်ပေးအပ်ထားမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈)ကို မတ်လ(၁၀)ရက်ကကျင်းပရာ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌကစစ်ကိုင်းတိုင်းကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တက်ရောက် လာကြသူများကအထွေထွေ ကိစ္စရပ်များကိုလည်းကောင်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

တနင်္သာရီတိုင်းကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈)ကို မတ်လ (၉) ရက်က ကျင်းပရာသက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ တိုင်းကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းမှုနှင့်ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးပြီးတက်ရောက်လာကြသူများက မဲစာရင်းပြုစုပြီးစီးမှုအခြေအနေများနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

ပဲခူးတိုင်းကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈) ကို မတ်လ(၁၀) ရက်ကကျင်းပခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ပဲခူးတိုင်းကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌကဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေးဥပဒေ နှင့်နည်းဥပဒေများကိုလည်းကောင်း၊ အတွင်းရေးမှူးကခရိုင်နှင့်မြို့နယ် ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ထားမှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈)ကိုမတ်လ(၁၀)ရက်ကကျင်းပခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။တက်ရောက်လာကြသူများကအထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါ သည်။

မကွေးတိုင်းကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၀၈)ကို မတ်လ (၈) ရက်ကကျင်းပခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။တက်ရောက်လာကြသူများကအထွေထွေကိစ္စရပ်များကိုဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိပါ သည်။

မန္တလေးတိုင်း ကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုမတ်လ(ရ)ရက်ကကျင်းပခဲ့ရာသက်ဆိုင်ရာ တာန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ မန္တလေးတိုင်းကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးရဲအောင်မြင့်ကဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေးပြည်လုံး ကျွတ်ဆန္ဒခံယူပွဲဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ အဖွဲ့ဝင်ဦးဘိုရွှေက မဲစာရင်းပြုစုရေးရှင်းလင်းဆွေးနွေးခဲ့ရာ မန္တလေးတိုင်းကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက မဲရုံ ပုံစံနှင့်ဆန္ဒမဲပေးပုံတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဧရာဝတီတိုင်း ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈)ကို မတ်လ(၁၀)ရက်က ကျင်းပခဲ့ရာသက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်း ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌကဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေ၊န ည်းဥပဒေများကိုလည်းကောင်း၊ အဖွဲ့ခွဲအတွင်းရေးမှူးက ခရိုင်ကော်မရှင်အဖွဲ့ခွဲနှင့်
မြို့နယ်ကော်မရှင်အဖွဲ့ခွဲများဖွဲ့စည်းတာဝန်ပေးအပ်မှုနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

မွန်ပြည်နယ် ကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၀၈) ကိုမတ်လ (၉)ရက်ကကျင်းပရာ သက်ဆိုင်ရာ တာန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ပြည်တွင်းသတင်းစာများတွင်ဖော်ပြထားပါသည်။


လူထုစိန်ဝင်း စာရေးခွင့်ဆိုင်းငံ့ခံရ

ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ



စစ်အစိုးရနှင့် ပတ်သက်ပြီး ဝေဖန်ဆန့်ကျင်စကား ပြောကြားခဲ့သည့်အတွက်
ဝါရင့်သတင်းစာ ဆရာ၊ စာရေးဆရာကြီး လူထုစိန်ဝင်း ရေးသားသောဆောင်းပါးများ ဖော်ပြခွင့်ကို စာပေစိစစ် ရေးက ပိတ်ပင်လိုက်ကြောင်း စာပေစိစစ်ရေးရုံးမှ စိစစ်ရေး မှူးတဦးက ထုတ်ဖော်ပြော ကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆရာကြီးဦးစိန်ဝင်းက

“ဒီနေ့တော့ ဆောင်းပါးတွေ ကျနော်ပါရမယ့် ဂျာနယ်တွေမှာ မပါဘူးလေ။ ကျနော့်ကိုတော့
ဘာမှ တရားဝင်ပြောတာ ဆိုတာမရှိဘူး။ ဒီနေ့ပါရမယ့် ၀ီကလီးအဲလဗင်းတို့မှာ မပါလာဘူး။
ဝီကလီးအဲလဗင်းက ပြောတဲ့အပြောအရတော့ ခဏဆိုင်းငံ့ထားပါလို့ ပြောတယ်တဲ့။ ပိတ် တယ်လို့တော့ မပြောဘူးပေါ့။ အသံဖိုင်ဖြန့် လိုက်တဲ့ကိစ္စနဲ့ ပတ်သက်တယ်လို့တော့ ထင်
တာပဲလေ။ တခြားအကြောင်းတော့ မရှိပါဘူး” ဟုပြောသည်။

ဆရာဦးစိန်ဝင်းက အသံဖိုင်တခုကို အားလုံးအတွက် ရည်ရွယ်၍ ပြည်ပသို့ ပေးပို့ခဲ့သည်ဟု ပြောသည်။

ယခုလ (၈) ရက် နေ့စွဲတပ်ထားသည့် အဆိုပါ အသံဖိုင်တွင် အာဏာရှင်မှန်သမျှသည်
အာဏာကို စွန့်လွတ်မှု မရှိကြောင်း၊ ကုလသမဂ္ဂက ကယ်တင်သဖြင့် လွတ်မြောက်သွားသည့် နိုင်ငံလည်း ကမ္ဘာတွင် မရှိခဲ့ကြောင်း၊ ထို့ကြောင့် ဒိုင်ယာလော့တို့၊ လုံခြုံရေးကောင်စီတို့ဖြင့် အချိန်မဖြုန်းသင့်ကြောင်း၊ ယခုအချိန်သည် တော်လှန်ရေးတရပ်လုံး အလှည့်အပြောင်း ဖြစ် နိုင်သည့် အချိန်ကာလဖြစ်ကြောင်း၊ ရွှေဝါရောင်တော်လှန်ရေးကြီးက ဖန်တီးပေးလိုက်သော ကြီးမားသည့် အရှိန်အဟုန် အခွင့်အရေးကို အမိအရအသုံးချကာ မြန်မာပြည်သူများ ပြည်သူ့ စွမ်းအားဖြင့် အာဏာရှင်စနစ်ကို ချေမှုန်းပစ်ကြရန်အတွက် လူထုဦးစိန်ဝင်းက တိုက်တွန်း ထားသည်။

ယင်းသို့ထုတ်ပြန်ပြောဆိုရခြင်းနှင့်ပတ်သက်၍ ၎င်းက “ဒီအချိန်မှာ အရေးကြီးလို့ ခုလို ထုတ်ပြန်ချက် ထုတ်ရတာပါ။ ဒီလို ထုတ်ပြန်ချက် ထုတ်လိုက်ရင် စာရေးခွင့် အပိတ်ခံရနိုင်
တယ်။ အဖမ်းခံရနိုင်တယ် စသဖြင့် တွက်ပြီးသားပါ။ အန်အယ်လ်ဒီ ခေါင်းဆောင်တွေအပါ
အ၀င် နိုင်ငံရေး ဦးဆောင်လုပ်နေတဲ့ လူတွေအဖို့ ခုအချိန်မှာ ပြည်သူတွေဘက် မျက်နှာမူပြီး ပြည်သူတွေကို ယုံယုံကြည်ကြည်နဲ့ ဦးဆောင် လမ်းပြသင့်ပြီ။ ခု လာမယ့် အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ ဘယ်လို လုပ်ကြမလဲ၊ ပြည်သူတွေကို ရှင်းပြသင့်ပြီ၊ နမူနာအားဖြင့် ၁၉၇၄ ခုနှစ်တုန်းကဆို စစ်အစိုးရဟာ သူ့ဖာသာသူ တပါတီ အာဏာရှင်စနစ်ကို အတည်ပြုလိုက်
တယ်။ နောက်တော့ ဗိုလ်ချုပ်ကြီးနေ၀င်းက သမ္မတကြီး ဦးနေ၀င်းကို အာဏာလွှဲပေးလိုက်
တယ်၊ ဒါမျိုး ကြုံခဲ့ရဖူးတာပဲ။ ဒီလို ပြည်သူတွေကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ လိုပြီ။ ဘာပဲ
ဖြစ်ဖြစ် ခု စစ်အစိုးရက အတည်ပြုမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာလဲ။ ဘယ်လို ရင်ဆိုင်မလဲ။ နောက် ဘာတွေ ဆက်လုပ်ကြ မလဲဆိုတာ ပြည်သူတွေကို အသေအချာ ရှင်းပြစည်းရုံးဖို့ လိုရင်းပဲ ဖြစ်တယ်” ဟု ပြောသည်။

လူထုဦးစိန်ဝင်းသည် ပြီးခဲ့သည့် ၂၀၀၆ ခု မေလတွင် အင်တာနယ်ရှယ်နယ် ဟာရယ်ထရီဗြွန်း သတင်းစာတွင် ဆောင်းပါးရေးသားခဲ့သည့်အတွက် စာရေးခွင့် နှစ်လခန့် ပိတ်ပင်ခံခဲ့ရဖူးသည်။

ဦးစိန်ဝင်းသည် လူထုသတင်းစာတိုက်၊ မန္တလေးတိုက်နှင့် ရန်ကုန်တိုက်ခွဲများတွင် အယ်ဒီတာ အဖြစ် သတင်းစာပိတ်ချိန်အထိတာဝန်ယူခဲ့ပြီး ၁၉၆၉ ခု၌ စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံရကာ ကိုကိုးကျွန်းသို့ အပို့ခံခဲ့ရပြီး ၁၉၇၂ တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

၁၉၈၀ ပြည့်နှစ်၌ လေဖြတ်သွားပြီး ကိုယ်တခြမ်းသေသွားရာမှ ဘယ်လက်ဖြင့် စာရေးလေ့ကျင့် ခဲ့ကာ ယခုအချိန်ထိ ပြည်တွင်းထုတ် ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် ဆောင်းပါးပေါင်းများစွာ ရေးသား လျက်ရှိသည်။ ။

Twitter Delicious Facebook Digg Stumbleupon Favorites More