This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ကဗျာများ(poems). Show all posts
Showing posts with label ကဗျာများ(poems). Show all posts

Thursday, July 19, 2012

အာဇာနည်နေ့ ဥသြသံ နှင့် ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်ေ​နသည့် အာဇာနည်နေ့ တေးသီချင်း

အာဇာနည်နေ့ ဥသြဆွဲသံ


အလေးပြုပါသည်

သီဆိုသူ - မေလှမြိုင်
ရေးစပ်သီကုံးသူ - ဂီတာတင်အုံး


အာဇာနည်နေ့ ဥသြသံ နှင့် ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်ေ​နသည့် အာဇာနည်နေ့ တေးသီချင်း

မေလှမြိုင်သီဆိုထားသည့် အလေးပြုပါသည်သီချင်း တိုက်ရိုက်နားဆင်ရန် ဒီကိုနှိပ်ပါ
အာဇာနည်နေ့ ဥသြသံ တိုက်ရိုက်နားဆင်ရန် ဒီကိုနှိပ်ပါ

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု သက်မှတ်ပြီး ယနေ့ထက်တိုင် အောင်းမေ့ သတိရကာ အမှတ်တရ ကျင်းပလျက်ရှိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
* အလေးပြုပါသည် *
သီဆိုသူ - မေလှမြိုင်
ရေးစပ်သီကုံးသူ - ဂီတာတင်အုံး

(နှစ်လဌာနီ အခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ…♫ ♪ ♫ ♪ ♫♪…ယနေ့ဖြင့် သတိ တရားထားဖို့ အခြေ …♫ ♪ ♫ ♪ ♫♪…အများပြည်သူတွေ အများပြည်သူတွေ …♫ ♪ ♫ ♪ ♫♪…အာဇာနည်နေ့ကိုလေ တွေးရှုကာပဲ …♫ ♪ ♫ ♪ ♫♪…အလေးပြုပါမယ်လေ…♫ ♪ ♫ ♪ ♫♪… )၂
စနစ်အနေပြောင်းခဲ့ပေမယ့် အဖြစ်ဟောင်းက ဖြေသော်မပြေ …♫ ♪ ♫ ♪ ♫♪… လွမ်း ... မျက်ရည် မြေခပြီမို့ တွေးတသသ ဆွေးစမရွှင်ပေ …♫ ♪ ♫ ♪ ♫♪… ရွှေရင်ဆူ ကဲ ကြေကွဲဝမ်းနည်းရပုံတွေ ယနေ့ထက်တိုင် အခြေ မမေ့ရက်နိုင်ပါလေ…♫ ♪ ♫ ♪ ♫♪…
အာဇာနည်ခေါင်းဆောင်ကြီးတွေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
အာဇာနည်ခေါင်းဆောင်ကြီးတွေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
ကောင်းရာသုဂတိရောက်ရှိကြပြီလေ…♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
တေးကဗျာ အနုစာခွေရေးကာ တေးပြု …♫ ♪ ♫ ♪... အလေးပြုပါတယ်လေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
(အစအဆုံး ပြန်ဆို)

မြုံနေတဲ့အနာ

freedom

ငှက်တွေတောင် အိမ်ပြန်ကုန်ကြပြီ
ငါ့မှာသာ အိမ်မပြန်နိုင်သေး
နေ့ဟာ ကြွေကာနီး သစ်သီးတစ်လုံးလို
ပြီးပြည့်စုံစွာ ၀င်းမှည့်နေလေရဲ့
ရှင်းမပြတတ်အောင်ဘဲ ဖြစ်ရတယ် ညနေရယ်
မောလိုက်တာ …
ကိုယ့်ရဲ့ တစ်နေ့တာ ပင်ပန်းမှုတွေကို
ဘယ်သူ့ကို ပြောပြရပါ့
တကယ်ဆို ပြောပြဖို့ရော လိုအပ်လို့လား
ဆည်းဆာရဲ့ ကျောပေါ်ကို
ကိုယ့်ရဲ့ အမောတွေ မတင်မိဖို့
မနည်း သတိထားနေရတယ်။
ကြည်မောင်သန်း(လှသန်း)
ဇွန် ၂၀၀၀ ရွက်နုဝေမဂ္ဂဇင်း

Saturday, June 30, 2012

အိမ်ဝေး ရွှေများသို့


"အိမ်ဝေး ရွှေများသို့ "

 မြန်မာပြည်ရှိရာ
 ခေါင်းပြုအိပ်ကြ

 သေသူတွေကို
 ဂုဏ်ပြုကြ

ရှင်သူတွေချင်း
 ရိုင်းပင်းကြ
အာရုဏ်ဦး မီးပုံပွဲ
ဆင်နွှဲကြ …။ ။

 ကိုကိုကြီး
ငါတို့အိပ်မက် ကဗျာစာအုပ် မှ

ကြိုဆိုပါ၏


အခန်းတံခါး
အိမ်သားတွေအတွက်
မဟုတ်ပါ။

 နေအိမ်တံခါး
 မိတ်ဆွေများအတွက်
မဟုတ်ပါ။

ဝင်းခြံတံခါးကတော့
အရံအတားပေါ့ဗျာ
ကဲ.....
ခင်ဗျားကရော
ဘယ်နားထိအောင် လာမှာလဲ။ ။

ကိုကိုကြီး

Wednesday, June 27, 2012

သွေးချင်းရင်းနှီးစေချင်သည် (ကိုအောင်ဆန်းဦးသို့)



အစ်ကို နှင့် နှမအရင်း
သွေးချင်းတူကြပေမယ့်
နှမကပြည်သူ့ဒုက္ခ အ၀၀ကို
နအဖ၀ဲသြဂမှ မုချလွတ်မြောက်အောင်
စွမ်းဆောင်နေခိုက်ဝယ်…..။

လူမိုက်အစ်ကိုမှာတော့
အကိုကြီး အဖအရာက မနေဘဲ
မြေနိမ့်ရာလှံစိုက်
နှမအကျယ်ချုပ်ခံနေခိုက်မှာ
အမိုက်မ မယားစကား
နားယောင်သွားပြီး
အမှားတထောင်မှားအောင်
ရန်အမျိုးမျိုးထောင် အိမ်တဆောင်
မီးတပြောင်နေတာကိုပင်မကြည့်ရက်
ရုံးတက်တရားစွဲ နှမအကျိုးနဲအောင်
လုပ်ဆောင်ရက်ပေတယ်…။

ဆဒ္ဒန်ဆင်မင်းဝတ္ထုလာ
အောင်ဆန်းဦးကြင်ရာခမျာ
မိဖုရားသုဘဒ္ဒါပမာ
သူ့လင်တော်မောင်ရင်ခွင်ကြား
ခေါင်းဝှက်ထားပြီး ဒီအိမ်မှမရလျှင်
သူ့ရင်တွေကွဲ သေပွဲဝင်ရပါတော့မယ်လို့
အတို့အထောင် အညှို့ဆောင်ပြီး
မောင်တော်ဘုရား အရည်ပျော်သွားအောင်
သွေးဆောင်ဖြားယောင်း
အမူကောင်းလေတော့
ဖယောင်းလိုပျော့ အကောင်းအဆိုး
အကြောင်းအကျိုးတွေမဝေဖန်နိုင်တော့
မယား(လဲ့လဲ့နွယ်သိန်း)ကြိုးကိုင်ရာ
ထကရှာပါတော့တယ်…။

ပြောပါများမယားစကားအောင်ဆိုပေငြားလည်း
ယောက်ျားရင့်မာကြီးတယောက်
သမိုင်းတလျှောက်မှာ ဂုဏ်ရောင်တောက်ခဲ့တဲ့
ဘေးတော် မင်းကြီးရွှေလရောင် အဆောင်အခန်းခန်း
အခေါင်မမြန်းခင်က အောင်ပန်းညှို့ရရှာတဲ့
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
ဤမျှဂုဏ်ရောင်ဝင့်လျှမ်း
တင့်ဆန်းသူတွေရဲ့မျက်နှာတော်ကိုမှမထောက်
မယားကြောက်အသွင်နဲ့
သမိုင်းမှာအမဲစက်အထင်ခံနိုင်တာကို အံ့ရော
အံ့သြကုန်နိုင်ဖွယ်ပါ…။

သွေးချင်းတူပါလျက်
ဘယ့်အတွက်ကြောင့်သတ္တိချင်းကွာရမှာလဲ
နောက်မကျသေးပါ
ဒေါ်စုနိုင်ငံခြားမှပြန်လာတဲ့အခါ
မကြည်သာတဲ့အမှုကိုရုပ်သိမ်း
စိမ်းကားတဲ့အမူရာတွေဖျောက်
ရွှင်မြောက်အားရတဲ့လက်နဲ့
နှမတော်ကိုဖက်ပြီး ရှေ့ဆက်ရမယ့်
ဒီမိုကရေစီခရီးလမ်းကို စိတ်တူညီတူစွာနဲ့
ကြည်ဖြူစွာလှမ်းကြရင် မကောင်းပေဘူးလားဗျာ…။

တက္ကသိုလ်ဘုန်းကြွယ် (ဇွန် ၂၅ ၂၀၁၂)

Sunday, August 7, 2011

ငွေရတုအောင်ပွဲ (၂)နှစ်အလို(ဌေးဇော်-အင်းဝ)

ငွေရတုအောင်ပွဲ (၂)နှစ်အလို
တချို့က နေရာရူး
တချို့က အာဏာရူး
တချို့က ဥစ္စာရူး
တချို့က ပညာရှင်ရူး
တချို့က ဆရာကြီးရူး
တချို့က လုပ်စားရူး
တချို့က ရမ်းအော်ရူး
တချို့က ရမ်းပြောရူး
တချို့က အာလိမ်ရူး
တချို့က အစိုးရရူး
တချို့က ၀န်ကြီးချုပ်ရူး
တချို့က အဖွဲ့ထောင်စားရူး
တချို့က အန်ဂျီအိုရူး
တချို့က တော်လှန်ရေးရူး
တချို့က နိုင်ငံရေးရူး
တချို့က တတိယနိုင်ငံရူး
တချို့က အရက်သမားရူး
တချို့က လူသတ်သမားရူး
တချို့က ရမ်းဆဲရူး
တချို့က ရမ်းပြောရူး
တချို့က ဘလောက်ဂါရူး
တချို့က ဘာသာရေးရူး
တချို့က လူလိမ်ရူး
တချို့က အချောင်နှိုက်ရူး
တချို့က အချိန်စောင့်ရူး
တချို့က ဗလာရူး
ဒီအရူးပေါင်းစုံတွေရဲ့ တော်လှန်ရေးဆိုတာကြီး
ငွေရတုအောင်ပွဲ (၂)နှစ်လိုတော့တယ်။          ။

Saturday, August 6, 2011

23 နှစ် ရှစ်လေးလုံးသွေးကြွေးများ


                  
 ရာသီစက်ဝန်း  ဖြစ်ရပ်မျိုးစုံ  အဖုံဖုံ ကို
မောင်ကျောင်းသားတို့    ခါးစီးခံခဲ့
အာဏာရှင်စနစ် ဘုံရန်သူအဖြစ် သတ်မှတ်ခဲ့၏။
ကျောက်စာပေစာ ပရပိုက်က
ဗမာ့သမိုင်းမှာ  သူရဲကောင်းအဖြစ် မှတ်တမ်းတင်ထားနိုင်လေပြီ။

ကျွန်တော့်ငယ်ချစ် ရှစ်ဆယ့်ရှစ် က
ကျောင်းသားရဲဘော် အများစုမှာ
သွေးကြွေးတွေကိုဆွေးနွေးချင်လို့ 
ရိုးရိုးသားသား ကြိုးစာပြီးတောင်းဆို
အာဏာရှင်စနစ်ဖြုတ်ချရေးက
အရေးကြီးတာမို့  မဆလ အား
လူထုအားဖြင့် ကြိုးဝိုင်းထဲမှာ
ဒိုင်ပွဲရပ်ဖြင့် အလဲထိုးအနိုင်ယူခဲ့ကြတယ်။
စစ်ဖိ
နပ်အောက်  ဒူးမထောက်
လက်မမြှောက် ကြောက်စိတ်မပြေ

ကိုမင်းကိုနိုင် ကိုကိုကြီး တို့  ဒို့ ကျောင်းသားတွေ

ဟိန်းထ ထိန်းမရ မွေးလာခဲ့ကြတယ်။

သွေးနီနီရဲ  ပြည်သူများ  အလောင်းတွေပလူပျံ

ဦးနှောက် အလီလီခုန်ထွက် ပုံပျက်လှတဲ့ အနိဌာရုံ

ငရဲပြည်ထက်ဆိုးဝါး  ဒို့ လိုတာက လူ့ အခွင့်အရေး
ဦးစားပေးတာ ဒီမိုကရေစီ ညီညီညာညာ ဟစ်ကြွေးနေတာ

စစ်အာဏာရှင်စနစ် ဖြုတ်ချရေး။

တချို့  က ရှစ်လေးလုံးကို အနုပညာဖြင့် ဂုဏ်ပြုမှတ်တမ်းရေးကြ

အခု ၂၃နှစ်ပြည့်ပြီ...

ရက်တစ်ရာ အစိုးရ တဲ့ ဘာမှမပြောင်းလဲ

ပြောင်းလဲတာက ပြည်သူမွဲ
အစိုးရက မစစ်    မရမကအတင်းဖြစ်

တစတစ လည်ပင်းညှစ်  ညှစ်လို့ အားမရ
...အသားက အစ     ...အရိုးအဆုံး

အကုန်လုံးသိမ်းကျုံး 
လူလုံးမလှ   အပူလုံးကြွ
သတ်လိုက်ကြ  ထောင်ထဲထည့်ကြ    ဒါလားအစိုးရ။
                                                          ထွန်းဝေ   တိုကျို

Sunday, July 24, 2011

ခေါင်းဆောင်ကြီးများ ဖတ်ဖို့ ကဗျာ


ဂျီ တူ ဂျီ* နဲ့  အဆီထူကာ
ဂျနီဗါမှာ ပလီပလာ
ဘာလင်မှာ ခရီးတထောက်
ဒါဗလင်လည်းရောက်
စပါကလင်လေးသောက်
ဖြည်းဖြည်းပြော
နားနားပြီးပြော မောနေမယ်။

ဟီသရိုးမှာ ထီးမမိုးပေမယ့်
နယူးရောက်မှာ ရူးဖိနပ်ပေါက်ပြီ။

 ယူအန်မှာ
လူမှန် နေရာမှန်ရန်
သံတမန်တောမှာ
တော်ကီတွေနဲ့  လော်ဘီလုပ်
ကျုပ်တို့  အလုပ်ရှုပ်နေတယ်။

အဝေးရောက်က ဘေးရောက်
တဖြည်းဖြည်း ဒိတ် (date) အောက်
စိတ်ဖေါက်နေတဲ့ ကော့ကပ်စ်** တွေ
စိတ်မနောက်စေဖို့  အဆိပ်သောက်ကြစို့ ။    ။
ဧရာ
၁၈၊၇၊၂၀၁၁

* ဂျီ တူ ဂျီ (government to government) = အစိုးရချင်းဆက်ဆံမှု
    ** ကော့ကပ်စ် (caucus) = နိုင်ငံရေးပါတီတရပ်ရဲ့ ဆုံးဖြတ်စီမံပိုင်ခွင့်ရှိသူများ(သို့ မဟုတ်) ၄င်းတို့ ရဲ့ အစည်းအဝေး

Saturday, November 13, 2010

ဆုံမှတ်

အမေ...
နေကောင်းပါရဲ့လား အမေ...
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ...

ရှိပါတယ်အမေ...
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်...
သူတို့လည်း နေကောင်းကြပါရဲ့

တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ
ဇာတိမြေကို အလည်အပတ်ပြန်တိုင်း
“အရင်အတိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး

တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။

အမေ့ပါတီလည်း ရှိပါသေးတယ် အမေ...
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ...

ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ...
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ

အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။

အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ

အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ

ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။


(ကမ္ဘာစိုးမင်း)

Tuesday, October 12, 2010

တို့တိုင်းပြည်(ဇော်ဂျီ )

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ဉာဏ်ရှေ့ ပန်း၍
တ၀မ်းတစိတ်၊ ညီစေသတည်း။

Sunday, February 14, 2010

ချစ်သူများနေ့တဲ့လား




ဒီနေ့ ..
ဖေဖေါ်ဝါရီ ၁၄ရက်
''ချစ်သူများနေ့'' တဲ့လား
ညီမလေးရေ ...
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊
... တွေ၊ .... တွေ
ဟိုက သည်က
အများကြီး အများကြီး ..
မင်းရနေသလား ...
လူငယ်တွေလဲ ... အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ... ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊

အော် ...
တကယ်တော့ ...
ဒီနေ့ဟာ ...
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ ...
'ကလောဒီယပ်စ်' ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentiuns ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ....
သူတို့ဟာသူတို့
ဂုဏ်ပြုရင်ပြုပါစေ ...
တို့တွေနဲ့ အဝေးကြီးပါကွယ် ...

ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က ...
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး ...
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ....
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ....
'ထိန်လင်း' ဆိုတဲ့
ကလေးငယ်ကလေး ...
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်

သူက ...
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး ...
တို့တိုင်းပြည်ကို ချစ်သတဲ့

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ....

နောက်ဆုံး ...
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ ....

ချစ်သူကောင်းတစ်ယောက်
ယောက်ျားးကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ ...
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်

'ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား ...'

ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး ...
အခုတော့ ဘယ်မှာလဲ

ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့' ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် ...
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ....

Friday, February 12, 2010

ပြောလိုက်ပါဘိ ဟောပါဘိ (ဇော်ဂျီ)



ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သက်လှယ်၊ မင့်သားငယ်သည်
သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။

သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်
အူယားဖါယား
ကစားရာမှ၊ နွားရုပ်ချ၍
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို
ငါမြင်ခဲ့၏ မှတ်မိ၏။

မိုးကစိုစို၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ၊ တို့လမ်းမတွင်
ပျံကြ ဝဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏ မှတ်မိ၏။

ထို့နေ၌ပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏
မြေခသတင်း၊ မိုးကြိုးခွင်းသို့
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌
မချင်မရဲ၊ ဝမ်းနဲခံခက်
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ သင်္ချိုင်းထိ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊ သူတို့ခေတ်၌
တိုင်းချစ်ပြည်ခင်၊ မြတ်စေချင်၏
မင်းမြင်ငါကြား၊ စကားဥဒါန်း
ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ၊ ဆန်း၏ပညာ
ဆန်းမှာဆုံပေါင်း၊ ယောကျာ်းကောင်းတို့၊ ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။

အောင်ဆန်းဇာနည်


ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
---------- လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

ပညာရေးဝန်ကြီးဌာနမှ ထုတ်ဝေပြဋ္ဌာန်းထားသော တတိယတန်းဖတ်စာအုပ်ပါ 'အောင်ဆန်းဇာနည်'ကဗျာ
(http://swenaing.blogspot.com/2010/02/blog-post_11.html)မှ တဆင့်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Friday, January 1, 2010

နှစ်သစ်မှာ အမေနှင့် စကားပြောခြင်း(ရဲရင့်သက်ဇွဲ)


တနှစ်ဟောင်းလို့ 
အသစ်ပြောင်းတော့မယ်
သားတို့ မှာ
အသက်တနှစ်သာ ပိုကြီး
အမေ့ရဲ့  ဒုက္ခမီးကို
မငြိမ်းသတ်ပေးနိုင်သေးတာ
ခွင့်လွှတ်ပါ အမေ ။

နှစ်သစ်ကို
ဖြစ်စေချင်တဲ့ ဆန္ဒတွေနဲ့ ချည်နှောင်ထား
မိုးတွင်းဖားတွေလို သံစုံအော်မြည်ကြ
အဲဒီ အော်သံတွေနဲ့  ကျေနပ်
ဒီလိုပဲ နေတတ်ခဲ့ကြတာ
ဝမ်းနည်းစရာမဟုတ်လား အမေ ။

ပယောဂ ကုဆရာတယောက်ရဲ့ 
တတွတ်တွတ် ရေရွတ်သံလိုမျိုး
အမြှုပ်ထွက်မတတ် စကားသံစည်ဝေကြ
အံ့ဖွယ်လိလိ
အင်တာနက်နဲ့ ယူဂျီ လုပ်ကြ
အတွင်းမှာတော့
တယောက် ပြီး တယောက်
အကျဉ်းထောင်တွေထဲရောက်ကုန်ပြီ
မငိုပါနဲ့  အမေ ။

နှစ်ကသာ သစ်လာတာပါ
အတွေးအခေါ် အကျင့်စရိုက်
အလိုက်အထိုက် မျောပါမှုတွေ
ပြောစရာစကား ရှားပါးလွန်းတယ်
အသစ်ထဲမှာ အသစ်ရှာရ
မောလွန်းလှတယ် အမေ ။

သားတို့ မှာတော့
နာကျည်းစိတ်တွေနဲ့ သာ
တိုက်ပွဲကို အရှိန်အဟုန်မြှင့်လို့ 
နှစ်သစ်ထဲ တိုးဝင်ခဲ့ကြပေါ့ အမေ ။
၂၀၀၉ ၁၂ ၃၁

Sunday, September 28, 2008

နှစ်သက်မိသောကဗျာများ




(မိုးသောက်ကြယ်အီးမေးလ်ထဲသို့ ပေးပို့လာသော ကဗျာများကို နှစ်သက်သဘောကျသဖြင့် ပြန်လည်ဝေငှခြင်းဖြစ်ပါသည်)

Wednesday, May 7, 2008

မုန်တိုင်းနောက်ကမုန်တိုင်း


နားဂစ်မိုင်တိုင်းတခု
မြန်မာပြည်ကိုဗဟိုပြုပြီး
ခပ်ကြမ်းကြမ်းတိုက်ခတ်ခဲ့တယ်။
ဘယ်သူမှအံတုလို့မရ၊ တားဆီးလို့မရ
ဒါဟာ သဘာဝရဲ့အင်အား၊ သိပ်ကြီးမားတယ်။

ကြည့်လိုက်စမ်း-
သေသူသေ၊ ပျောက်သူပျောက်
ငရဲရောက်သလိုမျိုး
သစ်ပင်တွေကျိုး၊ ဓါတ်တိုင်တွေကျိုး
ရေပြတ်၊ မီးပြတ်၊ ဖုန်းပြတ်၊ လမ်းပြတ်
အားလုံးအခက်ကြုံ၊ အနိဌာရုံ။

နောက်ထပ်မုန်တိုင်းတခု
ပြည်သူ့ရင်ကိုဗဟိုပြုပြီး
ဆက်တိုက်လာဦးမယ်။
နအဖက အံတုလို့မရ၊ တားဆီးလို့မရ
ဒါဟာ ပြည်သူ့အင်အား၊ အကြီးမားဆုံး။

ယုံကြည်လိုက်စမ်း-
နိုင်ငံတ၀ှမ်းလုံး၊ စုရုံးချီတက်
တခဲနက်၊ ကန့်ကွက်မဲပေးကြတဲ့အခါ
အာဏာရှင်စနစ်အဆုံးသတ်၊ ပြည်သူ့အောင်ပွဲမှတ်။

ခန်းဒါအောင်လီ
၎-၅-၂၀၀၈

Wednesday, April 16, 2008

ဘီလူးနှင့်သူ၏နိုင်ငံတော်(သန်းထူးဝင်း)


အရင်းအနှီးတော့ များလာပြီ။

ဘီလူးကို ကျောသပ်၊ ချော့သူချော့ဆဲ
တချို့… အဲဒီဘီလူးနဲ့ အရက်ဝိုင်းဖွဲ့
တချို့… အဲဒီဘီလူးကို တကိုယ်လုံးပုံအပ်
တချို့… အဲဒီဘီလူးကို သိဒ္ဓိတင်
တချို့…အဲဒီဘီလူးနဲ့ စည်းဝါးရိုက်
တချို့… အဲဒီဘီလူးဖျားယောင်းမှုအောက် ဦးစောက်ကျမ်းသဒ္ဓါလန်
တချို့… အဲဒီဘီလူးစာ ဖြစ်သွားကြတော့တယ်။


တချို့… မသိချင်ယောင်ဆောင် ငြိမ်သက်
တချို့… နံနက်ခင်းအတုနဲ့ လင်းလို့ပျော်လို့
တချို့… အိမ်မက်တခုရမလား ထပ်ထပ်တိုးအိပ်
တချို့… မျက်စိပိတ်လည်းမှောင် ဖွင့်လည်းမှောင်
ဒါတောင် တမိုးသောက်ပြီလို့ ထ ထ ကုန်းအော်။

လမ်းကို သက်တောင့်သက်သာ သွားရသူလည်းရှိရဲ့
တချို့… လမ်းကိုဆန်တက် ကြမ်းတမ်းကျော်ဖြတ်
ခုချိန်ထိလည်း ယုံကြည်ချက်ကို သေကောင်ပေါင်းလဲ ဖက်တွဲထားဆဲ
လူထုအကျိုးဆိုတာ ကြားလေသွေး ဝေးတဲ့အမျိုးအစားမှမဟုတ်တာပဲ။

တချို့… အသေအလဲပေါင်းစပ်
အတ္တ ပရ
ရေ နဲ့ မီး
ဖက်ဆစ်နဲ့ ငြိမ်းချမ်းရေး
ပေါင်းစပ် ပေါင်းစပ်
သိက္ခာအပွန်းခံ အပဲ့ခံပေါင်းစပ်
အဲဒီမှာ အညံ့ခံတဲ့ စိတ်ဓါတ်တခုပဲရမယ်။

တချို့… စိတ်ရှည်သည်းခံဖို့နားချ
တချို့… စိတ်ရှည်ရှည်ထားရင်း
ဘ၀တိုတိုသွားရ။

အက္ကောဓ၊ အ၀ိဟေသ၀ါဒကိုဆုပ်ကိုင်ပြီး
‘သစ္စာဂြဟ’ကြတဲ့
ဟုတ်ကဲ့-
တခေတ်တခါက ငြိမ်ချမ်းရေးပုဂ္ဂိုလ်ကြီးတွေတော့ အားနာပါရဲ့
သူ့ခေတ်နဲ့သူ့ရန်သူ ဟုတ်ချင်ဟုတ်လိမ့်မယ်
ဒီနေ့ ဟိရိသြတ္တပသုညမှာပြနေတဲ့ စစ်ဘီလူးအောက်ကလူထုလား
နှလုံးရည်ဆိုတာ လက်ဖက်ရည်လောက်
အလုပ်မဖြစ်မှန်း သိ သိလာကြတယ်။

စိုးရိမ်တတ်ရင်ပြောပါတယ်…
လူထု‘တောက်’ခေါက်သံ
ပိုပြီးကျယ်လာတယ်။


စိုးရိမ်တတ်ရင်ပြောပါတယ်…
သေသူတို့က နားစွင့်နေမယ်ဆိုတာ
လူထုသိထားတယ်။


စိုးရိမ်တတ်ရင်ပြောပါတယ်…
စစ်ကိုချစ်တဲ့ပြည်သူ မရှိပါဘူး။
သို့ပေမယ့်လည်း မြန်မြန်ထက်ထက်
အာဏာရှင်အောက်က လွတ်မြောက်ဖို့အတွက်ဆို
ဘက်ပေါင်းစုံက ကြိုးပမ်းသမျှ
သူတို့ကြိုဆိုကြလိမ့်မယ်။


သူတို့သွေးနဲ့အားဖြည့်သွန်းလောင်း
သုတ်သင်ပေးလိမ့်မယ်။

စိုးရိမ်တတ်ရင်ပြောပါတယ်။


Sunday, April 6, 2008

ငါ့နိုင်ငံရဲ့အလံတော်(ကြည်အောင်)


အလံဆိုတာ

ပျံနေရတယ်။

ငါ့နိုင်ငံသူ

ရန်သူဆီ

ချီတက်

ချီတက်

ချီတက်။



အလံကို

သံနဲ့ရိုက်ကပ်

သပ်နဲ့ဖိကုပ်

မလှုပ်မယှက်။

ငါ့နိုင်ငံသူ

အလံတော်ဆီ

ချီတက်

ချီတက်။

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှထုတ်ဝေသော စာဆိုတော်နေ့အထိမ်းအမှတ် အမှတ်တရကဗျာစာစုမှ ကဗျာဆရာကြည်အောင်ရဲ့ကဗျာကို ကြိုက်နှစ်သက်လှသဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ကဗျာဆရာကြည်အောင်ထံသို့ ခွင့်ပြုချက်မတောင်းခံမိပဲ ဖော်ပြမိသဖြင့် ခွင့်လွှတ်နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်)

Tuesday, March 18, 2008

နတ်ဆိုးများ နှင့်ကစားတဲ့ပွဲ



သွေးပျက်လို့အရှုံးမခံဝံ့ရင်

မင်းတို့ဖွင့်တဲ့ကစားကွက်

ပြင်ဆင်ချက် ထုတ်လို့ရတယ်.....။

အတုအယောင်တွေခင်းကျင်း

မာယာနဲ့မသိမ်းသွင်းနဲ့တော.`

ဒို့ဆန္ဒ အစစ်မှန်ကို

ရှစ်ဆယ့်ရှစ်နဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ

အသက်ပေးပြီးပြခဲ့ကြတယ်.........။





ကိုယ့်ဖဲကိုယ်ချိုး

မဲခိုးဖို့တော့မကြံနဲ့

ဒို့အရိုးတွေတောင်လိုပုံအောင်

သူပုန်ထသင့်ထရလိမ့်မယ်............။





မင်းတို့အသင်းက

နတ်ဆိုးတစ်ထောင်ဗျုဟာခင်းရင်

ဒို့အသင်းက ကီးပလေယာ

ပီးလ်ပဲပါဝါ(people power) နဲ့

ထိပ်တိုက်တွေ့မှာပေါ့........။





ခံယူပွဲ မစစ်မှန်ရင်တော့

ရန်သူပဲအဖြစ်ခံမယ်

ဒို့တွေကိုဖမ်း

ရမ်းချင်သလို ရမ်းပလေ့စေ......။





အသဲကြားက မဲပြားအတွက်

ကွဲပြားတဲ့အတွေးအခေါ်တွေ မလိုပါဘူးကွယ်

စက်တင်ဘာတော်လှန်ရေးရဲ့

မခြောက်သေးတဲ့သွေးတွေက

အနက်ရောင် တေးတွေ ဆိုပြနေကြတယ်......။





ကဲ .. လာ ၂၀၀၈ ၊မေမှာ

ဒို့မော်ကွန်းသစ် ဖွင့်လှစ်ကြဦးစို့

ယဉ်ကျေးသူတွေရဲ့ သမိုင်းမှာ

အရိုင်းအစိုင်းတွေ အတွက်

နေရာမရှိဘူးဆိုတာသိအောင်


ပြတ်ပြတ်သားသား ကန့်ကွက်သွားကြမယ်............။

မောင်ဖုန်းမြင့်
(ကဗျာဆရာမောင်ဖုန်းမြင့်ရေးစပ်ထားတာလေးကို သဘောကျနှစ်သက်၍ ပြန်လည်ဖြန့်ချိပေးလိုက်ပါတယ်။ လက်ရာကောင်းကလေးတွေဖတ်ချင်ရင် http://mgphonemyint.blogspot.com/ ကိုသွားပါလို့ ညွန်းပါရစေ..။ ဖော်ပြဖို့ခွင့်ပြုတဲ့ ကဗျာဆရာမောင်ဖုန်းမြင့်ကို ကျေးဇူးတင်ပါကြောင်း)

Wednesday, March 5, 2008

ငါတို့ကန့်ကွက်မဲပေးရမယ်


ဗုဒ္ဓရဲ့ဓမ္မစက်
အာဏာစက်နဲ့ဖျက်မယ်လို့
ကမ္ဘာသိစော်ကားခဲ့ပြီး
ဗုဒ္ဓသားတော် သံဃာတွေကိုသတ်
ကျောင်းသား သူငယ်တွေကိုသတ်
တတ်သိပညာရှင်မှန်ရင် အပြတ်ရှင်း
တိုင်းပြည်ကို ငတ်အောင်လုပ်ထား
ဒီစစ်သားတွေက…

ခေါင်ထိတ်တမတ်သား
စစ်တပ်ကယူထားပြီး
တကျပ်လုံးထိန်းချုပ်ဖို့
ဖွဲ့စည်းအုပ်ချုပ်ပုံ
စစ်ဥပဒေယုတ်နဲ့
တိုင်းပြည်ကိုလောင်မီးကျနေအောင် ဆက်လုပ်ဖို့
ပြည်သူ့ဆန္ဒခံယူပွဲ လုပ်မတဲ့…

ဒီဆန္ဒခံယူပွဲ မဲရုံသွားပြီး
ထောက်ခံမဲပေးမိတယ်ဆိုရင်
မိမိအသက်ထွက်သွားပြီးမှ
မိမိဝိဥာဉ်က မိမိခန္ဓာကိုယ်ကိုပြန်ပြီး
အသုဘလိုက်ပို့ရမယ့်အလုပ်
မိမိကိုယ်တိုင်လုပ်လိုက်သလို ဖြစ်နေမယ်…

အဲဒါကြောင့်-
စစ်ဥပဒေယုတ် ဆန္ဒခံယူပွဲ
ငါတို့ကန့်ကွက်မဲပေးရမယ်

ဟိန်းနိုင်(မန္တလေး)
၃-၃-၂၀၀၈

Twitter Delicious Facebook Digg Stumbleupon Favorites More