Thursday, July 19, 2012

မြုံနေတဲ့အနာ

freedom


ငှက်တွေတောင် အိမ်ပြန်ကုန်ကြပြီ
ငါ့မှာသာ အိမ်မပြန်နိုင်သေး
နေ့ဟာ ကြွေကာနီး သစ်သီးတစ်လုံးလို
ပြီးပြည့်စုံစွာ ၀င်းမှည့်နေလေရဲ့
ရှင်းမပြတတ်အောင်ဘဲ ဖြစ်ရတယ် ညနေရယ်
မောလိုက်တာ …
ကိုယ့်ရဲ့ တစ်နေ့တာ ပင်ပန်းမှုတွေကို
ဘယ်သူ့ကို ပြောပြရပါ့
တကယ်ဆို ပြောပြဖို့ရော လိုအပ်လို့လား
ဆည်းဆာရဲ့ ကျောပေါ်ကို
ကိုယ့်ရဲ့ အမောတွေ မတင်မိဖို့
မနည်း သတိထားနေရတယ်။
ကြည်မောင်သန်း(လှသန်း)
ဇွန် ၂၀၀၀ ရွက်နုဝေမဂ္ဂဇင်း

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More