This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, April 30, 2009

Wednesday, April 29, 2009

LAY PHYU ' PAGE 15 ' - IRON CROSS IN TOKYO 26th April 2009

CHIT SAN MAUNG & Y WINE SHOW IN TOKYO 26thApril 2009

မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်

Burma Democratic Concern - BDC မှ online radio Burmese အစီအစဉ်အသစ်ကို စတင်လိုက်ပါပြီ။ လတ်တလောအစီအစဉ်များအဖြစ် မြန်မာ့နိုင်ငံရေး အာဘော်များ၊ သတင်းများ၊ ဆောင်းပါးများ၊ သီချင်းများအား အလှည့်ကြတင်ဆက်နေပါသည်။
BDC ၏ အထိကရည်ရွယ်ချက်မှာ ကမ္ဘာ့ပြည်သူများနှင့်အတူ မြန်မာပြည်တွင်းရှိ မြန်မာပြည်သူများလည်း မြန်မာပြည်၏ နိုင်ငံရေးအခြေအနေများ၊ သတင်းအချက်အလက်များကို နားဆင်သိရှိနိုင်ရေးကို အထူးအရေးပေး ရည်ရွယ်ထားပါသည်။ သောတရှင်များ၏ နိုင်ငံရေးအမြင်များ၊ သတင်းအချက်အလက်များ၊ တေးသီချင်းများ ပေးပို့ခြင်း၊ တောင်းဆိုခြင်းများ ပြုလုပ်နိုင်ပါသည်။ စီးပွါးရေးလုပ်ငန်းရှင်များ အတွက်လည်း မိမိကိုယ်ပိုင်၊ အဖွဲ့အစည်း သို့မဟုတ် ကုမ္မဏီလုပ်ငန်းများအား ကြော်ငြာလိုပါက BDC သို့ဆက်သွယ်နိုင်ပါသည်။ ချစ်သူ၊ မိတ်ဆွေ၊ မိသားစုများ အတွက်လည်း တစ်ဦးနှင့်တစ်ဦး မွေးနေ့ဆုတောင်းများ အပြန်အလှန်ပေးပို့ တောင်းဆိုနိုင်ပါသည်။ အသေးစိတ်ကို BDC သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Radio မြန်မာပိုင်း အစီအစဉ် ထုတ်လွင့်ချိန်
Friday-
11:00 to 13:00 (GMT)
16:30 to 18:30 (Myanmar Standard Time)

Saturday-
24:00 to 02:00 and 11:00 to 13:00 (GMT)
05:30 to 07:30 and 16:30 to 18:30 (Myanmar Standard Time)

Sunday-
24:00 to 02:00 (GMT)
05:30 to 07:30 (Myanmar Standard Time)

အထက်ပါ Radio အစီအစဉ် ထုတ်လွင့်ချိန်များအား သောတရှင်ပြည်သူများ ပိုမိုအဆင်ပြေ နားဆင်နိုင်ရန် ထပ်မံတိုးချဲ့ထုတ်လွင့်သွားပါမည်။

Radio နားဆင်ရန် -
၁။ Winamp Player အား Download လုပ်ရပါမည်။ (မှတ်ချက်။ ။သင့်ကွန်ပြူတာတွင် ရှိပြီးသားဖြစ်ပါက Version 2.05 အထက် Version များကိုပြန်လည် Install လုပ်ရန်မလိုပေ။)
၂။ Download လုပ်ထားသော File ကို Double Click နှိပ်ပြီး Install ပြုလုပ်ပါ။
၃။ icyx://uk2-pn.mixstream.net:8156 - ၎င်း URL ကို Play List တွင် Paste ထည့်၍ Play လုပ်ပြီး နားဆင်နိုင်ပါသည်။
၎။ အလားတူ ဤနေရာ မှ Listen.playlist ဖိုင်ကို သင့် PC Desktop တွင် Save လုပ်ပြီး Double Click နှိပ်၍ လွယ်ကူစွာ နားဆင်နိုင်ပါသည်။

လိုအပ်ချက်များရှိပါက အကြံပြုစာများ ရေးသားပေးပို့နိုင်ပါသည်။
ကျေးဇူးတင်ပါသည်-
Burma Democratic Concern

သာသနမောဠိပဓာနစေရ မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောဝိဒါဘိဝံသ ဘ၀နတ်ထံပျံလွန်တော်မှုခြင်းနှစ်လည်


မောင်စွမ်းရည်

ဧပြီ ၂၉၊ ၂၀၀၉
မစိုးရိမ်ဆရာတော်ကြီးဟာ ၂၀၀၈ ဧပြီ ၂၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ နှလုံးရောဂါနဲ့ ခန္ဒာဝန်ချတော်မူကာ ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့ပါတယ်။

ဆရာတော်ကြီးကို ပုသိမ်မြို့ အသည်ကြီးရပ်နေ ဦးမောင်စီ၊ ဒေါ်သိန်းတင် တို့က မြန်မာသက္ကရာဇ် ၁၂၈၉ ခုနှစ်မှာ ဖွားမြင်ခဲ့ပါတယ် မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်မှာ ပျံလွန်တော်မူတာဖြစ်လို့ ပျံလွန်ချိန်မှာ သက်တော် ၈၀ ၀ါတော်၊ (၆၀)ပါ။ ငယ်စဉ်က ဓနုဖြူမြို့နယ် ခင်မကန်ကျောင်းတိုက်နဲ့ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်တို့မှာ ပညာသင်ခဲ့ရာက သာသနာ့ဓဇ သီရိပ၀ရဓမ္မာစရိယ၊ စေတီယင်္ဂဏဓမ္မာစရိယ နဲ့ သကျသီဟဓမ္မာစရိယ စာမေးပွဲများကို အောင်မြင်ခဲ့ပါတယ်

ဗုဒ္ဓကျမ်းစာ စာမေးပွဲတွေ ဖြေဆိုအောင်မြင်ပြီးနောက် မန္တလေးမစိုးရိမ်ကျောင်းတိုက်မှာပဲ နှစ်ပေါင်း ၅၀ မျှ အဆက်မပြတ် စာပေပို့ချခဲ့ပါတယ် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ရွှေကြာယံကျောင်းတိုက်မှာလည်း နွေရာသီ အထူးသင်တန်းများဖွင့်ပြီး စာချခဲ့ပါတယ်။ တိပိဋက ပါဠိမြန်မာ အဘိဓါန်ကျမ်းပြုအဖွဲ့ဝင် အဖြစ်နဲ့လဲ ဆောင်ရွက်ရတဲ့ ပညာရှင်ဆရာတော်ကြီးလည်း ဖြစ်ပါတယ်။

ဆရာတော်ကြီးပျံလွန်တော်မမူခင်က ကျနော်တို့နယူးယောက်ဗမာတွေအနေနဲ့ မကြာခဏ ဖူးမျှော်ခွင့် ရခဲ့ပါတယ်။ နယူးယောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ အင်္ဂါနေ့ဝတ်အသင်းရှိပါတယ် ၀တ်ရွတ်စဉ်များကို ဆရာတော်ကြီးကပဲ စီစဉ်ပေးခဲ့ပါတယ်။ သာသနာ့မောဠိအသင်းတိုက်ဖြစ်တဲ့ “ညီမူရာခန်းမ” ကိုလည်း ဆရာတော်ကြီးမပျံလွန်ကလေးတင်ပဲ အခန်းအနားနဲ့ဖွင့်လှစ်ခဲ့တာ ခုအခါ တနှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ကျနော်တို့တတွေကို

“တပတ်တခါ ပဋ္ဌါန်းရွတ်ပွဲ လုပ်ကြပါလား။ ကိုယ်တတ်နိုင်တဲ့ အစားအစာလေးတွေ ယူလာကြပြီး ဆုံစားကြရင် ပျော်တာပေါ့။ ကုသိုလ်လဲရ ၀မ်းလဲဝပေါ့။ ငါလည်းလာဖြစ်အောင်လာမယ် …”

လို့ ချိန်းဆိုသွားပါတယ်။

ဆရာတော်ကြီးကို အင်တာဗျူးလုပ်ပြီး ဗွီဒီယိုရိုက်ထားချင်တယ်လို့ ကျနော်လျှောက်ထားရင်း တနာရီလောက် ကားမောင်းသွားရတဲ့ ဆရာတော်ကြီး သီတင်းသုံးရာကျောင်းကိုလည်း ကျနော် ကားကြုံနဲ့ ကျနော်ပါ လိုက်သွားခဲ့ပါတယ်။ ဗွီဒီယိုရိုက်ကူးချင်ရင် မေးခွန်းတွေပြင်ထားဖို့ မှာလိုက်လို့ ညတွင်းချင်း မေးခွန်းတွေ ပြင်ထားလိုက်ပါတယ်။ နောက်နေ့ကျတော့ ဆရာတော်ကြီး ပျံလွန်တော်မူပြီဆိုတဲ့ သတင်းကို ကြားလိုက်ရတော့တာပါပဲ။ အင်တာဗျူး မလုပ်လိုက်ရပါဘူး။

ဆရာတော်ကြီးရဲ့ အန္တိမဈာပနကို ပီနန်ဆရာတော်ကြီးနဲ့ ထိုင်ဝမ်ဆရာတော်ကြီး ၂ ပါး အပြင် ကမ္ဘာအရပ်ရပ်က ဆရာတော်များလည်း ကြွရောက်ဆောင်ရွက်ကြပါတယ်။ ဈာပနပွဲ ပြီးတော့ ဆရာတော်ကြီးရဲ့ဆန္ဒအတိုင်း ပီနန်ဆရာတော်ကြီးကို အမှုးထားပြီး ပဋ္ဌါန်းရွတ်ပွဲကို တနင်္ဂနွေနေ့ညနေတိုင်း ပြုလုပ်ကြပါတယ်။

ပီနန်ဆရာတော်ကြီး မလေးရှားကို ပြန်ကြွသွားတဲ့အခါ တက္ကဆက်အမာရီလိုက ဆရာတော် ဦးအဂ္ဂဓမ္မနဲ့ ဗမာပြည် မဟာဂန္ဓာရုံကျောင်းက ပဉ္ဇင်းတက်ပြီးပြန်လာတဲ့ ဦးဇင်းခေမိဿရတို့ ဦးဆောင်ပြီး၊ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပဋ္ဌါန်းရွတ်ပွဲ လုပ်ကြပါတယ်။ တနှစ် ပြည့်ခဲ့ပါပြီ။ သာသနာမောဠိအဖွဲ့ရဲ့ မူအရ အလှည့်ကျလုပ်ရမယ် ဆိုတော့ သံဃာများက အလှည့်အပြောင်းရှိပေမဲ့ ဥပသကာ၊ ဥပသကီတွေကတော့ အလဲအလှယ်မရှိ ပုံမှန်ပဲ တက်ရောက်ပြီး ကုသိုလ်ယူနေကြပါတယ်။

ဒီလထဲမှာပဲ အဆင်ပြေတဲ့နေ့ရွေးပြီး ဆရာတော်ကြီးပျံလွန်တာ နှစ်ပတ်လည်ပွဲရော “ညီမူရာခန်းမ” နှစ်လည်ပွဲရော လုပ်မယ်ဆိုရင်၊ ကျနော်တို့ရဲ့ ပဋ္ဌါန်းပွဲလဲ နှစ်လည်ပွဲ တခါတည်း လုပ်ရတော့မှာပါ။

ကျနော်တို့မှာ ပဋ္ဌါန်းပွဲနဲ့ အခြားနှစ်လည်ပွဲတွေနဲ့ချည်း မပြီးပါ။ ဆရာတော်ကြီး ရည်မှန်းခဲ့တာ၊ မှာကြားခဲ့တာတွေ ရှိပါသေးတယ်။ ဆရာတော်ကြီးဟာ ဗမာပြည် ဒီမိုကရေစီ ရရှိရေးကို သာသနာ့အန္တရာယ်ကာကွယ်ရေးနဲ့ ထပ်တူပြုပြီး ပြောဟောခဲ့ပါတယ်။ အောက်ပါ ရှစ်လုံးဘွဲ့ ကဗျာလေးကို ဆရာတော်ကြီးက ရှစ်လေးလုံး အရေးတော်ပုံမတိုင်မီကတည်းက ရေးဖွဲ့ခဲ့ပြီး၊ နယူးယောက်မြို့က မြန်မာများရဲ့ သြ၀ါဒခံယူပွဲမှာ အားလုံး ကျက်မှတ်ထားကြဖို့ရာ ရှေ့က တိုင်ပေးခဲ့ပါတယ်။

သာသနာ့အရေး ဒို့အရေးပေ

ဆရာရော၊ ဒကာရော

မလျှော့သော စိတ်တွေ

ဘယ်ရန်သူမျိုး ထိုးဖေါက်ပါစေ

ဒို့မမှု ပေါင်းစု ကာကွယ်မလေ

သာသနာ့အရေး ဒို့အရေးပေ။

အဲဒါကို အစက ပြန်ကောက်ပြီး ၁၀ ခေါက်လောက် ရှေ့က ချပေးခဲ့ပါတယ်။ ဆရာတော်ကြီးဟာ တရားဟောရာမှာလည်း ခုလိုပဲ စာချသလို တရားနာ ပရိသတ်ကို ရှေ့ကတိုင်ပေးပြီး စာချခဲ့ပါတယ်။ ဘုန်းကြီးကျောင်းကို လာရောက်ပြီး သဒ္ဒါ၊ သဂြိုလ်စတဲ့ စာတွေသင်ယူချင်ရင်လည်း စိတ်အားထက်ထက်သန်သန်နဲ့ စာ ချပေးလေ့ ရှိပါတယ်။ ဆရာတော်ကြီးမှာ နှစ်ပေါင်း ၅၀ လောက်စာချခဲ့တာ တပည့်ပေါင်း အနည်းဆုံး ၆၀၀၀ (ခြောက်ထောင်) ကျော်ရှိခဲ့ပြီလို့ မှတ်သားရပါတယ်။

ဆရာတော်ကြီးက တပည့်သံဃာတွေကို သားသမီးတွေလို သံယောဇဉ်ကြီးပါတယ်။ ရှစ်လေးလုံးကာလမှာ တပည့်သံဃာတွေနဲ့ ပြည်သူတွေကို စစ်တပ်က မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာတွေ မြင်တွေ့ရတော့ တိပိဋကဓရကိုယ်တော် ဦးသုမင်္ဂလ စတဲ့ ထေရ်ကြီး ၀ါကြီး ကျမ်းဂန်တတ် ဆရာတော်ကြီးများနဲ့ တိုင်ပင်ပြီး မိမိတို့ရဲ့ တခုတည်းသော လက်နက်ဖြစ်တဲ့ “သပိတ်”ကိုမှောက်မယ်၊ သံဃာပစ်မှားတဲ့ စစ်ဗိုလ်စစ်သားတွေအိမ်ကို ဆွမ်းမခံစတမ်း၊ သာရေး နာရေး ဖိတ်ကြားရင် မလိုက်စတမ်း ဆိုပြီး ဆန္ဒပြလိုက်ကြပါတယ်။

အဲ့ဒီအခါမှာ စစ်အစိုးရက မစိုးရိမ်ဆရာတော်ကြီးနှင့်တကွ တိပိဋကဆရာတော်ဦးသုမင်္ဂလရော မေဒိနီဆရာတော်ကြီးကိုရော သံဃာတော်အများအပြားကို ဖမ်းဆီး ရိုက်နှက် ထောင်ချခဲ့ကြပါတယ်။ ဆရာတော်ကြီးဟာ ၂ နှစ် ထောင်နန်းစံခဲ့ရပြီးမှ လွတ်မြောက်ပြီး၊ ပြည်ပကို ထွက်လာတဲ့အခါ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အေးအေး ဆေးဆေး သတင်းသုံးနေထိုင်ဖို့ စိတ်ကူးထားခဲ့ပါတယ်။ ဒါပေမဲ့ “ရွှေဝါရောင်တော်လှန်ရေး” လို့ ကမ္ဘာကျော်သွားခဲ့တဲ့ သံဃာအရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့လို့ ဗမာပြည်အရေးကို အထူးပဲ ပြန်လည်ပြီး စိတ်ဝင်စားလာပြန်ပါတယ်။

ငယ်စဉ်ကမစိုးရိမ်တိုက်မှာ စာသင်ဖက်ဖြစ်ခဲ့တဲ့ ပီနန်ဆရာတော်ကြီးနဲ့ တွဲပြီး သာသနာ့မောဠိအဖွဲ့ကြီးကို ပြည်ပသံဃာတော်တွေနဲ့ ဖွဲစည်းပြီး၊ သာသနာ့အန္တရာယ် ကာကွယ်ရေးလုပ်ငန်းကို စတင်ခဲ့ပါတယ်။

ဆရာတော်ကြီးက နိုင်ငံရေးသမားတွေကို ပထမ တောင်းဆိုတာကတော့ ညီညွတ်ရေးပါပဲ။ အကြောင်းကြောင်းကြောင့် သဘောကွဲလွဲတာတွေရှိရင် ခဏထားပြီး “ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွတ်ကြပါ” လို့ တောင်းဆိုသံဟာ ဗမာ့နိုင်ငံရေးလောကမှာ ဂယက်ရိုက်ခဲ့ပါတယ်။

နောက်တချက်ကတော့ “စစ်အစိုးရကို မထောက်ခံကြဖို့” ပါပဲ။

စစ်အစိုးရဟာ သံဃာတွေကို သတ်ဖြတ်ထားတယ်။ ဒါကြောင့် ပထ္ထနိက္ကုဇ္ဇနကံ ဆောင်ရတယ်။ ရှစ်လေးလုံးကာလ ကတည်းက သပိတ်မှောက်ထားတာ ခုထိလည်း မလှန်သေးဘူး။ စစ်အစိုးရကလည်း ၀န်ချ တောင်းပန်တာ မလုပ်သေးဘူး။ စစ်အစိုးရဟာ ဒီ အကုသိုလ်ကံကြောင့် မကြာမီ ကံကြီးထိုက်တော့မှာပဲ။ စစ်အစိုးရကို ထောက်ခံသူများရော၊ စစ်အစိုးရက ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ထောက်ခံသူများရော ကံကြီးထိုက်လိမ့်မယ် ဒါကြောင့် မထောက်ခံကြနဲ့လို့ မိန့်ကြားသွားပါတယ်။

(၁) နိုင်ငံရေးသမားများ ဟန်ဆောင်လေး ဖြစ်ဖြစ် ခဏတဖြုတ် ညီညွတ်ကြဖို့

(၂) စစ်အစိုးရရဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကို မထောက်ခံဖို့

အဲ့ဒီနှစ်ချက်ကို ဆရာတော်ကြီး ပျံလွန်တော်မမူခင် နောက်ဆုံး မှာကြားသွားခဲ့တာကို တနှစ် ပြည့်အခါမှာ ပြန်လည် ဖေါ်ထုတ်လိုက်ပါတယ်။

အားလုံး ညီညွတ်ကြပါစို့ ။

ကံကြီးထိုက်မယ့် အလုပ်မျိုးကို ရှောင်ရှားကြပါစို့။

Tuesday, April 28, 2009

iron cross show in Japan 26.4.09

Sunday, April 26, 2009

တိုကျိုမြို့တွင် ဖျော်ဖြေတင်ဆက်သော Iron Crossတေးဂီတပွဲ(သို့မဟုတ်) ဂျပန်ရှိရွှေမြန်မာတို့အတွက် အိမ်အလွမ်းပြေစေခဲ့သည့် အိုင်စီ၏တိုကျိုရှိုးပွဲ



တိုကျို၊ ဧပြီ(၂၆)
အိုင်စီ၏ပြည်ပဖျော်ဖြေရေးဒုတိယခြေလှမ်းအဖြစ် ဧပြီလ ၂၆ ရက်နေ့က တိုကျိုမြို့တွင်ပြုလုပ်သော(Live Show)ပွဲကို အောင်အောင်မြင်မြင်ဖြင့် ပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။ အိုင်စီ၏ပင်တိုင်အဆိုတော်များဖြစ်ကြသည့် လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့်ဝိုင်ဝိုင်းတို့အပြင် ကြိုးကြာနှင့်မေစံပါယ်ညိုစသည့်အဆိုရှင်များနှင့်အတူ အင်တိုက်အားတိုက်ဖျော်ဖြေသွားခဲ့သည်။
ပွဲစတင်ကျင်းပမည့်အချိန်ကို သတ်မှတ်ကြေငြာထားသည့်အတိုင်း အစဉ်အမြဲစတင်လေ့ရှိသည့်အိုင်စီအနေနှင့် ယနေ့တွင်မိနစ်နှစ်ဆယ်ခန့်နောက်ကျ၍ စတင်ခဲ့သည်မှလွဲ၍ ပွဲအစအဆုံးပြသနာတစုံတရာမရှိဘဲ ပြီးဆုံးသွားခဲ့သည်။
ယင်းနှင့်ပတ်သတ်၍ ကိုလေးဖြူမှ''(ဂျပန်)အချိန်အရမ်းလေးစားတဲ့နိုင်ငံပါ၊ အခုလာတဲ့လူတွေက ကျနော်တို့လာမလား၊ မလားဘူးလား၊ သံသယတွေကောလဟာလတွေ၊ အသံအရမ်းများတဲ့အခါကျတော့ လာတဲ့လူတွေနောက်ကျမှ ကြည့်ရမှာစိုးလို့ ကျနော်တို့မိနစ်နှစ်ဆယ်၊ ဆယ့်ငါးမိနစ်လောက်နောက်ကျပြီးမှစမယ်လို့ အစကတည်းကကျနော်တို့တိုင်ပင်ထား ခဲ့ပါတယ်''ရှင်းပြသည်။
ပွဲစလျှင်စခြင်း ပရိတ်သတ်မှ ''လေးဖြူ၊ လေးဖြူ''ဟုသံပြုင်ဟစ်အော်တောင်းဆိုကြပြီး လေးဖြူမှပင် အမဲလိုက်အကသီချင်းဖြင့်အဖွင့်သီဆိုပေးခဲ့ပြီးနောက် မျိုးကြီးနှင့်အငဲတို့မှလည်း သီချင်းတပုဒ်စီသီဆို၍ ပထမပိုင်းကို ဖွင့်လှစ်ပေးခဲ့ကြသည်။
ပထမပိုင်းအစအဖြစ် ကြိုးကြာမှ ပြီးခဲ့သောဒီဇင်ဘာ၊ မိန်းကလေးအချစ်စသည့်သီချင်းများဖြင့် သီဆိုဖျော်ဖြေပေး၍ မေစံပါယ်ညိုမှသူမ၏ နံမည်ကျော်သီချင်းဖြစ်သည့် 'အိုး...အချစ်'သီချင်းဖြင့်သုံးပုဒ်ခန့်ဖျော်ဖြေခဲ့ပြီးနောက် အလွမ်းအဆွေး သီချင်းများကို သီဆိုရာတွင်နံမည်ကျော်သည့် ဝိုင်ဝိုင်းမှ လေဟာနယ်၊ အမှိုက်စသည့်သီချင်းများဖြင့် သီဆိုပေးခဲ့သလို ကြိုးကြာနှင့်တွဲဖက်၍ ''မဆုံတဲ့ဖူးစာ''သီချင်းကိုသီဆိုခဲ့သည်။ ၄င်း၏နောက်တွင် မျိုးကြီး၊ အငဲတို့မှသီဆို၍ ပထမပိုင်းအဆုံးသတ် အဖြစ် လေးဖြူမှဖျော်ဖြေတင်ဆက်သည်။
ဂျပန်နိုင်ငံတွင် မြန်မာပြည်မှနံမည်ကျော်အဆိုတော်များ မကြာခဏလာရောက်ဖျော်ဖြေလေ့ရှိသော်လည်း ယခုပြုလုပ်သည့်အိုင်စီပွဲကဲသို့ လူများစွာလာရောက်ကြည့်ရှုခြင်းမရှိခဲ့ဖူးသလို မြန်မာလူမျိုးများအပြင် အိုင်စီ၏နံမည်ကို ကြားဖူးရုံသာကြားဖူးပြီး ကိုယ်တိုင်တခါမှမကြည့်ဖူးသည့် ဂျပန်လူမျိုးအများစုကိုမှ ထူးထူခြားခြားလာရောက်အားပေးခြင်းကို တွေ့ရှိခဲ့ရသည်။
''ပရိတ်သတ်တွေကတော့ ကျနော်တို့ဒီပွဲအထဲကို ရောက်အောင်လာပြီးတော့ ကျနော့်တို့အဖွဲ့ရဲ့ပရိတ်သတ်တွေပေါ့၊ ကျနော်တို့အဖွဲ့ကို Supportလုပ်တယ်၊ ကျနော့်တို့အဖွဲ့ကိုလာရောက်အားပေးတယ်ပေါ့၊ သူတို့ရဲ့အားနဲ့ဘဲကျနော်တို့ သွားနေတာပေါ့၊ ဘန်ကောက်ပွဲရော၊ ဒီဂျပန်ပွဲရောဆိုမှ ပြည်ပပွဲနှစ်ပွဲဘဲရှိသေးတာပေါ့နော်၊ ကျနော်တို့ဒီဂျပန်ကလူတွေပိုပြီး နွေးထွေးတယ်ဆိုရင်တော့ .....။ အရင်ကကျနော်တို့ (ဂျပန်နိုင်ငံသို့)ဂျပန်ကဖိတ်ခေါ်လို့လာရတဲ့အခါ လေးငါးပုဒ်လောက်ဘဲ ဆိုဖြစ်တယ်၊ ဒီပွဲကျတော့ကျနော်တို့ (Team)အပြည့်နဲ့ကစားရတဲ့ပွဲပေါ့၊ ကျနော်တို့ပျော်ပါတယ်'' ဟုဂျပန်ရှိပရိတ်သတ်များနှင့် ဖျော်ဖြေပွဲအပေါ် ကိုလေးဖြူမှ၎င်း၏အမြင်ကိုပြောပြသွားသည်။
ဒုတိယအပိုင်းအစတွင် ကြိုးကြာမှဖျော်ဖြေပြီး သူမ၏နောက်တွင် မေစံပါယ်ညိုမှဆက်လက်သီဆိုဖျော်ဖြေ၍ ပထမပိုင်းနည်းတူ ဝိုင်ဝိုင်းမှသီဆိုဖြေပေးပြီး လေးဖြူ၊ အငဲနှင့်မျိုးကြီးတို့မှ သုံးဦးစလုံးတယောက်တလှည့်စီအပြိုင်အဆိုင်သီဆို ဖျော်ဖြေကြသည်။
ပရိတ်သတ်မှလေးဖြူအား အလင်းရောင်သီချင်းအားတောင်းဆိုခဲ့သလို အငဲမှလည်း ''၈၅မန္တလေးညများတမ်းချင်း၊ မျှော်လင့်ခြင်းကွင်းပြင်''သီချင်းအပြင် မျိုးကြီး၊ လေးဖြူတို့နှင့်တွဲဖက်၍ ''အိုး....ဒီဇင်ဘာ''သီချင်းကို ပရိတ်သတ်နှင့်အတူ သံပြိုင်သီဆို ဖျော်ဖြေကြကာ လေးဖြူနှင့်မျိုးကြီးတို့တွဲဖက်၍လည်း ''ပြန်ခဲ့တော့''သီချင်းကို ဂျပန်ရောက်ရွှေမြန်မာများအတွက် အိမ်အလွမ်းပြေ သီဆိုဖျော်ဖြေပေးသည်။
အိုင်စီ၏တီးခတ်သူများ ခရမ်း(ဒရမ်)၊ ဗညားနိုင်(ကီးဘုတ်)နှင့်ခင်မောင်သန့်(ဘော့စ်ဂစ်တာ)တို့၏တကိုယ်တော် လက်စွမ်းပြတီးခတ်မှုလည်းပါဝင်ခဲ့ပြီး နောက်ဆုံးတွင်လေးဖြူမှ''အာရှ၏ကြယ်တစ်ပွင့်''ဟု ချစ်စမ်းမောင်အားမိတ်ဆက်ပေး လိုက်ရာ ဝိုင်ဝိုင်း၏ကူညီပံ့ပိုးမှုဖြင့် ဂစ်တာနှစ်လက်ကိုအပြိုင်လက်စွမ်းပြတီးခတ်၍ ဖျော်ဖြေရာမြန်မာပရိတ်သတ်များအပြင် ဂျပန်ပရိတ်သတ်များပါ ကောင်းချီးသြဘာလက်ခုတ်များဖြင့် တအံ့တသြအားပေးခဲ့ကြသည်။
ယခုပွဲကိုတိုကျိုမြို့အနောက်ဘက်ရှိ အိုးဂျိအရပ်ရှိနိုင်ငံတကာအဆင့်မှီ ''ဆာကူးရာခန်းမ''တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နှင့်မြန်မာပရိတ်သတ်တစ်ထောင်ဝန်ကျင်ခန့်လာရောက်အားပေးခဲ့ကြပြီး အိုင်စီ၏နောက်ဆုံးဖျော်ဖြေမှုအဖြစ် တီးခတ်သူများပါ ပါဝင်၍ ''ရောဂါ''သီချင်းကိုသီဆိုပိတ်သိမ်းခဲ့ပြီး အိုင်စီအဖွဲ့အားဂျပန်နိုင်ငံသို့တာဝန်ယူခေါ်ဆောင်ပေးသည့် ဂျပန်လူမျိုး Mr.Kimihiko Higurashiအား အိုင်စီအဖွဲ့မှလက်ဆောင်မေတ္တာပန်းခြင်းကို ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

Myanmar Buddhist Monastery Opening Ceremoney Tokyo,Japan

Saturday, April 25, 2009

မြန်မာလူမှောင်ခိုကူးမှုများကို ထိထိရောက်အရေးယူ ဆောင်ရွက်မည်ဟု မလေးရှားအစိုးရြေ<ွကးကြော်

Malaysia vows action on Myanmar human trafficking
(The Associated Press)

ထောင်ပေါင်းများစွာသော မြန်မာလူမျိုး ဒုက္ခသည်များသည် လူမှောင်ခိုကူးသူများမှ တစ် ဆင့် ထိုင်းနိုင်ငံ ဆောင်ကြာမြိုင်များသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေရကြောင်း အမေရိကန် လွှတ် တော်အမတ်များ၏ အစီရင်ခံစာအရ စုံစမ်းစစ်စေးမှုများဆောင်ရွက်ရန် မလေးရှား ၀န်ကြီးချုပ်က ကြွေးကြော်လိုက်သည်။ နိုင်ငံတွင် တရားမ၀င် ၀င်ရောက်လာမှုဖြင့် မလေးရှားမှ ပြန်ပို့ခံရသူ မြန်မာ များသည် မိမိကိုယ်ကို ငွေပေး၍ မရွေးနှုတ်နိုင်ပါက ထိုင်းနယ်စပ်တစ်လျှောက်ရှိ ဇိမ်ခန်းများ ၊ ငါးဖမ်းသင်္ဘောများ နှင့် စားသောက်ဆိုင်များတွင် အဓမ္မစေခိုင်းခံရမှုများရှိကြောင်း နိုင်ငံခြား ဆက် ဆံရေးဆိုင်ရာ အမေရိကန် ဆီးနိတ်ကော်မတီ မှ အစီရင်ခံစာအတွင်း ထည့်သွင်းဖေါ်ပြထားသည်။
လူ့အခွင့်အရေး လှုပ်ရှားမှုများနှင့် မြန်မာပြည်ထွက်ခွာလာသူများကို ကော်မတီ ၀န်ထမ်းများမှ တစ်
နှစ်ကြာတွေ့ဆုံမေးမြန်းမှုများအပေါ် အခြေခံ၍ အစီရင်ခံစာကို ရေးသားခဲ့ခြင်းဖြစ်၏။
အမေရိကန်တာဝန်ရှိသူများထံမှ နောက်ထပ်သတင်းအချက်အလက်များ ရရှိရန်မျော်လင့် ကြောင်းမလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇါတ် က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ သင့်တော်သလို အရေးယူဆောင်ရွက်သွားပါ့မယ်။ မလေးရှားနိုင်ငံကို လူကုန်ကူးမှု အချက်အခြာနေရာတစ်ခုအဖြစ် အသုံးပြုနေတာ မလိုလားပါဘူး။ ဒါ့ကြောင့် သတင်းအချက်အ လက်တွေ နောက်ထပ်သိရဖို့လိုအပ်ပါတယ်။” ဟူ၍ နာဂျစ်က ပြေားကြားခဲ့သည်။
ယခုနှစ် အစေားပိုင်းက နယ်စပ်ရှိ လူကုန်ကူးမှုများနှင့် ပတ်သက်၍ အစီရင်ခံမှုများကို ပြည်ထဲရေးဝန်ကြီး ဆေ့ဟာမစ် အယ်ဘာ က “ အထောက်အထားမဲ့ စွပ်စွဲချက်များ” အဖြစ် ပယ်ချ ခဲ့သည်။ သို့သော် ယခုလ အစေားပိုင်းက မလေးရှားနှင့် ထိုင်းရဲ နှင့် လူဝင်မှု တာဝန်ရှိ သူများမှ စွပ်စွဲချက်များ ကို စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း အမျိုးသားရဲချုပ် မူဆာဟက်ဆန် က ပြောဆိုခဲ့သည်။အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် မြန်မာပြည်မှ ထွက်ခွါ၍ မလေးရှားတွင် တရားမ၀င် နေထိုင် သူများကို ဒုက္ခသည်အဖြစ် အသိအမှတ်မပြုဘဲ ဖမ်းဆီး၍ ကြိမ်ဒဏ်ခတ်ကာ ပြန်ပို့လေ့ရှိသည်။မကြာသေးမီ နှစ်များအတွင်းက ထောင်နှင့်ချီသော မြန်မာရွှေ့ပြောင်းများကို မလေးရှား တောင် ဘက် ထိုင်းနယ်စပ်သို့ ပြန်လည်ပို့ဆောင်ပေးပြီးနောက် နှိပ်စက်ညှင်းပန်းမှု ၊ လူကုန်ကူးမှုများ၏သားကောင်များဖြစ်လာခဲ့ရကြောင်းလည်း အထက်ပါ အစီရင်ခံစာတွင် ပါရှိသည်။“မလေးရှား ၊ ထိုင်းနယ်စပ် ကို ရောက်တာနဲ့ ရွှေ့ပြောင်းတွေကို လူကုန်ကူးသူတွေ ပိုဆိုင်သွားတယ်။” ဟု အစီရင်ခံစာတွင် ဖေါ်ပြပါရှိသည်။ အစီရင်ခံစာတွင် အမည်မဖေါ်လိုသူ တစ်ဦး၏ ပြောကြားချက်ကို ကောက်နှုတ်ထားသည်။ “ကြည့်ကောင်းရှုကောင်း ရှိတဲ့ အမျိုးသမီး တွေဆိုရင် ဇိမ်ခန်းတွေ ကိုရောင်းစားတယ်။ ရုပ်ရည်မလှတဲ့ အမျိုးသမီတွေကျတော့ စားသောက်ဆိုင်တွေမှာ ဒါမှမဟုတ် အိမ်ဖော်အလုပ်သမားတွေ အဖြစ်ရောင်းစား ခံရတယ်။”
မြန်မာ နဲ့ အခြားရွှေ့ပြောင်းဝင်ရောက်သူတွေကို လူကုန်ကူးခြင်း ၊ လူရောင်းစားခြင်း နှင့် ကျွန်ပြု
ခြင်း လုပ်ရပ်များ အပေါ် စုံစမ်းစစ်ဆေး အရေးယူပေးရန် မလေးရှားသို့ တောင်းဆိုထားသည်။
“ မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေအောက်ကနေ ထွက်ပြေးပြီး မလေးရှား ရောက်လာတဲ့
မြန်မာရွှေ့ပြောင်းတွေ အတွက် မယုံနိုင်လောက်အောင် ဆိုးရွားမှုတွေ ကြုံတွေ့ဖို့ပဲ မျှော်လင့်နိုင်ပါ
တယ် ။” ဟု ဖေါ်ပြထားသည်။
ဒုက္ခသည် အခွင့်အရေးများနှင့် လူကုန်ကူးခြင်းခံရသူများကို အကာအကွယ်ပေးရန် မလေးရှားအစိုရးအနေဖြင့် အစီရင်ခံစာပါ အချက်များအပေါ်အရေးယူဆောင်ရွက်သင့်ကြောင်း နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ မှ ကြေငြာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ မတ်လ နှောင်းပိုင်းအထိ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ၏ စာရင်းဇယားများအရ မလေးရှားတွင်နေထိုင်သု မှတ်ပုံတင်ပြီး ဒုက္ခသည် အရေအတွက် ၄၇,၆၀၀ ဦးရေတွင် မြန်မာလူမျိုး ၄၂,၃၀၀ ဦးရေး ပါဝင်ကြောင်းသိရသည်။ မလေးရှား အတိုက်အခံ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ လင်တစ်ရှန်း ကလည်း အမေရိကန်အစီရင်ခံစာ နှင့် ပတ်သက်၍ “ ချက်ခြင်းအရေးယူဆောင်ရွက်” သင့်ကြောင်း အစိုးရ ကိုတိုက်တွန်လိုက်သည်။
“နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ မလေးရှား ရဲ့ ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်းစေရုံသာမက
မလေးရှား အစိုးရရဲ့ လူ့အခွင့်အရေး ဆောင်ရွက်မှုတွေအပေါ် မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်”။
ဟူ၍ ၎င်းက ပြောကြားခဲ့သည်။(ဘာသာပြန်သူ-၀မ်းအိုဝမ်း)
KUALA LUMPUR, Malaysia – Malaysia's prime minister on Friday vowed to investigate a scathing report by U.S. lawmakers saying thousands of Myanmar refugees were handed over to human traffickers and ended up working in Thai brothels. The U.S. Senate Committee on Foreign Relations said in the report that illegal Myanmar migrants deported from Malaysia were often forced to work in brothels, fishing boats and restaurants across the border in Thailand if they had no money to purchase their freedom.

The report was based on a yearlong review by committee staff who spoke to migrants from military-ruled Myanmar, also known as Burma, and human rights activists. Prime Minister Najib Razak said his government hopes to get more information on the report from U.S. authorities. "We will take appropriate action," Najib told reporters. "We do not want Malaysia to be used as a point for human trafficking ... but we need to know more facts."

Earlier this year, former Home Minister Syed Hamid Albar dismissed claims of human trafficking at the border as "wild allegations." But national police chief Musa Hassan said earlier this month that Malaysian and Thai police and immigration officials were investigating the claims. Many who flee persecution in Myanmar try to stay illegally in Malaysia, which does not recognize refugees and can arrest them, whip them as punishment then deport them.

According to the Senate committee report, "a few thousand" Myanmar migrants in recent years might have become victims of extortion and trafficking once they were deported across Malaysia's northern border with Thailand. "Upon arrival at the Malaysia-Thailand border, human traffickers reportedly take possession of the migrants," the report said.

The report quoted one unidentified migrant as saying women "are sold at a brothel if they look good. If they are not beautiful, they might sell them at a restaurant or housekeeping job." It called on Malaysia to investigate and prosecute "the trafficking, selling and slavery of Burmese and other migrants." "The prospect that Burmese migrants, having fled the heavy hand of the Burmese junta, only to find themselves in harms' way in Malaysia seemed beyond belief," it said.

The New York-based Human Rights Watch said in a statement that Malaysia's government "should act on this U.S. Senate report to protect the rights of refugees and victims of human trafficking." The U.N. refugee agency has registered 47,600 refugees living in Malaysia as of the end of March, of whom 42,300 were from Myanmar.

Malaysian opposition politician Lim Kit Siang also urged the government to "respond with instant action" to the U.S. report, saying it is "not only most damaging to Malaysia's international image but raises grave questions about Malaysia's human rights commitment."

မိဇုဟိုဘဏ်အရှုံးပေါ်နေကြောင်းစာရင်းထုတ်ပြန်

(Japan's Mizuho Financial post 5.9-bln-dlr loss)

ပြီးခဲ့သောဘဏ္ဍာရေးနှစ်အတွင်း၌ ဂျပန်နိုင်ငံ၏ဒုတိယအကြီးဆုံးဘဏ် အုပ်စုဖြစ်သော မစ်ဇုဟိုဘဏ် သည် ၅၈ဝ ဘီလီယံယန်း(အမေ ရိကန်ဒေါ်လာ ၅.၉ ဘီလီယံ)အ ရှုံးပြခဲ့ကြောင်း အဆိုပါဘဏ်အုပ် စုမှထုတ်ဖေါ်ပြောကြားခဲ့သည်။
ဤသို့အရှုံးပေါ်ရခြင်းမှာ အဓိ ကအားဖြင့် ချေးငွေများပြန်မဆပ် နိုင်ကြသောကြောင့်(ြေ<ွကးဆုံး) ဖြစ်ရကြောင်း ကျိုတိုသတင်း၌ ဖော်ပြထားသည်။ လွန်ခဲ့သော ၂ဝဝ၇- ၂ဝဝ၈ ဘ ဏ္ဍာရေးနှစ်၊ မတ်လအထိကတော့ ၃၁၁.၁၂ ဘီလီယံယန်းအကျိုးအ မြတ်ရရှိခဲ့ပြီး၊ ၂ဝဝ၈-၂ဝဝ၉ ဘ ဏ္ဍာရေးနှစ်၏ ၉ လတာအတော အတွင်း ၅ဝ.၅၅ ဘီလီယံယန်း အ ရှုံးပြခဲ့တယ်ဟု မစ်ဇုဟိုမှ သတင်း ထုတ်ပြန်ခဲ့သေးသည်။ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအ ကြပ်အတည်းနှင့်ရင်ဆိုင်နေရသော ကြာင့် ဂျပန်နိုင်ငံ၏အဓိကပို့ကုန် လုပ်ငန်းကုမ္မဏီများ၊ လုပ်ငန်းများ ရပ်ဆိုင်းနေရပြီး ¤င်းအကျိုးဆက် အားဖြင့်အထိနာစေခြင်းဖြစ်သည်။ ယခုကဲ့သို့ဂျပန်နိုင်ငံ၏ဒုတိယ အကြီးဆုံးဘဏ်အုပ်စုဖြစ်သော မိဇုဟိုဘဏ်အုပ်စုကြီး ဆိုးရွားစွာ အရှုံးပေါ်နေမှုကြောင့် ဂျပန်နိုင်ငံ ၏ငွေကြေးဈေးကွက်ကိုအထိနာစေ ပြီး ငွေပေါင်စာချုပ်များနှင့် အခြား သောငွေကြေးဆိုင်ရာအရောင်းအ ဝယ်လုပ်ငန်းများမှာလည်း အထိ နာလိမ့်မည်ဟု ကျိုတိုသတင်း၌ ဆက်လက်ဖော်ပြထားသည်
(ဘာသာပြန်သူ- ၀မ်းအိုဝမ်း)
TOKYO (AFP) – Japan's second-largest bank Mizuho Financial Group said Thursday it suffered an estimated net loss of 580 billion yen (5.9 billion dollars) in the past financial year to March. The megabank's net losscomes after a surge in bad loan costs, Kyodo News said. Mizuho reported a net profit of 311.22 billion yen in the preceding year to March 2008 but incurred a net loss of 50.55 billion yen in the nine months to last December. The bank has been badly hit by financial market turmoil and losses on toxic mortgage-backed securities.

အိုင်စီအဖွဲ့ ဂျပန်ရောက်ပြီ၊ Live Showပွဲကို ကြေငြာထားသည့်နေရက်နှင့် အချိန်အတိုင်းအတိအကျကျင်းပမည်ဟုပြောဆို



မြန်မာပြည်၏ အထင်ရှား အကျော်ကြားဆုံး ရော့ခ်တေးဂီတအဖွဲ့ဖြစ်သည့် အိုင်စီ(Iron Cross burmese rock band)အဖွဲ့သည် ဂျပန်နိုင်ငံတိုကျိုမြို့သို့ ဧပြီလ ၂၅ ရက်(စနေနေ့)နံနက်ပိုင်းတွင် ရောက်ရှိလာပြီဖြစ်ကြောင်းသိရသည်။
အိုင်စီ၏ ပင်တိုင်အဆိုတော်များသည့် လေးဖြူ၊ အငဲ့၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့နှင့်အတူ ကြိုးကြာနှင့် မေစံပယ်ညိုတို့လည်း ပါဝင်သီဆိုမှာဖြစ်ပြီး Live Showပွဲကို သတ်မှတ်ထားသည့်ရက်အတိုင်း ကျင်းပပြုလုပ်မှာဖြစ်ပြီး အိုင်စီအဖွဲ့၏မူအတိုင်း အချိန်အတိအကျ ဖျော်ဖြေမည်ဟုလည်းသိရသည်။

ကျင်းပမည့်နေ့- ဧပြီ ၂၆ ရက်(တနင်္ဂနွေနေ့)
ကျင်းပမည့်အချိန်- ညနေ ၄းဝဝ နာရီမှ ည ၈းဝဝ နာရီအထိ
ကျင်းပမည့်နေရာ- Oji Sakura Hall, Ojiဘူတာမြောက်ဖက်ထွက်ပေါက်မှ လမ်းလျှောက် ၂ မိနစ်ခန့်

Twitter Delicious Facebook Digg Stumbleupon Favorites More