This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, November 25, 2009

Tuesday, November 24, 2009

စစ်မှန်သည့်ဒီမိုကရေစီလမ်းကြောင်းပေါ်ထွန်းရေးအတွက် ရွှေဂုံတိုင်ကြေငြာစာတမ်းအရေးကြီးကြောင်း ဂျပန်အစိုးရ၀န်ကြီးမှ နှီးနှောဖလှဲပွဲတွင် အတိအလင်းပြောဆို


တိုကျို၊ နိုဝင်ဘာ (၂၃)
သန့်မျိုးထွေး
မြန်မာ့ဒီမိုကရေစီအရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ယခုနှစ် ဧပြီလကုန်ပိုင်းတွင် ထုတ်ပြန်ကြေငြာခဲ့သည့် "ရွှေဂုံတိုင်ကြေငြာစာတမ်း"အသက်သွင်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဂျပန်အစိုးရ၊ အာဆီယံနှင့်မြန်မာ့အရေး စိတ်ပါဝင်စားသူများပါဝင်ဆွေးနွေးခဲ့သည့် နှီးနှောဖလှဲပွဲကို တိုကျိုမြို့၊ အိုးချနော့မိဇုအရပ်ရှိ ဂျပန်အလုပ်သမားသမဂ္ဂရုံးတည်ရှိရာ Sohyo Kaikan တွင်ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားပထမပိုင်းတွင် ဂျပန်အစိုးရပိုင်းမှ စားသောက်ကုန်နှင့် ကလေးသူငယ်ဖွံ့ဖြိုးရေးဝန်ကြီး မိဇူဟို ဖူကိုရှီးမားနှင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး(Tetsuro Fukuyama)တို့တက်ရောက်၍ မြန်မာ့အရေးနှင့်ပါတ်သတ်ပြီး ဆွေးနွေးပြောကြားသွားပြီး မကြာမှီကာလပိုင်းအတွင်း မြန်မာ့အရေးပေါ်ထားရှိသည့် ဂျပန်အစိုးရ၏သဘောထားနှင့်မှုဝါဒများပြောင်းရန်ရှိကြောင်းပြောဆိုသွားခဲ့ကြသည်။
နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့သည့် ၀န်ကြီး မစ္စ မိဇူဟို ဖူကိုရှီးမား(ဆိုရှယ်ဒီမိုကရက်တစ်ပါတီ၏ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သူ)က "ကျမအနေနဲ့ကတော့ ရွှေဂုံတိုင်ကြေညာစာတမ်းကို အပြည့်အ၀ထောက်ခံပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီ့ကြေညာစာတမ်းထဲမှာတောင်းဆိုထားတဲ့အချက်တွေဖြစ်တဲ့ ရွေးကောက်ပွဲမပြုလုပ်မှီ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေး ဒါဟာ အရေးကြီးတဲ့အချက်ပါ။ နောက်ပြီး လက်ရှိဖွဲ့စည်းပုံ(၂၀၀၈ ဥပေဒေ)အတိုင်း ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပပြုလုပ်မယ်ဆိုရင် ဒီမိုကရေစီလမ်းကြောင်းကိုရောက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် မြန်မာပြည်မှာ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းကိုပြောင်းနိုင်တဲ့ ခိုင်မာတဲ့ဖွဲ့စည်းပုံဖြစ်ဘို့ ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိ အရင်လွှတ်ပေးရပါမယ်။ ဒုတိယအနေနဲ့ နိုင်ငံတကာက အသိအမှတ်ပြုလက်ခံလာအောင် ၂၀၁၀ ရွေးကောက်ပွဲမကျင်းပခင် မြန်မာနိုင်ငံသားအားလုံးက သဘောတူကျေနပ်မဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး ရေးဆွဲရမှာပါ။ အဲဒါတွေအားလုံးကို ကျေလည်အောင်ပြုလုပ်ပြီးမှသာ ရွေးကောက်ပွဲဆိုတာကို ဆောင်ရွက်ရမှာဖြစ်ပါတယ်…"ဟု မိုးသောက်ကြယ်တာဝန်ခံတစ်ဦး၏ မေးမြန်းမှုကို ယခုလိုဖြေဆိုသွားခဲ့သည်။

ဆက်လက်၍ လက်ရှိဂျပန်အစိုးရအနေနှင့်လည်း မြန်မာပြည်မှာ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဖို့ နအဖခေါင်းဆောင်များကို အမြဲတမ်းတိုက်တွန်းပြောဆိုနေလျက်ရှိကြောင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် မကြာမီကျင်းပမည်ဟု ကြေညာထားသော ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံတကာကလက်ခံနိုင်တဲ့ ရွေးကောက်ပွဲမျိုးသာဖြစ်သင့်ကြောင်း အလျင်းသင့်သလို ပြောဆိုနေလျက်ရှိကြောင်း ရှင်းပြသည်။
သို့သော်လည်း လတ်တလောကာလတွင် ဂျပန်နိုင်ငံအနေနှင့်တနှစ်လျှင် ဒေါ်လာ(၄)ဘီလီယံနီးပါးခန့် ကုန်သွယ်မှုပြုနေသည့်မြန်မာနိုင်ငံနှင့် မည်သို့သောမှုဝါဒများပြောင်းလဲမည်ကို လေ့လာသူများကအကဲခတ်စောင့်ကြည့်နေပြီး မြန်မာနိုင်ငံကို အိုဒီအေထောက်ပံ့မှုအများဆုံးပေးနေသည့် ဂျပန်နိုင်ငံအနေနှင့် ပိတ်ဆိုမှုများနှင့်ဆက်ဆံမှုပြုသွားမည်ဟု ကြေငြာထားသည့် အမေရိကန်နိုင်ငံကဲ့သို့ အလားတူချဉ်ကပ်မှုမျိုးပြုလုပ်သွားမည်လောဟု စောင့်ကြည့်နေကြသည်။
ဆွေးနွေးပွဲ၏ ဒုတိယပိုင်းတွင် NUGUB အလုပ်သမားဝန်ကြီးဦးခွန်ထွန်းမြင့်က ၂၀၀၈အခြေခံဥပဒေသည် ပြင်ဆင်ဖို့အင်မတန်ခက်ခဲပြီး ရွှေဂုံတိုင်ကြေငြာချက်ပါ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းများကိုလွတ်မပေးဘဲ ဆက်လက်သွားမည်ဆိုပါက ၂၀၁၀ရွေးကောက်ပွဲသည် မည်သို့မျှတရားမျှတသော မှန်ကန်သောရွေးကောက်ပွဲမျိုးဖြစ်မလာနိုင်ကြောင်းဆိုသည်။
ဒီအပြင်နိုင်ငံတကာအနေနှင့်လည်း မြန်မာ့အရေးသည် မြန်မာပြည်သူများနှင့်သာသက်ဆိုင်သောကိစ္စတခုမဟုတ်ဘဲ ဒေသတွင်လုံခြုံရေးကိုပါ ထိခိုက်လာနိုင်သော စိုးရိမ်စရာကိစ္စတခုဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာနအဖအနေနှင့် ကြောက်မက်ဖွယ်ကောင်းသည့် နျူကလီယားလိုအရာမျိုးကို ပိုင်းဆိုင်ဖို့အရေးအထိစိုင်းပြင်းခြေလှမ်းနေသည်မှာ အားလုံးအသိပင်ဖြစ်သည့်အတွက် နအဖအပေါ်တစုံတရာပြောဆိုနိုင်မှုရှိသည့် ဂျပန်အစိုးရအနေနှင့်ရော နိုင်ငံတကာအနေနှင့်ပါ အားသွန်ခွန်စိုက်ဝိုင်းဝန်းကြိုးပမ်းဖို့လိုကြောင်းဆိုသည်။
ယခုပွဲတွင် အာဆီယံ Inter-Paliamentary Myanmar Causus မှ အမှုဆောင်ညွန်ကြားရေးမှူး မစ္စတာ ဂျေစွန် ရိုရှန်မှ တက်ရောက်ဆွေးနွေးပြောကြားသွားခဲ့သလို Sophia University-Tokyo မှ ပါမောက္ခ မစ္စတာ ခဲအိ နဲမိုတို ကလဲ မြန်မာ့ဒီမိုကရေစီအရေး၏ ပထမဦးဆုံးခြေလှမ်းအဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွတ်ပေးရန်၊ ၂၀၀၈အခြေခံဥပဒေကိုပြင်ဆင်ဖို့နှင့် ၂၀၁၀ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရန် ဆွေးနွေးပြောကြားသွားသည်။
ပင်တိုင်ဆွေးနွေးသူအဖြစ် ထိုင်းနိုင်ငံမှတက်ရောက်လာသည့် ထိုင်းလွတ်တော်အမတ်နှင့် လက်ရှိအာဏာရထိုင်း ဒီမိုကရက်တစ်ပါတီဝင် ပါမောက္ခ မစ္စ ရိုချာဒါ ဒက်နာဒိရက်က အစိုးရတခုဖြစ်ပေါ်လာစေရန်အဓိကအကြောင်းရင်းသည် ပြည်သူသာဖြစ်ပြီး ယင်းပြည်သူတို့၏ထောက်ပံ့မှုဖြင့် အစိုးရဆိုတာဖြစ်လာတာခဲ့သည်ဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံမှအစိုးရ၏ မြန်မာ့ဒီမိုကရေစီအရေးအပေါ်ဖိအားပေးနိုင်မှု၊ တွန်အားပေးပြောဆိုလုပ်ဆောင်နိုင်မှုတို့မှာ အဆိုပါပြည်သူတို့၏ တောင်းဆိုမှုဖြင့်သာ ထင်ထင်ရှားရှားဖြစ်ပေါ်လာနိုင်သည့်အတွက် နိုင်ငံတကာရောက်ရှိနေသည့် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားသူတို့အနေနှင့် မိမိရောက်ရှိနေသည့် နိုင်ငံမှပြည်သူများသိရှိနားလည်ပါဝင်လာနိုင်အောင် ကြိုးပမ်းဆောင်ရွက်ဖို့လိုကြောင်းနှင့် သူမအနေနှင့်လည်း ရွှေဂုံတိုင်ကြေငြာချက်ကို ထပ်လောင်းထောက်ခံလိုပါသည်ဟု ဆိုသွားခဲ့သည်။
နှီးနှောဖလှယ်ပွဲတွင် တက်ရောက်လာကြသည့် မြန်မာပရိတ်သတ်များအတွက် ဘာသာပြန်ပေးခဲ့သူ NHK သတင်းဌာန၏ အကြီးတန်းသတင်းသမားတဦးဖြစ်သူ ဆရာကြီးဦးရွှေဘ(ဂျပန်အမည် ဟိဆာအို တာနာဘဲ)ကတော့ “ဒီနေ့ပွဲဟာ အားရဖို့ကောင်းတယ်ဆိုပေမယ့် ဂျပန်အစိုးရပိုင်းက ၀န်ကြီးတွေ၊ ဒု-နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးနှင့်ပတ်သက်ပြီး ဒီထက်ပိုမိုတိကျပြတ်သားတဲ့စကားမျိုးပြောမယ်ဆိုရင် အကောင်းဆုံးပါပဲ။ အခုပြောသွားတာတွေက အားလုံးသိပြီးဖြစ်တဲ့ ဂျပန်ဝန်ကြီးချုပ်ဟာတိုယာမက နအဖ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့တွေ့ဆုံစဉ် တိုက်တွန်းပြောဆိုခဲ့တဲ့အချက်တွေကိုဘဲ ရှင်းပြချင်နေတာကများနေပါတယ်။ သို့ပေမယ့် ၀န်ကြီးချုပ်ဟာတိုယာမတောင်းဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေး၊ အန်အယ်ဒီရုံးခန်းတွေလွတ်လပ်စွာဖွင့်လှစ်နိုင်ရေး၊ နိုင်ငံတကာလက်ခံနိုင်တဲ့ရွေးကောက်ပွဲကျင်းပရေး၊ လွတ်လပ်စာရေးသားခွင့်၊ စာအုပ်ထုတ်ခွင့် အစရှိတဲ့အချက်တွေကို မြန်မာစစ်အစိုးရက လိုက်လျောမယ် မလိုက်လျောဘူးဆိုတာ အခုထက်ထိ အတိအကျမသိသေးဘူးဖြစ်နေပါတယ်။ တကယ်လို့သာ မြန်မာပြည်ဒီမိုကရေစီရေးအတွက် တိုးတက်ဖို့ရှိမယ်ဆိုရင်တော့ ဂျပန်အစိုးရအနေနဲ့ အကူအညီတွေပေးဖို့အဆင်သင့်ပါလို့ ပြောပြလိုက်ပေါ့။ နောက်ပြီး တကယ်လို့သာ ၀န်ကြီးချုပ်ဟာတိုယာမတောင်းဆိုတဲ့အတိုင်း မြန်မာနအဖကမလုပ်ဖူးဆိုရင် ဘာလုပ်မလဲ…။ ပြစ်ဒဏ်ပေးမလား။ အရေးယူမလား။ အဲဒါမျိုးအထိ သေချာပြောဆိုဖို့လိုမယ်လို့ထင်ပါတယ်ခင်ဗျ..”ဟု မိုးသောက်ကြယ်သို့ သူ့၏အမြင်ကို ယခုလိုသုံးသပ်ပြောဆိုသွားခဲ့သည်။

ဓါတ်ပုံမှတ်တမ်းတင်သူ - ဦးသန်းဝင်း

Monday, November 23, 2009

ရွှေဂုံတိုင် ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲ ဂျပန်တွင်ကျင်းပ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ(၂၉-၄-၂၀၀၉)ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့သော
ရွှေဂုံတိုင် ကြေငြာစာတမ်းအား အကောင်အထည်ပေါ်လာနိုင်ရေးအတွက် ဂျပန်နိုင်ငံအတွင်း
နှီးနှောဖလှယ်ဆွေးနွေးပွဲကြီးကို ၂၃-၁၁-၂၀၀၉ ရက်နေ့တွင် Rengo အဆောက်အဦး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ အဓိကတာဝန်ယူ၍
အခြားမဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပပြုလုပ်ခဲ့ရာ လူပေါင်း
၃၀၀ကျော်တက်ရောက်ခဲ့ပါသည်။

သတင်းဓာတ်ပုံ။ ။ ကိုမင်းညိုဝမ်း(Moethaukkye)

Saturday, November 21, 2009

မိုးသောက်ကြယ်စာကြည့်တိုက်တည်ထောင်ခြင်း (၅)နှစ်ပြည့်အမှတ်တရများ

မိုးသောက်ကြယ်သို့ ဆုမွန်စကား

အမှောင်ထုကို ထိုးဖောက်မယ်ဆိုတဲ့ `မိုးသောက်ကြယ်`လာပါပကော။
`ထွေးညိုကမှာ`ဆိုတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ကဗျာကလေးကို သတိရမိသေးရဲ့။

`မြရေကန်ောင်ရိုးက
ရေအိုး ယူခဲ့ပါ
ထွေးညိုကမှာ။
ပဒုမ္မာ၊ ရွှေကြာက သင်း
နှစ်ပွင့် သူယှဉ်လို့
အေးကြည်လင် ရေပြည့်အိုးမှာ
ထိုးတက်လေခြင်း`….တဲ့။

မောင်နဲ့မယ် အတူယှဉ်တွဲပြီး အေးမြကြည်လင်တဲ့ရေပြည့်အိုးမှာ ပဒုမ္မာကြာပန်း နှစ်ပွင့်ထိုးပြီး ရေချိုခပ်ရာက ပြန်လာသတဲ့။
မောင်တို့ မယ်တို့ အတူယှဉ်တွဲကြမှ လောကအလယ် တင့်တယ်ပေလိမ့်မယ်။ မေတ္တာရေစင်အိုးနဲ့ ပြည့်ဖြိုးနေမှသာ ငြိမ်းချမ်းသာယာပေလိမ့်မယ်။

အချင်းချင်း မောင်ရင်းနှမ ညီရင်းအကိုကဲ့သို့ ချစ်ခင်လက်တွဲပြီး အခက်အခဲမှန်သမျှ ကျော်လွှားကြစေလိုတယ်။ မာန်စောင်ချပြီး ရန်မထောင်ကြမှ မြန်ဘောင်လှမယ်။ ပန်းတိုင်တူရာသို့ အတူတူချီတက်ကြသူအချင်းချင်း၊ သည်းခံကြ၊ ခွင့်လွှတ်ကြ၊ နားလည်မှုထားကြစေချင်တယ်။
အမိမြန်မာကို မေတ္တာနဲ့ကျေးဇူးဆပ်ကြတဲ့ သားကောင်း သမီးကောင်းတို့ရဲ့လုပ်ရပ်ဟာ အမှတ်တရ၊ လွမ်းစရာ၊ ဂုဏ်ယူစရာပါ။

စိတ်နှလုံးကျယ်ပြန့်၊ အတွေးအမြင်သန့်သန့်နဲ့ ခန့်ညားတဲ့အမူအရာနဲ့ `မိုးသောက်ကြယ်`ဆိုတဲ့ တာရာဦး ပွင့်ဖူးလာပါပြီ။
ကျက်သရေ တက်နေသို့လင်းပါစေ။

တင်မိုး
၁၀-၁၁-၂၀၀၄
လော့စ်အိန်ဂျလိစ်။



“အာဟာရစာကြည့်တိုက်”အမည်မှ “မိုးသောက်ကြယ်စာကြည့်တိုက်“အဖြစ် အမည်ပေးကင်ပွန်းတပ်ခဲ့သူ၊ ဦးဆောင်လမ်းညွန်ကြီးကြပ်ပေးခဲ့သူ မိုးသောက်ကြယ်စာကြည့်တိုက်၏ဥယျာဉ်မှူးကြီး ဆရာတင်မိုး(ကွယ်လွန်)၏
၂၀၀၄ ခုနှစ်က ရေးသားခဲ့သောလက်ရေးမူကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

-------------------------------------------------------------------------------------------


မိုးသောက်ကြယ်စာကြည့်တိုက်သို့

စာကြည့်တိုက်တံခါး
ဖွင့်၍ထားလော့
ထောင်တံခါးတို့ ပိတ်စေအံ့။

မောင်စွမ်းရည်

-------------------------------------------------------------------------------------------

မိုးသောက်ကြယ် စာကြည့်တိုက် (၅)နှစ်ပြည့်တွင် အဖွဲ့သူ အဖွဲ့သားများ ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာစွာဖြင့် စာပေအလင်းရောင်ဖြင့် နိုင်ငံအကျိုး ဆထက်တိုး၍ လုပ်ဆောင်နိုင်ပါစေ။


--------------------------------------------------------------------------------------------------
အမှောင်ခွင်းတဲ့ မိုးသောက်ကြယ်၊ အလင်းဆောင်ယူ ဒို့ ပြည်သူတွက်။
ကိုမိုး(ပွင့်သစ်)

---------------------------------------------------------------------------------------------


မိုးသောက်ကြယ် စာကြည့်တိုက် ငါးနှစ်ပြည့် အထိမ်းအမှတ်(ကိုကြီးပေါ်)


“သိကျွမ်းခဲ့ရသော မိုးသောက်ကြယ်” စကားဝိုင်း

ပြေရိုးတလျှောက်ဝယ် မင်္ဂလာ အဖြာဖြာ ရှိလိုက်ပါတဲ့

ရွှေမိုးသောက်ကြယ် မြန်မာ စာကြည့်တိုက်ကိုဖြင့်

သပြေ ဖြိုးမောက်ကယ် မကိုဋ်စုံစွာ ပန်းတွေနဲ့

အထိုက်တော် တန်သင့်အောင်ပ ဂုဏ်ဆန်းချင်

သြော်… သမိုက်နော် ကျန်ရစ်အောင်ပ မှတ်တမ်းတင်။

သခင်ကိုယ်တော်မှိုင်း ရေးတာလို့ … မထင်လိုက်ပါနဲ့။ ဆရာကြီးသာ ရှိရင် အဲသလိုများ ရေးလေမလားလို့ သခင်ကိုပေါ်မိှုင်း လက်တည့် စမ်းကြည့်လိုက်တာပါ။

သြော်… ဘာလိုလိုနဲ့ ငါးနှစ်တောင် ရှိပြီပဲကိုး။ ငါးနှစ်ဆိုတော့ မူကြိုကျော်လို့ လူပျိုဘော်တောင် ၀င်ပါပေါ့။ ဟိုအရင် အတိတ်ဘ၀ အာဟာရ ကိုပါ ထည့်ပေါင်းရင် အိုတောင် နေပြီပဲ။ ဟိုတုန်းက သူတို့က အာဟာရဟေ့ ဆိုတော့လည်း အာဟာရလိုက်ရ။ နောက်တော့ မိုးသောက်ကြယ်ဗျို့ ဆိုတော့လည်း မိုးသောက်ကြယ်လိုက်ရ။ နောက်တခါ…။ အဲ နောက်တခါတော့ ရှိမယ် မထင်ပါဘူးနော့။

စာကြည့်တိုက် ဆိုတာ ဘာလဲလို့ သိချင်ရင် လာကြည့်လိုက်မှ သိတယ်လို့ ပြောရမလိုပါပဲ။ စာကြည့်တိုက်ဆိုတာ အခန်းထောင့်ကလေး ပိစိကွေးလေးကနေ မြို့တမြို့လောက်အထိ ကြီးကျယ် နိုင်ပေတာကိုး။ လုပ်ဆောင်သူတွေရဲ့ စိတ်ဓာတ် ကြီးကျယ်သလောက် စာကြည့်တိုက်ဆိုတာ ကြီးကျယ်နိုင်တယ်တဲ့။ အဲ စိတ်ဓာတ် မကြီးကျယ်ရင်ကောတဲ့…။ အဲဒါတော့ ကိုယ့်ဘာသာ ဖြေကြည့်ပါတော့။ ဖြေမကြည့်ချင်ရင် ရွှေနိုင်ငံတော်ကြီးကို လည်ပြန်သာ ကြည့်၊ ဗေထိဆို သိကိုသွားစေရမယ်။

ဗေထိ ဆိုလို့။ မိုးသောက်ကြယ်ကလည်း ဗေထိတွေ အတော်များ ဆိုပဲ။ ဂျပန် တိုကျိုမှာ ဇရာအိုအောင် နေချင်ရင် မိုးသောက်ကြယ်ကို တည့်အောင်ပေါင်း ဆိုလားပဲ။ ကြားမိတာ ပြောတာပါ။ ဟုတ်ချင်မှ ဟုတ်မှာပါ။ မိုးသောက်ကြယ်က ဗေမထိပေမယ့် အယ်ဒီတာမင်း စိုးဝင်းရှိန်ကတော့ ဗေထိမယ် ထင်တာပဲ။ စိုးဝင်းရှိန် ခမျာလည်း မငွေမြိုင် ဇာတ်ထောင်သလိုပါပဲ။ မြခြေကျင်း မငွေမြိုင်က စွယ်စုံရ မင်းသမီး ဆိုတော့ သူ့ဇာတ်မှာ သူဇာတ်စီးပေါ့။ ဒီတော့ မင်းသားသစ်ကလေးတွေ သင်ပေးပြီး တွဲကတယ်။ ကိုယ်တော်လေးတွေက ပညာလည်း စုံရော ဇာတ်ခွဲထောင်သွားကြတော့ မငွေမြိုင်က မင်းသားသစ် ထုတ်လုပ်ပေးတဲ့ စက်ရုံကြီးကို ဖြစ်လို့။ ဒါနဲ့တောင် ဒီ အယ်ဒီတာမင်းက လုပ်အားပေး ခေါ်ထားသေးရဲ့။

အဲသလို လေ့ကျင့်ကွင်းတခု ရှိတယ် ဆိုတာလည်း အရေးကြီးတဲ့ လိုအပ်ချက်တခု ပါပဲ။ မိုးသောက်ကြယ်မှာ လေ့ကျင့်နိုင်တယ် ဆိုတာ ဒုလ္လဘတခုလို့ ပြောရမှာပေါ့။ ဒုလ္လဘ ၀တ်တုန်းလေးတော့ ကုသိုလ်ရအောင် ပါရမီဖြည့်ကြရင် အားလုံးအတွက် အကျိုးရှိတာပါပဲ။ နောင်ခါမှ ကိုယ့်ဘာသာ ကျောင်းထိုင်ပဲ လုပ်လုပ်၊ ဓမ္မကထိကပဲ လုပ်လုပ်ပေါ့။ အဟဲ၊ ကိုကြီးပေါ်လည်း မိုးသောက်ကြယ်မှာ ဒုလ္လ၀တ်နေတာ အတော်ကြာပါပေါ့။ အယ်ဒ်ီတာမင်းများရော၊ စာကြည့်တိုက် အဖွဲ့သားများရော၊ စာဖတ်သူများကိုပါ ကျေးဇူးတင်ပါတယ်ဗျာ။

အယ်ချုပ်ကြီး ဒေါ်တင်တင်ဝင်းကို ဂျပန်တွေက လူမှုထူးချွန်ဆု ပေးတယ်သိရလို့ ဂုဏ်ပြုပါကြောင်း ပြောပါရစေဦး။ ဟို ကိုချစ်မိုးကိုလည်း သတိရပါကြောင်းနဲ့ မိုးသောက်ကြယ်နဲ့ ပတ်သက်ကြတဲ့ မြင်ဖူးသူ/မမြင်ဘူးသူ ပြောဖူးသူ/မပြောဖူးသူ ကြားဖူးသူ/မကြားဖူးသူ ရှိရှိသမျှ ဝေနေယျ… အဲမှားလို့၊ မိုးသောက်ကြယ် အဖွဲ့သားများ အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ ကြပါစေ။

အလုပ်တွေကို ဘာလုပ်မယ် ညာလုပ်မယ် ကွိကွိကွကွ စိစိရွရွ လျှောက်ပြောရတာ လွယ်တယ်။ တကယ် လုပ်ရတာ ခက်တယ်။ ဒါကြောင့် တကယ်လုပ်နေသူတွေကို ဘာလုပ်သင့်တယ် ညာလုပ်သင့်တယ် ဘယ်တော့မှ မပြောပါ။ အခုလည်း ငါးနှစ်ပြည့် အမှတ်တရမှာ ဘာလုပ်ပါလို့ မပြောပါ။ လုပ်နေသမျှကို လူနတ်သတ္တ၀ါ သိကြပါတယ်။ သိတာကို သာဓုခေါ်ဖို့ ပါပဲ။ သာဓု မခေါ်နိုင်သူဟာ အ,နေလို့ ဖြစ်ပါလိမ့်မယ်။

အချို့ကျတော့လည်း နှစ်ပတ်လည်တို့ မိတ်ဆုံပွဲတို့ဆိုရင် မုန့်ကျွေးပြီး ကြွားတော့တာပဲ။ စားတဲ့သူတွေကလည်း ပလုပ်ပလောင်းနဲ့ ဟုတ်ပ ဟုတ်ပ လုပ်ကြ။ အပြင်လည်းရောက်ရော အတင်းတုပ်တော့တာပဲ။ သို့ပေမယ့် ဒါကလည်း ယနေ့ခေတ် ဖက်ရှင်တခု ဖြစ်နေတာကိုး။ ကမ္ဘာကျော် အဖွဲ့အစည်းတွေက စ၍ မြန်မာကျော် အဖွဲ့များ အထိပေါ့။ သြကာသ ဖြောင့်အောင် မရတဲ့ မင်းသမီးက အင်တာဗျူးအတွက် ဘုရားစင်ရှေ့မှာ သဘက်ကလေး ပတ်ပြီး ဓာတ်ပုံ အရိုက်ခံသလိုပါပဲ။ သေချာကြည့်တော့ သဘက်က ပြောင်းပြန်။

မိုးသောက်ကြယ်ကတော့ နည်းနည်း လည်ပုံရတယ်။ ကိုကြီးပေါ်နဲ့ ပေါင်းလို့ ထင်တယ်။ စကားဝိုင်းတဲ့။ သိကျွမ်းခဲ့ရသော… ဆိုတော့ မသိတဲ့လူတွေ မပါဘူးလို့ ယူဆရပါတယ်။ ဒါလည်း ကောင်းတာပါပဲ။ မသိဘဲ လျှောက်ပြောတော့ နားညည်းတာပေါ့။ စကားဝိုင်း ဆိုရင်တော့ - သောမနဿသဟဂုတ်, လက်ဖက်က သုံးလေးလုတ်, ဒိဋ္ဌိဂတသမ္ပယုတ်, ကြက်သွန်ကြော် များများနှင့် ဗိုက်ကားအောင် တုတ်ပြီးလျှင် - ဆိုတဲ့ ဦးပုည ရေးသလိုတော့ မဟုတ်လောက်ဘူး ထင်ပါရဲ့။

ဘာပဲဖြစ်ဖြစ် စကားဝိုင်းမှာ

အဖွဲ့သားတွေ အားလုံးစုံပြီး

အဝေးအနီး အမြင်အထွေထွေကို

သွေးစည်း ကြည်လင်စေတဲ့ စကားချိုစွာနဲ့

လိုရာရောက်အောင် ပြောလို့မို့

မလိုတမာ အမိုက်ရန်တွေကင်းပြီး

စိတ်ကြံရင်းသမျှတွေလည်း ပြည့်ဝကြပါစေ

မပြည့်မရသေးတဲ့ ဒီမိုကရေစီ ခရီးမှာလည်း

ယီးတီးယောင်တ အချောင်ခွစားသူတွေကို ပယ်သတ်၍

တကယ် တပ်အပ်သေချာစွာ ကြိုးကုပ်၍ အရိုးထုတ်မယ့်သူတွေနဲ့

ထမ်းပိုးတုပ်ကာ လက်ချင်းချိတ်ချိတ်ပြီး တစိတ်ထဲ ညီစွာမောင်း

(ဒီမယ် စိုးဝင်းရှိန်ရဲ့) သူခိုးယုတ်မာ နအဖ ကမြင်းမသားတွေကိုဖြင့်

နားရင်းချကာ ချကာနဲ့ လင်းတစာ ကျွေးဖို့သာကောင်း။


ကိုကြီးပေါ်

၂၀၀၉ နိုဝင်ဘာ ၂၀

----------------------------------------------------------------------------------------------

မိုးသောက်ကြယ် ၅ နှစ်မြောက်မွေးနေ့မှာ
ဝိုင်းတော်သားတွေအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
သားဆွေ

----------------------------------------------------------------------------------------------


မနိုးသူတို့ပျောက်တဲ့ မိုးသောက်ရှုခင်း
(တင်မိုး)

မနက်တိုင်း
ကြယ်ကလေးတလုံး ပေါ်သည်။

မနက်တိုင်း
ကြယ်ကလေးကို မျှော်သည်။
ပေါ်လိုက်မျှော်လိုက်နှင့်
တိမ်တိုက်အောက်
တခါတလေ ပျောက်သွားတတ်သည်။

မိုးသောက်ချိန်ဆိုတာ အမြဲရှိသည်။
မိုးသောက်ချိန်နှင့် ငှက်ကလည်း
တွဲဖက် ဖြစ်သည်။

အာရုဏ်တက်တိုင်း ငှက်တို့သီချင်း ဆိုသည်။
မနက်မိုးလင်းပေမဲ့
နိုးကြားပျင်းသူတို့မှာ
ဤရှုခင်း အမြဲပျောက်လိမ့်မည်။

တင်မိုး
၆၊ ၄၊ ၂ဝဝဝ
ကြာသပတေး နံနက်ခင်း

----------------------------------------------------------------------------------------------

မိုးသောက်ကြယ်စာကြည့်တိုက် အဓွန့်ရှည် ပါစေလို့ မေတ္တာပို့ ဆုတောင်းပါတယ်။
မိုးချိုသင်း

----------------------------------------------------------------------------------------------

Congratulation !!!!!!!!!!
မေငြိမ်း

----------------------------------------------------------------------------------------------

မင်္ဂလာပါ... မိုးသောက်ကြယ် ယခု ၅ နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာတိုင် စာဖတ်သူများကို အလင်းရောင် ပေးဝေနိုင်ပါစေ ။
ဖြိုးဝေ-mmp

Thursday, November 19, 2009

ရွှေဂုံတိုင်ကြေညာစာတမ်းနှီးနှောဖလှယ်ပွဲ ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်မည်


ယခုနှစ် ဧပြီလ(၂၉)ရက်နေ့က မြန်မာပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်ထားခဲ့သော ”ရွှေဂုံတိုင်ကြေညာစာတမ်း“ကို ဂျပန်နိုင်ငံရှိ မြန်မာဒီမိုကရေစီအင်အားစုများမှ အပြည့်အ၀ထောက်ခံကြောင်းနှင့် အဆိုပါကြေညာစာတမ်း၏အရေးကြီးပုံကို ဂျပန်အစိုးရနှင့်တကွ ဂျပန်နိုင်ငံရှိ လူမှုအခြေပြုအဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံရေးပါတီများ၊ ဂျပန်အလုပ်သမားသဂ္ဂများအပါအ၀င် ဂျပန်လူထုနှင့် ဂျပန်နိုင်ငံရှိ နိုင်ငံခြားသံရုံးများပါ သဘောပေါက်လက်ခံလာပြီး အားပေးထောက်ခံမှုရရှိစေရန်ရည်ရွယ်၍ နှီးနှောဖလှယ်ပွဲတရပ် ကျင်းပပြုလုပ်မည်ဟုသိရှိရသည်။

နှီးနှောဖလှယ်ပွဲကို လာမည့် နိုဝင်ဘာ ၂၃ရက်(တနင်္လာနေ့တွင်)ကျင်းပပြုလုပ်မှာဖြစ်ပြီး ”ရွှေဂုံတိုင်ကြေညာစာတမ်း(သို့)လက်ရှိမြန်မာနိုင်ငံအကျပ်အတည်းမှထွက်ရပ်လမ်း”(Gateway to National Reconciliation in Union of Burma)ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မှာဖြစ်သည်။

ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ကိုသန့်ဇင်ဦး(NLD-LA JB)မှ ”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စုံညီညှိနှိုင်းအစည်းအဝေးပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းဟာ လက်ရှိမြန်မာ့နိုင်ငံရေးအတွက် အဓိကအရေးပါတဲ့ အခန်းကဏ္ဍလို့ ကျနော်ယုံကြည်ပါတယ်။ ဒီကြေညာစာတမ်းဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေ မြန်မာနိုင်ငံအတွင်းမှာပေါ်ထွန်းရေးအတွက် တခုတည်းသောထွက်ရပ်လမ်းလို့ မြင်ပါတယ်။ နောက်ပြီး မြန်မာပြည်တွင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နအဖရဲ့ မတရား ဖမ်းဆီးဖိနှိပ်များအောက်မှ နှစ်ပေါင်း(၂၀)ကျော်ကြာအောင် ကြံ့ကြံ့ခံရပ်တည်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်လာဖို့အတွက် မဆုတ်မနစ်သောဇွဲ၊ လုံ့လများနဲ့ ကြိုးစားလုပ်ဆောင်နေတာကို ဂျပန်အစိုးရနှင့်တကွ ဂျပန်လူထုသိရှိနားလည်ဖို့နှင့် ဒီထက်ပိုမိုပြီး အားပေးထောက်ခံမှုရရှိလာစေဖို့နဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာပါတဲ့ တောင်းဆိုထားတဲ့အချက်တွေ အပြည့်အ၀အကောင်အထည်ပေါ်လာနိုင်စေဖို့အတွက် နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်…”ဟု ရှင်းပြသည်။

နှီးနှောဖလှယ်ပွဲသို့ AIPMC(ASEAN Inter-Parliamentary Myanmar Caucus)မှ တာဝန်ခံများ၊ ဂျပန်နိုင်ငံရှိ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားအစရှိသည့် အာရှနိုင်ငံများမှ သံတမန်များအပြင် အီးယူ၊ အမေရိကန်၊ ဂျာမဏီအစရှိသည့် အနောက်နှင့် ဥရောပနိုင်ငံများမှ သံတမန်များပါ တက်ရောက်ကြမည်ဖြစ်သည်။

ဂျပန်အစိုးရပိုင်းအနေဖြင့် မြန်မာ့အရေးကို ထောက်ခံအားပေးနေသည့် ဂျပန်လွှတ်တော်အမတ်များသမဂ္ဂမှ အမတ်များအပါအ၀င် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူအဆင့်မြင့်တာဝန်ခံများတက်ရောက်မည်ဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်များမှ မြန်မာပြည်အပေါ်ထားရှိသည့် ဂျပန်အစိုးရ၏သဘောထားများကို ပြောကြားမည်ဟုလည်းကိုသန့်ဇင်ဦး၏ ဆက်လက်ရှင်းပြချက်အရ သိရှိရသည်။

ထို့အပြင် ဂျပန်နိုင်ငံရှိ လူမှုအခြေပြုအဖွဲ့အစည်းများဖြစ်ကြသည့် A.I, Human Watch, PFB, ဂျပန်အလုပ်သမားသမဂ္ဂ(RENGO)မှ တာဝန်ခံများ၊ မြန်မာ့အရေးလည်း တက်ရောက်ကြမည်ဖြစ်သည်။
အပြန်အလည်ဆွေးနွေးပွဲတွင် NCGUB မှ အလုပ်သမားဝန်ကြီး ဦးခွန်မြင့်ထွန်းမှ ရွှေဂုံတိုင်ကြေညာစာတမ်း၏ အရေးပါပုံကို ရှင်းလင်းတင်ပြမည်ဟုသိရသည်။

ယခုပြုလုပ်မည့်နှီးနှောဖလှယ်ပွဲနှင့်ပတ်သက်ပြီး ဒေါက်တာမင်းညိုမှ”ကျနော့်အမြင်ပြောရင် ဒီနှီးနှောဖလှယ်ပွဲကနေအခြေခံပြီး နအဖ စစ်ခေါင်းဆောင်တွေ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီမဆန်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း အကျိုးပြုမှာမဟုတ်ဘူးလို့ တက်ရောက်လာတဲ့ ဂျပန်အစိုးရပိုင်းမှ အမတ်တွေနဲ့တကွ နိုင်ငံတကာသံရုံးကပုဂ္ဂိုလ်တွေရော၊ ဂျပန်အလုပ်သမားသမဂ္ဂတွေပါ သိရှိသွားကြလိမ့်မယ်။ ဒါဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဆိုတာလည်း နိုင်ငံတကာက လက်ခံမှာမဟုတ်တော့ဘူး။ ၉၀ ရွေးကောက်ပွဲအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းသာလျင် လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းအတွက် ထွက်ပေါက်လို့ အားလုံးကသဘောပေါက်လာကြပြီး နအဖစစ်ခေါင်းဆောင်တွေကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတောင်းဆိုထားတဲ့ အချက်တွေကို လက်ခံဖို့ ဖိအားပေးလာနိုင်လိမ့်မယ်လို့ ကျနော်မြင်ပါတယ်…”ဟု ပြောဆိုသည်။

ရွှေဂုံတိုင်ကြေညာစာတမ်းနှီးနှောဖလှယ်ပွဲကို ဂျပန်အလုပ်သမားသမဂ္ဂ(RENGO)အဆောက် အဦတည်ရှိရာ တိုကျိုမြို့၊ ချီအိုဒါရပ်ကွက်ရှိ SOHYO KAIKAN ၏ ဒုတိယထပ်တွင် နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ နှစ်ပိုင်းခွဲ၍ ပြုလုပ်မည်ဖြစ်သည်။

ပထမပိုင်းအစီအစဉ်တွင် နှီးနှောဖလှယ်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်၊ လက်ရှိ မြန်မာပြည်နိုင်ငံရေးအခြေအနေ၊ မြန်မာပြည်အပေါ်ထားရှိသည့် ဂျပန်အစိုးရ၏သဘောထား၊ AIPMC ၏သဘောထား၊ ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၏သဘေားထား၊ မြန်မာ့အရေးဆောင်ရွက်နေသည့် ဂျပန်လွှတ်တော်သမဂ္ဂ၏သဘေားထား အစရှိသည်တို့ကို ဂျပန်-မြန်မာ-အင်္ဂလိပ်သုံးဘာသာဖြင့် ပြောကြားမည်ဖြစ်သည်။

ဒုတိယပိုင်းအစီအစဉ်ကို ဆွေးနွေးပွဲပုံစံလိုမျိုးပြုလုပ်၍ တက်ရောက်လာကြသည့် သံတမန်များ၏ ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် ၄င်းတို့၏အမြင်များကို ရှင်းလင်းပြောကြားမည်ဟုလည်း သိရသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ ဦးအေးသာအောင်တို့ပေးပို့လာသော အမှာစကားများကို ဖတ်ကြားမည်ဖြစ်သည်။

မြန်မာ့အရေးစိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ပြီး အဆိုပါနှီးနှောဖလှယ်ပွဲဖြစ်မြောက်ဖို့အတွက် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေကြသည့် အဖွဲ့အစည်းပေါင်း (၃၀)ကျော်စုစည်း၍ ကျင်းပခြင်းဖြစ်ကြောင်းလည်းသိရှိရသည်။

Wednesday, November 18, 2009

Obama's bow to emperor causes outrage in Washington

ဂျပန်ဘုရင်ကိုအလွန်အကျွံအရိုအသေပေးခဲ့မှုကြောင့် သမတအိုးဘားမားဝေဖန်ခံနေရ

WASHINGTON —

Photos of U.S. President Barack Obama bowing to Japan’s emperor have incensed critics in Washington, who said the U.S. leader should stand tall when representing America overseas.

Obama on Monday was in China, having wrapped up the Japan leg of his Asia trip two days earlier. But Washington’s punditocracy was still weighing whether or not the U.S. president had disgraced his country two days earlier by having taken a deep bow at the waist while meeting Japan’s Emperor Akihito.

Political talk shows have played and replayed the moment from the second day of Obama’s week-long Asia tour, which set the blogosphere on fire and chat show tongues wagging.

“I don’t know why President Obama thought that was appropriate. Maybe he thought it would play well in Japan. But it’s not appropriate for an American president to bow to a foreign one,” said conservative pundit William Kristol speaking on the Fox News Sunday program, adding that the gesture bespoke a United States that has become weak and overly-deferential under Obama.

Another conservative voice, Bill Bennett, said on CNN’s “State of the Union” program: “It’s ugly. I don’t want to see it.”

“We don’t defer to emperors. We don’t defer to kings or emperors. The president of the United States—this coupled with so many apologies from the United States—is just another thing,” said Bennett.

Some conservative critics juxtaposed the image of Obama with one of former U.S. Vice President Dick Cheney, who greeted the emperor in 2007 with a firm handshake but no bow.

“I’ll bet if you look at pictures of world leaders over 20 years meeting the emperor in Japan, they don’t bow,” Kristol said.

Some said the gesture was particularly grating coming after Obama’s bow to Saudi Arabia’s King Abdullah at a G20 meeting in April.

The U.S. president’s Asia trip comes just over a year after he won election to the White House, and is designed to shore up U.S. power in a region increasingly dominated by rising giant China.

But back home, Obama’s bow in Japan seems to have grabbed much of the attention being paid to the trip.

The gesture appears to have touched a particularly raw nerve among Obama critics who said the president has hastened America’s decline as a world superpower by being too apologetic and too deferential in his dealings with other world leaders.

While most of the commentary about the bow in Japan was decidedly negative, some political observers, like longtime Democratic activist Donna Brazile, came to the president’s defense.

“I think it’s a gesture of kindness,” she told CNN, adding that the bow appeared intended to show “goodwill between two nations that respect each other.”

Meanwhile, an unnamed, senior Obama administration official told the Politico.com news site that the president had simply been observing protocol.

“I think that those who try to politicize those things are just way, way, way off base,” the official told Politico.

“I don’t think anybody who was in Japan—who saw his speech and the reaction to it, certainly those who witnessed his bilateral meetings there—would say anything other than that he enhanced both the position and the status of the U.S., relative to Japan,” Politico wrote.

“It was a good, positive visit at an important time, because there’s a lot going on in Japan.”


Tuesday, November 17, 2009

ဂျပန်နိုင်ငံရောက် သျှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော်ကျင်းပ


နတော်လဆန်း(၁)ရက်နေ့(နိုဝင်ဘာ ၁၇ ရက်နေ့)မှာကျရောက်မည့် သျှမ်းတိုင်းရင်းသားတို့၏ ၂၀၁၄ နှစ်မြောက် နှစ်သစ်ကူးပွဲတော်ကို ဂျပန်နိုင်ငံရောက် သျှမ်းညီအကိုမောင်နှမများမှ နိုဝင်ဘာ(၁၅)ရက် တနင်္ဂနွေနေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားခဲ့ကြသည်။
တိုကျိုမြို့၊ အိတဘာရှိရက်ကွက်ရှိ အိုးယာမမြို့နယ်ယဉ်ကျေးမှုစင်တာ(၅)ထပ်တွင် ညနေ ၆ နာရီမှစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များကို သျှမ်းအိုးစည်အကနှင့် သျှမ်းတေးသီချင်းများဖျော်ဖြေတင်ဆက်ခြင်း၊ သျှမ်းအစားအစာများနှင့် တည့်ခင်းဧည့်ခံခဲ့ကြသည်။
သျှမ်းနှစ်သစ်ကူးပွဲကိုဦးစီးကျင်းပခဲ့သည့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ(ဂျပန်)၏ ဥက္ကဋ္ဌဖြစ်သူ စိုင်းစီဝမ်းမှ“ဂျပန်မှာရောက်နေကျပေမယ့်လည်း ကျနော်တို့ရဲ့ရိုးရာယဉ်ကျေးမှုပွဲတော်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့သဘောလည်းပါသလို၊ တခြားလူမျိုးတွေနဲ့လည်း ယဉ်ကျေးမှုခြင်းဖလှယ်ချင်တဲ့ဆန္ဒလည်းပါပါတယ်..”ဟု အဖွင့်အမှာစကားတွင် ပြောကြားသွားသည်။
ဆက်လက်ပြောပြချက်အရ ချယ်ရီပန်းပွင့်ပြီး၊ ကောက်သစ်ပေါ်သည့်အချိန်တိုင်းတွင် သျှမ်းတိုင်းရင်းသားများမှ နှစ်သစ်ကူးပွဲတော်ကျင်းပခဲ့ကြသည်ဟုသိရသည်။
ဂျပန်လူမျိုးများလည်း တက်ရောက်ခဲ့ကြပြီး သျှမ်းတေးသီချင်းသံများနှင့်အတူ သျှမ်းရိုးရာအကများတွင်ပါ ပျော်ရွှင်စွာဝင်ရောက်ဆင်နွဲခဲ့ကြသည်။

Sunday, November 15, 2009

လာမည့် ၂၀၁၀ မှစ၍ ဒုက္ခသည်တွေကို ပိုမိုလက်ခံသွားမည်ဟု အကြိမ်(၃၀)မြောက်ဒုက္ခသည်များယဉ်ကျေးမှုပွဲတော်တွင် တာဝန်ရှိသူများကပြောဆို

မိုးသောက်ကြယ်စာကြည့်တိုက်တာဝန်ခံ မတင်တင်ဝင်း စံပြလူမှုထူးချွန်ဆုရရှိ



တိုကျို၊ နိုဝင်ဘာ(၁၄)
သန့်မျိုးထွေး
အကြောင်းအမျိုးမျိုးကြောင့် မိမိနေရပ်ကိုစွန့်ခွာလာပြီး ဂျပန်နိုင်ငံတွင် လာရောက်အခြေချနေထိုင်နေသည့် ဒုက္ခသည်များဆိုင်ရာ ယဉ်ကျေးမှုမိတ်ဆက်ပွဲကို အကြိမ်(၃၀)မြောက်အဖြစ် တိုကျို၊ ရှင်ဂျူးကုအရပ်ရှိ (Bunka Centre)တွင် ”အာရှလူမှုဖူလုံရေးနှင့် ပညာရေးဖောင်ဒေးရှင်း”(Foundation for the Welfare and Education of the Asian People-FWEAP)၏ စီစဉ်ဆောင်ရွက်မှုဖြင့် ယနေ့တွင်ကျင်းပပြုလုပ်ခဲ့ကြသည်။
ဂျပန်နိုင်ငံသည် ဂျနီဗာဒုက္ခသည်ဆိုင်ရာ ကွန်ဗင်းရှင်းအရ အကြောင်းအမျိုးမျိုးကြောင့် မိမိနေရပ်မပြန်နိုင်သူများကို ဒုက္ခသည်အဖြစ်ခိုလှုံခွင့်ပြုရန် ပါဝင်လက်မှတ်ရေးထိုးထားသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ ယနေ့ပွဲတွင် ယင်းကွန်ဗင်းရှင်းအရ ခိုလှုံခွင့်လျှောက်ထားအခြေချနေထိုင်နေသည့် ဒုက္ခသည်များနှင့်အင်ဒိုချိုင်းနားဒုက္ခသည်ဟုခေါ်သည့် ရှေးကနဦးဒုက္ခသည်အဖြစ် လျှောက်ထားသူများအပါအ၀င် ဂျပန်အစိုးရပိုင်းမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
"ဒုက္ခသည်တွေနဲ့ပါတ်သတ်လို့ ကျနော်တို့နိုင်ငံမှာ အပြောင်းအလဲတရပ်နဲ့ကြုံရပါတော့မယ်၊ မနှစ်က ဂျပန်အစိုးရဟာနိုင်ငံတကာအသိုင်းအ၀ိုင်းအလယ်မှာ ဂျပန်ရဲ့ဝတ္တရားတွေကို ကြေပွန်အောင်ထမ်းဆောင်ဖို့ ဒုက္ခသည်စောင့်ရှောင့်ရေးလုပ်ငန်းအသစ်အနေနဲ့ တတိယနိုင်ငံမှာ အခြေချနေထိုင်မဲ့ ဒုက္ခသည်တွေကို လက်ခံသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ရှေ့ပြေးအစီအစဉ်အဖြစ် ၂၀၁၀ ခုနှစ်ကစပြီး သုံးနှစ်တာကာလအတွင်းမှာ နှစ်စဉ်မြန်မာဒုက္ခသည် ၃၀ဦးကို ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကနေ ခေါ်ယူလက်ခံသွားပြီး ဂျပန်မှာအခြေချနေထိုင်ဖို့ လိုအပ်တဲ့အထောက်အကူတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်"ဟု အာရှလူမှုဖူလုံရေးနှင့် ပညာရေးဖောင်ဒေးရှင်း၏ ဥက္ကဌ Tamisuke Watanuki က အဆိုပါဒုက္ခသည်တွေ့ဆုံပွဲ၏ နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားသွားသည်။
မြန်မာဒုက္ခသည်များနှင့်ပါတ်သတ်၍ ယင်းသို့ခေါ်ဆိုမှုမှာ ဒုက္ခသည်ဆိုင်ရာ ဂျနီဗာကွန်ဗင်းရှင်းပြုလုပ်ပြီး ၂၆ နှစ်ကျော်အကြာတွင်ပထမဆုံးဖြစ်သည်။
ဒုက္ခသည်တွေ့ဆုံပွဲကို နှစ်ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး ပထမပိုင်းတွင် စီစဉ်သူ ဂျပန်အစိုးရတာဝန်ရှိသူများမှ နုတ်ခွန်းဆက်စကားများပြောကြားပေးခဲ့ကြပြီး ဧည့်သည်တော်များအဖြစ် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနနှင့် တရားရေးဝန်ကြီးဋ္ဌာနတို့မှ တာဝန်ရှိသူများက အမှာစကားများပြောကြားပေးခဲ့သည်။
ဂျပန်နိုင်ငံသားများထဲမှ ဒုက္ခသည်များကိုကူညီနေသူအချို့ကို ကျေးဇူးတင်မှတ်တမ်းဂုဏ်ပြုလွှာနှင့် အခြေချနေထိုင်နေသည့် ဒုက္ခသည်များထဲမှ စံပြထူးချွန်ဆုများကို ပေးအပ်ချီးမြင့်ခဲ့ရာ မိုးသောက်ကြယ်စာကြည့်တိုက်မှ အမှုဆောင်မတင်တင်ဝင်းမှ လူမှုထူးချွန်ဆု ချီးမြှင့်ခြင်းခံရသည်။ု
အခမ်းအနား၏ ဒုတိယအပိုင်းကို ဖျော်ဖြေအရေးအစီအစဉ်အဖြစ်ကျင်းပရာ ညီညွတ်သောတိုင်းရင်းသားများ (AUN/Japan)မှ မြန်မာပြည်ထောင်စုတိုင်းရင်းသားများ၏ ရိုးရာဝတ်စားဆင်ယင်ပုံနှင့်အကတို့ကို တေးသီချင်းနောက်ခံဖြင့် ညီညီညာညာဖျော်ဖြေတင်ဆက်သွားခဲ့သလို လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယမ်နမ်းလူမျိုးများမှ ၄င်းတို့ဘာသာစကားများဖြင့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်သွားခဲ့သည်။
ဂျပန်တွင်ဒုက္ခသည်လျှောက်ထားမှုနှင့်ပါတ်သတ်၍ "အခုနောက်ပိုင်းမှာ ဒုက္ခသည်လျှောက်ထားသူတွေ အရင်နှစ်တွေထက်စာရင် ပိုမိုများပြားလာခဲ့တယ်။ ကျနော်တို့အနေနဲ့လည်း ပိုမိုလက်ခံဆောင်ရွက်သွားနိုင်အောင် မှန်မှန်နဲ့မြန်မြန်စစ်ဆေးဆုံးဖြတ်နိုင်အောင်လို့ ၀န်ထမ်းအင်အားကအစ တိုးချဲ့သွားဖို့စီစဉ်ဆောင်ရွက်နေပါတယ်..."ဟုလူဝင်မှုကြည့်ကြပ်ရေးညွန်ကြားရေးမှုးချုပ်Mr.Masahiro Tauchi
ကပြောကြားသွားခဲ့သည်။
ဆက်လက်၍ အာရှလူမှုဖောင်ဒေးရှင်းဥက္ကဋ္ဌက "နောက်ထပ်ဒုက္ခသည်ဖြစ်လာသူတွေရော၊ ဒုက္ခသည်အဖြစ်နဲ့ ကာလရှည်စွာ နေထိုင်နေကြသူတွေပါ ဘယ်သူမဆို "ဂျပန်ကိုရောက်လာခဲ့တာ ကောင်းလိုက်တာ"လို့ ခံစားလာရအောင် စိတ်ချလက်ချနဲ့ မိမိတို့ဖာသာရပ်တည်နေထိုင်နိုင်အောင် ထောက်ပံမှုတွေကို ကျနော်တို့ဆက်ပြီးလုပ်သွားမှာဖြစ်ပါတယ်"ဟု ပြောဆိုသည်။
လတ်တလောတွင် ဂျပန်တွင်ဒုက္ခသည်လျှောက်ထားသူ မြန်မာလူမျိုးတစ်ရာကျော်ခန့်ကို ပြန်လည်ဖမ်းဆီးမှုများရှိနေပြီး ဒုက္ခသည် အဖြစ်အသိအမှတ်ပြုမှုလည်း အင်မတန်နည်းပါးလျှက်ရှိနေသည့်အပြင် နေရပ်သို့ပြန်လည်ပို့ဆောင်နေသည့် သတင်းများလည်းထွက်ပေါ်လျှက်ရှိနေသည်။
UNHCRဂျပန်ကိုယ်စားလှယ် Mr.Johan Celsကတော့ ”လက်ရှိကျင့်သုံးနေတဲ့ ဂျပန်နိုင်ငံရဲ့ ဒုက္ခသည်အသိအမှတ်ပြုရေးလုပ်ထုံးလုပ်နည်းဟာ အားနည်းနေတယ်လို့ပဲ ယူဆပါတယ်။ အာရှရဲ့အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ ဂျပန်အနေနဲ့ ဒုက္ခသည်လျှောက်ထားသူတွေကို လူသားချင်းစာနာပြီး ပိုမိုအသိအမှတ်ပြုဖို့လိုပါတယ်။ အထူးသဖြင့် စစ်အုပ်ချုပ်မှုဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံသားတွေအပါအ၀င် တခြားသောဒုက္ခသည်လျှောက်ထားသူတွေကို နွေးထွေးစွာဆိုကြိုလက်ခံနေတယ်ဆိုတဲ့အမြင်မျိုး နိုင်ငံတကာက အသိအမှတ်ပြုလာအောင် `စံပြ`နိုင်ငံတခုအဖြစ် ပိုမိုလက်ခံဖို့တိုက်တွန်းလိုပါတယ်…။ မကြာခင်မှာလည်း UNHCRမဟာမင်းကြီး Mr. António Guterres နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဂျပန်သို့ရောက်ရှိမှာဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ်နှင့်တကွ အစိုးရပိုင်းမှတာဝန်ခံများနှင့်တွေ့ဆုံတဲ့အခါမှာလည်း တတိယနိုင်ငံမှာ အခြေချနေထိုင်မယ့်ဒုက္ခသည်များကို ပိုမိုလက်ခံလာဖို့နဲ့ လက်ရှိဒုက္ခသည်လျှောက်ထားသူတွေအပေါ် ငြင်သာပျော့ပြောင်းစွာအသိအမှတ်ပြုဖို့ ပြောဆိုသွားမှာဖြစ်ပါတယ်…”ဟု ပြောဆိုသွားသည်။
ဂျပန်တရားရေးဌာနနှင့် UNHCR(Japan)ထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း ဂျပန်နိုင်ငံတွင် ဒုက္ခသည်လျှောက်ထားသူပေါင်း ၂၁၀၀ ရှိပြီး ၈၀%ကျော်မှာ မြန်မာနိုင်ငံများဖြစ်ကြသည်။

Thursday, November 12, 2009

အမျိုးသား ရေဒီယို ကမ်ပိန်းလှုပ်ရှားမှု စတင်ခြင်း

a
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ( A.B.M.A )
http://sanghaalliance.blogspot.com/
http://allburmamonksalliance.org/

Obama says he wants to visit Hiroshima, Nagasaki



WASHINGTON -- U.S. President Barack Obama has said he would be honored to visit Hiroshima and Nagasaki, the Japanese cities devastated by atomic bombs during World War II.

Obama made the comment in an interview with Japanese public broadcaster NHK on Monday, ahead of his planned visit to Japan.

"The memories of Hiroshima and Nagasaki are etched in the minds of the world and I would be honored to have the opportunity to visit those cities at some point during my presidency," Obama was quoted as saying. He explained that he would not visit the cities on his upcoming visit due to begin Friday because of scheduling restraints.

In a speech in Prague in April, Obama spoke of the United States' "commitment to seek the peace and security of a world without nuclear weapons," and the mayors of Hiroshima and Nagasaki have joined groups representing atomic bomb survivors and other organizations in calling for Obama to visit the two cities. If he does visit the cities during his presidency, he would be the first sitting president to do so. There have been strong arguments in the U.S. against a presidential visit to the cities.

Meanwhile, a high-ranking U.S. government official on Monday indicated that there would be a chance of the president visiting Hiroshima and Nagasaki if he were invited to ceremonies in the cities to make him an honorary citizen, saying he hoped that the cities would bestow such a title on Obama.

(Mainichi Japan) November 10, 2009

အာရှမြို့ကြီးပေါင်း ၁၀ မြို့အနက် ဆွဲဆောင်မှုအရှိဆုံး မြို့အဖြစ် ဘန်ကောက် ရွေးချယ်ခံရ

Asia Network of Majior Cities 21 ANMC 21 အဖွဲ့ဝင် ၁၁ မြို့အနက် ၁၀ မြို့ကို နိုင်ငံခြား ခရီးသည် များအား မဲပေးရွေးချယ် စေခဲ့ရာ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်သည် ဆွဲဆောင်မှု အရှိဆုံးမြို့ အဖြစ် ရွေးချယ်ခံရကြောင်း နိုဝင်ဘာ ၄ ရက်နေ့က ထိုင်း သတင်း ဌာနက ကြေညာခဲ့သည်။ ဆွဲဆောင်မှု အရှိ ဆုံး အစားအစာအဖြစ်လည်း ထိုင်းအစားအစာက ရွေးချယ်ခံရသည်။ ( ANMC 21 ) ၏အဖွဲ့ ၀င်မြို့ များမှာ ဘန်ကောက် ၊ ဒေလီ ၊ဟနွိုင်း ၊ ဂျာကာတာ ၊ကွာလာလမ်ပူ ၊ မနီလာ ၊ဆိုးလ် ၊ စင်ကာပူ ၊တိုင်ပေ ၊ တိုကျို နှင့် ရန်ကုန်တို့ ဖြစ်သည်။ ယင်းသို့ ရွေးချယ်ရာတွင် ရန်ကုန်မြို့ကို ချပ်လှပ်ထားပြီး အခြားမြိုကြီး ၁၀ မြို့မှ ဆွဲဆောင်မှု အရှိဆုံး မြို့ကို ရွေးချယ်စေခဲ့ခြင်း ဖြစ်သည်။ ဒုတိယဆွဲဆောင်မှု အရှိဆုံး မြို့အဖြစ် တိုကျိုက ရွေးချယ်ခံရသည်။ အဆိုပါ မဲပေးရွေးချယ်မှုကို ပြုလုပ်ခဲ့ကြသူများမှာ အောက်တိုဘာ ၃၁ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့ အတွင်း ဘန်ကောက်မြို့ သို့ လာရောက်ခဲ့ကြသည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် ၅၀၀ ဦး တို့ဖြစ်သည် ဟုဆိုသည်။ ( Pyi Myanmar )

Wednesday, November 11, 2009

ကိုကျော်သူဒဿန







ဆရာစွမ်း(မောင်စွမ်းရည်)ပေးပို့လာသောမေးလ်မှ

Sunday, November 8, 2009

Hatoyama presses Myanmar to release Suu Kyi before elections next year

Sunday 08th November, 06:13 AM JST

TOKYO —

Prime Minister Yukio Hatoyama pressed Myanmar on Saturday to release the country’s detained pro-democracy leader Aung San Suu Kyi before it holds general elections next year. In talks with the Japanese leader in Tokyo, Myanmar Prime Minister Gen Thein Sein said that ‘‘any party, any person will be able to take part’’ in the elections in accordance with a law that has yet to be announced, according to a Japanese official.

Hatoyama said that if Myanmar holds democratic elections in ways Japan hopes to see, Tokyo will then be able to strengthen various forms of assistance to the country. ‘‘It’s extremely important Ms Suu Kyi and other political prisoners be set free by the time the general elections are held in 2010,’’ the Japanese prime minister was quoted as saying. Hatoyama said at the same time that given the recent progress being made, including the resump

tion of dialogue between the military government and the Nobel Peace laureate and the improvement in its ties with Washington, Japan will expand, in phases, humanitarian and human resources assistance to Myanmar.

ဖိနပ်ဖြင့်အပေါက်ခံရမည်စိုးသောကြောင့် မြန်မာသံရုံးသို့လာရောက်မည့်အစီအစဉ်ကို ဗိုလ်သိန်းစိန်ဖျက်သိမ်း



မဲခေါင်မြစ်ဝှမ်းအစည်းအဝေးအတွက် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် နအဖစစ်အုပ်စု၏ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အမေရိကန်နိုင်ငံတွင်ကြုံတွေ့ခဲ့ရသည့်အတိုင်း ဖိနပ်နှင့်အပေါက်ခံရမည်ဟုစိုးရိမ်သဖြင့် တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်ရှိ မြန်မာသံရုံးသို့ လာရောက်မည့်အစီအစဉ်ကို ရုတ်တရက်ဖျက်သိမ်းလိုက်ကြောင်းသိရသည်။
နိုဝင်ဘာ(၇)ရက်(စနေနေ့) ညနေ ၅း၃၀အချိန်တွင် မြန်မာသံရုံးသို့လာရောက်၍ သံအမတ်ကြီးဦးလှမြင့်နှင့်တကွ သံရုံးသူ/သားများမှ ဗိုလ်သိန်းစိန်ကို ဂါရ၀ပြုဖို့စီစဉ်ထားကြောင်း မြန်မာ့ဒီမိုကရေစီသမားများမှသိရှိသဖြင့် သံရုံးရှေ့တွင် နေလယ် ၃ နာရီမှစပြီး `လူသတ်စစ်အုပ်စုကိုယ်စားလှယ် သိန်းစိန်အလိုမရှိ`၊ ’Get out Thein Sein’ အစရှိသည့်ဆိုင်းပုဒ်များကိုင်ဆောင်၍ ကြွေးကြော်ဆန္ဒပြဖို့ပြင်ဆင်ထားကြသည်။
နံနက်ပိုင်းတွင်လည်း ဗိုလ်သိန်းစိန်တည်းခိုသည့် ‘New Otani Hotel’ရှေ့တွင် မြန်မာ့ဒီမိုသမားများမှ နံနက် ၉း၀၀ နာရီကတည်းက ပြင်းပြင်းထန်ထန်ဆန္ဒပြဖို့စောင့်ဆိုင်းခဲ့ကြသော်လည်း ဟော်တယ်၏ရှေ့ပေါက်မှမထွက်ပဲ တခြားနေရာမှထွက်ခွာ၍ ဂျပန်ဝန်ကြီးချုပ်ဟာတိုယာမနှင့် သီးသန့်တွေ့ဆုံမည့် ဂျပန်လွှတ်တော်အဆောက်အဦသို့ တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်။
“ကျနော်တို့ လူသတ်ကောင်သိန်းစိန်ကို ဂျပန်ကိုစရောက်ကတည်းက ပြင်းပြင်းထန်ထန်ဆန္ဒပြဖို့ ပြင်ဆင်ထားကြပါတယ်။ ဘယ်လိုပုံစံနဲ့ပဲဆန္ဒပြပြ အားလုံးဟာ မြန်မာ့ဒီမိုကရေစီအရေးကိုလိုလားလို့ မိမိဆန္ဒကိုထုတ်ဖော်ပြသကြတယ်လို့ပဲ ကျနော်တို့သဘောထားပါတယ်။ ဒီနေ့(နိုဝင်ဘာ ၇ ရက်)ဆိုရင် မနက်ကတည်းက သူတည်းခိုတဲ့ ‘New Otani Hotel’ရှေ့တည့်တည့်မှာ ပိတ်စောင့်ခဲ့တယ်။ နေ့လယ် ၁၁း၃၀ အထိ ထွက်လာတာမတွေ့ဘူး။ နောက်တော့ ဂျပန်ဝန်ကြီးချုပ်နှင့် နှစ်ဦးချင်းသီးသန့်တွေ့ဆုံဖို့ ဂျပန်လွှတ်တော်ကိုထွက်သွားပြီလို့သိရတယ်။ အဲဒီ့နေရာအထိ ကျနော်တို့လိုက်ပြီး ဆန္ဒပြခဲ့ကြတယ်။ အခုညနေပိုင်းမှာတော့ ဒီအခွန်ရုံး(မြန်မာသံရုံး)မှာ လာရောက်ပြီး ဂါရ၀ပြုခံမယ်လို့သိရှိရလို့ ကျနော်တို့အားလုံး ဆန္ဒပြဖို့ပြင်ဆင်စောင့်ဆိုင်းနေကြတာ။ ခုနက ကျနော်ပြောခဲ့သလို လူသတ်ကောင်သိန်းစိန် ဂျပန်ရောက်တဲ့အချိန်မှာ ကျနော်တို့ဘက်ကလည်း တာဝန်ကျေကြောင်းပြသတဲ့အနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကန့်ကွက်ဆန္ဒပြသွားမှာဖြစ်တယ်...“ဟု ကိုစောမျိုးခိုင်ရှင်းမှ ပြောကြားသွားခဲ့သည်။
မူလအစီအစဉ်အရ အခွန်ရုံးရှေ့ဆန္ဒပြပွဲကို နေ့လယ် ၃ နာရီမှ ညနေ ၅ နာရီအထိသာစီစဉ်ထားခဲ့ကြသော်လည်း၊ ၅း၃၀ ခွဲတွင် ဗိုလ်သိန်းစိန်ဦးဆောင်သည့် ဂျပန်ရောက် န.အ.ဖကိုယ်စားလှယ်များ ဂါရ၀ပြုခံဖို့လာရောက်မည်ဟု မြန်မာ့ဒီမိုသမားများ သိရှိသွားသဖြင့် မပြန်ကြတော့ပဲ အင်အားတိုးကာ ကန့်ကွက်ဆန္ဒပြဖို့ဆက်လက်လုပ်ဆောင်ကြသည်။
ဂျပန်ရဲများမှလည်း လုံခြုံရေးအင်အားတိုးကာ၊ ဆန္ဒပြမည့်သူများထက် ၃ ဆနီးပါးချထားခဲ့ပြီး၊ အဓိကရုဏ်းဖြိုခွဲရေးရဲများ၊ ရဲမှတ်တမ်းသတင်းထောက်များနှင့်တကွ ရှင်နာဂါဝါရဲမှူးကြီးကိုယ်တိုင်လာရောက်၍ မြန်မာသံရုံးလုံခြုံရေးအတွက် ကွပ်ကဲဆောင်ရွက်ခဲ့သည်။
ဆန္ဒပြမည့်သူများကိုလည်း မြန်မာသံရုံးနှင့် ကိုက် ၁၀၀ အကွာတွင်သာဆန္ဒပြဖို့ပြောဆိုခဲ့ပြီး၊ လိုက်နာမှုမရှိပါက ယခင်ပုံစံများအတိုင်း အင်အားသုံးဖြေရှင်းမည်ဖြစ်ကြောင်း အသိပေးပြောဆိုသည်။ ထို့အပြင် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ဗိုလ်ခင်ညွှန့်လာခဲ့စဉ်အချိန်က လက်စလက်နရှိခဲ့သည့်သူများ၊ ဗိုလ်ဋ္ဌေးဦးလာခဲ့စဉ်က ခွပ်ဒေါင်းအလံလွှင်ထူခဲ့သူများနှင့် ဂျပန်လုံခြုံရေးတာဝန်ခံများ၏ အထူးသတိထားစောင့်ကြည့်စာရင်းထဲတွင်ပါဝင်သည့် မြန်မာ့ဒီမိုသမားများကို လူတစ်ဦးလျင် လုံခြုံရေးရဲ ၄ ဦးခြံရံ၍ သွားလေရာနောက်သို့ တစ်ကောက်ကောက်လိုက်ပါစောင့်ကြည့်ခဲ့ကြသည်။ ဆိုင်းပုဒ်ကိုင်ပြီး ဆန္ဒပြမည့်သူများကိုလည်း ခရမ်းချဉ်သီး၊ ဖိနပ်၊ ရေးဗူးအစရှိသည့် ပစ္စည်းကိရိယာများပစ်ပေါက်ခြင်းမပြုလုပ်ကြရန် ရဲမှူးကြီးကိုယ်တိုင်က လာရောက်ပြောဆိုသည်။
ည ၉း၃၀ အထိ မြန်မာ့ဒီမိုသမားများမှ ကန့်ကွက်ဆန္ဒပြဖို့ စောင့်ဆိုင်းခဲ့ကြသော်လည်း ဗိုလ်သိန်းစိန်အဖွဲ့သည် မြန်မာသံရုံးသို့ လာရောက်ကြည့်ရှု၍ ဂါရ၀ပြုခံမည့်အစီအစဉ်ကို ဖျက်သိမ်းသွားကြောင်း ဂျပန်နိုင်ငံခြားရေးရုံးမှတာဝန်ခံများ၏အကြောင်းကြားချက်အရ လုံခြုံရေးယူထားသည့်ရဲများနှင့်တကွ၊ ကန့်ကွက်ဆန္ဒပြမည့်သူများပါ ည ၁၀ နာရီကျော်ကျော်တွင် ရုပ်သိမ်းသွားခဲ့ကြသည်။
နအဖစစ်အုပ်စု၏ အဆင့်မြင့်ကိုယ်စားလှယ်များသည် ဂျပန်သို့ရောက်တိုင်း တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်ရှိ မြန်မာသံရုံးသို့ လာရောက်ကြည့်ရှုစစ်ဆေးရစမြဲဖြစ်ပြီး “မြန်မာသံရုံးဝန်ထမ်းများ၏ ဂါရ၀ပြုပွဲ“ဟု ဆိုင်းပုဒ်တပ်ကာ တန်စိုးလာဒ်ဆောင်ပေးအပ်ခြင်းကို ကျေကျေနပ်နပ်ကြီးယူကြစမြဲဖြစ်သည်။ ဗိုလ်သိန်းစိန်လက်ထက်ကျမှ မိမိအား မြန်မာ့ဒီမိုကရေစီလိုလားသူများနှင့် မြန်မာ့အရေးကိုထောက်ခံသည့် ဂျပန်လူမျိုးတို့မှ ပြင်းပြင်းထန်ထန်ကန့်ကွက်ခံရမည်ကို စိုးရိမ်ကြောင့်ကျသဖြင့် မြန်မာသံရုံးသို့လာရောက်မည့်အစီအစဉ်ကိုဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

ပြုတ်သွားပြီး နေအိမ်အကျယ်ချုပ်အချခံထားရသည့် နအဖ၀န်ကြီးချုပ်ဟောင်း ဗိုလ်ခင်ညွန့်လာရောက်ခဲ့စဉ်အချိန်တုန်းက မြန်မာသံရုံးသို့ ဂါရ၀ပြုခံဖို့လာသည့်အချိန်တွင် မြန်မာ့ဒီမိုသမားအချို့မှ ဟိုင်းဝေးလမ်းမပေါ်အထိ သက်စွန့်ဆံဖျားသွားရောက်ပြီး ဗိုလ်ခင်ညွန့်ကားကို ခွပ်ဒေါင်းအလံနှင့်ဖုံးအုပ်ခြင်း၊ ဗိုလ်ခင်ညွန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဗိုလ်ဝင်းအောင်(ကွယ်လွန်)ကို တစ်ရှုးဖြင့်အနီးကပ်ပစ်ပေါက်ခြင်းများ ပြုလုပ်၍ ဆန္ဒပြခဲ့ကြသည်။ သံရုံးရှေ့တွင်လည်း ဆန္ဒပြသူအင်အားရာနှင့်ချီကာ ပိတ်ဆို့ကန့်ကွက်ဆန္ဒပြခဲ့မှုကြောင့် ဗိုလ်ခင်ညွန့်အကြီးအကျယ်စိတ်ဆိုးကာ မြန်မာသံရုံးဝန်ထမ်းများကို ကြိမ်းမောင်းဆဲဆိုခြင်း၊ ဂျပန်ရဲများ၏လုံခြုံရေးအားနည်းကြောင်း ဂျပန်ဝန်ကြီးချုပ်(ဟောင်း) ကိုအိဇူမိနှင့်တွေ့ဆုံစဉ်တိုင်တန်းပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်။
ဗိုလ်သိန်းစိန်သည်လည်း ယခင်ဝန်ကြီးချုပ်ဟောင်းဗိုလ်ခင်ညွန်လိုပုံစံမျိုး မိမိကားအား ခွပ်ဒေါင်းအလံနှင့်ဖုံးအုပ်ခြင်း၊ ဖိနပ်၊ ရေးဗူး၊ အမှိုက်သရိုက်အစရှိသဖြင့် တစုံတခုသော ပစ္စည်းကိရိယာနှင့် ပစ်ပေါက်ခံရခြင်းရှိခဲ့ပါက အရှက်တကွဲဖြစ်ကာ၊ ကံနိမ့်သည်ဟုယူဆသဖြင့် သံရုံးသို့လာရောက်မည့်အစီအစဉ်ကို ယခုလိုမျိုးရုတ်တရက်ဖျက်သိမ်းလိုက်ခြင်းဖြစ်နိုင်ကြောင်း ဂျပန်ရှိ မြန်မာ့ဒီမိုသမားများမှ သုံးသပ်ပြောဆိုကြသည်။

Tuesday, November 3, 2009

ဂျပန်- မဲခေါင် ချစ်ကြည်မှုဖလှယ်ရေး အစီအစဉ် မြန်မာသတင်းစာဆရာ ၁၉ ဦး ဂျပန်သို့ ရောက်ရှိ

အရှေ့အာရှနိုင်ငံအသီးသီးတို့တွင် နောင်အနာဂတ်၌ အရေးပါသော တာဝန်များ

ကို ထမ်းဆောင်သွားမည့်မျိုးဆက်သစ်လူငယ်များအကြား၌ အချင်းချင်းနားလည်မှု ပို

မိုရရှိစေနိုင်ရန် ရည်ရွယ်သော၂၁ရာစု အရှေ့အာရှလူငယ် ကျောင်းသားချစ်ကြည်မှုဖ

လှယ်ရေးအစီအစဉ် (JENESYS) သို့ သွားရောက်ရန် မြန်မာနိုင်ငံရှိသတင်မီဒီယာများ

မှ သတင်းစာဆရာ ၁၉ဦးဂျပန်နိုင်ငံသို့ အောက်တိုဘာ၂၈ရက် နေ့တွင် ထွက်ခွာသွား

သည်။ JENESYS သို့ မဲခေါင်ငါးနိုင်ငံမှ တစ်နိုင်ငံလျှင်သတင်းစာဆရာ ၂၀ ဦးစီတက်

ရောက်ကြရမည် ဖြစ်သော်လည်းမြန်မာနိုင်ငံမှ ၁၉ဦးသာ တက်ရောက်၍ ပေါင်း၉၉ဦး

တက်ရောက်မည်ဖြစ်ကြောင်း ၎င်းတို့သည် ဂျပန်နိုင်ငံသို့ အောက်တိုဘာလ ၂၈ရက်

နေ့မှ နိုဝင်ဘာလ ၈ရက်နေ့အထိ ၁၂ရက်ကြာသွားရောက်ကြမည်ဖြစ်ကြောင်း၊ဂျပန်

နိုင်ငံရှိ မီဒီယာများ၊ ယဉ်ကျေးမှုနေရာများနှင့်ဂျပန်နိုင်ငံ၏ပညာရေးအကြောင်းတို့ကို

လေ့လာကြမည်ဖြစ်ပြီး ဂျပန်မိသားစုနေအိမ်များ၌ နေထိုင်ခြင်း၊တိုယိုတာကားပြခန်း

လေ့လာခြင်း စသည့် အတွေ့အကြုံများ ရရှိမည်ဖြစ်ကာ မဲခေါင် ငါးနိုင်ငံ အချင်းချင်း

ချစ်ကြည်နှီးနှောဖလှယ်ကြမည်ဖြစ်ကြောင်းအာဆီယံအသင်းဝင်နိုင်ငံများ၊သြစတြေး

လျ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ၊ နယူးဇီလန်၊ ကိုရီးယားနိုင်ငံတို့ကိုအဓိက

ထား၍လာမည့် ငါးနှစ်အတွင်းနှစ်စဉ် လူငယ် ၆၀၀၀ ခန့်ကို ဂျပန်နိုင်ငံသို့ ယန်းသန်း

ပေါင်း ၃၅,၀၀၀ ကုန်ကျခံဖိတ်ခေါ်မည့် ချစ်ကြည်မှုဖလှရေး အစီအစဉ် အကောင်အ

ထည်ဖော် ဆောင်ရွက်မှုအရ ၂၀၀၇ ခုနှစ်မှ စတင်၍ JENESYS ကိုစတင်ခဲ့ခြင်း ဖြစ်

ကြောင်း ၂၀၀၉ ခုနှစ် နိုဝင်ဘာ၂ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်တွင်

ဖော်ပြထားပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More