This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 30, 2012

အိမ်ဝေး ရွှေများသို့


"အိမ်ဝေး ရွှေများသို့ "

 မြန်မာပြည်ရှိရာ
 ခေါင်းပြုအိပ်ကြ

 သေသူတွေကို
 ဂုဏ်ပြုကြ

ရှင်သူတွေချင်း
 ရိုင်းပင်းကြ
အာရုဏ်ဦး မီးပုံပွဲ
ဆင်နွှဲကြ …။ ။

 ကိုကိုကြီး
ငါတို့အိပ်မက် ကဗျာစာအုပ် မှ

ဂျပန်တွင် စတင်ကျင့်သုံးတော့မည့် Zairyu Card နှင့် သိသင့်သိထိုက်သည့် အကြောင်းအရာများ




၇ လပိုင်း ၉ ရက်နေ့မှာ စတင်အသက်ဝင် ကျင့်သုံးတော့မယ့် Zairyu(သို့) I.CCardကဒ်အကြောင်း မေးလာတဲ့မေးခွန်းတွေကိုရော ဒီဥပဒေအသစ်အပေါ် သုံးသပ်ရေးထားထားတဲ့ Zairyu Card(သို့မဟုတ်)I.C Card အကြောင်းသိကောင်းစရာများ အပါအ၀င် ဂျပန်ရောက်မြန်မာများအားလုံး သိသင့်သိထိုက်တဲ့ အချက်အလက်များကို မိုးသောက်ကြယ် ဂျာနယ်မှ အစဉ်တစိုက်ရေးသားဖော်ပြလာခဲ့တာ သတိထားမိကြမှာပါ။

၇-၉ဥပဒေသစ်ဟာ တောင်မင်း မြောက်မင်း မကယ်နိုင်လောက်အောင် တင်းကြပ်တော့မှာဖြစ်လို့ ဂျပန်ရောက် မြန်မာများအားလုံး အထူး သတိ ၀ီရိယရှိကြဖို့၊ မပေါ့ဆကြဖို့တဲ့ ဒီဥပဒေသစ်ရဲ့ အားနည်းချက် အားသာချက်များကို လေ့လာမှတ်သားပြီး မိမိအနေနဲ့ ဘာလုပ်သင့်သလဲ..။ ဘာတွေဆောင်ရမယ်၊ ဘာတွေရှောင်ရမယ်ဆိုတာကို သဘောပေါက်နားလည်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ စေတနာအမှန်နဲ့ တင်ပြပေးခဲ့ပါတယ်။

၇-၉ဥပဒေသစ်နှင့် ပတ်သက်လို့ မေးလာတဲ့ မေးခွန်းတွေကို ပြန်လည်ဖြေဆိုပေးထားတဲ့ အကြောင်းအရာကို အများသိရှိသဘောပေါက်အောင် တင်ပြပေးလိုက်ပါတယ်။
မေး-
(က)ဂျပန်အစိုးရအနေနဲ့ နိုင်ငံခြားသားတွေကိုထုတ်ပေးတဲ့ ဗီဇာအမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ။ (ခ)ခုချိန်မှာ ဒုက္ခသည်လျှောက်မယ်ဆိုရင် ရနိုင်ပါသလား။ 
(ဂ)ဒုက္ခသည်အဖြစ် နေထိုင်ခွင့် ရရှိထားသူတွေအနေနဲ့ ၇-၉ ဥပဒေချိုးဖျောက်မိရင်ရော ပြန်ပို့ခံရမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား...

ဖြေ-
(က)မေးခွန်းကိုဖြေရမယ်ဆိုရင်

ဂျပန်အစိုးရအနေနဲ့ နိုင်ငံခြားသားတွေကိုထုတ်ပေးတဲ့ ဗီဇာအမျိုးအစား အခြေခံအားဖြစ် ၇ မျိုးရှိပါတယ်။
နားလည်အောင် ဇယားကွက်နဲ့ ဖော်ပြရမယ်ဆိုရင်ဖြင့်

Visa Category                       Status of Residence                                     term of Residence

(1)Diplomatic Visa                       Diplomat                                                       during mission

(2)Official Visa                            Official                                                          during mission

(3)Working Visa                           Professor                                                           
                                                    Artist
                                                    Religious Activities
                                                    Journalist
                                                    Investor/Business Manager
                                                    Legal/Accounting Services
                                                    Medical Services
                                                    Researcher
                                                    Instructor
                                                    Engineer
                                                    Specialist In Humanities/International Services
                                                    Inter company Transferee
                                                    Entertainer
                                                   Skilled Labor

(4)Temporary Visitor's Visa        Temporary Visitor#                                                                    

(5)Transit Visa                            Temporary Visitor#

(6)General Visa                           Cultural Activities#
                                                   College Student#
                                                    Pre college Student#
                                                    Trainee#
                                                    Dependent#

(7)Specified Visa                          Designated Activities+
                                                    Spouse or Child of Japanese National
                                                    Spouse or Child of Permanent Resident
                                                    Long-Term Resident

#Statuses of residence not Permitting work.

မှတ်ချက်- Permanent Resident ဖြစ်သွားပါက ဗီဇာသက်တမ်းတိုးစရာမလိုတော့ပါ..

(ခ)မေးခွန်းကိုဖြေရမယ်ဆိုရဖြင့်-

ဂျပန်နိုင်ငံဟာ ၁၉၈၁ ခုနှစ်ကတည်းက ဂျနီဗာကွန်းဗင်းရှင်းစာချုပ်ထဲမှာ လက်မှတ်ရေးထိုးထားတဲ့အတွက် ဒုက္ခသည်လျှောက်တာကို လက်မခံဘူးဆိုတာ လုပ်လို့မရပါဘူး။ အသိအမှတ်ပြုမယ် မပြုဘူးဆိုတာပဲ လုပ်ပါတယ်။
သို့ပေမယ့် ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့နဲ့ ဧပြီလ ၂၂ ရက်နေ့မှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ ရှေ့နေကြီး ဆရာ Watanabe ရှင်းပြချက်အရ မြန်မာနိုင်ငံရေးဖြစ်စဉ်ပေါ်ကြည့်ပြီး ဂျပန်လ၀ကအနေနဲ့ ဒုက္ခသည်လျှောက်ထားတဲ့ မြန်မာတွေကို အရင်လိုမျိုးဘုန်းပေါလအော အလွယ်တကူအသိအမှတ်ပြုတော့မှာ မဟုတ်တာသေချာပါတယ်။ လူသားချင်းစာနာမှုကြောင့်ပေးပါတယ်ဆိုတဲ့ Designated Activities ဗီဇာလည်း ရရှိဖို့ ခက်ခဲမှာဖြစ်ပါတယ်။
(လုံးဝမရတော့ဘူးဟု မသတ်မှတ်ကြပါနဲ့။ ယခုလဆန်းပိုင်းအတွင်းကပဲ မြန်မာတစ်ဦး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရပါတယ်။ နာမည်မဖော်ပြတော့ပါ)

(ဂ)မေးခွန်းကိုဖြေရမယ်ဆိုရင်

အမိနိုင်ငံပြန်ရင် ဖမ်းဆီးနှိပ်စက်ခံရမှာဆိုးလို့(ဘာသာရေးကြောင့်ဖြစ်စေ၊ နိုင်ငံရေး၊ စီးပွားရေး၊ အသင်းအဖွဲ့၊ လူမျိုးနွယ်စု၊ အခြားအကြောင်းကြောင့်ဖြစ်စေ)ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူများအနေနဲ့ ၇-၉ ဥပဒေသစ်ကို ချိုးဖောက်ကြောင်း တွေ့ရှိတယ်။ လိုက်နာခြင်းအလျဉ်းမရှိဘူး..ဆိုရင် အများနည်းတူ ပြန်ပို့ခံရမှာဖြစ်ပါတယ်။
ဒါအပြင် ဥပဒေသစ်ထဲမှာ ပြဌာန်းထားတဲ့ ဒုက္ခသည်ဗီဇာ၊ လက်ထပ်ဗီဇာ၊ အထူးနေထိုင်ခွင့်(S.S)ဗီဇာ၊ Work Mermit  ဗီဇာအစရှိသည်တို့ကို လိမ်လည်လှည့်ဖြား၍ ရယူထား ကြောင်းကို တိုင်ကြားခံရလျင်သော်လည်းကောင်း(သို့တည်းမ ဟုတ်) စုံစမ်းတွေ့ရှိလျင်သော်လည်းကောင်း လဝကအရာရှိများမှ ပြန်လည်စီစစ်ခြင်းခံရမှာဖြစ်ပါတယ်။ ဟုတ်မှန်ကြောင်းတွေ့ရှိပါက နေထိုင်ခွင့်ဗီဇာရုပ်သိမ်းခံရမှာဖြစ်ပါတယ် လို့ အသိပေးထားပါတယ်။

သိထားရမယ့်အချက်က သင်ဟာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလောက်တဲ့ အကြောင်းအချက်ညီညွတ်လို့၊ ခိုင်လုံလို့ ဂျပန်တရားရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတာ မှန်ပေမယ့် ဥပဒေချိုးဖောက်ရင် ဂျပန်နိုင်ငံသားနည်းတူ အရေးယူအပြစ်ပေးခံရမယ်လို့ အစောကြီးကတည်းက ပြောဆိုထားပါတယ်။
အခု ၇-၉ ဥပဒေသစ်မှာတော့ အရေးယူအပြစ်ပေးခံတဲ့အဆင့်ထက်ကျော်လွန်သွားပါက ပြည်တော်ပြန်ပို့ခံရမှာဖြစ်ပါတယ်..

ရောမရောက်ရင် ရောမလိုကျင့်ရမယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဂျပန်ရောက် မြန်မာနိုင်ငံသူ/သားများအားလုံး ဇူလိုင်လ ၉ ရက်(တနင်္လာနေ့)မှာ စတင်အသက်ဝင်ကျင့်သုံးတော့မယ့် ဇိုင်းလျူးကဒ်စနစ်သစ်အရ အမှားအယွင်းမရှိအောင်နေထိုင်ကျင့်ကြံစေလိုပါတယ်..။

ကာယသုက္ခ၊ စိတ္တသုက္ခများနှင့်ပြည့်စုံပြီး မိမိရည်ရွယ်ချက်ပန်းတိုင်ရောက်သည်အထိ အောင်မြင်အောင် ကြိုးစားတဲ့စိတ်ဓါတ်မွေးကာ သတိရှိရှိနဲ့ ၇-၉ ဥပဒေသစ်ကို ရင်ဆိုင်ကျော်ဖြတ်နိုင်ပါစေလို့ ဆန္ဒပြုလျက်-

စိုးဝင်းရှိန်
(မိုးသောက်ကြယ်ဂျာနယ် တာဝန်ခံအယ်ဒီတာ)

 မိုးသောက်ကြယ် ဂျာနယ်မှာ ဖော်ပြပေးခဲ့တဲ့  Zairyu card နှင့် ပတ်သက်သည့် အကြောင်းအရာ အပိုင်း ၁ မှ အပိုင်း ၃ကို စုစည်းဖော်ပြထားတဲ့ ပို့စ်ကို http://www.moethaukkye.co.cc/2012/06/zairyu-cardic-card.html  မှာ သွားရောက်ဖတ်နိုင်ပါတယ်။

 

ကြိုဆိုပါ၏


အခန်းတံခါး
အိမ်သားတွေအတွက်
မဟုတ်ပါ။

 နေအိမ်တံခါး
 မိတ်ဆွေများအတွက်
မဟုတ်ပါ။

ဝင်းခြံတံခါးကတော့
အရံအတားပေါ့ဗျာ
ကဲ.....
ခင်ဗျားကရော
ဘယ်နားထိအောင် လာမှာလဲ။ ။

ကိုကိုကြီး

ဟောပြောပွဲ


First Weekly ဂျာနယ် မှာ လက်စွမ်းပြထားတဲ့ ကာတွန်းမောင်ရွှေဝင်း ရဲ့ တစ်ကွက်စာ ကာတွန်းလေးပါ။

Burma မသုံးစွဲရန် ဒေါ်အောင်ဆန်းစုကြည် ထပ်မံသတိပေးခံရ



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ အပါအ၀င် ဥရောပခရီးစဉ်များ၌ မြန်မာနိုင်ငံ၏ အမည်ကို Burma ဟု သုံးစွဲပြောဆိုနေခြင်းနှင့် ပတ်သက်ပြီး မသုံးစွဲရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေး လိုက် သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်နှင့်အညီ Myanmar ဟု သုံးစွဲရန် ဖြစ်ကြောင်း၊ NLD သည် ပါတီများမှတ်ပုံတင်ခြင်း ဥပဒေပါ “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာရေး”ဆိုသည့် အချက်အား ပါတီ မှတ်ပုံတင် လျှောက်ထားစဉ်ကပင် ၀န်ခံချက်ပြုထားပြီး ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ သတိပေး ထုတ်ပြန်ချက်ကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလကုန်ပိုင်းက ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ညီလာခံ(WEF)၌ မိန့်ခွန်းပြောကြား ရာတွင် မြန်မာနိုင်ငံကို “Burma”ဟု သုံးနှုန်းပြောဆိုသွားသောကြောင့် ဇွန်လ ၁ ရက်နေ့က အသိပေးထားပြီးဖြစ်ကြောင်း၊ သို့သော် လက်ရှိသွားရောက် နေသည့် ဥရောပခရီးစဉ်အတွင်း မိန့်ခွန်းများပြောကြားရာတွင်လည်း မြန်မာနိုင်ငံကို “Burma”ဟု ဆက်လက် သုံးနှုန်းပြောဆိုနေခြင်း ကြောင့် ထပ်မံသတိပေးရခြင်း ဖြစ်ကြောင်းလည်း သတင်းစာက ဆိုသည်။
NLD ပြောခွင့်ရသူ တဦးဖြစ်သည့် ဦးဉာဏ်ဝင်းကမူ“Burma လို့ သုံးနှုန်းလိုက်တာနဲ့ အခြေခံဥပဒေကို မလေးစားတဲ့ သဘော မသက်ရောက် ပါဘူး”ဟု AP သတင်းဌာနသို့ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၃ ရက်က စတင်၍ ဥရောပ နိုင်ငံများသို့ သွားရောက်နေခြင်းဖြစ်ပြီး ယနေ့တွင် ခရီးစဉ် ပြီး ဆုံး၍ မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်ကလည်း “ဥက္ကဌ (ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင်လာမှ သူ ဘယ်လိုကြောင့် Burma လို့ သုံးတယ်၊ ဘယ်နေရာမှာ သုံးတယ်ဆိုတာ ပြောလိမ့်မယ်လို့ ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခင် န၀တ စစ်အစိုးရက ၁၉၈၉ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ၏ အမည်ကို Burma ဟု သုံးစွဲနေခြင်းမှ Myanmar ဟု ပြောင်းလဲ သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ယခင် ရန်ကုန်မြို့ကို Rangoon ဟု သုံးစွဲနေခြင်မှ Yangon ဟုလည်းကောင်း၊ ရန်ကုန်မြို့ရှိ တခြား အင်္ဂလိပ် အမည် မှည့်ခေါ်ထားသော လမ်းအမည်များကိုလည်း မြန်မာ အမည်သို့ ပြောင်းလဲခဲ့သည်။
ဇွန်လ ၁၇ ရက်က နော်ဝေ နိုင်ငံတွင် ပြုလုပ်သည့် အော်စလို ဖိုရမ် တွင် ဒေါ်အောင်ဆန်းစုကြည်က န၀တ စစ်အစိုး၏ နိုင်ငံ အမည် ပြောင်းလဲလိုက်သည့် ပုံစံကို မကြိက်နှစ်သက်၍ Burma ဟု ဆက်လက် သုံးစွဲနေခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
“ကျမ ဗမာနိုင်ငံလို့ ဆက်လက် ခေါ်နေရတာဟာ မြန်မာနိုင်ငံဆိုတဲ့ နာမည်ကို မကြိုက်လို့ မဟုတ်ပါဘူး။ ပြောင်းလိုက်တဲ့ ပုံစံကို မကြိုက် လို့ပါ။ SLORC (နဝတ) အစိုးရဟာ ဘယ်သူ တဦးတယောက်ကိုမှ မတိုင်ပင်ပါဘဲနဲ့ ပြည်သူ့ အခွင့်အရေးတွေကို ချိုးဖောက် ပြောင်းလဲလိုက်တဲ့ လုပ်နည်းလုပ်ဟန်ကို မနှစ်သက်လို့သာ ဗမာနိုင်ငံလို့ ဆက်လက်ခေါ်ဆိုနေတာပါ။ မိမိတို့ နိုင်ငံအပေါ် ကမ္ဘာကြီး က ဘယ်လိုနာမည်နဲ့ တွဲ သိမလဲဆိုတာ စိတ်တိုင်းကျ ရွေးချယ်ဖို့ အခွင့်အရေး ပြည်သူမှာ ရှိနေတာကို နဝတ အစိုးရက ချိုးဖောက်ခဲ့တာ၊ ဥပက္ခာပြုခဲ့တာပါ”ဟု  ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

သတင်း :ဧရာဝတီ  
 



Wednesday, June 27, 2012

ပြည်သူ့သမီး ၆၇ နှစ်



 ပြည်သူ့သမီး ၆၇ နှစ် 
 ေ ရ း သူ - ေ မ ာ င် စွ မ်း ရ ည် 

သူ့ခင်ဗျာ မိဘမရှိရှာ
မိခင်လည်း ဆုံး၊ ခင်ပွန်း ဆုံးတော့
လုံးချင်းတကိုယ်၊ အိမ်အိုကြီးမှာ
တဦးသာ။

သူ့မှာ သား နှစ်ယောက်
တယောက်က အင်္ဂလန်မှာ
တယောက်က အမေရိကန်မှာ
သူနေတာက မြန်မာပြည်။



မိတကွဲ၊ ဖတကွဲ၊
လင်တကွဲ၊ သားတကွဲ
တကွဲစီနေ ဗမာမြေမှာ
ကန်ခြေက အိမ်အိုကြီးမှာ
မီးမလာလဲ တယောက်ထဲ
ရေမလာလည်း တယောက်ထဲသာ။

အိပ်ယာဝင်လည်း ဘုရားတရား
အိပ်ယာထလည်း ဘုရားတရား
စန္ဒယားသာ ဖျော်ဖြေရာ။

သို့သော် သူ့မှာ
မြန်မာပြည်သား ပြည်သူများက
သူ့မိသားစု
သူ့ရဲ့ အဖေ၊ သူ့ရဲ့ အမေ
အကိုတွေ မောင်တွေ
ညီမ အမတွေ
တောနေ မြို့နေ
ဝေးနေ နီးနေ
တပြေလုံးမှာ အားလုံးဆွေမျိုး
အဖိုး အဖွား၊ အားလုံး ရှိတယ်
ဘယ်အခါမှ အဖော်မမဲ့
ဆွေလည်း မမဲ့ မျိုးမမဲ့။

ယခု သူ့အသက် ၆၇
နောက် ၁၀ နှစ်မှာ ၇၇
နောက် ၁၀ နှစ် လည်း နောက် ၁၀ နှစ်
၈၇ ပြီး ၉ ၇
၁၀၀ လွန်လည်း ပြည်သူ့ထဲက သမီးစု
ပြည်သူ့ထဲက အမေစု
ပြည်သူ့အကျိုး ဆထက်တိုး
ကောင်းကျိုးအထွေထွေ မွန်စေသော်
ဒေါင်အိုးတဝေေ၀ တွန်စေသော်ဝ်။ ။

-ေ မာ င် စွ မ်း ရ ည်
ဇွန် ၁၉ ၊ ၂၀၁၂

  
ဒီဇိုင်း ကိုမျိုး

သွေးချင်းရင်းနှီးစေချင်သည် (ကိုအောင်ဆန်းဦးသို့)



အစ်ကို နှင့် နှမအရင်း
သွေးချင်းတူကြပေမယ့်
နှမကပြည်သူ့ဒုက္ခ အ၀၀ကို
နအဖ၀ဲသြဂမှ မုချလွတ်မြောက်အောင်
စွမ်းဆောင်နေခိုက်ဝယ်…..။

လူမိုက်အစ်ကိုမှာတော့
အကိုကြီး အဖအရာက မနေဘဲ
မြေနိမ့်ရာလှံစိုက်
နှမအကျယ်ချုပ်ခံနေခိုက်မှာ
အမိုက်မ မယားစကား
နားယောင်သွားပြီး
အမှားတထောင်မှားအောင်
ရန်အမျိုးမျိုးထောင် အိမ်တဆောင်
မီးတပြောင်နေတာကိုပင်မကြည့်ရက်
ရုံးတက်တရားစွဲ နှမအကျိုးနဲအောင်
လုပ်ဆောင်ရက်ပေတယ်…။

ဆဒ္ဒန်ဆင်မင်းဝတ္ထုလာ
အောင်ဆန်းဦးကြင်ရာခမျာ
မိဖုရားသုဘဒ္ဒါပမာ
သူ့လင်တော်မောင်ရင်ခွင်ကြား
ခေါင်းဝှက်ထားပြီး ဒီအိမ်မှမရလျှင်
သူ့ရင်တွေကွဲ သေပွဲဝင်ရပါတော့မယ်လို့
အတို့အထောင် အညှို့ဆောင်ပြီး
မောင်တော်ဘုရား အရည်ပျော်သွားအောင်
သွေးဆောင်ဖြားယောင်း
အမူကောင်းလေတော့
ဖယောင်းလိုပျော့ အကောင်းအဆိုး
အကြောင်းအကျိုးတွေမဝေဖန်နိုင်တော့
မယား(လဲ့လဲ့နွယ်သိန်း)ကြိုးကိုင်ရာ
ထကရှာပါတော့တယ်…။

ပြောပါများမယားစကားအောင်ဆိုပေငြားလည်း
ယောက်ျားရင့်မာကြီးတယောက်
သမိုင်းတလျှောက်မှာ ဂုဏ်ရောင်တောက်ခဲ့တဲ့
ဘေးတော် မင်းကြီးရွှေလရောင် အဆောင်အခန်းခန်း
အခေါင်မမြန်းခင်က အောင်ပန်းညှို့ရရှာတဲ့
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
ဤမျှဂုဏ်ရောင်ဝင့်လျှမ်း
တင့်ဆန်းသူတွေရဲ့မျက်နှာတော်ကိုမှမထောက်
မယားကြောက်အသွင်နဲ့
သမိုင်းမှာအမဲစက်အထင်ခံနိုင်တာကို အံ့ရော
အံ့သြကုန်နိုင်ဖွယ်ပါ…။

သွေးချင်းတူပါလျက်
ဘယ့်အတွက်ကြောင့်သတ္တိချင်းကွာရမှာလဲ
နောက်မကျသေးပါ
ဒေါ်စုနိုင်ငံခြားမှပြန်လာတဲ့အခါ
မကြည်သာတဲ့အမှုကိုရုပ်သိမ်း
စိမ်းကားတဲ့အမူရာတွေဖျောက်
ရွှင်မြောက်အားရတဲ့လက်နဲ့
နှမတော်ကိုဖက်ပြီး ရှေ့ဆက်ရမယ့်
ဒီမိုကရေစီခရီးလမ်းကို စိတ်တူညီတူစွာနဲ့
ကြည်ဖြူစွာလှမ်းကြရင် မကောင်းပေဘူးလားဗျာ…။

တက္ကသိုလ်ဘုန်းကြွယ် (ဇွန် ၂၅ ၂၀၁၂)

ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံရသော ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီး


ဗြိတိန်နိုင်ငံအပါအ၀င် ဥရောပ ၅ နိုင်ငံသို့ ၁၇ ရက်ကြာ သွားရောက် နေသော ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပခရီးသည် သူမအား ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် မှတ်ကျောက်တင် အသိအမှတ်ပြု ခြင်းခံရသည့် ခရီးစဉ် တစ်ခုဖြစ်ခဲ့သည်။

ဧည့်သည်ကြီး

Photo Cerdit by Shwe Maw Kunn Magazine




“ဧည့်သည်ကြီး”
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ။
 

ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲ ၀င်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။

about tin moe

Photo cerdit by Shwe Maw Kunn Magazine

Early life
Tin Moe ( was born Maung Ba Gyan in the village of Kanmyèzagyan in Taungtha Township, Myingyan, Mandalay Division. He received his early education at a Buddhist monastery, and attended school at the town of Yezagyo. His reputation preceded him when he went on to study at the University of Mandalay at the request of faculty members who had been impressed by an essay he wrote for the matriculation exam. He was already a published poet under the pen name Kan Myè Nan Myint Nwe in the Ludu Journal of Mandalay.

Monday, June 25, 2012

အညတရသူရဲကောင်းဆုရရှိသူ ဆုရှင် (၅) ဦးအား ဆုချီးမြှင့်ပေးအပ်


 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက် မွေးနေ့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) အခမ်းအနားတွင် တတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုရရှိသူ ဆုရှင် (၅) ဦးအား ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။ 

နွေအကုန်ဆောင်းအကူးမှာလှုပ်ခတ်မယ့် အင်အားပြင်းငလျင်အတွက် ဂျပန်ရောက်မြန်မာများ အတွက်ဆောင်ရန်၊ ရှောင်ရန်များ ပို့ချပေးမည်

ဂျပန်ရှိ မြန်မာများခင်ဗျား..

ယခုနှစ် နွေအကုန်ဆောင်းအကူးမှာလှုပ်ခတ်မယ့် (ပြင်းအား ၇.၃ အဆင့်ရှိ) အင်အားပြင်းငလျင်အတွက် ဂျပန်ရောက်မြန်မာများလည်း ဆောင်ရန်၊ ရှောင်ရန်နဲ့ ကြိုတင်ကာကွယ်နည်းများ အပါအ၀င် ရှေးဦးသူနာပြုနည်း၊ အရေးပေါ်အသက်ကယ်နည်းများနဲ့ စုရပ်(သို့)စုံရပ်တွေ အားလုံးသိရအောင် တာကာဒါနိုဘာဘာ ဘူတာအနီးရှိ ရှင်းဂျူးကုမီးသတ်တွင် ကျွမ်းကျင်သည့် မီးသတ်အရာရှိများမှ ရှင်းလင်းသင်ကြားပို့ချမည့်အ...စီအစဉ်ကို ယခင်က ဇွန်လ ၂၄ ရက်(တနင်္ဂနွေနေ့)တွင် ပြုလုပ်ဖို့ စီစဉ်ထားသော်လည်း မီးသတ်နှင့် မြို့နယ်ရုံးမှ အချိန်နှင့် ရှင်းလင်းပို့ချပေးမည့်သူများ၏ အခက်အခဲများကြောင့် အောက်ပါအတိုင်းပြောင်းလဲလိုက်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်တဲ့အိမ်ကို အကိုဖြစ်သူ အမေရိကန်နိုင်ငံသားအား အမွေတဝက် ခွဲပေးဖို့ တရားစီရင်ချက် မမှန်ကန်ပါ

  ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်တဲ့အိမ်ကို အကိုဖြစ်သူ အမေရိကန်နိုင်ငံသားအား အမွေတဝက် ခွဲပေးဖို့ တရားစီရင်ချက် မမှန်ကန်ပါ   လက်ရှိ ဒေါ်အောင်ဆန်းစုကြည် တဦးတည်း ပိုင်ဆိုင်နေထိုင်ရာ အိမ်ကို ဦးအောင်ဆန်းဦးကို တဝက်ခွဲပေးလိုက်ဖို့ တရားစီရင်ချက်အပေါ် အခုလို ရှုမြင် သုံးသပ်မိပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် မိုးသောက်ကြယ် စာကြည့်တိုက်မှ ဇီဝိတဒါန ပြုလုပ်

 ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် မိုးသောက်ကြယ်စာကြည့်တိုက် အဖွဲ့သားများက ဇီဝိတဒါနအဖြစ် ငါးလွှတ်ခြင်းနှင့် သွေးလှူဒါန်းခြင်း ကောင်းမူကုသိုလ်တွေကို အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်စူးပြီး ပြုလုပ်ခဲ့ကြပါတယ်။

Sunday, June 24, 2012

နိုင်ငံခြားများကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်တော့မယ့် Zairyu Card(သို့မဟုတ်)I.C Card အကြောင်း


ဇူလိုင်လ ၉ ရက်နေ့ကနေစတင်ပြီး အသက်ဝင်ကျင့်သုံးတော့မယ့် နိုင်ငံခြားများကို စက်ရုပ်များသဖွယ် တင်းတင်းကြပ်ကြပ်ကိုင်တွယ်တော့မယ့် Zairyu Card(သို့မဟုတ်)I.C Card အကြောင်းကို မိုးသောက်ကြယ်အယ်ဒီတာမင်း (ဦး)စိုးဝင်းရှိန်က
ဥပေဒေပြဌာန်းဖို့ဖြစ်ပေါ်လာပုံ၊ အတည်ပြုပုံနှင့် အတည်မပြုမီ အဆင့်ဆင့်ပြောင်းလဲလာသောသော လုပ်ထုံးလုပ်နည်းများ၊ အားနည်းချက် အားသာချက်များနှင့် သတိထားသင့်သည့်အချက်များကို စေ့စေ့ငုံငုံပြုစုထားတဲ့ သတင်းဆောင်းပါးတစ်ခုပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More