This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label မောင်စွမ်းရည်ကဗျာများ(Maung Swan Yi's Poem). Show all posts
Showing posts with label မောင်စွမ်းရည်ကဗျာများ(Maung Swan Yi's Poem). Show all posts

Wednesday, June 27, 2012

ပြည်သူ့သမီး ၆၇ နှစ်



 ပြည်သူ့သမီး ၆၇ နှစ် 
 ေ ရ း သူ - ေ မ ာ င် စွ မ်း ရ ည် 

သူ့ခင်ဗျာ မိဘမရှိရှာ
မိခင်လည်း ဆုံး၊ ခင်ပွန်း ဆုံးတော့
လုံးချင်းတကိုယ်၊ အိမ်အိုကြီးမှာ
တဦးသာ။

သူ့မှာ သား နှစ်ယောက်
တယောက်က အင်္ဂလန်မှာ
တယောက်က အမေရိကန်မှာ
သူနေတာက မြန်မာပြည်။



မိတကွဲ၊ ဖတကွဲ၊
လင်တကွဲ၊ သားတကွဲ
တကွဲစီနေ ဗမာမြေမှာ
ကန်ခြေက အိမ်အိုကြီးမှာ
မီးမလာလဲ တယောက်ထဲ
ရေမလာလည်း တယောက်ထဲသာ။

အိပ်ယာဝင်လည်း ဘုရားတရား
အိပ်ယာထလည်း ဘုရားတရား
စန္ဒယားသာ ဖျော်ဖြေရာ။

သို့သော် သူ့မှာ
မြန်မာပြည်သား ပြည်သူများက
သူ့မိသားစု
သူ့ရဲ့ အဖေ၊ သူ့ရဲ့ အမေ
အကိုတွေ မောင်တွေ
ညီမ အမတွေ
တောနေ မြို့နေ
ဝေးနေ နီးနေ
တပြေလုံးမှာ အားလုံးဆွေမျိုး
အဖိုး အဖွား၊ အားလုံး ရှိတယ်
ဘယ်အခါမှ အဖော်မမဲ့
ဆွေလည်း မမဲ့ မျိုးမမဲ့။

ယခု သူ့အသက် ၆၇
နောက် ၁၀ နှစ်မှာ ၇၇
နောက် ၁၀ နှစ် လည်း နောက် ၁၀ နှစ်
၈၇ ပြီး ၉ ၇
၁၀၀ လွန်လည်း ပြည်သူ့ထဲက သမီးစု
ပြည်သူ့ထဲက အမေစု
ပြည်သူ့အကျိုး ဆထက်တိုး
ကောင်းကျိုးအထွေထွေ မွန်စေသော်
ဒေါင်အိုးတဝေေ၀ တွန်စေသော်ဝ်။ ။

-ေ မာ င် စွ မ်း ရ ည်
ဇွန် ၁၉ ၊ ၂၀၁၂

  
ဒီဇိုင်း ကိုမျိုး

Friday, June 10, 2011

Sunday, February 14, 2010

နှင်းဆီပင်သစ်ပျိုးမယ့်လူ(သို့မဟုတ်)ဗိုလ်ချုပ်တင်ဦး(မောင်စွမ်းရည်)


၂၀၀၅ ခုနှစ်၊ မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၃ မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။



ငါငယ်စဉ်က
ဗိုလ်တေဇ၊ ဗိုလ်ဇေယျ
ဗိုလ်လက်ျာ၊ ဗိုလ်စကြာ
အာဇာနည်သူရဲကောင်း၊
စစ်ဗိုလ်တွေအကြောင်းကို
ကြားရပေါင်းများပေမယ့်
နားညောင်းတယ်မရှိ
ငါ့မိ ငါ့ဖ၊ ငါ့ဦးလေး
ငါ့အဒေါ်၊ ငါ့အဖေါ်၊ ငါ့အမတွေက
တဖွဖွနဲ့ ပြောကြဆိုကြ
ငါကြားရတော့၊ အားကျဂုဏ်ယူ
စစ်စိတ်တွေကတလူလူနဲ့ 
ဇာတိမာန်ထူခဲ့တယ်၊
ဇာတိသွေးဆူခဲ့တယ်။

ဗိုလ်တေဇ၊ ဗိုလ်ဇေယျတပ်မှာ
တပ်သားတွေဟာလည်း
ငါတို့ ဦးလေး၊ ငါတို့ အစ်ကို၊ လူညိုလူထွား
တောóကအုံကြားက၊ ထန်းသမားသား
လယ်သမားသား၊ အလုပ်သမားတွေ
ပြည်သူ့ ကြားက၊ ပြည်သူ့သား ပြည်သူ့ သွေး
ပြည်သူကမွေးတဲ့ ပြည်သူ့ တပ်မတော်
“ရဲဘော်သည် ပြည်သူအတွက်၊
ပြည်သူသည် ရဲဘော်အတွက်မဟုတ်”လို့ 
ထုတ်ပြန်ကြွေးကြော်၊၊
ဆန်းရဲ့ရဲဘော် ဆန်းနဲ့ တိုက်ဖေါ်
မော်ကွန်းဝင်တွေ။

ငါလည်း နောင်တခေတ်
သူတို့ လိုဖြစ်ရမယ်လို့ ၊ တထစ်ချဆုံးဖြတ်
စစ်တပ်ဆိုတာ၊ ဒို့ အားထားရာ
စစ်သားဆိုတာ၊ ဒို့မှီခိုရာ
ဒို့ကြည်ညိုတဲ့၊ ဒို့သမိုင်းမှာ
“ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်”တဲ့
နိုင်ငံတလွှား၊ အသဲကြားက
အများပြည်သူ၊ ဂုဏ်ယူအားထား
“ယောက်ျားတံခွန်၊ လူရည်ချွန်တွေပါတကား”လို့ ။

ဒါပေမဲ့ ဒီသမိုင်းဟာ
မှိုင်းခဲ့ကြာပြီ၊ ရိုင်းခဲ့ပါပြီ
ပြည်သူကိုကျောခိုင်း၊ စစ်တပ်ရဲ့သမိုင်းမှာ
တိုင်းပြည်ရဲ့သယံဇာတ၊ ရှိသမျှရောင်းစား
ကျောင်းသားကိုသတ်၊ အလုပ်သမားကိုသတ်
လယ်သမားကိုကွပ်ညှပ်၊ သတ်စရာမကျန်တော့
သံဃာကိုလည်းသတ်၊ သီလရှင်ကိုလည်းသတ်
ချွေးတပ်တွေဆွဲ
တောထဲတောင်ထဲမှာလည်း၊ ကျွန်းပင်တွေခုတ်လှဲသလို
ရှမ်း၊ ချင်း၊ ကရင်၊ မွန်မပျိုလေးတွေလည်းဆွဲ
ဝက်ဆွဲ ကြက်ဆွဲ၊ သဘက်သရဲတွေဖြစ်
စစ်ဗိုလ် စစ်သား၊ စစ်ထွက်များဆို
အနားတောင်မသီဝံ့၊ ရွံ့ကြောက်စက်ဆုပ်
အသက်ဖက်နဲ့ထုပ်၊ ပြည်သူတွေချောင်ကုပ်
ကလိယုဂ် အမှောင်ခေတ်ဟာ၊ နှစ်ငါးဆယ်ကျော်ခဲ့ပါပြီ။

၁၉၈၈-
စစ်ဗိုလ် စစ်သား၊ စစ်အာဏာရှင်များ
မတရားအုပ်ချုပ်၊ မင်းလုပ်တာကိုမုန်းလို့ 
ရှစ်လေးလုံး အရေးတော်ပုံ
ရဟန်းရှင်လူ ပြည်သူပေါင်းစုံ
ပေါင်းဆုံညီညွတ်
“စစ်အာဏာရှင်စနစ်၊ တိုက်ဖျက်ပစ်”လို့ 
ဟစ်ကြွေးလိုက်တဲ့အခါ…
သူ
ထွက်လာခဲ့ပါပြီ။

ဘီလူးနဲ့ လူသား၊ စည်းခြားတဲ့ပွဲမှာ
စစ်သားကြီးလူထွက်၊ ပြည်သူ့ ဘက်ပြောင်းခဲ့ပြီ
သေနတ်ပြောင်းတွေ ချိန်ထား
သေနတ်လှံစွပ်တွေ တလျားလျား
ယမ်းငွေ့ တွေကြားက၊ ဘွားကနဲပေါ်ထွက်
ခုလိုခေတ်ပျက်မှာ၊ ဗိုလ်ဖြစ်ခဲ့တာ သူရှက်လို့ 
ပြည်သူဘက်ဦးတည်၊ ပြည်သူတို့ တပ်ဦးဆီမှာ
ဦးလည်မသုန်၊ ရင်မခုန်ဘဲ
ရဲရင့်သူ၊ ရင့်ကျက်သူ
တက်ကြွသူ၊ တည်ငြိမ်သူ
ဣနြေ္ဒရရနဲ့  နှိမ်ချသူ
မျှတသူ သည်းခံသူ၊ ဖြောင့်မှန်တည်ကြည်
စိတ်ရှည်တဲ့သူ…။

ပြည်သူအပေါင်းက သောင်းသောင်းဖျဖျ
ကြိုဆိုလိုက်ကြတယ်။
သူဟာ `သူရတင်ဦး`ပါ
တခြား တင်ဦးတွေလို
ဘုရင်ရူးမဟုတ်၊ ပလ္လင်ရူးမဟုတ်
(သဘင်ရူး၊ ဆင်ရူးလည်းမဟုတ်)
ဦးရာကိုယူ၊ ဦးရာလူကိုသတ်
ဒီတပ်ထဲက ဒီပဲမျိုးလည်းမဟုတ်
ပြည်သူရဲ့ဗိုလ်ချုပ်ပါ။

သူရတင်ဦးဟာ
တခါက
ဗမာကို ကျူးကျော်သူ
တရုတ်ဖြူကိုလည်း တိုက်ခဲ့ပြီ။
ဖက်ဆစ်ဂျပန် တော်လှန်တဲ့ပွဲမှာလည်း
နွဲခဲ့ဖူးပြီ ရဲခဲ့ဖူးပြီ။

သေနတ်ကိုင်စွဲတဲ့
လက်ရုံးရည်တိုက်ပွဲမှာ
သတ်ရဲသူ၊ သေရဲသူ တဦးဟာ
သေနတ်မပါ၊ ဓားမပါ လှံမဆွဲ
နှလုံးရည်တိုက်ပွဲမှာလည်း
တိုက်ရဲသူ၊ ခိုက်ရဲသူ၊ အောင်ပွဲယူရဲသူအဖြစ်
ပြည်သူချစ်တဲ့ ဗိုလ်ချုပ်တဲ့။

လူတကာစက်ဆုပ်၊ အပုတ်နံ့တထောင်းထောင်း
ကြေးစားတပ် အဟောင်းကို၊ ပြောင်းလဲသန့်စင်
“နှင်းဆီပင်အဟောင်းနုတ်၊ နှင်းဆီပင်အသစ်ပျိုး”
ခေတ်ဆိုးတော်လှန်၊ ခေတ်သစ်ပြောင်းမှာမို့ 
ဒို့ခေါင်းဆောင် ဒို့တပ်မှူးကို
ဦးညွတ်ကာ “အိုးဝေတေး”နဲ့ 
မွေးနေ့တွေ တရာတိုင်တိုင်၊
ခန့် ကျန်းခိုင် ရွှင်ရွှင်လန်းရအောင်
သပြေညို ရွှေဘိုပန်းတွေနဲ့ 
ရေချိုချို ရေညိုချမ်းတွေနဲ့ 
ညွှန်းတဖွဖွ၊ လွမ်းတသသ
သွန်းရပါကြောင်း။ ။

Tuesday, January 5, 2010

လွတ်လပ်ရေးနဲ့စာပေ(မောင်စွမ်းရည်)



”မွေးပါခွင့်ရေး၊ လွတ်လပ်ရေး”လို့
ဆိုရေးရှိတိုင်း၊ ဆိုခဲ့ပြီ။

ဒို့အမျိုးသား၊ ဒို့ဘိုးဘွားတို့
သွားရင်း လာရင်း၊ ထွန်ယက်ရင်းက
နေရင်း ထိုင်ရင်း၊ ပွဲကြည့်ရင်းက
ကျွန်တွင်း ကျွံကျ သွားခဲ့ပြီ။

`လွတ်လပ်ရေးဟာ၊ မွေးရာပါ`လို့
ကျမ်းလာစကား၊ ကိုးအကားကို
မကြားဖူးခင်၊ ကျွန်ဇာတ်ဝင်ပေါ့
ရှင်ရင်း သေရ၊ လူ့ဘ၀။

ငါ့ညီ ငါ့ဆွေ၊ ငါ့ ဖေ မေနဲ့
ငါ့မြေ ငါ့ယာ၊ ငါတို့ရွာလဲ
မွေးရာကျွန်ဖြစ်၊ ညဉ်ပုပ်နစ်ခဲ့
နွမ်းညစ် သမိုင်း၊ ဖတ်တိုင်းရှက်ရ
မျက်ရည်ကျစေ၊ တိုင်းပြေက ကျွန်
လူက ကျွန်မို့၊
ကျွန်က ဘယ်နှယ့်လူပါ့မယ်။

အင်္ဂလိပ်က၊ လက်ထိတ်ခြေချင်း
ချုပ်နှောင်ခြင်းကို
သွင်းယူခဲ့ကာ၊ ချုပ်ချယ်လာခဲ့။

အင်္ဂလိပ်က
ပုလိပ်ထောင် အကျဉ်း၊ ညှင်းဆဲခြင်းကို
သွင်းယူခဲ့ကာ၊ ညှင်းပန်းလာခဲ့။

အင်္ဂလိပ်က
အဆိပ်၊ ဗုံး၊ သေနတ်
သတ်ညှစ်ခြင်းကို၊ သွင်းယူခဲ့ကာ
သတ်ဖြတ်လာခဲ့။

အင်္ဂလိပ်နောက်၊ ဂျပန်ရောက်လဲ
ရောက်တုန်းရောက်ခိုက်
ရေပူလောင်းလိုက်၊ ပါးရိုက်လိုက်
လက်သည်းခွာလိုက်၊ နားရိုက်လိုက်
ဇောက်ထိုး ဆွဲလိုက်၊ မှောက်လှန်လိုက်နဲ့
ကြိုက်ရာ နွား ကျွဲ၊ ဆွဲရိုက် လု
ကြိုက်ရာ မိန်းမ မယားပြုတဲ့
ကျွန် `အပြု`သမား၊ ငပုများ
ငပုများနောက်၊ ငပေါက်များ
ကျားကိုကြောက်လို့ ရှင်ကြီးကိုး
ရှင်ကြီး ကျားထက်ဆိုးမှဆိုး။

ကျွန်ဇာတ်သွင်းခြင်း၊ ချုပ်ချယ်ခြင်းနဲ့
သတ်ခြင်း ဖြတ်ခြင်း၊ ဖိနှိပ်ခြင်းဟာ
ထခြင်း ကြွခြင်း၊ ဖိဆန်ခြင်းနဲ့
ရုန်းခြင်း ကန်ခြင်း၊ တော်လှန်ခြင်းကို
ဖန်ဆင်းအမွှာ၊ ဖွားစေပါပကော။

ဖိနှိပ်ခြင်းနှင့်၊ ရုန်းကန်ခြင်းကား
အမွှာဖွားဖက်၊ ကျောခြင်းဆက်သို့
တဖက်ရှင်ရင်၊ မရှင် တဖက်
ဆက်ဆက်မုချ၊ သေရမည်မှာ
သွေး သစ္စာ။

ဖိနှိပ်ရေးနှင့်၊ ရုန်းကြွရေးတို့
ရေးနှစ်ရေးလဲ
မွေးရာပါ၏၊ ဟူလိုဘိ။

ထီးရိုးအသစ်ထောက်၊ စည်အပေါက်ဖာ
ကြိုးပမ်းရာက
အမျိုး၊ ဘာသာ၊ သာသနာလို့
ကြွေးကာ ကြော်ကာ၊ လှုံ့ဆော်ရာက
”ဗမာပြည်သည် တို့ပြည်
ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား..”လို့
အားသစ် မာန်သစ်၊ တိုက်ပွဲ သစ်ရင်း
ဘဖေတို့ခေတ်၊ အောင်ဆန်းတို့ခေတ်သို့
သွေးသစ်တံတား၊ ခင်းခဲ့တကား၊

လွတ်လပ်ရေးက ပထမ
လွတ်လပ်ရေးက ဒုတိယ
လွတ်လပ်ရေးက တတိယတဲ့။

ဟိုင်းကြီးကလျှောက်၊ ဟိုင်နံရောက်ခဲ့
သွေးဖောက်သစ္စာ၊ ပြုခဲ့ရာက
ကမ္ဘာမကြေ ဗမာပြေသို့…။

ဘီအိုင်အေ၊ ဘီဒီအေ
ဗိုလ်တေဇ၊ ဗိုလ်ကျော်ဇော
ဗိုလ်မင်းခေါင်၊ ဗိုလ်မှူးအောင်
ဗိုလ်လရောင်၊ ဗိုလ်ဗထူး…။
နယ်ချဲ့ထွက်၊ ဖက်ဆစ်ဝင်
နယ်ချဲ့ဝင်၊ ဖက်ဆစ်ထွက်
အသက်ချွေး သွေး
နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး
ပြည်သူ့လွတ်လပ်ရေး။

လွတ်လပ်ရေးပန်း၊ တော်လှန်ပန်းကား
ဇာခန်းဆီးနောက်၊ ပန်ကာအောက်တွင်
နေပြောက်ပြတင်း၊ လေသောက်ရင်းက
နေ့ချင်း ညချင်း၊ ချက်ချင်း မြေချ
ဥုံ ဖွ မှုတ်မန်း၊ ပွင့်လန်းလာသည် မဟုတ်ချေ။
အောင်ဇေယျ၊ အောင်ဆန်း၊ တော်လှန်လမ်းက
ကြမ်းစွ ရမ်းစွ၊
ပန်းသီ ဇာထိုး၊ ဖိုးဖဲ ဆေးခြယ်
လွယ်သော ငြိမ်သော၊ ငြိမ်းသောအလုပ်
မဟုတ်ခံကြောင်း၊ မမေ့ကောင်း။

နယ်ချဲ့မြေမှာ စာပေမည်မျှ ရှင်သန်သနည်း။
ဖက်ဆစ်မြေမှာ စာပေမည်မျှ ထွန်းသနည်း။
လွတ်လပ်မြေမှာ စာပေမည်သို့ လန်းသနည်း။

တို့သား တို့မြေး၊ တို့ကလေးမှာ
လွတ်လပ်ရေးက၊ မွေးရာပါ။
သခင်မျိုးဟေ့၊ ဒို့ဗမာ
ဒို့ရေးတဲ့စာ သခင်စာ
သခင်စကား ဒို့စကားပါ
ဒို့ခေတ် ဒို့စာ၊ ဒို့ဗမာ
ဒို့သာ ကြွေးကြော်၊ ဒို့ဂုဏ်ဖော်
ဖော်ရင်း ဖော်ရင်း၊ ဖေါရင်း စိတ်မသန့်
ထိတ်တလန့်နဲ့၊
လည်ဆန့်နောက်ပြန်ကြည့်တဲ့ခါ….။

သခင်စာတွင် သခင်စရိုက်
လိုက်ငယ် ဂုဏ်မြင့်၊ သခင်သိက္ခာ
ဘာတွေပါသလဲ၊ ဘယ်မှာလဲ
ဘာစာတွေက၊ ဘယ်သို့လဲ
ဘယ်လဲ ဘာလဲ၊ ဘယ်ကိုလဲ။
ဆီးဘန်နီ အစ
ဦးကျော်လှ၊ ဦးလွမ်း၊ စာပေခန်းထိ
ပြန်စောင်းကြည့်
ပန်း၏သတင်း၊ လေညင်းဆောင်ရာ
မွေးသလောက်သာ မွှေးပါ၏
မွေးသင့်သလောက် မွှေးမမွှေး
ရေးရင်း ဖက်ရင်း၊ စိတ်မရှင်း
တွေးရင်းအားပျက်မိ။
လွတ်လပ်မြေမှာ
စာပေမြတ်ပန်း၊ လန်းစွင့်ပါစ၊ မွှေးပါစ-

မေးလာတဲ့ခါ၊ မဖြေသာပြီ
ရေးရာမှာလဲ မလွတ်လပ်
တွေးရာမှာလဲ မလွတ်လပ်
ကျွန်ဇာတ် ကန့်လန့်ကာ
မ,တင်ရာ
ဘယ်မှာကြိုးငြိ၊ ဒို့မသိ။

မောင်စွမ်းရည်
ဒီဇင်ဘာ ၈။ ၁၉၈၄
(မိုးဝေမဂ္ဂဇင်းကိုပေးတဲ့အခါ ပယ်လိုက်တဲ့ကဗျာ)

Wednesday, April 30, 2008

မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ သို့(မောင်စွမ်းရည်)


(မောင်စွမ်းရည်၊ ဧပြီ ၂၉၊ ၂၀၀၈၊ ညီမူရာ ခန်းမ၊ သာသနမောဠိ ဌာနချုပ်။)


ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒကို အခုလို စာဖွဲ့ပြီး အမှတ်တရ မှတ်သားထားမိပါတယ်။

"စစ်သားတွေက သတ်ရဲကြတယ်၊
သေမှာကို ကြောက်တတ်လှတယ်။
သံဃာတွေက သေရဲကြတယ်၊
မသတ်ရဲ သတ်ပွဲရှောင်ကြတယ်။ ။"

မစိုးရိမ်ဆရာတော်ကြီး ဦကောဝိဒကို ပူဇော်တဲ့ ပါဠိဂါထာ အသွား၊ ၈ လုံးဘွဲ့ ကဗျာက ဒီလိုပါ။

စစ်အာဏာခေတ် ခေတ်ဆိုးခေတ်မှောင်

သံဃာကိုသတ် မိုက်ကြထိပ်ခေါင်

အမှောင်ခေတ်တွင်း အလင်းရောက်အောင်

မေတ္တာပွား တရားအလင်းရောင်။



ဦးကောဝိဒ သာသနာ့ဥသျှောင်

ကမ္ဘာ့ထိပ်က သပိတ်ကံဆောင်

မင်းဆိုးမင်းညစ် ကင်းလွတ်လေအောင်

အသက်ရင်း အလင်းဓာတ်ကိုဆောင်။

(မောင်စွမ်းရည်၊ ဧပြီ ၂၉၊ ၂၀၀၈၊ ညီမူရာ ခန်းမ၊ သာသနမောဠိ ဌာနချုပ်။)

Wednesday, April 9, 2008

Monday, April 7, 2008

လူထုမိခင်



ဗဟိန်း၊ အောင်ဆန်း ရင်ဘောင်တန်းခဲ့

‘ငြိမ်းချမ်း’သမီး၊ ‘လှ’ဇနီး

ခင်ပွန်းထောင်ကျ

သားထောင်ကျလည်း

လုံးဝမပျော့

အားမလျော့တာ အမေမာ…။


ခင်ပွန်းလည်းဆုံး

သားလည်းဆုံးခဲ့

လုံးဝမပျော့

မာန်မလျော့တာ အမေမာ…။


ကိုယ်တိုင်ထောင်ကျ

နှိပ်ကွပ်ကျလည်း

မခ‘စစ်’အောက်

ဒူးမထောက်တာ အမေမာ…။


ဖက်ဆစ်ဆန့်ကျင် စစ်ဆန့်ကျင်တဲ့

ဒီလင်ဒီသား၊ ဒီမိသားစု

စွန့်လွှတ်မှုဖြင့်

လူထုအားမာန် တံခွန်ထူ

ဖက်ဆစ်စစ်သား ဗိုလ်ချုပ်များကို

သားမတော်သူ၊ လူကျော်မိခင်

ဂျိုးဖြူမိခင် ဒေါင်းမိခင်ကို

ဦးတင်ကဗျာ ပူဇော်ပါအံ့

မေမာငြိမ်းချမ်းပါစေသော်….

ပြေရွာကိန်းခန်းသာစေသော်။

မောင်စွမ်းရည်

Wednesday, April 2, 2008

တောသားကြေညာစာတမ်း


သွားလေရာရာ
ဝါ၀ါ မည်းမည်း ဖြူဖြူ
လူတွေ လူတွေ
လူတွေ အမျိုးမျိုး။

တွေ့ရသမျ
၀၀ ဖြိုးဖြိုး၊ ပြုံးပြုံးရွှင်ရွှင်
မြင်ရင် ‘ဟိုင်း’ ‘ဟောင်း’နဲ့
ခေါင်းညိတ်ကြ၊ ပြုံးပြကြ
ခွေးကရှေ့ကပြေး၊ ကြောင်လေးကို ပခုံးပေါ်တင်
လူတင် မကပါဘူး
ခွေးကလဲ ၀၊ ကြောင်ကလဲ ၀လို့မို့
ခွေးကလဲ မစင်မနမ်း
ကြောင်ကလဲ ကြွက်ကိုမဖမ်းဘူး
ငြိမ်းချမ်းရေးဟာ ‘ဗိုက်’ ပေါ်မှာ တည်ရော့ထင်
‘အရိုက်’ပေါ်မှာ မတည်၊ ‘အကိုက်’ပေါ်မှာလဲမတည်
‘အမိုက်’ပေါ်မှာလဲ မတည်၊ ‘အတိုက်’ပေါ်မှာလဲ မတည်ဘူး
ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ
စရိုက်ပျော်ဘိသနဲ့ အမေရိကန်။


ပြည်ထောင်စုက ငါးဆယ်
လူမျိုးကြီးငယ် ရာထောင်မက
ဘုရားကလဲ စုံ၊ တရားကလဲ စုံ
စကားကလဲ စုံ၊ အစားကလဲ စုံ
ဆူးပုံ သဲပုံ က၊ ရေခဲပုံ ရွှေမည်းပုံ အထိ
ရေအစုံ မြေအစုံ၊ အမွေစုံ
စုံလဲ စုံပါဘိ၊
စုံပေသည့်လဲ၊ အချင်းမများဘူး
အချင်းများရင်လဲ၊ သတင်းသမားတွေက
မင်းလားဟဲ့ ရှုပ်ချင် ပြန်သလားဆိုပြီး
ရုပ်မြင်သံကြားမှာ
ဆိုင်ရာ ပိုင်ရာ ‘ကညော့’တဲ့ပြီး
‘ဒိုင်ရာလော့’မှဖြင့်
‘ဒိုင်ရာနာ’အလား၊ ပြေးပေါက်မှားလိမ့်မယ်။

ဒါ အမေရိကား
ကိုယ့်လမ်း ကိုယ်သွားကြစတမ်း
အလကား လာပြီး ရှုပ်ရှုပ်ရှုက်ရှုက်နဲ့
‘ရုဒ်မက်’ဆိုတဲ့၊ ဗယုတ်ဗယက်တွေလဲ မရှိဘူး။

အကျိုးမများဘဲ ပလီပလာ အကြံနဲ့
အမျိုးသားညီလာခံလဲ မရှိဘူး။
လော်မာသရဲပြီး၊ ပေါ်တာ ဆွဲတာလဲ မရှိဘူး။
စပျစ်ဝိုင်ကလပ်နဲ့၊ ‘ခေတ်ပြိုင်’ဖတ်လဲ
ဖတ်သာဖတ်၊ ဖတ်ရုံနဲ့တော့ မဖမ်းဘူး။
တို့များကို မငြိမ်သက်နဲ့
ဇိမ်ပျက်အောင် ကလိမ်ကလက်
အိမ်ဖျက်တာလဲ မရှိဘူး။

‘ဘွတ်ရှ် ’ကိုပဲဆဲဆဲ၊ ‘ဘလဲယား’ကိုပဲ ချဲချဲ
ချဲတဲ့ ငနဲတသိုက်ကို၊ အကဲ အမိုက်ဆိုပြီး
ရဲလိုက်လိမ့်မယ် မထင်လေနဲ့
မလိုက်ဘူး။

ကနေဒီကို ကြိုက်ကြိုက်၊ ကယ်ရီကိုပဲ ကြိုက်ကြိုက်
‘ဒီမို’ကိုပဲ ကြိုက်ကြိုက်၊ ‘ဟိုမို’ကိုပဲ ကြိုက်ကြိုက်
မိန်းမချင်းကိုပဲ ကြိုက်ကြိုက်၊ ယောကျာ်းချင်းကိုပဲ ကြိုက်ကြိုက်
ကြိုက်ချင်ရာကြိုက်၊ မကြိုက်ချင်ရာ မကြိုက်နဲ့
မကြိုက်တာကို မကြိုက်လို့ ဗြောင်ငြင်းလဲ
ထောင် မသွင်းပါဘူး။

တောင်တွင်းက အောင်သင်းပဲ ဟော ဟော
အောင်ဝေးဆိုတဲ့ ကောင်လေးပဲ ပြော ပြော
ဟောချင်တာကို ဟော၊ ပြောချင်တာကို ပြော
မမောသမျ ဟောကြ ပြောကြပေရော့
သဘောမကျလို့၊ ဒေါသဖြစ်ရင်လဲ
စစ်ဗိုလ်ချင်း ကြက်ခွပ်ခိုင်းကွဲ့
ရိုင်းတယ်လို့မရှိ ။
ကလောင်နဲ့ ကလော် ကလော်
ကာတွန်းနဲ့ ကလိကလိ
ရိချင်တိုင်း ရိလို့ ရသဗျား။

ဒီနယ် ဒီအရပ်မှာ
တပ်မတော်သားဆိုပြီး
အရပ်စော်ကားလို့တော့ မရဘူး။

သေနတ်ဆွဲပြီး၊ ပါးစပ်ပြဲတိုင်း
အရပ်ဆဲလို့လဲ မရဘူး။

သေနတ်ထောင်ပြီး
အရပ် လှောင်ချင်လို့လဲ မရဘူး။
သေနတ်နဲ့ ချိန်ပြီး
အရပ် နှိမ်ချင်လို့လဲ မရဘူး။

မင့်ဘာသာ စစ်သား ဖြစ်ဖြစ်
မင့်ဘာသာ အလစ်သမား ဖြစ်ဖြစ်
အယစ်သမားဖြစ်ရင်လဲ လေမသန်အောင်
‘သေနံ့’တဟောင်ဟောင် ထွက်ရုံနဲ့ပဲ
လမ်းမမှာ မဆဲခင်
ဖမ်းကြတော့မှာပါပဲ။

မူးရင်ပဲ မောင်းမောင်း၊ မောင်းရင်ပဲ မူးမူး
ဗိုလ်မှူးသားလဲ မရဘူး၊ ဗိုလ်ရူးသားလဲ မရဘူး
မူးလို့ကတော့ မူးသူဟာ ထောင်ဒဏ် ငွေဒဏ်ပေါ့
ဒဏ်ပေးရင်လဲ အကြေးအဖြစ်
ဈေးဆစ်လို့ဖြင့် မရပေဘူး။
ဗမာမှာ အရပ်ဂျပိုးတွေလို
အသပြာ လပ်ထိုးလို့လဲ မရပေဘူး။
သေနတ် မိုးလို့လဲ မရပေဘူး။

အမေရိကန်ပါတဲ့
အဖေပေတည့် မခံဘူး။

သူအဖေ သူအဖိုးဆိုပြီး
ဥပဒေ နှစ်မျိုးမရှိဘူး။

ဓနရှင် အရင်းများသူတွေက
ဘ၀ရှင်မင်းတရားတွေလို မရိုင်းဘူး။

ဧကရာဇ်ပဲ ဖြစ်ဖြစ်၊ ပဒေသရာဇ်ပဲ ဖြစ်ဖြစ်
ဘုံဝါဒပဲ ဖြစ်ဖြစ်၊ အစုံဝါဒပဲ ဖြစ်ဖြစ်
ဖြစ်ချင်ရာ ဖြစ်ကြစမ်း
ဟစ်ချင်ရာ ဟစ်ရရင် ကြိုက်မယ်
ပစ်ချင်ရာ ပစ်ရင် မကြိုက်ဘူး
ချစ်ချင်ရာ ချစ်ခွင့်ကို ပေးပါလော့။
ဗဟုဝါဒမှာ၊ ဘသူ့ ဘာကမှ မထိပါးရင်
ငါ ဒီမိုကရေစီ ဆိုပါတော့
ငါ ကြည်ညိုပေပြီ မှတ်စို့၊ အရပ်တို့။ ။

မောင်စွမ်းရည်
မေ ၂၈၊ ၂၀၀၄

Wednesday, March 19, 2008

တံတားနီမော်ကွန်း

မောင်စွမ်းရည်



ရန်ကုန်တက္ကသိုလ်
စိမ်းစိုလှပ၊ အာရှဥယျာဉ်
ကမ္ဘာ့တခွင်မှာ စာတင်ထင်ရှားခဲ့ပါတယ်။

ရေကန်အသင့်၊ ကြာအသင့်နဲ့
ပင်မြင့်ပင်စောက်၊ ပင်အောက်အခြေ
မောင်တွေမယ်တွေ၊ ဖော်ရွေရယ်ရွှင်
ကြည်လင်သာယာ၊ မြန်မာအနာဂတ်
သားမြတ် သမီးမွန်၊ ကျွန်ခေတ်တော်လှန်
ခံယူခဲ့ကြ သခင်ဘ၀ဖြင့်
လှပသမိုင်း ရှိခဲ့တယ်။




ပိတောက် ကံ့ကော်
အကြော်စကား၊ စိန်ပန်းများနဲ့
နံ့ရှားကြိုင်လွင့်၊ ခါတန်သင့်မှာ
ပွင့်မျိုးစုံ ဝေဆာ
ကန်ထဲမှာကြာ၊ ကန်ဘောင်မှာ ပိတောက်
လေသင့်ရာ ကြိုင်လှောက်လို့
မိုးသောက် နေ၀င်၊ နွေဝင်မိုးကူး
အလှထူးတဲ့ ဒို့နယ်မြေ။

အင်းလျား ရတနာ၊ ကန်တော်သာမှာ
ပြာပြာလဲ့လဲ့၊ လှိုင်းဘောင်ဘင်ဖွဲ့တော့ကို
လေအသွဲ့မှာ လှေနဲ့ရွက်လွှင့်
ငှက်သဘင် ငှက်ညီလာ
ဟင်္သာသောင်တင်း၊ ရွှေပိန်ညှင်းတို့
ဖေါ်ချင်းငယ်ရှာကြ
စာဆိုတွေ ကဗျာသလို့
သာစွငယ် စာမွှမ်း
စာမော်ကွန်း တင်ရတယ်။

တနေ့သောခါ
ကန်လမ်းမှာ ညံကြွက်၊ ချီတက်ကြွေးကြော်
အော်သံတွေကြားမိတော့ သွားကြည့်မိပါတယ်။

ဒီမိုကရေစီ - ရရှိရေး - - ဒို့အရေး ဒို့အရေး
စစ်အာဏာရှင်စနစ် ပြုတ်ကျရေး - ဒို့အရေး ဒို့အရေး




ကျောင်းသားလေးတွေပါ
ဘာလက်နက်မှ မပါ၊ နို့ဆာသလို ဟစ်ကြွေး
ဒီမိုကရေစီအရေး
ချက်ချင်းပေး ချက်ချင်းပေးလို့
တေးဆိုသလိုနဲ့ အရေးဆိုရင်း လာကြတယ်။

မိဘတွေကိုယ်စား
ပြည်သူတွေကိုယ်စား
သားသမီးငယ်၊ လူရွယ်ကလေးများဟာ
ကမ္ဘာမကြေ၊ ဗမာပြေနဲ့
ကမ္ဘာမကြေ သီချင်းကိုလဲ
ရင်တွင်းလှိုက်ဖို သီဆိုလိုက်ကြတယ်။
သမိုင်းဝင်ခွပ်ဒေါင်းကလဲ၊ နီမောင်းရဲလို့
တလွင့်လွင့် ပျံနေလေရဲ့။

သူတို့ရှေ့မှာ
ရင်ဆိုင်လာနေတာ လုံထိန်းတွေပါလား…
ဒိုင်းလွှားတွေကိုင်၊ တင်းဘုတ်တွေကိုင်
သေနတ်တွေကိုင်ကာ၊ ချီတက်လာ
ဘယ်ညာ ဘယ်ညာ
စစ်ခွာသံ တဖြောင်းဖြောင်း
ကန်လမ်းကြောင်း တုန်ဟည်း
စစ်ဆင်ရေးကြီးလိုပါလား။

သူတို့နောက်မှာ
သံချပ်ကာကားတွေ၊ စစ်ကားတွေ
မီးသတ်ကားတွေ၊ အချုပ်ကားတွေ
တဂျိမ်းဂျိမ်းနဲ့ မြည်ဟိန်းလာတော့တယ်။

သူပုန်သူကန်၊ မှုန်ဆန်ရမ်းကား
သောင်းကျန်းသူများ၊ နှိမ်နှင်းဖို့သွားမှာလား…။
ငါတို့အိုးအိမ်၊ စည်းစိမ်ဥစ္စာ၊ ကာကွယ်ဖို့ သွားတာလား…။

ပြည်သူ့စစ်သား ဒို့စစ်သားတဲ့
မြို့ကားလမ်းမှာ ရန်သူရှာတော့
ဘာတွေ သူတို့တွေ့မှာလဲ…။

သူတို့တွေ့တာ
ကျောင်းသားတွေပါ၊
ဒုတ်တွေ ဓားတွေမပါ
အပ်တို အပ်ကျိုးမပါ
ငြိမ်းချမ်းစွာ၊ စည်းကမ်းရှိစွာ၊ ယဉ်ကျေးစွာ
ဟစ်ကြွေးတေးဆို
လိုချင်သမျ ဖွင့်ဟကြရုံပါပဲ။

အို-ဖြစ်ရလေ
ဝေသာလီပြည်၊ ဘီလူးဝင်တာ
ကြားဖူးမှာပေါ့၊
ရိုက်ဟ နှက်ဟ၊ ဖမ်းဟာ ဆီးဟာ
သတ်ဟာ ဖြတ်ဟာ
ဟစ်ကာ အော်ကာ ဒုတ်စင်္ကြာရမ်း
ကြိမ်ဘမ်းနဲ့ရိုက်
လိုက်ဟာ ပြေးဟာ၊ ကန်ဘောင်မှာက
ကန်ချရေထဲ၊ ဆွဲကြိုးကိုဖြုတ်
နာရီကိုဖြုတ်၊ ဆုပ်ကိုင်ဆံပင်
မြေပြင်ဒရွတ်၊ ကိုယ်ဝတ် စုတ်ပြဲ၊ မှောက်လဲစောင်းသံ
သွေးသံရဲရဲ၊ ကားထဲပစ်တင်
သေရှင်မသိ၊ ညှပ်ဖိ မွန်းအိုက်
ငရဲသည်မြေ ဆိုက်ခဲ့လေပြီ။

ကန်ဘောင်စိမ်းလဲ့၊ မစိမ်းစွေးနီ
တံတားဖြူလဲ မဖြူသွေးနီ
ကားလမ်းဆီလဲ သွေးညှီရွှဲရွဲ
အုတ်ခဲ ဒုတ်ကျိုး၊ သံဆူးကြိုးမှာ
ပုဆိုးတစ၊ ထမီစနဲ့
ဖိနပ်ကကျွတ်၊ ဒရွတ်ဆွဲကြောင်းတို့
ယင်လှောင်းစေးကပ်၊ မီးသတ်ပိုက်နဲ့
ပက်လိုက် ဆေးကြော၊ သွေးမျောရေစီး
နီပြီး နီကာ၊ မြန်းခဲ့ပါပြီ။

တံတားဖြူက မဖြူနီစွေး
သွေးသမိုင်းကို
သမိုင်းပညာရှင်၊ မော်ကွန်းတင်လော့
ရေပြင် အင်းလျား၊ ငွေလှိုင်းကြားမှာ
သွေးများ ပျော်ဆင်းခဲ့ပါပြီ။

မိခင်လဲငို၊ ဖခင်ငိုခဲ့
ဆရာလဲငို၊ တပည့်ငိုခဲ့
ယိုစိးမျက်ရည်၊ တံတားနီက
တည်လော့ သက်သေ
မကျေဥဒါန်း၊ သည်ဥဒါန်းကို
အောင်ဆန်း အောင်ကျော် သိစေသတည်း။




မောင်စွမ်းရည်
၁၂-၃-၂၀၀၃
(ဆရာစွမ်းပေးပို့ထားခဲ့သောကဗျာကို အချိန်နောက်ကျပြီးဖော်ပြမိတာကို နားလည်ခွင့်လွှတ်ပေးကြပါခင်ဗျား…)

Wednesday, March 12, 2008

နှင်းဆီပင်အသစ်ပျိုးမဲ့သူ(သို့မဟုတ်)ဗိုလ်ချုပ်ကြီးသူရတင်ဦး

မောင်စွမ်းရည်



ငါငယ်စဉ်က
ဗိုလ်တေဇ၊ ဗိုလ်ဇေယျ
ဗိုလ်လက်ျာ၊ ဗိုလ်စကြာ
အာဇာနည်သူရဲကောင်း၊
စစ်ဗိုလ်တွေအကြောင်းကို
ကြားရပေါင်းများပေမယ့်
နားညောင်းတယ်မရှိ
ငါ့မိ ငါ့ဖ၊ ငါ့ဦးလေး
ငါ့အဒေါ်၊ ငါ့အဖေါ်၊ ငါ့အမတွေက
တဖွဖွနဲ့ ပြောကြဆိုကြ
ငါကြားရတော့၊ အားကျဂုဏ်ယူ
စစ်စိတ်တွေကတလူလူနဲ့ 
ဇာတိမာန်ထူခဲ့တယ်၊
ဇာတိသွေးဆူခဲ့တယ်။

ဗိုလ်တေဇ၊ ဗိုလ်ဇေယျတပ်မှာ
တပ်သားတွေဟာလည်း
ငါတို့ ဦးလေး၊ ငါတို့ အစ်ကို၊ လူညိုလူထွား
တောကြိုအုံကြားက၊ ထန်းသမားသား
လယ်သမားသား၊ အလုပ်သမားတွေ
ပြည်သူ့ ကြားက၊ ပြည်သူ့သား ပြည်သူ့ သွေး
ပြည်သူကမွေးတဲ့ ပြည်သူ့ တပ်မတော်
“ရဲဘော်သည် ပြည်သူအတွက်၊
ပြည်သူသည် ရဲဘော်အတွက်မဟုတ်”လို့ 
ထုတ်ပြန်ကြွေးကြော်၊၊
ဆန်းရဲ့ရဲဘော် ဆန်းနဲ့ တိုက်ဖေါ်
မော်ကွန်းဝင်တွေ။

ငါလည်း နောင်တခေတ်
သူတို့ လိုဖြစ်ရမယ်လို့ ၊ တထစ်ချဆုံးဖြတ်
စစ်တပ်ဆိုတာ၊ ဒို့ အားထားရာ
စစ်သားဆိုတာ၊ ဒို့မှီခိုရာ
ဒို့ကြည်ညိုတဲ့၊ ဒို့သမိုင်းမှာ
“ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်”တဲ့
နိုင်ငံတလွှား၊ အသဲကြားက
အများပြည်သူ၊ ဂုဏ်ယူအားထား
“ယောက်ျားတံခွန်၊ လူရည်ချွန်တွေပါတကား”လို့ ။

ဒါပေမဲ့ ဒီသမိုင်းဟာ
မှိုင်းခဲ့ကြာပြီ၊ ရိုင်းခဲ့ပါပြီ
ပြည်သူကိုကျောခိုင်း၊ စစ်တပ်ရဲ့သမိုင်းမှာ
တိုင်းပြည်ရဲ့သယံဇာတ၊ ရှိသမျရောင်းစား
ကျောင်းသားကိုသတ်၊ အလုပ်သမားကိုသတ်
လယ်သမားကိုကွပ်ညှပ်၊ သတ်စရာမကျန်တော့
သံဃာကိုလည်းသတ်၊ သီလရှင်ကိုလည်းသတ်
ချေးတပ်တွေဆွဲ
တောထဲတောင်ထဲမှာလည်း၊ ကျွန်းပင်တွေခုတ်လှဲသလို
ရှမ်း၊ ချင်း၊ ကရင်၊ မွန်မပျိုလေးတွေလည်းဆွဲ
ဝက်ဆွဲ ကြက်ဆွဲ၊ သဘက်သရဲတွေဖြစ်
စစ်ဗိုလ် စစ်သား၊ စစ်ထွက်များဆို
အနားတောင်မသီဝံ့၊ ရွံ့ကြောက်စက်ဆုပ်
အသက်ဖက်နဲ့ထုပ်၊ ပြည်သူတွေချောင်ကုပ်
ကလိယုဂ် အမှောင်ခေတ်ဟာ၊ နှစ်ငါးဆယ်ကျော်ခဲ့ပါပြီ။

၁၉၈၈-
စစ်ဗိုလ် စစ်သား၊ စစ်အာဏာရှင်များ
မတရားအုပ်ချုပ်၊ မင်းလုပ်တာကိုမုန်းလို့ 
ရှစ်လေးလုံး အရေးတော်ပုံ
ရဟန်းရှင်လူ ပြည်သူပေါင်းစုံ
ပေါင်းဆုံညီညွတ်
“စစ်အာဏာရှင်စနစ်၊ တိုက်ဖျက်ပစ်”လို့ 
ဟစ်ကြွေးလိုက်တဲ့အခါ…
သူ
ထွက်လာခဲ့ပါပြီ။



ဘီလူးနဲ့ လူသား၊ စည်းခြားတဲ့ပွဲမှာ
စစ်သားကြီးလူထွက်၊ ပြည်သူ့ ဘက်ပြောင်းခဲ့ပြီ
သေနတ်ပြောင်းတွေ ချိန်ထား
သေနတ်လှံစွပ်တွေ တလျားလျား
ယမ်းငွေ့ တွေကြားက၊ ဘွားကနဲပေါ်ထွက်
ခုလိုခေတ်ပျက်မှာ၊ ဗိုလ်ဖြစ်ခဲ့တာ သူရှက်လို့ 
ပြည်သူဘက်ဦးတည်၊ ပြည်သူတို့ တပ်ဦးဆီမှာ
ဦးလည်မသုန်၊ ရင်မခုန်ဘဲ
ရဲရင့်သူ၊ ရင့်ကျက်သူ
တက်ကြွသူ၊ တည်ငြိမ်သူ
ဣနြေ္ဒရရနဲ့  နှိမ်ချသူ
မျတသူ သည်းခံသူ၊ ဖြောင့်မှန်တည်ကြည်
စိတ်ရှည်တဲ့သူ…။

ပြည်သူအပေါင်းက သောင်းသောင်းဖျဖျ
ကြိုဆိုလိုက်ကြတယ်။
သူဟာ သူရတင်ဦးပါ
တခြား တင်ဦးတွေလို
ဘုရင်ရူးးမဟုတ်၊ ပလင်ရူးမဟုတ်
(သဘင်ရူး၊ ဆင်ရူးးလည်းမဟုတ်)
ဦးရာကိုယူ၊ ဦးရာလူကိုသတ်
ဒီတပ်ထဲက ဒီပဲမျိုးလည်းမဟုတ်
ပြည်သူရဲ့ဗိုလ်ချုပ်ပါ။

သူရတင်ဦးဟာ
တခါက
ဗမာကို ကျူးကျော်သူ
တရုတ်ဖြူကိုလည်း တိုက်ခဲ့ပြီ။
ဖက်ဆစ်ဂျပန် တော်လှန်တဲ့ပွဲမှာလည်း
နွဲခဲ့ဖူးပြီ ရဲခဲ့ဖူးပြီ။

သေနတ်ကိုင်စွဲတဲ့
လက်ရုံးရည်တိုက်ပွဲမှာ
သတ်ရဲသူ၊ သေရဲသူ တဦးဟာ
သေနတ်မပါ၊ ဓားမပါ လှံမဆွဲ
နှလုံးရည်တိုက်ပွဲမှာလည်း
တိုက်ရဲသူ၊ ခိုက်ရဲသူ၊ အောင်ပွဲယူရဲသူအဖြစ်
ပြည်သူချစ်တဲ့ ဗိုလ်ချုပ်တဲ့။

လူတကာစက်ဆုပ်၊ အပုတ်နံ့တထောင်းထောင်း
ကြေးစားတပ် အဟောင်းကို၊ ပြောင်းလဲသန့်စင်
“နှင်းဆီပင်အဟောင်းနုတ်၊ နှင်းဆီပင်အသစ်ပျိုး”
ခေတ်ဆိုးတော်လှန်၊ ခေတ်သစ်ပြောင်းမှာမို့ 
ဒို့ခေါင်းဆောင် ဒို့တပ်မှူးကို
ဦးညွတ်ကာ “အိုးဝေတေး”နဲ့ 
မွေးနေ့တွေ တရာတိုင်တိုင်၊
ခန့် ကျန်းခိုင် ရွှင်ရွှင်လန်းရအောင်
သပြေညို ရွှေဘိုပန်းတွေနဲ့ 
ရေချိုချို ရေညိုချမ်းတွေနဲ့ 
ညွှန်းတဖွဖွ၊ လွမ်းတသသ
သွန်းရပါကြောင်း။ ။

မောင်စွမ်းရည်
၂၀၀၅ ခုနှစ်၊ မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၃ အတွက် ရေးစပ်ပေးပို့ခဲ့သော ဆရာစွမ်း၏စာမူကို ပြည်သူချစ်သော ဗိုလ်ချုပ်ကြီးသူရတင်ဦးမွေးနေ့အထိမ်းအမှတ်အဖြစ် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)

အို… ဖုန်းမော်

မောင်စွမ်းရည်




အို…ဖုန်းမော်

အို…သားငယ်ဖုန်းမော်၊ မောင်ဖုန်းမော်။

မင်းဟာ၊ မင်းလေးဟာ ဒို့ရဲဘော်၊

သွေးအိုင်ထဲလဲခဲ့ရှာတဲ့ ရဲဘော်၊

လူ့အခွင့်အရေးအတွက်

အသက်ပေးခဲ့တဲ့ရဲဘော်။

ဒို့မျှော်လင့် ဒို့အားထား

ဒို့သား ဒို့ညီ၊ ဒို့မောင်ငယ်

ဒို့တူ၊ ဒို့သားအရွယ်

ဥာဏ်ကောင်းတုန်းအရွယ်၊ အကြံကောင်းတုန်းအရွယ်

မာန်ကောင်းတုန်းအရွယ်၊ ဟန် ကောင်းတုန်းအရွယ်

သန်တုန်း မြန်တုန်းအရွယ်၊ အရွယ်ကောင်းတုန်း

ပန်းကောင်း အညွန့်ချိုး

ချိုးခဲ့ပါတယ်၊ သြော်…ကျိုးခဲ့ရှာပါတယ်။



မင်းဟာ…မင်းလေးဟာ

ဒို့တူ ဒို့သား ဒို့ညီဘွားပေါ့

သူတို့တူ၊ သူတို့သား

သူတို့ညီဘွားဆိုရင်

ဒီလိုပစ်ပါ့မလား၊ ဒီလိုဖြစ်ပါ့မလား

သားကောင်အမှတ် ရန်သူအမှတ်

သေနတ်နဲ့ပစ်မှာလား။

ပစ်ရက်မှာလား၊ ပစ်ရက်ပါ့မလားဟင်…လို့

မေးလိုက်စမ်းချင်တယ်။



သားချင်းစာနာ၊ တူချင်းစာနာ၊ ညီချင်းစာနာ

သြော်… ကိုယ်ချင်းစာနာပါအုံးတော့လား၊

ဒါလားဟေ့ ဒါလားဗုဒ္ဓဘာသာ၊ ဘုရားဒကာ

ဗမာလူယဉ်ကျေးလို့

မေးလိုက်စမ်းချင်လှပါတယ်။



ကျောင်းသားလေးတွေပါ

ကလေးတွေ သက်သက်

လက်နက်ဆို အပ်တိုတောင်ဆောင်မထားပါဘဲ၊

နိုင်ငံခြားသား ယိုးဒယား တရုတ်

ကျူးကျော်သူလည်း မဟုတ်ပါဘဲ၊

သူခိုးဓားပြ၊ တန္တမုဒိန်း၊

ထိန်းမနိုင် သိမ်းမရ၊ လောကရန်သူ

လူဆိုတွေလည်း မဟုတ်ပါဘဲ၊

သူပုန်သူကန်၊ မှုဆန်အန်တု၊

မလ္လင်လု၊ ရန်ပြုသူလည်းမဟုတ်ပါဘဲ။



မတရားလို့

မတရားတာကို၊ မတရားကြောင်း

မှားလို့ မှားတာကို

မှားတဲ့အကြောင်း

သားကောင်းတို့ထုံးစံ၊ အမုန်းအခံမပါပဲ၊

အမှန်တရား၊ အမှန်စကားကို

အမှန်သမားတွေနဲ့အတူ

လူလိုသူလိုပြောတာကို လူလိုသူလိုမဆက်ဆံ

အဖက်မတန်သလို၊ တဖက်ရန်အလား

ပွက်ပွက်ညံ ဘ၀ဂ်ကိုဆန်လို့

ကျည်ဆန်တွေနဲ့တုံ့ပြန်တယ်။



မလိုချင်လို့ မလိုချင်တာကို

မလိုချင်ဘူးလို့ ပြောရုံနဲ့….

လိုချင်လို့ လိုချင်တာကို

လိုချင်တယ်ဟေ့၊ လိုချင်တယ်ပြောရုံနဲ့…

ပြောသူပါးစပ်ကို သေနတ်နဲ့ပိတ်တာ

စစ်စိတ် စစ်မာန်၊ စစ်တပ်ရဲ့တာဝန်လား။



ပြည်သူ့ငွေ ပြည်သူ့အားနဲ့

ပြည်သူတွေခင်းထားတဲ့၊ ပြည်သူလမ်းများပေါ်မှာ

ပြည်သူပြည်သားတွေ၊ မလာမသွားရအောင်တားရမှာ

စစ်ဗိုလ်စစ်သား စစ်ဝတ္တရားက ဒါပဲလား။



စီတန်းလမ်းလျှောက်သူအပေါင်းဟာ

ကျောင်းသားမှ ကျောင်းသားစစ်စစ်

ကလေးတွေဖြစ်ရက်နဲ့

အပြစ်မရှိ အပြစ်ရှာခဲ့၊

အပြစ်အနာရှိပါတယ် ဆိုပါအုံး၊

ဟဲ့…ငဖုန်းမော်လို့ ရုံးတော်ကိုခေါ်ဆောင်

နောင်ကြည်အောင်၊ ထောင်ဒဏ်ကြိမ်ဒဏ်

ငွေဒဏ်တွေနဲ့၊ ဒဏ်ခတ်ဆုံးမ

ညွန်ပြသွန်သင်

စစ်တပ်ရဲ့တရားအစဉ်ကို အမှားမထင်ဖို့

နားဝင်အောင်ညွန်ပြပေါ့။

ခုတော့… မောဟမြေကြမ်းမှာ၊ လောဘခြေလှမ်းနဲ့

ဒေါသရှေ့တန်းတင်

မြင်မြင်ကရာကိုပစ်

ပြဿနာအထွေထွေကို သေနတ်မှာအဖြေရှာတော့

သွေးဆာတဲ့ သမိုင်း

ကမ္ဘာတွင်အောင်၊ ရာဇ၀င်ရိုင်းခဲ့ပြီ။



ဒါလား ဗုဒ္ဓဘာသာ…၊ ဒါလားဟေ့ ဓမ္မရာဇာ

စေတီတကာမှာ ငြင်းဆင်၊ ထီးတင်ကြ ထုံးသုတ်ကြ

လမ်းထီးလမ်းမတွေ ဘယ်ညာဖောက်

ကဏ္ဍားတွေထောက်၊ တံတားတွေဆောက်

အမြောက်တင်ကားမှာ ဗျောက်ဆင်တဲ့ခါးနဲ့

ဘုရားတကာ ဗိုလ်တစု၊ ဗိုလ်ရှုခံ ခရီးထွက်မတဲ့

ရုတ်တရက် ဘားခနဲ ကားရှေ့မှာသခင်အောင်ဆန်း

ရင်ဘောင်တန်းတာက ဗိုလ်အောင်ကျော်

ဖုန်းမော်ရဲ့အလောင်းကိုပိုက်ပြီး

ငမိုက်သားတွေကို မမိုက်မှားစေအောင် ကိုယ်ထင်ပြ

ဆုံးမမယ်ဆိုရင်

ဘာဖြစ်မယ်ထင်သလဲ…?၊ ဘာလုပ်မယ်ထင်သလဲ…?

ငရဲသား စစ်ဗိုလ်အပေါင်းက

ကောင်းဘွိုင်လက်၊ ဖက်ဆစ်လက်၊ လျှတ်ပြက်နဲ့

ခါးထက်က ဗျောက်တွေထုတ်၊ လူသတ်ပွဲလုပ်မှာပါပဲ

ငရဲသားဆိုတာ၊ ငရဲလားမှာကြောက်ပါ့မလား

နောက်ကျမှ မြေမျို၊ ခုလိုချင်တာ အာဏာ

အာဏာမှာ ဦးနှောက်မပါပေဘူး၊



ဒါပေမယ့်…

ဒါပေမယ့် ရဲဘော်တို့

ဒင်းတို့သတ်လည်း သတ်လို့မသေ ဖုန်းမော်တွေ

စိန်ပန်းမြေမှာ စိန်တံတိုင်းမှာ

စိန်သမိုင်းဖြစ်လို့နေပါပြီ။



အောင်ဆန်းလည်း ကမ္ဘာမသေ

အောင်ကျော်လည်း ကမ္ဘာမကြေ

ခွပ်ဒေါင်းရဲဘော် ဖုန်းမော်လည်း မသေ

ပြည်သူတွေရဲ့ ရင်ခွင်ကြားက

သမိုင်းဖြစ် လူသားကို

ဓားနဲ့ထိုး ဓားကျိုးလို့လှံခွေ

သေနတ်တွေ ယမ်းမကူး၊ ထပ်ဦးက အာဇာနည်ထုံးနဲ့

ဖုန်းမော်တို့မသေ၊

ဖုန်းမော်တွေ၊ ဖုန်းမော်တွေ၊

ဖုန်းမော်တွေဆယ်ဆတိုးပြီး

ဘိုးဘိုးအောင် ၀လုံးလို

ဖုန်းမော်တွေ အထောင်အသောင်းနဲ့

ဒို့ကျောင်းသားပြည်သူအပေါင်းတို့

ဒို့နိုင်ငံ လွတ်စေကြောင်းနဲ့

လူ့အခွင့်အရေးတွေ ပေးဟေ့ပေး…

ဒိုမိုကရေစီ အခွင့်အရေး ပေးဟေ့ပေး…

ပေးဟေ့ပေး၊ ပေးဟေ့ပေးလို့တောင်းကြ

သွေးစည်မယ် မဖည်မစောင်းစေနဲ့

ဟေ့-ခွပ်ဒေါင်းသံ လွှင့်

ခွပ်ဒေါင်းအလံ မြှင့်၊

မောင်စွမ်းရည်
မတ်လ ၁၂၊ ၂၀၀၆
(ကိုဖုန်းမော်ကျဆုံးခြင်း နှစ် ၂၀ ပြည့်နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၀၆ ခုနှစ်ကရေးသားပေးပို့ခဲ့သော ဆရာစွမ်း၏ကဗျာကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)

Sunday, March 9, 2008

ခေတ်ဆိုးနဲ့ကဗျာဆရာ



မောင်စွမ်းရည်

ညီအကို မသိတသိကာလ
သိတောင်မှ မသိယောင်ဆောင်ရ။
မသိတောင် သိယောင်ဆောင်မှ။
အယောင်ဆောင်တွေ များမှများ
အမှောင်ခေတ်ကြီး ပေတကား…။

ဟန်ဆောင်ပြီး သံယောင်လိုက်ရ
အကြိုက်ဆောင် အမိုက်မှောင်ကျချိန်
အလိမ္မာ မှိန်ရတာက သဘာဝ။
အချိန်သဘောက လိမ်ပြောရသတဲ့…။
မုသားမပါ လင်္ကာမချောတဲ့…။

ဟုတ်ကဲ့လားကွာ-
လင်္ကာချောအောင်၊ ပြောရတဲ့မုသားဟာ
မုသားစဉ်စစ်၊ မုသားဖြစ်သမို့
မုသား ညစ်က၊ မုသားဖြစ်လိမ့်
‘ကဗျာစဉ်စစ်’ မဖြစ်နိုင်
‘ကဗျာ ဆရာသစ်’၊ ဖြစ်ချင်ဖြစ်မယ်
ဖြစ်ခြင်းဖြစ်ရင် ‘မြက်ခင်းသစ်’ခေါ် စားကျက်မှာ။

မြက်ခင်းသစ်မှာ ကောင်းဘွိုင်သစ်က
နွားပါးစပ် ကြိမ်ခြင်းစွပ်
သေနတ်ခါးထိုး၊ ကြာပွတ်မိုးလျက်။

မောင်စွမ်းရည်
ဖေဖော်ဝါရီလ ၁၆၊ ၂၀၀၅

Twitter Delicious Facebook Digg Stumbleupon Favorites More