This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, May 31, 2010

Sunday, May 30, 2010

ထောင်ချသူတခါစားမြတ်ခိုင်နှင့် ထောင်ကျသူ ကဗျာဆရာစောဝေ

ဒေါင်းမာန်ဟုန်ဘလောက်မှ(http://www.dawnmanhon.com/)

ထောင်ချသူနှင့်ထောင်ကျသူတို့ပြန်လည်တွေ့ဆုံကြသောအခါ

ကဗျာဆရာစောဝေသည် “ဖေဖေါ်ဝါရီ (၁၄)” ခေါင်းစဉ်အမည်ဖြင့် အချစ်ကဗျာတစ်ပုဒ်ကို ရိုးသားစွာ ရေးသားခဲ့သော်လည်း နအဖ၏ အောက်ဆွဲ တစ်ခါစား မြတ်ခိုင်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေအား အာဏာရူးကြီး မှုးကြီးသန်းရွှေ ဟု အဓိပ္ပါယ်သက်ရောက်အောင် လှောင်ပြောင် ရေးသားသည်ဆိုကာ မြန်မာနိုင်ငံစာပေနှင့်စိစစ်ရေးမှ စာပေကင်ပေတိုင်မှုး ဗိုလ်မှုးတင့်ဆွေ (ခ) ရဲရင့်တင့်ဆွေအား တိုင်ကြားခဲ့သဖြင့် ကဗျာဆရာစောဝေတစ်ယောက် ထောင် (၂) နှစ်ကျခံ ခဲ့ရသည်။

ယင်းအမှုတွင် ကဗျာဆရာ စောဝေ၏ ကိုယ်စားလျှောက်လှဲသူအဖြစ် စာရေးဆရာမ အယ်ဒီတာချုပ် ခင်ပန်နှင်းမှ လိုက်ပါလျှောက်လှဲ ဆောင်ရွက်ပေးခဲ့သည်။ ကဗျာဆရာစောဝေအား ပြစ်မှုထင်ရှားသည်ဆိုကာ တရားရုံးမှ ထောင်ဒဏ် (၂) နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ထောင်ဒဏ်အပြစ်မှာ (၂) နှစ်သာဖြစ်သော်လည်း တကယ်တမ်းတွင် ရမည်းသင်းအကျဉ်းထောင်၌ (၂) နှစ်၊ (၄) လနှင့် (၅) ရက်တိတိ အကျဉ်းချခံခဲ့ရပါသည်။ ၂၆.၅.၂၀၁၀ နေ့တွင် ကဗျာဆရာ စောဝေအား ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွှတ်ပေးခဲ့ပါသည်။

၎င်း ဖေဖေါ်ဝါရီ(၁၄) အမည်ရကဗျာကို ရေးသားစဉ်က ကဗျာဆရာစောဝေရေးသားသည်ကို ပြည်သူ့ချဉ်ဖတ် တစ်ခါစားမြတ်ခိုင်မှ သိရှိထောက်ခံခဲ့ပြီး မြန်မာနိုင်ငံစာပေနှင့်စိစစ်ရေးမှ စာပေကင်ပေတိုင် ဗိုလ်မှုးတင့်ဆွေ (ခ) ရဲရင့်တင့်ဆွေအား သွားရောက်တိုင်ကြားပြီး၊ ကဗျာဆရာစောဝေအား ဗိုလ်မှုးတင့်ဆွေမှ တွေ့လိုကြောင်းပြောပြီး စာပေစိစစ်ရေးရုံးသို့ အယုံသွင်း ခေါ်ဆောင်သွားခဲ့ပါသည်။

ရုံးသို့ရောက်သည်နှင့် တစ်ခါစားမြတ်ခိုင်နှင့် စာပေကင်ပေတိုင် ဗိုလ်မှုးတင့်ဆွေတို့မှ စအဖ စစ်ထောက်လှမ်းရေးများလက်သို့ ကဗျာဆရာစောဝေကို ၀ကွက်အပ်နှံလိုက်ကြပါတော့သည်။ တစ်ခါစားမြတ်ခိုင်သည် ထိုအချိန်က အချစ်ဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် ရပ်တည်ပြီး စာပေကို လုပ်ကြံနေပါသည်။

မဂ္ဂဇင်း၊ဂျာနယ်စာစောင်များတွင် ရေးသားသော ဆောင်းပါး၊ ကဗျာ၊ ၀တ္ထုတို/၀တ္ထုရှည်၊ သရော်စာများကို ရေးသားသူ၏ အမည်ရင်းကို တစ်စုံတစ်ဦး သိရှိစေရန် မဖော်ထုတ်၊ မပြောဆိုရေးမှာ အယ်ဒီတာ၏ တာဝန်ပင်ဖြစ်သည်။ နယ်ချဲ့  ကိုလိုနီအစိုးရကို တော်လှန်နေသည့်အချိန်က ရန်ကုန်တက္ကသိုလ်မှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် (ငရဲခွေးကြီးလွတ်နေသည်) ဟူသောဆောင်းပါးကြောင့် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ သခင်အောင်ဆန်း ကျောင်းမှ အထုတ်ခံခဲ့ရပါသည်။ ၄င်းဆောင်းပါးကို ရေးသားသူမှာ အိုးဝေညိုမြ ဖြစ်ပါသည်။ သခင်အောင်ဆန်းသည် အယ်ဒီတာကောင်းတို့၏ စည်းကမ်း တာဝန်နှင့်အညီ ဆောင်းပါးရေးသားသူကို ထုတ်ဖော်မပြောဘဲ သူသာ အနစ်နာခံခဲ့ပါသည်။

ယခုလို ရေးသားတင်ပြရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့လူတော်လူကောင်းတစ်ဦးနှင့် လူ့ငရဲသား တစ်ခါစားမြတ်ခိုင်အား နှိုင်းယှဉ်ပြနေခြင်း မဟုတ်ပါ။ အယ်ဒီတာကောင်းတို့၏ ဂုဏ်သိက္ခာအရည်အချင်းကို တင်ပြခြင်းသာ ဖြစ်ပါသည်။

တစ်ခါစားမြတ်ခိုင်သည် စာပေလောကတွင် အယ်ဒီတာကောင်းတစ်ဦးလည်း မဟုတ်သလို၊ စာပေအနုပညာရှင်ကောင်းတစ်ယောက်လဲ မဟုတ်ပါ။ မြတ်ခိုင်သည် နအဖ၏ ဖော်လံဖားအောက်ဆွဲသာ ဖြစ်ပြီး၊ ပြည်သူများ၊ အနုပညာရှင်များအား ထောင်ထဲသို့ အရောက်ပို့ပေးနေသော နအဖ၏ စွမ်းအားရှင် သတင်းပေးတစ်ဦးသာ ဖြစ်ပါသည်။

တစ်ခါစား မြတ်ခိုင်ရိုက်ကူးခဲ့သော ဓါတ်ပုံများကြောင့် ၂၀၀၇ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) ၌ နအဖ၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသူ အများအပြား ရှိခဲ့ပါသည်။

၂၀၁၀ မေ ၂၉ ရက်နေ့တွင် ကုန်သည်ကြီးများဟိုတယ် (Traders Hotel) ၌ ရွှေအမြုတေမဂ္ဂဇင်းတိုက်မှ ကျင်းပပြုလုပ်သော ပဉ္စမအကြိမ်စာပေဆုပေးပွဲတွင် ကဗျာဆရာစောဝေအား ထောင်ကျအောင် ချောက်ချခဲ့သော တစ်ခါစားမြတ်ခိုင်နှင့် ချောက်ထဲရောက်ပြီး ထောင်ကျခဲ့သော ကဗျာဆရာစောဝေတို့ အမှတ်မထင် ပြန်လည်တွေ့ခဲ့ကြပါသည်။

ကဗျာဆရာစောဝေမှ တစ်ခါစားမြတ်ခိုင်ကြီးအား သွားရောက်နှုတ်ဆက် လက်ကမ်းပေးရာ မြတ်ခိုင်ကြီးမှ လက်ကို ပြန်လည်မကမ်းပေးဘဲ နောက်ဘက်သို့ ပစ်ထားပြီး (မင်းထောင် ၂ နှစ်ထဲကျတာ နည်းလိုက်တာကွာ) ဟူသော အကြည့်မျိုးဖြင့် ကဗျာဆရာစောဝေအား ရွှန်းရွှန်းစားစား ကြီးကြည့်နေခဲ့ပါသည်။

တစ်ခါစားမြတ်ခိုင်သည် မီဒီယာလောက၊ နိုင်ငံရေးလောကတွင်ပါ ကြောက်စရာအကောင်းဆုံး မီဒီယာငရဲသားကြီးပင် ဖြစ်ပါတော့သည်။
မာဃ၀ိဇ္ဇာ

မေ(၃၀)ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး(၇)နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကျင်းပ

View all
Get your own

မေ(၃၀)ရက်နေ့တွင် ကျရောက်သည့် ဒီပဲယင်း(၇)နှစ်ပြည့် နိုင်ငံတော်လုပ်ကြံမှု အထိမ်းအမှတ်အခမ်းအနားကို တိုကျိုမြို့ ရှီနာဂါဝရပ်ကွက်ရှိ နအဖအခွန်ရုံးရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်)NLD-LA-JB၏ ဦးဆောင်မှုဖြင့် မွန်းလွှဲပိုင်း(၃)နာရီမှ (၅)နာရီ အထိ ကျင်းပခဲ့ရာ ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံ မှ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့သော ၂၀၀၃ ခုနှစ်၊ မေ ၃၀ တွင် အထက်ဗမာပြည်စည်းရုံးရေးခရီးစဉ်အသွား စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များ၊ ရဟန်းသံဃာတော်များနှင့် ကျောင်းသားပြည်သူများကို နအဖ ၏ လက်ကိုင်တုတ်များ ဖြစ်သော ကြံဖွတ်နှင့် စွမ်းအားရှင်တို့မှ ၀ါးရင်းတုတ်များ၊ ၀ါးချွန်များကိုင်ဆောင်ပြီး အကြမ်းဖက်လုပ်ကြံမှုကြောင့် ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပေါ်လာရအကြောင်းကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ယနေ့အခမ်းအနား၌ ဒီပဲယင်းတွင်ကျဆုံးသွားသော အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် နှင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရန်နှင့် ဒီပဲယင်းတွင် ကျုးလွန်ခဲ့သည့် လူသတ်တရားခံများကိုလည်း ဖော်ထုတ်ပေးရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း အခမ်းအနားမှုးကပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် တာဝန်ရှိသူများက ဒီပဲယင်း(၇)နှစ်ပြည့်အထိမ်းအမှတ်နှင့်ပတ်သက် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဘာသာပေါင်းစုံမှ ဆရာတော်များ ဆုတောင်းမေတ္တာပို့သပေးပြီး အဖွဲ့အစည်းအသီးသီးမှ ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ပန်းခြင်းများချကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။ ဒီပဲယင်း(၇)နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားသို့ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ (၅၀၀) ခန့်တက်ရောက်ခဲ့ကြပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း


လောင်းကြမလား... ကမ္ဘာ့ဖလား


(၄)နှစ် တစ်ကြိမ် ကျင်းပတဲ့ 2010 ကမ္ဘာ့ဖလား ပွဲကြီး က နီးသည်ထက် နီးလာပြီဗျ။ ရှေ့လာမယ့် ဇွန်လ (၁၀)ရက် ဆိုရင် စ,ပြီလေ။ ဒီချိန်ကတော့ ဘောလုံးဝါသနာအိုးများသာမက ဘောလုံးဝါသနာ မပါသူများတောင်မှ အရူးထ, ကြတဲ့ အချိန် ဆိုရင်လည်း မမှားပေဘူးပေါ့ဗျာ။ ကမ္ဘာ့ဖလား ဆိုရင် အမျိုးသားများသာမက အမျိုးသမီးများတောင် Crazy အရမ်း ဖြစ်ကြတာကို တွေ့ရသဗျ။ ရှေ့လာမယ့် ဇွန်လ တစ်လလုံးကတော့ ဒီ ကမ္ဘာ့ဖလားအကြောင်း မိုးမွှန်နေအောင် ပြောကြ ဆိုကြသံတွေ ကြားကြရတော့မှာပေါ့ဗျာ။ လဘ္ဘက်ရည် ဆိုင်လဲ ဒါဘဲ၊ ဘီယာဆိုင်လဲ ဒါဘဲ ၊ ဂျာနယ်တွေလဲ ဒါဘဲ . . . ဆိုတဲ့ အချိန်ကာလ တစ်ခုကို ဖြတ်သန်းရဦးတော့မှာပေါ့ဗျာ။

ကျွန်တော်တို့ ဗေဒင်ဆြာတွေလည်း ဘယ်နေလိမ့်မတုန်း။ ဘယ်အသင်းနိုင်မယ်၊ ဘယ်အသင်း ဗိုလ်စွဲမယ်ဆိုတာ ဟောကိန်း ထုတ်ကြတော့မယ်လေ။ မကြာပါဘူး။ လာပါလိမ့်မယ် – ဂျာနယ်တွေမှာ။ ဘယ်အသင်းနိုင်လိမ့်မယ်တဲ့ – ဘယ်အသင်းကတော့ အုပ်စုက မတက်လောက်ဘူး။ ဘယ်အသင်းကတော့ ရှုံးထွက်မှာ ပြုတ်မယ် စတဲ့ ဟောကိန်းတွေ။

နို့ . . နေပါဦး ။ ဆရာကကော မတွက်မယ့် အထဲမှာ ပါနေလို့ ပြောတာလား ? လို့ မေးစရာ ရှိပါတယ်။ အောင်မယ် ဘယ်နေလိမ့် မလဲဗျာ။ ဒီလိုပွဲမျိုး စောင့်နေတာ ကြာပြီဗျ။ (၄)နှစ်မှ တစ်ခါ ကြုံရတာ။ ဒီတော့ တွက်လည်း တွက်မယ်။ ကြည့်လည်း ကြည့်မယ်။ လောင်းလည်းလောင်းမယ်။ (လောင်းမယ် ဆိုတာ လဘ္ဘက်ရည်ကြေး၊ ဘီယာကြေး လောက်ပါ၊ ပိုက်ဆံကြေးကတော့ တော်ခဲ့ တန်ခဲ့ပါပြီ)

လောင်းမယ် . . ဆိုလို့ (၄)နှစ်တခါ ကမ္ဘာ့ဖလားချိန်တိုင်းမှာ “ကူးစက်ရောဂါကြီး” တစ်ခု ဖြစ်လာတဲ့ “အလောင်းအစား” ကိစ္စကိုလည်း သတိထားကြဦးနော်။ တချို့က ပြောကြတယ် ။ ဘောလုံးပွဲဆိုတာ အလောင်းအစားလေး ပါမှ ကြည့်လို့ ကောင်းတာတဲ့။

မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် (၄)နှစ်တခါ ဒီ ကမ္ဘာ့ဖလားကြောင့် စီးပွားပျက်၊ ဘ၀ပျက် သွားရတာတွေ လည်း အများကြီးနော်။ သတိလည်း ထားကြဦး။ အသင်းလေး (၂)သင်းကန်တာကို မှန်အောင် မခန့်မှန်းနိုင်ကြလို့ “ အိမ်ပေါင်၊ တိုက်ပေါင်၊ မြေပေါင်၊ ကားပေါင်၊ ရွှေပေါင်” ဖြစ်ကုန်ကြပြီး နောက်ဆုံး ဘ၀ပျက်၊ စီးပွားပျက်ကြတာတွေ များလှသဗျာ။


အလောင်းအစားများ ရှောင်နိုင်အောင် ရှောင်ကြစမ်းပါဗျာ။ အလောင်းအစားကြောင့် ချမ်းသာသွားတယ်ဆိုတာ သိပ်မကြားရပါဘူး။ ဘ၀ပျက်သွားတာတွေသာ နားမဆန့်အောင် ကြားရတာပါ။ ကြားဘူးတယ်မဟုတ်လား။ “ဖဲသမား မယား၊ နှဲသမား ပါး” တဲ့။ ဖေါင်းလိုက် ပိန်လိုက်၊ ဖေါင်းလိုက် ပိန်လိုက် ပါဘဲဗျာ။

တချို့ကလည်း အပိုင်ကြံကြသေးသဗျ။ ဒီလို အချိန်မှာ “ဟို ဘိုးတော်၊ ဟို နတ်ကတော်၊ ဟို အကြားအမြင် ၊ ဟို ဗေဒင်ဆရာတွေ” အားကိုးနဲ့ အပိုင်ပွဲကို အနိုင်နွဲ ကြဦးမတဲ့ ။ ဝေးပါသေးတယ်ဗျာ။ ဒီလိုသာ လုပ်လို့ ရစတမ်းဆိုရင် ဟောဒီက “အီဖေကိုယ်” တို့ ချမ်းသာတာ ကြာလှပြီပေါ့။

မကောင်းပါဘူးဗျာ။ ဘောလုံးပွဲများ အကျင့်ကို မကောင်းဘူး။ အခု ချတွက်ကြည့်။ ဘယ်အသင်း နိုင်မယ်ဆိုတာ “ကွက်တိ” မှန်အောင် ပြောနိုင်တယ်။ အဲ – မှန်တယ်ကွ ဆိုပြီး ထ, လောင်းကြည့်လိုက်။ သောက်တလွဲ ဖြစ်ကုန်ရော။ ဘယ်မှန်မှာလဲဗျာ။ “လောဘ” ဆိုတဲ့ အကုသိုလ်စိတ်က ဦးစီး နေတော့ “အမှန်တရားလည်း” ထွက်ပြေးတော့တာပေါ့။

ဗေဒင် မမှန်ဘူးဆိုရင် “အကြားအမြင်တို့ ၊ နတ်ကတော် တို့၊ ဘိုးတော် တို့ ၊ အဘ,ရသေ့ တို့” ဆီ သွားကြဦးမယ် ဆိုတဲ့ လူတွေလည်း ရှိသေးတယ်။ ပြောလိုက်ဦးမယ်။ ဖြစ်ရပ်မှန်လေး။

“အီးတီ” ဆိုတာ ကြားဘူးကြမှာပေါ့။ အင်မတန်မှန်တဲ့ နိုင်ငံကျော်/ ကမ္ဘာကျော် အကြားအမြင် ပညာရှင် တစ်ဦးပေါ့။ သူ့ရဲ့ ဦးလေးအရင်းဖြစ်တဲ့ “ဒေါက်တာမျိုးဝင်း” ဆိုတာ ကျွန်တော်နဲ့ အင်မတန် ရင်းနှီးပါတယ်။ ဒေါက်တာမျိုးဝင်းက “လူသေချာတစ်ဦး ဗျ” ။ ပြီးခဲ့တဲ့ 2006 ခု ကမ္ဘာ့ဖလားမှာ သူလည်း သူများတွေလို “ရွပိုးထိုး”လာတယ်။ အလောင်း အစားလေး လုပ်ချင်လာတယ်။

အဲဒီမှာ “တူမ” ဖြစ်သူ အကြားအမြင် ပညာရှင် အားကိုးနဲ့ လုပ်ပါလေရောဗျာ။ အရမ်းတော့ မလုပ်ဘူးနော်။ သူက “လူသေချာ” လေ။ သိတယ်မဟုတ်လား။ ပထမဆုံးပွဲကနေ (၇)ရက်ဆက်တိုက် “သူ့တူမ အီးတီ” ဆီကို ဖုန်းနဲ့လှမ်းမေး ပြီး ကနေ့ ဘယ်သူတွေနိုင်မလဲ . . ဆိုတာ လှမ်းမေးတယ်။ လုံးဝ မလောင်းသေးဘူးနော်။

အီးတီရဲ့ ခန့်မှန်းချက်တွေကလည်း လုံးဝ မှန်တယ်ဗျာ ။ တစ်ပွဲမှ မလွဲဘူး။ (၇)ရက် ဆက်တိုက်နော်။ အဲဒီတော့မှ သေချာပြီ ဆိုပြီး (၈)ရက်မြောက်နေ့မှာ “သူ စ,လောင်းတယ်” ။ သူတွင် မကဘူး။ သူငယ်ချင်းတွေကိုပါ စည်းရုံးလိုက်ပြီး “အီးတီ” ပြောတဲ့ အသင်းကို ၀ိုင်းလောင်းကြတယ်။

နောက်ဆုံး ပြောရရင်တော့ အင်မတန် မှန်လှပါတယ် ဆိုတဲ့ “အီးတီး” လည်း အဲဒီနေ့ကနေ စ,ပြီး လွဲတော့တာ ပါဘဲဗျာ။ အားလုံး ၀က်ဝက်ကွဲ ရှုံးကြပါတယ်။

အမှန်က အီးတီ မမှားပါဘူး။ သူ့ကို အသုံးချဖို့ ကြံကြတဲ့ သူတွေသာ မှားတာပါ။ ဗေဒင်ပညာ အပါအ၀င် အတတ်ဟော ပညာတွေက ဒီလို အသုံးချလို့ မရပါဘူး။ ရရင် ဗေဒင်ဆြာတွေ အရင်ချမ်းသာကုန်ကြပြီပေါ့ဗျာ။ မဟုတ်ဘူးလား။

ဒါကြောင့် အခုလာမယ့် 2010 ကမ္ဘာ့ဖလားပွဲကို ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ အားလုံး ၀ိုင်းပြီး ကြည့်ကြမယ်။ အားပေးကြမယ်။ ကြိုတင်ခန့်မှန်း ကြမယ်။ ပျော်ကြမယ်။ ကျွန်တော်လည်း ဇွန်လ (၅)ရက်နေ့ကနေ စ,ပြီး ကမ္ဘာ့ဖလား ဟောကိန်းတွေ ၊ ခန့်မှန်းချက်တွေကို စ,ပြီး တင်ပေးသွားမယ်။ ဒီလို ကြိုတင်ခန့်မှန်းပြီး ကြည့်မှ အသဲတဖိုဖို ရင် တလှပ်လှပ်နဲ့ ကြည့်လို့ကောင်းတာ ကလား။ ၀ါသနာရှင် ညီအစ်ကို မောင်နှမတွေလည်း ဒီ ခန့်မှန်းချက်တွေကို နေ့စဉ် လာရောက် ဖတ်ရှုနိုင်ပါတယ်။

ဒါပေမယ့် ဒီ ခန့်မှန်းချက်တွေကို အားကိုးပြီး (စီးပွားဖြစ်) အလောင်းအစားကိုတော့ မလုပ်ကြစေလိုပါ။ အထူးသဖြင့် ကိုယ့်ရဲ့ အသက်ပိုင်းဟာ “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” သက္ခတ် များအတွင်းရောက်နေသူများ အထူးရှောင်ပါ။ “ရှိတာ အကုန် ကုန်သွားမယ် နော်” ။ ကျွန်တော့် အတွေ့အကြုံအရ ဒီလို ပွဲကြီးပွဲကောင်းတွေ ကြုံလာရင် “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ၊ ကြာသပတေး” (၄)ခွင်ထဲရောက်နေသူတွေ အများဆုံး “ဘ၀ပျက်” တတ်ကြတယ်။ ကိုယ်တွေ့တွေ များလှပါပြီ။ ကယ်ပါဦး ဆရာ ဆိုတာတွေ များလှပါပြီ။ ဒီတော့ လောင်းချင်ရင် “လဘ္ဘက်ရည်ကြေး၊ ဘီယာကြေး၊ ထမင်းကျွေးကြေး” လောက် ဆိုရင် တော်လောက်ပြီ ပေါ့ဗျာ။

ဆရာကြီး လုပ်တာ မဟုတ်ဘူးနော်။ ကိုယ်တိုင် “ဘောလုံးပွဲကြောင့် မြေကွက်တစ်ကွက် ဆုံးရှုံးဘူးလို့” သတိပေးနေ တာပါ။ ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော် လောက်ကပါ။ “ပြင်သစ်” ဗိုလ်စွဲ သွားတဲ့ (1998) ခုနှစ် ကမ္ဘာ့ဖလားပွဲ မှာပေါ့။ အဲဒီတုန်းက ဗေဒင်ဆရာ ဘ၀ကို မရောက်သေးပါဘူး။ အဲဒီ ဘောလုံးပွဲကနေ စ,ပြီး စီးပွားပျက် ဘ၀ပျက်လိုက်တာ – အဲဒီ 1998 ခုနှစ်မှာ ရှိတာ အားလုံးကုန်ပြီး ဗေဒင်ဆရာဘ၀ကို ရောက်လာခဲ့တော့တာပါဘဲဗျာ။

အဲဒီမှာ ကိုယ်တတ်ထားတဲ့ ဗေဒင်ပညာလည်း မကယ်နိုင်ပါဘူး။ ဒါတောင်မှ “လောဘ” သိပ်ပါတာ မဟုတ်ဘူးနော်။ အပျော်လုပ်တာ, အပျော်လုပ်တာ နဲ့ ပါ, ပါသွားတာ။ လှေမျောရင် လှေနဲ့ လိုက်၊ ငွေမျောရင် ငွေနဲ့ လိုက် ဆိုပြီး လိုက်ရင်း . . လိုက်ရင်း နဲ့ စာရင်းချုပ် လိုက်တော့ (မြေကွက်တစ်ကွက်) အရှင်းပြုတ် သွားတာပါဘဲဗျာ။

ကိုယ်တွေ့ အတွေ့အကြုံတစ်ခုကို အားလုံး သတိပြုနိုင်အောင်လို့ ဝေမျှပေးတာပါဗျာ။

ညီအစ်ကို မောင်နှမ အားလုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ အပြစ်ကင်းစွာ ပျော်ရွှင်နိုင်ကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

န.အ.ဖ ရွေးကောက်ပွဲဝင်ဖို့ ပြင်နေသည့်ပါတီများ သတိပြုရန်

န.အ.ဖ ကတော့ သူ့ဂွင်ထဲဝင်လာမယ့် အမဲတွေကို တဖြည်းဖြည်းဖဲ့စပြုလာနေပါပြီ။
မှတ်ပုံတင်ခွင့် ရရှိပြီးသော နိုင်ငံရေးပါတီများက သတ်မှတ်ထားသည့် ပါတီဝင် အင်အားစာရင်းကို ကော်မရှင်သို့ တင်ပြရန် ထုတ်ပြန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ်(၆၄/၂၀၁၀)ကို မေလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ကြေညာချက်အရ -
၁။ နိုင်ငံရေးပါတီများသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက် ထားရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅(စ)နှင့်အညီ “ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ဖြစ်ပါက နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို စည်းရုံးမည် ဖြစ်ကြောင်း ၀န်ခံ ချက် (သို့မဟုတ်) တိုင်းဒေသကြီး/ ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ ကို စည်းရုံးမည် ဖြစ်ကြောင်း “၀န်ခံချက်” များနှင့် အတူ တင်ပြ လျှောက်ထား ခဲ့ကြပါသည်။
၂။ သို့ဖြစ်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးသော ပါတီများသည် မှတ်ပုံတင် ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅(စ)ပါ ၀န်ခံချက်အတိုင်း သတ်မှတ်ထားသည့် ပါတီဝင် အရေအတွက်ကို စည်းရုံး ရရှိပြီးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ သတ်မှတ်ပုံစံများဖြင့် လာရောက် တင်ပြရမည် ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
၃။ သတ်မှတ်ချက်အတိုင်း ပါတီဝင်ဦးရေကို စည်းရုံး ရရှိပြီးဖြစ်ကြောင်း ကော်မရှင်သို့ တင်ပြ ဆောင်ရွက်ခြင်း မပြုနိုင်လျှင် ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းရမည်ဟု နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပေဒပုဒ်မ ၁၂ တွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြ ထားပါသည်။

“၂၀၁၀ ရွေးကောက်ပွဲက သင့်ကို အသေရရ အရှင်ရရ ကြိုဆိုသည်” (ကာတွန်းဘီရုမာ-မိုးမခ၀က်ဘ်ဆိုက်)

ဇွန်လဆန်းတွင် မြန်မာတစ်နိုင်လုံးသို့ မုတ်သုံဝင်ရောက်ပျံ့နှံ့မည်

အနောက်တောင်မုတ်သုံလေမှာ မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်နေပြီ ဖြစ်သဖြင့် တစ်နိုင်ငံလုံးသို့ ဇွန်လဆန်းတွင် ဝင်ရောက် ပျံ့နှံ့သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မုတ်သုံမှာ မြန်မာနိုင်ငံ တောင်ပိုင်းသို့ မေ ၁၈ ရက်တွင် ဝင်ရောက်ခဲ့ပြီး မြစ်ဝကျွန်းပေါ်ဒေသများသို့ မေ ၂၁ ရက်တွင် ဝင်ရောက်ခဲ့သည်။ ဆက်လက်၍လည်း မေလ ၂၆ ရက်၊ ၂၇ ရက် ဝန်းကျင်တွင် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်နိုင်ပြီး ဇွန်လဆန်း ၃၊ ၄ရ က်တွင် တစ်ပြည်လုံးသို့ ဝင်ရောက်နိုင်ဖွယ် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူဖြစ်သော ဦးချစ်ကျော်က ရှင်းပြသည်။
“မြန်မာနိုင်ငံတောင်ပိုင်း ကတော့ ဆယ်ရက်လောက် နောက်ကျတယ်။ မြစ်ဝကျွန်းပေါ်က လေးရက်နောက်ကျတယ်။ ကျန်ဒေသတွေ ကတော့ ပုံမှန် အတိုင်းပဲ။ ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။ မုတ်သုံဆုတ်ခွာချိန်ကို လာမည့် စက်တင်ဘာလ ပထမ ၁၀ ရက်တွင် မြန်မာနိုင်ငံ မြောက်ပိုင်း၊ စက်တင်ဘာလ ဒုတိယ ၁၀ ရက်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ အောက်တိုဘာလ ပထမ ၁၀ ရက်တွင် မြန်မာနိုင်ငံ တောင်ပိုင်းမှ အသီးသီး ဆုတ်ခွာဖွယ်ရှိကြောင်း သိရသည်။
ယခုမုတ်သုံ ဝင်ရောက်မှုနှင့် မုတ်သုံထွက်မည့် အချိန်များကို သုံးသပ်ပါက ယခုနောက်ပိုင်းနှစ်များနှင့် များစွာ မကွာခြားလှဘဲ ရှေးယခင်နှစ်များကနှင့် နှိုင်းယှဉ်လျှင်မူ မုတ်သုံကာလ တိုတောင်းသွားကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ လက်ရှိ ကမ္ဘာ့ရာသီဥတု အခြေအနေများကြောင့် ယခုနှစ်မှာ ပုံမှန်နှစ်ဖြစ်ရန် ၅၀ ရာခိုင်နှုန်း၊ မိုးများခြင်း၊ မုန်တိုင်းဖြစ်ပွားမှုများခြင်းနှင့် ရေကြီးလေ့ရှိသော လာနီညာရာသီဥတု ဖြစ်ပွားရန် ၄၀ ရာခိုင်နှုန်း၊ ပူပြင်းခြောက်သွေ့သော အယ်လ်နီညိုနှစ် ဖြစ်ပွားရန် ၁၀ ရာခိုင်နှုန်းသာရှိကြောင်း မိုးလေဝသပညာရှင်က ရှင်းပြသည်။ ထို့ကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းများကပင် အယ်လ်နီညို ရာသီဥတုဒဏ် ခံစားနေရာမှ ယခုအခါ လာနီညာဖြစ်နိုင်ခြေ မြင့်တက်လာပြန်၍ ရာသီဥတုပြောင်းလဲမှုမှာ လျင်မြန်စွာ ဖြစ်ထွန်းနေပြီး ကြိုတင်ခန့်မှန်းရန် ပို၍ ခက်ခဲလာကြောင်း ဒေါက်တာထွန်းလွင်ကပြောကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

မိနစ် ပုတ်ပြတ်စနစ်နဲ့ Skype ဝယ်နိုင်ပြီ

နိုင်ငံတကာကို ဖုန်းခေါ်ဆိုနိုင်တဲ့ Skypeကလစဉ် မိနစ်ပုတ်ပြတ်စနစ်နဲ့ ကြိုက်နှစ်သက်တဲ့ နိုင်ငံအလိုက် ရွေးချယ်ဝယ်နိုင်ပြီလို့ သိရတယ်။ ပုတ်ပြတ် စနစ်ကို ဇွန်လ ၁ ရက်နေ့ကစပြီး အသုံးပြုနိုင်မှာပါ။ လာရောက် ငွေမသွင်းနိုင်တဲ့ သူတွေအတွက် အိမ်တိုင်ရာရောက် ကောက်ခံ ပေးမယ်လို့ ဆိုပါတယ်။ လစဉ် ပုတ်ပြတ်စနစ်နဲ့ မိနစ် ၆၀၊ မိနစ် ၁၂၀၊ မိနစ်၁၀,၀၀၀ အထိ ဝယ်နိုင်ပါတယ်။ ပုတ်ပြတ်စနစ် ဝယ်မယ်ဆိုရင် ထိုင်း၊ စင်ကာပူ၊ အမေရိကန်၊ ကနေဒါတို့ကို တစ်မိနစ် ၇၅ ပြားသာ ကျသင့်မယ်လို့ သိရတယ်။ ‘ပုတ်ပြတ်စနစ်ကြောင့် ခေါ်ဆိုခတွေက ကျပ် ၁၀၀လောက် ဈေးကျသွားတယ်၊ ပုတ်ပြတ်စနစ် မသုံးချင်ရင်လဲ အရင်ကလို ကြိုက်သလောက်ပြော ကျသလောက် ရှင်းစနစ်နဲ့ပဲဆက်ခေါ်နိုင်တယ်’ လို့ Skyper Business Group မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သူက ‘Skype ရဲ့အားသာချက်က ဗီဒီယိုနဲ့အခမဲ့ ပြောနိုင်တယ်၊ မြန်မာ ဘာသာနဲ့ ချက်နိုင်တယ်၊ မြန်မာဘာသာနဲ့လဲ အိုင်ဖုန်းကိုအက်စ်အမ်အက်စ် ပို့နိုင်တယ်။ သူငယ်ချင်း လေးငါးယောက်နဲ့ စကားဝိုင်းဖွဲ့ပြောဖို့တစ်ပြိုင်နက် ခေါ်ဆိုပြီး ဖုန်းပြောနိုင်တယ်’လို့ ပြောပါတယ်။ Skype ရဲ့ မိနစ်ပုတ်ပြတ်စနစ်ကို စင်ကာပူ၊ ထိုင်း၊ ဟောင်ကောင်၊ အမေရိကန်၊ တရုတ်၊ မလေးရှား၊ ဒူဘိုင်း၊ ကိုရီးယား၊ ဂျပန်၊ တရုတ်(တိုင်ပေ)၊ ဂျာမနီ၊ နော်ဝေ၊ ဗြိတိန်၊ ရုရှား၊ မြန်မာ၊ အိန္ဒိယ၊ ကာတာ၊ အိုမန်၊ သြစတြေး လျား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နိုင်ငံတွေမှာ ဝယ်ယူနိုင်တယ်လို့သိရကြောင်း ၂၀၁၀ ခုနှစ်မေလ ၂၈ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

Friday, May 28, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ရွေးကောက်ပွဲအနိုင်ရ နှစ်(၂၀)ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား (ဓာတ်ပုံမှတ်တမ်း)ဂျပန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ခြင်း အနှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာ သံရုံး)ရှေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ့မှ ဦးစီး၍ နေလည် ၃း၀၀ နာရီမှာ စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကိုယ်စား ရွေဂုံတိုင်ကြေငြာစာတမ်းကို အမြန်ဆုံး အကောင်အထည် ဖေါ်ပေးရန်အတွက် တိုက်တွန်း တောင်းဆိုသည့် စာကို မြန်မာသံရုံး စစ်သံမှူးမှတဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွေထံ ပေးပို့ခဲ့ကြောင်းသိရှိရပါသည်။

အခမ်းအနားသို့  ဂျပန်ရောက် မြန်မာနိုင်ငံသား စုစုပေါင်း(၁၅၀)ကျော် တက်ရောက်ခဲ့ကြပြီး ညနေ ၄း၁၅ နာရီတွင် အခမ်းအနား ပြီးဆုံးခဲ့ကြောင်းသိရှိရပါသည်။
ဓာတ်ပုံ။ ။ မင်းညိုဝမ်း (moethaukkye)

Wednesday, May 26, 2010

“ ပြုပြင်ပြောင်းလဲကြဘို့သင့်လေပြီ ”(မောင်ချင့်ချိန်)

ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြတယ် ။ တချို့ကနှစ်ခြောက်ဆယ်ကျော် ၊ တချို့က နှစ်လေးဆယ်ကျော် ၊ တချို့ကနှစ်,နှစ်ဆယ်ကျော်နဲ့ နိုင်ငံရေးပါတီတွေ ၊ ကျောင်းသားသမဂ္ဂတွေ ၊ တိုင်းရင်းသားအဖွဲ့ အစည်းတွေ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ သတင်းမီဒီယာတွေ စတဲ့အဖွဲ့မျိုးစုံမှာ ဗမာပြည် စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲသမိုင်းတလျှောက် ကိုယ်စီအတွေ့အကြုံများစွာ ရရှိဖြတ်သန်းခဲ့ ကြပါတယ် ။


အကျဉ်းထောင်တွေထဲရောက်ခဲ့တဲ့သူတွေရှိတယ် ၊ တောတောင်တွေထဲရောက်ခဲ့တဲ့သူတွေရှိတယ် ၊ ဒုက္ခသည်စခန်းရောက်သွားကြတာတွေရှိတယ် ၊ နိုင်ငံတကာမှာရောက်နေသူတွေရှိတယ် ၊ ဘ၀မျိုး စုံမှာ ကျင်လည်နေရသူတွေရှိတယ် ၊ ပြည်တွင်းမှာရပ်တည်နေရသူတွေရှိတယ် ၊ ကျဆုံးသွားသူ တွေရှိတယ် ၊ ရောဂါမျိုးစုံနဲ့သေဆုံးသွားသူတွေရှိတယ် ၊ ဘ၀ပျက်သွားသူတွေရှိတယ် ၊ သစ္စာ ဖေါက်သွားသူတွေရှိတယ် ၊ ဘေးထွက်ထိုင်သွားသူတွေရှိတယ် ၊ လူမျိုးစုံ ပုံသဏ္ဍာန်မျိုးစုံနဲ့ ။

အားလုံးဟာ အဖွဲ့အစည်းတွေဘယ်လိုကွဲပစေ ၊ ဖြတ်သန်းမှုပုံစံဘယ်လိုခြားနားပစေ ၊ တူညီခဲ့တာတွေ ရှိပါတယ် ၊ ခေတ်အဆက်ဆက် အာဏာရှင်တွေဘယ်သူပဲဘယ်လိုပုံစံနဲ့တက်လာတက်လာ ဆန့်ကျင် ခဲ့ကြတာတူတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာဆိုရင် ၁၉၉၀ရွေးကောက်ပွဲအနိုင်ရ NLD ကိုဝန်းရံကြရေးဆိုတာတူတယ် ၊ အကြမ်းမဖက်ရေးလမ်းစဉ်ဆိုပြီး ကြွေးကြော်ခဲ့ကြတာတူတယ် ၊ လက်နက်ကိုင်အဖွဲ့စည်းဆိုတာတွေအားလုံးကတောင် သေနတ်တွေကိုင်ထားရက်နဲ့ အကြမ်းမဖက်ရေး လမ်းစဉ်ဆိုပြီး အားလုံးနဲ့ထပ်တူ ( ခုချိန်ထိ) ကြွေးကြော်နေတုံးပဲဖြစ်တယ် ။

ဒီနေ့ ကျွန်တော်တို့အင်အားစုအားလုံးရဲ့အခြေအနေကိုသေချာပြန်လေ့လာကြည့်ရင် တယောက်နဲ့ တယောက် ၊ တဖွဲ့နဲ့တဖွဲ့ မခေါ်နိုင်မပြောနိုင်တွေဖြစ် ၊ အယုံကြည်လဲမရှိကြ ၊ အမျိုးသမီးရေး ၊ ကလေး သူငယ်အရေး၊ အလုပ်သမားအရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုစောင့်ရှောက်ရေး စသဖြင့်ခေါင်းစဉ်တွေအမျိုးမျိုးပြ ၊ တော်လှန်ရေးကိုသွေဖီပြီး ကိုယ်ကျိုးစီးပွားရှာသူတွေဖြစ်ကုန်ကြ ၊ အရက်သမားတွေဖြစ်ကြ ၊ အကျိုးစီးပွားတူရင်ခဏတဖြုတ်ညီညွတ်လိုက်ကြနဲ့ ဘုံရန်သူစစ်အာဏာ ရှင်ကို တွန်းလှန်နိုင်စွမ်းမရှိဖယိုဖရဲဖြစ်နေတာတွေ့ရပါတယ် ။ ဒါ အရှိတရားပါ ။

စစ်အာဏာရှင်တွေကတော့ တနေ့ထက်တနေ့ သူ့အာဏာကို ခိုင်ခိုင်မာမာတည်ဆောက်လာနိုင်နေ တာကို တွေ့ရပါတယ် ၊ ၂၀၀ရ စက်တင်ဘာမှာ သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်တာတောင် ဘာမှမတုန့်ပြန်နိုင်အောင် ပြည်သူကိုဦးချိုးထားနိုင်တာ ၊ ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးတက်ကြွသူ တွေကို ပုဒ်မအမျိုးမျိုးတပ်ထောင်ထဲထည့်ထားတာ ၊ ၂၀၀၈ မေမှာ ဖွဲ့စည်းပုံဆန္ဒခံယူပွဲဆိုတာကို စိတ်ကြိုက်လုပ်သွားတာ ၊ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ထောင်ချတာ ၊ စစ်ဗိုလ်ချုပ်တွေ ယူနီဖေါင်းချွတ်ြပီး နိုင်ငံတကာကိုသံတမန်မပျက်ဆက်ဆံနေတာ ၊ ငြိမ်းချမ်းရေးအဖွဲ့တွေကို အပေါ်စီး ကနေ နယ်ခြားစောင့်တပ်ဖွဲ့ခိုင်းတာ ၊NLD ကို တဖြည်းဖြည်းမှေးမှိန်အောင်လုပ်ပြီး ၁၉၉၀ ရွေးကောက် ပွဲကို အစဖြောက် ၂၀၁၀ ရွေးကောက်ပွဲလုပ်မှာ ၊ ကြံ့ဖွတ်ကို ဗြောင်ကျကျပါတီထောင်ပြတာ တွေဟာ သူ့အာဏာကိုသူ ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်နေတယ်ဆိုတာ တွေ့ရမှာပါ ။

စစ်အာဏာရှင်တွေက ပြည်သူကိုမတရားအနိုင်ကျင့်ဖိနှပ်ပြီး အာဏာကိုတည်ဆောက်နေသူတွေ ဖြစ် ပါလျက် ၊ ကျွန်တော်တို့ကပြည်သူလူထုအတွက် အမှန်တရားကိုဆုတ်ကိုင်တိုက်ပွဲဝင်နေသူတွေဖြစ် ကြပါလျက် ၊ ဘာကြောင့် ကျွန်တော်တို့ကတစစယိုယွင်းနေပြီး အာဏာရှင်တွေက ခိုင်မာနေရတာလဲ။

စစ်အာဏာရှင်တွေက သူတို့အာဏာတည်မြဲရေးအတွက် ( ပြည်သူကြားမှာမှန်မှန်မမှန်မှန် ) သူတို့ အတွက်သူတို့မှန်တယ်ထင်တာ အကုန်လုပ်တယ် ၊ သူတို့သံသယရှိသူတယောက်ကိုဖမ်းနိုင်ဘို့ လူရာထောင်ချီဖမ်းရမလားဖမ်းတယ် ၊ မိန်းမ ၊ ကလေး ၊ ကျောင်းသား ၊ ရောဂါသည် ၊ ရဟန်းသံဃာ မရွေး ဖမ်းစရာရှိဖမ်း ၊ သတ်စရာရှိသတ် အကုန်လုပ်တယ် ၊ ဘယ်သူမှအာမခံရဲအောင် ရက်ရက် စက်စက် နှိပ်ကွတ်ဦးချိုးတယ် ၊ ဘ၀တွေဖျက်ပြစ်တယ် ၊ ရှေ့တန်းဧရိယာမှာ ရွာရှိရင် သူပုန်အတွက်ရိက္ခာရှိမယ်ဆိုပြီး ရွာလုံးကြွတ်သတ်တယ် ၊ မီးရှို့တယ် ၊ ရွာပြန်မတည်နိုင်အောင် စိုက်ခင်းကအစ ဖျက်ဆီးတယ် ၊ သူ့အုပ်စုကလွဲရင် ရန်သူဖြစ်နိုင်တယ်ဆိုတဲ့ သံသယအကြည့်နဲ့ပဲ ကြည့်တယ် ၊ အရာရာကို စစ်ရေးအမြင်နဲ့ပဲဆုံးဖြတ်တယ် ၊ လမ်းတွေဖေါက် တံတားတွေဆောက် ၊ လစာတွေတိုးပေးပြီး မြှူဆွယ်တာမျိုးလဲလုပ်သလို ၊ စီးပွားရေးလုပ်ပိုင်ခွင့်တွေချပေးပြီး မက်လုံးပေး စည်းရုံးတာမျိုးလဲလုပ်တယ် ၊ လုပ်အားပေးခိုင်းတာမျိုး ၊ ပေါ်တာဆွဲတာမျိုးနဲ့ မတရားခိုင်း တာမျိုးတွေလဲလုပ်တယ် ၊ လိမ်စရာရှိရင် ဘယ်သူယုံယုံမယုံယုံ ဗြောင်လိမ်တယ် ၊ သူတို့အနိုင်ရဘို့နဲ့ အနိုင်ကိုထိမ်းထားနိုင်ဘို့ ဘာမဆို ဘယ်လိုမဆို ပြတ်ပြတ်သားသား အကုန်လုပ်တယ် ။

ကျွန်တော်တို့တွေက မပြတ်သားကြဘူး ၊ အတွေးအခေါ်အရမပြတ်သားကြသလို လုပ်ရပ်တွေလဲ မပြတ်သားကြဘူး ၊ ပြီးတော့ တရားသေဆုတ်ကိုင်ကြတယ် ၊ အချိန်ကာလနဲ့အခြေအနေအရ ပြောင်းလဲဘို့လိုမလားလို့ ဖေါက်စဉ်းစားတာမျိုး မလုပ်ခဲ့ကြဘူး ၊ ခုဏပြောခဲ့သလို လက်နက်တွေကိုင် ထားတဲ့အဖွဲ့စည်းတွေကအစ အကြမ်းမဖက်ရေးဆိုတာမျိုးပဲစဉ်းစားတယ် ၊ တကယ်တမ်းက ဝေါဟာရ တွေသာပါ ၊ လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လုပ်ငန်းကခွဲမရဘူးဆိုတာ စစ်ကိုနားလည်တဲ့ သူတိုင်းသိပါတယ် ၊ စစ်ကိုစစ်နဲ့တူအောင်မတိုက်ပဲ သဘောတရားတွေနဲ့ပဲဖက်တွယ်နေသူတွေ (တနည်းအားဖြင့် ကိုယ်တိုင်စစ်တိုက်ဘို့တွန့်ဆုတ်နေသူတွေ) ရဲ့ဆင်ခြေတွေမှာ လက်နက်ကိုင်တော် လှန်ရေးနဲ့ အကြမ်းဖက်မှုကွဲလွဲချက်ဆိုပြီး စည်းပါးပါးလေးချပြတာတွေ့ရတယ် ၊ အဲဒီမှာ ကျွန်တော်တို့ ဘက်ရဲ့မဟာအမှားကြီးစခဲ့တာပဲ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ပြည်သူအများစု လက်နက်ကိုင်လမ်းစဉ်အပေါ်အမြင် အားကောင်းလာခဲ့ပြီး ၊ လက်နက်ကိုင်တော်လှန်ရေးဒီရေ မြင့် တက်ခဲ့တာ အားလုံးအသိပါ ၊ ခုလောက်တောင်နိုင်ငံတကာရောက်နေတဲ့ ရဲဘော်တွေမရှိသလို ခုလောက်လဲ နိုင်ငံတကာအထောက်ပံ့မရခဲ့ပါဘူး ၊ တိုင်းရင်းသားတွေကြား ရောက်ရာကျရာမှာ ဖြစ်သလိုရှာဖွေရပ်တည်ရင်း မော်ဖိုးကေ ၊ မဲသဝေါ ၊ ၀မ်ခ ၊ မာနယ်ပလော စစ်ပွဲကြီးတွေ ဆင်နွှဲနိုင်ခဲ့တာပါ ။

အခု ဘာကြောင့်လက်နက်ကိုင်တော်လှန်ရေး အရောင်ပြန်မှိန်နေရတာလဲ ၊ ပြောပြီးခဲ့သလို စစ်ကို စစ်နဲ့တူအောင်မတိုက်ခဲ့ကြလို့ပါ ၊ တချို့အဖွဲ့စည်းတွေမှာ ခေါင်းဆောင်ပိုင်း နေရာယူထားသူတွေက ကိုယ်တိုင်လဲစစ်မတိုက် ၊ ရဲဘော်တွေကိုလဲ စစ်စွမ်းရည်မြှင့်သင်တန်းတွေ မပေးပဲ လက်နက်ကိုင်လမ်းစဉ်ကိုသွေဖီတဲ့ နိုင်ငံရေးသဘောတရားရေးရာသင်တန်းတွေ ၊ မီဒီယာ သင်တန်းတွေ ဘက်ကို ဦးလှည့်ခဲ့ပါတယ် ။ မူလထဲက လက်နက်ကိုင်လမ်းစဉ်မှာ အသားကျနေပြီးတဲ့ တိုင်းရင်းသားအဖွဲ့စည်းတွေကလွဲရင် ရှစ်လေးလုံးနောက်ပိုင်းမှပေါ်လာခဲ့တဲ့ လက်နက်ကိုင်အဖွဲ့စည်း တွေဟာ (ဘာအဖွဲ့ပါဆိုတဲ့နာမည်ကလွဲရင်) တဖွဲ့မှ မကျန်တော့သလောက်ကို ပျက်စီးခဲ့တော့တာပါပဲ။

လက်နက်ကိုင်အင်အားစုက စစ်ရေးအရ ရန်သူနဲ့တန်းတူမရပ်တည်နိုင်ရင် နိုင်ငံရေးမှာပါအလိုလို အားနည်းလာတာပါပဲ ၊ ဒီနေ့ စစ်အာဏာရှင်ကထင်တိုင်းကြဲနေနိုင်တာ အဲဒီအခြေခံအချက်ကြောင့်ပဲ။

ပြည်သူ့ဘ၀တွေက စုတ်ပြတ်သတ်နေပြီ ၊ ကျွန်တော်တို့ ဇတ်မျောမှာ ဒီတိုင်းဆက်သွားနေဘို့ မသင့် တော့ဘူး ၊ ကျွန်တော်တို့ အားလုံးပြုပြင်ပြောင်းလဲကြဘို့သင့်နေပါပြီ ။

(၁)ငါ့ဘို့ ၊ ငါ့မိသားစုဘို့ ၊ ငါ့အုပ်စုဘို့ ဆိုတာမျိုး ကိုယ်ကျိုးတပ်မက်စိတ်တွေ ပြန်ဖျောက်နိုင်အောင် ကြိုးစားကြပြီး တော်လှန်ရေးအတွက် ဘာမဆိုစွန့်လွှတ်တိုက်ပွဲဝင်ဘို့ စိတ်ဓါတ်တွေပြောင်းလဲရပါမယ်။

(၂)တစ်ယောက်ကိုတစ်ယောက် ၊ တစ်ဖွဲ့ကိုတစ်ဖွဲ့ မယုံမကြည်ဖြစ်နေပြီး စစ်မှန်တဲ့တပ်ပေါင်းစု မဖွဲ့နိုင်ခဲ့တဲ့ အခြေအနေတွေကိုပြန်ပြင်ရပါမယ် ၊ နီးစပ်ရာလူနဲ့ ဖွဲ့ချင်သလိုဖွဲ့ထားတဲ့ တပ်ပေါင်းစုများစွာ ကို (လုံးဝ) ပြန်ဖျက်ပြစ်ပြီး တစ်ခုတည်းသော တပ်ပေါင်းစုကိုဖွဲ့ရပါမယ် ၊ မည်သူကမနှစ်သက် သည် ဖြစ်စေ အများသဘောတူ ဒီမိုကရေစီနည်းကျ ခေါင်းဆောင်များ ရွေးချယ်ရပါမယ် ။ (မင်းသားကြီး မလုပ်ရ၍ ပတ်မထိုးဖေါက်လိုသူများ ၊ အဖွဲ့များရှိပါက တခါတည်း ပြတ်ပြတ်သားသားရှင်းရမည် )။

(၃)လူထုအုံကြွမှုများဖေါ်ဆောင်ရေး နိုင်ငံရေးလမ်းစဉ်နှင့် စစ်ကိုစစ်နှင့်တူအောင်တိုက်ရေး လက်နက် ကိုင်လမ်းစဉ်များကို ပြတ်ပြတ်သားသားချမှတ် လက်တွေ့ဖေါ်ဆောင်ကြရပါမယ် ၊ စစ်အာဏာရှင်နဲ့ ရင်ဆိုင်ရမှုအခြေနေပေါ်ကနေ လိုအပ်သလို ကြမ်းတာ နုတာတွေလုပ်ရပါမယ် ။

(၄)စံထားရလောက်တဲ့ တပ်ပေါင်းစုမရှိခဲ့တာကြောင့်နဲ့ ၊ ၁၉၉၀ ရွေးကောက်ပွဲရဲ့ ပြည်သူ့ဆန္ဒရှင် ဆိုတာကြောင့် NLD ကိုတပ်ဦးထားခဲ့ကြတာဖြစ်တယ် ၊ ဒေါ်စု နဲ့ NLD ရဲ့ နိုင်ငံရေးဖြစ်တည်မှုကို စောင့်ရင်း တိုက်ပွဲအဟုန်လျော့စေခဲ့တာ ၊ တကယ်လုပ်ရမှာတွေ မလုပ်ဖြစ်ခဲ့တာတွေ ပြင်ရပါမယ် ၊ NLDဟာ မှတ်ပုံမတင်ဘူးဆိုတဲ့ (မတ်လ ၂၉ ရက်နေ့က)ဆုံးဖြတ် ချက်မှန်ခဲ့ပေမဲ့ ၊ လူမှုရေးလုပ်ငန်း တွေဆက်လုပ်မယ်ဆိုတဲ့ လမ်းအမှားဘက်ကို ဦးတည်နေပြန်ပြီဖြစ်ပါတယ် ၊ ကျွန်တော်တို့အားလုံးရဲ့ တော်လှန်ရေး အနိမ့်ဖြစ်ခဲ့ရတဲ့အခြေအနေဟာ အဲဒီလို လူမှုရေးလုပ်ငန်းတွေ ၊ သာရေးနာရေးတွေ ဘက်ကို ဦးလှည့်ခဲ့ကြပြီး အချင်းချင်းစမန်ခုတ်မှုတွေ ဖြစ်လာစေခဲ့တာကြောင့် ဖြစ်တယ် ၊ ပြတ်သားတဲ့ နိုင်ငံရေးလမ်းကြောင်းမရှိရင် NLD ကိုဝန်းရံဘို့ဆိုတာ အလကားဖြစ်သွားပါမယ် ၊ NLD ကို တိုက်ပွဲ လမ်းကြောင်းပေါ် ကိုယ်တိုင်တိုက်ပွဲဝင်ပြတဲ့နည်းနဲ့ တွန်းတင်တည့်မတ်ပေးရပါမယ် ။

(၅)အဓိက ကတော့ ပြည်သူတွေကကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေကိုမယုံတာ၊ မလေးစား အထင်မကြီးတာမျိုးဖြစ်နေတာတွေကို ပြင်ရပါမယ် ၊ ပြည်သူတွေက စစ်အစိုးရဒါဏ်ကို အလူးအလဲ ခံနေရလျက်သားနဲ့ အုံကြွတိုက်ပွဲဝင်ဘို့မ၀ံ့သေးတာဟာ ယုံကြည်အားကိုးရလောက်တဲ့ ဦးဆောင်အဖွဲ့ မရှိသေးလို့ဖြစ်ပါတယ် ၊ ရှစ်လေးလုံးမှာ ပြည်သူတွေ တတိုင်းတပြည်လုံးပါဝင်ခဲ့တာဟာ ကျောင်းသား တွေ အသေခံဦးဆောင်ခဲ့ကြလို့ပါ ၊ ပြည်သူတွေအထင်သေးစေမဲ့ အနေထိုင်အပြုမူတွေကိုပြင်ပြီး ထိထိ ရောက်ရောက်တိုက်ပွဲကို ဦးဆောင်ပြကြရပါမယ် ။

စစ်အာဏာရှင်တွေကတော့ ဘက်စုံပြုပြင်ပြောင်းလဲတယ် ၊ အချင်းချင်းညီညီညွတ်ညွတ်နဲ့ အရပ်ဝတ် လဲသူလဲတယ် ၊ စိတ်ထဲမပါသည့်တိုင်တောင် ဟန်ဆောင်ညီညွတ်ပြကြတယ် ၊ ကြံ့ဖွတ်ကိုပါတီအဖြစ် ပြောင်ပြောင်တင်းတင်းပြောင်းတယ် ၊ ရွေးကောက်ပွဲကို ဘယ်သူဘယ်နိုင်ငံကမှ လေ့လာစောင့်ကြည့် စရာမလိုဘူးလို့ ခပ်တင်းတင်းပြောတယ် ၊ ကိုယ်ကျင့်သိက္ခာမဲ့သူတွေတောင် သူတို့အောင်မြင်မှု အတွက် သူတို့ညီညွတ်ရေးကိုတည်ဆောက်လို့ရရင် ကျွန်တော်တို့က မပြုပြင်နိုင်ကြဘူးလား ၊ ဒီအ ချက်လေးလောက်တောင်သူတို့ကိုမယှဉ်နိုင်ရင်တော့ နောင်နှစ်ပေါင်းများစွာစစ်ကျွန်ခံရပေလိမ့်မယ် ။

(မောင်ချင့်ချိန်)။

ဂျပန်ရောက်သျှမ်းတိုင်းရင်းသားများ (၅၂)နှစ်မြောက်ရှမ်းတော်လှန်ရေးနေ့အခမ်းအနားကျင်းပပြုလုပ်



မေလ(၂၃)ရက်နေ့က တျိုကျိုမြို့၊ ရှင်းဂျူးကုရပ်ကွက် တာကာဒါနိုဘာဘာဘူတာအနီးရှိ ကွန်ဆူးမားစင်တာ(၄)ထပ်ခန်းတွင် ဂျပန်နိုင်ငံအခြေစိုက် ရှမ်းပြည်နယ်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်)SSNDနှင့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်) SND တို့မှဦးဆောင်ကာ (၅၂) နှစ်မြောက်ရှမ်းတော်လှန်ရေးနေ့နှစ်ပတ်လည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါအထိမ်းအမှတ်အခမ်းအနားကို နံနက်(၉)နာရီ မှ နေ့လည်(၁၂) နာရီအထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံမှတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို ရှမ်းပြည်နယ်တွင်မှီတင်းနေထိုင်သော တိုင်းရင်းသားပေါင်းစံတို့ဖြင့်ဖွင့်လှစ်ခဲ့ပါသည်။
အခမ်းအနားအဖွင့်အမှာစကားကိုဦးစိုင်းဆိုင်မုတ်မှပြောခဲ့ပါသည်။ရှမ်းတော်လှန်ရေးနေ့ကိုဂျပန်နိုင်ငံတွင်ပြုလုပ်သည်မှာပထမဆုံးအကြိမ်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်)SSNDမှ ဦးစိုင်းညွန့်မောင်က သျှမ်းတော်လှန်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကို ရှင်းလင်းပြောကြားပေးခဲ့ပြီး၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ဂျပန်မှ ဦးစိုင်းစီဝမ်းက (သျှမ်းပြည် ပြန်လည်တည်ထောင်ရေးကောင်စီ - RCSS ဥက္ကဋ္ဌ) စဝ်ရွက်စစ်၏ ၅၂ နှစ်မြောက် ရှမ်းတော်လှန်ရေးနေ့မိန့်ခွန်းစကားကိုဖတ်ကြားခဲ့ပါသည်။
ထိုနောက် အခမ်းအနားတွင် တက်ရောက်လာသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကရှမ်းတော်လှန်ရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကိုဆွေးနွေးတင်ပြခဲ့ကြပါသည်။
အခမ်းအနား ကိုမွှန်းလွှဲပိုင်း(၁၂)နာရီ တွင်ပုညကာရီ မွန်အမျိုးသားအဖွဲ့မှ ဦးမင်းမျိုးချစ်မှ ကျေးဇူးတင်စကားပြောကြားကာအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ ရှမ်းတော်လှန်ရေးနေ့ကို ဂျပန်နိုင်ငံတွင်ပြုလုပ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်

Sunday, May 23, 2010

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(exile-Japan)မှနအဖ၏၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်သည့်အခမ်းအနားပြုလုပ်


ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(exile-Japan)မှနအဖ၏၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်သည့်အခမ်းအနားအားဒီကနေ့ညနေ(၆)နာရီမှာဂျပန်နိုင်ငံတိုကျိုမြို့ရှိMinamiotsuka hallမှာကျင်းပပြုလုပ်ခဲ့ကြရာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွတ်သောအဖွဲ့အစည်းအသီးသီးမှ မြန်မာ့အရေးလှုပ်ရှားသူများစုစုပေါင်း(၁၀၀)ကျော်နီးပါးခန့်ပါဝင်တတ်ရောက်ကြပြီးအခမ်းအနားမှာည(၉)နာရီခန့် တွင်အောင်မြင်စွာပြီးဆုံးသွားကြောင်းသတင်းရရှိပါသည်။ထို့အတူထိုင်းနှင့်မလေးရှားရှိ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း အလားတူဆန့်ကျင်ကန့်ကွက်သည့်အခမ်းအနားများ
ပြုလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။

ဓာတ်ပုံ။ ။ Minnyowan (moethaukkye)

ရွေးကောက်ပွဲအနိုင်ရ နှစ်(၂၀)ပြည့်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေးအတွက် ချီတက်ဆန္ဒပြပွဲပြုလုပ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ရွေးကောက်ပွဲအနိုင်ရခြင်း အနှစ် ၂၀ ပြည့်အထိမ်းအမှတ်နှင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဦးခွန်ထွန်းဦး နှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများ၊ရဟန်းသံဃာများ၊ကျောင်းသားခေါင်းဆောင်များ အ မြန်ဆုံးလွတ်မြောက်စေရေးအတွက် ဂျပန်ရောက်ဒီမိုအင်အားစုများစုပေါင်းကာ ချီတက်ဆန္ဒပြပွဲ တခု ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ယနေ့ မေလ(၂၃)ရက်နေ့တွင် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)AUN(Japan)၏ ဦးဆောင်မှုဖြင့် ဂျပန်ရောက်မြန်မာဒီမိုအရေးလှုပ်ရှားနေသောအဖွဲ့အစည်းများသာမက့ မြန်မာ့အရေးကို ကူညီပေးနေကြသည့် ဂျပန်လူမျိုးများပါ ပူးပေါင်း၍ ချီတက်ဆန္ဒပြခဲ့ကြခဲ့ဖြစ်သည်။
ချီတက်ဆန္ဒပြပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ AUN-Japan ဥက္ကဋ္ဌ စိုင်းစီဝမ်းက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ကိစ္စကို နအဖစစ်အုပ်စုမှ သမိုင်းမေ့ဖျောက်ဖို့ကြိုးစားနေပေမယ့် ဘယ်လိုမှမဖြစ်နိုင်ဘူး။ လက်မခံနိုင်ဘူးဆိုတာကို အထင်အရှားပြသဖို့ အခုလိုချီတက်ဆန္ဒပြရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မတရားဖမ်ဆီးခံနေရတဲ့ ကျနော်တို့တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးအပါအ၀င် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်စေရန်အတွက် တောင်းဆိုဖို့လည်းပါဝင်သလို ကျနော်တို့ပြည်သူတရပ်လုံးကို ရာသက်ပန်စစ်ကျွန်ပြုမည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ တရားမျှတမူမရှိသော ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လက်မခံကြောင်း ဂျပန်အစိုးရနှင့်တကွ ဂျပန်ပြည်သူများကိုပါ သိရှိအောင် ပြသဖို့ ယခုလိုပြုလုပ်ရခြင်းဖြစ်ပါတယ်…”ဟု ရှင်းလင်းပြောကြားခဲ့ပါသည်။

တိုကျိုမြို့ EBISU ပန်းခြံတွင် မွန်းလွဲ ၁ နာရီခွဲမှ စတင်စုဝေးကာ ၂နာရီခွဲ တွင် EBISU ပန်းခြံ မှ ထွက်ခွာကာ SHIBUYA ရှိလူစည်ကားသောလမ်းကြောင်းအတိုင်းချီတက်ခဲ့ပြီး ကုလသမဂ္ဂရုံးရှေ့သို့ဖြတ်ကာSENDAGAYA ရပ်ကွက်ရှိ MEIJI (SHIKI NO NIWA) ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။ ချီတက်ဆန္ဒပြရာလမ်းတလျှောက်တွင်”ဒေါ်အောင်ဆန်းစုကြည်၊ဦးခွန်ထွန်းဦးနှင့်နိုင်ငံရေးအကျဉ်းသားများလွတ်ပေးရန်” ကို ဂျပန်ဘာသာဖြင့်ကြွေးကြော်ခဲ့ကြပါသည်။
နအဖစစ်အုပ်စုသည် စစ်မှန်သောဒီမိုကရေစီလိုလားသည့် နိုင်ငံရေးအင်အားစုများအပေါ် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခြင်းများအားပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း၊ အဆိုပါလုပ်ရပ်များသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အချက်အလက်များကိုလည်း ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း၊ ၁၃ နှစ်ကျော်နေအိမ်တွင် အကျယ်ချုပ်ခံနေရသော အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ရက်စေ့ကာနီးတွင် အမှုဆင်ပြီး ထပ်မံထိန်းသိမ်းလိုက်သည်သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကိုနှစ်ခြမ်းခွဲရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီနှင့်အဆက်ဖြတ်ရန်အထိပါ ဆောင်ရွက်လာသည်ကိုတွေ့ရကြောင်း၊ ဦးခွန်ထွန်းဦးသည် နအဖ၏ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မှတ်ပုံတင်ထားသော ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ဥက္ကဋ္ဌလည်းဖြစ်ကြောင်း၊ စစ်အစိုးရသည် ပြသာနာများကိုငြိမ်းချမ်းသော နည်းများဖြင့် ဖြေရှင်းလိုစိတ်မရှိသည်မှာ သိသာထင်ရှားကြောင်း၊ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ချင်သည်က လွဲ၍ နိုင်ငံရေးပြသာနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုသောဆန္ဒအလျဉ်းမရှိကြောင်း၊ ဦးခွန်ထွန်းဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများသည် မိမိတို့၏ကံကြမ္မာကိုသိမြင်သည့်ကြားက ယခုလို မိမိတို့၏ဘဝကို အမိနိုင်ငံအတွက်မြှုပ်နှံစတေးပြီးပေးဆပ်ကြသည်များကိုချီးကျူးထိုက်ကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း စစ်အဏာရှင်စနစ်ဆိုးကို မြန်မာမြေပေါ်မှအမြန်ဆုံးမောင်းထုတ်နိုင်အောင် ဆက်လက်ကြိုးပမ်းကြရန်တိုက်တွန်းလိုကြောင်း၊ ဂျပန်အစိုးရနှင့်ဂျပန် ပြည်သူလူထုကလည်း ညီညွတ်သောတိုင်းရင်းသားအဖွဲ့၏တောင်းဆိုချက်များတွင် ပူးပေါင်းပါဝင်ကြရန်တိုက်တွန်းထားသော AUN-Japan အဖွဲ့၏ သဘောထားထုတ်ပြန်ကြေငြာချက်များကိုဖြန့်ဝေခဲ့ကြပါသည်။
မိုးသည်းထန်စွာရွာသွန်းပေမယ့် ချီတက်ဆန္ဒပြပွဲသို့လူအင်အား ၄၀၀ ခန့်တက်ရောက်ကြောင်းသိရှိရပြီး ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ကြပါသည်။
သတင်းရေးသားသူ-နန်းအိမွန်ချစ်(MTK)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)

ဒေါ်အောင်ဆန်းစုကြည်မှဂျပန်နိုင်ငံခြားရေးဝန်ကြီးOkadaအား မြန်မာ့ဒီမိုကရေစီအရေးအားပေးမှုအတွက်ကျေးဇူးတင်ကြောင်းပြောကြား

ဂျပန်အစိုးရမှမြန်မာနိုင်ငံရှိနိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးရန်နှင့်မြန်မာ့ဒီမိုကရေစီအရေးကို
ဆက်လက်ထောက်ခံအားပေးတဲ့အတွက် နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okadaအား ကျေးဇူးတင်ကြောင်းပြောကြားလိုက်တယ်လို့ ဒီကနေ့ထုတ်ဝေတဲ့ဂျပန် yomiuriသတင်းစာထဲမှာ ဖော်ပြထားပါတယ်။

Nldပါတီနဲ့ပတ်သတ်တဲ့ပြောရေးဆိုခွင့်ရှိသူတွေအပြောအရ ဒီလပိုင်းအထိဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့နေအိမ်ထဲမှာ တနေ့ ရေဒီယို(၅)ကြိမ်နားထောင်လျှက်ရှိပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okadaမှနိုင်ငံတကာသတင်းထုတ်ပြန်တဲ့ ရှင်းလင်းပွဲမှာမြန်မာနိုင်ငံအရေးထုတ်ပြန်ကြေငြာထားတာနဲ့ပတ်သတ်တဲ့သတင်းကိုသူမအနေနဲ့နားထောင်ခဲ့ရတယ်လို့ဆိုပါတယ်။

ဒီလို သတင်းထုတ်ပြန်ကြေငြာတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်မှ တကယ်ဘဲ ဂျပန်အစိုးရနဲ့ ဂျပန်ပြည်သူတွေကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်းပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင်ကြောင်းပြောကြားသွားခဲ့တဲ့သတင်းဟာ အခုဆိုရင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okadaရုံးသို့ရောက်ရှိသွားခဲ့ပါပြီ။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့နှစ် (၁၀)လပိုင်းအထိ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်းနှင့်(၂)ကြိမ်တွေ့ဆုံခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးဖို့
တောင်းဆိုခဲ့တယ်လို့ဂျပန်သတင်းစာထဲမှာဖော်ပြထားပါတယ်။

ဒေါင်းမာန်ဟုန်

Saturday, May 22, 2010

ချောင်းကြည့်သူရဲ့ အမှား (အမှတ် ၂၃)-ကိုကြီးပေါ်

တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာတော့ “ကဆုန် နယုန် ဆွေ့ဆွေ့ခုန်” ဆိုတဲ့ အတိုင်း နေအပူဒဏ်ကို အလူးအလိမ့် ခံနေကြရပါတယ်။ တနှစ်ထက် တနှစ် ပိုပိုပူလာတဲ့ နွေနေမင်းဟာ ရွှေပြည်တော်ကြီးကို အညှိုးတကြီးနဲ့ မီးလောင်တိုက်သွင်းနေသလား ထင်ရပါရဲ့။ မြေပေါ်မြေအောက်က ရေတွေကိုပါ ခန်းခြောက်အောင် အပူက စုပ်ယူသွားလေတော့ ရေအငတ်ဘေးနဲ့ ရင်ဆိုင်ရပါတော့တယ်။ ပိုဆိုးတာက မြေအောက်မှာ ရေရှိရင်တောင် စုပ်ယူစရာ လျှပ်စစ်မီး မရှိတာပါပဲ။ ရွှေပြည်တော်သားတွေဟာ ရေငတ် မီးငတ် ဘေးဒုက္ခအတိကို ငုတ်တုတ်ခံနေကြရတာပါ။ ရှေးစာတွေထဲမှာပါတဲ့ “မိုးခေါင်၍ ပြည်ပျက်သည်” ဆိုတာ ဒါကို ခေါ်တာပါလားလို့ ကိုကြီးပေါ်တော့ သံဝေဂ ရမိပါရဲ့။
ဒီဒုက္ခတွေကြားမှာ လင်းလက် ပေါ်ထွန်းလာတာကတော့ ရွှေပြည်တော်သားတွေရဲ့ ပြည်သူအချင်းချင်း ယိုင်းပင်းကူညီကြတဲ့ စေတနာနဲ့ လုပ်ဆောင်မှုတွေပါပဲ။ “နွံထဲကကြာ” ဆိုပါတော့။ လှူဒါန်း ပေးကမ်းဖို့ ဆိုရင် ဘာသာရေးဖက်မှာပဲ အာရုံကျတတ်တဲ့ ရွှေပြည်တော်သားတွေဟာ အခုဆိုရင် လူမှုရေးဖက်ကို အာရုံစိုက်တတ်လာပြီလို့ သာဓုခေါ်ရမှာပေါ့။ ရေဘေး လေဘေး မီးဘေး နာဂစ်ဘေး ... စတဲ့ ဘေးအန္တရာယ် ပေါင်းစုံကြားက အသက်တွေကို ကယ်ဆယ်ဖို့ သာမန်ပြည်သူတွေက နိုးကြားတက်ကြွစွာနဲ့ လုပ်ကိုင်နေကြချိန်၊ မရှိမဲ့ရှိမဲ့ထဲက “ဖဲ့”လှူနေကြချိန်မှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တော် မူကြကုန်သော ဗိုလ်ချုပ်မင်းကြီးများကတော့ ဖဲကြိုးဖြတ် မပျက်, မိန့်ခွန်းခြွေ မပျက်, အလှူငွေလက်ခံ မပျက်, ... မပျက်... မပျက်, ရွှေပြည်ကြီးကို “ဖဲ့”မပျက်... ပါခင်ဗျာ။
ဖောင်ဒေးရှင်းစတန့်
ရွှေပြည်တော်မှာ ရေအငတ်ဘေး ကြုံနေရသူတွေကို တပိုင်တနိုင် တစုတဖွဲ့ ၀ိုင်းဝန်း ကူညီနေကြချိန်မှာ မထော်မနမ်း ဗိုလ်ကျော်ဆန်း ဆိုသူက ဖောင်ဒေးရှင်း ဆိုတာကြီး တခုကို ထူထောင်တယ် ခင်ဗျ။ ရေငတ်တာ ကူညီဖို့တော့ မဟုတ်ပါဘူး။ စာဖတ်ဖို့လို့ ဆိုပါတယ်။ နာမည်က “ကျေးရွာ စာကြည့်တိုက် ဖောင်ဒေးရှင်း” ပါတဲ့။ ဒီလို ဖောင်ဒေးရှင်း ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတော့ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က မိုးပျံပူပေါင်းလေး တလုံးကို အပြေးအလွှား သတိရမိပါရဲ့။

ပြီးတော့ စာကြည့်တိုက်တို့ စာဖတ်ဖို့တို့ ဆိုပြန်တော့ သွားလေသူ ဗိုလ်နေ၀င်းရဲ့ စာတတ်မြောက်ရေး လှုပ်ရှားမှုကြီးကိုလည်း ပြန်ပြောင်း အောက်မေ့မိပါရဲ့။
ဗိုလ်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီနဲ့ မဆလပါတီ လက်ထက်မှာ တတိုင်းပြည်လုံး စာတတ်မြောက်ရမယ် ဆိုပြီး အရေး အဖတ် အတွက် “အသုံးလုံး” စီမံချက်ကို အုတ်အုတ်ကျက်ကျက် လုပ်ခဲ့လေသပေါ့။ ကုလသမဂ္ဂရဲ့ အထောက့်အပံ့တွေလည်း အတော်များများ ရခဲ့လေရဲ့။ ယူနက်စကို ဆုတွေဘာတွေတောင် ရခဲ့သေး ထင်ရဲ့။ အဲသည်တုန်းက နွေရာသီ ကျောင်းပိတ်ပြီဆိုရင် အသုံးလုံး လုပ်အားပေးဆိုတာ ကောလိပ်ကျောင်းသားတွေ ကြားမှာ အတော် ခေတ်စားတာကိုး။ လူငယ် အများစုကတော့ ရပ်ဝေးခရီး သွားရ အတွေ့အကြုံသစ်တွေရ ဆိုတော့ ပျော်ကြတာပေါ့။ အဲ နည်းနည်းပါးပါး စပ်စုတတ်တဲ့ ကိုကြီးပေါ် တို့လို ကျောင်းသားတွေ အဖို့မှာတော့ အသုံးလုံးရဲ့ နောက်ကွယ်က “လိမ်ဆင်”တွေကိုပါ သိလာကြရတော့တာပါပဲ။
သတင်းစာတွေမှာတော့ ဘယ်မြို့ ဘယ်နယ်ကို ဘယ်ကျောင်းသားတွေ သွားရောက် စာသင်ပေးကြတယ်။ စာတတ်မြောက်မှု အောင်ပွဲတွေ ဘယ်လို ကျင်းပတယ်ဆိုတာတွေက ထိပ်တန်း သတင်းတွေပေါ့လေ။ လူအများ မသိလိုက်တာက ဒီလို လုပ်အားပေး သွားတယ်ဆိုတဲ့ နေရာတွေထဲမှာ ပြည်တွင်းစစ် ဖြစ်နေတဲ့ အနက်ရောင် အညိုရောင် နယ်မြေတွေ မပါဘူး ဆိုတာပါ။ လုံခြုံရေးအရ စိတ်ချရပြီးသား နေရာတွေကိုပဲ ကျောင်းသားတွေကို ခေါ်သွားတာပါ။ ဒါတောင် တချို့နေရာတွေဆို ရွာအပြင်မှာ စစ်တပ်ချထားပြီး ကန့်သတ်နယ်မြေ အပြင်ဖက်ကို လုံးဝ ထွက်ခွင့် မပြုပါဘူး။ ဆိုတော့ အသုံးလုံး စီမံချက်ဆိုတာ တပြည်လုံးအနှံ့ လုပ်နိုင်တာ မဟုတ်ဘူးလို့ အလွယ် သိနိုင်ပါတယ်။ ဒါပေမယ့် မဆလက ကြေညာတော့ ၉၈ ရာနှုန်း စာတတ်ပြီ ဆိုပဲ။
မှတ်သားစရာလေး တခုကို ပြောပြချင်သေးရဲ့။ ရွာတရွာမှာ လုပ်အားပေး စခန်းသိမ်းတော့ ခေါင်းဆောင်လုပ်တဲ့ ဆရာက နှုတ်ဆက် စကားပြောပါတယ်။ ရွှေပြည်တော်က တောသူရွာသားတွေဟာ ရိုးသား ခင်မင်တတ်သူတွေ ဆိုတော့ တလတာလောက် အတူနေခဲ့ကြတဲ့ ဧည့်သည်တွေကို ခွဲခါနီးမှာ ၀မ်းနည်းနေကြတာပေါ့။ ဒီခံစားမှုကို ပြေလျော့သွားအောင် ပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး အာဝဇ္ဇန်းကောင်းတဲ့ ဆရာက ဟာသလေးတခု ထည့်ပြောလိုက်ပါတယ်။ “ကျနော်တို့ ဒီရွာရောက်စ ရက်တွေမှာ မနက်ဆိုရင် ကြက်တွန်သံ စည်နေအောင် ကြားရတယ်။ အခု ပြန်ခါနီး ရက်တွေမှာတော့ ကြက်တွန်သံ မကြားရတော့တာ သတိပြုမိပါတယ်။ ကျနော်တို့ ပြန်တာကို လူတွေက ၀မ်းနည်းပေမယ့် ကြက်တွေကတော့ ၀မ်းသာနေမယ် ထင်တယ်။” တဲ့။ တကယ်တော့ အဲဒီ ဟာသဟာ လက်တွေ့ ဖြစ်နေတာပါ။ လုပ်အားပေး ကျောင်းသားတွေ ပြန်ရင် ရွာမှာ တနှစ်စာ စုထားသမျှလည်း ပြောင်တာပါပဲ။ မဆလရဲ့ အသုံးလုံးဒဏ်ကို ခါးစည်းခံရတာကတော့ ကျေးရွာလူထုတွေပါပဲ။
တပြည်လုံး စာတတ်ပြီလို့ ဂုဏ်ယူနေတဲ့ ဗိုလ်နေ၀င်းဟာ ကမ္ဘာ့ဘဏ်ကနေ ငွေချေးလို့ မရတော့ အသုံးလုံး အလုပ်ကို ချက်ချင်း ရပ်ပစ်လိုက်ပါရောလား။ ဖြစ်ပုံက တတိယနိုင်ငံ အဖြစ်နဲ့ ငွေချေးတော့ ဟိုက - မင်းတို့က ၉၈ ရာနှုန်းတောင် စာတတ်တာ, ဒီရာနှုန်းဟာ ဒုတိယနိုင်ငံတွေ ထက်တောင် သာသေးတယ်, မူအရ ငွေချေးလို့ မရဘူး - လို့ ငြင်းလိုက်သတဲ့။ ဒီတော့မှ စာအတတ်လွန်သွားတဲ့ ဗိုလ်နေ၀င်း လေကျယ်တာ တထစ်လျော့သွားလေရဲ့။
ဟော အခု နပန်းဆံ သီချင်းထဲကလို “နောက်တခါ လာပြန်ပြီဟေ့...” လို့ ဆိုရတော့မယ်။ စာကြည့်တိုက်တဲ့။ ကျေးရွာ စာကြည့်တိုက် ဆိုပဲ။ ရွှေပြည်တော်မှာ အမျိုးသား စာကြည့်တိုက်ကို ဘယ်နား ဖွင့်ရမယ် နေရာမရလို့ တ၀ဲလည်လည် ဖြစ်နေချိန်မှာ ကျေးရွာစာကြည့်တိုက်တွေ ပလူပျံအောင် ဖွင့်တယ် ဆိုပါလား။ ကျေးရွာပေါင်း ၆၄,၉၈၉ အနက် စာကြည့်တိုက်ပေါင်း ၅၅,၇၅၅ ဖွင့်ပြီးပြီ ဆိုပဲ။ ဒီအထဲက ၂၉,၁၈၅ က အဆောက်အအုံနဲ့ စာကြည့်တိုက်မှူးနဲ့ အခိုင်အမာ ဖြစ်ပြီ ဆိုပဲ။ စာတတ်မြောက်မှုကလည်း ၉၄ ရာနှုန်းတဲ့။ အံ့ဖွယ်သရဲပါပဲ။
ရွှေပြည်တော်မှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ဆိုတာကို တည်ထောင်ပြီး နောက်မှာ ပြန်/ဆက် စာကြည့်တိုက် ဆိုတာတွေ ဖွင့်လာတာ တွေ့ရပါတယ်။ သတင်းစာ ဆောင်းပါးကို ၀ိုင်းဖွဲ့ဖတ်တဲ့ အကြောင်း ဓာတ်ပုံသတင်း ထည့်ရတာကလည်း ဖက်ရှင်တခု ဖြစ်လာပါတယ်။ အခု ကျေးရွာတိုင်းမှာ စာကြည့်တိုက် ဖွင့်နိုင်အောင် ဒီဖောင်ဒေးရှင်းက ဆက်လုပ်သွားမယ် ဆိုပါတော့။ ဖောင်ဒေးရှင်းကို လှူလိုက်ကြတဲ့ ငွေက ၇၂၀,၉၄၃,၅၀၀ ကျပ်။ သိန်း ၇,၂၀၀ ပေါ့။ ဒကာက ၃၅၄ ဦး။ သတင်းစာမှာ ဖော်ပြချက်အရ လှူတဲ့သူတွေက အဖွဲ့အစည်း, ကုမ္ပဏီနဲ့ စီးပွားလုပ်ငန်းရှင်တွေလို့ ဆိုပါတယ်။ သာမန် ပြည်သူတွေ မပါပါဘူး။ ရွှေပြည်တော်က သူဌေးသူကြွယ်တွေက “ရေအငတ်ဘေး” ထက် “စာဖတ်ဖို့အရေး” က ပိုအရေးကြီးတယ်လို့ ယူဆပုံ ရပါတယ်။
အသုံးလုံး လုပ်တာ, စာဖတ်တာ, စာကြည့်တိုက် ဖွင့်တာကို မကောင်းဘူး ပြောနေတာလားလို့ ကိုကြီးပေါ်ကို အပြစ်တင် မစောလိုက်ပါနဲ့ဦးနော်။ မှန်ပြောင်းထဲ ချောင်းကြည့်လို့ မြင်သမျှကို တင်ပြနေတာပါ။ လူတွေ စာတတ်တာ ကိုကြီးပေါ် ကြိုဆိုတာပေါ့။ သို့ပေမယ့် လူကြီးတွေ စာတတ်ဖို့ထက် ကလေးတွေ စာတတ်ဖို့က ပိုအရေး မကြီးဘူးလားလို့ တွေးမိလို့ပါ။ စာကြည့်တိုက်တွေ ဖွင့်တာ ကောင်းတာပေါ့။ သို့ပေမယ့် လူတွေ စာလာဖတ်ဖို့က ပိုအရေး မကြီးဘူးလားလို့ တွေးမိတာပါ။ မိုးလင်း မိုးချုပ် စားဖို့အတွက် အလုပ်နဲ့လက် မပြတ်ကြရသူတွေက ဘယ်အချိန်မှာ စာလာဖတ်ကြမှာပါလဲ။ မိသားစု အရေးအတွက် ဘ၀ကို ဖဲ့ပေးနေရတဲ့ ကလေးအလုပ်သမားလေးတွေက စာကြည့်တိုက်ကို လာနိုင်မှာတဲ့လား။ စာသင်ကျောင်း မရှိ, ကျောင်းဆရာ မရှိတဲ့ ရွာမှာ စာကြည့်တိုက်ကြီး ဟီးနေတော့... ဟုတ်ကဲ့ ဟီးတာပေါ့ ခင်ဗျာ။
ကမ္ဘာမှာတော့ နိုင်ငံအဆင့် တက္ကသိုလ်အဆင့် စာကြည့်တိုက်တွေ ပြီးရင် ဒေသဆိုင်ရာ မြို့စာကြည့်တိုက်တွေ တည်ထောင်ထားကြပါတယ်။ ပြီးမှ ကျေးရွာ စာကြည့်တိုက်ဆိုတာ ဆက်လုပ်ကြပါတယ်။ အပေါ်ကနေအောက် အဆင့်ဆင့် သဘောပေါ့။ ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာတောင် အများပြည်သူ သုံးနိုင်တဲ့ မြို့စာကြည့်တိုက် တခုမှ မရှိသေးဘဲနဲ့, အထက်တန်းကျောင်းတွေမှာတောင် စာကြည့်တိုက် စုံအောင် မရှိသေးဘဲနဲ့, ကျေးရွာကုန်စုံဆိုင်မှာတောင် စာအုပ်တင်ရောင်းတဲ့ ဓလေ့ မရှိသေးဘဲနဲ့ ကျေးရွာလုံးစေ့ စာကြည့်တိုက်တွေ ဖွင့်တယ် ဆိုတော့... ဟုတ်ကဲ့ ဗိုလ်နေ၀င်းရဲ့ အသုံးလုံး အလံရှူးကလေး တလူလူ ပျံလွင့်လာတာလို့ပဲ ကိုကြီးပေါ်က မြင်မိပါတော့တယ်။
စာပေစိစစ်ရေး ဆိုတဲ့ “စာပေကင်ပေတိုင်” ထားပြီး စာပေလွတ်လပ်မှုကို အဓမ္မချုပ်ကိုင်ထားသူတွေက ပြည်သူအများ စာဖတ်နိုင်ဖို့ စာကြည့်တိုက်ဖွင့်တယ်တဲ့။ လူသတ်သမားက ဘုရားတည်, သူခိုးက ကျောင်းလှူတဲ့ ခေတ်မှာ နှုတ်ပိတ်လက်ချိုး ကင်ပေတိုင်က စာကြည့်တိုက်ဖွင့်တာ ဆန်းမယ်တော့ မထင်။
န၀တခေတ်က တန်ခိုးထွားခဲ့တဲ့ ကုန်သွယ်ရေးဝန်ကြီး လုပ်တဲ့ ဗိုလ်ထွန်းကြည်ဟာ “ကရုဏာဖောင်ဒေးရှင်း” ဆိုတာလုပ်ပြီး တပြည်လုံးကို ကရုဏာ သက်ပြခဲ့ဖူးပါတယ်။ သူက “ရာသက်ပန် နာယက” လုပ်တယ်လေ။ အလှူငွေတွေ သောက်သောက်လဲ ရသပေါ့။ အရှင်မွေးတော့ နေ့ချင်းကြီးပေါ့။ လက်ညှိုးထိုးမလွဲ ကရုဏာဖောင်ဒေးရှင်း ဖြစ်ခဲ့သပေါ့။ မကြာပါဘူး။ ကိုယ်တော်ချောလည်း ရာထူးပြုတ်ကရော ဖောင်ဒေးရှင်းကြီးလည်း ဘုံးဘုံးလဲရော။ ခုတော့ စုန်းစုန်းမြုပ်သွားပါပြီ။ သူမသေခင် ဖောင်ဒေးရှင်းက မရှိတော့ဘူး ဆိုတော့ ဘယ်ဆီမှာများ ရာသက်ပန်နေတယ် မသိ။
အခု ပြန်ကြားရေးဝန်ကြီး မထော်မနမ်း ဗိုလ်ကျော်ဆန်းက ဖောင်ဒေးရှင်း ထောင်ပြီး နာယက လုပ်ပြန်ပြီ။ ဟိတ်လုံး ဟန်လုံး ကြွားလုံးတွေနဲ့ ကြားဖူးနာဝ မဆံ့မပြဲ စကားလုံးတွေ လျှောက်ပြော ပြန်ပါပြီ။ လုပ်တဲ့ အကြောင်းအရာသာ ကွာသွားပေမယ့် တွေးခေါ်စဉ်းစားပုံက ရှေ့က သွားလေသူတို့ အတိုင်း ဖ၀ါးခြေထပ်ပါပဲ။ ကဲ ဒီတော့ သွားလေသူတို့ သွားရာလမ်းအတိုင်း နိဂုံးမဆိုက်ရင် ဘယ်ကို ဆိုက်ပါ့မလဲ။
ရှေ့မှာ နပန်းဆံ သီချင်းထဲကလို “နောက်တခါ လာပြန်ပြီဟေ့” လို့ ဆိုရတော့မယ်လို့ ပြောခဲ့ပါတယ်။ အခု နောက်ပါဒလေး ဆက်ဆိုလိုက်ကြပါစို့လား။ “ဟေ ဟေ ၀ါး” လို့ပါ။
ကိုကြီးပေါ်

Monday, May 17, 2010

BRSAအသင်း၏ (၃)နှစ်ပြည့် ညီလာခံအောင်မြင်စွာကျင်းပ၊ လူမှုရေးလုပ်ငန်းများသာမက နိုင်ငံရေးလုပ်ဆောင်မှုများပါ တိုးချဲ့လုပ်ဆောင်သွားမည်ဟုဆို

ဂျပန်နိုင်ငံတွင် ဒုက္ခသည်လျှောက်ထားသည့် မြန်မာလူမျိုးများကို ကူညီဖေးမဖို့အတွက် ဂျပန်-မြန်မာလူမျိုးများနှင့်ဖွဲ့စည်းထားသော မြန်မာနိုင်ငံသားဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်) Burma's Refugee Serving Association(Japan) ၏ ၃ နှစ်ပြည့် နှစ်ပတ်လည်ညီလာခံနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို တိုကျိုမြို့၊ မိနာမီ အိုးစုခခန်းမတွင် မေလ ၁၆ ရက်နေ့က အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြသည်။ ညနေ ၅းဝဝ နာရီမှ ည ၉းဝဝ နာရီအထိပြုလုပ်ခဲ့သည့် အသင်း၏ နှစ်ပတ်လည်ညီလာခံသို့ အသင်းသူ/သား တစ်ရာနီးပါးတက်ရောက်ခဲ့ကြပြီး ၂ဝ၁ဝ -၂ဝ၁၁ ခုနှစ်အတွက် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များမှ အသင်းအနေဖြင့် ဒုက္ခသည်လျှောက်ထားပြီး အခက်အခဲများစွာဖြင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများကို ငွေကြေးအားဖြင့်သော်လည်းကောင်း၊ စိတ်ဓါတ်ရေးရာအားဖြင့်သော်လည်းကောင်း ထောက်ပံ့ဖေးမအားပေးနေရုံသာမက မြန်မာပြည်တွင် စစ်မှန်သော ဒီမိုကရေစီစနစ်ပေါ်ထွန်းလာရေးအတွက် ဆောင်ရွက်များတွင်လည်း တခြားသောနိုင်ငံရေးအသင်းအဖွဲ့များနှင့် အတူလက်တွဲ၍ တိုးချဲ့လုပ်ဆောင်သွားမည်ဟု သိရှိရသည်။

မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း

Wednesday, May 12, 2010

Monday, May 10, 2010

အိုင်စီ၏ဒုတိယမြောက် တိုကျိုလိုက်ဒ်ရှိုးပွဲ ပရိတ်သတ်(၃၀၀)ကျော်သာရှိ

သတင်း-သန့်မျိုးထွေး
အိုင်စီအဖွဲ့၏ ဒုတိယမြောက်တိုကျိုလိုက်ဒ်ရှိုးပွဲကို ပရိတ်သတ်(၃၀၀)ကျော်သာ လာရောက်ကြည့်ရှု့ခဲ့သော်လည်း အိုင်စီအဖွဲ့၏ ပရော်ဖက်ရှင်နယ်ဆန်စွာအားကြိုးမာန်တက်တီးခတ်မှုနှင့် အဆိုတော်များ၏ကြိုးစားသီဆိုဖျော်ဖြေပေးမှုကြောင့် ပရိတ်သတ်၏အားရကျေနပ်မှုကိုရရှိခဲ့ကြောင်းသိရသည်။
လိုက်ဒ်ရှိုးပွဲကို Caltec ကုမ္မဏီ၏စီစဉ်မှုဖြင့် တိုကျိုမြို့ အာရက၀ါမြို့နယ်ရှိ ဆန်းပုလဲ(Sun Pearl)ခန်းမတွင် ယနေ့ညနေ(၄)နာရီခွဲမှစတင်၍ ည(၈)နာရီခွဲအထိကျင်းပခဲ့ပြီး သွားရေးလာရေးအခက်အခဲကြောင့် ပရိတ်သတ်များရုံအတွင်းဝင်ရောက်မှု နောက်ကျခဲ့အတွက် ယမန်နှစ်ကနှင့်မတူဘဲ ပထမပိုင်းကိုရိုးရှင်စွာဖြင့်စတင်ခဲ့သည်။
ယခုပွဲအတွက်လိုက်ပါလာသည့် တဦးတည်းသော မိန်းကလေးအဆိုတော်ခင်ဘုဏ်းမှစတင်ဖျော်ဖြေပေးခဲ့ပြီးနောက် လူငယ်ပရိတ်သတ်အသဲစွဲRဇာနည်မှ "အချစ်ရှိလား"သီချင်းဖြင့် တိုကျိုပရိတ်သတ်ကို မိတ်ဆက်သီဆိုပေးပြီး ၄င်း၏ပထမပိုင်းအပိတ်သီချင်းကို အဝေးရောက်မြန်မာလူငယ်များအတွက်"ကိုယ်အနားရှိစေချင်"သီချင်းကိုသီဆိုပေးခဲ့သည်။
အဆိုတော်တဦးနှင့်တဦးအကြားအတွင် ပရိတ်သတ်ကသူတို့စောင့်မျှော်နေသည့် လေးဖြူနှင့်မျိုးကြီးတို့၏နာမည်များကို အော်ဟစ်တောင်းဆိုကြသည်။ ဒီနောက်တွင်အိုင်စီအဖွဲ့၏ အလွမ်းမင်းသာဟုခေါ်သည့် ၀ိုင်ဝိုင်းအလှည့်ဖြစ်ပြီး ၀ိုင်ဝိုင်းမှ "စည်း"၊"လွမ်းနေဦးမယ်"၊ "တမ်းတ"သီချင်းများကို သီဆိုပြီးနောက်တွင် မျိုးကြီးမှစင်ပေါ်တက်ရောက်သီဆိုပေးခဲ့သည်။

မျိုးကြီးသီဆိုနေချိန်တွင် ပရိတ်သတ်အချို့မှ စင်ရှေ့သွားရောက်ကခုန်ခဲ့ရာ လုံခြုံရေးတာဝန်ယူထားသူ ဂျပန်လူမျိုးများမှဝိုင်းဝန်းထိမ်းသိမ်းခဲ့ရပြီး ဆက်လက်ပြီး အငဲမှသီဆိုပေးခဲ့သည်။
ပထမပိုင်း၏အဆုံး၌ ပရိတ်သတ်စောင့်မျှော်နေသည့် လေးဖြူထွက်ပေါ်လာခဲ့ပြီး ချက်ခြင်းဆိုသလိုပင် ပရိတ်သတ်အားလုံးစင်ရှေ့သို့ထွက်လာပြီး သူတို့ချစ်သည့်လေးဖြူကို အားပါးတရအားပေးရာ လေးဖြူမှလည်း နောက်နှစ်များတွင် ယခုထက်ပိုသက်သာသောဈေးနှုန်းဖြင့် ပရိတ်သတ်အရေအတွက်ပိုမိုများပြားစွာ လာရောက်အားပေးသည်ကို မြင်လိုကြောင်းနှုတ်ခွန်းဆက်စကားဆိုသည်။
လေးဖြူကယမန်နှစ်ကထက်စာလျှင်ပိုမိုပျော်ရွင်စရာကောင်းကြောင်း၊ ပရိတ်သတ်များအတွက် သွားလာရေးအခက်အခဲဖြစ်သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်းနှင့် အဆင်ပြေချောမွေ့သော ပို့ဆောင်ရေးရှိဖို့မျှော်လင့်ကြောင်းဖွင်ဟပြောဆိုသွားပြီး အိုင်စီအဖွဲ့၏ အနှစ်(၂၀)မြောက်လိုက်ဒ်ရှိုးပွဲကျင်းပမည့်သတင်းမှာ မမှန်ကန်ကြောင်းငြင်းဆိုသွားသည်။
"ဘ၀မှာအရမ်းအရေးကြီးတဲ့အချက်က အများကြီးမရှိပါဘူး၊ နံပါတ်တစ်က ကိုယ်ရဲ့ဝိဥာဉ်၊ ကိုယ့်ရဲ့လိပ်ပြာ ကိုယ့်စိတ်ချမ်းသာဖို့ကို အဓိကထားကြိုးစားကြပါလို့။ အဲ့ဒါမှ ကိုယ်ကဘယ်နေရာရောက်ရောက် လွတ်မြောက်နိုင်မယ်၊ စိတ်ချမ်းသာနိုင်မယ်လို့ပြောချင်ပါတယ်။"ဟု အဝေးရောက်မြန်မာလူမျိုးများအတွက် အားပေးစကားကို မိုးသောက်ကြယ်သို့ပြောပြသွားသည်။
အိုင်စီ၏အသက်အရွယ်အကြီးဆုံးဖြစ်သည့် ဒရမ်တီးခတ်သူ ကိုခရမ်းက "အရင်နှစ်ကထက်စာရင်တော့ ဒီနှစ်သုံးတဲ့စက်တွေက ပိုကောင်းတယ်ဗျ၊ ပိုအားရတယ်ပေါ့ဗျာ။ တီးရတာ နည်းနည်းဖီးလ်ရှိတယ်ဗျ၊ နောက်နှစ်တွေမှာလည်း လာရောက်ဖျော်ဖြေဖို့ကို မျှော်လင့်ထားတဲ့အတွက် စီစဉ်သူတွေနဲ့ ညှိနှိုင်းနေပါတယ်"ဟု ယခုနှစ်ကျင်းပသောပွဲအတွက် ၄င်း၏ခံစားချက်ကို ပြောပြသည်။
ဒုတိယပိုင်းအရောက်တွင် ခင်ဘုဏ်းကပင်စတင်ဖျော်ဖြေရာ သူမ၏ဖက်ရှင်ဒီဇိုင်းဆန်းဆန်း ၀တ်ဆင်ထားမှုကြောင့် ပရိတ်သတ်၏ လက်ခုပ်သံများဆူညံစွာ ထွက်ပေါ်လာခဲ့ပြီး ပထမပိုင်းနည်းတူ Rဇာနည်၊ ၀ိုင်ဝိုင်းတို့မှ အလှည့်ကျဖျော်ဖြေပြီးနောက် အိုင်စီအဖွဲ့၏ နာမည်ကျော်သုံးဦးအတွဲဖြစ်သည့် လေးဖြူ၊ အငဲနှင့်မျိုးကြီးတို့မှ တယောက်တလှည့်စီ အိုင်စီ၏စတိုင်လ်အတိုင်း အပြိုင်သီဆို ဖျော်ဖြေကြသည်။
တယောက်နှင့်တယောက်ဖျော်ဖြေမှုကြားတွင် ပလေယာများ၏ တကိုယ်တော်လက်စွမ်းပြတီးခတ်မှုလည်း ပါဝင်ခဲ့ပြီး "အိုး ဒီဇင်ဘာ"သီချင်းကို သီဆိုမှုတွင် အ၀င်အထွက်အနည်းငယ်မှားယွင်မှုရှိခဲ့ခြင်းမှတပါး စီရီးခွေများတွင် နားဆင်ရသည့်အသံအတိုင်း မျိုးကြီး၏သီဆိုနိုင်မှုကို ပရိတ်သတ်အကြိုက်ဆုံးဖြစ်ခဲ့သည်။
လိဒ်ဂီတာသမားလည်းဖြစ် အသံဖမ်းအင်ဂျင်နီယာတဦးလည်းဖြစ်သည့် ချစ်စမ်းမောင်မှ မြန်မာရိုးရာဂီတနှင့်အနောက်တိုင်းဂီတ သံစဉ်နှစ်ခုကိုတွဲဖက်၍ သံစဉ်အသစ်များဖန်တီးလာမှုအပေါ် "သူတို့လွတ်လွတ်လပ်လပ် Createလုပ်တာပေါ့နော်၊ တချို့လိုက်ဖက်တာတွေရှိသလို၊ တချို့ကလည်းမလိုက်ဖက်ဘူးပေါ့နော်၊ ဒါပေမဲ့ခေတ်ရေစီးကြောင်းအရတော့ ကျနော်တို့အဲ့လိုလုပ်တာကို အားပေးပါတယ်၊ ကျနော်တို့ဆိုလည်းတခါတလေ ရိုးရာ(Traditional)နဲ့ရော့ခ်ကိုပေါင်းတီတာတွေရှိပါတယ်၊ ဒါတွေက ပရိတ်သတ်ကို အအီပြေအောင်ဆိုတဲ့သဘောပေါ့၊ ဒါပေမဲ့ တဖက်စွန်းရောက်အောင်လုပ်တာတွေကတော့ သိပ်နားထောင်လို့မကောင်းဘူး"ဟု ဝေဖန်သုံးသပ်ပြောဆိုသွားသည်။
အဆုံးပိတ်အဖြစ် လေးဖြူနှင့်မျိုးကြီး၏ "အိမ်ကိုပြန်ခဲ့တော့"သီချင်းကို နှုတ်ဆက်သီဆိုပေးပြီး ယနေ့ပွဲမှာ ပရိတ်သတ်အရေအတွက်အားဖြင့် အခြားပွဲများထက်စာလျှင် နည်းပါးသည်ဟုဆိုနိုင်သော်လည်း မြန်မာပြည်၏နံပါတ်တစ်ဟု သတ်မှတ်၍ရနိုင်သည့် အိုင်စီအဖွဲ့၏ ပရောဖက်ရှင်နယ်ဆန်စွာ ဖျော်ဖြေတီးခတ်သီဆိုမှုများကြောင့် ပရိတ်သတ်၏ကျေနပ်အားပေးမှုကို အပြည့်အ၀ရရှိခဲ့ကြောင်းသိရသည်။

Sunday, May 9, 2010

နရဲစွမ် (The Legend of King Naresuan) ရုပ်ရှင် (အင်္ဂလိပ်စာတန်းထိုး)

Dvd versionလက်ထဲသို့ရလာလို့မြန်မာ့သမိုင်းနဲ့ပတ်သတ်တဲ့ရာဇ၀င်ရုပ်ရှင်ဇာတ်ကားကြီးကို ကြိုးစားပြီး တင်လိုက်ပါတယ်။ youtubeမှာတင်ထားတာတွေ့ရပေမဲ့ ရုပ်မကြည်လင်မှု အင်္ဂလိပ်စာတမ်းထိုးမပါတာနဲ့ဖြစ်နေပါတယ်။နရဲစွမ် ဇာတ်ကား မကြည့်မီ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များ ဖတ်ရှုထားပါကပိုပြီး စိတ်ဝင်စားဖွယ်ကောင်း သည်ကို ခံစားရမှာဖြစ်ပါကြောင်း။


ထိုင်းနိုင်ငံ မှ ရိုက်ကူးသော သမိုင်းဆိုင်ရာ ရုပ်ရှင်များအနက်“ THE LEGEND OF KING NERASUAN THE GREAT ’” ကို ထိုင်းဘုရင် ၏ တူတော်သူ မင်းသား Chatrichalerm Yukol က ရိုက်ကူးခဲ့ ခြင်းဖြစ်ပြီး ၄င်း ဒါရိုက်တာ သည် ၂၀၀၁ ခုနှစ် ဆီတုန်းက Legend of Suriyothai ရုပ်ရှင်ကားကြီး ကို ရိုက်ကူးခဲ့သူလည်း ဖြစ်ပါသည်။

ထိုင်းရုပ်ရှင်သမိုင်း မှာ အကြီးအကျယ်ဆုံး၊အခန်းနားဆုံး၊ ကုန်ကျစရိတ် အများဆုံး ဖြစ်ဖွယ်ရာ ရှိသော နရဲစွမ် ဘုရင် ( ဖရာနရာဇ် ၊ ဗြနရာဇ် ၊ Black Prince စသဖြင့် ခေါ်ကြသည် )အကြောင်း ရုပ်ရှင်ကားကြီး ကို ကန်ချနာဘူရီ ခရိုင် တွင် ကမ္ဘောဇသာဒီ နန်းတော် ပုံစံ ဆက်တင်ဆောက်ကာ ဘတ်သန်း ၇၀၀ အကုန်အကျ ခံ ကာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ဒီဇာတ်ကားကတော့ ရာဇဝင် စစ်ဇာတ်ကြမ်းရုပ်ရှင် ကားတစ်ကားနဲ့ ပိုတူပါတယ်။ သရုပ်ဆောင်အင်အား တစ်သိန်း ကျော်၊ ဇာတ်ဝင်အခမ်းအနားဝတ်စုံ ၆၀ဝဝဝ (ခြောက်သောင်း)၊ စစ်လက်နက်ကိရိယာ ၄၀ဝဝ (လေးထောင်) နဲ့ ရိုက်ကူးထုတ်လုပ် မှု ကုန်ကျစရိတ် ဘတ် သန်း ၇၀ဝ ရှိတယ်လို့ ဆိုတာမို့ထိုင်းရုပ်ရှင် သမိုင်းမှာတော့ အကုန်အကျ အများဆုံးနဲ့ အခမ်းနား အကြီးကျယ်ဆုံး ပြင်ဆင် ရိုက်ကူးထားတဲ့ ဇာတ်ကားပါပဲ။

လွန်ခဲ့သော သုံးနှစ်က အချိန်ယူပြီး အသေအချာ ပြင်ဆင် ရိုက်ကူးခဲ့သော အပိုင်း(၃)ပိုင်း ပါသော ယင်းဇာတ်ကား အတွက် Lord of the Rings ရုပ်ရှင် ဒါရိုက်တာ Peter Jackson ထံ မှ အကြံဥာဏ် များ ရယူခဲ့ပြီး အပိုင်း သုံးပိုင်း ခွဲ ကာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယင်း ဇာတ်ကား၏ အပိုင်းများကို အောက်ပါအတိုင်း ခွဲထားသည်။

၁။ ဟံသာဝတီ အကျဉ်းသား Pegu's Hostage

၂။အချုပ်အချာအာဏာ ကို ပြန်လည်ရယူခြင်း Reclaiming Sovereignty

၃။မြန်မာအိမ်ရှေ့မင်းသား မင်းကြီးစွာနှင့် ဆင်စီးချင်းထိုးခြင်း The historic elephant battle between Naresuan and Phra Maha Upparacha of Burma.


အထက်ပါ အပိုင်းများအနက် အပိုင်း ၁ နှင့် ၂ သည် ရုံတင်ပြီး ဖြစ်သည်။ အပိုင်း ၃ ကို ထိုင်းဘုရင်, King Bhumibol Adulyadej ၏ အသက် ရှစ်ဆယ်ပြည့် မွေးနေ့ ကျရောက်သော ၂၀၀၇ ၊ ဒီဇင်ဘာလ ၅ ရက်နေ့ တွင် ရုံတင် နိုင်ရန် ကြိုးစားခဲ့ သော်လည်း အဆင် မပြေခဲ့ပါ။

ဇာတ်လမ်းအကျဉ်း

အပိုင်း(၁)ဟံသာဝတီ အကျဉ်းသား Pegu's Hostage ဇတ်လမ်းအကျဉ်း

ဟံသာဝတီ အကျဉ်းသား Pegu's Hostageတွင် အဓိက အပိုင်းကြီး ၄ ပိုင်း ပါဝင်ပါသည်။ ယင်းတို့မှာ

(၁) အယုဒ္ဓယ နှင့် ပစ္စနုလောက် ကျဆုံးခန်း

ဘုရင့်နောင် မင်းတရားကြီး၏ ပဲခူးတပ်များ ပစ္စနုလောက် ကို ၀င်ရောက်တိုက်ခိုက်ခဲ့ သောအခါ ဘုရင် ဓမ္မရာဇာ က အယုဒ္ဓယ ဘုရင်ထံမှ စစ်ကူ ကို မျှော်လင့်ခဲ့သော် လည်း အယုဒ္ဓယ ဘုရင် ချက္ကရာပါဒီ ကိုယ်၌က အယုဒ္ဓယ ကို ကာကွယ်နေခဲ့ရ သဖြင့် ပစ္စနုလောက် ကျဆုံးခဲ့ပြီးနောက် ဘုရင့်နောင်ထံ တွင် သစ္စာခံခဲ့ရသည်။ ဘုရင့်နောင် က စိတ်ချရစေရန် ဘုရင် ဓမ္မရာဇာ ၏ သားတော် နရဲစွမ် မင်းသားကို ဓားစာခံ အနေဖြင့် ခေါ်ဆောင်သွားခဲ့သည်။ သို့ဖြင့် နရဲစွမ် မင်းသားလေး သည် ဘုရင့်နောင် စစ်ချီရာ အယုဒ္ဓယ သို့ ပါသွားခဲ့ပြီး စစ်မြေပြင် အတွေ့အကြုံများစွာ ရခဲ့ သည်။ အယုဒ္ဓယ ကျဆုံးပြီး ပဲခူး ၏ လက်အောက် သစ္စာတော်ခံပြည်နယ် တခု ဖြစ်လာ ပြီး ဘုရင် ဓမ္မရာဇာ ကို မင်းအဖြစ် ဘုရင့်နောင် က တင်မြောက်ပေးခဲ့သည်။

(၂) အယုဒ္ဓယ နှင့် ဟံသာဝတီ နန်းတော် အတွေ့အကြုံ

ပဲခူး နေပြည်တော် သို့ ခေါ်ဆောင်ခြင်းခံ ခဲ့ရသော နရဲစွမ် မင်းသားလေး ကို ဘုရင့်နောင် မင်းတရား ၏ သားတော်တစ်ပါး ကဲ့သို့ ဆက်ဆံခြင်း ခံရပြီး မင်းသား တစ်ပါး ၏ အဆောင်အယောင် ဖြင့် လေးစားစွာ ဆက်ဆံခြင်းခံရသည်။ တစ်နေ့ တွင်ယိုးဒယား မှ ပါလာသော စစ်သုံ့ပန်းများ၊စစ်ပြေး များ စုစည်းထားရှိရာ နန်းတော်အနီး ယိုးဒယား ရပ်ကွက် သို့ မြင်းစီးအသွားတွင်စားစရာများ ခိုး ယူသည် ကို မိသွား သဖြင့် လူအုပ်ကြီး က ၀ိုင်းလိုက်ခြင်းခံရသော လမ်းတေလေး တစ်ဦး ကို ကယ်ခွင့် ရ လိုက် သည်။ အမည်ပင် မရှိ ရှာ သော ယင်း လမ်းတေလေလေး ကို နရဲစွမ် မင်းသား လေး က “ဘန်တင်း” ဟု အမည်ပေးခဲ့သည်။

(၃) မွန်ဆရာတော် ထံ တွင် ကိုရင်ဝတ်ပြီး စစ်ရေးအတတ်ပညာ သင်ယူခြင်း

နရဲစွမ် မင်းသားလေး ကိုရင် အဖြစ် သင်္ကန်းစီးသောအခါ ဘန်တင်း က ကျောင်းသား အဖြစ် ရှိလာတော့သည်။ ဘုန်းကြီးကျောင်း မှ ကျောင်းသူ Manechan နှင့် သူငယ်ချင်း ဖြစ်လာခဲ့ပြီး သူငယ်ချင်း ၃ ယောက် ပေါင်း လောင်းကျော်ခဲ့သည်။ ဆရာတော် တားမြစ် ထားသော ကြက်တိုက်ခြင်း ကိုပင် လုပ်ခဲ့ကြသည်။ ဆရာတော် ၏ သွန်သင် ဆုံးမမှုအောက်တွင် နေရင်း ကိုယ်ခံ ပညာ နှင့် စစ်ရေး အတတ် ပညာ များကို ဆည်းပူးလေ့လာ ခွင့် ရခဲ့သည်။

(၄) ပဲခူးဈေး မှ ယိုးဒယားများ၏ ဘဝ

ဘုရင့်နောင် မင်းတရားကြီး မှလည်း လက်အောက်ခံ ယိုးဒယားပြည်နယ် ကို ထိန်းချုပ်မှု ခိုင်မာအောင် ပြုလုပ် လာခဲ့သည်။ နရဲစွမ် မင်းသား၏ အမတော် မင်းသမီး ဆုပန်ကလျာ ကို ပဲခူး သို့ ခေါ်ဆောင်ပြီး ကြင်ယာတော် အဖြစ် တင်မြောက်ခဲ့သည်။ အမတော် မှာ လည်း ဓားစာခံ အဖြစ် ပဲခူးသို့ရောက်လာပြီ ဖြစ်သဖြင့် မင်းသား နရဲစွမ် က ပြည်တော်ပြန်ရန် အချိန်ကျပြီ ဟု ဆုံးဖြတ်လိုက်ပြီး သူ ၏ သစ္စာတော်ခံ နောက်လိုက် ငယ်သား များကို စုစည်းကာ ထွက်ပြေးလွတ်မြောက်တော့သည်။

ရုပ်ရှင်နှင့်ပါတ်သက်၍ သူတို့အပြော၊သူတို့အမြင်

၃ ကားတွဲ ဇတ်လမ်း၏ ပထမဆုံး အပိုင်း ဖြစ်သော ဟံသာဝတီ အကျဉ်းသား Pegu's Hostage ဇတ်ကား ကို ထိုင်းနိုင်ငံ တွင် ၂၀၀၇ ဇန်န၀ါရီ ၁၈ က ရုံတင်ပြသသော အခါ စာနယ်ဇင်း များကြား တွင်လည်း လှုပ်ခတ်သွားခဲ့သည် ဟု ဆိုသည်။ ရှေး ယခင် ယိုးဒယား ရုပ်ရှင်ကားတိုင်းတွင် ယိုးဒယား များ ၏ ရန်သူ ဆိုလျှင် မြန်မာ ဟု သတ်မှတ်ပြီးသား ဖြစ်နေ ခဲ့ကြသည်။ သမိုင်းအရကော အမြင်အရပါ မြန်မာတွေ ကို လူကြမ်း တွေရန်သူတွေ အဖြစ် အလွယ် လက်ဖြစ် သရုပ်ဆောင် စေခဲ့တာ ချည်း ဖြစ် သည်။ထိုင်းရုပ်ရှင်ကြည့် ပရိသတ်ကလည်း အဲဒီအချက် ကို ရိုက်သွင်း ခံထားရ သည့်အတွက် စိတ်ဓါတ်ရေးရာမှာကို ရန်သူ တွေ လို့ လက်ခံထားပြီး ဖြစ် နေခဲ့တာ ချည်း ပဲ ဖြစ်ခဲ့ရာ က မတူသောအမြင် နှင့် ချဉ်းကပ်ထားသော ဤ ရုပ်ရှင် ကား သည် အထူးအဆန်း ဖြစ်ခဲ့ကြသည်။

ထိုင်းသမိုင်း ကို အမြင်သစ်ဖြင့်ချဉ်းကပ်ခြင်း ဟူသော ခေါင်းစဉ် ပေးရ လောက်အောင် ယိုးဒယား-မြန်မာ သမိုင်းကြောင်း ကို အကောင်းမြင်ဝါဒ ဖြင့် ရိုက်ခဲ့ ကြောင်း ဖော်ပြခဲ့ကြသည်။ အထူးသဖြင့် ယိုးဒယား သမိုင်း တွင် သြဇာကြီးသော၊ လေးစား ချစ်ခင်ခြင်း ခံရသော ( သူတို့ဘာသာဖြင့် Pu Chanah Sip Tit အရပ်ဆယ် မျက်နှာ ကို အောင်နိုင်သူ အဖြစ် ၀တ္တုဇတ်လမ်း နှင့်လည်းကောင်း၊ သီချင်းဖြင့် လည်း ကောင်း တင်စားခေါ်ဝေါ်ခြင်း ခံရသည့် ) မြန်မာဘုရင် ဘုရင့်နောင် မင်းတရား ကြီး နှင့် ပါတ်သက်ရှုမြင်ပုံ မှာ လက်ရှိသမားရိုးကျ အမျိုးသားရေး ၀ါဒဖြန့် မြန်မာ မုန်းတီးရေး ရုပ်ရှင်ကား များ နှင့် ခွဲထွက်ထားကြောင်း ဖော်ပြ ထားသည်။
သူတို့အပြောအရဆိုလျှင်တော့ယခုဇတ်ကား(KING NARESUAN)သည်အမျိုးသား ရေးဝါဒ ဦးစားပေး ရိုက်ထား တာ မဟုတ်ပါ ဘူး ဟုဆိုပါသည်။

ဒါရိုက်တာ . MC Chatrichalerm က သည်လိုပြောထားပါသည်။

“ကျွန်တော်တို့ သမိုင်း အခြေခံတဲ့ ရုပ်ရှင်ကားရိုက်ရင် “ဘယ်သူ့သမိုင်းရိုက်မှာလဲ” လို့ ကိုယ့်ကို ကိုယ် ပြန်မေး ပါတယ်။ နရဲစွမ် အတွက် သမိုင်းအထောက်အထား သုတေသနလုပ်တော့ အိမ်ရှေ့မင်းသားကြီး Utumporn ရေးတဲ့ အချက် တွေ ကို အခြေခံရ ပါ တယ်။ သူက နရဲစွမ် အဖြစ်အပျက်ဖြစ်ပြီး နှစ် ၁၅၀ လောက်အကြာ မှာ မြန်မာပြည် ကို သွားနေပြီး လူအတော် များများ နဲ့ တွေ့ဆုံမေးမြန်းပြီး သမိုင်းမှတ်တမ်း ရေးခဲ့တာပါ။ အဲဒါ ကို ဘာသာပြန်ဘို့ ကျွန်တော့မှာ မြန်မာ ပရော်ဖက်ဆာ တစ်ယောက် ရှိပါတယ်။ ပြီးတော့ အခြားသမိုင်းစာအုပ်တွေ နဲ့ အပြန်ပြန် အလှန်လှန် တိုက်ဆိုင် စစ်ဆေးခဲ့ပါတယ်။”

“ ကျွန်တော်တို့ နရဲစွမ် ဘုရင် ဇတ်ကား ကို ထိုင်းအမျိုးသားရေးဝါဒ နဲ့ ချဉ်းကပ်ပြီး ရိုက်ထားတာ မဟုတ်ပါဘူး။ဘာဖြစ်လို့ လဲ ဆို တော့  အခုခေတ်ဟာ ထီးထီးကျန်နိုင်ငံ ပုံစံ နဲ့ ရပ်တည်လို့ မရပါဘူး။ ၁၆ ရာစုတုန်းက ဒေသလေးတွေကိုမြန်မာဘုရင်ဘုရင့်နောင် က သူ့လက်ရုံးအောက် သိမ်းသွင်း ထားနိုင်ခဲ့တယ်။ Ghost Game လို Mak Te လို ဇတ်ကားတွေဟာ အိမ်နီးချင်းနိုင်ငံ တွေကို နှိမ့်ချရိုက်ကူး ပုံဖော်ထားလို့ သူတို့ရဲ့ အမျက်ဒေါသ တွေကို ထွက်စေခဲ့ပြီးပြီ။ နရဲစွမ် မှာတော့ ကျွန်တော်က မြန်မာ ကို အယုဒ္ဓယ ထက် အသာ စီးနေရာ က ပုံဖော်ရိုက်ကူးထားတယ်။ မြန်မာ တွေ ကို ကျွန်တော်တို့ရဲ ရန်သူတော်ကြီး ဆိုတဲ့ပုံမျိုး ကျွန်တော် ပုံဖော် မထား ပါဘူး”

ဒါပေမယ့်လည်း ၀ိဝါဒကွဲစရာ၊ အမြင်မတူတဲ့ အချက် တချက် ကတော့ ဒီရုပ်ရှင် ကားမှာ ရှိလာလိမ့်မယ် လို့ ဒါရိုက်တာ ကဖွင့်ဟ ပါတယ်။ အဲဒါကတော့ နရဲစွမ် က သူ့တပ်အတွက် လူစု တဲ့အခါ မွန်လူမျိုးတွေ ပါဝင် ကူညီပြီး မြန်မာတွေ ကို ပြန် တိုက်တယ် ဆို တဲ့ အချက်ပါ။

“လူထုကို ဖျော်ဖြေရန်ရေပန်းစားလူကြိုက်များဘို့ နဲ့ တည်ကြည်လေးနက်တဲ့ သမိုင်းကဏ္ဍ ဖြစ်ဘို့ နှစ်ခုအကြားမှာ ကြားညှပ်ရရှာတဲ့ ရုပ်ရှင် ” လို့ ဘန်ကောက်ပို့စ် သတင်းစာကြီး က မှတ်ချက်ပေးပြီး ဿ နေရှင်း သတင်းစာကြီး ကတော့ “ တစ်မူ ထူးခြားတဲ့ ဘုရား ကျောင်းတွေ၊ နန်းတော်ကြီးတွေ ၊ရောင်စုံနန်းတွင်း အ၀တ် အစား တွေ၊ဒီဇိုင်းပြုလုပ်ချက်တွေအားလုံးကိုအသေးစိတ်စေ့စေ့စပ်စပ် စီစဉ်ပြသ နိုင်ခဲ့တာမို့ လှပသေသပ်တဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အပိုင်း ၁ အပြီးထိတော့ ခံစားမိသည်မှာ ဘန်ကောက်ပို့စ် သတင်းစာကြီး က ဝေဖန်သလို သမိုင်းအချက်အလက်တွေ ပီပြင်သလား ဆိုတော့လည်း မပီပြင်ဘဲ ဟိုဘက် သည်ဘက် ထောက်ပြစရာတွေ အများကြီးတွေ့ရပါသည်။ သမိုင်းအချက် အလက် မှန်ကန်ရေး ဟူသော အချက် ကို ဖျော်ဖြေရေး နှင့် လူကြိုက်များ ၀င်ငွေ ရရေး ဟူသော အချက် က ဖုံးလွှမ်းသွားသည် ဟူသော အချက် ကို ခံစား ရပါ သည်။ အထူးသဖြင့် နိုင်ငံတကာ ထိုးဖောက်နိုင်လောက်အောင် ငွေတွေ တလဟော သုံးကာ ရိုက်ခဲ့သော ရုပ်ရှင်ကားကြီးသည် ထိုင်း ပြည် သူတွေထံက ၀င်ငွေရလိုဇော နှင့် ဖျော်ဖြေရေးကဲသော ထိုင်းပြည်သူ အကြိုက် ဇတ်ကွက် များနှင့် ပြည့်နှက် နေရာ သဲတ ရှပ်ရှပ်၊ အဆီတ၀င်းဝင်း ဖြစ်နေပါသည်။

မြန်မာဇတ်ကောင်တွေ နှင့် ယိုးဒယား ဇတ်ကောင် တွေ အ၀တ်အစား၊ အသုံး အဆောင် တွေ ကွဲကွဲပြားပြား မရှိရသည့် ကြားထဲ မြန်မာ ဇတ်ရုပ် သရုပ်ဆောင်များ နေရာတွင် ထိုင်း လူမျိုးများ သရုပ်ဆောင်စေခြင်း ၊ အဓိက ဇတ်ရုပ် ဘုရင်နောင် မင်းတရားကြီး အပါအ၀င် မြန်မာ နေပြည်တော် မှ မြန်မာဇတ်ရုပ်အားလုံးတို့ က ထိုင်း စကားကို သွက်သွက်လက်လက်ကြီး အစမှ အဆုံး ပြောဆိုနေ သည့် အချက် က တော့ မဖြစ်သင့်ပါ ။(နိုင်ငံခြားတိုင်းပြည်တွေ ကို ပြသခဲ့လျှင် အော် အရင်ခေတ် တုန်း က မြန်မာတွေ ဟာ ယိုးဒယားစကားကိုပဲ ပြောကြ တာပဲ နောက်မှ မြန်မာစကား ပေါ်လာ တာလား မသိပါဘူး ဆိုသော အတွေး မျိုး ပေါ်လာစရာ ရှိ ပါသည်။) မြန်မာစကားသံ ထည့်ပြီး ထိုင်း နှင့် အင်္ဂလိပ် စာတမ်းထိုးလျှင် တောင်မှ ဒီလောက် အကုန်အကျခံကာ ရိုက်ထားသည့်ကားမှာ မြန်မာ သရုပ်ဆောင် အချို့ နှင့် တွဲမရိုက် သင့်ဘူးလား ဟု စဉ်းစားကြည့်နေမိပါသည်။

ဟံသာဝတီ ရွှေနန်းတော်မှာ ဘုရင့်နောင်ရှေ့မှောက် ခစားနေကြတဲ့ ရံရွေတော် မြန်မာမင်းသမီးလေးတွေအဖြစ် သရုပ်ဆောင်တဲ့ လှပငယ်ရွယ်တဲ့ ထိုင်း အမျိုးသမီးငယ်လေးတွေရဲ့ ဝတ်စားဆင် ယင်မှုကတော့ ကျွန်တော်တို့ မြင်တွေနေကျနဲ့ ကွဲပြားပါတယ်။ သူတို့က နန်းတွင်းဝတ်စုံကို (ထိုင်းအမျိုးသမီးတွေလို) ပခုံးသား ဖော်ပြီး ဝတ်ထားတာပါ။ မြန်မာမှတ်တမ်းတွေက တောင်ငူခေတ် ဝတ်စားဆင်ယင်ပုံနဲ့ကွဲပြားမှုရှိမရှိ သမိုင်းပညာရှင်တွေမှ သိနိုင်မှာပါပဲ။ ဟံသာဝတီရွှေနန်းတော်မှာ မြန်မာ့စောင်းတီးဖျော်ဖြေတဲ့ အခန်းတွေ၊ မြန်မာမင်းသား တွေနဲ့ နာရေစွမ်တို့ ကြက်တိုက် ကစား ကြတဲ့ ပြကွက်တွေလည်း တွေ့ရပါတယ်။

ဘုရင့်နောင် မင်းတရားကြီး အဖြစ် သရုပ်ဆောင် သော ဇတ်ကောင် က အသက် ၉ နှစ် အရွယ် နရဲစွမ် မင်းသားလေး ကို ဓားစာခံခေါ်ဘို့ အတွက် “ ကျွန်ုပ် ဘုရင့်နောင် က ဖရာနရာဇ် ကို သား အရင်း ကဲ့သို့ စောင့်ရှောက်မွေးမြူ သွားမည် ဖြစ်ပါကြောင်း ကို မြတ်စွာဘုရား နှင့် ထက်ကောင်းကင် နတ်ဒေ၀တာ များကို တိုင်တည်ကျိန်ဆို ပါသည်။မဟုတ်ပါက -------” စသဖြင့် ပြဇတ် ဆန်ဆန် ပြောစကား များက လည်း သမိုင်းအချက် များ ကို ထိခိုက်စေပါသည်။

အပိုင်း ၁ ဇတ်ကား တစ်လျောက် လုံးလိုလို မင်းသားငယ် ကို ကိုရင် ၀တ် နှင့် သရုပ်ဆောင် သွားခြင်း ကလည်း မလိုအပ်သလို ခံစားရ သည်။အထူးသဖြင့်ကြက်တိုက် ခန်း များတွင် ကိုရင်ဝတ် ကြီး နှင့် ဖြစ်နေ သည်မှာ မြန်မာမှု နှင့် အတော်ကလေး ဖီလာဖြစ်နေသည် မှာ ကြည့်ရ ဆိုးလှသည်။

သမိုင်းဆိုင်ရာ အထောက်အထား မရှိသော ကြက်တိုက်ခန်း ကလည်း (ကျွန်တော့ အထင်) မပြရသေးသော တတိယပိုင်း မှ မြန်မာ ဥပရာဇာ မင်းကြီးစွာ နှင့် ဆင် စီးချင်း ထိုးခန်း အတွက် ကြိုတင် နမိတ်ပုံ ပြထားသော အခန်းများလား ထင်မိပါသည်။ ငယ်စဉ် ကလေး ဘ၀ ကတည်းက ရန်ဘက် ပုံစံအစပျိုးထားခြင်းဖြစ်နိုင်ပါသည်။

“ ဟေ့ - အဖဖ်းခံထားရတဲ့ တိုက်ကြက် ဟာ ထာဝရ အဖဖ်းခံ ရမယ် ကွ” ဟူသော စကား နှင့် “ လွတ်လပ်မှု ကို ရချင်တဲ့လူ ဟာ တိုက်ယူ ရလိမ့်မယ်”ဟူ သော စကား များ က အပိုင်း ၂ နှင့် ၃ အတွက် ဖြစ်ပါလိမ့်မည်။။ ကြက်တိုက်ပွဲ တွင် အနိုင် ရသွားသော နရဲစွမ် မင်းသား နှင့် ၄င်းကို ပြိုင်ဘက်သဖွယ် မုန်းတီးကာ ရန်ဘက် ဖြစ်သွားသော မြန်မာဥပရာဇာ တို့ နန္ဒဘုရင် လက်ထက် အယုဒ္ဓယစစ်မြေပြင် တွင် ပြန်လည် ရင်ဆိုင်တွေ့သော အခန်း သည် နရဲစွမ် ဇတ်ကား၏ အထွဋ်အထိတ် ဖြစ်လာ မည် ဟု မှန်းရပါသည်။

ဒီဇာတ်ကား ရုပ်ရှင် ပိုစတာက မှိန်ပျပျ ပုံဂံဘုရား စေတီ ပုထိုးတွေနောက်ခံမှာ အဓိကဇာတ်ကောင်တွေရဲ့ ပုံတွေနဲ့အတူ အလွင့်လွင့်ဖြစ်နေတဲ့ အောက်ခံအနီရောင်အလံပေါ်မှာ လူတစ်ယောက် မြင်းတစ်စီးနဲ့ လှံတံကိုကိုင်ပြီး ဝံ့ကြွားနေတဲ့ပုံကို ထိုင်းရိုးရာ ပုံစံ ကနုတ်တွေနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။ 'နိုင်ငံ၏ ကံကြမ္မာကို ရဲဝံ့စွာ ပြောင်းလဲစေနိုင်ခဲ့သော ဘုရင်' ဆိုတဲ့ ဇာတ်ကားရဲ့ စာစုလေးနဲ့ ဒီရုပ်ရှင်ဇာတ်ကားအကြောင်းကို ဝက်ဘ်ဆိုက် [ဒီနေရာမှာ] တစ်ခုလည်း ပြုလုပ်ထားပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်တဲ့သတင်းတွေ၊ ဇာတ်လမ်း အကျဉ်းချုပ်၊ သမိုင်းကြောင်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်တွေနဲ့ အင်တာဗျူးတွေ၊ ရိုက်ကွင်း ပြင်ဆင်ကြတာတွေ၊ ပုံစံတူမော်ဒယ်တွေ တည်ဆောက်ကြတာတွေ၊ ဆင်မြင်းတွေကို လေ့ကျင့်သင်ကြားပေးနေကြပုံနဲ့ ရုပ်ရှင်ကား ပိုစတာတွေ၊ ဇာတ်ကားပိုင်း နမူနာထွေလာတွေ၊ e-Card ၊ ဘလော့ဂ်ရုပ်ရှင်ဇာတ်ဝင်ခန်း ပုံတွေအစရှိသဖြင့် စုံစုံလင်လင် တွေ့ရပါတယ်။

ယခု အပိုင်း ၁ ပြီးသည်အထိတော့ သူတို့ပြောသလို မြန်မာ -ယိုးဒယား သမိုင်း ကို အကောင်းမြင် အနေ နဲ့ ရိုက်ထားသည် ဆိုသော စကား ကို လက်သင့်မခံနိုင် သေးလျှင် တောင်မှ (သမိုင်းကို လိုရာဆွဲတွေး ရိုက်ထားသော အချက် များ မှ အပ ) ယခင် ရိုက်ကူးနေကျ ယိုးဒယား ရုပ်ရှင် များလို မြန်မာမုန်းတီးရေး ရုပ်ရှင်ကား မဟုတ် ဟု ခံစားမိပါကြောင်း။
အောက်ပါ LINK မှ ဓါတ်ပုံများ နှင့် ၀ီကီ ၊ အင်တာနက် ဆောင်းပါးများ နှင့် YOUTUBE ဗွီဒီယိုဖိုင် များ ကို အခြေခံပြီး သိသမျှအချက်လေးကို ရေးသားပါသည်။

မြန်မာဝီကီပီဒီ
sharing truths and feelings

Saturday, May 8, 2010

နာရေးကူညီမှုအသင်း ပါတီ နိုင်ငံရေး လုံးဝမပြုလုပ်ဟု ကြေညာ

နာရေး ကူညီမှုအသင်း( ရန်ကုန်) ကပါတီနိုင်ငံရေး လုံးဝ မပြုလုပ်ကြောင်း မေလ ၅ ရက်နေ့က ပြုလုပ်သည့် အသင်း၏ အစည်းအဝေးတွင် ထုတ်ပြန် ကြေညာလိုက်သည်။ အသင်းအနေဖြင့် သော်လည်းကောင်း၊ အသင်းဝင် တစ်ဦးချင်းအနေဖြင့် သော်လည်းကောင်း ပါတီ တည်ထောင် ၍ ရွေးကောက်ပွဲဝင်ခြင်း၊ အခြားပါတီများတွင် တစ်ဦးချင်း ပါဝင်ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းနှင့် မိမိသဘောဖြင့် တစ်သီး ပုဂ္ဂလ အမတ်အဖြစ် ဝင်ရောက် ရွေးချယ်ခံခြင်းစသည့် ကိစ္စရပ်များ အပါအဝင် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ လုံးဝ ပါဝင် ပတ်သက် ဆောင်ရွက်ခြင်း ပြု လုပ်မည် မဟုတ်ကြောင်း ၂၀၁၀ ခုနှစ် မေလ ၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။



မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း

Wednesday, May 5, 2010

ချောင်းကြည့်သူရဲ့ အမှား (အမှတ် ၂၂)-ကိုကြီးပေါ်

ကိုကြီးပေါ် တို့ရဲ့ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ ထစ်ခနဲဆိုတာနဲ့ “ရှုတ်ချပါတယ် ခင်ဗျ, ထောက်ခံပါတယ် ရှင့်” ဆိုတာတွေက တယ်လဲ စီစီညံတာပါပဲ။ သြော်... အကျင့်ပါလာတာက ရာစုဝက်တောင် ကျော်မှကိုး။ ဒီတော့လည်း ဘာကလေး ဖြစ်လိုက်ဖြစ်လိုက် ရှုတ်ချလိုက် ထောက်ခံလိုက် ဟိုလူ့ လက်ညှိုးထိုးလိုက် ဒီလူ့အပြစ်ဖို့လိုက်နဲ့ ကျင့်သားကို ကျနေတော့တာပါ။

ဒီအကျင့်တွေ ကောင်းတာ မကောင်းတာကို ကိုကြီးပေါ် ဘာမှ မပြောလိုပါဘူး။ ထားပါတော့။ ခက်တာက အဲသလို အော်နေကြတာနဲ့ပဲ ပြဿနာကို တကယ်အဖြေရှာဖို့ ပျောက်ပျောက်သွားတာကို သတိပြုမိလို့ပါ။ အခုလည်း ကြည့်လေ။ ရွှေပြည်တော်ကြီးတခို ဟိုမှာဒီမှာ ဗုံးတွေပေါက်တော့ ချက်ချင်းဆိုသလို ထွက်ပေါ်လာတဲ့ အသံတွေက “အပြင်းအထန် ရှုတ်ချပါသည်” တဲ့ခင်ဗျ တဲ့။ အဲသလို ထအော်လိုက်ရုံနဲ့ ပြဿနာတွေ ပြေလည်သွားမယ်ဆိုရင် ကိုကြီးပေါ်လည်း လည်ချောင်းကွဲအောင် အော်လိုက်ချင်ပါရဲ့။

ဗုံး ဗုံး ဘယ်သူဖောက်

ရွှေပြည်တော်ကြီးမှာ ဗုံးပေါက်တယ် ဆိုတာ ကိုကြီးပေါ် အဖို့တော့ သိပ်မထူးတော့ပါဘူး လို့တောင် ပြောရမလိုပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဟိုးငယ်စဉ်ဘ၀ စာဖတ်တတ်ချိန်ကစလို့ ရွှေပြည်တော်က သတင်းစာတွေမှာ နေ့စဉ်ဖတ်နေရတဲ့ သတင်းတပုဒ်က “ဗုံးဖောက် မိုင်းထောင်” ဆိုတဲ့ သတင်းတွေပါ။ ပေါက်တဲ့ ဗုံးက နည်းနည်းကြီးရင် နောက်ကျောဖုံးမှာ ပါတယ်။ ပုံမှန်ဆိုရင်တော့ အတွင်းစာမျက်နှာမှာ ပါတယ်။ ဒီသတင်းတွေမှာ မပါမဖြစ် ပါတဲ့ စကားလုံးက “သောင်းကျန်းသူများ လက်ချက်” ဆိုတဲ့ စကားစုပါ။


ငယ်စဉ်တုန်းကတော့ ဒီသတင်းတွေ တွေ့ပြီး သြော်... သောင်းကျန်းသူတွေ ဆိုတာ ဒီလိုပဲ အမြဲ ဗုံးခွဲ နေသူတွေပဲလို့ ထင်ခဲ့မိတာပေါ့။ နည်းနည်းလေး လူပါးဝလာတော့မှ ဒီသတင်းတွေထဲမှာ လံကြုတ်တွေကော, သတင်းဟောင်းတွေကော, ဖြတ်ဆက်ကပ်တွေကော ပါတယ်လို့ သိခဲ့ရတာပါ။ အဲဒီက စပြီး ဗုံးသတင်းတွေကို စိတ်မ၀င်စားခဲ့တာ ကြာပါပြီ။ သို့သော်လည်း ထူးခြားတဲ့ ဗုံးသတင်းတွေ ပေါ်လာပြန်ရင်တော့ နားထင်ကြောတွေ ကားခနဲ ယားခနဲ ဖြစ်ရပြန်ပါရော။ နို့ မဖြစ်ခံ နိုင်ရိုးလား။ ပေါက်တဲ့ ဗုံးတွေက မြို့လယ်ခေါင် လူလယ်ခေါင်မှာ။ ကိုယ့်နောက်ကျော လာပေါက်နေသလိုလို။ သေကြကြေကြ ရတာလည်း မနည်း။ ပြီးတော့ “လုံခြုံရေး”ဆိုတဲ့ ဟာကြီးလည်း ရှိတဲ့ နေရာတွေ။

ကိုကြီးပေါ်က ရွှေပြည်တော်ကို အဝေးကနေ ချောင်းကြည့်ရသူမို့ ဗုံးတွေ ဘယ်ပုံဘယ်နည်း ပေါက်တယ်၊ ဘယ်သူ့လက်ချက် ဖြစ်တယ် ဆိုတာတွေကို မမြင်ရပါဘူး။ ဒီတော့ ဘယ်သူဘယ်ဝါလို့ စွပ်စွဲ မပြောချင်ပါဘူး။ ချောင်းကြည့်လို့ မြင်သလောက်ကိုပဲ ပြောရမယ် ဆိုရင် လူစည်စည်အရပ်မှာ ဗုံးပေါက်တဲ့ ဓလေ့က ရပ်ရွာအေးချမ်းသာယာရေးကို ဦးထိပ်ပန်ဆင်ထားတဲ့ နအဖခေတ်ရဲ့ ဖက်ရှင်များ ဖြစ်နေမလားလို့ ထင်မိတာပါပဲ။ ဘယ့်နှယ် ဗုံးပေါက်တာကို ဖက်ရှင်လို့ မင်းမို့ ပြောရက်တယ်လို့ ဒေါမခီးလိုက်ပါနဲ့ဦး။ ပြောချင်တဲ့ အဓိပ္ပာယ်က မကြာခဏ ဖြစ်တယ်၊ ဖြစ်လေ့ဖြစ်ထရှိတယ် ဆိုတဲ့ သဘောပါ။ ကိုကြီးပေါ် အပြောအဆို မတတ်ရင်လည်း ခွင့်လွှတ်ပေးပါဗျာ။

ရန်ကုန်မြို့တော်ရဲ့ လူစုလူဝေးထဲ ပေါက်တဲ့ ဗုံးတွေအနက် မဟာပါသာဏလှိုဏ်ဂူမှာ ပေါက်တာ အစောဆုံးလို့ ထင်မိတာပဲ။ ၁၉၉၅ ထဲမှာ ထင်ပါရဲ့။ တရုတ်ပြည်က စွယ်တော်ကို ဒုတိယအကြိမ် ပင့်ပြီး နအဖတို့ အကြီးအကျယ် “လုပ်စား”နေတဲ့ အချိန်ပေါ့။ လုံခြုံရေး ဆိုတာတွေ အထပ်ထပ်ကြားထဲက ပေါက်တာဆိုတော့ အတော်လေး တုန်လှုပ်အံ့သြ ဖြစ်ကြရတာ မှတ်မိပါရဲ့။ သို့လော သို့လောတွေလည်း မရေမတွက်နိုင်အောင်ပဲပေါ့။ အဲဒီ ဗုံးကြောင့် ဘယ်သူတွေ အမြတ်ထွက်ပြီး ဘယ်သူတွေ ထိခိုက်တယ် ဆိုတာ ကိုကြီးပေါ် မသိရိုး အမှန်ပါ။ ကိုကြီးပေါ် မှတ်သားမိတာ တခုပဲ ရှိပါတယ်။ အဲဒါက ရွှေပြည်တော် အနှံ့ မြို့တွေကို လှည့်လည်မယ်ဆိုတဲ့ စွယ်တော်ဟာ အစီအစဉ်တွေဖျက် ကသုတ်ကရက်နဲ့ တရုတ်ပြည် အမြန်ပြန်ကြွသွားရတာပါပဲ။ နအဖလည်း ဟဒ်ကော့ကြီးဖြစ်ပြီး တခွင်ပျက်သွားတော့တာပဲ။

နောက်တခုက ၉၆ ခုနှစ်တုန်းက မြို့တော်ဝန် မာရသွန် ပြေးပွဲမှာလို့ မှတ်ထားမိတယ်။ မဆလ လက်ထက်တုန်းက ဒီဇင်ဘာ လူထုအားကစားလ ဆိုပြီး “တင်း တောင် တင်း တောင် စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့...” ဆိုတာ အတော်ခေတ်စားတာပေါ့။ နအဖ လက်ထက်ရောက်တော့ ဒီအလုပ်ကို မြို့တော်ဝန်က လွှဲယူလိုက်တယ် ထင်ပ။ ရွှေပြည်တော်သားတွေ ဆိုတာကလည်း စွပ်ကျယ် နှစ်ထည်လောက် ရတာကို ရွှေစင်နှစ်ကျပ်သားလောက် ရတယ် အမှတ်နဲ့ ဂုဏ်ယူတတ်ကြလေတော့ မာရသွန်ပွဲမှာ သဲသဲလှုပ်လှုပ် ၀င်ပါကြတာပါပဲ။ ဒါမျိုးဆို နအဖက ဖိုးကျိုင်းတုတ် ဖြစ်တာပေါ့။ မီဒီယာကနေ အကြီးအကျယ် ၀ါဒဖြန့်တော့တာပါပဲ။ မကြာပါဘူး။ လူစုရပ်မှာ ဗုံးပေါက်တော့တာပါပဲ။ ဒီလိုနဲ့ မာရသွန်ပွဲတော်ကြီးလည်း ရန်ကုန်မြစ်က တဆင့် ပင်လယ်ထဲ မျောသွားပါလေရော။

ဟော နောက်တပွဲ လာပြန်ပါပြီ။ လှေသဘင်ပွဲတဲ့။ နအဖ ဗိုလ်ချုပ်မင်းများက ရှေးမင်းတွေကို သိပ်အားကျတာ မဟုတ်လား။ ဆင်ပွဲ မြင်းပွဲ နွားပွဲ လှေပွဲ ဆိုတာတွေ အစုံ လိုက်လုပ်တာကိုး။ တခုပဲ ကျန်တယ်။ ကြက်ပွဲ။ တကယ်ဆိုရင် ကြက်ပွဲလည်း လုပ်သင့်တာပါပဲ။ တစ်လုံး နှစ်လုံး သုံးလုံးမှာ ထိပ်တန်းရောက်တဲ့ ရွှေပြည်တော်သားတွေ အတွက် လောင်းစရာ ရတာပေါ့။ ပြည်ပက လောင်းကစားတွေ လုပ်မဲ့အစား ကိုယ့်ပြည်တွင်းက ကိုယ့်လောင်းကစားကိုလုပ်တော့ ရိုးရာကိုလည်း ထိန်းသိမ်းရာရောက် ပြည်တွင်း အလုပ်အကိုင်လည်း တိုးတာပေါ့။ အဲ ကိုကြီးပေါ်လည်း လှေသဘင် အကြောင်းပြောတာ ကြက်ပွဲထဲ ရောက်သွားပြီ။ အဟဲ ထားပါတော့။

လှေသဘင်ပွဲကို ကန်တော်ကြီးမှာ တလကိုးသတင်း အကြီးအကျယ်လုပ် ပွဲတွေ ခြိမ့်ခြိမ့်ခံတဲ့အခါ ရွှေပြည်တော်သားတွေလည်း “နတ်ကရာ ကြည့်မော” တသောသောနဲ့ ၀င်နွှဲကြပြန်တာပါပဲ။ ဒီပွဲမှာလည်း နောက်တော်ပါ ရွှေဗုံးက အုန်းခနဲ မြည်အောင် ပေါက်ပြန်တော့ နအဖ လှေတွေကွဲပြီး ကန်တော်ကြီးထဲ နစ်ကုန်တယ် ထင်ပ။ လှေသဘင်ပွဲကြီးလည်း စုန်းစုန်းမြုပ်သွားပါတော့တယ်။

၂၀၀၅ ခုနှစ် မှာတော့ ထိုင်းကုန်စည်ပြပွဲနဲ့ ကုန်တိုက်တွေမှာ ဗုံးသုံးလုံး တပြိုက်နက် ပေါက်တယ်။ ဒိနောက်ပိုင်းမှာတော့ ဈေးရောင်းပွဲတွေ ကုန်စည်ပြပွဲတွေ မကြားရသလောက် ပါးလျားသွားတာ သတိပြုမိပါတယ်။

ဒီတခါတော့ သင်္ကြန်ပွဲ။ ရွှေပြည်တော်မှာက ပြည်သူလူထုတွေ လမ်းမပေါ်မှာ လွတ်လွတ်လပ်လပ် ပျော်ရွှင်လို့ ရတဲ့ပွဲဆိုလို့ သင်္ကြန်ပွဲ တခုပဲ ရှိတာ မဟုတ်လား။ တနှစ်လုံး အောင့်ထားသမျှ သင်္ကြန်ကျမှ ပွင့်ကန်ထွက်ကြတာလေ။ ရွှေပြည်တော်မှာ နိုက်ကလပ် မရှိလည်း ဘာအရေးလဲ။ သင်္ကြန်မှာ “ဒန့်”လို့ရတယ်ဟုတ်။ သောက်လို့ရတယ် ဟုတ်။ မူးလို့ရတယ် ဟုတ်။ လုပ်ချင်တာလုပ် ဟုတ်။ ပြီးတော့ သင်္ကြန်ဆိုတာ ပိုက်ဆံရှာလို့ သိပ်ကောင်း။ ရိုးရိုး ဈေးရောင်းတာကို ပြောတာ မဟုတ်ဘူးနော်။ မဏ္ဍပ်ပါမစ်, ရေ မီး ပါမစ် ဆိုတာတွေက နအဖမျိုးဆက်သစ်ကလေးတွေရဲ့ အာဏာပါဝါ ပြိုင်တဲ့ပွဲ။

ဖြစ်ချင်တော့ ဒီလို တနှစ်မှတခါ မီးကုန်ယမ်းကုန် ကဲမယ် ဖြဲမယ်လို့ မောင်းတင်ထားချိန်မှာ ရွှေမိန့်တော်ကြီးက ကျလာသဗျ။ အဆိုတော်တွေ အားလုံး ကြပ်ပြေးကို လာရမယ်။ ရန်ကုန်မှာ မဏ္ဍပ်ကြီးတွေ မရှိစေရတဲ့။ ရန်ကုန်သင်္ကြန် ပြန်ပေးဆွဲခံရတာ ဆိုပါစို့။ ဘိုးတော်ဘုရားက အချိန်အခါမဟုတ် သင်္ကြန်ကျခိုင်းတော့ ဦးပေါ်ဦးက ဒီအမိန့်ကို လူတွေကတော့ လိုက်နာမယ်၊ ခွေးနဲ့သစ်ပင်ကတော့ လိုက်နာမှာ မဟုတ်ဘူးလို့ ပြန်လျှောက်ကြောင်း ဖတ်ခဲ့ဖူးတာလေး ပြေးသတိရမိပါရဲ့။

သင်္ကြန် လုံခြုံရေးနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းဖို့ ဆိုပြီး အမိန့်ထုတ်ထားပါသေးတယ်။ ဒီလို အမိန့်ထုတ်လိုက်ရင် အားလုံး ပြည့်စုံသွားရောဗျ။ မလုံ့တလုံ မ၀တ်ရ ဆိုတော့ ချွတ်ချင်ချွတ်ထား ဆိုတဲ့ သဘောပေါ့။ ရေဘောလုံးနဲ့ မပေါက်ရ ဆိုတော့ ဗုံးနဲ့ ပေါက်ချင်ပေါက် ဆိုတဲ့ သဘောပေါ့။ ဟုတ် တကယ်လည်း ဗုံးနဲ့ ပေါက်ပါတယ်။ အေးလေ ရန်ကုန်မှာ စည်စည်ကားကား မလုပ်ပါနဲ့ဆိုတာ နားမှ မထောင်တာကိုး။

အဲသည်မှာတင် ကိုကြီးပေါ် မှားတော့တာပါပဲ။ ဗုံးသတင်းတွေဟာ အင်တာနက် ကောင်းမှုနဲ့ မိနစ်ပိုင်းအတွင်း ပေါ်ထွက်လာပါတယ်။ တင်သမျှ သတင်းအားလုံး လိုလိုမှာ “အပြင်းအထန် ရှုတ်ချသည်” ဆိုတာကို နအဖသတင်းစာ အောက်ခြေက စာသားလို ညီတူညာတူ ထည့်ထားကြတာပါပဲ။ ကိုကြီးပေါ်က စဉ်းစားတယ်။ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ လက်သည်ကို ရှုတ်ချသည်လို့ ပြောလိုက်တော့ ဟိုသကောင့်သားက နောက်တွန့်သွားရောလား လို့ပါ။ ဒီဗုံးပေါက်ရင် ဒီစကားလာမယ်ဆိုတာ မသိတာမှ မဟုတ်ဘဲ။ လူတိုင်းသိတယ်။ အမေရိကားမှာနေတဲ့ အိုဘားမားတို့ ဘန်ကီမွန်းတို့က ရှုတ်ချသည်လို့ ပြောတာလည်း တကယ်တော့ သံတမန်စကား ၀တ္တရားအရ ပြောတာပါ။ ဗုံးပေါက်တာကို ခေတ်မီနည်းတွေနဲ့ ကူညီစစ်ဆေး ရှာဖွေပေးမယ်, လူနာကို ဆေးကုပေးမယ် ဆိုတာလောက်တောင် ပါတာ မဟုတ်ပါဘူး။

တို့ ရွှေပြည်တော်သားတွေရဲ့ ဆက်ဆံရေးက အတော်ကြီးကို သံတမန်ဆန်နေကြပြီလား မပြောတတ်ပါဘူး။ ရှုတ်ချသည် ဆိုတာကို သူများထက်ဦးအောင် လုပြောနေကြသလိုပါပဲ။ သြော် ဒါကလည်း နေ့စဉ်နေ့တိုင်း မီဒီယာတွေကနေ သံတမန်စကားတွေပဲ အမြဲကြားနေရတော့ အမူအကျင့်တွေ ရိုက်ခတ်သွားတယ် ထင်ပ။

ကိုကြီးပေါ် အမြင်ပြောရရင် တကယ် လက်တွေ့ကျကျ ပြောရမှာက ဗုံးတရားခံကို အမြန်ဆုံး ဖော်ထုတ် အရေးယူပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆို ဖိအားပေးရမှာ မဟုတ်ဘူးလား။ သေဆုံး ဒဏ်ရာရသူတွေ မိသားစုတွေ စုပေါင်းပြီး ဒီကိစ္စကို ဖော်ထုတ်ဖို့ တောင်းဆိုရမယ်။ ပြစ်မှုကြောင်းအရ တိုင်တန်းတာ အပြင် နိုင်ငံကို အုပ်ချုပ်နေတဲ့ အမြင့်ဆုံး ဗိုလ်ချုပ်မင်းကြီးဆီကို စာရေးတောင်းဆိုရမယ်။ လုံခြုံရေး တာဝန်ရှိသူတွေကို အရေးယူရမယ်။ ဒီလို မဟုတ်ပေဘူးလား။ အခုတော့ တို့ ရွှေပြည်တော်သားတွေက မယောင်ရာ ဆနွင်းလူး ရှုတ်ချသည် စကားလုံးနဲ့ နှမ်းလိုက်ဖြူးနေကြလေရဲ့။

တကယ်တော့ ရွှေပြည်တော်မှာ လူတွေကြား ပေါက်တဲ့ ဗုံးမှန်သမျှ လက်သည်အမှန်ကို တခုမှ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ပြည်ထဲရေးဝန်ကြီးတို့ ရဲချုပ်တို့ စတဲ့ ဘယ်သူကမှလည်း မိမိတို့ လုံခြုံရေး အစီအမံ ညံ့ပါတယ်လို့ ၀န်မခံပါဘူး။ ရာထူးကလည်း နုတ်ထွက် မပေးပါဘူး။ ယုတ်စွအဆုံး ဘယ်တာဝန်ရှိသူကမှ ၀မ်းနည်းစကားလေးတောင် အားနားပါးနာ ပြောတာ မဟုတ်ပါဘူး။ ရန်ကုန်မှာ သင်္ကြန်တွင်း ဗုံးပေါက် လူသေလို့ ဆိုပြီး မန္တလေးနဲ့ ကြပ်ပြေးမှာ ၀မ်းနည်းခြင်း အထိမ်းအမှတ်လုပ်တဲ့ သင်္ကြန်မဏ္ဍပ် တခုလောက်ရှိရင် ကိုကြီးပေါ်ကို လက်တို့ပြောကြ စေချင်ပါတယ်။ အဟဲ ရှုတ်ချသည် ဆိုသူတွေလည်း အတက်နေ့ကျတော့ ပုံမှန်အတိုင်းပါပဲ။

နအဖပွဲတော်နဲ့ ဗုံး ဆိုတာ ငပိနဲ့ ငြုတ်သီးလိုပါပဲ။ နံတဲ့ ငပိဟာ စပ်တဲ့ ငြုတ်နဲ့ တွဲမှ စားလို့ရပါတယ်။ မယုံရင် ငပိကို သကြားနဲ့တို့စားကြည့်ပါလား။ နအဖရဲ့ ပွဲတော်တွေ အရှိန်တက်လာပြီ ဆိုရင် မကြာခင်မှာ ဗုံးပေါက်တော့မယ်လို့ တွက်ဆလို့ ရတာ ကြာပါပြီ။ ဘာကြောင့် ဒီလို ပြောနိုင်သလဲ ဆိုတော့ နအဖရဲ့ လုံခြုံရေး အစီအမံထဲမှာ ပြည်သူလူထု အတွက် လုံးဝမပါလို့ပါ။ အဲသလို ပြည်သူလူထုအတွက် လုံခြုံရေးကို မလုံမခြုံ ဖြစ်အောင် မကာမကွယ် ထားတာကိုက ဗုံးတွေကို လက်ယပ်ခေါ်နေတာပါပဲ။

ငယ်တုန်းက ဆိုခဲ့ဆော့ခဲ့ကြတာလေး မှတ်မိပါရဲ့။ “အီး အီး ဘယ်သူပေါက် - နင်ပေါက်” ဆိုတာလေ။ အခုတော့ “ဗုံး ဗုံး ဘယ်သူဖောက် - နင်ဖောက်” လို့ ပြောင်းဆိုရမှာပေါ့။ အီးတရားခံ အတွက် အီးနံ့က သက်သေခံနေသလို ဗုံးတရားခံ အတွက်လည်း ဗုံးနံ့က သက်သေခံနေမှာပါ။ ဒါပေမယ့် ဖောက်တဲ့သူက ဘယ်တော့မှ မှန်မှန် ပြောမှာ မဟုတ်ပါဘူး။ ဗုံးပေါက်ပြီးတိုင်း ဗိုလ်ချုပ်မင်းတွေက ဟိုလူ ဒီလူ လက်ညှိုးထိုးပြီး လက်ရဖမ်းလို့ မဖြစ်နိုင်သူတွေကို စွပ်စွဲ၊ ရွှေပြည်တော်သားတွေက ရှုတ်ချပါသည် ဆိုပြီး မျက်စိပိတ် အော်ကြ၊ ခဏနေတော့ မေ့မေ့လျော့လျော့နဲ့ ဗုံးဇာတ်လမ်းက လျှောမွေးဖြစ်၊ ဒီလိုဒီနည်း သံသရာလည်နေချိန်မှာ ဗုံးဆရာကြီးကတော့ မိန့်မိန့်ကြီး ပြုံးနေမယ် ထင်ပါရဲ့။ ။

ကိုကြီးပေါ်

Tuesday, May 4, 2010

ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် ပူးပေါင်းပါဝင်ပေးကြပါ

နောက်ခံသမိုင်း၊ ရည်မှန်းချက်၊ လှုပ်ရှားမှုအစီအစဉ်၊ ရည်ရွယ်ချက်နှင့် လိုအပ်သော ပစ္စည်များ ကို PDF ဖိုင်ဖြင့် ဖော်ပြထားပါသည်။ ဆက်လက်မျှဝေ တိုက်တွန်းနှိုးဆော်ပေးကြပါရန် www.humanright-myanmar.com/ မှ တိုက်တွန်းအပ်ပါသည်။
Global Day of aCtion 27 May_burmese Translation

ပထမအကြိမ်ပြည်သူ့ဂုဏ်ရည်ဆုရှင်ဦးကျော်သူနှင့် တွေ့ဆုံမေးမြန်းခြင်း


ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ပြည်ပရောက် မြန်မာနိုင်ငံသားများ စုစည်း၍ မြန်မာနိုင်ငံအတွင်း လူမှုရေးလုပ်ငန်းများ၊ ထူးထူးချွန်ချွန် ဆောင်ရွက်နေကြသူများအား ကျေးဇူးတင် ဂုဏ်ပြုသည့် အခမ်းအနား တစ်ရပ်ကို လော့စ်အိန်ဂျယ်လိစ်မြို့၊ အမေရိကန်ပြည်ထောင်စုတွင် ၂၄.၄.၂၀၁၀ (စနေနေ့) ညနေ (၅း၀၀)နာရီမှ (၇း၀၀)နာရီအတွင်း ကျင်းပခဲ့ရာ ၂၀၁၀ ခုနှစ်ရဲ့ Citizen of Burma ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ရရှိသွားခဲ့ပါသည်။

ဆုရရှိမှုနှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူအား သွားရောက်ပြီး မေးမြန်းခဲ့ရာ ဦးကျော်သူမှ အောက်ပါအတိုင်း ပြန်လည် ဖြေကြားသွားခဲ့ပါသည်။

Burma : မင်္ဂလာပါ ဦးကျော်သူ ။ အခု Citizen of Burma အဖွဲ့အစည်းက ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိသွားတယ်လို့ ကျွန်တော်တို့ သတင်းကြားသိရပါတယ်။ အဲဒီ သတင်းက မှန်ပါသလား ခင်ဗျာ။

ကျော် : သတင်းမှန် မမှန်တော့ ကျွန်တော်လည်း မသိသေးဘူး။ ခုနကတော့ မူဆယ် နာရေးကူညီမှုအသင်း ကနေပြီးတော့ ကျွန်တော်ကို ဖုန်းဆက်အကြောင်းကြားတယ်။ အင်တာနက်မှာ ပါနေပြီလို့ ပြောတယ်။ ကိုကျော်သူ ၀မ်းသာပါတယ်ဆိုပြီးတော့ အကြောင်းကြားတယ်။ အိမ်ရောက်တော့ အိမ်မှာပြန်ကြည့်တော့ ကျွန်တော် အီးမေးလ်ထဲမှာ ဘယ်သူဆီကမှ ဘာမှ မရောက်သေးပါဘူး။ ဒါပေမယ့် Citizen of Burma ဆိုဒ်ကို ကျွန်တော် ဖွင့်ကြည့်လိုက်တော့ အဲဒီမှာ “ ကျော်သူဆုရတယ် ” ဆိုပြီးတော့ စာတစ်ကြောင်းပဲ တွေ့တယ်။

Burma : ဆုရတယ်လို့ အဲဒီ စာကြောင်းလေး တွေ့လိုက်ရတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဘယ်လိုခံစားရပါသလဲ။


ကျော် : ဘယ်လိုခံစားရသလဲဆိုတော့ ကျွန်တော် ပိုပြီးတော့ တာဝန်ရှိသွားပြီ။ ပိုပြီးတော့ ဒီထက်မက အများကြီး ပြည်သူတွေကို ပေးဆပ်ဖို့ တာဝန်တွေ ပိုလာပြီလို့ ကျွန်တော် သတ်မှတ်ပါတယ်။

Burma : အရင်တုန်းကလည်း ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုကို ဦးကျော်သူ ရခဲ့သေးတယ်နော်။ အဲဒီိဆုကို ဘယ်ခုနှစ်က၊ ဘယ်ဌာနကနေ ပေးတယ်ဆိုတာကို မှတ်မိပါသေးလား။


ကျော် : ပြည်သူ့ဘက်သား အနုပညာသမားက ၂၀၀၉ ခုနှစ်က ပေးတာပါ။ အင်္ဂလန်ရောက် မြန်မာပြည်သူတွေ ပြည်သားတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ကနေပြီးတော့ ချီးမြှင့်တာပါ။ အဲဒါ သူတို့ သင်္ကြန်ပွဲလုပ်ရင်းနဲ့ အဲမှာ ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုရွေးချယ်မယ်ဆိုပြီးတော့ ကျွန်တော်ကို ချီးမြှင့်လိုက်တာပါ။

Burma : အရင်တုန်းက ဦးကျော်သူက ရုပ်ရှင်သရုပ်ဆောင် အနုပညာသမားတစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီ ရုပ်ရှင်သရုပ်ဆောင် အနုပညာသမား ဖြစ်ခဲ့တဲ့အချိန်မှာ အကယ်ဒမီဆုတွေလည်း ရရှိခဲ့တယ်။ ဒါရိုက်တာဆုတွေလည်း ရရှိခဲ့တယ်။ အဲဒီ အကယ်ဒမီဆုတွေရလို့ ပျော်ရွှင်မှုနဲ့ အခု လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်လို့ ရရှိတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရတဲ့အခါမှာ ဘယ်လို ကွာခြားသလဲ။ ခံစားချက်ပေါ်မှာပေါ့။

ကျော် : ရုပ်ရှင်အကယ်ဒမီဆု ဆိုတာကတော့ ကျွန်တော် ရုပ်ရှင်ကား တစ်ကားရိုက်တယ်ဆိုရင် သရုပ်ဆောင်မှုကို ပီပြင်အောင် သရုပ်ဆောင်တဲ့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်ရပါတယ်။ အဓိက ကတော့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်တယ်ဆိုတာ အကယ်ဒမီဆုဆိုတာကြီးကို ရည်မှန်းပြီး သရုပ်ဆောင်ကြတာများတယ်။ ဒီ ဆုရရှိရေးအတွက် သရုပ်ဆောင်ကြတာများတယ်။ ဒီ အခု လူမှုရေးဆုဆိုတာကတော့ ဒါဟာ ကျွန်တော်တို့ ဘယ်လိုမှ ရည်မှန်းလို့ မရပါဘူး။ ရည်မှန်းလို့ မရဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့တယ်။ ကိုယ့်တာဝန် ကိုယ်ကျေခဲ့တယ်။ အဲဒီအတွက် ပြည်သူကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ ဒီ မဲစနစ်နဲ့ ရွေးချယ်ခံရတာ။

အဲဒီတော့ ဒီ ပြည်သူ့ဂုဏ်ရည်ဆုကတော့ မြန်မာရုပ်ရှင် အကယ်ဒမီဆုနဲ့ အရမ်းကို ကွာဟလွန်းပါတယ်။ အကယ်ဒမီဆုနဲ့လည်း မနှိုင်းယှဉ်အပ်ဘူး။ ဒီ ပြည်သူ့ဂုဏ်ရည် ဆုဆိုတာ အင်မတန်ကို အမြတ်တနိုး၊ ကိုယ့်ဘ၀ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် အမြတ်တနိုး ထားရှိရမယ့် ဆုလို့ ကျွန်တော်မြင်တယ်။ ပြီးတော့ အခုပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုဆိုတာ နိုင်ငံတကာ အော်စကာဆုပေးပွဲလို အဲလို ပုံစံမျိုးနဲ့ ပေးတာကို ကျွန်တော် သဘောကျတယ်။ ဥပမာ - ဒီ ပထမဦးဆုံး စာရင်းအရ (၂၄)ဦးပေါ့လေ။ အသင်းအဖွဲ့အစည်းရော၊ လူပုဂ္ဂိုလ်တွေရော၊ ရဟန်းသံဃာတွေရော (၂၄) ဦးကို ရွေးထားတယ်.။ နောက်ဆုံး ဆန်ကာတင် (၅)ဦးကို ထပ်ရွေးချယ်တယ်။ ဒီ ဆန်ကာတင် (၅) ဦးကိုမှ အခမ်းအနားနေ့မှာ ဆုပေးရမယ့် သူကို ဆန္ဒမဲပေးပြီး ဆုံးဖြတ်လိုက်တယ်။ ဒါက အော်စကာဆုပေးတဲ့ ပုံစံမျိုး၊ အော်စကာဆုဆိုတာကလည်း ဆန်ကာတင် ဇာတ်ကား (၅) ကား ရွေးတယ်။ ဘယ်ကား ဘယ်ကားတွေပါလဲ။ ဒါ မျှော်လင့်ချက် ပေးလိုက်ပြီ။ အဲဒီ မျှော်လင့်ချက်တွေထဲမှာ ဒီကားကတော့ ဟိုကားထက် ဘယ်လိုသာလို့ ဓါတ်ပုံတော်လို့ သရုပ်ဆောင် တော်လို့ဆိုပြီးတော့ ပေးလိုက်တာ။ ဒါကတော့ အင်မတန် မြင့်မြတ်တဲ့ ဆုပေးခြင်း ရွေးကောက်တယ်လို့ ကျွန်တော်မြင်ပါတယ်။


Burma : အခု Citizen of Burma ကပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဒီလူမှုရေး လုပ်ငန်းဆိုတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်တယ်လို့ ထင်ပါသလား။

ကျော် : ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာ ကျွန်တော်တစ်ဦးတည်း လုပ်တာလည်း မဟုတ်ဘူး။ ကျွန်တော်အနောက်မှာ ရှိတဲ့ အသင်းသူ အသင်းသားတွေ၊ အလုပ်အမှုဆောင်တွေအားလုံး တက်တက်ကြွကြွ လုပ်ကြတယ်။ အလှူရှင်တွေကလည်း တကယ့်ကို နှစ်နှစ်ကာကာနဲ့ လှူဒါန်းကြတယ်။ လှူဒါန်းကြတဲ့ အတွက်လည်း ကျွန်တော်တို့ လုပ်ငန်းဟာ အောင်မြင်လာတယ်။ အောင်မြင်တဲ့ အတိုင်းအတာမှာ ကျွန်တော်တို့ကလည်း ထိထိမိမိနဲ့ နာရေးရှင်တွေ ဥပမာ - သုခကုသိုလ်ဖြစ်ဆေးခန်းဆိုရင် ရောဂါဝေဒနာရှိတဲ့ ဝေဒနာရှင်တွေ နောက်အခုဆိုရင် သုခအလင်းစာကြည့်တိုက် စာကြည့်ခန်းတွေ ဖွင့်ထားတယ်။ နောက် ကလေးစာသင်တန်း အင်္ဂလိပ်စာသင်တန်းတွေက အင်မတန်ကို အားတတ်စရာကောင်းပါတယ်။ ကလေးတွေအတွက် အင်္ဂလိပ်စာ သင်တန်းဆိုတာကလည်း ကျွန်တော်က ၁၉၅၉ ခုနှစ်မှာ မွေးလာတယ်။ ၁၉၆၂ ခုနှစ် ဦးနေ၀င်း အစိုးရလက်ထက်မှာ ကျွန်တော်တို့က ကြီးပြင်းလာတယ်။ ကျွန်တော် အင်္ဂလိပ်စာကို အတော်လေး အားနည်းတယ်။ ကျွန်တော် မိဘ အဖေ၊ အမေတို့က အင်္ဂလိပ်စာ ဆရာ ဆရာမကြီးတွေ ဖြစ်တယ်။ ကျွန်တော် ညီဆိုလည်း အခု အမေရိကားရောက်နေတယ်။ ကျွန်တော် အမဆိုလည်း ဆရာဝန်မကြီးပါ။ နောက်မျိုးဆက်သစ်ကလေးတွေ အင်္ဂလိပ်စာ တတ်စေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော် ဒီအင်္ဂလိပ်စာ အခြေခံနွေရာသီ သင်တန်းလေးကို ကျွန်တော် အမျိုးသမီး ရွှေဇီးကွက်ကနေပြီးတော့ ဖွင့်လှစ်ပေးခဲ့တာကို ကျွန်တော်က တဖက်တလမ်းကနေ အားပေးမှုတွေ ကျွန်တော် လုပ်ပေးနိုင်ခဲ့ပါတယ်။

Burma : ဦးကျော်သူအနေနဲ့ ဒီ နာရေးကူညီမှုလုပ်ငန်းရယ်၊ သုခကုသိုလ်ဖြစ်ဆေးခန်းရယ်၊ သုခအလင်း စာကြည့်တိုက်တို့အပြင် နောက်ထပ် ဘယ်လိုလူမှုရေး ၀န်ဆောင်မှုလုပ်ငန်းတွေ ထပ်ပြီးတော့ လုပ်ဆောင်သွားမလဲ ဆိုတာလေး သိပါရစေ။

ကျော် : လူမှုရေး ၀န်ဆောင်မှုဆိုတာ မြန်မာပြည်မှာ လိုအပ်တာတော့ အများကြီးပါပဲ။ ဒါ အတိုင်းအတာ တစ်ခုအရ ခွင့်ပြုချက်ရှိမှ ကျွန်တော်တို့လည်း လုပ်ဆောင်နိုင်တယ်။ အခု နာရေးကိစ္စတို့၊ ဆေးခန်းကိစ္စတို့၊ ကလေးတွေ ပညာသင်တဲ့ သင်တန်းကိစ္စတွေဆိုလည်း သက်ဆိုင်ရာကနေပြီးတော့ အမြဲတမ်း လာပြီးတော့ စစ်ဆေးတာတွေ ဘာတွေရှိတယ်။ ဒါတွေက ကျွန်တော်တို့က ထိထိမိမိ လွတ်လွတ်လပ်လပ် ပံပိုးမှု မရနိုင်ဘူး။ မရနိုင်တဲ့ အတိုင်းအတာမှာ ရတဲ့ အခွင့်အရေးတိုင်း ထိထိမိမိ အကျိုးရှိအောင် ဆုံးဖြတ်ပြီးတော့ လုပ်ဆောင်ပေး အုံးမှာပဲ။ နောက်ထပ် ဖွင့်လှစ်မယ့် သင်တန်းတွေ ဆိုတာတော့ ကျွန်တော်လည်း လောလောဆယ် မပြောနိုင်သေးဘူး။

Burma : အခု ဦးကျော်သူ လက်ရှိလုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို ရုပ်ရှင်မင်းသား ဘ၀မှာရော၊ အခုလက်ရှိ ရုပ်ရှင်ရိုက် နားထားတဲ့ ဘ၀မှာရော လုပ်ဆောင်လာနိုင်တာက အချိန်ပိုပေးနိုင်တဲ့ အတွက်လား။ အစကတည်းက လူမှုရေးလုပ်ငန်းကို လုပ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိခဲ့လို့ အားသွန်ခွန်စိုက် လုပ်ဆောင်ပေးနိုင်တာ လား ဆိုတာလေး ပြောပြပေးပါအုံး။

ကျော် : ကျွန်တော် ၂၀၀၁ ခုနှစ်ကတည်းက ကျွန်တော် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ယောက်ပေါ့လေ။ အဲဒီ အချိန်ကတည်းက ဒီ နာရေးကူညီမှုအသင်းဆိုတာကို စတင်ခဲ့တယ်။ အဲတော့ ဒီ အနုပညာကို ရှင်းရှင်းပြောရရင် ကျွန်တော်အခုဆိုရင် ဒီ အနုပညာကို ခုတုံးလုပ်ပြီးတော့ အနုပညာနဲ့ အောင်မြင်ခဲ့တဲ့ “ကျော်သူ” ဆိုတာကြီးကို ကျွန်တော် ပြန်အသုံးချပြီး ပြည်သူတွေအတွက် ကျွန်တော် ပေးဆပ်နေခဲ့ပါတယ်။ အဲဒီလို ပေးဆပ်နေတယ် ဆိုတာကလည်း ကျွန်တော်ကို ဆရာတော်ကြီးတွေက “ ကျော်သူ မင်း .. ဒီဟာကို လုပ်ရမယ်။ ငါတို့ ဘုန်းကြီးတွေလည်း စာအောင်ဘွဲ့တွေ ရတယ်။ ဒီ ဘွဲ့တွေ ရပြီဆိုရင် သာသနာပြုတာ ပိုပြီး ထိရောက်တဲ့အတွက် မောင်ကျော်သူ မင်းကလည်း ဒီဟာကို လုပ်ပါ ” ဆိုပြီး ဆရာတော်ကြီးတွေကလည်း ကျွန်တော်ကို အားပေးပါတယ်။ ဘဘ ဦးသုခကလည်း ကျွန်တော်ကို အမြဲတမ်း တိုက်တွန်းတယ်။ “ မင်း .. ပြင်သစ်ဝန်ကြီးချုပ်ကို သိလား။ မသိပါဘူး။ အီတလီ သမ္မတကို သိလား။ မသိပါဘူး။ ချာလီချာပလင်ကို သိလား။ သိပါတယ်။ အေး .. ဒါပဲ။ အနုပညာသမားဆိုတာ ဘယ်လုပ်ငန်းပဲလုပ်လုပ် အောင်မြင်တယ်။ ဒါပေမယ့် လုပ်တဲ့လုပ်ငန်းက လူသားအကျိုးပြု လုပ်ငန်းဖြစ်ဖို့က အရေးကြီးတယ် ” ဆိုတဲ့ ဘဘရဲ့ ဆုံးမ သြ၀ါဒကို ကျွန်တော် အခုထက်ထိ လက်ဆုပ်လက်ကိုင်ပြုပြီးတော့ လုပ်ဆောင်နေခဲ့ပါတယ်။

Burma : ဦးကျော်သူက ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းမှာ ရုပ်ရှင်ရိုက်တာ အပိတ်ခံထားရတယ်။ တကယ်လို့များ လက်ရှိအခြေအနေမှာ နိုင်ငံရဲ့ ပေါ်လစီအပြောင်းအလဲကြောင့် ဦးကျော်သူ ရုပ်ရှင်ရိုက်ခွင့် ပြန်ရခဲ့လို့ရှိရင် ရုပ်ရှင် ပြန်ရိုက်အုံးမှာလား။ ဒါမှမဟုတ် လူမှုရေးလုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ဆောင် သွားမှာလား ဆိုတာလေး သိပါရစေ။

ကျော် : အခုချိန်မှာ ကျွန်တော်ကို ရိုက်ခွင့်ပေးတယ် ဆိုရင်လည်း မရိုက်တော့ဘူး။ ကျွန်တော် မရိုက်ဘူးဆိုတာ အခုလောလောဆယ် မြန်မာပြည်မှာ ဖြစ်နေတဲ့ ရိုက်ကူးနေတဲ့ ရုပ်ရှင်ကားတွေ၊ ဇာတ်လမ်းတွေ ပရိတ်သတ်ကို ချပြနေတဲ့ ဇာတ်လမ်းတွေက ပရိတ်သတ်အတွက် ဘာ အကျိုးပြုတာမှ မရှိဘူး။ ပရိတ်သတ်အတွက် အကျိုးရှိမယ့် ဥပမာ - အတ္ထုပတ္တိဇာတ်လမ်းမျိုး၊ သမိုင်းကြောင်းအမှန် ဇာတ်လမ်းမျိုးတွေတော့ အချိန်ပေးပြီး ရိုက်ပေးနိုင်ရင် ကျွန်တော် ရိုက်ချင်ပါတယ်။ ၂၀၀၇ ခုနှစ်က စပြီးတော့ အခုချိန်ထိဆိုရင် (၃) နှစ်ရှိပြီပေါ့။ အဲလို ပိတ်လိုက်တဲ့အတွက်လည်း ကျွန်တော်ကို ပိတ်လိုက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ (ဦးကျော်သူမှ နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံးပြီး) ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ကျွန်တော်ကို ဒီလို ပိတ်ပင်လိုက်တဲ့အတွက် လူမှုရေး လုပ်ငန်းတွေ ပိုပြီးတော့ ဇောက်ချပြီး လုပ်နိုင်ခဲ့တယ်။ အဲဒီအတွက် ကျေးဇူးအများကြီး တင်ပါတယ်။

Burma : ဦးကျော်သူရဲ့ နာမည်နဲ့ Facebook မှာ kyaw thu`s fans ဆိုပြီးတော့ ဆိုဒ်တစ်ခုဖွင့်ထားတာကို တွေ့ရပါတယ်။ အဲဒီ ဆိုဒ်ဟာ ဦးကျော်သူတို့ ပြုလုပ်ခဲ့သမျှ၊ လူတွေကို ကူညီပေးခဲ့တဲ့ လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက် အားလုံးကို ပြည်သူအားလုံး သိရှိအောင်၊ ကမ္ဘာနဲ့ အ၀န်းကို ရောက်ရှိနေတဲ့ မြန်မာပြည်သူ ပြည်သားတွေကိုရော၊ ကမ္ဘာလူသားတွေကိုရော တင်ပြပေးထားတဲ့ အဲဒီ Fans ဆိုဒ်ကိုလည်း အပိတ်ခံ ထားရတယ်လို့ ကြားပါတယ်။ အဲဒါရော ဟုတ်ပါသလား။

ကျော် : ဟုတ်ပါတယ်။ ပိတ်ထားပါတယ်။ ပိတ်ထားတာကလည်း ဘယ်လိုရည်ရွယ်ချက်နဲ့ ပိတ်လည်းတော့ မသိဘူး။ ဒါ ကျွန်တော် Facebook ပေါ်မှာ တင်တဲ့ကိစ္စတွေက နာရေးအခမဲ့ ကူညီပေးခြင်း၊ အခမဲ့ ဆေးကုသ ပေးခြင်း၊ အခမဲ့ ပညာသင်ကြားပေးခြင်း ဒီကိစ္စရပ်တွေပဲ ကျွန်တော် တင်ထားတာပါ။ ကျွန်တော်တို့ လုပ်ငန်း သဘောအရ လုပ်ငန်းမှာ တွေ့ထိတဲ့ အတိုင်းအတာ ကိစ္စတွေကို ကျွန်တော်တင်တာပါ။ နိုင်ငံရေး လှုံ့ဆော်မှု တွေလည်း မဟုတ်ဘူး။ ဒါပေမယ့် ဒီလို အလကား အခမဲ့ လုပ်ပေးနေရတဲ့ ကိစ္စကို အဲလို ပိတ်ဆို့မှု ဟန့်တားမှုတွေ လုပ်တာတော့ တော်တော်ကို ကျက်သရေ တုံးတဲ့ကိစ္စပါ။ ဒါကလည်း ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမှာပါ။

Burma : ဦးကျော်သူ အခု ပြည်သူ့ဂုဏ်ရည်ဆုကို ရသွားပါပြီ။ Citizen of Burma ဆိုတဲ့ အဖွဲ့အစည်း ဖြစ်မြောက်လာအောင် ၀ိုင်းပြီးတော့ ထူထောင်ပေးကြတဲ့၊ လှုံ့ဆော်ပေးကြတဲ့ နိုင်ငံရပ်ခြားကို ရောက်နေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေနဲ့ ဦးကျော်သူကို အားပေးနေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေရော၊ အလှူရှင်တွေ ရော၊ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ စေတနာ့ဝန်ထမ်း ကူညီလုပ်အားပေးနေကြတဲ့ အသင်းသူ အသင်းသားတွေရော သက်ဆိုင်သူ အားလုံးကို ဦးကျော်သူအနေနဲ့ ဘယ်လိုစကားမျိုးနဲ့ ကျေးဇူးတုံ့ပြန် ချင်ပါသလဲ။

ကျော် : ဒါက ကျွန်တော် လေးလေးနက်နက် ပြောရမယ့် ကိစ္စပါ။ ကျေးဇူးတင်ရမယ့် လူတွေကတော့ အများကြီးပဲ။ အခုလို ပြည်ပကနေပြီးတော့ ကျွန်တော်တို့ မြန်မာပြည်တွင်းမှာ ဒီလို ပြည်သူလူထုအတွက် လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ လူတွေကို အခုလို ဆုချီးမြှင့်ခြင်း ပြုလုပ်ပေးနေတာလဲ။ အင်မတန်ကို တန်ဖိုးထားရတဲ့ ကိစ္စပါ။ မြန်မာလူမျိုးအတွက် မြန်မာပီသတဲ့ အလုပ်တစ်ခုလို့ ကျွန်တော် ထင်တယ်။ ဒါ ကိုယ့်လူမျိုးအတွက် အခုလို အဖက်ဖက်ကနေပြီးတော့ ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ဆောင်ရွက် ပေးနေတဲ့ လူမှုရေးသမားတွေလည်း အများကြီးရှိပါသေးတယ်။ အခြေအနေ အမျိုးမျိုးနဲ့ ပြည်ပရောက် မြန်မာလူမျိုးများက ပြည်တွင်းမှာ ရှိနေတဲ့ မြန်မာလူမျိုးများကို မြန်မာ ပီသစွာဖြင့် မျိုးချစ်စိတ်ဓါတ် ထက်သန်စွာ လေးလေးနက်နက် အသိအမှတ်ပြုခြင်းကို များစွာကျေးဇူးတင် လေးစားဦးညွှတ်လိုက်ပါတယ်။ ကျွန်တော် ဆိုလည်း ကျွန်တော်ရဲ့ သားနဲ့ သမီးကို ဒီ ၂၀၀၇ ခုနှစ်က စပြီးတော့ တွေ့ခွင့်မရတော့ဘူး။ ကျွန်တော်တို့ ပက်စပို့စ်တွေလည်း အပိတ်ခံထားရတယ်။ သားရော သမီးရော ဒီကို ပြန်မလာရဲကြဘူး။ ကျွန်တော်တို့ကလည်း မလာခိုင်းတော့ဘူး။ အဲတော့ မိသားစုကလည်း တစ်ကွဲတစ်ပြား ကိုယ့် အနုပညာလုပ်ငန်းကလည်း လုပ်ခွင့်မရ၊ အဲဒီတော့ နေ့စဉ်နဲ့ အမျှ မိုးလင်းတာနဲ့ ကိုယ့် ပိုက်ဆံနဲ့ ကိုယ် ဓါတ်ဆီထည့် ပြီးတော့ အသင်းကိုလာ။ အသင်းမှာ နာရေးကိစ္စတွေ ကူညီပြီးလုပ်ပေး။ ကိုယ့် ထမင်းကို ကိုယ့်ပိုက်ဆံနဲ့ ပေးဝယ်စား။ အဲလို လုပ်နေရပါတယ်။ အဖက်ဖက်က အခက်အခဲတွေ ကြားကနေပြီးတော့ လုပ်ဆောင်နေကြတဲ့အထဲမှာ အခုလို ပြည်သူ့ဂုဏ်ရည်ဆု ဆိုတဲ့ ဆုကြီးကို ဖန်တီးပေးခဲ့တဲ့ အသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတွေ အားလုံး၊ ဆန္ဒမဲပေးကြတဲ့ ပုဂ္ဂိုလ်အသီးသီး၊ ကျွန်တော်တို့ မျိုးရိုးထဲမှာလဲ သုဘရာဇာဆိုတဲ့ မျိုးရိုးလည်း မပါ ပါဘူး။ ဒီကမ္ဘာမြေပြင်ပေါ်ကို ကျွန်တော်ကို ရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ ကျွန်တော်ရဲ့ ဖခင် ဦးစိန်တင်နှင့် ကျွန်တော်ရဲ့ မိခင် ဒေါ်မြသန်း မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်အသီးသီး ကျွန်တော်ရဲ့ ဘ၀မှာ အခုလို (၃) နှစ် (၃) မိုး ၀င်ငွေမရှိပဲ လူမှုရေး လုပ်ငန်းကို သစ္စာရှိရှိ သီလလုံခြုံစွာ ထမ်းရွက်ပေးမှုကို တဖက်တလမ်းမှ အားပေးကူညီ ခဲ့တဲ့ ကျွန်တော်ရဲ့ မဟေသီ ရွှေဇီးကွက်နဲ့ ဘာသာရေးနယ်ပယ်မှ တစ်ဆင့် လူမှုရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လမ်းကြောင်းပေးခဲ့သော ကျွန်တော်ရဲ့ သား ပြည်သိမ်းကျော် (U.S.A)၊ သမီး မြင့်မိုရ်ဦး (Austrilia) တို့ကိုလည်း ရင်ထဲမှာ နှစ်နှစ်ကာကာ အထူးကျေးဇူးတင် ဦးညွှတ်မိပါတယ်။ (၃) နှစ် (၃) မိုး ၀င်ငွေ မရှိပဲနဲ့ ဘယ်လို ရပ်တည်နိုင်သလဲလို့ မေးရင် (၂၅) နှစ် အနှစ် (၃၀) ကြိုးစားခဲ့ရတဲ့ အနုပညာလောကမှ ပြည်သူပေးခဲ့တဲ့ သရုပ်ဆောင်ကြေးများကို စနစ်တကျ သိမ်းဆည်း တိုးပွားအောင် လုပ်ပေးခဲ့တဲ့ ကျွန်တော် ဇနီး ရွှေဇီးကွက်ကိုပဲ ထပ်မံပြီး ကျေးဇူးတင်ရမှာပါ။ မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ လုပ်ကိုင်ရင်း ကျွန်တော် မသေမီ အချိန်ထိ ဒါမှမဟုတ် လူသားတွေ ဘယ်တော့မှ မသေနိုင်တော့မယ့် အချိန်ထိ ကျွန်တော်ကတော့ ဒီ နာရေးကူညီမှု လုပ်ငန်းကို ဆက်လက်လုပ်သွားမှာပါ။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ (၃၁) ဘုံမှာ ဘယ်ဘုံမှာမှ မရနိုင်တဲ့ ကုသိုလ်ကောင်းမှုကြီး ဖြစ်နေလို့ပါပဲ။ ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ၄င်း၏ ရင်တွင်းမှ စကားသံများကို လှိုက်လှိုက်လှဲလှဲ ပြောကြားသွားခဲ့ပါသည်။

(ပေးပို့ သူ ဘားမားပါပါရာဇီ အား အထူးကျေးဇူးတင်ရှိပါသည်)။

Twitter Delicious Facebook Digg Stumbleupon Favorites More